Friday, April 05, 2013

ဘူးသီးတောင်မှ သံဃာတော်အား ကိုယ်ထိလက်ရောက် စော်ကားရာတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

Posted by drmyochit Friday, April 05, 2013, under | 1 comment


မတ်လ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့ ၊ ဓမ္မ မဏ္ဍိုင်ကျောင်းမှ ဦးပညာ သီရိအား မူဆလင် ဘာသာဝင် ဘင်္ဂလီ သုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားရာတွင် ပြစ်မှု ကျူးလွန်သူ နှစ်ဦးအား ယနေ့ တွင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း ဘူးသီးတောင် တရားရုံးက ဆိုသည်။
ဘူးသီးတောင် အကျဉ်းထောင်

အဆိုပါ ဘင်္ဂလီများ ကိုယ်ထိလက်ရောက် ကျူးလွန်သည်မှာ မှန်ကန်ကြောင်းကို တရားခံများ ထွက်ဆို ထား သဖြင့် တရားဥပဒေအရ ပုဒ်မ(၄၅၂)၊ သာသနာကို အကြည်ညိုပျက်စေမှု ပုဒ်မ (၂၉၅)တပ်ကာ ရဲ စွဲချက် တင် ခဲ့ကြောင်း မတ်လ (၂၉) ရက်နေ့က သိရှိခဲ့သည်။

သံဃာတော်အား ကိုယ်ထိလက်ရောက်စော်ကားသူများမှာ ပုဇွန်ချောင်းကျေးရွာမှ ကာမာလ်(၂၂) ဟာမတ် တူဆောင်း(၂၀)နှင့် အီနူးဆ်(၁၉)နှစ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ယနေ့တွင် တရားရုံးက ပြစ်ဒဏ် ချမှတ်ခံ ရသူနှစ် ဦးအား မည်သူဖြစ်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

From:   Arakan Times 

SSA(ဝမ်ဟိုင်း)အဖွဲ့မှထောင်ထားသောမိုင်းအားနင်းမိ၍ ရွာသား၂ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

Posted by drmyochit Friday, April 05, 2013, under | No comments

တန့်ယန်းမြို့နယ်၊ ကောင်ဆိုင်ရွာ မှ ယနေ့ညနေ ၅ နာရီချိန် ခန့်တွင် သောက်ရေ ခပ်ရန် ရေလို သဖြင့် ရေခပ်ရန် ထွက် လာသော ရွာသား များသည် SSA(ဝမ်ဟိုင်း) အဖွဲ့မှ ထောင် ထားသော မိုင်းအား နင်းမိ၍ ပေါက်ကွဲ မှုဖြစ် ခဲ့ရာ ရွာသား၂ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရရှိ (မစိုးရိမ်ရ) ကြောင်းသိရှိရသည်။ ဟွန်တရွာ ရွာသား မောင်ကျိုင်းလုံစံ၊ အသက်(၂၅)နှစ်၊ (အဘ) ဦးလီကြူးစံ၊ ဘယ်ခြေသလုံး ၂ ချက်၊ ညာပေါင် ၃ ချက်၊ ညာဒူးအောက် ၁ ချက်၊ ကောင်းဆိုင်ရွာ ရွာသား မောင်စိုင်းဟင်၊ အသက် (၂၁)နှစ်၊ (အဘ) ဦးစိုင်း ခင်ကြံ၊ ညာခြေသလုံး ရှပ်ထိ ၁ ချက် ထိခိုက်ဒဏ်ရာရှိ(မစိုးရိမ်ရ) ကောင်းဆိုင်ရွာ ရွာသား ဦးစိုင်းခင်ကျန်၊ အသက် (၅၅)နှစ်၊ (အဘ)ဦးစိုင်းလုံဟန်၊ ဘယ်ခြေ သလုံး ကျိုး၊ ဘယ်တင်ပါး ၂ ချက်၊ ဘယ်ဝမ်းဗိုက် ၂ ချက်ထိ မှန်(သေဆုံး)၊ ကောင်းဆိုင်ရွာ ရွာသား ဦးကျိုင်းဟန်စံ၊ အသက် (၄၃)နှစ်၊ (အဘ) ဦးကျိုင်လုံးစံ၊ ညာဆီး စပ် အစ ၂ ချက်ထိမှန် သေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။ တပ်မတော် စစ်ကြောင်း များမှ လိုအပ် သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။



From: Oppositeyes

အဗ္ဗဒူလာမင်းကိုနိုင် သို့ မိတ္ထီလာသားတစ်ဦးထံမှ အိတ်ဖွင့်ပေးစာ...

Posted by drmyochit Friday, April 05, 2013, under | No comments


မြန်မာပြည်မှာ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ မင်းကိုနိုင်ဆိုတဲ့ မင်း.က ရှေ့ တန်းက နာမည် ၀င်ယူလေ့ ရှိတာဆိုတာ ရိုးနေပြီ။ ရခိုင်ပြည်နယ် မွတ်ဆ လင်-ဗမာ အထိကရုဏ်း ဖြစ်တုန်းကလဲ မင်း . ပါခဲ့တာပဲ… ဒါပေမယ့် မင်းက ငါတို့ တိုင်းရင်းသား ရခိုင်တွေဘက်ကမဟုတ်ဘူး. မွတ်ဆလင်တွေဘက်က ပါခဲ့တာ။

အခု ငါတို့မိတ္ထီလာမှာ မွတ်ဆလင်-ဗမာအရေးအခင်းဖြစ်တော့လဲ မင်း.ပါ လာပြန်တယ်။ ဆင်တစ်ကောင် လုံး တွေ့နေတာတောင် ဆင်ခြေ ရာ ရှာသလိုမျိုး အထာတွေ မင်း.လုပ်ခဲ့တာ။ ငါတို့မြို့ ရဲ့ဖြစ်စဉ် ကို သေ ချာပြန်စဉ်းစား ကြည့်စမ်း။ မွတ်ဆလင် လူမျိုး ပိုင်တဲ့ ရွှေဆိုင် တစ်ဆိုင်ကို ဗမာလင်မ ယားနှစ်ယောက် က ရွှေလာရောင်းတယ်.။ ဒါကို ကလိမ်က ကျစ်ကျပြီး ရွှေခိုးတယ်၊ ဈေးနှိမ်တယ်.။ မကျေနပ် လို့ ပြန်ပြောတော့ ဆိုင်ရှင်မွတ်ဆလင်တွေက လူအုပ်စုနဲ့ ရွှေလာရောင်း တဲ့ ယောက်ျားကို ဝိုင်း.ထိုးတ ယ်၊ တုတ်နဲ့ ရိုက်တယ်၊ မိန်းမကိုကျတော့ ပါးရိုက်တယ်။ အဲဒီ ကနေ စဖြစ်တာ။ ဒီနေရာမှာ မင်း. ရော ခံရတဲ့သူသာဆိုရင် ဘယ်လိုနေမလဲ၊ မင်း.ညီမ ဆိုရင်ရော မင်း.ဘာ လုပ်မှာလဲ။ ဆိုင်ရှင် ကုလားတွေကို ထိုင်.ကန်တော့ပြီး တောင်းပန်မှာလား။

 ပြောလို့တော့ မရဘူးပေါ့ကွာ. မင်း.က ကုလားတွေ ရဲ့အထောက်အပံ့တွေ ယူနေတဲ့သူဆိုတော့ အဲလိုလုပ် ရင်လဲ လုပ်မှာပေါ့။ မင်း.မျက်နှာကိုမင်း. မှန်ထဲ ပြန်ကြည့် လိုက်အုံး နှာခေါင်းကချွန်ချွန်နဲ့ ကုလားရုပ် ပေါက်နေ တာ မင်း.သတိမထားမိပေမဲ့ မြင်တဲ့သူတွေ အကုန်သိတယ်။ ကြက်မှာအမျိုး လူမှာ အရိုး တဲ့.။ ဒီစကား မင်း.ကြားဖူးမှာပါ၊ ကုလားရုပ်ပေါက်နေတဲ့ မင်း.က ကုလားတွေဘက်က လိုက်ပြီး ပြော တာ မဆန်းပါဘူး ကွာ။ အရင်တုန်းကတော့ မင်း.ကို ၈၈ ကျောင်း သားခေါင်းဆောင်၊ ထောင်ထဲ မှာ အကြာကြီးနေခဲ့ ရတယ်ဆိုပြီး မင်း.ကို သနားပြီး ကိုယ်ချင်းစာခဲ့တာ။ အခုတော့ မင်း.က ကုလားဘက်ကလိုက်ပြီး အရှက်မရှိ ပြောဆိုနေလို့ ငါတို့မြို့ကလူတွေ မင်း.ကို လုံးဝကြည့် မရတော့ဘူး။ ကုလားကျွေးတာစားပြီး ကုလား စကား မပြောတတ်ပေမဲ့ ကုလားလူမျိုး ထိတော့ မင်း.က နာတတ်နေပြီပေါ့ ဟုတ် လား။ ဘာလဲ မင်း.က ကုလားတွေ ဆီက နောက်ထပ် အထောက် အပံ့ တွေ မရမှာကို စိုးရိမ်နေ လို့လား။ မင်း.တို့ မိတ္ထီလာ လာတုန်းက အပြေးမြန်သွားလို့ ကံကောင်း တယ်မှတ်ပါ. မဟုတ် လို့ကတော့ မင်း.ကိုယ့်လိပ်ပြာကို ဘယ်မှာရှာရမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး၊ ငါတို့ အညာ သားတွေ ကုလား ဘယ်လောက်မုန်းလဲဆိုတာ မင်း.မသိသေးရင် ကျောက်ပန်းတောင်းကို သွားပြီး ကုလားအကြောင်း သွားပြောကြည့်။

အခုဖြစ်စဉ် မှာ မင်း.ငါတို့ဘက်က ကာကွယ်ပြီး ဘာပြောခဲ့လဲ၊ ဘာပြောရဲလဲ၊ မင်း.ပြောတဲ့ပုံစံက ငါတို့ကပဲ ငြိမ်ခံနေရမှာလိုလိုနဲ့၊ အဲဒီတုန်းက ငါတို့ဘက်က ရပ်တည်ပြီး ပြောခဲ့တာဆိုလို့ သီတဂူဆရာတော်ကြီး ပဲရှိတယ်။ မိတ္ထီလာက လူတွေက မင်းကို မင်းလာတဲ့နေ့က ည ၁၀ နာရီမထိုးခင် မိတ္ထီလာက အပြီးထွက် သွားဆိုလို့ မင်း. အရှက်မရှိ တိုးတိုးတိတ်တိတ်နဲ့ ပြန်သွားခဲ့ရတယ် ဆိုတာကို မင်းအသိဆုံးဖြစ်မှာပါ။

ဒီလ (၁) ရက်နေ့က ငါတို့ဆီကို ၈၈ ကျောင်းသားတွေ လာမယ်ဆိုလို့ မျှော်နေတာ. စောင့်နေတာ။ မင်း.များ ပါလာမလားလို့၊ မြအေးနဲ့ နီလာသိန်းတို့ပဲ ရောက်လာတာ။ မင်း.လိုက်မလာရဲတော့လို့ မလိုက်တော့ တာတဲ့.၊ မင်း. ပါမလာတဲ့အတွက် ငါတို့မြို့သားတွေ မချင့်မရဲဖြစ်နေကြတာ။ မင်း.ကို ဆုံးမချင် တဲ့ကောင်တွေ အများကြီး. ကျင်းတူး မြေမြှပ်စရာမလိုဘဲ အပျောက်ဖျောက်မလို့၊ မင်း.ကံကောင်း တယ်မှတ်၊ မင်း.သိအောင် ငါပြောလိုက်မယ်. မင်း. ဘယ်တော့မှ ငါတို့မိတ္ထီလာကို ကျော်ပြီးလာ ဖို့မစဉ်း စားနဲ့၊ တစ်သက် လုံး မင်း.မှတ်ထား၊ အသက်ချင်းလဲ ပစ်လိုက် မယ်။ ဗမာလူမျိုးအတွက် မင်းကိုသတ်ပြီး ကြိုးစင် တက်လိုက်မယ်။ မင်းကို ကုလားဘက်ပါလွန်းလို့ ငါတို့ မိတ္ထီလာ သားတွေက အဗ္ဗဒူလာမင်းကိုနိုင် ဆိုပြီး နာမည် ပေးထားတယ်...။

မင်း.ကို အရှင်ဝီရသူကလည်း ပြောနေပြီ. ကုလားလူ ဖြစ်နေပြီတဲ့. အဲဒါ အလကားပြောတာ မဟုတ်ဘူး။ ကုလားတွေဘက်ကပဲ အမြဲတမ်းလိုက်ပြောနေလို့ မင်း.အပြောခံရတာ။ ဒီအချိန်က အပြောနဲ့တင် ရတဲ့အ ချိန် မဟုတ်တော့ဘူး၊ အလုပ်နဲ့ သက်သေပြမှ ယုံကြတော့တာ။ မင်း.လို သူများမကောင်းကြောင်း. ကိုယ်. ကောင်းကြောင်းလောက်သာ ပြောတတ်တဲ့ အပေါစား စကားလုံးတွေနဲ့ လျှောက်ပြောမနေနဲ့တော့. နားထောင် နေတဲ့လူတွေက မင်း.လို အရှက်မရှိ၊ အဆင့်မရှိတဲ့ခပ်တုံးတုံးလူတွေမဟုတ်တော့ဘူး။ ငါတို့ လူမျိုးတွေက ကောင်းရင် သူများထက် ကောင်းတယ်။ ဆိုးရင်တော့ သူများထက် ဆယ်ဆမက ဆိုး တယ်ဆိုတာ မင်း.ကောင်းကောင်း မှတ်ထားပါ. ။

ထီလာသား
From: OPP 

သင်္ကြန်မှာ အဖော်အချွတ်ဝတ်မှ ခေတ်မီတာမဟုတ်ဘူး လို့ပြောတဲ့ ဆုရွှန်းလဲ့

Posted by drmyochit Friday, April 05, 2013, under | No comments


 သင်္ကြန်မှာ ဖက်ရှင် အလန်းတွေနဲ့ အဖော် အလျွတ် ၀တ်မှုတွေ အပေါ် အနုပ ညာရှင် တစ်ယောက် ဖြစ်တဲ့ ဆုရွှန်းလဲ့က အခုလို ဝေဖန် အကြံ ပေးခဲ့ ပါတယ်။ “သင်္ကြန်မှာ အ၀တ် အစား ၀တ်ရင် အကြောင်း အကျား တွေ ၀တ်ရမယ်လို့ ဘယ်သူက သတ်မှတ် လိုက်တာလဲ မသိဘူး။ သင်္ကြန် ဆို အဲဒါတွေပဲ ၀တ်ကြတယ်။ ဓါတ်ပုံ ရိုက်ရင်လည်း အဲဒီလိုတွေ ရိုက်ကြ တာ စိတ်ညစ်တယ်။ အခု နောက်ပိုင်း သင်္ကြန် ဓါတ်ပုံတွေ တောင် မရိုက် ချင် တော့ဘူး။ ပြီးတော့ အဖော် အချွတ်တွေကို သင်္ကြန် ဖက်ရှင်အဖြစ် ၀တ်ရ မယ်လို့ ဘယ်သူကမှ အမိန့် မချထား ပါဘူး။ ဒါပေမယ့် အဲဒါတွေ ၀တ်မှ ပဲ သင်္ကြန်မှာ ခေတ်မီ တော့မယ့် ပုံစံ ဖြစ်နေတယ်။ တကယ်ဆို သင်္ကြန် မှာ ပိုပြီးတော့ လုံလုံခြုံခြုံလေး ၀တ်သင့်တယ်။ အသားအရေတွေ နေလောင် တာတို့၊ ရေဒဏ် ခံရတာတို့ ဖြစ်တတ်လို့ ကိုယ်တွေဆို ပိုပြီးတောင် လုံခြုံအောင် ၀တ်ပါတယ်။ သာမန် လူတွေ ၀တ်တာ ရိုင်းရင် သိပ်အပြော မခံရ ပေမယ့် အနုပညာရှင်တွေ ဖြစ်တဲ့ အတွက် အဲဒီလို ၀တ်တာ တွေ့ခဲ့ရင် ပြောစရာတွေ ကျန်နေခဲ့ရော။ အဲဒီတော့ ဆင်ခြင် သင့်တယ်။ ပြီးတော့ အရက်သောက် ကြတာ တွေပေါ့။ သင်္ကြန်ဆို အရက်တွေ သောက်ကြရ မယ့် ရာသီလိုပဲ။ အပြိုင်အဆိုင် သောက်နေကြတာ မဖြစ်သင့်ဘူး။ ကိုယ့်ရိုးရာ သင်္ကြန်မှာ ပျော်ကြတာ ကောင်းပါတယ်။ ဒါပေမယ့် သရုပ်ပျက် ကြတာ တော့ မကောင်းဘူးလို့ ပြောချင်တယ်” လို့ ဆုရွှန်းလဲ့က သင်္ကြန်မှာ အဖော်အချွတ်တွေ ၀တ်တာတွေနဲ့ ပက်သက်ပြီး သူမက ဝေဖန် သွားပါတယ်။
 

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား

Posted by drmyochit Friday, April 05, 2013, under | No comments



လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ် လိုသူ တိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက် တွေကို ကျွမ်းကျင်သူ တွေက အောက်ပါ အတိုင်း အကြံပြု ရေးသား ထားပါတယ်။
အကောင်း ဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်း တယ် ဆို တာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ် လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစု မှာပါ တဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစ နစ်ကို ကျန်းမာစေ ပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိ သင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည် တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော် ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက် ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစု တာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေ အပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေ ပါတယ်။

အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း သကြား ဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက် တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိ ကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံ စာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါ တယ်။

အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစား အစာတွေ ကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်း လာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ် ရပ်အ ရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် - ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက် ပေးတယ် လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်း အတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာ သူတွေ က ဆိုပါတယ်။

ကြယ်စင်

Ref: Good Health

ရိုဟင်ဂျာအရေး အီရန်ဦးဆောင်နိုင်ငံတစ်ခုဖြစ်လာ

Posted by drmyochit Friday, April 05, 2013, under | No comments


မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များ အရေးနှင့် ပတ်သက် ၍ ထောက်ခံသည့် နိုင်ငံများ ထဲတွင် အီရန် နိုင်ငံ သည် ဒေသတွင်း အာရပ် နိုင်ငံများနှင့် နှိုင်းယှဉ် ပါက ပိုမို ခိုင်မာသည့် အနေ အထား တရပ် တွင် ရှိနေပြီး ဦးဆောင် နိုင်ငံ တစ်ခုဖြစ် လာနေကြောင်း နိုင်ငံရေးလေ့လာဆန်းစစ်သူ Intifad Qanbar က အီရန်နိုင်ငံ အခြေစိုက်Press TV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

နယူးယော့ခ် အခြေစိုက် လူ့ အခွင့် အရေး စောင့်ကြည့် လေ့လာ သည့် အဖွဲ့က မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ အချို့တွင် ဖြစ်ပွား ခဲ့သည့် ပဋိ ပက္ခများ အပေါ် သုံးသပ်ချက် အစီရင်ခံစာ ထွက်လာပြီး နောက်ပိုင်းတွင် Qanbar က အထက်ပါ အတိုင်း မှတ်ချက်ပြု ခဲ့ခြင်းဖြစ်သည်။

၎င်းက မြန်မာ နိုင်ငံတွင်းဖြစ် ပွားခဲ့ သည်များ အပေါ် နိုင်ငံ တကာ အသိုင်း အ၀ိုင်းမှ အဘယ့်ကြောင့် လစ်လျူ ရှုနေပါ သနည်း ဟူသော မေးခွန်း အပေါ် ပြန်လည် ဖြေကြား ခဲ့ရာတွင် အာရပ် နိုင်ငံများ အဖွဲ့ချုပ်နှင့် မွတ်ဆလင် အဖွဲ့ချုပ်တို့မှ ဦးဆောင်၍ နိုင်ငံ တကာ အဖွဲ့အစည်း များမှ မြန်မာ နိုင်ငံ အပေါ် ဖိအားပေး သွားရန် ကြိုးပမ်း ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တွင်းရှိ မွတ်ဆလင် ဘာသာဝင် များအား အကာ အကွယ် ပေးရေး ဆောင်ရွက် မှုတွင် အခြား အာရပ် နိုင်ငံ အများစုနှင့် နှိုင်းယှဉ် ပါက အီရန် နိုင်ငံနှင့် တူရကီ နိုင်ငံ တို့က ပိုမို ရပ်တည် ဆောင်ရွက် နေကြောင်း ပြော ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံ တကာ အသိုင်း အ၀ိုင်း အထူး အားဖြင့် အနောက် တိုင်းမှ ဘက်လိုက် ဆက်ဆံ မှုများ ရှိနေကြောင်း မွတ်စလင် များအပေါ် အကာအ ကွယ် ပေးရေး လုပ်ဆောင် မှုများကို အနောက် တိုင်းမှ ဆောင် ရွက်မည် မဟုတ် ကြောင်း လည်း ၎င်းက ထည့်သွင်း ပြောကြား ခဲ့သည်။

နယူးယော့ခ် အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့သည် မြန်မာ အစိုး ရအား နိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွား ခဲ့သည့်ဖြစ် ရပ်များ အတွက် စုံးစမ်း စစ်ဆေး မှုများ ပြုလုပ် ရန် တိုက်တွန်း ခဲ့ပြီး ဂြိုလ်တု ဓာတ်ပုံများ ထုတ်ပြန်ကာ မိတ်္ထီလာ မြို့တွင်းတွင် အနည်းဆုံး အဆောက် အအုံပေါင်း ၈၀၀ ထက်မ နည်း ဖျက်ဆီး ခံခဲ့ရ ကြောင်း ယင်း ဓာတ်ပုံ များ ကပြ သနေ သည် ဟု သတင်း ထုတ်ပြန်ခဲ့သည်။         

Ref:Press TV, South China Morning Post
Credit: Myanmartandawsint Newspaper 

ပင်လယ် ဓါးပြများ သတ်ဖြတ်၍ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၂၇ ဦး သေဆုံး၊ ၄ ဦးပျောက်ဆုံး

Posted by drmyochit Friday, April 05, 2013, under | No comments


ပင်လယ် ဓါးပြများ၏ လက်ချက်ကြောင့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၂၇ ဦး သေဆုံးခဲ့ပြီး ၄ ဦးမှာ ယခု အချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။
ပူဆွေးနေသော မိသားစု တစ်ခု (ဓါတ်ပုံ-အင်တာနက်)
လွန်ခဲ့သော (၂) ရက် အတွင်း နောက်ထပ် အလောင်း (၆) လောင်းကို ရှာဖွေတွေ့ရှိပြီးနောက် သေဆုံးသူ ငါးဖမ်းသမား  အလောင်း ၂၇ လောင်းကို ရရှိပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။

သေဆုံးသွားသူ ငါးဖမ်းသမားများမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ခရိုင် ဘန်ချာခါလီ ( Banshakhali) မြို့နယ်မှ ဖြစ်ပြီး ပင်လယ်ပြင်သို့ သစ်သား ငါးဖမ်းစက်လှေ နှစ်စီးဖြင့် ငါးဖမ်း ထွက်စဉ် အသတ် ခံခဲ့ကြရသည်ဟု သတင်းများတွင် ဖေါ်ပြသည်။

ငါးဖမ်းစက်လှေ နှစ်စီးပေါ်တွင် လူပေါင်း ၃၁ ဦး ပါဝင်ပြီး လွန်ခဲ့သော တနင်္လာနေ့က ငါးဖမ်းရာမှ အပြန် တွင် ပင်လယ် ဓါးပြများ၏ စီးနှင်းမူကို ခံခဲ့ရသည်။

ဘင်္ဂလာ ပင်လယ်အော်တွင် ပင်လယ်ဓါးပြများ၏ တိုက်ခိုက်မူများ၊ ပြန်ပေးဆွဲမူများ မကြခဏ ဖြစ်ပေါ်နေ သော်လည်း ယခုကဲ့သို့ငါးဖမ်းသမားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းမှာ ယခင်က မရှိခဲ့ဖူး ကြောင်း ဒေသ အာဏာပိုင်များက ပြောကြားသည်။

ယခုသတ်ဖြတ်မူ အကြောင်းအရင်းကို မည်သူမျှ တိတိကျကျ မပြောနိုင်သေးသော်လည်း ဓါးပြတိုက် သူများ အထဲမှ တစ်ချို့သည် မျက်နာသိများ ဖြစ်ရာမှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အသတ်ခံရသူ ဆွေမျိုး များက ခန့်မှန်း ပြောဆိုသည်။

နိရဉ္စရာ 

မြန်မာ ၈ ဦး သေဆုံးမှု အင်ဒိုနီးရှား အစိုးရကို ဖြေရှင်းပေးရန် တောင်းဆို

Posted by drmyochit Friday, April 05, 2013, under | No comments

 သေမှုသေခင်းဆိုင်ရာ ရဲအရာရှိက သေဆုံးသူ မြန်မာများကို မေဒင်ဆေးရုံတွင် စစ်ဆေးနေစဉ် (ဓာတ်ပုံ – Reuters)

အင်ဒို နီးရှား နိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း တခု၌ မြန်မာနှင့် မွတ်စလင်များ အချင်း များ တိုက်ခိုက် မှုကြောင့် မြန်မာ ၈ ဦးသေဆုံးမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားရှိ မြန်မာသံရုံးက အင်ဒိုနီးရှား အစိုး ရ တာဝန် ရှိသူ များထံ အချက် ၃ ချက်ကို တောင်းမည်ဖြစ်ကြောင်း သိရသည်။

“မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊(ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ Detention Centre အတွင်း ရောက်ရှိနေရခြင်း အကြောင်းရင်း၊ Detention Centre ရှိ လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ စောင့်ကြပ် ထိန်းသိမ်းမှု အခြေအနေ)၊ စုံစမ်း ဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊ ပြစ်မှု ကျူးလွန် သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်၊ အင်ဒိုနီးရှားရောက် မြန်မာ နိုင်ငံသား များ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်” ဟု နေပြည်တော် သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဆုမတြားမြောက်ပိုင်း ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေး စခန်းတွင် အင်ဒိုနီးရှား ကမ်းခြေသို့ လှေဖြင့် ခိုးဝင်လာကြသော မွတ်စလင် ၁၀၀ ကျော်နှင့် တရားမ၀င် ငါးဖမ်းသည့် မြန်မာ ၁၁ ဦးတို့ကို အတူတူ ချုပ်ထား ခဲ့ကြောင်း၊ စခန်းတွင်း၌ အချင်းချင်း တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးပြီး မွတ်စ လင် ၁၅ ဦး ဒဏ်ရာရရှိကြောင်း၊ နောက်ထပ် မြန်မာ ၃ ဦးမှာ ထိခိုက်မှုမရှိ လွတ်မြောက်ခဲ့ကြောင်း နယ်မြေ ခံ ရဲချုပ် Enfro Kiswanto ကို ကိုးကားပြီး အေပီ သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မြန်မာသံရုံး၏ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ အဆိုပါကိစ္စ ကိုင်တွယ် ဖြေရှင်းပေး ရန်အ တွက် အစည်းအဝေး ထိုင်နေကြောင်း သံရုံအမှုထမ်းတဦးက ဧရာဝတီကို ပြောသည်။

“အခု ကျနော်တို့ အဲဒီကိစ္စပဲ အစည်းအဝေး ထိုင်နေပါတယ်” ဟု အဆိုပါ အမှုထမ်းက ဆိုသော်လည်း အသေးစိတ် ကိုမူ မသိရသေးပေ။

ရဲချုပ် Enfro Kiswanto က မျက်မြင်သက်သေများကို ကိုးကားပြောဆိုရာတွင် မွတ်စလင်များနှင့် ဗုဒ္ဓဘာ သာ ဝင် ငါးဖမ်းသမားများသည် မြန်မာနိုင်ငံတွင် မကြာခင်က ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စများကို အခြေခံပြီး အချင်းချင်း စကားများကြရာက တုတ်၊ ဓားများ ဆွဲကိုင်ကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဓားတွေ ဘယ်လိုရှိနေကြတယ်ဆိုတဲ့ ကိစ္စ အပါအဝင် အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေ ရပ်ဆီ မြန်မြန် ပြန်ပို့ပါတော့မယ်” ဟု ရဲချုပ် Enfro Kiswanto က အေပီ သတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရသူ၊ သေဆုံးသွားသူများကို ဘေလ၀န်မြို့တောင်ဘက် ၁၄ မိုင် ဝေးသော ခရိုင်မြို့တော်ရှိ မေဒင် ဆေးရုံ သို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သော ထိမ်းသိမ်းရေး စခန်းတွင် ခိုလှုံခွင့်လျှောက်ထားသူ စုစုပေါင်း ၂၈၀ ကျော်နှင့် တရား မ၀င် ငါးဖမ်းမှု၊ အင်ဒိုနီးရှားနိုင်ငံ နယ်နမိတ်အတွင်း ခိုးဝင်မှုများဖြင့် ဖမ်းဆီထားသူ မြန်မာများကို ထိမ်းသိမ်း ထားကြောင်း သိရသည်။

လွန်ခဲ့သည့်လက မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့၌ စတင်ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိ ကရုဏ်း များသည် ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်တချို့သို့ပါ ကူးစက် ပြန့်ပွားသွားခဲ့ရာ ၄၃ ဦး သေ ဆုံးပြီး ရာနှင့်ချီသော အိုးအိမ်နှင့် ဘာသာရေး အဆောက်အအုံများ ပျက်ဆီး ဆုံးရှုံးခဲ့ကာ လူပေါင်း ၁ သောင်းကျော် ဒုက္ခသည် ဘ၀ ရောက် ခဲ့ကြရသည်။

၂၀၁၂ ခုနှစ်ကလည်း မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင် လူအုပ်စုချင်း ပဋိပက္ခဖြစ်ပွားကာ အကြမ်း ဖက် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး လူ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ သည်။

ဧရာဝတီ

အိန္ဒိယတွင် ပုဆိန်သမား၏ ရမ်းကားတိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံး

Posted by drmyochit Friday, April 05, 2013, under | No comments


အိန္ဒိယ နိုင်ငံတွင် လူတစ်ဦး၏ ပုဆိန်အသုံးပြုကာ ရမ်းကား တိုက်ခိုက် မှုကြောင့် လူပေါင်း(၉)ဦး သေဆုံး သွားကြောင်း သိရှိ ရသည်။ အိန္ဒိယ အလယ် ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည် ဒေါသ တကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံး ခဲ့ကြသည်။ ချာတစ်ဂါ့ရှ် ပြည်နယ်တွင် ဖြစ်ပေါ် ခဲ့သည့် ရမ်းကား သတ်ဖြတ်မှုတွင် တရားခံ၏ အမည်ကို ပန်ဒူ ရမ် ဟုသာ ရဲများက ဖော်ပြခဲ့ပြီး သတ်ဖြတ်ရခြင်း အကြောင်းရင်းကို တိတိကျ ကျ မဖော်ထုတ် နိုင်သေးချေ။ ရဲများက လူသတ်သမားသည် စိတ်ပိုင်း ဆိုင်ရာ ပြဿနာအချို့ ရှိနေသည်ဟု ယူဆရကြောင်း လည်း မှတ်ချက်ပြု ခဲ့သည်။

အသက်(၃၅)နှစ်ရှိ အမျိုးသားကို ၎င်း၏ ဇနီးက မကြာသေးမီကမှ စွန့်ပစ်သွားခဲ့ကြောင်းလည်း သိရသည်။ ယခုသတ် ဖြတ်မှုတွင် တရားခံသည် အမျိုးသမီးများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သွားခဲ့သည်။ ရဲများက ယခု ကိစ္စ ဖြစ်ပွားချိန်တွင် ရွာအတွင်းမှ အမျိုးသားအားလုံး အလုပ်လုပ်နေကြပြီး အမျိုးသမီးများသာ ကျန်နေခဲ့ ချိန်ဟု ဆိုသည်။ ရဲများသည် တရားခံကို ဖမ်းဆီးကာ ၎င်း၏ လက်နက်ကိုလည်း သိမ်းယူ ထားလိုက်ပြီ ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက မိမိတို့ အနေဖြင့် သေဆုံးသူများ၏ မိသားစုများကို နစ်နာကြေး ရူပီးငွေ (၂၅၀၀၀၀)စီ [ဒေါ်လာ ၄၅၀ ဝန်းကျင်] ပေးအပ်သွားမည်ဟု ပြောကြားထားသည်။

Source: BBC
From: Planet Myanmar Network 

ကိုရဲမင်းဦး ရုံးထုတ်စဉ် ပဋိပက္ခ ဖြစ်ခြင်း

Posted by drmyochit Friday, April 05, 2013, under | 1 comment


ကျောက်တံတား တရားရုံး ရာကြီး ၁၀၄/၂၀၁၃၊ ပုဒ်မ ၅၀၅(ခ)ဖြင့် အရေုးယူထားသည့် ကိုရဲမင်းဦးအား မနေ့ က ရုံးထုတ် စစ်ဆေးပြီး အင်းစိန် အကျဉ်းထောင် ပြန်ရန် ခေါ်လာ စဉ် ကားနား အရောက်မှာ ပဋိပက္ခ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
 
ဖြစ်စဉ်မှာ ကိုရဲမင်းဦးအား အင်းစိန် အကျဉ်းထောင် ပြန် ရန် ခေါ်လာစဉ် ရဲမြတ်ဟိန်း၊ ရဲမင်းအောင်၊ ချစ်ကိုလင်း၊ နိုနို(ခ) နွယ်နှင်းရီ တို့ အဖွဲ့မှ ကားတံခါးကို ပိတ်ဆို့၍ ကိုရဲမင်းဦးအား ၎င်းတို့ မေးမြန်း စရာ ရှိသည်များ မေးမြန်း ပြီးမှ သာ ကားပေါ် တင်ရမည် ဖြစ်ကြောင်း လူအုပ် စုဖြင့် တားဆီး ကန့်ကွက် ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက Myanamr News Now ကို ပြောပါသည်။
 
အဆိုပါ တားဆီး ကန့်ကွက်မှုကြောင့် ၎င်းတို့အား တရားခံ စောင့်ရှောက် နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တာဝန် ၀တ္တရား ဆောင်ရွက် နေသည်ကို တာဝန် မထမ်းဆောင် နိုင်အောင် တွန်းထိုး တားဆီး ကန့်ကွက် သဖြင့် ကျောက်တံတား စခန်းမှူး ရဲအုပ် သိန်းနိုင်မှ ကျောက်တံတား ရဲစခန်း (ပ) ၁၃၁/၅၀၆ ဖြင့် အရေးယူ ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားခဲ့ချက် အရ သိရပါသည်။
 
သစ်ထူးလွင် blog မှ ကူးယူ ဖော်ပြသည်။

တောင်နှင့် မြောက် ကိုရီးယား စစ်ဖြစ်ရင် မြန်မာများကို အစိုးရက ပြန်ခေါ်မည်

Posted by drmyochit Friday, April 05, 2013, under | No comments


မြောက်ကိုရီးယားနဲ့ တောင် ကိုရီးယား နိုင်ငံ အကြား စစ်ဖြစ်ပွားရင် မြန်မာ နိုင်ငံသား တွေရဲ့ အရေးကို ကူညီဖြေရှင်းပေးဖို့ တောင် ကိုရီးယား အစိုးရ တာဝန် ရှိသူတွေကို မြန်မာ သံရုံးက ပြော ကြား ပါတယ်။

မနေ့က တောင် ကိုရီးယား အခြေစိုက် မြန်မာ သံ အမတ်ကြီး ဦးညွန့် လှိုင် ဟာ တောင် ကိုရီးယား နိုင်ငံ အစိုးရ တာဝန်ရှိ သူတွေ နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သံရုံးရဲ့ ဒုတိယ အတွင်း ၀န် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်။

“မနေ့က သံ အမတ်ကြီးက တောင် ကိုရီးယား အစိုးရ တာဝန်ရှိ သူတွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေး ပြီးပါပြီရှင်။ ကျွန်မတို့ သံရုံးထဲမှာ ဆိုရင်လည်း လုံခြုံရေးစီမံချက်တွေ ဆွဲထားပြီးပါပြီ။ မြန်မာ နိုင်ငံ အလုပ် သမား ၁ သောင်းကျော်နဲ့ ကျောင်းသား ၂၀၀ ကျော် ရှိပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ် ထားတဲ့ အမျိုး သမီးကော ဆိုရင် ၁ သောင်းကျော်လောက်ရှိ တော့ အကုန်လုံး အတွက်ကို သံ အမတ် ကြီးက ဦးဆောင် ပြီးတော့ အစီ အစဉ် ဆွဲထားပြီးသားပါ။ တောင် ကိုရီးယား ဘက် ကလည်း အတတ် နိုင်ဆုံး သံတမန် နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောထား ပြီးသားပါ“ လို့ ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာ နှစ်စဉ် နိုင်ငံခြားသား အလုပ်သမား ၆ သောင်း လောက် ငှားရမ်းရပြီး မြန်မာ နိုင်ငံနဲ့ တောင် ကိုရီးယား အကြား အလုပ် သမား ငှားရမ်း ခွင့်ပြု စနစ် (အီးပီအက်စ်) နဲ့ ၂၀၁၂ ကုန်ပိုင်းမှာ စတင်ငှား ရမ်း တာပါ၊ ဒီနှစ်အတွက်လည်း မြန်မာ နိုင်ငံသား ၄၉၀၀ ကို ထပ်မံပို့ လွှတ်ဖို့ စီစဉ်ထားပြီး လာမယ့်မေလမှာ စာမေးပွဲဖြေ ဆိုဖို့ ပြင်ဆင် နေချိန်မှာ ခုလို ကိုရီးယား နှစ်နိုင်ငံ အကြား စစ်ဖြစ်မယ့် အရိပ် အယောင် ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီ အရိပ်အခြေတွေကြောင့် ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံ တို့က စစ်ဖြစ်ရင် သူ့ နိုင်ငံသား တွေ ပြန်ခေါ် မယ်လို့ ထုတ်ဖော် ပြောဆို ခဲ့ကြ ပါတယ်။

အလားတူ မြန်မာ နိုင်ငံ အနေနဲ့လည်း ကိုယ့် နိုင်ငံသား တွေအကျိုး အတွက် ကူညီ မယ်လို့ ဆိုးလ်မြို့ အခြေစိုက် မြန်မာ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြ ပါတယ်။ နှစ်နိုင်ငံ စစ်ဖြစ်မယ် ဆိုရင် ကိုယ့် နိုင်ငံသားတွေ ပြန်ခေါ်မှာလားဆိုတဲ့ မေးခြန်း ကိုတော့ ဒေါ်သင်းသင်းမြတ်က အတတ် နိုင်ဆုံး ကူညီ ပေးသွားမယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ကာကွယ်သွားရမှာ ဖြစ်ပါတယ်။ အတတ် နိုင်ဆုံးလေ။ ဒီဘက်မှာ သံရုံး ပေါင်း ၆၀ ကျော်ရှိတော့ တခြား သံရုံး ၅၀ ကျော်နဲ့တော့ တိုင်ပင် ဆွေးနွေး ပြီးတော့ လုပ်ထားတာ ရှိပါ တယ်။ ဒီက နိုင်ငံတွေနဲ့ ဆွေးနွေး ထားသလို ကျွက်မတို့ မြန်မာ နိုင်ငံ ဘက်က အစိုးရ တွေနဲ့ ဆွေးနွေးပြီးတော့ အစီအစဉ်တွေ ဆွဲထားပြီးသားပါ” လို့ ဖြေပါတယ်။

From: DVB 

တောင်အမေရိက ဘောလုံးပြိုင်ပွဲတွင် အဓိကရုဏ်းဖြစ်ပွား

Posted by drmyochit Friday, April 05, 2013, under | No comments


ဧပြီလ ၅ ရက် ၂၀၁၃

အာဆင်နယ် ကစား သမား များသည် ရော်ဘာ ကျည် ဆန် ထည့်ထား သည့် ပြောင်းတိုေ သနတ် များ ကိုင် ဆောင် ထားသော ဘရာဇီးလ် ရဲများ ကို ဝင်ရောက် တိုက်ခိုက်ရာ ရဲများက တုတ်များ ကို ဝှေ့ယမ်းပြီး ဒိုင်းများ ဖြင့် ကာကွယ် ခဲ့ရ သည်။

အတောင်အမေရိကတွင် ပြုလုပ်သည့် ဘောလုံး ပွဲစဉ် တစ်ခု၌ ကစား သမား များ၏ တိုက်ခိုက်မှုကြောင့် ရဲများက ခုခံ ကာကွယ်ခဲ့ရကြောင်း သိရှိရ သည်။ တောင် အမေရိက တိုက်တစ်ခုလုံးဆိုင်ရာ ကလပ် အသင်း များ၏ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်သည့် ကိုပါလီဘာတေးဒိုးစ် ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်ကလပ် အက်သလက်တီကို မီနဲလ်ရိုးနှင့် အာဂျင် တီး နား ကလပ် အာဆင်နယ်တို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ပွဲအပြီးတွင် အိမ်ရှင် မီနဲလ်ရိုးက ဂန္ထဝင် ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟို၏ (၂)ဂိုး အပါအဝင် (၅-၂)ဖြင့် အနိုင်ခဲ့သည်။ ထို့နောက်တွင်မူ အာဆင်နယ် ကစားသမားများက ဒိုင်ကိုမကျေမနပ် စောဒကတက် ပြဿ
နာရှာရာမှ ရဲများ ကွင်းထဲဝင်လာပြီးနောက် အခြေအနေ ရှုပ်ထွေးသွားခဲ့သည်။

အာဆင်နယ် ကစား သမား များသည် ရော်ဘာ ကျည်ဆန် ထည့် ထားသည့်ပြောင်း တိုသေနတ်များ ကိုင်ဆောင် ထားသော ဘရာဇီးလ် ရဲများကို ဝင်ရောက် တိုက်ခိုက်ရာ ရဲများက တုတ်များကို ဝှေ့ယမ်းပြီး ဒိုင်းများဖြင့် ကာကွယ် ခဲ့ရသည်။

Source: TheSun
Planet Myanmar Network

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား 'Hack'လုပ်ခြင်းခံရ..

Posted by drmyochit Friday, April 05, 2013, under | No comments


မြောက် ကိုရီး ယား နိုင်ငံ၏ လူမှုရေး ကွန်ယက် များအား အမည် မသိ အဖွဲ့ အစည်း တစ်ခုမှ 'Hack' လုပ်ခြင်း ခံခဲ့ ရကြောင်း သိရသည်။ Hacker များ၏ လုပ်ရပ် ကြောင့် မြောက် ကိုရီးယား၏ သတင်းဆိုက်(ဒ်)တစ် ခုဖြစ်သော 'Uriminzokkiri' ၏ ထုတ်လွှင့်မှု များ ပြတ်တောက် ခဲ့၍ 'Twitter' နှင့် 'Flicker' အကောင်း များ ဖျက်စီး ခံခဲ့ရသည်။ တက်္ကသိုလ် ကျောင်း သား တစ်သောင်း ငါးထောင်တို့၏ Username နှင့် Passwords များကိုလည်း တက္ကသိုလ် ကျောင်းရှိ Database များထဲမှ ရယူနိုင်ကြောင်း Hackers များမှ အခိုင် အမာပြော ကြားခဲ့ သည်ဟု BBC သတင်း ဌာနတွင် ဖော်ပြ ထားသည်။

News From: Skynet TV Browser
Photo From:  Notrth Korea Hack

ဘင်္ဂလီများ ဘက်မှ မကြာခဏ ဘက်လိုက်ပေးတက်သည့် မစ္စတာ ကင်တားနား မြန်မာ ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ ဟု ဦးသိန်းညွန့်ဆို

Posted by drmyochit Friday, April 05, 2013, under | No comments



အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သတ်မှု ရှိသည်ဟု ပြောကြား ခဲ့ သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှည် မစ္စတာ သောမတ်စ်အိုဟေး ကင်တား နား သည် မြန်မာပြည်ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည် သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

မတ်လအ တွင်း ဖြစ်ပွားခဲ့သော မြန်မာပြည် အလယ်ပိုင်း အဓိကရုဏ်း အကြမ်းဖက်ဖြစ်စဉ်များ၏ 
နောက်ကွယ်တွင် လက်ရှိအစိုးရ ပါဝင်ပတ် သတ်မှု ရှိသည်ဟု မစ္စတာကင်တားနားက မတ်လ ၂၉ ရက်နေ့ တွင် စွပ်စွဲပြောကြားခဲ့သည်။

ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွေမှာ မမှန်မကန်ရပ်တည်နေတဲ့ အင်အားစုတွေက ပေးတဲ့ အချက်အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။
“မစ္စတာ ကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာ မှန်မှန်ကန်ကန် အချက်အလက် ယူသင့်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် တားဆီးနေသူများ၊ မိမိအာဏာရရန် အတွက် ပြည် သူ့အ သက် အိုးအိမ်ကို ချနင်းရန် ဝန်မလေးသော သူများလည်း ရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများ သည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ လက်ရှိ အာဏာ ရှိနေ၍ ယင်းကဲ့သို့ အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ် သတ် လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာကင် တားနား သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူး ဟု ဦးသိန်းညွန့် က ပြောသည်။ မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်သတ်၍ အစီရင် ခံစာ တင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏ ဝေဖန်ကန့်ကွက်မှု ခံခဲ့ရသေး သည်။

 မြန်မာ့ခေတ်

အစိုးရနှင့် KIO ဆွေးနွေးရက်ရွှေ့၊ ဧပြီနှောင်းပိုင်းမှ ပြန်တွေ့နိုင်မည်

Posted by drmyochit Friday, April 05, 2013, under | No comments


ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စုအစိုးရ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့ ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနား မြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ် ထားသော် လည်း တက်ရောက်မည့် သူများ အဆင်သင့် မဖြစ်သေး၍ ဧပြီလ ၂၂ ရက် နောက်ပိုင်းတွင်သာ တွေ့ဆုံရန် ရွှေ့ဆိုင်း လိုက်ရကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC မှ ပြောသည်။

“အစိုးရနဲ့ KIO အဖွဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးနိုင်မယ့်ရက်က သင်္ကြန်အပြီး ဧပြီ ၂၂ ရက် နောက်ပိုင်း၊ ၂၅ ရက် ဝန်းကျင် လောက်မှာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းပါတယ်” ဟု MPC မှ ဦိးလှမောင်ရွှေ က ပြောသည်။

နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့သည့် မတ်လ ၁၁ ရက် ရွှေလီဆွေးနွေးပွဲတွင် ဧပြီ ၁၀ ရက်မတိုင်မီ နှစ်ဖက်တွေ့ ဆုံရန် သဘောတူခဲ့ကြပြီး နှစ်ဘက်ညှိနှိုင်းကာ မြစ်ကြီးနားမြို့တွင် ဧပြီလ ၆ ရက်နေ့တွင် တွေ့ ဆုံကြ ရန် သဘောတူ ထားခဲ့ကြသော်လည်း KIO ဘက်မှ ဖိတ်ကြားထားသူများ ထိုရက်တွင် စုံညီစွာ မတက်ရောက် နိုင်သေး၍ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

“KIO အဖွဲ့အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီအဖွဲ့ (UNFC)နဲ့ UNFC မဟုတ်တဲ့ တိုင်းရင်း သား ကိုယ်စားလှယ် အဖွဲ့တွေကော၊ International Observer (နိုင်ငံတကာ လေ့လာသူ) အဖွဲ့တွေ ကို လည်း ဖိတ်ကြားတာ တွေ့ရတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ ဆောင်ရွက်တာ ဖြစ်တာ ကြောင့် International Observer အဖွဲ့တွေထဲက အချို့က ၆ ရက်နေ့ အမီ မတက်ရောက်နိုင်တဲ့အတွက် နှစ်ဖက် တွေ့ဆုံ မှုကို ရွှေ့ဆိုင်းလိုက်တာကို ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင် မင်းကို စာနဲ့ ဆက်သွယ် အကြောင်းလာပါတယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီကို ၂၀၁၂ ခုနှစ်၊ မေလ ၂ ရက်တွင် စတင်ဖွဲ့စည်းပြီးနောက် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင် မင်း ဦးဆောင်၍ KIO နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့ရာ ယခုတွေ့ဆုံပွဲ ဖြစ်မြောက်ခဲ့ပါက ပြည်တွင်းတွင် ပထမ ဆုံး တွေ့ဆုံမည့် ဆွေးနွေးပွဲ ဖြစ်လာမည်ဟု နိုင်ငံရေး လေ့လာနေသူများက မှတ်ချက်ပြုသည်။

မဇ္ဈိမ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်