Sunday, April 14, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ပါဝင်ဆင်နွဲ

Posted by drmyochit Sunday, April 14, 2013, under | No comments



နေပြည်တော် ဧပြီ ၁၄

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (အတာသင်္ကြန် အကျနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့် ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင် ပွဲတော်၌ ပါဝင်ဆင်နွဲကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် နံနက် (၉) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်ရှိ သမ္မတအိမ်တော်ဝင်း မိသားစု မဟာသင်္ကြန် ရေကစားမဏ္ဍပ်သို့ ရောက်ရှိလာကြရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတော် သမ္မတရုံး မိသားစုများက အောင်စံပယ်ပန်းကုံးများဖြင့် ဂါရဝပြု ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် တို့က တက်ရောက် လာကြသူများနှင့် အနုပညာရှင် များအား အတာရေ ဖြင့် ပက်ဖျန်းကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဒုတိယသမ္မတနှင့်ဇနီး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ မိသားစုများနှင့်အတူ ခါသင်္ကြန်အဆိုအက များဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအား ပေးကြသည်။

အဆိုပါ ရေကစားမဏ္ဍပ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံခေတ်ပေါ် တေးဂီတ အဖွဲ့၊ ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ ယိမ်းအဖွဲ့ဝင်များနှင့် တေးသံရှင်များ၊ ရုပ်ရှင် အနုပညာရှင်များနှင့် တေးသံရှင်များက ခါသင်္ကြန် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ခါသင်္ကြန်အဆိုအကများဖြင့် ဖျော်ဖြေကြသည့် ရုပ်ရှင်အမေများအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်အား အတူတကွ ဆင်နွဲကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဒုတိယသမ္မတနှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ဇနီးတို့က သီဆိုကပြဖျော်ဖြေကြ သည့် ယိမ်းအဖွဲ့ဝင်များနှင့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ 




From:myanmar express

ငွေငန်းဖြူနှင့် အပြိုင် သင်္ကြန်လည်နေသော ဗိုလ်ချုပ်ကြောင့်..........

Posted by drmyochit Sunday, April 14, 2013, under | No comments




 သို့….ဗိုလ်ချုပ်

ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကကွယ်.. ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် ဆိုတဲ့ သီ ချင်းလေး က ကျွန်တော်တို့ နားထဲမှာ တကယ်ကို စွဲထင်နေပါတယ် ဗိုလ်ချုပ်။ ကိုယ်တိုင်က ဗိုလ်ချုပ်လို သူ ရဲကောင်း မဖြစ်နိုင်ပေမယ့် မြင်းစီးကြေးရုပ်ကြီး အထက်မှာ ခပ်မတ်မတ် ရှိနေတဲ့ ဗိုလ်ချုပ် ကြေးရုပ်ကြီးတွေ မြင် တိုင်း ကြက်သီး ထခဲ့ဖူးပါတယ်။ ဓားကို ထောက်လို့ ရပ်နေတဲ့ တည်ကြည်ပြတ်သားဟန် အပြည့်နဲ့ ဗိုလ် ချုပ် ရုပ်ထု တွေကို မြင်တိုင်းလဲ တိုင်းပြည် အတွက် ဗိုလ်ချုပ်ပေးဆပ်မှုတွေကို ဦးညွှတ်ဂါရ၀ ပြုလျှက်ပါပဲ..

ဗိုလ်ချုပ်တို့ ၁၉၄၇ ဇူလိုင် ၁၉ မှ ကျဆုံးသွားတဲ့ အချိန်ကစပြီး ၄၂ အကြာမှာတော့ ကျွန်တော်တို့ ချစ်တဲ့ ဗိုလ် ချုပ် ကို ကျွန်တော်တို့ နေရာအနှံ့မှာ ပြန်ပြီး တွေ့လာခဲ့ကြတယ်။ နေရာအနှံ့မှာ သမီးရဲ့ မဲဆွယ်ပွဲကို လိုက်ပြီး ကူညီပေးနေရတဲ့ ဖခင်ကောင်း တစ်ယောက်ကိုလည်း မြင်တွေ့နေခဲ့ရတယ်။ နိုင်ငံရေး သမားတွေ အ သုံး ချချင်တဲ့ စကားလုံးတွေကို ပြောပြော မပြောပြော ဗိုလ်ချုပ်ပြောခဲ့တယ် ဆိုပြီး လုပ်စားနေလို့ ဗိုလ် ချုပ် နာမည် ကို ရင်းနှီးသထက် ပိုပြီး ရင်းနှီးခဲ့ရတယ်။ နောက်ဆုံး တိုင်းပြည်ကြီး က ခွဲထွက်ဖို့ ကြိုးစားနေတဲ့ လက် နက်ကိုင် အဖွဲ့တွေကတောင် ဗိုလ်ချုပ်ကို အသုံးချနေကြတာ မြင်ရတော့ ဗိုလ်ချုပ် ရုပ်ထုတွေ မြင် တိုင်း ကျွန်တော် စကား တစ်ခွန်း တိုးတိုး ပြောမိတယ်။ ဗိုလ်ချုပ်တော့ လူမရှိတော့မှ အသုံးချခံနေရပြီ လို့။

အစိုးရ သစ် မတိုင်ခင်က ဗိုလ်ချုပ်ပုံကို တီရှပ်လုပ်ဝတ်၊ ရောင်းတန်းဝင် ဈေးကွက်ပစ္စည်းတွေ ဖြစ်အောင် လုပ်ကြပြီး နိုင်ငံရေး အမြတ်ထုတ်ခဲ့ကြတယ်။ လုပ်တဲ့အလုပ်က မင်းမဲ့စရိုက် ဆူပူဖို့၊ အကာအကွယ် ယူတာ က ဗိုလ်ချုပ် ဓာတ်ပုံ တီရှပ်နဲ့ အသုံးအဆောင်တွေ ဖြစ်နေတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့မှာ တပ် မတော် စစ်ကြောင်း၊ တပ်ခွဲတွေမှာ အောင်ဆန်း စစ်ကြောင်း၊ အောင်ဆန်းတပ်ခွဲ ဆိုတာတွေ တွေ့ရတော့မှ ရဲရင့်ပြတ် သား ကိုယ်ကျိုးစွန့်တဲ့ ဗိုလ်ချုပ် ပုံရိပ် အစစ် အတွက် ဂုဏ်တင့်နိုင်ခဲ့ကြရတယ်။

တစ်နှစ်ထက် တစ်နှစ် ဗိုလ်ချုပ်ကို အသုံးချလာကြတာတွေက ဒီ ၂၀၁၃ ဆိုတဲ့ကာလမှာတော့ အထူးခြားဆုံး ဖြစ် ခဲ့ပြီ ဗိုလ်ချုပ်ရေ။ ရိုက်လို့ မကုန်၊ ရောင်းလို့ မလောက် ပါတီကြီး တစ်ခုရဲ့ ရန်ပုံငွေတွေကို ဗိုလ်ချုပ်က ရှာပေး ခဲ့တယ်။ ပလက်ဖောင်းပေါ်မှာ၊ ကားတွေပေါ်မှာ၊ နေရာတကာမှာ ဗိုလ်ချုပ် ဖြစ်နေခဲ့ပြီ။ ဒါတွေထက် ပိုပြီး ထူးခြားတာကတော့ ကားကြီးရဲ့ ရှေ့မှာ ခန့်ခန့်ကြီး ထိုင်စီးလာတဲ့ ဗိုလ်ချုပ် သင်္ကြန် လည်နေ ပါရော့လား။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ တပ်မတော် သား ကြီး တစ်ယောက် သင်္ကြန်ကားရဲ့ ရှေ့ဆုံးမှာ ငွေငန်းကြီး တစ်ကောင်နဲ့ အပြိုင် သင်္ကြန်လည်နေ ပါပေါ့ လား ဗျာ။

ဗိုလ်ချုပ်ရေ။ အမြင့်မြတ်ဆုံးသော ဘုံဘ၀ကနေ ဒါတွေကို မမြင်ပါစေနဲ့လို့ ဆုတောင်းနေမိပါတယ်ဗျာ။
 
 
 
From:opposite eyes 


တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေ အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံတည်ငြိမ်အေး ချမ်းမှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောကြား

Posted by drmyochit Sunday, April 14, 2013, under | No comments



တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးပြော ကြားနေသည့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းအား ဧပြီလ ၁၀ရက်က တွေ့မြင်ရစဉ်
----------------
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။

အဆိုပါ ပြောကြားချက်အား ဧပြီလ ၁၀ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံးတွင် တောင် သူ လယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲ ညှိနှိုင်းရေး အစည်း အဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''မြန်မာ နိုင်ငံရဲ့ အခြေခံ အကျဆုံး လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ အဆင်ပြေသလား ကြည့်လိုက်ရင် အဆင်မပြေကြပါဘူး။ သာမန်ကြည့်ရင် သူတို့ အဆင်မပြေတာ ဆိုပေ မဲ့ နိုင်ငံနဲ့ ဆိုင်တဲ့ ပြဿနာပါ။ သူတို့ ဆင်းရဲနေမယ်ဆို ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းတဲ့နိုင်ငံ ဖြစ်မလာနိုင် ပါဘူး''ဟု သူရဦးရွှေမန်းက သုံးသပ် ပြောကြားသည်။

ဆွေးနွေးပွဲသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ စိုက် ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင်များနှင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေး ရာကော် မတီဝင်များ တက်ရောက်ခဲ့ပြီး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဆန်စပါးလုပ်ငန်း အသင်းချုပ်၊ မြန် မာနိုင်ငံ တောင်သူလယ်သမား အသင်းတို့မှ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တ၀န်းတွင် ဖြစ်ပွား နေသည့် လယ်ယာမြေသိမ်းဆည်း ခံရမှုများကြောင့် လယ်သမားအများ စု မှာ ဘ၀ရပ်တည်ရေး ခက်ခဲမှု ရှိ နေသည့်အပြင် ထိုက်သင့်သည့် ကာလပေါက်ဈေး လျော်ကြေးငွေ မရရှိမှု၊ စီမံကိန်းကြောင့် ဖြစ်ပေါ် လာသည့် ဆိုးကျိုးများကြောင့် ဘ၀ရပ်တည်ရန် ခက်ခဲမှုစသည့် ဖြစ်ရပ် များအပြင် စိုက် ပျိုးချေးငွေ မလုံ လောက်မှုကြောင့် ပြင်ပမှ အတိုးနှုန်း မြင့်မားစွာ ရှာဖွေစိုက်ပျိုးရမှုများ ဖြစ် ပေါ်နေ သည့် အပြင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အကြွေးပတ် လည်ဝိုင်းသည့် အနေအထားတွင် ရှိနေေ ကြာင်း သိရသည်။

တောင်သူလယ်သမား အကျိုး စီးပွား ကာကွယ်သည့် ဥပဒေတွင် အဓိက အချက် ၃ ချက်အား ဥပဒေ အကြမ်း တွင် ထည့်သွင်းထားပြီး အဆိုပါ အချက်များမှာ လုံလောက် သည့် ချေးငွေ ရရှိရန်၊ လက်မှုလယ် ယာ မှ စက်မှုလယ်ယာသို့ပြောင်းလဲ ရာတွင် စက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံ မှုများ ထောက်ပံ့ပေးရန်၊ ဈေးကွက် ရရှိရေးနှင့် သင့်တော်သည့် ဈေးနှုန်း သတ်မှတ်ပေးနိုင်ရန် စသည့် အချက် များဖြင့် ရေးဆွဲထားကြောင်း သိ ရသည်။

''ချေးငွေ တိုးမြှင့်ရနိုင်ဖို့ အတွက် ဘဏ်တွေငွေကြေးဆိုင်ရာကော် မတီတွေ ညှိနှိုင်းဖို့ လိုသလို၊ စက်မှု လယ် ယာပြောင်းဖို့ ဈေးကွက် ရရှိဖို့လည်း စီးပွားကူးသန်း၊ လယ် ဆည် တို့ ပါဝင် စဉ်းစားလုပ် ဆောင် ဖို့လိုတယ်။ မွေးမြူရေးသမား တွေအတွက် အဆင်ပြေအောင် လည်း မွေးရေ၀န်ကြီးဋ္ဌာနက ပါဝင် ကူညီဖို့ လိုတယ်။ ဒီကိစ္စသုံးခုကို ပေါင်းစဉ်းစားနေရင် လယ်သမား တွေ ဒုက္ခရောက်သွားနိုင်သလို ဥပဒေလည်း ပေါ် လာနိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် လယ်သမား ပြသနာ ကနေ၊ နိုင်ငံတော်ပြသနာအထိဖြစ် သွားနိုင်တယ်'' ဟု သူရဦးရွှေမန်းက ဆက်လက်ပြောသည်။

လယ်သမားအကျိုးစီးပွားကာ ကွယ်နိုင်ရေးဥပဒေတွင် လယ်သမား များအနေဖြင့် စိုက်ပျိုးသီးနှံ၊ စပါး များ အား လွတ်လပ်စွာ စိုက်ပျိုး ရောင်းချနိုင်ခွင့် ပါဝင်သင့်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆွေးနွေးခဲ့ပြီး တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီ မှလည်း စီမံကိန်းအပါအ ၀င်ရာသီဥတုကြောင့် ပျက်စီးသွား သည့် လယ်ယာမြေများအား အာမ ခံပေးနိုင် သည့် အချက်အလက်များ ထည့်သွင်းပေးရန် တင်ပြခဲ့သည်။

အဆိုပါ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်သည့် ဥပဒေအား လွှတ်တော်အတွင်း တင်ပြ ဆွေးနွေးနိုင် ရန် အမြန်ဆုံးရေးဆွဲရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း ကပြောသည်။

လွန်ခဲ့သည့် လအနည်းငယ် အတွင်း ဦးပိုင်၊ အော့ချက်စသည့် ကုမ္ပဏီများမှ လုပ်ကိုင်သည့် စီမံကိန်း များကြောင့် လယ်ယာမြေများ အသိမ်းဆည်းခံရသည့်အပြင် ထိုက် သင့်သည့်လျော်ကြေး မရရှိသဖြင့် စစ်ကိုင်း တိုင်း မုံရွာခရိုင်ရှိ လက်ပံ တောင်းတောင်စီမံကိန်းတွင် သပိတ် စခန်းများ ဖွင့်လှစ်ခဲ့မှု အပေါ် အ ကြမ်း ဖက် နှိမ်နင်းမှုနှင့် မအူပင် မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု အစရှိသည့် နေရာများတွင် ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် လယ်သိမ်းခံ ပြည်သူများ အကြားအဓိကရုဏ်းများလည်း ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။




From:opposite eyes

နေမျိုးဇင် ဟီလာထနေသည်

Posted by drmyochit Sunday, April 14, 2013, under | No comments



Nay Myo Zin : အောင်မငီး
အေးလိုက်တာဟယ်
နင်ကလဲ အဟီး

သမီး ဆိုး :  ကဲနေတယ်နော်
ဟွန်းးးးး
မနာလိုဘူး
တမီးချိုးကျတော့ အမေကြီးကားမှာ
ငုတ်နဲ့စောင့်နေရတယ်
သူကတော့ ဟီလာရီ ကလင်တန်လုပ်နေတယ်
ဟီလာထနေတယ် ..
အတော့်ကို ပျော်နေတယ်မလား

Nay Myo Zin : ကဲနေတာမဟုတ်ပါဘူးဟယ်
နင်ကလဲ အဟီး




Nay Myo Zin : ညီမ လို့ မပြောရဘူး အကုန်သိနေတာပါပဲလား

သမီး ဆိုး : သိတယ်ကိုကြီး

သမီးက ကိုကြီးကိုချစ်လည်းချစ်တယ်

လေးလည်းလေးစားတယ် 
 
 
သမီး ဆိုး : ကိုကြီးဆီလာရင်
ဘယ်အချိန်တွေ လာရမလဲ
အဆင်ပြေမလဲ

Nay Myo Zin : ဖုန်းသာ ကြိုဆက်လိုက်ပါ
အားနေတယ်

သမီး ဆိုး : appointment လုပ်ရမလား
ဖုန်းနံပတ်ပေးထားပါ
သမီးကို ရွှေသက်လို့ပဲခေါ်ပါ ကိုကြီး
အိမ်နာမည် ရွှေသက်ပါ

Nay Myo Zin : ဟုတ်

0949328559 ပါ
 




် From:myanmar express 




 

Saturday, April 13, 2013

ဆုတံဆိပ်ရှင် စုစုနွေး တစ်ယောက် သင်္ကြန်မှာ အရက်မူးနေသလား

Posted by drmyochit Saturday, April 13, 2013, under | 1 comment



သင်္ကြန်မှာ မူးနေတဲ့ စုစုနွေးတစ်ယောက် အမြန် လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သော ကားတစ်စီးကို တွေ့သည့်အခါ မူးကြောင်မူးကြောင် ဖြင့် အပြေးသွားခဲ့သည်။ ကူညီပေးရန်၊ ကယ်ဆယ် ပေးရန်မဟုတ်။ ဒရိုင်ဘာမှာ သေဆုံးပြီး ဖြစ်သဖြင့် သူမအနေဖြင့် ကူညီ မပေးနိုင်ကြောင်း၊ ကူညီ ပါရစေ ဆိုသူများလည်း အတော်နဲ့ ရောက်မလာ ကြောင်းတို့ကို ကားကြီးတစ်စီးမှ တိုက်ပြီး ထွက်ပြေး သည့် ပုံစံမျိုးဖြင့် သူမ၏ စာမျက်နှာတွင် ရေးသား ဖော်ပြရန်သာ ဖြစ်သည်။

သို့သော် သတင်းအမှန် ထွက်လာချိန်တွင်တော့ ကိုယ်တိုင်ရောက်ပါလျှက် သတင်းမှားကိုတင်၊ ပြည်သူ့ရဲကို စော်ကားသည့် ထိုတောင်သူလယ်သမားများ ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဆုတံဆိပ်ရှင် စုစုနွေး တစ်ယောက် မူးများ နေသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာလေတော့သည်။

စုစုနွေးမူးပြီး ရေးတင်သည့် မူရင်းသတင်း

------------

၁၃၊ ၄၊၂၀၁၃ သင်္ကြန်အကြိုနေ့က ပဲခူးမြို့မှ အပြန် လှည်းကူးမြို့လမ်းမကြီး တစ်နေရာမှ ယာဉ်တိုက်မှု။

ဝင်တိုက် တဲ့ကားကြီးက မောင်းပြေးသွားတယ်။ ကားနံပါတ်ကိုလည်း မမှတ်မိ လိုက်ကြဘူးတဲ့။ ဒရိုင်ဘာက ပွဲချင်းပြီးသေတော့ ကျမတို့လည်း ဘာမှမကူညီနိုင်ခဲ့ပါဘူး။

ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ရဲတွေလည်း အတော်နဲ့ ရောက်မလာခဲ့ကြပါဘူး။



From:opposite eyes

၂၀၁၃ခုနှစ် မဟာသင်္ကြန်ပုံရိပ်များ(၂) (အကြိုနေ့)

Posted by drmyochit Saturday, April 13, 2013, under | No comments


မျှဝေခံစားနိုင်စေရန် Facebook ပေါ်မှ ဆွဲချထားခြင်းသာ ဖြစ်သည်။ တစ်ပုံမှ ကိုယ်တိုင် မရိုက်ပါ။
ပိုက်သေးလေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့
ရေစို အပျိုတွေ 
 
ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ (ကလေးခေါင်းဆောင် တစ်ယောက်ပါသည်)
 
ကက မမကိုယ်တိုင်က (မြ၀တီမြို့ရဲ့ အလှလေးများ) 
ရိုးရာ သင်္ကြန်
အနုပညာ ရှင်များ
ပဲခူးမြို့မှ မမ က
အားလုံးပျော်ကြ
လူမျိုး ဘာသာ မရွေး၊
 
 
 
From:opposite eyes 

သင်္ကြန်အကြိုနေ့ သမီးဆိုး Facebook အကောင့် Hack ခံရ

Posted by drmyochit Saturday, April 13, 2013, under | No comments




သင်္ကြန် အကြိုနေ့ မြန်မာစံတော်ချိန် ၅ နာရီ ခန့်တွင် အွန်လိုင်းနာမည်ပျက် မြန်မာအမျိုးသမီး တစ်ဦး ဖြစ်သော စင်သီယာကိုကို၏ Facebook အကောင့် Hack ခံလိုက်ရကြောင်း သိရသည်။

စင်သီယာကိုကိုခေါ် သမီးဆိုးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၄၅ မှ စစ်ဗိုလ်တစ်ဦး နှင့်လည်းကောင်း၊ စစ်အင်ဂျင်နီယာ တက္ကသိုလ်ဆင်း ဗိုလ်ကြီး တစ်ဦးနှင့်လည်းကောင်း အတူနေခဲ့ဖူးကြောင်း သိရပြီး DSA ၄၅ မှ ဗိုလ်ကြီးကို အရက်မူးအောင် တိုက်ကာ ရေထဲ ခေါင်းနှစ်၍ လက်ထက် စာချုပ်မှာ လက်မှတ် ထိုးခိုင်း ခဲ့ကြောင်း၊ နောက်ဆုံး LTM ဟူသည့် စစ်ဗိုလ်တစ်ဦးနှင့် လွန်လွန်ကျူးကျူး ဖြစ်ခဲ့ပြီးနောက် နိုင်ငံခြား ထွက်သွားခါနီး လေဆိပ်တွင် တားဆေးဝယ်သွားကြောင်း သိရသည်။




From:myanmar express 


နောက်ထပ်ဒုံးကျည် မစမ်းသပ်ဖို့ မြောက်ကိုရီးယားကို ဂျွန်ကယ်ရီ သတိပေး

Posted by drmyochit Saturday, April 13, 2013, under | No comments




.မြောက်ကိုရီးယားအနေနဲ့ ပြောထားတဲ့အတိုင်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်မယ်ဆိုရင် အဲဒီလို လုပ်ရပ်ဟာ မဟာအမှားဖြစ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြား လိုက်ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ အဲဒီဒုံးကျည် စမ်းသပ်ပစ်လွတ်မှုကို မကြာခင် အချိန်အတွင်း အချိန်မရွေး ပြုလုပ် နိုင်တယ်လို့ ယူဆထားကြတာပါ။ နျူကလီယား လက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံအဖြစ် နိုင်ငံတကာ အသိုင်းဝိုင်းက လက်ခံမှာမဟုတ်ဘူးလို့ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးနဲ့အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က ထပ်လောင်း ပြောကြား လိုက်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာတွေမှာ ဖော်ပြထားတာနဲ့ ဆန့်ကျင်ပြီး မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်ထိပ်ဖူးမှာ နျူကလီယားလက်နက် တပ်ဆင် ပစ်လွှတ်နိုင်တဲ့အဆင့် မရှိသေးဘူးဆိုတဲ့ ယုံကြည် ချက်နဲ့ အမေရိကန်တို့က တုံ့ပြန် လုပ်ဆောင်နေတာဖြစ်တယ်လို့ ၀န်ကြီး ကယ်ရီက ပြောပါတယ်။

အမေရိကန်ပြည်မကြီးအပါအ၀င် ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေ ကို နျူကလီယား လက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယား ဘက်က အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆို နေတာပါ။ ဒါ့အပြင် မြောက် ကိုရီးယား အနေနဲ့ နျူကလီယား ထိပ်ဖူးပါတဲ့ ဒုံးကျည်ကို ပစ်လွှတ်နိုင်တယ် ဆိုတာကို ပြသမယ့် စမ်းသပ် ပစ်လွှတ်မှု လုပ်ဆောင်ဖို့ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

အခုလို ခြိမ်းချောက် ပြောဆိုနေမှုတွေကို ၀န်ကြီးကယ်ရီက ဝေဖန်ပြောဆို လိုက်ပြီး မြောက်ကိုရီးယား နိုင်ငံ သားတွေဟာ ဒုံးကျည် ပစ်လွတ်တာထက် စားနပ်ရိက္ခာကို အရေးတကြီး လိုအပ်နေပြီး ခေါင်းဆောင်တွေက အာဏာပြ တာထက် တခြား အခွင့်အရေးတွေကို လိုချင်နေကြတာလို့ ဆိုပါတယ်။

အမေရိကန်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်တာအပြင် မဟာမိတ်တွေ ကိုလည်း အကာကွယ် ပေးသွားဖို့ ၀န်လေးမှာမဟုတ်ဘူး လို့ တောင်ကိုရီး ယားနိုင်ငံခြားရေး ၀န်ကြီးနဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ကယ်ရီက ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ခြိမ်းချောက် ပြောဆိုမှု တွေကို ရပ်တန့်ပြီး သူ့ရဲ့ နျူကလီယားအစီအစဉ် ရပ်တန့်ရေးကို ဦးတည်မယ့် တွေ့ ဆုံ ဆွေးနွေးရေး စကားဝိုင်းကို ပြန်လာဖို့ တိုက်တွန်းလိုက်ပါတယ်။ 




From:myanmar express

နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာကျင်းပ

Posted by drmyochit Saturday, April 13, 2013, under | No comments



သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကား စွာ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့် ခရီးသည် များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

''ကျွန်မတို့က ဆိုင်ကပစ္စည်းတွေကို မနက်ကတည်းက သိမ်းပြီး ရေပက်ကြတယ်။ စတုဒီသာလည်း ကျွေးတယ်။ ပျော်ဖို့ကောင်းပါတယ် ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းချင်ပါတယ်'' ဟု ဗိုလ်ချုပ်ဈေး အတွင်း အထည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။


ဗိုလ်ချုပ်ဈေးသင်္ကြန်သို့ လာရောက်လည်ပတ်သူ လူငယ်တစ်ဦးကလည်း''ခုလို သင်္ကြန်အကြိုမတိုင်ခင်မှာ ဒီလိုမျိုး ရေကစားနေတာတွေကို တွေ့ရတော့ စိတ်ထဲမှာ အရမ်းပျော်မိတယ်။သင်္ကြန်ဆိုတာ ကျွန်တော့် အတွက်တော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။အရမ်းပျော်ပါတယ်'' ဟု ဆိုသည်။
 
 
From:myanmar express 

မိတ္ထီလာအကြမ်းဖက်မှု ပြစ်ဒဏ်များချမှတ်

Posted by drmyochit Saturday, April 13, 2013, under | No comments



လူ ၄၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့က အကြမ်းဖက်မှု တွေမှာ ရွှေဆိုင်ပိုင်ရှင်တွေကို အာဏာပိုင်တွေက စတင်အရေးယူ ခဲ့တာပါ။ သူတို့ကို ဧပြီလ ၁၁ ရက်နေ့က မိတ္ထီလာ တရားရုံး ကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၄ နှစ် ချလိုက်ကြောင်း မိတ္ထီလာမြို့ခံ၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးတင်လှိုင်က ပြောပါတယ်။

“ထွန်းထွန်းဦးခေါ် အာရှစ်၊ နယူးဝိန့်စိန် ရွှေဆိုင် ပိုင်ရှင်ပေါ့နော်။ ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် (၂) နှစ် စုစုပေါင်း (၁၄) နှစ်ပေါ့။ အလုပ်နဲ့ ထောင်ဒဏ် သီးခြားစီ ကျခံရမယ် ပေါ့နော်။ ညီညီ ခေါ် မင်းအောင် အသက် (၂၁) နှစ်က- ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် (၂) နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၁၄) နှစ်ပေါ့နော်။ ရွှေပန်းတိမ် ပိုင်ရှင့် မိန်းမ - သူက ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၂၅/၁၁၄ အရ (၅) နှစ်၊ ပုဒ်မ ၃၂၄/၁၁၄ အရ ထောင်ဒဏ် (၂) နှစ် အားလုံးပေါင်း သူလည်း (၁၄) နှစ်ပေါ့။”

ရွှေဆိုင်ကစခဲ့တဲ့ အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ပျံတော်မူခဲ့တဲ့ ဆရာတော် ဦးသောဘိတကို သတ်ဖြတ်မှု၊ ဓာတ်ဆီလောင်းပြီး မီးရှို့မှုတွေနဲ့ လူ ၁၁ ဦးကို လည်း မိတ္ထီလာ အမှတ် (၂) ရဲစခန်းက ဒု-ရဲအုပ် ဦးဇော်မိုးလွင်နဲ့ အဖွဲ့က တရားလိုပြုပြီး ဧပြီလ ၁၀ ရက်နေ့က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂၊ ၄၃၆၊ ၁၁၄ တို့နဲ့ တရားစွဲခဲ့ပါတယ်။ စွဲချက်တင်ခံရသူ စာရင်းကို ဦးတင်လှိုင်က ဆက်ပြောတာကတော့-

“မျိုးထွန်းထွန်း (၄၁) နှစ်၊ သီရိမင်္ဂလာရပ်ကွက်၊ နယ်မြေ (၁)၊

ဖိုးချို (၃၃) နှစ်၊ သီရိမင်္ဂလာ နယ်မြေ (၁)၊

မျိုးညွန့်ဦး၊ (၄၁) နှစ်၊ သီရိမင်္ဂလာရပ်၊

မျိုးဝင်း၊ (၄၆) နှစ်၊ သီရိမင်္ဂလာရပ်၊

ဇော်ထက်နိုင် (၃၁) နှစ်၊ ပြည်သာယာ (မြောက်)၊

မြတ်ကိုကို ခေါ် အဏ္ဏဝါ (၂၀) နှစ်၊ သီရိမင်္ဂလာရပ်ကွက်၊

မင်းမင်းသန်း (၁၈) နှစ် သီရိမင်္ဂလာရပ်၊

ဟာဂျီမျိုးဝင်း (ခေါ်) မျိုးညွန့် (ခေါ်) --- သီရိမင်္ဂလာနယ်မြေ (၂)

မောင်လှကျော်နိုင် (၃၁) နှစ်၊သီရိမင်္ဂလာနယ်မြေ (၂)၊

ကိုကိုဝင်း (ခေါ်) ကျော်သူဝင်း (၂၆)နှစ် နဲ့ စည်သူ (၂၆) နှစ်၊”

လောလောဆယ်မှာတော့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူတွေလို့ အစွတ်စွဲခံရသူ ၇၀ ကျော်ကို မိတ္ထီလာတောင်မှာ ထိန်းသိမ်းထားရာက ဧပြီလ ၅ ရက်နေ့ကစပြီး ရုံးထုတ် စစ်ဆေးနေပါတယ်။

မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့က စဖြစ်ခဲ့တဲ့ပဋပက္ခတွေအတွင်း လူ ၄၀ ကျော်သေဆုံးခဲ့ရကြောင်း အစိုးရသတင်း ဌာနတွေက ထုတ်ပြန်ထားပါတယ်။ ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခံရသူ အများစုက အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြ ပါတယ်။ အဓိကရုဏ်းအတွင်း ဗလီတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ အဲဒီလို မိတ္ထီလာမှာ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းနဲ့ ပြည်နယ် အတော်များများကို ပျံ့နှံ့သွားခဲ့တာပါ။

မိတ္ထီလာမြို့မှာတော့ ပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ဒုက္ခသည်စခန်း ၆ ခုမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ မိတ္ထီလာမြို့မှာ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီလို့ ဆိုပေမဲ့ မြို့ခံ တွေက စိတ်မလုံခြုံမှုနဲ့ တစ်ဦးနဲ့တစ်ဦး သံသယဖြစ်နေကြဆဲလို့ ဆိုပါတယ်။ ဒါကြောင့် လုံခြုံရေးကို သတိထား စောင့်ကြည့်နေကြရဆဲဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်ရှင်။ 




From:myanmar express

ကချင်အရေးမှာ တရုတ်တို့က အမေရိကန်နဲ့ ယူကေတို့ မပါစေချင်တာ ဘာကြောင့်လဲ

Posted by drmyochit Saturday, April 13, 2013, under | No comments



အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုတို့ အခု ရက်ပိုင်း မြစ်ကြီးနား မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ပျက်ခဲ့ ရတာဟာ တရုတ် နိုင်ငံဘက်က ကန့်ကွက် မှုကြောင့်လို့ ကချင်လူထု အခြေပြု အဖွဲ့ တွေကပြောပါတယ်။ တရုတ်တို့က ဒီဆွေးနွေးပွဲမှာ ကုလ သမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် တို့ ပါဝင်မှာကို ကန့်ကွက် တာဟာ သူတပါး နိုင်ငံရေးကို ဝင်ရောက် စွက်ဖက် တာလို့ အဲဒီ အဖွဲ့က ပြောပါတယ်။

တရုတ်တို့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား ဖြစ်နေတဲ့ ပဋိပက္ခမှာ ကြား ဝင်ပေး မယ်ဆိုပြီး ကမ်းလှမ်း ပါဝင်လာခဲ့ တာဖြစ်တယ်၊ ဒီလိုပါလာရတာ ကလည်း တရုတ်နယ်စပ်ဖြစ်နေတာ၊ စီးပွား ကုန်သွယ် ဘက် ဖြစ်နေ တာနဲ့ ရင်းနှီးမြှုတ်နှံမှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ တုန်းက တရုတ် အစိုးရရဲ့ အစီ အစဉ်နဲ့ ရွှေလီမှာ ပြုလုပ်ခဲ့ တဲ့ ဆွေးနွေးပွဲ မှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ကို ထောက်ခံ ရပ်တည်ဖို့ တက်ရောက် ခဲ့တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တွဲဘက် အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။

နောက် ဆွေးနွေး ပွဲကို တရုတ်တို့က သူ့နိုင်ငံထဲမှာဘဲ ဖြစ်စေချင်ပြီး၊ တရုတ်၊ မြန်မာ အစိုးရ နဲ့ ကေအိုင်အို သုံးဖွဲ့ ဆွေးနွေးဖို့သာ လိုလားတယ်၊ ကုလသမဂ္ဂ အမေရိကန် ယူကေ တို့ပါလာခြင်းဖြင့် အခြေအနေကို ပိုရှုတ် ထွေးစေမယ်လို့ ယူဆပြီး အခုလောလောဆယ် ပါဝင်ဖို့ မလိုအပ်သေးဘူးလို့ သဘောထားပေးတယ် လို့ ဆိုပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန် လာချိန်မှာ နိုင်ငံတကာက ကြားဝင်ဖို့ ကမ်းလှမ်း လာခဲ့ကာ ချိန်မှာ သူမဝင်ရင် သူ့ရဲ့ နယ်စပ်မှာ တခြား နိုင်ငံတွေက ပါဝင်ပတ်သက်လာမယ်ဆိုတဲ့ အမြင်၊ သူ့ရဲ့ရေရှည် အကျိုးစီးပွား စတာတွေကြောင့် တရုတ်တို့က ကမန်း ကတမ်း ပေါ်လစီ ကို ပြောင်းပြီး ကြားဝင်ဖို့ ကမ်း လှမ်း ခဲ့တာလို့ ယူဆကြောင်း ဦးခွန်ဥက္ကာ က ပြောပါတယ်။ မြန်မာ နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး အနေ အ ထား အရ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ သူတို့ရဲ့ အမျိုးသား လုံခြုံရေး ပေါ်လစီတွေ အရ တွက် ချက်ပြီး တရုတ်နဲ့ အနောက် နိုင်ငံတွေ မြန်မာ့ အရေးမှာ အားပြိုင် နေကြတာ ဖြစ်တယ်လို့လည်း ဦးခွန် ဥက္ကာက သုံးသပ် ပါတယ်။




From:opposite eyes

မြန်မာစစ်တပ်က ဘင်္ဂလီအမျိုးသမီးတွေကို လိင်ကျွန်ပြုနေသတဲ့လား

Posted by drmyochit Saturday, April 13, 2013, under | No comments



ပြီးခဲ့သည့်နှစ်က အယ်ဂျာဇီးရား ရုပ်သံမှ ဘင်္ဂလီတို့၏ အကြောင်းကို လုပ်ကြံဇာတ်လမ်း များဖြင့် ဖန်တီးပြီး ကမ္ဘာ သို့ ပြခဲ့သည်။ တာဝန် ရှိသူများမှ ကန့်ကွက်သည့် အချက်များ တရားဝင် ထုတ်ပြန်ရှင်းလင်းခဲ့ရသည်။ ယခု တစ်ဖန် မြန်မာ နိုင်ငံတွင်း လာရောက် သတင်းယူသွားသည့် တစ်ဦးမှ သတင်းလိမ်များဖြင့် လုပ်ကြံ ဇာတ် လမ်း ဆင်ပြန်လေသည်။ မြန်မာစစ်တပ်မှ ဘင်္ဂလီ အမျိုးသမီး များကို လိင်ကျွန်များအဖြစ် အသုံးပြုနေ ကြသလားတဲ့။

သူ၏ ရေးသားချက်များ တွင်တော့ သူသည်လည်း အထောက်အပံ့များ၊ အကျိုးအမြတ်များ ရယူလိုစိတ်ဖြင့် ဘင်္ဂလီ အရေးကို ၀င်မွှေသည်။ အခြားမည်သည့် ဘက်သို့မှ လှည့်စရာ မရှိသည့်အချိန်တွင်တော့ စစ်တပ်ဘက်သို့ လှည့်ကာ အမျိုးသမီးများကို ရှေ့တန်း တင်လာသည်။

ရိုက်ထားသည့် ဓာတ်ပုံ၊ ရေးထားသည့် အသုံးအနှုံးများသည် မြန်မာနိုင်ငံအတွက် ဘင်္ဂလီအရေး တစ်စခန်း ထစေ ချင်သည့် သဘောများ သက်ရောက်ယုံမက မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေ လာ သည်။ ထိုသို့ ထိုသို့သော ရေးသားချက်များအတွက် မည်သူတာဝန်ယူလေမည်နည်း။




From:opposite eyes

Friday, April 12, 2013

ထိုင်းရောက် ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ ဟုတ်မဟုတ် စစ်ဆေးမည်

Posted by drmyochit Friday, April 12, 2013, under | No comments



ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်သော ရိုဟင်ဂျာ ၂,၀၀၀ သည် အမှန်တကယ် ရခိုင်ပြည်နယ်မှ ဝင်ရောက် လာကြသူများ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေး ရာတွင် မြန်မာ အရာရှိများ ထိုင်းနိုင်ငံသို့ လာရောက် ကူညီရန်ရှိကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Surapong Tovichaikul က ဧပြီလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတွင် ရှိနေသော ရိုဟင်ဂျာများသည် အမှန်တကယ် မြန်မာနိုင်ငံမှ ဝင်ရောက် လာကြသူများ ဖြစ်သည်ဟု စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါက ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်မည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ၎င်းအား ပြောဆိုကြောင်း မစ္စတာ Surapong အား ကိုးကား၍ ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။

“ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုကို သူ့သမ္မတဆီ ပြောပြပါမယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ အဲဒီ နောက်မှာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းခိုလှုံနေတဲ့ ရိုဟင်ဂျာ ၂,၀၀၀ လောက်ဟာ မြန်မာ နိုင်ငံက ဟုတ်မဟုတ် စစ်ဖို့ သူ့ရဲ့ မြန်မာအရာရှိတွေကို စေလွှတ်ပေးမယ်လို့ ပြောပါတယ်။

ဖြစ်နိုင်သမျှ မြန်မြန်ပေါ့။ ရိုဟင်ဂျာတွေထဲက ၅၀၀ လောက်က ကလေးနဲ့ အမျိုးသမီးတွေပါ” ဟု Surapong က ပြောသည်။

အဆိုပါ ရိုဟင်ဂျာ အားလုံးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဆိုသည်ကို မြန်မာနိုင်ငံမှ လက်ခံခြင်း မရှိပေ။ ၎င်းတို့ ထဲမှ အချို့သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသူများ ဖြစ်နိုင်သည်ဟု မြန်မာ နိုင်ငံက ယုံကြည်ထားသည်။

ဝန်ကြီး နှစ်ဦးတို့သည် ဘရူနိုင်းနိုင်ငံတွင် ဧပြီလ ၁၁ ရက်နေ့၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းဝေး မတိုင်မီ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များထဲမှ အချို့သည် မြန်မာနိုင်ငံသို့ ပြန်လိုကြသော်လည်း ၎င်းတို့၏ အသက် မွေးဝမ်းကြောင်း အတွက် စိုးရိမ်ပူပန်နေကြဆဲ ဖြစ်ကြောင်း သတင်းရရှိထား၍ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန်လည်း မြန်မာအား တောင်းဆိုခဲ့သည်ဟု Surapong က ပြောသည်။ 




From:myanmar express

နိုင်ငံခြားရောက် မြန်မာသက်ကြီးရွယ်အိုများ တရားစခန်းဝင်ရန် မြန်မာသို့ ပြန်လာလေ့ရှိသည့် သင်္ကြန်ရက်မြတ်မတိုင်ခင် တစ်ရက်လို ဒေါ်စု ဂျပန်သို့ထွက်

Posted by drmyochit Friday, April 12, 2013, under | No comments



နိုင်ငံခြားရောက် မြန်မာသက်ကြီးရွယ်အိုများ တရားစခန်းဝင်ရန် မြန်မာနိုင်ငံသို့ ပြန်လာလေ့ ရှိသည့် သင်္ကြန်ရက်မြတ် မတိုင်ခင် တစ်ရက်လိုမှာ အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာ သင်္ကြန်ကို ရှောင်ဖယ်ကာ ဂျပန်နိုင်ငံသို့ ထွက်ခွာ သွားပါပြီ။ သင်္ကြန်ပြီးမှ ပြန်လာမဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ဂျပန်နိုင်ငံ ခရီးစဉ် အတွက် ဧပရယ်လ ၁၂ ရက် ညနေပိုင်း ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကနေ ဘန်ကောက်ကို စတင် ထွက်ခွာသွားပါပြီ။ ဘန်ကောက်မြို့က တဆင့် ဂျပန် နိုင်ငံသို့ ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။

သင်္ကြန်ကာလ တစ်လျှောက်လုံး ဂျန်ပန်နိုင်ငံတွင်နေထိုင်မှာဖြစ်ပြီး နှစ်ဆန်းတရက် ကျော်ပြီး ၂ ရက်ကြာ ဧပြီလ ၁၉ ရက်နေ့မှာတော့ တိုကျိုမြို့ နရီတာ လေဆိပ်ကနေ ထွက်ခွာပြီး ဘန်ကောက်ကနေ တဆင့် မြန်မာ နိုင်ငံကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

၂ နှစ်ကျော် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ထောင်နှင့်ချီကာ အွန်လိုင်းပေါ် ရောက်လာသော်လည်း ဘုရားသွား ကျောင်းတတ်သော ပုံမှာ လက်ချိုးရေတွက်လို့ရကြောင်း သိရသည်။

ဒေါ်အောင်ဆန်း စုကြည်သည် ဘာသာရေး အလွန်အားနည်းသူ ဖြစ်ပြီး ဂုဏ်အရှိန်အဝါ မက်မောသူ တစ်ဦး ဖြစ်ကြောင်း NLD ပါတီဝင်ဟောင်းများက ဖွင့်ချခဲ့ဖူးသည်။




From:myanmar express

ဘာသာရေး လိုက်စားသည့် သမ္မတကြီး ဦးသိန်းစိန် သင်္ကြန်ရက်မြတ်မတိုင်ခင် တစ်ရက်အလို ရှေးဟောင်းစေတီတော် များ ရွှေထီးတော်တင်

Posted by drmyochit Friday, April 12, 2013, under | No comments




နေပြည်တော် ဧပြီ ၁၂

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် ညောင်ပင်ကြီးစု ကျေးရွာရှိ ပြုပြင်မွမ်းမံ ပြီးစီးသော ရှေးဟောင်း စေတီတော်များ ​ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်များ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို၍ ရွှေထီးတော်တင်လှူပူဇော်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိ သုတာရာမ​ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော် မူကြပြီး ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဖိတ်ကြားထားသူ များနှင့် တာဝန် ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ရှေးဟောင်း စေတီတော် များအားဆွမ်း၊ သစ်သီး၊ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်သည်၊

မင်္ဂလာအချိန် နံနက် (၉) နာရီတွင် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ရှေးဟောင်း စေတီတော်အမှတ် (၁၉)၏ ရွှေထီးတော် ဘုံဆင့်များနှင့် ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တို့ကို ရတနာ ရွှေကြိုးဆွဲ၍ တင်လှူကြပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ဘုရား ဒါယကာများက ကျန်ရှေးဟောင်း စေတီတော် များအား ​ရွှေထီးတော် ဘုံဆင့်များနှင့် ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်တို့ကို ရတနာ ရွှေကြိုးဆွဲ၍ တစ်ပြိုင်တည်းတင် လှူကြပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက ရှေးဟောင်း စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာ တင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြသည်။

ရွှေထီးတော် တင်လှူအပြီးတွင် မင်္ဂလာ မဏ္ဍပ်အတွင်း၌ နိုင်ငံတော် သြဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာ ရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိသာရထံမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဇျယ်တော် မူသော ပရိတ် တရားတော် များကိုနာယူကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ရှေးဟောင်း စေတီတော် များအား သာဟတ္တိကဒါန မြောက်အောင် ကတ္တီပါယပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ကိုဈေးကုန်းကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဘုရားဒါယကာ၊ ဒါယိကာမ များက ဆရာတော်၊ သံဃာတော် များထံ လှူဖွယ် ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ အမှူးပြုသော ဧည့်ပရိသတ်များက ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှူ အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတနှင့် ဧည့်ပရိသတ်တို့က ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ်ကြသည်။

ယနေ့ ရွှေထီးတော် တင်လှူပူဇော်သည့် ရှေးဟောင်း စေတီတော် (၄၂) ဆူကို တူးဖော်ခဲ့ရာ၌ စေတီတော် (၁၃) ဆူမှ ဌာပနာများ တွေ့ရှိခဲ့ရပြီး ယင်းဌာပနာများကို မူလ စေတီတော် များ၌ပင် ၂၀၁၃ ခုနှစ် ဧပြီ (၃) ရက်တွင် ရှေးမူမပျက် ပြန်လည်၍ ဌာပနာသွင်းပူဇော်ခဲ့သည်။

ညောင်ပင်ကြီးစု ကျေးရွာ၌ ယခုရှေးဟောင်း စေတီတော်များ နေရာ၌ မြန်မာ သက္ကရာဇ် ၁၂၂၀ ခုနှစ် ဝန်းကျင် လွန်ခဲ့သော နှစ်ပေါင်း (၁၅၀) ခန့် ဘိုးတော် ဘုရားခေါ် ပဒုံမင်း လက်ထက်က တည်ထား ကိုးကွယ်ခဲ့သော စေတီတော် (၄၂) ဆူနှင့် သာသနိက အဆောက်အအုံများကို လည်းကောင်း၊ မြန်မာ သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့သော (၇၅) နှစ်သက်တမ်း ကြာမြင့်နေသည့် သိမ်ကျောင်းတော် တို့ကိုလည်းကောင်း၊ သိမ်ကျောင်းတော် အတွင်းမှ ဘုရားရှင် ဟောကြားတော် မူခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာပိဋိကတ် သုံးပုံဆိုင်ရာ ပေစာထုပ်များကို လည်းကောင်း တွေ့ရှိခဲ့ ရကြောင်း၊ ပေစာထုပ်များမှာ မြန်မာသက္ကရာဇ် ၁၂၁၅ ခုနှစ် ဝန်းကျင် လွန်ခဲ့သော နှစ်ပေါင်း (၁၆၀) ခန့်က ပြုစု ထားသော ပေစာများ ဖြစ်သည်ကို သိရှိရကြောင်း၊ ယင်းရှေးဟောင်း စေတီတော်များ၏ ဗိသုကာ လက်ရာများ၊ သိမ်ကျောင်းဆောင်နှင့် ရုပ်ပွား ဆင်းတုတော်များ၏ အင်္ဂတေပန်း လက်ရာများသည် ကုန်းဘောင်ခေတ်၊ အမရပူရခေတ် ပုံသဏ္ဌာန်များ ဖြစ်သည်ဟု ပညာရှင်များ၏ လေ့လာစိစစ်ချက်နှင့် အကိုးအကား အထောက်အထား များအရသိရှိရကြောင်း၊ နိုင်ငံတော်သမ္မတကြီးသည် ယခုရှေးဟောင်း စေတီတော် များသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်းရောက်ရှိ ခဲ့ပြီးရှေးမူ လက်ရာမပျက် ရေရှည် တည်တံ့ခိုင်မြဲအောင် ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ရန် မိန့်ကြားခဲ့သဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် လုပ်ငန်းများ စတင်အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ တည်ဆောက် ပြုပြင်ရေး လုပ်ငန်းများ ပြီးစီးအောင်မြင် ခဲ့ပြီဖြစ်၍ ရှေးဟောင်း စေတီတော် (၄၂) ဆူအား ရွှေထီးတော် တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနား ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
 
From:myanmar express 


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်