Tuesday, May 28, 2013

မွတ်စလင် ရဲတိုက်ဖြစ်စဉ် နှင့် ပတ်သက်၍ စိန့်မေရီကျောင်း၏ သတင်းထုတ်ပြန်ချက်

Posted by drmyochit Tuesday, May 28, 2013, under | No comments



စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏ အထွဋ် အမြတ် ထားရာ ၀တ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။

နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီ အထိ တစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။

မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာ လာရောက် ခွင့်ပြု ထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသော ဗိသုကာ လက်ရာများ တည်ရှိ ရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်း လာရောက်လေ့ လာလေ့ရှိပါသည်။

မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော် များထားရှိရာ သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။

ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။

ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်း သည့်နေ ရာ ၊အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဆန့်ကျင် သည့် မတင့်တယ်သော အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ် အမြတ် ထားရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွား ပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင် များခေါ် လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ် အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ် တော် ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေ သည့်ကြား မှပင် ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။ ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံ ရှင် ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။

အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။ ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။

ယခုသတင်းMedia များတွင်ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့် ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။

From : ..သာသနာ့အကျိုးဆောင်အဖွဲ့စိန်မေရီကာသီဒြယ်သာသနာ၊ရန်ကုန်မြို့ 

အစ္စလမ်ဘာသာဝင် ရဲတိုက်မှ ခရစ်ယာန်ဘာသာဝင် တစ်ဦးအား စိန့်မေရီ ဘုရားကျောင်းရှေ့တွင် စတင် ပါးရိုက် သည့် ဗွီဒီယို

Posted by drmyochit Tuesday, May 28, 2013, under | No comments


ယနေ့ နံနက် ၁၀ နာရီက ဗိုလ်အောင်ကျော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ စိန်မေရီကာဒီဒြယ် ခရစ်ယာန် ဘုရားကျောင်း တွင် ဘုရားဝင်ရောက် ရှိခိုးရာမှတင်းမာမှုဖြစ်ပေါ်ခဲ့သဖြင့် သရုပ်ဆောင် ရဲတိုက်က နံနက် ၁၁ နာ ရီကျော် မှစတင်ကာ ဆန္ဒပြခဲ့သည်။ ထို့နောက် နေ့လယ် ၃ နာရီ ၄၅ မိနစ်တွင် ဗိုလ် တစ်ထောင် ရဲစခန်းမှ သူ့ကိုလာရောက်ထိန်းသိမ်းခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်တွင် ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှူး ဦးသာ ဇံ၏ ထုတ်ပြန်ပြောကြားချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) ဖြင့် အရေးယူ ထားကြောင်း သိရသည်။

လားရှိုးမြို့ ရှမ်း-ကုလား အဓိကရုဏ်း မြင်ကွင်းများ (ဓာတ်ပုံ - ၅ ပုံ)

Posted by drmyochit Tuesday, May 28, 2013, under | 2 comments


 လားရှိုးရဲစခန်းရှေ့မှ ဗုဒ္ဓဘာသာ ရှမ်းတိုင်းရင်းသားများ
လားရှိုးမြို့၌ 28-5-2013 နေ့ ည နေပိုင်းတွင် ရှမ်းတိုင်းရင်းသူ တစ်ဦးအား ဓာတ်ဆီလောင်းမီးရှို့ သတ် ရန် ကြိုးစားခဲ့သည့် တရားခံ။


၎င်းအား ပြည်သူများက ဖမ်းဆီးပြီး ရဲလက်သို့ အပ်နှံ ခဲ့ ပါသည်။ မီးရှို့ ခံရသည့် အမျိုးသမီးမှာ ဆေးရုံတွင် ကုသမှု ခံယူနေရ ပါသည်။

 ယနေ့ မနက်ပိုင်းတွင်လည်း မွတ်ဆလင် ကုလား ရဲတိုက်မှာ ရန်ကုန်တွင် ခရစ်ယာန်ဘာသာဝင်တစ်ဦးအား စတင်ပါးရိုက် ခဲ့ပြီး ပြဿနာ ရှာခဲ့သည်။ တည်ငြိမ်အေးချမ်းနေသော မြန်မာနိုင်ငံတွင်းတွင် မွတ်ဆလင်များက အမျိုးမျိုး ပြဿနာ ရှာနေသောကြောင့် ဗုဒ္ဓဘာသာ အပါအဝင် အခြားဘာသာဝင် ပြည်သူအားလုံးက မွတ်ဆလင်များကို စိတ်ပျက်လျှက်ရှိကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် NLD မှ လွဲ၍ ကျန်လူထု တစ်ရပ်လုံးက စိတ်ကုန်လျှက်ရှိကြောင်း သိရသည်။

From: Myanmar Express

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးအား မီးရှို့မှု ဖြစ်ပွား

Posted by drmyochit Tuesday, May 28, 2013, under | No comments



ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့  ညနေ (၄)နာရီကျော်ခန့်က အမျိုး သမီး တစ်ဦးအား မီး ရှို့မှုဖြစ်ပွားခဲ့ကြောင်း လားရှိုး မြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့ အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ ဓာတ် ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့် ရှိပြီး လားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်းဒေသခံတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှ လာရောက်သူတစ်ဦးဖြစ်ကြောင်း လာရှိုးမြို့ခံ မြန်မာ့ခေတ် သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့် စုရုံးရောက်ရှိနေပြီး သံဃာတော် တချို့မှာ ရဲစခန်းတွင်းသို့ ဝင်ရောက်ညှိနှိုင်းနေကြောင်း ၎င်း ရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးကပြောကြားသည်။

“အဖမ်းခံထားရတဲ့သူကို သူတို့လက်ထဲ အပ်ဖို့ လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချ ထားကြောင်း သိရသည်။

The Myanma Age

လားရှိုးပဋိပက္ခ ဖတ်မိသမျှ

Posted by drmyochit Tuesday, May 28, 2013, under | No comments


လားရှိုးမြို့မဈေး မီးကူးဆက်မည်ကို ဒေသခံ စိုးရိမ်
***********************************
လားရှိုး၊ မေ ၂၈။

လားရှိုးမြို့မဈေးတွင် အလှကုန်ဆိုင်ဖွင့်ထားသော၊ 
အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက 
“အန်တီ့ မျက်စိအရှေ့မှာပဲ ဆိုင်ကယ် နှစ်စီး မီးရှိ့နေတာ
တွေ့တယ်၊ ဗလီဘက်မှာ မီးခိုးတွေ တအားထွက်လာတယ်၊ အန်တီတို့ကတော့ ဈေးကို မီးကူးစက်လာမှ ကြောက် နေရတယ်။ ဗလီထဲမှာတော့ လူတွေရှိတာ တွေ့တယ်။ ခဲနဲ့လှမ်းပေါက်လို့ အန်တီ့
ခေါင်းကို လာထိသေးတယ်။ ဆိုင်ကယ် ဦးထုပ် ဆောင်းထားလို့သာ
ဘာမှ မဖြစ်တာ”ဟု ပြောကြားသည်။

The Myanmar Age
======================================================
လားရှိုးမြို့မဈေး မီးကူးဆက်မည်ကို ဒေသခံ စိုးရိမ်
**************************************

လားရှိုး၊ မေ ၂၈။

လားရှိုးမြို့မဈေးတွင် အလှကုန်ဆိုင်ဖွင့်ထားသော၊ 
အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက 
“အန်တီ့ မျက်စိအရှေ့မှာပဲ ဆိုင်ကယ် နှစ်စီး မီးရှိ့နေတာ
တွေ့တယ်၊ ဗလီဘက်မှာ မီးခိုးတွေ တအားထွက်လာတယ်၊ အန်တီတို့ကတော့ ဈေးကို မီးကူးစက်လာမှ ကြောက် နေရတယ်။ ဗလီထဲမှာတော့ လူတွေရှိတာ တွေ့တယ်။ ခဲနဲ့လှမ်းပေါက်လို့ အန်တီ့
ခေါင်းကို လာထိသေးတယ်။ ဆိုင်ကယ် ဦးထုပ် ဆောင်းထားလို့သာ
ဘာမှ မဖြစ်တာ”ဟု ပြောကြားသည်။

The Myanmar Age
======================================================

လာရှိုး ဓါတ်ဆီရောင်းသူ မီးလောင်မှု ကနဦး ဖြစ်စဉ် အကျဉ်း
**********************************************
May 28, 2013

ပြည်ထောင်စုလမ်းမကြီး မန္တလေး-လားရှိုးလမ်းပေါ် နယ်မြေ ၈ အပိုင်အတွင်းမှာ မှောင်ခိုဓာတ်ဆီရောင်းသော နယ်မြေမှုးရဲ့သမီးနဲ့ ဓာတ်ဆီလာဝယ်သော (လားရှိုး မြို့ခံမဟုတ်ဟုယူဆရသော)ကုလားဆင် တစ်ဦးနှင့် စကားများရာမှစပြီး အဆိုပါ
မိန်းကလေးကို မီးဆွဲလောင်မှုဖြစ်ပွားခဲ့ပါတယ်...ဖြစ်ဖြစ်ခြင်း အနီးအနားမှာရှိသော သူများက ထို ကောင်လေးအား ရိုက်နှက်ထိုးကြိတ်ပြီး အားရဲ မှစခန်းမှလာရောက် ခေါ်ဆောင်သွားခဲ့ပါတယ် မီးလောင်ခံရသော မိန်းကလေး မှာ လားရှိုးဆေးရုံကြီးတင် တင်ထားပြီး မစိုးရိမ်ရဟု သိရပါသည်။
ဆေးရုံ နှင့် ရဲစခန်းအရှေ့တွင် ဘုန်းကြီးများနှင့် ရဲများ စောင့်နေသည်ဟု ကနဦးသတင်းရရှိပါသည်။

MMN

From: RSV
======================================================

လားရှိုးမြို့တွင် ဗလီနှင့် အရဗီစာသင်ကျောင်း များမီးရှို့ခံရ
******************************************
May 28, 2013

ရှမ်းမြောက် လားရှိုးမြို့တွင် အမျိုးသား တစ်ဦးမှ အမျိုးသမီးတစ်ဦးကို မီးရှို့သည့် ရာဇ၀တ်မှုကို အကြောင်းပြု၍ အကြမ်းဖက် သမားများက အစ္စလာမ် ဘာသာဝင် များ၏ ဗလီ၊ ဘာသာရေး စာသင်ကျောင်းများ မီးရှို့မှုများ ပြုလုပ် လျက်ရှိပြီး၊ ဈေးအတွင်းရှိ မွတ်စလင်များ ပိုင်ဆိုင်သော ဆိုင်ခန်းများ ဖျက်ဆီး လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

ယခုအချိန်တွင် လားရှိုး
မြို့ အမှတ်(၁) ရဲစခန်းရှေ့၌ မကျေနပ်သည့် မြို့ခံအယောက် ၁၀၀ ကျော်က တရားခံကို ထုတ်ပေးရန်တောင်းဆိုလျှက်ရှိသည်။ ရဲစခန်းခြံတံခါးကို သံကြိုး
များဖြင့် သော့ခတ်ပိတ်ထားကြောင်း သိရသည်။

From: RSV
=====================================================

FACEBOOK PAGE UNPUBLISH ဖြစ်ရသည့် အကြောင်း

Posted by drmyochit Tuesday, May 28, 2013, under | No comments



Facebook Page ဖန်တီး စီမံခန့်ခွဲ နေသူများ အတွက်ပါ။

အဓိကကတော့ Report အလုပ်ခံရတာပါ။ အထူး သဖြင့် ဓာတ်ပုံတွေပေါ့။ Page မှာ ပုံ Report အလုပ်ခံရပါများရင် ဘာဖြစ်မလဲ ဆိုတော့ -

ကျနော် အမြဲကြုံရပါတယ်။ ကိုယ်တင်လိုက်တဲ့ ပုံတွေက ဘာဆိုဘာမှမဟုတ်ဘူး။ အဲဒါကို လက်က မျဉ်းတဲ့သူတွေက Report လုပ်တယ်။

အဲတော့ ထုံးစံအတိုင်း -

Hey . there was something wrong about this photo ဘာဘာညာညာနဲ့ ပုံဖြတ်ပေးပါ လားဆိုပြီး တော့ စာပို့လာတယ်လေ။ အားလုံး သိကြတယ်ဟုတ်။ အဲဒါက အမှန်တော့ ပို့တဲ့သူက ရေးတဲ့ဟာ မဟုတ်ပါဘူး။ သူ့ဘာသူ I don't like this photo ကိုကလစ်လုပ်လို့ Report လုပ်တာလေ။

အဲဒါကို သူငါ့ကို လာတိုင်ပတ်နေတယ် အထင်နဲ့ ပြန်စာတွေပို့ မနေနဲ့။ ပြီးတော့ ဒီတိုင်းလည်း မထားနဲ့။ အဲ့တိုင်းထားရင် ဆိုးကျိုးက အကောင့် Lock ကျမယ်။ Page unpublishes အလုပ်ခံ၇မယ်။ ခု Page တွေ Unpublishes အလုပ်ခံရတဲ့ အကြောင်းအရင်း အတော်များများက Page Admin တစ်ယောက်ယောက် ထဖောက်တယ်လို့ထင်နေကြတယ်။ အမှန်တော့ မဟုတ်ဘူး။

ဘယ်လို ဖြေရှင်းမလဲ

အဲ့လို ပုံကို Report လုပ်တဲ့စာတွေရောက်လာရင် spam ဖြစ်ကြောင်းသာ စာပြန်ပို့လိုက်။ ကလစ်နှိပ်ရုံပဲ။ that is spam လို့ပြန်စာပို့ရတာမျိုး မဟုတ်ဘူး။ Cross ပုံသဏ္ဍန် နေရာမှာ ကလစ်နှိပ်ပြီး spam ဆိုတာကို ရွေးလိုက်ရုံပါပဲ။ အားလုံး အဆင်ပြေကြပါစေ။

ရိုးရာလေး

လောင်ချာသုံးလက်နှင့် လက်နက်များ သိန်းနီတွင် ဖမ်းမိ

Posted by drmyochit Tuesday, May 28, 2013, under | No comments


ရန်ကုန်၊ မေ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီမြို့၊ နားဆော့ရွာ၊ လားရှိုး-သိန်းနီ ကားလမ်းအနီးရှိ ဘုန်းကြီး ကျောင်း တစ်ကျောင်းတွင် မေလ ၂၇ ရက် နံနက် ၃ နာရီက ရပ်ထားသည့် မတ်တူးအဖြူရောင် (ရွှေငါး) ယာဉ်တစ်စီးပေါ်၌ အမေရိကန်နှင့် တရုတ်နိုင်ငံလုပ် သေနတ်နှင့် ဗုံးပစ်လောင်ချာအပါအဝင် လက်နက် ၁၀၀ ကျော် ဖမ်းမိတွေ့ရှိကြောင်း သိန်းနီမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များက မသင်္ကာ၍ စစ်ဆေးရာ ယာဉ်နောက်ဖုံးတွင် အမ်၂၂ (ခေါက်ဒင်) ၁၁လက်၊ အမေရိကန်လုပ် အမ် ၇၉ ဗုံးပစ်လောင်ချာသုံးလက်၊ အမေရိကန်လုပ် အမ် ၁၆ လေးလက်၊ တရုတ်နိုင်ငံလုပ် အမ် ၂၂ သေနတ် အရှည်သုံးလက်၊ အီတလီနိုင်ငံ လုပ် Beratta အမျိုးအစား ပစ္စတိုတစ်လက်နှင့် အမ် ၂၂ ကျည်အိတ် ၂၄ ခု၊ အမ် ၁၆ ကျည်အိတ်ငါးခု၊ ပစ္စတိုကျည်နှစ်ခု၊ ထိုင်းနိုင်ငံလုပ် ၉ မမ ကျည်ဆန် ၅၀ တောင့်နှင့် ကားရပ်ထားသည့် နေရာနှင့် ကိုက် ၆၀ အကွာတွင် အမ် ၂၂ သေနတ် (အရှည်) ၁၀ လက်၊ ကျည်အတောင့် ၃၀ ကိုပါ တွေ့ရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း၏ စာရင်းများအရ သိရှိရသည်။

ယာဉ်အမှတ် ၃င/ ၄၁၂၀ ၊ မတ်တူးအဖြူရောင် ရွှေငါးယာဉ်သည် ဟိုပိတ်ကျေးရွာ အေးရှားဝေါလ် တိုးဂိတ်အနီး တာဝန်ကျ ရဲအရာရှိတစ်ဦးက မသင်္ကာ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မတ်တူးယာဉ်က မရပ်ဘဲ မောင်းနှင်ထွက်ပြေး ရာမှ သိန်းနီမြို့၌ ယာဉ်ကို ဖမ်းမိခဲ့ကြောင်း ၄င်းက ဆိုသည်။
အဆိုပါလက်နက် များနှင့်အတူ ရှမ်းလွယ်အိတ်၊ အမျိုးသားအဝတ်အစား၊ ဖိနပ်၊ အဝတ်အစားများ၊ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုထံ၂၀၁၂ ခုနှစ် မတ်လအတွင်း ငွေသွင်းချလန်တစ်ရွက်၊ အညိုရောင် လက်ကိုင်အိတ်တစ်လုံး၊ ၀၉-၄၃၉၅၈၀၂၅ ဂဏန်းပါသည့် ဖုန်းဆင်းမ်ကတ် တစ်ခု၊ ဖုန်းနံပါတ် မှတ်ထားသည့် စာရွက်တစ်ရွက် နှင့် ထိုင်းဆင်းမ်ကတ် ထည့်ထားသည် ဖုန်း တစ်လုံးကိုပါ တွေ့ရှိခဲ့ကြောင်း သိန်းနီ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ လက်နက်များ ဖမ်းဆီးရရှိမှုသည် ယခုနှစ်တွင်း သိန်းနီမြို့တွင် အများဆုံး ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ယင်းလက်နက်များသည် ရှမ်းပြည်နယ် တပ်မတော် (SSA) တောင်ပိုင်း လက်နက်ကိုင်အဖွဲ့၏ အသုံးပြုသည့် လက်နက်များဟု ယူဆရကြောင်း သိန်းနီမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ယာဉ်ပေါ်ပါသူများ၏ အဝတ်အစား များကို စစ်ဆေးချက်အရ အသက် ၃၅ နှစ်မှ ၃၈ နှစ်အရွယ် လူနှစ်ဦးဖြစ်ပြီး တစ်ဦးမှ ပိန်၍တစ်ဦးမှာ ဝဖြိုးသူဖြစ်ကြောင်း၊ ၄င်းတို့ကို ၁၉၅၁ ခုနှစ် လက်နက်ယာယီ ပြင်ဆင်ချက် ဥပဒေ ၁၉-က ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ယင်းယာဉ်နှင့် ပတ်သက်၍ လားရှိုးတွင် စုံစမ်း စစ်ဆေးလျက်ရှိပြီး လက်နက်အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲကိုလည်း အကြောင်းကြားကာ ချိတ်ဆက်ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly

၁၆ နှစ်သမီးအား အသက် ၆၀ အရွယ်အမျိုးသားကြီးတစ်ဦးက ကာမ လိမ်လည်ရယူမှုဖြင့် တရားစွဲဆို

Posted by drmyochit Tuesday, May 28, 2013, under | No comments




အသက် ၆၀ အရွယ် အိမ်ထောင်သည် အမျိုးသားကြီး တစ်ဦးကို ၁၆ နှစ်အရွယ် မိန်းကလေးငယ်အား ခိုးယူ
ပေါင်းသင်းမှုဖြင့် အင်းစိန်ရဲစခန်းတွင် မေ ၂၆ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။



မွေးပြီးပြီးချင်း အိမ်သာပိုက်ထဲ စွန့်ပစ်ခဲ့သည့် ကလေးအား ကယ်တင်နိုင်ခဲ့

Posted by drmyochit Tuesday, May 28, 2013, under | No comments



တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များဟာ မွေးဖွားပြီးနောက် အိမ်သာ ပိုက်ထဲမှာ စွန့်ပစ်ခြင်း ခံရတဲ့ ကလေး ငယ် တစ်ဦးအား ကယ်တင်နိုင် ခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ သတင်း ဟာ တရုတ်နိုင်ငံမှ ပြည်သူတွေအကြား ပျံ့နှံ့လျှက် ရှိပြီး ပြည်သူအပေါင်း၏ စိတ်ဆိုး ဒေါသထွက် မှုများလည်း ဖြစ်ပေါ်လျှက် ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားပါတယ်။

ထို့သို့ ကလေးအား စွန့်ပစ်ထားခြင်းဟာ တရုတ်နိုင်ငံ၊ Zhejiang ခရိုင်မှာ ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက ဖြစ်ခဲ့ တာ ဖြစ်ပြီး အဆိုပါ အဆောက်အဦတွင် နေထိုင်သူများက ကလေးငိုသံ ကြားသဖြင့် တိုင်ကြား ခဲ့ရာမှ ကယ်ဆယ်ရေး အဖွဲ့များ ရောက်လာခဲ့ပြီး ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံက တနလာင်္နေ့မှာ ကြေငြာခဲ့ပါတယ်။

မီးသတ်အဖွဲ့ဟာ ကလေးငယ် ရှိနေတဲ့ ပိုက်ကို ဂရုတစိုက် ဖြတ်ထုတ်ပြီး အနီးဆုံး ဆေးရုံကို သယ်ဆောင်သွားပါတယ်။ ဆေးရုံ ရောက်တော့ ဆရာဝန်များက ပိုက်ကို သေချာဖြတ်တောက်ပြီး ကလေးကို ကယ်ဆယ်ခဲ့ရပါတယ်။ ကလေးကတော့ အသက်ရှင်ပြီး ကျန်းကျန်းမာမာ ရှိတယ်လို့ ဆိုပါတယ်။

ကလေးကို အိမ်သာထဲမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ရဲ့ အသည်းနှလုံးဟာ မိလ္လာပိုက်ထက်ကို ညစ်ညမ်းတယ် လို့ တစ်ဦးက ဆိုပါတယ်။ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ အဆိုပါ ကိစ္စကို စုံစမ်းလျှက်ရှိပြီး မိခင်ဖြစ်သူကို သိတာနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မွေးပြီးစ ကလေးအား အိမ်သာကျင်းထဲ ပစ်ချသည့် မှုခင်း တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာ ဖြစ်ခဲ့တဲ့ အဆိုပါ အမှုကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။

From: OPP

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဖက်မှာ ဘင်ဂလီတွေကိုတအိမ်ထောင် ကလေးနှစ်ယောက် ထက် ပိုမယူရတဲ့ အပေါ် ဒေါ်စု ဝေဖန်

Posted by drmyochit Tuesday, May 28, 2013, under | No comments


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဖက်မှာ အစိုးရ အခေါ် ဘင်ဂလီတွေ ကို တအိမ်ထောင် ကလေး နှစ်ယောက်ထက် ပိုမယူရဘူးလို့ ပြည်နယ် အာဏာပိုင်တွေက အမိန့်ထုတ် ထားတဲ့ အပေါ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ လူ့အခွင့်အရေးနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဝေဖန် ပြောကြား လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီ အစည်းအဝေး အပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တွေက ဘူးသီးတောင် မောင်တောက မွတ်ဆလင်တွေ သားသမီး နှစ်ယောက်ထက် ပိုမယူရ ဘူးလို့ အာဏာပိုင် တွေရဲ့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒီကိစ္စသာ မှန်ကန်ရင် ဒါဟာ ဥပဒေ ချိုးဖောက်မှု၊ လူ့ အခွင့် အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

မနှစ်တုန်းက မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေကြား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီး လူရာနဲ့ ချီ သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းက ဒေသတွေမှာ ဒီလို တမိသားစု ကလေးနှစ်ယောက်ထက် ပိုမယူရ ဆိုတဲ့ စည်းကမ်းကို ပြည်နယ် အစိုးရ အာဏာပိုင်တွေက သတ်မှတ် ထားတာ ဖြစ်ပါတယ်။

From: BBC

မြန်မာ သတင်းဌာန အများစုက မဖေါ်ပြရဲတဲ့ ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား

Posted by drmyochit Tuesday, May 28, 2013, under | No comments


မြန်မာ သတင်းဌာန အတော်များများက သတင်း အဖြစ် မဖေါ်ပြရဲတဲ့ ရဟန်းတော် တစ်ပါး မိမိကိုယ်ကို မီးရှို့ သတ်သေတဲ့  ဆန္ဒပြမူ တစ်ခု သီရိလင်္ကာ နိုင်ငံမှာ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

သီရိလင်္ကာရဟန်းတော် မိမိကိုယ်ကို မီးရှို့ ဆန္ဒပြနေစဉ်။

အဲသလို ရဟန်းတော်တစ်ပါး မိမိကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြမူဟာ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခု ဖြစ်တဲ့ သီရလင်္ကာမှာ ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရဟန်းတော်ရဲ့ ဘွဲ့နာမည်က Bowatee Indaratna (၃၀) နှစ်ဖြစ်ပြီး သူဟာ လူဦးရေ သန်း ၂၀ ခန့်ရှိတဲ့ ဗုဒ္ဓဘာသာ အများစု နေထိုင်တဲ့ သီရိလင်္ကာ နိုင်ငံ အတွင်းမှာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်မူကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ခုလို မီးရှို့ ဆန္ဒပြပြီး အဆုံး စီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ သောကြာနေ့က ကန်ဒီ ( Kandy) လို့ အမည်ရတဲ့ မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဘုရားပွဲတော်အတွင်း ဘုရားဖူးလာသူ အများစုရှေ့မှာ မိမိခန္ဓာကိုယ်ကို ရေနံဆီ သွန်လောင်းပြီး မီးရှို့ကာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာကို တားမြစ်ပေးဖို့ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန် ဘာသာထဲကို သွတ်သွင်းနေတာတွေကိုလည်း တားမြစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။

မီးရှို့ ဆန္ဒပြပြီးတဲ့ နောက်မှာ သူ့ကို ကိုလံဘိုမြို့ အမျိုးသား ဆေးရုံကြီးကို လေယာဉ်နဲ့ ယူသွားပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စနေနေ့မှာ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာတော့ ရဟန်းတော်ကို နိုင်ငံတော် အခမ်းအနားနဲ့ ဈာပန ပြုလုပ်ပေးဖို့ တောင်းဆိုတာကို အစိုးရက ပယ်ချလိုက်တဲ့ အပေါ်  ကန့်ကွက်တဲ့ အနေနဲ့ ရာဂဏန်းခန့်ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကိုလံဘို မြို့တွင် ဆန္ဒပြနေသော လူအုပ်ကြီး။

သူတို့တွေဟာ သီရိလင်္ကာ သမ္မတ အိမ်တော်အနီးမှာ ထိုင်ဆန္ဒပြပြီး Bowatee Indaratna ရဟန်းတော် ဟာ ပထမဆုံး မိမိကိုယ်ကို အဆုံးစီရင်ပြီး ဆန္ဒပြတဲ့ ရဟန်း တစ်ပါး ဖြစ်တဲ့ အတွက် ကိုလံဘိုမြို့က လွှတ်လပ်ရေး ရင်ပြင်မှာ နိုင်ငံတော် ဈာပန အဖြစ် သဂြိုလ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပေမယ့် ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာနဲ့ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းနေတာတွေကို တားဆီးဖို့ အစိုးရကို ဆက်လက် ဖိအားပေး တောင်းဆိုသွားမယ်လို့ ဂတိ က၀တ် ပြုခဲ့ကြတယ်လို့ သိရပါတယ်။

နိရဉ္စရာ

ဘီယာသောက်ပြီး အသိလွတ်နေချိန်တွင် သားမယားအဖြစ်ပြုကျင့်

Posted by drmyochit Tuesday, May 28, 2013, under | No comments


၂၄.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ မxxxx(၁၇)နှစ်သည် အဖွားဖြစ် သူနှင့် အတူ ဓမ္မိကရာ မကျောင်းတိုက်သို့ ဆွမ်းပို့သွားခဲ့ပြီး ဘုန်းကြီးကျောင်း တွင် အဖွားဖြစ် သူအား ထား ခဲ့ ကာ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ မxxxx၏ ဆိုင်ကယ်ဖြင့် မြို့ထဲသို့ သွားရောက်လည် ပတ်ခဲ့ သည်။

ထို့နောက် သူငယ်ချင်းဖြစ်သူမှ ကျောင်းကြီးစုရပ်ကွက်နေ ၎င်း၏ရည်စားဖြစ်သူ အကော်ဆိုသူထံ အကြွေး သွားေ ပး မည်ဟုပြောပြီး လိုက်ခဲ့ရန်ခေါ်သဖြင့် ကျောင်းကြီးစုရပ်ကွက်၊ ရွာလယ်လမ်းရှိ အကော်၏ နေအိမ် သို့ လိုက် သွားခဲ့သည်။ ညနေ ၁၇၀၀ အချိန်ခန့် အကော်၏နေအိမ်သို့ရောက်ရှိပြီး ၄င်းနေအိမ်တွင် အကော် ၏အစ် ကိုဖြစ်သူ ကိုဖိုးခွါးနှင့်တွေ့ဆုံကာ နေအိမ်အပေါ်သို့ တက်ရန်ပြောသဖြင့် နေအိမ်ပေါ်သို့ တက်ေ ရာက် ထိုင်နေစဉ် ကိုဖိုးခွါးမှ ဘီယာသွားဝယ်မည်ဟုပြောဆိုခဲ့သည်။

၁၅ မိနစ်ခန့်အကြာ ဘီယာဝယ်ပြီး ပြန်ရောက်လာကာ နောက် ၁၅ မိနစ်ခန့် အကြာတွင် တောင်ကြီးမြို့၊ ကျောင်း ကြီး စုရပ်ကွက်နေ တရုတ်(ခ) မြတ်စိုးလင်း (၁၉)နှစ် ထပ်မံရောက် ရှိလာသဖြင့် ၎င်းတို့ ၄ ဦး ဘီ ယာ အတူသောက် ခဲ့၍ ၂၁၃၀ အချိန်ခန့် သူငယ်ချင်းဖြစ်သူ မxxxxမှာ ဆိုင်ကယ်ပြန်ထားမည်ဟု ပြော ဆို ကာ ကိုဖိုးခွါးနှင့် အတူ ထွက်သွားခဲ့သည်။

မxxxxနှင့် တရုတ်(ခ)မြတ်စိုးလင်းတို့ ၂ ဦးတည်းကျန်ခဲ့စဉ် မxxxxမှ ခေါင်းကိုက်ကြောင်းပြောရာ တရုတ် (ခ)မြတ်စိုး လင်းမှ ၎င်းပေါင်ပေါ်တွင် အိပ်ရန်ပြောဆိုသဖြင့် အိပ်နေစဉ် မxxxxအား ဧည့်ခန်းရှိ အိပ်ယာပေါ် သို့ပွေ့ချီ ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ သောကြောင့် တရုတ် (ခ)မြတ်စိုးလင်းအား တောင်ကြီးအမှတ်(၁)ရဲစခန်း(ပ)၁၂၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်


ဓာတ်ပုံ- အမူးလွန်သော မိန်းကလေး တစ်ဦးအား မဖွယ်မရာ ပြုလုပ်ထားပုံ( ယခုသတင်းမှ မဟုတ်ပါ)

Monday, May 27, 2013

Facebook အကောင့် ဖွင့်မရခြင်း အကြောင်း/Block ခံရခြင်း အကြောင်း

Posted by drmyochit Monday, May 27, 2013, under | No comments




- Friend အသားကုန် Add ခြင်း

ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့ လည်း ကျနော် မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင် ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း

အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

- Like ဇွတ်လုပ်ခြင်း

ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြ တယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။

- Group အများအပြား ဝင်ခြင်း

user တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း

ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါ ဘူး။ ကျနော်တို့တော့ အဆင်ပြေနေတာပဲ။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း

Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ ဒါကျ ကိုယ်တိုင် မကြုံဖူးတော့ မသိဘူး။

- နေရာ ပြောင်းသုံးလွန်းခြင်း

ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံ ကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း

ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူ သုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း

Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း

ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။

- အသက် ၁၈ နှစ်မပြည့်သေးရင်

ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်

ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ် ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာ ပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- App ဇွတ်သုံးခြင်း

သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လခ့်လေးတွေ့တော့ ကလစ်ကြည့် လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။

- အခြားအကြောင်းအရာများ


အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။

အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။
--
အောင်ခမ်း (TSJ team)
Techspace

Nose Bleed (နှာခေါင်းသွေးယိုလျှင်ဘာလုပ်ရမလဲ)

Posted by drmyochit Monday, May 27, 2013, under | No comments



နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာ လုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုး အစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက် တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး
၊ အစာအိမ် ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။

ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ် များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါ ရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေ ကြောင့်နဲ့ နှာခါင်းခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ၀က်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့ အစား စားတာတွေ ပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေး ကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပြော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach's area, Little's area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မ၀င်အောင်ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတ၀ှိုက်ကို ရေခဲ တင်ပေးသင့်တယ်။ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေးထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေးသုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင်လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာ တွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ၀င်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁၀ စက် ထည့်ခိုင်းတယ်။

ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ၀ယ်ရတာ ခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ၀့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။Health

လားရှိုးမြို့နယ် အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

Posted by drmyochit Monday, May 27, 2013, under | No comments


နေပြည်တော် မေ ၂၇

တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှား ၀ါးလ် တိုးဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇ ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လားရှိုး မြို့မှ သိန်းနီမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ၃င/၄၁၂၀ မတ်တူး အဖြူရောင် ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေး၍ ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစဉ် နံနက် ၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီ အုပ်စု၊ နားဆော့ကျေးရွာ ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။

အဆိုပါ ယာဉ်အား သိန်းနီမြို့မ ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက်ဒင် (၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂ (၃)လက်၊ BERETTA ပစ္စတို (၁) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့် အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်-၁၆ ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊ LUGER အမျိုးအစား ၉-မမ ကျည် (၅၀)တောင့်၊ ၅.၅၆ ကျည် ၂၅၅၉ တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး၊ အနီး ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ နားဆော့ကျေးရွာ အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ သေနတ် (၁၀)လက်အား ထပ်မံ သိမ်းဆည်းရမိခဲ့ပါသည်။

၎င်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရေး တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် များက စုံစမ်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။









Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်