Thursday, April 18, 2013

Boston ဗုံးခွဲမှု သံသယရှိတဲ့ တရားခံကို ဖော်ပြ

Posted by drmyochit Thursday, April 18, 2013, under | No comments




ဧပြီ ၁၅ ရက် တနင်္လာနေ့ အမေရိကန်နိုင်ငံ Boston မြို့က မာရသွန် တာဝေး အပြေးပြိုင်ပွဲမှာ ဗုံးနှစ်လုံး ဖောက်ခွဲသူလို့ သံသရရှိသူကို ဖမ်းဆီးရမိ ပါပြီ။ ဗွီဒီယိုကင်မရာထဲမှာ ရရှိတဲ့ သတင်းအရ အနက်ရောင် အင်္ကျီနဲ့ ပိန်ပိန် ကိုယ်ကာယရှိသူဟာ ဗုန်းပါတဲ့အိပ်ကိုပစ်ချပြီးထွက်ပြေးသွားနေပုံဖြစ်ပါ တယ်။ ဒုတိယ ပေါက်ကွဲတဲ့ နေရာမှာ ဒီသတင်း ပုံကို ရရှိတာဖြစ်ပါတယ်။ ဒီငနဲလေးကြောင့် လူ ၃ ဦးသေဆုံးရပြီး ၁၈၃ ဦး ဒဏ် ရာတွေ ရရှိခဲ့ပါတယ်။ ဒီဗုန်းကြောင့် ဒဏ်ရာရရှိသူ အများစုဟာ ခြေထောက်တွေပြတ် ထွက်သွား ခဲ့ကြရပါတယ်။ ဒုတိယ ပေါက်ကွဲခဲ့တဲ့နေရာအနီးရှိ Lord & Taylor စတိုးရဲ့ surveillance camera ထဲမှာ သံသ ရရှိသူ ပါတဲ့ ဒီမြင်ကွင်းကို ဖမ်းယူရရှိခဲ့တယ်လို့ဆိုပါတယ်။
ဧပြီ ၁၅ ရက် တနင်္လာနေ့ အမေရိကန်နိုင်ငံ Boston မြို့က မာရသွန် တာဝေးအပြေးပြိုင်ပွဲမှာ ဗုံးနှစ် လုံးေ ဖာက် ခွဲသူလို့ သံသရရှိသူကို ဖမ်းဆီးရမိပါပြီ။ ဗွီဒီယိုကင်မရာထဲမှာရရှိတဲ့သတင်းအရ အနက်ရောင် အင်္ကျီ နဲ့ ပိန်ပိန်ကိုယ်ကာယရှိသူဟာ ဗုန်းပါတဲ့အိပ်ကိုပစ်ချပြီးထွက်ပြေးသွားနေပုံဖြစ်ပါတယ်။ ဒုတိယ ပေါက် ကွဲ တဲ့ နေရာမှာ ဒီ သတင်းပုံကို ရရှိတာဖြစ်ပါတယ်။ ဒီငနဲလေးကြောင့် လူ ၃ ဦးသေဆုံးရပြီး ၁၈၃ ဦး ဒဏ် ရာတွေ ရရှိခဲ့ပါတယ်။ ဒီဗုန်းကြောင့် ဒဏ်ရာရရှိသူအများစုဟာ ခြေထောက်တွေပြတ် ထွက်သွား ခဲ့ကြ ရပါ တယ်။ ဒုတိယပေါက်ကွဲခဲ့တဲ့နေရာအနီးရှိ Lord & Taylor စတိုးရဲ့ surveillance camera ထဲမှာ သံသ ရရှိသူ ပါတဲ့ ဒီမြင်ကွင်းကို ဖမ်းယူရရှိခဲ့တယ်လို့ဆိုပါတယ်။
 
 
 
From:opposite eyes 

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့်ဆရာအား ဖမ်းဆီးအရေးယူ

Posted by drmyochit Thursday, April 18, 2013, under | No comments



ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အား လှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက် ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေး ယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် ကိုဝက်တာ ကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။

ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာ လုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင် ဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူ လေးများမှာ အိစ်ကိုဝက်တာ အထက်တန်း ကျောင်းမှဖြစ်ပြီး မဖွယ်မရာ ပုံစံ အမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံ ထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြရန် ဥပဒေ အရ တားမြစ်ပိတ်ပင် ထားသည်။

ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအား ကန့်ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်းဆိုကြသည်။

ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန် ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။

ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှ ထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။

ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန်ကောင်မလေးများ” ဟုဖော်ပြထားချက်များအပေါ် မိဘများက အပြင်းအထန် ကန့်ကွက် ခဲ့ကြသည်။

မိဘ တစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ် မျိုးရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။

ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်း သိရသည်။




From:opposite eyes

ကျွန်တော် အပြည့်အ၀ လေးစားထောက်ခံသည့် ပုဂ္ဂိုလ်

Posted by drmyochit Thursday, April 18, 2013, under | No comments



ကျွန်တော် အပြည့်အ၀ လေးစားထောက်ခံသည့် ပုဂ္ဂိုလ်ကတော့ ၁၉၄၅ ဧပြီလ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ယနေ့မှာတော့ အသက် ၆၇ နှစ် အရွယ် ရှိနေသူ တစ်ယောက်ပါ။ သူဟာ သာမန် လှေသမား၊ လယ်သမား မိသားစုက ဧရာဝတီ တိုင်းက ကျုံကူးဆိုတဲ့ ကျေးရွာလေးမှာ မွေးဖွားခဲ့တဲ့ နိုင်ငံသားကောင်း တစ်ယောက်ပါ။ ကျေးရွာ မူလ တန်းကျောင်း၊ ကျေးရွာအလယ်တန်းကျောင်း တွေမှာ တက်ရောက်ပညာ သင်ကြားခဲ့ပြီး ၁၉၆၈ ပြည်တွင်းမှာ သောင်းကျန်းသူများနဲ့ တိုက်ပွဲများ ပြင်းထန်နေချိန်မှာ အသက်စွန့် ရနိုင်တဲ့ စစ်သား အလုပ်ကို ရွေးချယ်ခဲ့သူလည်း ဖြစ်ပါတယ်။ 

၁၉၆၇ ခုနှစ် သူ့အသက် ၂၂နှစ် အရွယ်မှာ သူဟာ ရှမ်းသေနတ်ကိုင် တပ်ရင်း အမှတ်(၁)မှာ ဒုဗိုလ် တစ်ယောက်အဖြစ် တပ်စု တစ်စုကို တာဝန်ယူ ကွပ်ကဲပြီး နိုင်ငံ့တာဝန်ကို အသက်ပေး ထမ်းဆောင်ခဲ့ပါ တယ်။ ခြေလျင် တပ်ရင်းများ၊ ရုံးဌာနများ မှာ ရာထူးအဆင့်ဆင့် တာဝန်ယူခဲ့ပြီးနောက် ၁၉၉၇ မှာတော့ တြိဂံဒေ သ တိုင်းကို ကွပ်ကဲ အုပ်ချုပ်ရတဲ့ တိုင်းမှူး ဖြစ်ခဲ့ပါတယ်။ ထိုနောက်မှာတော့ သူ့ရဲ့ အပင်ပန်းခံ စွန့် လွှတ်မှု၊ ကြိုးပမ်းအား ထုတ်မှု၊ လူအများရဲ့ ယုံကြည်ကိုးစားမှုတို့ကြောင့် မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ ပထမ ဆုံး သမ္မတ ဖြစ်လာခဲ့ပါ တယ်။

သူဟာ စစ်သားတစ်ယောက်ပီသခဲ့ပါတယ်။ ဒီအတွက် ၁၉၈၈ မှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သူရဲကောင်း လက်မှတ် ရရှိခဲ့တယ်။ သူဟာ နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီအတွက် စင်္ကာပူ နိုင်ငံက သစ်ခွတစ်မျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန်လို့ အမည်ပေးဂုဏ်ပြုခံခဲ့ ရပါတယ်။ ဒါတွေသာမက နိုင်ငံတ ကာ မဂ္ဂဇင်းများမှ ထင်ရှားကျော်ကြား ပုဂ္ဂိုလ်အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။

သူ့ကို ကျွန်တော် လေးစားထောက်ခံတာဟာ ပုဂ္ဂိုလ်ရေး လုံးဝ မပါပါဘူး။ သူဟာ ကျေးရွာလေးတစ်ရွာက လူငယ်လေး တစ်ယောက် ဖြစ်ခဲ့ပေမယ့် တိုင်းပြည်အတွက် ပေးဆပ်မှုကြောင့် တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရခဲ့ တယ်။ လုံးဝ ထင်မှတ်မထားခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ၂ နှစ်အတွင်း ဆောင်ရွက်နိုင်ချိန်မှာတော့ သူဟာ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ယနေ့ခေတ်မှာ အပင်ပန်းခံနိုင်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်။ သူ့ အကြောင်းတွေကို ဖတ်ရတိုင်းမှာ လူငယ်တိုင်းအတွက် သာမက ကျွန်တော့်အတွက်ပါ စံနမူနာပြ ဖြစ်စေ တဲ့ ကြိုးစားအားထုတ်မှု တွေကို တွေ့ခဲ့ရတာကြောင့် လေးစား ထောက်ခံမိခြင်း ဖြစ်ပါတယ်။

နှိုင်းယှဉ်ခြင်းတွေ ပြောမယ်ဆိုရင်တော့ လူတိုင်း လက်ခံဖို့ မဖြစ်နိုင်ပါဘူး။ ဂူတစ်ဂူထဲမှာ ခြင်္သေ့ နှစ်ကောင် မအောင်းဘူး ဆိုတဲ့ မြန်မာ စကားပုံ ရှိပေမယ့် ကျွန်တော်တို့ နိုင်ငံကတော့ ဒီတောဒီတောင် လုံခြုံမယ် ဆိုရင် ခြင်္သေ့အကောင် ၁၀၀ လည်း ဂူတစ်ဂူထဲမှာ နေလို့ ရနိုင်ပါတယ်။ သောင်းကျန်းသူများကို လက် နက်စွန့်ဖို့ တစ်ခွန်း မပြောဖူးတဲ့ သူတွေ ငြိမ်းချမ်းရေးဆုတွေ ရနေချိန်မှာ လူမသိ သူမသိ သူဟာ လက် နက် စွန့်ပြီး ငြိမ်းချမ်း ရေးယူတဲ့ အဖွဲ့တွေကို လက်ဆွဲနှုတ်ဆက်နေခဲ့တယ်။ လူတိုင်း အာဏာရမှ လုပ်ချင် ရာ လုပ်ခွင့်ရမယ်လို့ ဆိုကြ ပေမယ့် အာဏာ မရှိခင်ကတည်းက သူဟာ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ 

သူ့အတွက် ကျဆုံးမှုတွေ မရှိခဲ့ဖူးလို့တော့ မထင်ပါနဲ့။ သူ့အတွက် ဆုံးရှုံးမှုတွေ ၊ စိတ်ပျက်စရာတွေကို ဘ၀ မှာ ကြုံခဲ့ဖူးပါတယ်။ သေအတူရှင်မကွာ ရဲဘော်ရဲဘက်တွေ ကျဆုံးခဲ့တာကိုလည်း သူခံစားဖူးပါတယ်။ သူ ကိုယ်တိုင်လည်း အသက်ဘေးကို ဥာဏ်နဲ့ယှဉ်ပြီး ဖြတ်သန်းခဲ့ရဖူးမှာပါ။ နိုင်ငံတကာကို ရောက်ချိန်မှာ မျက် ကန်း နိုင်ငံရေး လုပ်စားသူတွေရဲ့ အပုပ်ချ တိုက်ခိုက်မှု၊ ကိုယ်ထိလက်ရောက်နီးပါး စော်ကားမှုတွေကို လည်း ရင်ဆိုင်ခဲ့ရပါတယ်။ နာဂစ် ဖြစ်တဲ့အချိန်မှာ သူကိုယ်တိုင် အပြေးသွား အကူအညီတွေ ဘယ်ေ လာက် ပေးမယ်လို့ ကတိတွေ ပေးခဲ့ပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် ထင်သလောက် မပေးခဲ့တဲ့ အပေါ်မှာ သူ့ကြေ ကွဲ ၀မ်းနည်းရမှုတွေ၊ ဂုဏ်သိက္ခာ ဖျက်ဆီးခံရလုနီးပါး အခြေအနေတွေ ကို လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ယနေ့ထိ သူ ဘယ်သူ့ကိုမှ အပြစ်မဆိုခဲ့ပါဘူး။

ကျွန်တော်သူ့ကို အပြည့်အ၀ လေးစား ထောက်ခံပါတယ်။ ထို့အတူ သူနဲ့အတူ နိုင်ငံကောင်းကျိုး ဆောင် ရွက်တဲ့ မည်သူကိုမဆိုလည်း ထောက်ခံပါတယ်။ ဒါပေမယ့် သူ့လို ပါးစပ်ထက် လက်တွေ့ လုပ်ဆောင်ချက် များများ ပြနိုင်တဲ့သူကိုပဲ ထောက်ခံတာပါ။
 
 
 
From:opposite eyes 

ကချင်စစ်ပွဲများအပြီး လမ်းပန်းဆက်သွယ်ရေး

Posted by drmyochit Thursday, April 18, 2013, under | No comments



ကချင်ပြည်နယ် စစ်ပွဲတွေ အပြီး အခုနှစ် မတ်လ ၁၈ ရက်နေ့က ပြန်ဖွင့်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းဟာ မိုင် ၁၂၀ လောက် ရှည်ပြီး ဗန်းမော်ကနေ မနက် ၉ နာရီခွဲထွက်မယ် ဆိုရင် မြစ်ကြီးနား ကို ညနေ ၅ နာရီခွဲလောက် ရောက်ပါတယ်။ ဗန်းမော် – မြစ်ကြီးနားလမ်း စည်တယ်ဆိုတာ လိုင်ဇာကြောင့် ဖြစ်ပြီး လိုင်ဇာ “အ” သွားချိန်မှာတော့ ခရီးသည် အသွားအလာ ကျဲပြီး တနေ့ကိုကား အစီး ၂၀ လောက်ပဲ ထွက်နိုင် ပါတော့တယ်။ မြစ်ကြီးနား – ဗန်းမော်လမ်း ပြန်ဖွင့်ဖို့ကို ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲတွေ မှာက တည်းက KIO (ကချင်လွတ်လပ်ရေး အဖွဲ့) က တိုက်တွန်းခဲ့တာပါ။

“လိုင်ဇာလမ်း ပွင့်စဉ်တုန်းကတော့ မရေမတွက်နိုင်အောင်ပေါ့။ မြစ်ကြီးနား – လိုင်ဇာ နေ့ချင်းပြန်၊ တချို့ဆို ၃ ခေါက်ပြန် ကြတာ။ မတ်လ ၁၈ ရက် စဆွဲတုန်းက ၆ စီးနဲ့ ပြန်စတာ အခုတော့ အစီး ၂၀ ၀န်းကျင်အထိ တိုး တက် ဆွဲနိုင်လာပါပြီ” လို့ မြစ်ကြီးနား မထသ မှ ဘဏ္ဍာရေးမှူး ဦးဉာဏ်လင်းက ပြောပါတယ်။

ဟိုင်းလတ်နဲ့ဆို အရင်က ၅ ထောင်ကျပ်ပဲ ကျပေမယ့် အခုတော့ ၈၀၀၀ ကျပ်လောက်ကုန်ပါတယ်။ ဗင်ကား ဆိုရင်တော့ ၁ သောင်းခွဲလို့ သိရပါတယ်။

လူသွား လူလာ နည်းတုန်းမို့လို့ လိုင်းဆွဲတဲ့ကားတွေကို မ.ထ.သ အနေနဲ့ ဂိတ်ကြေး မကောက်တာ၊ ကားခ အပြည့် အ၀ ရအောင် ပံ့ပိုးပေးတာတွေ ရှိပါတယ်။ ပြည်နယ်အစိုးရ အနေနဲ့ကတော့ သီးသန့်အကူအညီ အစီအစဉ်မျိုး မရှိဘဲ ကားသမားတွေကို ကူညီစောင့်ရှောက်ဖို့ မှာထားတာလောက်ပဲ ရှိပါတယ်။

လိုင်ဇာကနေ မြစ်ကြီးနား ဆင်းချင်တယ်၊ ဗန်းမော်ကို ဆင်းချင်တယ် ဆိုရင်တော့ ပြည်တွင်းလမ်းကနေ သွားလို့ မရပါဘူး။ တရုတ်ပြည်ကနေ ပတ်ပြီးသွားရပါတယ်။ အရင်က နာရီပိုင်းလောက်သာ ကြာတဲ့ခ ရီးတွေက ညအိပ်ရတဲ့ ခရီးရှည်ကြီးတွေ ဖြစ်သွားပါတယ်။ အခန့်မသင့်ရင် လွယ်ဂျယ်မှာ တည၊ ဗန်းမော်မှာ တည အိပ်ရသည်အထိ ဖြစ်သွားနိုင်ပါတယ်။ လွယ်ဂျယ်ကနေ မနက် ၇ နာရီ ထွက်တဲ့ကားက ဗန်းမော်ကို နေ့လည် ၁ နာရီလောက်မှ ရောက်ပါတယ်။ ဗန်းမော် – မြစ်ကြီးနား ကားက မနက် ၉ နာရီခွဲကျော်ရင် မရှိတော့ ပါဘူး။ ဗန်းမော် – မြစ်ကြီးနားကား မီချင်ရင်တော့ မနက် ၄ နာရီလောက် လွယ်ဂျယ်ကနေ ဆိုင်ကယ် ကယ်ရီနဲ့ ဆင်းရပါတယ်။

လွယ်ဂျယ် – ဗန်းမော်လမ်းဟာ တောင်တက်တောင်ဆင်းလမ်း ဖြစ်ပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့တဲ့နေရာတွေမို့ ကတုတ်ကျင်းရာတွေကတော့ လမ်းဘေး ၀ဲယာမှာ ရှိနေ တုန်းပါပဲ။ အရင်က အစိုးရစစ်တပ် မရှိခဲ့တဲ့ ကုန်းတွေ၊ ကမူတွေမှာ စစ်တပ်က နေရာယူပြီး တပ်ခြံကာ ထား ပါ တယ်။ လမ်းတလျှောက်လည်း လူမရှိတဲ့ရွာတွေမှာ အစိုးရစစ်သားတွေက နေရာယူထားပါတယ်။ ရွာတ ရွာမှာ အနည်းဆုံး တပ်ခွဲတခွဲလောက်ရှိပြီး လမ်းတလျှောက်မှာလဲ တောတွေတောင်တွေထဲမှာ နေ ရာ ယူထားတဲ့ တပ်စိပ်တွေကိုလဲ ခပ်စိပ်စိပ် တွေ့ရပါတယ်။

လမ်းတလျှောက်က စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ကတော့ ရွာပြန်ချင်ပေမယ့် မိုင်းတွေ ရှိနေသေး တာကြောင့် မြပြန်ရဲဘူးလို့ ကချင်ပြည်နယ် လူမူရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဒုက္ခသည်ေ တွကို ကူညီနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဆရာဘရန်မိုင်ကလည်း “ပြန်ချင်တဲ့ ဒုက္ခ သည်တွေရှိပေမယ့် ကိုယ့်လုံခြုံရေးကိုယ် တာဝန်ယူရမယ် ဆိုတော့ ဘယ်သူမှ မပြန်ရဲကြတော့ဘူး” လို့ ဆိုပါတယ်။

စိန်လုံကျေးရွာမှာတော့ ကချင်ရှေ့တန်းရောက် စစ်သားများရဲ့ ကောင်းမူဘုရားစေတီ တည်လက်စကို တွေ့ရပါ တယ်။ မတ်တပ်ရပ် ရုပ်ပွားတော်ဖြစ်ပြီး တောင်ကုန်းမြင့်ပေါ်မှာမို့လို့ အထူးပဲ ကြည်ညိုဖို့ ကောင်းပါ တယ်။ ဘုရားစေတီသာ ပြီးသွားရင်တော့ လွယ်ဂျယ် – ဗန်းမော် ခရီးသွားတွေ ခရီးတထောက်နားရင်း ဘုရားဖူးနိုင်တော့မှာ ဖြစ်ပါတယ်။

လွယ်ဂျယ် – ဗန်းမော် လမ်းက ဗန်းမော် – မြစ်ကြီးနား လမ်းထက်စာရင် သွားရလာရတာ စိတ်ချမ်းသာဖို့ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ မီးရှို့ခံထားရတဲ့ရွာတွေက ဗန်းမော် – မြစ်ကြီးနား လမ်းမှာလောက် မများ ပါ ဘူး။ တချို့ရွာတွေမှာတော့ သတ္တိရှိတဲ့ရွာသားတွေ ၁ ယောက်စ ၂ ယောက်စ ပြန်တွေ့နေရပါပြီ။

ဗန်းမော် – မြစ်ကြီးနား လမ်းမှာတော့ မီးရှို့ထားတဲ့ရွာတွေ များသလို အစိုးရစစ်သားတွေလည်း ပိုများပါ တယ်။

စိတ်ဆင်းရဲဖို့ အကောင်းဆုံး မြင်ကွင်းကတော့ နန်ဆန်ယန် ကျေးရွာ မီးလောင်ပြင်ပဲ ဖြစ်ပါတယ်။ တိုက်ခံ အိမ်တွေ ပြိုပျက်နေသလို သစ်သားအိမ်တွေကလည်း အိမ်တိုင်ပဲ ကျန်တဲ့အထိ မီးလောင်ရာချည်းပဲ ဖြစ်ပါ တယ်။ တလောက နန်ဆန်ယန် ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ရယ်၊ အရပ်သားတွေရယ် ပေါင်းပြီးကောက်တဲ့ စာရင်းအရ မီးလောင်အိမ်ခြေ ၆၀၀ ကျော်ပါတယ်။ အကောင်းကျန်တဲ့ အိမ်ကတော့ လက် ချိုးရေလို့ ရပါတယ်။ အရပ်သားတွေအိမ် မီးလောင်ကုန်ပေမယ့် အစိုးရရုံးတွေကတော့ အကောင်း အတိုင်း ရှိနေတုန်းပါပဲ။ စစ်နဲ့ပတ်သက်တဲ့ မှတ်တမ်း ရိုက်ချင်သူများ အတွက်ကတော့ ရိုက်ချက်ေ ကာင်းေ တွ ရမယ့်ရွာပါ။

ကားလမ်းတလျှောက် ရွာစဉ်တွေမှာတော့ ဟင်းလင်းပွင့်နေတဲ့ အိမ်တွေ၊ လူတရပ်လောက်ထူတဲ့ မြက် ပင်တွေ၊ အိုဆွေးလို့ တ၀က်တပျက် ပြိုကျနေတဲ့ အိမ်တွေချည်းပဲ ရှိပါတယ်။ တစင်းလုံး အကုန်ပျက်နေ တဲ့ တံတား၊ အပေါက်ဖြစ်နေတဲ့ တံတားတွေကိုတော့ ပြည်နယ်အစိုးရက ပြုပြင်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်က ပြောပါတယ်။

“တံတားအားလုံး ၁၉ ခု လောက်ရှိပါတယ်၊ အစအဆုံး ပြင်ရမယ့်ဟာရှိသလို နည်းနည်းပြင်ရမဲ့ဟာ ရှိပါ တယ်။ လောလောဆယ်တော့ ကားတွေက တံတားအောက် လမ်းလွှဲကနေပဲ အဆင်ပြေသလို သွားနေကြ ပါတယ်။ ပြည်နယ် အစိုးရအနေနဲ့ ပြင်ဖို့စီစဉ်ထားပါတယ်။ လတ်တလော အထိကတော့ ၂ ခု ပြင်ထားပြီး ပါပြီ” လို့ သူကပြောပါတယ်။

ဗန်းမော် – မြစ်ကြီးနားလမ်းကို သွားရင်တော့ ရိက္ခာစို ရိက္ခာခြောက် အစုံအလင်နဲ့ ပြည့်ဖြိုးသန့်ပြန့်တဲ့ အစိုးရစစ် သားတွေကို နေရာတကာမှာ တွေ့ရမှာပါ။ တချို့ ဖရဲသီးကားတွေ ဖြတ်တဲ့နေရာမှာ ကျတဲ့သူတွေ ကေ တာ့ အခြားသူတွေထက် ပိုပြီး အူစိုပါတယ်။ ဗန်းမော် – မြစ်ကြီးနား ကားလမ်းတလျှောက် ခရီးသည် စာ ရင်းပေး ရတဲ့ ဂိတ် ၃၀ ကျော် ရှိပါတယ်။ စိုးရတပ်သားတွေကတော့ အေးအေးဆေးဆေးပါပဲ။ ကာတွန်း ဖတ် သူ၊ ရေဒီယိုနားထောင်သူနဲ့ သက်သာ အနေအထားမှာ ရှိနေပါတယ်။ ဗန်းမော် – မြစ်ကြီးနား လမ်း ပိုင်း မှာတော့ အစိုးရ စစ်သားတွေက ဂါးရာယန်ထိ လမ်းတောက်လျှောက် တောထဲမှာရော၊ လမ်းဘေး ၀ဲ ယာ မှာပါ အပြည့်အ၀ နေရာယူထားပါတယ်။

လမ်းမှာ အစစ်အဆေးကတော့ ထင်တလောက် မများပါဘူး။ ဒါပေမယ့် ၁/ နံပါတ်နဲ့ ကချင်နာမည် ဆို ရင်တော့ တခြားသူတွေထက် ထူးပြီး စစ်ပါတယ်။ စီးလာတဲ့ကားမှာ ကချင်အမျိုးသမီး နှစ်ယောက်ပါလို့ သူ တို့ ကို အထူးအာရုံစိုက်ပြီး စစ်ပါတယ်။ တခြားလူတွေကိုတော့ မှတ်ပုံတင်ပဲ ကြည့်ပါတယ်။ ခရီးသွားစဉ် တုန်းက သင်္ကြန်နီးတဲ့ ကာလမို့ အိမ်လွမ်းတဲ့ အစိုးရစစ်သားတွေက သူတို့ စစ်ဆေးရေးဂိတ် ရောက်လာတဲ့ ကားသမားတွေကို သင်္ကြန်သီချင်းမဖွင့်ဖို့ တောင်းဆိုကြပါတယ်။

ဗန်းမော် – မြစ်ကြီးနားလမ်း ဖွင့်တယ်ဆိုပေမယ့် တကယ့်ဆုံချက်ဖြစ်တဲ့ လိုင်ဇာကတော့ ဗန်းမော် – မြစ်ကြီးနား ခရီးစဉ်မှာ ပါဝင်လို့ မရတော့ပါဘူး။ လဂျားယန်ဂိတ်ကို အစိုးရစစ်တပ်က ပိတ်ထားဆဲ ဖြစ် တာကြောင့် လိုင်ဇာကို ဗန်းမော် – မြစ်ကြီးနား ကားတွေ ၀င်လို့မရပါဘူး။ ဒေါ့ဖုန်းယန် – လိုင်ဇာ လမ်းပိုင်း ကိုလည်း မိုင်းတွေ ရှိနေသေးတယ် ဆိုပြီး ပိတ်ထားဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗန်းမော် – မြစ်ကြီးနား လမ်းဖွင့်တယ်ဆိုပေမယ့် လိုင်ဇာမြို့နဲ့ ဘာမှ မဆိုင်ပါဘူး။ ရှင်းအောင် ပြောရမယ်ဆိုရင် ပုံမှန်လမ်းကြောင်းက ဗန်းမော် – လိုင်ဇာ – မြစ်ကြီးနား ဖြစ်ပေမယ့် ကြားက လိုင်ဇာကို ချန်ထားပြီး ဗန်းမော် – မြစ်ကြီးနား လမ်းကိုသာ ဖွင့်လိုက်တာ ဖြစ်ပါတယ်။ ဗန်းမော် – မြစ်ကြီးနား လမ်းဆိုတာက လိုင်ဇာ ကုန်သွယ်ရေးကြောင့် အဓိက စည်တာဖြစ်ပြီး လမ်းတလျှောက်ရွာစဉ်တွေက လူတွေ သွားသွား လာလာကြောင့် အရင် ဖြတ်သွားဖြတ်လာ များခဲ့ပေမယ့် ကုန်သွယ်ရေး မလုပ်နိုင်ကြတဲ့ အခါ၊ လမ်းတလျှောက် ရွာစဉ်တွေက စစ်ပြေးကြတဲ့အခါ လမ်းကို အသုံးပြုသူ နည်းသွားရတာ ဖြစ်ပါတယ်။ ဗန်းမော် – မြစ်ကြီးနား လမ်းဖွင့်လို့ အစိုးရအတွက် နိုင်ငံရေးအမြတ် ထွက်ပေမယ့် တကယ့်အောက်ခြေ ပြည်သူများ အတွက်ကတော့ ကုန်ရောင်းကုန်သွယ်လည်း လုပ်မရ၊ ကားခကလည်း ဈေးတက်၊ စစ်ပြေးတွေ လည်း ရွာတွေကို ပြန်မရဘဲနဲ့ အကျိုးမများလှပါဘူး။

ကားသမားတွေလည်း မြစ်ကြီးနားကနေ ဗန်းမော်ပြန်တက်ရင် ကားအလွတ်ချည်းပဲ မတက်ရဖို့ အတော်ကို ကြိုး စား ရုန်းကန်နေရပါတယ်။ ပြန်တက်ရင် လူမရတာကတော့ ခေါင်းအစားဆုံးပဲလို့ ကားဆရာတွေရဲ့ အပြောကတော့ အပိုမဟုတ်ပါဘူး။ တကယ်လည်း ဗန်းမော် မြစ်ကြီးနားလမ်းကို သွားရဲတဲ့သူ၊ သွားမယ့် သူတွေ ရှားနေတုန်းပါပဲ။ ဗန်းမော် မြစ်ကြီးနားလမ်းကြီး အရင်လို စည်ပင်ဝပြောဖို့ကတော့ လိုင်ဇာ လမ်းဖွင့် ဖို့နဲ့၊ ဗန်းမော် – နမ်းခမ်းလမ်း ဖွင့်ဖို့ လိုလိမ့်မယ်လို့ မ.ထ.သ က တာဝန်ရှိသူ ဦးဉာဏ်လင်းက ပြောပါ တယ်။




From:opposite eyes

မြန်မာနိုင်ငံ၏ အောင်စာရင်း ဒီလို တကယ်ထွက်တာလား

Posted by drmyochit Thursday, April 18, 2013, under | No comments


" 2013 ပညာရေး "

ကြောက်ခမန်းလီလီ အံ့သြဖွယ် ကောင်းလှသော ပညာရေး စနစ်ကို ကျွန်တော် အလန့် တကြားတွေ့လိုက် ရတယ်။ နေပူပူမှာ ခေါင်းတုံးနဲ့ဒီနေ့ ကလေးတွေ အောင်စာရင်းကို သွားကြည့်တယ် ။

အောင်စာရင်း လူနာမည်တွေရဲ့ဘေးမှာ P 1 က အစပြုလို့ P 4 အထိရှိနေတာကို တွေ့လိုက်ရတယ် 

ဘာပါလိမ့်လို့ စဉ်းစားရင်း ဘေးက အသံကိုတစ်ချက် နားစွန့် လိုက်တော့ 

" အိုး အိုး .... က 4 ဘာသာတောင်ကျတယ် P 4 တဲ့ "

ဘုရားရေ

အဲမှာသိလိုက်တာက P 1 က တစ်ဘာသာကျ။ P 2 က နှစ်ဘာသာကျ ။ဒါဆိုရင် P 4 က လေးဘာသာကျ

အော် အံ့သြဖွယ်ပါလားနော် ဘယ် နှစ်ဘာသာ ကျဆိုတာ မှတ်ချက်ထဲထည့်ပြီးအောင်စာရင်းထဲ ထည့် အအောင်ပေးသပေါ့လေ

5 ဘာသာနဲ့ ဘာသာစုံကျတာတော့ ကံဆိုးသူဖြစ်လေသတည်းပေါ့




From:opposite eyes

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သက်ဆင် သင်္ကြန် အတာရေလောင်း

Posted by drmyochit Thursday, April 18, 2013, under | No comments



ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကို မစ္စတာ သက်ဆင် အတာရေ လောင်းနေစဉ်
 
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်က သင်္ကြန်အကြတ်နေ့ မြန်မာပြည်ကို ရောက်လာခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်ခ် မှာ ဖော်ပြထားပါတယ်။

မစ္စတာသက်ဆင်ဟာ တရုတ်ပြည် ဟူနန်ပြည်နယ်က တဆင့် လေယာဉ်နဲ့ မန္တလေးမြို့ကို ရောက်ရှိလာ တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြင်ဦးလွင်(မေမြို့)မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

မေမြို့က နှစ်တရာကျော် သက်တမ်းရှိ ကိုလိုနီခေတ် ဘုရင်ခံအိမ်တော်မှာ ညအိပ်နားနေခဲ့ပြီး သင်္ကြန်အ တက်နေ့ မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အတာရေ ပက်ဖြန်းခဲ့သေးတယ်လို့လည်း မစ္စတာ သက်ဆင်က ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘာအကြောင်းအရာတွေ ဆွေးနွေးကြတယ်ဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဆက်ဖတ်လိုလျှင် ဒီကို သွားပါ။
 
 
 
From:opposite eyes 


ရည်းစား ၂ဦးရန်ဖြစ်ရာမှ ကောင်လေးက ကောင်မလေးအား ဓားဖြင့်ထိုးသတ် မှုဖြစ်ပွား

Posted by drmyochit Thursday, April 18, 2013, under | No comments



၁၃၇၅ခုနှစ် မြန်မာနှစ်ဆန်း ၁ရက်နေ့ ညပိုင်းအချိန် ၉နာရီခန့်က ကန်တော်ကြီး တစ်နေရာတွင် မိန်း ကလေး အလောင်း တစ်လောင်းအား တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားကာ ရပ်ကွက်နေ ပြည်သူများက သတင်းပေးခဲ့ကြောင်းသိရပါသည် ။

သေဆုံးသူ မိန်းကလေးမှာ အသက် ( 22 ) နှစ်အရွယ်ခန့် ရှိပြီး ချမ်း/တောင်အကွက် ( ၈၆၄ ) တွင်နေ ထိုင်ကာ ----ဓာတ်ဆီဆိုင်တွင် အလုပ်လုပ် ကိုင်လျှက် ရှိကြောင်းသိရပါသည် ။

ရပ်ကွက် အတူနေ အိမ်နီးချင်း တစ်ဦးရဲ့ပြောပြချက်အရ " နှစ်ဆန်း၁ရက်ညနေ ပရိတ် တရားနာတုန်း ကေ တာင် လာသေးတယ် ။ ည ၈နာရီလောက်ကစပျောက်သွားတာပါ " ဟုပြောပြပါတယ် ။

မိသားစုဝင် ၁ဦးရဲ့ပြောပြချက်အရ " ရည်းစားနဲ့သွားချိန်းတွေ့ရင်း အခုလိုဓားနဲ့. ရက်ရက်စက်စက် အ သက် ခံရတာပါ ဟုပြောရင်း အလောင်းကိုပြပါတယ် ။ ၀မ်းဗိုက် ၁၀ချက်ခန့် ထိုးသွင်း ဒဏ်ရာ မျက်နှာရော ပါပါတယ် ဟုပြောပါတယ် ။

သတ်သွားသည်ဟု ယူဆရသော ရည်းစားအား ယခုအချိန်ထိ ရှာဖွေနေဆဲဟု " ပြောကြားသွားပါတယ် ။

ဓာတ်ပုံမှာ အမြင်မသင့်သောကြောင့် အဝေးမှ ရိုက်ထားသော ၁ပုံသာ တင်ပေးလိုက်ပါသည် ။ 
 
 
 
From:opposite eyes 


လူငယ်များကို လက်တွဲခေါ်ပါ

Posted by drmyochit Thursday, April 18, 2013, under | No comments



သင်သည် အလုပ် လုပ်တော့မည်ဟု ဆုံးဖြတ် လိုက်ပါက အလုပ်အကိုင် ဂျာနယ် တစ်ခုခုကို ဝယ်ဖတ်လိမ့်မည်။ သို့မဟုတ် မိဘ၊ သူငယ်ချင်း များကို တိုင်ပင်လိမ့်မည်။ ဘွဲ့ရပြီးခါစ ကျွန်တော်တို့ လူငယ်များသည် အနည်းနဲ့ အများတော့ အလုပ် လုပ်ဖို့ စိတ်အား ထက်သန်ကြပါသည်။ အလုပ် အကိုင်များ လုပ်ငန်း နယ်ပယ် အားဖြင့် Medical, Engineering, Human Resource, Sale, Marketing, Law, Admin and Journalism စသည်ဖြင့် အမျိုးမျိုး ရှိကြပါသည်။ ဤတွင်မှ ဖွဲ့စည်းပုံ လုပ်ငန်း အမျိုးအစား အလိုက် Company, Organization, Banking Local NGO & International NGO ဟူ၍ ပြန်လည် ခွဲခြား နိုင်ပါသေးသည်။

တက္ကသိုလ်၊ ကောလိပ် အသီးသီးမှ အထူးပြု ဘာသာရပ် မတူ ကျောင်းပြီးခဲ့ကြသော ကျွန်တော်တို့ လူငယ် များသည် ကျောင်းပြီးသည်နှင့် အများစု ကတော့ အတွေ့အကြုံ အတွက် ဖြစ်ဖြစ်၊ ဝမ်းရေး အတွက် ဖြစ်ဖြစ်၊ ကိုယ့် ရည်မှန်းချက် ပန်းတိုင်ကို စတင် လျှောက်လှမ်း ရန်ဖြစ်ဖြစ် ပထမဆုံး ခြေလှမ်း အဖြစ် အလုပ်ကို ဝင်လုပ်ကြပါသည်။ ဝိဇ္ဇာ သိပ္ပံ ကျောင်းဆင်းများသည် ကိုယ့်စိတ်ကြိုက် နယ်ပယ် (any field) တွင် အလုပ် ဝင်ရောက် နိုင်ကြပါသည်။ HR, Admin, Sale and Marketing, Secretarial, Journalism စသည့် သက်ဆိုင်ရာ နယ်ပယ် အလိုက် Certificate များ ကိုင်ဆောင်သော အလုပ် ဝင်နိုင်ကြသည်ကို တွေ့ရပါသည်။ အချို့မှာ အတွေ့အကြုံ ရှိလျှင် Certificate ပင် မလို အလုပ်ရကြပါသည်။ ဥပမာ- သိပ္ပံဘွဲ့ရ တစ်ယောက်က Sale ဝင်လုပ်မလား၊ Marketing ဝင်လုပ်မလား၊ သတင်းထောက် လုပ်မလား၊ Office Staff လုပ်မလား၊ Admin လုပ်မလား၊ Coordinator လုပ်မလား၊ လုပ်နိုင်သည်။ အင်ဂျင်နီယာ ကျောင်းဆင်းတစ်ယောက် office staff, admin staff, sale man လုပ်ဖို့ရာ တော်တော်စဉ်းစားလိမ့်မည်။ နောက်ဆုံး Sale ဆိုရင်တောင် Sale Engineer သာလုပ်လိမ့်မည်။ ဒီလိုဆိုရင် ဒီဘွဲ့က ဒီအလုပ်သာ လုပ်ရမည်ဟု မဆိုလိုပါ။ ဘဝဆိုတာ ပုံသေနည်းမှ မဟုတ်တာ။ ကိုယ်နှင့်လုံးဝမဆိုင်တဲ့ အလုပ်ကိုလည်း ကိုယ်နဲ့ အဆင်ပြေရင် ပြေနေတတ်တဲ့သူတွေလည်း လောကကြီးမှာ အများကြီးပါ။

သက်မွေးကျောင်းဆင်း ဖြစ်သော အင်ဂျင်နီယာနှင့် ဆေး တက္ကသိုလ် ကျောင်းဆင်းများမှာ သက်ဆိုင်ရာ နယ်ပယ်တွင်သာ အလုပ် ဝင်ကြရပါသည်။ အခြား နယ်ပယ်တွင် ဝင်ရောက်ဖို့ရာ သိပ် မလွယ်ကူပါ။ ကိုယ်က ဒီဘွဲ့ယူခဲ့ ပြီးမှ အခြားနယ်ပယ်သို့ ရောက်သွားတာမျိုးတော့ ရှိပေမယ့် တော်တော် စိတ်အား ထက်သန်မှသာ ဖြစ်ပါသည်။ အလုပ်ရှင်များလည်း ကိုယ့်ဘွဲ့နှင့် မသက်ဆိုင်သည့် နယ်ပယ်သို့ အလုပ် လျှောက်လျှင် သိပ်လက်မခံချင်ကြပါ။ Engineer ကျောင်းဆင်းများသည် သက်ဆိုင်ရာ Major (Civil, EP, EC, MP, IT, Chemical, etc) အလိုက် အလုပ်ရကြလျှင် ပိုကောင်းပါသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံ ဖြစ်သောကြောင့် Civil, EP, EC, MP major များမှာ အလုပ်ပေါသော်လည်း ကျန် Major များကတော့ အလုပ် ရှားဆဲပါ။ အလုပ်ခေါ်စာတွင် အတွေ့အကြုံ ၂ နှစ်၊ ၃ နှစ်ရှိမှသာ ခေါ် ကြသည်မို့ အလုပ်ပေါသည် ဆိုသော်လည်း အခက်တွေ့နေကြဆဲပါ။ အလုပ်သင်အနေနဲ့ ခေါ်တာလည်း တော်တော်ရှားပါသေးတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် အင်ဂျင်နီယာလုပ်သား များစွာ လိုအပ်သည်ဟု ထင်ပါသည်။ ကျောင်းဆင်း ပြီးခါစမို့ အတွေ့အကြုံမရှိ၊ လက်တွေ့ပိုင်းတွင် ကျွမ်းကျင်မှု မရှိသောကြောင့် အလုပ်မခန့်ကြလျှင် ဘွဲ့ရ အရေအတွက်သာ တိုးလာမည်ဖြစ်ပြီး ကျွမ်းကျင် လုပ်သားများ ရှားပါးလာကာ နိုင်ငံတော်လည်း ဖွံ့ဖြိုး တိုးတက်ဖို့ နှောင့်နှေး နေမည်ဖြစ်သည်။ ကျွန်တော်တို့လူငယ်များကို ပစ်မထားစေချင်ပါ။ လူငယ်များကို လက်တွဲခေါ်စေချင်သည်။ လူငယ်များကို ဖေးမပေးပါ။ လူငယ်များကို အားပေးပါ။ ကျွန်တော်တို့ လူငယ်များသည် ဘွဲ့ရသော်လည်း ဘာမှမတတ်၊ ဘာမှလည်း ဟုတ်တိ ပတ်တိ မရဟု ယခုခေတ် လူကြီး များက ပြောကြပါသည်။ ထိုသို့ဆိုလျှင် ကျွန်တော်တို့ လူငယ်များသည် အုပ်ချုပ်သူများ၏ အစမ်းသပ်ခံ ပညာရေး စနစ် တစ်ခု အောက်မှာ အစမ်းသပ်ခံ လူငယ်များ ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် အပြစ်တင်မည် ဆိုလျှင် ကျွန်တော်တို့ လူငယ်များကို အပြစ် မတင်သင့်ပါ။ ပညာရေးစနစ်ကြောင့် ဖြစ်စေ သို့မဟုတ် အုပ်ချုပ်သူများ၏ ပညာရေး စနစ် စီမံခန့်ခွဲမှု အားနည်းမှုကြောင့် ဖြစ်စေ ဘာမှမသိ မတတ်သော ဘွဲ့ရ လူငယ်(သားကောင်) ဖြစ်ခဲ့ရတာပါ။

ဆေးဘက်ဆိုင်ရာ ကျောင်းဆင်းများသည်လည်း အလုပ်အလွယ်တကူ မရတတ်ကြပါ။ အလုပ်သင် ဆရာဝန်အလုပ်ရရန်ပင် မလွယ်ကူကြပါ။ မြန်မာနိုင်ငံတွင် ဆရာဝန်မြောက်မြားစွာ လိုအပ်သည်မှာ မှန်သော်လည်း ဆေးကျောင်းဆင်းများ ကတော့ အလုပ်ရှားပါးနေကြဆဲ။ အင်ဂျင်နီယာနှင့် ဆေးဘက် ဆိုင်ရာ တက္ကသိုလ်ကျောင်းဆင်း များသည် လေး၊ ငါး၊ ခြောက် နှစ် တက်ခဲ့ရ၊ ငွေများစွာ ကုန်ကျခံ၊ အချိန်များစွာ ပေးဆပ်ခဲ့ရသော်လည်း ကျောင်းပြီးလျှင် အလုပ်တစ်ခုရဖို့ တော်တော် ခက်ပါသည်။ လက်ရှိ အလုပ် အခွင့်အလမ်းမှာ မည်မျှပင် ပေါသည်ဆိုစေကာမူ အလုပ်တစ်ခု လွယ်လွယ် ကူကူ မရနိုင်ပေ။

ထို့ကြောင့်လည်း ၁၀ တန်းအောင်လျှင် တက္ကသိုလ် ဆက်မတက်ခိုင်းသော မိဘများနှင့် ပြည်ပမှက ဘွဲ့ရမှသာ အလုပ်အကိုင် အခွင့်အလမ်း များသည်ဟု ယုံကြည်သော ငွေကြေးတတ်နိုင်သည့် မိဘများ လည်း တွေ့ဖူးပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘွဲ့တစ်ခုသည် အတိုင်းအတာ တစ်ခု အထိတော့ အကျိုး သက်ရောက်မှု ရှိသည်ဟု ယုံကြည်ပါသည်။

အလုပ်တစ်ခုရဖို့အရေး ဘွဲ့လက်မှတ်တစ်ခုတည်းနှင့် မလုံလောက် တော့ပါ။ အလုပ်လျှောက်လျှင် လိုအပ်ချက် (Job Requirements) တွေက များလွန်းလှသည်။ မိမိဝင်ရောက်မည့် လုပ်ငန်းခွင်နယ်ပယ် အလိုက် မိမိစိတ်ဝင်စားရာ အရရော၊ လိုအပ်ချက်အရပါ သင်တန်းများကို ပြေးတက်ကြသည်။ သည်ကြားထဲ မြန်မာဘာသာစကား တစ်ခုတည်းနှင့်လည်း မဖြစ်ပြန်တော့ အခြားဘာသာစကား တစ်ခုခု (English, Chinese, Japan, Korea, etc) ကိုလည်း လေ့လာသင်ယူရပြန်သည်။ တက်လိုက်ရသည့် သင်တန်းများ၊ Speaking များ၊ 4 Skills များ ဖတ်ဖတ်မော မတတ်။ အချို့လူငယ်များမှာ ငွေကြေး အဆင်မပြေ သောကြောင့် သင်တန်များလည်း သီးသန့် မတက်နိုင်ကြပါ။ ထို့ကြောင့် အလုပ်လုပ်ရင်း တက်ကြ ရပါသည်။ အချို့မှာ ကိုယ့်ဘွဲ့နှင့် မသက်ဆိုင်သော်လည်း ငွေကြေး အဆင်မပြေမှုကြောင့် ရရာအလုပ်ကိုပဲ ဝမ်းရေး အရ ဝင်လုပ်ကြရသည် များလည်း ရှိပါသည်။

အလုပ်တစ်ခု စတင်လျှောက်ပြီဆိုလျှင် အလုပ်လျှောက်ရန် လိုအပ်သော ဓာတ်ပုံများ၊ ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ၊ သန်းခေါင် စာရင်းများ၊ လက်ဖက်ရည်ဖိုးများ ပေး၍ ရယူထားသော စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းကြောင်း ထောက်ခံစာများကို မိတ္တူအထပ်လိုက် ကူးရပါသည်။ IT ခေတ်ကြီးမှာ အချို့ကုမ္ပဏီများမှာ Email Address နှင့်သာ ခေါ်ကြသောကြောင့် Email လိပ်စာဖြင့် လျှောက်ရပါသည်။ Internet & Email အသုံးချတတ်ခြင်းကြောင့် လူကိုယ်တိုင် သွားရောက်ရတာ သက်သာသွား ပါသည်။ သို့ပေမယ့် များသောအားဖြင့် Email ဖြင့် Reply အကြောင်း ပြန်တာ မကြုံဖူးသေး။ ဖုန်းနဲ့တော့ ဆက်သွယ်ပါသည်။ အလုပ်တစ်ခုသာ လျှောက်ပါက မသေချာသောကြောင့် လေး၊ ငါးခုမက လျှောက်ထားဖို့ရာ ရန်ကုန်မြို့ အရှေ့၊ အနောက်၊ တောင်၊ မြောက် လိုင်းကားခ အတန်တန်ကုန်၊ လမ်းကြောင်းမသိ၍ Taxi ခကုန်ခံကာ လျှောက်ကြရသည်။ စီးပွားရေးမြို့တော် ရန်ကုန်တွင် မြန်မာပြည် နေရာအနှံ့မှ ရောက်လာကြသော နယ်သူ နယ်သားများမှာ မျက်စိ ကလယ် ကလယ်ဖြင့် ကြိမ်ဖန်တစ်ရာ မက မေးမြန်းကာ လျှောက်ကြပါသည်။ ဘယ်လိုပဲ လျှောက်ရလျှောက်ရ ကိစ္စမရှိ၊ အလုပ် လျှောက်ရမှာ တော့ ကိုယ့်အပိုင်း၊ ကိုယ့်တာဝန်ဖြစ်သည်။ လျှောက်သည့် ကုမ္ပဏီ၏ Reception ဧည့်ကြိုဌာနကို ရောက်သောအခါ Reception မမလေးများရဲ့ ဆက်ဆံပုံနှင့် လှည့်ပြန်ရတော့ မလိုလို။ ဧည့်မကြိုဘဲ ဧည့်မောင်းဖြစ်နေသည်။ သူတို့ပြန်ပြောလိုက်တာက မျက်နှာထား တင်းတင်းနှင့် ဒီအလုပ် ခေါ်ထား သလားတဲ့။ ဘယ်ဂျာနယ်မှာ ဘယ် Post နဲ့ ခေါ်ထားပါတယ်လို့ ဧည့်ကြိုကို ပြန်ပြောပြရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် HR နဲ့ Reception ကြားမှာ Link မရမှန်းသိသာသည်။ အလုပ်ခေါ် ထားတယ်ဆိုရင် HR က Reception ကို ကြိုပြောထားရမှာပေါ့။ ဒါမှ အလုပ်လျှောက်သူများ အဆင်ပြေမည်။

အလုပ်က မြန်မြန် ရချင်သောကြောင့် “အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ” ကို အားကိုးသည်။ ဂျာနယ်ထဲမှာဆို Agent တွေက Ever Urgent ပဲ။ အဲဒီမှာ ပိုဆိုးသွားရော CV က သုံး လေးစုံ၊ ဓာတ်ပုံက ငါးပုံ၊ ခြောက်ပုံ၊ ဝန်ဆောင်ခက သုံး လေးထောင် ဒါတင်မကသေး အင်တာဗျူး ကြေးပေးရမယ်။ ပထမဆုံး အလုပ်အားခရဲ့ တစ်ဝက်ပေးရမယ်ဆိုတော့ တော်တော် စဉ်းစားလိုက်ပါသည်။ အလုပ် လိုချင်သောကြောင့် အလုပ်အပ် လိုက်ပေမယ့် တစ်ခါတောင်မှ မဆက်သွယ်ခဲ့ပါ။ တကယ်ပြောတာပါဗျာ ချဲ့ကားပြောတာ မဟုတ်ပါ။ ပိုက်ဆံ တစ်ပြားမှ မပေးရသည့် စိတ်ရှည်စွာ အလုပ် ရှာပေးသည့် Agent များလည်း ရှိပါသည်။ ထို Agent များကိုတော့ အလွန် ကျေးဇူးတင်ပါသည်။ အလုပ်ရှာသူတွေကြားထဲမှာ “အကပ်၊ အဆက်အစပ်” ဆိုသည့် စကားလုံး အတော် ခေတ်စားပါသည်။ အထူးသဖြင့် ဘဏ်အလုပ်နှင့် အစိုးရအလုပ် များတွင် ပိုတောင် ခေတ်စား ပါသေးသည်။ အလုပ်ခေါ်သည့် ဦးရေများလျှင် အကြောင်းမဟုတ်၊ နည်းလျှင်တော့ ထိုအကပ်၊ အဆက်အစပ် ရှိသူများသာ ရသွားတတ်သည်။

အလုပ်လျှောက်ထားခြင်း ပြီးစီးပါက Interview ခေါ်မည့်ရက်ကို ထီပေါက်မည့် ရက်ကို စောင့်ရသကဲ့သို့ စောင့်ရပါသည်။ Interview ခေါ်သည့် အကြိမ် အရေအတွက်မှာ Company တစ်ခုနှင့် တစ်ခု မတူကြပေ။ နှစ်ကြိမ်၊ သုံးကြိမ်တော့ ဗျူးရပါသည်။ အချို့ကုမ္ပဏီများမှာ Interview အချိန်ကို လုံးဝ မလေးစားကြပါ။ အလုပ်လျှောက်ထားသူ များသာ Interview စမည့် အချိန် နောက်ကျမည် စိုးသောကြောင့် Taxi ခ ကုန်ခံပြီး လာရသော်လည်း ပြောထားသည့်အချိန်တွင် Interview မစနိုင်ကြပါ။ တစ်ကြိမ်တည်း မဟုတ် သုံးကြိမ်ဗျူးလျှင် သုံးကြိမ်စလုံး နောက်ကျတာ ကြုံဖူးသည်။ Interview တစ်ခုနှင့် တစ်ခုကြားလည်း အလွန်ကြာပါသည်။ အလွန်ဆုံး တစ်ပတ်သာ ကြာသင့်သည်ဟု ထင်ပါသည်။ နယ်ကလာသူများ အဖို့ အလကား နေရင်း အချိန်ကုန်၊ စရိတ်ထောင်းတာပဲ အဖတ်တင်သည်။ ပထမ အင်တာဗျူးတွင် အလုပ်ရှင် များက လိုအပ်ချက်နှင့် မကိုက်ဟု ထင်လျှင် အားနာစရာလည်း မလို။ စကားလုံး လှလှလည်း သုံးစရာ မလိုပါ။ ခပ်ပြတ်ပြတ် ပြောလည်း ရပါသည်။ ခေါ်တော့ မလိုလိုနှင့် အလုပ် လျှောက်သူများမှာ ဝေခွဲရ ခက်စရာလည်း မလိုတော့။ ဒီကုမ္ပဏီ မရရင် နောက်တစ်ခုကို ကြိုးစားမည် ဖြစ်သည်။

အင်တာဗျူးတွင် အချို့ ကုမ္ပဏီများမှာ အလုပ်ခေါ်တုန်း ကထက် လိုအပ်ချက်တွေ ပိုတောင်းတာမျိုးလည်း ရှိသည်။ အလုပ်နှင့် မဆိုင်သော မေးခွန်မျိုးလည်း ရှာကြံ မေးတတ်ပါသည်။ ကျွန်တော်လည်း အင်တာဗျူး အရေအတွက်က ကျွန်တော့် အသက်ထက်ပင် များနေတော့ အင်တာဗျူး အတွေ့အကြုံ တော်တော် ရနေပါပြီ။ ကုမ္ပဏီသေးသေး လေးမှ နိုင်ငံတကာ ကုမ္ပဏီကြီးများ အထိ ဗျူးဖူးပါသည်။ ကုမ္ပဏီကြီး အများ စုမှာ အလုပ်သဘော ဆန်ဆန်သာ မေးကြပါသည်။ ဒီလိုနှင့် ကုမ္ပဏီ တစ်ခုပြီး တစ်ခု အင်တာဗျူးပေါင်း များစွာ ဗျူးရင်း စောင့်ရင်းနှင့် နောက်ဆုံး တော့ အိမ်က ပါလာသည့် ပိုက်ဆံ ကုန်တော့မည်။ အလုပ် ကလည်း မရသေး။ ရန်ကုန်ရဲ့ (Living Cost) လူနေမှု စရိတ် မြင့်မားသောကြောင့် အိမ်က ပါလာသည့် ပိုက်ဆံ ရည်ရှည်မခံပါ။ အလုပ်ရခဲ့လျှင် လစာဘယ်လောက် ရမည်မသိ။ လောလောဆယ် နေ၊ စားစရိတ် မှာတော့ တစ်လလျှင် တစ်သိန်း နီးပါး ကုန်သည်။ အိမ်ကလည်း ဘွဲ့တစ်ခု ရသည်အထိ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။ အသက်ကလည်း ၂၀ ကျော်၊ ခြေစုံ လက်စုံ ဘွဲ့ရ လူငယ်တစ်ယောက် အိမ်ကို ပိုက်ဆံ တောင်းရ တာ အားနာလာသည်။ မိဘကို ကျေးဇူးဆပ်ဖို့ နေနေ သာသာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်အောင် မနည်း ကြိုးစားရဦးမည်။ ထို့ကြောင့် လူငယ်များမှာ ကိုယ့်ဘွဲ့နှင့် မဆိုင်သော်လည်း ဘဝပေး အခြေ အနေအရ ရရာ အလုပ်ကိုသာ ဝင်လုပ်လိုက်ကြရသည်။

အချို့မှာ အဆင့်မြင့် ဘွဲ့များနှင့် သင်တန်းဆင်း လက်မှတ် တပုံတပင် ရှိသော်လည်း အလုပ် မရတာလည်း ရှိသည်။ အလုပ် ရခဲ့သော်လည်း အခြေခံ လစာ အလွန် နည်းပါးသောကြောင့် လူနေမှု စရိတ်နှင့် မကာမိပါ။ အလုပ်သာ လုပ်နေရသော်လည်း အိမ်ကို ပြန်တောင်းနေ ရသည်။ တော်တော်တော့ ရယ်ချင်စရာ ကောင်းပါသည်။ တစ်ခါတလေတော့ ဒီဘွဲ့နှင့် ဒီအလုပ် မရတာ တော်တော် စိတ်ပျက်မိသည်။ ဒီအတိုင်းဆို ကိုယ်ယူခဲ့တဲ့မေဂျာကို အပြစ်တင်ရမည်လား၊ မြန်မာပြည်က ဘွဲ့ကို အပြစ်တင်ရမည်လား၊ ကိုယ့်ကိုယ် ကိုယ်ပဲ အပြစ်တင်ရမည်လား ထို “လား” ပေါင်းများစွာနှင့် မြန်မာပြည်တွင် အလုပ်နှင့် လစာ တွက်ခြေ မကိုက်လေတော့ ပြည်ပသို့ အလုပ် ထွက်လုပ်ကြကုန်သည်။

တစ်လောက Facebook တွင် ပျစ်ပျစ် နှစ်နှစ် ဝေဖန်ထားသည်ကို ဖတ်လိုက်ရသည်။ ဘာတဲ့ ပြည်ပရောက် မြန်မာကူလီများ ဆိုလား။ ထိုင်း ကူလီ၊ မလေး ကူလီ၊ စင်္ကာပူ ကူလီ၊ ဂျပန် ကူလီ၊ ကိုးရီးယား ကူလီ၊ ဒူဘိုင်း ကူလီ၊ ကာတာ ကူလီ စသည်ဖြင့် စုံလို့။ ဒါကတော့ သူ့အထင် သူ့အမြင်ကို ဝေဖန်ထားတာဖြစ်မည်။ ပြည်ပ တွင် မြန်မာလူမျိုးများ ပညာရှင် အနေနှင့် အလုပ်လုပ်နေကြတာလည်း ရှိတာပဲလေ။ ဥပမာ (Engineer, Accountant, Programmer, Doctor, Professor) မြန်မာပြည်က အချို့ဘွဲ့ရ လူငယ်များလည်း အတွေ့အကြုံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြည်ပသို့ အလုပ် လုပ်ရန် ထွက်နေကြမြဲပါပဲ။ အချို့မှာ သေချာ ပြင်ဆင်ပြီး သွားကြသည်မို့ အဆင်ပြေကြပါသည်။ ဒီလိုဆိုတော့လည်း ပညာရှင်များ ပြောသလို လုပ်သား အရင်းအမြစ် (Human Resource) ဆုံးရှုံးသွားခြင်းလား သို့မဟုတ် ဦးနှောက်ယိုစီးသွားခြင်းလား (Brain Drain) မပြောတတ်တော့ပေ။ Human Resource ဆိုတာကြီး မရှိတော့ လုပ်သားများကို တတ်အောင်၊ တော်အောင်၊ ထူးချွန်အောင် (Skill Worker) ဖြစ်အောင် လုပ်တဲ့လုပ်သား ဖွံ့ဖြိုးတိုးတက်မှု (Human Resource Development) ဆိုတာကြီးလည်း လုပ်လို့မရတော့ပါ။ တော်တဲ့ လုပ်သား၊ ညံ့တဲ့ လုပ်သား၊ သာမန်လုပ်သား၊ ထူးချွန်တဲ့ လုပ်သားတွေကို သူ့နေရာနှင့်သူ နေရာတကျ စီမံခန့်ခွဲတဲ့ လုပ်သား စီမံခန့်ခွဲမှု (Human Resource Management) ဆိုတာလည်း မရှိနိုင်တော့ပါဘူး။ ကျွန်တော်က HR Specialist တစ်ယောက် မဟုတ်တဲ့ အတွက် HR, HRD, HRM ဆိုတာတွေကို ဒီလိုပဲ နားလည် ထားပါတယ်။

အနှစ်ချုပ် ပြောချင်သည်မှာ ကျွန်တော်တို့ဟာ ဘဝ တိုက်ပွဲအတွက် ပထမဆုံး ခြေလှမ်းကို စတင် လျှောက်လှမ်းမည့် လူငယ်များဖြစ်ပါတယ်။ ကောင်းမွန်သည့် အတွေ့အကြုံများကိုလည်း မပိုင်ဆိုင် ထားကြပါ။ အိမ်ကို လက်ဖြန့် မတောင်းချင်တော့သည့် လူငယ်များ အနေဖြင့် ကိုယ့်ခြေပေါ်ကိုယ် ရပ်တည် နိုင်ရေး အတွက်ပါ ထိုက်သင့်သော လစာကိုလည်း မျှော်လင့်ပါသည်။ နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အလုပ်အကိုင် ရရှိရေး ကလည်း လွန်စွာ အရေးကြီးပါသည်။ ကိုယ့်နိုင်ငံတွင် ပညာ သင်ယူပြီး တိုင်းတစ်ပါးတွင် အလုပ် သွားမလုပ်ချင်ပါ။ ထို့ကြောင့် လူငယ်များကို လက်တွဲခေါ်ပါ။ ကိုယ်ချင်းစာပေးပါ။ မြေတောင်မြှောက်ပေးကြပါ။




From:yoyarlay

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ထားမှုများ အီးယူ ရုပ်သိမ်းမည်

Posted by drmyochit Thursday, April 18, 2013, under | No comments



ဥရောပ သမဂ္ဂ (အီးယူ)သည် လာမည့်အပတ် အတွင်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှု အားလုံးကို လက်နက် တင်ပို့မှု ပိတ်ပင်ခြင်းမှ လွဲ၍ ရုပ်သိမ်းသွားရန် မျှော်လင့် နေကြောင်း သတင်းရရှိသည်။

ရိုက်တာ သတင်း၏ ဖော်ပြချက်အရ အီးယူသည် မြန်မာနိုင်ငံတွင် မှတ်သားလောက်ဖွယ် ပြုပြင် ပြောင်းလဲမှုများကြောင့် ယခုကဲ့သို့ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ အီးယူသည် ပြီးခဲ့သည့်နှစ်မှ စ၍ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ထားမှုများကို လက်နက် တင်ပို့မှုမှ လွဲ၍ တစ်နှစ်တာ ကာလ ဆိုင်းငံ့ ပေးခဲ့သည်။ သို့သော် ယခု ဆုံးဖြတ်ချက် ပေါ်ထွက်လာပါက မြန်မာနိုင်ငံ အပေါ် ယမန်နှစ်က ကဲ့သို့ ယာယီ ဆိုင်းငံ့ ပေးခြင်းမျိုး မဟုတ်တော့ဘဲ လက်နက် တင်ပို့မှုမှ လွဲ၍ ကျန် ပိတ်ဆို့မှုများ အားလုံးကို အပြီးတိုင် ပယ်ဖျက်ပေးသွားမည်ဖြစ်သည်။

ပိတ်ဆို့မှုများ ပယ်ဖျက်ရေး အတွက် အီးယူ သံအမတ်ကြီးများသည် ယမန်နေ့က ဆွေးနွေးခဲ့ပြီး အီးယူအဖွဲ့ အတွင်း ၀န်ကြီး အဆင့် သဘောတူ အတည်ပြုချက်ကိုမူ တနင်္လာနေ့ ၀န်ကြီးများ အစည်းအဝေးတွင် ပြုလုပ်ဖွယ်ရှိသည်။ အီးယူ၏ ပိတ်ဆို့မှုများ ပယ်ဖျက်ခဲ့ပါက ဥရောပ ကုမ္ပဏီများအားလုံးသည် မြန်မာနိုင်ငံတွင် အခြား နိုင်ငံများနှင့် အပြိုင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

အီးယူသည် ယခင်က မြန်မာကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁,၀၀၀ နီးပါးခန့်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ် ထားခဲ့ပြီး မြန်မာနိုင်ငံ အတွင်းမှ လူပုဂ္ဂိုလ် ၅၀၀ ခန့်ကိုလည်း ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
 
 
 
From:yoyarlay 


မြန်မာတို့ အတွက်ဂုဏ်ယူစရာ

Posted by drmyochit Thursday, April 18, 2013, under | No comments



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ၏ နာမည်ကြီး အဆင့် နံပါတ်တစ် တက္ကသိုလ်ဖြစ်သည့် တိုကျို တက္ကသိုလ်၏ ဖိတ်ကြား မှုဖြင့် ၁၇.၄.၂၀၁၃ နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ မြန်မာပြည် ရေးရာနဲ့ ပတ်သက်ပြီး ဟောပြော ပွဲ ပြုလုပ်ခဲ့ရာ လာမည့် ရွေးကောက်ပွဲ ဆိုင်ရာနှင့် ပတ်သက်ပြီး လည်းကောင်း အခြေခံ ဥပဒေ ဆိုင်ရာ အကြောင်းအရာ များနှင့် ပတ်သက်ပြီး လည်းကောင်း အခြား မြန်မာပြည် ဆိုင်ရာ အခြေ အနေများအား ဟောပြော သွားခဲ့သည်..။

အခမ်းအနားသို့ တိုကျို တက္ကသိုလ်၌ ပညာ သင်ကြားနေသော မြန်မာနိုင်ငံသားများ အပါအဝင် ဂျပန် ကျောင်းသား ၄၀၀ ခန့် တက်ရောက်ခဲ့သည်..။

အဆိုပါ တိုကျို တက္ကသိုလ်သို့  ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် ရောက်ရှိလာရာ ခန်းမ အပြင်ဘက်၌ ဂျပန် နိုင်ငံသားများ၊ ကျောင်းသား ကျောင်းသူများမှ လာရောက် ကြိုဆို နှုတ်ဆက် ကြသလို ဟောပြောပွဲ ပြီးပြန်လည် ထွက်ခွာချိန်၌လည်း ဂျပန် ပြည်သူများက အမှတ်တရ လက်မှတ်များ တောင်းခံ သည်ကိုလည်း ရေးထိုး ပေးခဲ့သည်။ယနေ့ တိုကျို တ္ကသိုလ် ဟောပြောပွဲ ကျင်းပရာ ခန်းမ ဝန်းကျင်သို့ အနီးနားမှ အလယ်တန်း ကျောင်သား ကျောင်းသူများ လာရောက် ကြိုဆိုခဲ့ကြသည်ဖြစ်၍ ထူခြားသည်ဆိုရမည်။



From:yoyarlay

ဦးမြအေး အိမ်အနီး ဆောက်လုပ်ထားသော မဏ္ဍပ် မှ ရေထဲတွင် မှန်ကွဲစထည့်ပတ်သဖြင့် ဗမာ ကလေး သုံးဦး ဒဏ်ရာရ

Posted by drmyochit Thursday, April 18, 2013, under | No comments










သင်္ကြန်အတက်နေ့၊ ညနေပိုင်း(၅)နာရီခန့်တွင် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမြအေးအိမ် အနီးရှိ အုန်းလက်ထိုးရေပက်မဏ္ဍပ်တစ်ခုမှ ရေပက်ရာ မှန်ကွဲစများ ပါလာသဖြင့် သုံးဘီးဆိုင်ကယ်ပေါ်လိုက်ပါလာသော ကလေးငယ် (၃)ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူများသည် ဟင်္သာတမြို့၊ ကင်းရပ်ကွက်၊ ဥယျာဉ်တွင်း ၌ စုပေါင်းနေထိုင်သော ချို့တဲ့နွမ်းပါး သူများဖြစ်ပြီး သုံးဘီးဆိုင်ကယ်အမှတ် ၂ ဟ/၆၈၂၈ ယာဉ်မောင်း ကိုသက်ဆွေမှ အိမ်နီးချင်း

လူကြီးနှင့် ကလေးငယ် ၁၇ ဦးခန့်အား နေထိုင်ရာ ကင်းရပ်ကွက်မှ နတ်မော်ဘုရားကြီးသို့ဘုရားဖူး ရေပက်ခံရန် ပို့ဆောင်ခဲ့ပြီးအပြန်တွင်ြ ဖစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဧပြီလ ၁၆ ရက်နေ့(သင်္ကြန်အတက်နေ့) ညနေ ၅ နာရီခန့်အချိန်၌ ပန်းဘဲတန်းရပ်ကွက်၊ ပလီဘက် အခြမ်း အုန်းလက် ရေပက်မဏ္ဍပ်မှ ရေပက်ခဲ့ရာတွင် မှန်ကွဲစများပါဝင်ခဲ့သဖြင့် သုံးဘီးဆိုင်ကယ်ပေါ်ပါ မမြတ်မြတ်နွယ်(၄ နှစ်)မှာ ယာဘက်ဦးခေါင်းဒဏ်ရာ၊ မမိရိပ်(၈ နှစ်)မှာ ယာဘက်ခြေခုံ ဒဏ်ရာ၊ မသူဇာနွယ်(၁၆ နှစ်)မှာ ယာဘက်နားထင်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကို ရဲစခန်းအား စုံစမ်းကြည့်ရာ အမှတ်(၁) စခန်းမှ ဒုရဲအုပ် ထွန်းဝင်းနိုင်နှင့် နယ်ထိန်း တပ်ဖွဲ့တို့မှ သိသိချင်း နာရီဝက်အတွင်းမှာအခင်းဖြစ်ရာနေရာကိုသွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဆေးစာ ပို့ခြင်းနှင့် အထက်ကိုတင်ပြထားခြင်းကို အချိန်မီလုပ်ဆောင်ခဲ့ကြောင်း ၊ အမှုနှင့်ပက်သက်၍ ယာဉ်ပေါ်မှာ ဒဏ်ရာရသူရဲ့မိဘလည်း ပါတဲ့အတွက် ကိုယ်တိုင် အမှုဖွင့်နိုင်ရန်ေ ခ်ါဆိုထားကြောင်း ဧပြီလ ၁၇ ရက်နေ့ နေ့လည်က ဖြေကြားပါတယ်။

ဒဏ်ရာရသူ ကလေးငယ် မိသားစုများသည် နွမ်းပါးချို့တဲ့သူများဖြစ်၍ အမှုရင်ဆိုင်ရန် ဆိုက္ကားခပင် တတ်နိုင်မှု မရှိသော အခြေအနေဖြစ်ပြီး မြို့ခံအချို့မှ အခင်းဖြစ် ချိန် ဆေးရုံကုသရာမှ စ၍ ကူညီပေးမှုများ ရှိရာ အမှုမှန်အတွက် ပေါ်ပေါက်စေလိုပြီး အလားတူ မြို့အကျည်းတန်စေမည့် လုပ်ရပ်မျိုးမဖြစ်စေရန် လိုလားကာ ကာယကံရှင် မိသားစုများမှေ ငွကြေးအခက်အခဲနှင့် စားဝတ်နေရေးတို့ကြောင့် အမှန်တရား အတွက် အမှုဖွင့်ရန်မဝံ့မရဲဖြစ်နေကြောင်း သိရပါတယ် 




From:myanmar express

Wednesday, April 17, 2013

သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် ရန်ပွဲဖြစ်၊ သင်္ကြန်ကာလအတွင်း လူ ၁၆ ဦးသေ၊ ၈၃ ဦး ဒဏ်ရာရ

Posted by drmyochit Wednesday, April 17, 2013, under | No comments




(၁၆.၄.၂၀၁၃) သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် က ညနေ ၄နာရီဝန်းကျင် တွင် မဏ္ဍပ် ပေါ်မှ ရေပက်သူများနှင့် စင်အောက်မှ ရေပက်ခံထွက်သူများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

Alpine မဏ္ဍပ် အောက်က လူတွေက ခဲတွေ၊ဖိနပ်တွေ၊ပုလင်းကွဲ တွေနဲ့ ပစ်ပေါက်ခဲ့သလို မဏ္ဍပ် အပေါ်မှာ ထိမှန်ခဲ့တဲ့ လူတချို့ကလဲ ပြန်လည်ပြီး ပလပ်စတစ် ထိုင်ခုံတွေနဲ့ ပစ်ပေါက်ခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူ အနည်းငယ်သာရှိခဲ့ပြီး ဖျော်ဖြေမှုနဲ့ ရေပိုက်တွေကို ရပ်နားခဲ့ရပါတယ်။



From:myanmar express 
 


အီရန် နိုင်ငံ အရှေ့တောင်ဘက်မှာ ငလျင်ကြီးတခု လှုပ်ခါလို့ လူ အများ အပြား သေဆုံး

Posted by drmyochit Wednesday, April 17, 2013, under | No comments



အီရန်နိုင်ငံ အရှေ့တောင်ဘက် ပါကစ္စတန်နယ်ခြား Khash မြို့ အနီးကို ဗဟိုပြုပြီး ပြင်းအား ၇.၈ ရှိတဲ့ မြေငလျင်ကြီးတခု လှုပ်ခါ သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက ပြောပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း အီရန်မှာ အပြင်းထန်ဆုံး လှုပ်ခါခဲ့တဲ့ ငလျင်ဖြစ် ပါတယ်။ အနည်းဆုံး လူ ၄၀ လောက် သေဆုံးသွားတယ်လို့လည်း အီရန် ရုပ်သံက ကြေညာသွားပါတယ်။

ဒါပေမယ့်လည်း သေဆုံးသူ ရာဂဏန်းတောင် ရှိနိုင်တယ်လို့ အီရန် အရာရှိ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

မြေငလျင်ကြောင့် အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီက အဆောက် အဦးတွေ တောင် လှုပ်ယမ်း သွားတယ်လို့ မျက်မြင်တွေ့ ရှိ သူတွေက ပြောပါတယ်။



From:opposite eyes

ကျွန်တော်နှင့် အသူရာ Daily News

Posted by drmyochit Wednesday, April 17, 2013, under | No comments



သင်္ကြန်ရက်များလည်း ကုန်ဆုံးသဖြင့် လူ့ပြည်သို့ လာခဲ့သည့် သိကြား မင်းကြီးလည်း နည်ပြည် ပြန်တက်ကာ သုဇာတာ၊ သုဇိတာ လေးတို့ အလယ်တွင် အိပ်မောကျနေပြီလား တွေးရင်း လမ်းလျှောက်မိစဉ် ပြိုးပြိုး ပျက် ပျက်ဖြင့် i-pad တစ်လုံးနှင့် အလုပ်ရှုပ်နေသူ တစ်ဦးကို တွေ့လိုက်ရသည်။ သင်္ကြန်လည်း ပြီးပြီ၊ ဒီလူ အ၀တ် မလဲနိုင်သေးတာ ဇာတ်ပွဲက ဖြစ်မယ်လို့ စဉ်းစားရင်း သူ့အနားကို မယောင်မလည် သွားရောက်စဉ် သူက စကားဆို၏။

“ မောင်မင်း၊ မိတ္တူဆိုင် ဒီအချိန် ဘယ်နားမှာ ဖွင့်သေးလဲကွ ”တဲ့။

“ ဒီအချိန်ကြီးတော့ ဘယ်ရှိမလဲဗျာ။ ဒါပေမယ့် အရေးတကြီး Print ထုတ်ချင်ရင်တော့ ကျွန်တော့်အိမ်ကို လိုက် ခဲ့။ အိမ်က Printer နဲ့ ထုတ်ပြီး ကူညီပေးပါ့မယ် ” လို့ ဆိုတော့ သူက လက်ခံ၏။ နှစ်ယောက် အတူ လမ်းလျှောက် ရင်းဖြင့် ခင်ဗျားက ဘယ်သူလဲ၊ ဘာကြောင့် ဒီအ၀တ်တွေ ၀တ်ထားတာလဲ လို့ မေးမိ၏။ သူက..

“မိုင် နိမ်း အစ် ဂျင်နရယ် ကျင်တွယ်၊ သိကြားမင်းရုံးက နတ်သား ပေါ့ ” လို့ ဖြေ၏။

“ဘာပြောတယ်၊ ကျင်တွယ်၊ သိကြားမင်းရုံးက နတ်သား ဟုတ်လား ” ဟုမေးတော့ သူက ပြုံးစိစိ။ သူ့ကို သေ ချာကြည့်ပြန်တော့ မြန်မာရုပ် မထွက်။ တရုတ်ရုပ်သာ ထွက်သည်မို့ နတ်ပြည်ရောက် တရုတ် တစ်ေ ယာက် ဖြစ် မည်ဟုသာ အလွယ်မှတ်လိုက်တော့၏။

ကျွန်တော်။ ခင်ဗျားက တရုတ်လည်း ဖြစ်တယ်။ ဂျင်နရယ်လို့လည်း ပြောတယ်၊ နတ်သားလည်း ဖြစ်နေ တယ် ဆိုတော့ နည်းနည်း ရှင်းစမ်းပါအုံး။

ကျင်တွယ်။ ကိုယ်က လူ့ဘ၀တုန်းက ဗုဒဘာသာ တရုတ်လေ။ မြန်မာပြည်မှာ ကြီးတော့ ကောင်းမှု လုပ် ရင်း သေလို့ မြန်မာနတ်ပြည်မှာ နတ်သား ဖြစ်တာပေါ့။ ဂျင်နရယ် ဆိုတာကတော့ ဟိုး အရင်က ကျုပ်တို့ နတ်ပြည် မှာ ဂျင်နရယ် တစ်ယောက်ပဲ ရှိတယ်။ နောက်ပိုင်းတော့ ဂျင်နရယ်တွေ တစ်ယောက်ပြီး တစ်ေ ယာက် ရောက်လာလိုက်တာ လူ့ပြည်မှာ ဘုရားတည် ကျောင်းဆောက် လုပ်တဲ့ အမျိုးသားတွေ အကုန် ဂျင် န ရယ် တွေကြီးပဲလား လို့ မှတ်ရတယ်။ များလွန်းအားကြီးလို့ နတ်တိုင်းရဲ့ နာမည်ရှေ့မှာ ဂျင်နရယ် ထည့် တဲ့ အလေ့ ဖြစ်တဲ့အထိပေါ့ကွာ။

သူ့စကားကြောင့် စဉ်းစားမိပြန်တော့ မြန်မာနိုင်ငံ၏ ဘုရားကျောင်းကန်များရှိ အလှူရှင် အများစုစာ ရင်းတွင် ဂျင်နရယ် တွေ ရှောင်မလွတ် တွေ့ဖူးသည်မို့ ဆက်မငြင်းတော့။

ကျွန်တော်။ ဒါနဲ့ ခင်ဗျား မိတ္တူကူးမယ် ဆိုတာက ဘာတွေလဲ။

ကျင်တွယ်။ သိကြားမင်း မှတ်ခဲ့တဲ့ စာရင်းတွေလေ။ တစ်စုံကို ငရဲပြည် ပို့ပေးရမယ်။ အသူရာ Daily သတင်း စာ ကနေ ဖော်ပြဖို့ ပေါ့။

ကျွန်တော်။ သိကြားမင်းက ခွေးသားရေနဲ့ မှတ်တာ မဟုတ်လား။ ခင်ဗျားတို့ Heaven Daily က ဖော်ပြတာ မဟုတ် ဘူးလား။

ကျင်တွယ်။ သူများကို အပုပ်ချ၊ မဟုတ်တာတွေ ရေးမှ ထမင်းစားရတဲ့အလုပ်ကို နတ်တွေ မလုပ်ဖူးကွ ။ အသူရာ Daily တောင် လုပ်တာ သိပ်မကြာသေးဘူး။ အရင်က ခွေးသားရေ သုံးတယ်။ နောက်ပိုင်း မောင် မင်း တို့ မြန်မာနိုင်ငံက ခွေးထက်မိုက်လို့ ထောင်ကျတဲ့သူတွေ များလာတော့ ခွေးသားရေ အစား လူ သားေ ရ ပြောင်းလုပ်သင့်တယ် ဆိုပြီး အကြံပြုသူ တွေ ပေါ်လာတယ်လေ။ မဟုတ်ရင် နောင်နှစ်တွေမှာ ယနှစ် သင်္ကြန် လူမိုက်စာရင်းကို မင်းကိုနိုင် သားရေဖြင့် မှတ်မည်။ မြအေး သားရေ ဖြင့် မှတ်မည် တို့ အမိန့်ထုတ် ရအုံးမှာ။ နည်းပညာ ကောင်းလာလို့ ဒါနဲ့ပဲ မှတ်တော့တယ်။ ဗဟုသုတ ရအောင် ရော့..ဒါနဲ့ဖတ်။

မကြုံဖူးမနားဝ ငရဲပြည်ကထုတ်တဲ့ အသူရာ Daily ဆိုတော့ အံ့သြမိသည်။ ရုတ်တရတ် သူ့ i-pad ကြီးကို ထိုး ပေးလို့ ကြည့်လိုက်တော့ i-pad မဟုတ်၊ ငယ်တုန်းက ရေးဖူးသည့် ကျောက်သင် ပုန်းကြီးသာ ဖြစ်နေ သည်ကို တွေ့ရသည်။ သူ၏ လက်ဖြင့် ထိလိုက်သော အခါတွင်တော့ အသူရာ Daily ဆိုသော အချွန် အတက်၊ ဒေါင်း ရုပ်၊ခွေးရုပ်များဖြင့် တန်ဆာဆင်ထားသော သတင်းစာ မျက်နှာကြီး တွင် အောက်ပါ သတင်း များကို တွေ့လိုက်ရ လေတော့သည်။

၁။ သိကြားမင်း ဦးမာဃ သင်္ကြန်တွင် မှတ်ခဲ့သည့် ငရဲပြည် ၀င်ခွင့်ရ စာရင်း သောကြာနေ့ ထွက်မည်။

၂။ မြန်မာနိုင်ငံတွင် ဘုရားအစား ဒေါင်းကိုးကွယ်သူ များလာသဖြင့် ငရဲပြည်ဒယ်အိုးများ ပြင်ဆင်ထားရန်လို။

၃။ သံချပ်များ၊ ဖန်ခွက်များဖြင့် ပေါက်လွတ်ပဲစား ပါးစပ် စည်းကမ်း မရှိသူများ ငရဲပြည်သို့ ပိုမိုရောက် လာနိုင် သဖြင့် နှုတ်ခမ်း အင်္ဂါ တပ် ငရဲခန်းများ အဆင့်မြှင့်တင်ရန် လိုအပ်။

၎။ ကွယ်လွန်ပြီးသော်လည်း မဲဆွယ်ရန် အသုံးချခံရခြင်း၊ သင်္ကြန်တွင်း ရုပ်တုတင်၍ ငန်းတစ်ကောင်နှင့် အပြိုင် လှည့်လည် နေခြင်းအား နတ်ပြည်ရောက် ဂျင်နရယ်ကြီး မည်သို့ ဖြေရှင်းမည်လဲ။

၅။ ငရဲပြည်ရောက် ကြာကူလီလုပ်၍ ငရဲခံသူများ အဖွဲ့မှ လူ့အခွင့်အရေးအတွက် ဖင်တွင် ဒေါင်းအလံစိုက်၍ ဆန္ဒဖော်ထုတ်။

၆။ နတ်သမီး တစ်ဖက် ၂ ယောက်ပင် စီနီယာဖြစ်မှ ရနိုင်သော ယနေ့ နတ်ပြည်တွင် လွန်ခဲ့သည့် နှစ်ထောင် ပေါင်း များစွာက အတိုင်း တစ်ဖက် ၅၀၀ စီရရန် နည်းလမ်းများ ကြံစည်။

၇။ လျှပ်ပေါ်လော်လီ ဖောက်ပြားသည့် ငရဲပြည်ရောက်သည့် အမျိုးသမီးများမှ Break Time နှင့် အားလပ် ရက် များတွင် ကိုယ်တုံးလုံး သာ သွားလာခွင့်ပြုရန် ခွပ်ဒေါင်းအလံထောင်၍ တောင်းဆို။

၈။ ငရဲပြည်တွင် ၈၈ မျိုးဆက်၊ ဗကသအဖွဲ့များ ဖွဲ့ခွင့်ပြုရန် နှင့် လွတ်လပ်စွာ ငရဲကျခံစေရန် အနှစ် ၂ သောင်း ကျ မင်းကိုနိုင် ဦးဆောင်တောင်းဆို။

သတင်းအကျယ်များကို ဆက်ဖတ်လိုက်အုံးမည်မို့ နောက်မှ ဆက်ရန်။
 
 
 
From:opposite eyes 


Monday, April 15, 2013

အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု

Posted by drmyochit Monday, April 15, 2013, under | 3 comments



မူးယစ်ရီဝေလာပါက အဖော်ယောက်ျားလေးကို ကုန်းပိုးခိုင်းစေလိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီ ယာနှင့် ဆိုဂျူးအရက်များ သောက်သုံးကြသည် ဟုဆိုသည့် ကိုရီးယားလှိုင်း၏ရိုက်ခတ်မှုသည် မြန်မမိန်း ကလေးငယ်တချို့အတွက် ဖက်ရှင် ကျသည့် လူငယ်သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။


အမျိုးသားများနှင့် ရင်ပေါင်တန်းမည့် တန်းတူညီမျှ အခွင့်အရေးဟူသော အသုံးအနှုန်းကို တွင်ကျယ် စွာပြော ဆိုလာကြပြီး နောက်ပိုင်းတွင် ယမကာ သောက်သုံးခြင်းသည်လည်း အမျိုးသမီးများ ကိုယ်ပိုင် အခွင့် အရေး တစ်ရပ်ဟု လက်ခံယူဆလာကြသည်။

ရန်ကုန်မြို့တော်တွင် ၁၉ လမ်းကဲ့သို့ အရက်ဆိုင်တန်းများ၌ အမျိုးသားတို့ကြား ၀ိုင်းဖွဲ့သောက်သုံးနေသည့် အမျိုး သမီးများအပြင် မိန်းကလေးများ အုပ်စုဖွဲ့ သောက်သုံးနေကြသည့် မြင်ကွင်းများကိုလည်း နေ့စဉ်ြ မင်ေ တွ့ ရမည် ဖြစ်သည်။ ဘီယာဆိုင်ကြီးများ၊ နိုက်ကလပ်များ၊ ပါတီပွဲများမှာလည်း အမျိုးသမီးငယ်များ ဘီယာ၊ အရက်သောက်သုံးလာကြသည်ကို တွေ့မြင်နိုင်ကြပါသည်။

အမျိုးသမီးတို့အနေဖြင့် အရက်အလွန်အကျွံ သောက်သုံးမိပါက နီးစပ်သူအမျိုသားများနှင့် မှားယွင်းမှုများ ဖြစ်ပေါ် တတ်သည့် သာဓကအချို့လည်းရှိခဲ့ပြီး အများစုကတော့ အပျော်သဘောဖြင့် သရုပ်မပျက် သောက်သုံး ကြသည်က များသည်။

“မူးနေတဲ့ မိန်းကလေးတစ်ယောက်ကို အခွင့်အရေးယူတဲ့ ယောက်ျားက လူစဉ်မမီဘူးထင်ပါတယ်။ မူးနေတဲ့ မိန်း ကလေးမှာ အပြစ်မရှိဘူးထင်ပါတယ်။ အမြတ်ထုတ်တဲ့သူသာ အပြစ်ရှိပါတယ်။ လူ့အသိုင်းအ၀ိုင်းက တကယ် အပြစ်ရှိတဲ့သူကို မြင်တတ်ဖို့လိုပါတယ်”ဟု Yangon Film School မှ မန်နေဂျာ ကိုသက် ဦးမောင်က ၎င်း၏အမြင်ကိုပြောသည်။ 

အမျိုးသမီးများက အမျိုးသားတို့နှင့် ရင်ပေါင်တန်း၍ အရက်သေစာ သောက်သုံးလာကြခြင်း၏ အဓိက အကြောင်း ရင်းများထဲတွင် ကိုရီးယားဇာတ်လမ်းတွဲများက ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။ မြန်မာ့ ယဉ်ကျေး မှုဓလေ့ စရိုက်အတွင်း ကူးစက်ဝင်ရောက်လာသည့် ကိုရီးယားယဉ်ကျေးမှု ဓလေ့စရိုက်များက အသက် အရွယ် မရွေး၊ ကျား၊ မ မရွေး စွဲလမ်းလာစေခဲ့ပြီး အနောက်တိုင်းရုပ်ရှင်များတွင် ပါဝင်သည့် ဓလေ့ စရိုက် များ ကိုလည်း နှစ်သက်တတ်လာကြသည်။

ဘိန်းစွဲသကဲ့သို့ စွဲလမ်းလာကြသည့် ကိုရီးယားဖက်ရှင်များ၊ ကိုရီးယားအစားအသောက်များက လူငယ် ထု အကြား ပျံ့နှံ့မှု ပိုမိုများပြားကာ ဘီယာ၊ အရက်နှင့် ဆိုဂျုးသောက်သုံးခြင်း၊ မူးယစ်လာပါက ငိုကြွေးခြင်း၊ ယော က်ျားလေးကို ကုန်းပိုးခိုင်းခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လာကြသည်။ ညဥ့်နက်မှ မူးပြီးအိမ်ပြန် လာသည့် ဇာတ်ဝင်ခန်းများ၊ အိမ်ထောင်ရေးဖောက်ပြန်သည့် ဇာတ်ရှုပ်များကလည်း ကိုရီးယားဇာတ်ကား တိုင်းလိုလိုတွင် ပါဝင်လျက်ရှိနေသည်။

ယခင်က အရက်ဆိုင်၊ ဘီယာဆိုင်များရှေ့မှ ဖြတ်လျှောက်လျှင်ပင် ခေါင်းငုံ့ကာ ခပ်သွက်သွက်လျှောက် လှမ်းကြ သည့် မြန်မာမိန်းကလေးများက ယခုအခါ ဘီယာဆိုင်များအတွင်း ၀င်ထိုင်နေကြပါပြီ။ ယော က်ျားလေး အပေါင်းအသင်းများနှင့် ဘီယာဆိုင်လိုက်ထိုင်ရင်း တစ်ခွက်တစ်ဖလား စမ်းသောက်ကြည့်ရာမှ အရက်သောက်သုံးခြင်းကို စတင်ခဲ့ကြလေသည်။

အသက်၂၄ နှစ်အရွယ် သတင်းထောက်အမျိုးသမီးတစ်ဦးကတော့ သူမ ဘီယာသောက်ဖြစ်ခြင်းကို အောက် ပါ အတိုင်း ပြောကြားသည်။

“ကိုရီးယားကားကြောင့် သောက်တာလည်း မဟုတ်ဘူး။ ကြိုက်လို့သောက်တာ။ သူများမိန်းကလေးတွေ သောက် တာလည်း ဘယ်လိုမှမမြင်ဘူး။ အရမ်းသရုပ်မပျက်ရင် ပြီးတာပဲ။ ဒီမှာက မိန်းမတွေက သောက်ပြီ ဆို ငိုလိုက်၊ ရယ်လိုက်နဲ့” အသက် (၂၉)နှစ်အရွယ် ကိုနစ်ကီကလည်း “တချို့မိန်းကလေးတွေက အပျော် အပါးသဘောမျိုးနဲ့ သောက်ကြတာတွေ့ရတယ်။ ဥပမာ- ၁၉ လမ်းလို နေရာမျိုးကို ကြည့်လေ။ ဘာပွဲညာပွဲ မရှိဘဲနဲ့ကို သောက်နေကြတာ။ သင်္ကြန်မှာဆိုလည်း အရက်ဘီယာသောက်တာ မဆန်းတဲ့ပုံစံနဲ့ သောက်ကြတာ”ဟု ဆိုသည်။

ကုမ္ပဏီဝန်ထမ်း အမျိုးသမီးများက ပါတီပွဲများ၊ ညစာစားပွဲများတွင် လူမှုရေးအရ ၀ိုင်နှင့်ဘီယာ အနည်း ငယ်သောက် သုံးသည့် ဓလေ့ရှိလာကြပြီး တချို့အမျိုးသမီးများက ဖက်ရှင်သဘောမျိုး သောက်သုံး လာကြ ကာ အမျိုးသမီးငယ်များကတော့ သူငယ်ချင်းအပေါင်းအသင်းများနှင့် သွားလာရင်း သောက်ဖြစ် လာခြင်း ဖြစ်သည်။

“သူငယ်ချင်းတွေနဲ့သွားရင်း မြည်းစမ်းသောက်ကြည့်ရာက သောက်တတ်လာတာပဲ။ သောက်ကြည့် လိုက်ေ တာ့ လည်း ကြိုက်တယ်။ အရင်ခေတ်တွေတုန်းကလို အရက်တစ်ခွက်ဝင်ပြီး မိန်းကလေးတွေ အသိစိတ် ပျောက် ကုန်တယ်ဆိုတာမျိုး မဖြစ်တော့ဘူး။ တော်ရုံတန်ရုံ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ်”ဟု အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။

မြို့နယ်ပေါင်း ၅၀ ကျော်မှ အသက်(၁၈)နှစ်မှ (၆၄)နှစ်အရွယ် လူပေါင်းခုနစ်ထောင်ကျော်ကို ကျပန်းရွေး ချယ် ၍ သုတေသနတစ်ခု ပြုလုပ်ခဲ့ရာ၌ အမျိုးသား ၁၀၀ တွင် ၄၅ ဦးက အရက်သောက်သုံးပြီး အမျိုးသမီး ၁၀၀ တွင် လေးဦး(လေးရာခိုင်နှုန်း)က အရက်သောက်သုံးကြောင်း တွေ့ရှိရသည်။

“နှစ်ယောက်မှာ တစ်ယောက်လောက် သောက်နေတယ်ဆိုတော့ ဒါတော်တော်အရေးကြီးတဲ့ ပြဿနာပဲ ”ဟု ဒေါက်တာကိုကိုဇော်က ပြောသည်။

“ဒီလေးရာခိုင်နှုန်းဆိုတာက မြို့ပြရော၊ တောရော အသက်ကြီးငယ်အားလုံးနဲ့ အရက် လုံးဝမသောက် တဲ့သူတွေကိုပါ ပြုလုပ်ထားတဲ့ သုတေသနပါ။ တကယ်ကို အရက်သောက်နိုင်တဲ့ အများဆုံးအခြေအနေရှိတဲ့ အသက်အပိုင်းအခြားကိုပဲ လေ့လာရင် ဒီထက် အဆပေါင်းများစွာ များနိုင်မယ်”ဟု ၎င်းကဆိုသည်။

အမျိုးသမီးများထဲတွင် အသက်(၃၃)နှစ်မှ (၄၅)နှစ်အထိသည် အများဆုံးသောက်သုံးသည့် အသက် အရွယ်ပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်များကို လေ့လာသည့်အခါ ကယားပြည်နယ်သည် အမျိုးသမီးများ အရက်သောက် သုံးမှု အများဆုံးပြည်နယ်ဖြစ်ပြီး သုတေသနပြုလုပ်ချက်အရ တစ်နှစ်အတွင်း အရက် သောက်သုံးမှုမှာ အမျိုးသမီး ၁၀၀ တွင် ၃၈ ဦးရှိကြောင်း တွေ့ရှိရသည်။

အမျိုးသမီးများ အရက်သောက်သုံးမှု ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်သည်။

အသက်မပြည့်သေးသည့် ကလေးများ အရက်သောက်သုံးမှုနှင့်ပတ်သက်၍ Strategic First စီးပွားရေး သင် တန်းကျောင်းမှ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ရှစ်ကျောင်း၌ တက်ရောက်နေသော ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ ၁၀၀ ကျော်အား မေးမြန်းခဲ့သည်။ အဆိုပါမေးမြန်းမှုကို ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများ အပါအ၀င် ဆင်ခြေဖုံးရှိ ကျောင်းများကိုပါ ရွေးချယ်မေးမြန်းထားခြင်းဖြစ်သည်။

ကျောင်းသူ ၁၀၀ ကျော်တွင် မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည့် ကျောင်းသူတိုင်းက ဘီယာနှင့် ဆိုဂျုး သောက်ဖူး ကကြောင်း Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က ပြောပြသည်။

“ယောက်ျားလေးတွေက ကောင်မလေးကိစ္စနဲ့ သောက်တယ်။ ကောင်မလေးတွေကတော့ သောက်ပြီးရင် ငို လို့ကောင်းလို့၊ ကောင်လေးကို ကုန်းပိုးခိုင်းချင်လို့ သောက်တာလို့ ဖြေကြတယ်။ ဆရာမတွေကိုမေးတာ ကျောင်းမှာလည်း ၀ိုင်ပုလင်းတွေ ယူယူလာလို့ ရုံးခန်းကို ပို့လိုက်ရတယ် ဆိုတာတွေလည် ရှိနေတယ်”ဟု သူကဆိုသည်။

အမျိုးသမီးငယ်များကို အဓိကရည်ရွယ်သည့် ဘီယာသောက်ပြိုင်ပွဲကဲ့သို့ ပြိုင်ပွဲများလည်း တချို့ ပါတီပွဲ များတွင် ထည့်သွင်းကျင်းပလာပြီး အရက်သောက်ဖူးမှ ခေတ်မီသည်ဆိုသည့် ပြောင်းလဲမှုများလည်း လူအများကြား ရှိလာပြီ ဖြစ်သည်။

“အဓိကက ကြိုက်လို့လို့ထင်ပါတယ်။ ပုံမှန်အားဖြင့် မြန်မာမိန်းကလေးတွေ စကားတိုးတိုးပြောပြီး ခပ်မှန် မှန်နေ ထိုင်လေ့ရှိပေမယ့် သောက်ပြီးတဲ့အခါ လွတ်လပ်မှုတစ်မျိုးဖြစ်သွားပြီး နေရထိုင်ရတာ ပိုပျော် ဖို့ကောင်း သလို ဖြစ်သွားလို့ သောက်ကြတာလို့ ထင်တယ်”ဟု ဒီဇိုင်နာအမျိုးသမီးတစ်ဦးက ပြောသည်။

“မိန်းကလေးတွေ အရက်သောက်လို့ရတဲ့ နေရာတွေ များလာတယ်။ နိုက်ကလပ်ဆို မိန်းကလေးကို အရက် အလကား တိုက်တယ်လို့ ပြောတာပဲ။ ရုပ်ရှင်ကားတွေထဲမှာလည်း စိတ်ညစ်လို့ ထွက်ပေါက်ရှာရင် အရက်ေ သာက်ပြီး ရှာကြတယ်ပေါ့လေ။ မြန်မာကားတွေမှာလည်း အဲဒါတွေ ရိုက်ကူးပြနေတယ်။ အပြင်မှာလည်း သောက်နေကြတော့ ဒါက ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောလို့ရနေပြီ”ဟု တစ်ကိုယ်တော် ပရဟိတသမား များကွန်ရက်မှ မခင်နှင်းကြည်သာက သုံးသပ်သည်။

သို့သော် အမျိုးသမီးများမှာ ကိုယ်သောက်သုံးသည့် ယမကာအမျိုးအစားတွင် အရက်ပမာဏ မည်မျှပါ ၀င်နေ သည်ကို မသိရှိကြပေ။ အများစု၏ စိတ်ထဲတွင် ၀ီစကီကဲ့သို့ အရက်ပြင်းများ၌ အယ်လ်ကိုဟောလ် Level ၁၀၀ ရာခိုင်နှုန်း ပါဝင်နေပြီး ဘီယာကဲ့သို့ အဖျော်ယမကာများတွင်မူ အယ်လ်ကိုဟောလ်ပမာဏ အနည်းငယ်သာ ပါဝင်နေသည်ဟု ထင်မှတ်နေကြသည်က များသည်။

တကယ်တမ်းတော့ မိန်းကလေးများ သောက်သုံးနေကြသည့် ဆိုဂျုးအရက်တွင်ပင် အယ်လ်ကိုဟောလ် Level မြင့်မားစွာ ပါဝင်နေပြီး ဘီယာတွင်လည်း အယ်လ်ကိုဟောလ် ၄ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရသည်။

“Trend ကလည်း တော်တော်လေးကို ပြောင်းလဲနေပြီ။ အရက်တွေလည်း ထပ်ပြီးခွင့်ပြုနေတယ်။ ဒါပေမဲ့ ဘေးထွက် ဆိုးကျိုးကို ကာကွယ်ဖို့ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာတော့ မရှိဘူး။ ထိုက်သင့်တဲ့ အခွန်တွေ တိုးကောက်တာမျိုး၊ ထိုက်သင့်တဲ့ ထိန်းသိမ်းမှုတွေနဲ့ လူငယ်တွေကို ပညာပေးတာမျိုးတွေ ထိထိရောက်ရောက် လုပ်ဖို့တော့ လိုနေပါပြီ”ဟု Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးအောင်မျိုးချစ်က သုံးသပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ထားသည့် သုတေသနအရ မြန်မာနိုင်ငံ၌ ဘီယာသောက် သုံးမှုမှာ ၈၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်ပြင်းနှင့် ၀ိုင်သောက်သုံးမှုမှာ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

“အရက်သောက်တာကြာရင် ပထမအဆင့်မှာ စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှု ဖြစ်လာတယ်။ အဲဒါကိုမှ မဖြတ်ဘူး ဆိုရင် ရုပ်ပိုင်းဆိုင်ရာစွဲလန်းမှုတွေ ဖြစ်လာတယ်။
အရက်အနည်းငယ်သောက်ရင် ကျန်းမာရေးအတွက် ကောင်းကျိုးနည်းနည်း ရှိတယ်ဆိုပေမယ့် လူအများက အဲဒီအဆင့်နဲ့တင် ရပ်မနေကြဘူး။ လစ်မစ်ကျော်တဲ့အထိ ကူးသွားတာများတယ်”ဟု ဒေါက်တာကိုကိုဇော်က ပြောသည်။

လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသက်(၂၅)နှစ်အရွယ် မချမ်းငြိမ်းဖြူကလည်း “ဘယ်အရာမဆို အလွန်အကျွံမဖြစ်ရင် ကောင်းပါတယ်”ဟု ဆိုလာသည်။

အရက်၊ ဘီယာသောက်သုံးခြင်းအားဖြင့် မည်သူမဆို ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်ခြေရှိနေပြီး အမျိုး သမီးများအနေဖြင့် ကိုယ်ဝန်ရှိစေရန် အခက်အခဲဖြစ်စေသောကြောင့် အလွန်အကျွံသောက် သုံးခြင်း ကို ရှောင်ရှားသင့်ပါသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အရက်စွဲဝေဒနာဖြင့် ရောက်ရှိလာကြသူများထဲတွင် အမျိုးသမီး များလည်း ပါဝင်လာနေခဲ့ပြီ ဖြစ်သည်။

“ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်တဲ့အထဲက လူတိုင်းသိတာကတော့ အသည်းခြောက်ရောဂါ၊ ဦးနှောက် ထိခိုက်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်တယ်။ ပြီးတော့ ခံတွင်းကင်ဆာစတဲ့ ကင်ဆာရော ဂါတွေ၊ အမျိုးသမီးတွေမှာဆိုရင်လည်း ကလေးပေါင်မပြည့်ဘဲ မွေးတာမျိုး၊ ဆီးချိုရောဂါနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေကတော့ အထင်ရှားဆုံးပဲ”ဟု ဒေါက်တာကိုကိုဇော်က ရှင်းပြသည်။

နိုင်ငံခြားယဉ်ကျေးမှုများကို သရုပ်ပျက်ခြင်းဟု ဆို၍မရပါ။ သူတို့လူမျိုး၊ သူတို့ထုံးစံပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ထုံးစံရိုးရာများ ရှိပါသည်။ နိုင်ငံခြားယဉ်ကျေးမှုများကို အတုယူနေထိုင်ခြင်းသည် တိုးတက်လာသည့် ခေတ်အခြေအနေအရ ဖြစ်တည်လာမှုတစ်ခုပင် ဖြစ်နိုင်ပြီး မြန်မာ့ယဉ်ကျေးမှုကိုလည်း ပျောက်ပျက်မသွားစေရန် ထိန်းသိမ်းဖို့ရာ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။

တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက လူငယ်အမျိုးသမီးများ အရက်၊ ဘီယာ သောက်စားလာကြခြင်းအပေါ်တွင် အောက်ပါအတိုင်းသာ မှတ်ချက်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုဆိုရင် စကတ်တိုဝတ်တယ်ဆိုတာ ခြေထောက်လှဖို့ လိုတယ်လေ။ ကောင်းတယ် ထင်ရင်လုပ်ပေါ့။ ကိုယ်လုပ်တာတွေက ကိုယ့်အရိပ်ပဲဖြစ်မှာပါ”ဟူ၍ ဖြစ်ပါသည်။ 
 
 
 
From:opposite eyes 


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်