Monday, May 13, 2013

နယူးအော်လင်း သေနတ်ပစ်ခတ်မှု ဓားစာခံ ၁၉ ဦးတွင် ကလေးနှစ်ဦးပါ

Posted by drmyochit Monday, May 13, 2013, under | No comments

Mothers Day Parade Shooting
နယူးအော်လင်း၊ မေ ၁၃။

တနင်္ဂနွေနေ့က အမေများနေ့ အထိမ်းအမှတ် စုပေါင်းပြုလုပ်သော အခမ်း အနား ချီတက်ပွဲတွင် သေနတ် သမားများ ပစ်ခတ် မှုကြောင့် အနည်း ဆုံးလူ ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုသည် အက်ဖ်ဘီအိုင်ထုတ်ပြန်ချက်အရ လူပေါင်း ရာပေါင်းများစွာပါဝင်ပြီး ပွဲတော် တစ်ခု အတွင်း ချီတက်နေကြစဉ် ပြင်သစ်ရပ်ကွက်အနီးရှိ ၇ ရပ်ကွက်အိမ်များအနီး လမ်းမပေါ်တွင် ဖြစ်ပွား ခဲ့သော တိုက် ခိုက် မှု တစ်ခုဖြစ်ကြောင်း သိရသည်။

ဖုန်းများနှင့် ရိုက်ကူး ထားသည့် ဗီဒီယိုဖိုင်များအရ အပစ်ခံရသူ ဓားစာခံများသည် လမ်း မပေါ်တွင် လဲကျနေ ကာ လူသွားလမ်းပေါ် တွင် လည်း သွေးများပေနေပြီး အခြားသူများက ဒဏ်ရာရရှိသူများကို နှစ် သိမ့်ပေးနေကြောင်း တွေ့ရ သည်။

အနည်းဆုံးလူသုံးဦးပြင်းထန်စွာ ဒဏ်ရာရရှိပြီး တာဝန်ရှိသူများက ဒဏ်ရာရသူအများစုသည် မပြင်း ထန်ကြောင်း ပြောကြားခဲ့ပြီး သေဆုံးခဲ့သူ ဦးရေ မရှိသေးချေ။

ဒဏ်ရာရသူများတွင် ယောကျား ၁၀ ဦး မိန်းမ ၇ ဦး အပါအဝင် ၁၀ နှစ်အရွယ် ယောကျားလေးတစ်ဦး နှင့် မိန်းကလေးတစ်ဦးတို့ပါဝင်ပြီး အခြေအနေကောင်းကြောင်း သိရသည်။

မြို့တော်ဝန် မစ်ခ်ျ လန်ဒရောက မျက်မြင်များအား သိရှသော သတင်းအချက်အလက်များကို လာရောက် ပြော ကြားရန် ဒဏ်ရာရသူများကို တင်ထားသည့် ဆေးရုံတွင် ပြောကြားသည့် စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြောကြား သည်။

“ယခုဖြစ် ပွားခဲ့ တဲ့ ကိစ္စဟာ စစ်ဆေးအရေးယူရမယ့်အရေးပါ၊ တစ်ယောက်ယောက်ကတော့ သိတာ တစ်ခု ခုရှိပါ တယ်၊ လူတွေအားလုံးကူညီမှ ဒီ အကြမ်းဖက်မှုအဆုံးသတ်ပါမယ်” ဟု ၎င်းက ပြောကြားသည်။
နယူးအော်လင်း အက်ဖ် ဘီအိုင်မှ ပြောရေးဆိုခွင့်ရှိသူ မေရီဘက်သ် ရိုမစ်က စုံစမ်း စစ်ဆေးရေး အရာရှိ များ၌ သေနတ် ပစ်ခတ် မှုသည် အကြမ်း ဖက်မှုလုပ်ရပ်ဖြစ်ကြောင်း ထောက်ပြချက်များမရှိသေးကြောင်း ပြောကြား သည်။

“လမ်းပေါ်ဖြစ် သွားတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
လူပေါင်း ၄၀၀ခန့် သည် အခင်းဖြစ်ပွားသောနေရာအနီးတွင် ရှိနေခဲ့သော်လည်း သေနတ်နှင့် ပစ်ခတ်သောနေ ရာ အနီးတစ်ဝိုက်တွင် တစ်ဝက် ခန့်သာရှိနေခဲ့ကြောင်း ရဲမှူး ရိုနယ်ဆာပက်စ်က ပြောကြားသည်။

ရဲအရာ ရှိများ သည်လည်း လူအုပ်ကြီးနှင့် လိုက်ပါခဲ့ပြီး ၎င်းပွဲအတွက် လုပ်ရိုး လုပ်စဉ် အစောင့်အကြပ် အဖြစ်သာ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။
ရဲများ က အခင်းဖြစ်ပွားရာနေရာမှ သံသယဖြစ်ဖွယ်လူ သုံးဦး ပြေးထွက်သွားသည်ကို မြင်တွေ့ ခဲ့သော်လည်း ယခုအချိန်အ ထိ အဖမ်းအဆီး မရှိ သေးပေ။

အခင်းဖြစ်ပွားသည့်နေ့ ညနေပိုင်းတွင် ရဲများက အခင်းဖြစ်ပွားသည့်နေရာကို ပိတ်ထားပြီး ကျည်ဆံခွံများ ၁၀နေရာ ထက်မနည်း အမှတ်အသား ပြုခဲ့ကြသည်။

တနင်္ဂနွေနေ့ အခမ်းအနားကို လူမှုကလပ်တစ်ခုက ဦးဆောင်ပြုလုပ်ခဲ့ပြီး ၎င်းအုပ်စုကို ၁၉၉၆ တွင် စတင် တည်ထောင် ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားသည့် နေရာပတ်ဝန်းကျင်ရပ်ကွက်သည် ဝင်ငွေနည်းပါးသူများနှင့် အလယ်အလတ်တန်းစားများ ရောနှောနေထိုင်ရာ ရပ်ကွက်ဖြစ်သည်။

တနင်္ဂနွေနေ့ အဖြစ် အပျက်သည် ရဲဌာနသစ်ပြန်လည်မွမ်းမံရေးနှင့် မြို့ ထောင်ပြန် လည်မွမ်း မံရေးတို့ အတွက် ဖက်ဒရယ် သဘောတူညီချက် အမိန့်အောက်တွင် မြို့တော်မှ ဒေါ်လာ သန်းနှင့်ချီ ပေးဆောင်ရန် ရုန်းနေရ ချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

နယူးအော်လင်းသည် အခမ်းအနားများတွင် ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိပြီး မြို့တစ်ဝိုက်တွင်လည်း လမ်းပေါ် ရာဇဝတ်မှု များစွာ ရှိနေသည်။

ယခုနှစ် အစောပိုင်းတွင်လည်း ပြင်သစ်ရပ်ကွက် တွင် အငြင်းပွားမှုကြောင့် လူလေဦးအပစ်ခံခဲ့ရပြီး အပစ်ခံရ သူအသက် ရှင်ကာ သံသယရှိသူများစွာ ဖမ်းဆီးခံခဲ့ရသည်။

Ref;AP
From: @ မြန်မာ့ခေတ်

ရန်ကုန်တိုင်း၌ အဓမ္မကျင့်မှု သုံးရက်လျှင် တကြိမ်၊ ကလေးများကို ကျူးလွန်မှု လေးလအတွင်း ၂၆ မှုရှိ

Posted by drmyochit Monday, May 13, 2013, under | No comments



ရန်ကုန်တိုင်းအတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှုနှုန်းမှာ သုံးရက်လျှင် တကြိမ်ခန့် ဖြစ်ပွားနေပြီး အသက် မပြည့်သေး သူ မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း ၃၀ နီးပါးခန့်အထိ ရှိ လာကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း သတင်းမှတ်တမ်းများအရ သိရသည်။

“ပထမ လေးလ အတွင်းမှာတင် မုဒိမ်းမှုပေါင်း ၄၇ မှု ဖြစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အောက် မိန်း ခလေးတွေ အဓမ္မ ပြုကျင့်ခံရမှုပေါင်းက ၂၆ မှုထိ ရှိတယ်။ အဲဒီထဲမှာပဲ ၁၀ နှစ်အောက်က ၆ မှုပါတယ်” ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)ဌာနခွဲမှ ဒုရဲမှူးက မဇ္ဈိမကို ပြောသည်။

မုဒိမ်းမှု အများ ဆုံးဖြစ်ပွား ခဲ့သော မြို့နယ် များမှာ လှိုင်သာယာတွင် ၈ မှု၊ တိုက်ကြီးတွင် ၃ မှု၊ ထောက်ကြန့်၊ မြောက် ဥက္က လာ၊ရွှေပြည်သာ၊ အင်းစိန်တို့တွင် ၂ မှုစီဖြင့် အများဆုံး ဖြစ်ပွားခဲ့ကြောင်း မှုခင်း မှတ်တမ်း များအရ သိရသည်။

အဓမ္မပြုကျင့်ရာတွင် မသိနားမလည်သော ကလေးသူငယ်များအား အစားအစာ၊ အဝတ်၊ ဖိနပ် စသည်တို့ ဝယ်ပေးမည်ဟု ပြောဆိုဖျားယောင်းပြီး ပြစ်မှုကျူးလွန်ကြခြင်းများ ပါဝင်ကြောင်း သိရသည်။

အရွယ် မရောက်သေး သူ ကလေးငယ်များအား အဓမ္မပြုကျင့်မှုများတွင် ဖခင်အရင်းက ကျူးလွန်မှု ၁ မှု၊ ပထွေး က ပြုကျင့်မှု ၁ မှု၊ အစ်ကိုဝမ်းကွဲက ၁ မှု၊ ဦးလေးက ၁ မှုနှင့် အရပ်သား အခြားသူများက အဓမ္မ ပြု ကျင့်မှု ၂၂ မှုထိ ပါဝင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများအား အသေးစိတ် စစ်ဆေးပြီး ကျူးလွန်ရသည့်အကြောင်း အရင်းအား ဖော်ထုတ်က အလားတူ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန် သုတေသနပြု ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် ကလေး သူငယ် များအား အတုမြင် အတက် သင်စေသည့် ညစ်ညမ်း ဗီဒီယိုကားများ၊ ဒီဗီဒီ ကားများ ကြည့် ရှုခြင်း များအား တားမြစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ လူသတ်မှု ၃၈ မှု၊ ဓားပြ မှု ၁ မှု၊ လုယက်မှု ၆ မှု၊ အဓမ္မပြုကျင့်မှု ၄၇ မှု၊ ဖောက်ထွင်းမှု ၂ မှု၊ စုစုပေါင်း အမှုကြီးဖြစ်ပွားမှု ၉၄ မှုထိ ရှိ ခဲ့ကြောင်း မှုခင်းသတင်းထုတ်ပြန်ပေးသော ဌာနမှ ဒုရဲမှူး၏ ပြောပြချက်အရ သိရသည်။

၂၀၁၂ ခုနှစ်အတွင်းကမူ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော အမှုကြီးပေါင်း ၃၆၅ မှုတွင် လူသတ်မှု ၁၆၄ မှု၊ ဓားပြမှု ၂ မှု၊ လုယက်မှု ၃၀ မှု၊ အဓမ္မပြုကျင့်မှု ၁၃၅ မှု၊ ဖောက်ထွင်းမှု ၁၈ မှု၊ တိရစ္ဆာန်ခိုးမှု ၄ မှု နှင့် မတရား အသင်း ဖွဲ့စည်းမှု ၃ မှုအထိ ပါဝင်ခဲ့ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ပြန်ရွေ့

Posted by drmyochit Monday, May 13, 2013, under | No comments


မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်း ချက်များ အရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းမှာ မြောက်ဘက်သို့ ပြန်လည် ရောက်ရှိ သွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်းမြို့ မြောက် ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော် ဝင်ရောက် မည်ဟု ခန့်မှန်း ထားပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အင်အားမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပဲ အဆင့်-၁ (CAT-1) ဆိုင် ကလုန်း မုန်တိုင်းအဆင့်သို့ လာမည့် ၄၈ နာရီ(မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီ) အတွင်း ရောက်ရှိ လာနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအကြွင်းအကျန်များသည် အရှေ့-အရှေ့မြောက် ဘက်သို့ ဆက်လက် ရွေ့လျားကာ မေလ ၁၈ ရက် နေ့လည် ၁၂၃ဝ နာရီအထိ ဆက် လက် တည်ရှိနိုင်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အား ဖြတ်သန်းကာ ကချင်ပြည် နယ် မိုးညှင်းမြို့တောင်ဘက်သို့တိုင် ရောက်ရှိနိုင်ကြောင်း၊ JTWC မှ ကုန်းတွင်း မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီ 30 knots ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပေးထားပါသည်။

ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN
13 May 2013 0600Z
Location: 11.8 86.4
Winds: 50 knots
Central Pressure: 985 hPa



ပြောင်းလဲ သွားသည့် လမ်းကြောင်းခန့်မှန်းချက်အရ စစ်တကောင်းမြို့ မြောက်ဘက်အနီးမှ ကပ်၍ ကုန်း တွင်း သို့ ဝင်ရောက်မည့် လမ်းကြောင်းပြပုံ(အပေါ်)
===
ကုန်း တွင်း မုန်တိုင်း ဖြစ်ပြီးနောက် မေလ ၁၈ ရက် နေ့လည် ၁၂၃ဝ နာရီတွင် ကချင်ပြည်နယ် မိုးညှင်းမြို့ အနီး သို့ ရောက်ရှိမ ည့် အခြေ အနေပြပုံ

From: Source Web Page

အချစ်အတွက်မိမိကိုယ်မိမိ မီးရှို့သူ

Posted by drmyochit Monday, May 13, 2013, under | No comments



အင်ဒိုနီးရှားနိုင်ငံမှ အသက် (၃၀)အရွယ်ရှိ ကုန်တင်ကားသယ် ယူပို့ဆောင်ရေးအလုပ်သမား မို ချန်မတ် ဇီခရာ သည် ဂျာကာတာ မြို့ရှိ ၎င်း၏ရုံးခန်း၌ မိမိကိုယ်မိမိ မီးရှို့ခဲ့ပြီး အခြားအိမ်ထောင်ရှင် အမျိုး သမီး တစ်ဦး ကိုလည်း မီး တွင်းထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းခဲ့ သည်။

ဇီခရာသည် မိမိကိုယ် မိမိ ဓာတ် ဆီလောင်း၍ မီးရှို့ခဲ့ပြီး ၎င်း စိတ်ဝင် စားနေခဲ့ သည်ဟု ယူဆရ သည့် အသက် ၂၆ နှစ် အရွယ်ရှိ စန်တီဒီယိုစာ ကာဂူမေ လာအား မီးတွင်းသို့ ဆွဲ ယူရန်ကြိုး ပမ်းခဲ့ သည်ဟု အခြား လုပ်ဖော်ကိုင် ဘက်အမျိုးသမီးတစ်ဦးက ၀င် ရောက်၍ ဂူမေလာအား ဝေးရာ သို့ ဆွဲယူ သွားနိုင် ခဲ့သည်။

အမျိုး သမီး နှစ်ဦးလုံးမှာ ဇီ ခရာ၏ ဆုတ်ကိုင် ထားမှုမှ ရုန်း ထွက်နိုင် ခဲ့ကြပြီး ရုံး ခန်းပြင် ပသို့ ထွက်ပြေး နိုင် ခဲ့ကြသော်လည်း မီး လောင်ဒဏ်ရာများ အသီးသီး ရရှိ သွားကြောင်း ရဲ တပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ရီကွမ် တိုကပြောကြား လိုက်သည်။ ၎င်းအမျိုးသမီးနှစ် ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ရပြီး ဇီခရာမှာမူ သေဆုံး သွားခဲ့ သည်။ ထိုကိစ်္စမှာချစ်မှုရေးရာနှင့် ပတ်သက်လိမ့်မည်ဟု ရဲတပ်ဖွဲ့က ယူဆသော်လည်း အသေး စိတ်ကို မူ ထုတ်ဖော်ပြောကြားခြင်းမပြု ပေ။

ဂျာကာ တာ အရှေ့ပိုင်းရှိ ခရိုင်ခွဲ ရဲစုံထောက် အကြီး အကဲ အန်တောင်းက ဇီခရာသည် စန်တီနှင့် ချစ်ကြိုက်နေ သည်မှာ (၂)နှစ်ခန့်ရှိနေခဲ့ပြီး စန်တီက လက်ထပ် သွားကာ ဇီခရာအား ငြင်းပယ်ခဲ့ကြောင်း ပြောကြား လိုက်သည်။



ဥက္ကာအောင်
From: The Hot News

တိုင်းရင်းသား လက်နက်ကိုင်များလက်တွင် လက်နက်ရှိခြင်း၏ ဆိုးကျိုးကို ဖော်ပြသော DKBA (ဗီဒီယို)

Posted by drmyochit Monday, May 13, 2013, under | No comments

ယခု ဗီဒီယိုမှာ တစ်နေ့တစ်မျိုး မရိုးတဲ့ ရာထူးတွေယူပြီး တပ်မတော်နှင့် စင်ပြိုင် ရာထူးပိုင်ဆိုင်ထားသူတွေ ပါပါတယ်။

အချိန်မရွေး ပြဿနာ တက်တာနဲ့ လက်နက်ကိုင် တိုက်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အသွင် ရှိတဲ့ လက်နက်တွေ ပါပါတယ်။

လက်နက်ကိုင်ထားသမျှ ဒီနေရာကနေ မခွာဘူးလို့ ပြောဆိုနေတဲ့ ကရင်ပြည်နယ် ကောင်းစားရေး ဆိုသူတွေ ပါပါတယ်။

ယခုလိုမျိုး ပြဿနာတွေနဲ့ အတူ တစ်စုံတစ်ခုကို မဆုံးဖြတ်မချင်း ကရင်ပြည်နယ်ထဲမှာ လက်နက်ကိုင်ပြီး လုပ်ချင်ရာ လုပ်နိုင်ကြတဲ့ အဖွဲ့တွေ အများကြီး ရှိနေအုံးမယ် ဆိုတာကို မြင်ရပါလိမ့်မယ်။

ဖွေးဖွေး၏ အလှဓါတ်ပုံများ

Posted by drmyochit Monday, May 13, 2013, under | 5 comments



ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်း လစာငွေနှင့် ရုံးအသုံး စရိတ်ငွေများ ဖြတ်တောက်ခံရမှု မကျေမနပ်မှုများ တိုးပွား

Posted by drmyochit Monday, May 13, 2013, under | No comments




ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပညာရေးဌာနမှ ဧပြီလအတွက် ဝန်ထမ်း လစာငွေများနှင့် အသေး သုံး ခွင့်ပြု စရိတ်များ ထုတ်ပေးရာတွင် ဖြတ်တောက် ခံရမှုများ ရှိနေသဖြင့် ပညာရေး ဝန်ထမ်း များ အကြား တွင် မကျေမနပ်မှုများ ဖြစ်ပေါ်နေပြီး တိုင်ကြားရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ပညာရေးဌာနတွင် လိုအပ်သော ကိစ္စများတွင် သုံးစွဲရန် လုံလောက်သော ရံပုံငွေများကို ခွဲဝေ ချမှတ်ပေး ထားပြီး ဖြစ်သဖြင့် ဝန်ထမ်းများ၏ လစာငွေများ၊ အသေးသုံးငွေများကို မည်သည့် အကြောင်းပြချက်နှင့် မဆို ဖြတ်တောက်ခြင်း၊ တောင်းခံခြင်းမပြုရန် ပညာရေး ၀န်ကြီးဌာနမှ ညွှန်ကြားထားခဲ့သော်လည်း ဘူး သီးတောင် မြို့နယ် ပညာရေးမှူးရုံးမှ  အကြောင်းအမျိုးမျိုးပြ၍ ဖြတ်တောက် တောင်းခံနေသည်ဟု ဆရာ ဆရာ မများက ပြောသည်။

ဧပြီလ အတွက် ဆရာ ဆရာမများ လစာငွေမှ အငြိမ်းစား ၀န်ထမ်းများအား ထောက်ပံ့ရန် အတွက် ၂၀၀၀ ကျပ် နှင့် တံဆိပ်ခေါင်းဖိုး  ၅၀၀ ကျပ် ဟု ဆိုကာ စုစုပေါင်း ၂၅၀၀ ကျပ်ကို မြို့နယ် ပညာရေးမှူးရုံးမှ ဖြတ်တောက် ခဲ့သည်ဟု သိရသည်။

အမှန်တကယ် အငြိမ်းစားယူသူ ၀န်ထမ်းများအား ထောက်ပံ့စရိတ် အတွက် ကျခံသည့် ကုန်ကျစရိတ်မှာ ဝန်ထမ်း တစ်ဦးလျှင် ကျပ်တစ်ထောင် (၁၀၀၀)သာ ကျခံသင့်ကြောင့် ယူဆပြီး ယခုကဲ့သို့ ကျပ် ၂၀၀၀ ထိ ဖြတ်တောက်ခြင်း အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လျှက် ရှိနေကြောင်း ဆရာ တစ်ဦးက ပြောသည်။

ယမန်နှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း အခြေခံ ပညာကျောင်းများသို့ ချပေးသော ရံပုံငွေများမှ နောက်ဆုံး အကြိမ်ထုတ်ပေးရမည့် ငွေများမှာ ယခုအထိ မရရှိသေးကြောင်း၊ ယခင်နှစ် ကလည်း ပထမအကြိမ် အသေးသုံးငွေကို ထုတ်ပေးခြင်း မရှိခဲ့ပဲ ငွေပမာဏ ဖေါ်ပြထားခြင်း မရှိသောပြေ စာတွင် လက်ခံရရှိကြောင်း လက်မှတ် ရေးထိုးစေခဲ့ကြောင်းနှင့် ၎င်းငွေများကို ဘုရားတည် သည် ဟု အကြောင်းပြကြောင်း၊ ဒုတိယလေးလပါတ် ခွင့်ပြုငွေ ထုတ်ပေး ရာတွင်လည်း ကျောင်းအလိုက် ရရှိသော ရံပုံငွေမှ (၁၀%)စီကို ဖြတ်တောက် ရယူထားကြောင်း၊  မူလတန်း ကျောင်းအုပ် ဆရာကြီး တစ်ဦး ကပြော ပါသည်။

အခြားကျောင်းအုပ်ဆရာကြီး တစ်ဦးကလည်း “ဖြတ်တာတွေကတော့ အများကြီးပါ။ အသေးသုံးငွေကို ကျောင်း အလိုက် ၆၀၀၀၀ကျပ်ကနေ ၃၀၀၀၀ကျပ်ထိ ခွင့်ပြုငွေရတယ်။ အဲဒီထဲက ကျောင်းတိုင်းကနေ ၁၀%ဖြတ် ယူတယ်။ ဘယ်နေရာကမှ မလွတ်ပါဘူး။ စာနယ်ဇင်း ခွင့်ပြုငွေ အဖြစ် တစ်ကျောင်းကို ၄၅၀၀ ခွင့်ပြု တာကို၊ ၅၀၀ ဖြတ်ယူ ထားတယ်။ တစ်ခါ ခရီးစရိတ်ငွေ ခွင့်ပြုရံပုံငွေကနေ ၂၅% ဖြတ်တယ်။ စာရင်း ဇယားတွေ ဆွဲဖို့ စာရင်းစစ်ကိုပေးရတာက ၂၀% နှင့် စာရင်းစစ် ဦးစီးအတွက် ၅% ပေးရမယ်လို့ အကြောင်း ပြပါတယ်”ဟု ရှင်းပြပါသည်။

ကျောင်းအုပ်ဆရာကြီး တစ်ဦးကလည်း “လစာဖြတ်တာ၊ အသေးသုံး ငွေဖြတ်တာတင် မကပါဘူး အခုလည်း ကျောင်းတွေမှာ စီမံချက်နဲ့ အိမ်သာ ဆောက်လုပ်ဖို့ ရံပုံငွေ ခွင့်ပြုထားတာတွေ ရှိပါသေးတယ်။ အဲဒီရံပုံငွေ ထုတ်ယူ ဖို့ဆိုလည်း ပညာအမျိုးမျိုး ပြတာပဲ။ ချက်လက်မှတ်ရဖို့ အကြိမ်ကြိမ်သွားရတယ်။ ချက် လက် မှတ်ရေး ခ တစ်ထောင် (၁၀၀၀)ကနေ ငါးထောင် (၅၀၀၀)ကျပ်အထိ တောင်းတယ်။ မပေးနိုင်ရင် ထပ်ချိန်း တယ်။ ဌာနက ညွှန်ကြားထားတာက မတ်လ (၃၁)ရက်နေ့မှာအပြီး ထုတ်ပေး ထားရမယ် ပြောတာ အခုဧပြီ လ (၂၅)ရက်နေ့အထိ ထုတ်မရ သေးဘူး။ နောက်ပြီး ဆောက်လုပ်ခွင့်ရတဲ့ တချို့ကျောင်းတွေက အိမ် သာတွေ ကို တခြားလိုအပ်တဲ့ ကျောင်းတွေကိုလည်း မျှဝေ လွှဲပြောင်းပေးမယ်ဆိုပြီး တကယ်တန်းကျတော့ သူတို့ ကန်ထရိုက်လုပ်လို့ အဆင်ပြေတဲ့ ကျောင်းတွေကိုပဲ ခွဲပေးလိုက်တာ တွေ့ရတယ်” ဟု ပြောပါသည်။

ကျောင်းအိမ်သာဆောက်လုပ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး ကျောင်းအုပ်တစ်ဦးထံ စုံစမ်းကြည့်ရာ “ဘူးသီးတောင် မြို့နယ်၊ ပညာရေးရဲ့ ကျောင်းအိမ်သာတွေကတော့ မဆောက်ခင်ကပင် အနံ့ထွက်နေပြီ။ တစ်မြို့ နယ်လုံးမှာ အိမ်သာလုံးရေ (၃၈၀) ကျော်အတွက် ခွင့်ပြုငွေ သိန်းပေါင်းများစွာ ပေးထားတာ။  အဲဒီ ထဲက (၇၅)လုံး ဆီကနေ တစ်လုံးကို တစ်သိန်းခွဲ (၁၅၀၀၀၀/ကျပ်) ကို ရုံးအတွက်ဆိုပြီး ဖြတ်ထားတာ ရှိသေး တယ်။ ဆောက်လုပ်ရေးကို ပညာရေးမှူးက သူနဲ့အဆင်ပြေတဲ့လူကို ကန်ထရိုက် ပေးခိုင်းတယ်။ ကျောင်း အုပ်ကြီးတွေက ကန်ထရိုက်ကို မကြိုက်လို့ ကိုယ်တိုင်ကြီးကြပ်ပြီး ဆောက်မယ်ဆိုရင် အိမ်သာ တစ်ခန်းကို သုံးသောင်းကျနဲ့ ပညာရေးမှူးကို ပေးရပါတယ်” ဟု ရှင်းပြပါသည်။

“ဒါကတော့ ပညာရေးမှူးတင် မကပါဘူး အောက်က စာရေးဝန်ထမ်းတွေလည်း မတရားလုပ်တယ်။ နှစ်တိုး အချိန်စေ့ လို့ လစာဘီလ်မှာ ထည့်ဆွဲဖို့ တစ်ထောင် ပေးရတယ်။ မပေးရင် နှစ်တိုး မပါတော့ဘူး။ အပြောင်း အရွှေ့ ကိစ္စအတွက်လည်း Service book ရေးခ၊ LPC ရေးခဆိုပြီး ၅၀၀၀ ကနေ ၈၀၀၀အထိ တောင်း တယ်။ ဆရာမ အသစ်တွေလာရင်လဲ ဒီအတိုင်းပဲတောင်းတာပဲ။ ဒီအလုပ်တွေ လုပ်ရမှာက စာရေးတွေရဲ့ တာဝန် မဟုတ် ဘူးလား။ ကိုယ့်တာဝန် ကိုယ်လုပ်ရတာကိုပဲ ပိုက်ဆံရမှ လုပ်ပေးတယ်။ မရရင် အကြောင်း အမျိုး မျိုးပြပြီး ကြန့်ကြာအောင်လုပ်တော့တာပါပဲ”ဟု လက်ထောက် ဆရာမတစ်ဦးက ရှင်းပြပါသည်။

ဘူးသီးတောင်မြို့နယ် ပညာရေးဌာနတွင် သင်ကြား၊ စီမံ ဝန်ထမ်းဦးရေစုစုပေါင်း ၁၁၂၅ ဦးရှိပြီး ဝန်ထမ်း အင်အား အများဆုံးဌာန ဖြစ်သည်။ ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးသည် ဆက်ဆံမှု မချေငံခြင်း၊ ငွေကြေး အလွဲ သုံးစားမှု များခြင်း၊ လစာငွေ၊ ခွင့်ပြု ရံပုံငွေများကို ဖြတ်တောက်ရယူမှုများခြင်း၊ လာဘ်ငွေ တောင်းခံ မှုများခြင်း တို့ကြောင့် နာမည်ဆိုး ထွက်နေသော ဌာနတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်ဇန်နဝါရီ၊ ဖေဖေါ်ဝါရီနှင့် မတ်လများအတွင်း လစာငွေ ဖြတ်တောက် မှုများကြောင့် မြို့နယ် ပညာရေး မှူး အား ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးက သတိပေး ဝန်ခံကတိ လက်မှတ်ရေး ထိုးခိုင်း ခဲ့သော်လည်း ယခု ဧပြီလတွင်လည်း ဖြတ်မြဲ ဖြတ်နေဆဲ ဖြစ်သဖြင့် ထိရောက်စွာ အရေးယူပေးရန် အခြေခံ ပညာ ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ တိုင်ကြားရန် စီစဉ် ဆောင်ရွက် နေကြကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ လစဉ်လတိုင်း လစာငွေ၊ အသေးသုံးငွေမှ ဖြတ်တောက်ရယူခြင်း၊ လာဘ်ငွေ တောင်းယူခြင်း တို့ဖြင့် အုပ်ချုပ်ရေးဝန်ထမ်းများ စီးပွါးဖြစ်နေကြပြီး ဆရာ/ ဆရာမ များနှင့် အောက်ခြေဝန်ထမ်းများ၏ မကျေ နပ်မှု များပြားနေလျှက်ရှိပြီး တိုင်ကြား မှုများ မကြာခဏရှိသော်လည်း ထိရောက်စွာ အရေး ယူမှု မရှိ သဖြင့် အဂတိ လိုက်စားမှု၊ ခြစားမှုများရှိနေဆဲဖြစ်ပါသည်။

( နိရဉ္စရာ- ၁၃ မေ ၂၀၁၃) / ဗေဒါပျံ ( ဘူးသီးတောင်)

မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်က ဒုက္ခသည်တွေ နေရာရွေ့

Posted by drmyochit Monday, May 13, 2013, under | No comments

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​နယ်စပ်ကမ်းခြေ ​ဒေသများကို ​ဆိုင်ကလုံးမုန်တိုင်း ​ဦးတည်လာနေပြီး ​လာမည့် ​ကြာသာပတေးနေ့ဖြစ်တဲ့ ​မေလ ​၁၆ ​ရက်နေ့ ​မနက်ပိုင်းမှာ ​ကျရောက်ဖို့ ​ရှိတယ်ဆိုတဲ့ ​မိုးလေဝသခန့်မှန်းချက်တွေကြောင့် ​ဒုက္ခသည်စခန်းက ​ဒုက္ခသည်တွေကို ​မနေ့ကစတင် ​ရွေ့ပြောင်းပေး ​နေပြီလို့ ​သိရပါတယ်။
၂၀၀၈ခုနှစ်တုန်းက မြန်မာပြည်ထဲကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြင်တွေ့ရတဲ့ပျက်ဆီးမှု (Credit: AFP) 


ပြီးခဲ့တဲ့နှစ်က ​ရခိုင်ပြည်နယ် တွင်းဖြစ်ပွား ခဲ့တဲ့ ​အကြမ်းဖက်မှုတွေကနေ ​လူပေါင်း ​သောင်းနဲ့ချီ ​အိုးမဲ့ ​အိမ် မဲ့ဖြစ် ခဲ့ပြီး ​အခု အချိန်အထိ ​ယာယီဖျင်တဲတွေနဲ့ ​ခိုလှုံနေရပါတယ်။ ​ရခိုင်ပြည်နယ်တွင်းမှာ ​ဒေသခံရေ ဒီယို လိုင်းတွေ ​ကနေ တဆင့် ​မုန်တိုင်း သတိပေး ချက်တွေနဲ့ ​ရပ်ကွက်တွေ မှာလည်း ​အော်လံတွေ ​နဲ့လိုက်လံ ​သတိပေးနေ တယ်လို့ ​သိရပါတယ်။

လူပေါင်း ​၁သောင်း ​၃ထောင်လောက်ဟာ ​မုန်တိုင်းကနေတဆင့် ​ပင်လယ်လှိုင်းပုတ်ခတ်မှု ​ဘေးဒဏ် သင့်နိုင်တဲ့ ​စစ်တွေမြို့အနီး တဝိုက်မှာ ​ဒုက္ခသည် အဖြစ်နဲ့ ​နေထိုင် နေကြ ရတယ်လို့ ​သိရ ​ပါတယ်။

တချို့သတင်း တွေမှာတော့ ​မုန်တိုင်းဟာ ​မြန်မာနဲ့ ​ဘင်္ဂလားဒေ့ရှ် ​ကမ်းခြေကုန်းတွင်းကို ​ဗုဒ္ဓဟူးနေ့ ​မနက်မှာ ​ဆိုက်ရောက် မှာဖြစ်တယ်လို့ ​သတိပေးထားပါတယ်။ ​မြောက်ဘက်ကိုဦးတည်လာ ​နေပြီဖြစ်တဲ့ ​မုန်တိုင်း ဟာ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ချစ်တကောင်းမြို့နဲ့ ​မြန်မာနိုင်ငံ ​ရခိုင်ကမ်းရိုးတန်းကို ​ဦးတည် ​နေတာဖြစ် တယ် လို့ ​သတိပေး ​ထုတ်ပြန်ချက်တွေ ​ထုတ်ပြန်ထားပါတယ်။

လေ တိုက်ခတ်နှုန်း ​တနာရီကို ​ကီလိုမီတာ ​၁၃၀ ​အထိ ​ရောက်ရှိမှာဖြစ်ပြီး ​မဟာဆန်လို့ ​နာမည်ပေးထားတဲ့ ​ဆိုင်က လုံးကို ​ဆိုးဝါးကြမ်းတန်းတဲ့ ​ဆိုင်ကလုံး ​အဖြစ် ​အဆင့်မြှင့် ​သတ်မှတ်လိုက်ပြီလို့လည်း ​သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ကမ်းခြေ ​တဝိုက် ကနေ ​လှေတွေ ​သင်္ဘော ​ဆိုက်ကပ် ထားတာတွေ ​နေရာပြောင်းရွေ့ ​ခိုင်း ထားပြီး ​ရေကြောင်းယဉ်အားလုံးကိုလည်း ​သွားလာ ​လှုပ်ရှားခွင့် ​ရပ်တန့်ထားတယ်လို့ ​သိရပါတယ်။

From: ABC

ထိုင်းဝန်ကြီးချုပ်ကကာတွန်းဆရာအားတရားစွဲ

Posted by drmyochit Monday, May 13, 2013, under | No comments


ထိုင်းဝန်ကြီးချုပ် ရင်လပ် စီနာဝါထရာသည် မေလ ၄ ရက် နေ့တွင် ၎င်း၏ရှေ့နေများမှတစ် ဆင့် ထိုင်း ရတ်သ် ကာတွန်း ဆရာ ချိုင်းရာချာဝပ်အား သူမ ကိုပြည့် တန်ဆာနှင့် နှိုင်းယှဉ်မှု အတွက် အသရေ ဖျက် မှုဖြင့် တရား စွဲဆို လိုက် သည်။

ရှေ့နေ များက ချိုင်းအား စွဲ ချက် (၃)ခုဖြင့် တရား စွဲဆို လိုက် ပြီး ထိုစွဲချက်များမှာ အစိုးရ အခမ်း အနား တစ်ခု တွင် အစိုးရ အရာရှိအားစော်ကားမှု၊ အသရေ ဖျက် မှုနှင့် ကွန်ပျူတာဆက်စပ် ရာဇ၀တ်မှု ဥပဒေကို ချိုးဖောက် မှု တို့ဖြစ်သည်။  ယခုတရားစွဲဆိုမှု သည် ထိုင်း ၀န်ကြီး ချုပ်အနေနှင့် လူမှုရေးမီဒီယာများတွင် ဖော်ပြ မှု အတွက် တစ်စုံတစ်ယောက်အား ပထမဆုံး အကြိမ် တရားစွဲဆိုခြင်း လည်းဖြစ်သည်။

ကာတွန်း ဆရာ ချိုင်း၏ အမည်ရင်းမှာ ဆွန်ချိုင်း ကာတန် ယုတာ နန်ဖြစ်ပြီး ၎င်းသည် ၀န်ကြီး ချုပ်ရင် လပ်၏ ဓာတ်ပုံ များအား လွှင့်တင်ကာ “ပြည့် တန်ဆာများ သည် မိန်းမဆိုးများ မဟုတ်ကြပါ။ ပြည့် တန်ဆာ များ သည် ၎င်းတို့၏ ခန္ဓာကိုယ် ကိုသာ ရောင်းချပြီး မိန်းမဆိုး မှာမူကား လှည့်လည် သွားလာ၍ တိုင်းပြည် အားရောင်း စား ရန်ကြိုး ပမ်းခဲ့သည်” ဟူသော စာတမ်းအား ရေးထိုးထားခဲ့သည်။

ဝန်ကြီးချုပ် ရင်လပ်သည် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီ အရေးနှင့်ပတ်သက်သည့် သတ္တမ အကြိမ်မြောက် ၀န်ကြီး များ၏ ကွန်ဖရင့်တွင် ၂၀၀၆ ခုနှစ်က အာဏာသိမ်းမှုကို ပြစ်တင်ပြော ကြားခဲ့သည်။



Source: The Nation/Asia News Network
ဥက္ကာအောင်
ဲFrom: The Hot News

မဟာစင် မုန်တိုင်း ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေကို မေ ၁၆ ရက် ညနေပိုင်း ဖြတ်မည်ဟု ခန့်မှန်း

Posted by drmyochit Monday, May 13, 2013, under | No comments



နေပြည်တော်   မေ   ၁၂ 

ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ် နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ (ကိုကိုးကျွန်း)၏ အနောက်တောင် ဘက်မိုင် ၄၇ဝ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၆၂ဝခန့်၊ အိန္ဒိယနိုင်ငံ (ချင်းနိုင်မြို့) ၏ အရှေ့တောင်ဘက် မိုင် ၃၈ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ ဆိုင် ကလုန်း မုန်တိုင်းသည် အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျား လျက် ရှိပြီး မုန်တိုင်း ဗဟိုချက် အနီး တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅ဝ မှ မိုင် ၆ဝ အထိ ရှိနိုင်သည်။

ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး မည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်၊ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ် နိုင် သည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အဝါရောင် အဆင့်သာ ရှိသော်လည်း မေလ ၁၄ရက်နေ့ နံနက် ပိုင်းမှ စတင်၍ အရှေ့မြောက်ဘက်သို့ ကွေ့လျက် မေလ ၁၆ ရက်နေ့ ညနေပိုင်း ခန့်တွင် မြန် မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံကမ်းခြေ ဒေသများ ဆီသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်း ရသည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ သင်္ဘော များ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်းဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှု ဦးစီးဌာနက အကြံပြု ထားသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၉ ယောက် ဒဏ်ရာရခဲ့တဲ့ အမေနေ့ လမ်းလျှောက်ပွဲ

Posted by drmyochit Monday, May 13, 2013, under | No comments


New Orleansမှာ မနေ့က ပြုလုပ်ခဲ့သည့် အမေနေ့ လမ်းလျှောက်ချီတက်ပွဲမှာ လမ်းလျှောက်သူများကို သေ နတ် သမား များက ပစ်ခတ်ခဲ့သည့် အတွက် အနည်းဆုံး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲများက ပြော ခဲ့ကြောင်း CBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

FBI အဖွဲ့၏ အဆိုအရ ဒါဟာ တစ်ခြားအကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ခြင်း မရှိဘဲ လမ်းမပေါ်က ရာဇ၀တ်မှု တစ် ခု လို့ပဲ ဆိုခဲ့ပါတယ်။

ဒဏ်ရာ ရရှိခဲ့သူ အများစုကတော့ သေနတ် ဒဏ်ရာတွေပဲ ဖြစ်ပြီး ယောက်ျားလေး ၁၀ ဦး၊ မိန်းကလေး ၇ ဦး၊ ကလေး ကျား။မ ၂ ဦး တို့ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အနေဖြင့်တော့ သံသယ ရှိသူ ၃ ဦးကို တွေ့ရှိရပြီး မနေ့ က ညနေပိုင်း အထိတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဘာကြောင့်မှ မဟုတ် ရင်တော့ လမ်းပေါ်ထွက် လမ်းလျှောက်ခြင်းကို ကြည့်မရသူများ ဖြစ်နိုင်ပြီး ဒီမိုကရေစီ အား ကျတဲ့ လမ်းပေါ် ထွက် မြန်မာများ သတိထားစရာ ဖြစ်လာနိုင်တဲ့ မှုခင်းဖြစ်ပါတယ်။

From: OPP

RCSS/SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံ ပြည်သူများအား တရား ဥပဒေမဲ့ ပစ်ခတ် သတ်ဖြတ်

Posted by drmyochit Monday, May 13, 2013, under | No comments


နေပြည်တော် မေ ၁၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ လမ်းခွဲမှ (၁ဝ၅) မိုင် စစ်ဆေးရေး ဂိတ် ရှောင် ကွင်း လမ်းဘေး ရှိ လူနေ အိမ် တဲအား မေ ၁၁ ရက် ည ၉ နာရီ မိနစ် ၂ဝ ခန့်တွင် SSA (ရွက်ဆစ်) အဖွဲ့မှ ပြောက် ကျား ယူနီ ဖောင်းဝတ် သုံးဦးခန့်သည်  အကြောင်းမဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်၍  မီးရှို့ ဖျက်ဆီး ခဲ့သည်။

၎င်း ဖြစ်စဉ် တွင် မူဆယ်မြို့၊ အထက်တုံခန် ကျေးရွာနေ မောင်ကျော်သူထိုက် ၂၄ နှစ် (ဘ)ဦးစိုးတင့်မှာ ဝဲဘက် ရင်အုံ လက်နက်ငယ် ကျည်ဖောက်ဝင် ဒဏ်ရာ၊ ဟိုနောင်ရွာတွင် နေထိုင်သော ဦးညီညီ ၃၆ နှစ်(ဘ) ဦးဒေး မှာ ရင်အုံ၊ ညာပါး၊ ညာပေါင်တို့တွင် လက်နက်ငယ်ကျည် ထိမှန် ဒဏ်ရာများနှင့် ဦးကျော် မင်းဆွေ ၄၂ နှစ် (ဘ) ဦးလှဆွေမှာ ဝဲဘက်ခြေ ဖနောင့်နှင့် ဝဲဘက်ပေါင်ရင်း တို့တွင် လက်နက်ငယ် ကျည်ထိ မှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များက မူဆယ်ဆေးရုံသို့ ပို့ဆောင် ၍ ဆေးကုသမှု ခံယူစေရန် ကူညီ ဆောင်ရွက်ပေးသည်။

အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ၏ ပြောပြချက် အရ SSA (ရွက်ဆစ်) အဖွဲ့မှ အဖွဲ့ဝင် အချို့ သည် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ တရား ဥပဒေ မဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Source----> မူရင်းသတင်း(From:  မြ၀တီ)

လက်ကိုဖြတ်၍အသက်ကယ်ခဲ့ရသည့်မိန်းကလေး

Posted by drmyochit Monday, May 13, 2013, under | No comments



ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာ မြို့ရှိ အထပ် (၈) ထပ်ရှိသော ရာနာပလာဇာ ပြိုကျခဲ့ စဉ်က စက်မောင်း မစ္စတာ ဒီဒါသည် အဆောက် အအုံ ပြိုကျ ရာသို့ အပြေး အလွှားသွား ရောက်ပြီး အသက် ရှင်နေသေး သူများ အား ကယ်တင် နိုင်ရန်ကြိုးပမ်းခဲ့သည်။

ထိုသို့ ကြိုးပမ်း နေစဉ် နံနက် (၁၀)နာရီခန့် တွင် မစ္စ အနန်အက် ခတာ၏ အကူ အညီ တောင်းခံနေ သံကို ကြားရ သဖြင့် ရှာဖွေကြည့် ရာ သူမအားတွေ့ ရှိရပြီး သူမ အနီးတွင် လည်း အလောင်းနှစ် လောင်း ရှိနေ သည်။ မစ္စတာဒီ ဒါက မစ္စအနန် အက်ခတာအား ကယ်တင်နိုင်ရန် နည်းလမ်း ရှာ ကြည့်သည်။

ယန္တရား သုံး၍ ကယ်တင် မည်ဆို ပါက အဆောက်အအုံ၏ အမိုး ထပ်မံ ပြိုကျ လာမည်ကို စိုးရိမ် ရသည်။ ထို့ကြောင့် သူမ အား ကယ်တင်နိုင်ရန် တစ်ခု တည်းသော နည်းလမ်းမှာ ပိမိ နေသော သူမ၏လက် အားဖြတ် ပစ်ရန် ပင်ဖြစ်သည်။ ထို့ကြောင့် မစ္စတာဒီဒါက မစ္စအနန်အက် ခတာအား သူမ၏လက်ကို ဖြတ် ၍ ကယ် တင်မှ ရနိုင်မည်ဖြစ် ကြောင်း ပြောကြားရာ သူမက သဘောတူခဲ့သည်။

မစ္စတာ ဒီဒါ သည် ပြိုကျနေ သော အဆောက် အအုံ အပြင် ဘက်သို့ ပြန်လည် ထွက် သွားပြီး ဆရာဝန် တစ်ဦးထံ အကူ အညီ တောင်း ခံခဲ့ရာ  ဆရာဝန်က အဆောက်အအုံအောက်သို့ဝင် ရန် အလွန်ကြောက် ရွံ့နေ သဖြင့် ၎င်းအကြံပြုသည့်အတိုင်း ထိုး ဆေး(၁)လုံးနှင့် ခွဲစိတ်ဓားတစ် ချောင်းကိုယူ၍ မစ္စအနန်အက်ခ တာထံ သို့ ပြန်လည် သွားရောက် ပြီး ဆေး ထိုးပေးကာ လက်အား စတင် ဖြတ်တောက်ခဲ့သည်။

ခွဲစိတ် ဓားမှာလည်း ထင် သလောက် မထက်သဖြင့် မစ္စတာ ဒီဒါအနေနှင့် မစ္စအနန်အက် ခတာ၏လက်အားလေး နာရီကြာ ဖြတ်တောက် ကယ်တင် ခဲ့ရသည်။

Source: The New Paper
ဥက္ကာအောင်
From: The Hot News

တူရကီအစိုးရက ဗုံးခွဲမှုများကို ဆီးရီးယားသမ္မတ အမိန့်ပေးခိုင်းစေကြောင်းဆို၊ နယ်စပ်တင်းမာမှုများကို သတိပေး

Posted by drmyochit Monday, May 13, 2013, under | No comments

jjjjj
ရေးဟန်လီ၊ မေ ၁၂။

စနေနေ့က ဖြစ်ပွားသည့် ဆီးရီးယားနှင့် နယ်စပ်ဖြစ်သည့် တူရကီနိုင်ငံမှမြို့တွင် လူ၄၆ ဦးသေ ဆုံးခဲ့ ရသော ကားဗုံးနှစ် လုံးကွဲ ခဲ့မှုတွင် ဆီးရီး ယား သမ္မတ အယ်အာ ဆတ် လက်အောက်ခံ တပ်သားများ ပြုလုပ် ခဲ့သည်ဟု ယုံကြည်ကြောင်း တူရကီအစိုးရက ယနေ့ပြောကြားသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက် ဒေ့ဗ်တော့လူက ရေးဟန်လီတွင် စနေနေ့က ဖြစ်ပွားသည့် ဗုံးပေါက် ကွဲမှုမှ ဗုံးခွဲ သူများသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆီးရီးယားကမ်းရိုးတန်းမြို့ဘာနီယားစ်တွင် ဖြစ်ပွားခဲ့ပြီး သမ္မတအာဆတ် အစိုးရက ထောက်ပံ့ခံတပ်များကြောင့် အနည်းဆုံးလူ ၆၂ ဦး သေဆုံးစေ ခဲ့သည့် တိုက်ခိုက်သူများ လုပ်ဆောင်သည်မှာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“တိုက်ခိုက်မှုဟာ တူရကီနိုင်ငံတွင်း ဆီးရီးယားသူပုန်များနှင့် မသက်ဆိုင်ပါဘူး၊ ဆီးရီးယား အစိုးရ နဲ့သာ ဆိုင်ပါ တယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး က အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။
ဆီးရီး ယား ပြန်ကြားရေးဝန်ကြီး အိုမရန် ဇူဘီက ဆီးရီးယားအစိုးရ ပါဝင်ပတ်သက်နေသည်ဆိုသည့် အချက် ကို ငြင်းပယ်ပြီး အခြေအမြစ် မရှိ သည့် စွပ်စွဲချက်များအဖြစ် ပယ်ချခဲ့သည်။
ဆီးရီး ယား ပဋိပက္ခသည် ယခုနှစ်တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင်း ရှီအိုက်အုပ်စု က အာဆတ် ကို ထောက်ခံပြီး ဆွန်နီ အုပ်စုသည် ဆော်ဒီထောက်ပံ့ခံသူပုန်များဖြစ်လာပြီး အုပ်စုနှစ်စုကြား တိုက်ခိုက် မှုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဘာနီယာစ်မြို့သည် ဆီးရီးယားနိုင်ငံ၏ မြေထဲပင်လယ်ကမ်းရိုးရှိမြို့ဖြစ်ပြီး ဆွန်နီအုပ်စုလက်ထဲတွင်ရှိကာ ၎င်း နယ်မှ အတိုက်အခံများက သမ္မတ အာဆတ်စစ်တပ်ကို လူမျိုးနွယ်များကို တိုက်ခိုက်သည်ဟု စွပ်စွဲ သည်။

ရေဟန်လီ မြို့တွင် ဆွန်နီအုပ်စု အများအပြားနေထိုင်ကြပြီး ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများ စွာ လည်း နေထိုင်ကြ သည်။

နယ်စပ်မြို့လည်းဖြစ်သောကြောင့် သမ္မတအာဆတ်ကို တိုက်ခိုက်သည့် သူပုန်များ၏ အခြေ စိုက်ရာနေ ရာလည်းဖြစ် သည်။

Ref:Reuters
From: @ မြန်မာ့ခေတ်

ဦးဇင်း ၀ီရသူ စာမျက်နှာမှ မန္တလေးမှ ဒသဂီရိ ကုလားအချစ်ဇာတ်ကြမ်း

Posted by drmyochit Monday, May 13, 2013, under | 1 comment



ဦးဝီရသူရဲ့ဒကာ တစ်ယောက်မှာ တပည့်တွေ အများကြီး ရှိပါတယ်။ အဲဒီထဲက တပည့်မလေး တစ်ယောက် ဟာ အသက် (၂၀)ကျော် ရှိပါပြီ၊ အစ်ကို တွေနဲ့ အတူ မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့ သမီးအလိမ္မာလေးပါ။ ရယ် လိုက်ရင် သွားစွယ်လေးနှစ်ချောင်းပေါ်တတ်လို့ အစွယ်ပြူးတဲ့ ဘီလူးမလေးလို့ ခေါ်ဝေါ်ကြတာပါ။ ဒီ ကလေးမလေးကို အသက်(၃၇)နှစ် ခန့်ရှိပြီဖြစ်တဲ့ ကိုဝဏ္ဏက လိုက်လံ အဖြေတောင်းနေတာ သုံး လကျော် ပါပြီ။

ကိုဝဏ္ဏက ချမ်းအေးသာစံမြို့နယ်၊ ၈၄လမ်း၊ ၃၁×၃၀လမ်းကြား၊ပေါ်ဦး အီလက်ထရောနစ်ဆိုင်မှာ အလုပ် လုပ် ပါ တယ်။ ဘီလူးမလေးက ပေါ်ဦးဆိုင်မှာ ဒီဗွီဒီစက်လည်းဝယ်ဖူး၊ ဖုန်းလည်းဝယ်ဖူး၊ ဖုန်းလည်း စမ်းဖူးပါ တယ်။ ဗမာရုပ်ပေါက်နေလို့ ကုလားဆိုင်မှန်း မသိလို့ ဝယ်မိ တာပါတဲ့။

ဒါကို ဒီကုလားက ဖုန်းနံပါတ်မှတ်ထားပြီး၊ကောင်မလေးကို ချိန်ရွယ်ဖို့ ကြံစည်ခဲ့တာပါ။ ကောင်မလေးဆိုင် မှာ လည်း ဒီကုလားက ကုန်ပစ္စည်းအဝယ်အရောင်းရှိတော့အလုပ်သဘောအရ လူချင်းလည်း ရင်းနှီးမှုရှိ တယ် လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကောင်မလေးအပြန်ကိုရွှေလွင်ပြင်ဘီယာဆိုင်မှာ ထိုင်စောင့်နေပြီး လိုက် လံ စကားပြော တာမျိုး စလုပ်ပါတယ်။

မုတ်ဆိတ်မ ပါပေမယ့် ကုလား ရုပ်ပေါက်နေလို့ ကောင်မလေးက လူမျိုး၊ ဘာသာမေးလိုက်တော့ ဗမာပြည်မှာ မွေး လို့ ဗမာလူမျိုး၊ ဘာသာက အစ္စလာမ် ဘာသာ လို့ဖြေပါတယ်တဲ့။

ကောင်မလေးက မဖြစ်နိုင်ကြောင်း ဘုန်းဘုန်းဝီရသူရဲ့နှမလည်းဟုတ်၊ တပည့်လည်းဟုတ်လို့ ဘုန်းဘုန်း ဝီရသူ ကို လာပြောလှည့်လို့ ပြောတဲ့အခါ…..

ဒါဆို “မင်း  ဘုန်းကြီးဆီမှာ ဘုန်းကြီးလာဝတ်လိုက်မယ်”လို့ကိုဝဏ္ဏက ပြန်ပြောပါတယ်။

ကောင်မလေးက ဘုန်းဘုန်းဝီရသူက ယူဆိုရင် ယူလိုက်မယ်လို့ပြန်ပြောလိုက်လို့ အဲဒီနေ့မှာ ရှေ့ဆက် မတိုးတော့ ပါဘူး။

အမြဲတမ်း ဆိုင်ကယ်နှင့် ကပ်လိုက်လာတတ်ပြီး၊အမှတ် (၁၀) ရဲစခန်းနားရောက်ရင် ဆက်မလိုက်ပဲ ပြန် လှည့် သွားတတ်ပါတယ်။

အဖြေတောင်းလို့ ငြင်းဆန်တဲ့အခါတိုင်း ဓာတ်တိုင်ကိုဆိုင်ကယ်နဲ့ ဝင်တိုက်ပြတာတို့၊ ကားရှေ့ ဝင်တိုးပြ တာတို့ လုပ်တတ်ပြီး၊ တစ်ခါမှာ ကောင်မလေးဆိုင်ကယ်ကိုပါဆွဲယူသွားပြီး၊ ကားရှေ့ဝင်တိုးဖို့ လုပ်လို့ တွန်း ရုန်း ပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကန်တော်ကြီး နားက today ဘီယာဆိုင်မှာ ထိုင်စောင့်ပြီး၊ကောင်မလေးပြန်အလာမှာ အရက်ပုလင်းနဲ့ သူ့ေ ခါင်းကို သူ ရိုက်ခွဲပြဖူးတယ်လို့ ဆိုပါတယ်။မကြည့်ရဲလို့ ခေါင်းကွဲမကွဲ မသိရကြောင်း ကောင်မလေး ကပြောပြ ပါ တယ်။

အပြောကောင်းသူ ဖြစ်ပြီး ကောင်မလေး တစ်သက် ဒီလို အပြောကောင်းသူ မတွေ့ ဖူးကြောင်း သိရပါတယ်။ ဖုန်းခဏ ခဏဆက်တတ်ပြီးလက်ခံစကားမပြောရင် အိမ်ရှေ့လာနှောက်ယှက်မှာလို့ ခြိမ်းခြောက် ထား ပါ တယ်။ ဖုန်းလည်းပိတ်မထားရ၊ဖုန်းလည်းချမပစ်ရလို့ အမိန့်တွေပေးထားပြီး အကြာကြီး ဖုန်းပြော လေ့ ရှိ တယ် လို့ သိရပါတယ်။

ကောင်မလေးက အရှက်အကြောက်ကြီးလို့ မိဘကိုလည်းမတိုင်ရပ်ကွက်လူကြီးကိုလည်း မတိုင်ဖြစ်ခဲ့ပါဘူး။ အစ်ကို တစ်ယောက်ကတော့ ရိပ်မိတယ်လို့ ဆိုပါတယ်။

၈-၅-၂၀၁၃ ရက်နေ့မှာတော့ “ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်လို့ နောက်ထပ်မဆက်သွယ်ပါနဲ့”လို့ဖုန်းနဲ့ ငြင်းဆန် လိုက်ပါတယ်။ ဒီအခါ ကောင်မလေးအလုပ်လုပ်တဲ့ဆိုင်ရှေ့မှာ ဆိုင်ကယ်ပေါ်ခွထိုင်လျက်ကြီး တစ်နေကုန် နေပူ လှမ်းပြ နေပါရောတဲ့။

“နင့်ကို ငါပိုင်ဆိုင်စေရမယ် နင်ဟာ ငါ့အတွက်ပဲဖြစ်ရမယ် နင့်ကို ငါရအောင်ကို ယူမှာ နောက်ဆုံး နင့်ကို မရ ရင် နင်လည်းသေမယ် ငါလည်းသေမယ်” 

“အခု နင် ဘယ်မှာလဲ ပြော”

အဲဒါတွေက ကောင်မလေးလစ်ထွက်လာပြီး ဦးဝီရသူကျောင်းမှာရောက်နေတုန်း ဖုန်းဆက်ပြောတဲ့ စ ကားတွေ ပါ။

ကောင်မလေးက “ကျွန်မမှာ ရည်းစားရှိတယ်လို့ပြောပြီးပြီ ကျွန်မရည်းစား နေတဲ့နေရာမှာ ရောက်နေပြီ ကျွန်မ ရည်းစားက ဘုန်းဘုန်းဝီရသူရဲ့တပည့်ပဲလို့ပြောတဲ့အခါမှာ” ကုလားက “ဒါဆို အဲဒီကောင်ကို ဖုန်းပေး လိုက်”ဟု ဆိုကာ ဦးဝီရသူရဲ့ တပည့်နဲ့စကားပြောပါတယ်။အကြီးအကျယ်ပေါက်ကွဲတဲ့ လေသံနဲ့ ဒေါ သ တကြီး ပြောဆိုလာတာပါ။

“ခင်များ သူ့ကို မယူနဲ့ ကျုပ်နဲ့သူနဲ့(……) ဟော်တယ်မှာ အတူနေတုန်းက ဗွီဒီယိုဖိုင်တွေရှိတယ်။ ဓာတ်ပုံတွေ ရှိ တယ်။ ခင်များ သူ့ကိုယူရင်အဲဒါတွေ ဖြန့်ပစ်မယ်။”လို့ ကုလားဝဏ္ဏက ပြောတဲ့အခါ ….

ဒီဘက်မှ “သူ့ဟာသူ ဘာဖြစ်ခဲ့ ဖြစ်ခဲ့ ကျုပ်ယူမယ်ဗျာ။ကျုပ်လက်ထဲ ရောက်တဲ့အခါ သစ္စာရှိရင် ပြီးတာပဲ”လို့ ဆို လိုက်တော့ ယူရဲယူကြည့် သတ်ပစ်မယ်။သူ့ကိုရော မင်းကိုရော သတ်ပစ်မယ်လို့ ခြိမ်းခြောက် လာပါ တယ်။

ဒါဆိုလည်း လူချင်းတွေ့မယ်။ ဘယ်လာရမလဲ လို့ဒီဘက်မှ မေးပြီး၊ လ္ဘက်ရည်ဆိုင်တစ်ခုမှာ တွေ့ဖို့ ချိန်းလိုက် ပါတယ်။ ကုလားဝဏ္ဏ လာမလာမသိရပါဘူး။ ညအချိန်မတော်ကြီး ပြဿနာဖြစ်ခဲ့ရင် ကြီးကျယ်သွားမှာ စိုး လို့ ဒီဘက်က မသွားခဲ့ခြင်းဖြစ်ပါတယ်။

ည (၁၀)နာရီကျော်တဲ့အခါကောင်မလေးကို ဆိုင်ကယ် (၃)စီးနဲ့ လိုက်ပို့ပါတယ်။ အိမ်ရောက်တဲ့အခါ ကောင် မလေး ကို အခန်းထဲထည့်ပြီး၊ကောင်မလေးရဲ့ အစ်ကိုနဲ့ လိုက်ပို့တဲ့ လူငယ်လေးတွေက မီးပိတ်ပြီး၊ အိမ်ထဲ ကနေ စောင့်ကြည့်ကြပါတယ်။ဘာမှမထူးခြားလို့ (၁၁)နာရီမှာ ပြန်လာခဲ့ကြပါတယ်။

လူငယ်တွေပြန်လာတာကို စောင့်ကြည့်နေတဲ့ကုလားဝဏ္ဏကအိမ်ရှေ့ထိ ရောက်လာပါတယ်။ ဆိုင်ကယ် (၂)စီး လူငါးယောက်နဲ့အတူ ရောက်လာတာပါ။

ကုလားဝဏ္ဏကအိမ်ထဲထိ ဓာတ်မီးထိုးကြည့်ပါတယ်။ တစ်အိမ်လုံး မျက်နှာကျက်ပါမကျန် အကုန် ထိုးကြည့် တာပါ။ဓာတ်မီးနဲ့ ပတ်ထိုးကြည့်ပြီး၊ ခြံတံခါးရှေ့မှာ ထိုင်နေပါတယ်။ ဆိုင်ကယ်နဲ့လမ်းသလားလိုက်၊ပါးစပ်က ကျွတ် ကျွတ်လုပ်ပြီး စုတ်ထိုးလိုက်၊ ဖုန်းတဂွမ်ဂွမ် ဆက်လိုက် လုပ်နေပြန်ပါတယ်။

ကောင်မလေးဖုန်းကို ပိတ်ထားတာကြောင့် အိမ်မှာ ရှိသမျှဖုန်းတွေ အကုန်လိုက်ဆက်တော့တာပါဘဲ။ အစပိုင်း မှာအစ်ကိုဖြစ်သူက လက်ခံစကားပြောပြီး တောင်းပန်ပါသေးတယ်။ နောက်ပိုင်း လုံးဝမရတော့လို့ ဖုန်းမကိုင်တော့ပါဘူး။

ဖုန်းနံပါတ်တွေသိနေတာက ကုလားဝဏ္ဏဆိုင်မှာ ဖုန်းပြင်တုန်းက ကောင်မလေးဖုန်းထဲရှိသမျှ နံပါတ်တွေကို ကူးယူ ထားလို့အစ်ကိုကြီး၊ အစ်ကိုလေး ဖုန်းမှန်သမျှ သိရှိနေခဲ့ခြင်း ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူကကောင်မလေးကို အခန်းတံခါး ပိတ်ပေးထားပြီး၊ တစ်ညလုံး ထိုင်စောင့်ကြည့်နေပါတယ်။ နာရီပြန်(၁) ချက်ကျော်မှ ပြန်သွားကြပါတယ်။

နောက်ထပ်(၉-၅-၂၀၁၃) မနက်ရောက်တော့ ဦးဝီရသူက ရဲတိုင်အမှုဖွင့်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ ဒုရဲမှူးရော၊မြို့နယ်မှူးရော စခန်းမှူးပါ ကုလားဝဏ္ဏကို ဖုန်းဆက်ခေါ်ပါတယ်။

“မလာနိုင်ဘူး။ လာစရာမလိုတော့ဘူး။ နောက်လည်းမနှောက်ယှက်နိုင်တော့ဘူး။ ကျွန်တော့်နာရေးတာ နားစွင့် ထားကြပါ။”လို့ ပြန်ပြောပါတယ်။

သူ့ကိုခေါ်မရလို့သူအလုပ်လုပ်ရာ ပေါ်ဦးအီလက်ထရောနစ် ၈၄၊ ၃၀×၃၁လမ်းကို ဆက်သွယ်မှ ကုလား ဝဏ္ဏရောက် လာတာပါ။ရဲက အမှုဖွင့်ပေးပေမယ့်။ ကောင်မလေးက အရှက်အကြောက်ကြီးတာရော၊ မိခင် အိုကြီး ကျန်းမာရေးကိုငဲ့တာရောကြောင့် အမှုမဖွင့်လို့ ဝန်ခံကတိနဲ့တင် လက်မှတ်ထိုးပြီး အဆုံးသတ် လိုက် ရတာပါ။

ကုလားဝဏ္ဏက အသတ်(၃၇)နှစ်ရှိပါပြီ။ လူပျိုလူလွတ်အသွင်လိုက်ပိုးနေခဲ့တာပါ။ ကလေးနှစ်ယောက်အဖေ မုဆိုးဖို ဖြစ်ပါတယ်။ ကလေးတွေကို ယောက္ခမအိမ်ပို့ထားပြီး၊ သူငယ်ချင်းတွေအိမ်မှာ နေတာပါ။

ဇွဲကြီးတဲ့သူတွေကကြောက်စရာကောင်းတယ်နော်။ တကယ်လို့များ မာယာကွန်ယက်ထဲ ကျွံမိလျက်သားဖြစ်သွားရင် မုဆိုးဖိုပြုသမျှ နုရမယ့်ဘဝမျိုး ရောက်သွားတဲ့အခါ ဘယ်သူမှ ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး။ ဇွဲကြီးကြီးနဲ့ပေးဆပ်ခဲ့ရတာတွေအတိုးချပြီး ပညာပေးခံရမယ့် အရေးကို မိန်းကလေးတိုင်း သိစေချင်ပါတယ်။

အမျိုးသူဇွဲကြီးသူတွေဆိုရင် တော်သေးရဲ့ အမျိုးခြားဆိုရင်တော့ လူမျိုးရော ဘာသာ သာသနာကိုပါ ဒုက္ခလှလှကြီး ပေးကြတော့မှာပါ။


စုံစမ်းရန်= ကုလားဝဏ္ဏ- 096805090

ကောင်မလေးအစ်ကို-09402549754

ဒုရဲမှူး-096815378

မြို့နယ်မှူး-092018835

စခန်းမှူး-0991051772

From: OPPO

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်