Friday, March 22, 2013

ဖိလစ်ပိုင်နိုင်ငံမှ လူသားစားသော မိန်းကလေး

Posted by drmyochit Friday, March 22, 2013, under | No comments


ဒါဟာ တစ်ကယ့် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပါတယ်။ ဖိလစ်ပိုင် တောင်ပိုင်းမှာ နေထိုင်တဲ့ အမျိုး သမီးငယ် တစ်ဦးဟာ လူတွေကို သတ် ဖျက်ပြီး သူ့ရဲ့ ရေခဲ သေတ္တာ ထဲမှာ စားသောက်ရန် အလို့ငှာ သိမ်းထား ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမဟာ လူသား စား ရခြင်း ကို ပိုမို ခုံမင်လာ ခဲ့ပါတယ်။

သူမ ဆက်ပြော တာက သူမဟာ သူမရဲ့ ဆွေမျိုး တွေနဲ့လည်း ညစာ စားပွဲ တွေပြု လုပ်ခဲ့ပြီး လူသားတွေ ကို ချက်ကြွေး ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူရဲ့ ဆွေမျိုး တွေကတော့ ဒါကို လူသားမှန်း လုံးဝ မသိ ခဲ့ကြ ပါဘူး။

သူမရဲ့ဆွေမျိုး တွေက သူမ ချက်ထား တဲ့ဟင်းက အရမ်း ကောင်းကြောင်း ဒါပေမယ့် သူမ ဘာ အသားကို အသုံးပြု ထားလဲ ဆိုတာ ကတော့ မသိကြောင်း ပြောပြ ပါသည်။ သူမဟာ နောက်ဆုံး သူမ ယောက်ျား ကိုတောင် သတ်ပြီး စားသောက် ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

နောက်ဆုံးတော့ သူမဟာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတော့တယ်။

ကာမိုင်း ရဲစခန်းအား တိုက်ခိုက်ခဲ့သူအား KIA မှ ပြင်းထန်စွာ အရေး ယူတော့မည်

Posted by drmyochit Friday, March 22, 2013, under | No comments

လိုင်ဇာရှိ KIA ဌာနချုပ် အနေဖြင့် KIA တပ်ရင်း (၆)မှ တပ်ရင်းမှူး အင်ခွန် ဇော်ဒွဲအား ကာမိုင်း ရဲ တပ်ဖွဲ့  စခန်းငယ် လေးအား အင်အားသုံး ၀င်ရောက် တိုက်ခိုက် မှုနှင့် ပတ်သက်၍ အရေး ယူရန် စီစဉ် နေပါသည်။ 

အင်ခွန် ဇော်ဒွဲအား KIA ဗဟိုမှ တပ်မတော် စစ်ကြောင်း များအား တိုက်ခိုက် ရန်သာ အမိန့် ပေးထား ခြင်းဖြစ်ပြီး ကာမိုင်း ရဲစခန်းအား တိုက်ခိုက် ရန် အမိန့် ပေးထား ခြင်း မရှိကြောင်း လိုင်ဇာ ဌာနချုပ်မှ ဖြေရှင်း ချက် ထုတ်ပြန် ထားသည်။ အင်ခွန်ဇော်ဒွဲ အနေဖြင့် ခိုင်းတာ တစ်ခြား၊ လုပ်ဆောင် တာ တစ်ခြား ဖြစ်နေ သည့် အတွက် လိုင်ဇာ ဌာနချုပ် သို့ ခေါ်ဆောင် ထား ခဲ့သည်။

ကာမိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းအား KIA အင်အား (၁၀၀) ကျော်ဖြင့် ၀င်ရောက် တိုက်ခိုက် ခဲ့ သည့် အတွက် ဒေသခံ ကချင် လူမျိုးများ အပါအ၀င် လူထုမှ ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချ ခဲ့သည်။ အင်ခွန် ဇော်ဒွဲ အနေဖြင့် ကာမိုင်း ရဲစခန်းအား နှစ်ကြိမ် တိုင်တိုင် တိုက်ခိုက် ခဲ့သည့် အပြင် အဆိုပါ တိုက်ပွဲ အောင်မြင် ခဲ့မှု များနှင့် ပတ်သက်၍ မီဒီယာ များသို့ ဆက်သွယ် ပြောကြား ခဲ့ခြင်း အတွက် KIA ဗဟိုမှ မကျေ မနပ်ဖြစ်ကာ ယခု ကဲ့သို့ လိုင်ဇာသို့ ခေါ်ယူ ထားခြင်း ဖြစ်သည်။ 

ထို့အပြင် အင်ခွန်ဇော်ဒွဲ အနေဖြင့် ၄င်း စိုးမိုးရာ နေရာ ဒေသရှိ လုပ်ငန်း ရှင်များ ဈေးဆိုင် များအား KIA ဗဟို မှကောက် ခံသော ရန်ပုံငွေနှုန်းထားများအား မီဒီယာသို့ အတိအလင်း ဖွင့်ပြောခဲ့သည်အတွက် KIA ဗဟို အနေဖြင့် လက်ရှိတွင် တပ်ရင်းမှူး ရာထူးမှ ချထား သည့်အပြင် စခန်း အတွင်း ချုပ်နှောင် ထားကြောင်း သိ ရှိရ ပါ သည်။ အင်ခွန် ဇော်ဒွဲကို ဗဟိုမှ ဘယ်လို အပစ် ပေးမလို ဆိုတာ မသိရကြောင်း သေဒဏ် ပေးရန် ရှိကြောင်း ၎င်းတပ် ဖွဲ့ ၀င် တစ်ဦးမှ ပြောပြ ခဲ့ပါသည်။


ကချင်နေ့စဉ်သတင်း

KTV ရောက်ရင် မိုက်ကိုလက်မလွတ်ဘူးလို့ ပြောလိုက်တဲ့ ရွှေမှုန်ရတီ

Posted by drmyochit Friday, March 22, 2013, under | No comments


စိုင်းစိုင်း ခမ်းလှိုင်နဲ့ ဒုတိယ အကြိမ် ဆုံဖြစ်တဲ့ ရွှေမှုန် ရတီ ယခု ကား မှာ စိုင်းစိုင်း လိုက်တဲ့ ကောင်မလေး လေးယောက် ထဲက နံပါတ် ၁ တစ်ယောက် အဖြစ် သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ ရွှေမှုန် ရတီကို ဧပြီ ၁၀ ရက် စိုင်းစိုင်းမွေးနေ့ ရှိုးပွဲ ကြည့်မလား မေးတဲ့အခါ “သမီး ရှိုးပွဲ ကြည့်တာ ၀ါသနာ မပါဘူး။ လူတွေ များရင် စိတ်ရှုပ် တယ်။ ခေါင်းမူး တယ်။ ဘယ်ရှိုးပွဲမှ လည်း မကြည့် ဖြစ်ပါဘူး။ 

ကိုစိုင်း သီချင်း တွေကို ဗီစီဒီ ကြည့်ရင်းပဲ နားထောင် ပါတယ်” လို့ ဆိုပါတယ်။ ရွှေမှုန်ရတီ ယခု သင်္ကြန်မှာ မိသားစု အလှူ အစီအစဉ် ရှိပြီး အနုပညာ လောကထဲ ရောက်ပြီး ပထမဆုံး အလှူလို့လည်း သိရပါတယ်။ သင်္ကြန်ကိုတော့ အိမ်ထဲမှာပဲ နေတယ်။ အပြင် သိပ်မထွက် ဖြစ်ဘူး။ ထွက်ရင်လည်း မိသားစု ပါတယ်။ တစ်ခုခု ထွက်စား ရင်လည်း လူရှုပ်တဲ့ ဆိုင် မကြိုက်ဘူး။

 ပြီးတော့ ရွှေမှုန်က အဝေးမှုန်၊ ဒါကြောင့် အဝေးက လူကိုပဲ အားစိုက်မိတယ်။ ဒီတော့ အနီးက လူကို မမြင်တော့ဘူး။ အဲဒီ လိုတွေ လွဲတတ်ပါတယ် လို့လည်း သူ့ အကြောင်းလေး ထည့် ပြောသွား ပါတယ်။ ရွှေမှုန် ရတီ က အသစ်ထဲမှာတော့ ကားရိုက်စိတ်တဲ့ မင်းသမီးထဲမှာ ပါတယ် လို့ ပြောလို့ ရပါတယ်။ စိုင်းစိုင်း ခမ်းလှိုင်နဲ့ ၂ ကား။ ခန့်စည်သူနဲ့ ၁ ကား၊ နေတိုးနဲ့ ၂ ကား ရိုက်ဖို့ စီစဉ် ထားတဲ့ အကြောင်းလည်း ပြောပြပါတယ်။  ရွှေမှုန် ရတီနဲ့ တိုးတိုး ဖော်ဖော် ကတော့ အမေ ဖြစ်ပါသတဲ့။

 ရွှေမှုန်ရတီ အမြဲ သွားတဲ့ နေရာလည်း ရှိပါသေးတယ်။ အဲဒါက KTV ပါတဲ့။ မိသားစုနဲ့ သွားပြီး ၀ိုင်စုခိုင်သိန်း၊ ချမ်းချမ်း သီချင်းတွေ ဆိုပြီး မိုက်ကို မလွတ်တမ်း ကိုင်ထားတတ်တယ်လို့လည်း ပြောပြပါတယ်။ ဘယ်သူ့ မှ မပေးဘဲ ရွှေမှုန်ရတီ သီချင်းဆိုလို့ ၀မှ နောက်တစ်ယောက်ကို မိုက်ကို ယူပြီး ဆိုခွင့် ရတယ် လို့လည်း သူမရဲ့ အကြောင်း တစိတ် တဒေသကို သိခွင့် ရခဲ့ပါတယ်။


From: Myanmar Daily News

၃ တန်းလောက် ကတည်းက ကောင်မလေး တစ်ယောက်ကို ရင်ခုန် ခဲ့ဖူး တယ် ဆိုတဲ့ လွှမ်းပိုင်

Posted by drmyochit Friday, March 22, 2013, under | No comments




ဘ၀ကို စုန်ဆန် ဖြတ်သန်း နေရတဲ့ နေ့စွဲ တွေထဲမှာ ကျွန်တော့်အတွက် အမှတ်ရ ချင်စရာ အများကြီး ပါပဲ။ အသက် အရွယ် ရလာ လေလေ….. ငယ်ဘ၀ကို ပြန်လည် တမ်းတ လာလေလေ ဆိုတာက လူသားတွေရဲ့ ပင်ကို သဘော သဘာဝ ဗီဇ တစ်ခုပဲ ဖြစ်ပါတယ်။ အောက်မေ့စရာ လွမ်းဆွတ် စရာတွေဟာ ငယ်ဘ၀ကို ခဏ တဖြုတ် တွေးမိ လိုက်တိုင်း ကျွန်တော်တို့ရဲ့ စိတ်အာရုံ ဆီ အလျှံပယ် ၀င်ရောက်လို့ လာတက်ချေ တာပဲ မဟုတ်လား။ 

အနုပညာရှင် တစ်ယောက်ကို လှမ်းကြည့်လိုက် ရင်လည်း ဒီဘ၀ ဆီကို ရောက်ဖို့အတွက် ပေးဆပ်ခဲ့ရ တာတွေ …. ရင်းနှီး မြှုပ်နှံ ခဲ့ရတာတွေ အများကြီး ရှိတယ်ဆိုတာကို မြင်တွေ့ ကြရမှာပါ။ သူတို့ရဲ့ ဘ၀ အစိတ်အပိုင်း  တွေဟာ ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက် နေမှာ ကျိန်းသေ ပါပဲ။ တက်သစ်စ တေးသံရှင် လွှမ်းပိုင်ရဲ့ ဘ၀ ဖြတ်သန်းမှုတွေအနက် မမေ့နိုင်စရ  အကြောင်းအရာ လေးတွေကို စုစည်း တင်ဆက် ပေးရမယ် ဆိုရင်တော့…………

ကလေး ဘ၀ တုန်းက ကြိုက်နေတဲ့ ကောင်မလေး အိမ်ရှေ့မှာ စက်ဘီး မှောက်ပြဖူးတယ်…. ငယ်ငယ်တုန်းက မှတ်မှတ်ရရ မေ့လို့ မရတဲ့ ဖြစ်ရပ် ဆိုရင် ၂ တန်းလောက်က ဖြစ်မယ် ထင်တယ်. အဲဒီ အချိန်တုန်းက ကောင်မလေး တစ်ယောက်ကို ကြိုက်နေတယ်… ကြိုက်တော့ ဘာလုပ်လဲ ဆိုတော့ ကောင်မလေးက ကျွန်တော့်ကို ဂရုစိုက်တာ လိုချင်လို့ အိမ်ရှေ့မှာ စက်ဘီး မှောက်ပြ ဖူးတယ် (ရယ်လျက်) အဲဒါ အမှတ်တရဘဲ။

အဆိုတော် လုပ်တုန်းက အခက် အခဲ သိပ်အများကြီးတော့ မရှိခဲ့ဘူး….. ကြိုးစားနေတဲ့သူ အနေနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် တစ်ခုနဲ့ ကြိုးစား ခဲ့တယ်။ အဲဒီ ကြိုးစားရင်းနဲ့ လူနည်းနည်း သိလာတဲ့ အချိန်မှာ အခက် အခဲက စလာတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကို လူတွေ မသိခင် အချိန်က တိုက်ခိုက်မယ့် သူလည်း မရှိဘူး။ အပြစ် ပြောမယ့် သူလည်း မရှိ ခဲ့ဘူး။

Rap တွေကို တီးလုံး မပါဘဲ ရွတ်ခဲ့ရတယ်……………….  စင်ပေါ်က Rock Star အဖြစ်နဲ့ စတက်တဲ့ အချိန်မှာ သူတို့က ကျွန်တော့်ကို အဖွဲ့ဝင် အဖြစ်နဲ့ ကြော်ငြာ မှာဆိုတော့ Rap တွေကို တီးလုံး မပါပဲ ရွတ်ခဲ့ ရတယ်။ အဲဒီ အချိန် တုန်းက ကြောက်လည်း ကြောက်တယ်။ လက်တွေလည်း တုန်နေတယ်။

အနုပညာ အလုပ်စပြီး လုပ်တဲ့ အချိန်က အမှတ်တရ….. ကျွန်တော် Music ကို ၁၀ တန်း ပြီးတဲ့ အချိန်မှာ စပြီး လုပ်နေပြီ။ အရင်တုန်းက လုပ်ခဲ့တယ် ဆိုပေမယ့် လုပ်တယ် ဆိုတာပဲ ရှိတာ။ ကိုယ့်ဘာသာကို လုပ်ချင်တဲ့ အချိန် ထလုပ်ခဲ့တာ ဆိုတော့ ကျောင်းစာ လုပ်တဲ့ အချိန်မှာ ကျောင်းစာလုပ်တယ်။ အနုပညာနဲ့ ပညာရေး ရောထွေးခဲ့တာမျိုး မရှိဘူး။ ရှိုးပွဲတွေ အဆိုများ လာတာနဲ့ အမျှ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ ရတာ များလာတယ်။ အဲဒီတော့ ဘယ်လို စကား ပြောရမယ်။ ဘယ်လို ဆက်ဆံရမယ် ဆိုတဲ့ အတွေ့အကြုံ ရလာတယ်….လို့ ပြောပြ သွားခဲ့ တာ ကတော့ အဆိုတော် လွှမ်းပိုင်ရဲ့ ဘ၀ တစ်ချို့ ဖြတ်သန်း မှုလေးတွေ ပဲ ဖြစ်ပါ တော့တယ်။

News From: Myanmar Daily News

တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်ခံရမှု ယာဘအစည်း ၇၀၀ ကြောင့်ဟုဆို

Posted by drmyochit Friday, March 22, 2013, under | No comments

ဖေဖော် ဝါရီ လတုန်းက တာချီ လိတ်မြို့၌ တပ်တွင်း အချင်းချင်း ပစ်သတ် မှုမှာ ဖမ်းမိ ယာဘ များ ခွဲဝေမှု မမျှ တသောကြောင့် ဖြစ်ရပြီး ပတ်သက် ဆက်နွှယ် နေသူ များအား ယနေ့ တိုင် ဆက်လက် ဖမ်းဆီး စစ်ဆေး နေကြောင်း တပ်တွင်းနှင့် နီးစပ်သည့် သတင်း ရပ်ကွက် ကဆို ပါသည်။
ယာဘ စည်းများ (ဓါတ်ပုံ -အင်တာနက်)

“ဖေဖော် ဝါရီ လထဲမှာ ခမရ ၃၃၁ ပူးပေါင်း ပါဝင်တဲ့ အဖွဲ့တဖွဲ့ ဆမ်ပူး ဘက်မှာ ယာဘ တွေ အများကြီး ဖမ်းမိ တယ်။ အဲတာကို အဝေမ တည့်လို့ စကား များပြီး သေနတ် နဲ့ချိန်ကြတယ်။ သေနတ် လုရင်းနဲ့ ပစ်ခတ် မိကြတာ။ သူတို့ ကတော် တွေရဲ့ ပယောက လဲမကင်း ဘူးလို့ ပြောလို့ လဲရတယ်။ ဟိုလို လုပ်ပါလား ဒီလို လုပ်ပါလား ချပါလား ရိုက်ပါ လားလို့ ကတော်တွေက ဘေးကနေ ဆွပေးကြလို့ သေတဲ့ အထိဖြစ် ရတာ။ အခု နေပြည်တော် ကလာတဲ့ စစ်ဆေးရေး အဖွဲ့ လာရောက် စစ်ဆေး ကြတာ မပြီးသေး ဘူး။ ဖမ်းကြ ဆီးကြ တုန်းဘဲ” ဟု တပ်တွင်းနှင့် နီးစပ်သည့် ဒေသခံ တဦး ကပြော ပါသည်။

ဖေဖော် ဝါရီလ အတွင်းက တာချီလိတ် မြို့နယ် မိုင်းဖုန်း အုပ်စု ဆမ်ပူး ရွာ၌ ယာဘ အစည်းပေါင်း ၇၀၀ ကို ဖမ်းဆီး မိသဖြင့် ခွဲဝေ ယူကြရာ ခမရ ၃၃၁ အတွက်ဝေ စုမှာ ယာ ဘအစည်း ၃၀၀ ဖြစ်ကြောင်း၊ အစည်း ၃၀၀ အနက် ၎င်းတို့ဗျူဟာမှူးမှ အစည်း ၂၀၀ ယူဆောင်သွားကြောင်း ထို့သို့ဖြစ်ရာကနေ ခွဲဝေယူကြရာမှ စကားများ ၍ သေနတ်လုကြရာမှ ၄ ချက် ပစ်မိ ကြခြင်းဖြစ်ကြောင်း ဆိုပါသည်။

“ ဖေဖော်ဝါရီလ ၂၈ ညက ဒု-တပ်ရင်းမှူးက - ကျနော့်မှာ သေနတ်ရှိတယ် ဆိုထုတ်လာတော့ အဲဒီသေ နတ်ကို တပ်ရင်းမှူးက လုယူလို့ ကျည် ၄ လုံးပစ်မိတယ်။ ၃ လုံးကတော့ မထိဘူး။ နောက်ဆုံးတလုံးမှ တပ်ရင်း မှူး ဗိုလ်မှူးကြီး ဇေယျာဝင်းရဲ့ဘယ် လည်ချောင်းကနေဝင်ပြီး နားထင် နားရွက်ဘက် ပွင့်ထွက် သွားတော့ လည်တိုင် တခြမ်းထိ မိပြီးတော့ သေတာ။ အဲဒီ ကိစ္စက နေ ဝှစ်သောက် ကားမှု၊ မတရားချ စားမှု တွေကအစ ပေါ်လာပြီး အခု တပ်တွင်းမှာ တပ်ကြပ်ကြီး အဆင့်ထိ အမှုမှာ ပါဝင်နေ တယ်။ သူတို့နဲ့ ဆိုင်တဲ့ ရွှေငွေ ဥစ္စာ ပစ္စည်း တွေလဲ သိမ်းဆည်း နေတာတွေ ရှိတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇေယျာဝင်း၏ ရုပ် အလောင်းအား မတ်ခ်ျလ ၄ ရက်နေ့က တာချီလိတ် မြို့ရှိ မြို့မ သုသာန် သို့ ပို့ဆောင် သဂြိုဟ် ခဲ့ပြီး ဖြစ်ပါ သည်။

အဆိုပါ အမှု အခင်းအား မတ်ခ်ျလ ၂ ရက်နေ့က တြိဂံ တိုင်းမှူးက လည်းကောင်း၊ သက် ဆိုင်ရာ အဆင့် အဆင့်မှ လည်းကောင်း စစ်ဆေး မေးမြန်း ရာတွင် ယာဘ ဖမ်းမိ၍ အထက်သို့ တင်ပြမှု မရှိဘဲ အချင်းချင်း ဝေငှပေးခြင်း၊ လိုင်စင်မဲ့ ကားများ ဖမ်းဆီး၍ အထက်သို့ တင်ပြမှု မရှိခြင်း အစရှိ သဖြင့် ပြစ်မှု များတွေ့ ရှိ လာကြောင်း၊ ထို့ကြောင့် တာချီလိတ် ရှိမူး ယစ်ရဲ ၅ ဦးကိုပါ ဖမ်း ဆီး၍ အချုပ်ခန်းသို့ ပို့ဆောင် ထားကြောင်း၊ အဆိုပါရဲ ၅ ဦးအနက် သျှမ်း လူမျိုး မူးယစ် ရဲတ ဦးလည်း ပါဝင်ကြောင်း၊ နေပြည်တော်မှ တပ်မတော် စစ်ဆေးရေး မှူး/ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒု-ဗိုလ်ချုပ်ကြီး သောင်းအေး ကိုယ်တိုင် လာရောက် စစ်ဆေးနေကြောင်း တပ် အရာ ရှိများနှင့် ဝင်ဆန့်သည့် ဒေသခံ အမျိုးသား တဦးက ဆက်လက် ပြောပြသည်။

အဆိုပါ ယာဘ အစည်းပေါင်း ၇၀၀ မှာ မဲခေါင်မြစ် အတွင်း တရုတ် ၁၃ ဦး အသတ်ခံ ရမှုကြောင့် ဖမ်းဆီး စွပ်စွဲ ကာ တရုတ် ပြည် ကူမင်းမြို့၌ ဆေးထိုး သတ်ခံရသော စိုင်းနော်ခမ်း၏ ပစ္စည်းများ ဖြစ်သည် ဟုလည်း ဒေသ တွင်း၌ သတင်းများ ထွက်နေ ကြောင်း ဒေသခံ တချို့ကပြော ပါသည်။

သျှမ်းသံတော်ဆင့်

စစ်တွေမှ ထိုင်းသို့သွားမည့် မူဆလင် ၉၀ ကျော် မြိတ်တွင် ဖမ်းဆီးထား

Posted by drmyochit Friday, March 22, 2013, under | No comments


ထိုင်းနိုင်ငံ သို့ သွားရောက် ရန် အတွက် ရခိုင်ပြည် နယ်၊ စစ်တွေမြို့မှ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်သို့ ရောက်ရှိ လာသည့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား ၉၀ ကျော် ကို ယခု သီတင်းပတ် အတွင်း ဖမ်းဆီးကာ ထိန်းသိမ်း ထားကြောင်း ဒေသခံ များနှင့် အာဏာ ပိုင် များက ပြောသည်။

“အားလုံး ၉၂ ယောက်။ ယောက်ျား/ မိန်းမ ခွဲနေ တုန်း ပါ။ စစ်ဆေး ဆဲပဲ ရှိပါသေး တယ်။ လဝက ဥပဒေနဲ့ပဲ အရေး ယူမယ်” ဟု ခရိုင် လဝက အရာရှိ တဦးက ပြောသည်။

ဒေသခံ များ၏ သတင်းပေးချက်အရ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ဒေသခံ ရဲတပ်ဖွဲ့နှင့် တပ်မတော် ကြည်း တပ်၊ ရေတပ်တို့ ပူးပေါင်း ရှာဖွေရာမှ မတ်လ ၁၇ ရက်နေ့တွင် ၇၁ ဦး၊ ၁၉ ရက်နေ့တွင် ၈ ဦးနှင့် ၂၀ ရက်နေ့ တွင် ၁၀ ဦးကျော်ကို အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းပြင် ခရီးသည်များ စီးနင်းလာသည့် မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင်နှစ်လုံးတပ် အလျား ၅၀ ပေ၊ အနံ ၂၅ ပေရှိ သစ်သားစက်လှေ တစီးကိုလည်း မြိတ်မြို့ မဇောကျေးရွာအုပ်စု ရှမ်းထိန် ကျေးရွာအနီး ချောင်းကမ်း စပ်တွင် သိမ်းဆီး ရမိ သည်ဟု ဆိုသည်။

“သူတို့ထဲမှာ အမျိုးသမီး ၁၀ ယောက်လောက် ပါတယ်။ အခု ခရိုင် လဝက ကို လွှဲပေးထားပါတယ် ခင်ဗျ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုနှစ် အတွင်း ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မူဆလင် ၈၅ ဦး ကိုလည်း ဇန်န ဝါရီလ ၂ ရက်နေ့က ကော့သောင်း မြို့သို့  စက်လှေဖြင့် ရောက်ရှိခဲ့ရာ ကော့သောင်း လဝက ရုံးက ရန်ကုန် လဝက ရုံးမှတဆင့် စစ်တွေ မြို့နယ်သို့ ပြန်လည် ပို့ဆောင် ခဲ့သည်။

၎င်းပြင် ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင်လည်း မြိတ် မြို့နယ်သို့ ၆၀ ကျော် ရောက်ရှိ ခဲ့ပြီး ဒေသ အာဏာ ပိုင်များ က ဖမ်း ဆီး ခဲ့ကာ လဝက ဥပဒေဖြင့် အရေး ယူခဲ့သည်။

Photo: ထိုင်းနိုင်ငံ အတွင်း ခိုးဝင် လာသော မူဆ လင်များ အားဖမ်း ဆီးထားပုံ
စံခလပူရီ (မဇ္ဈိမ)

ဓာတ်လိုက်သေဆုံးမှု နစ်နာကြေးရရေး ကော်မတီဖွဲ့

Posted by drmyochit Friday, March 22, 2013, under | No comments


ပြီးခဲ့တဲ့ အပတ်က တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဓာတ်လိုက် သေဆုံး ခဲ့ရတဲ့ မိန်းကလေးငယ် အမှုနဲ့ ပတ်သက်ပြီး နစ်နာကြေး ရရှိဖို့ ကော့သောင်းက နိုင်ငံရေး ပါတီနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင် ရွက်သွား မှာဖြစ် ပါတယ်။

ကော့သောင်းမြို့ သီရိမြိုင် ရပ်ကွက်က သားအဖ ၂ ဦး မတ်လ ၆ ရက်နေ့က ဓာတ်လိုက် ခံရပြီး သမီးဖြစ်သူ မလှိုင် သက်ထွေး အသက် ၉ နှစ် သေဆုံးခဲ့ပါတယ်။

သူ့အတွက် ဓာတ်အား လိုင်း ပိုင်ရှင် သန်းဖြိုးသူကုမ္ပဏီက အသုဘ အကူငွေ ကျပ် ၁ သိန်းသာ  ပေးခဲ့တဲ့ အတွက် ဒီထက် ပိုပြီး တာဝန်ယူမှု ရှိစေဖို့၊ ဥပေဒ လမ်းကြောင်းပေါ် ရောက်စေဖို့ သူတို့ ကော်မတီက ဆောင်ရွက် သွားမယ်လို့ ကော့သောင်း ဒီမို ကရက်တစ် ပါတီ တိုင်းစည်း ရုံးရေးမှူး ဦးသန်းထွန်းက ပြော ပါတယ်။

“၁၉၉၈ ခုနှစ် ကတည်းက ဓာတ် လိုက်ပြီး သေဆုံး သွားသူတွေ၊ နစ်နာ သူတွေ၊ ခြေထောက် ဖြတ်လိုက် ရသူ တွေ၊ ကျိုးကန်း သွားတဲ့ သူတွေ သူတို့ တွေရဲ့ မိသားစု တွေကို ထောက်ပံ့ ကူညီ ပေးတဲ့ ကိစ္စတွေကို မလုပ် ခဲ့ကြဘူး။ သူတို့ မိသား စုတွေဟာ နစ်နာ နေတယ်။ နောက်နောင် လည်း ဒီိလိုအပြု အမူတွေ ဆက်ကျူး လွန်သွား မှာစိုးလို့ ဒီလိုကျူး လွန်ရင် ဥပဒေ ကြောင်း အရ လမ်းကြောင်းပေါ် မရောက် လာနိုင် မှာ စိုးရိမ် လို့ရယ်၊ အမှန် တရား ဖုံးကွယ် သွားမှာနဲ့ ကော့သောင်း ခရိုင် အတွင်းမှာ လုပ်ငန်းရှင် တွေဟာ အာဏာပိုင် တွေနဲ့ ပေါင်းပြီး ဒီလိုပြု မူလို့ ရတယ်ဆိုတာ ဒီ အသုံး အနှုန်းကို ချေဖျက် ချင်လို့ရယ်၊ နောက် ဆုံး ကေတာ့ နစ်နာ သူတွေကို ပိုက်ဆံ ၁ သိန်းလောက် ပေးပြီး ချေဖျက်လို့ ရတယ် ဆိုတာမျိုး ကိုလည်း ပျောက်စေ ချင်လို့။”

မတ်လ ၁၉ ရက်နေ့က ဖွဲ့စည်း လိုက်တဲ့ ကော်မတီ ကို ဓာတ်လိုက် ခံရသူ မိသားစုအား နစ်နာမှု မရှိစေရန် ညှိနှိုင်းပေးရေး ကော်မတီလို့ အမည် ပေးထား တယ်လို့ ဆိုပါ တယ်။

ကော့သောင်း မှာရှိတဲ့ ဒီမို ကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရေစီ ပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ပွင့်လင်း လူ့အဖွဲ့ အစည်း၊ အိုင်အယ်လ်အို အဖွဲ့ဝင်၊ ရပ်မိရပ်ဖ ကိုယ်စားပြု စတဲ့ အဖွဲ့က ကိုယ်စားလှယ် တဖွဲ့ကို ၃ ဦးကျနဲ့ စုစုပေါင်း ၂၁ ဦး ပါဝင်ပါတယ်။

သူတို့ ကော်မတီကနေ သက်ဆိုင်ရာ အာဏာ ပိုင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေး ညှိနှိုင်း အဖြေ ရှာကြ မယ်လို့ ပြောပါ တယ်။

ကော့သောင်းမှာ  ၂၀၀၃  ကနေ ၂၀၁၃  အထိ ၁၀ နှစ် ကျော် အတွင်း လူ ၇ ဦး ဓာတ်လိုက် ခံခဲ့ရပြီး ကော့သောင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက မီးကြိုး မီးတိုင် သွယ်တန်း ဆောက်လုပ်မှု ပေါ့လျော့ လို့ ဖြစ်ပြီး နစ်နာ ဆုံးရှုံး သူတွေ ပေါ်မှာ လည်း တာဝန် ယူမှု  အားနည်း ခဲ့တယ် လို့ ဦးသန်း ထွန်းက ပြောပါတယ်။

လောလော ဆယ် သတ်တုလုပ်ငန်းနဲ့ ဓာတ်အားပေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့  သန်းဖြိုးသူကုမ်ပဏီရဲ့ စက်ရုံ ကို လူနေရပ်ကွက်အနီးမှာ တည်ဆောက် ထားတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ အနီးနားက ပြည်သူတွေ အန္တရာယ် ဖြစ်မှာ စိုးရိမ်ပြီး  ဒေသခံနဲ့ လူမှု အဖွဲ့ အစည်း တွေက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဆန္ဒပြ ကန့်ကွက် မှုတွေ လုပ်ခဲ့ တယ်လို့ ဒီမို ကရက်တစ် ပါတီက ပြောပါတယ်။

DVB

Thursday, March 21, 2013

မိတ္ထီလာအရေးအခင်း စုံစမ်းရေးကော်မရှင်ဖွဲ့

Posted by drmyochit Thursday, March 21, 2013, under | No comments



မနေ့က မိတ္ထီလာမြို့ ရွှေဆိုင် တစ်ခုမှာ အရောင်း အဝယ် စကား များကြ ရာက စတင်ဖြစ် ပွားခဲ့တဲ့ အဓိ ကရုဏ်း ဟာ ဒီကနေ့ အထိ ဆက်လက် ဖြစ်ပွား ခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ဖို့ မန္တလေး တိုင်းဒေ သကြီး အစိုးရ အဖွဲ့က စုံစမ်း စစ်ဆေးရေး အဖွဲ့ကို အရေးပေါ် ဖွဲ့စည်း လိုက်ပါတယ်။

ဒီအဖွဲ့မှာ ဥက္ကဌအဖြစ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မျိုး၊ အဖွဲ့ဝင်တွေ အဖြစ် တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီး ထွန်းနိုင်၊ မိတ္ထီလာ ခရိုင် ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်မြင့်နဲ့ အတွင်းရေးမှူး အဖြစ် မိထ္ထီလာ ခရိုင် အုပ်ချုပ် ရေးမှူး ဦးတင်မောင်စိုးတို့ ပါဝင်ပါတယ်။

ဖြစ်စဉ် အသေးစိတ် အစီရင် ခံစာကို သီတင်း တစ်ပတ် အတွင်းမှာ ပြန်လည် တင်ပြ ရမယ်လို့ မန္တလေး တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြ ထားပါတယ်။

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

Posted by drmyochit Thursday, March 21, 2013, under | No comments

ရန်ကုန်၊ မတ်-၂၁

မိတ္ထီလာ မြို့တွင် ဖြစ်ပေါ် နေသော ဖြစ်စဉ် များနှင့် ပတ်သက် ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှ စ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပြီး နေပြည်တော်နှင့် မန္တလေး တစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ် ရှိ လုံခြုံရေး အင်အားကို ထပ်မံဖြည့် တင်း လိုက် ကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲ ထွဋ်က ပြောသည်။

မတ်လ ၂၀ ရက်တွင် စတင် ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့ကြသည့် ပိုင်ရှင် ဦးထွန်း ထွန်း၊ ၎င်း၏ဇနီး ဒေါ်မြင့်မြင့်အေးနှင့် ဆိုင်လုပ်သား မင်းအောင်ခေါ် ညီညီတို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ များနှင့် အမှုဖွင့် ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း ၎င်းက ပြောသည်။ ထို ပဋိ ပက္ခ ကြောင့် သံဃာ တစ်ပါး မီးလောင် ဒဏ်ရာနှင့် ပျံလွန် တော်မူ၍ အမျိုးသား သုံးဦး သေဆုံးကာ ဆေး ရုံတွင် ဒဏ်ရာရ လူနာ ၂၀ ဦး စာရင်း ရရှိ ထားကြောင်း ၎င်းက အတည်ပြု ပြောသည်။

လက်ရှိ အချိန်တွင် မိတ္ထီလာ မြို့အခြေ အနေမှာ လုံခြုံရေး အခြေ အနေ နည်းပါး နေပြီး တာဝန် ရှိသူ များ၏ ပဋိပက္ခ အပေါ် ကိုင်တွယ် ဖြေရှင်းမှု အားနည်း နေကြောင်း ဝေဖန်မှုများ ထွက်ပေါ် နေသည့် အပေါ် ဦးရဲထွဋ်က "ဒီနေ့ လည်း အခြေ အနေကို ထိန်းသိမ်းနိုင် ဖို့ ရဲရော၊ အထွေထွေ အုပ်ချုပ် ရေးမှူး ဦးစီး ဌာန ရော၊ အရပ်ဘက် လူ့အဖွဲ့ အစည်း တွေရော၊ နိုင်ငံရေး ပါတီ အဖွဲ့ အစည်းက လူတွေရော ၀ိုင်းဝန်း လုပ်ဆောင် နေပါတယ်။ ဒီနေ့  ညနေ ပိုင်းမှာ အထက်ကို တင်ပြ အတည် ပြုပြီးရင် သတင်းလည်း ထုတ်ပြန် ပါမယ်" ဟု ပြောကြားသည်။

လုံခြုံရေး အင်အား အရေ အတွက်ကို လတ် တလောတွင် ၎င်း အနေဖြင့် အတည် ပြုပြော နိုင်ခြင်း မရှိသေး ဘဲ ပဋိ ပက္ခ ဖြစ်ပွားရာ နေရာရှိ ဒေသခံ များ အနေဖြင့် ကောလ ဟလ များကို မယုံကြည် ရန်နှင့် မိတ္ထီလာမြို့ အနီး တစ်ဝိုက်ရှိ ကျေးရွာ များမှ ပြည် သူများ အနေဖြင့်လည်း ကောလာ ဟလ များကြောင့် မြို့ပေါ် တက်လာခြင်း၊ လူအုပ် စုဝေးခြင်းများ မပြုလုပ်ကြခြင်းဖြင့် တာဝန်ကျ လုံခြုံရေး များကို ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေး ရန် ဦးရဲထွဋ်က ပြောကြား ထားသည်။

"သာမန် ဈေးဆိုင်နဲ့ ဈေးဝယ် ဖြစ်တဲ့ ကိစ္စ၊ ရဲကလည်း အရေးယူ ထားပြီးသား ကိစ္စကို ကောလာ ဟလတွေ ဖြန့်ပြီး တော့မှ ပဋိပက္ခကို ကြီးသ ထက်ကြီးအောင် လုပ်တာ ကတော့ လုံးဝ မဖြစ် သင့်တဲ့ ကိစ္စလို့ပဲ ထင်ပါ တယ်" ဟု ၎င်းက ပြောသည်။

မိတ္ထီလာ မြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ ယနေ့မွန်းလွဲ ၃ နာရီခွဲ အချိန်ထိ ထိန်းသိမ်းနိုင်ခြင်း မရှိသေး ဘဲ ထိုမြို့ ရှိ အောင်ဇေယျ ရပ်ကွက်ရှိ နေအိမ်များ မီးလောင် လျက် ရှိပြီး မြို့ခံအချို့မှာ အခြားဒေသများသို့ ရွှေ့ပြောင်း နေကြ သူများ ရှိကြောင်း မိတ္ထီလာမြို့ရောက် 7Day News သတင်း ထောက်က သတင်းပေး ပို့သည်။


7Day News Journal

မယားကြီးရှိလျက်နှင့် သမီးဖြစ်သူကိုခိုးယူပေါင်းသင်းခဲ့သူအား အဖေကသတ်ပစ်

Posted by drmyochit Thursday, March 21, 2013, under | No comments

နေပြည်တော်၊ မတ် ၂၁

၁၅-၃-၂၀၁၃ရက်နေ့ ၁၆၃၀ အချိန် စာဘူးတောင်းကျေးရွာ အုပ် ချုပ်ရေး မှူးမှ ကျောက်ပုံ ကမ်းနားအနီး ငမိုးရိပ်ချောင်းအတွင်း အမည် မသိ အမျိုးသား အလောင်း ၁ လောင်း တွေ့ရှိကြောင်း အကြောင်းကြား ခဲ့သဖြင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေး ခဲ့ရာ ၀ဲရင်အုံ၊ ယာရင်အုံ၊ ၀ဲနံကြား၊ ၀ဲလက်ပြင်တို့တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံး နေကြောင်း သိရှိရ သဖြင့် လှည်းကူးရဲစခန်း(ပ)၁၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
 
အမှုမှ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သတ်သူအား ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ လှည်းကူးမြို့နယ်၊ စာဗူးတောင်းကျေးရွာတွင် ယခင်က နေထိုင် ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က မြ၀တီမြို့သို့ပြောင်းရွှေ့သွားသည့် အေးကို ဆိုသူသည် ၁၂-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင်ရောက်ရှိလာခဲ့ကြောင်း၊ ၁၃-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင် အေးကို ၏ သမီး ကစ်ကစ်နှင့် အမည်မသိအမျိုးသားတစ်ဦးတို့ ထပ်မံရောက်ရှိလာခဲ့ကြောင်းနှင့် ၁၄-၃-၂၀၁၃ ရက်နေ့ တွင် အေးကိုနှင့် အမည်မသိအမျိုးသားတို့မှာ ပြန်လည်ပျောက်ဆုံးသွားကြောင်း သတင်း ရရှိခဲ့ သည်။ 

သတင်းအရ ၁၈-၃-၂၀၁၃ရက်နေ့တွင် အေးကို၏ဖခင် ဦးမောင်အုန်း၊ ဇနီးဖြစ်သူ စန်းစန်းနွဲ့၊ သမီးဖြစ် သူ ကစ်ကစ်၊ ခယ်မဖြစ်သူ မိုးမိုးတို့အား စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ဓါတ်ပုံအား ပြသမေးမြန်းခဲ့ရာ ကစ်ကစ်အား မဲဆောက်မြို့သို့ခိုးယူသွားသည့် မြ၀တီမြို့နေ မျိုးဇော်ဦးဆိုသူဖြစ်ကြောင်းနှင့် မျိုးဇော်ဦးမှာ မယားကြီးရှိသူဖြစ်ကြောင်း၊ အေးကိုမှာလည်း နေအိမ်တွင် မရှိကြောင်း သိရှိရသည်။ 

၁၇၅၀ အချိန် မသင်္ကာဖွယ်ရှိသူ အေးကိုမှာ ရဲစခန်း၌ လာရောက်အဖမ်းခဲ့သဖြင့် စစ်ဆေးရာ အေးကိုသည် ၎င်း၏ သမီးအား မယားကြီးရှိလျက်နှင့် ခိုးယူပေါင်းသင်းခဲ့သည့် မျိုးဇော်ဦးအပေါ် မကျေမနပ်ဖြစ်ကာ ၎င်း၏ ဇာ တိဖြစ်သော လှည်းကူးမြို့နယ်၊ စာဗူးတောင်းရွာသို့ မင်္ဂလာကိစ္စဆွေးနွေးရန် အကြောင်းပြ၍ ခေါ်ခဲ့ပြီး လှည်း ကူး သို့ရောက်သောအခါ လူပြတ်သည့် ငမိုးရိပ်ချောင်းအနီးသို့ ခေါ်ဆောင်ကာ သတ်ပစ်ခဲ့၍ အလောင်း အား ချောင်းအတွင်းမျောခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် သက်သေခံ ပစ္စည်းများ သိမ်း ဆည်းကာ ထိုက်သင့်သည့်ပြစ်ဒဏ်ရရှိရေး ရဲတပ်ဖွဲ့မှဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သ တင်း ရရှိသည်။


ရဲဇာနည်

ဘရာဇီးဘောလုံး အကျော်အမော်က သူ၏ချစ်သူကို သတ်ဖြတ်ခဲ့ပြီး ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာ ပိုင်းဖြတ်ကာ ခွေးကျွေးခဲ့ သည်ဟု ၀န်ခံခဲ့

Posted by drmyochit Thursday, March 21, 2013, under | 1 comment



ဘရာဇီး နာမည်ကျော် ဘောလုံး သမားတစ်ဦးက သူ၏ ချစ်သူဟောင်းမျာ သတ်ဖြတ်ခံ ခဲ့ရပြီး ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာ  ပိုင်းဖြတ်ကာ ခွေးကျွေးခြင်းကို ခံခဲ့ရသည်ဟု ၀န်ခံ ပြောကြားခဲ့သည်။ လာမည့် ၂၀၁၄ ကမ္ဘာ့ ဘောလုံးပြိုင်ပွဲတွင် ဘရာဇီး လက်ရွေးစင် ဘောလုံး အဓိက ဂိုးသမား တစ်ဦး ဖြစ်လာဖွယ် ရှိသည့် အသက် ၂၈ နှစ် အရွယ် ဘရူနို ဖာနန်ဒက် ဒီဆွာ ဇာမှာ ကလေး စရိတ် မပေးလို သည့် အတွက် သူ၏ ချစ်သူကို သတ်ဖြတ် ခဲ့သည်ဟု စွပ်စွဲ ခံထား ရသူ ဖြစ်သည်။

 ယခင် ဖလာမင်ဂို ကစားသမားဟောင်းက ယခင်က ၎င်းအသက် ၂၅ နှစ်အရွယ်တွင် ဖြစ်ပျက်ခဲ့သည်ဟု စွပ်စွဲချက် မှန်သမျှကို ပယ်ချခဲ့သော်လည်း မနေ့က တရားရုံး ကြားနာရာတွင် သူ၏ အချစ်ဆုံး သူငယ် ချင်းဖြစ်သူ လူဝစ် ဟင်းနရစ် ရိုမာအိုက သူ၏ ချစ်သူဟောင်းကို သတ်ဖြတ်ရန် တစ်စုံ တစ်ယောက်ကို ပိုက်ဆံပေး ခိုင်းစေခဲ့သည်ဟု ၀န်ခံခဲ့သည်။

 ၎င်းက တရားရုံးတော်တွင် ၀န်ခံ ပြောကြားရာတွင် သူ့အနေဖြင့် ချစ်သူဟောင်းကို သတ်ဖြတ်ရန် ခိုင်းစေ ခဲ့ခြင်း မရှိသော်လည်း ယင်းသတ်ဖြတ်မှုကို လက်ခံခဲ့သည်ဟု ဆိုသည်။ ဂိုးသမား ဘရူနိုမှာ မစ္စ ဆာမူဒီယို သတ်ဖြတ် ခံရ မှုတွင် သူ၏ ဇနီးသည် ဒရဲနီ၊ အခြားသော ချစ်သူဟောင်း တစ်ဦးဒ၊ ညီအစ်ကို ၀မ်းကွဲတစ်ဦး နှင့် ရဲဟောင်း တစ်ဦး ဖြစ်သူမှာ မားကို့စ်ဆန်းတိုတို့ အပါအ၀င် လူ ၈ ဦးက ၀ိုင်းဝန်း သတ်ဖြတ်ရာတွင် စီစဉ်ပေး ခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။ 

ဘရူနိုမှာ သူ၏ ချစ်သူဟောင်းကို ယင်းလူစုက နှိပ်စက် ညှဉ်းပန်းနေမှုကို ထိုင်ကြည့်နေခဲ့ပြီး သူမကို တစ်စ စီ ခုတ်ထစ် ဖြတ်တောက်ရာတွင်လည်း ကူညီခဲ့သည်ဟု စွပ်စွဲ ခံထားရသည်။ လူသေလောင်း အစိတ်အပိုင်း အချို့ ကို ဘရူနိုင်၏ အိမ်မွေးခွေးကို ကျွေးခဲ့ပြီး ကျန် အစိတ်အပိုင်းကို ကွန်ကရစ်သွင်းလောင်း မြှုပ်နှံခဲ့ သည်ဟု ဆိုသည်။ တရားရုံး၏ အစောပိုင်း ဆုံးဖြတ်ချက်အရ ဘရူနို၏ သူငယ်ချင်း ရိုမာအိုမှာ ပြစ်မှု ထင်ရှား သဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး ဖြစ်ကာ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ရဲဝန်ထမ်းဟောင်း ဆန်းတို့စ်မှာ လာမည့်လတွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည်။ 

ဘရူနိုကို လူသတ်မှုဖြင့် မဖမ်းဆီးမီက အီတလီ ထိပ်သီး ဘောလုံး ကလပ် အသင်း တစ်သင်း ဖြစ်သည့်  အေစီ မီလန် အသင်းက စတာလန်ပေါင် သန်းပေါင်းများစွာဖြင့် ခေါ်ယူ၇န် စီစဉ်ခဲ့သေးသည်။ ဘရာဇီး နိုင်ငံ အရှေ့ တောင်ပိုင်း ကွန်တာဂန်မြို့ရှိ တရားရုံး တစ်ရုံးတွင် ဘရူနို ထွက်ဆိုရာတွင် သူ၏ ညီအစ်ကို တစ်ဝမ်း ကွဲ တောစပ်သူ ဂျော့ရိုဆာမှာ လူသတ်မှုတွင် မျက်မြင်သက်သေ ဖြစ်ကြောင်းနှင့် ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည် ကို ၎င်းပြန်လည် ပြန်လည် ပြောပြခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ 

၎င်းထွက်ဆိုရာတွင် မစ္စဆာမူဒီယို ပြန်ပေးဆွဲ ခံရပြီးနောက် ရိုမာအိုက သူမကို ဘယ်လို ဟော်ရီဇွန်တီရှိ လူသတ် သမား ဆန်းတို့စ် စောင့်ဆိုင်းနေရာ နေအိမ်သို့  ခေါ်ဆောင်သွားခဲ့သည့်ဟု ဆိုသည်။ သူက ထွက်ဆို ရာတွင် “သူမ၏  လက်နှစ်ဖက်ကို ကြိုးတုပ်ချည်နှောင်၍ လည်ပင်းတွင် ပြန်လည် ချည်နှောင် ထား ခဲ့ကြောင်း” ကို သူ၏ ညီအစ်ကို ၀မ်းကွဲက ပြန်လည် ပြောပြသဖြင့် သိရှိခဲ့ရသည်။ ဘရူနို၏ တရား ရင်ဆိုင် မှုမှာ ပြီးခဲ့သည့် တစ်ပတ် တနင်္လာနေ့က စတင်ခဲ့ပြီး စနေနေ့က ပြီးဆုံးခဲ့သည်။ ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ထောင်ဒဏ် ၄၁ နှစ် အနည်းဆုံး ကျခံရဖွယ် ရှိကြောင်း သိရှိ ရသည်။

New From: Myanmr Daily News






မိတ္ထီလာမြို့ မီးလောင်မှု မြင်ကွင်း (ရုပ်သံ)

Posted by drmyochit Thursday, March 21, 2013, under | No comments

မိတ္ထီလာမြို့ ပဋိပက္ခတွေ အခုအချိန်ထိ ဖြစ်ပွားနေပြီး တည်းခိုခန်း တခုပြာကျသွားပြီးနောက် အိမ် ၅ လုံးလောက် မီးလောင်ကျွမ်း နေဆဲဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။









DVB Facebook

ဂျာနယ်တိုက်မှာ အလုပ်လုပ်ရင်း မင်းသမီးဖြစ်လာတဲ့ မိုးပြည့်ပြည့်မောင်

Posted by drmyochit Thursday, March 21, 2013, under | No comments


အခုအချိန်မှာ ရုပ်ရှင် သရုပ်ဆောင် မိုးပြည့်ပြည့်မောင် ဆိုတာ တချိန်က အနုပညာကို ၀ါသနာပါတာ တစ်ခုက လွဲပြီး အမေရယ်၊ မောင်လေး နှစ်ယောက်ရယ် အတွက် အလုပ်မလုပ်လို့ မဖြစ်တဲ့ ဘ၀တစ်ခုကနေ ထိုးဖောက် ၀င်ရောက် လာခဲ့ တာပါ။ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ အားကိုးရာမဲ့ပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် ကြိုးစား ခဲ့ရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အေးအေး ဆေးဆေး နေတတ်တဲ့ အမေဖြစ်သူနဲ့ ငယ်ရွယ် နုနယ်တဲ့ လူမမယ်လေး မောင်လေး နှစ်ယောက် ရှေ့မှာ မားမား မတ်မတ် ရပ်တည် နိုင်ဖို့ အတွက် အလုပ် တစ်ခုကို မဖြစ်မနေ ၀င်လုပ်ဖို့ ဆုံးဖြတ်ရင်း ရွှေပြည်တန် ဂျာနယ်တိုက်မှာ ၀င်လုပ်ခဲ့တာပါ။

ဆယ်တန်း အောင်ကာစ မိန်းကလေး တစ်ယောက်အနေနဲ့ လုပ်ငန်း သဘောသဘာဝတွေ၊ ပေါင်းသင်း ဆံရေး နယ်ပယ်တွေမှာ ကျင်လယ်မှု မရှိခဲ့ပေမယ့် ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့ခွင့်ရခဲ့တာကတော့ မိုးပြည့်ပြည့်မောင် အတွက် ကံကောင်းခြင်း တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဂျာနယ် တိုက်မှာ လုပ်ကိုင်ရင်း တက္ကသိုလ် တက်ဖို့ ကြိုးစားရပါတယ်။ ကိုယ့်ရဲ့ အလုပ်မှာလည်း တက်နိုင်သမျှ အမှားနည်းအောင် ဂရုစိုက်ပြီး ဘ၀အတွက် ရှင်သန်အောင် လုပ်ကိုင် ခဲ့ရပါတယ်။ မင်းသမီး ဖြစ်ဖို့ကတော့ ဘယ်လိုမှ အကောင်အထည် ပေါ်မှာ မဟုတ်ဘူးလို့ ယူဆထားပေမယ့် သူမရင်ထကြ ၀ါသနာကို အထက်က လူကြီးတွေက နားလည်ခဲ့ရာကနေ စတင်ဖြစ်ခဲ့တာပါ။

ရွှေပြည်တန် ဂျာနယ်တိုက်က သိပ္ပံမောင်ဝနှစ်(၁၀၀)ပြည့် ကားကို ရိုက်တော့ ၀ါသနာပါတဲ့ ၀ါသနာပါတဲ့ တပည့်မလေး မိုးပြည့်ပြည့်မောင်ကို ဆရာသမားတွေက မင်းသမီး တစ်ယောက်အနေနဲ့ နှစ်ခန်း၊ သုံးခန်း ၀င်ရောက် သရုပ်ဆောင်စေခဲ့ရာမှာ သူမဘ၀ဟာ တစ်ဆစ်ချိုး ပြောင်းလဲ လာခဲ့တာပါ။ အချိန်နဲ့ ကြိုးစားမှုကို အရင်းတည်ပြီး အနုပညာ တွေ ပေးဆပ်ခဲ့ရတာမျိုး ရှိပေမယ့် ၀ါသနာက ရှိနေတော့ ပင်ပန်းတယ်လို့တောင် မထင်မှတ်ခဲ့ပါဘူး။ ရိုးရိုးကျင့်ကျင့်၊ မြင့်မြင့်ကြံ ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင် ပြုပြီး ဘ၀မြင့်အောင် ကြိုးစားခဲ့ပါတယ်လို့ ဆိုလာတာက ရုပ်ရှင် သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ပဲ ဖြစ်ပါတော့တယ်။

News From: Myanmr Daily News

ရဲမှူးတဦး အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရ

Posted by drmyochit Thursday, March 21, 2013, under | No comments

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရခိုင်ကြီး ကျေးရွာတွင် ရဲစခန်းမှူး တဦးက ရွာခံ အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ္မ ပြုကျင့် မှုဖြင့် စွပ်စွဲ တိုင်ကြားမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ခင်ပွန်းသည် မရှိခိုက် မြစ်သား ရဲစခန်းမှူး ဦးကြည်လှ ဆိုသူက အဓမ္မ ပြုကျင့်ခဲ့သည်ဟု တရားလို တိုင်ကြားသူ အသက် ၃၉ နှစ် အရွယ် ကလေး ၄ ယောက် မိခင် ဒေါ်သန်းခင်က ဧရာဝတီကို ပြောသည်။
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညက အခင်းဖြစ်ပြီးနောက် မြစ်သားရဲစခန်းသို့ သွားရောက်တိုင်ကြား ခဲ့သော် လည်း အမှုဖွင့်ပေးခြင်း မပြုခဲ့ကြောင်း၊ ကျောက်ဆည်ခရိုင် တရားရုံးအား တိုင်ကြားရာ ၇ ရက်ကြာ သွားခဲ့ကြောင်း၊ စခန်းမှူး ရဲအုပ် ဦးကြည်လှ (လ-၁၄၃၈၃၁)ကို တပတ်ကြာပြီးမှ ရှေ့နေကွန်ရက် အဖွဲ့ အကူအညီဖြင့် အမှုဖွင့်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ဒေါ်သန်းခင်က ဆိုသည်။

ဒေါ်သန်းခင်၏ အမှုလိုက် တရားလို ရှေ့နေ ဦးစန်းညွှန့်ဝေက ရဲစခန်းမှူး ဦးကြည်လှကို အဓမ္မ ပြုကျင့်မှု ပုဒ်မ ၃၇၆ ဖြင့် မြစ်သားမြို့နယ် တရားရုံးတွင် တရားစွဲဆို အမှုဖွင့်ခဲ့ကြောင်း၊ ကျောက်ဆည်နှင့် မြစ်သား တရားရုံးတို့ တွင် အမှုမှန်မပေါ်မည် စိုးရိမ်၍ မန္တလေး တိုင်းတရားရုံးသို့ ပြောင်းလဲ စစ်ဆေးရန် ရုံးပြောင်း လျှောက်ထား ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။

“စခန်းမှူး ဦးကြည်လှကို ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုခဲ့တယ်။ အခု တရားရုံးမှာဆို သူကလည်း ရဲ ဆိုတော့ အမှုမှန် မပေါ်မှာစိုးလို့ ရုံးပြောင်းလျှောက်ထားတာပါ”ဟု သူက ဆိုသည်။

ထို့ကြောင့် ဦးကြည်လှအား ယခုနှစ် မတ်လဆန်းက ဖမ်းဆီး ချုပ်နှောင်ထားခဲ့ကြောင်း ဦးစန်းညွှန့်ဝေ က ဆက်ပြော သည်။ ကျောက်ဆည်ခရိုင် ရဲစခန်းမှ ဒုရဲအုပ် ချမ်းငြိမ်းနိုင်ကလည်း ဦးကြည်လှကို ဖမ်းဆီး ထိန်းသိမ်းထားသည်မှာ မှန်ကန်ကြောင်း၊ သို့သော် အမှုကိစ္စနှင့်ပတ်သက်၍ မသိကြောင်း၊ မိသားစုဝင်များ လာရောက် တွေ့ဆုံခွင့်ကိုလည်း စခန်းမှူးခွင့်ပြုချက် ဖြင့် တွေ့ဆုံခွင့် ပေးထားကြောင်း ဧရာဝတီကို ပြော သည်။

“ဖမ်းထားတာ ဆိုပေမယ့် ချုပ်ထားတာ။ ဒီမှာ အချုပ်ခန်းမှာ ချုပ်ထားတာ။ သူ့အမှုအခြေအနေက ကျနော် တို့ မသိဘူးလေ၊ သူ့ ကျန်းမာရေးကတော့ ကောင်းပါတယ်။ သူတို့ မိသားစု လာတွေ့တဲ့ဟာတော့ တွေ့ကြပါ တယ်”ဟု ဒုရဲအုပ် ချမ်းငြိမ်းနိုင်က ဆိုသည်။

အမှုမဖွင့်နိုင်ခင်က ဦးကြည်လှသည် ရခိုင်ကြီးကျေးရွာ ရပ်မိရပ်ဘ တဦးဖြစ်သူ ဦးထွန်းထွန်းဝင်း နေအိမ် တွင် ကျပ် သိန်း ၁၀၀ ပေးမည် ကမ်းလှမ်း၍ ကျေအေးပေးရန် ဒေါ်သန်းခင်အား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ထိုစဉ်က ဒေါ်သန်းခင်က ကျပ် သိန်း ၅၀ ကို လက်ခံယူသွားခဲ့သည်ဟု ဦးထွန်းထွန်းဝင်းက တဖန် ဒေါ်သန်း ခင် တို့ ဇနီးမောင်နှံအား လိမ်လည်မှုဖြင့် ကျောက်ဆည်မြို့နယ် တရားရုံးတွင် ပြန်လည် တရား စွဲဆို ခဲ့ကြောင်း ဦးစန်းညွှန့်ဝေက ပြောဆိုသည်။

ရဲစခန်းမှူး ရဲအုပ် ဦးကြည်လှသည် ဒေါ်သန်းခင်တို့ မိသားစုနှင့် ရင်းနှီးကြပြီး ရံဖန်ရံခါ အိမ်သို့ လာတတ်ပြီး အခင်းဖြစ် ချိန်တွင် ခင်ပွန်းဖြစ်သူ မရှိဟု သိရသည်။ ဒေါ်သန်းခင်၏ ခင်ပွန်း အသက် ၄၂ နှစ်ရှိ ဦးအောင် မင်းကြည် ကလည်း အမှန်တရားပေါ်ပေါက်ရေးအတွက် ကြိုးစားနေကြောင်း ပြောသည်။

ဒေါ်သန်းခင်တို့ ဇနီးမောင်နှံအား စွဲဆိုထားသည့် လိမ်လည်ငွေယူမှု ပုဒ်မ ၄၂၀ နှင့် ပတ်သက်သည့် ကျောက် ဆည်မြို့ ရုံးချိန်းကို မတ် ၁၉ ရက်တွင် ချိန်းဆိုခဲ့ကြောင်း၊ လာမည့် မတ်လ ၂၁ ရက်နေ့တွင် ဦးကြည် လှအား ဒေါ်သန်းခင်က တရားလိုဖြင့် စွဲဆို ထား သည့် ပုဒ်မ ၃၇၆ ဆိုင်ရာ အမှုကို မြစ်သားမြို့၌ ရုံးချိန်း ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ် သတင်းကို အချိန်နှင့် တပြေးညီ သတင်းများ ထုတ်ပြန်နေသော မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ အင်တာ နက် စာမျက်နှာတွင်မူ ယနေ့အထိ ဖော်ပြထားခြင်း မရှိသေးပေ။

ဧရာဝတီသတင်း

ပါတီပွဲတွင် အမျိုးသမီးများ၏ ဘရာစီယာချိတ် ဖြုတ်မှုဖြင့် အသက် ၂၂ နှစ်အရွယ် ကျောင်းသားတစ်ဦး စုံစမ်းစစ်ဆေးမေးမြန်းခံနေရ

Posted by drmyochit Thursday, March 21, 2013, under | No comments


လူနောက် လူပြောင် ကျောင်းသား ဥက္ကဌ တစ်ဦး သည် တက္ကသိုလ် ပါတီပွဲ တစ်ခုတွင် အမျိုး သမီး များ၏ ဘရာစီယာ ချိတ်များကို ဖြုတ်နေသည့် ဗွီဒီယို ဖိုင်များ တွေ့ရှိ ပြီးနောက် တာဝန် ရှိသူများ၏ စုံစမ်း စစ်ဆေးမှု ကို ခံယူ နေရသည်။ နစ်ဆွင်း အမည် ရှိ အသက် ၂၂ နှစ် အရွယ် ပါးစစ်က် တက္က သိုလ် ကျောင်း သား ဥက္ကဌသည် လာမည့် တက္က သိုလ် ရွေးကောက်ပွဲတွင်လည်း ဥက္ကဌ နေရာ အတွက် ပြန်လည် အရွေးခံ ရမည့် သူဖြစ်သည်။ ၎င်းသည် ပါတီတွင် ကခုန်နေသည့် ကျောင်းသူ တစ်ဦး၏ နောက်မှ နေ၍ ဘရာစီယာ ချိတ် ကို ဖြုတ် ခဲ့သဖြင့် အဆိုပါ ကျောင်းသူ ရင်ဘက် ဟောင်းလောင်း ဖြစ်သွားသည့် ဗွီဒီယို များပေါ်တွင် ထွက်လာ ခဲ့ပြီးနောက် ၎င်းကို ရဲတပ်ဖွဲ့မှ ခေါ်ယူ စစ်ဆးခဲ့ဖြင်း ဖြစ်သည်။ 

နစ်ဆွင်းနှင့် ၎င်း၏ သူငယ်ချင်း များသည် သြစတြီးယား နိုင်ငံဟု ယုံကြည် ရသည့် နိုင်ငံတစ်ခုတွင် နှင်းလျော စီးရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက သွားရောက်ခဲ့ပြီး ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဘရာစီယာ ချိတ်က အဖြတ် ခံလိုက် ရသော အမျိုး သမီး ငယ်သည် လစ်ဟာ သွားသော ရင်သားကို ကာကွယ် ရန် မိမိလက်ကို အသုံးပြု ကာကွယ် လိုက်ရသည့် ပုံများသည် နစ်ဆွင်း ကျောင်းသား ဥက္ကဌ အဖြစ် ပြန်လည် အရွေး မခံရမီ ရက်ပိုင်း အလိုတွင် အင်တာ နက်တွင် ပျံ့နှံ့ လာခြင်း ဖြစ်သည်။ ယင်း ဖြစ်ရပ် ဖြစ်ပွားပြီးနောက် နစ်ဆွင်းက အမျိုးသမီး၏ ကျောဘက်တွင် အားရပါးရ ရယ်မောနေသည်ကိုလည်း စက္ကန့်  ၉၀ ကြာယင်း ဗွီဒီယိုဖိုင်ထဲတွင် ပါရှိသည်။ အဆိုပါ ဗွီဒီယို ဖိုင်ကို နစ်ဆွင်း၏ ပြိုင်ဘက်များက အင်တာနက်ပေါ် သို့ လွင့်တင်ခဲ့ခြင်း ဖြစ်ပြီး တစ်ပတ်အတွင်း ကြည့်ရှုသူ ငါးထောင်ကျော်သွားခဲ့သည်ဟု ဆိုသည်။ 

ယင်းဗွီဒီယို ဖိုင်သည် ၀ါးဝစ် ကျောင်းအတွင်း ကြီးမားသည့် ပြဿနာတစ်ခု မဖြစ်ခဲ့သော်လည်း ဆွင်း၏ ပြိုင် ဘက် ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်များက ယင်းဗွီဒီယိုကို အသုံးပြုပြီး မဲဆွယ်မှုများ ပြုလုပ်ခဲ့ သဖြင့် ကာယ ကံရှင် အမျိုးသမီးငယ်အတွက် ပိုမို အရှက်ရဖွယ် ဖြစ်ခဲ့သည်။ “အမျိုးသမီး တွေကို ဒီလို မလေးမစား လုပ်တဲ့ ယဉ်ကျေးမှုကို ၀ါးဝစ် ကျောင်းသား သမဂ္ဂ အသိုင်းအ၀ိုင်းက လက်မခံပါဘူး” ဟု ယင်းဗွီဒီယို ဖိုင်နဲ့ တွဲ ဖက်ပြီး အင်တာနက် လွင့်တင်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် ၀ါးဝစ် တက္ကသိုလ် တာဝန်ရှိသူ များကလည်း ကျောင်း သား သမဂ္ဂ အရေးကိစ္စများသာ ဖြစ်သဖြင့် ကျောင်းအနေဖြင့် ဆွင်း အပေါ် အရေုးယူသွားရန် မရှိကြောင်း ပြာ သွားခဲ့သည်။

From: Myanmr Daily News

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်