Sunday, May 19, 2013

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

Posted by drmyochit Sunday, May 19, 2013, under | No comments

ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့် အတွက် ပြည် တွင်းတွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး အရေးယူထားကြောင်း နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေးယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ သူတို့တွေဟာ အခုထိ ပြန်မ လာသေး ဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံ မှတ်တမ်းတွေ လည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ် လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင်လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေးရွာတွေ မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိတယ်။ နောက် အရန် မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့သိ တယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်လာရင်လည်း လာသတင်းပို့ပြီး ဖမ်းခိုင်းတယ်။
ဒီက လူတွေ လည်း ဟိုဘက်ကလူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူတို့တွေ ၀င် လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ထောင်စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက်ကတ်တွေ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့် အရေးယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ်ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးကာ လ၀က ဥပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။

(ဓာတ်ပုံ - ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်)

သွန်းဆက်ရဲ့ ဓါတ်ပုံ Album

Posted by drmyochit Sunday, May 19, 2013, under | No comments


မောက်စံရှိ NLD ပါတီရုံးအား ဒုတိယအကြိမ် PNA ဝိုင်းထားကာ ရွာသားတဦး ဖမ်းဆီးခံရ

Posted by drmyochit Sunday, May 19, 2013, under | No comments

တောင်ကြီး၊ မေလ ၁၈။

မေလ ၁၈ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ပအို့ဝ်အမျိုးသားတပ်မတော်(PNA)မှ လက်နက်ကိုင်ဦးရေ ၃၀ခန့် သည် ဒုတိယ အကြိမ် အဖြစ် တောင်ကြီးမြို့နယ် မောက်စံကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ဝိုင်းထား ၍ ပအို့ဝ် လူမျိုးတောင်သူ ၁ဦးအား ထပ်မံဖမ်းဆီး သွား ကြောင်း တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင် တိုး၏ ပြောကြားချက်အရ သိရသည်။

“PNO အဖွဲ့အနေနဲ့ လက်နက်ကိုင် အနိုင်ကျင့်တာထက် ဂုဏ်သိက္ခာရှိရှိ နိုင်ငံရေးလုပ်တာကိုပဲ လိုချင် တာပါ။ ပြီးတော့ မောက်စံ၊ ထီဗွာနဲ့ ဆတ်သေကျေးရွာက NLD ပါတီဝင် ၅၀ခန့်က အသက် အန္တရာယ် စိုးရိမ် ရတဲ့အ တွက် ဒီကနေ့ ညနေပိုင်းမှာဘဲ နှုတ်ထွက်ခွင့်စာတင်မှာ ဖြစ်ပါ တယ်”ဟု ၎င်းက ပြောကြားသည်။
ယင်း သို့ NLD ပါတီဝင်များနှုတ်ထွက်ရခြင်းသည် ပအို့ဝ်အမျိုးသားတပ်မတော် (PNA)မှ ပါတီဝင်များအား ဖိအား ပေးခြင်းများရှိကြောင်း သိရပြီး မေလ ၁၅ရက်နေ့ ပထမအကြိမ်တွင် PNAမှ ဝိုင်းထားသော် လည်း မေလ ၁၆ရက်နေ့ တွင် ဖမ်းဆီးထားသည့် ရွာသား ၅ဦး အား ပြန်လွှတ်ပေး ခဲ့ပြီး ယခုတွင် ဒုတိယ အကြိမ်ဖြစ် ဝိုင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယခုလက်ရှိအခြေအနေတွင် အဆိုပါမောက်စံကျေးရွာသည် ပအို့ဝ် အပိုင်ဖြစ်ပြီး ချောင်း တဖက်ကြား တွင် ရှမ်းပြည်နယ် တပ်မတော် (SSA)ဘက်အခြမ်းနှင့် နီးစပ်လျက်ရှိရာ ယခုကဲ့ သို့ ပြဿ နာများ ဖြစ်ပွားနေသည့်အတွက် SSA ဘက်အခြမ်းမှ တပ်အင်အား ၁၅၀နီးပါး ခန့်သည် နယ်စည်း မကျော်ရန်အတွက် စောင့်ကြပ် လျက်ရှိ ကြောင်း သတင်းရရှိသည်။

TMA
@ မြန်မာ့ခေတ် 

တူမကို လိင်ကျွန်လုပ်ခိုင်းရန် အမေရိကန်သို့ ခေါ်လာသည့်အဒေါ်ကိုဖမ်းမိ

Posted by drmyochit Sunday, May 19, 2013, under | No comments


တူမဖြစ်သူကို အမေရိကန်ပြည်ထောင်စုသို့ခေါ်လာပြီး ယောက်ျားဖြစ်သူ၏ လိင်ကျွန်အဖြစ် အတင်း အဓမ္မ နေခိုင်း ခဲ့သည့်ဖြစ်ရပ် တစ်ခု အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့တွင် ဖြစ်ပွားခဲ့သည်။

နယူးယော့ခ်မြို့၊ ကွင်းတရားရုံးတွင် မေလ ၁၇ ရက်နေ့က ရုံးတော်ဖွင့်လှစ်သည်နှင့် ယင်းအ မှုကိုကြား နာခဲ့ ကြောင်း၊ တရာရုံး သို့ စိတ်မကောင်းသဖြင့် ငိုကြွေးနေသည့်မိခင်နှင့် သူမ၏ ညီမဖြစ်သူ တို့ရောက် လာကြပြီး အမှု ရင်ဆိုင်ကြကြောင်း ဒေသတွင်းထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

မိခင်ဖြစ်သူ အန်နာ လိုပက်ဇ်က တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် သူမသည် အသက် ၁၅ နှစ်အ ရွယ် သမီးဖြစ်သူကို နယူးယော့ခ်မြို့သို့ ညီမဖြစ်သူနှင့် တရားမဝင်ထည့်ပေးလိုက်ကြောင်း၊ သမီးကို သူမ အနေဖြင့် အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မွေးမြူထိန်းကျောင်းနိုင်ခြင်း မရှိတော့သဖြင့် ထိုသို့ ထည့်ပေး လိုက်ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားသည်။

သမီးကို နယူးယော့ခ်တွင်နေထိုင်သည့် ညီမဖြစ်သူ အိန်ဂျလီကာ မင်စီရာ့က မိမိတို့နှင့် အတူ ထားပြီး ကောင်း မွန် သော ဘဝတစ်ခုရောက်အောင် ထူထောင်ပေး မည်ဟု ဆိုကာ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ် သည်။ သို့သော် မင်စီရာ့စ်သည် တူမကို အမေရိကန်သို့ခေါ်လာသော်လည်း မတော်မတရား ခိုင်းစေ ခဲ့ခြင်းကြောင့် တရားရုံးမှ ဥပဒေအတိုင်း စီစဉ်ဆောင်ရွက်ပေးပါရန် အန်နာကလျှောက်ထားခဲ့သည်။

ရှေ့နေများ လျှောက်လဲချက်အရ ၂၀၁၀ သြဂုတ်လတွင် လိုပက်ဇ်သည် အယ်လ် ဆာဗေးဒိုးနိုင်ငံမှ သမီးဖြစ် သူကို ညီမနှင့် အတူထည့် လိုက်သောကြောင့် အမေရိကန်သို့ရောက်လာကြောင်း၊ တရား မဝင် နိုင်ငံ ဝင်ခွင့် ရရန် ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ တူမဖြစ်သူကို သူတို့နေထိုင်သည့် ရစ်ခ်ျမွန်ဟေးလ်သို့ခေါ်လာကြောင်း၊ အိမ်တွင် သူမ၏ ခင်ပွန်း အသက် ၃၈ နှစ်အရွယ်ရှိ ဂျာဗီးယားက တူမကို မုဒိမ်းကျင့်ခြင်းအား အသက် ၅၈ နှစ်အ ရွယ် အိန်ဂျလီကာက ထိုင်ကြည့်နေကြောင်း၊ ထို့ပြင် တူမကိုလည်း ဘီယာနှင့် အရက်များ အတင်း တိုက်ကြောင်း ထွက်ဆိုသွားခဲ့သည်။

ယခုလအစော ပိုင်းတွင်လည်း အဒေါ်ဖြစ်သူက တူမကို သူမကိုယ်စား ခင်ပွန်းဖြစ်သူနှင့် အတူ အိပ်ပေးရန် တောင်း ဆိုခဲ့သည်။ သူမကိုခေါ်လာစဉ်ကတည်းက ပညာသင်ပေးရန် ကတိပေးခဲ့သဖြင့် ပညာ သင်ကြားပေး ရန် တောင်း ဆိုသော်လည်း အဒေါ်ဖြစ်သူက ငြင်းဆန်ပြီး အတင်းအဓမ္မခင်ပွန်းနှင့် အိပ်ခိုင်း သဖြင့် ထွက်ပြေးကာ ရဲများကို အကူအညီတောင်းခဲ့ရာမှ အဖြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန်ဂျလီနှင့် ခင်ပွန်းဖြစ်သူတို့သည် မုဒိမ်းမှု၊ အဓမ္မလိင်ကျွန်အဖြစ်စေခိုင်းမှု၊ ကလေးသူငယ်ဆိုင်ရာ မတော်မ တရားပြုကျင့် မှုများဖြင့် တရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်ရန်ရှိပြီး ထောင်ဒဏ် ၂၅ နှစ်ခန့် ကျခံရဖွယ်ရှိသည်ဟု ရှေ့နေများက ပြောကြားခဲ့သည်။

From: မောက္ခ

အသက် ၁၄ နှစ်အရွယ် အိမ်ဖေါ်အမျိုးသမီးငယ် တစ်ဦးအားကယ်တင်

Posted by drmyochit Sunday, May 19, 2013, under | No comments


ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၂၂၀ကျော်တွင်ရှိသော နကဆ၀န်မြို့ရှိ အိမ်တစ်အိမ်တွင်၁၀
ကြာ အိမ်ဖေါ် အလုပ်ကို လုပ်ကိုင်နေခဲ့ ရသည့် အသက် ၁၄ နှစ် အရွယ် မြန်မာကလေး အလုပ် သမငယ် တစ် ဦးကို ပူးပေါင်း အဖွဲ့ တို့က ယမန်နေ့က ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
သူမသည် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ အင်ကုန်းကျေးရွာမှ အဖ ဦးကုလား(ကွယ်လွန် နှင့်
ဒေါ်သောင်းသောင်း တို့၏ သမီးဖြစ်သည်။


မွတ်ဆလင်ကုလားက မြန်မာသမီးပျို (၁၆)နှစ်သမီးလေးကို မုဒိမ်းကျင့်

Posted by drmyochit Sunday, May 19, 2013, under | No comments


မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်တွင် မွတ်ဆလင်ကုလားက မြန်မာသမီးပျို (၁၆)နှစ် သ မီးလေး ကို မုဒိမ်းကျင့်သည့် မှုခင်းတစ်ခု ဖြစ်ပွားခဲ့သည်။ ကျူးလွန်သော မွတ်ဆလင်းကုလား၏ အမည်မှာ ပိုးပိုး (ခ) ဇော်ကြီး အသက် (၂၇)နှစ် ဖြစ်ပြီး အကျင့်ခံရသော မိန်းကလေးမှာ ပန်ရံအလုပ်သမ၊ ကလေး ထိန်း၊ အိမ်ဖော် အလုပ်သမလေး မဖြိုးဖြိုးဖြစ်သည်။

ကလေးမလေးကို ဤသို့ ပြုကျင့်နိုင်စေရန် အကွက်ဆင် အကူအညီပေးသူမှာ အသက် (၆၀)နှစ်ကျော် ဒေါ်နွဲ့ (ဗမာ/ဗုဒ္ဓ)ဖြစ်ပြီး၊ ရေတံခွန်တောင် သစ္စဝေဒဂူကျောင်းတိုက်အနီးတွင် နေထိုင်ကြောင်း သိရသည်။

(၁၇-၅-၂၀၁၃)ရက် ညသန်းခေါင်ကျော် အချိန်တွင် ပိုးပိုး (ခ)ဇော်ကြီးနှင့် ဒေါ်နွဲ့တို့ကို ပုသိမ်ကြီးမြို့နယ်၊ ရဲစ ခန်း မှာ ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း၊ ပုဒ်မ(၃၇၆/၅၁၁)တို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

(အညံ့ခံ ပန်းကလေးတစ်ပွင့်၏ ရာဇဝင်ကို မကြာမီ စာစီတင်ဆက်ပါမည်။ သူ့ဘဝ သူ့အကြောင်းနှင့် သူ ဘယ် လို အနိုင်ကျင့်ခံလိုက်ရသည်ကို အွန်လိုင်းပရိသတ်ကြီး စောင့်မျော် ရှုစားနိုင်ပါကြောင်း)


စုံစမ်းရန်=
စခန်းမှူး- 09.49274784
မြို့နယ်မှူး- 09.2035141
သက်သေများ- 09.73214624
09.402625838
09.402619914
ဦးဇင်း ၀ီရသူ စာမျက်နှာ
https://www.facebook.com/notes/wira-thu/%E1%80%99%E1%80%BC%E1%80%90%E1%80%B9%E1%80%86%E1%80%9C%E1%80%84%E1%80%B9%E1%80%80%E1%80%AF%E1%80%9C%E1%80%AC%E1%80%B8%E1%80%80-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%95%E1%80%BA%E1%80%B3%E1%80%AD-%E1%81%81%E1%81%86%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%B1%E1%80%9C%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%AF%E1%80%92%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B7/265522353591280


Saturday, May 18, 2013

တရားသူကြီးတစ်ဦး မတရားစွပ်စွဲမှုများဖြင့်ရာထူးမှခေတ္တရပ်ဆိုင်းခံရဟု ဆို

Posted by drmyochit Saturday, May 18, 2013, under | No comments





ရန်ကုန်၊ မေ ၁၈။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် စစ်ကိုင်းတိုင်း တရားသူကြီး၏ မတရား စွပ်စွဲမှု များ ခံရပြီး ရာထူးမှ ခေတ္တရပ်ဆိုင်းခံ ထားရသည်ဟု ရာထူးမှ ရပ်ဆိုင်းခံရသော ဒုတရားသူကြီး ကိုသော် မင်းထွေးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“အစ်ကိုက အရာတော်မှာ အမှုစစ်တဲ့အခါ မှန်ကန်တယ်။ လာဘ်မယူဘူး။ အဲ့ဒါကို တိုင်းတရားသူကြီးက ကြည့်မ ရတော့ အပြစ်ရှာတယ်။ နောက်တော့ကျွန်တော့ကို ပါတီနိုင်ငံရေး မကင်းဘူးဆိုပြီး ဘယ်ပါတီမှ မပါဘဲ နဲ့ အတိုင်ခံရတယ်။ သူ့မိန့်နဲ့ ခရိုင်က လာစစ်တယ်။ နေပြည် တော်က စာကျလာတော့ ခရိုင်ဒု ဦးစီးမှူး အဖြစ် ရာထူးအပြောင်းခံရတယ်။ ခုတော့ လာဘ်စားပါတယ်ဆိုပြီး တိုင်းတရားသူကြီးကပဲ တိုင်လို့ နေပြည်တော် က ခုံရုံးဖွဲ့ပြီး ၂၁ရက်နေ့မှာ အစစ်ခံရမယ် ”ဟု ပြောကြားသည်။

ထိုသို့ ဒုဦးစီးမှူး ရာထူးသို့ အပြောင်းအလဲခံရပြီး ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်မှ မေလ ၁၄ရက်နေ့ ရက်စွဲဖြင့် တိုက်ရိုက် အမိန့်ချကာ ဒုဦးစီးမှူး ဦးသော်မင်းထွေးအား ၂၀၁၃ခုနှစ် မေလ ၁၅ရက်နေ့ နံနက်ပိုင်းမှ စ၍တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်သည်။

ရပ်ဆိုင်းသည့် ကာလအတွင်း လစာတစ်ဝက်ဖြင့် ခွင့်ပြုလိုက်သည် ဟုမေလ ၁၄ရက်နေ့တွင် ဆက်လက် အကြောင်းကြားသည်ဟုလည်း သိရသည်။

ယင်းအကြောင်းကြားစာနှင့် ပတ်သက်၍ ကိုသော်မင်းထွေးက“စစ်ဆေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရပ်ဆိုင်းလိုက်တာ ထင်ပါတယ်။ ကျွန်တော် က တစ်ခါမှလည်း လာတ်မစားဘူးပါဘူး။ တိုင်းတရားကြီး ခေါ်မေးတဲ့ သူတွေကိုလည်း ဆက်မေးလို့ ရပါတယ်ဗျာ။ ပြီးတော့ တိုင်း၊ ဒေသ ကျော်ပြီး သွားပါတယ်ဆိုပြီးတော့လည်း အတိုင်ခံထားရတယ်။ အဲ့ဒါကလည်း တိုင်းအဆင့်ကနေ ပြာတာအဆုံး လူတိုင်းသွား/ ပြန်နေကြတာ ပါပဲ။ ကျွန်တော် မန္တလေး သွားတာကလည်း ညတောင် မအိပ်ပါဘူး”ဟု ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကိုသော်မင်းထွေး လာတ်စားသည် မစားသည်ကို တိုင်းတရားသူကြီးမှ ခေါ်မေးခံရသော ကိုဆန်းမင်းအား ဆက် သွယ်မေးမြန်းရာ ၎င်းက “ကျုပ်ယောက်ဖ အမှုနဲ့ တရားသူကြီး ကိုသော်မင်းထွေးကို လာဘ်ပေးရတာ ရှိလားဆိုပြီး မေးတာပါ။ ကျုပ်တို့လည်း မပေးရလို့ မပေးရဘူးလို့ဘဲ ဖြေလိုက်ပါတယ်ခင်ဗျာ။ တခြားသူတွေတော့ ဘာမေးလဲ မသိပါဘူး”ဟု ပြောကြားသည်။
တိုင်းတရားသူကြီးမှ ခေါ်သော်လည်း မသွားသော အရာတော်မြို့မှ ကိုခင်မောင်ဆွေက“ ကျွန်တော်တို့ သိတာကတော့ အမှုနိုင်တဲ့သူက ပိုက် ဆံသုံးသောင်း သွားကန်တော့တာတောင် လက်မခံဘူးလို့ပဲ ကြားပါတယ်။ တစ်ခါမှ လာဘ်စားတယ်ဆိုတာမျိုး လုံးဝမကြားဘူးပါဘူး။

 ခုလိုမျိုး တိုင်းတရားသူကြီးကိုယ်တိုင်က တိုင်တာဆိုတော့ ကြားရတာ စိတ်ထဲမကောင်းပါဘူး ”ဟု ပြောကြားသည်။

ထိုကဲ့သို့ ရာထူးမှ အပြောင်းခံရခြင်း၊ ယာယီရပ်ဆိုင်းခြင်းများ ခံရသော အရာတော် ဒုတရားသူကြီးသည် မေလ ၂၁ရက်နေ့တွင် စစ်ဆေးခံရ မည် ဖြစ်ပြီး မည်သို့ဖြစ်ပေါ်မည်မသိရသော်လည်း ၎င်းအနေဖြင့် လာတ်စားသူများကြားတွင် မတရား လုပ်ကြံစွပ်စွဲ ခံရခြင်းသာ ဖြစ်သည် ဟု ပြေကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ရန်ရှိသည်ဟု ဆက်လက်သိရသည်။

AT
@ မြန်မာ့ခေတ် 

ရခိုင်ဒုက္ခသည်များကိုအားပေးနှစ်သိမ့်မှုလိုဟုနာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူပြော

Posted by drmyochit Saturday, May 18, 2013, under | No comments


ရခိုင်အိမ်မှာလာပြီးတည်း တယ်။ ရခိုင်အိမ်ကိုလည်း အပိုင် စီးချင်တယ်။ ကျွန်တော့်အနေနဲ့ လုံးဝ လက်မခံ ပါဘူး။ လူဆိုတာ လူ့ကျင်ဝတ်စည်းကမ်းတွေကို လိုက်နာရတယ်ဟု ဦးကျော်သူမှ မှတ် ချက်ပြုပြောကြား သည်။

ရခိုင်ပြည်မှာ တစ်ဖက်နိုင်ငံ ကနေ တရားမ၀င်လာရောက် ခိုး ၀င်လာကြတဲ့ ဘင်္ဂါလီတွေက အိမ်ရှင် ရခိုင်အိမ်တွေ ကို မီးရှို့ရုံနှင့် မကျေနပ်သေးဘဲ မိမိတို့နေအိမ် တွေကိုပါ မီးရှို့ ထွက်ပြေးကြ တယ်။ နိုင်ငံတကာက ဒုက္ခသည်အဖြစ် မြင်အောင် လှည့်ကွက်ဆင်တယ်။ လူသားချင်း စာနာမှု အကူ အညီ တွေကို မျှော်ကိုးကာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်း၊ ယူ အန်နှင့် မူဆလင်နိုင်ငံများက ပိုပြီး ကောင်း မွန်သော အကူအညီတွေ ကို ရမယ်ဆိုပြီးတော့ ရခိုင်အိမ် သာမက မိမိအိမ်တွေကို မီးရှို့မှု တွေ လုပ်နေကြတာ။

ဒါအရမ်းဆိုးဝါးတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။ ဘင်္ဂါလီမူဆလင်တွေ စိတ်ဓာတ်အောက် တန်းကျ တာကို ဖော်ပြ လိုက် တာပဲ။ သနားစရာ ဟန်ဆောင်ပြီး ကမ္ဘာမှာ နေစရာ မရှိနေရာပျောက်နေတဲ့ ဒုက္ခ သည်အဖြစ် ကမ္ဘာ ကို လိမ်ညာ တယ်။ ရိုဟင်ဂျာဆိုပြီး အမည် တပ်ကာ မြန်မာတိုင်းရင်းသား ဆိုပြီး လိမ်ညာတယ်။ အရမ်းစက် ဆုပ်ရွံ ရှာ ဖွယ်အ လိမ်အညာထုပ် တွေနှင့် သနားစရာဗန်းပြကာ အကြမ်းဖက်မှုတွေကို ဆက်တိုက် ခံနေရ တဲ့ ရခိုင်ပြည် သူတွေဘက် ကနေ ကိုယ်ချင်း စာနားလည်ပေး ရမယ်။ ရခိုင်ပြည်ကို ခေတ် အဆက်ဆက် လူမျိုးခြား၊ ဘာသာ ခြား ၀ါးမျိုခြင်းမခံရအောင် ရခိုင် ပြည်သူတွေ စောင့်ထိန်းကာ ကွယ်ခဲ့သော်လည်း ခေတ် အဆက် ဆက် အာဏာရှင် အစိုးရက ရခိုင်ပြည်သူတွေကို လျစ်လျူရှုကာ အမျိုးသားရေးကို မတွက် ဘဲ ငွေမျက်နှာတစ်ခု တည်းကြည့်ကာ ရခိုင်ပြည်တွင်း သို့ ဘင်္ဂါလီမူဆလင်တွေ တရား မ၀င် အမြောက်အများ ၀င်လာခဲ့ ကြတယ်။ ရခိုင်တွေမနာရင် ဘယ်သူတွေနာမှာလဲ။ ရခိုင်မြေ မှာ ရခိုင်လူမျိုးတွေ၊ ဘာသာခြား၊ လူမျိုး ခြားကျူးကျော်ရန်စမှု တွေကို ရခိုင်တွေ ဘယ်လိုသည်း ခံနိုင်မှာလဲ။

ဘင်္ဂါလီမူဆလင်တွေ လုပ် ရပ်ဟာ အမျိုးဘာသာ၊ သာသနာ ကို စောင့်ထိန်းကာကွယ်ကြတဲ့ ရခိုင်ပြည်သူနှင့် လက်ရှိ အစိုး ရကို ပါ ကမ္ဘာက အ ထင်အမြင်တွေ သေးအောင် အကွက်ကျကျ စီမံ တိုက်ခိုက် အကြမ်းဖက်မှု လုပ်ရပ် တွေလို့ သုံးသပ် မိတယ်။ ဒါကို ကျွန်တော့်အနေဖြင့် လုံးဝလက် သင့်ခံခွင့်လွှတ်ပေးလို့မရဘူး။ အစိုးရ အနေဖြင့် တရားဥပဒေ အရ မိမိပြည်သူရခိုင်လူမျိုးတွေကို ကာကွယ်ပေးပြီး တရားမ၀င်ခိုး ၀င်လာပြီး အကြမ်း ဖက်နေတဲ့ ဘင်္ဂါလီတွေကို တရားဥပဒေအရ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန် ထန် အရေးယူ သင့်တယ် ဟု ပြည် တွင်း NGO တစ်ဦးမှလည်း ကောင်း မှတ်ချက်ပေးသည်။

ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သြ ဂုတ် ၂၄ ရက်တွင် သွားရောက်ခဲ့ ပြီး စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်ရှိ ဒုက္ခသည်စခန်း များကို ဆန်အိတ်များ၊ အ၀တ် အထည်များ လှူဒါန်း ခဲ့ကြောင်း စစ်တွေနာရေးကူညီမှုအသင်းမှ သိရှိရသည်။


SYN
The Hot News Weekly

အသက်နဲ့ ထပ်တူ မေခလာ သိန်း ၅၀ လှူ

Posted by drmyochit Saturday, May 18, 2013, under | No comments

 တေးသံရှင် မေခလာကို ၁၂.၅.၁၃ က ရန်ကုန် မင်္ဂလာဆောင် တစ်ခုတွင်တွေ့ရစဉ် (ဓာတ်ပုံ – နဒီထိုက် / ဧရာဝတီ)

ချစ်ငယ်လို့ ဂီတလောကမှာ ချစ်စနိုးခေါ်ကြတဲ့ တေးသံရှင် မေခလာက သူ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့မှာ ဘာသာရေးနဲ့ ပညာရေးအတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မေ ၂ ရက်နေ့က ချစ်ငယ်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ စင်ထရယ်ဟိုတယ်မှာ အလှူလေး လုပ်ခဲ့တာပါ။ ဆယ် မိုင်ကုန်း၊အောင်စေတီ ညောင်ခါးရှည်မှာ ဘုရားတည်နေတဲ့ အထဲကို ဆယ်သိန်း၊ တွံတေး လူငယ်ပရ ဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် ၁၀သိန်း၊ အဲဒီကျောင်းက မိဘမဲ့ ကလေးလေးတွေကို ပညာ သင်ကြား ပေးနေတဲ့ ကျောင်းလေ။သင်္ဃန်းကျွန်း၊ ပုလဲမြို့သစ်မှာ ရှိတဲ့ အရှင်ဉာဏက ဦးစီးတဲ့ ပညာမြေ ကျောင်းမှာ ကတော့ မိဘမဲ့ရော၊ ဆင်းရဲနွမ်းပါး ကလေးရော သင်ပေးနေပါတယ်။ အဲဒီ ကျောင်း အတွက် သိန်း ၃၀ လှူခဲ့ပါတယ်” လို့ မေခလာက ရှင်းပြပါတယ်။

တေးသံရှင် မေခလာက သူ့ရဲ့ အသက်ကို ထုတ်ဖော် မပြောပေမယ့် အသက် ၄၅ နှစ် အချိန်ကစပြီး နှစ်စဉ် အသက် နဲ့ အညီ ၄၅ သိန်း၊ ၄၆ သိန်း စသည်ဖြင့် လှူခဲ့ပြီး အခု ၂၀၁၃ မှာ သိန်း ၅၀ လှူခဲ့တာမို့ အသက် ၅၀ ပြည့်ပြီ လို့ အားလုံးက အလိုလို နားလည် လိုက်ကြပါတယ်။ အခုနှစ် အလှူမှာလည်း ပရိသတ်ဆီက ရတဲ့ ပိုက်ဆံတွေ ကို စုပြီးလှူဒါန်းရတာမို့ ပရိသတ်လည်း သာဓုခေါ်နိုင်တယ်လို့ သူက ပြောပါတယ်။

“ချစ်ငယ်က ပွဲဆိုရတဲ့ ပိုက်ဆံတွေ၊ မင်္ဂလာဆောင် လေးတွေက အစပေါ့၊ ရတဲ့ ငွေကို ဆယ်ပုံ ၃ ပုံ လှူခဲ့တာပါ။ ပရိသတ် ဆီက ရတဲ့ ပိုက်ဆံဆိုတော့ ပရိသတ်နဲ့လည်း ဆိုင်တာပေါ့” လို့ ဆိုပါတယ်။

လက်ရှိလှုပ်ရှားမှု အနေနဲ့ မေခလာဟာ နေပြည်တော်မှာ သီဆိုဖျော်ဖြေပြီး ပြန်လာတယ်လို့ သိရပါတယ်။

ရာသီ အနေအထားအရ မင်္ဂလာဆောင်၊ ညစာစားပွဲတွေမှာ ဖျော်ဖြေပေးနေတာတွေ့ရပြီး ဇွန်လကုန် ပိုင်းမှာလည်း ဂျပန်နိုင်ငံ မှာ ကျင်းပမယ့် ဖက်ရှင်ရှိုး တခုကို သူငယ်ချင်း ဖက်ရှင်ဒီဇိုင်နာရဲ့ ဖိတ်ကြားချက် အရ ဧည့်သည်တော် အဖြစ် တက်ရောက် ပေးရမှာ ဖြစ်ပါတယ်။

“သူငယ်ချင်းက ဂျပန်မှာကြာပြီ၊ ဟိုမှာ ဒီဇိုင်နာ ဖြစ်နေတာလည်း ကြာပြီပေါ့။ သူတို့ပွဲအတွက် ဖိတ်လို့သွားတာပါ” လို့ မေခလာက ပြောပါတယ်။

မေခလာရဲ့ တကိုယ်တော် စီးရီးအသစ်ကိုတော့ ၂၀၁၃ အောက်တိုဘာ သီတင်းကျွတ်အမီ ထွက်ဖို့ မှန်းထားကြောင်းနဲ့ သီချင်း အသစ်ရော၊ အဟောင်းပါ ပါမှာဖြစ်ကြောင်း၊ Lazy Club၊ Plus Three စတဲ့ တေးဂီတ ၂ ခုနဲ့ တီးခတ်နေကြောင်းလည်း သိရ ပါတယ်။

တေးသံရှင် မေခလာက ကော်လာပေါ်က နှုတ်ခမ်းနီ၊ အဲဒီလောက်တောင် ချစ်ရသည်၊ ၁၆ နှစ်မ၊ ဂိုးသွင်းကောင်း တဲ့ ကိုကို၊ ဝါကာဝါကာ စတဲ့ သီချင်းတွေအပြင် ကိုယ်ပိုင်သီချင်း ၇၀ နီးပါး နဲ့ အောင်မြင် ခဲ့သူလည်း ဖြစ်ပါ တယ်။ လက်ရှိမှာ ခင်ပွန်းသည် သရုပ်ဆောင် ရန်ကျော်နဲ့ သမီးလေးတဦး ထွန်းကားပြီး အနုပ ညာ အလုပ်တွေကို အဆက်မပြတ် ဆက်လက် လုပ်ကိုင်နေ သူ ဖြစ်ပါတယ်။

From: ဧရာဝတီ

ပုဒ်မ ၃၇၇ကို ပယ်ဖျက်နိုင်ရန် လွှတ်တော်တွင် တင်ပြနိုင်ရေး လိင်တူချစ်သူများ အခွင့်အရေးဆောင်ရွက်သူများ ကြိုးပမ်းမည်

Posted by drmyochit Saturday, May 18, 2013, under | No comments


ရန်ကုန်၊ မေ ၁၈။

လိင်တူ ချစ်သူများ အဖြစ် နေထိုင် သူများကို ဖမ်းဆီး အရေးယူနိုင်သော ပုဒ်မ ၃၇၇ ကိုပယ်ဖျက်ပေး နိုင်ရန် နှင့် လိင်တူ ချစ်သူများ၏ ဘ၀ကို အကာအကွယ်ပေးနိုင်မည့် ဥပဒေများ ကိုတင် သွင်းနိုင် ရန် ဆောင်ရွက် မည်ဖြစ်ကြောင်း လိင် တူ ချစ်သူများ အခွင့်အရေး ဆောင်ရွက်နေသူ များ၏ ပြောကြား ချက်အရ သိရသည်။

“ပုဒ်မ ၃၇၇ ကိုပယ်ဖျက်ပေးနိုင်ဖို့နဲ့ လိင်တူချစ်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်မှာတင်ပြနိုင်ဖို့ ကျွန်တော် တို့ ကြိုး စားမှာပါ။ ဒါပေမယ့် ဒီနိုင်ငံကလွှတ်တော်အမတ်တွေကိုယ်တိုင်ကိုကလိင်တူချစ်သူတွေရဲ့ အခွင့်အရေး နဲ့ ပတ်သတ်ပြီး မသိကြ တာတွေ နားမလည်ကြတာတွေ ရှိနေတော့ သူတို့နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေး မှုတွေ ပြုလုပ်ရဦးမှာပါ” ဟု လိင်တူချစ်သူများ အခွင့်အရေး တက်ကြွဆောင်ရွက်သူ ဦးအောင်မျိုးမင်း ၏ ပြောကြားချက်အရ သိရသည်။

အရှေ့ တောင်အာရှတွင် ပုဒ်မ ၃၇၇ကို ပြဋ္ဌာန်းထားသော နိုင်ငံများအဖြစ် မြန်မာ၊ စင်္ကာပူ၊မလေးရှား၊ ဘရူနိုင်း နိုင်ငံတို့ ရှိကြောင်း၊ အစ္စလာမ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း ဘာသာရေး အစွန်းရောက်သူများ၏ အကြမ်းဖက်ခံမှုများ ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် လိင်တူချစ်သူများ အခွင့် အရေး ကို ရရှိသော နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“ထိုင်းမှာ ဆိုရင် လိင်တူချင်းချစ်တဲ့သူတွေ လက်ထက်လို့ရတဲ့ ဥပဒေပြဋ္ဌာန်းပေးထားတယ်။ ဒါပေ မယ့် ယောကျာ်းနဲ့ မိန်းမလက် ထက်တဲ့ ဥပဒေလိုမျိုးတော့ မဟုတ်ဘူး။ သီးခြားသီးသန့် ဥပဒေ တစ်ခုနဲ့ ပြဋ္ဌာန်းပေးထားတယ်” ဟု ဦးအောင်မျိုးမင်း၏ ပြော ကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံ တွင် ရှိသော လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံတွင်ရှိသော လူ့အခွင့်အရေးကော်မရှင်တို့မှာ ကွာခြားမှုရှိကြောင်း ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးကော်မရှင်တွင် လိင်တူချစ်သူများ အခွင့်အရေးအတွက် လိုက်လံဆောင်ရွက်ပေးသူ အရာရှိတစ်ဦးကို သီးခြား ခန့်အပ်ပေးထားကြောင်း လိင်တူချစ်သူများ အဓမ္မပြုကျင့်ခံရခြင်း၊ အခွင့်အရေးချိုးဖောက်ခြင်း ခံရမှုများရှိပါက သွား ရောက် တိုင်ကြားနိုင်ရန်စီစဉ်ပေးထားကြောင်းသိရသည်။

ဆုဝေ
@ မြန်မာ့ခေတ် 

မဟာစည်သာသနာ့ရိပ်သာတွင် မြန်မာ့ရိုးရာအတိုင်း ချစ်သူနှင့် မင်္ဂလာဆောင်သည့် အဆိုတော် ရဲလေး

Posted by drmyochit Saturday, May 18, 2013, under | 1 comment

တေးသံရှင် ရဲလေး(ခေါ်) မောင်ရဲထွန်းမင်း နှင့် သူ၏ချစ်သူ မအေးမြအောင်တို့၏ မင်္ဂလာဧည့်ခံပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မဟာစည်သာသနာ့ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည်။




From : ..popular

မိမိအား မုဒိမ်းကျင့်သူကို ၁၃ နှစ်သမီးက လက်ထပ်ရန် သဘောတူ

Posted by drmyochit Saturday, May 18, 2013, under | No comments

အသက် ၄၀ နှစ်အရွယ် စားသောက်ဆိုင်မန်နေဂျာတစ်ဦးသည် ၄င်းမိုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲထားသည့်
တရားလို အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကာ မိန်းကလေးဘက်ကလည်း သ ဘောတူညီရန် ကမ်းလှမ်းထားသည်။ ဧပြီလ ၁၈ ရက် ရက်စွဲဖြင့် ရဲထံ တိုင်ချက်ဖွင့်စွပ်စွဲမှုကို မိန်း ကလေးက ဖျက်သိမ်းလိုက်သည်ဟု လက်ထောက် လူထု အကျိုးဆောင် အာမတ်နာဇ်မင်းဇူလ်ကီဖလီ က တရားရုံး တွင် ပြောခဲ့သည်


၁၅၀၀ ဖုန်းပျောက်လျှင်တိုင်းဒေသကြီး၊ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာရုံးများတွင်ပြန်လျှောက်နိုင်

Posted by drmyochit Saturday, May 18, 2013, under | No comments


၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်  မှာစတင်ရောင်းချခဲ့သော MECTEL အမှတ်တံဆိပ်ပါ CDMA-800 MAz (1500) တန် ဆင်းကတ်ပျောက်ဆုံးပါက မြန်မာ့  ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသ ကြီး၊ ပြည်နယ်မန်နေဂျာရုံးခန်းများ  မှာ ပြန်လည်လျောက်ထားနိုင်ကြောင်း   သိရသည်။ MECTEL CDMA- 800 MHz မိုဘိုင်းတယ်လီဖုန်း ကတ်ပျောက်ဆုံးပါက ကျပ် (၂၀၀၀၀) ပေးသွင်း ၍ ပြန် လည် လျှောက်ထား ရမှာဖြစ်ပြီးMECTEL မိုဘိုင်း တယ်လီဖုန်းကတ်  ပျက်စီးပါကတိုင်းဒေသကြီး ပြည် နယ်မန်နေဂျာရုံးခန်းများမှ အခမဲ့ လျှောက်ထား ရယူနိုင်သည်။

အဆိုပါ တန်ဖိုးနည်းCDMA- 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ်   သည်လက်ရှိမိုဘိုင်းတယ်လီဖုန်း  များကဲ့ သို့အတွက်ခေါ် ဆိုမှုအတွက်   တစ်မိနစ် (၅၀) ကျပ်ဖြစ်ပြီးအ၀င်  ခေါ်ဆိုမှုအတွက်ငွေပေးဆောင်ရန်   မလိုပေ။ အဆိုပါတန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ် လီဖုန်းများအားကြိုတင်ငွေဖြည့်  ကတ် အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပ သို့ဖုန်းခေါ်ဆိုနိုင်ပြီး ပြည်ပသို့ တယ်လီ ဖုန်းခေါ် ဆိုလိုပါကMECTELအမှတ်တံဆိပ်ပါနိုင်ငံ ခြားငွေကြိုတင်ငွေဖြည့်ကတ်များကို   အသုံးပြုခေါ်ဆိုနိုင်သည်။ အင်တာ နက် အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းထားမှာ ယခင် CDMA-800 MHz မိုဘိုင်း   တယ်လီ ဖုန်းများ ကဲ့သို့တစ်မိနစ် အသုံးပြုခ (၄) ကျပ်ဖြစ်သည်။ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ်များရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းတိုင်းဒေသကြီးပြည်နယ်   မန်နေဂျာရုံးမှာ အင်တာ နက် စနစ်ဆက်သွယ်မှုကနဦးတပ်ဆင်  ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက်   ထားနိုင်ကြောင်း သိရသည်။


ယဉ်ပပထွန်း
The Hot News Weekly

၁၅၀၀ ဖုန်းက GSM ထက်အင်တာနက်မြန်သည်ဟုဆို

Posted by drmyochit Saturday, May 18, 2013, under | No comments


CDMA 800 MHZ ဖုန်းဖြင့် အင်တာ နက်သုံး စွဲရာတွင်GSM ဖုန်းဖြင့် အင်တာနက် သုံးစွဲ မှုထက် (၂)မိနစ် ပို၍မြန်ဆန်မှု ရှိကြောင်း ပြည်တွင်းအိုင်တီပညာရှင်တစ်ဦး က ပြောသည်။
“GSMစ နစ်မှာ3G သုံးဖို့ ဆိုရင် လက်တွေ့မှာ အမြင့်ဆုံးGalaxy Note II ကို သုံးရတယ်။

(၁၅၀၀)တန်ဖုန်းက မြန်မာအတွက် သီးသန့်ရောင်းတဲ့အမြင့်ဆုံးGalaxy Ama-Eing ကိုသုံးရတယ်။ နှစ်ခုကိုယှဉ်ပြီးသုံးတဲ့အခါYou Tube ကိုခေါ်ကြည့်တယ်။ နှစ်မိ နစ်ကွာတယ် Gmail ကိုခေါ်တာ လည်း ကွာတယ်။You Tubeက ဖိုင်အလိုက်ခေါ်ရတဲ့အတွက် ကြာတယ်။ အဲဒီမှာ (၁၅၀၀)တန် ဖုန်းက နှစ်မိနစ်ပိုမြန်နေတာကို တွေ့ရတယ်။ ဟန်းဆက်ဈေးနှုန်း ကိုကြည့်ရင်လည်း (၁၅၀၀)တန် ဖုန်းကအများဆုံး တစ်သိန်းခွဲ လောက်ပဲ သုံးရတယ်။GSMက (၆)သိန်းလောက်သုံးရတယ်။

(၁၅၀၀)တန်ဖုန်းသုံးတဲ့သူအတွက် သက်သက်သာသာနဲ့ ၀န်ဆောင် မှုရတယ်””ဟု ၎င်းကပြောသည်။
အဆိုပါ (၁၅၀၀)တန်ဖုန်း များအတွက် ငွေဖြည့်ကတ်မှာ (၅၀၀၀)ကျပ်၊ (၁၀၀၀၀)ကျပ်၊ (၃၀၀၀၀)ကျပ်ရှိပြီး (၅၀၀၀)တန် ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၆၀)၊ (၁၀၀၀၀) တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၁၂၀)၊ (၃၀၀၀၀)တန်ကတ်၏ သက်တမ်း မှာ ရက်ပေါင်း (၃၆၀)ဖြစ်ပြီး ပြည်ပခေါ်ဆိုမှုအတွက် ဒေါ်လာ (၁၀)၊ (၂၀)၊ (၅၀)တန်ကတ်များရှိ ပြီး ဒေါ်လာ (၁၀)တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၁၀၀)၊ (၂၀)တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၂၀၀)၊ (၅၀)တန် ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၅၀၀)ရှိကြောင်း သိရသည်။

၎င်းအပြင် နောက်ပိုင်းတွင် အာဖရိက၊ ဖိလစ်ပိုင်နိုင်ငံများ ကဲ့သို့ ဖုန်းဖြင့်ဘဏ်စနစ် ငွေလွှဲ သည့်စနစ်မှာနောက်နှစ်လခန့်တွင် ပေါ်လာဖွယ်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။




လင်းခ(သဲတော
From: The Hot News Weekly

Friday, May 17, 2013

တောင်ကျချောင်းရေ ပြိုကျပြီးနောက်ပိုင်း အလုပ်သမား ၁၂၀ကျော် အလုပ်မှ နုတ်ထွက်

Posted by drmyochit Friday, May 17, 2013, under | No comments


ရန်ကုန်၊ မေ ၁၇။

လွန်ခဲ့သည့် မေလ ၂ ရက် နံနက် ၁ နာရီအချိန်ခန့်က ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်း ဘိုဒေသ တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်း တိုက်ခတ်ပြီး တောင်ကျချောင်းရေ ပြိုကျပြီးနောက်ပိုင်း အာရှ ကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမား ၁၂၀ ခန့် အလုပ် မှ နုတ်ထွက် သွားကြောင်း ရန်ကုန်မြို့ ဆာကူရာတာဝါတွင် ယနေ့ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

“အဓိကကတော့ တောင်ကျချောင်းရေ ပြိုကျပြီးတဲ့နောက်ပိုင်းမှာ လူတွေရဲ့ စိုးရိမ် ထိတ်လန့် မှုကြောင့် လို့ ပြောလို့ ရတယ်။ ဒီနေရာတွေမှာ ဆက်ပြီး အလုပ် မလုပ်ရဲတော့တာလည်း ပါလိမ့်မယ်” ဟု အာရှ ကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းမှ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

မေလ ၂ ရက်က ဖြစ်ပွားခဲ့သည့် တောင်ကျချောင်းရေ ပြိုကျမှုကြောင့် ကုမ္ပဏီဝန်ထမ်း ၄ ဦး၊ ရွှေတွင်း လုပ် သား ၉ ဦးနှင့် အရပ်သား ၄ ဦး စုစု ပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူ များ အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယခုအချိန်ထိ ဆေးရုံ တွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ပျောက်ဆုံးသူမရှိကြောင်း သိရသည်။

“နှစ်ပေါင်း လေး ငါးဆယ်အတွင်း ဒီလိုမျိုး တောင်ကျချောင်းရေ ပြိုကျတာ ဒီတစ်ခါ ပထမဦးဆုံးပဲ။ တစ်ခါမှ ဒီလို မဖြစ်ဘူး တဲ့အတွက် သတိ ပေးခဲ့တာမျိုးလဲ မလုပ်ခဲ့မိဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။
မုန်တိုင်း မကျခင်အထိ ကုမ္ပဏီဝန်ထမ်းမှာ ၇၀၀ ခန့်ရှိပြီး မုန်တိုင်းကျပြီးနောက်ပိုင်းမှ ယင်းကဲ့သို့ အလုပ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ကုမ္ပဏီတွင် ရွှေတူးဖော်သည့် အင်းပေါင်း ၂၈ အင်းရှိပြီး အင်းတစ်အင်းသည် အနက်ပေ ပေ ၅၀၀ မှ ပေ ၆၀၀ အထိ ရှိကြောင်း သိရသည်။

ရည်မွန်
@ မြန်မာ့ခေတ် 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်