Wednesday, May 01, 2013

သင်္ကြန်ကြောင့် KIA ဆွေးနွေးပွဲရက်ရွှေ့တာဟုဆို

Posted by drmyochit Wednesday, May 01, 2013, under | No comments


ဧပြီလ အတွင်း က ရက်ရွှေ့ခဲ့ သော KIA နှင့် အစိုး ရ ငြိမ်း ချမ်း ရေးဆွေး နွေး ပွဲအား မေလ အတွင်း ပြန် စမည် ဖြစ် ကြောင်း သိရသည်။

ငြိမ်းချမ်း ရေး ဆွေး နွေးပွဲ အား တရုတ်နိုင်ငံရွှေလီမြို့တွင် ဆွေးနွေး တော့မည်မဟုတ်ဘဲ မြန်မာနိုင်ငံ မြစ်ကြီး နားမြို့ တွင် သာ ဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုး တော် ဆောင် အဖွဲ့မှ တာဝန်ရှိသူ ဦးလှ မောင် ရွှေက ပြောကြား သည်။

““အခုတစ်ခါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ မေလဆန်း ပိုင်းမှာလုပ်မယ်မှန်းထားတယ်။ မြစ်ကြီး နားမြို့ မှာ လုပ်မယ့် နေရာ က အတည်တကျမသတ်မှတ်ရ သေးဘူး””ဟု ပြောကြားခဲ့သည်။

““အခု အပြင်မှာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲပျက်တယ်လို့ပြော တယ်။ အမှန်က ဖျက်တာမဟုတ် ပါဘူး။ သင်္ကြန်နဲ့ ကပ်နေ တာနဲ့ ရက်ရွှေ့လိုက်တာဖြစ်ပါတယ်။ ဒီပွဲမှာလည်း အဖွဲ့အစည်းတွေ တော်တော်များများ တက် ရောက် ကြမှာ ဖြစ် ပါတယ်””ဟု ပြောကြား ခဲ့သည်။

အစိုးရနှင့် KIA တို့ မကြာ ခဏ ငြိမ်းချမ်းရေး ဆွေးနွေး နေ သော်လည်း ပြီးခဲ့သော လများ အတွင်း ကချင် ပြည်နယ် မိုင်ဂျား ယန်၊ လိုင်ဇာဒေသများတွင် လေ ယာဉ်အသုံးပြုခဲ့သည်အထိ ပြင်း ထန်သော တိုက်ပွဲများ လည်းဖြစ် ပွားခဲ့ သေးသည်။


ဖြိုးအောင်

From: The Hot News 

malacca Highway ကားတင် သင်္ဘောနှင့် မြန်မာ ရေနံ ဓာတု ဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ ရန်ကုန်မြစ် အတွင်း အချင်းချင်း တိုက်မိပြီး မြန်အောင် သင်င်္ဘောမှာ လုံးဝ နစ်မြုပ်သွားခဲ့သည်

Posted by drmyochit Wednesday, May 01, 2013, under | No comments



မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံး ဆီများအား မော်လမြိုင် ဆိပ်ကမ်း သို့ ပို့ဆောင်ပြီး ရန်ကုန် ဆိပ်ကမ်း သို့ ပြန်လာရာ ဧပြီ (၂၈)ရက် နေ့လယ် (၁) နာရီ (၂၀)မိနစ်ခန့်တွင် မှော်ဝန်း မီးပြ ဗော်ယာသို့ ကွေ့လာ စဉ် သီလ၀ါMIPL ဆိပ်ကမ်း၌ မော်တော် ကားများ ချပြီး ရန်ကုန် မြစ်ဝသို့ ပြန်လည် ထွက်ခွာလာ သော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက် အလယ်ပိုင်းတို့ တိုက်မိပြီး မြန်အောင် သင်္ဘော တစ်ဖက်သို့ တိမ်းစောင်းကာ ရေများ ၀င်ရန် မျောပါ သွားခဲ့ပြီးChokey Shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ် ကမ်း)အနီးတွင် လုံးဝနစ်မြုပ်သွားခဲ့သည်။ မြန်အောင်သင်္ဘောပေါ်တွင် သင်္ဘော သား (၁၇)ဦးပါဝင်ပြီး တပ်မတော်(ရေ) မှ စစ် သင်္ဘောနှင့် မြန်မာဆိပ်ကမ်း အာဏာပပိုင် ရေယာဉ်တို့မှ ကယ်ဆယ် ခဲ့သဖြင့် ထိခိုက် သေဆုံးသူ မရှိဟု သိရ သည်။

မြန်မာ့ ရေနံ ဓာတု လုပ်ငန်း ပိုင် မြန် အောင် ရေနံ တင် သင်္ဘောအား ရေယာဉ် မှူး ဦးစံတင် မောင်းနှင် ခဲ့ပြီး Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး (Pilot-39) တို့က မောင်းနှင် ခဲ့ ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အား ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာန မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်းအသီးသီးပါဝင်သော စုံစမ်း စစ် ဆေး ရေး ခုံရုံးအဖွဲ့ ဖွဲ့စည်းရန် စစ်ဆေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ညွှန်ကြားရေးမှူး ဦးချို သန်းမောင်က ပြောသည်။


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
From: The Hot News 

လက်ကိုင်ဖုန်းများတွင်ကျယ်လာမှုနှင့်ကျန်းမာရေးအထူးဂရုပြုသင့်

Posted by drmyochit Wednesday, May 01, 2013, under | No comments


 ဧပြီလ (၂၄)ရက်တွင် ငွေ ကျပ် (၁၅၀၀) တန် CDMA 800 MHZဖုန်းများကို ချထားပေးခဲ့ ရာတွင် လူတန်းစား မျိုးစုံ ဖုန်းကိုင် နိုင် သောကြောင့် ဖုန်းများ တွင် ကျယ်လာမှုနှင့်အတူ ကျန်းမာ ရေးရှုထောင့်ကိုလည်း ဂရုပြု သင့် ကြောင်း စားသုံး သူ ကာကွယ် ရေး အသင်းမှ ဥက္ကဋ္ဌ ဗအုပ်ခိုင်က ပြော သည်။

““အခုနောက် ပိုင်း ဖုန်းတွေ က တွင်ကျယ် ကျယ်ဖြစ် လာတယ်။ ကျန်းမာရေး ရှုထောင့် ကိုလည်း ဂရုပြု သင့် တယ်။ တစ်ချို့က အိပ် ရာထဲထည့်အိပ်တယ်။ ဒီလိုထည့်  အိပ်တဲ့အခါမှာ အာရုံကြောနဲ့ ပတ်သက် တဲ့ရောဂါ တွေဖြစ် တတ် တယ်။ သတိမေ့ရောဂါတို့၊ အယ်လ် ဇိုင်းမားရောဂါ(ဦးနှောက်ရောဂါ ဖြစ်တက် တယ်။ တစ်ချို့သမီး ရည်စား တွေ ဖုန်း အကြာကြီးပြော တယ်။ ဒါကိုလည်း ဆင်ခြင် သင့် တယ်။ ဖြစ်နိုင်ရင် နားကြပ် နဲ့ ပြောတာ အကောင်းဆုံးပဲ။ ဒီ အတိုင်းက မဖြစ် မနေ ပြောသင့် တယ်။ သံလိုက် စက်ကွင်း တွေက ဆိုး ကျိုးဖြစ် စေတယ်။ လူတွေ အတွက် မရှိမဖြစ် လိုအပ် ပေမဲ့ ကျန်းမာရေး အရ ဂရုပြုသင့် တယ်””ဟု ၎င်း ကပြော သည်။

၎င်းအပြင် တစ်ချို့သော လူငြီးများမှာ မိမိ၏ ကလေးငယ် များကိုပါ ဖုန်းများဝယ်ပေးလေ့ရှိ ရာ ထိုသို့ ၀ယ် ပေးခြင်းဖြင့် ကလေး ငယ်များ၏ ဦးခေါင်းအရည်ပြား မှာ လူကြီးများထက်ပိုပါးသော ကြောင့် လူကြီး များ ထက် ပို၍ရော ဂါဖြစ်တတ်ကြောင်း၊ အသက် (၁၀)နှစ်အောက်ကလေးများကို ဖုန်းဝယ် ပေးရန် မဆိုထား နှင့် ဖုန်း ဖြင့်ဂိမ်းဆော့ခြင်းကိုတောင် ခွင့် မပြုသင့်ကြောင်း ၎င်းက ဆက် လက်ပြောသည်။



ယဉ်ပပထွန်း
From: The Hot News 

ပြန်ပေးဆွဲ ခရီးသည်တင် လေယာဉ်အား ဗြိတိသျှ တော်ဝင် လေတပ်မှ တိုက်လေယာဉ် နှစ်စင် ကယ်တင်ရန် ကြိုးပမ်း

Posted by drmyochit Wednesday, May 01, 2013, under | No comments



ဝါရှင်တန် ဧပြီ ၃ဝ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှ ဗြိတိန်နိုင်ငံ ဘာမင်ဟမ်မြို့သို့ ပျံသန်းလာသည့် Scandin-avian လေ ကြောင်း လိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်းသည် ပျံသန်းနေစဉ် အတွင်း မြေပြင်နှင့် အဆက် အသွယ် ပြတ်တောက် ခဲ့သောကြောင့် ၄င်းလေယာဉ်အား ပြန်ပေးဆွဲ ခံရသည် ဟု ယူဆ ခဲ့ပြီးနောက် ဗြိတိသျှ တော်ဝင် လေတပ် RAF မှ တိုက်လေယာဉ် နှစ်စင်းက  ဧပြီ ၁၈ ရက်တွင် အဆိုပါ လေယာဉ်အား ကြားဖြတ် ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ဘော်စတွန် မြို့တွင် ဧပြီ ၁၅ ရက်က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းလေယာဉ်ကို အကြမ်း ဖက် တိုက်ခိုက်ရာတွင် အသုံးပြုမည်ဟု ယူဆပြီး  စကော့တလန် ပြည်နယ် အီဖီမြို့ရှိ ဗြိတိသျှ တော် ဝင် လေတပ်မှ တိုက်လေယာဉ် နှစ်စင်းသညှ် Scandin-avian လေယာဉ်နှင့် အနီးကပ် ပျံသန်း ခဲ့ရ သည်။

မြေပြင်ရှိ လေတပ်မှ တာဝန်ရှိ သူများက တိုက်လေယာဉ် တစ်စင်းမှ လေယာဉ်မှူးများအား ခရီးသည်တင် လေယာဉ် ပေါ်၌ အကြမ်းဖက် သမားများရှိ၊ မရှိ အခြေအနေကို မေးမြန်းခဲ့ရာ  ၄င်းလေယာဉ်မှူးက လေယာဉ် ပေါ်မှ လူအချို့သည် မိမိတို့ လေယာဉ်နှစ်စင်းကို ဓာတ်ပုံရိုက် နေကြောင်း၊  ပြန်ပေးဆွဲသူများ ရှိနေ သည်ဟု ယူဆကြောင်း သတင်း ပေးပို့ခဲ့သည်။

စင်စစ်တွင် အဆိုပါ ခရီးသည်တင် လေယာဉ်မှ အချက်ပြ ရေဒီယို ချွတ်ယွင်းမှုကြောင့် မြေပြင်ရှိ လေ ကြောင်း ထိန်းချုပ်ရေး စခန်းနှင့် ဆက်သွယ်နိုင်ခဲ့ခြင်း မရှိကြောင်းကို တိုက်လေ ယာဉ်မှူး က နောက်ဆုံး တွင် နားလည် သဘော ပေါက်သွားကြောင်း Sunday Mirror သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။

ထို့နောက် အဆိုပါ ခရီးသည်တင် လေယာဉ်သည် တိုက်လေယာဉ် နှစ်စင်း ခြံရံကာ ဂလက်စကို မြို့ရှိ ပရက်စ်ဝစ်ခ် လေဆိပ်သို့ ဆင်းသက်နိုင်ခဲ့ပြီး ၄င်းလေယာဉ်ပေါ်မှ ခရီးသည်များ အားလုံးကို ရဲတပ်ဖွဲ့က ခေတ္တ ခေါ်ယူ ထားကာ ဖြစ်စဉ်ကို လေယာဉ် မှူးအား စစ်ဆေး မေးမြန်း ခဲ့သည်ဟု သိရသည်။

From: ဧရာဝတီ

စစ်တွေ၌ လူဦးရေစစ်ဆေးခြင်းကို လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ နောက်ကွယ်မှ ကြိုးကိုင် သည်ဟု ယူဆ ရသူ အချို့အား ဖမ်းဆီး

Posted by drmyochit Wednesday, May 01, 2013, under | No comments


ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီ လူဦး ရေအား စစ်ဆေးခြင်း အပေါ် လက်မခံဘဲ အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ သဖြင့် နောက် ကွယ်မှ ကြိုးကိုင် သည်ဟု ယူဆရသူများအနက် အချို့အား ဖမ်းဆီးအမှုဖွင့်လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီး ရာတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူများဟု ယူဆရသူများကိုသာ အဓိကထား ဖမ်းဆီး အမှုဖွင့်ခြင်း ဖြစ်ပြီး ဧပြီ ၂၉ ရက်အထိ အမှုဖွင့် အရေးယူထားသူ ခုနစ်ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း လည်း သိရသည်။ ဧပြီ ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂါလီအရေအတွက် မည်မျှ ရှိသည်ကို ပြည်ထောင်စု အဆင့် စစ်ဆေးခြင်းဖြစ်ရာ ဘင်္ဂါလီများက လက်မခံဘဲ အကြမ်းဖက်မှုများကိုလည်း ပြုလုပ်ခဲ့ ရာ သွားရောက် စစ်ဆေးသူအချို့ ဒဏ်ရာရရှိခဲ့သည်အထိ ဖြစ်ပွားခဲ့၍ ပြန်လည်ပြေးလာ ခဲ့ရကြောင်း သိရ သည်။

ယင်းအ တွက် သက္ကယ်ပြင်ကျေးရွာမှ ကျော်မြင့်၊ ကျော်ခင်၊ စံလင်း၊ လှမြင့်၊ ဘသာ၊ မာမတ်ဟာရှိန်းနှင့် ဆော်လီ မာန်တို့အား ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။ ယင်းအမှုအား လ၀ကမှူး ဦးရန် အောင်မြင်က တရားစွဲဆို အမှုဖွင့်ခဲ့ရာ ဒုရဲအုပ်အေးကျော်က ယင်းအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီး ထားသူ များအား စစ်တွေမြို့နယ် ရဲစခန်းမှ(ပ) ၉၉/၁၃၊ ပြစ်မှု ပုဒ်မ ၁၄၈/၃၃၃/၃၈၂/၅၀၆ တို့ဖြင့် အမှုဖွင့် အရေး ယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ် မဖြစ်ခင်ကတည်းက သက္ကယ်ပြင်၊ သဲချောင်းနှင့် အခြားနေရာများတွင် ရိုဟင်ဂျာနယ်မြေဟု ဆေး များဖြင့် ရေးထိုးထားခြင်း၊ စာများဖြင့် ကပ်ထားခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း မျက်မြင် သက်သေ များက ဆိုသည်။ လက်ရှိ၌ လူဦးရေ စစ်ဆေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း ထား ကြောင်း သိရသည်။

စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဘင်္ဂါလီကလေးငယ်များအား ဧပြီ ၂၆ ရက်က တွေ့ရစဉ် 

Eleven Media Group

နယ်စပ်လုံခြုံရေးအတွက် ရခိုင်တွင် စစ်တပ်ကို အလိုရှိနေ

Posted by drmyochit Wednesday, May 01, 2013, under | No comments

 
ရန်ကုန်- ရခိုင်ပြည်နယ် တွင်ဖြစ်ပွား နေသောပြဿနာများ ပြေလည်စေရန် ၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေ ကို အကောင် အထည် ဖော်ခြင်းသည် အဓိကကျပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်အင် အားကို တိုးချဲ့ သင့်ကြောင်း အပြီးသတ် အစီရင် ခံစာတွင် အကြံပြုထားသည် ဟု ဒေါက်တာ ကျော်ရင်လှိုင် ကပြောသည်။

ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း သည့် ရှင်းလင်းပွဲတွင် ယင်းကော်မရှင်အတွင်းရေးမှူးက သမ္မတထံတင်ပြထားသော အစီ ရင်ခံစာ အကြံပြု ချက်များနှင့် စပ် လျဉ်း၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“နိုင်ငံသား ဖြစ်သူ ဆိုတာ ဒီမှာ ရှိထားတဲ့ ရှိနေတဲ့ ဥပဒေနဲ့ အခြေခံ ပြီးလုပ်တာ။ ၁၉၈၂ဥပဒေနဲ့ အညီ ဆောင်ရွက် ဖို့ အဓိက ကျတယ်လို့ အကြံပြုပေးထားတယ်” ဟု အထက် ပါပုဂ္ဂိုလ်ကပြောသည်။ စစ်တပ် အင် အားတိုးချဲ့ရန်အကြံပြုထားခြင်းကိုလည်း “ရခိုင်ပြည်နယ်ဆိုတာတစ် ဖက်နိုင်ငံနဲ့ကပ်လျက်ဖြစ်တယ်။ ရေမြေ သဘာ ၀အရ ၀င်နိုင်၊ထွက် နိုင်တဲ့နေရာများတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ဟို တုန်း က လုံခြုံရေးသိပ်မလုပ်နိုင်ဘူး။ မိုင် ၁၉၀ကျော်ရှိတဲ့ နယ်မြေကို လက်ရှိချထားတဲ့ စစ်တပ်နဲ့ အင်အား မမျှဘူး။ အခုဟိုဘက်ကကူး လာသူတွေမှာ လူကောင်းတွေထက် ရာဇ၀တ်သားကူးလာတာတွေ ရှိတယ် ဆိုတာ သက်သေတွေလည်း ရထားတယ်။ ရခိုင်ရော၊ ဘင်္ဂါလီရော IDP တွေကို မေးကြည့်တော့ စစ်တပ် ရုပ်သွား လို့ မဖြစ်ဘူး။ ဒုက္ခရောက် ကုန်မယ်လို့ ပဲဖြေကြတယ်” ဟု ဆက်လက်ပြောသည်။

နိုင်ငံသား အခွင့်အရေးများနှင့် စပ်လျဉ်း၍လည်း ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက နိုင်ငံ သားဖြစ်ပြီး သူများ ကို နိုင်ငံသားအခွင့်အရေး၊ မဖြစ်သူများ
ကို လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အရေးများရရှိရန် ကြိုးပမ်းထားသော်လည်း လူ့အဖွဲ့ အစည်း နှစ်ခု သဟ ဇာတဖြစ်ရန် ခက်ခဲ နိုင်ကြောင်း ပြောကြားသည်။

“လူမျိုး ဘာသာ မရွေး လူသား တစ်ယောက်အနေနဲ့ အသက်ရှင် ရပ်တည်ခွင့်က အရေးကြီးတယ်။ နိုင်ငံ သားဖြစ် သူ ဆိုရင် အရေးကြီးဆုံးက သစ္စာစောင့်သိမှုပါ၊ နောက်
ပြီး ရန်ကုန်-မန္တလေးမြို့ကြီးတွေမှာရှိတဲ့ ဘာသာရေးကိုးကွယ်မှုနဲ့ အဲဒီ ဒေသက ကိုးကွယ်မှု အပြင်းနဲ့ အပျော့ ကွာပါတယ်။ လစ်ဘရယ် ဖြစ်လာမယ်၊ သစ္စာစောင့်သိမှုရှိလာမယ်ဆိုရင် သဟဇာ တဖြစ်လာ မယ်ထင်ပါ တယ်”ဟု ဆက်လက် ပြောသည်။

အခေါ် အဝေါ် အသုံး အနှုန်းနှင့် စပ်လျဉ်း၍ အမျိုးသား ဖွံဖြိုးတိုး တက် ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၏ မေးမြန်း ချက်ကို လည်း“အထောက် အထား လေ့လာ တွေ့ရှိ ချက်တွေ အရ ကော်မရှင်က ရိုဟင်ဂျာလို့ မသုံးဘူး ။ဖြေရှင်းရခက်တဲ့ ကိစ္စကိုဖြေရှင်းနိုင်စေချင်တဲ့ ရည်ရွယ်ချက်အရ ရိုဟင် ဂျာလို့မသုံးပါဘူး”ဟု ဦးကို ကိုကြီး ကပြန်လည်ဖြေကြားသည်။

ဧပြီ ၂၃ရက်က နိုင်ငံတော်သမ္မ တထံတင်ပြသွင်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင် ခံစာကို ရခိုင်တိုင်းရင်းသား ၁၂၀၀၊ ဘင်္ဂါလီလူမျိုး ၈၀၀ခန့် ကို တွေ့ဆုံမေးမြန်းပြီး ကွင်းဆင်း လေ့လာ ချက်များ အရ အကြံပြုရေးသား ထားကြောင်းသိရသည်။

နယ်ပယ် အသီး သီးမှ ပုဂ္ဂိုလ် ၂၅ဦး ပါဝင်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ယမန် နှစ် သြဂုတ် ၁၇ ရက်တွင် နိုင်ငံတော်သမ္မတအမိန့် ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အပြီးသတ် အစီရင် ခံစာပါ အကြံပြုချက်များကိုသက်ဆိုင်ရာဝန် ကြီးဌာန အဖွဲ့အစည်းများက ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း သိရှိရသည်။

From: 7DaysNewsJournal

ငြိမ်းချမ်းရေးကို မလိုလားသည့် KIO က မြစ်ကြီးနား၌ တွေ့ဆုံရန် အစိုးရ ကမ်းလှမ်းခြင်းသည် မရေရာ သေးဟုပြော

Posted by drmyochit Wednesday, May 01, 2013, under | No comments


 မေ ၁ ရက် ၂၀၁၃

အစိုးရ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းသည် လာ မည့် မေလ ဆန်းပိုင်းတွင် ကချင် လွတ်လပ်ရေး အ ဖွဲ့ KIO နှင့် ကချင်ပြည် နယ် မြစ်ကြီးနား မြို့ ၌တွေ့ ဆုံရန် ကမ်းလှမ်း ထားသည်ဟု ထွက်ပေါ် နေသော သ တင်း များသည် မသေ ချာ မရေရာ သေး ကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန် ခံ ဂျိန်လွန်း တောင် က ဆိုပါသည်။

“ဦးအောင်မင်းတို့ ကဘဲ ကျနော်တို့ KIO ကို အရမ်း တွေ့ချင် နေသလို လို ပြောပြီး ကျနော်တို့ KIO ကဘဲ မတွေ့ချင် သလိုလို၊ တနည်း ပြောရရင် KIO ကဘဲ ငြိမ်းချမ်းရေး မလိုချင် သလိုလို သဘောမျိုး နဲ့ ကမ္ဘာကို ကြေငြာ ချင်နေတာ၊ ပြောချင်နေတာပါ။ ကမ်းလှမ်းမှု ရှိတယ်လို့ ကျနော်တို့ မသိ ရသေးဘူး၊ ဖြစ်နိုင် မနိုင်လဲ မပြောနိုင်သေးတဲ့ အခြေ အနေမှာဘဲ ရှိနေသေး တယ်”ဟု ဆိုပါ သည်။

KIO ၏ သဘော ထားသည် ၁၉၉၄ ခုနှစ်က ရယူထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် များ အတိုင်း အစိုးရ ဘက်က လိုက်နာ ဆောင်ရွက် ပေးပါက အပစ် အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံ . ဆွေးနွေးရန် လိုအပ်တော့မည် မဟုတ်ကြောင်း KIO ဘက်က ဆိုပါသည်။

ဤသို့ကြောင့် KIO အနေဖြင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ သာ အစိုးရနှင့် ဆက်လက် လုပ်ဆောင် သွားရန် လိုအပ်သည် ဟု တွေ့ဆုံပွဲ တိုင်း၌ပြော ကြား ထားပြီး ဖြစ်ပါသည်။

အစိုးရ သည် ပြီးခဲ့သည့် မတ်လတွင် တရုတ်ပြည် ရွှေလီမြို့ တွေ့ဆုံ ဆွေးနွေး ပွဲမှ ရရှိထားသည့် သဘော တူညီချက် (၅) ချက် ကိုလည်း အစိုးရ ဘက်မှ လိုက်နာခြင်း မရှိသောကြောင့် ယနေ့အထိ တိုက်ပွဲများ ဆက် လက် .ဖြစ်ပွား နေရကြောင်း ဂျိန်လွန်းတောင်က ထောက်ပြ ပြောဆို သွားပါသည်။

အလားတူ KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါ် ယုံကြည်မှု နည်းပါး လာခဲ့ကြောင်း၊ ဤသို့ကြောင့် နိုင်ငံ တကာ လေ့လာ စောင့်ကြည့်သူ များ ရှေ့မှောက်တွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရန် KIO ဘက်က ကမ်းလှမ်းလာခဲ့ ရခြင်း ဖြစ်ကြောင်း KIO အဖွဲ့၏ ခေါင်းဆောင်ဟောင်း .ဖြစ်သူ ဒေါက်တာ တူဂျာက သုံးသပ်ပြော ဆိုခဲ့ပါသည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် (၁၃) ကြိမ် ခန့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ဖြစ်သည်။ KIO သည် အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲ ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသဘော တူညီချက် အတိုင်း အစိုးရ ဖက်မှ လိုက်နာပါက အပစ်အခတ် ရပ်စဲရေး ကို ထပ်မံ ဆွေးနွေးရန် မရှိတော့ကြောင်း၊ နိုင်ငံရေး အရသာ အစိုးရနှင့် ဆွေးနွေးရန်သာ ရှိတော့ကြောင်း သဘော ထားခဲ့ပါသည်။

ဤသ ဘောထား ကိုလည်း အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါတိုင်း အကြိမ်ကြိမ် တင်ပြ ခဲ့ပြီး ဖြစ်ပါ သည်။ ဤသို့ကြောင့် လာမည့် ဆွေးနွေးပွဲတိုင်းတွင် သက်သေ အဖြစ် အရေးကြီး နိုင်ငံများက ပါဝင်လာရန် လိုအပ် သည်ဟု သဘောထား ခဲ့ကြောင်း ဆိုပါသည်။

ဤသဘောထား များအရ KIO သည် ပြီးခဲ့သည် ဧပြီလ ၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် တွေ့ဆုံ ဆွေး နွေးပွဲ ရန် သဘော တူခဲ့ပါသည်။ သို့သော် ယင်းတွေ့ဆုံ ဆွေးနွေး ပွဲ တွင် နိုင်ငံတကာ .လေ့လာ စောင့်ကြည့်သူများ အဖွဲ့ ပါဝင်ခွင့် မရ ခဲ့သောကြောင့် KIO ဘက်က ဖျက်သိမ်းခဲ့ပါသည်။

ယင်းဆွေး နွေးပွဲကို တရုတ်တို့ဘက်က ကန့်ကွက် ခဲ့သည့် အတွက် ဖျက်သိမ်း လိုက်ရကြောင်း မြန်မာ သတင်း များက ဖေါ် ထုတ် ခဲ့သော်လည်း ယင်းထောက်ပြ ချက်သည် မဟုတ်မှန်ကြောင်း ဧပြီလ ၇ ရက် နေ့ ထုတ်ပြန်ချက်ဖြင့် တရုတ်ဘက်က ငြင်းဆို ထားပြီး ဖြစ်ပါသည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့၏ ယခု ထုတ်ပြန်ချက်သည် KIO နှင့် မေလ ဆန်းပိုင်း တွင် ထပ်မံ တွေ့ဆုံနိုင်ရန် ကမ်းလှမ်း ထား သည်ဟု သတင်း ထုတ်ပြန် ခဲ့ပါသည်။ ဤသတင်းသည် လည်း KIO ဖက်မှ အတည် မပြုနိုင် .သေး ဟု ငြိမ်းချမ်းရေး အကျိုး ဆောင်များက ဆိုနေပါသည်။

ဤသို့ကြောင့် အစိုးရ၏ သတင်း ထုတ်ပြန်ချက်များသည် နိုင်ငံတကာ မျက်နှာစာအတွက် အမြတ်ထွက်ရန် ကြိုးစား နေခြင်းသာ ဖြစ်နိုင်ကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်းတောင်က ပြော ကြား လိုက်ခြင်း ဖြစ်ပါသည်။

ရွှေဟင်္သာ

ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား

Posted by drmyochit Wednesday, May 01, 2013, under | No comments


 မနေ့တုန်းက နေပြည် တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်း ဆောင်ရည် ဆုချီး မြှင့်ပွဲမှာ နိုင်ငံတော် ရဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်တဲ့ သူတွေကို ဆု အမျိုး အစား ပေါင်း ၁၄ မျိုးကို ချီးမြှင့် ပေးခဲ့ပါ တယ်။ ဒါဟာ အစိုးရ သစ် လက်ထက်မှာ ပထမဆုံး အကြိမ် ကျင်းပ ခဲ့တာ လည်းဖြစ် ပါတယ်။ မြန်မာ နိုင်ငံမှာ ပြင်းထန် တဲ့ စိတ်ဓာတ် အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် ရေးမှာ အသုံး ပြုကြ ဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက် တွန်း ပြော ကြားသွား ပါတယ်။ ဒီအကြောင်း အပြည့် အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။

မနေ့တုန်းက နေပြည် တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်းဆောင် ရည် ဆု ချီးမြှင့်ပွဲမှာ တော့ ဆုအ မျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။

စိုက်ပျိုး ရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူး ခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံ တကာနဲ့ ယှဉ်ရင် အဘက် ဘက်က နောက်ကျနေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတ ဦးသိန်း စိန်က ဆု ချီးမြှင့်ပွဲ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံဟာ အဘက် ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန် မနှောင်း သေးဘူး လို့ ပြောရ မှာဖြစ် ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုး တက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှ လည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိ ပက္ခဖြစ် မယ့် နေရာ တွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံး ချမယ် ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။”

အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ် ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။

“နိုင်ငံတော်က ချီးမြှင့်တဲ့ ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော် တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။”

နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်း ရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက် လုပ်ကိုင် နိုင်ဖို့ အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုး ပမ်း သွားမယ်လို့ ပြောသွားပါတယ်။

“မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီး တော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေး ဈေး ကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့ အတွက် ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်း ပေးသွား မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင် တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။”

အရင်တုန်း ကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ် လေ့ရှိပေမဲ့၊ ဒီ တခေါက် အနေနဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်းဆောင် ရည်ဆု ချီးမြှင့် တာကတော့ ပထမဆုံး အကြိမ်လို့ ပြောရမှာပါ။

From: VOA 

အင်းဝခေတ် ဗုဒ္ဓဆင်းတုများ မကြာခဏပျောက်ဆုံး

Posted by drmyochit Wednesday, May 01, 2013, under | No comments


ရွှေဘို၊ ဧပြီ ၂၉

ရွှေဘိုမြို့နယ် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ အေဒီ ၁၇ ရာစု အင်းဝခေတ် ဗုဒ္ဓ ဆင်းတု တော်များ မကြာ ခဏ ခိုးယူခံနေရကြောင်း ရှေးဟောင်း ဆင်းတုတော်များ ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက် လျက် ရှိသည့် ရွှေဘို မြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲ မခေါက်ကျေးရွာ နန်းဦးကျောင်းတိုက် ဆရာတော် ဦးကုဏ္ဍ လက မိန့်ကြားသည်။

သင်္ကြန် ကာလ မတိုင်မီက မခေါက် ကျေးရွာ ရွှေတောင်ဦးစေတီရှိ ရှေးဟောင်း ဆင်းတုတော် ခုနစ်ဆူ ရှိသည့် အနက် ခြောက်ဆူ ခိုးယူခံခဲ့ရပြီး တစ်ဆူကို ဦးခေါင်းတော်ပြတ်သွား သည့်အတွက် စွန့်ပစ်ထား ခံခဲ့ ရကြောင်း ဆရာတော် ဦး ကုဏ္ဍ လက မိန့်ကြားသည်။

"ဘုရားတွေကို ရေလမ်းက သယ်ပုံရတယ်။ တောင်ပေါ်ကနေ ရေစပ်ထိ ဆွဲချလာတဲ့အရာတွေ တွေ့ရ တယ်။ ရှေးဟောင်းပစ္စည်း နိုင်ငံခြား ထုတ်မယ်ဆိုရင် သာမန်အဖွဲ့အစည်း နဲ့ လုပ်လို့မရဘူး။ ဒါတွေ ဖော်ထုတ် ဖို့ ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်း တော်တော်များများ လိုအပ်တယ်" ဟု ဆရာတော် ဦးကုဏ္ဍ လက မိန့်ကြားသည်။

ယင်းမတိုင်မီ လွန်ခဲ့သည့် ရှစ်လခန့်က ရွှေဘိုမြို့နယ် ရွှေတိုက် ကျေးရွာ ရွှေခြင်္သေ့ ကျောင်းတိုက်ရှိ ဆင်းတု တော်နှစ် ဆူနှင့် ဝက်လက် မြို့နယ် ရှားကွဲကျေးရွာ၊ ရေဂမိုး ကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာရှိ ဆင်းတု တော်များနှင့် မန္တလေးတိုင်း ဒေသကြီး ခက်သင်းကျေးရွာရှိ ဆင်းတုတော်များ ခိုးယူခံခဲ့ရကြောင်း ရှေး ဟောင်း ဆင်းတုတော် ထိန်းသိမ်း စောင့်ရှောက်ရေး အစည်းအဝေးပွဲသို့ တက်ရောက်လာသည့် ရွှေဘို ဒေ သခံ ကျောင်းထိုင် ဆရာတော်များထံမှ စုံစမ်းသိရှိရသည်။

"ဘုန်းဘုန်း တို့ ခတ်ထားတဲ့ သော့ကို ဖျက်ဆီးပြီး ဘုရားနှစ်ဆူ ခိုးသွားတယ်။ ပျောက်သွားတဲ့ ဘုရား တွေ တော့ ပြန်ရတဲ့ အတွက် နောက်ထပ် မပျောက်အောင် ဘယ်လို လုပ်ရမလဲဆို စိတ်ပူနေရတယ်" ဟု ရွှေဘို မြို့နယ် ရွှေတိုက်ကျေးရွာ ရွှေခြင်္သေ့ ကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တက မိန့်ကြားသည်။

ရှေးဟောင်းဆင်းတုတော် ထိန်းသိမ်းရေးအတွက် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရွှေဘို မြို့နယ် ကျောင်းမြောင်းမြို့နယ်ခွဲ ဓမ္မရက္ခိတ လက်ရွေး ကျောင်းကြီးတိုက်တွင် ရှေးဟောင်း ဆင်း တုတော် ထိန်းသိမ်းရေး စောင့်ရှောက်ရေး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ရာ ကျောက်မြောင်းမြို့နယ် အ တွင်း ရှိ ကျောင်းထိုင် ဆရာတော် အပါး ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း ယင်းပွဲစီစဉ်သူများက ပြောကြား သည်။

"ဝက်လက်နယ် ရေဂ မိုးရွာက ဘုရား နှစ်ဆူ ၄ လပိုင်း ၃ ရက်နေ့က ပျောက်သွား တော့ သစ်ဆိပ် ရဲစခန်း ကို သွားတိုင် တာကို ဘုရား ပျောက်တာနဲ့ ပတ်သက်ပြီး သူတို့ မစွမ်းဆောင်နိုင်ဘူး။ ငွေကြေး အကုန်အကျ များ တယ်။ ဒါကို ရှာဖို့ ဆိုတာက အလွန်ခက်ခဲ တယ်လို့ ရဲစခန်းတာဝန်ရှိသူက ပြန်ပြော လိုက်တယ်။ တာဝန် ရှိသူ တွေကို အားကိုးလို့ မရရင် ဘုန်းဘုန်းတို့က ဘယ်သူ့သွားအားကိုး ရမလဲ" ဟု ဝက် လက်မြို့ နယ် ရေဂမိုးကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးအာစရက မိန့်ကြားသည်။

ရွှေဘို မြို့နယ် ကျောက်မြောင်းမြို့နယ် ခွဲအတွင်းမှ ယခုနှစ်အတွင်း ရှေးဟောင်း ဆင်းတုတော် ခြောက် ဆူသာ ပျောက်ဆုံး စာရင်းဖွင့်ထားပြီး ယင်းဆင်းတုတော်များ နှင့် ပတ်သက်၍ စုံစမ်းမှုများ ဆောင်ရွက် လျက် ရှိကြောင်း ရွှေဘိုမြို့နယ်ခွဲ ကျောက်မြောင်း ရဲတပ်ဖွဲ့စခန်းရှိ ဒုရဲအုပ်ထွန်းလင်းခိုင်က ပြောကြား သည်။ ဧရာဝတီ မြစ်ကြောင်းရှိ အခြား မြို့နယ်များရှိ ဆင်းတုတော် ပျောက်ဆုံး စာရင်းကိုမူ သိရှိခြင်း မရှိကြောင်း ၄င်းက ဆိုသည်။

The Voice Weekly

Tuesday, April 30, 2013

ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

Posted by drmyochit Tuesday, April 30, 2013, under | No comments


၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန် တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင် ရပ်ကွက် နေ အလံတိုင်ကျောင်းတိုက် ကျောင်း အကျိုး တော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီး ရဲစခန်း သို့ ရောက်ရှိလာပြီး အလံ တိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ် သည် ဥက္ကံဈေး တောင်ဘက်၊ ဘုရားကြီး လမ်းအတိုင်း ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက် တိုက်မိ၍ သပိတ် လွတ် ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့် မဝင်းဝင်းစိန်ကို အရေးယူ ပေးရန် တိုင်တန်း၍ ဥက္ကံရဲစခန်း (ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ အဆို ပါဖြစ် စဉ်နှင့် ပတ်သက်၍ မကျေနပ် သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃:၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့် ဗလီရှေ့ရှိ ၃ × ၃ ပေခွဲ ခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ပျက်စီးကာ လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိ ကြောင်းနှင့် အခင်းဖြစ်နေရာသို့ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အခြေအနေ ထိန်း သိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ၁၄:၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်း များအား လူ(၂၅)ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိ ရသည်။
 
 ၁၄:၄ဝ အချိန်မှ ၁၄:၄၅ အချိန်အတွင်း အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သေနတ်(၄)ချက် ချောက်လှန့်ပစ်ခတ်ခဲ့သည်။ ၁၅:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြောက် ပိုင်း ခရိုင် ရဲတပ် ဖွဲ့မှူးနှင့် အဖွဲ့ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၅:၁ဝ အချိန် အခြေ အနေ ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၁၅:၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်း ကောက်ရိုးပုံ အနီးတွင် ဒဏ်ရာရရှိသူ(၂)ဦးအား တွေ့ရှိ ရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေအရ အရေး ယူနိုင်ရေး ဖော် ထုတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသူ ၈ ဦးထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရပါသည်။
 
 မြန်မာ နိုင်ငံရဲတပ်ဖွဲ့

တိုက်ကြီး ဥက္ကံတွင် ကိုရင်လေး တစ်ပါးနှင့် ဘာသာခြား အမျိုးသမီးတို့ ၀င်တိုက်မိရာမှ ဖြစ်သည့် ပြဿနာအား BBC အသုံးချ ၀ါဒဖြန့်

Posted by drmyochit Tuesday, April 30, 2013, under | No comments



ယနေ့နံနက်တွင် ကိုရင်လေးဆွမ်းခံကြွရာတွင် ဘာသာခြား အမျိုးသမီးမှ ဝင်တိုက်ပြီး ကိုရင်လေး သပိတ် ပြုတ်ကျ ကွဲသွား သဖြင့် ကိုရင်လေးမှ အလျော်တောင်းရာ ထို အမျိုးသမီးမှ အလျော်မပေး သည့်အပြင် မချေမ ငံပြန်ပြော သဖြင့် ရဲစ ခန်းရောက်ကြပါတယ် ။ အဆိုပါ အဖြစ်ကို မကျေနပ် သည် ပြည်သူတွေမှ ၁ နာရီ ကျော်ကျော်လောက်မှာ လူအင်အား ၃၀၀ ခန့်လူစုပြီး အဆိုပါ ဥက္ကံဈေးရှိ အမျိုး သမီး ၏ ဆိုင်ခန်းကို ဖျက်စီး ခဲ့ကြပါသည်။

ထို့နောက် ပဋိပက္ခဖြစ်စဉ်ကို သတင်းရရှိပြီးတာနဲ့ ရဲများရောက်ရှိလာပြီး အခြေနေအရပ်ရပ်ကို ထိန်း သိမ်း နိုင် ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ လုံးခြုံရေးများပါ ချထားပြီးဖြစ်သဖြင့် အခြေနေ အရပ်ရပ် သည် ပြန် လည် အေး ချမ်းလာပြီးဖြစ်ပါသည်။ လူထု မောင်ကာဠု
==================================

ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်းတွင် ဈေးဝယ်လာသူ မ၀င်း ၀င်း စိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထားသည့် သ ပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေး ယူဆောင်ရွက် ခဲ့ပါ သည်။

သပိတ် အဖုံး ကျကွဲရ်ျ ဆွမ်း နှင့် ဆွမ်းဟင်းများ မှောက်သွားခဲ့သဖြင့် မ၀င်းဝင်းစိန်မှာ သပိတ် အသစ် ပြန် လည်ဝယ် ပေးခဲ့ပြီး စခန်းမှူး မှ ဆွမ်း နှင့် ဆွမ်းဟင်းများအား လှူဒါန်းပေးခဲ့စဉ် ဈေး အနီး ရပ်ကွက်နေ ကျား /မ (၅၀) ဦးခန့်မှ မကျေနပ်သဖြင့် အမှုဖွင့် အရေး ယူ ဆောင် ရွက်ပေး စဉ် ဈေးပတ် လည်ရှိ ဆိုင်ခန်း အချို့ အား ဖျက်ဆီး သဖြင့် လုံခြုံရေး တပ်ဖွဲ့ ၀င်များမှ ထိန်းသိမ်းဆောင် ရွက် လျက် ရှိကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှ သတင်း ရရှိ ပါသည်။

သစ်ထူးလွင်
=============================

ထိုသတင်းကို BBC သတင်းမှ ဥက္ကံမြို့မှာ ဒီကနေ့ ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေကြား ပဋိပ က္ခတွေ ဖြစ်နေ ပါ တယ်။ မူဆလင် တွေပိုင်တဲ့ဈေးဆိုင် တွေကို ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးက လိုက်လံဖျက် ဆီးနေ ကြောင်း နဲ့ ပြည် လမ်းမ ပေါ်မှာရှိတဲ့ ဗလီတလုံး ပျက်စီး သွားကြောင်း ဥက္ကံမြို့ခံတွေ ကပြောပါတယ်။ သေနတ် ပစ် ဖောက် သံတချို့ကိုလည်းကြားရတယ်လို့ ဆိုပါတယ်။ ဆိုပြီး သတ င်းတင်ပါတယ်။
 

BBC ဆီရောက်တဲ့ သတင်းမှန်သမျှ သေနတ်သံ မကြားရတဲ့ သတင်းနဲ့ ဘာသာတရားကို စော်ကား ပုတ် ခတ်တဲ့ သတင်းတွေကြီးပဲ ဖြစ်နေတာကြောင့် ဆဲသံဆိုသံများ ညံလျှက် ရှိကြောင်းပါဗျာ။

From:OE

မီဒီယာနယ်ပယ်က မပေါင်းအပ်တဲ့ကောင် (ပေးစာ)

Posted by drmyochit Tuesday, April 30, 2013, under | No comments



ခရိုနီဖြစ် ချင်ပေမဲ့ ဖြစ်ခွင်မရတဲ့ မြန်မာမီဒီယာနယ်ပယ်က ငပွကြီး (သို့မဟုတ်)တစ်ပူးကြီး သန်း ထွဋ် အောင် တစ်ယောက် သတင်းစာထုတ်ချင်တာ ပျာယာခတ်နေပုံကို မီဒီယာအသိုင်းအ၀ိုင်း က လူတွေ က ကျိတ် ရီနေကြ ပါတယ်။ ဒါက သတင်းစာတွေထုတ်ခွင့်မပြုခင် ၂၀၁၃ လောက်က အခြေ အနေ ပါ...။လူကြီး လူကြီး မှန်းမသိသူကိုယ်သူဖိုက်တာကြီးလုပ်လို့လုပ် ..နေရာတကာ ဘယ်သူနဲ့ မှ မတ ည့် တဲ့ အော်ကျော့ လန် မီဒီယာပေါ့။ သူစီးပွားရေးအတွက် မီဒီယာကိုအသုံးချ သူနဲ့မ တည့် သူမှန်သမျှ အပြစ်ရှာ စာမျ က်နှာတွေပေါ်တင်... ဒါတောင်သူကိုယ်သူ စတုတ မဏ္ဍိုင်ကြီး တဲ့။မှတ်လောက် ပါရဲ့ တိုင်ပြည် မှာသူက တိုက်ပွဲဝင်သူကြီးဆိုပီး ....သူရှိမယ့်ဖြစ်မယ် ကျန်တဲ့မီဒီ ယာတွေ သူလောက်မတတ် သူလောက် မသိ သူသာနံပါတ် တစ်ဆိုပီးစောက် ရှက်မရှိပြောရတောင် ကလည်းအမော။ပြောတာမှာ တစ်ပြည်လုံ ကိုမောင်း ထု ပီပြောတာ။ ရီစ ရာမောစရာပေါ့..။

ဒါနဲ့ပတ်သက်လို့ စာရေးဆရာဘကြီးတစ်ယောက်က တစ်နေ့ကျွန်တော်နဲ့လဘက်ရည်ဆိုင်


မှာတွေ့ လို့စကားပြောဖြစ်ကြတယ်။တစ်ပူးကြီးအကြောင်းပေါ့။ သူကမနေ့တစ်နေ့ကမှမီဒီယာလော ကထဲ ၀င်လာ တာလေကွာ ။ဘောလုံး ဂျာနယ်နဲ့ ပေါ့ တစ်ဖက် က ဥပဒေ စိုးမိုးရေး အော်နေပီး.....သူ ကတော့ လောင်း ကစားခန့် မှန်းချက်တွေ နဲ့ကြီးပွားလာတာလေကွာ။မနေ့တစ်န့ကမှ သတင်း လိုင်းပြောင်း လာ တာ ပါတဲ့။ လူတိုင်းသိပါတယ်ကွာ..


ခုလည်း သတင်း စာနေ့စဉ်ထုတ် ရမှာ ဆိုတာ့ ပြိုင် ဖက်ဖြစ် လာမယ့် အစိုရ သတင်း စာတွေကို လှည့် ရန် ရှာ နေပြန် ပီလေ။မင်းလည်းဖက်ရမှာပေါ့။ သူစီပွားရေးလုပ်ငန်းတွေမှာလည်း မီဒီယာဝိတ်သုံးပီး ငပွကြီး လုပ်နေလို့ အတော်များ များက ရိုက်ချင်ကြ ကျိန်ဆဲကြနဲ့ပေါ့ကွာ ။ဒါတင်ဘယ်ကသေးမ လဲတစ်မြီု့ လုံက လုပ်ငန်း တူသူရော မတူသူရောပါ လိုက်ပီးရမ်းနေတာ ဆိုပဲကွ။သူကစီးပွားရေးမှာပါ ၁ဖြစ်ချင် တာလေ ကွာ...။ အဲလိုဖြစ်ဖို့ မီဒီယာပါဝါနဲ့ လှည့်ရန်ရှာ..ချောက်ချပေါ့ကွာ...။


ဆရာကြီး ပြောပြတာ နားထောင်ရင်း ကျွန်တော်တော့ခေါင်းတစ်ညိတ်ညိတ်နဲ့ပေါ့။ ဒါနဲ့ဘကြီးအခု သတင်း စာ ထုတ်ဝေခွင့်တွေမပေးခင်တုန်က သူကဒီနေ့ပဲ စထုတ်တော့မှာလိုလို နော် ။မပေးလည်း ဇွတ် ထုတ်မယ့် ပုံမျိုး တကယ်လဲပေးလိုက်ရော ထွက်မလာသေးပါလားဘကြီး လို့ မေးကြည့်တော့.. .ဘကြီးက ငါကောင် ရ အခုသူက တကယ်ထုတ်ဆိုတော့ ကိုဘာသာ ကိုယ် အေးအေးဆေးဆေး မထုတ်ဘူးလေ ရှုံးမှာ ကြောက် တာလေ ကွာ ပြောတော့မီဒီ ယာသမားတဲ့ မင်းစဉ်းစားကြည့် သူလောက်ဘက်ဂျ က်မတောင့် တဲ့သူ တွေတောင် ၀မ်းသာအားရ ထုတ်နေကြပီ။ ဒါကိုကြည့်ပီးသိတဲ့သူတွေကတော့ရီကြတာပေါ့ကွာ ။ဈေး ကွက်မှာ ဈေးနှုန်း မယှန်နိုင်လိုံ့အစိုရ သတင်စာတွေပတ်ရမ်းလိုကရမ်း အမူး သမား ထက်ဆိုး တယ်.လေ...လေ့ လာကြည့်ပေါ့ ကွာသူအကြောင်း ....။


.......ဒါနဲ့ကျွန်တော်လည်းဘကြီးနဲ့ကြုံတုန်းသိချင်တာလေးမေးရတာပေါ့ ...အဘ သူက သူ့ကိုသူ နံပါတ် တစ်ဆိုတော့ သူရဲ့သတင်းတွေကိုဘယ်လိုတင်ပြတုန်းဆိုတော့ ဘကြီးက တစ်ခွီးခွီးရီတော့ တာပဲ။ ဘကြီး ကရီတော့ ကျွန်တော်ပါလိုက်ရီရင်း ပြောပါဦးဘကြီးရဆိုတော့ ။အေးမင်းမှတ်ထား ငါပြောပြမယ် တစ်ပတ် အတွင်း သတင်း ၇ှိရှိ မရှိရှိသူ က ဘယ်ကုမဏီကဘာကိုစိတ်ဝင်စားလျှက်ရှိလို့ရေးလိုက်ရင် သတင်း တစ်ပုဒ်ဖြစ် ရောကွာ..မှန်မှန်မမှန်မှန်ဒါက ဘေးလွတ်တယ်..

ပီး တော့ သူကစီးပွားရေးသမား အဲဒီမှာအလုပ်လုပ်ရင်းတွေ့ရတဲ့ သူစီပွားရေးထိလာရင် အဲဒါကို ပုံကြီးချဲ့ ပီး စာမျက် နှာပြည့်အောင် လုပ်တော့ တာမောင်ရေ..အကြောင်းမသိတော့ အဟုတ် မှတ်ကြတာပေါ့ကွာ။

ဒီကောင် ညစ်နည်းကလိန်ကျနည်းတွေအကြောင်းပြောရင် ကုန်ပါဘူးကွာ ။နောက်ဆုံး ကိုယ့်ကို ငွေပေးနေ တဲ့ကြေငြာ ရှင်တွေ လက်တွဲဖက်တွေကိုတောင်မှ သူမထင်ရင် စာမျက်နှာပေါ် မျက်နှာပြည့် တင်စိန်ခေါ် သိက္ခာချ တဲ့ကောင်ကွ ။လောကမှ မပေါင်းအပ်တဲ့ကောင်တစ်ယောက်ပေါ့။



ကျွန်တော်လည်းဘကြီးရဲ့ပြောစကားတွေနားထောင်ရင်း လောကမှာ ကိုယ်အုပ်စုနဲ့လည်းမတည့် အစိုး၇ အပစ် ပြော လေတစ်လုံမိုးတစ်လုံးနဲ့ လှည့်ပတ်ရမ်းနေတဲ့ မြန်မာ့မီဒီယာနယ်က မီဒီယောင် အယောင် ဆောင် မပေါင်းအပ်တဲ့ကောင်ဆိုတာ သူပါလားဆိုပီး နှစ်သစ်မှာ အိုးစည် ဗုံမောင်း နဲ့ ကြေငြာ မောင်းခတ် လိုက်ရ ပါကြောင်း ခင်ဗျာ။


From:ME


တန်ဖိုးနည်းဖုန်း မှောင်ခိုဈေးကွက် ဆက်သွယ်ရေးက အရေးမယူဟုဆို

Posted by drmyochit Tuesday, April 30, 2013, under | No comments


 ဧပြီလ ၃၀ ရက် ၂၀၁၃

တန်ဖိုး နည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ပုဂ္ဂ လိက ဖုန်းဆိုင်များက မှောင်ခိုဈေးဖြင့် ရောင်းချ နေ သည့် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အရေးယူသွားမည် မဟုတ်ကြောင်း မိုဘိုင်း ဆက် သွယ် ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေး ဝင်းက ပြောသည်။

“မဲပေါက်တဲ့ သူတွေက ကျေနပ်လို့ ဆိုင်တွေကို ရောင်းတာကို မရောင်းနဲ့လို့ တားလို့မှမရတာ၊ မသမာမှု တွေရှိရင် ပေးထားတဲ့ ဖုန်းတွေအတိုင်း တိုင်လို့ရတယ်၊ ဆက်သွယ်ရေး အစီအစဉ်နဲ့တော့ ဖုန်းဆိုင်တွေကို အရေး ယူဖို့မရှိဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိ ထုတ်ပေးနေသော ၁၅၀၀ ကျပ်တန် ဆင်းကတ်များမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီ အစဉ်ဖြင့် မဲပေါက်သူ များကို ချထားပေးခြင်းဖြစ်၍ ပုဂ္ဂလိက ဖုန်းဆိုင်များက မှောင်ခိုဈေး အနိမ့်ဆုံး ၆၀၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချ နေကြောင်း၊ သို့သော် သက်ဆိုင်ရာအစိုးရအဖွဲ့အား တိုင်ကြားမှသာ ၎င်းတို့ အနေဖြင့် အရေးယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူများက ပြောသည်။

ဧပြီလ ၂၅ ရက်က ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် မဲစနစ်ဖြင့် ချထားပေးခဲ့သော ဆင်းကတ် များကို ရပ်ကွက်တချို့ ရှိ အုပ်ချုပ်ရေးမှူး ရုံးများက ဖုန်းဆိုင်များ၊ ကြားပွဲစားများထံသို့ ငွေ ၁၁၅၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အထိ ဈေးတောင်းကာ ရောင်းချခဲ့ကြောင်း၊ ပုဂ္ဂလိက ဖုန်းဆိုင်တချို့က ဆင်းကတ်များကို အနိမ့် ဆုံးဈေး ၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀၀၀ ကျပ်အထိ တဆင့် ပြန်လည် ရောင်းချလျှက်ရှိကြောင်း ဧရာဝတီ မှ စုံစမ်းသိရှိရသည်။

“ကျမတို့ ရပ်ကွက်ရုံးက ယူဖို့ စာရင်းပေးပြီး မယူတဲ့သူတွေရဲ့ ဆင်းကတ်တွေကို ဖုန်းဆိုင်တွေကို ပြန်ရောင်း တာ။ ရပ်ကွက် ထဲက တသောင်းပေးပြီး ဝယ်တာတောင် မရတော့ဘူး။ ဈေးပိုရလို့ ရောင်းလိုက်ပြီတဲ့။ မေ ၈ ရက် နေ့ ထပ်ရမယ့် ဆင်းကတ်တွေ အတွက်တော့ စာရင်းတွေ ကြိုသွင်းနေရပြီ။ ဘယ်လို လာမလဲတော့ မသိသေး ဘူး” ဟု မင်္ဂလာဒုံမြို့နယ်နေ မမြင့်စန်းကြည်က ပြောပြသည်။

လှိုင်မြို့နယ်တွင် နေထိုင်သူ ကိုမင်းသူက ၎င်းတို့ ရပ်ကွက်အနီးရှိ ဖုန်းဆိုင်များတွင် ဟန်းဆက်တလုံး အနည်း ဆုံး ဝယ်ယူမှ သာ ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ငွေ ၆၅၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်း ချပေးကြောင်း၊ ၎င်းတို့ထံမှ ဆင်းကတ်တကတ် လျှင် ၃၁၅၀၀ ကျပ်ဖြင့် ပြန်လည် ဝယ်ယူနေကြောင်း၊ မေ ၈ ရက် နေ့ ထပ်မံ ထုတ်ပေးမည့် ဆင်းကတ်များ အတွက်ကိုလည်း စရံပေးချေကာ ဝယ်ယူလိုသည့် ဖုန်းဆိုင် များ ရှိကြောင်း ဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ လူကြီးမင်း ဖုန်းဆိုင်တချို့တွင် ၁၅၀၀ တန် ဆင်းကတ် များကို ပြန်လည် ရောင်းချ နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဘုရင့်နောင်မြို့နယ် အတွင်းရှိ လူကြီးမင်းဖုန်း အရောင်း ဆိုင် တာဝန်ရှိသူ တဦးကဆိ “ဒီဆိုင်တွေမှာတော့ ရောင်းတာမရှိပါဘူး၊ ဝယ်ခဲ့တယ် ဆိုတဲ့သူ မှားတာ နေမှာ ပါ။ လူကြီးမင်းဖုန်း ဘယ်ဆိုင်မှာမှ မရောင်း ပါဘူး၊ ရပ်ကွက်ရုံးတွေမှာပဲ ရောင်းတယ်” ဟု ပြော သည်။

လာမည့်မေလ ၈ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် CDMA 800 MHZ ဆင်းကတ် ၃၅၀၀၀၀ ကို မဲ စနစ်ဖြင့် ဆက်လက် ချထားပေးမည် ဖြစ်ကြောင်း၊ GSM နှင့် WCDMA ဆင်းကတ်များကို ချထားပေးမည့် အစီ အ စဉ်ကိုလည်း ရေးဆွဲနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်တချို့တွင် ပထမအကြိမ် မဲမပေါက်ခဲ့သူများ၏ စာရင်းကို ဆက် လက် သိမ်းယူ ထားပြီး ဒုတိယအကြိမ်တွင် ဦးစားပေး အနေဖြင့် ပြန်လည် မဲနှိုက်စေမည် ဖြစ်ကြောင်း ရပ် ကွက် အုပ်ချုပ်ရေးမှူး များက ပြောသည်။

မန္တလေး တိုင်းဒေသကြီး အတွင်းတွင်မူ မဲစနစ်ဖြင့် မဟုတ်ဘဲ ဦးရာလူ စနစ်ဖြင့် တန်ဖိုးနည်းဆင်းကတ်များ ရောင်း ချ ခဲ့သောကြောင့် ခိုက်ရန်ဖြစ်ပွားမှု တချို့ ရှိခဲ့သည်။

ဧရာဝတီ

သာကေတရုံးမှ ရဲမင်းဦးအား ပုဒ်မ-၁၅၃(က)နှင့် ထပ်မံတရားစွဲဆို

Posted by drmyochit Tuesday, April 30, 2013, under | No comments

 ဧပြီလ ၃၀ ရက် ၂၀၁၃

၉၆၉ ဂယက် အပါအ၀င် OIC အရေးနှင့် ပတ်သက် ၍ တရား စွဲခံထား ရသူကျောင်း သားသ မဂ္ဂဖြစ် မြောက် ရေး ကော် မတီ အထွေထွေ အတွင်း ရေးမှူး ကိုရဲ မင်းဦး အား သာကေ တတ ရားရုံးမှ ပုဒ်မ ၁၅၃ (က) အမျိုးသား တစ်စု နှင့် တစ်စု ရန်ငြိုး ထားစေ မှုဖြင့် ထပ်မံ တရားစွဲဆိုလိုက်သည်။

အဆိုပါ တရား စွဲဆို မှုကို ဧပြီလ (၂၂)ရက်နေ့ ဗ ဟန်း တရား ရုံးတွင် ရုံး ထုတ်မည် ဟုဆိုကာ သာကေ တ တရား ရုံးသို့ ခေါ်ဆောင်ကာ ယခု ကဲ့ သို့ တရား စွဲဆို ခံလိုက် ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

မိမိ သည် ရာဇ၀တ် သား တစ်ဦး မဟုတ်ကြောင်း ယခုကဲ့သို့ ဆက်ဆံ ခံရခြင်းကို ကျေနပ်မှု မရှိကြောင်း ကိုယ့် ကိုကိုယ် တရားခံဟု မယူကြောင်း မိမိဖြစ်ရပ်သည်မင်းမဲ့စရိုက်ဆန်နေကြောင်း ဒီမို ကရေစီ နိုင်ငံ အတွင်း ထို ကိစ္စမျိုး မရှိ သင့်ကြောင်း ၄င်းအား ရုံးထုတ် စဉ်က ကိုရဲမင်းဦးမှ မီဒီယာများသို့ ပြောကြား ခဲ့သည်။

ကို ရဲမင်းဦးအား ကျောက် တံတား မြို့နယ် တရားရုံး ဗဟန်းမြို့နယ် တရား ရုံးတို့တွင် ပုဒ်မ ၅၀၅ (ခ) ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သာကေတတရားရုံးတွင် ပုဒ်မ ၁၅၃ (က) ဖြင့်ထပ်မံတိုး၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မေလ(၂) ရက် နေ့တွင် (၅)ကြိမ်မြောက် ရုံးထုတ် အဖြစ် ဗဟန်းမြို့နယ်တရားရုံး၌ နံနက် (၉း၀၀)နာရီ၊ (၃)ရက်နေ့  အနောက် ပိုင်းခရိုင်(ကျောက်တံတားမြို့နယ်)တရားရုံး၊ (၆) ရက်နေ့တွင် သာကေတမြို့နယ် တရား ရုံး တို့တွင် ဆက်လက် ရုံးထုတ် သွားမည် ဖြစ်သည်။

ကို ရဲမင်းဦး၏ အမှုအား အာမခံရရှိရန်အတွက်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှုမှာ ဥပဒေ အရ အာမခံ မရ ရှိနိုင်သော်လည်း သက်သေအတိအကျ မရှိလျှင် အာမခံ ရရှိ နိုင်ကြောင်း ကိုရဲမင်းဦး အမှု အား လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဦးကျော်ဟိုးက သုံးသပ်ပြောဆိုသည်။

ကို ရဲမင်းဦး အသိုင်း အ၀န်းမှ မိသား စုများ၊ သူ ငယ်ချင်းများနှင့် အရပ်ဖက် လူ့အဖွဲ့ အစည်း များက လည်း မေလ (၃၀) ရက် ညနေ (၅း၀၀) နာရီမှစတင်ကာရွှေတိဂုံဘုရားတွင် ကိုရဲမင်းဦးအတွက် ဆုတောင်း ပွဲများပြု လုပ်ရန် စီစဉ် နေကြောင်း သိရှိရ သည်။

Myit Makha Mediagroup

အမေရိကန်တွင် ကရင်နီအမျိုးသားနှစ်ဦး ဓါးထိုးအသတ်ခံရ

အမေရိကန် Arizona ပြည်နယ်၊ Phoenix မြို့မှာ ကရင်နီ အမျိုးသားတဦးရဲ့ အသုဘ အခမ်း အနား အ တွက် ၀န်ပြု ဆုတောင်း နေကြတဲ့ လူအုပ်ထဲမှနှစ်ဦး ဓါးထိုးခံရတဲ့အတွက် အလောင်းတွေကို ယမန်နေ့ လည် ၁၂ ရီချိန်မှာ ရဲတွေက စစ်ဆေးဖို့ သယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။


ဧပြီလ ၂၇ ရက်နေ့ညက ကရင်နီ အမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ ရိုးရာ ယဉ်ကျေးမှု အရ ကျောက် ကပ်ရော ဂါနဲ့ သေဆုံး သွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘ အခမ်း အနားကို သူနေတဲ့ Central Phoenix apartment မှာပြုလုပ်နေကြစဉ် အပြင်ဘက်မှ အုပ်စု လိုက် ရန်ဖြစ်ပြီး Apartment ထဲသို့ ပြေးပုန်း သူတွေ ရှိခဲ့တဲ့အတွက် ယခုလို ဓါးထိုးခံခဲ့ရတာ ဖြစ်တယ်လို့ အခင်းဖြစ် ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က ပြောပါတယ်။


"ကရင်ကလေး၃ယောက်က… မက်စီကိုလား စပိတ်တွေနဲ့လားတော့မသိဘူး… လမ်းပေါ်မှာ သူတို့နဲ့ ရန်ဖြစ်ကြ တယ်… ကရင်ကလေးသုံးယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီး ပြေးတက် လာတယ်… ကျနော်တို့ကအထဲမှာ… အသုဘအတွက် လူငယ်တွေသီချင်း ဆိုပေးနေကြတာ… ဘယ်သူ တွေဝင် လာလဲဆိုပြီး ထွက်ကြည့်ကြတယ်… ထွက်ကြည့်မိတော့ အဲ့ဒီလူတွေက ငါး ယောက် ရှိတယ်… သူတို့လိုက်နေတဲ့သူကို သူတို့မမှတ်ဘူးထင်တယ်… အပြင်ဘက်မှာ မိန်းက လေး၂ ယောက်နဲ့ ယောက်ကျားလေး ၃ သုံးယောက်က၀ိုင်းပြီး ထွက်ကြည့်တဲ့ကျနော်တို့လူကို ထိုး ကြိတ်ကြ တယ်။ ကျနော်တို့က တခါးကိုပိတ်ထားလိုက်တယ်။ ဖွင့်ထားရင် ကျနော် တို့လူတွေ အထဲမှာ အများကြီး ခံရမှာစိုးတယ်၊ ဖွင့်ပြီးထွက်ကြည့်မယ် ဆိုပြန်တော့လဲ ခဏနေ နင်ပါပါ အသတ် ခံရမယ် လို့ ကျနော် တို့လူ တွေ ပြောတော့ မထွက်ကြည့်ရဲဘူး။ ဒါကြောင့် အပြင်မှာ ခံနေတဲ့ ကျနော် တို့ လူနှစ်ယောက် ပွဲချင်းပြီး သေသွားတယ်"


လူ တစုရဲ့ ဓါးထိုး မှုကြောင့် သေဆုံး ခဲ့သူမှာ အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးဖြစ်ပြီး အသက် ၄၆ နှစ် အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓါးထိုးမှုဖြစ်ပွားပြီးနောက် ရဲအရာရှိတွေရဲ့ စုံစမ်း မေးမြန်း မှုနဲ့ စစ်ဆေးမှုတွေကို ကူညီနိုင်ဖို့အတွက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ဦးကို ရဲတွေက ခေတ္တ ထိမ်းသိမ်းထားပြီး ယမန်နေ့ နေ့လည်က ပြန်လွတ်ပေးလိုက်ကြပါတယ်။


အမေရိကန် Arizona ပြည်နယ်မှာ ယခုဆိုရင် ကရင်နီမိသားစုဝင် စုစုပေါင်း ၅၀၀ ခန့်ရှိပါတယ်။ ပြီးတဲ့ တဲ့ ၂၀၀၈ ခုနှစ်ကတည်း ထိုင်းနိုင်ငံ ကရင်နီဒုက္ခသည်စခန်းကနေ တတိယနိုင်ငံ ခြေချနေ ထိုင်မှု အစီ အစဉ်နဲ့ သွားရောက် အခြေချ နေထိုင် ခဲ့ကြတာ ဖြစ်ပါတယ်။


Written by ကန္တာရဝတီတိုင်း(မ်)

ထိုင်းနယ်စပ်မှ ကရင်နီ ဒုက္ခသည် မီသားစုများအားတွေ့ ရစဉ်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်