Friday, May 24, 2013

အသက်(၂၅)နှစ်အရွယ် ဗြိတိန်စစ်သားတစ်ဦးအား မူစလင်အစွန်းရောက်နှစ်ဦးက လမ်းလယ်တွင် ခေါင်းဖြတ်သတ်

Posted by drmyochit Friday, May 24, 2013, under | No comments


ဗြိတိန်နိုင်ငံတွင် မေလ(၂၃)ရက်နေ့က နေ့ခင်းကြောင်တောင် လမ်းမပေါ်၌ အသက်(၂၅)နှစ်အရွယ် Drummer Lee Rigby ဆိုသူအား မူစလင်အစွန်းရောက်နှစ်ဦးက ကားဖြင့်ပြင်းထန်စွာ တိုက်ခဲ့ပြီး လမ်း မပေါ်တွင် ခေါင်းဖြတ် သတ်ခဲ့ကြောင်း သိရသည်။


အင်ဒိုက မြန်မာသံရုံး ဗုံးခွဲဖို့ စီစဉ်တဲ့ ခေါင်းဆောင် ရဲဖမ်းမိ

Posted by drmyochit Friday, May 24, 2013, under | No comments

အင်ဒိုနီးရှားနိုင်ငံမှာ ​ရှိတဲ့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​စီစဉ်ခဲ့တဲ့ ​အဓိကခေါင်းဆောင်လို့ ​ယူဆရသူနဲ့ ​ဗုံးပြုလုပ် သူလို့ ​ယူဆ ရသူတွေကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းဆီးလိုက်ပါတယ်။


အင်ဒိုနီးရှားရဲတွေက အကြမ်းဖက်သမားများကို လိုက်လံနှိမ်နှင်းနေပုံ (Credit: Reuters)

ခေါင်းဆောင် လို့ ​ ယူဆရတဲ့ ​Sigit ​Indrajit ​ကို ​ဗုဒ္ဓဟူးနေ့မှာ ​ဖမ်းဆီးတာဖြစ်ပြီး ​ဗုံးပြုလုပ်သူလို့ ​သံသယရှိသူ ​Rohadi ​ကိုတော့ ​မနေ့ကပဲ ​ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ​Rohadi ​ကို ​ဖမ်းဆီးတဲ့အခါ ​သူ့ရဲ့နေအိမ်မှာ ​ဓာတ်မြေသြ ဇာ အပါအဝင် ​တခြား ​ဗုံးပြုလုပ်တဲ့ ​ပစ္စည်းတွေပါ ​တွေ့ရှိခဲ့တယ်လို့ ​ဆိုပါတယ်။

မေလ ​၂ရက်နေ့တုန်းကလည်း ​မြန်မာသံရုံးကို ​တိုက်ခိုက်ဖို့  ​ဦးတည်ခဲ့တဲ့ ​လူနှစ်ယောက်ကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းဆီးလိုက်ပြီး ​သူတို့နဲ့အတူ ​ရေပိုက်နဲ့ ​ပြုလုပ်ထားတဲ့ ​လက်လုပ်ဗုံး ​၅ ​လုံးကို ​ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ​အင်ဒိုနီးရှားနိုင်ငံမှာ ​အကြမ်းဖက်နှိမ်နှင်းမှု ​လုပ်ငန်းတွေ ​ပိုမိုလုပ်ကိုင်ခဲ့ပြီး ​အကြမ်းဖက် သမားလို့ ​ယူဆရသူ ​လူ ​၈ ​ဦး ​သေဆုံးခဲ့ရသလို ​လူပေါင်း ​၂၀ ​ကျော်ကို ​ဖမ်းဆီးမှု ​လုပ်ခဲ့ပါတယ်။

ခုအခါမှာတော့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးကိုင်စီစဉ်သူကို ​ဖမ်းမိတာလို့ ​အင်ဒိုနီးရှား ​အကြမ်းဖက်သ မားတိုက် ဖျက်ရေး ​ရဲအရာရှိ ​Rafli ​Anmar ​က ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မူစလင်လူမျိုးတွေအကြား ​ပဋိပက္ခတွေ ​ဖြစ်ပေါ်ပြီးနောက်ပိုင်း ​မြန်မာနိုင်ငံအစိုးရကို ​မကျေနပ်တဲ့ ​အင်ဒိုနီးရှားနိုင်ငံသားတွေ ​ပိုများပြားလာတယ်လို့လည်း ​သိရပါတယ်။

From: ABC Radio

မိန်းကလေးငယ်ကို အဓမ္မကျင့်ပြီး လက်ထပ်ခွင့်ရတဲ့အပေါ်မကျေနပ်ကြ

Posted by drmyochit Friday, May 24, 2013, under | No comments


မလေးရှားနိုင်ငံမှာ ​ရှာရီးယားလို့ခေါ်တဲ့ ​ဘာသာရေးတရားရုံးက ​အရွယ်ရောက်ပြီးသား ​အမျိုးသားတစ်ဦးနဲ့ ​၁၃ ​နှစ်အရွယ် ​မိန်းမငယ်လေးကို ​လပ်ထပ်ခွင့်ပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ​မလေးရှားနိုင် ငံ ​ရှေ့နေချုပ်က ​နိုင်ငံပြဌာန်းဥပဒေအရ ​အရေးယူနိုင်ဖို့ကြိုးပမ်းသွားမယ်လို့ ​ကတိပြုလိုက်ပါတယ်။

အသက် ​၄၀ ​အရွယ်အမျိုးသားဟာ ​၁၃ ​နှစ်အရွယ်မိန်းမငယ်လေးကို ​လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုနဲ့ ​ကနဦး ​စွဲချက်တင်ခံရပေမယ့် ​မိန်းမငယ်လေးကို ​အဆိုပါအမျိုးသားက ​လက်ထပ်လိုက်တဲ့အခါမှာတော့ ​အဓမ္မပြုကျင့်မှုစွဲဆိုချက်ကို ​ပလပ်ခဲ့ပါတယ်။

ဒါပေမယ့် ​အဓမ္မပြုကျင့်မှုထင်ရှားရင် ​ကျခံရမယ့် ​ထောင်ဒဏ်ကို ​ရှောင်ရှားချင်တဲ့အတွက် ​လပ်ထက်ထိမ်းမြားဖို့ ​ရှာရီးယားဘာသာရေးတရားရုံးမှာ ​လျောက်ထားခဲ့တာကို ​ရှာရီးယားတရားရုံးက ​ခွင့်ပြုခဲ့တဲ့အတွက် ​အဓမ္မမှုမမြောက်သယောင်ဖြစ်ပြီး ​ပြစ်ဒဏ်လွတ်ခဲ့ရတဲ့အပေါ် ​မကျေမနပ်ဝေဖန်သံတွေ ​ထွက်လာပြီးနောက်မှာ ​ရှေ့နေချုပ်က ​အခုလိုကတိပြုလိုက်တာဖြစ်ပါတယ်။

Sisters ​in ​Islam ​လို့ခေါ်တဲ့ ​လူမှုအဖွဲ့တဖွဲ့ကတော့ ​အဓမ္မပြုကျင့်သူဟာ ​ပြစ်ဒဏ်ရှောင်ရှားဖို့ ​သူအဓမ္မပြု ကျင့် ခဲ့တဲ့ ​အသက် မပြည့်သူ ​မိန်းမငယ်ကို ​လပ်ထပ်တာကို ​ရှာရီးယားရုံးက ​ခွင့်ပြုခဲ့တာအပေါ် ​အတော်လေးအမျက်ဒေါသထွက်ရတယ်လို့ ​ပြောလိုက်ပါတယ်။

အသက်မပြည့်သေးတဲ့သူတွေကို ​ကာကွယ်စောင့်ရှောက်ရမယ့်အစား ​အခုလို ​မလျော်မကန်လုပ်ခဲ့တာကို ​မနှစ်မြို့နိုင်ကြောင်းလည်း ​ပြောထားပြီး ​ရှာရီးယားတရားရုံးအနေနဲ့ ​တရားဆုံးဖြတ်မှုတွေမှာ ​ပွင့်လင်းမြင်သာရှိဖို့လိုနေတယ်လို့လည်း ​ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ​မွတ်စလင်မဟုတ်တဲ့သူတွေအတွက် ​လက်ထပ်ထိမ်းမြားနိုင်တဲ့ ​အသက်အရွယ်ဟာ ​၁၈ ​နှစ်အထက် ​ဖြစ်ပါတယ်။ ​မွတ်စလင် ​တွေအတွက်ကတော့ ​အမျိုးသားတွေအတွက် ​အသက် ​၁၈ ​နှစ်အထက်နဲ့ ​အမျိုးသမီးတွေအတွက် ​အသက် ​၁၆ ​နှစ်အထက်ရှိမှသာ ​တရားဝင်လက်ထပ်ထိမ်းမြားခွင့် ​ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ​ရှာရီးယားလို့ခေါ်တဲ့ ​အစ္စလာမ်ဘာသာရေးတရားရုံးကသာခွင့်ပြုရင် ​အသက်ပြည့်ပြီး ​အမျိုးသားတွေက ​အသက် ​၁၆ ​နှစ်မပြည့်သေးတဲ့ ​ငယ်ရွယ်သူ ​မိန်းမငယ်လေးတွေကို ​ကာမပိုင်အဖြစ် ​လက်ထပ်ပေါင်းသင်းနိုင်တယ်လို့ ​သိရပါတယ်။

From: ABC Radio

Thursday, May 23, 2013

ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

Posted by drmyochit Thursday, May 23, 2013, under | No comments

ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြား ခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါဟု” ဆန္ဒ ထုတ်ဖော် ရာ၌ ပါဝင်သူ နော်အုန်းလှ ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင် မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ် များသို့ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်နိုင်
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )


By: Popular Myanamr News Journal

ရွှေမှုန်ရတီရဲ့ ဖက်ရှင်ကျကျ ဓါတ်ပုံများ (Album)

Posted by drmyochit Thursday, May 23, 2013, under | 2 comments


By : 8 Day

တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော

Posted by drmyochit Thursday, May 23, 2013, under | No comments


မြန်မာအစိုးရအဆက်ဆက်သည် တိုင်းရင်းသားလူမျိုးစုငယ်များအပေါ် သပ်လျိုသွေးခွဲကာအပေါ်စီးမှချုပ်ကိုင်
အုပ်ချုပ် ခဲ့သလိုလက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း အဆိုပါနည်းလမ်းဟောင်းအတိုင်း ဆက် လက် ကျင့်သုံး ဆဲ ဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

မြန်မာ့လူ့အခွင့်အရေးအခြေအနေ စိုးရိမ်ရဆဲ AI သုံးသပ်

Posted by drmyochit Thursday, May 23, 2013, under | No comments

 ကမ္ဘာအနှံ့မှာ ဒုက္ခသည်တွေ တိုးလာနေသလို၊ အဲဒီ ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေလည်း အားနည်းနေ တယ်လို့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစီရင် ခံစာထဲ မှာ ထောက်ပြ ဝေဖန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကမ္ဘာအနှံ့ ဒုက္ခသည်တွေဟာ လူဦးရေ ၁၅ သန်းအထိ တိုးများလာတယ်လို့ Amnesty International က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည် အတော်များများဟာ သူတို့ နိုင်ငံတွင်း မှာပဲ ရွှေ့ပြောင်း တိမ်းရှောင်နေကြရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ဖော်ပြပါတယ်။

ဒီလို ဒုက္ခသည်တွေ တိုးများလာတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဖြစ်ပြီး၊ ဒုက္ခသည်တွေကို လက်ခံ ထားတဲ့ နိုင်ငံတွေရော နိုင်ငံ အတော်များများကပါ အဲ့ဒီ ဒုက္ခသည်တွေကို လုံလုံလောက်လောက် အကူအ ညီ မပေးနိုင်ကြဘူးလို့ ဝေဖန်ထားပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံပေါင်း ၁၀၀ ကျော်က ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ အရေး ကိစ္စကိုလည်း မှတ်တမ်းပြုစုထားပါတယ်။ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့ ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး နိုင်ငံရေး အကျဉ်း သားတွေကို လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေး လှုပ်ရှားသူ အတော်များများဟာ အကျဉ်းထောင်ထဲမှာ ရှိနေတုန်း ပဲလို့  ဖော်ပြပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ အကျဉ်းသား ၈၅၀၀ ကျော် လွှတ်ပေးတဲ့အထဲမှာ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါရှိပေမဲ့ အများစုဟာ ပုဒ်မ ၄၀၁ နဲ့ ခြွင်းချက် သဘောမျိုး လွှတ်ပေးခဲ့တာ ကို ထောက်ပြထား ပါတယ်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းထားပေမဲ့လည်း လူ့အခွင့် အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေအပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင်တာကို ဝေဖန်ထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တရားဥပဒေအရ အရေးမယူနိုင်တဲ့ အခြေ အနေတွေ ကိုလည်း ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ရေး တင်း မာမှုတွေ ရှိတာနဲ့အမျှ အဲဒီက ဒေသခံ ကျေးရွာတွေမှာ တရားလက်လွတ် ဖမ်းဆီးမှု၊ သတ်ဖြတ် မှု အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း Amnesty ရဲ့ နှစ်ပတ် လည် အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

တဆက်တည်းမှာပဲ လူအတော်များများ သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေအပေါ် အစိုးရက စုံစမ်းရေး ကော်မရှင်ဖွဲ့တဲ့ နေရာမှာ အရေးပါတဲ့ အလွှာ အသီးသီးကို ထည့်သွင်းခဲ့ပေမဲ့ ရိုဟင်ဂျာ အသိုင်းအ၀ိုင်းက ကိုယ်စားပြုသူတွေကို ထည့်သွင်းခြင်း မရှိဘူးလို့ Amnesty က ပြောပါတယ်ရှင်။

From: VOA

မြန်မာနိုင်ငံက စိတ်ကြွဆေးပြား ၄ သန်းခွဲ ဘန်ကောက်မှာဖမ်းမိ

Posted by drmyochit Thursday, May 23, 2013, under | No comments


ဇွန်လ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံတွင်း Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိစဉ်။


ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မှာ ထုတ်လုပ်တာဖြစ်လို့ ထိုင်းနိုင် ငံထဲ ၀င်ရောက် မလာအောင် ကာကွယ်တဲ့အနေနဲ့ ထိုင်းနဲ့ မြန်မာ ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ရမယ် လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပမာဏ အများ ဆုံး Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒုဝန်ကြီးချုပ်က အခုလို ပြောသွားခဲ့တာပါ။ အေပီသတင်းကို အခြေခံပြီး အသေးစိတ်ကိုတော့ မအေးသန္တာကျော် က တင်ပြထား ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေထဲ အများဆုံး ဖမ်းဆီးရမိမှုအဖြစ်နဲ့ အင်္ဂါနေ့က တိုက်ခန်းတစ်ခုမှာ Methamphetamine ဆေးပြား ၄ သန်းခွဲ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦး အပါအ၀င် ၃ ဦးကို ဖမ်းဆီးမိခဲ့ပြီးတော့ ပစ်တိုသေနတ် ၄ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းမိတဲ့ မူးယစ်ဆေးဝါး ပမာဏ များလွန်းတာမို့လို့ မီဒီယာရှေ့မှာ ခင်းကျင်းပြဖို့အတွက် အထုတ်တွေ ဖြီတာကိုပဲ တပ်ဖွဲ့ဝင်တွေ ၁၀ မိနစ်လောက် အချိန်ယူခဲ့ရပါတယ်။

ဆေးပြားတွေနဲ့ crystal meth လို့ခေါ်တဲ့ crystal တုံး ပြုလုပ်ထားတဲ့ Methamphetamine ၁၃၂ ပေါင်က မြန်မာနိုင်ငံကနေ ခိုးသယ်လာတာတွေ ဖြစ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ချလန် ယူဘန် ဘရန်ဒန် က ပြောပါတယ်။ အဲ့ဒီ မူးယစ်ဆေးဝါးတွေကို ဘန်ကောက်မြို့တော်နဲ့ အနီးတ၀ိုက်က ခရိုင်တွေမှာ ရောင်းချမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။ အဲ့ဒီ ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းနိုင်ငံမှာ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံရေးသမားတစ်ဦးလို့ ပြောလို့ရပြီးတော့ မကြာခဏဆိုသလိုပဲ အငြင်းပွားစရာကိစ္စတွေကိုလည်း ဖန်တီးတတ်သူ ဖြစ်ပါတယ်။ အခုလိုမျိုး မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲကို ၀င်မလာရအောင်လို့ ရဲတပ်ဖွဲ့အနေနဲ့ ပိုပြီးတော့ ကြိုးစားလုပ်ဆောင်သင့်ပါသလားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ ဒုဝန်ကြီးချုပ်က တခြားဘက်ကို လက်ညှိုးထိုးပြီးတော့ ဖြေသွားခဲ့ပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေက မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်တာမို့လို့ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ၀င်ပေါက်အားလုံးကို တင်းတင်းကျပ်ကျပ် စိစစ်ရပါမယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာနက တားဆီးရတဲ့ အနေအထားအထိ လုပ်ဆောင်ရပါမယ်လို့ ပြောသွားပါတယ်။ ဒါကလည်း ဘာကြောင့် ပြောရသလဲဆိုရင် ကျနော်က အတားအဆီး ခံရတဲ့ဘက်မှာ ဖြစ်နေလို့ပါလို့ ထိုင်းဒုတိယ၀န်ကြီးချုပ် ချလန် ယူဘန် ဘရန်ဒန် က ပြောသွားခဲ့ပါတယ်။

ခရီးဆောင်သေတ္တာ အများကြီးထဲမှာ ဖွက်ပြီးတော့ ထည့်ထားတဲ့ အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဖမ်းဆီးမိထားတဲ့ တရားခံ ၃ ဦးမှာတော့ ၁ ဦးက ဒီ မူးယစ်ဆေးဝါးတွေကို စောင့်ကြည့်ဖို့ သူတို့ကို ငှားထားတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ သူတို့ကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်မယ်ဆိုရင်တော့ သေဒဏ်ပေးခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဈေးကွက်ကို တင်သွင်းမယ့် တရားမ၀င် မူးယစ်ဆေးဝါးတွေ တထောက်ရပ်နားတဲ့ နေရာဖြစ်ပါတယ်။ မနှစ်ကဆိုရင် နယ်စပ်တွေကနေတဆင့် ထိုင်းနိုင်ငံထဲမှာ Methamphetamine ဆေးပြား သန်းပေါင်းများစွာ မှောင်ခို ရောက်ရှိခဲ့ပါတယ်ရှင်။

From: VOA

ဘယ်ဆရာ ဘယ်ဆရာမမှ လာဘ်စားလို့ ကားမစီးနိုင်ဘူး ဆိုတဲ့ ပညာရေး ဒုဝန်ကြီး ဦးအေးကြူ

Posted by drmyochit Thursday, May 23, 2013, under | 1 comment


ပညာရေးကဏ္ဍခြစားမှုပြဿနာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ နှင့်တွေ့ဆုံခြင်း ။
၂ဝ၁၃-၂ဝ၁၄ ပညာသစ်နှစ်အတွက် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံမှု မကြာမီ စ တင်တော့မည်ဖြစ် သည်။ ထို့အတွက်ကြောင့် ပညာရေး ကဏ္ဍနှင့် ဆက်နွှယ်မှုရှိသော လာဘ်ပေး၊ လာဘ် ယူ မှု ကိစ္စရပ် အား ကျောင်းအပ်လက်ခံမှုမတိုင်မီ ပညာရေးဝန်ကြီးဋ္ဌာနဒုတိယဝန်ကြီး ဦးအေးကြူနှင့် တွေ့ ဆုံ မေးမြန်း မှု များ အား ဖော်ပြလိုက်ပါသည်။

မေး။- အစိုးရသစ်တက်ခါစမှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီး ဦးÓဏ်ထွန်းဦးက ရန်ကုန်မြို့ က နာမည်ကြီးကျောင်းတွေရဲ့ ကျောင်းဝင် ခွင့် လာဘ်စားမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်သွားမယ်လို့ ကြုံး ဝါး ခဲ့ တယ်။ ပြီးခဲ့တဲ့နှစ်အထိတော့ ဗြောင်မကျတော့ ပေမယ့် လာဘ်စားမှုတွေရှိတုန်းပဲလို့ သတင်းတွေ ကြားနေ ရပါတယ်။ ဒါကို ဒုတိယဝန်ကြီးအနေနဲ့ သိရှိထားပါ သလားခင်ဗျာ။

ဖြေ- အခြေခံပညာအဆင့် ကျောင်း အပ်နှံမှုကိစ္စနဲ့ပတ်သက်ပြီး မူလတန်း အဆင့်က အခမဲ့ဆိုပြီး အတိ အလင်း ထုတ်ပြန်ထားပြီးပြီပဲ။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်က တော့ အခမဲ့မဟုတ်ဘူးပေါ့။ မူလ တန်း အဆင့် နဲ့ပတ်သက်ပြီး ပိုက်ဆံတစ်မတ်တောင် မကောက်ရဘူး။ ဒါကိုလည်း အဆင့် ဆင့်အ သိပေး ထား ပြီးပြီပဲ။ တိုင်တန်း လို့ သိရှိလို့ရှိရင် ညွှန်ကြားချက် မလိုက် နာမှုနဲ့ အပြစ်ပေး အရေးယူ မှုတွေ ရှိမယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီအထိ ရန်ကုန်က ကျောင်းတွေကိစ္စက တက် မလာဘူး။တက်လာခဲ့ရင်လည်း အရေး ယူသွားမှာပါ။ အခုရှိနေတယ် ဆိုတာ ကိုလည်း မီဒီယာက ဖော်ပြရမှာပဲ။ ဖော်ပြလို့ အရေး မယူတာ မျိုး မရှိပါဘူး။ ဒါပေမဲ့ မှန်ကန်ရမယ်။ ခိုင်လုံရမယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင် မူလတန်း ပညာရေးကို အခ မဲ့ မသင်မနေရ စနစ် ပြဋ္ဌာန်းထားတာပဲ။ မဟုတ်ဘူးလား။
မေး- ဒီနှစ်မှာလည်း လာဘ်စားမှုတွေ ထပ်ဖြစ်မယ့်အရိပ်အရောင်တွေ တွေ့ နေရတယ်။ ဒါက ထိရောက်တဲ့ အရေး ယူမှု မရှိလို့လား။ စီမံခန့်ခွဲမှု အားနည်း လို့လား။
ဖြေ- ထိရောက်တဲ့အရေးယူမှုဟာ ဒါက ရှိတာပေါ့။ မရှိဘဲနေပါ့မလား။ ဒီအပိုင်း ကို ကျွန်တော်ပြောပြမယ်။ သူ့ရပ် ကွက်၊ သူ့ဧရိယာမှာရှိတဲ့ သူက သူ့ကျောင်းမှာ အပ်တယ်။ ဒီလိုမှမဟုတ်ဘဲ တောင်ဒဂုံ မှာနေတဲ့ သူက ဒဂုံ(၁)ကို အပ်ချင်တာမျိုး ဒါတွေဆိုရင် ရှုပ်ထွေးလာမယ်။ ကိုယ့် ရပ်ကွက် ကိုယ့်ဧရိယာမဟုတ်ဘဲ ဟို မှာ ထားချင်တယ်။ ဒီမှာထားချင်တယ်ဆိုရင် ဒီလိုတွေကဘယ်ဖြစ်မလဲ။ ဒါကိုလည်း စီမံခန့်ခွဲရမှာပဲ။ ကျွန်ေ တာ် ပြောပြီးပြီပဲ။ လာဘ်စားမှုတွေရှိတယ်ဆိုရင် တင်ပြ ဖော်ပြကြပါ အရေးမယူရင်ပြော ကဲ ..ဟုတ်ပြီလား။
မေး- အနှစ် ၂ဝ ကျော် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အသားကျနေတဲ့ နိုင်ငံမှာ ပညာရေးကဏ္ဍကလည်း ဒီနှစ် နှစ်အတွင်း တိုက်ဖျက်ဖို့ မလွယ်ဘူးလို့ ယူဆထားပါသလား။
ဖြေ- စနစ်ရဲ့သားကောင်။ ဒါတွေက ရှိမှာပဲ။ သို့သော်လည်းပဲ ပညာရေးမှာက သူဌေး မရှိဘူး။ အင်မတန် နည်း တယ်။ ဘယ်ဆရာ၊ ဘယ်ဆရာမမှ လာဘ် စားလို့ ကားမစီးနိုင်ဘူး။ ၁ဝဝဝ မှာ တစ်ယောက်။ ၁ဝဝ မှာ ၁ ယောက် ရှိ ကောင်းရှိမယ်။ ဒါကလည်း သူ့ကိုယ်ပိုင် နဲ့ ဝယ်ထားတဲ့ကားပဲ ဖြစ်မယ်။ လာဘ် မစားနိုင် ဘူး လို့တော့ မပြောဘူးနော်။ ရှိရင်ရှိမယ်။ သမ္မတကြီးကိုယ်တိုင် လာဘ်ပေး လာဘ်ယူမှုတွေကို တိုက် ဖျက် မယ် လို့ ပြောထားပြီးသားပါ။ ဒါကို လည်း ပညာရေးဝန်ကြီးဌာနက လိုက် လုပ်ရမှာပဲ။ မလွယ်လည်း လုပ် မှာပဲ။
မေး- စီးပွားဖြစ် လာဘ်စားမှုတွေကို တိုက်ဖျက်သင့်ပြီလို့ မထင်ဘူးလား။
ဖြေ- စီးပွားဖြစ် ဒါတော့မရှိဘူး။ နည်း တယ်။ ပညာရေးမှာက ဒီလိုတွေ သိပ် မရှိကြဘူး။ သို့သော်လည်း လာဘ်ပေး လာဘ်ယူတွေရှိခဲ့ရင် အရေးယူရမှာပဲ။ တိုက်ဖျက်သင့်ပြီ မဟုတ်ဘူး။ တိုက်ဖျက် မှုကို ပြုနေတာ။
မေး- စီးပွားဖြစ်လာဘ်စားလို့ ပညာရေး နယ်ပယ်က ဘယ်နှဦးလောက် အရေး ယူထားပြီးပြီလဲ။ ဒါကိုရော ဒုတိယ ဝန်ကြီး ဖြေကြားပေးစေလိုပါတယ်။
ဖြေ – အရေးယူမှုတွေ ရှိတာပေါ့ဗျာ။ အတိအလင်းကို ရှိတာပေါ့။ မယူမနေ ရ ပင်စင်ပေးလိုက်တာတွေ၊ နေ ရာ ရွှေ့ပြောင်းလိုက်တာတွေ၊ ပြင်းထန်စွာ သတိပေးလိုက်တာတွေ အများကြီး ပါပဲ။ ညွှန်ကြားရေးမှူးချုပ် အဆင့် ရှိသူတွေတောင် ဘယ်နှယောက်ရှိပြီလဲ။ ဒါက မြင်သာတဲ့ အရေးယူမှုပဲ။ အညှာ ကနေ ကိုင်နေ တာပဲ ကျန်တာတော့ ပြောမနေပါနဲ့တော့။ ပါတာပေါ့ဗျာ။ သို့သော်လည်းပဲ အချို့သော ဖြစ်ရပ် တွေမှာ သက် ညှာ ရတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကိုငြင်သာစွာနဲ့ ဖြေရှင်း ရတာတွေရှိပါတယ်။ ဆရာ၊ ဆရာမ တွေဆိုတာက အနစ်နာခံပြီး နှစ်ရှည် လုပ်လာကြတာတွေ၊ ဒါတွေကိုကြည့် ရသေးတယ်။ ပညာရေး ဆိုတာ နဂိုက တည်းကိုက သိမ်မွေ့ပါတယ်။ သိမ်မွေ့ တဲ့အထဲမှာ လုပ်ကိုင်နေကြတဲ့သူတွေကို ကိုင်တွယ်ရ တာ ကလည်း နူးညံ့ဖို့လို ပါတယ်။

မေး- ဆရာ၊ ဆရာမတွေရဲ့ ကျူရှင် စနစ်ဟာ ပျက်နေတဲ့ပညာရေးကို ပြိုကျ သွားစေတယ်လို့ဆိုကြပါတယ်။ ဒီနေ့ ပညာရေးကဏ္ဍအပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကျူရှင်စနစ် အပေါ် ဘာများ ပြော လိုပါသလဲ။

ဖြေ – ကျူရှင်စနစ် ဒါက မြန်မာမှာ လည်းရှိတယ်။ ဂျပန်မှာလည်းရှိတယ်။ ဒါကို မရှိသင့်တော့ဘူးလို့ ယတိပြတ် ပြောလိုက်လို့တော့ မရဘူး။ ကျောင်းမှာ လည်း သင်တယ်။ ဒါကို ပိုပြီးကျေညက် အောင် အပြင် မှာလည်း ထပ်သင်မယ်။ ဒါကို မသင်ရဘူးရပ်လို့ ပြောလို့မရဘူး။ သူ့အတန်းကို သင်။ သူသင်တဲ့ ကျူရှင် ကို တက်။ မေးခွန်းပေး ဒါဆိုရင် ဒါက မရှိသင့်ဘူး။ ပညာရေးဝန်ကြီးဌာနက လည်း ဒါကိုလက်မခံဘူး။

ဒါကြောင့် မေး ခွန်း ထုတ်တဲ့ကိစ္စကိုလည်းညှိနှိုင်း ရမှာပဲ။ အားလုံးကို ကျူရှင် မသင်ရ ဘူးလို့ ဝါးလုံးရှည်ကြီးနဲ့ တစ်ခါ တည်း ရမ်းလိုက်လို့မရဘူး။ ကျူရှင်ကခေတ် အဆက်ဆက်ရှိခဲ့တာပဲ။ ဒါကလည်း တရားမျှတတဲ့ကျူရှင်တွေ ရှိခဲ့လို့ပဲ။

မေး- အစိုးရဆရာဝန်တွေ အပြင်ဆေး ခန်းပြတာကျတော့ အရေးမယူဘူး။ ဆရာ၊ ဆရာမတွေ ကျူရှင်ပြ တာကျ တော့ အရေးယူတယ်ဆိုတာ မဖြစ်သင့် ဘူးလို့ တချို့က ပြောကြတယ်။ ဒုတိယ ဝန်ကြီးကရော ဒီလိုပြော ဆိုမှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ- ကျူရှင်ကိစ္စကို တစ်ထိုင်တည်းနဲ့ ပြောလို့မရဘူးထင်တယ်။ တစ်ညလုံး ပြောလည်းမပြီးဘူး။ နောက် တစ်နေ့ ပြောလည်း မပြီးဘူး။ တက်တဲ့သူ ရှိလို့ သင်တဲ့သူ ရှိတယ်။ သင်တဲ့သူရှိလို့ တက်တဲ့သူ ရှိတယ်။ ဒါ့ အပြင် ထားတဲ့ သူရှိလို့လည်း ကျူရှင်ရှိတယ်။ ဒါကို ဘယ်လို လုပ်ကြမလဲ။ ပညာရှင်တွေက ဖြေရှင်းကြ ရမယ့် ကိစ္စတောင် ဖြစ်နေ တယ်။ ထိခိုက်မှု ဘာမှမရှိတဲ့ ကျူရှင်ကို အပြစ်ပြောလို့တော့ မရဘူး။

မေး- အခုဆို အချို့ဆရာ၊ ဆရာမ တွေက ကျူရှင်ပြနေကြပါပြီ။ အချို့ တွေက ကျောင်းမှာ စာသိပ်မ သင် ဘူး။ ကျူရှင်ကျမှ သေချာသင်တယ်တဲ့။ ကျူရှင်မတက်တဲ့ ကလေးဆို အတန်း ထဲမှာ အနှိမ်ခံရတော့ မဖြစ် မနေ ကျူရှင်တက်ရတယ်တဲ့။ မသင်မနေရ ကျူရှင်စနစ်ပေါ့။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်သွားမလဲ။
ဖြေ – ဒီ ကျူရှင်မျိုးဆိုရင်တော့ မရှိသင့် ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီခေတ် က ဒီမိုကရေစီခေတ်။

ဒါကြောင့် ပြောင်းလဲမှု၊ ဖြည့်စွက်မှု၊ ပြင်ဆင်မှု တွေကို ပညာရေးဝန်ကြီးဌာနက ပညာ ရေးကဏ္ဍမှာ ဆောင် ရွက်နေ တယ်။ တစ်ဦးတည်း တစ်ဖွဲ့တည်းက ဆုံးဖြတ် တာမျိုး၊ အမိန့်ပေးညွှန်ကြားတာမျိုး မဟုတ်ဘဲ ပညာ ရှင် များ က ဒီကိစ္စကို ကိုင်တွယ်မယ်။ အဖြေထွက်လာပြီး သဘောတူပြီးရင် ဒီပြဿနာကို ဖြေရှင်း သွားမှာ ပါ။
မေး- လစာမလောက်လို့ ကျူရှင်ပြ ကြတာတဲ့။ အခုပေးထားတဲ့ လစာက ကျူရှင်ပြစရာမလိုအောင် လုံလောက် နေပြီလား။

ဖြေ- ကျူရှင်ပြဿနာ ဒါကို တစ်ထိုင် တည်း ပြောလို့မရဘူးလို့ ပြောထားပြီး ပါပြီ။ ဒီထဲမှာမှ လုံလောက်ပြည့် စုံသော လစာရရှိမှုကလည်း အချက်တစ်ချက် ပါဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး။ စပါးတင်း ၁ဝဝ၊ ရွှေတစ် ကျပ်သား၊ ဆရာ၊ ဆရာမလစာ တစ်တန်းထဲ ဆိုရင် တော့ ကျူရှင်က ရှိပါတော့မလား။ မရှိ တော့ဘူးနဲ့ တူ တယ်နော်။ ဆရာ၊ ဆရာမတွေအတွက်ပဲ ပါတာမဟုတ် ဘူး။ တောင်သူလယ်သမားတွေ အတွက်လည်း ပါ တာပေါ့။ ဘယ်သူမှ အလုပ်ရှုပ်ခံကြတော့မှာ မဟုတ်ဘူး။ ဒါတောင် ပျောက်ကွယ်သွားမယ်လို့ အာမ မခံနိုင် ဘူး။ ဒီလိုတွေတော့ ရှိတာ ပေါ့။

မေး – ပညာရေးကဏ္ဍထဲက ခြစား မှုတွေ ဘယ်အချိန်လောက်မှ အမြစ် ပြတ်မယ်ထင်ပါသလဲ။
ဖြေ- ဒါက ပေးသူရော၊ ရယူသူနဲ့ပါ သက်ဆိုင်ပါတယ်။ အမြစ်ပြတ်မှုဆို တာက အားလုံးနဲ့ဆိုင်ပါတယ်။ ထိ ရောက်တဲ့ အရေးယူမှုတို့၊ လိုက်နာ ကျင့်သုံးမှုတို့ရှိရင် အမြစ်ပြတ်ပါတယ်။ ။
မင်းသုအောင်တွေ့ဆုံမေးမြန်းသည်။
From: popular

သြစတြေးလျရဲ့ ခိုလှုံခွင့်တောင်းလိုသူအပေါ်ထားတဲ့ ဥပဒေကို ကုလ ဝေဖန်

Posted by drmyochit Thursday, May 23, 2013, under | No comments


ၾသစေၾတးလ် လက္ရွိအာဏာရအစိုးရက ၾသစေၾတးလ် ပင်မကုန်းမြေ နင်းပြီးသား ခိုလှုံခွင့်တောင်း လို သူတွေ ရဲ့ ရပိုင်ခွင့်တွေကို ပလပ်ဖျက်သိမ်း လိုက်တဲ့ အပေါ် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင် ရာအေဂျင် စီဖြစ်တဲ့ UNHCR က ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကပဲ သြစတြေးလျအစိုးရက လူဝင်မှုဆိုင်ရာဥပဒေ အပြောင်းအလဲလုပ်ခဲ့ရာမှာ သြစတြေး လျ ပင်မကုန်းမြေရောက်ပြီးသား ဒုက္ခသည်တွေကို ရပိုင်ခွင့်လျော့ချခဲ့တာနဲ့ပတ်သက်ပြီး UNHCR က သြစတြေးလျအစိုးရအနေနဲ့ ဒီလိုလုပ်ဆောင်လိုက်ရုံနဲ့ ခံယူရမယ့် တာဝန်တွေကို ခေါင်းရှောင်လို့တော့ မရ နိုင် သေးဘူးလို့ ပြောလိုက် တာ ဖြစ်ပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ အခုလိုလူဝင်မှု ဥပဒေပြုလိုက်တာဟာ နိုင်ငံတ ကာ ဥပဒေတွေ အရ လိုက်နာ ရမှာဖြစ်တဲ့ တာဝန်ယူမှုနဲ့ သဟာဇာတလည်း မဖြစ်လှဘူးလို့ UNHCR က Babar Baloch က ဝေဖန်လိုက် ပါတယ်။ခိုလှုံခွင့်တောင်းလိုသူ အမျိုးသမီးကို လုံခြုံရေး အရ စိတ်ချ ရ သူလို့ သြစတြေး လျ ထောက် လှမ်းရေးတွေ ပြန်သတ် မှတ် သြစတြေး လျနိုင်ငံ ထောက်လှမ်းရေး တွေက လုံခြုံရေး စိတ်မချရဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်မရတဲ့ သီရီလင်္ကာ အမျိုးသမီးတစ်ဦးကို ခုအခါမှာ လုံခြုံစိတ်ချ ရသူလို့ ပြန်လည် သတ်မှတ်ပေး တဲ့အတွက် အလားတူ အခြေအနေမှာ ရှိနေသူတွေအ တွက် မျော်လင့် ချက်တခု တိုးလာ ပါတယ်။

ယခင်က လက်နက်ကိုင်အဖွဲ့အစည်း တခုခုနဲ့ ဆက်စပ်ဖူးတဲ့ သူတွေ အခုတော့ သြစတြေးလျနိုင်ငံမှာ ဒုက္ခသည်ခံယူဖို့ ရောက်ရှိလာသူတချို့ကို သြစတြေးလျ ထောက်လှမ်းရေးအဖွဲ့ကနေ သြစတြေးလျနိုင်ငံရဲ့ လုံခြုံရေး အတွက် စိတ်မချရသူတွေလို့ သတ်မှတ်တဲ့အတွက် ဒုက္ခသည် စစ်မှန် တာတောင် နေထိုင်ခွင့် မရတဲ့ သူတွေရှိနေပါတယ်။

သီရိလင်္ကာနိုင်ငံက အသက် ၄၁ နှစ်အရွယ် မိုနိုကာလာဂျယ်နာဒါဆန်ရဲ့ အမျိုးသားဟာ တာမီးလ်ကျားသူ ပုန်အဖွဲ့ ဝင်ဖြစ်ခဲ့တဲ့ အတွက် သူ့ကို သြစတြေးလျ လုံခြုံရေးအတွက် စိတ်မချရသူလို့ ယူဆပြီး နေထိုင်ခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ အမျိုးသမီးရဲ့ ခင်ပွန်းသည် ကွယ်လွန်ပြီး အမျိုးသမီး ကိုယ်တိုင် သူပုန်အဖွဲ့မှာ တက်ကြွ ပါဝင် တာတွေ မရှိ ခဲ့တာကို တွေ့ရှိ တဲ့အတွက် ခုအခါမှာ လုံခြုံရေးစိတ်ချရသူလို့ သြစတြေးလျ
ထောက်လှမ်းရေးအဖွဲ့က ပြန်ပြောင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးဟာ ခုအခါမှာ သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ရဖို့အတွက် လျောက်လွှာနောက်တကြိမ် တင်ထားပြီလို့လည်း လူဝင်မှုကြီး ကြပ်ရေးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ လုံခြုံရေး စိတ်မချရသူလို့ သတ်မှတ်ခံရသူလူပေါင်း ၅၄ ယောက် ရှိနေတဲ့အတွက် သူတို့ကိုလည်း အလားတူ ပြန်ပြောင်းသတ်မှတ်ကြဖို့ လိုလားနေကြပါတယ်။

ABC Radio Australia

"အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူး" - ဘလော်ဂါသစ်ထူးလွင်

Posted by drmyochit Thursday, May 23, 2013, under | No comments


အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် ဒေါ့ကွန် ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊ ကုန် သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိ သတ်က အလွှာ အသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါ တယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာ ဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူး လွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ဧရာ ဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
သစ်ထူး လွင် - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ www.thithtoolwin.com ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။

သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

 ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။
ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။
သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။

သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန


ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ https://www.facebook.com/pages/Myanmar-News-Now/164568630295390?ref=hl စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး  https://www.facebook.com/thithtoolwin အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။
ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။
ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည် ဖို့ ဆုံးဖြတ် ထားသူပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေ ကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေ ဖန်မှုတွေ ရှိနေ ပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။ 

From: ဧရာဝတီ

ဖလန်းဖလန်းထမဲ့ နန်းခင်ဇေယျာ သိစေရန်

Posted by drmyochit Thursday, May 23, 2013, under | 1 comment


အသည်းကြား မှ ရိုးသားသည့်Touch Click သန်းပေါင်းများ တို့၏ မြစ်ဖျားခံရာ သို့မဟုတ် National Spirit အခု Photo မှာ မြင်ရတဲ့ အတိုင်းပါဘဲ ---> Myanmar Facebook User တွေ ဆိုတာကလည်း VOTE တကာ့ VOTE တို့ရဲ့ ထိပ်ခေါင် Clicker တွေလို့ဆိုရင် မမှားပါဘူး Information မရလိုက်နဲ့၊ မြန်မာသာ ဖြစ်ပါစေ အားတိုင်း VOTE မကြာခဏ VOTE တရေးနိုးလည်း ထပီး VOTE ကုန်ကုန်ပြောရင် အိမ်သာတက်ရင်းတောင် VOTE ကြတဲ့ သူတွေ VOTE သန်းပေါင်းများစွာတက်ရေး ဒို့အရေးဆိုပီး ဘီလ်ကုန်ခံ အိပ်ပျက်ခံ Like ကြ Share ကြတဲ့သူတွေ အဲဂလို အားရပါးရ VOTE တတ်ကြတဲ့ ရွှေမြန်မာ Voter တွေ ဆိုတာကလည်း VOTE ရုံလောက်နဲ့ အားမရ ကိုယ် VOTE ပေးလိုက်တဲ့ သူအပေါ် စေတနာ အပြည့်နဲ့ ဘာလုပ်လုပ် အမြဲတသသ ထာဝစဉ် Like ချင်နေတဲ့ သူတွေ ဘာကြောင့် အဲလို လုပ်ကြတာလဲ? ဘယ်သူ က ခိုင်းလို့လဲ?

National Spirit ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ် ရဲ့ စေစားမှုကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ခဲ့ကြတာပါ ညီမလေးရေ အလားတူပဲ၊ အခု ၉၆၉ လှုပ်ရှားနေသူ အားလုံးသည်လည်း နိုင်ငံရေးလုပ်စားနေတာ မဟုတ်ပဲ၊ ကိုယ့်အသိစိတ်နဲ့ကိုယ် အမျိုးသားရေး အတွက် ဆောင်ရွက်နေကြတာပါ ညီမလေးရေ အဲဒီ National Spirit တွေကနေ တစ်ဆင့် Miss International Nang Khin Zayar ဆိုတာကို ဖြစ်စေခဲ့တာ ဆိုရင် ညီမလေး ငြင်းမလား? နောက်တစ်ချက် က၊ VOTER ပမာဏ ရဲ့ 99.999 % သည်လည်း မွတ်စလင် ကုလားတွေ မဟုတ်ဘူး ညီမလေးရေ ---> Voter တွေ မျက်နှာ မှ မထောက် Keyboard လောက်မှ ဇောက်မနက် တဲ့ စကားတွေ ကို ပြောရက်လို့ ပြောထွက်ခဲ့တာ ဘယ်သူလဲ? ပီးတော့မှ ဂျာနယ် ကို လွှဲချတဲ့ Post လေး ၁ ကြောင်းနဲ့ ' ဒါပါဘဲရှင် ' တော့ မလုပ်စေချင်ဘူး

ညီမလေးရေ --> ဒါဆို ရှင် က ဘာလုပ်စေချင်တာလဲ ? လို့ တော့ လာမမေးပါနဲ့၊ ငါလည်း တိဝူး သိချင်ရင် မင်းရဲ့ Facebook User ပရိတ်သတ်ကြီးကိုသာ မင်းဖာသာ ပြန်မေးကြည့်ပါတော့ အားလုံး က ညီမလေး ကို ချစ်ပြီးသားပါ မင်း ဘက်ကသာ နည်းနည်းလောက် စာနာတတ်ဖို့ လိုတာပါ ညီမလေးရေ # ဂျာနယ် မှ Nang Khin Zay Yar သို့ Warning --> သက်ဆိုင်သူ ဖေ့စ်ဘွတ်ခ်မင်းသမီး သိစေရန် (အင်တာဗျူး အနေနဲ့  ဖော်ပြတော့မယ်ဆိုရင် အခု ခေတ်မှာ သတင်းထောက်က အသံဖမ်းပါတယ် . .စကားလုံးများ အတိအကျ ဖော်ပြခံရခြင်းမရှိကြောင်း လို့ ပြောနေသူ အတွက် ကျွန်တော်တို့မှာ အထောက်အထားအတိအကျ ရှိပါတယ် လိုအပ်လာရင် အဲဒီအသံဖိုင် ကို အများပြည်သူကို ချပြပေးဖို့ ၀န်လေးမှာမဟုတ်ကြောင်း သက်ဆိုင် သူအား အသိပေး အကြောင်းကြားအပ်ပါသည်။)

# * အခုလို ပုံစံမျိုးနဲ့ အချစ်စမ်းပီး ဖလန်းဖလန်းထမယ် ဆိုရင်တော့၊ ဖလပ်ဖလပ် ဖြစ်သွားလိမ့်မယ် ဆိုတာလေးတော့ သတိပြုစေချင်ပါတယ် Nang Khin Zay Yar ဆိုတဲ့ ညီမလေးရေ *

From:Ko June

Wednesday, May 22, 2013

ပြည်တွင်းလေကြောင်း လုံခြုံမှု ခရီးသည်အချို့ မေးခွန်းထုတ်

Posted by drmyochit Wednesday, May 22, 2013, under | No comments

ရန်ကုန်၊ မေ-၂၀

ပြည်တွင်း၌ လေယာဉ်ခရီးသွားလာမှု များပြားလာပြီး လက်ရှိဖြစ်ပေါ်နေသော လေ ယာဉ်မတော် တဆဖြစ်မှု များကြောင့် ခရီး သည်များက အသက်အန္တရာယ်လုံခြုံစိတ်ချရမှုအပေါ် စိုးရိမ်လျက်ရှိသည်။

ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် ခြောက်လအတွင်း မတော်တဆမှုနှစ်မှုဖြစ်ခဲ့သည်။

၂၀၁၂ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင် ဟဲဟိုးလေဆိပ်အနီး၌ အဲပုဂံလေယာဉ်ပျက်ကျခဲ့ပြီး လူနှစ်ဦးသေ ဆုံးခဲ့ သည်။ မေ ၁၆ ရက်တွင် မြန်မာ့လေကြောင်းမှ MA-60 လေယာဉ်သည် မိုင်းဆတ်လေယာဉ်ကွင်းသို့ ဆင်းသက် စဉ် ဘရိတ်စနစ်ချို့ယွင်းမှုကြောင့် ပြေးလမ်းကျော်ဆင်းခဲ့၍ လူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

“အခုဆို လေယာဉ်စီးရမှာ ကြောက်တယ်။ MA-60 မဖြစ်ခင်တုန်းက MA- 60 ကို စီးဖို့ ကြည့်တာ နဲ့ ကြောက် တယ်” ဟု လေယာဉ်ဖြင့်မကြာခဏခရီးသွားလေ့ရှိသော အသက် ၂၅ နှစ်အရွယ် ကိုဝေယံ ကပြောသည်။

ပြည်တွင်းရှိ လေယာဉ်များစီးပါက အင်ဂျင် စက်သံကြား ရုံဖြင့် ကြောက်နေ ကြပြီး မြန် မာ့လေကြောင်း လေ ယာဉ် များက လုံခြုံရေးအတွက် စိတ်ချရမှုမရှိဟု ထင်မှတ်မိကြောင်း ၎င်းကပြောသည်။

ပြည်တွင်းရှိလေကြောင်းလိုင်းများ လုံခြုံစိတ်ချမှုရှိစေရန်အတွက် လေယာဉ်များ၏ စိတ်ချရ မှု၊ လေယာဉ်မှူး များနှင့်လေယာဉ် စက် ပြင်အင်ဂျင်နီယာများ၏ ကျွမ်းကျင် မှုသည်အဓိ ကဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ လေယာဉ်မတော်တဆ စုံစမ်းရေးညွှန်ကြားရေးမှူး ဦးမျိုးသန့် ကပြောသည်။

“ဒီအတွက် က ကျွန်တော်တို့ကနေပြီး စစ်ဆေးမှုတွေ လုပ်ရပါတယ်။ အဓိကမတော်တဆမှုဖြစ်ရတာက လူရယ်၊ စက်ရယ်၊ လေကြောင်းလမ်းညွှန်ဆိုတဲ့ မီဒီယာအပိုင်းက တစ်ခုခုချို့ယွင်းလို့ဖြစ်တာ” ဟု ၎င်းက ပြော သည်။

မြန်မာနိုင်ငံရှိလေဆိပ်များအနေဖြင့် အဓိကလိုအပ် ချက်မှာ လေကြောင်း လမ်းညွှန်စက် ကိရိယာ များဖြစ်ပြီး ခေတ် မီလေကြောင်း လမ်းညွှန်စက်များတပ်ဆင်ထားသည့်ကွင်းအား ဆင်းသက် ရာတွင် လေ ယာဉ်မှူးများအတွက် ပိုမိုလွယ် ကူကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ် မှူးဦးသန်းထွေး က ပြောသည်။

ပြည်တွင်းရှိလုပ်ငန်းဆောင်ရွက်နေသော လေယာဉ်ကွင်း ၃၂ ကွင်းအနက်မြေပြင်မှ လေယာဉ်နှင့် ချိတ်ဆက် ကာ လေယာဉ်အား မည်သည့်ဦးတည်ချက်သို့သွားရမည်၊ မည်သည့်အကွာ အဝေးရှိ နေသည် တို့ကို သတင်းပေးပို့နိုင်သော VOR/DME, NDB လေကြောင်း လမ်းညွှန်ကိရိ ယာတပ်ဆင် ထားသော ကွင်းမှာ ခြောက်ကွင်းသာရှိ သည်။ ယခုဘဏ္ဍာနှစ် အတွင်း လေယာဉ်ဆင်းသက်မှုများသော ပုဂံ၊ ညောင်ဦး၊ ဟဲဟိုး၊ တာချီ လိတ်၊ မြစ်ကြီးနားစသည်တို့တွင် ယင်းစက်ကိရိယာများ အပြီးသတ် တပ်ဆင် သွားမည် ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော စပိန်ခရီး သည် နှစ်ဦးက မြန်မာလေကြောင်း ၏ ဖော် ကာလေ ယာဉ် စီးရာတွင် အလွန်ထိတ်လန့်ခဲ့ဖူးကြောင်း ဧည့်လမ်းညွှန် အမျိုးသား တစ်ဦးက ပြောသည်။

“အဲဒီတုန်းက ဖော်ကာကနေ ပြည်တော်ကွင်းမှာ လူတင်တာလားမသိဘူး။ ကွင်းထဲမှာ လေယာဉ်ရပ်ထားပြီး စက်ကနှိုး ထားတော့ အထဲမှာ ပူလာတာ။ အဲဒီမှာ ကျွန်တော့်ခရီးသည် နှစ်ယောက်တော်တော် လန့်သွား တယ်” ဟု ၎င်းကပြောသည်။

“များသောအားဖြင့် ဘာမှသိပ်မပြောဘူးဗျ။ သူတို့က ပြည်တွင်းက လေဆိပ်တွေမှာ ဆင်းရခက် တဲ့ ပြေးလမ်းတိုတဲ့ လေဆိပ်တွေဆင်းတဲ့အခါ မြန်မာကပ္ပတိန်တွေကို တော်တယ်လို့ ချီုးကျူးကြတယ်” ဟု တောင်ကြီး ဇုန်မှ ဧည့်လမ်းညွှန်ကိုရန်နိုင်ကပြောသည်။

ပြည်တွင်း၌ လေယာဉ်များဖြင့် ခရီးသွားရာတွင် လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုအပေါ် သံသယဖြစ် မိသည် ဟုနေပြည်တော် သို့လေယာဉ်ဖြင့် ပုံမှန်သွားနေသော ရှေ့နေတစ်ဦးကပြောသည်။

အပြည်ပြည် ဆိုင်ရာမြို့ပြ လေကြောင်းအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ တွဲဖက်လေယာဉ် မှူး တစ်ယောက်ဖြစ် ရန်အတွက် နာရီ ၁၅၀၀ ပျံသန်းမှု အတွေ့အကြုံ ရှိရ မည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ တွဲဖက်လေ ယာဉ်မှူး တစ်ယောက်ဖြစ်ရန်အတွက်နာရီ ၂၀၀ သာလိုအပ်ကြောင်းမြန်မာ့လေကြောင်း အကယ်ဒ မီ ဥက္ကဋ္ဌ ဦးကြည်ဝင်းကပြောသည်။

ပြည်တွင်း၌ မောင်းနှင်အသုံးပြုသော လေယာဉ်များနှင့် လေယာဉ်မှူးများအား လေကြောင်းညွှန်ကြားမှု
ဦးစီးဌာနနှင့် နိုင်ငံတကာလေကြောင်းအဖွဲ့တို့က စစ်ဆေးမှုများပုံမှန်ပြုလုပ်နေပြီး စိတ်ချရသော အခြေအနေရှိမှသာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုသောကြောင့် စိတ်ချရကြောင်း လေယာဉ်မှူး ဦးသန်းထွေး ကပြောသည်။

“လေယာဉ်မတော်တဆမှုတွေက ဒီမှာပဲ ဖြစ်တာမဟုတ်ဘူး။ နိုင်ငံတကာမှာလည်း အဆင့်မြင့် လေ ယာဉ်ကြီးတွေတောင် မှဖြစ်တာ”ဟု ယင်းကပြောသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်းခုနစ်လိုင်းမှ လေယာဉ် ၃၂ စီးဖြင့် ပြေး ဆွဲနေပြီး အေတီ အာဖော်ကာ၊ အမ်ဘရာ၊ အမ်အေ ၆၀၊ ဘိခ်ျ ၁၉၀၀ နှင့် အဲဘက်စ်လေယာဉ် အမျိုးအစားများဖြင့် ပျံသန်းလျက် ရှိနေသည်။

ယင်းလေယာဉ်များအနက် ပြင်သစ်နိုင်ငံထုတ် အေတီအာ အမျိုးအစားအများဆုံး အသုံးပြုနေပြီး တရုတ်၊ ဟော်လန်၊ ဘရာဇီးစသောနိုင်ငံများမှ လေယာဉ်များဖြစ်ရာ လေယာဉ်များအား သက်တမ်း ၂၅ နှစ်အောက် လေယာဉ်များကိုသာ အသုံးပြုစေကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးမျိုးသန့်ကဆိုသည်။


7Day News Journal

အမျိုးသမီးငယ် တစ်ဦးအား ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ လုပ်၍ အမ်းရဲစခန်းမှူး တရားစွဲခံရ

Posted by drmyochit Wednesday, May 22, 2013, under | No comments


အမျိုးသမီး တစ်ဦးအား ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသမီး မိသား စုမှ အမ်းမြို့ နယ်မှ ရဲစခန်းမှူး တစ်ဦးအား တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။

letter-to-Prime-minister-in-Myanmarတရားစွဲခံရသော စခန်းမှူးမှာ အမ်းမြို့နယ် ရူးရဲစခန်းမှ စခန်းမှူး ဖြစ် သည် ဟု ဒေသခံ တစ်ဦးက ပြောသည်။

မေလ ၁၂ ရက်နေ့က အမ်းမြို့နယ် ရူးရွာနေ ဦးမှဲ့ထွန်းအောင်၏ သမီး မခင်မာဝင်းအား ရူးရဲစခန်းမှ ရဲတပ် သား မောင်ဘခင်မှ အရပ်ဝတ်ဖြင့် ရဲစခန်းမှူးက ခေါ်နေသည်ဆိုပြီး ရဲစခန်းသို့ ခေါ်ယူသွားသည်ဟု ဆို သည်။

ရဲစခန်းသို့ ရောက်စဉ် ချက်ချင်းရဲစခန်းဂိတ်အား ပိတ်လိုက်ပြီး ထိုအချိန်တွင် စခန်းမှူး ဒုရဲအုပ် စိန်ဝင်း၊ ရဲတပ် သား ၀င်းလိုင်၊ ကျော်မြင့်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းတို့မှ ၀ိုင်းဖွဲ့ အရက်သောက်နေကြ သည်ဟု ဆိုသည်။

မခင်မာဝင်းလည်း ထိုင်စောင့်နေပြီး အရက်မူးလာကြသောအခါ မခင်မာဝင်အား ဖမ်းမည်ဟု ပြောပြီး လက်ထိပ် ခတ်စဉ် မခင်ဝင်းမှလည်း ကြောက်လန့်ြ့ပီး ရုန်းကန်ရာ ရဲစခန်းမှူးမှ သူမ၏ နားထင်အား လက်ဖြင့် ရိုက် ပုတ်ပြီး ရဲသားများမှ သူမအား အတင်း လုံးဖက်တွယ်ကာ ရိုက်ပုတ် ကန်ကျောက်ခြင်း များ ပြုလုပ်ကြသည်ဟု ဆိုသည်။

၎င်းပြင် သူမ၏ ထမီအားဆွဲချွတ်ခြင်း၊ အကျီင်္များ ဆွဲချွတ်ခြင်းများ ပြုလုပ်ကြသည်ဟု ဆိုသည်။

မခင်မာဝင်းမှ သူမအား ဗလက္ကာရ ပြုကျင့်ရန် အထိ ကြိုးစားခဲ့ကြသည်ဟုလည်း ပြောဆိုကြောင်းသိရသည်။

၎င်းနောက်ပိုင်းတွင် အမျိုးသမီး မိသားစုမှ ပြည်နယ် ၀န်ကြီးချုပ်ထံသို့ စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။

ယခုအခါ မခင်မာဝင်းအား ရူးရဲစခန်းမှူးမှ လူကုန်ကူးမူဖြင့် တရားစွဲဆိုထားပြီး ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ဟု သိရသည်။

( နိရဉ္စရာ- ၂၂ မေလ ၂၀၁၃)

အမျိုးစောင့်စေချင်သည်(ဖြစ်ရပ်မှတ် ဇာတ်လမ်း)

Posted by drmyochit Wednesday, May 22, 2013, under | No comments


ခင်မွန့်တစ်ယောက် သူနှင့်လက်ထပ်ခါစက မိမိလောက် ကံကောင်းသူမရှိဟု ယူဆမိခဲ့သည်။သူ၏ အကြင်နာ အယု ယများကြား။ ငွေကြေးချမ်းသာပြည့်စုံမှုများကြား သာယာနေမိခဲ့သည်။ မိဘ၏ အမွေပြက် စွန့်လွှတ်မှုခံရခြင်းကိုလည် ၀မ်းမနည်းခဲ့၊ပတ်ဝန်းကျင်တွင် မိမိကြောင့် မိဘများ ခေါင်းမဖော်နိုင်ဘံ ကျန်ရစ် သည့်အဖြစ် ကိုလည်း မတွေးမိခဲ့။သို့သော် ထိုပျော်ရွှင်ခြင်းသည် တစ်ခဏသာခံသော ပျော်ရွှင်ခြင်းတည်း။

သူနှင့်လက်မထပ်မီက ခင်မွန့်အတွက် ဘာသာတရားသည် အလေးအနက်မရှိခဲ့၊ မိရိုးဖလာကိုးကွယ် မှုအဖြစ် သာ လက်ခံ ခဲ့မိသည်။ထို့ကြောင့် လူမျိုးခြား ဘာသာခြားသူနှင့် ချစ်ကြိုက်မိခဲ့သောအခါ ကိုယ် ယုံကြည် ရသော ဘာသာကို လွတ်လပ်စွာကိုးကွယ်ကြ မည်ဟု ပြောခဲ့ခြင်းကို ခင်မွန်လက်ခံခဲ့သည်။ စစ်စစ် ခင်မွန့်အသက်က ဆယ်ကျော်သက်ရွယ် မနူးမနပ်အရွယ်မျှသာ၊ သူ့အသက် သုံးဆယ်ကျော် လေးဆယ်အတွင်း။

ခင်မွန်တတ်သော ကျူရှင့်တည့်တည့် လက်ဖက်ရည်ဆိုင်တွှု သူက နို့ဆီဖိုးများ လာသိမ်းလေ့ရှိ သည်။ တန်ဖိုးကြီးသော အ၀တ်အစားများဝတ်ကာ ရွှေထည်အမျိုးမျိုးဝတ်ဆင်၍ ဆိုင်ကယ်ဖြင့် လာလေ့ရှိသော သူ့ကို

ခင်မွန်တို့သူငယ်ချင်းများက `မင်းသား´ဟုနာမည် ပေးထားသည်၊ သူက ခင်မွန်ကို ချစ်ရေဆို လာသော အခါ ခင်မွန် ဂုဏ်ယူခဲ့မိသည်၊ သူငယ်ချင်းများ ဖျက်သည့်ကြားမှ သူ့ကိုလက်ခံခဲ့မိသည်။

ခင်မွန်တို့ ချစ်ခရီးမကြာမီမှာပင် သူငယ်ချင်း ရင်ရင်နွဲ့ သွားပြောသဖြင့် ခင်မွန်မိဘများ သိသွားခဲ့သည်၊ ရင်ရင်နွဲ့၏ စေတနာကို နာမလည်ခဲ့သော ခင်မွန် ရင်ရင်နွဲ့ကို စိတ်နာခဲ့သည်။ ရင့်ရင့်သီးသီးပြောချခဲ့သည်။ခင်မွန်အား မိဘဆွေမျိုးများက ဆုံးမကြသည်။

´မိုက်လိုက်တာ သမီးရယ်၊ ဘာသာခြား လူမျိုးခြားနဲ့မှ ကြိုက်ရသလာ၊တိုင်းရင်းသား ဗုဒ္ဓဘာသာဖြစ်ပါစေ၊ ငါ့သမီးချစ်သူကို ဘယ်လောက် ဆင်းရဲဆင်းရဲ ပေးစာမယ်´´

``လူမျိုးခြားနဲ့ယူလို့ကတော့ ဆွေပြက်မျိုးပြက် သေခန်းပြက်ပဲ´´

``ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကိုယ်ကတန်ဖိုးထား စောင့်ရှောက်ရမယ်´´ ဆုံးမစကားများကို ခင်မွန် နားမ၀င်ခဲ့ပါ။မိဘများက ကြပ်မတ်၍ ကျောင်းသို့အပို့အကြို လုပ်သည့်ကြား ထဲမှ သူ့နောက်ကို ခိုးရာလိုက်ခဲ့ပါသည်။

ဟိန်းနေသော သူတို့တိုတ်ကြီးထဲအ၀င် ခင်မွန်အားငယ်သည်၊ မိမိနှင့် လူမျိုးခြား၊ ဘာသာခြားဖြစ်သော သူ့မိဘညီအစ်ကိုမောင်နှမများအား အတွေ့၊ စိတ်ကူးယဉ်အိမ်မက်မှ ဖျက်ခနဲ လန့်နိုးသည်၊ သူ့မိဘများက လိုလားစွာဆက်ဆံသဖြင့် ခင်မွန်ဖြေသာရသည်။သူ၏ အကြင်နာများ။ သူဆင်ပေးသော လက်ဝတ်လက်စားများကြောင့် ခင်မွန်ကျေနပ်မိသည်။ ယခင်က ဘတ်စ်ကား တိုးစီးခဲ့ရာမှ ယခုအပြင်ထွက်လျင် ဆိုင်ကယ်ပေါ် ကိုယ်ပိုင်ကားပေါ်မှ လိုက်ရသောအခါ ခင်မွန် ဘ၀င်မြင့်မိသည်။

သို့သော် ခင်မွန် သူ့အစ်မနှင့် မီးဖိုးချောင်ဝင်ရတိုင်း သွေးသံတရဲရဲ သားငါးများ လုပ်နေသည် ကို မြင်ရလျင် ခေါင်းမူး ရသည်။ဤအဖြစ်ကို ဒုက္ခဟု မမှတ်ယူခဲ့မိ၊ သူတို့မိသားစုနှင့်အတူး ဘာသာရေး ၀တ်ပြုရာသို့ ခင်မွန် ကြည်ဖြူစွာလိုက်သည်။ခင်မွန်ခေါ်လျင်လည်း ခင်မွန်နှင့်အတူ ဘုရားသွားကျောင်းတတ် သူလိုက်မည်ဟု ခင်မွန်ထင်ခဲ့မိသည်။

ဝါဆိုလပြည့်သို့ ရောက်ခဲ့ပြီး အခါကြီးရက်ကြီးဖြစ်၍ တ်ကောင်းစားလှများဝတ်ကာ သူနှင့်အတူတူ ဘုရားသွားလိုသဖြင့် ခင်မွန်ပူဆာမိသည်။

``အစ်ကိုကြီး ဒီနေ့ဘုရားသွားချင်တယ်၊ လိုက်ပို့နော်´´ သူက မျက်စိမျက်နှာပျက်သွားသည်။

``နောက်မှ သွားတာပေါ့ ကို မအားဘူး´´ ခင်မွန်ကို လိုက်မပို့လိုမှန် ခင်မွန်မရိပ်စားမိခဲ့။ သူတို့သဘောထားကို နားလည်ရသောနေ့ကို မကြာမီရောက်ခဲ့ပြီး၊ ခင်မွန်ဈေးသွားဝယ်းရင်း မန္တလေး မဟာမြတ်မုနိဘုရားပုံတော်ကို ပူဇော်ရန် ပင့်ဆောင်ဝယ်ယူလာခဲ့သည်၊ မီးဖိုချောင်ထဲတွင် သီးနှံများထုတ်နေခိုက် စားပွဲပေါ်၌ အမှတ်တမဲ့ တင်ထားမိသော ဘုရားပုံတော်ကားကို သူ့မိခင်ကယူ၍ ဖြန့်ကြည့်သည်။ ထို့နောက် မျက်စိမျက်နှာပျက်၍ ထွက်သွားပြီး မကြာမီ သူဒေါသတကြီး ၀င်လာသောအခါ ခင်မွန် အံသြရသည်။

``မင်းက ဘာအချိုလဲ ခင်မွန်၊ ဒီပုံကို ဘယ်သူခွင့်ပြုလို့ ၀ယ်လာရတာလဲ´´

``ခင်မွန် ပူဇော်ချင်လို့ပါ ကိုကို´´

``မင်းကို ဘယ်သူက ပူဇော်ခွင့်ပြုလို့လဲ´´

``ခင်မွန်တို့ အခန်းထဲမှာ ပူဇော်ထားချင်လို့ပေါ့၊ ခင်မွန်ကိုပြောတော့ ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ် ကိုးကွယ်ဆို´´

``တော်စမ်း၊ ခွင့်မပြုနိုင်ဘူး။ ငါ့တို့အိမ်ထဲမှာ ဘယ်တော့မှ ဒီလိုပုံမျိုး ယူမလာနဲ့၊ ဒါ နောက်ဆုံးဖြစ်ပါစေသိလာ´´

ကြမ်းပြင်ပေါ်၌ လုံးချေလွှင့်ပစ်ခဲ့သော ပုံတော်ကိုကြည့်ရင် ခင်မွန်တုန်လှုပ်ရသည်၊သူက ဒေါသတကြီး ထွက်သွားပြီး၊ ထို့ညက သူအိမ်ပြန်မလာ၊ သူ့မိခင်ကပြောသည်။

``ခင်မွန် မလိမ္မာဘူး၊ သားကြီး ဒီည တာမွေက သူ့မယားကြီးဆီ သွားအိပ်လိမ့်မယ်ထင်တယ်´´

``ဟင်.........မယားကြီးရှိတယ် ဟုတ်လာ´´

``အေ.. ရှိတယ် ကလေးသုံးယောက်နဲ့ သူ့ကျွေးနိုင်လို့ ယူတာပဲ မင်းနဲ့ယူတာလည် ခင်မာစိန်က သိတယ်၊ သားကိုကြောက်တော့ ဘာမှမပြောဘူး´´

ခင်မွန်တစ်ယောက် ကျောချမှ ဓားမြမှန် သိရပြီး၊ ယခုမှ ဘာတတ်နိုင်မည်နည်း။နောင်တတရား ရခဲ့သော ခင်မွန်အတွက် တီဗွီတွင် ဗုဒ္ဓဘုရား ဆင်းတုပုံတော်များ၊ စေတီပုထိုးပုံတော်များ ဘုန်းတော်ကြီးများကိုမြင်လျက် စိတ်ထဲမှ ကြိတ်ကန်တော့ရသည်။ခင်မွန်အတွက် ယခုအချိန်အတောင်းတဆုံးမှာ ဘုရား၊တရား၊သံဃာအား ပူဇော်လိုခြင်းဖြစ်သည်။ ခင်မွန်ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသော ရွှေငွေရတနာများသည် မက်မောဖွယ်မရှိတော့၊ ခင်မွန်နေထိုင်ရသော တိုတ်အိမ်သည်လည်း ပျော်ရွှင်မှု ကင်းမဲ့ခဲ့ရလေပြီ။

ခင်မွန်သားဦးလေး မွေးဖွားခဲ့ပြီး သားကလေး၏ မျက်နှာအား တစိမ့်စိမ့်ကြည့်ရင်း ကြည်နူးမှုနှင့်အတူ ပူပင်သောကပါ ဖြစ်ရပြီး၊ ခင်မွန်သားလေး ဗုဒ္ဓဘာသာဖြစ်ခွင့်ရပါမလား၊ လင်နှင့်မယား ဗုဒ္ဓဘာသာ စစ်စစ်များဆိုလျင် ယခုအချိန်သည် သားလေးရှင်ပြုရန် တွေး၍ကြည်နူးရမည့် အချိန်ဖြစ်သည်။ ယခုတော့ ခင်မွန် မကြည်နူးနိုင်ပါ။ သူ၏ မင်းသားခေါင်းသည်လည် ကွာကျခဲ့ပြီး။

``ခင်မွန်...မင်းရော ကလေးပါ တို့ဘာသာထဲ ၀င်ရမယ်´´ သူ့အိမ်သူ့ရာ၌ ခင်မွန် ပြန်မပြောဝံ့ပါ။

``ခင်မွန်လေးက လိမ္မာပါတယ်ကွာ၊ ကိုကြီး လက်ကောက်ပုံဆန်းလေးတစ်ကွင်း ထပ်လုပ်ပေးမယ် သိလာ။ ကိုကြီးတို့ ဘာသာထဲ ၀င်နော်´´ ချော့မော့၍ မြူဆွယ်သည်။

``ခင်မွန်စဉ်းစာရပါပြီး ဘာသာခြား လူမျိုးခြားအား မြတ်နိုး၍ ဘ၀ကို ပုံအပ်ခဲ့မိသော ခင်မွန်၊ ယခုတော့ အခက်တွေ့ရပေပြီး၊ စိတ်သောကများကြားထဲ မိခင်ကြီး မကျန်းမားဟူသော သတင်းကြားရသောအခါ၊ ခင်မွန် အိမ်ပြန်ချင်မိသည်၊ သူ့ကို ခွင့်တောင်းသောအခါ သူက ခွင့်မပြုခဲ့။

`` မင်းဘ၀မှာ မိဘဆွေမျိုးတွေ မရှိတော့ဘူးလို့ သဘောထားလိုက်စမ်း၊ မင်းကိုလည်း သူတို့က အမွေးဖြက်ထားတာ၊ ကိုကြီးတို့ မိသားစုဟာ မင်းမိသားစုပဲ မင်းဘ၀ကို တို့မိသားစုထဲမှာ ပုံအပ်ထားစမ်းပါ။

သူ့ကဆက်ပြောသည်.............

``ခင်မွန်လေး ဘာမှ တစ်ခြားအရေးမပါတဲ့ကိစ္စတွေ တွေးမနေနဲ့၊ နက်ဖြန် ကိုကြီးရယ်၊ ခင်မွန်ရယ်၊ သားလေးရယ် ဘာသာရေးကျောင်းသွားမယ်၊ ခင်မွန်နဲ့သားလေး ကိုကြီးတို့ဘာသာထဲဝင်ကြမယ်၊ ခင်မွန်က ခင်မွန်တို့ဘုရားပုံကို ဖျက်ဆီးပြရမယ်၊ အဲဒါပြီးရင် ကိုကြီးတို့ မိသားစု ရွှေဘုံသာလမ်းက ရွှေဆိုင်ကိုသွားမယ်၊ခင်မွန်အတွက် လက်ကောက်တစ်ကွင်း၊ သားလေးဖို့ ကြိုးတစ်ကုံး သွားလုပ်ပေးမယ် ဟုတ်ပြီးလာ´´

သူ ထွက်သွားပြီး ခင်မွန်ကတော့ ဆုံးဖြက်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချဖြစ်ခဲ့ပါပြီး။

အမိုက်မ၏ အိမ်ပြန်ခရီးသည် ကြိုဆိုသူကင်းမဲ့လှချေ၏။ မိဘတို့က သမီးမိုက်အား မကြိုဆိုသော်လည်း ချစ်ခြင်းမေတ္တာဖြင့် ခွှင့်လွှတ်ပေးလိမ့်မည်၊ သားကလေးကို ရင်မှာပိုက်ရင်း နွေးထွေးသော အရိပ်ဆီသို့ ခင်မွန်ပြန်လာခဲ့ပြီ။

ခင်မွန်သားကလေး ဘာသာခြားမဖြစ်စေရ၊ စဉ်းစားဆင်ခြင်မဲ့စွာ မိုက်မိခဲ့သော်လည်း မိမိဘာသာရေး အပေါ်ကတော့ မိုက်မဲစော်ကားသူ မဖြစ်စေလိုတော့၊ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော မြန်မာလူမျိုး မိဘများမှ မွေးဖွားလာသည့်ခင်မွန် အမျိုးမစောင့်သူ ဖြစ်ခဲ့ပြီ။

ခင်မွန်အမှားကို ပြုပြင်မည်။ခင်မွန်မက်မောခဲ့သော ရွှေ ငွေ ရတနာများကိုလည်း ထားခဲ့ပြီး၊ ခင်မွန် ချစ်ခဲ့ဖူးသော လူမျိုးခြား ဘာသာခြား သူသည်လည်း ကျန်ရစ်ခဲ့ပြီး၊ ဘ၀နှင့်ရင်းခဲ့ရသော သင်ခန်းစာကြောင့် ခင်မွန်အားလုံးကို ပြောပြချင်ပါသည်။ အမျိုးဘာသာ သာသနာတော်ကို စောင့်စည်းကြပါ၊မြေမျို၍ လူမျိုးမဖြုတ်ပါ။ လူမျိုမှသာ လူမျိုးပြုတ်မည်ဖြစ်ပါသည်။

လူတိုင်း အမျိုးဘာသာ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေဟု ဆုတောင်းလိုက်ရင်း



သန္တာမြတ်သောင်း
မြတ်ပန်းရဂုံဓမ္မစာစောင်၊ ၂၀၀၃ သြဂုတ်

From: MMD

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်