Saturday, May 11, 2013

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားထံ ပေးပို့ထားသော မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံ လျှောက်ထားလွှာ

Posted by drmyochit Saturday, May 11, 2013, under | No comments

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားထံ ပေးပို့ထားသော မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံ လျှောက်ထားလွှာ 

နေ့စွဲ – မေလ ၉ ရက် ၂၀၁၃
Date: May 9, 2013
ဘုန်းတော်ကြီးမြတ်တော်မူလှသည့် အရှင်ဒလိုင်းလားမားဘုရား
Dear His Holiness Dalai Lama

တိဗက်မြေတွင် တရားမျှတခြင်း ကင်းမဲ့မှုကို ခုခံတိုက်ပွဲဝင်နေကြသည့် တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် အတူ တကွ ခိုင်မာစွာ ရပ်တည်လျှက်ရှိသည့် ငြိမ်းချမ်းစွာ ကျင့်သုံးဆောက်တည်နေကြသော မြန်မာ ဗုဒ္ဓ ဘာသာ ရဟန်းတော်များအား မှားယွင်းစွာ ရှုံ့ချထားသည့် အရှင်ဘုရား၏ မကြာမြင့်မီက မှတ်ချက်စကား များ ကို ဖတ်ရှုရသည့်အတွက် တပည့်တော်တို့ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းများသည် များစွာမှပင် ၀မ်းနည်း ကြ ရပါသည် ဘုရား။

ရည်ညွှန်းချက် – ဓမ္မသာလ၊ အိပ်ခ်ျပီ၊ အိန္ဒိယနိုင်ငံ၊ ၂၂ ဧပြီ ၂၀၁၃ ၊မေရီလန်း တက္ကသိုလ်၌ ပရိသတ်တစ်စု အား ပြောကြား သည့် မှတ်ချက်စကား၊ ၇ မေ ၂၀၁၃။

We, Burmese Buddhist Monks, are very sad to read your recent comments about wrongly condemning fellow peaceful Burmese Buddhist Monks who stood firmly together with Tibetan Buddhists in fighting against the injustice in Tibet land.
Reference: Dharamsala, HP, India, 22 April 2013, comment to an audience at the University of Maryland, 7 May 2013.

တပည့်တော်တို့ ထင်မှတ်သည်မှာ အရှင်ဘုရားသည် လူပုဂ္ဂိုလ် အဖွဲ့အစည်း အချို့ နှင့် တစ်ဘက် သတ် ရေးသား ထုတ်ပြန်ထားသည့် အစွန်းရောက်များနှင့် အခွင့်အရေးသမားများ၏ လှည့်ဖြားလိမ်ညာ ထားသော ၀ါဒဖြန့်မှုများ အပေါ်တွင် အခြေပြုထားသည့် သတင်းမီဒီယာ အစီရင်ခံချက်များက လမ်းလွှဲလိုက်အောင် ပြုခြင်း ကို ခံရတော်မူလေသည်ဟူ၍ ဖြစ်ပါသည် ဘုရား။

We think you are misled by some people / groups and one sided media reports based on fabricated propaganda of extremists and opportunists.

အရှင်ဘုရားသည် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ မေတ္တာထားခြင်းတို့နှင့် စပ်လျဉ်း၍ ဗုဒ္ဓရှင်တော်ဘုရားက တပည့်ေ တာ် တို့အား သွန်သင်ဆုံးမတော်သော တရားတော်များနှင့် ပတ်သက်၍ ဖော်ပြတော်မူရာတွင် လုံးဝ ဥဿုံ မှန်ကန်ပါသည် ဘုရား။ တပည့်တော်တို့သည် လူမျိုး ဘာသာ မရွေး လူသားများ အဖြစ် မည် သည့် အကြမ်းဖက်မှုကို မဆို ပြစ်တင်ဝေဘန်ရမည်ဖြစ်ပြီး မည်သည့် ပဋိပက္ခအတွက် မဆို ငြိမ်းချမ်းသော ဖြေရှင်းချက် ရရှိရေးကို အားပေးလုပ်ဆောင်ရမည် ဖြစ်ပါသည် ဘုရား။

You were absolutely correct in mentioning about what Buddha taught us about forgiveness, tolerance, compassion.We, as human beings regardless of race & religion, must denounce any kinds of violence, and promote peaceful solution for any conflicts.

မြန်မာနိုင်ငံသည် (၁၃၅)မျိုးသော တိုင်းရင်းသား လူမျိုးနွယ် အုပ်စုများဖြင့် အာရှတိုက်တွင် တိုင်းရင်းသား မျိုးနွ ယ်စု အများဆုံး နေထိုင်လျှက်ရှိသော နိုင်ငံများ အနက် တစ်ခုဖြစ်ပါသည် ဘုရား။ သမိုင်းကြောင်း အရ မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ကိုးကွယ်ယုံကြည်မှု အုပ်စုများ အကြား အပြန်အလှန်လေးစား မှုဖြင့် ငြိမ်း ချမ်း စွာ ယှဉ်တွဲ နေထိုင်သည့် စိတ်ရှည်သည်းခံတတ်သော နိုင်ငံတစ်ခု ဖြစ်ပါသည် ဘုရား။ သက် တမ်း ၂၀၀၀ ကျော်ရှိပြီဖြစ်သော ဆူးလေစေတီတော်၊ သက်တမ်း ရာကျော်ရှိသော ခရစ်ယာန် ဘုရားရှိ ခိုးကျောင်းနှင့် ဗလီဝတ်ကျောင်းတို့သည် ရန်ကုန်မြို့တော်ခန်းမ နှင့်အတူ (မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်) ရန်ကုန်မြို့ထဲ အရပ်၏ ဗဟိုတွင် ဘေးချင်းယှဉ်လျှက် တည်ရှိနေပါသည် ဘုရား။ ဟိန္ဒူ ဘာသာရေး ဘုရားကျောင်း တစ်ခုသည်လည်း ရန်ကုန်မြို့ထဲ အရပ်၌ ထို သမိုင်းဝင် ဘာသာရေး အေ ဆာက် အအုံများအနီးတွင် ထီးထီးမားမား ရှိနေပါသည် ဘုရား။

Burma is a most diverse multi ethnic country in Asia with 135 indigenous ethnic groups. Historically Burma is a tolerant country with different faith groups live peacefully side by side with mutual respect. Over 2,000 years old historic Sule Pagoda, over century old Christian Church& Mosque are existing side by side in middle of downtown Rangoon (Burma’s largest city) alongside with Rangoon City Hall. A Hindu Temple is also standing near these historic religious buildings in downtown Rangoon.

မကြာသေးမီက ဖြစ်ပွားခဲ့သော ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသည့် လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုကို (ပြည်တွင်း နှင့် ပြည်ပ မှ) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ ရန်သူများ၊ အခွင့်အရေးသမားများနှင့် အစွန်းရောက်သမားများက သွေးထိုးလှုံ့ဆော်ခဲ့ခြင်း ဖြစ်ပါသည် ဘုရား။ တပည့်တော်တို့သည် အကြမ်းဖက်မှု ပုံစံပေါင်းစုံကို ပြစ်တင်ရှုံချပြီး အပြန်အလှန် ယုံကြည်မှု နှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို ထောက်ခံ အားပေးကြပါသည် ဘုရား။

Recent senseless communal violence in Burma was incited by the enemies of democratic reform process, opportunists and extremists (domestic and abroad). We denounce all kinds of violence and encourage building the mutual trust and peaceful society.

မူစလင်နှင့် ဗုဒ္ဓဘာသာ အသိုက်အ၀န်း နှစ်ခုလုံးသည် ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသော အကြမ်းဖက်မှု အတွင်း၌ သေကြေဒဏ်ရာ ရရှိမှုများနှင့် ဥစ္စာပစ္စည်း ပျက်စီးမှုများကို ခံစားခဲ့ရသည် ဘုရား။

Both Muslims and Buddhists communities suffered casualties and property damages during senseless violence.

လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဘင်္ဂလီ မူစလင် အမျိုးသား တစ်စုက ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးအား အုပ်စုလိုက် မတရား သားမယားပြုကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ခြင်းဖြင့် အကြမ်းဖက်မှု စတင်ခဲ့ပါသည် ဘုရား။ (လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများ၊ ရှေ့နေများ၊ သမိုင်းပညာရှင်များနှင့် အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့်) လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က စုစုပေါင်း (၃၄၇)ဦး သေဆုံးခဲ့ပြီး (၄၁၁)ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နှစ်ဖက်စလုံးမှ သတင်းပို့သည့်အတိုင်း တင်ပြအစီရင်ခံခဲ့ပါသည် ဘုရား။ သေကြေဒဏ်ရာ ရရှိသူများအနက် ၆၀%မှာ မူစလင်များဖြစ်ပြီး ၄၀%မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည် ဘုရား။ (သေကြေဒဏ်ရာရရှိသူများ အချိုးအစားနှင့် အလားတူစွာ) အိမ်ပေါင်း ၇၇၀၀ ကျော် ပျက်စီးခဲ့ရပါသည် ဘုရား။ ထို့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၂၄)ကျောင်းနှင့် ဗလီ (၃၂)လုံးတို့ကို မြန်မာနိုင်ငံ အနောက်ပိုင်းတွင် လူအုပ်များက ဖျက်ဆီးခဲ့ကြပါသည် ဘုရား။

Last year, violence in Western Burma started with a Buddhist girl was gang raped& killed by a group of Bengali Muslim men.The Independent Investigation Commission (consists of human right activists, lawyers, historians and religious leaders including Islam, Christian, Hindu and Buddhist) reported that total 347 were killed and 411 were injured as reported by both sides. 60% of causalities were Muslims and 40% were Buddhists. Over 7,700 houses were destroyed (similar ratio as causalities). Furthermore, 24 Buddhist Monasteries and 32 Mosques were destroyed by mobs in Western Burma.

ရွှေဆိုင်တစ်ဆိုင်၌ ဆိုင်ရှင်နှင့် ရွှေလာရောင်းသူတို့အကြား အငြင်းပွားမှုဖြစ်ပွားပြီး မြန်မာဗုဒ္ဓဘာသာ ဇနီးမောင်နှံကို ဘင်္ဂလီလူမျိုး မူစလင် ဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းတို့က ကိုယ်ထိလက်ရောက် စော်ကား တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာသော မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထိလာမြို့မှ နောက်ဆုံး အကြမ်းဖက်မှု ကို နောက်ပိုင်းတွင် ဗလီတစ်ခုအတွင်း၌ မူစလင်လူအုပ်က ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား ရက်စက်စွာ သတ်ဖြတ်ခြင်းက အရှိန်မြင့်တက်လာအောင် ဖြစ်စေခဲ့ပါသည် ဘုရား။

Latest violence in Central Burma town of Meikthila started with an argument at Gold Shop owner & seller and physical assault to Burmese Buddhist couple by Bengali Muslim owners & staff; later fuelled by a brutal killing of a Buddhist Monk by Muslim mob inside a mosque.

ဗုဒ္ဓဘာသာ ရဟန်းများသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ အကြမ်းဖက်မှုများတွင် အသက်ဘေး ဒုက္ခခံစားရသူများ အထဲတွင် ပါဝင်နေသော်လည်း မူစလင် ဘာသာရေးခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုအတွင်းတွင် ထိခိုက်ရမှု မရှိသည်ကို သတိပြုတော်မူပါ ဘုရား။ တပည့်တော်သည် အရှင်ဘုရား လေ့လာကြည့်နိုင်ရန် နှင့် စဉ်းစားတော်မူနိုင်ရန် အတွက် မကြာသေးမီက ဖြစ်ပျက်မှုများမှ ဓာတ်ပုံအချို့ကို ပို့ပေးလိုက်ပါသည် ဘုရား။

Please note that although Buddhist monks were among victims of the violence in central & western Burma, none of Muslim religious leaders were hurt during communal violence. I am forwarding a few photos from recent incidents for your info and consideration.

စင်စစ်တွင် မူစလင်ဆန့်ကျင်ရေး ဘုန်းကြီးဟု ခေါ်ဆိုခြင်းခံနေရသော ဦးဝီရသူ အပါအ၀င် ဦးဆောင် ဦးရွက် ပြုသည့် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် မြန်မာဗုဒ္ဓဘာသာ ဒေသခံများသည် မူစလင်များကို ကာကွယ်ပေးခဲ့ကြပြီး လက်နက်ကိုင် လူအုပ်များအတွင်း ပိတ်မိနေသော မူစလင် ရာပေါင်းများစွာအား ကယ်ထုတ်ခြင်းကိုပင် ပြုခဲ့ကြပါသည်ဘုရား။ သူတို့သည် မူစလင်များကို ဘေးလွတ်ရာသို့ ကယ်ဆယ် ခေါ်ဆောင်လာကြပြီးလျှင် ယနေ့တိုင်အောင် အစာရေစာ ထောက်ပံ့မှုများ ပြုလျှက် ရှိပါသည်ဘုရား။ အချို့သော မူစလင်များကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံခွင့်ကိုပင် ပေးထားပါသည်ဘုရား။ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် (ရန်ကုန်မြို့အနီးရှိ) ဥက္ကံမြို့တွင် နောက်ဆုံးပေါ်ပေါက်လာသည့် မူစလင် ဘေးဒုက္ခခံစားရသူများကို အစားအစာနှင့် အခြား အထောက်အကူများ ပေးလျှက်ရှိပြီး အချို့ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် ခိုလှုံခွင့်ပေးလျှက် ဗုဒ္ဓဘာသာ ရဟန်းတော်များက ကာကွယ် စောင့်ရှောက်နေကြပါသည် ဘုရား။

In fact, leading Burmese Buddhist monks including so called anti-Muslim monk U Withura and local Burmese Buddhist residents protected Muslims, they even rescued several hundred Muslims trapped by armed mobs. They brought rescued Muslims to safety and providing the food & water until today. Some Muslims were even provided shelters at the Buddhist Monasteries. Buddhist Monks are providing food and other assistance to latest Muslim victims in Okkan (near Rangoon); some were sheltered in a Buddhist monastery and protected by Buddhist monks.

တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူမျိုးများသည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာအောင် နေထိုင်လျှက်ရှိနေကြရာ အများအပြားမှာ ကံမကောင်း အကြောင်းမလှစွာဖြင့် သူတို့၏ ကိုယ်ပိုင် ဇာတိမြေတွင် ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုး မူစလင်များကြောင့် (တိဗက်မြေတွင် တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် တရုတ် ကွန်မြူနစ်များ ကဲ့သို့ အလားတူ အနေအထား မျိုးဖြင့်) ဘေးဒုက္ခ ကြုံတွေ့ ခံစားရသူများ ဖြစ်လျှက် ရှိနေကြပါသည် ဘုရား။ ယခုအခါတွင် ရိုဟင်ဂျာများဟု ဆိုကြသော ဘင်္ဂလီ မူစလင်များသည် (ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်နေသည့်) မြန်မာနိုင်ငံ အနောက်ပိုင်း မြို့နယ်များတွင် လူဦးရေ၏ ၉၅% ရှိနေပြီး မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင်များမှာ ယခုအခါ စုစုပေါင်း လူဦးရေ၏ ၅%ထက် နည်းပါးလျှက် ရှိနေပါသည် ဘုရား။

Indigenous Buddhists ethnic people are living in the Western Burma for thousands of years, unfortunately many were victims at their own home land by invading Bengali Muslims (similar to Tibetan Buddhists and Chinese Communists in Tibet land). Now, Bengali Muslims so called Rohingya represents 95% of the population in Western Burma townships (border with Bangladesh); native Buddhists are now less than 5% of the total population.

တပည့်တော်တို့သည် အရှင်ဘုရား၏ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ဆန့်ကျင်သော မှတ်ချက် စကားများသည် မှန်ကန်မှုမရှိဘဲ မျှတမှုကင်းမဲ့ကာ အကြောင်းယုတ္တိမခိုင်မာကြောင်း တွေ့ရှိရပါသည် ဘုရား။ တပည့်တော်တို့သည် ဘုန်းတော်ကြီးမားတော်မူသော အရှင်ဘုရား ကိုယ်တိုင်ထံမှ ထိုသို့သော မှန်ကန်မှု မရှိသည့် သတင်းများနှင့် မှတ်ချက်စကားများ ထွက်လာသည်ကို ဖတ်ရှုရခြင်းကြောင့် အလွန်အမင်း ၀မ်းနည်း နာကြင်ရပါသည် ဘုရား။

We found that your comments against Burmese Buddhist Monks are incorrect, unfair and unjust. We are very sad and painful to read those incorrect news and comments especially from the His Holiness.
မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ရှုံချပြစ်တင်ထားသည့် အရှင်ဘုရား၏ မှတ်ချက်စကားများ ကို ပြန်လည်ရုပ်သိမ်းတော် မူပေးပါရန် တပည့်တော်တို့က တလေးတစား မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

We respectfully would like to request you to withdraw your comments on denouncing the Burmese Buddhist Monks.

အရှင်ဘုရား အနေဖြင့် ထပ်လောင်းသိလိုသော သတင်းအချက်အလက်များ ရှိပါက တပည့်တော်ထံသို့ အချိန်အခါမရွေး ဆက်သွယ်တော်မူပါဘုရား။

Please feel free to contact me if you require additional information.
ရိုသေလေးမြတ်စွာဖြင့်
Respectfully,
အရှင် ကောဝိဒ

ဥက္ကဌဆရာတော်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး (ကနေဒါနိုင်ငံ)
နယူးယောက်မြို့၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး ဌာနချုပ်၏ ဒုတိယ ဥက္ကဌဟောင်း

Ven. Ashin Kawwida
President, International Burmese Monks Organization (Canada), Past Vice President of the International Burmese Monks Organization head quarter in New York
Email: ukwd2004@yahoo.ca

From: OPP

မဟာဆန်မုန်တိုင်း ၄၈ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းဆီ ပြန်လှည့်လာနိုင်

Posted by drmyochit Saturday, May 11, 2013, under | No comments


မန္တလေး၊ မေ ၁၁

အိန္ဒိယ မိုးလေ၀သဌာနရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ မဟာဆန် မုန်တိုင်း (ယခင်-၀မ်း)ဟာ လတ်တလော အခြေအနေမှာ အနောက်မြောက်ဘက်ဆီ ဦးတည်ရွေ့ လျားနေ ရာ က နောက်ထပ် ၄၈ နာရီအတွင်း အရှေ့မြောက်ဘက်ကို ပြန်လှည့်ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုး တန်းဆီ ဦးတည် သွားနိုင်ကြောင်း သိရပါတယ်။

ဒီကနေ့ မဟာဆန်ရဲ့ လေတိုက်နှုန်းဟာ ၁ နာရီ မိုင် ၅၀ ကျော်ရှိရာက မနက်ဖြန် မေ ၁၂ ရက်မှာ ၁ နာရီ ၇၅ မိုင် အထိ၊ မေ ၁၃၊ ၁၄၊ ၁၅ ရက်များမှာ ၁ နာရီ မိုင် ၉၀ အထိ ပြင်းထန်လာနိုင်ပြီး၊ ကုန်းတွင်းပိုင်းကို မေ ၁၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဗဇားခရိုင်ဆီ ဦးတည်ဝင်ရောက်နိုင်ကြောင်း၊ ရခိုင်ပြည်နယ် မြောက် ပိုင်းဒေ သများလည်း မုန်တိုင်းရဲ့ ရိုက်ခတ်မှုကို ခံရနိုင်ကြောင်း သိရပါတယ်။

မြန်မာဓိက

အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ

Posted by drmyochit Saturday, May 11, 2013, under | No comments


ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ ရှိနေ

ဆိုင် ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အကြား ရှိနေကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ကော့သောင်းမြို့၏ အaနာက်တောင်ဘက် မိုင် ၅၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး မုန်တိုင်း၏ ဗဟိုချက်တွင် လေတိုက်နှုန်းမှာ တစ်နာ ရီလျှင် မိုင် ၅၀ မှ ၆၀ အကြား ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိ ရသည်။

မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ရှိခဲ့ရာမှ မေလ ၁၀ ရက်နေ့တွင် အပူ ပိုင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ယင်း အပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာခဲ့ကာ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အမည်ပေး မုန်တိုင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းအမည်မှာ မဟာစင်ဖြစ်သည်။ မဟာစင်ဟူသော အမည်ကို သီရိ လင်္ကာနိုင်ငံက ပေးထားခြင်း ဖြစ်သည်။

လက်ရှိ ကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ် ပါက ပိုမို သတိပြုရလေ့ ရှိသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သောနိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ် တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ် တွင် ဂီရိတို့ ဖြစ်သည်။ ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေ အပျောက် အများဆုံးနှင့် ပျက်စီးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့သည်။

Eleven 

မုန်တိုင်းသတိပေးချက်

Posted by drmyochit Saturday, May 11, 2013, under | No comments



ဘင်္ဂလားပင်လယ်အော်ခြေအနေ

မေလ ၁၁ ရက် ၂၀၁၃

၂၀၁၃ခုနှစ်၊ မေလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့ မြန်မာ စံတော်ချိန် (၁၂း၃၀) နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်း တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် ပိုမို အားကောင်း လာကာ ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) အဖြစ်သို့ေ ရာက်ရှိ ခဲ့ပြီး မြန်မာနိုင်ငံ (ကော့သောင်းမြို့)၏ အနောက်တောင် ဘက်မိုင် (၅၁၀)ခန့် အကွာ ပင်လယ်ပြင် ကှို ဗဟိုပြုနေ ပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်မြောက် ဘက်သို့ ဆက် လက်ရွေ့ လျားပြီး၊ မုန်တိုင်း ဗဟိုချက် အနီး တွင် အမြင့် ဆုံးလေ တိုက် နှုန်းမှာ မိုင်(၅၀)မှမိုင်(၆၀) အထိ ရှိ နိုင်ပါသည်။မဟာစင် (MAHASEN) ဆိုင် ကလုန် မုန်တိုင်း သည် နောက်(၂၄)နာရီ အတွင်း ပိုမို အားကောင်း လာနိုင်ပြီး၊ အားကောင်းသော ဆိုင် ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိ နိုင်ပါသည်။

ဆိုင်က လုန်းမုန် တိုင်း၏ အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တကွေ့၊မွန် တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန် ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။မိုးသက် လေပြင်း ကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင်မိုင် (၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ် နိုင်ပါသည်။

ဆိုင်က လုန်းမုန်တိုင်း၏ လက်ရှိ အခြေ အနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်းမေလ (၁၃) ရက်နေ့ မွန်လွဲ ပိုင်းမှ စတင်ပြီး အရှေ့ မြောက်ဘက် သို့ကွေ့ လျက်မေလ (၁၆)ရက်နေ့ နံနက်ပိုင်း ခန့်တွင် မြန်မာ နိုင်ငံ (ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်း ရပါသည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊သင်္ဘော များ အနေဖြင့်မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြု အပ်ပါသည်။

ကိုးကား ၊ မိုးဇလ

အမျိုးသမီး တစ်ဦးအား အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့

Posted by drmyochit Saturday, May 11, 2013, under | No comments


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပြိုကျသွားသည့် အဆောက်အအုံကြီး အောက်၌ (၁၇)ရက်ကြာ ပိတ်မိနေသည့် အမျိုးသမီး တစ်ဦးအား အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်လက ဒါကာမြို့တော်တွင် ဖြစ်ပွားသည့် (၈)ထပ် အဆောက်အအုံ ပြိုကျမှုအတွင်း လူပေါင်း (၁၀၀၀)ကျော် သေဆုံးခဲ့သော်လည်း အဆိုပါ အမျိုးသမီးမှာမူ ကံကောင်း ထောက်မစွာဖြင့် အပျက်အစီးများ အောက်တွင် မသေမပျောက် ဆက်လက် ရှင်သန်နေခဲ့သည်။ အဆောက်အအုံ နေရာဟောင်းမှ အပျက်အစီးများကို ဖယ်ရှားရင်း နေ့စဉ်နေ့တိုင်း အလောင်းများသာ သယ်ထုတ်နေရသည့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် အသက်ရှင်လျှက် လူတစ်ဦးကို ပြန်လည် တွေ့ရှိခဲ့သည့်နောက် တအံ့တဩ ဖြစ်ခဲ့ကြရသည်။
စစ်ဘက်ဆိုင်ရာ အရာရှိများက လူတစ်ဦး အသက်ရှင်လျှက် ရှိနေသေးသည့် အနေအထားကို တွေ့မြင် ရသည့် နောက် ဘူဒိုဇာများ၊ ကရိန်းများဖြင့် အပျက်အစီးများကို ရှင်းလင်းနေခြင်းအား ချက်ချင်း ရပ်ဆိုင်းရန် အမိန့် ပေး ခဲ့သည်။ အမျိုးသမီးသည် လက်ကျန် အားအင် ယဲ့ယဲ့ဖြင့် လက်ဝှေ့ယမ်းပြကာ ကယ်ဆယ်ရေး များကို သူမ အသက်ရှိနေဆဲ ဖြစ်ကြောင်း ပြသအသိပေးခဲ့သည်။ ထို့နောက် ကယ်ဆယ်ရေးများသည် သူမ ကို ပိတ်ဆို့ထားသည့် အနီးဝန်းကျင်မှ အပျက်အစီးများကို လွှများဖြင့် တိုက်ဖျက်ခဲ့သလို လွန်ပူများဖြင့် ဖောက် ထွင်းခဲ့ကြသည်။ ထို့အပြင် သံတန်းများကိုလည်း ဂဟေစက်ဖြင့် ဖြတ်တောက်ခဲ့ကြသည်။
ထိုအတောအတွင်း အမျိုးသမီးအတွက် အောက်စီဂျင်ဘူး အငယ်စား တစ်ခုကိုလည်း ယူဆောင်လာပေးပြီး ရှူရှိုက် စေခဲ့ကြောင်း သိရှိရသည်။ ကယ်ဆယ်ရေးများသည် အဆိုပါ နေရာမှ အပျက်အစီးများကို ဧပြီလ (၂၄) ရက်နေ့ ကတည်းက ရှင်းလင်းမှုများ ပြုလုပ်လာခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း အသေအပျောက် စာရင်း သည် (၁၀၀၀)ကျော်နေပြီ ဖြစ်သလို တဖြည်းဖြည်းလည်း ဆက်လက်မြင့်တက် လာနေကာ ဒဏ်ရာရသူ အရေ အတွက် လည်း (၂၅၀၀)ကျော် ရှိနေသည်။ ရှင်းလင်းမှုများ ဆောင်ရွက်နေစဉ် အတောအတွင်း ယခု အမျိုး သမီးမှ လွဲ၍ မည်သူ့ကိုမျှ အသက်ရှင်လျှက် မတွေ့ရှိခဲ့ကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

ရွှေမှုံရတီရဲ့ ဖြေရှင်းချက်နဲ့ “မျက်လုံးလေး ကလယ်ကလယ်”

Posted by drmyochit Saturday, May 11, 2013, under | 1 comment


 သရုပ်ဆောင် ရွှေမှုံရတီ (ဓာတ်ပုံ- နဒီထိုက်)

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထွက်ရှိပြီး တပတ်ကျော် အကြာမှာ မြန်မာ ပရိတ်သတ်တွေရဲ့ ဝေဖန် သံတွေ အတော် ထွက်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသူလေး တယောက်ကို လိင်အသားပေး ဇာတ်ဝင် ခန်းများ ရိုက်သင့်သလား၊ မြန်မာဇာတ်ကားတွေက ဒီလိုဖြစ်ကုန်ပြီလား၊ ဒီအခန်းတွေက မပါ သင့်ဘူး ဆိုတဲ့ ဝေဖန်သံတွေ ကြားလာရပါတယ်။ ဇာတ်ကားထဲမှာ ရွှေမှုန်ရတီက နေဆန်းနဲ့ စိုးမြတ် သူဇာ တို့ရဲ့ ၄ နှစ်အရွယ် ကလေးကို ထိန်းပေးတဲ့အိမ်မှာ ရွှေမှုံရတီရဲ့ ချစ်သူ ညီထွဋ်ခေါင်ရောက်လာပြီး ချစ်သူ ချင်း နမ်းတဲ့ ဇာတ်ဝင်ခန်း၊ နေတိုး စိတ်ဖောက် ပြန်ပြီး ရွေမှုံရတီကို အလို မတူဘဲ သားမယား ပြုကျင့် ခန်း တွေ ကြောင့် ဝေဖန်ရေးတွေ လှိုင်းထ သွားခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင် ရွှေမှုံ ရတီက ဧရာဝတီကို ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ရတာလို့ ပြောပါတယ်။

မေး။     ။ မျက်လုံးလေး ကလယ်ကလယ်နဲ့ ပတ်သက်ပြီး လူတွေ တော်တော်ပြောနေကြတယ်။ ရွှေမှုံ ဘာ ပြော ချင်ပါလဲ။

ဖြေ။      ။ အဲဒါ ရွှေမှုံလဲ မသိဘူး။ ကိုယ့်ကို မနာလိုတဲ့လူလည်း ဖြစ်ချင်ဖြစ်မှာပါ။ အကျင့်ယုတ်တဲ့ လူက အင်တာ နက်မှာ တင်လိုက်တာ။ ဒီလို ရိုက်တဲ့ပုံစံကို တလောကလုံး သိသလို ပရိတ်သတ် အားလုံးလည်း သိ တယ်။ ပရိတ်သတ် တွေက နားလည်တယ်။ အဲဒါကို အကျင့် ယုတ်တဲ့ သူက လုပ်တော့ ပရိတ်သတ် လည်း နည်းနည်း ခေါင်းစားစရာ ဖြစ်လာတယ်။ သဏ္ဍာန်လုပ် သရုပ်တူတဲ့။ ကိုယ်က တူအောင် သရုပ် ဆောင် ရတာ။ တကယ်မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ သရုပ်ဆောင်ရင် Mood သွင်းရတယ်။ ကိုယ့်ရဲ့ သဘာဝ စိတ်ရယ်၊ ကိုယ်မဟုတ်တဲ့ ဇာတ်ကောင်ရဲ့ စိတ်ရယ်ကို သွင်းရတာလေ။ ဒီလိုလုပ်တာ ဒါရိုက်တာ ကို သော်လည်းကောင်း၊ မင်းသားကိုသော်လည်းကောင်း၊ မင်းသမီးကိုသော်လည်းကောင်း အကျင့် ယုတ်ချင် လို့ကို လုပ်တာပါ။ ရွှေမှုံတို့ဘက်မှာရှိတဲ့ ပရိတ်သတ်တွေက အများကြီးပါ။ ဒါ လိမ်ရိုက် ထားတယ် ဆိုတာ လူတိုင်းသိနေတာပဲ။

မေး။     ။ ဒီလိုဖြစ်သွားတော့ ဒီကားက ပိုပေါက်သွားတယ် မဟုတ်လား။

ဖြေ။     ။ ဒီကားက ပေါက်တယ်။ ရွှေမှုံ ကတော့ ဘာမှဖြေရှင်းမနေဘူး။ လိပ်ပြာသန့်တယ်။ ဒါရိုက် တာရယ်၊ မင်းသမီးရယ်၊ မင်းသားရယ် ၃ ယောက်တည်း ရိုက်ထားတဲ့ဇာတ်ကား မဟုတ်ဘူး။ လူအယောက် ပေါင်း ၃၀ ကျော်ရှိတဲ့ ရိုက်ကွင်းမှာ ရိုက်တာလေ။  ဒါရိုက်တာ ခိုင်းသမျှ မလုပ်တတ်ဘူးဆိုတာ မရှိအောင် ရွှေမှုံ ကြိုးကြိုးစားစား လုပ်တယ်။

မေး။    ။ ဒီလို ဇာတ်ကားကို ရိုက်ဖို့ ကိုလူမင်းက သင်ပေးးတာလား။

ဖြေ။     ။ အဲလိုတော့ မရှိပါဘူး။ ရိုက်ကွင်းတခုကို ရောက်သွားတယ်။ ဒါရိုက်တာက ဒီလိုဇာတ်ဝင်ခန်းမျိုး လုပ်ရဲ မလား မေးတယ်။ ဆရာရယ် ဘာလို့မလုပ်ရဲရမှာလဲလို့။ သရုပ်ဆောင်အသစ် တယောက်အနေနဲ့ လုပ်နိုင် မလား ဆိုတဲ့ စိတ်နဲ့ လုပ်ကြည့်တယ်။ အဆင်ပြေသွားတော့ ကောင်းတာပေါ့။ ပရိတ်သတ်တွေက အဲ့ လောက် မဆိုးရွားဘူး။ နားလည်တယ်။

ဒါရိုက်တာက ခိုင်းတာဆိုတော့ ဒီဇာတ်ဝင်ခန်းမျိုးက လိုအပ်လို့ကို ထည့်ရတာပေါ့။ ပရိတ်သတ် တွေ အမြင် က ကလေးလေးကို ဘာလို့ခိုင်းတာလဲပေါ့။ ဒါရိုက်တာကို အပြစ်တင်ကြတယ်။ ရွှေမှုံကိုတော့ သိပ်အပြစ် မပြော ကြဘူး။ ရွေမှုံကတော့ ဒါရိုက်တာကိုပဲ အားနာတယ်။ သူက ခိုင်းတယ်ဆိုပေမယ့် ဒီဇာတ် ဒီဖရိန်က မလွဲမ သွေလုပ်ရမှာမို့  သူလည်းခိုင်းတာ။ သူတို့လည်း အဲ့ဒီအခန်းကို ရိုက်ဖို့ အရမ်းအားနာကြတယ်။ ဇာတ် သဘော အရ ရိုက်ရတာ ရွှေမှုံကို ထပ်ခါထပ်ခါမေးပြီးမှ ရိုက်တာပါ။ ငါ ဒါရိုက်တာ ဒီပုံစံ ရိုက်ရမယ် ဆိုပြီး ရိုက်ခိုင်းတာ မဟုတ်ဘူး။ ဘာဖြစ်ချင်လို့ ဒါတွေကို အပြစ်တင်နေကြမှန်းလည်း မသိလို့ပါ။

မေး။     ။ ဒီ ဇာတ်ကားကို နယ်ဘက်တွေကရော လက်ခံကြပါ့မလား။

ဖြေ။     ။ နယ်က ကြိုက်တယ်။ ဇာတ်လမ်းအရ ဘယ်သူမှ မရိုက်ဘူးတဲ့ပုံစံ ရိုက်ထားတာ။ နယ်က လက်ခံ ကြပါ တယ်။ မနာလိုသူတယောက် လုပ်လိုက်လို့ ဒီလို ဖြစ်တာ။လုပ်နိုင်လည်း တရက်ပေါ့။ သူလုပ်လို့ လူတိုင်း ကြည့် ဖြစ်တယ်။ ဆိုင်တက်တာ များတယ်။ ရွှေမှုံ ဝမ်းသာတယ်။  ရွှေမှုံ သန့်သန့်ရှင်းရှင်းနေတာ လူတိုင်း သိတယ်။ ပရိတ်သတ်ကိုလည်း ယုံကြည်ပါလို့ ပြောချင်တယ်။

မေး။     ။ အနုပညာလောကထဲ စဝင်တော့ နေတိုး၊ ခန့်စည်သူ၊ ပြေတီဦး၊ မြင့်မြတ်၊ ဝိုင်း မင်းသား၅ ယောက် နဲ့ စာချုပ်ထားတယ်နော်။ အခုရော။

ဖြေ။     ။ မင်းသား ၅ ယောက်နဲ့ စာချုပ်တာ ၁ နှစ်ပြည့်သွားပြီ။ ၁ နှစ်အတွင်း မင်းသား ၅ ယောက်နဲ့ပဲ ဇာတ်ကား တွေ ရိုက်ရမယ်ပေါ့။ အခု ပြည့်သွားတော့ မင်းသားတွေက အနုပညာကြေးလည်း တိုးပေး တဲ့ အပြင် အဲ့ဒီ ၅ ယောက်နဲ့ သက်ဆိုင်တဲ့ တိုက်တွေမှာ ရိုက်ခွင့်ပေးထားတယ်။

မေး။     ။ ဘယ်မင်းသားနဲ့ ဖြစ်ဖြစ်လား။

ဖြေ။     ။ ဟုတ်ကဲ့။ မင်းသား ၅ ယောက် နဲ့ဆိုင်တဲ့ တိုက်က ရိုက်တဲ့ ဇာတ်ကားတွေမှာ ရိုက်ခွင့်ရှိတယ်။ အပြင်မင်း သားနဲ့လည်း ရိုက်ခွင့်ပေးတယ်။ ဆရာတွေက ရွှေမှုံ နစ်နာမှာ စိုးလို့။

မေး။     ။ အခု လက်ရှိ ပညာရေးကရော။

ဖြေ။     ။ ၁၀ တန်း ကျောင်းစာတွေ သင်နေပါတယ်။ ပညာရေးတော့ ဆုံးခန်းတိုင်အောင် လုပ်ရမှာပေါ့။ ဆရာဝန် တော့ မဖြစ်ချင်ဘူး၊ အပ်ကြောက်တယ်။ အင်ဂျင်နီယာတော့ ဖြစ်ချင်ပါတယ်။

ရွှေမှုံရတီဟာ ၇ တန်းကျောင်းသူဘဝက ဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်း တက်ရောက်ရင်း ၂၀၁၂ မှာ မင်း သား ၅ ဦးက မင်းသမီး ရှားပါးလို့ မင်းသမီး သစ် တင်မယ့် ရည်ရွယ် ချက်နဲ့ ရွှေမှုံရတီ၊ ယုသန္တာတင်၊ အိချော ပိုတို့ ၃ ဦးကို စာချုပ်နဲ့ စင်တင်ပေးခဲ့ပါတယ်။ လက်ရှိအနေအထားအရ မင်းသမီးသစ် ၃ ယောက် ထဲမှာ ရွှေမှုံရတီကို ဗီဒီယိုဇာတ်ကားတွေ၊ ဗီစီဒီတွေ၊ ကြော်ငြာတွေမှာ ပိုတွေ့နေရပါတယ်။

အကယ်ဒမီလူမင်းက သူတင်တဲ့မင်းသမီးကို နာမည်ကြီးအောင် ဒီလို သင်ပေးထားတာလား၊ ဒီဇာတ်ကားက လူမင်း ရဲ့ အကြံဥာဏ်တွေလားဆိုပြီး ဝေဖန်နေသူတွေကို သရုပ်ဆောင် လူမင်းက ”ကျနော် ဒီဇာတ် ကား ကို မကြည့်ရသေးပါဘူး။ မကြည့်ရသေးတဲ့အတွက် ဘယ်လိုအခြေအနေရှိလဲ မဝေဖန်နိုင်သေးပါဘူး။ ကျ နော် အခု တခုခုပြောလိုက်ရင် မှားသွားမှာစိုးလို့ ဘာမှ မပြောပါရစေနဲ့” လို့ ရုပ်ရှင် အစည်းအရုံး ဒု ဥက္ကဌလည်း ဖြစ်တဲ့ လူမင်းက ဧရာဝတီကို ပြောပါတယ်။

ဒီဇာတ်ကားကို ကြည့်ဖူးကြတဲ့ ပရိတ်သတ်တွေကတော့ ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူတွေလည်း ရှိနေပါ တယ်။ “ကောင်မလေး သရုပ်ဆောင်တာ ကြိုက်ပါတယ်။ အသစ်ထဲမှာ မဆိုးဘူးပေါ့။ ဒါပေမယ့် ခက် တာက မြန်မာကားဆိုပြီး ငှားကြည့်တယ်။ အိမ်မှာ မိသားစုနဲ့ ကြည့်မိတယ်။ ဒီလို ဇာတ်ဝင်ခန်းတွေ ပါလာ မယ်လို့ မထင်ဘူးလေ၊ ဇာတ်လမ်းက ဆန်းပါတယ်။ ခေတ်မီတယ်ဆိုရင်လည်း ဇာတ်လမ်းနဲ့ နေရာတွေ အရင် ခေတ်မီအောင်လုပ်ပါဦး။ ပြီးမှ ဒီလို အခန်းတွေအတွက် စဉ်းစားပေါ့ ” လို့ သင်္ဃန်းကျွန်းမြို့ လေးထောင့် ကန် ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်း မသဲသဲမြင့်မိုရ်ဦး ကပြောပါတယ်။

ဒီဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ဝင်းထွန်းထွန်းက “ကျနော်က ပုံစံတူဖြစ်နေတဲ့ လမ်းကြောင်းက ခွဲထွက် ချင်တဲ့ စိတ်နဲ့ ဖန်တီးခဲ့တာပါ။ ပရိတ်သတ် အမြင်တမျိုးဖြစ်မယ် ဆိုရင်လည်း ကျနော် စိတ် တကယ်ကို မကောင်း ပါဘူး။ စေတနာ အမှားပါ” လို့ သူ့ခံစားချက်ကို ပြောပါတယ်။

အဲ့ဒီဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိတဲ့ အောင်တိုင်းကျော် ထုတ်လုပ်ရေးကို ဈေးကွက်အတွင်း အနေအထား စုံစမ်းကြည့် တဲ့ အခါ ”နယ်မှာက သိပ်မကြိုက်ကြဘူး၊ ပုံစံပြောင်း ရိုက်ထားလို့လေ၊ ဒါပေမယ့် ရန်ကုန် မှာတော့ အဲ့ဒီဇာတ်ကားကို ပို အားပေးကြတယ်။ ကြိုက်ကြတယ်’” လို့ အောင်တိုင်းကျော်က ဧရာဝတီကို ပြောပါ တယ်။

“မျက်လုံး လေး ကလယ် ကလယ်” ဇာတ်ကားမှာ ဒါရိုက်တာ ဝင်းထွန်းထွန်း၊ သရုပ်ဆောင် နေတိုး၊ နေဆန်း၊ ညီထွဋ်ခေါင်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့ ပါဝင် သရုပ်ဆောင်ခဲ့ကြပြီး မေလ ၁ ရက်နေ့မှာ အောင် တိုင်းကျော် ဖြန့်ချိရေးကနေ ဖြန့်ချိထားပါတယ်။

နဒီထိုက်
ဧရာဝတီ 

Friday, May 10, 2013

အမျိုးသမီး ၃ ဦးကို ၁၀ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သူ သေဒဏ်ချမှတ်ခံရဖွယ်ရှိ

Posted by drmyochit Friday, May 10, 2013, under | No comments


အမေရိကန်နိုင်ငံ၊ ကလိဗ်လန်းတွင် အမျိုးသမီး (၃)ဦးကို ဆယ်စုတစ်စုကြာ ပြန်ပေးဆွဲ ချုပ်နှောင်ကာ လိင် ကျေးကျွန် အဖြစ် အသုံးချ ခဲ့သူ သံသယ တရားခံမှာ သေဒဏ်ကျခံရမည့် အခြေအနေထိ ရှိနေကြောင်း သတင်း များက ဖော်ပြ ခဲ့သည်။ အစိုးရ ရှေ့နေများသည် အမျိုးသမီး (၃)ဦးကို ဆယ်စုနှစ် တစ်ခုဝန်းကျင်မျှ မြေတိုက် ထဲ ဖမ်းဆီး ထားသည့် အတွက် ယခုအခါ ပြန်ပေးမှု၊ မုဒိမ်းမှုများနှင့် စွဲချက်တင်ခံထားရသော အေရီ ရယ်လ် ကက်စထရိုအား အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်နိုင်ရန် အစွမ်းကုန် ကြိုးစားလျှက် ရှိသည်။ အိုဟိုင် အိုပြည် နယ် အစိုးရ ရှေ့နေများက အေရီရယ်လ်သည် အမျိုးသမီးများကို အကြိမ်ကြိမ် ဆိုးရွားစွာ အနိုင် အထက် ပြုကျင့်သလို အမျိုးသမီးများ ကိုယ်ဝန် ရလာ ချိန်တွင် ဖျက် ချရန် ဖိအားပေး ခိုင်းစေ ခဲ့ကြောင်း လည်း စွပ်စွဲ ထားသည်။



(ဆယ်စုနှစ်တစ်စုကြာ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီး ၃ ဦး)

အစိုးရရှေ့နေ တင်မိုမီ မက်ဂင်တီက အသက်(၅၂)နှစ်ရှိ အေရီရယ်လ်အား ကိုယ်ဝန် ဖျက်ချ စေမှုများ အတွက် လူသတ်မှုနှင့် ပါ စွဲချက် တင် သင့်ပြီး သေဒဏ်ချမှတ်သင့်ကြောင်း ထောက်ပြခဲ့သည်။ "အချက် အလက် တွေကို အခြေခံကြည့်ရင် ကျွန်တော်ကတော့ လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှု၊ အဖမ်းခံထားရတဲ့ နေ့ တစ်နေ့ချင်း စီအတွက် အကျုံးဝင်နေမယ့် ပြန်ပေးမှု၊ ဆိုးရွားလွန်းတဲ့ အကြမ်းပတမ်း တိုက်ခိုက်မှုတွေအပြင် ကိုယ်ဝန် တွေကို ဖျက်ဆီးခဲ့တဲ့ လူသတ်မှုတွေ အတွက်ပါ အပြစ်ရှိတယ်လို့ စွပ်စွဲပါတယ်"ဟု သတင်း ထောက် များ အား ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော့် ဥပဒေ အကျိုးဆောင် အဖွဲ့ဟာ လက်ရှိ စွဲချက် တွေ ထက် ပိုမြှင့်တင်ပြီး သေဒဏ်အထိ ထိုက်တန်တဲ့ အခြေအနေအတွက် ကြိုးစားနေဆဲပါ"ဟုလည်း ဆက် လက် ပြောဆို သွားသည်။
 (အမျိုးသမီး ၃ ဦအား ဖမ်းဆီးချုပ်နှောင်ထားသည့် နေအိမ်)

အေရီ ရယ်လ်သည် (၂၀၀၂)ခုနှစ်မှ (၂၀၀၄)ခုနှစ်အတွင်း အာမန်ဒါဘယ်ရီ၊ ဂျီနာဒီဂျီးဆက်စ်နှင့် မစ်ချယ်လ် နိုက်တို့ (၃)ဦးကို ဖမ်းဆီးကာ ၎င်း၏ မြေတိုက်ခန်းတွင် ချုပ်နှောင်ထားပြီး လိင်ကျေးကျွန်အဖြစ် ခိုင်းစေ ခဲ့ သည်။ ထို့နောက် တွင်မှ ယခု သီတင်းပတ် အစောပိုင်းက အာမန်ဒါ ရုတ်တရက် လွတ်မြောက်လာကာ အိမ်နီး ချင်း တစ်ဦး၏ အကူအညီဖြင့် ရဲများထံ ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် အမှုနှင့် ပတ်သက် သော အကြောင်းအရာများကို အသေးစိတ် ဖော်ပြခြင်း မရှိရန် တာဝန်ရှိသူများက ဂရုစိုက် လုပ်ဆောင် နေကြသည်။

ကလိဗ်လန် ဒေသခံ သတင်းမီဒီယာများက အမျိုးသမီး တစ်ဦးသည် သူမအနေဖြင့် ကိုယ်ဝန်ပျက်ကျမှု (၅)ခါ ကြုံ ရပြီး အဓိက အကြောင်းရင်းမှာ ကိုယ်ဝန် မပျက်စီးမချင်း အေရီရယ်လ်က သူမ၏ ဗိုက်ကို လက် သီးဖြင့် ထိုးခဲ့၍ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဖော်ပြနေကြသည်။ ယင်းအချက်များကို ရဲတပ်ဖွဲ့က တစ်စုံ တစ်ရာ မှတ်ချက် မပေးသေးချေ။ APသတင်းဌာနက ရဲတပ်ဖွဲ့၏ မှတ်တမ်းအချို့ကို ကိုးကားပြီးနောက် အမျိုး သမီး များသည် သူမတို့ အဖမ်းခံထားရချိန်တွင် အငတ်ထားခြင်း၊ အကြိမ်ကြိမ် မုဒိမ်းကျင့်ခြင်းများကို ခံခဲ့ ရ သည်ဟု ထွက်ဆိုကြောင်း ဖော်ပြခဲ့သည်။ အဖမ်းခံရသူ အမျိုးသမီးများအနက် အာမန်ဒါသည် သမီးလေး တစ်ဦး ကို မွေးဖွားခဲ့ပြီး (၆)နှစ်အရွယ် ရှိနေပြီဟုလည်း သိရှိရသည်။ 

Source: LA Times
From: Planet 

ရေမွှေးကုမ္ပဏီအား ဆယ်လီနာ ဂိုမက်ဇ်က တန်ပြန် တရားစွဲဆို

Posted by drmyochit Friday, May 10, 2013, under | No comments


သူမကို သဘော တူညီမှု ဖောက်ဖျက်မှု အတွက် တရား စွဲ ထားသည့် ရေမွှေး ကုမ္ပဏီ တစ်ခုကို ဆယ်လီနာ ဂိုမက်ဇ် က တန်ပြန် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။ အမေရိကန် လူငယ် ဆယ်ကျော် သက် မင်း သမီးလေး သည် ရေမွှေးထုတ်လုပ်မှုတွင် သဘောတူညီမှု ဖောက်ဖျက်ခြင်းကြောင့် မိမိတို့ နစ်နာ ရကြောင်း ရေမွှေး လုပ်ငန်း Adrenalinaက စွပ်စွဲခဲ့သည့်နောက် ဂိုမက်ဇ်ကလည်း တုံ့ပြန်ကာ ယခု ကိစ္စ အတွက် မိမိ၏ ငွေရေး ကြေးရေး နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာ (၅.၂)သန်း ရယူလိုကြောင်း တုံ့ပြန် စွဲချက် တင် လိုက်ခြင်း ဖြစ်သည်။ Come And Get Itစတား အဆိုတော်မလေးသည် ယင်းအတွက် တရား ရုံး တစ်ခုတွင် အမှန် တကယ် စွဲချက် တင်သွင်းပြီး ဖြစ်ကြောင်း TMZက ဖော်ပြခဲ့သည်။

ရေမွှေးကုမ္ပဏီဘက်က ဂိုမက်ဇ်၏ အမည်ကို အသုံးပြုပြီး ရေမွှေးသစ် အမျိုးအစား တစ်ခု ထုတ်လုပ်ရန် ကမ်းလှမ်း မှုမှာ ဆွေးနွေး သဘောတူပြီးမှ ပျက်ပြယ်သွားသည့်အတွက် ဂိုမက်ဇ်ကို စတင် တရား စွဲ ခဲ့ခြင်း ဖြစ်ပြီး ဂိုမက်ဇ်ကလည်း တုံ့ပြန်ခဲ့သည်။ ဂိုမက်ဇ်၏ ရှေ့နေ မိုက်ကယ် ဝိန်းစတန်က Adrenalinaသည် Selena-Brand ရေမွှေးသစ် တစ်ခုအတွက် ရောင်းချရငွေမှ (၅)ရာခိုင်နှုန်း ပေးအပ်မည်ဟု သဘော တူညီ ထားပြီး ယင်း၏ အနိမ့်ဆုံး တန်ကြေး သတ်မှတ်ချက်သည် ဒေါ်လာ (၅.၂)သန်းရှိသည်ဟု ပြောဆို ထားကြောင်း သိရှိရသည်။ 

Source: FemaleFirst
From: Planet  

သံပုရာသီးနှင့် လေးညှင်းပွင့်ကို အသုံးပြု၍ ခြင်ပြေးအောင် လုပ်နည်း

Posted by drmyochit Friday, May 10, 2013, under | No comments




ဘော်ဘော် တို့ရေ...မိုးလေး က တဖြိုက် နှစ်ဖြိုက်ဆိုတော့ ..ခြင်တွေ ကိုက်ခံ ထိရောပေါ့ ။

ခြင်ဆေး ခွေ ..သုံးရင် ..အစစရာအရာရာ ..စိုးရိမ်နေရသေးတယ် ။ 

ခြင်တွေ အော်ကြောလန် အောင်ပြေးမယ့်..ဒီနည်းလမ်း လေး က စိတ်ဝင်စားစရာပဲ ။

ပုံမှာတွေ့တဲ့ အတိုင်း... သံပုရာသီး ကို တခြမ်း ..ခြမ်း..ပြီးတော့ လေညှင်းပွင့်လေးတွေ ကို ..အပေါ် မှာ ..အရိုး တံ ကနေ သံပုရာသီးခြမ်း မျက်နှာပြင်ပေါ်မှာစိုက် ။ 

သံပုရာ နွမ်းရင် တော့ ..နောက် အသစ် တစ်လုံး ..လဲဖို့ မမေ့နဲ့ အုံး..။ ^___^ 

မိုးဦးရာသီ မို့ ..လူကြီးရော .. ခလေးပါ ..သွေးလွန်တုတ်ကွေး..အလွယ်တကူဖြစ်စေနိုင်ပါတယ် ။

ဒီနည်း လေး ကို ....စမ်းကြည့်ကြပါလား။ 
ပိုက်ဆံ လည်း ..အများကြီး..သုံးစရာ ..မလိုဘူးလေနော့ ။ 

Credit: useful info ^__^ 


EFFECTIVE method of keeping mosquitoes at bay! Simply slice a lime in half and
press in a good amount of cloves for an ALL NATURAL mosquito repellent...

From: OPP 

အိန္ဒိယဘုရင်ရုပ်ကြွင်း ရန်ကုန်တွင်ဆက်ထားမည်

Posted by drmyochit Friday, May 10, 2013, under | No comments


ရန်ကုန်၊ မေ ၉

ရန်ကုန်မြို့တော်တွင် ရှိသည့် အိန္ဒိယနိုင်ငံ မဂိုအင်ပါယာ၏ နောက်ဆုံးဘုရင်ဖြစ်သော ဘဟာဒူး ရှားဇဘား ၏ ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံသို့ ပြန်လည် သယ်ဆောင်မည် မဟုတ်ဘဲ မြန်မာနိုင်ငံတွင် သာ ဆက်လက် ထားရှိ သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး H.E. Mr. Sailas Thangal က The Voice သို့ ပြောကြားသည်။

အိန္ဒိယအခြေစိုက် သတင်းမီဒီယာများတွင် ပျံ့နှံ့နေသော အိန္ဒိယနိုင်ငံရေး ပါတီများက မြန်မာနိုင်ငံတွင် ရှိသော အိန္ဒိယ ဘုရင်၏ရုပ်ကြွင်းကို ပြန်လည် တောင်းဆိုသွားမည်ဟု သတင်းများ ထွက်ပေါ်နေမှုကို ၄င်းက ယင်း သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းရုပ်ကြွင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်နှင့် ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ကြောင်း၊ ယင်း အပြင် နှစ်ပေါင်း ၁၀၀ ကျော်ကြာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို အင်္ဂလိပ်အစိုးရက ကိုလိုနီပြုခဲ့သည်ကို ထင်ဟပ် စေသည့် အမှတ်အသားလည်း ဖြစ်ကြောင်း၊ ယင်းကြောင့် အိန္ဒိယအစိုးရ အနေနှင့် မြန်မာနိုင်ငံမှ အိန္ဒိယ ဘုရင် ရုပ်ကြွင်းကို ပြန်လည်သယ်ဆောင်ရန် အစီအစဉ် လုံးဝမရှိကြောင်း ၄င်းက ထုတ်ဖော် ပြောကြား သည်။

အိန္ဒိယနိုင်ငံကလည်း မြန်မာဘုရင် သီပေါမင်း၏ ရုပ်ကြွင်းကို နှစ်နိုင်ငံချစ်ကြည်ရေး အမွေအနှစ် တစ်ခု အဖြစ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အိန္ဒိယနိုင်ငံ၏ အင်အားကြီး ပါတီတစ်ခုဖြစ်သော BJP ပါတီ ခေါင်းဆောင် Sushma Swaraf က အိန္ဒိယ နိုင်ငံကို ကိုလိုနီလက်အောက် သို့ မရောက်အောင် တိုက်ပွဲဝင် ခဲ့သော အိန္ဒိယနိုင်ငံ၏ နောက်ဆုံး ဘုရင် ရုပ်ကြွင်း ကို ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်ခြင်းသည် နိုင်ငံသားများက ပေးဆပ်သော အကောင်းဆုံး ဂုဏ်ပြု မှုဖြစ် သည်ဟု ပြောကြားကြောင်း အိန္ဒိယသတင်း မီဒီယာများတွင် ဖော်ပြလျက် ရှိသည်။

အိန္ဒိယနိုင်ငံကို ၁၈၅၇ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အင်္ဂလိပ်အစိုးရက သိမ်းပိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံ မဂို အင်ပါ ယာ၏ နောက်ဆုံးဘုရင်ဖြစ်သော ဘဟာဒူးရှားဇဘား ကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာခဲ့ ခြင်းဖြစ် သည်။

ယင်းအထိမ်းအမှတ် နေ့တွင် အိန္ဒိယနိုင်ငံရှိ ပါတီအချို့ စုပေါင်းကာ ဆုတောင်း ပွဲများ တစ်နေကုန်ပြုလုပ်၍ အစိုး ရထံ ရုပ်ကြွင်းပြန်လည် တောင်းဆိုရန် အဆိုပြု မည်ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြ ထား သည်။

အိန္ဒိယဘုရင် ဘဟာဒူးရှားဇဘားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်သို့ အင်္ဂလိပ် အစိုးရက ခေါ်ဆောင် လာခဲ့ ၍ နေထိုင်လာခဲ့ရာမှ ၁၈၆၂ ခုနှစ် (အသက် ၈၇ နှစ်) တွင် ရန်ကုန်မြို့၌ပင် ကွယ်လွန်ခဲ့ပြီး အမှတ် ၆ ဇီဝက လမ်း၊ ရွှေတိဂုံဘုရားလမ်း အနီးတွင် ၄င်း၏ ရုပ်ကလာပ်ကို မြှုပ်နှံသင်္ဂြိုဟ်၍ အထိမ်းအမှတ်ဗိမာန် တည်ဆောက် ခဲ့သည်။

အလား တူပင် မြန်မာဘုရင် သီပေါမင်း၏ အရိုးအိုးကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ရန် ၂၀၁၂ ခုနှစ် ဇူလိုင် လ ကုန်ပိုင်းက အမျိုးသားလွှတ်တော်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း ဆွေက အဆိုတင်သွင်းခဲ့ပြီး ၄င်းကိုယ်တိုင်ပင် ရုပ်သိမ်းခဲ့သည်။

The Voice Weekly 

ဒက္ကား အထည်ချုပ်စက်ရုံ အပျက်အစီးကြားမှ နောက်ထပ် အလောင်း ၁၂၀တွေ့ရှိ၊ သေဆုံးသူ ၉၉၆ ဦးရှိသွားပြီ

Posted by drmyochit Friday, May 10, 2013, under | No comments



မေလ (၉) ရက် ယမန်နေ့ တစ်နေ့တည်းတွင် ဒက္ကားမြို့ အထည်အချုပ်စက်ရုံ အပျက်အစီးများ ကြားထဲမှ သေဆုံးသူ အလောင်း ၁၂၀ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၉၉၆ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။

ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့သော အလောင်းများမှာ မည်သူ မည်ဝါ ဖြစ်သည်ကို မှတ်မိနိုင်ခြင်း မရှိတော့ကြောင်း ကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။

သေဆုံးသူများ၏ ID ကဒ်များနှင့် လက်ကိုင် မိုဘိုင်းဖုံးများမှာလည်း အနီးအနားများတွင် မရှိတော့ရာမှ  သေဆုံး သူများမှာ မည်သူ မည်ဝါဖြစ်သည်ကို သိရှိနိုင်ခြင်း မရှိတော့ကြောင်း သူတို့က ဆိုသည်။

သေဆုံး အလောင်းများကို မှတ်မိနိုင်ခြင်း မရှိတော့သဖြင့် ကျန်နေခဲ့သူ မိသားစုများသို့ အလောင်းများ လွှဲပြောင်း ပေးရန် လည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆောက် အအုံ ပြိုကျပြီး ၁၆ ရက်မြောက်နေ့တွင် အလောင်း ၁၂၀ ကို တစ်နေ့တည်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ် သည်။

ရှစ်ထပ် အဆောက်အအုံ Rana Palaza ပြိုကျမူကြောင့် လူပေါင်း ၁၀၀၀ ကျော်ထိ သေဆုံးနိုင်ဖွယ်ရှိနေပြီး အလောင်း များကို ကယ်ဆယ်ရေး လုပ်သားများက ဆက်လက် ရှာဖွေနေတုန်း ဖြစ်ကြောင်း သိရသည်။

From: narinjara 

သံဃာတော် ၁၂ ပါး ဆွမ်းဘုဉ်းပေးပြီး အစာအဆိပ်သင့်

Posted by drmyochit Friday, May 10, 2013, under | No comments


မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် အမှတ် (၂)နယ်မြေ၊ နီးပါးတန်း ရပ်ကွက်ရှိ ဘေးလုံ ပရိ ယတ္တိ စာသင် တိုက်တွင် မေလ ၈ ရက်နံနက်ပိုင်းက သံဃာတော် ၁၂ ပါးနှင့် လူ ၃ ဦး အစာ အဆိပ် သင့်မှု ဖြစ်ပွား ခဲ့သည်။

စာသင်တိုက်တွင် ပြုလုပ်သည့် အလှူမှ ကျွေးမွေးသော ကြက်သား ဒံပေါက်နှင့် ချည်ရည်ဟင်း၊ ငါးပိ ကြော်တို့ကို နံနက် ၅နာရီအချိန်ခန့် က အရုဏ်ဆွမ်းဘုဉ်းပေးပြီး ၄၅ မိနစ်ခန့်အကြာတွင် သံဃာ ၁၂ ပါးနှင့် စားသုံး မိသူ သုံးဦးတို့ အော့အန်ခြင်း၊ မူးဝေခြင်း၊ ၀မ်းလျှောခြင်းဖြစ်ပေါ်ကာ တံတားဦး
မြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း ကျောင်းတိုက်မှ စာချဆရာတော် ဦးပဏ္ဍိစ္စက မိန့်ကြားသည်။ 

“ငါးပါးကတော့ လိုအပ်တာတွေ ကုသပြီး နေ့ချင်းဆင်းလာတယ်။ ကျန်တဲ့ ခုနစ်ပါးကတော့ (မေ ၁၀ ရက်) လောက် ကျရင် ဆင်းရမယ် ပြောတယ်။ လူသုံးယောက်ကတော့ ဒီနေ့ဆင်းခွင့်ရမယ်ကြားတယ်။ စိုး ရိမ်စရာ အခြေ အနေ မရှိ တော့ပါဘူး"ဟု ဆရာတော်က မိန့်ကြားသည်။

အလှူရှင်ဆွေမျိုးများအပါအ၀င် ကျောင်းတိုက်အတွင်းရှိ သံဃာအချို့နှင့် အလှူလာဧည့်သည်အချို့ မူးဝေ အော့ အန်ကာ အစာအဆိပ်သင့်ဒဏ်ကို ခံစားခဲ့ရကြောင်း၊ ဆေးရုံတက်ကုသရသည့် အခြေအနေမ ရောက် ခဲ့ ကြောင်း ကိုယ်တွေ့ကြုံခဲ့ သည့် ဆရာတော်အချို့က မိန့်ကြားသည်။ ဆေးရုံတက်သံဃာများတွင် ပထမပြန် စာမေးပွဲ ဖြေဆို နေသည့် သံဃာ ငါးပါးပါဝင်သဖြင့် စာမေးပွဲကို ရပ်ဆိုင်းလိုက်ရကြောင်း ဆရာ တော်က မိန့်ကြားသည်။

“ကျောင်းကအသက် ကိုးနှစ် လောက်ပဲရှိသေးတဲ့ ကိုရင်လေးဆို ပါးစပ်ထဲက အရည်တွေထွက်လာတယ်။ ဆေးတွေ လိုပဲ နံလည်းနံတယ်”ဟု ယင်းကျောင်းမှ ဆရာတော် ဦးဝိမလက မိန့်ကြားသည်။

တံတားဦးမြို့နယ် ဆေးရုံအုပ် ကြီးက ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားခြင်း မပြုပေ။ တံတားဦး မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး ရုံးနှင့် မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီး ဌာန တို့ထံမှ လည်း အတည်ပြု ချက်မရပေ။

7Day News Journal 

ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်မှ ရင်နင့်ဖွယ် စုံတွဲအလောင်း

Posted by drmyochit Friday, May 10, 2013, under | No comments


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွား ခဲ့သည့် အဆောက် အအုံ ပြိုကျမှုကြီး အတွင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်း တစ်ခုသည် ရင်နင့်ခြောက်ခြားစရာ ဖြစ်လာခဲ့ရသည်။ အထည် ချုပ် စက်ရုံတစ်ခု အပါအဝင် ကုမ္ပဏီများ၊ ရုံးခန်းများ ဖွင့်လှစ်ထားသည့် (၈)ထပ် အဆောက် အအုံကြီး တစ်ခု ဒါကာမြို့တော်တွင် ပြိုကျခဲ့ရာ လူပေါင်းမြောက်မြားစွာ (ယနေ့အချိန်ထိ ၁၀၀၀ ကျော် သွားပြီ ဟု သတင်းများတွင် ဖော်ပြ) သေဆုံးခဲ့ရပြီး ယခုထိလည်း အပျက်အစီးများအောက်မှ အလောင်းများ ထွက်ပေါ် နေဆဲ ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်သားများသည် အပျက်အစီးများကို ဖယ်ရှားနေရင်း စုံတွဲတစ် တွဲ၏ အလောင်းကို တွေ့ရှိခဲ့ရာ နောက်ဆုံး အချိန်ထိ တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း အသက် ကုန်ခဲ့ ရှာကြောင်း ကြေကွဲဖွယ် သိရှိခဲ့ရသည်။

(တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း သေဆုံးခဲ့သည့် စုံတွဲ)

ဖုန်မှုန့်များ၊ သတ္တုစများ၊ အပျက်အစီးများ အောက်တွင် အမျိုးသမီး အလောင်းကို စတင် တွေ့ရှိခဲ့ရပြီး သူမ ကို တင်းကျပ်စွာ ပွေ့ဖက် ကာကွယ်ရင်း အတူတကွ သေဆုံးသွားသည့် အမျိုးသား၏ အလောင်းကိုပါ ရှာ ဖွေ တွေ့ရှိ လာခြင်း ဖြစ်သည်။ အမျိုးသား၏ အလောင်းတွင် မျက်လုံးမှ သွေးစီးကြောင်းများ ကျဆင်းခဲ့ပြီး ခြောက် သွေ့နေ သည်ကိုလည်း ဝမ်းနည်းနာကျင်ဖွယ် တွေ့မြင်ခဲ့ရသည်။ အဆိုပါ စုံတွဲသည် အထည်ချုပ် စက်ရုံ လုပ်သားများဟု ယူဆရပြီး ပြေးမလွတ်နိုင်တော့သည့် နောက်ဆုံးအခြေအနေကို အတူတကွ ရင်ဆိုင် သွားခြင်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးများက စိတ်မကောင်းခြင်းကြီးစွာ မှတ်ချက်ပြုခဲ့သည်။
(ပြိုကျသည့် အထည်ချုပ်စက်ရုံပိုင်ရှင်အား ဖမ်းဆီးလာစဉ်)

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း(၁၀၀၀)ကျော် သေဆုံးကာ (၂၅၀၀) ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ကယ်ဆယ်ရေးများသည် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းကပင် ရာနာ ပလာ ဇာ နေရာဟောင်း အပျက်အစီးပုံအောက်မှ အလောင်း(၉၄)ခု ဆွဲထုတ်ခဲ့ရသည်။ အထည်ချုပ် စက်ရုံ တွင် လုပ်သား ထောင်ပေါင်း အတော်များများ ရှိနေပြီး အနောက်နိုင်ငံများသို့ ကုန်ချော အထည်အလိပ်များ တင်ပို့ ရောင်း ချလေ့ ရှိသည်။ ယခုဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်တွင် အခြားသော စက်ရုံ မတော် တဆ မှုများ လည်း ပေါ်ပေါက်ခဲ့ရာ လုပ်ငန်းခွင် လုံခြုံရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများလည်း ဖြစ်ပေါ် လာခဲ့ သည်။
(ပြိုကျသည့် အဆောက်အအုံအား ရှင်းလင်းရေး ဆောင်ရွက်နေစဉ်)

ဒေသခံ သတင်းဓာတ်ပုံသမား တက်စ်လီမာ အက်ခ်တားက "ကျွန်တော် ကြိုးစားပြီး အချက်အလက်တွေ ရှာခဲ့ ပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အကြောင်းတော့ ကျွန်တော် သေချာမသိဘူး။ သူတို့ ဘယ်သူလဲ ဆိုတာလည်း မဖော်ထုတ်နိုင်ဘူး။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ဆက်နွယ်တယ် ဆိုတာ လည်း မပြောနိုင်ဘူး။ ဒါပေမဲ့ မြင်ကွင်းကတော့ ကြေကွဲစရာပါ။ နောက်ဆုံးအချိန်လေးမှာ တစ်ယောက် ကို တစ်ယောက် ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ စုံတွဲလို့တော့ ကျွန်တော် ထင်မိတယ်"ဟု ဝမ်းနည်း စွာ ပြောဆိုခဲ့သည်။
(အထည်ချုပ်စက်ရုံပြိုကျပြီး လူအများအပြား သေဆုံးရမှုအတွက် ဆန္ဒပြနေသူများ)

၎င်းက "ကျွန်တော် တစ်နေကုန် အဆောက်အအုံ အပျက်အစီးတွေ ကြားထဲမှာ သွားလာ နေခဲ့တယ်။ အသက် ရှင်လျှက် ကယ်ထုတ် နိုင်သူတွေ ဆေးရုံ ပို့တာ ကိုလည်း ကြည့်နေ ခဲ့ရတယ်။ ဆွေမျိုး သားချင်း တွေရဲ့ စိုးရိမ် နေတဲ့ မျက်ဝန်းတွေကို အကြိမ်ကြိမ် မြင်ရတဲ့နောက် ကျွန်တော် စိတ်ရော၊ ကိုယ်ပါ တော်တော် လေး ချုံးချုံး ကျသွားပါတယ်။ နေ့လယ် (၂)နာရီလောက်မှာတော့ ဒီစုံတွဲကို ကျွန်တော် အပျက် အစီးတွေ အောက်မှာ တွေ့လာခဲ့တာပါ။ သူတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းတွေက ကွန်ကရစ်တုံးတွေ အောက် မှာ လုံးဝ ပိမိနေပြီ။ အမျိုးသားရဲ့ မျက်လုံးက စီးကျနေတဲ့ သွေးတွေက မျက်ရည် စီးကြောင်း နဲ့တောင် တူပါတယ်။ ကျွန်တော် အဲဒီမြင်ကွင်းကို မယုံနိုင်လောက်အောင် တုန်လှုပ်သွားမိတယ်။ သူတို့ကို ကျွန် တော် တစ်သက်လုံး သိကျွမ်းခဲ့သလို၊ ကျွန်တော်နဲ့ အရမ်း နီးစပ်ခဲ့ဖူးသလို ခံစားမိသွားတယ်"ဟုလည်း ဆို သည်။

ယင်း ဓာတ်ပုံကို ရိုက်ယူခဲ့သည့် တက်စ်လီမာက "တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ အရေအတွက် သက်သက် နဲ့ စုဖွဲ့ထားတာ မဟုတ်ပါဘူး။ လုပ်အားခ သက်သာမှုကြောင့်တော့ အသက်တွေရဲ့ တန်ဖိုးက သက်သက် သာသာ ဖြစ်နေတယ်လို့ မတွေးပါနဲ့။ အားလုံးဟာ ခင်ဗျားတို့ ကျွန်တော်တို့လို လူသားတွေ ပါပဲ"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာပေါ်တွင် အဝတ်အထည် တင်ပို့ ရောင်း ချမှု အများဆုံး နိုင်ငံတစ်ခု ဖြစ်သော်လည်း လုပ်သားများကို အလွန်နိမ့်ပါးသည့် လုပ်ခပေးချေမှုနှင့် အလုပ် ခွင် ဘေးအန္တရာယ် ကျရောက်နိုင်သည့် အနေအထားများကြောင့် ကြီးမားပြင်းထန်သော ဝေဖန်မှု များနှင့် ကြုံ နေ ရသည်။ ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ရာနာပလာဇာ ပိုင်ရှင် အပါအဝင် လူအချို့ကို ရဲများ က ဖမ်းဆီးထားပြီး လူများစွာ သေဆုံးစေလောက်သည့် မျက်ကွယ်ပြုမှုအတွက် တရားစွဲဆိုရန် စီစဉ်လျှက် ရှိသည်။ 

http://www.thesun.co.uk/sol/homepage/news/4920665/couple-hold-each-other-amid-ruins-of-collapsed-bangladesh-factory.html

Planet Myanmar Network 

ဦးနေမျိုးဇင်ရဲ့အမှုဟာ ဥပဒေကြောင်းအရ ဖြေရှင်းရမယ့် ပြဿနာတစ်ခုဖြစ်

Posted by drmyochit Friday, May 10, 2013, under | No comments

ဗိုလ်ကြီးဟောင်း ဦး နေမျိုးဇင်ကို ပြစ်မူ ကြွေးကျန် ပုဒ်မ ၄ဝ၁(၁) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ် လိုက် တာ ဟာ ဥပဒေကြောင်း အရ ဖြေရှင်းရမယ့် ပြဿနာ တစ်ခုဖြစ်တယ်လို့ ဦးနေမျိုးဇင်ရဲ့ရှေ့နေ ဦးရော ဘတ်စန်း အောင်က ပြော ပါတယ်။ 

သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အရ ပြန်လွတ် ပေး လိုက် တာကို ပြည်ထဲရေး ဝန်ကြီး အမိန့်နဲ့ ပြန်ဖမ်း တယ် ဆိုတာ မဆီလျော် ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ဒီဥပဒေ ပြဿနာဟာ ဦးနေမျိုးဇင်တစ်ဦးတည်းရဲ့ ပြဿ နာ မဟုတ် တော့ဘဲ၊ သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်လာသူအားလုံးနဲ့ သက်ဆိုင်နေတယ်လို့ ဦးရော ဘတ်စန်း အောင်က ပြောပါတယ်။

“တရားရုံးရှေ့ပြန်ခေါ်ပြီးတော့ ခုခံချေပခွင့်ကို ပေးသင့်တယ်ပေါ့၊ အသရေဖျက်မှုတစ်ခုအတွက် ဒဏ်ငွေ ဆောင်ရလို့ အရင်ပြစ်ဒဏ်ဟောင်းကို ပြန်ပြီးတော့ကျခံရမယ်ဆိုရင် အရပ်ထဲမှာ ကိုယ့်ကိုသူများကလာပြီး ပါးရိုက်မယ်၊ အပြန်အလှန်ဖြစ်လို့ ဒဏ်ငွေဆောင်ရရင်ရော၊ ဥပမာ ဧည့်စာရင်းမတိုင်လို့ ဒဏ်ငွေ ဆောင်ရ ရင်ကော ၄ဝ၁ နဲ့ ပြန်ခံ ရမှာလား ”

ဒီအမှုနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ချုပ်အထိ တင်ပြဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။ 

ဦးနေ မျိုးဇင်ကို ပန်းတနော်ရဲစခန်းက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပြီးတဲ့နောက်၊ ဧပြီလ ၂ ရက်နေ့မှာ ဒဏ်ငွေ ကျပ် ၂ သောင်း ဒါမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချခဲ့ပါတယ်။ ဦးနေမျိုးဇင်က ထောင် ဒဏ်ကို ခံယူလိုက် စဉ်အတွင်း၊ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပုဒ်မ ၄ဝ၁ (၁) အရ အရင်ပြစ်မှုဟောင်းနဲ့ ထောင် ဒဏ် ၆ နှစ် ကျခံ ရမှာဖြစ်ကြောင်း ချမှတ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

တွံတေး-ဒလ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သောလူသေမှု အမြင်အမျိုးမျိုး ဖြစ်နေ

Posted by drmyochit Friday, May 10, 2013, under | No comments


ယမန်နေ့က တွံတေးမှ ဒလသို့ ရေသွားလှူသော မောင်ထွဋ်မင်းနိုင်သည် အပြန် တွံတေး ကားလမ်းမ ပေါ်တွင် ည ၈ နာရီခန့်၌ သေဆုံးသွား ခဲ့ပြီး ယင်းဖြစ်ပွားမှုအပေါ် မိသားစုနှင့် ရဲများ အကြား အမြင် အမျိုးမျိုး ဖြစ် နေကြကြောင်း သိရသည်။

သေဆုံးသူမှာ မောင်ထွဋ်မင်းနိုင်(၂၃)နှစ်ဖြစ်ပြီး ဒလတွင် ရေဘေးဒုက္ခနှင့် ကြုံ နေရ သောကြောင့်တွံတေးမှ ထော်လာ ဂျီဖြင့် ရေသွားရောက် လှူဒါန်း ခဲ့ပြီး အပြန်လမ်းတွင် သွားရောက် လှူဒါန်းသော အဖွဲ့သည် အားလုံး မှုးနေကြပြီး မောင်ထွဋ်မင်းနိုင်သည် ကားတိုက်ခံရ၍ သေဆုံးသည်ဟု အတူ သွားလှူ ကြသူများက ပြောကြောင်း၊ သို့သော် သေဆုံးသူသည် ကားတိုက်ခံရ၍ သေဆုံးခြင်း မဖြစ်နိုင်ကြောင်း ၎င်း၏အကို
ဝမ်းကွဲ တော်ဆက်သူ ကိုဇော်ဇော်က ပြောကြားသည်။

“ဒဏ်ရာတွေက ကားတိုက်ထားတာနဲ့ မတူဘူး။ ရိုက်ထား ထိုးထာတဲ့ပုံမျိုးတွေဖြစ်နေတယ်။ ပြီးတော့ သူတစ် ယောက် ထဲကို ထားခဲ့ကြပြီးမှ ကားတိုက်ခံရတယ်ပြောတာ”ဟု ကိုဇော်ဇော်က ဆက် လက် ပြောကြား သည်။ ယင်းရေသွားလှူသော အဖွဲ့တွင် သေဆုံးသူ အပါအဝင် ကျား ၁၃ယောက် ထော် လာဂျီဖြင့် ပြန် လာခြင်း ဖြစ်ကြာင်း သိရသည်။

၎င်းဒဏ်ရာသည် မိမိအမြင်ဖြင့်ဆိုလျင် ကားတိုက်ခံရသော ဒဏ်ရာမဖြစ်နိုင်ကြောင်း၊ သေဆုံးသူသည် သွားရောက် သယ်ယူ ချိန်တွင် ကားလမ်းမ၏ အလယ်တွင် ဖြစ်နေသောကြာင့် ပြုကျခြင်းကဲ့သို့လည်း ဖြစ်နိုင်ပြီး အသေ အခြာတော့ မပြောနိုင်ကြောင်း သေသူအား သွားရောက်သယ်ဆောင်သူ စိတ္တ သုခ အရေး ပေါ် ကူညီရေး အဖွဲ့မှ ကိုဖြိုးကိုကိုရွှေက ပြောကြားသည်။

ထို့နောက် သေဆုံးသူနှင့် ပတ်သက်၍ တွံတေးမြို့ပေါ်တွင် အမျိုးမျိုး ထင်ကြေးပေးနေကြကြောင်း၊သို့သော် သေဆုံး သူသည် ကားတိုက်ခံရခြင်းသာ ဖြစ်ကြောင်းနှင့် ၎င်းအမှုကို ၃၀၄(က)ဖြင့် အမှုဖွင့် ထားကြောင်း ရဲစခန်းမှ အရာခံ တိုးတိုးလွင်က ပြောကြားသည်။ ၎င်းအမှုနှင့် ပတ်သတ်၍ ဆေးစစ် ချက်များ မထွက်ရှိ သေးကြောင်း လည်း သိရသည်။

ပိုင်လေး
မြန်မာ့ခေတ်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်