Sunday, May 12, 2013

သမ္မတကြီးဦးသိန်းစိန် မန္တလေး ခရီးစဉ် သတင်း နှင့် ဓာတ်ပုံများ

Posted by drmyochit Sunday, May 12, 2013, under | No comments


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ယနေ့ မေ ၁၂ရက်နေ့ နံနက်တွင် မန်းမြို့ အမျိုးသားကဇာတ်ရုံတွင် ပြု လုပ်သော ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် လူမှု ဘ၀မြှင့်တင်ရေး အစီစဉ် တွင် မိန့်ခွန်းပြောကြားပြီး သမ၀ါ ယမ အသင်း များမှ ထုတ်ကုန်များကို လေ့လာကြည့်ရှုခဲ့သည်။

 တိုင်းပြည်ဖံွံ့ဖြိုးတိုး တက်ရေး အတွက် ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးလက်ကွားခြားမှုမရှိစေရန် လုပ်ငန်း စဉ် ၈ရပ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံ နက် တွင် မန်းတွင် ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှု ဘ၀မြှင့်တင်ရေး အစီ စဉ်တွင် ပြောကြား သည်။ အဆိုပါလုပ်ငန်းစဉ် ၈ရပ်မှာ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူ ရေးနှင့် သားငါး ထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖံွံ့ဖြိုး တိုးတက်ရေး၊ အသေးစား ပုဂလိက ငွေစုငွေချေး လုပ်ငန်း များဖွံ့ဖြိုး တိုး တက်ရေး၊ သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး၊ ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး တို့ ဖြစ်ပြီး ကုလသမဂ ထောင်စုနှစ်ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၅ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျှော့ ချနိုင်အောင် ကြိုးပမ်း နေကြောင်း နိုင်ငံ သမ္မတ ဦးသိန်းစိန်က ပြောသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒီမို ကရေစီ ဖော်ဆောင်ရေး အတွက် နိုင်ငံရေးပြု ပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်း လဲမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် အကောင် ထည် ဖော်ဆောင်ရွက်လျှက်ရှိရာ တိုးတက်မှု အတိုင်း တာ တစ်ခု ထိရှိနေပြီဟု သမ္မက ဥိးသိန်းစိန်က ပြော သည်။

တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၂၇ ဦး သေဆုံး

Posted by drmyochit Sunday, May 12, 2013, under | No comments



မေလ ၁၂ ရက် ၂၀၁၃ 

တရုတ်နိုင်ငံမှာ ၂ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် အသေအပျောက် အများဆုံး သတ္တုတွင်းပေါက်ကွဲမှု ထပ်မံဖြစ် ပွားခဲ့ တာမို့ တရုတ် အာဏာ ပိုင်တွေ စုံစမ်း စစ်ဆေး နေကြပါတယ်။

တရုတ်နိုင်ငံ Sichuan ခရိုင်မှာ စနေနေ့က ကျောက်မီးသွေး သတ္တုတွင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး သတ္တု တွင်းလုပ်သား ၂၇ ဦး သေဆုံး ခဲ့ရပါတယ်။

ကျောက်မီးသွေးတွင်းတူးသမား ၈၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲက ၆ ဦး ထက်မနည်း ဒဏ်ရာ အပြင်း အထန် ရရှိခဲ့ သလို ဒါဇင်နဲ့ချီပြီး ထိခိုက် ဒဏ်ရာရမှု ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့ ကလည်း ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှုတခု ဖြစ်ပွားရာက သေ ဆုံးရသူ ၁၂ ဦး ရှိခဲ့ပါတယ်။

သောကြာနေ့ ပေါက်ကွဲမှု ကတော့ Guizhou ခရိုင်နားမှာ ဖြစ်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ ရှိတဲ့ သတ္တုတွင်း လုပ်ငန်း တွေ ဟာ ကမ္ဘာမှာ လူအသေအပျောက် အများဆုံး လုပ်ငန်းတခု ဖြစ်ပါတယ်။

VOA

စစ်ဖလစ်ရောဂါ အကြောင်းသိကောင်းစရာလေးပါ

Posted by drmyochit Sunday, May 12, 2013, under | No comments


စစ်ဖလစ်ရောဂါဟာ လိင် ဆက်ဆံခြင်းကြောင့် ကူးဆက်ပျံ့ပွါးလို့ (Sexually transmitted disease STD) လိင်ရော ဂါများ စာရင်းမှာ ပါဝင်ပါတယ်။ ခရစ် မပေါ်မီ နှစ် ပေါင်းများစွာကပင် ကူးဆက်ပျံ့ပွါး ခဲ့တဲ့ရော ဂါဖြစ်ပြီး၊ ပိုးသတ်ဆေး Penicillin ပေါ်လာမှ ရောဂါဖြစ်ပွါးမှု ကျဆင်းခဲ့ရာမှ ယခုခေတ်မှာ AIDS စတဲ့ ရောဂါ များနဲ့ အတူ ပြန်ခေါင်းထောင် လာတဲ့ ရောဂါ ပါ။

စစ်ဖလစ်ရောဂါဟာ ဘက်တီးရီးယားပိုးစာရင်းဝင်တဲ့ မြွေပေါက်စများကဲ့သို့ သေးသွယ် သောကိုယ်ရှိပြီး ထွန့်လိင် စွာ သွားတဲ့ အလိင်ပိုး (spirochete) တစ်မျိုးဖြစ်တဲ့ (Treponema pallidum) လို့ခေါ်တဲ့ ပိုးကြောင့် ဖြစ်ပါ တယ်။ ရောဂါပိုးတွေရှိတဲ့ စစ်ဖလစ်အနာ တွေနဲ့ တိုက်ရိုက် ထိတွေ့ခြင်းဖြင့် ရောဂါ ပိုးများ တစ်ဦးမှ တစ်ဦးသို့ ကူးဆက်ပျံ့ပွါး ပါတယ်။ အိမ်သာခုံများ၊ တံခါးလက်ကိုင်များ၊ အိမ်သာသုံးစက္ကူများ၊ ရေကူး ကန်၊ အ၀တ် အစားများ၊ အစားအသောက်ခွက်ပုဂံများမှ ကူးဆက်ခြင်း မရှိပါဘူး။ စစ်ဖလစ် အနာတွေ က လိင်အင်္ဂါတွေပေါ်မှာ ရှိပါတယ်။ စအို၊ ပါးစပ်၊ နှတ်ခမ်းများပေါ် မှာလည်းရှိနိုင်တာမို့ သဘာဝ မ ဟုတ်သော ခေတ်ပေါ်နည်းဆန်းများဖြင့် ဆက်ဆံသူများကို ကူးဆက်နိုင်ပါတယ်။

စစ်ဖလစ်ပိုးများ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားဆီ ကူးနိုင်လို့ မွေးရာပါစစ်ဖလစ် ရောဂါ ဖြစ်နိုင်ပါတယ်။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က Reader Digest မှာ First person award ဆွတ်ခူး ခဲ့တဲ့ တကယ့် အဖြစ်အပျက်လေးကို ပြောပြ ချင်ပါတယ်။ သတင်းစာတွေထဲမှာ နံမည်ကြီး မီလျံနာ သူဌေးကြီးရဲ့ သား လက်ထပ်ဖို့ တစ်လအလိုမှာ အပျော်တမ်း ရွက်လှေစီးရင်း လှေမှောက်လို့ သေဆုံး သွားတဲ့ သတင်းပါပဲ။ ကံကောင်း ထောက်မစွာ သတိုးသမီးလောင်းကတော့ လှေစီးရာမှာ မပါသွားလို့ သေဆုံး ရာမှာ မပါခဲ့ပါဘူး။ သူဌေးသားရဲ့ အသုဘကို ခမ်းနားစွာကျင်းပကြကြောင်းနဲ့ ကျန်ရစ်သူ ဇနီးလောင်း ကို ၀ိုင်းဝန် အားပေး နေကြပုံကို သတင်းစာ မျက်နှာဖုံမှာ ဖေါ်ပြ ထားပါတယ်။ ဒါကတော့ လူသိ ရှင်ကြား သတင်းပါ။

လူမသိ လိုက်တဲ့ သတင်းမှန် ကတော့…. သူဌေးသားနဲ့ သူချစ်သူတို့ လက်မထပ်မှီ ၆လ အလိုမှာ ကျန်း မာကြောင်း၊ ရောဂါကင်း ရှင်းကြောင်း ဆေးစစ်ကြပါတယ်။ (ပြင်သစ်နိုင်ငံမှာ တရားဝင် လက်ထပ်သူတိုင်း ဆေးအောင် လက်မှတ် ပြရပါတယ်။ အဲ့ဒီ လက်မှတ်က ၆လသာ တရားဝင် (Valid) ပါတယ်။ ဒီစနစ်လေး မြန်မာပြည်မှာ လည်း လုပ်ဖို့ကောင်း ပါတယ်)။ ဆေးစစ်ပြီးလို့ အဖြေသွားယူတော့ ဆရာဝန်က သူဌေးသား တစ်ဦး တည်းကို စမ်းသပ်ခန်းထဲ ခေါ်သွားပြီး၊ မျက်စိမှတ်ပြီး လမ်းလျောက် ခိုင်းပါ တယ်။ သူဌေးသား ဘယ် လိုမှ လမ်းလျောက်လို့ မရပါဘူး။

ကျမတို့ကိုယ်ခန္ဓာရဲ့ ဟန်ချက်မှန်ဖို့ မျက်စိနဲ့ ဥဏှောက်က တာဝန်ယူရပါတယ်။ မျက်စိမှိတ်လိုက်တဲ့ အခါ ဥဏှောက် တစ်ခုထဲက တာဝန်ယူ ရပါတော့တယ်။ မွေးရာပါ စစ်ဖရစ်ရောဂါ ဖြစ်သူတွေမှာ ဥဏှောက်ရဲ့ ဟန်ချက် ထိန်းရာ ဌာနများ ပျက်စီးသွားတာကြောင့် မျက်စိမှိတ်လိုက်တဲ့အခါ ဟန်ချက်မထိန်းနိုင်တော့ တာပါ။ သူဌေး သားရဲ့ သွေးစစ်ချက်မှာ စစ်ဖလစ်ရောဂါ ရှိတယ်ဆိုတာ ပါနေပြီးသားပါ။

ဒါပေမဲ့ သူဌေးသားကို မငြင်းနိုင်အောင် လက်တွေ့ပြ လိုက်တာပါ။ အဆိုးဆုံး သတင်းကတော့ ဒီလို မွေးရာ ပါ စစ်ဖလစ် ကရောဂါက ကုလို့မရပါဘူး။ သိပ်နောက်ကျ သွားပါပြီး။ သူဌေးသားအတွက် သေဖို့ရက်သာ စောင့်နေ ရတော့မှာပါ။ သူ့အနေနဲ့ သေမဲ့အတူတူ သူ့ချစ်သူကို မုဆိုးမ မဖြစ်အောင်၊ သူ့အဖေလည်း နာ မည် မပျက်အောင်၊ သူ့မိခင်နဲ့ သူ့ချစ်သူက အိမ်ထောင်ရေး သစ္စာမရှိတဲ့ သူ့ဖခင်အပေါ် ဒေါသတွေ မဖြစ် ရအောင် သူ့ကိုယ်သူ အဆုံးဆီရင် သွားတာပါ။ ဒီဇတ်လမ်းနှင့် ဆန့်ကျင်ဘက် ဇတ်လမ်းတစ်ခု လောလော ဆယ် ပြင်သစ် တရားရုံး မှာတရား စွဲမှု ဖြစ်နေပါတယ်။

တရားစွဲသူ အမျိုးသမီး ၃ဦးက၊ သူတို့နဲ့ ဆက်ဆံခဲ့တဲ့ လူ ရွယ်ကို တရားဆွဲတဲ့ အမှုပါ။ လူရွယ်က သူ့မှာ AIDS ပိုးရှိနေတာ သိရဲ့နဲ့ သူနဲ့ဆက်ဆံခဲ့တဲ့ အမျိုးသမီး ၃ ဦးကို တမင် ရောဂါ ကူးစေလိုတဲ့ ဆန္ဒနဲ့ (Condom) ကွန်ဒုံးမသုံးပဲ ဆက်ဆံခဲ့ လို့ အမျိုးသမီး ၃ ဦးလုံးဆီ ရောဂါကူးသွားခဲ့တဲ့ အမှုပါ။ တကယ်လို့ အမှုထင်ရှားရင် ၁၅ နှစ် ထောင်ဒါဏ် အချခံရမှာ ဖြစ်ပါတယ်။

အော် ..လောကမှာ စိတ်ကောင်းရှိတဲ့ သူတော်ကောင်း တွေရှိသလို၊ စိတ်ထား ယုတ်မာတဲ့ လူမိုက်တွေ လည်း ရှိပါလား။ ဘယ်သူကိုမှ ယုံလို့ မရပါလား။ ဒါကြောင့်လည်း မြတ်ဘုရားက မင်္ဂလာတရား ၃၈ ပါးထဲမှာ ပထမဦး ဆုံး မင်္ဂလာနှစ်ပါးက (၁) လူမိုက်ကိုဝေးဝေးက ရှောင်ဖို့နဲ့ (၂) ပညာရှိကို ဆည်းကပ်ဖို့ဟောခဲ့ တာပါ လားလို့ သဘောပေါက် မိပါ တော့တယ်။ စစ်ဖလစ်ရောဂါရဲ့ ရောဂါလက္ခဏာတွေပေါ်မူတည်ပြီး အဆင့် (၄) ဆင့် ခွဲခြားနိုင် ပါတယ်။

Primary, Secondary, latent and tertiary တို့ဖြစ်ပါတယ်။ ပထမအဆင့် (Primary stage) မှာ လိင် အင်္ဂါမှာ အနာပေါက် (ulcer) ကလေးတစ်ခု ပေါ်လာပါတယ်။ အဲ့ဒီ အနာပေါက်က မာပြီး၊ ယားခြင်း၊ နာခြင်း၊ မရှိပါဘူး။ သူ့ဘာသာ ၂-၆ ပတ် အတွင်း(၀ါ) ဒါမှမဟုတ် penicillin လေးတစ်လုံး ထိုးရုံ (tetracycline) သောက် ရုံနဲ့တင် ပျောက်ပါတယ်။ ဒါကြောင့် ရိုးရိုးအနာလို့ ထင်ပြီး၊ များသောအားဖြင့် စစ်ဖလစ်ဖြစ် လိုက် မှန်း မသိ လိုက်ကြပါဘူး။ ကိုယ်ကိုယ်တိုင် မဟုတ်တာတွေ လုပ်ခဲ့တဲ့ သူတွေက လွဲရင် ပေါ့။

အမျိုး သမီး ၄၀-၈၅% နှင့်အမျိုးသား ၂၀-၆၅% မှာ ပထမအဆင့် အနာပေါက် မဖြစ်ပါဘူး။ အနာ ပေါက် မဖြစ်ပေ မဲ့ ကိုယ်တွင်းမှာရောက်နေတဲ့ ရောဂါပိုးက နောက်အဆင့် တွေကို ဆက်လျက် ဖြစ်ပွါးစေပါတယ်။ ဒုတိယ အဆင့် (Secondary stage) မှာ လက်ဖ၀ါး၊ ခြေဖ၀ါး အပါအ၀င် တစ်ကိုယ် လုံးမှာ (Rash) မိတ်၊ အင် ပျဉ် ကဲ့သို့ အရေပြားပေါ်တွင် အနီရောင် (၀ါ) အဖြူရောင် အဖု အပိမ့် များထွက်လာ ပါသည်။ သို့သော် အင်ပျဉ် ကဲ့သို့ ယားခြင်း မရှိပါဘူး။

အနာများ တွင် ပိုးများ များစွာ ရှိသဖြင့် ရောဂါကူး နိုင်ပါတယ်။ ဒီအဆင့်နှင့် အနာကြီး ရောဂါ မှားယွင်း ကြ ခြင်း ဖြစ်ပါတယ်။ ဒုတိယအဆင့်ဟာ ပထမအဆင့် အနာပေါက် ပေါ်ပြီး ၄-၁၀ ပတ် အတွင်း ပေါ် တတ်ပြီး ၃-၆ ပတ်မှာ ပျောက်ပါတယ်။ ၂၅% သော လူနာများမှာ အရေပြားအဖုများ ထပ်ခါ ထပ်ခါ ပေါ်တတ် ပါသည်။ တတိယအဆင့် (latent stage) မှာတော့ ရောဂါလက္ခဏာတွေ မရှိပါဘူး။

ဒါပေမဲ့ လူနာရဲ့ သွေးကို စစ်ရင်တော့ စစ်ဖလစ်ရောဂါ ရှိကြောင်း သိနိုင်ပါတယ်။ များသော အားဖြင့် ဒုတိယအဆင့်နောက် ၁-၂ နှစ် အချိန် ဖြစ်ပါတယ်။ စတုတ္ထအဆင့် (tertiary stage) က ရောဂါပိုးဝင်ပြီး ၃-၁၅ နှစ် အတွင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ တော့ ရောဂါ မကူး တော့ပါဘူး။ ဒီအဆင့် ကိုလည်း ၃ မျိုး ခွဲနိုင်ပါတယ်။

၁။ ပျော့သော အဖု အလုံး များပေါ်ခြင်း (Gummas) အရေပြား၊ အသဲ၊ အရိုးများမှာ များ သောအားဖြင့် ပေါ်ပါ တယ်။ ရောဂါပိုးစ ၀င်ပြီး ၄၅ နှစ်ကြာသည့် အထိ ပေါ်နိုင်ပါတယ်။

၂။ Neurosyphilis နပ်ကြောစစ်ဖလစ်။ ဥဏှောက်အမြှေးရောင်ခြင်း၊ ဥဏှောက် အပါအ၀င် နပ်ကြော ကြီးများ ရောင်ခြင်းကြောင့် တစ်ကိုယ်လုံး ရှိကြွက်သားများ ပျော့ခြင်း (general paralysis)၊ ကိုယ်ဟန်ချက် မထိန်း နိုင်ခြင်း၊ (seizure) တက်ခြင်း များဖြစ်ပါတယ်။ ဒီအဆင့် ကို အရပ်အခေါ် “ဖါကြိုး” တယ်လို့ ပြောပါ တယ်။

လူနာဟာ general paralysis နှင့် ကိုယ် ဟန်ချက် မထိန်းနိုင်ခြင်းတို့ကြောင့် ခြေဆာပြီး သွားတတ် လို့ပါ။

၃။နှလုံးနှင့် သွေးကြော စစ်ဖလစ်။ နှလုံးမှ ထွက်လာသောသွေးကြောကြီး (Aorta) ရဲ့နံရံကို ပိုးတွေ စားပြစ် တာကြောင့် သွေးကြောနံရံ ပါးသွားပြီး သွေးကြော နံရံပေါက်ခြင်းနှင့် နှလုံး ရောဂါများ ဖြစ်စေ ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေမှာ အသက် ၅၀ ၀န်းကျင် လောက်မှာ ဒီနှလုံးရောဂါဖြစ် တတ်ပါတယ်။ အဲ့ဒီအချိန်ကျမှ စစ်ဖလစ်ပိုးကူး ဆက်ခံခဲ့ရ ကြောင်း သိကြတာ များပါတယ်။ ဒါတောင် အမျိုးသမီးက ကျန်းမာရေး ဗဟုသုတရှိမှ သိနိုင်တာပါ။

မွေးရာပါ စစ်ဖလစ် (Congenital syphilis)။ ကိုယ်ဝန်ရှိစဉ်မှာ ရောဂါပိုးများ အချင်း ကိုဖြတ် သွား တာကြောင့် သန္ဓေသား ကို ရောဂါကူးနိုင်သလို၊ မွေးဖွါးစဉ်၌ လိင်အင်္ဂါရှိ ပိုးများ ကြောင့် ခလေးကို ကူးနိုင် ပါတယ်။ မွေးစ ခလေး ၆၀% လောက်မှာ ရောဂါလက္ခဏာ မပေါ် တတ်ပါဘူး။ ခလေးရဲ့ ပထမ ၂ နှစ်မှာ အသဲနှင့် သရက်ရွက်များ ကြီးခြင်း၊ အဖုအပိမ့် ထွက်ခြင်း၊ ဖျားခြင်း၊ အဆုတ်ရောင်ခြင်းနှင့် နပ်ကြော စစ်ဖ လစ် များ ဖြစ်တတ်ပါတယ်။

အချို့မှာ မြင်းကုန်းနှီး ကဲ့သို့ နှခေါင်း အလယ်ချိင့်ခြင်း (saddle nose) များ ဖြစ်တတ်ပါတယ်။ syphilis ရောဂါရှိရင် အမေရိက၊ ကနေဒါ၊ ဥရောပနိုင်ငံများမှာ (notifiable disease) ကျန်းမာရေးဌာနကို အကြောင်းကြား ရပါတယ်။ ။ syphilis အတွက် ကာကွယ်ဆေး မရှိပါဘူး။

ဒါပေမဲ့ အစွမ်းထက်တဲ့ ပိုးသတ်ဆေးတွေ ရှိပါတယ်။ Penicillin (ပင်နစလင်) နဲ့ tetracycline (တတ်ထရာဆိုင်းကလင်း) ဆေးများ က ပိုးကို သတ်နိုင် ပါတယ်။ ဒါပေမဲ့ အချို့ ပိုးများ ဆေးယဉ်နေ (Resistant) တတ်ပါတယ်။ ကျမ တောင်ကြီးမှာ ဆေးခန်းဖွင့်စဉ်က ယိုးဒယားဘက် မှောင်ခိုကူး သွားကြသော အမျိုးသားများ ဆေးပြင်းများ ထိုးလာကြပြီး၊ နားပင်းသော ဘေးထွက် ဆိုးကျိုးများကို ငယ် ငယ်ရွယ်ရွယ်နဲ့ ခံစားကြ ရပါတယ်။ တစ်ချို့ဆို နားပင်းတဲ့ ဒုက္ခသည်များ ဘ၀အထိ ရောက် သွားကြ ရပါတယ်။

အိမ်ထောင်သည် အမျိုးသားများ အိမ်သူ မသိအောင် သွားချင်ရာ သွားပြီး၊ မိမိ ဘာသာ ဆေးကုသမှု ပြုကြပါတယ်။ ဒါပေမဲ့ အိမ်သူကိုတော့ မပြောရဲပဲ ဆိတ်ဆိတ်နေခဲ့ တဲ့အတွက် အမျိုးသမီး အိမ်ထောင်သည်များ နှလုံး ရောဂါရကြပြီး၊ အပြစ်မဲ့တဲ့ ရင်သွေး ငယ်များ ကုမရတဲ့ ရောဂါနဲ့ ဘ၀ဆုံး ကြရပါတယ်။ မိခင်လောင်းများ ပထမအကြိမ် ဗိုက်အပ်သည့် အခါနှင့် နောက်ဆုံး ၃လ တွင်တစ်ခါ စစ်ဖလစ်ပိုး ရှိမရှိ စစ်ဆေး သင့်ပါတယ်။ ပိုးရှိတဲ့ မိခင်များ ဆေးကုသခြင်း ဖြင့် သားသမီးများ မွေးရာပါ စစ်ဖလစ် ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင် ပါတယ်။ Codom သုံးခြင်းဖြင့် စစ်ဖလစ်ရောဂါရဲ့ အန္တရာယ် (Risk) ကိုနိမ့်ကျစေပေမဲ့ လုံးဝ တော့ မကာကွယ် နိုင်ပါဘူး။ ဒါကြောင့် နံမည်ကြီး အမေရိကန် CDC (centre for disease control) က တစ်လင်တစ်မယား စနစ်ဖြင့် မိမိ အိမ်သူအိမ်သား အပေါ်သစ္စာရှိ ကြဖို့ နှိုးဆော် ထားပါတယ်။

အလျှင်းသင့်လို့ ကာမေသူမိစ္ဆာရကံနဲ့ ပတ်သက်တဲ့ လူသိနည်းတဲ့ အချို့အချက် တွေ ကိုပြောပြ ချင်ပါတယ်။ အောက်ပါ အချက်များ ကျူးလွန်ပါက ကာမေသုမိစ္ဆာစာရကံ ထိုက် ပါ တယ်။ ၁။ အိမ်ထောင်သည် အမျိုးသား(၀ါ)အမျိုးသမီးဟာ မိမိကာမပိုင် (ကာမကိုပိုင်ဆိုင်သူဖြစ်လို့) အမျိုးသား(၀ါ)အမျိုးသမီးကလွဲပြီး အခြားသောသူများနှင့်ဆက်ဆံခြင်း (လိင်လုပ်သားများ) အပါအ၀င်။ ၂။ မိမိကာမပိုင် ဖြစ်သော်လည်း သဘာဝ မကျသော နည်းများ၊ ဥပမာ မစင်ပေါက်၊ ပါးစပ် ပေါက်များ (anal or oral) အသုံးပြုခြင်း။ ၃။အမျိုးသားများ မိမိလိင် အင်္ဂါကို ဆေး (၀ါ) ခွဲစိတ်ခြင်းဖြင့် ကြီးမား အောင်ပြုလုပ်ပြီး ဆက်ဆံ ခြင်း။ ၄။ မိမိ အိမ်သူက ကိုယ်ဝန်ရင့် နေစဉ် ဆက်ဆံခြင်း။ ၅။ မိဘ၊ ဆရာ၊ သူတကာ မြင်၍ မသင့်သော နေရာ၌ ဆက်ဆံခြင်း။ တို့ဖြစ်ပါတယ်။

ကျမ်းကိုး။ ၁။ Syphilis, CDC.

၂။ Syphilis, Wikipedia, the free encyclopedia.

၃။ Reader Digest. ၄။ အရှင်ကောမလ(ခ)ဆန်နီနေမင်း၏ကာမေသုမိစ္ဆာရကံအကျယ်ဖွင့်ဆိုချက်။ 

Credit to မေတ္တာဥယျာဉ်

MEDIA မဖော်ပြ ရဲသောသတင်း

Posted by drmyochit Sunday, May 12, 2013, under | No comments


DKBA ရင်း ၉၀၅ ဒုတပ်ရင်းမှူး ဖိုးလုံးကိုး သည် ကျုံထော်၊
ယင်းမိုင်၊တောင်မ၊ မဲဂဒူး၊ ကူးဆိပ်၊ချောင်းဝ၊ တောင်ကြား ရွာများတွင်
မတရား အကြမ်းဖက် ပေါ်တာဆွဲနေပါသည်။ တစ်ရွာလျှင် လူကိုးယောက် ဆိုင်ကယ်၃စီး
တောင်းပါသည်။ မည်သည့်media မှလည်း မဖော်ပြရဲပါ။

၎င်းတို့ထောင်ထားသောမိုင်းအား
နင်း မိပြီး မေ၇ ရက်နေ့တွင် ကျုံထော်ရွာ မှ
နွားတစ်ကောင်  ၉ရက်နေ့ တွင် ကျွဲတစ်ကောင် ထပ်နင်းပြီးသေ ဆုံးခဲ့ ပါ သည်။
မည်သူ ကမှ လည်းလျှော်ကြေး မတောင်းရဲပါ။ ဒေသခံ များအား
လက်နက်ဖြင့်အနိုင်ကျင့်ခြိမ်းခြောက် နေသော ရင်း၉၀၅အား တပ်မတော်အနေဖြင့်
အလျှင်အမြန်ဖယ်ရှားရှင်းလင်းပေးပါရန် ဒေသခံအားလုံးရဲ့ကိုယ်စား
အင်တာနက်မှတဆင့်အများပြည်သူသိနိုင်ရန်ဖော်ပြပေးပါဟု တောင်းဆိုအပ်ပါသည်။


ကျေးဇူးတင်စွာဖြင့်
မြိုင်ကြီးငူဒေသခံ
From: MMDaily

ဒလ-ပန်းဆိုးတန်း သဘောင်္ကူးတို့ခ တို့မြင့်ကောက်ခံမှုအပေါ် ဆန္ဒထုတ်ဖော်

Posted by drmyochit Sunday, May 12, 2013, under | No comments



ရန်ကုန်၊ မေ ၁၂။

ဒလမြို့တွင် ယနေ့ ၈နာရီခန့်၌ သဘောင်္ကူးတို့ခများ တို့မြင့်ကောက်ခံမှုအပေါ် ပြန်လည်လျောက် ချရေး အတွက် လူဦးရေ(၂၀)ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ကျွန်တော် တို့ အနေနဲ့ ဆန္ဒထုတ်ဖော် ရတာဟာ။ ကျွန်တော်တို့ ဒလမြို့အခြေခံ လူတန်းစားတွေ အတွက် ပါတယ်။ သူတို့ရဲ့တစ်နေ့ဝင်ငွေဟာ ၈၀၀လောက်ပဲ ရတဲ့သူတွေရှိပါတယ်။ အဲ့ဒီတော့ သူတို့အတွက် အခက် အခဲတွေ ရှိပါ တယ်”ဟု ဦဆောင်သူ ဦးအောင်မင်းက ပြောကြားသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် တရာဝင်ခွင့်ပြုမိန့်များ နှစ်ကြိမ်တောင်းခံခဲ့ကြောင်း၊ ယခုအခါတွင် အဖမ်း အဆီး များ ပြုလုပ်မည်ဟု ဆိုသောကြောင့် အချို့မှာ မလာရဲကြခြင်းဖြစ်ပြီး မိမိတို့ အနေဖြင့်လည်း အေးချမ်း မှုကို သာ လိုလာကြောင်း ထို့အပြင် ၎င်းဆန္ဒပြမှုနှင့် ပတ်သက်ပြီး အဆင်ပြေသည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ဖို့ လူမရှိတဲ့ လယ်ကွင်းထဲကို ပေးတယ်။ ပြီးတော့ ကျွန်တော်တို့ ဝန်ထမ်းတွေ လစာ တိုးပေး လိုက်တဲ့အတွက် သဘောင်္ကတွေလည် တိုးကောက်သလိုပြောတယ်။ ကျွန်တော်တို့ ဒလမှာ သုံးပုံ တစ် ပုံဟာ ဝန်ထမ်းတွေ မဟုတ်ပါဘူး။ အခြေခံ လူတန်းစားတွေပါ။ တစ်နေ့လုပ်မှ ၈၀၀လောက်ရတဲ့ လူတွေရှိ တယ်”ဟု ဒလမြို့မှ ကဗျာဆရာ ကိုရွှေကြယ်မိုးက ပြောကြားသည်။ ထို့အပြင် ၎င်းကိစ္စနှင့် ပတ် သက် ၍ ပြေလည်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြား သည်။

ထို့သိုပြုလုပ်ရခြင်းမှာ ခရီးသည်များအတွက် အဆင်ပြေစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်မှတ် ခများ တိုးမြင့် လိုက်သောကြောင့် ယခုကဲ့သို့ ခုံထိုင်ခုံများကို အခမဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် တပ် ဆင် ရန် လိုအပ်သော ထိုင်ခုံများမှာကိုလည်း အမြန်းဆုံး ဆောင်ရွက်ပေးနေကြောင်း သိရသည်။ မှု လက ၅၀ ကျပ်မှ ယခု၁၀၀ကျပ်သို့ တိုးမြင့်ကောက်ခံခြင်း ဖြစ်ကြောင်း (ပို့ဆောင်ရေး)ဌာနမှ ဒုအတွင်းရေးမှူး ဦးရှိန်ယော က ဧပြီလ ၂၈ရက်နေ့တွင် မြန်မာ့ခေတ်သို့ ပြောကြထားသည်။

ပိုင်လေး
မြန်မာ့ခေတ်

အတွင်းခံ အင်္ကျီကို ဖွင့်ဟ ပြသခဲ့တဲ့ ထိုင်ဝမ် အမျိုးသမီး တပ်ကြပ်ကြီး မလေး

Posted by drmyochit Sunday, May 12, 2013, under | No comments


 ကြာတော့ ကြာခဲ့ပါပြီ။ ဒီပုံတွေ အင်တာနက်ပေါ်ရောက်တဲ့ အချိန်တုန်းကတော့ တရုတ်ပြည်မကြီးမှာ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ပါတယ်။ Chen လို့ အမည်ရတဲ့ တပ်ကြပ်ကြီးမလေးဟာ သင်တန်းတက်နေ တုန်း ဓာတ်ပုံ ရိုက်ရာမှာ အင်္ကျီလေးကို လှစ်ဟပြပြီး ပန်းရောင် ဘရာလေးပေါ် စေတဲ့အထိ သဘော ကောင်းခဲ့ တာကြောင့် အင်တာနက် သုံးသူများကတော့ ဝေဖန်သံတွေ ဆူညံခဲ့ပါသတဲ့။ သူမဟာ အဲဒီ ဓာတ် ပုံ ကို ကိုယ်တိုင်ရိုက်ပြီး အင်တာနက် ဘလော့စာမျက်နှာပေါ် တင်ခဲ့ခြင်း ဖြစ်ပါတယ်။  တစ်ပုံတည်း မဟုတ် တာကြောင့် ထိုင်ဝမ် စစ်သည်မလေးများရဲ့ ဘားတိုက်ထဲက ပုံရိပ်များကို ပထမဆုံး တွေ့မြင် ရခြင်း လည်း ဖြစ်ခဲ့ ပါတယ်။

December 15, the indecent self-photos of the Taiwan military is once again circulating on the internet, but this time the main characters are the female soldiers. While receiving training at the logistics school in 2008 March, female Sergent Chen, attached to the Joint Logistics Section 5 Regional Support Command Transport Battalion, under the encouragement of her fellow soldiers, lifted up her uniform to reveal her pink bra “to take photos for posterity”. 

Summarizing Taiwan media reports, this photo of a female soldier lifting up her camouflage shirt to reveal her pink bra appeared on the personal blog of a female officer recording her military life. Her outrageous behavior attracted a strong netizen response, with this also being the first example of outrageous photos coming out of the barracks since women have entered the military.

From: OPP

ဒေါ်အောင်ဆန်းစုကြည် ပညာဒါန ကျောင်းအစည်းအဝေး တက်ရောက်၍ ဆရာများမှ အသက် မပြည့်ကျောင်း သူများအား ထပ်မံ မုဒိန်း ကျင့်ခြင်း မပြု လုပ်ရန် မှာကြား

Posted by drmyochit Sunday, May 12, 2013, under | No comments



NLD ပညာရေး ကွန်ယက်တွင် ပြုလုပ်သည့် ပညာဒါန ဆရာ၊ ဆရာမ များ ဂုဏ်ပြုပွဲအား တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်  တက်ရောက်၍ ဆရာများမှ အသက် မပြည့်ကျောင်း သူများ အား ထပ်မံ မုဒိန်း ကျင့်ခြင်း မပြုလုပ်ရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်း မြို့နယ် (၇) ရပ်ကွက်၊ အနော်ရထာ လမ်းရှိ NLD ပညာဒါန ကျူရှင် ကျောင်း မှ ကျောင်း တာဝန်ခံ ဆရာ ခင်မောင်ထူး (ခ) သားကြီးက ယင်းကျောင်း တွင် တက်ရောက် နေသူ အသက် ၁၅နှစ် အရွယ်ရှိ မ ------ ကို ဇန်နဝါရီ ၃ရက်နေ့ မွန်းလွဲ ၁၂နာရီကျော် ခန့်က အလိုမတူ အဓမ္မ ပြုကျင့် မှု ဖြစ်ပွား ခဲ့ပြီး တစ်လ အကြာတွင် ယင်းအမှုမှာ လုံးဝ ငြိမ်သက် ၍ သတင်း အစ အန ပျောက် သွားခဲ့သည်။

NLD ပါတီရုံး ပညာဒါန ကျူရှင်ကျောင်း တွင် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပ ပြီးချိန်တွင် ခင်မောင်ထူး(ခ) သားကြီး က ကိုကာကိုလာ အချိုရည် သံဗူးထဲတွင် မူးမေ့ စေတတ်သော ဆေး ထည့်တိုက်၍ မူးမေ့ နေစဉ် အလို မတူပဲ အဓမ္မပြုကျင့် ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်က မကျေနပ်၍ ပန်းဘဲတန်း မြို့နယ် ရဲစခန်း တွင် အမှုဖွင့် တိုင်ကြား ခဲ့ပြီး မကြာခင်တွင် NLD ပါတီဝင်များ၏ ဖိအားပေး မှုကြောင်း အမှုကို ပြန်ရုတ်သိမ်းသွားခဲ့သည်။ စစ်သားမှ မဒိန်းကျင့်သည် ဟူသော သတင်းများအား ဂျာနယ်ပေါင်း စုံတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလေ့ ရှိကြ သော် လည်း တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ တည်ထောင် ထားသည့် ကွန်ယက်တွင် အသက်မပြည့်သေး သူအား မုဒိန်းကျင့်သည့် သတင်းအား မြန်မာ မီဒီယာ သမားတို့ ယနေ့ အထိ နှာဆေး လျှက်ရှိသည်။

From: Myanmar Express

နိုင်ငံတော်သမ္မတမှ နိုင်ငံစွမ်းဆောင်ရည်ဆု ပေးခဲ့ခြင်းအပေါ် ဆန္ဒထုတ်ဖေါ်လိုကြောင်း စာတင်ခဲ့သည့် တသီးပုဂ္ဂလဦးစိန်လှ ခေါ်ယူစစ်ဆေးခံရ”

Posted by drmyochit Sunday, May 12, 2013, under | No comments


ဦးတင်မောင်(ခ)Lee San Shain အား နိုင်ငံတော်သမ္မတမှ နိုင်ငံ စွမ်းဆောင် ရည်ဆု ဆုချီးမြှင့် ခဲ့ခြင်း အပေါ် ဦးစိန်လှ ဦးဆောင်သော ထီးချိုင့် မြို့ နယ် မောင်းကုန်းအုပ်စုရှိ ဒေသခံ(၅၀၀)တို့မှ ငြိမ်းချမ်း စွာ စီတန်းလှည့် လည် ၍ ဆန္ဒထုတ်ဖေါ်သွားမည်ဖြစ်ရာ ထိုဆန္ဒ ထုတ်ဖေါ် လိုမှုကို အခြေခံ ဥပဒေနှင့်အညီ မြို့နယ်ရဲတပ် ဖွဲ့ မှူး ထံ စာတင် ခဲ့ပြီး ဖြစ်သည်၊ထိုသို့ စာတင်ခဲ့သည့်အပေါ် ထီးချိုင့်မြို့နယ် ရဲတပ် ဖွဲ့ မှူးမှ ခေါ်ယူ၍ တရားခံ တစ်ဦး သဖွယ် စစ်ချက် ယူခဲ့သည့် အပေါ် ကျေနပ်မှု မရှိပါကြောင်း ယခုလို ပြောကြားခဲ့ပါသည်။

“မြို့နယ်ရဲတပ်ဖွဲ့မှူးက ကျွန်တော်တင်ခဲ့တဲ့ ဆန္ဒထုတ်ဖေါ်ခွင့် အပေါ် ခေါ်ယူမေးမြန်းတယ်ဆိုတာထက် စစ် ချက်ယူ တဲ့ပုံစံမျိုး ဖြစ်နေတယ်၊တရားခံ တစ်ယောက်ကို စစ်သလိုမျိုး စစ်ဆေးတဲ့အတွက် ကျွန်တော် ကျေနပ် မှု မရှိပါဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ခွင့်ကို ထိပါးပါတယ်၊မြို့နယ် ရဲ တပ် ဖွဲ့ မှူးပြောတဲ့ အထဲမှာ ဦးတင်မောင် တရုတ် မဟုတ်တဲ့အကြောင်းတို့၊သူတပါးကို မတရား အမှုဆင် ဖမ်း ဆီး မှုတွေ ရှိတယ်ဆိုတာ ဘယ်သူ့ကိုလဲတို့၊ဘယ်တုန်းကလဲတို့၊လယ်မြေတွေ မတရားသိမ်းဆည်း တယ် ဆို တာ ဘာသက်သေရှိလဲတို့လည်း ပါပါတယ်၊ကျွန်တော်က ကျွန်တော် သိထားသမျှတွေ ကိုပြော တယ်၊ သက်သေအထောက်အထားတွေလည်း ပြနိုင်ကြောင်း ပြောပါ တယ်၊ ၇၊၅၊၂၀၁၃ရက်နေ့ ညနေ၄ နာ ရီမှာ စစစ်တယ်၊၄၅မိနစ်ကြာပါတယ်၊ဒီလိုသာ ဆန္ဒ ထုတ်ဖေါ် ခွင့် တောင်းခံ သူတိုင်းကို တရားခံလို စစ်ေ ဆးေ န ရင် ဘယ်သူက လျှောက်ထားရဲတော့မှာလဲ၊အခြေခံ ဥပဒေမှာ ပါတဲ့ လွတ်လပ်စွာဆန္ဒ ထုတ်ေ ဖါ် ခွင့် ဆိုတာဟာ လူထုတွေ အသုံးမချရဲအောင် လုပ်ခံနေ ရသ လိုဖြစ်နေ ပါတယ်”ဟုရှေ့နေလည်းဖြစ်သူ တ သီး ပုဂ္ဂ ဦးစိန်လှမှ ဆိုပါသည်၊

ထိုဖြစ်စဉ်များနှင့် ပါတ်သက်၍ စာရေးဆရာ၊ကာတွန်းဆရာ ဆရာဟာဂျူလီ(ကသာ)ထံ မေးမြန်းရာ “အခြား ဟာေ တြေ တာ့ မသိဘူး၊ ဦးတင်မောင် မတရား အမှုဆင်ဖမ်းဆီးမှုရှိတယ်ဆိုတာ ဒါဟာ ဒုတိအကြိမ် ကြား ဖူး ခဲ့ တာပါပဲ၊ပထမ အကြိမ် အဲဒီစကား ကြားဖူးခဲ့တာက စာပေဗိမ္မာန်ဆုတွေ အကြိမ်ကြိမ်ရခဲ့တဲ့ ဆရာေ မာင်ချစ်ထွေး(မဟာဝိဇ္ဇာ)ှပြောပြခဲ့တာ၊ဆရာမောင်ချစ်ထွေးဆိုတာ စာရေးဆရာဖြစ်ပြီး ပြန်/ဆက်ကနေ ခရိုင်ဦးစီးမှူးဘ၀နဲ့ ပင်စင်ယူလာခဲ့သူပါ၊ဂရိတ်ဝေါဦးတင်မောင်နဲ့ အလုပ်ပေါင်းလုပ်ရင်း ဆရာမောင် ချစ်ထွေး ပိုင်တဲ့ တကောင်းက မြေလွတ်မြေရိုင်း ဧကပေါင်းများစွာကို ဦးတင်မောင်က သိမ်းတယ်ပေါ့၊အဲဒီ လို သိမ်းလို့ မန္တလေးတိုင်းတရားရုံးမှာ ဦးတင်မောင်ကို ဆရာဦးချစ်ထွေးက မြေလွတ်မြေရိုင်း ပြန်လှယ် ရယူ လိုမှုနဲ့ တရားစွဲပါတယ်၊မန္တလေးတိုင်းမှာ အဲဒီလို တရားစွဲလို့ဆိုပြီး ဦးတင်မောင်က ဆရာ ဦးချစ်ထွေးကို ထီးချိုင့်တရားရုံးမှာ တရားစွဲတော့ ဆရာဦးချစ်ထွေးထောင်ကျလာတယ်၊အဲဒီလို က သာေ ထာင် ကို ဆရာမောင်ချစ်ထွေး ရောက်လာတော့ ကျွန်တော် သွားတွေ့တယ်၊အဲဒီမှာ ပြောပြခဲ့တာပါ၊မန္တလေး တရားရုံးက တောင်ယာပိုင်ဆိုင်ခွင့် မဆုံးဖြတ်သေးခင်မှာ ထီးချိုင့်တရားရုံးကထောင်အရင် ချလိုက် တာဟာ သူ့(ဆရာမောင်ချစ်ထွေး)အတွက် နစ်နာတယ်၊တရားသူကြီးက ဦးတင်မောင်ကို မလွန် ဆန်နိုင် လို့ ထောင်ချလိုက်တယ်ပေါ့၊အဲဒီလို ဥပဒေနဲ့ မညီ ထောင်ချလိုက်တဲ့အတွက် တစ်သက်လုံး နိုင်ငံ အတွက် လုပ်လာတဲ့  ဆရာဦးချစ်ထွေး ဟာ ပင်စင်စားဘ၀ အသက်(၆၇)နှစ်မှ ထောင်ကျခံရတယ်၊ရနေတဲ့ ပင် စင်တွေ ရပ်ဆိုင်းခံရတယ်၊အဲဒါတွေဟာ ဦးတင်မောင်ရဲ့ မတရား အမှုဆင်ခဲ့မှုကြောင့်လို့ ဆရာဦး ချစ်ေ ထွး ပြောခဲ့တယ်၊ဆရာဦးချစ်ထွေး ပြောတာတွေ ဖြစ်နိုင်တယ်၊

ဘာကြောင့်လဲဆိုတော့ မကြာခင်မှာပဲ ဆရာဦးချစ်ထွေး ဟာ ခရိုင်တရားရုံးမှာ အယူခံနိုင်ပြီး ထောင်က လွတ် သွား ခဲ့တယ်၊မန္တလေး တရားရုံးအမှုမှာလည်း သူနိုင်သွားခဲ့တယ်၊ ထောင်ထဲမှာတော့ အတော်နေ လိုက်ရ တာပေါ့၊ ဆရာဦးချစ်ထွေး ဇာတ်လမ်းတွေ ပြန်ပွလာနိုင်ပါတယ်၊ဒါက ကျွန်တော် ကို ဆရာမောင် ချစ်ထွေး ကိုယ်တိုင်ပြောဖူးခဲ့တာပါ၊”ဟုဆိုပါသည်၊

( ခရီးသွားဧရာဝတီ )

ဟာကျူလီ ကသာစာမျက်နှာမှ
OPP

မြန်မာနိုင်ငံဆရာဝန်အသင်း မျိုးဆက်ပွားစီမံကိန်း ဘင်္ဂလီအကျိုးဆောင်ရွက်နေခြင်းအပေါ် ပြင်းထန်စွာ သတိပေးလိုက်ခြင်း

Posted by drmyochit Sunday, May 12, 2013, under | 1 comment

စစ်တွေမြို့အခြေစိုက် မျိုးဆက်ပွား စီမံကိန်း အဖွဲ့သည် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များကို အခြေခံပြီး လာရောက်ခြင်းဖြစ်သော် လည်း အဆိုပါ အဖွဲ့၏ လုပ်ငန်းသည် ဘင်္ဂလီများ ၏ အကျိုး ကိုဆောင်ရွက် နေခြင်း သာဖြစ် သဖြင့် ဒေသခံ များက သတိပေး လိုက် ကြောင်း သိရသည်။ 

ထိုအဖွဲ့သည် ဘင်္ဂလီ ကျေးရွာများ သို့နေ့စဉ် သွားရောက်ပြီး ကျန်းမာရေး ကဏ္ဍ များကို ဆောင်ရွက်ပေး နေပြီး ရခိုင် တိုင်းရင်း သားများ၏ ဘ၀ အတွက် မည်သို့မျှ မစဉ်း စားဘဲ မြို့နှင့် ဝေးသော နေရာတွင် ဟန်ပြ ဆေးခန်း ဖွင့်ပြီး ဆောင်ရွက် နေခြင်းကို ရခိုင် လူမျိုး များက မေးခွန်း ထုတ်နေကြသည်။ 

ရခိုင် များကို တန်းတူ အခွင့်အရေးပေးသည်ဟုပြောဆိုကာ ဘင်္ဂလီအကျိုးကိုအဓိက ထားဆောင်ရွက်ပေး နေသော ထိုဆရာဝန်များအဖွဲ့ အား စီမံကိန်းများကို ရပ်ဆိုင်ရန် ဒေသခံရခိုင်လူမျိုးများက သတိပေးလိုက် ကြောင်း သိရသည်။

အကြောင်းမှာ ဘင်္ဂလီလူမျိုးများပြားရေးနှင့် လူဦးရေတိုးပွားရေးတို့အတွက် တစိုက်မတ်မတ်လုပ်ဆောင် ပေးနေ သောအဖွဲ့ တစ်ခု အဖြစ် ထိုအသင်းတွင်လုပ်ကိုင်နေသော ဆရာ ၀န်များထံမှ သိရသည်။ လက်ရှိ အနေ အထားတွင် ရခိုင်ပြည်နယ်အတွင်းဘင်္ဂလီ လူဦးရေအဆမတန် များပြားနေခြင်းအပေါ် ပြဿ နာဖြစ်လာ ခဲ့သည့် တိုင် ယခုအခါတွင် ထိုအဖွဲ့သည် အစိုးရအားခုတုံးလုပ် ကာ ဘင်္ဂလီများ မွေးဖွားနုန်း မြင့်မားအောင် ဆောင်ရွက် ပေးနေသော အဖွဲ့တစ်ခု အဖြစ် သိရှိ လာခဲ့ရ သည်။ ယင်း အတွက် ပြည်နယ် အစိုးရ အနေဖြင့် လည်း တားမြစ် သင့် သကဲ့သို့  မကြာမီ ရက်များ အတွင်း ထို အဖွဲ့ အနေဖြင့် ရခိုင်ပြည် နယ်မှ အပြီး အပိုင် ထွက်ခွါ သွားရန် ရခိုင်လူမျိုး တစ်ခုလုံးက သတိပေး လိုက်ကြောင်း သိရသည်။

အကယ်၍ ထွက်မ သွားပါက ဆန္ဒ ထုတ်ဖော်ခြင်း များနှင့် အတူ ဆက်စပ်ဖြစ် ပေါ်လာသော ပြဿ နာအား ယင်း အဖွဲ့မှ တာဝန်ယူရမည်ဖြစ်ကြောင်း အစိုးရနှင့်ယင်းအဖွဲ့တို့သိသာရန် သတိပေးကြေငြာလိုက် ကြောင်း လည်း ရခိုင် လူမျိုး များထံမှ သိရှိ ရပါသည်။ 

မျိုးဆက်ပွား စီမံကိန်း ရခိုင်ပြည်နယ်အတွင်းအလိုမရှိကြောင်းနှင့် ဘင်္ဂလီလူဦးရေတိုးပွားအောင် ဆောင် ရွက်နေခြင်းနှင့် ရခိုင်ပြည်နယ်အတွင်းပြဿနာများထပ်မံဖြစ်ပွားအောင်ဆောင်ရွက်နေ ခြင်းသည် ဆရာဝန် များ၏ လုပ်ရပ်နှင့်လုံးဝမသက်ဆိုင်ကြောင်းလည်း ဆရာဝန်များအသိုင်းအ၀ိုင်း မှပြောဆိုကြပါသည်။ 

ယင်း အတွက် အမြန်ဆုံး ထွက်သွား ပေးပါရန် ပြင်း ထန်စွာ သတိပေး လိုက်ကြောင်း ကြေငြာ လိုက်ပါသည်။ 

(ရခိုင်ပြည်သူများ)

From: RSV

နိုင်ငံတကာပုဂ္ဂလိကကျောင်း ISM နှင့် ကျောင်းသားမိဘများကြား အငြင်းပွား

Posted by drmyochit Sunday, May 12, 2013, under | No comments


အမေရိကန် အခြေခံပညာရေးစနစ်ပုံစံ သင်ကြားပေးသော ပုဂ္ဂလိကကျောင်း International School of Myanmar (ISM) တွင်ကျောင်းသားမိဘနှင့် ကျောင်းအုပ်ချုပ်သူများအကြား ကျောင်းလခအဆ မတန် မြင့် တ က်မှုကြောင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ကျောင်းလခ တိုးမြှင့်ကောက်ခံမှုကိုလွန်ခဲ့သော ၂၀၀၉-၂၀၁၀ ခုနှစ်ကတည်းက တဖြည်းဖြည်း စတင် ခဲ့ပြီး အစော ပိုင်းနှစ်များတွင် ၅ ရာခိုင်နှုန်းစီနှင့် နောက်ပိုင်းနှစ်များတွင် ၁၀ ရာခိုင်နှုန်းတိုးလာရာက လာမည့် ပညာနှစ် အတွက် အပ်နှံရန် မူလနှုန်းထားထက် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း၊ ယင်းအပြင် သင်ကြား သူ ဆရာ၊ ဆရာမပိုင်းတွင်လည်း အားနည်းမှုများ ပိုလာသောကြောင့် ယခုကဲ့သို့ တင်းမာမှုများ ဖြစ်ခဲ့ ရကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မေးမြန်းရန် ယင်းကျောင်းသို့ သွားရောက်စုံစမ်းရာ တာဝန်ရှိသူနှင့် တွေ့ ဆုံခွင့် မရခဲ့ပဲ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးထံ တယ်လီဖုန်းနှင့်ဆက်သွယ်မေးမြန်းရာ ပြောခွင့် မရှိကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါကျောင်းဘုတ် အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသားမိဘ ကိုယ်စားပြု တက်ရောက်သူအချို့ တက်ေ ရာက်ေ သာ မေလ ၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲတွင်ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ၌မူ ကျောင်းလခ ကို ၅ ရာခိုင်နှုန်း လျှော့ချပေးမည်ဟု ကြေညာခဲ့ကြောင်း ကျောင်းသားမိဘများထံက သိရ သည်။

"ကျောင်းလခတိုးတာထက် မိဘတွေကို ကျောင်းကိစ္စတွေမှာ မညှိနှိုင်းဘူး" ဟုအဆိုပါကျောင်းတွင် အထက် တန်း တက်ရောက်နေသူ ကျောင်းသားနှစ်ဦး၏မိခင်တစ်ဦးက The Voice သို့ပြောကြားသည်။

ကျောင်း၏ တုံ့ပြန်မှုများပေါ်မူတည်ကာ မေလ ၈ ရက်နေ့ ကျောင်းသားမိဘများ တွေ့ဆုံပွဲတွင် မိဘ များ၏ ဆုံးဖြတ် ချက်များအတိုင်း ပုဂ္ဂလိက ပညာရေးနှင့်ဆိုင်သော သိသင့်သိထိုက်သော အဖွဲ့အစည်း များထံ အသိပေး အကြောင်းကြားစာ တင်သွင်းသည်အထိ လုပ်ဆောင်သွားရန်လည်း စီစဉ်ထား ကြောင်း ကျောင်း သား မိဘတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

ယင်း နိုင်ငံတကာအဆင့်ပုဂ္ဂလိကကျောင်းတွင် မူလတန်းကြိုတန်းမှ ၁၂ တန်းအထိ သင်ကြားပေး လျက် ရှိပြီးကျောင်း သားကျောင်းသူ ၁၂၀၀ ကျော်ထိ တက်ရောက်သင်ယူလျက်ရှိကာ ကျောင်းလခများ ကို တစ်နှစ် လျှင်နှစ်ကြိမ်ခွဲသွင်းရသော စနစ်ကိုကျင့်သုံးထားသည်။

"ဘယ်ပုဂ္ဂိုလ်ကကျောင်းမဆို ကျောင်းကောင်းအောင်လုပ်ရင် ဈေးကတော့ကြီးမှာပဲ။ ဒါပေမဲ့ ကျောင်း တွေ ကေ တာ့ အမြတ်ဖို့အတွက် မလုပ်သင့်ဘူး" ဟု ကုမ္ပဏီကျောင်းတည်ထောင်သူ စာရေးဆရာ ကိုတာက The Voice သို့ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများနှင့် ပတ်သက်ပြီး အစိုးရကဗဟိုချုပ်ကိုင်မှုများ ရှိနေသေး ကြောင်း၊ လွတ်လပ်သော ဈေးကွက်ဖွင့်ပြီး နိုင်ငံတကာကျောင်းများနှင့် ယှဉ်ပြိုင်မည်ဆိုလျှင် အရည် အသွေး နိမ့်သော ကျောင်းများကိုရွေးချယ်ရန်မလိုကြောင်း၊ လတ်တလော မြန်မာနိုင်ငံတွင် နိုင်ငံတကာ အ ဆင့်မီပုဂ္ဂလိ ကကျောင်းများ နည်းပါးလျက်ရှိသောကြောင့် ရွေးချယ်စရာမရှိ ဖြစ်နေကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။

"ပုဂ္ဂလိကကျောင်းတွေမှာ ဒီလိုပြဿနာတွေများလာလို့ရှိရင် တခြားထပ်ဖွင့်မယ့် ကျောင်းတွေရော ရှိပြီး သားကျောင်းတွေအတွက်ပါ ပိတ်ခိုင်းရင်ပိတ်ရမယ့် အခြေအနေအထိ ဖြစ်မှာလည်း စိုးရိမ်တယ်" ဟု စာရေး ဆရာ ကိုတာက ပြောဆိုသည်။

The Voice Daily

မဟာဆန်သl (Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီ အချိန်ထုတ်ပြန်ချက်။

Posted by drmyochit Sunday, May 12, 2013, under | 1 comment

(၁၂-၅-၂၀၁၃)ရက် နံနက် (၃း၃၀)နာရီအချိန် JTWC (USA) ရဲ့ NWP ခန့်မှန်းချက် အရ မေလ (၁၂) ရက်နေ့ နံနက်အစောပိုင်းကြီးအထိ Mahasen (ခပ်လွယ်လွယ် မဟာဆန်သူ လို့ ခေါ်ကြ ရအောင်ဗျာ) ဟာ မြန်မာနိုင်ငံနဲ့ဝေးရာဖက်ဖြစ်တဲ့ အနောက်မြောက်ဖက်ကို တစ်နာရီ (၁၁) မိုင် နှုန်း နဲ့ သွားနေတုံး ပါဘဲ။ အမှန်တော့ ၀ိုက်တော့မယ့်သဘောဘဲ။ မော်တော်ကား စကားပြောရရင် U Turn လုပ်တော့မယ်။ 

အဲဒီနောက် မေလ(၁၃)ရက်နေ့ နံနက်အစောပိုင်း ကြီးအထိ အသွားနှုန်းတွေ လျော့လာမယ်။ ဒါဟာ ကွေ့ တော့မယ် လက္ခဏာပါဘဲဗျာ။ အဲ…မေလ(၁၃)ရက်နေ့လယ်ပိုင်းမှာ စကွေ့ပါပြီ။ မြောက် အရှေ့ယွန်း ယွန်း (NNE) ကိုပါ။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဖက်ဆီကိုပါ။ ပထမတော့ မေလ(၁၃-၁၄) နှစ်ရက်လုံး တစ်နာရီင်္ (ဂ-၉) မိုင် နှုန်းလောက်နဲ့ပါဘဲ။ အဲ..မေလ(၁၅)ရက် နံနက် အစောကြီးကစပြီး ဂီယာကြီးထိုးပြီး အရှေ့မြောက်ဖက်ကိုလာမယ်လို့ ခန့်မှန်းရပါသဗျ။ လေတိုက်နှုန်းတစ်နာရီ မိုင်(၁၀၀)နှုန်းလောက်နဲ့ ချီတက် လာမှာဖြစ်ပါတယ်။ မုန်တိုင်းအရွယ်ကလည်း အချင်းဝက် မိုင်(၁၂၀)လောက်ရှိနေနိုင်ပါပြီ။

ဒီ မဟာဆန်သူရဲ့ အရှေ့မြောက်ခရီးစဉ်ရဲ့ ရှေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း နဲ့ မြန်မာနိုင်ငံ ရ ခိုင် ကမ်းရိုးတန်းတို့တွေကတော့ target တွေပေါ့ဗျာ။ ဘယ်ဘက် ပိုသွား မလည်းဆိုတာကတော့ မဟာ ဆန်သူ ရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါကြောင်းဗျာ။ လောလော ဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန်နီး ချင်းကောင်း ပီသစွာနဲ့ သူ့ပိုင်နက် စစ်တကောင်းမြို့ အနီးကို လာဖို့ ဗီဇာထုတ်ပေးလိုက်ပါပြီ။ ကျန်တာ ကတော့ ကံဇာတ်ဆရာစီမံရာအတိုင်းပါဘဲ။

ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူး သတိ ထားဖို့လိုနေ ပါတယ်။ Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင် (၁၀၀-၁၁၀) ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်းဒီရေအမြင့် (၅-၇)ပေ ပေးနိုင် တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက် လာနေ မှာဖြစ်ပါ တယ်။ 


Dr. Tun Lwin (MCCW)

SSA(ရွက်ဆစ်)၏ တရားမဝင်စခန်းများအား တပ်မတော်မှ ရှင်းလင်းခဲ့သည့် မှတ်တမ်း ဓာတ်ပုံ

Posted by drmyochit Sunday, May 12, 2013, under | No comments

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်မတာနှင့် နောင်ခမ်း ကျေးရွာအနီး သောင်းကျန်းသူ စခန်း တစ်ခုအား နယ်မြေခံ ကျေးရွာလူထု၏ သတင်း ပေးချက်အရ တပ်မတော် လှုပ်ရှားစစ်ကြောင်း ၁ ကြောင်းမှ ၂၀၁၃ ခုနှစ် မေလ ၉ ရက်က ဝင်ရောက်ရှင်းလင်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

တပ်မတော် တာဝန်ရှိသူ များ၏ စိစစ်ချက်အရ ၂၀၁၃ ခုနှစ် မေလ ၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့် တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နောင်ဟင်ရွာသို့ စာအုပ်များ၊ ရုပ်ပုံကားချပ်များ လှည့်လည် ရောင်း ချသည့် ၅ ဦးအား လက်နက်ကိုင် သောင်းကျန်းသူ ၁၀ ဦးခန့်က အကြောင်းမဲ့ လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားသည့် သတင်းရလျှင် ရခြင်း အပြစ်မဲ့ ပြည်သူ ဖမ်းဆီး ခံရသူများ ပြန်လည် လွတ်မြောက်စေရေး အတွက် တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းရာ တင်းခါး ကျေးရွာအနီးတွင် သောင်းကျန်းသူ အဖွဲ့၏ အခွန်ကောက် စခန်းအား မေလ ၅ ရက်နေ့တွင် လည်းကောင်း၊ ထပ်မံ၍ သောင်းကျန်းသူများ အခြေချမှုကို မလိုလားသော၊ လက်သင့် မခံကြသော ဒေသခံ ပြည်သူများမှ SSA(ရွက်ဆစ်)၊ ရင်း(၇၀၁)မှ အင်အား ၅၀ ခန့်သည် နောင်ခမ်းမြို့ အနီး နောင်မတာ ကျေးရွာနှင့် မန်ကွန် ကျေးရွာကြားတွင် ရွာသားပိုင် လယ်မြေများအား အဓမ္မ သိမ်းယူ၍ စခန်းတစ်ခု တည်ဆောက် လျက် ရှိကြောင်း၊ နမ့်ခမ်းဘက်မှ ရွှေလီမြစ်အား ကူး၍ တရုတ် နိုင်ငံဘက်သို့ သွားရောက်သော သရီး ကရောင်းယာဉ်၊ ထော်လာဂျီ ယာဉ်များထံမှ တစ်စီးလျှင် တစ်သောင်းကျပ်နှုန်း ကောက်ခံလျက် ရှိကြောင်း၊ နယ်မြေ ရှင်းနေသည့် တပ်မတော် စစ်ကြောင်းသို့ လာရောက် သတင်းပို့ချက် အရ လှုပ်ရှား တပ်မတော် စစ်ကြောင်းများမှ ဝင်ရောက် ရှင်းလင်းရာ မေလ ၉ ရက်နေ့ နံနက် ၄ နာရီခွဲမှ နေ့လယ် ၁ နာရီအထိ နောင်ခမ်းရွာ အနီး၌လည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်မှ နေ့လယ် ၁ နာရီအထိ နောင် မတာ အနီး၌လည်းကောင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ညနေ ၂ နာရီချိန် စခန်းများအား ရှင်း လင်းပြီးခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်များတွင် လက်နက် ၂ လက်၊ မိုင်းမျိုးစုံ ၃၄ လုံး၊ တီအမ်တီ ယမ်း တုံးများ၊ လက်ပစ်ဗုံးနှင့် ခဲယမ်း အမြောက်အများ၊ မိုင်းခွဲရာတွင် သုံးစွဲသည့် ရီမုတ် ကွန်ထရိုးနှင့် ဓာတ် ခဲများ၊ လမ်းလျှောက် စကားပြောစက်များ၊ ကွန်ပျူတာ နှစ်စုံနှင့် အဓမ္မ စုဆောင်းထားသည့် ရိက္ခာ ဆန်များ၊ ၄င်းတို့ နေထိုင်သည့် အဆောက် အဦများနှင့် လေ့ကျင့်ရေး ကွင်းများ၊ ကွန်ကရစ် ဘန် ကာနှင့် အသုံးအဆောင် ပစ္စည်း အချို့ကို သိမ်းဆည်း ရရှိခဲ့ပါသည်။


ယခု သိမ်းပိုက် ရရှိခဲ့သည့် SSA (ရွက်ဆစ်)၊ ရင်း(၇၀၁)စခန်းမှာ ငြိမ်းချမ်းရေး သဘော တူညီချက်ဖြစ် သည့် ရှမ်းပြည်နယ် တောင်ပိုင်း မုံးထော်/မုံးထ နယ်မြေမှ ကျော်လွန်၍ လာရောက်တပ်စွဲ နယ်မြေချဲ့ထွင် သည့် စခန်းဖြစ်သည့် အပြင် ဒေသခံ တိုင်းရင်းသားများ အပေါ် လူသစ် အဓမ္မ စုဆောင်းခြင်း၊ ဆက်ေ ကြးနှင့် အခွန်အခ မတရား ကောက်ခံခြင်း တို့ကြောင့် ဒေသခံများ၏ သတင်းပေးမှု၊ လက်မခံမှု များကြောင့် တပ်မတော်စစ်ကြောင်း များမှ ၀င်ရောက် ရှင်းလင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

တိုက်ပွဲ ဖြစ်ပွားချိန် အတွင်း မေလ ၉ ရက် နံနက် ၈နာရီခွဲတွင် SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့ တစ် ဖွဲ့ သည် မူဆယ်မြို့နယ်၊ (၁၀၅)မိုင် ရှောင်ကွင်း လမ်းပေါ်၌ အပြစ်မဲ့ ပြည်သူများအား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ၁ ဦး သေဆုံးကာ၊ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ည ၁၀ နာရီ ခွဲတွင် SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့မှ ပြောက်ကျား ယူနီဖောင်းဝတ် ၂ ဦးသည် မူဆယ် မြို့နယ်၊ နမ့်ပန်းနှင့် နမ့်ဆွမ်းရွာ ကြားရှိ အမြဲကောင်း စိုက်ပျိုးရေး ခြံ၌ ခြံစောင့် မိသားစုအား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် ခြံစောင့် သေဆုံး၍ ၄င်း၏ မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်းများကို မေလ ၁၀ရက် နှင့် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာ များတွင် သတင်း ဖော်ပြပြီး ဖြစ်ပါသည်။

ငြိမ်းချမ်းရေး ရယူထားသော်လည်း SSA(ရွက်ဆစ်) အဖွဲ့ဝင် တစ်ချို့၏ အပြစ်မဲ့ ပြည်သူများ အပေါ် တရား ဥပဒေ မဲ့စွာ လုပ်ဆောင် နေမှုများကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်စိတ် များ ဖြစ်ပေါ်လျက် ရှိသဖြင့် တပ်မတော်မှ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး ၎င်းနယ်မြေ အတွင်း ဆက်လက်ရှင်းလင်း ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်းနှင့် ဖြစ်စဉ် များ ဖြစ်ပွား သည့် နေရာများသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နှစ်နိုင်ငံ နယ်စပ်အနီး မိမိ နိုင်ငံဘက် အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း ဖြစ်စဉ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ ရင်းနှီး ချစ်ကြည်မှု မထိပါး စေရေးအတွက် နိုင်ငံခြား ရေးဝန်ကြီး ဌာနမှ တစ်ဆင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

Saturday, May 11, 2013

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားထံ ပေးပို့ထားသော မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံ လျှောက်ထားလွှာ

Posted by drmyochit Saturday, May 11, 2013, under | No comments

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားထံ ပေးပို့ထားသော မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံ လျှောက်ထားလွှာ 

နေ့စွဲ – မေလ ၉ ရက် ၂၀၁၃
Date: May 9, 2013
ဘုန်းတော်ကြီးမြတ်တော်မူလှသည့် အရှင်ဒလိုင်းလားမားဘုရား
Dear His Holiness Dalai Lama

တိဗက်မြေတွင် တရားမျှတခြင်း ကင်းမဲ့မှုကို ခုခံတိုက်ပွဲဝင်နေကြသည့် တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် အတူ တကွ ခိုင်မာစွာ ရပ်တည်လျှက်ရှိသည့် ငြိမ်းချမ်းစွာ ကျင့်သုံးဆောက်တည်နေကြသော မြန်မာ ဗုဒ္ဓ ဘာသာ ရဟန်းတော်များအား မှားယွင်းစွာ ရှုံ့ချထားသည့် အရှင်ဘုရား၏ မကြာမြင့်မီက မှတ်ချက်စကား များ ကို ဖတ်ရှုရသည့်အတွက် တပည့်တော်တို့ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းများသည် များစွာမှပင် ၀မ်းနည်း ကြ ရပါသည် ဘုရား။

ရည်ညွှန်းချက် – ဓမ္မသာလ၊ အိပ်ခ်ျပီ၊ အိန္ဒိယနိုင်ငံ၊ ၂၂ ဧပြီ ၂၀၁၃ ၊မေရီလန်း တက္ကသိုလ်၌ ပရိသတ်တစ်စု အား ပြောကြား သည့် မှတ်ချက်စကား၊ ၇ မေ ၂၀၁၃။

We, Burmese Buddhist Monks, are very sad to read your recent comments about wrongly condemning fellow peaceful Burmese Buddhist Monks who stood firmly together with Tibetan Buddhists in fighting against the injustice in Tibet land.
Reference: Dharamsala, HP, India, 22 April 2013, comment to an audience at the University of Maryland, 7 May 2013.

တပည့်တော်တို့ ထင်မှတ်သည်မှာ အရှင်ဘုရားသည် လူပုဂ္ဂိုလ် အဖွဲ့အစည်း အချို့ နှင့် တစ်ဘက် သတ် ရေးသား ထုတ်ပြန်ထားသည့် အစွန်းရောက်များနှင့် အခွင့်အရေးသမားများ၏ လှည့်ဖြားလိမ်ညာ ထားသော ၀ါဒဖြန့်မှုများ အပေါ်တွင် အခြေပြုထားသည့် သတင်းမီဒီယာ အစီရင်ခံချက်များက လမ်းလွှဲလိုက်အောင် ပြုခြင်း ကို ခံရတော်မူလေသည်ဟူ၍ ဖြစ်ပါသည် ဘုရား။

We think you are misled by some people / groups and one sided media reports based on fabricated propaganda of extremists and opportunists.

အရှင်ဘုရားသည် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ မေတ္တာထားခြင်းတို့နှင့် စပ်လျဉ်း၍ ဗုဒ္ဓရှင်တော်ဘုရားက တပည့်ေ တာ် တို့အား သွန်သင်ဆုံးမတော်သော တရားတော်များနှင့် ပတ်သက်၍ ဖော်ပြတော်မူရာတွင် လုံးဝ ဥဿုံ မှန်ကန်ပါသည် ဘုရား။ တပည့်တော်တို့သည် လူမျိုး ဘာသာ မရွေး လူသားများ အဖြစ် မည် သည့် အကြမ်းဖက်မှုကို မဆို ပြစ်တင်ဝေဘန်ရမည်ဖြစ်ပြီး မည်သည့် ပဋိပက္ခအတွက် မဆို ငြိမ်းချမ်းသော ဖြေရှင်းချက် ရရှိရေးကို အားပေးလုပ်ဆောင်ရမည် ဖြစ်ပါသည် ဘုရား။

You were absolutely correct in mentioning about what Buddha taught us about forgiveness, tolerance, compassion.We, as human beings regardless of race & religion, must denounce any kinds of violence, and promote peaceful solution for any conflicts.

မြန်မာနိုင်ငံသည် (၁၃၅)မျိုးသော တိုင်းရင်းသား လူမျိုးနွယ် အုပ်စုများဖြင့် အာရှတိုက်တွင် တိုင်းရင်းသား မျိုးနွ ယ်စု အများဆုံး နေထိုင်လျှက်ရှိသော နိုင်ငံများ အနက် တစ်ခုဖြစ်ပါသည် ဘုရား။ သမိုင်းကြောင်း အရ မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ကိုးကွယ်ယုံကြည်မှု အုပ်စုများ အကြား အပြန်အလှန်လေးစား မှုဖြင့် ငြိမ်း ချမ်း စွာ ယှဉ်တွဲ နေထိုင်သည့် စိတ်ရှည်သည်းခံတတ်သော နိုင်ငံတစ်ခု ဖြစ်ပါသည် ဘုရား။ သက် တမ်း ၂၀၀၀ ကျော်ရှိပြီဖြစ်သော ဆူးလေစေတီတော်၊ သက်တမ်း ရာကျော်ရှိသော ခရစ်ယာန် ဘုရားရှိ ခိုးကျောင်းနှင့် ဗလီဝတ်ကျောင်းတို့သည် ရန်ကုန်မြို့တော်ခန်းမ နှင့်အတူ (မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်) ရန်ကုန်မြို့ထဲ အရပ်၏ ဗဟိုတွင် ဘေးချင်းယှဉ်လျှက် တည်ရှိနေပါသည် ဘုရား။ ဟိန္ဒူ ဘာသာရေး ဘုရားကျောင်း တစ်ခုသည်လည်း ရန်ကုန်မြို့ထဲ အရပ်၌ ထို သမိုင်းဝင် ဘာသာရေး အေ ဆာက် အအုံများအနီးတွင် ထီးထီးမားမား ရှိနေပါသည် ဘုရား။

Burma is a most diverse multi ethnic country in Asia with 135 indigenous ethnic groups. Historically Burma is a tolerant country with different faith groups live peacefully side by side with mutual respect. Over 2,000 years old historic Sule Pagoda, over century old Christian Church& Mosque are existing side by side in middle of downtown Rangoon (Burma’s largest city) alongside with Rangoon City Hall. A Hindu Temple is also standing near these historic religious buildings in downtown Rangoon.

မကြာသေးမီက ဖြစ်ပွားခဲ့သော ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသည့် လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုကို (ပြည်တွင်း နှင့် ပြည်ပ မှ) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ ရန်သူများ၊ အခွင့်အရေးသမားများနှင့် အစွန်းရောက်သမားများက သွေးထိုးလှုံ့ဆော်ခဲ့ခြင်း ဖြစ်ပါသည် ဘုရား။ တပည့်တော်တို့သည် အကြမ်းဖက်မှု ပုံစံပေါင်းစုံကို ပြစ်တင်ရှုံချပြီး အပြန်အလှန် ယုံကြည်မှု နှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို ထောက်ခံ အားပေးကြပါသည် ဘုရား။

Recent senseless communal violence in Burma was incited by the enemies of democratic reform process, opportunists and extremists (domestic and abroad). We denounce all kinds of violence and encourage building the mutual trust and peaceful society.

မူစလင်နှင့် ဗုဒ္ဓဘာသာ အသိုက်အ၀န်း နှစ်ခုလုံးသည် ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသော အကြမ်းဖက်မှု အတွင်း၌ သေကြေဒဏ်ရာ ရရှိမှုများနှင့် ဥစ္စာပစ္စည်း ပျက်စီးမှုများကို ခံစားခဲ့ရသည် ဘုရား။

Both Muslims and Buddhists communities suffered casualties and property damages during senseless violence.

လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဘင်္ဂလီ မူစလင် အမျိုးသား တစ်စုက ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးအား အုပ်စုလိုက် မတရား သားမယားပြုကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ခြင်းဖြင့် အကြမ်းဖက်မှု စတင်ခဲ့ပါသည် ဘုရား။ (လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများ၊ ရှေ့နေများ၊ သမိုင်းပညာရှင်များနှင့် အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့်) လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က စုစုပေါင်း (၃၄၇)ဦး သေဆုံးခဲ့ပြီး (၄၁၁)ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နှစ်ဖက်စလုံးမှ သတင်းပို့သည့်အတိုင်း တင်ပြအစီရင်ခံခဲ့ပါသည် ဘုရား။ သေကြေဒဏ်ရာ ရရှိသူများအနက် ၆၀%မှာ မူစလင်များဖြစ်ပြီး ၄၀%မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည် ဘုရား။ (သေကြေဒဏ်ရာရရှိသူများ အချိုးအစားနှင့် အလားတူစွာ) အိမ်ပေါင်း ၇၇၀၀ ကျော် ပျက်စီးခဲ့ရပါသည် ဘုရား။ ထို့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၂၄)ကျောင်းနှင့် ဗလီ (၃၂)လုံးတို့ကို မြန်မာနိုင်ငံ အနောက်ပိုင်းတွင် လူအုပ်များက ဖျက်ဆီးခဲ့ကြပါသည် ဘုရား။

Last year, violence in Western Burma started with a Buddhist girl was gang raped& killed by a group of Bengali Muslim men.The Independent Investigation Commission (consists of human right activists, lawyers, historians and religious leaders including Islam, Christian, Hindu and Buddhist) reported that total 347 were killed and 411 were injured as reported by both sides. 60% of causalities were Muslims and 40% were Buddhists. Over 7,700 houses were destroyed (similar ratio as causalities). Furthermore, 24 Buddhist Monasteries and 32 Mosques were destroyed by mobs in Western Burma.

ရွှေဆိုင်တစ်ဆိုင်၌ ဆိုင်ရှင်နှင့် ရွှေလာရောင်းသူတို့အကြား အငြင်းပွားမှုဖြစ်ပွားပြီး မြန်မာဗုဒ္ဓဘာသာ ဇနီးမောင်နှံကို ဘင်္ဂလီလူမျိုး မူစလင် ဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းတို့က ကိုယ်ထိလက်ရောက် စော်ကား တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာသော မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထိလာမြို့မှ နောက်ဆုံး အကြမ်းဖက်မှု ကို နောက်ပိုင်းတွင် ဗလီတစ်ခုအတွင်း၌ မူစလင်လူအုပ်က ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား ရက်စက်စွာ သတ်ဖြတ်ခြင်းက အရှိန်မြင့်တက်လာအောင် ဖြစ်စေခဲ့ပါသည် ဘုရား။

Latest violence in Central Burma town of Meikthila started with an argument at Gold Shop owner & seller and physical assault to Burmese Buddhist couple by Bengali Muslim owners & staff; later fuelled by a brutal killing of a Buddhist Monk by Muslim mob inside a mosque.

ဗုဒ္ဓဘာသာ ရဟန်းများသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ အကြမ်းဖက်မှုများတွင် အသက်ဘေး ဒုက္ခခံစားရသူများ အထဲတွင် ပါဝင်နေသော်လည်း မူစလင် ဘာသာရေးခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုအတွင်းတွင် ထိခိုက်ရမှု မရှိသည်ကို သတိပြုတော်မူပါ ဘုရား။ တပည့်တော်သည် အရှင်ဘုရား လေ့လာကြည့်နိုင်ရန် နှင့် စဉ်းစားတော်မူနိုင်ရန် အတွက် မကြာသေးမီက ဖြစ်ပျက်မှုများမှ ဓာတ်ပုံအချို့ကို ပို့ပေးလိုက်ပါသည် ဘုရား။

Please note that although Buddhist monks were among victims of the violence in central & western Burma, none of Muslim religious leaders were hurt during communal violence. I am forwarding a few photos from recent incidents for your info and consideration.

စင်စစ်တွင် မူစလင်ဆန့်ကျင်ရေး ဘုန်းကြီးဟု ခေါ်ဆိုခြင်းခံနေရသော ဦးဝီရသူ အပါအ၀င် ဦးဆောင် ဦးရွက် ပြုသည့် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် မြန်မာဗုဒ္ဓဘာသာ ဒေသခံများသည် မူစလင်များကို ကာကွယ်ပေးခဲ့ကြပြီး လက်နက်ကိုင် လူအုပ်များအတွင်း ပိတ်မိနေသော မူစလင် ရာပေါင်းများစွာအား ကယ်ထုတ်ခြင်းကိုပင် ပြုခဲ့ကြပါသည်ဘုရား။ သူတို့သည် မူစလင်များကို ဘေးလွတ်ရာသို့ ကယ်ဆယ် ခေါ်ဆောင်လာကြပြီးလျှင် ယနေ့တိုင်အောင် အစာရေစာ ထောက်ပံ့မှုများ ပြုလျှက် ရှိပါသည်ဘုရား။ အချို့သော မူစလင်များကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံခွင့်ကိုပင် ပေးထားပါသည်ဘုရား။ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် (ရန်ကုန်မြို့အနီးရှိ) ဥက္ကံမြို့တွင် နောက်ဆုံးပေါ်ပေါက်လာသည့် မူစလင် ဘေးဒုက္ခခံစားရသူများကို အစားအစာနှင့် အခြား အထောက်အကူများ ပေးလျှက်ရှိပြီး အချို့ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် ခိုလှုံခွင့်ပေးလျှက် ဗုဒ္ဓဘာသာ ရဟန်းတော်များက ကာကွယ် စောင့်ရှောက်နေကြပါသည် ဘုရား။

In fact, leading Burmese Buddhist monks including so called anti-Muslim monk U Withura and local Burmese Buddhist residents protected Muslims, they even rescued several hundred Muslims trapped by armed mobs. They brought rescued Muslims to safety and providing the food & water until today. Some Muslims were even provided shelters at the Buddhist Monasteries. Buddhist Monks are providing food and other assistance to latest Muslim victims in Okkan (near Rangoon); some were sheltered in a Buddhist monastery and protected by Buddhist monks.

တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူမျိုးများသည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာအောင် နေထိုင်လျှက်ရှိနေကြရာ အများအပြားမှာ ကံမကောင်း အကြောင်းမလှစွာဖြင့် သူတို့၏ ကိုယ်ပိုင် ဇာတိမြေတွင် ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုး မူစလင်များကြောင့် (တိဗက်မြေတွင် တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် တရုတ် ကွန်မြူနစ်များ ကဲ့သို့ အလားတူ အနေအထား မျိုးဖြင့်) ဘေးဒုက္ခ ကြုံတွေ့ ခံစားရသူများ ဖြစ်လျှက် ရှိနေကြပါသည် ဘုရား။ ယခုအခါတွင် ရိုဟင်ဂျာများဟု ဆိုကြသော ဘင်္ဂလီ မူစလင်များသည် (ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်နေသည့်) မြန်မာနိုင်ငံ အနောက်ပိုင်း မြို့နယ်များတွင် လူဦးရေ၏ ၉၅% ရှိနေပြီး မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင်များမှာ ယခုအခါ စုစုပေါင်း လူဦးရေ၏ ၅%ထက် နည်းပါးလျှက် ရှိနေပါသည် ဘုရား။

Indigenous Buddhists ethnic people are living in the Western Burma for thousands of years, unfortunately many were victims at their own home land by invading Bengali Muslims (similar to Tibetan Buddhists and Chinese Communists in Tibet land). Now, Bengali Muslims so called Rohingya represents 95% of the population in Western Burma townships (border with Bangladesh); native Buddhists are now less than 5% of the total population.

တပည့်တော်တို့သည် အရှင်ဘုရား၏ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ဆန့်ကျင်သော မှတ်ချက် စကားများသည် မှန်ကန်မှုမရှိဘဲ မျှတမှုကင်းမဲ့ကာ အကြောင်းယုတ္တိမခိုင်မာကြောင်း တွေ့ရှိရပါသည် ဘုရား။ တပည့်တော်တို့သည် ဘုန်းတော်ကြီးမားတော်မူသော အရှင်ဘုရား ကိုယ်တိုင်ထံမှ ထိုသို့သော မှန်ကန်မှု မရှိသည့် သတင်းများနှင့် မှတ်ချက်စကားများ ထွက်လာသည်ကို ဖတ်ရှုရခြင်းကြောင့် အလွန်အမင်း ၀မ်းနည်း နာကြင်ရပါသည် ဘုရား။

We found that your comments against Burmese Buddhist Monks are incorrect, unfair and unjust. We are very sad and painful to read those incorrect news and comments especially from the His Holiness.
မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ရှုံချပြစ်တင်ထားသည့် အရှင်ဘုရား၏ မှတ်ချက်စကားများ ကို ပြန်လည်ရုပ်သိမ်းတော် မူပေးပါရန် တပည့်တော်တို့က တလေးတစား မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

We respectfully would like to request you to withdraw your comments on denouncing the Burmese Buddhist Monks.

အရှင်ဘုရား အနေဖြင့် ထပ်လောင်းသိလိုသော သတင်းအချက်အလက်များ ရှိပါက တပည့်တော်ထံသို့ အချိန်အခါမရွေး ဆက်သွယ်တော်မူပါဘုရား။

Please feel free to contact me if you require additional information.
ရိုသေလေးမြတ်စွာဖြင့်
Respectfully,
အရှင် ကောဝိဒ

ဥက္ကဌဆရာတော်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး (ကနေဒါနိုင်ငံ)
နယူးယောက်မြို့၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး ဌာနချုပ်၏ ဒုတိယ ဥက္ကဌဟောင်း

Ven. Ashin Kawwida
President, International Burmese Monks Organization (Canada), Past Vice President of the International Burmese Monks Organization head quarter in New York
Email: ukwd2004@yahoo.ca

From: OPP

မဟာဆန်မုန်တိုင်း ၄၈ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းဆီ ပြန်လှည့်လာနိုင်

Posted by drmyochit Saturday, May 11, 2013, under | No comments


မန္တလေး၊ မေ ၁၁

အိန္ဒိယ မိုးလေ၀သဌာနရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ မဟာဆန် မုန်တိုင်း (ယခင်-၀မ်း)ဟာ လတ်တလော အခြေအနေမှာ အနောက်မြောက်ဘက်ဆီ ဦးတည်ရွေ့ လျားနေ ရာ က နောက်ထပ် ၄၈ နာရီအတွင်း အရှေ့မြောက်ဘက်ကို ပြန်လှည့်ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုး တန်းဆီ ဦးတည် သွားနိုင်ကြောင်း သိရပါတယ်။

ဒီကနေ့ မဟာဆန်ရဲ့ လေတိုက်နှုန်းဟာ ၁ နာရီ မိုင် ၅၀ ကျော်ရှိရာက မနက်ဖြန် မေ ၁၂ ရက်မှာ ၁ နာရီ ၇၅ မိုင် အထိ၊ မေ ၁၃၊ ၁၄၊ ၁၅ ရက်များမှာ ၁ နာရီ မိုင် ၉၀ အထိ ပြင်းထန်လာနိုင်ပြီး၊ ကုန်းတွင်းပိုင်းကို မေ ၁၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဗဇားခရိုင်ဆီ ဦးတည်ဝင်ရောက်နိုင်ကြောင်း၊ ရခိုင်ပြည်နယ် မြောက် ပိုင်းဒေ သများလည်း မုန်တိုင်းရဲ့ ရိုက်ခတ်မှုကို ခံရနိုင်ကြောင်း သိရပါတယ်။

မြန်မာဓိက

အပူပိုင်းမုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ

Posted by drmyochit Saturday, May 11, 2013, under | No comments


ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အထိ ရှိနေ

ဆိုင် ကလုန်းမုန်တိုင်း မဟာစင်၏ ဗဟိုချက်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ အကြား ရှိနေကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ကော့သောင်းမြို့၏ အaနာက်တောင်ဘက် မိုင် ၅၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး မုန်တိုင်း၏ ဗဟိုချက်တွင် လေတိုက်နှုန်းမှာ တစ်နာ ရီလျှင် မိုင် ၅၀ မှ ၆၀ အကြား ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိ ရသည်။

မုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ရှိခဲ့ရာမှ မေလ ၁၀ ရက်နေ့တွင် အပူ ပိုင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ယင်း အပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာခဲ့ကာ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အမည်ပေး မုန်တိုင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းအမည်မှာ မဟာစင်ဖြစ်သည်။ မဟာစင်ဟူသော အမည်ကို သီရိ လင်္ကာနိုင်ငံက ပေးထားခြင်း ဖြစ်သည်။

လက်ရှိ ကာလသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်ပါက သက်ရောက်မှုကို မြန်မာနိုင်ငံ အနေဖြင့် သတိပြုရလေ့ရှိသည့် မိုးကြိုကာလလည်း ဖြစ်သည်။ အထူးသဖြင့် မေလအတွင်း မုန်တိုင်းဖြစ်ပေါ် ပါက ပိုမို သတိပြုရလေ့ ရှိသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်း ငါးနှစ်ဆက်တိုက် သက်ရောက်သောနိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ် တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ် တွင် ဂီရိတို့ ဖြစ်သည်။ ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေ အပျောက် အများဆုံးနှင့် ပျက်စီးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့သည်။

Eleven 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်