Wednesday, March 06, 2013

KIO နဲ့ဆက်နွယ်သူအဖြစ် ဖမ်းဆီးခံရသူအများအပြားရှိနေဆဲ

Posted by drmyochit Wednesday, March 06, 2013, under | No comments


နိုင်ငံရေး အကျဉ်း သားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ AAPP တွဲဖက် အတွင်းရေး မှူး ဦးဘိုကြည်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး စဉ် ကာလမှာ သူတို့အဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၁၇-၁ (မတရားအသင်းနဲ့ဆက်သွယ်မှု) ဥပဒေ အရ ဖမ်းဆီး ထားသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း ကချင်ပြည် နယ်က လူ့အခွင့်အရေး ရှေ့နေ တဦးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူ ကတော့ မတရား အသင်းနဲ့ ဆက်သွယ်မှုကြောင့် ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးနဲ့  ညှဉ်းပန်းနှိပ်စက် တာတွေ ရပ်တန့်ရေး ဆွေးနွေးဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအတွက် လွှတ်တော်နဲ့ အစိုးရမှာပါ တာဝန်ရှိကြောင်း ပြောဆိုပါ တယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

ဘော်နီယိုပဋိပက္ခ ဖိလစ်ပိုင်လက်နက်ကိုင် ၁၃ ယောက်သေ

Posted by drmyochit Wednesday, March 06, 2013, under | No comments


မလေးရှားရဲတွေက လူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် (၆ မတ် ၂၀၁၃)မလေးရှားရဲတွေက လူနှစ်ဦးကို ဖမ်းဆီးခေါ် ဆောင် လာစဉ် (၆ မတ် ၂၀၁၃)

မလေးရှားနိုင်ငံတောင်ပိုင်းက ဒေသတခုကို ပိုင်ဆိုင် တယ် ဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာ ပြောလာခဲ့တဲ့ ဖိလစ်ပိုင် လက်နက် ကိုင်အဖွဲ့တဖွဲ့ရဲ့ တစိတ်တပိုင်းလို့ ယူဆကြတဲ့ လက်နက် ကိုင် ၁၃ ယောက်ထက် မနည်းကို မလေးရှားတပ်ဖွဲ့တွေက သုတ်သင် လိုက်ပါတယ်။

မလေးရှား နိုင်ငံရောက် ရွှေမြန်မာများအား အထူးသတိပေးချက်

Posted by drmyochit Wednesday, March 06, 2013, under | No comments


မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား ခရီး သွားသော အချိန်တွင် ဘေးရန် ကင်းဝေးစေ ရန်အတွက် အထူးသတိပေးချက် အနေဖြင့် အသိပေး အပ် ပါသည်။ယခုလပိုင်းအတွင်း ကေအယ် ကိုတာရာယာ တစ်ဝိုက်တွင် ရဲများ ကိုတာရာ ယာ ရထားဂိတ် ၊ ကားဂိတ် ၊ လမ်းထောင့် များ ၊ ချိုင်းနားတောင်း ၊ ပါစာစီနီး ၊ မိုင်ဒင်း ၊ မြန်မာဆိုင်တန်း ဖက်များတွင် ရဲများ နှင့် ရေလာများ ၊ နှင့် အစုလိုက် ရှိနေတတ်ပြီး ခရီးသွား လာသူ များကို စစ်ဆေးကာ အထောက်အထား မခိုင်လုံ ပါက ဖမ်းဆီးပြီး ငွေတောင်း တတ်ကြောင်း တွေ့ရှိရပါသည်။

တရားမ၀င်ကာမစိတ်ကြွဆေး ရောင်းချမှုဖြင့် အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကိုသာ အရေးယူပြီး လုပ်ငန်းပိုင်ရှင်အား အရေးမယူသော ဖြစ်စဉ်ပေါ်ပေါက်ခဲ့

Posted by drmyochit Wednesday, March 06, 2013, under | No comments

စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင် တာ တို့မှ တာဝန်ကျဝန်ထမ်း မိန်းကလေးနှစ် ဦးကို တရား မ၀င် ကာမ စိတ်ကြွဆေး ရောင်းချ သည် ဟုဆိုကာ သက် ဆိုင် ရာမှ တည်ဆဲဥပဒေများနှင့် အရေး ယူဆောင်ရွက် လျက် ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက ဖေဖော်ဝါ ရီလ ၂၆ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ တာဝန် ရှိသူက ပြောကြား ရာတွင် တရားမ၀င် ကာမ စိတ်ကြွဆေး ရောင်းချမှုကို တားဆီးရန် ပညာပေး ကာလ အဖြစ် ၅ ရက်ကြိုတင်အကြောင်းကြားပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်၍ စိစစ်အရေး ယူဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ကာမစိတ်ကြွဆေးများသည် တရားဝင်ခွင့်ပြု ထားသော ဆေးဝါးများမဟုတ်ကြောင်း ပြောကြားသည်။

လေယာဉ်အရေးပေါ်ဆင်းသက်ရမှုကြောင့် ဒေးဗစ် ကော်ပါဖီးလ် ထိတ်လန့်ခဲ့ရ

Posted by drmyochit Wednesday, March 06, 2013, under | No comments


ကမ္ဘာကျော် ပဉ္စလက် ပညာရှင် အနေဖြင့် မိုးပေါ်တွင် ပျံသန်းပြခဲ့ဖူးသူ တစ်ဦး ဖြစ်သော်လည်း တနင်္လာနေ့က လက်တွေ့ ကြုံလာသည့် အန္တ ရာယ် အနေအထားကြောင့် အမှန်တကယ် စိုးရိမ် ကြောင့်ကြခဲ့ရခြင်းဟု သတင်း များက ဆိုသည်။

နာမည်ကျော် မျက်လှည့်ဆရာ ဒေးဗစ် ကော်ပါဖီးလ်သည် လေယာဉ် အရေးပေါ် ဆင်းသက်ရမှု တစ်ခုကြောင့် ထိတ်လန့်တကြား ဖြစ်ခဲ့ရကြောင်း သိရှိရသည်။ အဆိုပါ ကမ္ဘာကျော် ပဉ္စလက် ပညာရှင် အနေဖြင့် မိုးပေါ်တွင် ပျံသန်းပြခဲ့ဖူးသူ တစ်ဦး ဖြစ်သော်လည်း တနင်္လာနေ့က လက်တွေ့ ကြုံလာသည့် အန္တရာယ် အနေအ ထားကြောင့် အမှန်တကယ် စိုးရိမ် ကြောင့်ကြခဲ့ရခြင်းဟု သတင်းများက ဆိုသည်။

အရွယ်မရောက်သေးသူ အမျိုးသမီးငယ်တစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရ

Posted by drmyochit Wednesday, March 06, 2013, under | No comments


ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စုပိုင် တင်းတပ် (အပေါ်) ကျေးရွာနေ (အဘ) ……………. ၏ သမီးဖြစ် သူ အသက် (၁၂) အရွယ်ရှိ မ………………….. အား တစ်ရွာတည်းနေသူ နေမျိုး (၂၉) နှစ်မှ ဖျားယောင်း သွေးဆောင်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ စင်းတောင်ကျေးရွာအုပ်စုပိုင် တင်းတပ် (အပေါ်) ကျေးရွာနေ နေမျိုး ဆိုသူသည် တစ်ရွာ တည်းနေ မ ……………………….. အား ၎င်း၏နေအိမ်တွင် ကလေး သီချင်းခွေ အသစ်ရှိ သည်ဟု ဆိုကာ လာရောက်ကြည့်ရှု့ရန် ခေါ်ဆောင်လာခဲ့ပြီး နေအိမ်ရှိ တီဗွီစင်ရှေ့မှာပင် ပါးစပ် ပိတ်ကာ သားမယားအဖြစ် ပြုကျင့် ခဲ့ပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရန် ပြည်သူအများ သဘောတူမည်ဆိုပါက အစိုးရကလည်း သဘောတူသွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

Posted by drmyochit Wednesday, March 06, 2013, under | No comments


သမ္မတဦးသိန်းစိန်နှင့် ဥရောပသမဂ္ဂ ဥက္ကဋ္ဌ ဟာမန် ဗန်ရွမ်ပေ တို့အား ဘရက်ဆဲလ်မြို့တွင် မတ် ၅ ရက်က တွေ့ရစဉ်

ပြည်သူအများ သဘောတူမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သွားရန် အစိုးရကလည်း သဘောတူ သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံရှိ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် နိုင်ငံတော် သမ္မတက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဓာတ်အားပေးစက်ရုံအနီး ဓာတ်လိုက်ပြီး မိန်းကလေးငယ်တဦးသေဆုံး

Posted by drmyochit Wednesday, March 06, 2013, under | No comments

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဓာတ်အားပေး စက်ရုံအနီးဖြတ်သန်းသွားတဲ့ သားအဖ ၂ ဦး ဓာတ်လိုက်ခံရပြီး အသက် ၉ နှစ်ရွယ် သမီးဖြစ်သူက ပွဲချင်းပြီး သေဆုံးခဲ့ပါတယ် ။

ကော့သောင်းမြို့ သီရီမြိုင်ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမှာနေထိုင်တဲ့ ဦးဝင်းစိန် နဲ့ သမီးဖြစ်သူ မလှိုင်သက်ထွေးတို့ဟာ ဒီကနေ့မနက် ၇ နာရီလောက်က နံနက်ခင်းလမ်းလျှောက်ရင်း ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတခုရဲ့ ဓာတ်တိုင်မှာ ဓာတ်လိုက်ခံခဲ့ရ တာဖြစ်ပါတယ်။

ရန်ကုန်ကားသင်္ချိုင်း မီးလောင်မှုဖြစ်

Posted by drmyochit Wednesday, March 06, 2013, under | No comments

ရန်ကုန်မြို့ ကားသင်္ချိုင်းမှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ရန်ကုန်မြို့ဒေသအသီးသီးက မီးသတ် ကား အများ အပြား သွားရောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ 

အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံမှာ သံရေကျိုဖို့ စုပုံထားတဲ့ ကားဟောင်းတွေကို လောင်ကျွမ်းတာပါ။ 

ဒီကားတွေက ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး ယာဉ်အသစ်ဝယ်တဲ့ အစီအစဉ်ကြောင့် ဒီစက်ရုံမှာ လာပုံနေတာ ဖြစ်ပါတယ်။ 

ပျက်စီးဆုံးရှုံးမှုပမာဏကို မသိရသေးပါ။ 

သစ်ကားများကို KIA မှ ဂိတ်ဖွင့်ပြီးအခွန်ကောက်ခံ

Posted by drmyochit Wednesday, March 06, 2013, under | No comments


မန်စီမြို့နယ် ကိုင်းချောင်းရွာ အနီးတွင် KIA မှ ဂိတ်ဖွင့်ပြီး သစ်ကားများအား အခွန်ကောက်ခံနေ ကြောင်းသိ ရှိရပါသည်။ သစ်ကားတစ်စီးကို သစ်များတင်ဆောင်လာလျှင် ၁သိန်း၂သောင်းနှင့် သစ်များ တင်ဆောင် လာခြင်းမရှိပါက ၅သောင်းနှုန်းဖြင့် ကားသမားများထံမှ ကောက်ခံနေကြောင်း၊ သစ်များ ခုတ်ယူ သူများသည် KIA နှင့်နီးစပ်သူများ၊ တရုတ်သစ်လုပ်သမားများဖြစ်ပြီး သစ်ခုတ်ယူမှု ပို့ဆောင်မှုတို့ တွင် လည်း KIA မှသာ သေနတ်တကားကားနဲ့ ပိုက်ဆံယူကာ လုံခြုံရေး လုပ်ပေးနေသည်ဟု အလုပ်သမား တစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

လက်တစ်ကမ်းက အဆိပ်ပန်း သို့မဟုတ် ချောက်ကမ်းပါးစွန်းက အနာဂတ်နိုင်ငံသားများ

Posted by drmyochit Wednesday, March 06, 2013, under | No comments


ခပ်လှမ်းလှမ်း မှပင် ကြားနေရ သော စွာကျယ် ကျယ် အသံတို့က မနှစ်မြို့စရာမို့ လက်ဖက်ရည် ဆိုင်ထိုင် လူ အတော် များများက လှမ်း လှည့်ကြည့် ကြသည်။ နုပျိုသော အသံ များဖြစ်သော်လည်း ကြားနေ ရသည့် အဓိပ္ပာယ်ကတော့ မယဉ် ကျေး။ ယင်းအသံပိုင် ရှင်တို့ကား စွန့်ပစ်အ မှိုက်ကောက် သည့် က လေးငယ်အုပ်စုဆီမှ လွင့်ပျံလြာ ခင်း ဖြစ် သည်။ တစ်ယောက် နှင့်တစ် ယောက်တွန်း ထိုးနောက် ပြောင်ရင်း အုပ်စုဖွဲ့လှမ်းလာသည့် သူတို့ခြေ လှမ်းတို့က ခပ်ယိုင်ယိုင်။သူတို့နှုတ် မှ ထွက်လာ သည့်စကား သံတို့မှာ သူတို့ပင် သေသေ ချာချာ နားလည် သဘောပေါက် ပါရဲ့လားမသိ ရသည့် ခပ်ရိုင်းရိုင်း အသုံးအနှုန်း တို့ဖြင့် ပြည့်နှက်နေ သည်။

ဘင်္ဂလာဒေခ်ျ့တွင် လူနည်းစု ဟိန္ဒူဘာသာဝင်များ ဆက်လက် တိုက်ခိုက်ခံနေရ

Posted by drmyochit Wednesday, March 06, 2013, under | No comments


ဘင်္ဂလာဒေခ်ျ့ တွင် လူနည်းစု ဟိန္ဒူ လူမျိုးများ ဆက် လက် တိုက်ခိုက်ခံနေဆဲ ဖြစ်သည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေ ခ်ျ့ သတင်းစာများက ရေးသား ဖေါ်ပြ သည်။

နိုင်ငံ အနှံ့အပြားရှိ ဟိန္ဒူအမျိုးသားများပိုင် ဈေးဆိုင် များ၊ နေအိမ်များနှင့် ဘုရားကျောင်းများကို ယမန်နေ့ ကလည်း ၀င်ရောက် တိုက်ခိုက် မီးရှို့ ဖျက်ဆီးမူများ ရှိခဲ့သည်ဟု ဆိုသည်။

တပ်မတော်သား နှစ်ဦး ဟဲဟိုးမြို့ယာဉ်တိုက်မှုတွင် သေဆုံး

Posted by drmyochit Wednesday, March 06, 2013, under | No comments


ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆိုင်ကယ် စီးလာကြ သည့် ခြေလျှင်တပ်ရင်း အမှတ်  ၉၄ မှ တပ်ကြပ်ကြီး တဦး၊ တပ်သားတဦးသည် ရှမ်းပြည် နယ်၊ ဟဲဟိုးမြို့ စည်ပင်သာယာရုံးအနီးတွင် ခရီး သည် တင် ကားကြီးတစီးနှင့် မျက်နှာချင်းဆိုင် တိုက်မိပြီးနောက် ထိုနေရာတွင်ပင် သေဆုံး သွားကြောင်း သိရသည်။

ခရီးသည်တင်ကားမှာ တောင်ကြီးမြို့မှ ရန်ကုန်မြို့ သို့ ခရီးနှင်လာ သည့် ရွှေတောင်ရိုး အမြန်လေအိတ်ကားဖြစ်ကြောင်း  တောင်ကြီးရွှေတောင်ရိုးဂိတ်၏ အတည်ပြုပြောကြား သည်။

ယခုနှစ် ၂၀၁၃ အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ရနိုင်သူများထဲတွင် မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် တာလီဘန်များ၏ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ကမ္ဘာကျော်ခဲ့သည့် ပညာရေးလှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူလေး တို့ပါဝင်

Posted by drmyochit Wednesday, March 06, 2013, under | No comments


အော်စလို၊ မတ် ၅ ။

တာလီဘန်များ၏ သေနတ်ဖြင့်ပစ်သတ်ခံရပြီး ကမ္ဘာကျော် ခဲ့သည့် ပညာရေးလှုပ်ရှားသူ ပါကစ္စတန် မှကျောင်း သူလေးမာလာလာ ယူဆွတ် ဇိုင်၊ ကိုလံဘီယာသမ္မတ ဟွမ်မနျူရယ် ဆန်းတို့စ်၊ မြန်မာသမ္မတ ဦးသိန်စိန် တို့သည် ယခုနှစ်အတွက် ချီးမြှင့်မည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ကြိုတင် ခန့်မှန်း စာရင်းတွင် ပါဝင်နေ ဖွယ်ရှိကြောင်း ရိုက်တာ သတင်းက ဖေါ်ပြလိုက်သည်။

ယခုနှစ် ငြိမ်းချမ်းရေး ဆုရှင်များ စာရင်းတွင် ကန် သမ္မတဟောင်း ဘီလ်ကလင်တန် မှာလည်း ပါဝင်ဖွယ် ရှိသကဲ့ သို့၊ ရုရှားမှ သမ္မတ ပူတင်အား လှောင်ပြောင် သီချင်း ဆိုခဲ့သည့် နာမည်ကျော် မိန်းကလေး       ပန်ခ်ဂီတအဖွဲ့  ပူစီရီးယော့စ်အဖွဲ့ တို့လည်း ပါဝင်နေကြောင်း သတင်းက ဆိုသည်။

မြောက်ဦးမြို့ ပန်းဈီးမြောင်းသို့ လယ်ခင်းများကိုမီးရှို့ရန် ဘင်္ဂလီများဝင်ရောက်၊ သတင်းရရှိ၍ တားဆီးနိုင်လိုက်

Posted by drmyochit Wednesday, March 06, 2013, under | No comments


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မြောက်ဘက် နှစ်မိုင် ခန့် အကွာတွင် ရှိသည့် ပန်းဈီးမြောင်းသို့ ပြီးခဲ့သည့် တန်ဆောင် မုန်းလပြည့်၊ ဗုဒ္ဓဟူးနေ့ ညနေ (၅) နာရီခန့်  အချိန်တွင် ဘင်္ဂလီများ မီးရှို့ရန် ဝင်ရောက် လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကုလား များမှာ ယင်းသို့ မီးတိုက်ရန် လာကြခြင်း မှာ ပန်းဈီးမြောင်း တခွင်သည် ရခိုင် လူမျိုး များ လုပ်ကိုင် စားသောက် နေကြသည့် လယ်မြေ များ အများအပြားရှိပြီး ထိုလယ်ကွင်း များတွင် စပါးများ မှည့်နေ ပြီဖြစ် သဖြင့် စပါးခင်းများအား မီးရှို့ပစ်ရန် ဝင်ရောက်လာ ကြခြင်းဖြစ်ကြောင်း မြောက် ဦး မှ ဒေသခံ တစ်ဦးက Arakan Review သို့ အတည်ပြု ပြောကြား သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်