Monday, April 01, 2013

ပဋိပက္ခမျာကြောင့် သင်္ကြန်ပွဲတော်ကို စိုးရိမ်ရန် မလိုဟု ရဲတပ်ဖွဲ့ ပြော

Posted by drmyochit Monday, April 01, 2013, under | No comments



မန္တလေးတိုင်း၊ မိတ္ထီလာ မြို့ကနေ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေ အထိ ကူးစက် ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှု တွေဟာ မြန်မာ့ ရိုးရာ အတာ သင်္ကြန် ပွဲတော်ကို ကူးစက်ဖွယ် ရှိမှာ မဟုတ် ဘူးလို့ ပြည် ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က ပြောဆို လိုက်ပါ တယ်။
မြန်မာ့ ရိုး ရာ အတာ သင်္ကြန် ပွဲတော် စတင်ဖို့ ရက် သတ္တ နှစ်ပတ် ခန့်သာ လိုတော့တဲ့ အချိန်မှာ ပဋိပက္ခ တွေက ကူးစက် နေဆဲ ဖြစ်တာမို့ သင်္ကြန် ပွဲတော် လည်ပတ်ကြဖို့ အားခဲ နေသူ တွေက အကြမ်း ဖက် မှုတွေ ကူးစက် လာမှာကို စိုးရိမ် နေကြခြင်း အပေါ် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က ပြောဆို လိုက် တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ အကြမ်း ဖက်မှုတွေ မကူး စက်ရေး စနစ်တကျ ကိုင်တွယ် ဆောင် ရွက် မှုတွေ တိုးမြှင့် လုပ်ဆောင် နေတဲ့အပြင် နှစ်စဉ်ကျင်းပတဲ့ သင်္ကြန်ပွဲဟာ နိုင်ငံသား အားလုံး ပါဝင် ဆင်နွှဲကြတဲ့ ပွဲဖြစ်တာကြောင့် အကြမ်းဖက်မှုတွေ ကူးစက်မလာနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူးဒု ရဲမှူးကြီး မင်းအောင်က ဧရာဝတီ ကို ပြောပါတယ်။

“သင်္ကြန် ပွဲက အားလုံးရဲ့ပွဲ ဖြစ်တဲ့ အတွက် ဖြစ်နိုင် စရာ အကြောင်း မရှိဘူး လို့ပဲ ယူဆ ပါတယ်။ သင်္ကြန် ကာလ အတွက်တော့ လုံခြုံရေးကို နှစ်စဉ် လုပ်နေကြ အတိုင်းတော့ စီမံထား ပါတယ်။

တိုင်း ဒေသ ကြီးတွေ၊ ပြည်နယ်တွေ အလိုက် သင်္ကြန်တွင်း လုံခြုံရေး စီမံချက်ဆိုတာ ရှိပါတယ်။ အဲဒီ အတိုင်းပဲ ရေးဆွဲ ထားပါတယ်။ လုံခြုံရေးကို ဒီနှစ်မှ ထူးထူးခြားခြား စီမံဖို့တော့ အစီအစဉ် မရှိသေး ပါဘူး” လို့ ဒု ရဲမှူးကြီး မင်းအောင်က ပြောပါတယ်။

သင်္ကြန် ကာလကို လုံခြုံရေး ထူးထူးကဲကဲ လုပ်ဆောင်သွားဖို့ အစီအစဉ် မရှိပေမယ့် အရင်နှစ် တွေ ကအတိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့ အနေနဲ့ စောင့်ကြပ် ကြည့်ရှုခြင်းတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်း ဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့က မြို့ခံအချို့ကတော့ အပျက်အစီးတွေ၊ ဒုက္ခသည်တွေ ကြားထဲက သူတို့မြို့ရဲ့ အတာသင်္ကြန်ကာလဟာ ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်ဘူးလို့ ဆိုကြပြီး တချို့ကတော့ မန္တလေးမြို့ပေါ်မှာပဲ သွားရောက် လည်ပတ်ကြမယ်လို့ ဆိုပါတယ်။

“တဦးနဲ့ တဦး ယုံကြည်မှု မရနိုင်သေးတဲ့အချိန် ဘယ်သူက ရန်ပြုမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ၊ မြို့ပေါ် က အပျက်အစီးတွေ၊ ဒုက္ခ သောက ရောက်နေတဲ့ လူတွေကြားထဲမှာ ကျမတို့မြို့ရဲ့ ဒီနှစ်သင်္ကြန် က အသက်မဲ့နေမှာပဲ။ သင်္ကြန် ဒီက သူငယ်ချင်းတွေ တချို့ဆိုရင် မန္တလေးမှာ သွား လည် ကြမယ်။ တချို့က ဥပုသ်စောင့်ကြမယ်လို့ ပြောတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

မိတ္ထီလာမြို့ တည်ငြိမ် အေးချမ်းမှု ရရှိရေး အတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင်၊ နိုင်ငံရေး ပါတီတွေ၊ ဒေသခံတွေ၊ ဘာသာရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အနီးကပ် ကြီးကြပ် ဆောင် ရွက် နေပြီး လက်ရှိ အနေခြ အနေမှာ ဆူပူအကြမ်း ဖက်မှုတွေ ထပ်မံ ဖြစ်ပွားမှု မရှိတော့ကြောင်း၊ သို့သော်လည်း လုံခြုံရေးကင်းတွေတော့ နေ့ညမပြတ် စောင့်နေ ရသေးတဲ့ အခြေ အ နေမှာ ရှိနေ သေးကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆူပူ အကြမ်းဖက်မှု တွေရဲ့ နောက်မှာ လှုံ့ဆော်သူတွေ ရှိတယ်လို့ ထင်မြင်ကြောင်း၊ ဒါကြောင့် သင်္ကြန် ကာလကို အကြမ်းဖက်မှုတွေ မကူးစက်စေဖို့ အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ ဘာသာရေး အဖွဲ့ အ စည်း တွေနဲ့ လူထုတွေ ကိုယ်တိုင်က ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း အမျိုး သား ဒီမိုကရေစီ ပါတီသစ် (NNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါ တယ်။

“သင်္ကြန် ကျလို့ ရှိရင် အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်မှုကို ဖြတ်သန်းကြတာချည်းပဲ။ ဒီကိ စ္စနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့လူတွေက အုပ်ချုပ်ရေးပိုင်း ဖြစ်ဖြစ် သက်ဆိုင်ရာ ပြည် နယ်နဲ့ တိုင်းအစိုးရတွေက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ကျနော် တို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပြည်သူလူထု အေးချမ်းဖို့ ပြည်သူ့ဆန္ဒနဲ့ အညီ ကူညီ မှာပေါ့” လို့ ဦးသိန်းညွန့်က ဧရာဝတီကို ပြောပါတယ်။

အကယ်၍ ဆူပူ အကြမ်းဖက်မှုတွေ သင်္ကြန်ကာလကို ကူးစက်မှု ဖြစ်ပွားလာပါက နိုင်ငံတော် အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ အုပ်ချုပ်ရေးပိုင်းက နိုင်ငံရေးသမားတွေကို နှစ်ပေါင်းများစွာ ထောက်လှမ်းရေး သတင်း တွေနဲ့ ဖမ်းဆီး အရေးယူခဲ့တာပဲ။ အခု ပွဲဖျက်မယ့် လူတွေကိုရော သူတို့ စုံစမ်းထောက်လှမ်း၊ ဖမ်းဆီး အရေး မယူနိုင်ဘူးလား။ ဒီလောက် အားကောင်းတဲ့ ထောက်လှမ်းရေး ယန္တယားကြီးရှိတဲ့ တိုင်းပြည်ပဲ။

အဲဒါကိုတော့ ကိုင်တွယ်နိုင်ရမှာပေါ့။ မကိုင်တွယ်နိုင်ရင် တာဝန်ရှိတဲ့လူတွေ ညံ့ဖျင်းမှုပေါ့” လို့ ဦးသိန်း ညွှန့်က ပြောဆိုပါတယ်။

အခုအချိန်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ တည်ငြိမ် မှုတွေ ရရှိသွားပြီ ဖြစ်ပေမယ့် ပဲခူးတိုင်း အနောက်ခြမ်းမှာတော့ နေရာကွက်ကြား ဖြစ်နေဆဲပဲလို့ ဒုတိယ ရဲမှူးကြီး မင်းအောင်ကပြောပါတယ်။

ဆူပူအကြမ်းဖက်မှုတွေရဲ့ နောက်မှာ လှုံ့ဆော်သူတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သံသယရှိကြောင်း၊ ဒါကြောင့် အကြမ်းဖက်မှုတွေ ထပ်မံ မပြန့်ပွားအောင် လုပ်ဆောင်မှုတွေ ရှိနေ သလို ဦးဆောင်သူလို့ ယူဆရသူတွေကိုလည်း ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ် ထားကြောင်းပြော ပါတယ်။

အဓိက မြို့ကြီး နှစ်မြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနှစ် သင်္ကြန်အတွက် ရေသဘင် မဏ္ဍပ်တွေ တည်ဆောက်ဖို့ လျှောက်ထားမှုတွေဟာ အရင်နှစ်ကထက် များပြားကြောင်း မန္တလေး မြို့ စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။

ဆူပူမှုတွေနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေဟာ ရန်ကုန်မြို့မှာ ရိုက်ခတ်မှုတွေ ရှိခဲ့တဲ့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုံခြုံရေးတွေ ချထားပါတယ်။ ဒီအခြေ အနေ တွေကြောင့် သင်္ကြန်ကာလ အထူးစည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့မှာ ပဋိပက္ခတွေ ကူးစက် လာမှာ ကိုလည်း မြို့ခံ တချို့က စိုးရိမ်နေကြကြောင်း ပြောပါတယ်။

မန္တလေးမြို့ မှာတော့ တည်ငြိမ်မှုရှိကြောင်း သင်္ကြန်ကာလကို ပဋိပက္ခတွေ ကူးစက် မ လာနိုင် အောင် အစိုးရ အနေနဲ့ ကိုင်တွယ် ဆောင်ရွက်သွားနိုင် လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း မန္တလေး မြို့ခံ ကဗျာဆရာကြီး ဦးကိုလေး (ကိုလေး – အင်းဝဂုဏ်ရည်) က ပြောပါ တယ်။

“ကျနော်တို့မြို့မှာတော့ ဖြစ်မလာနိုင်ဘူးဗျ၊ အခုဆိုရင် ဆိုင်ရာဆိုင်ရာ မြို့နယ်တွေမှာ ဆရာတော် တွေရော၊ မွတ်ဆလင် လူကြီးတွေရော၊ ကျန်တဲ့ ဘာသာပေါင်းစုံတွေရော အခုပြန်ပြီး စည်းလုံး နေကြ တယ်ဗျ။ ကျနော်တောင် ပျော်သွားတယ်။

အစိုးရကလည်း မီးတောက်အောင်တော့ အဖြစ်ခံမှာမဟုတ်ဘူး၊ ထိန်းမှာပဲ လို့ယုံကြည်တယ်။ ကျနော် တို့ကလည်း တာဝန်သိ ပြည်သူတယောက် အနေနဲ့ တတ်နိုင်သလောက် ကာကွယ်၊ ဖော်ထုတ် ရမှာပဲ” လို့ ကိုလေး (အင်းဝဂုဏ်ရည်) က ဆိုပါတယ်။သမ္မတ ဦးသိန်းစိန်ကလည်း ဆူပူအကြမ်း ဖက်မှုတွေနဲ့ ပတ်သက်ပြီးပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းလုံခြုံမှုကို ထိပါး လာတဲ့ လုပ်ရပ်မှန်သမျှကို လုံးဝ သည်းခံမှာမဟုတ်ဘဲ ဥပဒေနဲ့အညီ ထိထိရောက်ရောက် တားဆီးနှိမ်နှင်းကြဖို့ ယမန်နေ့ညနေပိုင်းမှာ အစိုးရမီဒီယာတွေကနေ တဆင့် မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

၂၀၁၀ ပြည့်နှစ်က သင်္ကြန်ကာလ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး ပတ်လမ်း မှာ ရှိတဲ့ X2O ရေကစား မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက် ကွဲ မှုမှာ လူ ၁၀ ဦး သေဆုံးပြီး ၁၇၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း အစိုးရကလည်း တရား ဝင် ထုတ်ပြန် ခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ ၂၀၁၀ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ – Reuters)
ဧရာဝတီ

ဦးသောဘိတ….. ရေ …… အမျှ….အမျှ….(၁)

Posted by drmyochit Monday, April 01, 2013, under | 1 comment

 (ဦးသောဘိတ သတင်းသုံးတော်မူတဲ့ သိမ်ကျောင်းဆောင်မှာ ချိတ်ဆွဲထားသော ဦးသော ဘိတ၏ ပုံ)
(ဦးသောဘိတ သတင်းသုံးတော်မူတဲ့ သိမ်ကျောင်းဆောင်မှာ ချိတ်ဆွဲထားသော ဦးသော ဘိတ၏ ပုံ)

၂၀-၃-၂၀၁၃-ညနေ ငါး နာရီ ခန့်မှာ ကျဆုံး ခဲ့ရ ရှာသော ဦးပဉ္စင်းကြီး ဦးသော ဘိတသည် သာစည် မြို့နယ်၊ ဟံဇားအုပ်စု၊ ဟံဇားကျေးရွာ၊ မိုးကောင်း ကျောင်းတိုက်မှာ သတင်းသုံး နေထိုင်သူ ဖြစ်ပါသည်။

သက်တော် (၄၅)နှစ် အရွယ်၊ သိက္ခာ(၂)ဝါ၊ တောထွက် ဦးပဉ္စင်းကြီး ဖြစ်ပါသည်။ ၄င်းသည် သဲတောမြို့ အရှေ့ဘက် ဒုန်းကုန်းရွာ ဇာတိ ဖြစ်ပြီး၊ ဦးမြရင်+ဒေါ်အိ တို့၏သား ဖြစ်ပါသည်။ ငယ်စဉ်က သဲတောမြို့ မြနှင်းဆီ စာသင် တိုက်မှာ ပထမ ငယ်တန်း အောင်မြင် သည်အထိ ရှင်သာမဏေ ဘဝဖြင့် ပညာ ဆည်းပူးကာ လူဝတ်လဲသွားခဲ့ခြင်း ဖြစ်ပါသည်။

လူ အမည်မှာ မောင်တင်ထွန်း ဖြစ်ပါသည်။ ဟံဇားရွာ မိုးကောင်းကျောင်း ဆရာတော် ဦးပဏ္ဍိစ္စသည် ကွယ်လွန်သူ ဦးသော ဘိတနှင့် သဲတော်မြို့ မြနှင်းဆီ စာသင်တိုက်မှာ စာသင်ဘက် သူငယ်ချင်း ဖြစ်ပါသည်။ ဦးသောဘိတသည် ဇနီး ဒေါ်…..နှင့် သားတစ်ယောက်  သမီး တစ်ယောက် ထွန်းကား ခဲ့ပါသည်။ ၄င်းသည် သူငယ်ချင်း ဖြစ်သူ ဦးပဏ္ဍိစ္စထံ လာရောက် ရဟန်းခံ သည်မှာ (၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊ ၂၀-၃-၂၀၁၃-ရက်နေ့ ညနေ (၄း၃၀) ခန့်တွင် ကလေး သူငယ် လေးများ ယဉ်ကျေး လိမ္မာ သင်တန်း အတွက် စာအုပ် လိုအပ်နေ၍ မိတ္ထီ လာသို့ စာအုပ်လာဝယ်ခြင်း ဖြစ်ပါသည်။ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကလေးငယ် (၂၀၀) ကျော်ရှိပြီး (၃၈)ဖြာမင်္ဂလာ စာအုပ်က (၁၃၀)သာရှိသောကြောင့် သင်တန်းဆင်း သည်နှင့် ချက်ချင်း အရေးပေါ် ဈေးတက် ဝယ်ခြင်း ဖြစ်ပါသည်။

ဆိုင်ကယ် မောင်းသူမှာ ဦးတင်မောင်ဝင်း(ခ)ကုလား ဖြစ်ပြီး၊ ၄င်း၏(၄)နှစ်အရွယ် သမီးလေး ကလည်း ယဉ်ကျေး လိမ္မာ သင်တန်း တက်နေသည့် အပြင် ဦးသောဘိတ သွားလေရာ ဦးတင်မောင်ဝင်း(ခ)ကုလား အသက်(၄၀)ကို ခေါ်သွားလေ့ ရှိကြောင်း သိရပါသည်။

ဦး ကုလားရော ဦးသောဘိ တပါ မိတ္ထီလာမှာ ဖြစ်ပျက် နေသည်ကို လုံးဝမသိရဘဲ ဝယ်နေကျ ဖြစ်သော မိတ္ထီလာ ဈေး အနောက်ဘက် “ကျော်ဇောလင်း”ဆိုင်မှာ (၃ဂ)ဖြာ မင်္ဂလာ စာအုပ် ဝယ်ဖို့သာ စိတ် ထက်သန်နေ သည်ဟု သိရပါသည်။

ဦးသော ဘိတသည် အနီး အနား သွားလျှင် ဆိုင်ကယ် နောက်ခုံမှာ ဘေးတိုက် ထိုင် စီးလေ့ ရှိပြီး၊ မိတ္ထီလာ သွားရာတွင် ခရီး ဝေးသောကြောင့် နောက်မှ ခွ ထိုင်စီး၍ သွားခဲ့ခြင်း ဖြစ်ပါသည်။

ညနေ ငါးနာရီခန့် တော်ဝန်နန်းစားသောက်ဆိုင် မီးပွိုင့်အတက်တွင် လမ်းမကြီးဘေး ဝဲဘက် ယာဘက် ပလက်ဖောင်းပေါ်၌ ဓားများ၊ စတီးလ်လုံးများ၊ သံလုံးများ ကိုယ်စီ ကိုင်ဆောင် ထားသော မူဆလင်လူတန်းရှည် ကြီးကို တွေ့ရှိလိုက်ရာ ဦးတင်မောင်ဝင်း(ခ)ကုလားက “အခြေ အနေ မကောင်းဘူး၊ ပြန်လှည့်ရအောင်”ဟု ဦးသောဘိတကို ပြောပါသည်။



(ရင်ခွဲရုံမှ ဦးသောဘိတ၏ ပုံ)

(ရင်ခွဲရုံမှ ဦးသောဘိတ၏ ပုံ)
ဦးသော ဘိတက “သူတို့ အချင်းချင်း ရန်ဖြစ် တာနေမှာပါ။ ကျုပ်ပါပါတယ်။ ဆက်သာမောင်း ပါ”ဟု ပြောဆို၍ ဆက်မောင်းရာ မေတ္တာကားဂိတ်လမ်းမပေါ်တွင် ဖျက်ဆီးခံထားရသော ဆိုင် ကယ် တစ်စီး ကျိုးပဲ့ ပျက်စီး နေသည်ကို တွေ့ကြရပါသည်။

ထုံးအိုးကြီး ကွမ်းယာဆိုင် ဒေါင့် အရောက်တွင် ကောက်ဆွ(ခရင်း)ကြီး ကိုင်ထားသော မူဆလင် တစ်ယောက် ဘယ်ဘက် ပလက်ဖောင်းမှ ဖြတ်ကူး လာသည်ကို ဆိုင်ကယ် မောင်းသူ ဦးတင်မောင်ဝင်း(ခ) ကုလားက ဘက်မှန် ထဲမှ တွေ့မြင်လိုက် ရပါသည်။

ထို ကောက်ဆွကြီးဖြင့် အားကုန်လွှဲ၍ ရိုက်ချ လိုက်ရာ အုံးခနဲ အသံကြီးနှင့် အတူ ဦးသောဘိတ ခန္ဓာကိုယ်က ဦးတင်မောင်ဝင်း ပေါ်ကို ပိကျ သွားပါသည်။ ဦးတင်မောင်ဝင်းရော ဦးသော ဘိတ ကပါ “သာစည်ကပါ၊ ဟံဇာကပါ၊ စာအုပ် လာဝယ် တာပါ။ ဘာမျှ မသိရ ပါဘူး။”ဟု တောင်း တောင်း ပန်ပန် မေတ္တာ ရပ်ခံ ခဲ့ကြ ပါသည်။ ထိုအချိန်တွင် ဆိုင်ကယ် ဘီးလှိမ့် ရုံသာ ဖြေဖြေလေး မောင်း ထား ပါသည်။ ရှေ့တည့်တည့် လမ်းမကြီး ပေါ်တွင်လည်း ကုလား အုပ်ကြီး က ပိတ်ဆို့ ထားပါသည်။

ထို တောင်းပန် နေချိန် မှာပင် ဦး သောဘိတ၏ ဘယ်ဘက် နားထင် လေးခွ မှန်သွား ပါသည်။ ကျော ကုန်းကို တဗုန်းဗုန်း ရိုက်သံကြားနေရပါသည်။ ဓားဖြင့်ခေါင်းကို လွှဲခုတ်လိုက်သည်ကို မြင် လိုက် ရပါသည်။ ဦးသောဘိတ ဘယ်ဘက်ကို ခွေခွေလေး ပြုတ်ကျသွားပါသည်။ ဆိုင်ကယ် ဒေါက်ထောက်ပြီး ဦးသောဘိ တကို ပွေ့တင်ပါသည်။ အသက်(၁၃/၁၄)နှစ်အရွယ် ကလေး တစ်ယောက် ပြေးလာပြီး ဦးသော ဘိတကို ပွေ့ထူပေးပါသည်။ နာရွက် အထက် နောက်စေ့မှ သွေးတွေ ဒလဟော စီးကျနေပြီး တစ်ကိုယ်လုံး ပျော့ခွေ နေရာ လုံးဝတင်လို့ မရတော့ပါ။

ဆိုင်ကယ် ပေါ်တွင် ပွေ့တင် နေစဉ် ဆိုင်ကယ်ကို ဓားနှင့်ခုတ်၊ ခြေနှင့် ဆောင့်ကန်ရာ ရှေ့ဘီး တာယာ ပျက်စီး သွားပြီး၊ လက်ကိုင်နှင့် ရှေ့ပိုင်းလည်း ဓားထိ သွားပါသည်။ ဆိုင်ကယ်လည်း လဲကျ သွား ပါသည်။ ဦးတင်မောင်ဝင်း လှည့်ကြည့်စဉ် ကောက်ဆွကြီးနှင့် ပထမ ဦးဆုံး ရိုက်သည့် ကုလားကြီးက ငါးဂါလံဆံ့ အဝါရောင် ပုံးတစ်ပုံး ထမ်းလာရင်း “မီးရှို့ မီးရှို့”-ဟု အော် ပြေး လာ သည်ကို တွေ့လိုက် ရပါသည်။

ထိုစဉ် “ဒကာကြီး လွတ်အောင်ပြေး”ဟု ဦးသော ဘိတက အားကုန် အော်ပြော ပါသည်။ ဦးသော ဘိတကို ပွေ့ထူဖို့ လာသော ဘောင်းဘီတို ဝတ်ထားသော ကလေးလေးကလည်း “ဦးလေး ပြေးတော့ ပြေးတော့”ဟု အော်ပြောပါသည်။

ဦးသော ဘိတအား သဲကြီး မဲကြီး ရိုက်နှက် နေကြ ချိန်တွင် ဦးတင်မောင်ဝင်းကို လုံးဝ ပစ်မှတ် မထား ပါ။ ဦးတင်မောင်ဝင်းကို အသားကညို၊ မုဆိတ် ပါးပြိုင်း မွှေးတို့ ကလည်း ရှိနေ၍ ကုလား ဟု တင်ပုံ ရပါသည်။ ဦးတင်မောင်ဝင်းလည်း ဆိုင်ကယ် မောင်းပြေးရာ ခဲတွေ၊ တုတ်တွေ၊ ဓားတွေနှင့် ပစ်ပေါက် ထုနှက် ကြပါ တော့သည်။

“အဲဒီကောင် ဗမာ လိုက်.”ဟု ပြောသံတွေ ကြားရပြီးမှ ခဲမိုးတွေ ရွာခြင်း၊ တုတ်ဆွမ်း ဓားဆွမ်း လောင်းကြခြင်း ဖြစ်ပါသည်။ ဆိုင်ကယ် သုံးချက် အခုတ်ခံ လိုက်ရပါသည်။

တံတားထိပ် ရောက်သည့်အခါ မြန်မာ လူအုပ်ကြီးနှင့် တွေ့ပါသည်။ “ကယ်ကြပါဦး၊ ဦးဇင်းတစ်ပါး အ သက် ခံရပြီ” ယဉ်ကျေးမှု စာအုပ် လာဝယ် တာပါဟု ပြော၍ အကူ အညီတောင်း လိုက်ပါ သည်။ လက်နက် မပါသည့် မြန်မာ လူအုပ်ကြီး တုတ်ဓား လက်နက်ကိုင် ဆောင်ထားသော ကု လား လူအုပ်ကြီးဘက် ထွက်ခွါ သွားပါသည်။

From : ..ဦးဝီရသူ

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက်

Posted by drmyochit Monday, April 01, 2013, under | No comments

"ပထမ အချက် အနေနဲ့က ပြည်သူ အများ မျှော်လင့် စောင့်စား နေတဲ့ မိုဘိုင်း တယ်လီဖုန်း ကိစ္စ ဖြစ်ပါတယ်။ မိုဘိုင်း တယ်လီဖုန်း ဆင်းကဒ်များကို ယခု ဧပြလမှ စပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး သတင်းနှင့် နည်းပညာ ၀န်ကြီး ဌာနမှ လိုအပ်တဲ့ အမိန့် ကြေညာစာ ထုတ်ပြန်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားဖြင့် ကျွန်တော် ကတိပေး ပြောကြား ထားတဲ့ အတိုင်း ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။

မိုဘိုင်း တယ်လီဖုန်း ဆင်းကဒ် ရောင်းချ ရာမှာ တည်ဆောက် ပြီးဖြစ်တဲ့ အခြေခံ တပ်ဆင် ထားပြီး ဖြစ်တဲ့ လိုင်း အင်အား ၀င်ဆန့်တဲ့ တယ်လီဖုန်း အရေ အတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှ တတ ဖြစ်စေရန် ဖြန့်ခွဲ ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။

၎င်းအပြင် အခြေခံ တယ်လီဖုန်း အဆောက် အအုံနဲ့ တယ်လီဖုန်း လိုင်းများကို ပြည်တွင်း ပြည်ပ ကုမ္မဏီများနဲ့ လစဉ်တိုးချဲ့ သွားမယ့် အပြင် မိုဘိုင်း တယ်လီဖုန်း ဆင်းကဒ် များကို လစဉ် မှန်မှန် ရောင်းချ ပေးသွားမှာ ဖြစ်တဲ့ အတွက် မြို့ပေါ် ရပ်ကွက်နဲ့ ကျေးလက်ဒေသ အထိ ဆက်သွယ်ရေး စနစ်များ တိုးတက် ကောင်းမွန် လာအောင် စီမံချက် ချမှတ်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

တစ်ချိန်ထဲ မှာပဲ လက်ရှိ သုံးစွဲ နေတဲ့ အော်တို တယ်လီဖုန်း များကို ပိုမို ကောင်းမွန်အောင် စီမံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား လိုပါတယ်။"

ဧပြီလမှစ ကျပ်ငွေ ၂ သောင်း ၀န်ထမ်း လစာ တိုးမည်ဟု သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ ရက် ရေဒီယို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား

"ဒုတိယ အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အခြေ အနေ ရငွေ သုံးဆွဲ ရသည့် ဘတ်ဂျတ် ပေါ်မှာ တွက်ချက်ပြီး အခါ အားလျော်စွာ တိုးမြင့် ထောက်ပံ့ ပေးသွားမှာ ဖြစ်ကြောင်း ကျွန်တော် ပြောကြား ခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာ ရေးနှစ် ခန့်မှန်းခြေ ရငွေ သုံးငွေ စာရင်းမှာ ၀န်ထမ်းများ အတွက် လစာနှင့် ပင်စင် တိုးမြှင့် ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ (၃၈၅) ဘီလီယံ ထည့်သွင်းပြီး လွှတ်တော်ကို တင်ပြ တောင်းခံ ခဲ့ပါတယ်။ ပြည်ထော်စု လွှတ်တော် ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲ ကို စာနာပြီး ဒါကြောင့် ယခင် ထောက်ပံ့ ပေးထားခဲ့တဲ့ ကျပ်ငွေ သုံးသောင်းကို ယခင် အတိုင်း ထောက်ပံ့ ကြေးငွေ အဖြစ် ဆက်လက် သတ်မှတ်ပြီး ယခု ကျပ်ငွေ နှစ်သောင်းကို လစာငွေအဖြစ်ဧပြီလ မှ စပြီး ထပ်မံ၍ တိုးပေး သွားမှာ ဖြစ်ပါတယ်။"

တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးအောင်၊ တိုင်းပြည် တည်ငြိမ်း အေးချမ်းမှု ရှိအောင် ၀ိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြ ဖို့ကိုလည်း သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယို မိန့်ခွန်းမှာ မေတ္တာရပ်ခံ

"တတိယ အချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ပေးကြဖို့ ဖြစ်ပါ တယ်။ ရေမြင့်ရင် ကြာတင့်တယ် ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက် သလောက် ပြည်သူများရဲ့ လူမှု စီးပွား ဘ၀ ဟာလည်း မြင့်မား လာမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေ အနေ အရ အလုပ် အကိုင် အခွင့် အလမ်းများ ရရှိဖို့ အတွက် အလုပ်ရုံ စက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ အရင်းအနှီး နည်းပညာ နဲ့ လူ့စွမ်းအား အရင်း အမြစ်များ လိုအပ် နေပါတယ်။ ဒီအချက်တွေ မပြည့်စုံ သေးခင်မှာ ပြည်ပမှ အရင်း အနှီးတွေ ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်ပ အရင်း အနှီးတွေ ဖိတ်ခေါ်တဲ့ နေရာ မှာလည်း တိုင်းပြည်ရဲ့ အကျိုး ပြည်သူ လူထုရဲ့ အကျိုး စီးပွားကို ရှိစေမယ့် မူဝါများ လည်း ချမှတ် ထားပြီး ဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ အတွက် နိုင်ငံတကာနဲ့ လိုက်ရော ညီထွေ ရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြင်ပက မိမိတို့နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တာဆီးမှုတွေ ဖြေလျော့ နိုင်ဖို့အတွက်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ ရာမှာ အောင်မြင်မှု တစ်ချို့ ရရှိ နေပြီ ဖြစ်ပါတယ်။ ယခင်ခေတ် ဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြား ကြွေးမြေ များအနက် အမေရိကန်ဒေါ်လာသန်းပေါင်း ခြောက်ထောင် ကျော်ကို လျော်ပစ် ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ အရှ ဖွံ့ဖြိုးရေးဘဏ် တို့မှ နှုန်းထား သက်သာတဲ့ နှစ်ရှည် ချေးငွေများကို လည်း ရရှိတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည် စီးပွားရေးတွက် အဘက်ဘက်မှ အထောက် အကူများ ရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက လိုအပ် ချက်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ တိုင်ပြည် တည်ငြိမ်းအေးချမ်းမှုမရှိပဲ ဆူဆူ ပူပူ ဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘ ပြည်သူများ အားလုံးကို တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရှိအောင် ၀ိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြဖို့ မေတ္တာ ရပ်ခံ အပ်ပါတယ်။"

"တိုင်းပြည် လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာ လုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ် လက်စားများ ဖြစ်ကြကြောင်း"


"စတုတ္တ အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံ အကျဆုံး လူအများစု ဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမား ဘ၀ တိုးတက် မြင့်မားရေးဖြစ်ပါတယ်။ တိုင်းပြည် လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ် လက်စားများဖြစ်ကြပါတယ်။ လယ်ယာ လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာတာနဲ့ အမျှ ပြည်သူလူထုရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စာရေးဝတ်ရေးနဲ့ နေရေး ကို ဖူလုံလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာကဏ္ဍ ဖွံဖြိုး တိုးတက်ရေး အတွက် တောင်သူ လယ်သမားများ အနေနဲ့ အလုပ်ကိုကြိုးစားလုပ်ကိုင်ကြပြီး လယ်ယာ ထွက်ကုန်များ ပိုမို ထွက် ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မိမိတို့ရဲ့ လယ်မြေများ တန်ဖိုးမြင့် တက်လာအောင် လယ်မြေ များကို ပြုပြင်ကြဖို့ အထွက်တိုးတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ် စိုက်ပျိုး ကြဖို့ စနစ်တကျ သိပံနည်းကျ စိုက်ပျိုးကြဖို့ စက်မှုလယ်ယာကို ပြောင်းနိုင်ဖို့ ပူးပေါင်း ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမား အလုပ်သမားများအတွက် အဓိက လိုအပ်ချက်ဟာ ငွေကြေး အရင်း အနှီးဖြစ် တယ် ဆိုတာ ကျွန်တော်အနေနဲ့ သိရှိထား ပါတယ်။ ဒါကြောင့် ငွေကြေး အရင်း အနှီးကို ဖြည့်စည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေ ချေးဘဏ် အသေးစား ငွေစုငွေချေး အသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေး အစုအဖွဲ့များ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါတယ်။ ဒါအပြင့် ပြည်ပ အထောက် အပံ့နဲ့ ချေးငွေ များကိုလည်း ရယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြား လိုပါတယ်။ "

သမ္မတကြီး ဦးသိန်းစိန် ပြောကြာသည့် ရေဒီယို မိန့်ခွန်း အသံဖိုင် (From: DVB)

ပုသိမ်သူ ရှပ်ပြေးရေယာဉ် နစ်မြုပ်

Posted by drmyochit Monday, April 01, 2013, under | No comments


ရန်ကုန်မြို့ကနေ ပုသိမ်ကို ပြေးဆွဲနေတဲ့ ပုဂ္ဂ လိကပိုင် ပုသိမ်သူ ရှပ်ပြေးယာဉ်ဟာ မတ် ၃၁ ရက် နေ့က ရန်ကုန်မြို့က ထွက်ခွာပြီး ည ၈ နာရီခွဲ အချိန်မှာ တွံတေးမြို့နဲ့ ၇ မိုင်ခန့်အကွာ  ဆူးကလပ်ရွာ အနီးတွင် ဆန်တင် သဘောင်္ တစ်စီးနှင့် တိုက် မိပြီး နစ်မြှုပ်သွားခဲ့တယ်လို့ သိရပါတယ်။
သဘောင်္ တိုက်မှုကြောင့် ကျား ၁ ဦး၊ မ ၁ ဦး သေဆုံးခဲ့ပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေကြောင်း အခင်း ဖြစ်ပွားရာ နေရာမှာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

ဒီသဘောင်္ တိုက်မှုကြောင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နဲ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

RFA Burmese
Photo: Thit Htoo Lwin Blog

ဇီးကုန်းအကြမ်းဖက်မှု သံသယရှိသူကို ဖမ်းဆီး

Posted by drmyochit Monday, April 01, 2013, under | No comments


မတ္ထီလာမြို့လမ်းမတခုပေါ်မှာ လုံခြုံရေးစောင့် ကျပ်နေ တဲ့ စစ်သားတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။

ပဲခူးတိုင်း ထဲက အဓိ ကရုဏ်းတွေ အပြင်း ထန်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက် မှုမှာ ပါဝင် တယ်လို့ သံသ ယရှိသူ ဆယ်ဦးကို ဖမ်းဆီး ထားပြီး ပေါင်းတည် ထောင် အချုပ်မှာ ချုပ်နှောင် ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန် ရှိသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ညမထွက်ရ သတ်မှတ်ချက်ကို လျှော့ပေး လိုက်ပြီး အခြေ အနေတွေ တည်ငြိမ်လာ နေပေမဲ့ ပုံမှန် အခြေ အနေ ပြန် မရောက်သေး သလို အကြမ်းဖက် မှုတွေ စခဲ့တဲ့ မိတ္ထီလာ မြို့မှာလည်း အခြေ အနေ ပုံမှန် ပြန်ဖြစ်ဖို့ အချိန် ယူရ လိမ့်မယ်လို့ ပြောကြ ပါတယ်။ အပြည့် အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပဲခူးတိုင်း အနောက် ခြမ်းက ဇီးကုန်း မြို့ဟာ မိတ္ထီလာ အကြမ်း ဖက်မှုတွေ ကူးစက် ဖြစ်ပွား ခဲ့တဲ့ ထဲက အဆိုးဆုံး ကြုံခဲ့ ရတဲ့ မြို့နယ် တစ်ခု ဖြစ်ပြီး ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့တွေနဲ့ အတူ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ မြို့ ဖြစ်ပါတယ်။ ဆူပူ အကြမ်း ဖက်မှု တွေမှာ ပါဝင် ပတ်သက် ခဲ့တယ်လို့ သံသယ ရှိသူ ဆယ်ဦးကို ဇီးကုန်း ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရား စွဲဆို ထားတယ်လို့ ဇီးကုန်း ရဲတပ်ဖွဲ့ တာဝန် ရှိသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“အခင်း ဖြစ်တဲ့ ထဲက ၁၀ ယောက် ဖမ်းထားတယ်။ ပေါင်းတည်ထောင် အချုပ်မှာ လောလော ဆယ် ထားထားတယ်။ ပုဒ်မ ၄၅၂၊ ၄၂၇၊  နောက်ပြီးတော့ ၂၉၅ ပုဒ်မ သုံးခုနဲ့ စွဲတယ် ခင်ဗျ။ အခု လက်ရှိ ကတော့ အဲဒီရုံးက ပြောရ ရင်တော့ ယမန်နဲ့ ထားတယ်။ ရုံးကတော့ တင်ထားတယ် ခင်ဗျ။ တခါတော့ စစ်ပြီး သွားပြီ ခင်ဗျ။”

ပုဒ်မ ၄၅၂ က နာကျင် စေမှုကို ဖြစ်စေ၊ လက်ရောက် မှုကို ဖြစ်စေ၊ မတရား တားဆီး မှုကို ဖြစ်စေ ကျူးလွန်ရန် ပြင်ဆင်၍ အိမ်ကျော် နင်းမှု၊ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၂၉၅ က ကိုးကွယ်တဲ့ ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ် ၀တ်ပြုသော နေရာကို ဖျက်ဆီး မှုတို့ ဖြစ်ပါတယ်။

ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ည မထွက်ရ အမိန့် ထုတ်ပြန် ထားတာကို တနင်္ဂနွေ နေ့မှာ လျှော့ချ လိုက်ပြီး ည ၈ နာရီ ကနေ မနက် ၄ နာရီ ကြား ပြောင်းလဲ သတ်မှတ် ခဲ့ပါတယ်။ ဒီလို လျှော့ချ လိုက်တာက အခြေ အနေတွေ တိုးတက် လာတယ် ဆိုတာကို ပြနေ တယ်လို့ ယေဘုယျ အားဖြင့် ပြောနိုင် ပေမဲ့ မြို့ခံတွေ ကြားမှာ စိုးရိမ် စိတ်တွေ ရှိနေသေးပြီး နဂို ပုံမှန် အတိုင်းတော့ ပြန် မဖြစ် သေးဘူးလို့ ဇီးကုန်း မြို့ခံ တစ်ဦးက ပြောပါတယ်။

“ဇီးကုန်းက အထိ နာဆုံးပဲ။ တော်တော်လေး များများ စားစားကို ပျက်စီး သွားတယ် ပေါ့နော်။ မူစလင် အိမ်တွေရော၊ ဗလီ ကျောင်း ရောပေါ့။ အတော် လေးကို ပျက်စီး ပါတယ်။ အိမ်တွေ ဘာတွေ မှာလည်း တော်တော်လေး ရစရာ မရှိအောင် ပစ္စည်းတွေ ဖျက်ပစ်တယ်။ အခြေ အနေက ပုံမှန် မဖြစ် သေးဘူး။ ပုံမှန် မဖြစ် သေးဘူး ဆိုတာက မူစလင် တွေက အခုမှ ပြန်လာ နေတယ်။ သူတို့ရဲ့ မိသားစု၊ သူတို့ အိမ်လေး တွေကို ပေါ့နော်၊ အိမ်ကလည်း အပျက် အစီး တွေနဲ့။ တချို့ အိမ်တွေဆို ပစ္စည်း ဘာမှ မရှိ တော့ဘူး။”

ဇီးကုန်းနဲ့ အလားတူ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန် ထားတဲ့ ကြို့ပင်ကောက် မြို့နယ် မှာလည်း အလားတူ အချိန် ပြောင်းလဲ သတ်မှတ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဒေသခံ လူထု၊ အရပ်ဘက် လူမှု အဖွဲ့ အစည်း တွေနဲ့ နိုင်ငံရေး ပါတီ တွေက မြို့နယ် တည်ငြိမ် လုံခြုံရေး အတွက် ပူးပေါင်း လုပ်ဆောင် ချင်တာကို မြို့နယ် တာဝန် ရှိသူ တွေက ခွင့် မပြု ဘူးလို့ ကြို့ပင်ကောက် မြို့ခံ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက် လူ့ အဖွဲ့ အစည်း၊ နိုင်ငံရေး ပါတီ တွေနဲ့ မြို့နယ် တည်ငြိမ် အေးချမ်းရေး ဆောင်ရွက် ရာတွင် သူတို့ ဆီမှာ ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တွေနဲ့ လုံလောက် ပါတယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကျနော် တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့် မပေးပါဘူး။ အဲဒါ ကတော့ ပြီးခဲ့တဲ့ သုံးရက်လုံး ကျနော်တို့ ဖြတ်သန်း ခဲ့ရတဲ့ ကျနော် တို့ရဲ့လုပ်ငန်း စဉ်ပါ။ ကျနော်တို့ အကြိမ်ကြိမ် တောင်းဆို ပါတယ်။ အကြိမ်ကြိမ် တောင်းဆိုတဲ့ နေရာမှာ သူတို့က လုံးဝ လက်မခံ ပါဘူး။”

ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ဥက္ကဋ္ဌ အဖြစ် ဦးဆောင်တဲ့ အရေးပေါ် ကာလ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီ တစ်ရပ်ကို မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်း လိုက်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုး ထားတဲ့ အမိန့် ကြော်ညာစာ တစ်ခုကို တနင်္ဂနွေ နေ့ထုတ် အစိုးရ သတင်း စာတွေမှာ ဖော်ပြ ထားပါတယ်။

လတ် တလော ဖြစ်နေတဲ့ ဆူပူ အကြမ်း ဖက် ဖျက်ဆီးမှု အခြေ အနေ တွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ အဲဒီကော် မတီကို ဖွဲ့စည်း လိုက်တယ် ဆိုပေမဲ့ ကော်မတီရဲ့ သက်တမ်း ကိုတော့ အတိအကျ ပြော မထားပါဘူး။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ပြည်သူကို ဗဟိုပြုတဲ့ ရဲ လုပ်ငန်း စနစ်ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့တွေ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက် ပေးသွားမယ် လို့လည်း ကော်မတီရဲ့ လုပ်ငန်း တာဝန်တွေ ထဲမှာ ဖော်ပြ ထားပါတယ်။

အကြမ်းဖက် အဓိကရုဏ်းတွေ စဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အရေးပေါ် အခြေ အနေ ထုတ်ပြန် ထားတာကို မရုပ်သိမ်း သေးသလို စစ်တပ် အင်အားတွေ ချထား ဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ ကလည်း ကင်းလှည် စောင့်ကျပ် နေပါတယ်။ တည်ငြိမ် လာခါစ အခြေ အနေမှာ ဖြစ်တတ်တဲ့ သဘာဝ အတိုင်း ကောလာ ဟလ တွေက လည်း ပြန့််နေ တာမို့ ပုံမှန် ပြန်ဖြစ်ဖို့ အချိန် ယူရလိမ့် မယ်လို့ မိတ္ထီလာ မြို့ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့် အေးက ပြောပါတယ်။

“စိတ်အေး လက်အေး ရှင်းရှင်း လင်းလင်းတော့ မရှိဘူး။ လူတွေက အခြေတကျ မဖြစ်သေးတဲ့ အတွက် စိတ်ပူတယ် ပေါ့နော်။ မူစလင် တွေလည်း တော်တော် များများ ထိခိုက်ထား တဲ့အ ခါမှာ မီးများ ပြန်ရှို့မလား၊ ဒီကြား ထဲမှာတော့ ဓာတ်ဆီပုံး တွေနဲ့ တွေ့တယ် ဆိုတာ မျိုးတွေ လည်း ရဲတွေက သွား ရှာတယ်။ ရဲတွေကို လှမ်း အကြောင်းကြား တယ် ဆိုတော့။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက် ကလည်း ဖြစ်တယ်။ အဲဒီတော့ ကောလာ ဟလလည်း ပျံ့နှံ့ တာလည်း ရှိတယ်။ ပုံမှန်လည်း ပြန် မဖြစ် သေးဘူးလို့ ပြောလို့ ရတယ်။ ဆိုတော့ လုပ်ယူရ ဦးမှာပေါ့ ပုံမှန် ပြန်ဖြစ်ဖို့ ဆိုလို့ ရှိရင်တော့။”

ပြည်ထဲရေး ၀န်ကြီး ဌာနက မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် ထဲမှာတော့ ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီး ထားပြီး ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက် နေတယ်လို့ ဖော်ပြ ထားပါ တယ်။

From: VOA

မာလီတပ် ပြောက်ကျား တွေကို ထိုးစစ်ဆင်

Posted by drmyochit Monday, April 01, 2013, under | No comments


 ပြင်သစ် ကြည်းတပ်တွေ သူပုန်တွေကို နှိမ်နင်း

ပြင်သစ် ထောက်ပံ့မှု ရတဲ့ မာလီ အစိုးရ တပ်တွေက မြောက်ပိုင်းက တင်ဘက်တူ မြို့မှာ အစ်စလာမ်မစ် ပြောက်ကျား တွေကို တန်ပြန် ထိုးစစ် ဆင်ခဲ့ကြ ပါတယ်။

အစ်စလာမ်မစ် ပြောက်ကျားတွေ မြို့ထဲကို ည အချိန် စီးနင်း ဝင်လာ ခဲ့ပြီးနောက် အစိုးရ တပ်တွေနဲ့ အကြာကြီး အပြန် အလှန် ပစ်ခတ် ခဲ့ကြပါတယ်။
ပြင်သစ် ကြည်းတပ် တွေနဲ့ ဂျက်လေယာဉ်တွေက ဝင်ပြီး သူပုန် တွေကို ပစ်ခတ် နှိမ်နင်းမှ တိုက်ပွဲ အဆုံး သတ်ခဲ့ ပါတယ်။

စနေနေ့ ညနေက စစ်တပ် ကင်းစခန်း တခုကို အသေခံ ဗုံးဖေါက်ခွဲသူ တဦးက တိုက်ခိုက်ဖို့ ကြိုး စားခဲ့ပြီး နောက်ပိုင်း အစ်စလာမ်မစ် တွေကို တိုက်ခိုက် နေတာပါ။ အဲဒီ ပုဂ္ဂိုလ် ကတော့ စနက် တံကို မဖြုတ် နိုင်ခင် မှာဘဲ အသတ်ခံ လိုက်ရ ပါတယ်။
အစ်စလာမ်မစ် စစ်သွေး ကြွအဖွဲ့ တဖွဲ့ တင်ဘတ်တူမြို့ကို ထိုးဖောက် ဝင်ရောက် ခဲ့ပြီး နောက်ပိုင်း အသေခံ ဗုံးဖောက် တိုက်ခိုက်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။

မာလီ စစ်တပ်ဟာ ပြင်သစ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အကူ အညီနဲ့ အစ်စလာမ်မစ် တွေ ရှိရာ ရှေ့ကိုတိုး ချီတက် နေတာ ဖြစ် ပါတယ်။

အခုနှစ် စောစောက ပြင်သစ် တပ်ဖွဲ့ဝင် တွေဟာ အစ်စလာမ်မစ် စစ်သွေးကြွ တွေကို မာလီနိုင်ငံ မြောက်ပိုင်း နေရာ အတော် များများက မောင်းထုတ် နိုင်ခဲ့ ပေမယ့် ကြိုကြား ကြိုကြား တိုက်ပွဲတွေ ကတော့ ဆက်ပြီး ဖြစ်နေ ခဲ့တာပါ။

တိုက်ပွဲ တွေဟာ ပြင်းထန်ပြီး ဆက်ဖြစ် နေတယ်လို့ မာလီ စစ်တပ် အရာရှိ တဦးက ပြောပါတယ်။ သူတို့ဟာ စစ်သွေးကြွ တွေကို ဝိုင်းရံ ပိတ်ဆို့ဖို့ လုပ်နေတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

တိုက်ခိုက်မှု တွေအတွင်း အစ်စလာမ်မစ် စစ်သွေးကြွ ၈ ဦးထက် မနည်း သေဆုံးကာ မာလီ စစ်သား တဦးထက် မနည်း သေဆုံး တယ်လို့ မာလီ ဗိုလ်ချုပ်ကြီး တဦးက ပြောပါတယ်။ အရပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တင်ဘတ်တူ မြို့မှာ အခြေ အနေ တွေက တင်းမာ နေတယ်လို့ Bamako မြို့ကို ရောက် နေတဲ့ အနောက် အာဖရိက ဆိုင်ရာ ဘီဘီစီ သတင်းထောက် Thomas Fessy က ပြောပါတယ်။

တင်ဘတ်တူမြို့ အနောက်ဘက် ဆင်ခြေဖုံး ဒေသကို အစ်စလာမ်မစ် အုပ်စု တစုက ညဘက်မှာ ဝင်ရောက် ခဲ့ပြီးတဲ့နောက် မြို့ခံ လူတွေဟာ သူတို့ရဲ့ အိမ်တွေ ထဲမှာပဲ အရံ အတားတွေ ချပြီး နေနေ ကြပါတယ်။

ပြင်သစ် တပ်တွေဟာ မာလီ စစ်တပ်ကို နာရီပေါင်း အတော် ကြာကြာ ရှေ့တန်း မှာထား တိုက်ခိုက် ခိုင်းပြီး နောက်ဆုံးမှ သူတို့ ကြားဝင် တိုက်ခိုက် ခဲ့တာလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ပြင်သစ် ဂျက် တိုက်လေယာဉ် တွေဟာ သူပုန် စခန်း တွေကို တနင်္ဂနွေနေ့ မနက်ပိုင်းက တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မာလီ နိုင်ငံမှာ နိုင်ငံရဲ့ မြို့တော် Bamako မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီး နောက်ပိုင်း အစ်စလာမ်မစ် သူပုန် တွေဟာ မာလီမြောက်ပိုင်းက နေရာ အတော်တော် များများကို ထိန်းချုပ် ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စစ်သွေး ကြွတွေ ဘမာကို မြို့ကို အထိ ရှေ့တိုး ချီတက် လာနိုင် တယ်လို့ စိုးရိမ် မှုတွေ ရှိနေတာ ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ပြင်သစ်က တပ်ဖွဲ့တွေ ပို့ပြီး ကြားဝင် ခဲ့ပါတယ်။ လောလောဆယ် မာလီမှာ ပြင်သစ် တပ်ဖွဲ့ဝင် လေးထောင်လောက် ရှိနေ ပါတယ်။

ပြင်သစ်တို့ ကြားဝင် ခဲ့ပြီးနောက် တင်ဘတ်တူမြို့ အပါအ၀င် အဓိက မြို့ကြီးတွကို ပြန်သိမ်း နိုင်ခဲ့ ပေမယ့် တောင်တန်း ဒေသမှာ တိုက်ခိုက်မှုတွေ ဆက်ပြီး ရှိနေခဲ့တာ ဖြစ်ပါတယ်။

မာလီ စစ်တပ်နဲ့ ချတ် နိုင်ငံက တပ်ဖွဲ့ဝင် ၂ဝဝဝ အပါအဝင် အာဖရိက နိုင်ငံ တွေက တပ်ဖွဲ့ တွေဟာ တိုက်ခိုက် မှုတွေမှာ ပါဝင် တိုက်ခိုက် နေခဲ့ ကြပါတယ်။

ပြင်သစ် ကတော့ လာမယ့် လမှာ သူတို့ တပ်ဖွဲ့ တွေကို မာလီက ရုတ်သိမ်းဖို့ စီစဉ် ထားပြီး အနောက် အာဖရိက နိုင်ငံတွေ ကတော့ သူတို့ တပ်ဖွဲ့ တွေကို ရွေးကောက်ပွဲ လုပ်မယ့် ဇူလိုင်လ အထိ ဆက်ထား လိမ့်မယ်လို့ ယူဆ ရပါတယ်။

From: BBC

Sunday, March 31, 2013

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို သိစေလိုသော ၂၀၁၃ ခုနှစ် ကျောင်းသားလေးရဲ့ ရင်တွင်းစကားများ

Posted by drmyochit Sunday, March 31, 2013, under | 3 comments


အစ်ကို မင်းကိုနိုင် အင်တာနက်နဲ့ Facebook စာမျက်နှာတွေ ပေါ်မှာ တွေ့လိုက် ရတဲ့ သတင်း တွေကို ဖတ်ပြီးတော့ တော်တော်ကို မချင့် မရဲ ဖြစ်မိပါတယ် အစ်ကို။ အစ်ကို့ရဲ့ ပြောဆိုမှု တွေဟာ တိုင်းပြည် ကောင်းစား ရေးကို ဟစ်ကြွေးပြီး တကယ်တမ်း ကျတော့ ကိုယ်ရေး ကိုယ်တာ မကျေနပ် ချက်တွေကို ဖွင့်ဟ နေတဲ့ မရေ မရာ စကား လုံးတွေကို ပြောနေ တယ်လို့ ထင်မိ ပါတယ်။

ကျွန်တော် တစ်ခု လောက်တော့ ပြောချင် ပါတယ်။ အစ်ကိုက ကျွန်တော်တို့ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာလုပ်ခဲ့ ဘူးလဲ။ ၈၈ အရေး အခင်း ဖြစ်ခဲ့အောင် ငါလည်း အုတ်တစ် ချပ် သဲတစ်ပွင့် အနေနဲ့ လုပ်ခဲ့ တာပဲလို့တော့ အစ်ကို မပြောလောက် ပါဘူးနော်။ အစ်ကိုက မြန်မာ နိုင်ငံမှာ မွေးတဲ့ မြန်မာ နိုင်ငံသား တစ်ယောက် ပါနော်။ မြန်မာ နိုင်ငံသား မဟုတ် ဘူးလို့လဲ အစ်ကို မပြောလောက် ဘူးလို့ ထင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုက ရေစီ ရတာမှ မကြာ သေးဘူး။ ပဋိ ပက္ခတွေ ဖြစ်နေတယ်။ ဖြစ်တဲ့ အကြောင်း အရင်းအရာရဲ့ နောက်ကွယ်က လုပ်ဆောင်တဲ့ သူတွေကို အစ်ကို အတိ အကျ သိရဲ့လား။ အစ်ကို ပြောနေတဲ့ ပုံစံက နောက်ကွယ်က လုပ်နေတဲ့သူ ရှိတယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာလည်း မခိုင်မာ မတိကျ။ ပြီးတော့ အစ်ကိုက ပြော သေးတယ်။ စနစ်တကျ လေကျင့် ထားတယ်။ ၀ီစီ မှုတ်ပြီးတော့ တပ်ဖြန့် တာတွေ၊ လူစု လူခွဲ တာတွေ ဆိုပြီး အစ်ကို ပြောတာ တွေက စစ်တပ်တို့ ရဲတို့ကို အပြစ် ပုံချ နေတဲ့ သဘောမျိုး သက်ရောက်နေတယ်။
အစ်ကို့ကို တစ်ခုလောက် ပြောချင်တယ်။ အခု ခေတ်က လူငယ် တွေနဲ့ ပြည်သူ တွေဟာ ကျောင်းသား ခေါင်းဆောင် လုပ်ခဲ့တဲ့ အစ်ကို့လို ခေါင်းဆောင် မဟုတ်ကြ ပေမယ့် ခပ်တုံးတုံး ဦးနှောက် တွေကို ပိုင်ဆိုင် ကြတဲ့သူတွေ မဟုတ်ဘူး ဆိုတာတော့ အစ်ကို့ကို သိစေချင် မိတယ်။ အားလုံးဟာ အသိဥာဏ် ရှိကြတဲ့ လူတွေ ကြီးပါပဲ။

အစ်ကိုရဲ့ အမြင် ကျဉ်းကျဉ်း လေးနဲ့ မကြည့် ပါနဲ့။ နိုင်ငံရေး သမား အယောင် ဆောင်ပြီး နိုင်ငံ တော်ရဲ့ ငြိမ်ဝပ် ပိပြား ရေးကို ပျက်ပြား စေအောင် အရေး အခင်း ပဋိ ပက္ခ ဆူပူ မှုတွေ ဖြစ်ပေါ်လာ အောင်လုပ်။ အခြေခံ လူတန်းစား တွေကို သွေးထိုး နေတဲ့ သူတွေ ကိုရော အစ်ကို မပြောတော့ ဘူးလား။ အဲဒီထဲမှာ ငါမ ပါဘူးလို့ အစ်ကို ပြောမှာပေါ့။ အစ်ကို မပါမှန်း ကျွန်တော် သိပါတယ်။

တိုင်းပြည် ကောင်းရာ ကောင်းကျိုးကို တတ်စွမ်း သရွေ့လုပ် နေကြတဲ့ သူတွေကို အစ်ကို အပြစ်ပုံ မချပါနဲ့။ လူထု ခေါင်းဆောင် အမေစုတောင် တူတာတွေကို ညှိနှိုင်းပြီး နိုင်ငံအတွက် လုပ်ဆောင် နေတဲ့ အချိန်မှာ အစ်ကို ၈၈ ကျောင်းသား ခေါင်းဆောင်လည်း လုပ်သင့် ပြီလို့ ကျွန်တော် ၂၀၁၃ ကျောင်းသား ပေါက်စက အကြံ ပေးချင်တယ် အစ်ကိုရေ။

အစ်ကို တိုင်းပြည် အတွက် အသက် ပေးရဲလား။ အသက် ပေးပြီး နိုင်ငံ အတွက် အလုပ် လုပ်နေ ကြတဲ့ ကာကွယ် နေကြတဲ့ ရဲတွေ စစ်သား တွေကို မတိုက်ခိုက် အပုတ် မချမိ ပါစေနဲ့ အစ်ကိုရယ်။ အစ်ကိုက မပုတ်ချ ဘူးလို့ ပြော မှာကိုလည်း ကျွန်တော် ယုံပါတယ်။

အစ်ကိုရေ အပြောနဲ့ တိုင်းပြည် အတွက် အလုပ် လုပ် လာခဲ့တာ အစ်ကို လည်း အသက်တွေ ကြီးနေ ပါပြီ။ လက်တွေ့ လုပ်မယ့် အချိန်ကို ကျွန်တော် စောင့်ပါတယ်။ ကျွန်တော် သေဆုံး သွားတဲ့ အချိန်ထိ အစ်ကို တိုင်းပြည် အတွက် အလုပ်နဲ့ သက်သေ မပြနိုင် သေးဘူး ဆိုရင် ကျွန်တော်လည်း အသေ ဖြောင့်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆုံးဖြတ် ထားပါတယ်။ ဒီဘ၀ ဘယ်တော့မှ အသေ မဖြောင့် နိုင်ဘူး ဆိုတာ ကိုပေါ့။

အစ်ကိုရေ ပြည်သူတွေ အကုန် သိပါတယ်။ မိတ္ထီလာ ပဋိပက္ခကို သူတစ်ပါး ထောက်ပံ့မှုနဲ့ သွား။ ဟိုရောက်တော့ စစ်ဖိနပ်အောက် ရောက်အောင် လုပ်နေတာလား ဘာလား ညာလား ဆိုပြီး ပြောနေတာ ကြားလို့ မကောင်း ပါဘူး အစ်ကို။

စစ်ဖိနပ် အပေါ်ကို အစ်ကို့ကို ရောက်စေ ချင်တယ်။ အစ်ကိုသာ စစ်ဖိနပ် အပေါ်ကို ရောက်တဲ့ စစ်သား ဖြစ်ခဲ့ရင် အစ်ကို စစ်သား တွေရဲ့ အကြောင်းကို သိခဲ့မှာပါ။ စစ်သား တွေက ရိုးရိုး သာမာန် အရပ်သားထက် ငြိမ်းချမ်း ရေးကို ပိုလို လားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ကတည်းက Road Map (၇) ချက် အတိုင်း လုပ်ဆောင် ခဲ့လို့ အခုလို ဒီမိုကရေစီ အသွင် ကူးပြောင်း ခဲ့တာပါ။

အခု ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပြီး ဒီမို ကရေစီ စည်းဝိုင်းထဲ ရောက်နေ ပါပြီ။ အခုလည်း ဒီမိုကရေစီ လမ်းဟောင်းကို ကျင့်သုံးတာ ၂ နှစ်ကျော်ပဲ ရှိသေးတယ်။ ဒီလို အချိန်မှာ ဒီစကားတွေ ပြောနေမယ့် အစား အစ်ကို တိုင်းပြည် အတွက် တစ်ခုလောက် လုပ်ပြ ပါလား အစ်ကိုရယ်။ ငါ ထောင် ကျဘူးတယ်တော့ လာမ ပြောနဲ့နော်။

အစိုးရနဲ့ တပ်မတော်က ဒီအခြေ အနေတွေမှာ အစိုး ရိမ်ဆုံး အဖွဲ့ အစည်းပါ။ ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်း အားလုံးကို ထိခိုက် စေရုံ သာမက နိုင်ငံတကာမှာ မြန်မာ နိုင်ငံရဲ့ ဗုဒ္ဓ ဘာသာရဲ့ ပုံရိပ် ကိုပါ ထိခိုက်စေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အစ်ကို တစ်ယောက်ပဲ ဟို အပုတ်ချ ဒီ အပုတ်ချ လုပ်နေတဲ့လို့ သူများတွေ ပြောနေ ကြတာကို ကျွန်တော် အသဲနာ မိတယ် အစ်ကို။

အစ်ကို ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက ဟိုပုံးမြို့ နောင်တောင်း ဘုန်းကြီးကျောင်းမှာ လာတုန်းက အစ်ကို ပြောခဲ့တဲ့ စကားလေးကို ကျွန်တော်ခုထိ မှတ်မိနေသေးတယ် အစ်ကို။ တစ်နေ့နေ့ ကြုံကြိုက် ခဲ့ရင်တော့ လူထု ခေါင်းဆောင် အမေစုကို ကျွန်တော် မေးကြည့်ရ အုန်းမယ်။

အစ်ကို ပြောခဲ့တာက “မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် လုပ်ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ် အောင်ဆန်း မဟုတ်ဘူး၊ ကိုအောင်ဆန်း ဖြစ်တယ်။ သူဝတ်ထား တာက စစ်ဝတ်စုံ မဟုတ်ဘူး၊ ကျောင်းသား သမဂ္ဂ၀တ်စုံ။ မြန်မာ့ လွတ်လပ်ရေး ရရှိရေး အတွက် ကိုအောင်ဆန်းက ကျောင်းသား ၃၀ နဲ့ ဂျပန်နိုင်ငံ စစ်ပညာတွေ သင်ပြီး လုပ်ပေးခဲ့တာ စစ်တပ် မဟုတ်ဘူး။ ကျောင်းသားတွေ” ဆိုပြီးတော့ အစ်ကို ပြောခဲ့ တာလေ။

အစ်ကို မပြောဖူး လို့တော့ မပြောနဲ့။ ကျွန်တော် အစ်ကို့ အသံကို လေးစားလို့ အသံဖမ်း ထားတာ။ အစ်ကိုရယ် ဒီ အကြောင်းကို ပြန်စဉ်း စားလိုက်ရင် ကျွန်တော်ကပဲ ဥာဏ်မမှီ တာလားတော့ မသိဘူး။ လူတိုင်းက ကျောင်းသား ဘ၀ကို ဖြတ်သန်း ပြီးမှ ရည်ရွယ်ချက် ရှိရာကို ရောက်သွား ကြတာပါ။ အစ်ကို အဲဒီလို ပြောကြေး ဆိုရင် စစ်ဘီလူးလို့ ခေါ်နေကြတဲ့ အာဏာရှင် ဟစ်တလာ ကရော ကျောင်းသားဟောင်း မဟုတ် ဘူးလား။ အစ်ကို ဖြေပေးပါ။ ကျွန်တော် မစဉ်းစား တတ်လို့ပါ အစ်ကို။

အစ်ကို စစ်တပ်ကို မုန်းတာ ကျွန်တော် သိပါတယ်။ အစ်ကိုရဲ့ ကိုယ်ရေး ခံစားချက်ကြောင့် မုန်းချင် မုန်းပါ။ စစ်တပ်ကို ချစ်နေတဲ့ ကျွန်တော်လို ၂၀၁၃ ကျောင်းသား တစ်ယောက် ကိုတော့ အတင်း မမုန်းခိုင်း ပါနဲ့ အစ်ကိုရေ။ အစ်ကို့ကို သီချင်းလေးတောင် ဆိုပြချင်တယ်။

"မုန်းခိုင်းတိုင်း မမုန်း နိုင်ဘူး၊ စစ်တပ်ကို ကျွန်တော်ချစ်တယ်"

ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို

ရန်ကုန်၊ မတ် ၃၁။
အလုပ် အကိုင် ရှားပါး မှုကြောင့် ပြည်ပ နိုင်ငံ များသို့ သွားရောက် အလုပ် လုပ်ကိုင် ကြသူ များနှင့် ပြည်တွင်း လုပ်ကိုင် သူများအား အလုပ် သမား ရေးရာ ဝန်ကြီး ဌာန အပါအဝင် သက်ဆိုင် ရာ ဌာန များမှ ထိရောက်သည့် အကာ အကွယ် ပေးရန် လိုအပ်ပြီး ဂျော်ဒန် နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် နေသူ များ၏ ဖြစ်ရပ်မှ အဓိက သာဓက တစ်ခု ဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်း သားများ အဖွဲ့မှ မသက် သက်အောင်က ပြောကြားသည်။

ဂျော်ဒန် နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် နေသူ များမှ လုပ်ခ လစာ နည်းပါးခြင်း၊ လူမျိုး အဆင့် အတန်း ခွဲခြား ဆက်ဆံခြင်း၊ အစာ အဟာရ နည်းပါးခြင်း စသည် တို့ကြောင့် တစ်လခွဲ ကျော်ကြာ ဆန္ဒပြ တောင်းဆို ခဲ့ကြသော်လည်း တစုံ တရာ တုံ့ပြန်မှု မရှိသည့် အပြင် အမျိုး သမီး အဆောင်များ ပေါ်တွင် တက်ရောက်၍ အတင်းအကျပ် အကြမ်းဖက် ရိုက်နှက်မှု များထိ ပြုလုပ်ခဲ့ မှုများကြောင့် ဆက်လက် အလုပ်လုပ် ကိုင်ခြင်း မပြုတော့ ဘဲ မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသော အလုပ် သမား များ၏ ၎င်းတို့ ကြုံတွေ့ ခဲ့ရသည့် အခက် အခဲ များအား ရှင်းလင်းမှု ပြုလုပ်စဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“အရင်ဆုံး ကာကွယ် ရမယ်၊ ပညာ ပေးရမယ်၊ သွားတဲ့ သူတွေ ကတော့ အေဂျင်စီတွေ တရား ဝင်လာ မဝင်လား ဘယ်သိ နိုင်မလဲ၊”ဟု ဂျော်ဒန်သို့ သွားရောက် ခဲ့မှုတွင် တရားမဝင် အေဂျင်စီမှန်း မသိ ခဲ့သည့် အတွက် ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တရားဝင် အေဂျင်စီ များကို အများ သိစေရန် ကြေငြာ သင့်ကြောင်း မသက်သက်အောင်က ပြောကြား သည်။

သံရုံး မရှိသည့် နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် မှုကို ဆင်ခြင် သင့်ပြီး၊ အခက် အခဲ ဖြစ်ပါ ကလည်း အစိုးရ တာဝန် ရှိသူများမှ ထိရောက် သည့် အကာ အကွယ် ပေး သင့်ကြောင်း ပြောကြားသည်။ ယခုကဲ့သို့ ပြင်ပတွင် သွားရောက် အလုပ် လုပ်ကိုင် ရခြင်းမှာ ပြည်တွင်း အလုပ် အကိုင် ရှားပါး မှုကြောင့် ဖြစ်ပြီး မြန်မာ နိုင်ငံ၏ လက်ရှိ အချိန်တွင် အလုပ် အကိုင် ရှားပါး ရခြင်းမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိ ခြင်းကြောင့် ဖြစ်ပြီး ပြည်ပ ရင်းနှီးမှု များကို ဖိတ်ခေါ် နေသော်လည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိ သောကြောင့် ယခု ချိန်ထိ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အားနည်းနေခြင်း ဖြစ် ကြောင်း ဆက်လက် ပြောကြားသည်။

မြန်မာ နိုင်ငံ၏ ပြည်တွင်း ငြိမ်ချမ်းရေး ရရှိပြီး၊ ပဠိ ပက္ခများ၊ ပြဿနာ အရှုပ် အထွေး များကို ပြေလည်အောင် ဖြေရှင်း ပြီးမှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ကြောင်း၊ သို့သော်လည်း အလုပ် သမား အရေးနှင့် ပတ်သက်၍ ပြည်ပတွင် သာမက ပြည်တွင်းရှိ အလုပ် သမား များမှာလည်း အခွင့် အရေး အပြည့် အဝ မရရှိသည့် အပြင် ပြည်ပ နိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်း များတွင်ပင် မြန်မာ လုပ်သားများ ဖိနှိပ်ချုပ်ချယ် ခံရမှုများ ရှိကြောင်းကို ဥပမာ များဖြင့် ဖြည့်စွက် ပြောကြားသည်။

“အိမ်က မိဘတွေ ကလည်း စိတ်ပူ ကြတယ် ပေါ့နော်၊ အဲချိန် မှာသာ လူကြီးတွေ ရောက်လာ ခဲ့မယ် ဆိုရင် ကျွန်တော်တို့ အတွက် အား အရမ်း ရှိသွားပါပြီ၊ အခုကျန် ခဲ့တဲ့ လူဦးရေ ကလည်း ပြန်မှာပါ၊ သူတို့မှာ မိသာစု အခက် အခဲတွေ ရှိပါတယ်၊ လူကြီးတွေ ရောက်လာ မှာကို တလလောက် စောင့်ခဲ့ ပါတယ်၊ မိသားစု အခက် အခဲ တွေနဲ့ အလွှဲ သာလို့ အလုပ် ပြန်ဆင်း ကြတာပါ။”ဟု ဂျော်ဒန် နိုင်ငံတွင် ကျန်ရှိသော အလုပ် သမား များ အလုပ် ပြန်လည် ဆင်းကြ ရခြင်းနှင့် ပတ်သက်၍ ပြန်လည် ရောက်ရှိ လာသူ တစ်ဦး ဖြစ်သည့် ကို ဇာနည်မောင်က ပြောကြားသည်။

မြန်မာ နိုင်ငံမှ တာဝန် ရှိသူများ လာရောက် ဖြေရှင်းမည့် အချိန်ကို တလ ကျော်ကြာ စောင့်ဆိုင်း ခဲ့သေးကြောင်း၊ သို့သော်လည်း လာရောက် ဖြေရှင်းခြင်း မရှိ ခဲ့သောကြောင့် မိသားစု အခြေ အနေနှင့် လက်ရှိ နေထိုင် ရသော အခက် အခဲ များကြောင့် အလုပ် ပြန်ဆင်း ခဲ့ကြကြောင်း၊ အချို့မှာ ပြန်ရန် လပိုင်းသာ ကျန်ရှိ သူများ ဖြစ်ကြောင်း၊ အလုပ် ပြန်ဆင်း သူများ အနေဖြင့်လည်း ယခင်က ကဲ့သို့ပင် အခွင့် အရေးများ မရရှိ ကြကြောင်း၊ တာဝန် ရှိသူများ အနေဖြင့် ကျန်ရှိ မြန်မာ နိုင်ငံသား အလုပ် သမား များအား အခွင့် အရေးများ ရရှိ စေရန် ဆောင်ရွက် ပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ပ နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် သူများ အနေဖြင့် မိမိ သွားရောက်မည့် နိုင်ငံနှင့် ချိတ်ဆက် ပေးသည့် အေဂျင်စီ တို့ကို စိစစ်သင့်ပြီး အထူး သဖြင့် မိန်ကလေးများ အနေဖြင့် နိုင်ငံခြား တိုင်းပြည် များသို့ သွားရောက် ရာတွင် ဆင်ခြင် သင့်ကြောင်း၊ တတ်နိုင် သမျှ သွားရောက်ခြင်း မပြု သင့်ကြောင်း အပြင် ပြည်ပ နိုင်ငံများတွင် အလုပ် လုပ်ကိုင် နေသူ များကို လည်း အစိုးရ တာဝန် ရှိသူများမှ ထိရောက်သည့် အကာ အကွယ် ပေးမှုများ ပြုလုပ် ပေး သင့်ကြောင်း၊ လက်ရှိ အချိန်ထိ အကာ အကွယ် ပေးမှု အလွန် အားနည်း နေသေးကြောင်း ကိုဇာနည်အောင်မှ ဆက်လက် ပြောကြားသည်။

လုပ်ခ လစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာ လူမျိုး များနှင့် ကိုက်ညီသည့် အစား အသောက်များ ကျွေးမွေး ပေးရန်နှင့် စက်ရုံ အုပ်ချုပ်သူ များ၏ လူမျိုးရေး ခွဲခြား ဆက်ဆံ မှုများ အဆုံး သတ်ပေးရန် ဆန္ဒပြ တောင်းဆို မှုများ ဖြစ်ပွား ခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ ကတည်းက ဖြစ်ပြီး ယခု အချိန်တွင် အလုပ် သမား အများစုမှာ မြန်မာ နိုင်ငံသို့ ပြည်လည် ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရ သည်။

ယခုအခါ ဂျော်ဒန် နိုင်ငံတွင် အခြေ အနေ အရ ဆက်လက် အလုပ် လုပ်ကိုင် နေရသော အလုပ် သမား များမှာ ၉၀၀ ခန့် ရှိသေးကြောင်း၊ ကျန်ရှိ မြန်မာ လုပ်သား များမှာလည်း ယခင် ကကဲ့သို့ အခက် အခဲများ ရှိနေ သေးကြောင်းနှင့် မြန်မာ အစိုးရ တာဝန် ရှိသူများ ဘက်မှ အကောင်းဆုံး ထိရောက်သည့် အကာအကွယ် ပေးသင့်ကြောင်း ရန်ကုန်သို့ ပြန်လည် ရောက်ရှိ လာသူများ ထံမှ သိရသည်။
ဝေယံ
မြန်မာ့ခေတ်


အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး စစ်တပ်တစ်ခုသာ စောင့်ရှောက်နေရ

Posted by drmyochit Sunday, March 31, 2013, under | No comments



မိတ္ထီလာမြို့၏ လက်ရှိ အခြေ အနေမှာ တည်ငြိမ်လျက် ရှိသော်လည်း ကျန်းမာရေး ချို့ယွင်း မှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။

မဖြူက “နေရာ တိုင်းမှာ လူတွေက ညှပ်နေ လို့ ကူး စက် မှုတွေ ပိုများလာတယ်။ လူ အချင်းချင်း ထိပြီး အိပ်ရတာ တော်တော် ဆိုးတယ်” ဟု ဆိုသည်။

ဒုက္ခသည် များထံ လှူဒါန်း မှုများကို ဆက်သွယ်ရေး စခန်းမှ တဆင့်လှူ စေခြင်းကို အချို့ လှူဒါန်း သူများက မနှစ်သက် ကြကြောင်း လှူဒါန်းသူ တဦးက ပြောသည်။

ဒေသခံ တဦး ဖြစ်သူ မသီရိ ကလည်း စိတ်ထဲတွင် ကြောက်ရွံ့ မှုများ မရှိတော့ သော်လည်း ကျန်းမာ ရေးကို စိတ်ပူ နေရ သဖြင့် အိမ်များ အမြန် ပြန်ဆောက် ပေးရေး ကိုသာ လိုလား နေကြောင်း ဆိုသည်။

၎င်းက “ကျွန်မတို့ အိမ်မြန်မြန် မရရင် ရောဂါ ကူးမယ်။ အိမ်ပြန် မဆောက် ပေးရင် ကိုယ့်မြေမှာ ကိုယ်တဲ ပဲထိုးနေ ရနေရ ကျေနပ်တယ်” ဟု ပြောပြသည်။

မိတ္ထီလာ ဒေသခံ များ၏ ကျန်းမာရေး အခြေ အနေ မှာလည်း စောင့်ရှောက် မှုများ ပိုမို လိုအပ် နေသည်ဟု ဒေသခံ ၈၈ မျိုးဆက် ကျောင်းသား ကိုထိန်မင်းခိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ကျီးလန့်စာ စား နေနေရတဲ့ အတွက် အကုန်လုံးတော့ တော်တော်လေး ဒုက္ခ ရောက်နေတယ်။ အခြေ အနေ ကိုတော့ ထိန်းနိုင်တဲ့ အခြေ အနေပါ။ ဆိုးဝါး နေတာတော့ မဟုတ်ဘူး” ဟု ဆိုသည်။

မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာ မြို့တွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်နှင့် အခြားမြို့ များတွင် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခ ဖြစ်စဉ် များ၌ ပျက်စီး ဆုံးရှုံးမှု များကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက်နှာမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပဋိပက္ခ ဖြစ်စဉ် များကြောင့် သေဆုံးသူ (၄၂) ဦး၊ ဆေးရုံတက်ရောက် ကုသသူ (၉၃) ဦး၊ ဆေးရုံမှ ဆင်းသွားသူ (၆၃) ဦးနှင့် ကုသ ဆဲ လူနာ(၃ဝ) ဦးရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီး ထားသည့် တရားခံ (၆၈) ဦးနှင့် မသင်္ကာ၍ စစ်ဆေး နေသူ (၁၅) ဦးရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အကြမ်းဖက် သူများက နေအိမ် အဆောက် အဦများ၊ ဘာသာရေး အဆောက် အဦများ၊ ဈေးဆိုင် ခန်းများနှင့် အခြား ပစ္စည်း များအား မီးရှို့ ဖျက်ဆီး ခြင်းများ ပြုလုပ်ခဲ့ရာ လူနေအိမ် (၁၂၂၇) လုံး၊ ဈေးဆိုင်ခန်း (၇၇) ခန်း၊ ရုံး (၁) ရုံး၊ ဘာသာရေး အဆောက် အဦ (၃၇) လုံး၊ ဆန်စက်/ဂိုဒေါင် (၄ ) လုံး၊ ကား/ထော်လာဂျီ (၂၁) စီး၊ ဆိုင်ကယ် (၁၂) စီး၊ သုံးဘီး ဆိုင်ကယ် (၃) စီးတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဒုက္ခသည် စခန်းတွင်းမှ အပြင်လုံးဝ ထွက်ခွင့်မရ ကြောင်း နေမကောင်း ပါက ဆရာဝန်များ လာရောက်ကြည့်ရှု
ပေးကြောင်း မိထ္တီလာ ဒေသခံ မဖြူက ပြောသည်။

၎င်းက“ဆရာဝန်တွေ ကတော့ ကြည့်တော့ ကြည့်ပေး နေတာပဲ။ ဒီမှာ မကုနိုင်တဲ့ အခါမှ ထွက်တဲ့ လက်မှတ် ယူပြီး သွားကု ရတယ်။ အပြင်ထွက် မယ်ဆိုရင် အပြင်က လာခေါ်မှ ထွက်လို့ ရတာ။” ဆိုသည်။

မတ်လ ၂၆ ရက်နေ့က ဆူပူ အကြမ်း ဖက်မှုများ ဖြစ်ပွား ခဲ့သည့် နတ္တလင်း မြို့တွင် အခြေ အနေများ တည်ငြိမ် လျက် ရှိသော်လည်း ကျန်းမာရေး အခြေအနေမှာမူ စိတ်ချလုံခြုံမှု မရှိကြ သေးကြောင်း ထပ်မံ ဆူပူ မှုများ ဖြစ်ပေါ် လာမည်ကို စိုးရိမ် နေကြကြောင်း ဒေသခံ တဦးဖြစ်သည့် ကိုလွင်သန်းက မဇ္ဈိမကို ပြောသည်။

ဇီးကုန်း မြို့တွင်လည်း ဒေသခံ များက စိတ်ချ ရမှုကို လိုချင် နေကြကြောင်း ဇီးကုန်း ဒေသခံ မ၀င်းမာက ဆိုသည်။

မ၀င်းမာက “ တော်တော်ကို စိုးရိမ် နေကြတယ်။ လူတွေက ကြောက်နေတာ ထပ်ဖြစ်မလား။ လာပြီး ဖျက်ဆီး မလား ဒါကိုပဲ နေ့တိုင်း စိုးရိမ် နေကြတာ” ဟု ဆက်ပြောသည်။

ကြို့ပင်ကောက် ဒေသခံ မခင်မူက ကျန်းမာရေး စောင့်ရှောက်မှု များမှာ လိုအပ် သည်ထက် လျော့ကြောင်း ဆိုသည်။

အစိုးရမှ အကြမ်းဖက်မှု၊ မီးလောင် ကျွမ်းမှုနှင့် အဓိ ကရုဏ်း များကြောင့် အိုး အိမ် စွန့်ခွာ ခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စားဝတ် နေရေး၊ လုံခြုံ ရေးကို အပြည့် အ၀ ကူညီ ဆောင်ရွက် သွားမည် ဖြစ်ပြီး အခြေ အနေ တည်ငြိမ် လာသည်နှင့် အမျှ ဒုက္ခ သည်များ ပြန်လည် နေရာ ချထား ရေးကို အမြန် ဆုံးဆောင် ရွက်သွား မည်ဟု သတင်း ထုတ်ပြန်ရေး အဖွဲ့၏ (၇/ ၂၀၁၃) တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆို ပါ ကြေညာ ချက်တွင် အစိုးရ အနေနှင့် လိုအပ်သော လူသားချင်း စာနာသည့် အကူ အညီ များကို ပေးနိုင်ရန် အတွက် လူထု အခြေပြု၊ လူ့ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိ ကများ နိုင်ငံ တကာ အဖွဲ့ အစည်း များနှင့် လက်တွဲ ဆောင်ရွက် သွားမည် ဟု ပါရှိသည်။

From : မဇ္ဈိမ

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမားများ အလုပ်ရှင်ကို လျော်ကြေးပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

Posted by drmyochit Sunday, March 31, 2013, under | No comments



ဂျော်ဒန်မှ ပြန်ရောက် လာသည့် မြန်မာ အလုပ် သမား များကို မတ်လ ၂၉ ရက်နေ့က ရန်ကုန် လေဆိပ် တွင်  တွေ့ရစဉ်

ဆန္ဒပြမှု ဖြစ်ပွား ခဲ့သည့် ဂျော်ဒန် နိုင်ငံ အထည်ချုပ် စက်ရုံမှ မြန်မာ အလုပ်သမား ၉၁ ဦး မြန်မာနိုင်ငံ သို့ ပြန်လာနိုင်ရန် အလုပ်ရှင်အား လျော်ကြေး ပေးခဲ့ ရကြောင်း အဆိုပါ အလုပ် သမားများ ထံမှ သိရသည်။

အဆိုပါ အလုပ်သမား ၉၁ ဦးသည် အလုပ်ရှင်အား တစ်ဦးလျှင် ဒေါ်လာ ၃၀၀ လျော်ကြေးငွေ ပေးကာ မတ်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“အလုပ်ရှင်က အလုပ် သမား တစ်ဦးကို လျော်ကြေးငွေ ဒေါ်လာ လေးရာ တောင်းပါတယ်။ ကျွန်မတို့ရဲ့ ဖူလုံကြေး၊ လုပ်သက် စုကြေး အတွက် စုစုပေါင်း ဒေါ်လာ ၄၀၀ ပေးတယ်၊၊
အဲဒီ ထဲက သူတို့ကို လျော်ကြေးငွေ အဖြစ် ဒေါ်လာ သုံးရာ ပေးခဲ့ ရတယ်။ ကျွန်မတို့ လက်ထဲမှာ ရှိတဲ့ ဒေါ်လာ တစ်ရာ တည်းနဲ့ပဲ ပြန်လာခဲ့ ရတာပါ။ တချို့ ကလည်း အိမ်ပြန်ဖို့ လုံးဝ အဆင် မပြေတဲ့ အတွက် နေခဲ့ ရတယ်။

တချို့ကတော့ လုပ်သက် ပြည့်တော့မှာ ဖြစ်တဲ့အတွက် ကြိတ်မှိတ်ပြီး လုပ်နေ ကြရ တာရှိတယ်။ အားလုံး ကတော့ ပြန်လာချင်ပြီ” ဟု အလုပ်သမား တစ်ဦးဖြစ်သူ မသက်နွယ် စိုးကျော်က ပြောပါသည်။
မြန်မာ အလုပ်သမား ၁၃၀၀ ကျော်နီးပါး အလုပ် လုပ် ကိုင်နေသည့် ဂျော်ဒန် နိုင်ငံရှိ စီအမ်ဂျေ အထည်ချုပ် စက်ရုံတွင် အေဂျင်စီမှ ပြောသော လစာငွေနှင့် မကိုက် ညီမှု၊ အစား အသောက် ဖိနှိပ်မှု၊ လူမျိုးရေး ဖိနှိပ် ခံရမှု တို့နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ မတ်လ ၂၅ ရက်နေ့ အထိ ဆန္ဒပြ မှုများ ဖြစ်ပွား ခဲ့သည်။

ထို့ပြင် ဂျော်ဒန် အထည် ချုပ်စက်ရုံ အလုပ် ရှင်မှာ တရုတ် လူမျိုး ဖြစ်ပြီး မတ်လ ၂ ရက်နေ့တွင် အလုပ် ရှင်၏ လူယုံများဖြစ်သော ဂျော်ဒန် လူမျိုး အလုပ် သမား များကို ငွေပေးကာ မြန်မာ အလုပ် သမား များအား ဆွဲလား
ရမ်းလား လုပ်မှုကြောင့် ခိုက်ရန် ဖြစ်ပွားခဲ့ပြီး မြန်မာ အမျိုး သမီး လေးဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။
“အဲဒီမှာ အေဂျင်စီက ကျွန်မတို့ကို လွှတ်တော့ တစ်လကို လစာ ဒေါ်လာ ၅၀၀ ရမယ်လို့ ပြောတယ်။ တကယ် တမ်း ငွေရှင်းတော့ တစ်လကို ၁၅၈ ဒေါ်လာပဲ ရတယ်။ မြန်မာ ငွေနဲ့ တွက်ရင် တစ်လကို တစ်သိန်း နှစ်သောင်း ပဲရတယ်။ ခြောက်လ အထိ လစာ တိုးပေး မလား ဆိုပြီး စောင့်ပါ သေးတယ်။ ဒါပေမဲ့ သူတို့ က လုံးဝ မတိုး ပေးဘူး၊၊

လစာ မကောင်းလို့ အစား အသောက်များ ကောင်းမလား ဆိုတော့ အစား အသောက်လည်း မကောင်းဘူး။ အဲဒီ အတွက် အလုပ် သမား တွေက ကိုယ့်ရဲ့ လစာ ကြေးထဲ ကနေပဲ ချက် ပြုတ်ပြီး စားခဲ့ ရတယ်။ အလုပ် သမား ၀န်ကြီး ဌာန အနေနဲ့ အလုပ် သမား အရာရှိ နှစ်ဦး စေလွှတ် မယ်လို့ ပြောပေမယ့် လက်တွေ့ မှာ ရောက်မလာ ခဲ့ပါဘူး” ဟု ၎င်းက ပြောပြ ခဲ့သည်။
မြန်မာ အလုပ် သမားများ အနေဖြင့် လုပ်ခ လစာ တိုးပေးရေး အပါအ၀င် လူမျိုး ဖိနှိပ်မှု မရှိရေး၊ အစား အသောက် အဆင် ပြေအောင် ကျွေးရေး စသည့် အချက် သုံးချက်အား ဆန္ဒပြ တောင်းဆို ခဲ့သော်လည်း အလုပ်ရှင် အနေဖြင့် လိုက်လျောခြင်း မရှိခဲ့ကြောင်း သိရသည်။
အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် သံရုံး ဖွင့်လှစ် ထားခြင်းမရှိ သည့် ဂျော်ဒန် နိုင်ငံတွင် ပြဿနာ ဖြစ်ပွား ခဲ့မှုကို ဂျော်ဒန် နိုင်ငံနှင့် အနီး စပ်ဆုံး အစ္စရေး သံရုံးမှ တစ်ဆင့် ဖြေရှင်း လျက် ရှိပြီး ယင်းနေ ရာသို့ အတွေ့ အကြုံ ရှိသည့် မြန်မာ အလုပ် သမား အရာရှိ နှစ်ဦးကို စေလွှတ်  မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ထားသည်။
From:eleven

Eiffel မျှော်စင် ဗုံးလန့်မှုဖြစ်

Posted by drmyochit Sunday, March 31, 2013, under | No comments



ပဲရစ်မြို့တော် Eiffel မျှော်စင်အနီး ပြင်သစ်စစ်သားများ စောင့်ကြပ်နေစဉ်။ (မတ်လ ၃၀ ရက်၊ ၂၀၁၃)။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က Eiffel မျှော်စင်ကြီးကို စနေနေ့က ၂ နာရီလောက်ကြာအောင် ရဲက ရုတ်တ ရက် ပိတ်ပစ် ခဲ့ရပြီးတော့ လူပေါင်း ၁,၄၀၀ လောက်ကို ဘေးလွတ်ရာကို သွားခိုင်းခဲ့ရပါတယ်။

ဘယ်သူ ဘယ်ဝါမှန်း မသိရသူတဦးက ဖုန်းခေါ်ပြီး ဗုံးရှိတယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

အနှံ့ခံခွေး တွေနဲ့ ဗုံးကို လိုက်ရှာပြီးမတွေ့တော့ မျှော်စင်ကို အများပြည်သူအတွက် ပြန်ပြီး ဖွင့်ပေးခဲ့ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်