Friday, April 12, 2013

ထိုင်းရောက် ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ ဟုတ်မဟုတ် စစ်ဆေးမည်

Posted by drmyochit Friday, April 12, 2013, under | No comments



ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်သော ရိုဟင်ဂျာ ၂,၀၀၀ သည် အမှန်တကယ် ရခိုင်ပြည်နယ်မှ ဝင်ရောက် လာကြသူများ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေး ရာတွင် မြန်မာ အရာရှိများ ထိုင်းနိုင်ငံသို့ လာရောက် ကူညီရန်ရှိကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Surapong Tovichaikul က ဧပြီလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတွင် ရှိနေသော ရိုဟင်ဂျာများသည် အမှန်တကယ် မြန်မာနိုင်ငံမှ ဝင်ရောက် လာကြသူများ ဖြစ်သည်ဟု စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါက ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်မည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ၎င်းအား ပြောဆိုကြောင်း မစ္စတာ Surapong အား ကိုးကား၍ ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။

“ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုကို သူ့သမ္မတဆီ ပြောပြပါမယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ အဲဒီ နောက်မှာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းခိုလှုံနေတဲ့ ရိုဟင်ဂျာ ၂,၀၀၀ လောက်ဟာ မြန်မာ နိုင်ငံက ဟုတ်မဟုတ် စစ်ဖို့ သူ့ရဲ့ မြန်မာအရာရှိတွေကို စေလွှတ်ပေးမယ်လို့ ပြောပါတယ်။

ဖြစ်နိုင်သမျှ မြန်မြန်ပေါ့။ ရိုဟင်ဂျာတွေထဲက ၅၀၀ လောက်က ကလေးနဲ့ အမျိုးသမီးတွေပါ” ဟု Surapong က ပြောသည်။

အဆိုပါ ရိုဟင်ဂျာ အားလုံးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဆိုသည်ကို မြန်မာနိုင်ငံမှ လက်ခံခြင်း မရှိပေ။ ၎င်းတို့ ထဲမှ အချို့သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသူများ ဖြစ်နိုင်သည်ဟု မြန်မာ နိုင်ငံက ယုံကြည်ထားသည်။

ဝန်ကြီး နှစ်ဦးတို့သည် ဘရူနိုင်းနိုင်ငံတွင် ဧပြီလ ၁၁ ရက်နေ့၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းဝေး မတိုင်မီ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များထဲမှ အချို့သည် မြန်မာနိုင်ငံသို့ ပြန်လိုကြသော်လည်း ၎င်းတို့၏ အသက် မွေးဝမ်းကြောင်း အတွက် စိုးရိမ်ပူပန်နေကြဆဲ ဖြစ်ကြောင်း သတင်းရရှိထား၍ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန်လည်း မြန်မာအား တောင်းဆိုခဲ့သည်ဟု Surapong က ပြောသည်။ 




From:myanmar express

နိုင်ငံခြားရောက် မြန်မာသက်ကြီးရွယ်အိုများ တရားစခန်းဝင်ရန် မြန်မာသို့ ပြန်လာလေ့ရှိသည့် သင်္ကြန်ရက်မြတ်မတိုင်ခင် တစ်ရက်လို ဒေါ်စု ဂျပန်သို့ထွက်

Posted by drmyochit Friday, April 12, 2013, under | No comments



နိုင်ငံခြားရောက် မြန်မာသက်ကြီးရွယ်အိုများ တရားစခန်းဝင်ရန် မြန်မာနိုင်ငံသို့ ပြန်လာလေ့ ရှိသည့် သင်္ကြန်ရက်မြတ် မတိုင်ခင် တစ်ရက်လိုမှာ အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ သင်္ကြန်ကို ရှောင်ဖယ်ကာ ဂျပန်နိုင်ငံသို့ ထွက်ခွာ သွားပါပြီ။ သင်္ကြန်ပြီးမှ ပြန်လာမဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ဂျပန်နိုင်ငံ ခရီးစဉ် အတွက် ဧပရယ်လ ၁၂ ရက် ညနေပိုင်း ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကနေ ဘန်ကောက်ကို စတင် ထွက်ခွာသွားပါပြီ။ ဘန်ကောက်မြို့က တဆင့် ဂျပန် နိုင်ငံသို့ ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။

သင်္ကြန်ကာလ တစ်လျှောက်လုံး ဂျန်ပန်နိုင်ငံတွင်နေထိုင်မှာဖြစ်ပြီး နှစ်ဆန်းတရက် ကျော်ပြီး ၂ ရက်ကြာ ဧပြီလ ၁၉ ရက်နေ့မှာတော့ တိုကျိုမြို့ နရီတာ လေဆိပ်ကနေ ထွက်ခွာပြီး ဘန်ကောက်ကနေ တဆင့် မြန်မာ နိုင်ငံကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

၂ နှစ်ကျော် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ထောင်နှင့်ချီကာ အွန်လိုင်းပေါ် ရောက်လာသော်လည်း ဘုရားသွား ကျောင်းတတ်သော ပုံမှာ လက်ချိုးရေတွက်လို့ရကြောင်း သိရသည်။

ဒေါ်အောင်ဆန်း စုကြည်သည် ဘာသာရေး အလွန်အားနည်းသူ ဖြစ်ပြီး ဂုဏ်အရှိန်အဝါ မက်မောသူ တစ်ဦး ဖြစ်ကြောင်း NLD ပါတီဝင်ဟောင်းများက ဖွင့်ချခဲ့ဖူးသည်။




From:myanmar express

ဘာသာရေး လိုက်စားသည့် သမ္မတကြီး ဦးသိန်းစိန် သင်္ကြန်ရက်မြတ်မတိုင်ခင် တစ်ရက်အလို ရှေးဟောင်းစေတီတော် များ ရွှေထီးတော်တင်

Posted by drmyochit Friday, April 12, 2013, under | No comments




နေပြည်တော် ဧပြီ ၁၂

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် ညောင်ပင်ကြီးစု ကျေးရွာရှိ ပြုပြင်မွမ်းမံ ပြီးစီးသော ရှေးဟောင်း စေတီတော်များ ​ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်များ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို၍ ရွှေထီးတော်တင်လှူပူဇော်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိ သုတာရာမ​ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော် မူကြပြီး ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဖိတ်ကြားထားသူ များနှင့် တာဝန် ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ရှေးဟောင်း စေတီတော် များအားဆွမ်း၊ သစ်သီး၊ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်သည်၊

မင်္ဂလာအချိန် နံနက် (၉) နာရီတွင် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ရှေးဟောင်း စေတီတော်အမှတ် (၁၉)၏ ရွှေထီးတော် ဘုံဆင့်များနှင့် ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တို့ကို ရတနာ ရွှေကြိုးဆွဲ၍ တင်လှူကြပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ဘုရား ဒါယကာများက ကျန်ရှေးဟောင်း စေတီတော် များအား ​ရွှေထီးတော် ဘုံဆင့်များနှင့် ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်တို့ကို ရတနာ ရွှေကြိုးဆွဲ၍ တစ်ပြိုင်တည်းတင် လှူကြပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက ရှေးဟောင်း စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာ တင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြသည်။

ရွှေထီးတော် တင်လှူအပြီးတွင် မင်္ဂလာ မဏ္ဍပ်အတွင်း၌ နိုင်ငံတော် သြဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာ ရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိသာရထံမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဇျယ်တော် မူသော ပရိတ် တရားတော် များကိုနာယူကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ရှေးဟောင်း စေတီတော် များအား သာဟတ္တိကဒါန မြောက်အောင် ကတ္တီပါယပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ကိုဈေးကုန်းကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဘုရားဒါယကာ၊ ဒါယိကာမ များက ဆရာတော်၊ သံဃာတော် များထံ လှူဖွယ် ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ အမှူးပြုသော ဧည့်ပရိသတ်များက ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှူ အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတနှင့် ဧည့်ပရိသတ်တို့က ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ်ကြသည်။

ယနေ့ ရွှေထီးတော် တင်လှူပူဇော်သည့် ရှေးဟောင်း စေတီတော် (၄၂) ဆူကို တူးဖော်ခဲ့ရာ၌ စေတီတော် (၁၃) ဆူမှ ဌာပနာများ တွေ့ရှိခဲ့ရပြီး ယင်းဌာပနာများကို မူလ စေတီတော် များ၌ပင် ၂၀၁၃ ခုနှစ် ဧပြီ (၃) ရက်တွင် ရှေးမူမပျက် ပြန်လည်၍ ဌာပနာသွင်းပူဇော်ခဲ့သည်။

ညောင်ပင်ကြီးစု ကျေးရွာ၌ ယခုရှေးဟောင်း စေတီတော်များ နေရာ၌ မြန်မာ သက္ကရာဇ် ၁၂၂၀ ခုနှစ် ဝန်းကျင် လွန်ခဲ့သော နှစ်ပေါင်း (၁၅၀) ခန့် ဘိုးတော် ဘုရားခေါ် ပဒုံမင်း လက်ထက်က တည်ထား ကိုးကွယ်ခဲ့သော စေတီတော် (၄၂) ဆူနှင့် သာသနိက အဆောက်အအုံများကို လည်းကောင်း၊ မြန်မာ သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့သော (၇၅) နှစ်သက်တမ်း ကြာမြင့်နေသည့် သိမ်ကျောင်းတော် တို့ကိုလည်းကောင်း၊ သိမ်ကျောင်းတော် အတွင်းမှ ဘုရားရှင် ဟောကြားတော် မူခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာပိဋိကတ် သုံးပုံဆိုင်ရာ ပေစာထုပ်များကို လည်းကောင်း တွေ့ရှိခဲ့ ရကြောင်း၊ ပေစာထုပ်များမှာ မြန်မာသက္ကရာဇ် ၁၂၁၅ ခုနှစ် ဝန်းကျင် လွန်ခဲ့သော နှစ်ပေါင်း (၁၆၀) ခန့်က ပြုစု ထားသော ပေစာများ ဖြစ်သည်ကို သိရှိရကြောင်း၊ ယင်းရှေးဟောင်း စေတီတော်များ၏ ဗိသုကာ လက်ရာများ၊ သိမ်ကျောင်းဆောင်နှင့် ရုပ်ပွား ဆင်းတုတော်များ၏ အင်္ဂတေပန်း လက်ရာများသည် ကုန်းဘောင်ခေတ်၊ အမရပူရခေတ် ပုံသဏ္ဌာန်များ ဖြစ်သည်ဟု ပညာရှင်များ၏ လေ့လာစိစစ်ချက်နှင့် အကိုးအကား အထောက်အထား များအရသိရှိရကြောင်း၊ နိုင်ငံတော်သမ္မတကြီးသည် ယခုရှေးဟောင်း စေတီတော် များသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်းရောက်ရှိ ခဲ့ပြီးရှေးမူ လက်ရာမပျက် ရေရှည် တည်တံ့ခိုင်မြဲအောင် ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ရန် မိန့်ကြားခဲ့သဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် လုပ်ငန်းများ စတင်အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ တည်ဆောက် ပြုပြင်ရေး လုပ်ငန်းများ ပြီးစီးအောင်မြင် ခဲ့ပြီဖြစ်၍ ရှေးဟောင်း စေတီတော် (၄၂) ဆူအား ရွှေထီးတော် တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနား ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
 
From:myanmar express 


အစိုးရအဖွဲ့နှင့် ကေအန်ယူအဖွဲ့တို့ မေလအတွင်း တရားဝင် တွေ့ဆုံဆွေးနွေးမည်

Posted by drmyochit Friday, April 12, 2013, under | No comments



အစိုးရအဖွဲ့နှင့် ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) အဖွဲ့တို့ မေလအတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင် သော အဖွဲ့နှင့် ကေအန်ယူ ခေါင်းဆောင် များသည် မတ်လ ၂၈ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင် ခန်းမတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

Myanmar Peace Center မှ ဦးအောင်နိုင်ဦးက'' ကေအန်ယူ ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ ဘားအံမှာ ဆွေးနွေးခဲ့ပါတယ်။ ကရင်အမျိုးသားတွေ တွေ့ဆုံမှု မတိုင်ခင်တစ်ရက်က တွေ့ဆုံဆွေးနွေး ခဲ့တာပါ။ အဓိက ကတော့ ရှေ့ဆက်သွားကြမယ့် ကိစ္စတွေရယ် ကေအန်ယူနဲ့ အစိုးရအဖွဲ့ တရားဝင်တွေ့ ဆုံမှုတွေ ပြုလုပ်ဖို့ ကိစ္စတွေကို အလွတ်သဘော ပြောကြတာပါ''ဟု ဧပြီလ ၁၁ ရက်က Eleven Media Group သို့ ပြောကြားခဲ့သည်။

''မေလထဲမှာ တရားဝင် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်နိုင်ပါတယ်။အခြေအနေက အစိုးရရော တပ်တွေရော ကေအန်ယူ ဘက်ကရော အခြားကရင် လက်နက်ကိုင် အဖွဲ့တွေရော ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသလို တစ်ဖက်နဲ့ တစ်ဖက် တိုက်ရိုက် ဆက်သွယ်မှုတွေ ရှိပါတယ်။ပြဿနာဆိုတာလည်း ဘာမှမမြင်ဘူး။ နိုင် ငံရေး ဆွေးနွေးပွဲတွေမှာတော့ ဘယ်လို လာမလဲ ဆိုတာကတော့ ကျွန်တော်လည်း မပြောနိုင်ဘူး။ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေဆိုတာ အခက်အခဲတွေ ရှိပါတယ်'' ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြား သည်။ 

အစိုးရနှင့် ကေအန်ယူအဖွဲ့တို့သည် ၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲပြီး တစ်နှစ်ကျော်အကြာအထိ နှစ်ဖက် သဘောတူညီ ထားသည့် အချက်များ အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ထပ်မံတွေ့ ဆုံေ ဆွးနွေးမှုများ ပြုလုပ်ရန် ကေအန်ယူအဖွဲ့မှ လိုလားလျက်ရှိကြောင်း သိရသည်။ 

မူလကတပ်မတော်ခေါင်းဆောင်များနှင့် ကေအန်ယူအဖွဲ့ ခေါင်းဆောင်များအကြား နှစ်ဖက်တပ်များ နေရာ ချ ထားရေးနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် အတွင်း တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်ထားရန် စီစဉ်မှုများ ရှိခဲ့သော် လည်း ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ 

ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ဦးဆောင်သော KNU ခေါင်းဆောင်များသည် ဇန်န၀ါရီလ အစောပိုင်းက နိုင် ငံတော် သမ္မတ၏ ဖိတ်ကြားမှုဖြင့် နေပြည်ေ တ်ာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။




From:opposite eyes

မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အမ်ထောင်စု ၁၀၀ကျော်ရှိ

Posted by drmyochit Friday, April 12, 2013, under | No comments



မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့် အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်း သတင်းရရှိသည်။

နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပု လုပ်ငန်း အလုပ်ရုံ အတွင်းရှိ ရေဘော် စာအနီး ခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။ ကြာမြင့် ချိန်နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်လုံး၊ နံကပ်နှစ်ထပ်တိုက်သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ် မိုး ၁၀လုံး၊ သွပ်မိုးထရံကာ အလုံး တစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနကသတင်း ထုတ်ပြန်သည်။

မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင် များ လည်းလာရောက်ငြှိမ်းသက်ခဲ့ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင် ချမ်းသာ ဓမ္မာရုံ၊ မှန်ကင်းကျောင်းတိုက်၊ မာန်အောင်ကျောင်းတိုက် တို့တွင် ကယ်ဆယ်ရေး စခန်းဖွင့် လှစ်ထားပြီဖြစ်သည်။

“ညအိပ်ကောင်းနေချိန်လည်းဖြစ်တယ်။လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင် တာလေးေ တွက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှမရလိုက်ဘူး”ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး ဦးသန့်စည်က ပြောသည်။ထိခိုက်ဒဏ်ရာနှင့်အသေအပျောက်မရှိကြောင်း ရပ်ကွက်တာဝန်ရှိသူများက ပြောသည်။

နံနက်(၆)နာရီ အချိန်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အကွက် အမှတ်(ညည/၆၆) သင်ပန်း ကုန်း ရပ်ရှိ သွပ်မိုးထရံကာ အိမ်တစ်အိမ်တွင်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားရာ ၀ါးကပ်မိုး အိမ်လေးလုံး၊ ထရံကာ သွပ်မိုးငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။ အိုးအိမ်မဲ့ အိမ်ထောင်စု(၁၃)စု၊ မီးဘေး ဒုက္ခသည် (၄၇)ဦးရှိခဲ့ပြီး၎င်းတို့ကို ဧရာဦး ဓမ္မာရုံတွင် ကယ်ဆယ် ထားရှိသည်ဟု မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူက ပြောသည်။




From:opposite eyes

နိုင်ငံတကာ ဖုန်းကုမ္ပဏီ ၁၂ ခု ဈေးပြိုင်စနစ်နဲ့ လက်ခံမည်

Posted by drmyochit Friday, April 12, 2013, under | 1 comment



မြန်မာနိုင်ငံတွင်း မိုဘိုင်းလက်ကိုင်ဖုန်း ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် ကမ္ဘာ့ တ၀ှမ်းက မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီတွေ ကြိုးစားနေကြတာမှာ အခုနောက်ဆုံး ကုမ္ပဏီကြီး ၁၂ ခုကို မြန်မာအစိုးရ က ဈေးပြိုင် ခေါ်ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီ ၁၂ ခုထဲကမှ ၂ ခုကိုပဲ မြန်မာ အစိုး ရ က လုပ်ငန်း လိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။ အခု ပထမ အဆင့် စိစစ်ပြီး ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်တဲ့ ကုမ္ပ ဏီတွေထဲမှာ ဘယ်ကုမ္ပဏီတွေ ပါဝင်လဲ။ ဒီကုမ္ပဏီတွေ ထဲက နှစ်ခုကို ဘယ်အချိန်မှာ လိုင်စင်ခွင့်ပြု ချက် ထုတ်ပေးမှာပါလဲဆိုတာကို ကြည့်ရအောင်ပါ။

လက်ရှိ မြန်မာနိုင်ငံတွင်းက ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်း နှစ်ခုနဲ့အတူ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေ လက်တွဲ လုပ်ကိုင်နိုင်ဖို့ အတွက် ပြည်တွင်းပြည်ပကုမ္ပဏီတွေ ပထမအဆင့် လျှောက်လွှာတွေ တင်ခဲ့ကြပြီးတဲ့နောက် အခုအခါ ကုမ္ပဏီ ၁၂ခုကို မြန်မာအစိုးရက ဈေးပြိုင်ခေါ်ခွင့်ပြု လိုက်တာဖြစ်ပါတယ်။
 
ဒီအထဲမှာတော့ အိန္ဒိယ Bharti Airtel Ltd, China Mobile, Japan’s KDDI Corp, Africa’s MTN, Singapore Telecommunications Ltd, Norway’s Telenor SA and Digicel ကုမ္ပဏီတွေ ပါဝင်ပါ တယ်။ ဒီကုမ္ပဏီတွေအနေနဲ့ ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး သူတို့ရဲ့ လျှောက်လွှာတွေကို တင်ရ မှာဖြစ်တဲ့အကြောင်း တယ်လီဖုန်း ဆက်သွယ်ရေး ဈေးပြိုင် ကမ်းလှမ်းမှုတွေကို သုံးသပ် ရွေးချယ်မယ့် ကော်မတီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရဖို့ အတွက် နိုင်ငံခြား ကုမ္ပဏီတွေ ဈေးပြိုင်ကမ်းလှမ်း နေကြရာမှာ China Mobile ကုမ္ပဏီက Vodafone နဲ့ ပူးတွဲ လျှောက်လွှာ တင်ထားသလို ပြင်သစ် Telecom-Orange ကလည်း Murabeni ကုမ္ပဏီနဲ့ ပူးတွဲလျှောက်လွှာ တင်ထား တာဖြစ်ပါတယ်။ အာဖရိကရဲ့ အကြီးဆုံး မိုဘိုင်းကုမ္ပဏီကြီးဖြစ်တဲ့တောင်အာဖရိက MTN ကုမ္ပဏီ ကတော့ M1 Telecom and Amara Communications ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထား တာဖြစ်ပါတယ်။

MTN ကုမ္ပဏီအနေနဲ့ ဒုတိယအဆင့် ဈေးပြိုင် လျှောက်လွှာ တင်သွင်းခွင့် ရထားပြီးဖြစ်ကြောင်း MTN အကြီး အကဲ Sifiso Dabengwa က ပြောပါတယ်။

“လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ရရှိလာမယ့် အကျိုးအမြတ်၊ အခွင့်အလမ်း တွေကို ကျနော်တို့ စူးစမ်းနေပါတယ်။ ကျနော်တို့ အနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရဖို့ စိတ်အား ထက် သန်နေတဲ့ ဒေသတချို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အခုကစလို့ ဇွန်လအတွင်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင် စင်နှစ်ခု ချပေးဖို့ လုပ်ဆောင်နေတဲ့ အပေါ်မှာ ကျနော်တို့ လျှောက်လွှာ တင်ထားပါတယ်။ အာဖရိ ကမြောက်ပိုင်း နိုင်ငံတချို့မှာ လုပ်ငန်းချဲ့ထွင်ဖို့လည်း ကျနော်တို့ စိတ်ဝင်စားနေတာရှိသလို ကျနော်တို့ အတွက် အကျိုးအမြတ် အခွင့်အလမ်းကောင်းတွေ ရနိုင်မယ့် တခြား နိုင်ငံတွေမှာလည်း လုပ်ငန်းတွေ လုပ် သွားချင်ပါတယ်။”

တောင်အာဖရိကနိုင်ငံ Johannesburg မြို့အခြေစိုက် MTN ကုမ္ပဏီဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသသတွေ က နိုင်ငံပေါင်း ၂၂ ခုမှာ ဒေါ်လာ ၃၄ ဘီလျံတန်ဖိုး ရင်းနှီးမြှုပ်နှံနေတဲ့ အာဖရိကရဲ့ အကြီးဆုံး တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရဖို့ အပြိုင် လျှောက်လွှာ တင်ထားကြတဲ့ ကုမ္ပဏီ ၁၂ ခုထဲက ၂ ခုကိုပဲ မြန်မာအစိုးရက လုပ် ငန်း လိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီတွေ လုပ်ငန်းလုပ်ကိုင်ခွင့်ရမလဲ ဆိုတာကို ဇွန်လထဲမှာ ကြေညာနိုင်လိမ့်မယ်လို့ စိစစ် ရွေးချယ်ရေး ကော်မတီက ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

မြန်မာ့ အိမ်နီးချင်း အာရှနိုင်ငံ တွေမှာတောင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းတွေ အသုံးပြုနေကြချိန်မှာ မြန်မာနိုင်ငံ မှာတော့ လူဦးရေ သန်း ၆၀ ရှိတဲ့အထဲ စုစုပေါင်း လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာ ခိုင်နှုန်းလောက်သာ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်း ဆက် သွယ်ရေး ဈေးကွက် အခွင့်အလမ်းတွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရဖို့ ကမ္ဘာ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အကြီးအကျယ် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ 

မိုဘိုင်းဆင်းကဒ်တွေ ဈေးကြီးလှတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၃ နှစ်အတွင်း လူဦးရေရဲ့ ၈၀ ရာခိုင်နှု န်းလောက် မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုလာနိုင်တဲ့အထိ တိုးချဲ့လာနိုင်ဖို့လည်း မျှော်လင့်နေကြ တာဖြစ် ပါ တယ်။ မြန်မာအစိုးရကလည်း သိပ်မကြာခင်တုန်းကပဲ မြန်မာနိုင်ငံမှာ တန်ဖိုးနည်းလက်ကိုင်ဖုန်းတွေနဲ့ ကျပ် ထောင်ဂဏန်းသာ ပေးရမယ့် ဆင်းကဒ်တွေ ရောင်းချပေးမယ်လို့ ကတိပေး ပြောဆိုထား တာဖြစ် ပါ တယ်။ 




From:opposite eyes

မိတ္ထီလာမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့သော ရွှေဆိုင်မှ တရားခံ သုံးဦးအား ပြစ်ဒဏ် အသီးသီး ချမှတ်

Posted by drmyochit Friday, April 12, 2013, under | No comments



မတ် ၂ဝ ရက်က မိတ္ထီလာမြို့၌ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ တရားခံ သုံးဦးတို့အား ယနေ့ တွင် မိတ္ထီလာမြို့နယ် တရားရုံးက ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း သိရှိရ သည်။ ဖြစ်စဉ်မှာ မတ် ၂ဝ ရက်က မိတ္ထီလာမြို့ ဈေးအရှေ့ ဘက်ရှိ ဦးထွန်းထွန်းဦးနှင့် ဒေါ်မြင့်မြင့်အေးတို့ ပိုင်ဆိုင်သော နယူးဝိန့် စိန် ရွှေဆိုင်သို့ မိတ္ထီလာ မြို့နယ် ပြွန်ကောက်ရွာနေ ဦးခင်မောင်ဝင်း ၎င်း၏ ဇနီး ဒေါ်အေးနိုင်နှင့် ဒေါ်ညိုသန်းတို့ သုံးဦးသည် ရွှေဆံကုပ် တစ်ခုအား လာရောက်ေ ရာင်းချရာ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး(ခ) အာရှစ်၊ ဇနီး မမြင့်မြင့်အေးနှင့် ဆိုင်လုပ်သား ညီညီ (ခ)မင်းအောင် တို့က ငွေကျပ် ၁ဝ၅ဝဝဝ ပေးမည် ဟုပြောပြီး မှတ်ကျောက်တင်ရန် ဈေးအတွင်း ယူသွားခဲ့ကြောင်း၊ ထို့နောက် ဈေးအတွင်းမှ ဆိုင်သို့ ပြန်လည်ရောက် ရှိချိန် တွင် ရွှေဆံကုပ်မှာ ပဲ့ေ နပြီး ဆိုင်ရှင် တို့က ငွေကျပ် ၅ဝဝဝဝ သာ ပေးတော့မည်ဟု ပြောဆိုရာမှ ဆိုင်ရှင် မိသားစုနှင့် ရွှေဆံကုပ် ရောင်းချသူ မိသားစု တို့ အချင်းများပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဦးခင်မောင်ဝင်းမှာ ပေါက်ပြဲ ဒဏ်ရာ တစ်ချက်နှင့် မျက်နှာဖူးရောင် ဒဏ်ရာများ ရရှိ ခဲ့သဖြင့် မိတ္ထီလာမြို့ အမှတ်(၂) ရဲစခန်းမှ(ပ) ၇၄/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/ ၃၂၅/၄၂၇/၁ ၁၄ဖြင့် အမှုဖွင့်ခဲ့ပြီး ဆိုင်ရှင် ဦးထွန်းထွန်းဦး အပါအဝင် သုံးဦးအား ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ကြောင်း၊ ဤဖြစ်စဉ်မှ အစပြု၍ မိတ္ထီလာ မြို့တွင် ပြဿနာ များ ဖြစ်ပွားခဲ့ကာ ရုန်းရင်းဆန်ခတ် ပဋိ ပက္ခမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရွှေဆိုင်၏ အမှုကို အမှတ်(၂) ရဲစခန်းက အမှုဖွင့်ခဲ့ ပြီးနောက် ဧပြီ ၅ ရက် မှစတင်၍ မိတ္ထီလာ မြို့ နယ် တရားသူကြီး ရုံးတွင် ပြစ်မှုကြီးအမှတ် ၁၁၇၈/၂ဝ၁၃ ဖြင့် ကြားနာ စစ်ဆေးခဲ့ရာ ယနေ့ အထိ အသိ သက်သေ ၁၃ ဦးတို့အား စစ်ဆေးခဲ့ပြီး မြို့နယ် တရားရုံးက တရားခံထွန်းထွန်းဦး(ခ)အာရှစ် ၂၃ နှစ်အား ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ငါးနှစ်နှင့် ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကို အလုပ်နှင့်တကွ သီးခြားစီ ကျခံစေရန် လည်းကောင်း၊ အလုပ် သ မား ညီညီ(ခ)မင်းအောင် ၂၁ နှစ်အား ပုဒ်မ ၃၈၂ အရ အလု ပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၃၂၅ အ ရ ထောင်ဒဏ် ငါးနှစ်နှင့် ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ် ကို သီးခြားစီ ကျခံစေရန် လည်းေ ကာင်း၊ ရွှေ ဆိုင်ပိုင်ရှင် မြင့်မြင့်အေး ၂၄ နှစ်အား ပုဒ်မ ၃၈၂ အရ ထောင် ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၃၂၅/ ၁၁၄ အရ ထောင်ဒဏ် ငါးနှစ်နှင့် ပုဒ်မ ၃၂၄/၁၁၄ အရ ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ်ကို သီးခြားစီ ကျခံစေရန် မြို့နယ် တရားရုံးက အမိန့် ချမှတ် လိုက်ကြောင်း သိရှိရသည်။




From:opposite eyes

မဖြစ်ညစ်ကျယ်တာ မီဒီယာလား

Posted by drmyochit Friday, April 12, 2013, under | No comments


တစ်ဘက်စောင်းနင်း ဘက်လိုက်ကာ လိုရာဆွဲပြီး စည်းလွတ် ၀ါးလွတ်ရေး သားဖော်ပြနေ ကြသည့် သောက်သုံး မကျသော ခါတော်မီ မီဒီယာတစ်ချို့ကို ဒီအတောတွင်း ပိုမိုမြင်တွေ့လာရပါတယ်။ အစိုးရကို အတင်းတုတ်မှ တပ်မတော်ကို အပုပ်ချမှ စတုတ္ထ မကျမဏ္ဍိုင် ပီသနိုင်သလို စောင်ရေတိုးတက် ရောင်းအား သွက်နေကြတယ် ထင်ပါရဲ့။

အစိုးရနဲ့ပြည်သူ၊ ပြည်သူနဲ့ တပ်မတော် တစ်ဦးကို တစ်ဦး အယုံကြည် ကင်းအောင် အမုန်းတရားနဲ့ သံသယတွေ ပွားသည်ထက် ပွားအောင် လုပ်ဆောင်နေမှ ထမင်းဝကြသူတွေ ထင်ပါရဲ့။

အဲဒီသူတွေဟာ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့် ဆိုတဲ့ ခေါင်းစဉ်ကို အလွဲသုံးစား လုပ်ပြီး ကိုယ်ထင်ရာ ကိုယ်စိုင်း ကမ်းကုန်အောင်မိုက်ရိုင်းနေတာလည်း မကြားချင် မမြင်ချင်မှအဆုံးတွေ့နေရပါတယ်။

မနေ့ကလည်း လူထုပုံရိပ်ဆိုတဲ့ ဂျာနယ် တစ်စောင်က (၆၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနားမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချီတက် အလေးပြု လာသော စစ်ကြောင်းကြီး များကို ပြန်လည် အလေးပြုနေတဲ့ ဓာတ်ပုံမြင်ကွင်း အောက်မှာ ဆောင်းပါးတစ်စောင် ရေးသားထားတာကို တွေ့ရပါတယ်။

ဒီဓာတ်ပုံမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စနစ်တကျ အလေးပြုနေတာ အမှန်ဖြစ်ပေ မယ့်ဖိုတို ရှော့နဲ့ ပြန်လည်ပြုပြင်ပြီး ဘယ်လက်နဲ့လက်တင်အလေးပြုနေပုံအဖြစ် ပြောင်းလဲဖော်ပြ ထားတာတွေ့ရ ပါတယ်။

တပ်မတော်မှာ အထက်အရာရှိနဲ့ လက်အောက်ငယ်သား အပြန်အလှန် လေးစားချစ်ကြည် သမှုနဲ့ အလေး ပြုခြင်း အစဉ်အလာဟာ အင်မတန်ချစ်စရာကောင်းတဲ့ဓလေ့ထုံးစံတစ်ခုပါ။ တပ်မတော်က အင်မတန် တန်ဖိုးထားတဲ့ အမွေအနှစ်ပါ။ဒီလိုအလေးအမြတ်ပြုထားတဲ့ အစဉ်လာ ယဉ်ကျေးမှုတစ်ခုကို ကရော်ကမယ် သဘောနဲ့ဖြစ်စေ၊ အမှုမဲ့ အမှတ်မဲ့ဖြစ်စေ၊ မသိနားမလည် လို့ဖြစ်စေ၊ ရည်ရွယ်ချက်ဖြင့် သေးသိမ် မှေးမှိန်အောင် လုပ်ဆောင်လို၍ဖြစ်စေ ဘယ်လိုမှ မဖြစ်သင့်မဖြစ်ထိုက်တဲ့အမှားပါ။

ဒါပေမယ့် အောက်ဆောင်းပါးပါ အရေးအသားတွေအရ တမင်ကလာဖန်တီးပြီး တပ်မတော်အကြီးအကဲကို စော်ကားမော်ပြုထားသလား စဉ်းစားစရာဖြစ်ပါတယ်။

ဆောင်းပါးတစ်ပုဒ်လုံးမှာ မြန်မာ့သမိုင်းနဲ့ ထပ်တူကျခဲ့တဲ့ တပ်မတော်ကို ရစရာမရှိအောင် ပုတ်ခတ် ရေးသားထားတာ တွေ့ရပါတယ်။ ရှေးမြန်မာ ဘုရင်တွေလက်ထက်တပ်မတော်တွေကိုပါ ဘုရင့်ခါးပိုက် ဆောင်အဖြစ် ရေးသားထားသလို ပြည်သူလူထုကို ဖိနှိပ်တဲ့ တပ်မတော်တွေ အဖြစ် ရေးသားထားပါတယ်။
ဒါဟာ တပ်မတော်ကို သာမက နိုင်ငံတော် ကာကွယ်ရေးတွက် အသက် သွေးချွေးများစွာ စတေးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးများကို စော်ကားထားတာပဲဖြစ်ပါတယ်။

ဆောင်းပါးရှင် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် တပ်မတော်ကိုသာ အမွှန်းတင်ထားပြီး ကျန်တဲ့ ခေတ်အဆက်ဆက်က တပ်မတော်တွေရဲ့ စွန်လွှတ်စွန့်စား ပေးဆပ် သွားတာတွေကို မျက်ကွယ်ပြုပြီး တစ်ဘက်စောင်းနင်း ရင့်ရင့်သီးသီးရေးသားထားပါတယ်။

ဒါဟာ ခေတ်အဆက်ဆက် တပ်မတော်နဲ့ တပ်မတော်သား တစ်ရပ်လုံးကို အဆုံးစွန်သောစော်ကား ရိုင်းပြမှု တွေနဲ့ လူ့စည်းဘီလူးစည်းမချန်တဲ့အလေနတောတစ်ကောင်ရဲ့ အတွေးအမြင်သာဖြစ်ပေမယ့် ဒီဂျာနယ်ကို တစ်နိုင်ငံလုံးဖြန့်ဝေတာဖြစ်တာကြောင့်မသိနားမလည်သူတွေရဲ့စိတ်မှာ
ဟုတ်လိမ့်နိုးနိုး ဒွိဟဖြစ်လာနိုင်ပါတယ်။

နိုင်ငံပိုင် သတင်းစာ တစ်စောင်က ဓာတ်ပုံမှားယွင်း ဖော်ပြမှုကို ဖွလို့ဆွလို့ ရှုတ်ချလို့ မဆုံးနိုင်အောင် ပဋာမြေလူး သွပ်သွပ်ရူးသလို ဖျတ်ဖျတ်လူးခဲ့ကြတဲ့ မီဒီယာများ အခုလိုစော်ကားတာကျတော့ကော ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။လုပ်ချင်ရာလုပ်၊ ထုတ်ချင်ရာထုတ်၊ ဟုတ်ချင်ရာဟုတ် ဒို့ကို လာမချုပ်နဲ့ဆိုတာ မီဒီယာလား???ဥပဒေအထက်မှာ မီဒီယာရှိပြီး မီဒီယာအောက်မှာ တပ်မတော်ရောက်နေပါသလား???

ပြန်ကြားရေးဝန်ကြီးက ပုံနှိပ်ခြင်းဥပဒေကြမ်းတင်သွင်းတုန်းက အုံးအုံးကျွက်ကျွက်ကဖျက်ယဖျက် ၀ိုင်းကန့် ကွက်ကြတဲ့ မီဒီယာတွေ ၊မင်းတို့အဆင့်တန်း၊မင်းတို့နည်းလမ်း၊မင်းတို့သိက္ခာ ဘယ်မှာလဲ???

ဘာအပြုသဘောဆောင်ပြီး ဘာတွေကိုပြည်သူလူထုဆီပို့ဆောင်နေတာပါလဲ???

တကယ်တော့ မင်းတို့ဟာအငုံ့စိတ်နဲ့ မဖြစ်ညစ်ကျယ်၊မဖြစ်ညစ်မယ်ဆိုတဲ့ အနှစ်မပါ၊ အကာမဲ့ကင်း၊ ပုပ်နံ့ သင်းတဲ့ သတင်းမီဒီယာတွေဆိုရင် မမှားပါဘူး။



From:myanmar express 

ဗလီမီးလောင်မှု စုံစမ်းရေးအစီရင်ခံစာ အစ္စလာမ် အဖွဲ့အစည်းတွေကျေနပ်

Posted by drmyochit Friday, April 12, 2013, under | No comments



ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈လမ်း ရေကျော်ဗလီ မီးလောင်မှုဟာ ဒီလ ၂ရက်နေ့ မနက် အစော၂နာရီကျော်မှာ လောင်ကြွမ်းခဲ့တာ ဖြစ်ပြီး ဗလီမှာ ဘာသာရေးစာ သင်ကြားနေတဲ့ ကလေး ၁၃ယောက် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ ဒီမီးလောင်မှု ဖြစ်ပွားချိန်ဟာ မြန်မာပြည် အလယ် ပိုင်းမှာ ဘာသာရေး အကြမ်းဖက် မှုတွေဖြစ်ပွား နေတာနဲ့ တိုက်ဆိုင် နေတာကြောင့် ပြင်ပက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလားဆိုပြီး သံသယတွေလည်း ဖြစ်ပေါ်ခဲ့သလို မီးလောင်တဲ့နေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေး ကော်မရှင် ကို ချက်ချင်းဖွဲ့စည်းပြီး အဖြစ်မှန် ကို လေ့လာခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်က သူတို့ရဲ့ တွေ့ရှိချက်တွေကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန်ခဲ့ရာမှာတော့ ဒီထုတ်ပြန်ချက်ကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ဖွဲ့က လက်ခံခဲ့တယ် လို့ မော်လ၀ီအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှုး ဟာဂျီဦးကျော်စိုးက ပြောပါတယ်။

“မနေ့က ညနေ ၄နာရီ ၃၀မှာခေါ်တဲ့ ဘာသာရေး အဖွဲ့အစည်းများ ကို ခေါ်ယူတွေ့ဆုံပြီးတော့ ရှင်းလင်း တင်ပြတယ်။ အစီရင်ခံစာကို စစ်ဆေးချက်၊ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်ဆိုပြီး မူသုံးရပ်အပေါ်မှာ တင်ပြတယ်။ အစအဆုံး ဝန်ကြီးချုပ် ကိုယ်တိုင် ဖတ်ပြတယ်။ အဲ့ဒီ့အပေါ်မှာ ငါးဖွဲ့စလုံးကလည်း ဘာမှ အဲ့ဒီ့အပေါ်မှာ သံသယစိတ် မရှိပဲနဲ့ အဖြေကို မှန်ကန်တဲ့ လုပ်ဆောင်ချက် အဖြစ်နဲ့ ဝန်ကြီးချုပ်ကိုတောင်မှ အားလုံးက ကျေးဇူးတင်တယ်ဆိုတာပြောပြီးမှ ကျနော်တို့ပြန်လာကြပါတယ်။”

အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ဖွဲ့ကတော့ အိုလမာသာသန ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလာမ် သာသနာ ရေးရာ ဌာနချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီအဖွဲ့ ဌာနချုပ်၊ မြန်မာမွတ်ဆလင်လူငယ်များ ဘာသာ ရေးအဖွဲ့ချုပ်၊ မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် တို့ဖြစ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက မီးလောင်သွားတဲ့ ဗလီနဲ့စာသင်ကျောင်း ကိုလည်း ပြန်လည် တည်ဆောက်ရာမှာ ကူညီ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ ပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တွေ့ရှိချက်မှာတော့ မီးအားမြှင့်စက် အပူရှိန် လွန်ကဲရာက မီးစလောင်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နဲ့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကော်မရှင်က အသက်မသေဘဲ လွတ်မြောက်လာတဲ့ ကလေး၃ယောက်ပါအ၀င် ဗလီမှာနေထိုင်သူတွေ၊ အစ္စလာမ်ဘာသာရေးအဖွဲ့က တာဝန်ရှိသူတွေ နဲ့ မီးလောင်မှုနဲ့ပတ်သက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မီးလောင်မှုမှာ ပါဝင်ကူညီသူတွေကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဒီမီးလောင်မှုနဲ့ ကလေးတွေ သေဆုံးရမှုမှာ တာဝန်ရှိတဲ့ ဗလီဆရာ၂ဦးကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်။

ကလေးငယ်တွေ သေဆုံးရတာကတော့ မီးလောင်မှုကြောင့် မီးခိုးမွှန်ပြီး အောက်စီဂျင် ပြတ်သေဆုံး ရတယ်လို့ ကနဦး သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။




From:myanmar express

ဗိုလ်ချုပ်အောင်ဆန်းပုံ မီးရို့ တာ ရိုးရိုးမဟုတ် မြန်မာ့သမိုင်းကို ခြေဆေးတဲ့ နေ့ 

Posted by drmyochit Friday, April 12, 2013, under | No comments



ဧပြီလ-၉-ရက်-၂၀၁၃-ခုနှစ်ဟာ မြန်မာနိုင်ငံသမိုင်းကို ခြေဆေးတဲ့ နေ့ ဖြစ်သွားတယ် ။ ရန်ကုန်မှာ ဒေါ်အောင်ဆန်း စုကြည်ကို မူဆလင်ဘာသာရေးအဖွဲ့ -၄-ခုက သွားရောက်တွေ့ ဆုံတယ် ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကုလားတွေက ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့  ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပိုစတာတွေကို မီးရို့ တယ် ။ ကနေဒါက အောင်တင်က မိုးသီးဇွန်ဘလော့မှာ ဆရာ တော် ဦးဥတ္တမကို ဆွမ်းဘုဉ်းဘယ်လောက် စားသလဲ ဆိုပြီး အပုပ်ချ ရေးတင်တယ် ။ ဒါဟာ တနေ့ ထဲ တကြိမ်ထဲ တိုက်ခိုက် တာဖြစ်တယ် ။ 

သာမန်တိုက်ဆိုင်မှုတွေ မဟုတ်ဘူး ။ ကြိုတင်စီစဉ်မှုတွေ ဖြစ်နေ တယ်။ တချိန်ကမြန်မာ သံရုံးတွေမှာ ဆန္ဒပြကြပြီဆိုရင်ဖြင့် ၀ပ်ဆိုဒ်တွေ ဘလော့တွေ မှာ တခန်းတနား ဖေါ်ပြလိုက်ကြတဲ့  ပုံတွေဟာ မမြင်ချင် အဆုံးဖြစ်တယ် ။ ခုတော့ ရှာကြည့် ၊ ဘယ်မှာမှ မတွေ့ မမြင် ။ ထူးခြားတယ်လို့  ပြောရ မလား ။ 

ဧရာဝတီမှာ ဖေါ်ပြထားတယ် ။ ဒါပေမဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ဗိုလ်ချုပ်အောင်ဆန်းပုံကို မီးရို့ တာနဲ့  ပါတ်သက်လို့  ဖေါ်ပြတာမဟုတ်ဘူး ။ မြန်မာနိုင်ငံသားတွေကို အထူးသဖြင့် ထိုင်းနိုင်ငံတ၀န်း တနံတလျား မှာရှိတဲ့  ဘယ်အတိုက်အခံကိုမှ မေးစမ်းအင်တာဗျူးတာ မဟုတ်ဘဲ ကုလားကျော်နု ကို အင်တာဗျူးတာ ဖေါ်ပြထားတယ် ။ ဒီတော့ သူတို့ ဘဲ လုပ်ပြီး သူတို့ ဘဲ ပြောချင်ရာ ပြောတယ်ဆိုတဲ့  သတင်းတင်တာဘဲ ဖြစ်တယ် ။ဒါတွေဟာ အစီအစဉ်တကျ အကွက်ဆင်ဖန်တီးလိုက်ခြင်းဖြစ်တယ် ။ 

အဓိကကတော့ သူတို့ ရဲ့  သမိုင်းလိမ်နာမည်ကို ကမ္ဘာက သိသွားချင်နေ တာကြောင့် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကစားပြတာ ဖြစ်တယ် ။ သူတည်း တယောက် ကောင်းဖို့ ရောက်မူ -သူတယောက်မှာ-ပျက်လင့်ကာသာ-ဓမ္မတာတည်း ဆိုသလို ဗိုလ်ချုပ်အောင်ဆန်းဟာ ဒေါ်အောင်ဆန်းစုကြည် ကောင်းစေဖို့ 

အတွက် သေရွာပါသည့်တိုင်အောင် ပျက်စီးခံနေရပြီ ဆိုတာမျိုးဖြစ်နေတယ် ။

ဒေါ်အောင်ဆန်းစုကြည်မှာ အရည်အချင်း သုံးခုရှိတယ် ။ ပထမအရည်အချင်းက ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာနိုင်ငံသားတိုင်း လွပ်လွပ်ရေးဖခင်ကြီးဆိုပြီး ချစ်မြတ်နိုးကြတဲ့ အရည်အချင်း ၊ ဒုတိယ အရည်အချင်း က ပညာရည် ထူးချွန်တဲ့  အရည်အချင်းနဲ့  တတိယအရည်အချင်းက ရုပ်ရည်ချောမွေ့  လှပခြင်း ဆိုတဲ့  အရည်အချင်း သုံးမျိုး ရှိနေလို့  ဖြစ်တယ် ။

ခုတော့ ကောင်းကင်မေမေဖြစ်နေတဲ့  ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာနိုင်ငံသားတွေ အသည်း လှိုက်အူလှိုက် ချစ်ခင်မြတ်နိုး လေးစားရတဲ့  ဒို့ဗိုလ်ချုပ် ဓါတ်ပုံကိုမှ သမိုင်းလိမ် ဘင်္ဂလီမူဆလင် ကုလား တွေက လူမြင်ကွင်းမှာ သိက္ခာချ စော်ကားလိုက်ပြီ ။ ဒီလို ဗိုလ်ချုပ်အောင်ဆန်းပုံကို မီးရို့  ဖျက်ဆီးတာနဲ့  ပါတ်သက်လို့  ဝေဖန်ထောက်ပြ အကောင်းဆုံး ထုတ်ဖေါ်ပြောသူဟာ မြန်မာနိုင်ငံအစိုးရ အ၀ိုင်းအ၀န်းက မှူးဇေါ်ဆိုသူသာဖြစ်တယ် ။

ဒိပြင် ဘယ် ကကြီးကခွေး ကျောင်းသား- ဘယ်မူလတန်းကျောင်းသား- ဘယ်အလယ်တန်းကျောင်းသား- ဘယ်အထက်တန်း ကျောင်းသား- ဘယ်တက္ကသိုလ်ကျောင်းသားအဖွဲ့ အစည်းတွေ-ဘယ်မျိုးဆက်တွေကမှ မပြောကြသလို ဘယ်နိုင်ငံရေးအဖွဲ့ အစည်းကလဲ မပြောကြတာ ရင်နာနာနဲ့  ကြည့်နေကြရတယ် ။

အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလဲဘဲ ဒါကို တနည်းနည်းနဲ့  ထုတ်ဖေါ်ကန့် ကွက်လေမလား စောင့်ကြည့်မိပါတယ် ။ ကျွန်တော်တို့ ဘဲ မျက်စိလျှံနေတာလား-ဒါမှမဟုတ် ကန့် ကွက်တာကိုများ မတွေ့ မမြင်သလား မပြောတတ်ဘူး- ခုထိ ကျွန်တော် မတွေ့ မမြင်သေးတာကိုတော့ ပြောရ ပါလိမ့်မယ် ။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ဆန္ဒပြတယ်ဆိုတာကို ဘယ်လို ပုံစံမျိုးနဲ့ ဖြစ်ဖြစ် ခွင့်လွှတ်လို့  ရတယ်လို့ လူ့အခွင့်အရေး ပဋိဥာည်စာတမ်းကို ကိုးကားပြီး ပြောလို့ရပေမဲ့ ခုတချိန်မှာတော့ ဗိုလ်ချုပ် အောင်ဆန်းပုံကို မီးရို့ တာကိုတော့ ပြောသင့်ကြေညာသင့်ပါတယ် ။ 

ဒါမျိုးကို ကန့်ကွက်ရမယ် ။ ဒီလိုကြေညာရမယ် ဆိုတာဟာ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကို ထိခိုက် သိက္ခာ ကျသွားအောင် လုပ်တာမျိုးဘဲ ဖြစ်ဖြစ် ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းကိုဘဲ ဖြစ်ဖြစ် သိက္ခာ ကျအောင် လုပ်တာကို မကြေနပ်လို့  ကြေညာသည်ထက် အဓိက ဖြစ်စေရမှာက မြန်မာနိုင်ငံ လွပ်လွပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို သိက္ခာချ စော်ကားလွန်းတဲ့ အတွက် ဖြစ်တယ်ဆိုတာ ဖြစ်စေရပါမယ် ။



From:myanmar express

၂၁ ရာစု မန္တလေး

Posted by drmyochit Friday, April 12, 2013, under | No comments



ဓမ္မာရုံ ဘုရားပွဲနှင့် ဘုန်းကြီးပျံ၊ အလှူ မင်္ဂလာဆောင်နှင့် ကလေး ပုခက်တင်ပါ မကျန် ဇာတ်ပွဲ၊ အငြိမ့်ပွဲများ အပြိုင်အဆိုင် ထည့်သွင်းကာ ၁၂ ရာသီ ပွဲလမ်းမပျက် လမ်းပိတ်အောင် စည်ကား ခဲ့သောမြို့၊ နံနက် အရုဏ်တက် ဆွမ်း ထချက်ကာ ထိုင်ကိုယ်တော် တစ်မျိုး၊ ရပ်ကိုယ်တော် တစ်သွယ် ဆွမ်းခဲဖွယ်များ လောင်းလှူခဲ့သောမြို့၊ ထောင့် ကျကျ လေးထောင့်ကွက် ၀င်းတွေမှာ နှစ်အိမ့် တစ်အိမ် ဆွေမျိုးတွေလို နေထိုင်ခဲ့ကြသော မြို့၊ မြန်မာဘုရင် နောက်ဆုံး မင်းဆက် နန်းစိုက်ခဲ့ရာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိ ခဲ့သောမြို့၊ ရှည်လျား ထည်ဝါသော သမိုင်းရှိပြီး ကိုယ်ပိုင် ယဉ်ကျေးမှုဖြင့် ၀ံ့ကြွားခဲ့သော ထိုမြို့မှာ ၂၁ ရာစု အရောက်တွင် အပြောင်းအလဲများ၊ အရွေ့ များစွာ ဖြစ်ပေါ်ခဲ့လေပြီ။

အရှေ့ဘက် ရှမ်းရိုးမ တောင်တန်းများဘက်မှ နံနက်ခင်း နေရောင်ခြည် သန်းလာတော့ မန္တလေးမြို့က သံဃာတော်တွေ ဆွမ်းခံ ထွက်လာကြသည်။ သံဃာတော်များ၏ ကြွချီ ဦးတည်ရာမှာလည်း နေထွက်ရာမြို့ အရှေ့ခြမ်း မန္တလေး မြို့သစ်ဘက်ဖြစ်သည်။ ယခင်လို မြို့တွင်း မဟုတ်တော့ဘဲ အနည်းငယ် အလှမ်းဝေးသော မန္တလေးမြို့ သစ်ဘက်ခြမ်း ဖြစ်လာခဲ့သည်မှာ နှစ်အနည်းငယ် ကြာခဲ့လေပြီ။ တစ်နေကုန် ရုန်းကန် စီးပွားရှာ ပင်ပန်းခဲ့သော မန္တလေးမြို့ပေါ်လူထုအတွက် နေ့စဉ် နံနက် စောစောထကာ ဆွမ်းထ ချက်ရမည့် အလုပ်က မလွယ်ကူတော့ပေ။

ထို့ကြောင့် ဝေးလံလှသည့် မြို့သစ်သို့ သွားရောက် အလှူခံရမည့်အရေး အဆင်ပြေစေရန် ယာနဒါန ဆွမ်းခံ ကြိုပို့ယာဉ်များ ပေါ်ထွက်လာခဲ့သည်။ အလှူအတန်း ၀ါသနာပါသူများ စုစည်းကာ တစ်ပတ်တစ်ခါ စုပေါင်း ဘုံဆွမ်းလောင်း အသင်းများ ဖွဲ့စည်းလာခဲ့ကြသည်။ လမ်း ၈၀ ယူနန်ဘုံကျောင်းမှလည်း ၀ါတွင်း ဥပုသ်များတွင် ဆွမ်းခဲဖွယ်များ လောင်းလှူပေးခဲ့ ကြလေသည်။

“မန္တလေးဝန်းကျင် သံဃာတော်တွေအတွက် သူတို့ ဒကာ၊ ဒကာမတွေ ပြောင်းသွားတဲ့ မြို့သစ်ကိုပဲ ဦးတည် ပို့ပေးနေရပါ တယ်” ဟု မိုးထိအောင်စည် ယာနဓာန ဆွမ်းခံ ကြိုပို့ယာဉ် အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြို့သစ်ရောက် မန္တလေးသူ၊ မန္တလေးသားများက အလှူအတန်း အပြင် ဓလေ့ ထုံးစံအတိုင်း သူတို့ ရောက်ရှိ သွားသည့် ရပ်ကွက် ဘုရားပွဲလေးများတွင် ပျော်ပျော် ရွှင်ရွှင် ဆင်နွှဲတုန်း။ သူတို့ ချန်ထားရစ်ခဲ့ရသည့် မန္တလေးမြို့အတွင်း ဓမ္မာရုံ ဘုရားပွဲများကတော့ ခြောက်ခြောက် ကပ်ကပ် အငြိမ့်ပွဲ ဇာတ်ပွဲ အသာထားခြင်း ပွဲကလေးနှင့် ပြီးရတာ များလာသည်။ ပွဲမကြိုက်သည့် မြို့နေ လူထုအကြား၊ ပွဲတော်ရက်မှာ တိုက်တံခါးပိတ် အိပ်လာကြသည့် မြို့နေ လူတန်းစားများ အကြား အငြိမ့်တွေ၊ ဇာတ်တွေလည်း ခေါင်းမထောင်နိုင်ကြတော့။ “ခုတော့ ကျွန်တော်တို့ မြို့သစ်ဘက်တွေကို အားထားနေရတယ်။ မြို့ထဲ ဇာတ်ကလည်း ကြည့်မယ့်သူ နည်းသွားပြီ” ဟု ဇာတ်သဘင်သက် နှစ် ၃၀ ကျော်ရှိသည့် ပိုးချစ်ဇာတ် အထွေထွေ တာဝန်ခံ ဦးလေးဇင်က ပြောသည်။

မိုးမချုပ် အိပ်ရေးမပျက် အငြိမ့်ပွဲ၊ ဇာတ်ပွဲ အစားထိုး ခြင်းလုံးသရုပ်ပြပွဲတွေကိုတော့ မြို့နေလူထုက အားပေးမှုရှိသည်။ “ဆုငွေတွေလည်း ချကြတယ်။ သူတို့လည်း လိုက်ခတ်လာကြတယ်။ ဘုရားကြီး ခြင်းအလှခတ် ပြိုင်ပွဲမှာတောင် သူတို့အဖွဲ့တွေ ပါလာကြပြီ။ တရုတ်ပြည်ကိုလည်း အလှပြ လိုက်ခတ်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်” ဟု ခြင်းလုံး သရုပ်ဖော် ကစားသည့် အဖွဲ့တည်ထောင်ထားသော ဦးကျော်သန်းက ပြောသည်။

အားကစားကို စိတ်ပါဝင်စားမှုရှိသည့် မန္တလေးမြို့ပေါ် နေထိုင်သူများအတွက် အဆင့်မြင့် ကိရိယာများကို အသုံးပြုထားသည့် အားကစား ခန်းမတွေ အလျှိုလျှို ပေါ်ထွက်လာသည်ကလည်း ခေတ်သစ် မန္တလေး၏ ပုံရိပ်တစ်ခု ဖြစ်သည်။ မြို့တွင်းရှိ လမ်းလျှောက် အားကစား ပြုလုပ်ရန် ကောင်းသော မန္တလေး နန်းမြို့ ကျုံးဝန်းကျင်က သူတို့အတွက် အဆင်ပြေဆုံး နေရာ ဖြစ်လာသည်။ ထိုက်ကျိနှင့် ၀ူရှူး ကစားရင်း နံနက်ခင်းတိုင်း မြို့နေ လူထုနှင့် မန္တလေး ကျုံးကြီး ဆုံစည်းဖြစ်နေကြသည်။ ၀ူရှူးနှင့် ထိုက်ကျိ ကစားသူ မြို့နေ လူထုနှင့် မန္တလေး ကျုံးကြီးက ခွဲ၍မရတော့။ “နံနက်ခင်းတိုင်း ကျုံးဘေးမှာ ၀ူရှူးတွေ၊ ထိုက်ကျိတွေ အဖွဲ့လိုက် စုပေါင်း ကစားနေကြတာ တွေ့ဖူးတယ်။ မြို့သစ် ၆၂ လမ်းမှာလည်း လုပ်လာကြပြီ” ဟု မန္တလေးမြို့မှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်ဆွေက ဆိုသည်။

မန္တလေး ကျုံးဝန်းကျင်တွင် စုပေါင်း အားကစား လုပ်နေကြသလို မန္တလေးမြို့တွင် နေထိုင်သည့် ဒေသခံ များကလည်း နောင်ရှေ့ရေးမျှော်တွေးကာ တရုတ် ဘုံကျောင်းများသို့ အတူတကွ သွားရောက် ပညာ သင်ကြားနေကြပြီ ဖြစ်သည်။ “တချို့က ဒီမှာ ဆရာတောင် ပြန်ဖြစ်ကုန်ပြီ” ဟု တရုတ် ဘုံကျောင်း ၀န်ထမ်း တစ်ဦးက ဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်းမှာတော့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ လူမြင်ကွင်းများတွင် တပ်ဆင်ထားသည့် ဆိုင်းဘုတ်များ၌ မြန်မာစာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာမှလွဲ၍ လူအများ နားမလည်သည့် အခြား ဘာသာစကားများ အသုံးမပြုရန် မေတ္တာရပ်ခံ ဖြုတ်သိမ်းစေခဲ့သည်။ ထို့အတွက်တော့ လုပ်ငန်းရှင်အချို့ အခက်အခဲ ဖြစ်စေခဲ့သည်။ အများဆုံး ဆက်ဆံနေရသူများ ဖတ်ရှုနား လည်စေရန် တရုတ်စာဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်များ ဖြုတ်သိမ်း ပေးခဲ့ရသည်။ ယခု အချိန်ထိ စည်ပင်သာယာက တားမြစ်ထားသော်လည်း တပ်ဆင် အသုံးပြုနေသူ အချို့ ရှိနေဆဲပင်ဖြစ်သည်။ “တရုတ်စာ မထည့်ထားတော့ အခက်အခဲ ရှိတယ်” ဟု လေယာဉ်လက်မှတ် အရောင်းဆိုင် ၀န်ထမ်း တစ်ဦး ကဆိုသည်။

ဆိုင်ပြင်ပက ဆိုင်းဘုတ် ကိစ္စ အပြင် ဆိုင်အတွင်း ၀န်ဆောင်မှု ကိစ္စများကလည်း ရှိနေသေးသည်။ မန္တလေးမြို့ရှိ အင်တာနက် ဆိုင်များအတွက် ရပ်တည်ဖို့ လွယ်ကူ စေမည့် နည်းလမ်း တစ်ခုမှာ အင်တာနက် လိုင်းကောင်းရန် အပြင် ချက်တင် ဆော့ဖ်ဝဲ တစ်ခုဖြစ်သည့် Chinese QQ အက်ပလီကေး  ရှင်းနှင့် တရုတ် စာရိုက် စနစ်ဖြစ်သည့် Pyin Yin Keyboard နှင့် Sogo Font တို့ကို ကွန်ပျူတာများအတွင်း ထည့်သွင်း ထားရန်ပင်ဖြစ်သည်။

ထိုသို့သာ ထည့်ထားပါက စီးပွား လာဘ်ရွှင် ဂါထာများပင် ရွတ်ရန် မလိုတော့ပါ။ “မန္တလေးက ဆိုင်တွေ အတွက် အဲဒီ ဆော့ဖ်ဝဲနဲ့ အက်ပလီကေးရှင်းတွေက မရှိမဖြစ်ပဲ” ဟု အင်တာနက်ဆိုင် ၀န်ထမ်း တစ်ဦးဖြစ် သူ ကိုအောင်က ဆိုသည်။ မန္တလေးမြို့ယဉ်ကျေးမှု တစ်ခုဖြစ်လာသည့် KTV ကာရာအိုကေ ဆိုင်များတွင် လည်း တရုတ်သီချင်းများ ထည့်မထားသည့် ဆိုင်အတွက် ဈေးကွက်နေရာ ကျဉ်းသည်ဟု ဆိုင်တာဝန်ခံ အချို့က ဆိုသည်။

“ဆိုင် တော်တော်များများ မရှိမဖြစ် ထည့်ထားရတယ်” ဟုဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။ မျက်ရစ် မပါသော မန္တလေးမြို့က ပျိုဖြူချောများအတွက် အိုင်းလိုင်နာက အသုံးဝင်ဆုံးဖြစ်လာသည်။ ပါးနီကြိုက် သည့် သူမတို့အတွက် နဂိုရဲပြီးသား မျက်နှာကြောင့် အရောင်မပါသည့် ပါးနီကို ပိုမိုသုံးစွဲလာသည်။ မန္တလေးမြို့၏ ပူပြင်းလှသည့် နေရောင်ကို အန်တုပြီး စီးပွား ရှာနေသူတို့အတွက် ရည်ရွယ်ကာ Skin Care လုပ်ရန် ဗြူတီ စလွန်းတွေက မှိုလိုပေါက်ကာ ပေါ်ထွက်လာသည်။ မျက်နှာတစ်ခါ ပေါင်းတင် ကျပ်နှစ်သောင်း၊ သုံးသောင်း၊ Skin Care တစ်စုံ ကျပ်ခုနစ်သိန်း၊ ရှစ်သိန်းသည် ၎င်းတို့အတွက် မပြော ပလောက်ဟု ဗြူတီစလွန်း ဆိုင်ရှင်အချို့နှင့် အလှအပပစ္စည်း ရောင်းချနေသူ အချို့က ဆိုသည်။

အသားအရေ စိုပြည် လှပအောင် သစ်သီး သီးနှံတွေ စားသုံးလေ့ရှိ ကြသည့် မန္တလေးမြို့နေ လူတန်းစား  များအတွက် အသီးအနှံ ဆိုင်လေးတွေက အပြိုင်အဆိုင် ပေါ်ထွက်လာသည်။ သစ်သီးမျိုးစုံ ကြိုက်တတ် ကြသည့်အတွက် အဖိုးတန် သစ်သီးတွေက ဆိုင်တွေမှာ နေရာ ၀င်ယူလာသည်။ တစ်ပိဿာလျှင် ကျပ် တစ်သောင်း ငါးထောင်ခန့်ရှိသည့် ယိုးဒယား စပျစ်သီးများ၊ တစ်လုံးလျှင် ကျပ် ၁၈၀၀ ၀န်းကျင်ရှိသည့် နဂါးမောက်သီးများ၊ တစ်လုံး ကျပ် ၂၅၀၀ ခန့်ရှိသည့် ကျွဲကောသီးများကို သစ်သီးဆိုင်တွေက ရဲရဲဝင့်ဝင့် တင်နိုင်လာကြသည်။ “မြန်မာတွေကတော့ အခါကြီးရက်ကြီး သစ်သီးကိုးမျိုးတင်တဲ့ အခါမျိုးဆိုရင် ရောင်းရ တယ်။ ပုံမှန်ရက်မျိုးကတော့ ဈေးအရမ်းကြီးတဲ့ အသီးတွေ သိပ်မ၀ယ်ကြဘူး”ဟု လမ်း ၈၀ တွင် သစ်သီးရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သစ်သီးတင်မဟုတ်၊ အခြား စားသောက်မှုများလည်း မသိမသာ ပြောင်းလဲလာသည်မှာ မန္တလေး၏ ပုံရိပ်သစ်များ ဖြစ်သည်။ မုန့်တီ၊ မုန့်ဟင်းခါး၊ ထမင်းသုပ်၊ မုန့်သိုင်းခြုံအစရှိသည့် မြန်မာ မုန့်မျိုးစုံ ရောင်းချ နေသည့် ဈေးချိုတော် ညဈေးတန်းထက် ရှမ်းခေါက်ဆွဲ၊ အကင်စုံ၊ မာလာဟင်းနှင့် တရုတ် အစားအစာ တွဲဖက်ပြီး မျိုးစုံ ရောင်းချနေသည့် ၇၆ လမ်း ညဈေးတန်းက ပိုမို အရောင်းအ၀ယ် ဖြစ်လာသည်။ မုန့်မျိုးစုံ တွဲဖက် ရောင်းချသည့် မန္တလေး လက်ဖက်ရည်ဆိုင်များတွင် မန္တလေး မုန့်တီနှင့် အကြော်စုံထက် ရှမ်းခေါက်ဆွဲနှင့် ၀က်ခေါက်ကြော်က မရောင်းမဖြစ် ရောင်းချနေရသည့် မန္တလေး အစားအသောက် ဖြစ်လာသည်ဟု ဆိုင်ရှင်အချို့က ဆိုသည်။

ယခင် နှစ်ပိုင်းက မဟာမြတ်မုနိ ဘုရားဝန်းကျင်ရှိ ကျောက်ဆစ်တန်းတွင် ကွမ်ရင် မယ်တော် ရုပ်ပွားတော် များ၊ ဦးတီပွား ရုပ်ပွားတော်များ သူ့ဆိုင် ကိုယ့်ဆိုင် မြိုင်မြိုင် ဆိုင်ဆိုင် ထုလုပ်ပေးခဲ့ရသည်ဟု မဟာမြတ်မုနိ ဘုရားကြီးမှ အမှတ်တရ အရောင်းဆိုင်ရှင် တစ်ဦးက ဆိုသည်။ အခုတော့ အချိန်ယူ ထုလုပ်ရသည့် ကျောက်ဆစ် ရုပ်ပွားတော်ကို စောင့်ရန် မလိုတော့။ တရုတ်နိုင်ငံမှ ၀င်ရောက်လာသည့် ဈေးနှုန်း ကျပ် တစ်ဆယ့် ငါးသိန်းဝန်းကျင်အထိရှိသော ဗုဒ္ဓ ရုပ်ပွားတော်များ၊ ကွမ်ရင် မယ်တော် ရုပ်ပွားတော်များ၊ တရုတ်နိုင်ငံလုပ် ကြွေပန်းအိုးကြီးများ၊ တရုတ် စစ်သူကြီး အရုပ်များ၊ တရုတ် နတ်ရုပ်များ ရောင်းချပေး နေသည့် ဆိုင်များ ပေါ်ထွက်လာပြီဖြစ်သည်။

မန္တလေးသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာပြီဟု မန္တလေးမြို့ခံ အချို့က သုံးသပ်သည်။ မနည်း ကြံ့ကြံ့ ခံနေရတယ်ဟုလည်း မန္တလေးသား စာရေးဆရာ ဆူးငှက်က ပြောသည်။ မန္တလေးသည် တကယ်တော့ မန္တလေးပင် ဖြစ်ပါသည်။




From:yoyarlay

အမေရိကန်ဒေါ်လာ ၆.၄သန်းတန် နပိုလီယံဓား

Posted by drmyochit Friday, April 12, 2013, under | No comments



၁၈၀၄ ကနေ ၁၈၀၅ ခုနှစ်အထိ ပြင်သစ် အင်ပါယာ

အာဏာရှင် ဖြစ်ခဲ့တဲ့ နပိုလီယံကို လူတိုင်း သိပါ တယ်။ သူရဲ့  တူမတူတဲ့ စစ်ရေး ပညာရပ်များ ကြောင့်ကမ္ဘာက ယနေ့တိုင် လေးစားရတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

နပိုလီယံ နေဝင်ခဲ့ပေမယ့်သူ့ရဲ့အောင်မြင်မှုနဲ့ အငွေ့ အသက်တွေဟာ ယနေ့တိုင် ကျန်ရှိနေပါ သေးတယ်။ ဒါကြောင့်သူ့ရဲ့ အသုံးအဆောင် အားလုံးကိုလည်း တန်ဖိုးထား လေးစားမြတ်နိုးကြပါတယ်။ ယင်းထဲမှာ သူ့ရဲ့ ဓားတစ်လက် ပါဝင်ပါတယ်။ နပိုလီယံဓားလို့ လူသိများပြီး ပြင်သစ်နိုင်ငံရဲ့  ရှေးဟောင်းအမွေ အနှစ်လို့ သတ်မှတ်ထားပါတယ်။

သို့ပေမယ့် လေလံဈေးထဲမှာ ဘီလျံနာ တစ်ဦးကို ရောင်းချလိုက်ပြီး ဖြစ်ပါတယ်။ ၂၀၀ ၇ ခုနှစ် နွေရာသီ ကာလက ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆.၄ သန်းနဲ့ လေလံဈေးတင်ပြီး ဘီလျံနာ တစ်ဦးက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး လေလံတင် ဓားစာရင်းထဲမှာ ထိပ်တန်း ပါဝင်တဲ့ ဓားတစ်လက် ဖြစ်ပါတယ်။

တိုက်ပွဲတိုင်းမှာ နပိုလီယံဟာ ပစ်စတို တစ်လက်နဲ့ ဓားတစ်လက် အမြဲဆောင်ယူ တိုက်ခိုက်ပြီး ယခု ဓားကတော့ သူအမြဲဆောင်တဲ့ ဓား ဖြစ်တယ်လို့ သိရပါတယ်။




From:yoyarlay

ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည် ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည်

Posted by drmyochit Friday, April 12, 2013, under | No comments



ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ တည်ဆောက်၍ မီးမရ သေးသည့် ဒေသ အချို့ကို ပေးသွားရန် နယ်စပ်ရေးရာ ဝန်ကြီး ဌာနက စီစဉ်နေပြီဟု သိရသည်။ မဟာ ဓာတ်အား လိုင်းများနှင့် ဝေးကွာပြီး လျှပ်စစ်မီး မရသေးသော နေရာတို့ကို ထိုစက်ရုံငယ်များဖြင့် ပထမဦးဆုံး စီစဉ်ခြင်း ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုတို့ တွင်ဖြစ်သည်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ကြူကြူခင်က ပြောသည်။

”စက်ရုံ တစ်ခုကို ကျပ် ခြောက်သန်း ခန့်မှန်း တွက်ချက် ထားပြီး ဒီဘဏ္ဍာနှစ် ထဲမှာ အပြီး ဆောင်ရွက်ပေးဖို့ လျာထား လိုက်ပါပြီ” ဟု ၄င်းက ဆိုသည်။ လက်ရှိ နိုင်ငံတွင် ကျေးရွာ ပေါင်း ၆ဝ,ဝဝဝ ကျော်ရှိရာ ၂ဝ,ဝဝဝ သာလျှင် လျှပ်စစ်မီး ရရှိနေကြောင်း၊ ထို့အတွက် ကြောင့် စီမံချက် ထားကာ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပအိုဝ်း၊ ပလောင်၊ ဓနုတို့တွင် ရှစ်ခုစီ၊ ကိုးကန့်နှင့် ဝ တို့၌ ၇ ခုစီ၊ နာဂ ၌ ၉ ခုနှင့် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ရန်ကုန်တို့တွင် စုစု ပေါင်း ၁၇ ခုဖြင့် ရေအားလျှပ်စစ် စက်ရုံငယ်များ အသီးသီး တည်ဆောက် သွားမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။ နယ်မြေဒေသ၏ တောင်းဆိုချက်၊ ရေအရင်းအမြစ်များဖြစ်သည့် ချောင်း၊ မြောင်း၊ စမ်းရေများရှိရာ အဆိုပါ ဒေသတို့၌ ရေအားလျှပ်စစ် စက်ရုံငယ်များ တည်ဆောက်သွား မည့်လုပ်ငန်းအပြင် အိမ်ခြေပေါင်း ၁၃,၆၃၁ ခုကို ဆိုလာ မီးပေးစနစ်များ တပ်ဆင်ပေး သွားမည်ဟုလည်း ညွှန်ကြားရေးမှူး ဒေါ်ကြူကြူခင်ထံမှ ထပ်မံသိရ သည်။

ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ နှင့် ဆိုလာ မီးပေးစနစ် ၁၃,၆၃၁ ခုတို့ အတွက် လျာထားငွေ ကျပ် ၃,၂ဝ၆.၂ သန်း သတ်မှတ်ထားပြီး ယခင် ဘဏ္ဍာနှစ်ကကဲ့သို့ တင်ဒါ စနစ်ဖြင့် ကုမ္ပဏီတို့အား ဆောင်ရွက် ခိုင်းဖွယ် ရှိသည်ဟု သိရသည်။

ကျေးလက် မီးလင်းရေးအတွက် ဆိုလာဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စ၍ ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာပေါင်း ၁၆,ဝဝဝ ခန့်တွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။




From:yoyarlay

ချောက်ကမ်းပါးထိပ်မှ ရတနာ

Posted by drmyochit Friday, April 12, 2013, under | No comments



ယခုပင် ရောက်လာတော့မည့် ၁၃၇၄ ခုနှစ် တန်ခူး လဆန်း ၃ ရက်နေ့ဆို မြန်မာ့ နှစ်သစ်ကူး သင်္ကြန် အခါတော်သို့ ရောက်ပေ ဦးတော့မည်။ အတိတ် အခါ ခေတ်အဆက်ဆက် တုန်းကဖြင့် မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ဆိုသည်က ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ်ကို လူမရွေး စတမ်း တန်းညှိ ပစ်နိုင်သည့် သင်္ကြန်။ အသက်အရွယ် တွေကို မေ့လျော့သွားစေနိုင်သည့် သင်္ကြန်ဖြစ်လေသည်။

သင်္ကြန်အခါသို့ ရောက်လျှင် အဘိုး အဘွားတွေက ဘုရားကျောင်းကန်သို့ သွားရောက်ကာ ဥပုသ်သီလ ဆောက်တည်ကြသည်ဆိုသည့်တိုင် သင်္ကြန်ထဲတွင်တော့ မနော ကံက ကျန်နေခဲ့တတ်သေးသည်။ သင်္ကြန်ရေ အစိုခံလိုစိတ် မရှိကြတော့ဘူး ဆိုလျှင်တောင်မှ သင်္ကြန်ကို စောင်းငဲ့၍မျှ မကြည့်ဘဲ နေနိုင်စွမ်းမရှိကြ။ သင်္ကြန်အသံ သင်္ကြန်ရနံ့ ရရုံနှင့်ပင် ရင်ထဲ စိမ့်ခနဲ အေးခနဲလေးတော့ လှုပ်လှုပ်ခတ်ခတ် ရှိတတ်ကြမြဲဖြစ်သည်။ မြန်မာတို့၏ နှစ်သစ်ကူး အတာသင်္ကြန်ဆိုသည်က အဲ့သည်လောက် အစွမ်းသြဇာထက်လေသည်။

အသက် ၆၀ ကျော် ၄ နှစ်နီးပါး စွန်းလာပြီဖြစ်သည့် အဘိုးကြီးပေါက်စ ကိုယ်သည်ပင် သင်္ကြန်ဆို အူက ယားတုန်း။ တူးပို့ တူးပို့ဆို ခြေက နန့်နန့် လက်က နန့်နန့် ဖြစ်မိတုန်း။ ဟိုအတိတ် အနှစ် ၅၀ ကျော် ကိုယ်လူ မဖြစ်တဖြစ် ဆယ့်သုံးလေးနှစ် အရွယ်ရဲ့ သင်္ကြန် အခါတော်ထဲက ကိုယ့် ပထမဆုံး ဂီတ မိတ်ဆွေ ဖြစ်ခဲ့သော စည်တိုလေးကို တမ်းတမိတုန်း။ အဲဒီကမှ တစ်ဆင့်..ဂီတနှင့် ရင်းနှီးလာခဲ့သည့် ဟိုးအတိတ် နှစ် ၃၀ ကျော်လောက်ဆီက ကိုယ်တိုင်မြတ်နိုးစွာ ကိုင်တွယ် တီးခတ်ခဲ့သည့် ကိုယ့်ရင်ဘတ်ထဲ တွဲလွဲခို နေခဲ့ဖူးသော အကော်ဒီယံ ကျောက်စိမ်းရောင်လေးကိုလည်း သတိရမိတုန်း။ ပြည်သူ့ အသံကို ပဲ့တင်ထပ် နိုင်ဖို့ ရည်ရွယ်သည့် ကိုယ်တို့ရဲ့ “ ပဲ့တင်သံ” ဒိုး အဖွဲ့အတွက် ကိုယ်ရေးခဲ့သည့် သီချင်းတွေ သံချပ်တွေ ကလည်း ယခုတိုင် ကိုယ့်နှုတ်ဖျားမှာ နှုတ်တက် ရွရွ ရှိနေမိတုန်း။ ရေးချင် တီးချင်၊ ဆိုချင်၊ ကချင် ရှိမိတုန်း။ သင်္ကြန် ရနံ့နှင့် အတူ ငယ်ပေါင်း ဂီတ သူငယ်ချင်းတွေကိုလည်း လွမ်းမိနေရတုန်း။

ပြန်တွေးမိတော့ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး သင်္ကြန်တိုင်းမှာ တူးပို့ တူးပို့နှင့် ကိုယ်တို့ နွှဲခဲ့ကြသည်က မနေ့ တစ်နေ့က လောက်ပဲ ရှိနေသေးသလို ထင်မှတ်နေမိဆဲ ဖြစ်ရသည်။ သင်္ကြန်ဒိုး တူးပို့ တူးပို့နှင့် ကွေးနေအောင် ကခဲ့ကြသူ ငယ်သူငယ်ချင်း မတွေလည်း အခုတော့ ခါးကိုင်း သွားကြွေရှိကြပြီ ထင်၏။ ဘာပဲဖြစ်ဖြစ် သူတို့သည်လည်း ကိုယ်တို့ငယ်တုန်းအခါက မွေးရပ်မြေ မြို့ကလေး၏ အတာ သင်္ကြန်ကို မေ့နိုင်ကြလေမည် မထင်။

တကယ်တော့ ကိုယ်တို့ ဖြတ်သန်းခဲ့ကြသည့် မြန်မာ့ ရိုးရာ အတာ သင်္ကြန်ဆိုသည်က တစ်ဦးကို တစ်ဦး ရေပက်ကြရုံ ဆိုကြ တီးကြ ကခုန် ပျော်ကြ ပါးကြရုံမျှသော အဓိပ္ပာယ် မဟုတ်ခဲ့။ ကောင်းမှု ကုသိုလ်များကို ကိုယ်စီ ပြုကြရင်း မကြာမတင် ရောက်ရှိလာတော့မည့် နှစ်သစ်တွင် ကောင်းကျိုးအထွေထွေနှင့် ပြည့်စုံပါ စေကြောင်း၊ နှစ်ဟောင်းမှ အဆိုးအညစ် မှန်သမျှ နှစ်ဟောင်းတွင်သာ ကျန်ခဲ့ပါစေကြောင်း ဆုမွန် တောင်းလျက် တရော် ကင်ပွန်းဖြင့် ခေါင်းဆေး မင်္ဂလာလည်းပြုကြ။ နှစ်သစ်အခါတွင် စိမ့်ရေ စမ်းရေ တမျှ အေးမြပါစေကြောင်းရည်လျက် ရေရှားပါးရာ ဘုန်းတော်ကြီး ကျောင်းများသို့ ရေအိုး ကိုယ်စီရွက်ကာ ရေအလှူလည်းလှူခဲ့ကြ။

ဘေးဘယာတွေ ဝေးကွာပါစေကြောင်းရည်လျက် သတ္တ၀ါတွေကို ဘေးမဲ့တွေလည်း လွှတ်ခဲ့ကြ။ ဟိုရပ်ကွက် သည်ရပ်ကွက်တွေက စတုဒီသာ အကျွေးအမွေးတွေလည်း လှိုင်ပေါလည်အောင် လှူကြ တန်းကြ။ သက်တော်ရှည် အဘိုးအဘွားတွေကို ပူဇော်ကန်တော့ကြ။ ခြေသည်း လက်သည်းတွေ လှီးဖြတ် ပေးကြ။ ရေချိုးခေါင်းလျှော်ပေးခြင်းဖြင့်လည်း ကုသိုလ်ယူကြ။ ထို့အပြင် လူတိုင်းစေ့ ခေါင်းဆေးမင်္ဂလာ ပြုနိုင်ကြဖို့ ရပ်ကွက်တွေထဲအနှံ့တ ရော်ကင်ပွန်းရည်များလည်း လိုက်လံဝေငှ ဒါနပြုကြသေးသည်။

မှတ်မှတ်ရရ အဲ့သည်တုန်းအခါက တရော်ကို ဈေးမှ အလွယ်တကူ ၀ယ်လိုက်ကြသည် မဟုတ်။ လူငယ် သိုက်က ပဲခူးရိုးမ ခြေရင်းသို့ ရက်ကြို၍ တက်ကာ တရော်ပင်တွေ ခုတ်ကြသည်။ သိပ်ဝေးဝေး သွားခဲ့ကြ ရသည်မဟုတ်။ မနက်အစော ကြက်ဦးတွန် ၄ နာ ရီလောက်မှထပြီး နံနက်အစောစာ အဆာပြေစားနိုင်ဖို့ ကိုယ့်အိမ်က ထမင်းထုပ်ကလေး ကိုယ့်ဘာသာထုပ်၍ ရိုးမခြေရင်းသို့ တက်ခဲ့ကြလျှင် တစ်မြို့လုံးစာ ဝေငှဖို့လုံလောက်သည့် တရော်ကို နံနက် ၈ နာရီလောက်ဆို ပြည့်ပြည့်တင်းတင်းရကြပြီ။ သည်တော့မှ ၀ိုင်းဖွဲ့ပြီး ပါလာသည့် ထမင်းထုပ်တွေ အတူဖြေ ဝေငှစားသောက်ခဲ့ကြ ဆိုတာတွေကလည်း သည်နေ့ထိ မမေ့နိုင်သေး။ ပြန်တွေးတော့ လွမ်းစရာတွေချည်း။

အခုတော့ နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ အဲ့သည် မြန်မာ့သင်္ကြန်ရိုးရာယဉ်ကျေးမှု အရသာတွေ ပျောက်ဆုံး သွားသလို ခံစားလာရသည်။ လောလောဆယ် ရေကြည်ရာ မြက်နုရာအဖြစ် ကိုယ်ရောက်နေမိရသည့် ရန်ကုန် ရွှေမြို့တော်ကြီးတွင်တော့ သင်္ကြန်ပုံရိပ်က ရုပ်ပျက် ဆင်းပျက်နှင့်ပင် ပိုဆိုးသလားထင်သည်။ မြန်မာ့သင်္ကြန်သင်္ကေတ တူးပို့သံဆိုသည်က မြန်မာ့ ရုပ်မြင်သံကြားက လွှင့်တာလောက် ထီရောင်းသည့် ထီလှည်းက ဖွင့်တာလောက်၊ ရှင်လောင်းလှည့် အလှူပွဲ စည်တိုဝိုင်းက ဖြတ်သွားဖြတ်လာ တီးသွားတာ လောက်သာရှိတော့သည်။ တူးပို့က သင်္ကြန်ထဲမှာ မရှိတော့။ သင်္ကြန်ထဲကို ဒူးချပ် ဒူးချပ်ပဲ ကျယ်ကျယ် လောင်လောင် မြည်သည့် သံစဉ်ဘာမှန်းမသိသော အသံတွေက ပုံပြင်ထဲက ကုလားအုပ်လို တိုးဝင် လာသည်။ သင်္ကြန်ပန်းကုံးလေးတွေ လည်ပင်းမှာ တ၀ဲဝဲနှင့်ကကြသည့် သင်္ကြန်အကလည်း ပျောက်လာ သည်။

“၀သ၀တ္တီ နတ်ပြည်က နတ်သမီးလေးလို လှပါတယ်၊ သင်္ကြန်မယ်လေးတွေလှပါတယ်” ဆိုသည့် သင်္ကြန် သီချင်းထဲမှ နတ်သမီးလေးတွေလို လှသည့် ယဉ်ယဉ်ကျေးကျေး မြန်မာ့သမီးပျိုတို့ ရဲ့ အလှတွေလည်း ဘယ်ရောက်ကုန်ကြပြီမသိတော့။ လုံလုံခြုံခြုံ လုံချည်အကျ အ၀တ်အစားကို သင်္ကြန်ရေ စိုသဖြင့် ပေါ်လာသည့် မပေါ်၏ သို့ ပေါ်၏သို့ ရေစို အလှလောက်မျှကို မရောင့်ရဲနိုင်ကြတော့တာလားလည်း မသိ တော့။ သင်္ကြန် ဆိုသည်မှာ မြန်မာ့ သမီးပျိုလေးတွေ အရှက်အကြောက် မရှိစတမ်း ဖော်ခွင့် ချွတ်ခွင့်ရှိသည့် လိုင်စင်ရ ဖော်ပွဲ ချွတ်ပွဲကြီးလိုဖြစ်လာသည်။

အတိုအပြတ်ဆိုသည်က ပျင်းတောင် ပျင်းသေး အဆင့်ဖြစ်သွားသည်။ ပါးပေ့ လွှာပေ့ဆိုသော အဖြူပြောင် ဖျင်စလိုမျိုးကို ၀တ်စုံချုပ်၍ အပေါ်အောက် အောက်ခံ ဘာမျှမပါဘဲ ၀တ်လာပြီး စင်ပေါ်သို့ တက်ပြီဆို ကတည်းက မူလကပင် ရှင်းရှင်း လင်းလင်း မြင်စေကြည့်စေလိုသည့် သဘော ဆန္ဒပါသည်။ သင်္ကြန်ရေ စိုလိုက်သည့်အခါ သူ့ဆန္ဒလည်း အလိုလို ပြည့်သွားသည်။ သင်္ကြန်ရေလည်း အလိုလို ကျက်သရေယုတ် သွားတော့သည်။

ဖွင့်ထားသည့် ဒူးချပ် ဒူးချပ် တီးလုံးနှင့်အတူ ကော့ကော်ကန်ကား အကကိုရော စွက်လိုက်သည့် အခါ တွင်တော့ အဖုံးအကွယ် အကြိုအကြား မကျန်တော့သဖြင့် ကမ္ဘာမှာ မြန်မာကွဟု ရှက်ကြောပြတ် အလံကို မြင့်မြင့် မားမား ထူနိုင်သည့် ယဉ်ကျေးမှု အစုတ်အပဲ့လည်း ရှေ့တန်းသို့ ရောက်လာတော့သည်။ ထိုသို့ အရှက်အကြောက်မဲ့စွာဖြင့် စင်မြင့်ပေါ် တက်ကာ ရိုင်းစိုင်းပြနေကြသည့် အမျိုးသမီးလေးတွေဆိုသည်က ခြေကြိုခြေကြား အုတ်ကြားမြက်ပေါက်ဆိုသည့် အနှိမ်ခံ အောက်ခြေလူတန်းစားတွေထဲမှ ပညာမဲ့ သူလေးတွေ မဟုတ်ကြ။ သူတို့ကိုယ် သူတို့ တကယ့် အဆင့်အတန်း ရှိသူတွေ ဟု သတ်မှတ်နေကြသည့် ကြေးရတတ်တွေထဲမှ ပညာတတ် ဆိုသူတွေဖြစ်သည်။ အချို့ဆို ဆင်စွယ်နန်းပေါ်က။

မနှစ်ကဆို သူ့ကိုယ်သူ အနုပညာရှင် တစ်ယောက် သရုပ်ဆောင် တစ်ယောက်အဖြစ် အမည်ခံထားသည့် အမျိုးသမီး တစ်ဦး၏ ဖော်ပုံချွတ်ပုံက အတော်ပင် သတင်းမွှေးခဲ့သေးသည်။ ထိုသို့ နာမည်ကျော် သတင်း မွှေးချင်သဖြင့် တမင်ထွင်၍ ချွတ်သည်လားတော့လည်း မသိ။ အပုပ်နံ့ နံခြင်းလား ရနံ့သင်း မွှေးခြင်း လားလောက်ပင်လည်း ခွဲခွဲ ခြားခြား သိပုံမရ။ မိမိ၏ ခန္ဓာကိုယ်ကို ကြော်ငြာခြင်းတော့ အောင်မြင် လိုက်ပုံရသည်။

တကယ်တော့လည်း သည်စင်ပေါ်တက်ဖို့ အခငွေကြေးဆိုသည်က တော်ရုံလူ တတ်နိုင်သည်မဟုတ်။ ပြီး စင်ပေါ်မှာ ရက်ရက် ရောရော ပျော်နိုင်ဖို့အတွက် ယမကာ ဆေးဝါးက လိုသေးသည်။ သည်တော့ သည်စင် ပေါ်မှာ သောင်းကျန်းခွင့်ရှိသူတွေဆိုသည်က သူတို့ကိုယ် သူတို့ အထက်တန်းစားတွေဟု သတ်မှတ်ထားကြ သူတွေသာ ဖြစ်နေတော့သည်။

သို့နှင့်ပင် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကြီးဆိုသည်က ကိုယ့်ကိုယ်ကိုယ် လူ့ကုံထံတွေဟု သတ်မှတ်ထားကြသော မြန်မာ အမျိုးသမီးလေးတွေ လွတ်လပ်စွာ ဖော်ခွင့် ချွတ်ခွင့်ရှိသော အရက်နှင့် အခြား မူးယစ်ဆေးဝါးများကို တရားဝင် သုံးစွဲပိုင်ခွင့် ရှိသော၊ မူးယစ် ဖော်ချွတ်ခြင်းနှင့် တစ်ဆက်တည်း ပါလာသည့် စည်းကမ်းပျက် လိင်ဆက်ဆံမှုကိစ္စကို တရားဝင် ခွင့်ပြုသော ပွဲတော်ကြီး အဖြစ်သို့ ပြောင်ပြောင်တင်းတင်း ပြောင်းလဲသွားလေတော့သည်။ ကောင်းမှုပြုခြင်း ကိစ္စကိုသာ အတုယူ နှေးတတ်ကြသော်လည်း မကောင်းမှု အတတ်ကား အကူးစက်မြန်လေသည်။

ယမန်နှစ်ကပင် ရန်ကုန်ဆင်ခြေဖုံး သာမန်လူနေမှု အဆင့်အတန်းမျှရှိသည့် ရပ်ကွက်လေး တစ်ခုတွင် ဖြစ်ပျက်ခဲ့သော သင်္ကြန် သရုပ်ပျက် ဖြစ်စဉ်လေးက အထက်လွှာ စရိုက်ပျက်မှသည် အောက်ခြေသို့ စီးဆင်း လာခဲ့ပြီဖြစ်ကြောင်း ပြဆိုနေသလိုရှိသည်။ သင်္ကြန် အကြတ်နေ့ဖြစ်သော ထိုနေ့က အသက်အရွယ်အားဖြင့် တစ်ဆယ့်ခြောက် တစ်ဆယ့်ခွန်မျှသာ ရှိသေးသော မြန်မာအမျိုးသမီးလေး နှစ်ဦး အတိုအပြတ်တွေ ကိုယ်စီ ၀တ်ကာ အရက်ပုလင်း တစ်ပုလင်းနှင့် ရေသန့်ဘူးကို တစ်ယောက် တစ်လက် ကိုင်ထားပုံက မြင်သူတိုင်းကို အံ့အားတသင့်ဖြစ်စေသည်။ သို့သော် ထို အမျိုးသမီးငယ် နှစ်ဦးကမူ သူတို့နှစ်ဦးမှအပ လမ်းမပေါ်မှာ မည်သူမျှမရှိဟု ထင်နေကြသည်လားလည်း မသိ။

သို့မဟုတ်လည်း မည်သူ့ကိုမျှ ဂရုစိုက်စရာမလိုဟု ထင်ရာစိုင်းလာခဲ့ကြတာလားလည်း မသိ။ အရက် ပုလင်းကို ခွက်မလိုတမ်း ပုလင်းလိုက် တစ်ယောက် တစ်ပြန် လှည့်မော့နေလိုက်ကြပုံကလည်း ပီဘိယောက်ျား အရက်သမားတွေကပင် အလေးပြုရတော့မည့်ပုံ။ တားမည့် ဟန့်မည့်သူလည်း တစ်ဦး တလေမျှ မတွေ့ရ။ သည်ရပ်ကွက်ထဲမှ ဟုတ်လေပုံလည်းမရ။ ရွာကျော်ရပ်ကျော် ရမ်းကား လာကြပုံရသည်။ သူတို့နှစ်ယောက်ကို ကြည့်မြင်နေရသူ မိခင်စိတ်ရှိသည့် အဒေါ်ကြီးသုံးလေးဦးက မပြောသာ မဆိုသာမို့ တက်တခေါက်ခေါက် အံတကြိတ်ကြိတ်။

ခဏအကြာတွင်တော့ ပိုမူးပြီး ပိုရမ်းကားနိုင်ပုံရသည့် ကလေးမလေးက အောက်ခံဘာမျှမပါဘဲ ၀တ်လာသည့် အင်္ကျီပါးကိုသူ့ဘာသာသူ ဆွဲဖြဲပစ်လိုက်သည့်အခါ အပေါ်ပိုင်းဗလာဖြင့် မြင်ရဲ ကြည့်ရဲစရာ မရှိတော့။

ထိုအချိန်မှာပင် အညှီအပုပ် ရှိသဖြင့် ချက်ချင်းအုံလာလိုက်သည့် ယင်မမဲရိုင်းတွေလို ဘယ်ကမှန်းမ သိရောက်လာလိုက်ကြသည့် အရွယ်ရောက်ပြီး ယောက်ျားလေး လေးငါးယောက်က ထိုမိန်းကလေး နှစ်ယောက်ကို ဘယ်ကိုမှန်းမသိ ချော့မော့ခေါ်သွားလိုက်ကြပုံက တားမည့် ဆီးမည့်သူလည်း မရှိ။ ဘယ်ကမ်း ဘယ်သောင်ဆိုက်လေမည်လည်းမသိ။ ထန်းသီးကြွေခိုက်ဆိုသလို ပက်ပင်းမြင်ခွင့်ကြုံနေသည့် ကိုယ့်ရင်ထဲတွင်လည်း ဖြစ်ရလေတယ် မြန်မာ့သင်္ကြန်ရယ်ဟု ရင်ထဲမှာမချိ။

သည်လိုဖြစ်ပျက်နေသည့် စရိုက်ပျက်တွေက ရန်ကုန်မြို့လယ်မှတစ်ဆင့် ဆင်ခြေဖုံးသို့ ရွေ့လာခဲ့ပြီ။ ဆင်ခြေဖုံးမှ တစ်ဆင့် အရပ်ရပ် နယ်မြို့တွေအထိပါ ကူးစက်လာမှာကိုဖြင့် မြန်မာတိုင်း ၀မ်းနည်းတတ်ကြဖို့ ကောင်းသည်။

သည်အဖြစ်တွေက မနှစ်တနှစ် သင်္ကြန်တွင်ကမှ အစပျိုးလာခဲ့သည်တော့ မဟုတ်။ အစပျိုးလာခဲ့သည်က ကြာပြီ။ ထိထိရောက်ရောက် တားဆီး ပိတ်ပင် မရှိကြတော့ စရိုက်ပျက် နယ်ပယ်တွေက ကျယ်ဝန်းလာပြီ။ ဘယ်လို လုပ်ကြမည်လဲ မြန်မာကို တကယ်ချစ်ရင် ဒါကို အလေးအနက်ထား မစဉ်းစားလို့မရ။

သင်္ကြန်ကာလတွင်သာမက သင်္ကြန်ပြင်ပတွင်ပါ စရိုက်ပျက် ၀တ်စားဆင်ယင် နေထိုင်ပုံတွေက နယ်ပယ် ချဲ့ထွင်လာနေသလား ကြားနေ၊ တွေ့နေရသည်။

အခုပင်စ၍မှ ပြင်ကြ ဆင်ကြ တားကြ ဆီးကြဖို့ ဆောင်ပုံ မကိုင်ကြလျှင် မြန်မာ့ ယဉ်ကျေးမှု ဆိုသည်က ချောက်ကမ်းပါးမှာ တကယ့်ကို မေးတင်နေသလားဟု စိုးရိမ်နေမိကြောင်းပါ။ ။



From:yoyarlay

လှည်းတန်း စင်တာကို ကန့်ကွက်သူများ ပေါ်လာ

Posted by drmyochit Friday, April 12, 2013, under | No comments



တည်ဆောက် ပြီးစီးနေပြီဖြစ်သော လှည်းတန်း စင်တာ ဖွင့်လှစ်ရန် ကိစ္စနှင့် ပတ်သက်၍ အငြင်း ပွားနေကြောင်း သတင်းရရှိသည်။

နိုင်ငံတော် အကြီးအကဲများ၏ တိုက်တွန်းမှုဖြင့် ၂၀၀၃ ခုနှစ် ဇန်န၀ါရီလတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ထိုစဉ်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လှည်းတန်း လမ်းဆုံအား Land Mark အဆောက်အအုံများ ဆောက်လုပ်ရန် ညွှန်ကြားသဖြင့် ၂၀၀၃ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား၍ မိမိတို့ နေထိုင်သော အိမ်များမှ ဖယ်ရှားပေးခဲ့ရကြောင်း ဘိုးဘွားမြေ ပိုင်ရှင် တစ်ဦးဖြစ်သူဟု ဆိုသော ဒေါ်ချိုချိုမာကပြောသည်။

“အဲဒီတုန်းက ကျွန်မတို့တွေကို တစ်လတောင် အချိန် မပေးဘဲ ဖယ်ခိုင်းတယ်။ ၂၈ ထပ် ဆောက်မယ် ပြောတယ်။ သုံးနှစ် အတွင်းပြီးမယ် ပြောတယ်။ မြေပိုင်ရှင်တွေကို ရှစ်ဆယ် ရာခိုင်နှုန်း ပေးမယ်ပြောတယ်။ ဒီနေရာမှာ နေတဲ့သူတွေ အတွက် ထိုက်ထိုက် တန်တန် ပြန်ပေးမယ်။ မြေတန်ဖိုးကိုလည်း ကာလ ပေါက်ဈေးအတိုင်း တွက်ချက်ပြီး ဈေးသင့်ပေးမယ်။ ကန်ထရိုက် အနေနဲ့ ရှုံးရင် ရှုံးပါစေ”ဟု ထိုစဉ်က စစ်တိုင်းမှူးက ကတိပေးခဲ့ကြောင်း ဘိုးဘွားမြေ ပိုင်ရှင် တစ်ဦးဖြစ်သည်ဟု ဆိုသော ဒေါ်မင်းမင်းစောက ပြောသည်။

အဆိုပါမြေနေရာတွင် ၂၈ ထပ် တည်ဆောက်ရန် စီစဉ်ထားသော်လည်း အမှန်တကယ် တည်ဆောက်ပြီးစီး သောအခါ ရှစ်ထပ်ဖြစ်နေသောကြောင့် မြေပိုင်ရှင်များ ခွဲဝေရရှိမည့် အခန်းများ လျော့နည်းလာနိုင်ခြင်းနှင့် သုံးနှစ်အကြာတွင် အဆောက်အအုံပြီးစီးမည်ဆိုသော်လည်း ၁၀ နှစ်အထိ ကြာသွားခြင်းတို့ကြောင့် ၎င်းတို့ အားလုံးက မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။

အဆိုပါမြေနေရာသည် ၁ ဒသမ ၅၂၂ ဧက ကျယ်ဝန်းပြီး အဆောက်အအုံ ၃၄ လုံးပေါ်တွင် မြေပိုင်ရှင် ၂၃ ဦးမှ အိမ်ထောင်စု ၆၈ စု နေထိုင်သော ဘိုးဘွားပိုင်မြေဖြစ်ကြောင်း မြေပိုင်ရှင်ဟုဆိုသူများက ပြောသည်။

ထို့အပြင် မြေကွက်အကျယ် ၀ ဒသမ ၅၆၇ ဧကရှိသည့် မြေကွက်အမှတ် 3C ကို ပိုင်ဆိုင်သည်ဆိုသော ဒေါ်ချိုချိုမာနှင့် မြေကွက်အကျယ် ၀ ဒသမ ၉၅၅ ဧကရှိသော မြေကွက်အမှတ် 3D ပိုင်ဆိုင်သူ မြေပိုင်ရှင် ၂၃ ဦးက ၎င်းတို့မိသားစုအားလုံးကို တစ်ပြေးညီ တစ်ခါတည်း အခန်းများ မပေးသေး၍ မည်သူ့ကိုမျှ အဆောက်အအုံပေါ် တက်ရောက် နေထိုင်ခြင်းမပြုရန် ကန့်ကွက်ထားကြောင်း ပြောကြသည်။

ထိုစဉ်က အိမ်များအား ဖယ်ရှားစေခဲ့ရာတွင် ပါဝင်ခဲ့သော မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အေးရှားဝေါလ် ဆောက်လုပ်ရေး ကုမ္ပဏီတို့က ၎င်းတို့အား ညှိနှိုင်းခြင်း မရှိဟု ဆိုသည်။ ထို့အပြင် တည်ဆောက်ပြီး အခန်းများနှင့် ပတ်သက်၍ မြေပိုင်ရှင်များအား မည်ကဲ့သို့ ပြန်လည် ပေးအပ်မည်ကိုလည်း အသိပေး အကြောင်းကြားခြင်း မရှိဘဲ လှည်းတန်းစင်တာ ဖွင့်လှစ်ရန် စီစဉ်နေမှုအား နည်းလမ်းပေါင်းစုံဖြင့် တားဆီးမည်ဖြစ်ကြောင်း ဦးသိန်းဆွေကပြောသည်။

“ကျွန်မတို့က ဆောက်ချင်ပါတယ်ဆိုပြီး ကန်ထရိုက်ကို အပ်တာ မဟုတ်ဘူး။ ကျွန်မတို့ကို အတင်း မောင်းချ တာ။ ကိုယ့်အိမ် ကိုယ့်ရာ ကိုယ့်စီးပွားနဲ့ လုပ်ကိုင် စားသောက် နေထိုင်လို့ရတဲ့ ဘ၀က လမ်းဘေးကို ရောက်လို့ မိဘ ဘိုးဘွားတွေ ခမျာ စိတ်သောကရောက်ပြီး သေတဲ့လူတွေ များလာပြီ။ အခု ဘယ်သူကမှ ဘာမှ လာညှိနှိုင်းတာ မရှိသေးလို့ ကျွန်မတို့တစ်တွေ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ ကျန်တော့တယ်”ဟု ၀င်းဆံသမှ ဒေါ်နီနီအောင်ကလည်း ပြောသည်။

“ကျွန်တော်တို့ လှည်းတန်းစင်တာမှာ ဘယ်အခန်းမှ ရောင်းထားတာ မရှိသေးဘူး။ အခု လောလောဆယ် မှာတော့ အိုးအိမ် ဌာနနဲ့ လွှဲပြောင်းမှုတွေ လုပ်နေပါတယ်။ တစ်ခုပြီး တစ်ခု လုပ်စရာရှိတာ ဆက်လုပ်ပေး မှာပါ။ လှည်းတန်း စင်တာ ဘယ်တော့ ဖွင့်မယ် ဆိုတာကတော့ ကုမ္ပဏီက လူကြီးတွေကပဲ တရားဝင် ကြေညာတာတွေ လုပ်ဆောင်ပေးပါလိမ့်မယ်”ဟု အေးရှားဝေါလ် ကုမ္ပဏီမှ ဆောက်လုပ်ရေး လုပ်ငန်းခွင် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့သော အဆင်မပြေမှုများ ကြုံတွေ့နေရပါက အဆိုပါ ကိစ္စတွင် ပါဝင် ပတ်သက်သူတိုင်း တွေ့ဆုံ ညှိနှိုင်းကြပါက ပြေလည်သွားဖွယ်ရှိကြောင်း အထပ်မြင့် အဆောက်အအုံများ အရည်အသွေး စိစစ် ကြပ်မတ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။




From:yoyarlay

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်