Thursday, March 28, 2013
ထိုင်းအစိုးရနဲ့မူဆလင်သူပုန်တွေ စတင်တွေ့ဆုံ
Posted by drmyochit Thursday, March 28, 2013, under | No comments
အခု တွေ့ဆုံ မှုဟာ ထိုင်း အစိုးရနဲ့ မူဆလင် သူပုန် တို့ကြား ပထမ ဦးဆုံး အကြိမ် တရားဝင် စကား ပြောဆို ဆွေးနွေးတာ ဖြစ်ပါတယ်။ ထိုင်း အစိုးရ သ တင်း မီဒီယာက ဖော်ပြ ထားချက် အရ ကိုယ်ပိုင် အုပ်ချုပ် ခွင့် ဒါမှ မဟုတ် လွတ်လပ်ရေး အတွက် တောင်း ဆို နေကြတဲ့ အဖွဲ့ ကိုးဖွဲ့ကို တွေ့ဆုံ ဆွေးနွေး မှုကို တက်ရောက်ဖို့ သဘောတူ ထားတယ် လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆယ်နှစ် ကျော်ကြာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် မဋိပက္ခတွေကြောင့် လူပေါင်း ငါးထောင်ကျော် သေဆုံး ခဲ့ပြီး ဖြစ်ပေမယ့် အပစ်အခတ် ရပ်စဲရေး ရဖို့ အတွက် အချိန် အကြာကြီး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ 
ဒါကို ထိုင်း အစိုးရက ပြီးခဲ့တဲ့ နှစ်က စပြီး ပဋိပက္ခရဲ့ သဘော တရားကို အသိ အမှတ် ပြုခဲ့ပြီး စကား ပြောဆို ဆွေးနွေးဖို့ လမ်းဖွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပြောဆို ဆွေးနွေးမှု တွေအားလုံးဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စည်းမျဉ်း စည်းကမ်း အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပြီး တော့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စည်းမျဉ်း စည်းကမ်း အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပြီးတော့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် သီးသန့် နယ်မြေ ပေးခြင်း ဆိုတာ မပါ ရှိဘူး လို့လည်း သိရပါတယ်။ 
ထိုင်းနိုင်ငံ Mahidol တက္ကသိုလ်က လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး ဘာသာဌာနက Gotham Arya ကတော့မူဆလင် သူပုန်တွေ အနေနဲ့ အစိုးရရဲ့ လုပ်ငန်း အစီအစဉ် အတိုင်း လက်ခံမယ် ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ အကယ်၍ မူဆလင် သူပုန်တွေက ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်းက ပြုလုပ်ထားတဲ့ အစိုးရရဲ့ လုပ်ငန်း အစီအစဉ် အတိုင်း လက်ခံမယ် ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ် လို့လည်း လူ့အခွင့်အရေး ငြိမ်းချမ်းရေး ဘာသာဌာနက Gotham Arya က ပြောကြောင်း အေဘီစီ သတင်းထောက် Karon Snowdon က သတင်းပေးပို့ ခဲ့ပါတယ်။
RadioAustralia
လိုင်ဇာသို့ တရုတ်နှင့်ကချင် စီးပွားရေးသမားများ အလုအယက် နေရာ ယူလာ
Posted by drmyochit Thursday, March 28, 2013, under | No comments
ကချင် ပြည်နယ် လိုင်ဇာ မြို့တွင် ပွင့်လင်း ရာသီချိန် ရောက် သည်နှင့် လူ စည်ကား လာပြီး တရုတ် ကုန် သည် စီးပွားရေး သမား များနှင့် ကချင် စီးပွားရေး သမား အယောက် (၂၀)ကျော် ခန့် နေ့စဉ် ၄င်းတို့ လုပ်ငန်း အ တွက် နေရာ များကို လိုက်လံ ကြည့်ရှု ရှာဖွေ နေကြောင်း လိုင်ဇာမြို့ (Laiza Muklum) အုပ်ချုပ် ရေးမှူး ဦးဂရန် နော်အောန် (Kareng Naw Awn) က ပြော သည်။
“ဒီ ရက်ပိုင်းမှာ လိုင်ဇာ ပြည်သူ တွေက လည်း ကိုယ့် အိမ် ပြန် လာပြီး အရင် စီးပွားရေး အလုပ် လုပ်တဲ့ သူက လုပ် တစ်ရက်ပြီး တစ်ရက် စည်စည် ကားကား ပြန်ဖြစ် လာတယ်။ ပြီးတော့ စီးပွားရေး ငွေရှင် တွေက လည်း သူများ တွေထက် ကိုယ် ဦးအောင် ဆိုပြီး အုပ်ချုပ် ရေးရုံးကို လာကြ တယ်” ဟု လိုင်ဇာမြို့ အုပ်ချုပ် ရေးမှူး ဦးဂရန်နော် အောန် (Kareng Naw Awn) က KNG ကချင် သတင်း ဌာနသို့ ပြောသည်။
အဆိုပါ ကချင်နှင့် တရုတ် စီးပွားရေး ငွေရှင် ကြီး များက ငြိမ်းချမ်းရေး အသံများ ကြား နေရပြီး ဆွေးနွေးမှု များကို ဆက်လက် လုပ်ဆောင် နေသောကြောင့် မတ်လ(၁၁-၁၂) ရက်နေ့ ပြုလုပ် ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်ပြီး ချိန်မှစ၍ တစ်နေ့ထက် တစ်နေ့ လိုင်ဇာမြို့ အုပ်ချုပ် ရေးရုံးသို့ လာရောက် မေးမြန်း ကြောင်း ကိုလည်း သိရသည်။
၂၀၁၂ ခုနှစ် ကုန်ပိုင်းတွင် လိုင်ဇာ မြို့တွင်းသို့ အပြင်း အထန် စစ်ပွဲများ ဖြစ်ပွား ခဲ့ရာ လိုင်ဇာ ပြည်သူ လူထု များနှင့် လိုင်ဇာသို့ လာရောက် ခိုလှုံ လုပ်ကိုင် စားသောက် နေသူ များမှာ မိမိတို့ လုံခြုံ ရာ များသို့ တကွဲ တပြား ထွက်ပြေး တိမ်းရှောင် နေခဲ့ ရကြောင်း လည်း သိရ သည်။
“အရင် လတွေမှာ ဆိုရင် ဘယ်သူမှ မရှိ တော့ဘူး။ ကျွန်တော် တို့လည်း တရုတ် ပြည်ဘက် ပြေးသွား ရတယ်။ အခုမှ ငြိမ်းချမ်းရေး သံတွေ ကြား ရလို့ စိတ်ချ နိုင် လောက်ပြီ ဆိုမှ ဈေးဆိုင် ပြန်လာ ဖွင့်တယ်” လို့ ရှမ်းပြည်နယ်မှ အထည်ဆိုင် ဖွင့်နေသူ ဒေါ် အထွယ် ကပြောသည်။
ကချင် ပြည်နယ်တွင်း စီးပွားရေး လုပ်ငန်း များသည် တိုက်ပွဲကြောင့် ခေတ္တ ငြိမ်သက် သွားချိန်မှာ ယခု လ အစော ပိုင်းမှ သစ် လုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည် လုပ်ကိုင် လာခြင်း ဖြစ်သည်။
တဖက် တွင်လည်း အစိုးရနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ကြား တင်းမာ မှုများ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး ယခု နောက်ပိုင်း တိုက် ပွဲ များသည် အစိုးရ တပ်ဖက် ကမှ လူ အင်အား ဖြည့်၍ KIA နယ် မြေ ထဲသို့ တိုးချဲ့ လာသောကြောင့် KIA မှ စပစ်၍ ဖြစ်ပွားသော တိုက်ပွဲ ဖြစ်ကြောင်း KIA အထက် အရာရှိ များမှ သိရ သည်။
ယခုချိန် လိုင်ဇာ မြို့တွင် စစ်ပြေး ဒုက္ခသည် ၄၀၀၀ ကျော်နှင့် ပြည်သူ လူထု ၁၀၀၀၀ ကျော် ခို လှုံ လျက် ရှိ သည်။
KNG
ပထမဆုံး ကြော်ငြာသီချင်းဆိုလိုက်တဲ့ ဖွေးဖွေး
Posted by drmyochit Thursday, March 28, 2013, under | No comments
လတ်တလော တီဗွီမှာ လွှင့်နေတဲ့ နေကြာစေ့ ကြော်ငြာ တစ်ခုက ကလေးကြိုက် ပုံစံ ဖြစ်ပြီး နေတိုးနဲ့ ဖွေးဖွေး တို့ သရုပ် ဆောင်ထား ပါတယ်။ အဲဒီ ကြောငြာ သီချင်းကို ဖွေးဖွေးကိုယ်တိုင် ဆိုပြီး အသံ အပြောင်း အလဲ မရှိတာကြောင့် ဖွေးဖွေး ဆိုမှန်း လည်း သိသာတဲ့ ကြော်ငြာ တစ်ခုပါ။ 
“ဒါရိုက်တာ ဆိုခိုင်းလို့ ဆိုလိုက်တာပါ။ ဖွေးဖွေး ပထမဆုံး ဆိုဖြစ်တဲ့ ကြော်ငြာ သီချင်းလို့ ဆိုရမှာပါ။ ပြောရ ရင် တကယ့် သီချင်း ဆိုသလို မဟုတ်ဘဲ ကာတွန်း ပုံစံ ဆိုထားတာပါ။ အရမ်း ပျော်နေတဲ့ အချိန် အသံမျိုး နဲ့ လုပ် ယူပြီး ဆိုရတာပါ” လို့ ရှင်းပြ ပါတယ်။ ဖွေးဖွေးက Oopsie eyes! အမည်နဲ့ လတ်တလော ထွက်ထား တဲ့ စီးရီး တစ်ခုမှာ သီချင်း ၂ ပုဒ် ဆိုထား ပါသေးတယ်။ 
စေတူး ပစ်ကျူးပစ်လို့ အမည် ပေးထားတဲ့ ချစ်သူများနေ့ Group Songs စီးရီးမှ ဖြစ်ပြီး သီချင်း အမည် များက “ကိုယ် ဖြစ် ကိုယ် ခံ” “don’t go away” သီချင်း များ ဖြစ်ပါတယ်။ အဲဒီ သီချင်း နှစ်ပုဒ်ကို ဖွေးဖွေး ဆိုတာ ကို မသိတဲ့ သူများလည်း ရှိနေပါတယ်။ တမင် မသိအောင် လုပ်တာ။ သရုပ် ဆောင်ဖက်မှာ ရထား တဲ့ စိတ်ကို မယူချင်လိုပ ပရိသတ် အပေါ်မှာ အဆိုတော် သစ် တစ်ယောက် အနေနဲ့ ကြိုးစား ကြည့်တဲ့ သဘောလို့ ပြောလို့ ရပါတယ် လို့ ဖွေးဖွေးက ပြောပြ သွားခဲ့ပါသေးတယ်။
Myanmr Daily News မှ ကူးယူဖော်ပြသည်။
ကလေးသူငယ်များအတွက် ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းတော့မည်
Posted by drmyochit Thursday, March 28, 2013, under | No comments
ရန်ကုန်၊ မတ် - ၂၄
အရွယ် မရောက် သေးသော ကလေး သူငယ် များအား အကြမ်း ဖက်ခြင်း၊ မတော် မတရား ပြုမူခြင်း၊ လျစ်လျူ ရှုခြင်းနှင့် ခေါင်းပုံဖြတ် အမြတ် ထုတ်ခြင်း တို့မှ ကာကွယ်ရန် ဧပြီလ ၁ ရက်မှ စတင် ၍ ကာကွယ်ရေး တပ်စုများ ဖွဲ့စည်း သွားမည် ဟု မြန်မာ နိုင်ငံ လူကုန် ကူးမှု တားဆီး နှိမ် နင်းရေး ရဲတပ်ဖွဲ့ ထံမှ သတင်း ရရှိသည်။
“အရွယ် မရောက် သေးတဲ့ ကလေး သူငယ် တွေကို အကာ အကွယ် ပေးဖို့ အခုနှစ် ဇန်န ၀ါရီ ၂၄ ရက် စတင်ပြီး နိုင်ငံတော်က ဖွဲ့စည်းခွင့် ပြုခဲ့တာပါ” ဟု လူကုန် ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (အဖွဲ့မှူး) ဒုတိယ ရဲမှူးကြီး ဥမ္မာရင် မီက ပြောသည်။
ကလေး သူငယ် ကာကွယ်ရေး တပ်ဖွဲ့ တွင် တပ်စု သုံးခု ပါဝင်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့များ၌ ထားရှိ သွားမည် ဖြစ်သည်။ မြန်မာ တစ်နိုင်ငံ လုံးတွင် ၂၀၁၂ ခုနှစ် အတွင်း စွန့်ပစ် ခံရသူ ကလေး သူငယ် ၆၈ ဦး ရှိပြီး ၂၀၁၂ ခုနှစ် ဇန်န ၀ါရီလမှ ဇွန်လ အထိ လူကုန်ကူး ခံရသူ ကလေးငယ် ၅၅ ဦး အထိ ရှိခဲ့သည်။
“သက်သေ အထောက် အထား မရှိဘဲ လူကုန်ကူး ခံနေ ရတဲ့ ကလေး သူငယ်တွေ အများကြီး ရှိနေ ပါသေး တယ်။ အခုလို ကလေးတွေ အတွက် သီးသန့် တပ်ဖွဲ့ ဖွဲ့စည်း ပေးထား ရင်တော့ ပြင်ပ အဖွဲ့ အစည်း တွေအ နေနဲ့ ရဲတပ် ဖွဲ့နဲ့ ပိုပြီး ပူးပေါင်း နိုင်မှာပါ” ဟု မြို့နယ် အခြေပြု ကလေး သူငယ် ကာကွယ် စောင့်ရှောက် ရေးအဖွဲ့ (လှိုင်သာယာ) တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေသူ ကိုကျော် စွာလင်းက ပြောသည်။
ကလေး သူငယ် များ အပေါ် ကျူး လွန်သည့် မှုခင်း ဆိုင်ရာ များကို လေ့လာ ရန်နှင့် ကာကွယ်ရေး တပ်စုများ ဖွဲ့စည်း ရန် ယခုလ ၁၉ ရက်မှ ၂၁ ရက် အထိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသော ကလေး သူငယ်များ အပေါ် ကျူးလွန်သည့် မှုခင်းများ ဆိုင်ရာ အရှေ့တောင် အာရှ အင်တာပို ကျွမ်းကျင် သူများ လုပ်ငန်း အစည်း အဝေးသို့ မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့မှ ကိုယ်စားလှယ် နှစ်ဦး တက်ရောက် ခဲ့သည်။
ကလေး သူငယ် ဆိုသည်မှာ အသက် ၁၈ နှစ် မပြည့် သေးသည့် မည်သူ့ကို မဆို ကလေး အဖြစ် သတ်မှတ် ထားသည်ဟု ကလေး သူငယ် အခွင့် အရေးများ ဆိုင်ရာ ကုလ သမဂ္ဂ သဘောတူ စာချုပ်တွင် ပါရှိသည်။ မြန်မာ နိုင်ငံ ကလေး သူငယ် ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာ နိုင်ငံ ကလေး သူငယ် ဥပဒေ၊ နည်း ဥပဒေ များကို ကလေး သူငယ် များအား ကာကွယ် စောင့်ရှောက် ရန် ဆက် လက် ထုတ်ပြန် ခဲ့သည်။
7 Day News Jornal
စိတ်ကြီးတဲ့ စွမ်းဇာနည် ကို ဇလွန်ပရိတ်သတ်က ၀ိုင်းရိုက်ပြီး ဇာတ်စင် နဲ့ ဇာတ်အဖွဲ့ ပိုင် ကားများပါ ဖျက်ဆီး
Posted by drmyochit Thursday, March 28, 2013, under | 2 comments
ဧရာဝတီ တိုင်းဒေသကြီး၊ ဇလွန်မြို့ ဇလွန် ပြည်တော်ပြန် ဘုရား ပွဲတော်တွင် တပေါင်း လပြည့်ကျော် (၁) ရက်နေ့ မတ်လ (၂၇)ရက်နေ့ နံနက် (၂း၃၀)နာရီ ခန့်တွင် စွမ်းသဘင် ဇာတ်ရုံမှာ ရုံးရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ပြီး စင်အား မီးရှို့၊ ဇာတ် အဖွဲ့မှ ပါလာသော လေအိတ် ကားတစ်စီး၊ ကုန်ကား နှစ်စီး၊ မင်းသား၏ ကိုယ်ပိုင် ကား တစ်စီး မှန်များ ရိုက်ခွဲ ခံရ ပါသည်။
ဖြစ်စဉ်မှာ မင်းသား စွမ်းဇာနည်သည် သီချင်း ဆိုနေစဉ် ပရိတ် သတ် တစ်ဦးမှ ဆုချမည့်ဟန် ဖြင့် စင်အောက် မှ လှမ်းခေါ်ပြီး အနား ရောက်သော အခါ ဆုမချဘဲ လက်ဆွဲ နှုတ်ဆတ် သည်။ ထို ပရိသတ် သည် ယင်းပုံစံအတိုင်း (၅) ကြိမ်ခန့် ပြုလုပ်သည်ကို စိတ်ဆိုး ပြီး ထိုပရိသတ်၏ မျက်နှာအား ခြေထောက် ဖြင့် ကန်ချ ရာ ထို ပရိတ် သတ်မှာ လဲကျ သွားသည်။ ထိုသော ပြုလုပ် လိုက်သော အခါ ရှေ့မှ အားပေးနေ သော ပရိသတ် များ အားလုံး ငြိမ်သွား ပါသည်။ မင်းသား စွမ်းဇာနည် သည် ဆက်ပြီး “စွမ်းက စိတ်ကြီး တယ် ဒါမျိုး လုပ်တာ မကြိုက်ဘူး (ထို အချိန်တွင် မင်းသားသည် အင်္ကျီ ဆွဲချွတ် လိုက် သည်) မင်းနဲ့ငါ တစ်ယောက် ချင်း ချမလား။ မင်း သတ္တိရှိရင် အပေါ် တက်ခဲ့ ဟု ပြော ပါသည်။” 
ထို့နောက် ဇာတ် အဖွဲ့မှ ယောင်္ကျား ၁၀ ဦး ခန့်သည် တုတ်၊ ဓါး၊ လှံများ ကိုင်ပြီး ထွက်လာကာ ဇလွန် သားတွေ သတ္တိ ရှိရင် ထွက်ခဲ့ဟု စိန်ခေါ်ပါသည်။ မင်းသား၏ အမေကလည်း ဇလွန်သားတွေ ရိုင်း လှ ချည် လား။ ကျွန်မတို့ ကလေးတွေ ဘက်က တစ်ယောက်မှ မမှားဘူး ဟု ထွက်အော်ပါသည်။ ထိုသော စိန်ခေါ်သော အခါ ဇလွန် ပရိသတ် များက ဒီကို လာတာ အားပေးဖို့ လာတာ။ ဇလွန် သားတွေကို စော်ကား ရလားဟု ပြန်ပြောပြီး ခဲနဲ့ပေါက်၊ မီးလုံးများ ရိုက်ခွဲ စင်အား မီးရှို့၊ ဇာတ်အဖွဲ့မှ ပါလာသော လေအိတ် ကားတစ်စီး၊ ကုန်ကား နှစ်စီး ၊ မင်းသား၏ ကိုယ်ပိုင်ကား တစ်စီးတို့ကို မှန်များအား ရိုက်ခွဲ ပစ်လိုက် ကြ သည် ဟု သိရသည်။ ဇာတ် အဖွဲ့များ အားလုံး ထွက်ပြေး ကြရ ပါသည်။ နံနက် ၃း၃၀ ခန့်တွင် အခြေအနေ အားလုံး တည်ငြိမ် သွားခဲ့သည်ဟု ဒေသခံ ဇလွန်သား တစ်ဦးက ပြောပါသည်။
Thit Htoo Lwin Blog
Wednesday, March 27, 2013
Love Coffee ညစ်ညမ်းကော်ဖီ
Posted by drmyochit Wednesday, March 27, 2013, under | 2 comments
“သ င်္ကြန် အ တွင်း မိန်း က လေး များ အ ထူး သ တိ ပြု ရ မည့် ကာ မ စိတ် ကြွ စေ နိုင် သည့် ကော် ဖီ မစ်” ဆို တဲ့ သ တိ ပေး သ တင်း တ ခု ကို (ဖေ့စ် ဘွတ်) မှာ အ ခု တ လော တွေ့ ရ ပါ တယ်။ ဒါ နဲ့ လေ့ လာ ကြည့် တော့ ဒီ လို ဒီ လို တွေ့ ရ ပါ တယ်။
ကော် ဖီ မစ် တော့ မ ဟုတ် ပါ။ တ ရုပ် လုပ် ဖြစ် ပါ တယ်။ Love Coffee (XS-X0014-D) လို့ အ ရောင်း ကု မ္ပ ဏီ ရဲ့ ဝက်ဘ် ဆိုက်မှာ တွေ့ ရ ပါ တယ်။
Aphrodisiac coffee products "လိင် စိတ် အား ပေး စေ တဲ့ ကော်ဖီ" လို့ ရေး ထား ပါ တယ်။ ကြော် ညာ တဲ့ ဆိုက က ရေး ထား တဲ့ အ င်္ဂ လိပ် စာ က အ မြီး အ မောက် သိပ် မ တည့် တာ လည်း သ တိ ထား မိ ပါ တယ်။ ကြော် ညာ ထဲမှာ (ပရက် ဆီးဒင့်) ဆို သူ ဟာ ဒီ ကော် ဖီ ဆို တာ သောက် ပြီး ၁ဝ မိ နစ် နေတော့ အ သက် ရှူ မ ဝ သ လို ဖြစ် လာ၊ ခေါင်း ထဲ ရှိ တာ ကို ဖွင့် ပြ ချင် လာ၊ ဆန့် ကျင် ဘက် လိင်နဲ့ အ တူ နေ ချင် လာ တယ် လို့ ဆို ပါ တယ်။
3000 mg ပါတဲ့ ၄ ထုပ်ကို စက္ကူ ဘူးမှာ ထည့်ပြီး ရောင်းချ ပါ သတဲ့။ တထုပ်ကို ရေနွေး ပူပူ ၁၅ဝ စီစီ ထဲမှာ ဖျော် ရတယ်။
သတိ ပေးချက် တွေလည်း ရေးထား ပါသေး တယ်။ အသက် ၁၈ နှစ် အောက် မိန်း ကလေး များ မ သောက်ရ။ မဖွယ် မရာ လိင် ဆက်ဆံ ရာမှာ မသုံးရ။ ကိုယ်ဝန် ဆောင်နေရင် ရှောင်ကျဉ်ပါ။
ဒီ ကုမ္ပ ဏီရဲ့ ထုတ် ကုန် စာ ရင်း ထဲမှာ ဒါ တွေ လဲ ပါ သေး တယ်။
1. Slimming Products Slimming Products ပိန်ဆေး၊ = ဆေးတောင့်၊ ဆေးပြား၊ ကော်ဖီ၊ ဆေးရွက်၊ ဆေးမှုံ့။
2. Male and female health products Man and woman Sex products ယောက်ျားသုံး၊ မိန်းမသုံး ကျန်းမာ ရေးနှင့် လိင်ဘက် ဆိုင်ရာ ထုတ် ကုန်များ = ကွန်ဒွမ်၊ လိင် ဆေး တောင့်၊ လိင် ဆေးပြား၊ ဗိုင် ယာ ဂရာ (ပန်း သေခြင်း အတွက် ဆေး)၊
3. Woman sex products Woman sex products မိန်းမသုံး လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ။ အခု ပြော နေတာ က ဒီခေါင်း စဉ် အောက် ကပါ။
တရုပ် နိုင်ငံ၊ ဖူဂျီယန်၊ ဖူဇိုး မြို့က ထုတ်နေ တာဖြစ် ပါတယ်။
• MAXIDUS Capsules ကောင်းဆေး၊ ကြာဆေး၊
• Kamagra-100 Sildenafil Citrate Tablets ပန်းသေ-ပန်းညှိုး အတွက် ဆေး၊
• Chong Cao Zang Bian Bao male enhancement ကျား အင်္ဂါ ကြီးဆေး၊
• Mens Coffee ယောက်ျား သောက် ကော်ဖီ၊
• Ten days erection ကျား အင်္ဂါ သန် မာ စေ မဲ့ ဆေး၊
• STIFF NIGHTS ကျား- စိတ် လာ ဆေး၊
• Love Coffee မ- စိတ် လာ ဆေး စတဲ့ တခြား ဆေး အ မျိုးမျိုး တွေလည်း ရောင်း တယ်လို့ ကြော် ညာမှာ  ပါတာ ဖတ် ရ ပါ တယ်။
ကြော် ညာ မှန်း သိ တာ တာ နောက် တ ချက်က သူ့ ဝက်ဘ် ဆိုက်ကို ဖွင့် နေရင်း ဆေး အရောင်း ကိုယ်စား လှယ်က We are online ကျွန်တော် တို့ အွန်လိုင်း မှာရှိ ပါတယ် ဆိုပြီး အသိ ပေးချက်က တောက်လျှောက် ထွက်နေ ပါတယ်။ FDA ခေါ်တဲ့ အစိုးရ ကနေ တရားဝင် ခွင့်ပြုချက် မပါတာ သတိထား ရပါမယ်။ ဘေးထွက်-ဆိုးကျိုးနဲ့ ထိရောက်မှု အတွက် သုတေ သန လုပ်ထား တာတွေ မတွေ့ ရပါ။
ဒေါက်တာတင့်ဆွေ
ရန်ကုန် အကြမ်း ဖက် လှုံ့ဆော်မှု ဖြစ်စဉ်တွင် နိုင်ငံရေး ပါတီဝင် အချို့ ပါဝင် ဟုဆို
Posted by drmyochit Wednesday, March 27, 2013, under | No comments
ရန်ကုန်မှာ လတ် တ လော ဖြစ် ပေါ် နေတဲ့ အကြမ် ဖက် မှု ဖြစ်အောင် လှုံ့ ဆော် နေတဲ့ ဖြစ် ရပ် တချို့မှာ အောက် ခြေ နိုင်ငံရေး ပါတီဝင် တချို့ ပါဝင် နေတာ တွေ့ ရတဲ့ အတွက် ပါတီ တွေ အ နေနဲ့ ထိန်း သိမ်း ပေးဖို့ ရန် ကုန်တိုင်း ၀န်ကြီး ချုပ်က ဒီနေ့ ပြော လိုက် ပါတယ်။
ရန်ကုန် အခြေ စိုက် နိုင်ငံရေး ပါတီ ခေါင်း ဆောင် တွေနဲ့ တွေ့ ဆုံ ပွဲမှာ ၀န် ကြီး ချုပ် ဦး မြင့် ဆွေ က အခု လို ပြောလိုက် တာ ဖြစ် ပြီး ဒီ ပြော ကြား ချက် အ ပေါ် အမျိုး သား ဒီ မို က ရေ စီ အဖွဲ့ ချုပ် အ နေနဲ့ သ ဘော တူ တယ် လို့ တွေ့ ဆုံ ပွဲ တက် ခဲ့တဲ့ အန် အယ်လ်ဒီ ဗဟို အလုပ် အမှု ဆောင် ဦးဥာဏ် ၀င်းက ပြော ပါတယ်။
 ဦးဥာဏ်ဝင်း
ဦး ဥာဏ် ၀င်းကို ဆက် သွယ် မေးမြန်း ထား ပါတယ်။
“ရန် ကုန် တိုင်း ၀န် ကြီး ချုပ်နဲ့ ရန်ကုန် တိုင်း လုံခြုံ ရေး ၀န် ကြီး ဗိုလ် မှူး ကြီး တင်ဝင်း တို့ က တချို့ နေရာ တွေမှာ ရန် ကုန်မှာ အခု လတ် တ လော ဖြစ် ပျက် နေတဲ့ အဖြစ် အပျက် တွေမှာ အောက်ခြေ ပါတီဝင် တချို့ ပါတာ တွေ့ တယ်တဲ့။ ဘယ် ပါ တီ လဲ ဆို တာ မ ပြော ဘူး။ အဲ ဒါတွေ ထိန်း သိမ်း ပေးဖို့၊ လုံခြုံရေး ကိစ္စ ပူးပေါင်း ဆောင် ရွက်ဖို့။ အဲဒါ တွေ ပြော တယ်။ ကျ နော်တို့ ကလည်း ဒါကို သ ဘော တူ ပါ တယ်။ ကျနော် တို့ ဆီ က လုံခြုံ ရေး တွေ၊ ဌာန ဆိုင်ရာ တာ ၀န် ရှိ သူ တွေ၊ ရဲ တပ် ဖွဲ့ ရပ် မိ ရပ် ဖ တွေ နဲ့ ဒီ လို အဖြစ် အပျက် တွေ မကြီး ထွား လာအောင် ဆောင် ရွက် ကြဖို့ မနေ့ က တည်း က ညွှန် ကြား ချက် ထုတ် ပြီး သား ပါ။ ဒါတွေ ဆွေးနွေး ပါတယ်။ တခြား ပါတီ တွေက လည်း ဒီ ကိစ္စနဲ့ တိုက် ရိုက် မဆိုင် သော်လည်း စိတ်ဝင်စား တာလေး တွေ ဆွေး နွေး ကြ ပါ တယ်။”
အခု ရန်ကုန် အနေ အထား ကရော ဘယ် လို ရှိ ပါလဲ။
“ကျနော် နေရာ အနှံ့ တော့ မရောက် ဘူး။ ကျ နော် မြင် ရတဲ့ နေ ရာတော့ အေး ချမ်း သွားပြီ၊ အရင် ရက်တွေ လောက် စိုးရိမ် ပူ ပန် မှု နည်း သွား ပြီ။ မရှိ တော့ ဘူး။”မနေ့ က ဘာ ကြေ ညာ ချက် ထုတ် ပြန် ထား တာ ပါ လဲ။
“မနေ့ က ရန်ကုန် တိုင်း အ နေနဲ့ မြို့ နယ် တွေ ကို ညွှန် ကြားတယ်။ ဒီလို ကိစ္စ တွေမှာ မိမိနဲ့ မဆိုင် တာမှာ ပါဝင် ပတ်သက်မှု မရှိ ဖို့နဲ့ သက်ဆိုင်ရာ တာဝန် ရှိသူတွေ၊ ရပ်မိ ရပ်ဖ တွေနဲ့ သက် ဆိုင် ရာ ရဲ တပ် ဖွဲ့ နဲ့ ပူးပေါင်း ဆောင် ရွက် ဖို့ စာ ထုတ် တာ ပါ။”
တွေ့ ဆုံ ပွဲမှာ မွတ် စလင် ပါတီ ၂ ပါ တီ က လည်း ဆွေး နွေး ကြ တယ် ပြောတယ်။ သူတို့ ရော ဘာ ဆွေး နွေး ဖြစ် ကြ လဲ။
“သူတို့ ကတော့ သူတို့က တိုင်းရင်း သား ပါ ပဲ၊ နိုင်ငံ သား ပါပဲ။ ဘာ သာ မ တူ တာ ပဲ ရှိ တယ်။ ဖွဲ့ စည်းပုံ အခြေခံ ဥ ပဒေ အရ လည်း လွတ် လပ်စွာ ကိုး ကွယ် ခွင့် ရှိတယ်။ ဒါ တွေ ဆွေး နွေး တင် ပြ ပါ တယ်။”
ဝန်ကြီးတွေ ပြော သွား တဲ့ အထဲ၊ လုံခြုံ ရေး ၀န်ကြီး တို့ ပြော သွား တဲ့ အထဲ ရန်ကုန် လုံခြုံ ရေး နဲ့ ပတ် သက် လို့ တင်ပြ သွား တာ မှာ စိတ် ကျေ နပ် မှု ရှိ လား။
“လုံ ခြုံ ရေး အ တွက် ဘယ် လို စီ မံ ထား တယ် ဆို တာ တော့ မ ပြော ဘူး။ သို့ သော် လုံခြုံ ရေး အတွက် လုပ်နေ တယ်။ ရန် ကုန် ဟာ အရေး ကြီး တဲ့ နေ ရာ တ ခု ပဲ။ ရန် ကုန်မှာ ဖြစ် ခဲ့ရင် ကျန် တဲ့ နေ ရာ တွေ ကူး စက် လွယ် တယ် ပေါ့။ ဒါ ကြောင့် ရန် ကုန် မ ဖြစ် အောင် ကြိုး စား ဆောင် ရွက် နေ တယ် ဆိုတာ ပြော တယ်။”
တခြား ဖြည့် စွက် ပြော လို တာ ရှိ ရင် ပြော ပေး ပါ။
“အ ဓိ က က တော့ နိုင် ငံ ရေး ပါ တီ တွေ အား လုံး မီး ပွား ကနေ မီး မ လောင် အောင်၊ စိုးရိမ် ကြောင့် ကြ နေ ရ တဲ့ အ ဖြစ် တွေ မ ဖြစ် ရ အောင် ပူး ပေါင်း ပါ ၀င် ဖို့ ဖိတ် ခေါ် တဲ့ ပွဲလို့ ပြော ရင် ရ တယ်။”
From : ..dvb
စစ်ဘေး သင့် ဒေသမှ ကျည်ခွံများကို ဘုရား ဆင်းတုတော် သွန်းလောင်းမည်
Posted by drmyochit Wednesday, March 27, 2013, under | No comments
မတ်လ ၂၅ ရက် နေ့တွင် မြန်မာ နိုင်ငံ သတင်း စာ ဆရာ ကွန်ရက် ခန်းမ၌ ကျင်း ပသော လိုင်ဇာ ခရီးစဉ် အပြန် သတင်းစာ ရှင်းလင်း ပွဲ၌ ကို စည်သူ ၀င်း ခေါင်းဆောင်သည့် ရန်ကုန်၊ လိုင်ဇာလမ်း လျှောက်မစ် ရှင် အဖွဲ့မှ ၀ိုင်းမော်မြို့ မှ လိုင်ဇာသို့ ချီတက်ရာ လမ်းတစ် လျှောက်၌ ၎င်းတို့ ကောက်ယူ သိမ်း ဆည်း လာသည့် လက်နက်ကြီး လက်နက် ငယ် ကျည်ဆံ ခွံများ အား ဘာသာရေး အတွက် အကျိုး ရှိ ရှိ အသုံးပြု သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
၎င်း လမ်းလျှောက် မစ်ရှင် အဖွဲ့ တွင် ပါဝင်သော ဦးဝင်းချိုမှ “ကျွန်တ်ာတို့ ၀ိုင်းမော် ကနေ လိုင်ဇာ ကို သွားတဲ့ လမ်း တစ် လျှောက် လုံး မှာ ပြန့် ကြဲ နေတဲ့ ကျည် ခွံတွေ အများ ကြီးတွေ့ ရတယ်။ ကျွန်တော် တို့ ဒီကျည်ခွံ တွေကို ဟိုဟို ဒီဒီလိုက် ကောက်တာ မဟုတ်ဘူး။ လမ်း လျှောက် ရင်းနဲ့ ခလုတ် တိုက်မိတဲ့ ဟာတွေပဲ ကောက် လာတာ၊ အဲဒီ ကောက် လာတဲ့ ကျည်ခွံ တွေ ကို လိုင် ဇာ မြို့က ဗုဒ္ဓ ဘာသာ ၀င် တွေရဲ့ ဆန္ဒ အရ ကျွန်တော် တို့ လမ်းလျှောက် မစ်ရှင် အဖွဲ့မှာ ပါဝင် တဲ့ ဆရာတော် အရှင် ပဏ္ဍိတ နန္ဒနဲ့ တိုင်ပင်ပြီး ဘုရား ဆင်း တုတော် ဖြစ်ဖြစ်၊ ဘုရား ပုလ္လင်တော် ဖြစ်ဖြစ် သွန်းလောင်းပြီး လှူဒါန်း သွားဖို့ စီစဉ် ထားတယ်”ဟု ၎င်း မှာ ပြော ကြား သည်။
ဝင်းကိုကို
The Hot News
နယ်မြေ ရှင်းလင်းရေး တိုက်ပွဲ ဆင်နွှဲရန် အစိုးရ အကြောင်းကြား
Posted by drmyochit Wednesday, March 27, 2013, under | No comments
အဲာပိုန် ၊ မတ်လ (၂၆) ရက်နေ့
လက်နက် ကိုင် တိုင်းရင်း သားများ တပ်စွဲ ထား သည့် ဒေသ အား နယ်မြေ ရှင်း လင်းရေး တိုက် ပွဲများ စတင် ဆင်နွှဲ မည်ဟု အရှေ့ မြောက်တိုင်း (ရမခ) တိုင်းမှူးက ယမာန်နေ့တွင် ရှမ်းပြည် တိုးတက် ရေး ပါတီ SSPP/SSA အား ပြောကြား သွား ခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောသည်။
“ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က ကျနော်တို့ ရှိတဲ့ နေရာတွေကို နယ်မြေ ရှင်းလင်းရေး လုပ်ရမယ်လို့ မနေ့က ပြော လာတယ်။ တန့်ယန်းမြို့နယ်မှာ ရှိတဲ့ SSA တပ်မဟာ (၃၆) လက်အောက်ခံ တပ်ရင်း (၁၉၂) လွယ် လန်းတောင် တပ်စခန်းနှင့် လယ်စေးတောင် တပ်စခန်း (၂) နေရာကို စတင် ရှင်းတော့မှာ ဖြစ် တယ်၊ တိုက်ပွဲ မဖြစ်ချင် ရင်တော့ အဆင်သင့် ဆုတ်ထား ပေးပါဟု ပြောကြား ထားကြောင်း” ဆိုပါ သည်။
အစိုးရ တပ် များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ၄င်းတို့ ရည်ရွယ် ထားသည့် နယ်မြေ ရှင်းလင်းရေး စီမံချက် အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း မြဝတီ မီဒီယာ တွင် ဖော်ပြ ခဲ့ပြီးနောက် ယမာန်နေ့က သက်ဆိုင်ရာ တိုင်းမှူးမှ ထုတ်ဖော် ပြောကြား လိုက်ခြင်း ဖြစ်သည်။
SSPP/SSA သည် လွယ်လန်း စခန်းမှ ဆုတ်ခွာ ပေးနိုင်မည် မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြား ထားပြီး ဖြစ် သည်ဟု ဗိုလ်မှူး စိုင်းလ က ဆိုပါသည်။
လွယ်လန်း စခန်း တောင်ကြောသည် ဝ နယ်နှင့် SSA တပ်ဖွဲ့များ အတွက် စစ်ရေး အရ အချက်အခြာ ကျသော နေရာဖြစ် သည် ဟု တရုတ်- မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော က ဆိုပါ သည်။
“ ဒီ လွယ်လန်း စခန်းကနေ ဆုတ်ပေး လိုက်ရင် နောက်ထပ် ဆုတ်စရာ နေရာ မရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချ ရုံပဲ ရှိတော့ တယ်။ အဲဒီတောင်ကို ရသွားရင် ဝ နယ်က ပန်ဆန်းတို့ ပန်ယန်း အပါအဝင် မြို့တော် အတော် များများ အပေါ်စီ ရသွား တောပေါ့။ လက်နက် ကြီးတွေ တင်ပြီး ပစ်ရင် ဝ နယ်ကို ခြိမ်းခြောက် နိုင်ပြီး ဖြစ် တယ်လို့ ” မတ်လ ၁၃ ရက်နေ့ထုတ် ရှမ်း သံတော်ဆင့် သတင်း ဌာနကို ပြောကြား ခဲ့သည်။
အစိုးရခမရ ၃၂၂ မှ အင်အား (၁၀၀) ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉) ရက်နေ့၌ လွယ်လန်း တောင် အား စစ်ဆင် ခဲ့ ရာ ပြင်းထန်စွာ တိုက် ပွဲဖြစ်ပွား ခဲ့သည်။ ဤ တိုက်ပွဲကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင်လည်း ထိုနေရာမှ ဆုတ်ခွာပေး ရန် ရမခ တိုင်း ဗိုလ်မှူးကြီး တဦးက SSPP ၏လားရှိုးမြို့ ဆက်ဆံရေး ရုံး တာဝန် ခံအား လာရောက် ပြောကြား ခဲ့ပြန်ပါသည်။
ဤကဲ့ သို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား လာခဲ့ချိန်တွင် အစိုးရသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထပ်မံ ရာဇသံ ပေးခဲ့ ပါသည်။ တချိန် ထဲ၌ စစ်တပ် အလုံး အရင်းဖြင့် SSA လွယ် လန်းတောင် တပ်စခန်း ကို တပြေးညီ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပါသည်။
၎င်းအပြင် မတ်လ (၁၂) ရက်နေ့ ညနေပိုင်း အချိန်တွင်လည်း တန့်ယန်းမြို့နယ်နှင့် မိုင်းကောင်း တိုက် နယ်ကြား ရှိ SSA တပ်ရင်း ၁၉၂ အခြေစိုက်ရာ လွယ်စေးတပ် စခန်းအား အစိုးရ ခလရ ၂၉၁၊ ခလရ ၃၃၊ ခမရ ၃၂၆ တို့ ပူးပေါင်းပြီး လာရောက် တိုက်ခိုက်ရာ SSPP ၏ ချေမှုန်းခြင်းကို ခံခဲ့ရပါသည်။
ဤ အခြေ အနေမှ SSPP တပ်များက အလျှော့ပေးပြီး ဆုတ်လမ်း ပေးလိုက် သဖြင့် အစိုးရတပ်များ သက်သာ ရာ ရခဲ့ပါ သည်။ ဤသို့ကြောင့် မတ်လ ၁၄ ရက်နေ့တွင် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက “ခင်ဗျာတို့ စခန်းကို တက်တိုက်တဲ့ ကျနော်တို့ စစ်ကြောင်းကို နောက်ဆုတ်ဖို့ ထွက်ပေါက်ပေးလို့ ကျေးဇူး တင်ကြောင်း၊ ရှေ့ဆက်ပြီး ခင်ဗျာတို့ကို နှောက်ယှက်မှု မပြုတော့ ကြောင်း” ပြောဆို သွားခဲ့ သည်ဟု ဗိုလ်မှူးစိုင်းလက ဆိုပါသည်။
“သူတို့ လာ တိုက် တာဘဲ ကျနော်တို့ဘက်က မတတ်နိုင်ဘူး။ ပြန် တိုက်ဖို့ဘဲ ရှိတော့တယ်လေ။ ဒီ ရယူ ထား တဲ့ အပစ် အ ခတ် ရပ် စဲရေး ဟာလဲ သူတို့ အစိုးရ တပ်ဖွဲ့တွေ ကဘဲ ဖျက်တယ် ဒီတော့ သူတို့ လာရောက် တိုက် ခိုက်တဲ့ အပေါ်မှာသာ မူတည် ပါတယ်။” ဟု ဗိုလ်မှူးက ဆိုပါသည်။
SSPP/SSA နှင့် အစိုးရ တို့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် အပစ် အခတ် ရပ်စဲ ခဲ့သော် လည်း တိုက်ပွဲ ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ကြ ပြီးလည်း ဖြစ်ပါသည်။
အစိုး ရ သည် SSPP အား ပြင်းထန်စွာ စစ်ဆင် လာပါက ၀ပြည် သွေး စည်း ညီ ညွတ်ရေး တပ် မတော် UWSA လည်း စစ်ဆင် ရေးထဲကို မလွဲမသွေ ပါလာမည်ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ယူဆကြပါ သည်။
Phophtaw News Association
ရွှေလီ တွေ့ဆုံမှု နောက်ပိုင်းက ကချင်နဲ့ အစိုးရ တပ်တို့၏ စစ်ရေး အခြေအနေ
Posted by drmyochit Wednesday, March 27, 2013, under | No comments
ကချင် လွတ်လပ် ရေး အဖွဲ့နှင့် အစိုးရ ကိုယ်စား လှယ်တို့ ရွှေလီ မြို့၌ ယခုလ (၁၁) ရက်နေ့ ဒုတိယ အကြိမ် တွေ့ ဆုံ ဆွေးနွေး ခဲ့ ကြပြီး နောက် ပိုင်းတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လက်အောက် ခံ တပ်မဟာ (၅) ခု ရှိသည့် အနက် (၃) ခု တို့၌ အစိုးရ တပ်များနှင့် စစ်ရေး အခြေ အနေ မှာ တည်ငြိမ် မှု မရသေးပဲ တိုက်ပွဲများ ဖြစ်ပွား နေဆဲ ရှိသည်ဟု သိရှိ ရပါသည်။
နောက်ဆုံး အနေဖြင့် ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့ နံနက် ပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ဦးလနန်းက ပြောပါသည်။
“ကွတ်ခိုင် မြို့နယ်မှာ ရှိတဲ့ ကျနော်တို့ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၇) ကို အစိုးရ ပူးပေါင်း စစ်ကြောင်း သုံးကြောင်းနဲ့ နံနက် ၆ နာရီမှာ လာရောက် တိုက်ခိုက် ခဲ့တာပါ” ဟု ဦးလနန်းမှ ဆိုပါသည်။
အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၉၀၊ ခလရ ၁၄၅၊ ခလရ ၁၇၊ ခမရ ၃၂၃ တပ်ဖွဲ့ တို့က စစ်ကြောင်း (၃) ကြောင်း ဖွဲ့စည်းပြီး ချီတက် တိုက်ခိုက် ခဲ့သည်ဟု KIA က ဆိုပါသည်။
မတ်လ (၂၅) ရက်နေ့ နံနက် (၆) နာရီ အချိန် မှသည် မွန်လွဲပိုင်း အထိ တစ်ကြိမ် နှင့် ညနေ ၅ နာရီ ၄၅ မိနစ် ခန့်တွင် တစ်ကြိမ် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့သည်။
မတ်လ (၂၄) ရက်နေ့တွင် နားတီး- မာန်ကန်ရွာ အနီးရှိ KIA တပ်ရင်း (၁၇) တပ်စခန်းသို့ ထို ခမရ ပူးပေါင်း စစ်ကြောင်း သုံးကြောင်း တို့က ပန်ရှော် မှ တစ်ကြောင်း၊ မန်လွန် မှ တစ်ကြောင်းနှင့် တပ်ရင်း (၁၇) စခန်း၏ တောင်ဘက်မှ တစ်ကြောင်း အသီးသီး သုံးဘက် သုံးတန် ဖြင့် ညနေ ၃ နာရီခွဲ အချိန်တွင် ထိုးစစ်ဆင် ဝိုင်းရံ ထားခဲ့သည်။ ထို့နောက်မှ KIA တပ်ရင်း (၁၇) တပ်ဖွဲ့ တို့သည် တပ်ဖြန့်ပြီး ပြန်လည် ခုခံ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း ဦးလနန်း က ဆိုပါသည်။ မတ်လ (၂၃) ရက်နေ့ တွင်လည်း တစ်ကြိမ် တိုက်ပွဲငယ် ဖြစ်ပွား ခဲ့ပါသေးသည်။
“ကျနော်တို့ တပ်ဖွဲ့ရှိတဲ့ နေရာကို စစ်ကြောင်းနဲ့ ချဉ်းကပ် လာမှတော့ ကျနော်တို့ ဘက်က ပြန်လည် ခုခံတိုက်ခိုက် ရတဲ့အဆင့် ရောက် လာတော့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ရတယ်။ ဒီနေ့ (မတ် ၂၆) ရက်နေ့ အတွက် ကတော့ သတင်းက မရောက်လာ သေးတော့ အခြေအနေများ မသိရ သေးဘူး” ဟု ဦးလနန်းမှ ဆိုပါသည်။
KIA တပ်မဟာ (၁) ပန်ဝါ ဒေသ ဘက်တွင် လည်း KIA တပ်စခန်းကို ဖြတ်သန်းပြီး ပန်ဝါ - ဂန့်ဂွင်း ကို အစိုးရ၏ တပ်မ (၈၈) လက် အောက်ခံ စစ်ကြောင်းတို့က လမ်းဖောက် လာခဲ့ကြောင်း၊ KIA ဘက်မှ စစ်ပြေငြိမ်းရေး မရရှိ သေးသည့် ကာလ ဖြစ်သောကြောင့် ပန်ဝါမှ ဂန့်ဂွင်းသို့ သွားနိုင်သည့် အခြား လမ်းတစ်လမ်းမှ ဖြတ်သန်း ဖောက်လုပ်ရန် အစိုးရတပ်အား အကြောင်းကြား ထားခဲ့သည်။
သို့သော် အစိုးရ စစ်ကြောင်းသည် KIA တပ်စခန်း ရှိနေသည့် လမ်းကြောင်း အတိုင်းသာ ဆက်လက် ဖောက်လုပ် လာသဖြင့် KIA ထောင် ထားသည့် မိုင်းများ နင်းမိပြီး အစိုးရ တပ်ဖွဲ့မှ ထိခိုက် ဒဏ်ရာများ ရရှိ သွားခဲ့သည်ဟု ဆိုပါသည်။
အလားတူ ဖားကန့်-တနိုင်း၌ အခြေစိုက်သည့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) တပ်စခန်းကို ဖြတ်ကျော်ပြီး ဖားကန့်မှ တနိုင်းသို့ ခရိုင် ဆက်သွယ်ရေး လမ်းကြောင်း တကြောင်းလည်း ဖောက်လုပ် ခဲ့ပါသည်။
စစ်ပြေ ငြိမ်းရေး မရရှိ သေးသည့် ကာလနှင့် နှစ်ဖက် တပ်များ တိတိ ကျကျ နေရာ သတ်မှတ် ရသေးခြင်း မရှိသေး သဖြင့် အဆိုပါ လမ်းဖောက် နေခြင်းသည် ရပ်ဆိုင်း ထားရန် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က နိုင်ငံတော် လုံခြုံရေး ဝန်ကြီး ဦးအောင်မင်းထံ KIA က စာရေးသား ပေးပို့ ထားပါသည်။
သို့သော်လည်း မတ်လ (၂၀) ရက်နေ့တွင် အစိုးရ ခလရ ၁၄၁ မှ အင်အား (၈၀) ခန့်ဖြင့် KIA တပ်မဟာ (၂) တပ်ရင်း (၅) ကို တိုက်ခိုက်ရန် ချီတက် လာခဲ့သည်။ ဤသို့ကြောင့် တပ်စခန်း လုံခြုံရေး အတွက် KIA မှ ထောင်ထားသည့် မိုင်းများ နင်းမိကာ အရာရှိ ၂ ဦးနှင့် တပ်သား (၃) ဦး ပွဲချင်းပြီး သေဆုံး သွားခဲ့ သည်ဟု KIA ဘက်က ဆိုပါသည်။
ဤသည်မှာ KIA ၏ ထိန်းချုပ် နယ်မြေ တွင်းရှိ တပ်မဟာ (၅) ခုအနက် တပ်မဟာ (၃) ခုတို့၏ စစ်ရေး အခြေအနေ ဖြစ်ပြီး ကျန်သည့် တပ်မဟာ (၃) နှင့် တပ်မဟာ (၅) (လိုင်ဇာဂွင်) တို့တွင်မှု တည်ငြိမ် နေပါသည်။
KIO နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် ဖေဖော် ဝါရီလ (၄) ရက်နေ့တွင် တကြိမ်နှင့် မတ်လ (၁၁) ရက်နေ့ တွင် တကြိမ် တရုတ်နိုင်ငံ ရွှေလီ မြို့တွင် စစ်ပြေ ငြိမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ထိုဆွေးနွေးပွဲကြောင့် ကချင် ပြည်နယ် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ကျ သွားခဲ့ သော်လည်း စစ်ရေး လှုပ်ရှားမှုများ တည်ငြိမ်မှု မရှိသေးဟု ဆိုနိုင်ပေသည်။
KIA တပ်မဟာ (၄) ဒေသသည် မတ်လ (၁၁) ရက်တွေ့ဆုံ ဆွေးနွေးပွဲ ပြီးနောက်တွင် မတ်လ (၂၅) ရက်နေ့ အထိ တိုက်ပွဲများ ဖြစ်ပွား နေပါသည်။
သို့သော်လည်း ဝန်ကြီး ဦးအောင်မင်းကမူ “လက်ရှိ ရရှိထားသည့် ငြိမ်းချမ်း ရေးကို ထာဝရ ငြိမ်းချမ်းရေး အဖြစ်သို့ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း” ယမာန် နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ၌ ကျင်းပသော Japan Platform အဖွဲ့နှင့် ငြိမ်းချမ်းရေး အတွက် အထောက်အပံ့ ပေးရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနား၌ ပြောကြားခဲ့ပါသည်။
 ( ရွှေင်္ဟသာ)
" လေးစားတယ် ဂုဏ်ယူတယ် "
Posted by drmyochit Wednesday, March 27, 2013, under | No comments
27.3.2013 ခုနှစ် (68 နှစ်မြောက် တပ်မတော်နေ့ အတွက် စစ်သည် များအား လေး စား ဂုဏ် ယူ စွာဖြင့် ရေးဖွဲ့ သည်)
ငယ်စဉ် တုန်းက အတွေး တစ်ချို. က ကြီးမြင့် လာတဲ့ အချိန် မှာ မှားမုန် သိလာ ခဲ့တယ် ဟုတ်တယ် ၀န်ခံပါ တယ် ငယ် စဉ် တုန်းက စစ်သား ဆို သိပ် ကို ကြည့် မရ ဖြစ် ခဲ့တယ် အမျိုး မျိုးသော စကား သံ တွေက ငယ် စဉ်က အသိ ဥာဏ်မှာ နေရာ ယူ ထား လို့လေ . . . .
အ ရွယ် ရောက် လာ ချိန် မှာ တော့
သူ တို့ ကို နား လည် သွား တယ်
သူ တို့ ကို လေး စား သွား တယ်
သူ တို့ ကို စာ နာ တတ် သွား တယ်
သူ တို့ ကို အား နာ သွား တယ်
ခွင့် လွတ် ပေး ပါ စစ် သည် တို့
လွတ် လပ် ရေး အ တွက် တိုက် ပွဲ ၀င် စဥ်က ပင်
အ စား အ သောက် အ နေ အ ထိုင် ဆင်း ရဲ မှု ကို လှစ် လျူ ရှု
တိုင်း ပြည် အ တွက် အ သက် ခနွာ ကို စတေး တိုက် ပွဲ ၀င် ကြ တယ်
သူ တို့ ၏ ဆင်း ရဲ မှု ထက် ပြည် သူ ဆင်း ရဲ မှု ကို ဂ ရု စိုက် ကြ တယ်
ဒီ လောက် ကြမ်း တမ်း တဲ့ နေ ရာ မျိုး မှာ
သူ တို့ မျိုး ချစ် စိတ် ဓါတ် တွေ ထင် က နဲ့ ပေါ် လွင် လှ တယ်
သူ တို့ သွေး တွေ ရဲ နေ အောင် နီ နေ ကြ တယ်
လေး စား ပါ တယ် ရဲ ဘော် တို့
သ ဘာ ၀ အနွ ရယ် ကြောင့် ပျက်ဆီး မှု တွေ မှာ
သူတို့  ခွန် အား ကို သုံး လို့ ပျက် ဆီး မှုကို ရှင်း လင်း ပေးတယ်
သူတို့  အစာ ရေ စားကို လှစ် လျူ ရှု လို့ ပြည် သူ တွေ အ တွက် ပံ ပိုး ပေး တယ်
သူ တို့ အိုး အိမ် ကဲ့ သို့ ပြန် လည် ပြု ပြင် ပေး တယ်
သူ တို့ မိ သား စု ကဲ့ သို့ ကူ ညီ လုပ် ကိုင် ပေး တယ်
သူ တို့ ရပ် ရွာ ကဲ့ သို့ ဘေး ကင်း မှု ကို ပေး တယ်
ဒီလို ကြမ်း တမ်း တဲ့ အ ချိန် မျိုး မှာ သူ တို့ မျိုး ချစ် စိတ် ဓါတ် ပြည့် ၀ ကြ တယ်
သူ တို့ သွေး ချွေးတွေ သိပ်ကို ကြင် နာစိတ် ပြည့် နေတယ်
လေး စား ပါ တယ် ရဲ ဘော် တို့
ဆူပူ အ ကြမ်း ဖက် မှု ကြောင့် ပြည် သူ တွေ စိုး ရိမ် နေ ခဲ့ ရင်
ပြည် သူ တွေ ရှေ့ က မား မား ရပ် လို့ ကာ ကွယ် မှု မျိုး ကို ပေး တယ်
ပြည် သူ တွေ ကို မိတ် ဆွေ ရင်း ချာ လို ဆွေမျိုး ရင်း ချာ လို ကူ ညီ ပေး တယ်
ပြည့် သူ တွေ အ တွက် အ သက် ကို ပေး စွန့် ကာ ကွယ် တတ် တယ်
ပြည် သူ တွေ ကို အ သက် ပေး ထား တတ် တဲ့ စစ် သည် တွေ ဖြစ် တယ်
ဒီ လို အ ကြမ်း ဖက် မှု တွေ က မိ မိ နဲ့ လူ မျိုး ခြား ဖြစ် နေ ရင် နိမ် နင်း ရ တာ ၀န် မ လေး ပေ မယ့်
မိ မိ ကဲ့ သို့ မြန် မာ ပြည် သူ ပြည် သား ဆို ရင် ဘယ် လောက် တောင် ရင် နာ ရ မ လည်း ဒါ ပေ မယ့် သူ တို့ ရင် နစ် မှု ကို ခ ဏ ဖယ် လို့ ငြိမ်း ချမ်း မှု ကို ပြင် ဆင် ကြ တယ် လေး စား ပါ တယ် စစ် သည် တို့
သူ တို့ ဘယ် လိုပဲ ကူ ညီ စောင့် ရှောင့် အ သက် ပေး နေ ပေမယ့် သူ တို့ နာ မည် မ ရ ကြဘူး (စိတ် မ ညစ် ပါ နဲ့) သူ တို့ ရာထူး မ ကြီး မား ကြဘူး (စိတ် ဓါတ် မ ကြ ပါ နဲ့) သူ တို့ မိ သား စု နဲ့ အ တူ မ နေ နိုင် ရှာဘူး (အား မ ငယ် ပါ နဲ့) သူ တို့ ချစ် သော သူ ကို အ ပြည့် အ ၀ မ ချစ် နိုင် ကြ ဘူး (မ စိုး ရိမ် ပါ နဲ့) သူ တို့ မွေး မိ ခင် ကျွေး ဖ ခင်ကို ကျေး ဇူး မ ပြု နိုင် ကြ ဘူး ( နောင် တ မ ရ ပါ နဲ့) သူ တို့ လွတ် လပ် မှု အ ပြည့် အ ၀ မ ရ နိုင် ကြ ဘူး ( မ နာ ကျင် ပါ နဲ့) သူ တို့ အ သက် ကို တိုင်း ပြည် အ တွက် ပေး အပ် ထား ကြ တယ် ( မြင့် မြတ် စွာ နဲ့)
ပြည် သူ တွေ ဆီ က လေး စား မှု မ ရ ပေ မယ့်
ပြည် သူ တွေ ကို ကူ ညီ တဲ့ သူ တို့ မျှော် လင့် ချက် တစ် စုံ တစ် ရာ မ ရှိ ဘူး
ပြည် သူ တွေ ကဲ့ သို့ မိ သား စု နဲ့ အ တူ မ နေ နိုင် ပေ မယ့်
ပြည် သူ တွေ ကို မိ သား စု နဲ့ မ ကွဲ ကွာ စေ ဆာ သူ တို့ ပေး ဆပ် မှု အ ပြည့် ရှိ တယ်
ပြည် သူ တွေ လို့ မွေး မိခင် နဲ့ အ တူ မွေး ဖ ခင် နဲ့ အ တူ မ နေ နိုင် ပေ မယ့်
ပြည် သူ တွေ ကို မွေး မေ မွေး ဖေ နဲ့ ကွဲ နေ ရင် တောင် ပြန် ဆုံ စည်း ပေး တဲ့ သူ တို့
ပိုင် ဆိုင် မှု တစ် စုံ တစ် ရာ မ ပေး ရ ဘူး
ပြည် သူ တွေ ကဲ့ သို့ လွတ် လပ် မှု အ ပြည့် အ ၀ မ ရှိ ဘူး
ပြည် သူ တွေ လွတ် လပ် စေ ခဲ့ တာ သူ တို့ ပေး ဆပ် မှု အ ပြည့် ရှိ တယ်
ပြည် သူ တွေ အ တွက် တိုင်း ပြည် လူ မျိုး အ တွက်
သူ တို့ အ သက် ကို ပေး ထား တယ် ဆို တာ ကို
သူ တို့ နောင် တ ကင်း စွာ စောင့် ရှောက် ကြတဲ့ ရဲ ဘော် တို့ ကို သိပ် ကို လေး စား ဂုဏ် ယူ ပါ တယ်
ရဲ ဘော် တို့ နိုင် ငံ တော် ကို ကာ ကွယ် လို့ သိပ် ကို အေး ချမ်း ပါ တယ် ရဲ ဘော် တို့ က အေး ချမ် သည် ထက် အေး ချမ်း အောင် စောင့် ရှောင့် ပါ လို့ တောင်း ဆု ပြု ရင်း
ဒီ ကဗျာ ဖြင့် ဂုဏ် ပြု အပ် ပါ သည် ရဲ ဘော် တို့
.* * * * *
ချစ်ခင်လေးစားလျက်
လမင်း
Real Love
Tuesday, March 26, 2013
ပွင့် လင်းမြင် သာမှု ရှိလာ သည့် မြန်မာ့ တပ်မတော်
Posted by drmyochit Tuesday, March 26, 2013, under | 2 comments
ယခု မတ်လ ၂၇ ရက်နေ့ တွင် နေပြည် တော်၌ ကျင်းပပြု လုပ်မည့် (၆၈) နှစ်မြောက် တော် လှန်ရေးနေ့ (တပ်မတော်နေ့) တွင် စစ်ရေးပြ စစ်ကြောင်း ကြီးများနှင့် ပါဝင် ချီတက် အလေးပြု ကြမည့် လေကြောင်းရန် ကာကွယ် ရေး တပ်ဖွဲ့ ကိုယ် စားပြု စစ် ကြောင်းက ယခု နှစ်တွင် မြန်မာ့ တပ်မတော် သုံး လေ ကြောင်းရန် ကာကွယ် ရေး မြေပြင်မှ ဝေဟင် ပစ် ဒုံးကျည် များကို စစ်ရေးပြ ပွဲသို့ တက်ရောက် ကြည့် ရှု ကြမည့် အများ ပြည်သူ များ လေ့လာ ကြည့်ရှု နိုင်မည် ဖြစ် သည်။ 
ထို့အပြင် BTR. 3 U အမျိုး အစား စစ် သည် တင် သံချပ် ကာယာဉ် (Armoured Personnel Carrier) များ၊ အကြီး စား ကာ ကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ များမှ ထုတ်လုပ်သည့် နောင်ရိုး ဂျစ်များ ကိုလည်း ပြသ သွား မည် ဖြစ်ကြောင်း၊ Myanmar Military Power ဖေ့စ်ဘွတ် စာမျက်နှာ များတွင် ဖော်ပြ ထားသည်။ ယခင်က မြန်မာ့ တပ်မတော် စစ် လက်နက် ပစ္စည်း အသစ် အဆန်း များကို လျှို့ဝှက် အဆင့် သတ်မှတ် ခဲ့ကြ သော်လည်း ယခု ကဲ့သို့ ထုတ်ပြ ခြင်းမှာ မြန်မာ့တပ် မတော် အနေဖြင့် ပွင့်လင်းမြင် သာမှု ပိုမို ရှိ လာ ခြင်း ဖြစ် သည်။ ယခု ပြ သမည့်  မြေ ပြင်မှ ဝေဟင်ပစ် ဒုံးကျည် အမျိုး အစား မှာ S-125 Pechora အမျိုး အစား ဖြစ်ပြီး ရုရှား သမ္မတ နိုင်ငံ ထုတ် စစ် လက်နက် ပစ္စည်း ဖြစ်သည်။ နေတိုး (NATO) က SA-3 GOA ဟု အမည် ပေး ထား သည်။
 လောင် စာ ခဲ သုံး တာ တို ပစ် ဒုံး ကျည် အမျိုး အစား ဖြစ်သည်။ အလွယ် တကူ ရွှေ့ပြောင်း သယ် ဆောင် နိုင်ပြီး ဒုံး ကျည် သွားနှုန်းမှာ အသံထက် ၃ ဆမှ ၃ ဆခွဲ ထိ ရှိသည်။ ရေဒီယို လမ်းညွှန်ပဲ့ ထိန်းပါ မြေ ပြင်မှ ဝေဟင်ပစ် ဒုံးကျည် အမျိုး အစား ဖြစ်ကြောင်း သိရ သည်။
မောင်ကျော်
The Hot News
မမှန်မကန် တရားစီရင်ခဲ့သည်ဟု ယူဆရသော အမှုတစ်ခုကို လွှတ်တော်က စုံစမ်းဖော်ထုတ်မည်
Posted by drmyochit Tuesday, March 26, 2013, under | 3 comments
ဧရာ ၀တီ တိုင်းဒေ သကြီး ဟင်္သာ တခရိုင် လေး မျက်နှာ မြို့နယ်မှ ငွေချေး ယူမှုနှင့် ပတ် သက်ပြီး ခရိုင် တရား ရုံး၏ အဆုံး အဖြတ် အား မျှတမှု မရှိဟု ယူဆ ရ၍ အမျိုးသား လွှတ်တော်က ကွင်း ဆင်း စစ် ဆေး မှုများ ပြု လုပ် ကာ စုံစမ်း ဖော် ထုတ် သွား မည် ဖြစ် ကြောင်း သတင်း ရ ရှိ သည်။
မိတ်ဆွေ တစ်ဦး ၏ ငွေကျပ် ခြောက်သိန်း ချေးယူ မှုတွင် နှုတ်ဖြင့် အာမခံပေး ခဲ့သည့် ကွယ် လွန် သွားသော ခင်ပွန်း သည်က ပါဝင် ပတ်သက် နေ သဖြင့် ဇနီး ဖြစ်သူ မစန်းအား ကျပ် ၅၃၀,၀၀၀ ပေး လျော်ရန် တရား ရုံးက အမိန့် ချမှတ် ခဲ့ကြောင်း၊ အမှန် ချေးယူ သူက ကျန်ငွေ ကျပ် ၅၃၀,၀၀၀ ကို ပေး ဆပ်ခြင်း မရှိ၊ တရားရုံး သို့ မလာ ရောက် ဟူသော အကြောင်း ပြချက် ဖြင့် မစန်း၏ အိမ်၊ ခြံ၊ မြေကို ကျပ် ခြောက် သိန်းဖြင့် တန်ဖိုး ဖြတ်ကာ ငွေထုတ် ချေး သူအား သိမ်း ယူရန် တရား ရုံးက ထပ်မံ ဆုံးဖြတ် ခဲ့ကြောင်း ပြည်သူ တို့၏ တိုင်ကြား စာနှင့် အ သ နား ခံစာ ကော် မတီ ၏ အစီ ရင် ခံစာ တွင် ဖော်ပြ ပါ ရှိ သည်။
မူလက ကျပ် ခြောက် သိန်း ချေး ယူ ပြီး တစ် နှစ် ခန့် အကြာ (အတိုး/ အရင်း) ကျပ် ၁၂ သိန်းဟု သတ်မှတ် သော အဆိုပါ အမှု တွင် အမှန် ချေး ယူ သူက ၎င်း ပေးဆပ် ရမည့် ကျပ် ၅၃၀,၀၀၀ ကို လုံးဝ မပေး ဆပ်ရဘဲ မစန်း (အာမခံ ပေးသူ ခင် ပွန်း သည် ၏ ဇနီး) ပိုင် အိမ်၊ ခြံ၊ မြေ၊ လှည်း၊ သစ်ခွဲ သားနှင့် အိမ်ရှိ ပစ္စည်း အားလုံး (တန်ဖိုး ကျပ်သိန်း ၆၀ ခန့်)အား ငွေချေး သူက အပြီး အပိုင် သိမ်းယူ သွား ခဲ့ခြင်း၊ ငွေ ချေး ယူ သူ သည် တရား ရုံးသို့ သုံးကြိမ် လာရောက် ပါလျက် လုံးဝ လာရောက်ခြင်း မရှိဟု အဆုံး အဖြတ် ပြု ခဲ့ခြင်း၊ တရား လွှတ်တော် ချုပ် ကလည်း အောက်ခြေ ဖြစ် ရပ် မှန်များ အပေါ် လျစ်လျူ ရှု ခဲ့ခြင်း စသည့် အခြေ အ နေ များကြောင့် ယင်း အမှု ကို ပြန်လည် စစ် ဆေး ရန် ဖြစ် လာ ကြောင်း အ စီ ရင် ခံ စာ က ဆို သည်။
အ ထက် ပါ တရား စီရင် မှုအား ပြည်ထောင်စု တရား လွှတ်တော် ချုပ်က ဖြစ် ရပ် မှန် ဖော် ထုတ် ၍ ခုံ ရုံး ဖွဲ့ပြီး မဖြစ် မနေ ပြန်လည် စစ်ဆေး ရန်နှင့် လွှတ်တော် ကလည်း စုံစမ်း ရေး ကော် မရှင် တစ်ရပ် ဖွဲ့ စည်း ကာ ဖော် ထုတ် ရန် အ တွက် အမျိုး သား လွှတ် တော် ကိုယ် စား လှယ် ဦးနုက ဆွေး နွေး တင် ပြ ခဲ့ ခြင်း ဖြစ် သည်။
ယင်း အမှုနှင့် ပတ် သက် ၍ အမျိုး သား လွှတ်တော် ဥက္ကဋ္ဌ ဦး ခင် အောင် မြင့်က “ကော် မတီ အ နေဖြင့် ဖြစ် ရပ်မှန် ဖော်ထုတ် ရေး အတွက် ကွင်း ဆင်း ဆောင် ရွက် ရန် ဆုံး ဖြတ် ခဲ့ ခြင်း ဖြစ် သည်။
ထို့ အပြင် အဆို ပါ အ မှုကို ပြန် လည် စစ် ဆေး သင့် ကြောင်း ကော်မ တီက ၂၀၁၁ ခုနှစ် ဒီဇင် ဘာ ၂၀ တွင် ပြည် ထောင် စု အစိုး ရ အ ဖွဲ့ သို့ တိုက် တွန်း ခဲ့ ကြောင်း၊ ၂၀၁၂ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ကြယ်ပွင့်ပြ မေး ခွန်း ဖြင့် မေး မြန်း ခဲ့ သော် လည်း တရား လွှတ် တော် ချုပ် တ ရား သူကြီး ဦး မြ သိမ်းက ခရိုင် တရား ရုံးချုပ် ၏ အဆုံး အဖြတ် မှန်ကန် ကြောင်း သာ ဖြေ ဆို သွား ခဲ့ ကြောင်း လည်း အ စီ ရင် ခံစာ အရ သိရ သည်။
အ ထက် ပါ ဖြစ် ရပ် များ ကြောင့် မ ဏ္ဍိုင် ကြီး သုံး ခု အ နက် တရား ရေး မဏ္ဍိုင် သည် လူပြော သူပြော အများ ဆုံး ဖြစ် ကြောင်း လည်း ကိုယ် စား လှယ် များ နှင့် ပြည် သူ များ က မှတ် ချက် ပြု ထား ခြင်း ဖြစ် သည်။
7Day News Journal
သမီး ဖြစ်သူကို အဓမ္မ ပြုကျင့်ရန် ကြံစည် သူကို အမှု ဖွင့်ရာ ဖခင်ဖြစ်သူ ပိုင်နက် ကျူးလွန် မှုဖြင့် ပြန်လည် အမှုဖွင့် ခံရ
Posted by drmyochit Tuesday, March 26, 2013, under | 2 comments
ရန်ကုန်၊မတ် ၂၆။ 
သထုံ မြို့ တွင် နေထိုင် လျက် ရှိသော လေး တန်း ကျောင်းသူ လေး အား အဓမ္မ ပြု ကျင့် ရန် ကြံ စည် သူ ကို ဖခင် ဖြစ်သူမှ အမှု ဖွင့် ရာ တရားခံ မိသား စုမှ ပိုင်နက် ကျူးလွန် မှုဖြင့် ပြန် လည် တရား စွဲဆို မှု တွင် လေးတန်း ကျောင်းသူ လေး၏ ဖခင်မှာ ရင် ဆိုင်နေ ရကြောင်း သိရ သည်။
ဖေဖော် ၀ါရီလ ၄  ရက်နေ့ တွင် အသက် ၁၀ နှစ် အရွယ် စတုတ္ထ တန်း ကျောင်း သူ လေးကို ကျောင်း ကြို ကျောင်း ပို့ ဘေး တွဲ ဆိုက်ကယ် မောင်းနှင်သူ ကိုပြည့် ဖြိုးအောင် အသက်၂၂ မှ ကျောင်း ဆင်း ချိန်တွင် အိမ် သို့ ပြန်လည် မပို့ဘဲ လူသူ ပြတ်လတ် သည့် သထုံမြို့ လေ ယာဉ် ကွင်း ဟောင်း ရှိရာ နေရာ သို့ ခေါ်ဆောင် သွားကြောင်း၊ ယင်း လေယာဉ် ကွင်းပျက် အနီးတွင် အထက (၁) ကျောင်း အနောက်ဘက် အုတ် တံတိုင်း ရှိရာ သို့ စတုတ္ထ တန်း ကျောင်း သူလေး အားခေါ် ဆောင် သွားပြီး တရားခံ ကိုပြည့်ဖြိုး အောင်က နောက် ဆိုရင် နင်နေ ရမယ့် ကျောင်း ကို ပြမည် ဟု ဆိုကာ အုတ်တံ တိုင်း တဖက် ကျောင်း အတွင်း ဘက်သို့ ခေါ်ဆောင် ရန်ကြိုး ပမ်း ခဲ့ကြောင်း၊ ကလေးမှာ ကြောက်ရွံ့ကာ နေအိမ် သို့ ပြန် ပို့ရန် ပြော ဆိုသော အခါ ဆိုက် ကယ် ရှိရာ သို့ပြန် လည် ခေါ်ဆောင် ကာ၊ 
ဆိုက်ကယ် ပေါ်တွင် ကလေး အားထိုင် ခိုင်းပြီး ကလေး၏ ခန္ဒာကိုယ် အနှံ့ ကို ပွတ် သတ် ကာ အဓမ္မပြု ကျင့်ရန် ကြိုးပမ်း ခဲ့ကြောင်း၊ ကလေး မှာ ကြောက်လန့် ငိုယိုကာ အိမ် သို့သာ ပြန်လည် ပေးပို့ရန် ပြောဆို နေ သဖြင့် နောက် ဆုံးတွင် အိမ်သို့ ပြန် လိုက် ပို့ ခဲ့ကြောင်း သိရသည်။. “အ ရင် တုန်း က ဆိုရင် ၃နာရီ ကျောင်း ဆင်းရင် အိမ်ကို ၃ နာရီ ၁၅ လောက် ဆို ရောက်ပြီ၊ အဲ့ နေ့က ၄ နာရီ ထိုးခါနီး လောက်မှ ပြန် ရောက်တယ်။ ဆိုက်ကယ် ဘေး တွဲ မောင်းတဲ့ သူက အရင်ဆို လမ်းထိပ် မှာပဲ ကလေးကို ဆင်း ခိုင်းတာ အဲ့နေ့က အိမ် အထိ လိုက်ပို့ တယ်။ ပြီးတော့ ဆိုက် ကယ် ပျက် လို့ နောက် ကျ သွား တာ ပါ တောင်း ပန် ပါ တယ် ဆိုတဲ့ စကား ကို အကြိမ် ကြိမ်ပြော တယ်။ ကလေးကလည်း ငို မဲ့ မဲ့ဖြစ် နေတယ်။ ပြီးတော့ အဲ့ လူက မပြန်ပဲ အိမ် နားမှာ ၀ဲလည် ၀ဲလည် လုပ် နေတယ်။ ဒါနဲ့ ကလေး ကို မေးကြည့် တော့မှ အကုန်သိရတယ်။ 
အဓမ္မ ကျင့်ဖို့ ပဲကြံ တာ အထ မမြောက်ဘူး ဆို တော့မှ ကျွန်တော် တို့လည်း စိတ်အေး ရတယ်” ဟု စတုတ္ထန်း ကျောင်းသူ လေး၏ ဖခင်က ပြော ကြား သည်။ ထို ဆိုက်ကယ် ဘေးတွဲ မောင်းနှင်သူ ကို ပြည့် ဖြိုးအောင်မှာ တစ်ရပ် ကွက်ထဲ တွင် နေထိုင် သူဖြစ် သဖြင့် နောက် နောင်တွင် တခြားသော ကလေး များကို အ ဓမ္မ ပြုကျင့်ရန် ကြံစည် မှုများ မဖြစ်စေ ရန်နှင့် ဆုံးမ နိုင်ရန် ကိုပြည့်ဖြိုး အောင်၏ မိ ဘများ ထံသို့ သွား ရောက်ကာ အဖြစ် အပျက်ကို ပြောကြားရာ မိဘများမှာ လက် မခံ နိုင်ပဲ “ကလေး ပြောတိုင်း လျှောက် မယုံနဲ့” ဟုပြော ကြား ကာ စတု တ္ထတန်း ကျောင်း သူလေး ၏ ဖခင်ကို ထိုးကြိတ် ကျကြောင်း၊ ထို့ ကြောင့် သထုံမြို့ နယ် ရဲ စခန်း သို့ သွား ရောက်ကာ ကို ပြည့် ဖြိုး အောင်၏ လုပ်ရပ် အပေါ် ခေါ် ယူ ဆုံး မပေးရန် တိုင်ကြား ခဲ့ရာ စခန်း မှူးမှာ ဖြစ်စဉ်မှာ သာမာန် မဟုတ်သည့် အတွက် ကိုပြည့်ဖြိုး အောင်ကို ခေါ်ယူ စစ်ဆေး ခဲ့ရာ ၀န်ခံ သဖြင့် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှု ဖွင့် ခဲ့ကြောင်း၊ 
ထိုသို့ အမှု ဖွင့်ပြီး လေးရက် ခန့် အကြာ တွင် တရားခံ မိသားစု ဘက်မှ စတု တ္ထတန်း ကျောင်း သူလေး၏ ဖခင် အား ပုဒ်မ ၄၅၁ ပိုင်နက် ကျူးလွန်မှု၊ ပုဒ်မ ၃၂၃ နာ ကျင်စေ မှု တို့ဖြင့် ပြန်လည် အမှု ဖွင့်ခြင်း ကို ခံ ရကြောင်း သိရသည်။ “ကျွန်တော် သူတို့  အိမ်ကို သွားတုန်း ကလည်း ၀င်ခွင့် တောင်းပြီး မှ ၀င်တာပါ။ ကိုယ်ထိ လက်ရောက် လုပ်ဖို့ မပြောနဲ့ လက် နဲ့တောင် မရည် ရွယ် ခဲ့ပါဘူး။ သူတို့ သားကို နောက်နောင် ဒီလို အပြု အမူ မျိုးတွေ မလုပ် အောင် မိဘ တွေ အနေ နဲ့ သွန်သင် ဆုံးမ နိုင်အောင် သွားပြီး ပြော တာ ပဲ ရှိ တာ ပါ။ ကိုယ်ထိ လက်ရောက် ကျူးလွန် တာက သူတို့ ဘက် က ကျူး လွန် တာ ပါ။ ကျွန်တော် အခု အမှု ဖွင့် တယ် ဆို တာ က လည်း စခန်း မှူးက အဓမ္မ ပြုကျင့် တဲ့ အဆင့်ကို ကျူးလွန် လို့ မရ လိုက်ပေ မယ့် အဓမ္မ ပြုကျင့်ဖို့ ကြိုးစား တဲ့ အတွက် ပြစ် မှုမြောက် တယ် ဆို လို့ပါ။ 
ကျွန်တော့် ကို တကယ် ထိုး တာ ကိုတောင် ကျွန်တော်က အမှု မဖွင့် ခဲ့ပါဘူး။ သူတို့ ဘက် ကနေ ကျွန်တော့် ကို အမှု ဖွင့် ချင် တယ် ဆိုရင် ကျွန်တော် တိုင်တဲ့ နေ့ က တည်း က တိုင် လို့ ရတယ်။ သူတို့ လာတောင်း ပန်တာကို ကျွန်တော်က လက်မ ခံ လို့ လေးရက် လောက် နေမှ အမှု ကို ဖန်တီး ပြီး ဖွင့်တာ။” ဟု စတု တ္ထတန်း ကျောင်း သူလေး ၏ ဖခင်က ပြော ကြားသည်။ “ကလေး ကို အဓမ္မ ပြု ကျင့်ဖို့ ကြံ စည်လို့ ပြစ် မှုမြောက် လို့ အ မှု ဖွင့် ပေး လိုက် တာပါ။ ဟို ဘက်က မိ ဘတွေက ဆေး စာတွေနဲ့ သူတို့ ကိုယ်ထိ လက်ရောက် ကျူးလွန် ခံရ တယ်လို့ ပြန်ပြီး တိုင်ကြား လာတဲ့ အတွက် ကလေးရဲ့ ဖခင်ကို အမှု ပြန်ဖွင့် လိုက် တာပါ။ ဥပဒေ အ တိုင်းပဲ ကျွန်တော် တို့ လုပ်စ ရာ ရှိ တာကို လုပ်ပေး တာပါ။”ဟု သထုံမြို့ နယ် ရဲ စခန်း မှ တာဝန် ရှိသူ တစ် ဦးက ပြော ကြား သည်။ 
ယခု အခါ စတုတ္ထ တန်း ကျောင်း သူလေးနှင့် သူ မ၏ ဖခင် တို့ ရင် ဆိုင်ေ န ရသော အမှု များကို ဖြေ ရှင်းရန် ရှေ့ နေ မငှား ရမ်း နိုင်သည့် အတွက် အစိုး ရရှေ့ နေနှင့် အမှု ကို ဖြေရှင်း နေ ရသော် လည်း ထိရောက် မှုမရှိ ဖြစ် နေကြောင်း၊ သထုံ မြို့ တွင် ယခု ကဲ့သို့ အ သက် မပြည့် သေးသူ ကလေး သူငယ် များကို အဓမ္မ ပြုကျင့် မှု များ စွာရှိပြီး ကလေး မိဘ များမှာ အမှု မဖွင့် ရဲကြပဲ ငွေကြေး ညှိုနှိုင်း ခြင်း များ ဖြင့်သာ ပြီး ဆုံး သွား သည် က များကြောင်း၊ ထိုသို့  အ မှု မ ဖွင့် ပဲ ထား သဖြင့် ကလေး သူငယ် များ အပေါ် လိင်ပိုင်း ဆိုင်ရာ စော် ကား သူ များမှာ ပိုမို အတင့် ရဲ လာခြင်း ဖြစ်သော ကြောင့် အမှု ဖွင့်ကာ တိုင်ကြား လိုက်ခြင်း ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသူ၏ ဖခင်က ပြောကြား သည်။
ဆုဝေ
မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား
Posted by drmyochit Tuesday, March 26, 2013, under | No comments
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ် ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော် ယာဉ် နှစ်စီးနှင့် ဆိုင်ကယ် သုံးစီး ပျက်ဆီးမှု ဖြစ်ပွား ခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ဗ လီကျောင်း တစ်ခုမှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ 
ကြို့ပင်ကောက်မြို့ မတ်လ ၂၆ ရက်နေ့တွင် အခြေအနေမှာမူ တည်ငြိမ်လျက်ရှိပြီး ဒေသခံလူများမှာမူ နောက်ဆက် တွဲ ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ကြို့ပင် ကောက်မြို့နှင့် အနီးဝန်းကျင် မြို့ရွာများ၌လည်း ကောလာဟလ သတင်းများ အမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး ဈေးဆိုင် ခန်းများ ပိတ်သိမ်းထားကြောင်း သိရသည်။ 
ယခုရက်ပိုင်းများအတွင်း ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် ဖြစ်စဉ်များ ဆက်တိုက် ရှိနေပြီး မတ်လ ၂၄ ရက်နေ့ညက လည်း အုတ်ဖိုမြို့တွင် ရှိနေသော ဗလီတစ်ခုကို ဖျက်ဆီးရန် အတွက် လူအုပ်စုလိုက် ရောက်ရှိလာသည်ကို ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော် သားများက တားဆီးနိုင်ခဲ့ကြောင်း အုတ်ဖိုရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ 
လတ်တလော အနေဖြင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေသူများကို ဖမ်းဆီး ရမိခြင်း မရှိသေး ဘဲ မတ်လ ၂၆ ရက်နေ့ ညပိုင်းမှ စတင်ပြီး ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်းအပါအ၀င် ပဲခူးတိုင်း အနောက် ဘက်ခြမ်းရှိ မြို့နယ် ငါးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိ တစ်ဦးက မတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ 
မတ်လ ၂၆ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန်က ရရှိသော သတင်းများအရ ကြို့ပင်ကောက်မြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်ကြောင်း သိရသည်။ 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ် 
ကြို့ပင်ကောက်မြို့အတွင်း ဖျက်ဆီးခံရမှုအခြေအနေကို မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရစဉ်
News From: Eleven Media Group
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်