Saturday, June 01, 2013
ဝါဆိုမိုးဦးရဲ့ ဓါတ်ပုံ Album
Posted by drmyochit
Saturday, June 01, 2013, under ဓါတ်ပုံ Album | No comments
မီးရောင်အောက်က အကြွေပန်းလေးများ ဘ၀အကြောင်း
Posted by drmyochit
Saturday, June 01, 2013, under ဆောင်းပါး | No comments
ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် သုံးဆယ့်ငါးသန်းအတွက် ရှာကီရာဟာ
သူမရဲ့လုံး ၀န်းတဲ့ တင်ပါး အိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်
အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲကပန်းနုရောင်ပေါင်တံတွေဟာ
အဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေတွေပဲ
ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက်ထားနိုင်ဖို့
သိုးစော်နံနေတဲ့ အဲ့ဒီအဆီတစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ်
ကျွန်မအမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ တဖြည်းဖြည်းတိုတိုလာရတယ်
တစ်လတစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင်နာတွေပေးပေးနေရတယ်
ကောင်းရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . . ကျွန်မတို့အထည်တွေ မချုပ်ကြတော့ဘူး
စက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင်ကြဘူးလေ
ခွန်အားနဲ့အတက်ပညာတွေ ဈေးပေါနေတဲ့ ခေတ်ကြီးထဲမှာ ဈေးကောင်းရတာပဲ
ကျွန်မတို့ရောင်းစားလိုက်ကြတော့တယ်
ကျွန်မနာမည်လား . . အမေပေးခဲ့တာတောင်မေ့တေ့တေ့ရယ်
ကျွန်မနာမည် ကြယ်စင် . ကျွန်မနာမည် နံနက်ခင်း . ကျွန်မနာမည် တာရာ . ကျွန်မနာမည် အလင်္ကာ
ဟုတ်တယ်လေ ကျွန်မတို့မတည်မြဲကြဘူး
ကျွန်မတို့ဟာ လျှပ်စီးကြောင်းနဲ့ ပတ်ကြားအက်နေတဲ့ မိုးတိမ်တွေပဲ
ကွက်ကျားမိုးတွေ ဖွံ့ဖြိုးတိုးတက်လာချိန်မှာ ဘွားကနဲ ပေါက်ရောက်လာတဲ့ မိုးဦးမှိုပွင့်တွေပဲ
စီးဆင်းနေတဲ့ငွေကြေး စာရင်ဇယားတွေဘေးမှာ ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ
လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့ ဘေထုတ်ထည်ကိုကြည့်သလို ရှင်ကျွန်မကိုမကြည့်ပါနဲ့
ရှင့်စကားနဲ့ ကျွန်မကိုအဖျားခတ်လိုက်ပုံက ကျွန်မတို့ကပဲ
သူများအိမ်ထောင်ရေးတွေပေါ် လမ်းကြိတ်စက်တက်မောင်းနေသလိုလို
ကျွန်မတို့ကပဲ သူများမိသားစုတွေကို ကူးတို့ဆိပ်မှာ မှို့အိတ်ဖွင့်နေသလိုလို
ကျွန်မတို့ကပဲ ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့ ယဉ်ကျေးမှု့စာမျက်နှာတွေကို ပလုပ်တုတ်ခေါက်နေသလိုလို
အချစ်တဲ့ . . . ရှင်လေချဉ်တက်လိုက်သလား ဘီယာစော်နံလိုက်တာ
ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်မတို့အလုပ်က သဒ္ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူး
ကျွန်မတို့ဘ၀တွေကလည်း ၀ါကျတည်ဆောက်ပုံမမှန်ကန်ပါဘူး
ဒါပေမယ့် . . ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှုပါရှင်
"အမ္ဗပါလီ" အစ "မော်နီကာဗယ်လူချီ" အဆုံး ကျွန်မတို့အားလုံးဟာ
ရှင်တို့ယောင်္ကျားတွေရဲ့ လျှို့ဝှက်တဲ့စက်ရုံမှာ အချိန်ပိုဆင်းရတဲ့ ခွေးသွားစိတ် တွေပါပဲ
တကယ်တော့ ကမ္ဘာကြီးပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး
အိုစမာဘင်လာဒင် သေဆုံးသွားတာလည်း ကျွန်မတို့နဲ့ တခြားစီ
ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင်ကျွန်မတို့တစ်ခါမှ မလုပ်ခဲ့ဖူးဘူး
ကျွန်မတို့ကို ရေးကြီးခွင်ကျယ် ကဗျာစပ်မနေပါနဲ့ ရှင်ရယ်
ဘောစိနော် ဘော်ကယ်ကြေးလေး တစ်ပဲခြောက်ပြားနဲ့ ရှင်ကျွန်မကို ဒီအတိုင်းပြစ်မထားခဲ့နဲ့ဦး
အိုခေ . . . ဒီငယ်ကျွမ်းဆွေ တစ်ပုဒ်ဆိုပြီးသွားရင် တစ်ဆက်ရှင် စာအချိန်စေ့ပြီ
နောက်တစ်ခါလည်း ကျွန်မတို့ဆီကို ဒီလို ဆင်တွေတအုပ်ကြီးနဲ့ လာရောက်အားပေးနိုင်ပါစေ
သင့်(ခ်)ယူ . . . ဘိုင့်ဘိုင့် . . . ဆီးယူ . . . ဖလိုင်းကစ်(စ်)။ ။
မောင်ရှင်စော
ရတီမဂ္ဂဇင်း
2012
[ဆင်းရဲစွာ ရုန်းကန်ရသော မြန်မာ မိန်းခလေးများဘဝကို စာနာနားလည်နိုင်ကြပါစေ]
From:Myanmar Journal
ရခိုင်ပြည်နယ် NLD ပါတီများက ဒေါ်အောင်ဆန်းစုကြည် နှင့် ဗဟို ကို ဆန့်ကျင်ပြီ
Posted by drmyochit
Saturday, June 01, 2013, under သတင်းများ | No comments
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ မြို့နယ်ပါတီများမှ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၏ ကန့်ကွက်မှုကို ဆန့်ကျင်ပြီး အစိုးရနှင့် သဘေားထား ထပ်တူ ထပ်မျှရှိကြောင်း၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် သဘောထား မကိုက်ညီကြောင်း ရန်ကုန် NLD ဗဟိုသို့ ကြေညာချက် ပေးပို့ခဲ့ပါတယ်။
Black Angle
တမိသားစု ကလေး ၂ ဦးယူ ပေါ်လစီနဲ့ ဆေးပညာရှုထောင့်အမြင်
ဗူးသီးတောင်၊ မောင်တောဒေသရှိ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် မိသားစုတစ်စု ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဒေသန္တရ အမိန့်ဟာ ခွဲခြား ဆက်ဆံရာ ရောက်တယ် ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေ အပါအ၀င် အမေရိကန် အစိုးရနဲ့ ကုလသမဂ္ဂကပါ ပြစ်တင်ဝေဖန်လာကြပါတယ်။ ကနေဒါ အခြေစိုက် လူ့အခွင့်အရေးနဲ့ ကျန်းမာရေး ဘာသာရပ်မှာ အထူးပြု လေ့လာခဲ့တဲ့ ဆေးပညာရှင်တစ်ဦးကတော့ ဒါဟာ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အခြေအနေအရ ကာကွယ်စောင့်ရှောက်ပေးရာ ရောက်တယ်လို့ ရှုမြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါက်တာ ဒေါ်ခင်စောဝင်း ကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
From: VOA
လူတစ်ပိုင်း၊ခွေးတစ်ပိုင်း ဖြစ်ရသည့် ဘ၀ (ဗီဒီယို)
Posted by drmyochit
Saturday, June 01, 2013, under ဗွီဒီယိုသတင်း | 1 comment
ဗုဒ္ဒဘာသာ အယူဝါဒ အရ ကံကံ၏ အကျိုးအတိုင်း ယခု လူ့ဘ၀၌ပင် လူတစ်ပိုင်း၊ ခွေးတစ်ပိုင်း ကဲ့သို့ ဘ၀ မျိုးဖြင့် လှည့်လည် တောင်းရမ်းနေသည့် ဗီဒီယို ဖြစ်ပါသည်။ သံဝေဂ ယူနိုင်ပါစေ။
Friday, May 31, 2013
KIO/ KIA ကိုမတရားအသင်းက ဖယ်ရှားမည်
Posted by drmyochit
Friday, May 31, 2013, under ပြည်တွင်းသတင်းများ | 1 comment
သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီက ၀န်ကြီးဦးအောင်မင်းက ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ
ပယ်ဖျက်ပေးမယ်လို့ ပြောလာခဲ့တာပါ။ ၀န်ကြီးဦးအောင်မင်းက သူပြောတဲ့အတိုင်း တကယ်ပဲ ကေအိုင်အို ကို မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ အများကြီး အားသာမှုတွေ ဖြစ်စေနိုင်တယ်လို့ ကေအိုင်အို ဥက္ကဋ္ဌဟောင်း တစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်ထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။
မြစ်ကြီးနားက မနောကွင်းထဲမှာ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကေအိုင်အို တို့ တွေ့ဆုံအပြီး ၁ ရက်ကြာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက မြစ်ကြီးနား ဒုက္ခသည်စခန်းတစ်ခုကို ရောက်ရှိချိန်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကို အာဏာပိုင်တွေဘက်က မတရားအသင်း သတ်မှတ်ထားတာကို တစ်ပတ်အတွင်း ပယ်ဖျက်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း သူနဲ့အတူ ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ်မှာလိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။
ကေအိုင်အို၊ ကေအိုင်အေကို မတရားအသင်းက ပယ်ဖျက်ပေးဖို့ လွှတ်တော်ထဲမှာရှိတဲ့ ကချင်ဘက်ကလွှတ်တော် ကိုယ်စားလှယ်တွေ က တောင်းဆိုပေးမှုတွေကို မကြခဏဆိုသလို တင်ပြခဲ့သလို၊ အခုအခါမှာ ၀န်ကြီး ဦးအောင်မင်းက မတရားအသင်းအမှုနဲ့ ဖမ်းဆီးထားတဲ့သူတွေကိုလည်း တစ်ပတ်အတွင်း ပြန်လွှတ်ပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ သူမကပြောပါတယ်။
“ဖြစ်စေတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့၊ မတရားတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဘာမှ ၀င်စွက်စရာ အကြောင်းမရှိဘူးပေါ့နော်။ ဒါပေမဲ့ အမိန့်ချပြီးတဲ့အခါမှာတော့၊ မတရားအသင်း ပယ်ဖျက်ပြီးတဲ့အခါမှာတော့ သူတို့အထဲမှာရှိတဲ့သူတွေကို တစ်ပတ်အတွင်း၊ ဒုက္ခသည်စခန်းကလည်း တစ်ယောက် ပါတာကိုး။ ပြန်ပို့ပေးမယ်လို့ ၀န်ကြီးက ပြောပါတယ်။ အဲဒီတော့ မတရားအသင်းတွေ ကြေညာထားတာကို ပယ်ဖျက်ကြောင်း ကြေညာပြီးတာနဲ့ ဒီစခန်းကို ပြန်ရောက်စေရမယ် ဆိုပြီးတော့ ပြောပါတယ်။ တစ်ပတ်အတွင်းလို့ ပြောပါတယ်။”
အခုလို ကေအိုင်အို ကေအိုင်အေ ကိုသာ မတရားအသင်းကနေ တကယ်ပယ်ဖျက်ပေး လိုက်ရင် အစိုးရနဲ့ ကေအိုင်အို အကြား နာလည်မှုတည်ဆောက်တဲ့ နေရာမှာ ပိုပြီးယုံကြည်မှုတွေ မြင့်တက် လာနိုင်တယ်လို့လည်း ကေအိုင်အေ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ က ပြောပါတယ်။
“ဒီလိုပြောတာ အင်မတန်ကောင်းပါတယ်။ အခုဟာ ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးတည်နေတဲ့အချိန်အခါ ဖြစ်တဲ့အတွက်ကြောင့် ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးနေတယ်။ မယုံကြည်မှုတွေ ပပျောက်ပြီးတော့မှ အချင်းချင်းယုံကြည်မှုရှိရှိနဲ့ စားပွဲဝိုင်းကို အတူတူ ချီတက်သွားပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ရှိတာကိုး။ ဒါကြောင့်မိုလို့ ဒီလိုပြောဆိုတဲ့ဥစ္စာက ကျနော်ကတော့ အတိုင်းထက်အလွန် ၀မ်းသာတာပေါ့။ ကချင်တွေက တနည်းနဲ့မဟုတ်တနည်းတော့ အမျိုးတွေဖြစ်နေကြတာကိုး။ အမျိုးတွေဖြစ်နေကြတော့ မြို့ပေါ်ကလူတွေနဲ့ တောကလူတွေ၊ အဖွဲ့အစည်းကလူတွေ ဆိုတာကလည်း နိုင်ငံရေးမပါပေါ့။ တော်လှန်ရေးသဘော အသွင်မဆောင်ဘဲနဲ့ လူမှုရေးအရ ဆက်သွယ်နေတာလည်း ရှိတာပဲ။ အဲဒါကို တခါတည်း ဟိုဘက်ကနေ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းဆီးထားတဲ့ သူတွေလည်း ဒုက္ခသည်စခန်းမှာလည်း ရှိတယ်လို့ သိရတယ်။ ဒါကြောင့်မိုလို့ ၀န်ကြီးက အဲဒီလို သဘောထားကြီးကြီး ပြောဆိုတယ်ဆိုတာကတော့ ဒါ အင်မတန်ကောင်းပါတယ်။ ဒါမှလည်း ဒုက္ခသည်စခန်းကလူတွေ လည်း နေရထိုင်ရတာ သူတို့ချောင်လည်မယ်လေ။ ပိုပြီး စိတ်ပျော်ကြမှာပေါ့။ မဟုတ်ရင် သံသယစိတ်တွေနဲ့ လွှမ်းမိုးထားလို့ရှိရင် သူတို့ နေရထိုင်ရတာ ပိုပြီးတော့ ကျပ်တည်းတယ်ဗျ။”
အာဏာပိုင်တွေဘက်က မတရားအသင်းလို့ သတ်မှတ်ထားတဲ့ ကေအိုင်အို ကို
မတရားအသင်းက ပယ်ဖျက်လိုက်ရင် ကေအိုင်အေနဲ့ဆက်နွယ်မှု အပါအ၀င် မတရားအသင်းနဲ့ဆက်နွယ်မှုနဲ့ ထောင်ကျနေသူ အားလုံး ပြန်လွတ်လာနိုင် တယ်လို့ လည်း ကချင်အရေးလေ့လာသူတွေက သုံးသပ်နေကြတာပါ။
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အရင်စစ်အစိုးရလက်ထက်က
မတရားအသင်း၊ တရားမ၀င်အသင်းလို့ သတ်မှတ်ပြီးတော့ သူတို့နဲ့ပတ်သက်ပြီး
နိုင်ငံရေးလုပ်တဲ့သူတွေကို ၁၇/၁ လို့ခေါ်တဲ့ မတရားအသင်းနဲ့ဆက်နွယ်မှု၊
၁၃/၁ လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးရဲ့ နယ်စပ်ဖြတ်ကျော်မှု ဆိုတဲ့ အမှုတွေနဲ့ တရားဆွဲဆို ထောင်ချလေ့ရှိတယ်လို့လည်း နိုင်ငံရေး အမှုတွေကိုလိုက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ ခုနှစ်မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၁၇ နှစ်ကြာ တဘက်နဲ့တဘက်အကြား အပစ်အခတ်တွေမရှိဘဲ နေထိုင် လာခဲ့ရာကနေ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ ကေအိုင်အေ ကို အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးစားရာကနေ နှစ်ဘက် တင်းမာမှုတွေ ရှိခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့သလို အစိုးရက လည်း ကေအိုင်အို ကေအိုင်အေ ကို မတရားအသင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒေသခံတွေကလည်း စိတ်အားထက်သန်စွာနဲ့
ကြိုဆိုတာတွေ့ရသလိုပဲ၊ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲက ဒုက္ခသည်တွေရော၊ ကချင်ဘက်က ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေ ဘက်က ဒုက္ခသည်တွေရောကပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားခဲ့တာဖြစ်ပါတယ်။
VOA Burmese
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်များ။ (မေလ ၂၈ ရက်၊ ၂၀၁၃)
ရဲတိုက်မှနောက်နောင်အလားတူကိစ္စများမဖြစ်ပွားရန်ခံဝန်ရေးထိုး
Posted by drmyochit
Friday, May 31, 2013, under ပြည်တွင်းသတင်းများ | No comments
၂၀၁၃ ခုနှစ်၊ မေလ (၂၈) ရက်နေ့ နေ့လည်ပိုင်းက ၊ ရန်ကုန်မြို့  စိန်မေရီကာသီဒြယ် ဘုရားကျောင်း ၀င်းအတွင်း ၀င်ရောက်ပြီး တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်ခြင်းအတွက်ထို့နေ့  နေ့လယ် ၃ နာရီ ၄၅ မိနစ် တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ လာေ၇ာက်ထိန်းသိမ်းခဲ့ပြီးဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံ အစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) ဖြင့် အရေးယူ ခံခဲ့ရသူ သရုပ်ဆောင် ရဲတိုက်မှာယနေ့ တွင်စိန်မေရီကာသီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး၊သာ့သနာ့အကျိုးဆောင်အဖွဲ့ နှင့်ဘာသာဝင်များကိုအနူးအညွတ်တောင်းပန်ကြောင်း၊နောက်နောင် အလားတူ ကိစ္စများ မဖြစ်ပွားရန်တာဝန်ယူကြောင်းခံဝန်ကတိရေးထိုးကာစိန်မေရီကာသီဒြယ် သာသနာ့ အကျိုးဆောင် ဥက္ကဌ နှင့် လည့်း လက်ဆွဲနှုတ်ဆက်ကျေအေးခဲ့ကြောင်းသိရသည်။
သတင်း ဓါတ်ပုံနှင့်ကိုးကား-St.Mary Cathedral Popular Journal
လားရှိုးမြို့ ဘုန်းတော်ကြီးကျောင်းများတွင် ဒုက္ခသည် တစ်ထောင်ကျော် ခိုလှုံနေ
Posted by drmyochit
Friday, May 31, 2013, under ပြည်တွင်းသတင်းများ | No comments
လားရှိုးမြို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တစ်မြို့လုံးရှိ အစ္စလာမ်ဘာသာဝင် ဒုက္ခသည်များအား လားရှိုး မြို့ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် ခေတ္တခိုလှုံခွင့်ပြုထားရာ လူဦးရေ ၁,ဝဝဝ ကျော် ရှိပြီဖြစ်ကြောင်း ဒုက္ခသည်စခန်းဖွင့်ထားသည့် လားရှိုး အမှတ်(၈)ရပ်ကွက်က မန်ဆူကျောင်း (သီရိမင်္ဂလာ ရှမ်းကျောင်း) ဆရာတော်ဦးကောလိန္ဒက မိန့်ကြားသည်။
ဒုက္ခသည်စခန်းတွင် ငါးရက်သာထားမည်
ထိုဒုက္ခသည်များအား ဘုန်းကြီးကျောင်းတွင် ငါးရက်သာထားမည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရကယ်ဆယ်ရေး အဖွဲ့များထံ ပြန်လည်အပ်နှံသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။ ကျောင်းတိုက်ရှိ ဥပုသ်သည် ဇရပ်ငါးဆောင်တွင် လေးဆောင်အပြည့်ဒုက္ခသည်များ ရှိနေသည်။
လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက ''ဒုက္ခသည်တွေကတော့ မူဆလင်တွေပေါ့။ ကျွန်တော်တို့ဒီမနက်မှာ လုံခြုံရေးနဲ့ သူတို့ကို ဘုန်းကြီး ကျောင်းကို ခေါ်လာတာပါ'' ဟု ပြောသည်။
ယင်းကျောင်းတွင် မူဆလင်ဒုက္ခသည်ဦးရေ တစ်ထောင်ကျော်ရှိပြီး (၇) ရပ်ကွက်ရှိ စိတ္တသုခကျောင်းတွင် ၂၅ ဦးရှိပြီး ဒုက္ခသည်များ၏ စားသောက်ရေးအတွက် ဆရာတော်နှင့် ရပ်ကွက်မှ လှူဒါန်းထားသည်။ ပြန်ကြားရေး ဝန်ကြီးဌာနက မေလ ၃ဝ ရက် ညနေ ၄ နာရီက ထုတ်ပြန်သော စာရင်း များအရ ဘုန်းတော်ကြီးကျောင်းများ သို့ ရောက်ရှိနေသော ဒုက္ခသည်ဦးရေသည် မန်ဆူကျောင်းတွင် ၄၁၄ ဦးနှင့် စိတ္တသုခကျောင်းတွင် ၂၅ ဦး စုစုပေါင်း ၄၃၉ ဦးဖြစ်သည်။
ယခုကဲ့သို့ မူဆလလင်ဒုက္ခသည်များအား ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံခွင့်ပြု ရခြင်းနှင့်ပတ်သက်၍ လားရှိုးမြို့ ကျားဖြူပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ''အုပ်ချုပ်ရေးမှူးရုံးမှာ သတင်း (အစ္စလာမ်ဘာသာဝင်များက ဒုက္ခသည်စခန်းများ ဖွင့်ပေးစေလိုခြင်း) ရောက်လာတယ်။ အဲဒီ့ရပ်ကွက်က သူတို့အတွက် နည်းနည်းစိုးရိမ်ရတယ်လို့လေ''ဟုပြောသည်။
လုံခြုံရေးအပြည့် ချထား
ဒုက္ခသည်များ၏ လုံခြုံရေးအတွက် ကျောင်းတိုက်များတွင် ရဲတပ်ဖွဲ့အင်အား ၂ဝ၊ စစ်တပ်အင်အား ၂ဝ နှင့် သံဃာ ၁ဝ ပါး၊ သာသနာရေးဌာနမှ အရာရှိတစ်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိ တစ်ဦး လုံခြုံရေးယူပေးထားကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ ဦးဝေလင်း က ပြောသည်။
လားရှိုးမြို့ လုံခြုံရေးအတွက်လည်း မြို့အဝင်၊ အထွက်နေရာများနှင့် မြို့ထဲရှိ အချက်အချာကျသော နေရာများ တွင် လုံခြုံရေးများချထားသည်ဟု ဦးဝေလင်း က ဆိုသည်။ ယမန်နေ့ညနေကလည်း လုံခြုံရေးအင်အားအဖွဲ့ ငါးဖွဲ့ဖွဲ့ကာ ထပ်မံဖြည့်တင်းမှုပြုလုပ်ခဲ့သေးသည်။
လားရှိုးမြို့တွင် မေလ ၂၉ ရက်က အကြမ်းဖက်မှုတွင် ပါဝင်သောသူ ၃၅ ဦးအား လားရှိုးရဲစခန်းများတွင် ဖမ်းဆီးထားသည်။
အခြေအနေ တည်ငြိမ်နေ
မေလ ၃ဝ ရက်တွင် လားရှိုးမြို့တွင် အခြေအနေတည်ငြိမ်နေပြီဖြစ်သော်လည်း မြို့မဈေးနှင့် ဈေးဆိုင်တချို့ ပိတ်ထားဆဲ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းစံမင်းက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နှင့် မန္တလေးတိုင်း ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့မှ သံဃာများက ဒုက္ခသည်စခန်းများသို့ လာရောက်လေ့လာခဲ့သည်ဟုဆိုသည်။
မုန်းမြို့တွင်လည်း ပဋိပက္ခများဖြစ်အလားတူ ပဲခူးတိုင်းကျောက်ကြီးမြို့နယ် မုန်းမြို့အတွင်းရှိ သုံးတောကျေးရွာ တွင်လည်း မေလ ၂၉ ရက်ညနေက လူငယ်လေးဦး အရက်သောက်ပြီး ရန်ဖြစ်ရာမှ အစပြုကာ နှစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ သံဃာ ၁၅ ပါးခန့်ရောက်လာကာ ဗလီနှင့် အိမ်တစ်လုံး ပျက်စီးခဲ့သည်။
From: Mizzmia
ဝန်ကြီးဌာနများ၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ လက်ခံခြင်းများ အစား ပြည်တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်
Posted by drmyochit
Friday, May 31, 2013, under ပြည်တွင်းသတင်းများ | No comments
နေပြည်တော် မေ ၃၀
နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်း ခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ပမာဏ မြင့် မားစေ သည့် အပြင် ပြည်တွင်းသုံးကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကို လည်း လျော့ကျစေသည့် အ တွက် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သာသနာရေးဝန်ကြီးဌာနမှအပ
ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲ ပြောင်းခြင်း များ၌ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံ ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု ဝန်ကြီး ဌာနများ အား လုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့ အားလုံးသို့ ညွှန်ကြား ချက် ထုတ်ပြန် ထားကြောင်း သိရှိရသည်။
From: နိုင်ငံတော်သမ္မတရုံး
ကလေးမွေးနှုန်း ကန့်သတ်ချက် ရုတ်သိမ်းဖို့ ကုလတောင်းဆို
Posted by drmyochit
Friday, May 31, 2013, under သတင်းများ | No comments
အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောမြို့နယ်တွေမှာ တစ်အိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမယူရဆိုတဲ့ ညွှန်ကြားချက်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
ဒီကန့်သတ်ချက်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးပဋိဥာဉ်ပါ အခြေခံအခွင့်အရေးတွေကို ချိုးဖေါက်ရာရောက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရသူ မစ္စတာ Edurado Buey က ပြောပါတယ်။
ဘူးသီးတောင်-မောင်တောဒေသမှာ တချို့မွတ်စလင်တွဟာ ဇနီးတစ်ယောက်ထက်ပိုယူကြသလို သားသမီးတွေကိုလဲ အထိန်းအကွပ်မရှိ မွေးဖွားနေကြတဲ့အတွက် လူဦးရေထိန်းချုပ်ဖို့ ၁၉၉ဝ လွန် စစ်အစိုးရအုပ်ချုပ်စဉ်ကတည်းက ညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
RFA Burmese
အိန္ဒိယတောင်ပိုင်း အပူလှိုင်း လူ ၅၀၀ ကျော်သေ
Posted by drmyochit
Friday, May 31, 2013, under နိုင်ငံတကာသတင်းများ | No comments
အိန္ဒိယနိုင်ငံတွင်း အပူလှိုင်းဒဏ်ခံနေရတဲ့ပြည်သူများ
အိန္ဒိယနိုင်ငံတောင် ပိုင်းက Andhra Pradesh ပြည်နယ်မှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကြာသပတေးနေ့ အထိ သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ ဒေသအာဏာပိုင်တွေက အတည်ပြုပြော ကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံတဝှမ်းမှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ်ရေခန်းခြောက်မှုဖြစ်ပွါးတဲ့ လူနာတွေနဲ့ ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ အပူနာနဲ့အတူ အခြား ကူးစက်ရောဂါဖြစ်ပွါးမှုတွေ လည်းရှိနေတယ်လို့ ဒေသဆေးဝန်ထမ်းတွေက ပြောပါတယ်။
အပူချိန်ဟာ မကြုံဘူးအောင်တက်နေပြီး ၄၅ ဒီဂရီ Celsius အထက်မှာရှိသလို၊ ဖါရင်ဟိုက်နဲ့ ဆိုရင် ၁၁၃ ဒီဂရီ ဖါရင်ဟိုက်အထက်မှာ ရှိနေပါတယ်။ ဒီအပူလှိုင်းဟာ နိုင်ငံ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကိုပါ ဆက်ပြီး ရိုက်ခတ်ဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။
မုတ်သုန်မိုးဟာ မေလမှာ ဝင်လေ့ရှိပေမယ့် အခုထိ မိုးမရွာသေးတဲ့အတွက် အပူဒဏ်ကို အလူးအလဲခံနေကြရတာပါ။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့ ဆိုက်ကားသမားတွေ ရဲဝန်ထမ်းတွေ က အဆိုးဆုံးဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်မှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှုခံရတာ ဆယ်ရက်လောက်ရှိပြီဖြစ်ပြီး ကြာသပတေးနေ့အထိ အပူဒဏ်ကြောင့် သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ Andhra Pradesh ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မရှင်က ပြောပါတယ်။
အိန္ဒိယ နိုင်ငံမှာ အပူဆုံးလဟာ ဇွန်လဖြစ်ပြီး မုတ်သုန်မိုးမရွာသေးသမျှ အပူချိန်လည်း မကျပဲ အပူလှိုင်းဒဏ်ကို ဆက်ပြီး ခံကြရမှာ ဖြစ်ပါတယ်။
From: VOA
လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား
Posted by drmyochit
Friday, May 31, 2013, under ပြည်တွင်းသတင်းများ | No comments
ရန်ကုန် (မဇ္ဈိမ)။ ။ မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာ သူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့က လုံခြုံရေးယူထားသော တပ်မတော်သား တဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP ၊ ရဲအောင်သူ)
မေလ ၂၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက် မှုများတွင် လူအုပ်များက ဗလီတခု၊ မိဘမဲ့ ကလေးဂေဟာတခုနှင့် ဆိုင်အများအပြား ဖျက်ဆီး ခဲ့ကြသည်။
ထိုဖမ်း ဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီး ထိန်းသိမ်း မှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။
“တနေ့က၊ စဖြစ်တဲ့နေ့က ၂၀ ဖမ်းထားပါတယ်။ နောက်နေ့မှာတော့ ၁၅ ယောက် ဖမ်းဆီးထာပါတယ်” ဟု တာဝန်မှူး က မဇ္ဈိမကို ပြောသည်။
ယနေ့ အကြမ်းဖက်မှုများ ငြိမ်သက်နေပြီ ဖြစ်သော်လည်း မြို့အစွန်ရှိ ရပ်ကွက်များ၌ လူစုရုံးနေသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေကြောင်းလည်း ခရိုင်ရဲစခန်း တာဝန်မှူးက ဆိုသည်။
သို့သော် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ထို နှစ်ရက်တာအတွင်း လားရှိုးမြို့ပေါ် ဆူပူ ဖျက်ဆီးမှုများတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူ ၂၅ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။
“ဖမ်းဆီးထားသူ အားလုံးဟာ လားရှိုး မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကို လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန်အတွက် မနေ့က စပြီး မြို့ဝင် ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း” ဟု ဦးရဲထွဋ် က ရေးသားထားသည်။
ပဋိပက္ခကြောင့် ပိတ်ထားသော မြို့မဈေးနှင့် ဆိုင်ခန်းအချို့လည်း ပြန်ဖွင့်ပြီဖြစ်ကြောင်း လာရှိုးမြို့နေ ဒေသခံများ ထံမှ သိရသည်။
“ဒီနေ့ မြို့ ပေါ်မှာတော့ ဘာသံမှ မကြားဘူး။ မြို့မဈေးလည်း ပြန်ဖွင့်ပြီ။ လူစုလူဝေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြဘူး” ဟု လားရှိုးမြို့နေ ကိုနေဖြိုး က ပြောသည်။
ပဋိပက္ခကြောင့် နေအိမ် ဆုံးရှုံးခံရသူများအတွက် အမှတ် ၇ နှင့် အမှတ် ၈ ရပ်ကွက်တို့တွင် ဒုက္ခသည် စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ကိုနေဖြိုးက ပြောပြသည်။
ပုဒ်မ ၁၄၄ အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။
“နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်သူတွေ၊ ဘာသာရေး ခုတုံးလုပ်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရဲတွေ စစ်တပ်တွေကလည်း သူတို့အလုပ် သူတို့ တာဝန်ကြေအောင် လုပ်နေကြပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဖိုးအောင် က ပြောသည်။
အကြမ်းဖက်မှုများကြောင့် ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ မော်တော်ဆိုင်ကယ် ၁၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒု-ဝန်ကြီး ဦးရဲထွဋ် ၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။
From: Mizzmia
လားရှိုးမှ မီးရှို့ခံရသည့် အမျိုးသမီး ကျန်းမာရေး စိုးရိမ်စရာမရှိ
Posted by drmyochit
Friday, May 31, 2013, under ပြည်တွင်းသတင်းများ | No comments
လားရှိုး ပဋိပက္ခကို စတင်ဖြစ်ပွားစေခဲ့သော ဓာတ်ဆီလောင်း မီးရှို့ခံရသည့် မှုခင်းဖြစ်စဉ်တွင် မီးရှို့ ခံခဲ့ ရသည့် အသက် ၂၄ နှစ်အရွယ် မအေးအေးဝင်းမှာ လားရှိုးခရိုင်ပြည်သူ့ ဆေးရုံတွင် ကျန်းမာရေး ကောင်းမွန် လျက် ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း သတင်းရရှိသည်။
ကျိုင်းတုံမြို့မှ လာရောက်သည့် ကိုနေ၀င်းဆိုသူက မအေးအေးဝင်းကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပြီးနောက် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားပြီး တဦးသေဆုံး၍ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လားရှိုး မြို့ပေါ်ရှိ ဗလီ၊ နေအိမ်နှင့် ဆိုင်ခန်းများ အပါအ၀င် အဆောက်အအုံ၊ ကား၊ ဆိုင်ကယ်များ မီးရှို့ဖျက်ဆီး ခံခဲ့ ရကြောင်း၊ သတင်းဌာနတချို့နှင့် အင်တာနက်လူမှု ကွန်ရက် facebook စာမျက်နှာများတွင် မအေးအေး ၀င်း သေဆုံးပြီ၊ ကျန်းမာရေး အလွန်ဆိုးရွားနေပြီ ဆိုသော သတင်းများ ရေးသားဖော်ပြလျှက် ရှိသော်လည်း လက် ရှိတွင် လူနာ မအေးအေးဝင်းမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း လားရှိုးခရိုင် ပြည်သူ့ဆေး ရုံအုပ်ကြီး ဒေါက်တာဒီပါတ်က ဧရာဝတီသို့ ပြောသည်။
“လူနာက စိုးရိမ်ရတဲ့ အနေအထားမှာ မရှိဘူး။ ကျန်းမာရေး ကောင်းနေတယ်။ ဆီးကောင်းကောင်း သွား တယ်။ ဆီး ကောင်းတယ် ဆိုတာက သူ့ရဲ့ ကျန်းမာရေးပဲ။ မီးလောင် ဒဏ်ရာတွေရဲ့ သဘာဝက ရေဓာတ် ဆုံးရှုံး တာ၊ ရေဓာတ်ကို ကျနော်တို့ က ဖြည့်ပေးနေရတာ။ ဒီမနက် ဆီး ၁၂၀၀ စီစီလောက် ကောင်းကောင်း သွား တယ်ဆိုတော့ လူနာရဲ့ အနေအထား ကောင်းတယ်လို့ ပြောလို့ ရတယ်။ အဖျားဝင်တာ မရှိဘူး။ အရည်မျိုလို့ ရတယ်” ဟု ဒေါက်တာ ဒီပါတ်က ဧရာဝတီကို ပြောသည်။
မအေးအေးဝင်း၏ မိသားစုဝင်များက မအေးအေးဝင်း၏ ကျန်းမာရေး တိုးတက်မှုရှိပြီး အနည်းငယ် သက်သာစ ပြုလာပြီဟု ဧရာဝတီသို့ ပြောဆိုကြသည်။
“သူ စကားမပြောနိုင်ဘူး။ အစာ မစားနိုင်ဘူး။ အရည်တိုက်လို့ ရပေမယ့် တခါတလေ ပြန်အန်တယ်။ အော်ပရေးရှင်း ၀င်ပြီးကာစ အခြေအနေနဲ့ စာရင်တော့ အခုနည်းနည်း သက်သာလာတယ်လို့ ထင်ပါတယ်” ဟု မိသားစုဝင် တဦးက ဆိုသည်။
လားရှိုးမြို့တွင် မေ ၂၈ ရက်နေ့ ကျိုင်းတုံမြို့နယ်မှ ရောက်ရှိလာသော အသက် ၄၀ အရွယ် ကိုနေ၀င်းဆိုသူက အသက် ၂၄ နှစ်အရွယ် မအေးအေးဝင်းကို ဓာတ်ဆီနှင့်ပက်ပြီး မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့မှုကြောင့် ဗလီ၊ နေအိမ်များ မီးရှို့ခြင်း၊ ဘာသာခြား အုပ်စုနှစ်ခုအကြား တိုက်ခိုက်မှုများဖြစ်ပွားပြီး ပဋိပက္ခစတင်ခဲ့ကြောင်း၊ ပဋိပက္ခကြောင့် ယနေ့အချိန်အထိ လူတဦး သေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိထားပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ မွတ်စလင်များ ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းများ၊ ဗလီအဆောက်အအုံများ ဈေးဆိုင်များ မီးရှို့ဖျက်ဆီးခံခဲ့ရရာ လူနေအိမ် ၈ လုံး၊ ဆိုင်ခန်း ၁၇ ခန်း၊ ဗလီ ၁ လုံး၊ ဘာသာရေး ကျောင်း ၃ ကျောင်း၊ ကား ၃ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း လားရှိုးခရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
From:ဧရာဝတီ
Thursday, May 30, 2013
နံရံတွင် သမ္မတပုံ ဆွဲသူ ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ
Posted by drmyochit
Thursday, May 30, 2013, under ပြည်တွင်းသတင်းများ | No comments
သမ္မ တဦးသိန်းစိန်ရဲ့ ပုံကို နံရံမှာ ဂရပ်ဗတီ ပန်းချီ ရေးဆွဲခဲ့တဲ့ ကိုအာကာကျော် ဒဏ်ငွေ ၁ သိန်း ပေးဆောင် လိုက်ရပါတယ်။
သမ်မတ ဦးသိန်းစိန်ရဲ့ပုံကို ချော်တွင်းကုန်း မီးပွိုင့်အနီးက အုတ်နံရံမှာ ဂရပ်ဗတီ လို့ အမည်တွင်တဲ့ နံရံပေါ်ပန်း ချီရေး ဆွဲခဲ့တဲ့ ကိုအာကာကျော်ကို လှိုင်မြို့နယ် စည်ပင် တရားရုံးက ဒီကနေ့ဒဏ်ငွေ ၁ သိန်း ချမှတ် လိုက်ပါတယ်။
ခြံ နံရံ ပိုင်ရှင်က ဘာမှ မပြောပေမယ့် စည်ပင်သာယာက အရေးယူခဲ့တာ ဖြစ်တဲ့အတွက် နောက် အဲဒီလိုနေ ရာတွေမှာ မေရးဆွဲတော့ဘူးလို့ ကိုအာကာကျော်က ပြောပါတယ်၊
Photo_ Arker Kyaw Facebook
“သမ္မတမွေးနေ့တုန်းက ချော်တွင်းကုန်း မီးပွိုင့်နားမှာဆွဲတာ။ ဆိုဒ်တော့ မခန့်မှန်းတတ်ဘူး။ နည်းနည်းကြီး တယ်၊ ပုဂ္ဂလိက နံရံမှာ ဆွဲတယ်။ အဲဒီ အိမ်ကလည်း ဘာမှမ ပြောပါဘူး။ စည်ပင်က ထုတ်ထားတဲ့ ဥပဒေ အရက ပြည်သူပိုင် နံရံတွေမှာ ဆွဲရင် ပြည်သူတွေ အမြင်ဆိုးစေတာ ဆွဲရင် ဥပေဒ အရ အရေးယူ မယ်တဲ့။ အဲလိုနေရာတွေမှာ ကျနော်မ ဆွဲတော့ဘူး။ နံရံရှိတဲ့ ခြံထဲတို့မှာတော့ ဆွဲခွင့်ရှိတယ်။ အရင် ဖျက်ဆီးခံရတာ အ ကြောင်း အမျိုး မျိုးနဲ့ ပေါ့။ ဒါပေမယ့် အင်တာနက်မှာ ပုံက တက်သွားပြီး ပေါက်သွားတော့ စိတ်သက် သာရာ ရပါတယ်။ ရှေ့ဆက်လုပ်နေ တာလည်း ရှိပါတယ်။ ကျနော် ပုံတွေလည်း ဆွဲမယ်။ Solo Show လုပ်ဖို့လည်း ကြိုးစားနေတယ်။ ပန်းချီပြပွဲ လုပ်ဖို့လည်း စီစဉ်နေပါတယ်။ ပန်းချီကား ငယ်ငယ် ကတည်းက ရေးပါတယ်။”
ကိုအာကာကျော်က လွန်ခဲ့တဲ့လပိုင်းက အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို လာရောက်စဉ်က အိုဘားမားပုံ ဂရပ်ဗတီကိုလည်း ရေးဆွဲခဲ့ ပါသေးတယ်။
ရေးဆွဲပြီး နာရီပိုင်းအတွင်းမှာ ဖျက်ဆီး ခံလိုက် ရပေမယ့် အင်တာနက် စာမျက်နှာ တွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ကိုအာကာကျော်ဟာ လူသိများလာခဲ့ပါတယ်။
ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ အခမ်း အနားကို တက်ရောက်ဖို့ ကို အာကာကျော် ကိုလည်း ရန်ကုန် အမေရိကန် သံရုံး ကနေ ဖိတ်စာနဲ့တကွ ဖိတ်ခဲ့ ဖူးပါတယ်။
IDM မလိုဘဲ Youtube က Video တွေ အလွယ်ဒေါင်းနည်း (For Firefox)
Posted by drmyochit
Thursday, May 30, 2013, under နည်းပညာ | No comments
Youtube က နေ ဗီဒီယိုတွေကို အလွယ်ဒေါင်းချင်လို့ပါ IDM မသုံးဘဲဒေါင်းရနည်းလေး
ပြောပေးပါ ဆိုလို့ ကျွန်တော်လည်း အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခု
တင်ပေး လိုက်တယ် ထွေထွေထူးထူးမဟုတ်ပါဘူး firefox addon တစ်ခုသုံးပြီး
ဒေါင်းတာ ပါ မခဲယဉ်းပါ ကဲစလိုက်ကြစို့ဘော်ဒါတို့ရေ
ဒါဆိုရင် အောက်ပုံလေးအတိုင်း ပေါ်လာရင် Add to Firefox ဆိုတာကိုနှိပ်လိုက်ပါ
Add-on ဆိုလို့ မကြောက်ကြပါနဲ့ User 1,215,098 လောက်ရှိပြီး
4Star ရထားတာပါ... ကျွန်တော်ဆို ဒါပဲသုံးတယ်
အဲဒါဆိုရင် firefox မှာ add on လေးက ဒေါင်းလုတ်လုပ်နေပါလိမ့်မယ်
သတိ-ဒေါင်းနေစဉ်အတွင်း ဘာမှ မလုပ်ပဲ ငြိမ်နေပါ... ခဏလေးပဲကြာမှာပါ
ဒေါင်းလို့ အစိမ်းတန်းလေးပြည့်သွားရင် သူ့အလိုလိုအောက်ကပုံစံမျိုး တက်လာမှာပါ
အဲဒီအခါကျရင် Flash Video downloader ဆိုတာလေးကို တစ်ချက်နှိပ်ပါ ပြီးတော့
Install Now ဆိုတာလေးကိုနှိပ်ပေးပါ
ဒါဆိုရင် Firefox ကို restart လုပ်ဖို့တောင်းပါမယ်
restart ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ
ပြီးတော့ Youtube ကနေ ဗီဒီယိုတစ်ခုကို ဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်းပဲ
ဗီဒီယိုရဲ့ အောက်မှာ အပြာရောင်လေးနဲ့ Download ဆိုတာကိုနှိပ်လိုက်ပါ
အဲဒီမှာ Down ဖို format မျိုးစုံကျလာပါလိမ့်မယ်
ကိုကြိုက်တဲ့ format တစ်ခုခုကိုနှိပ်ပေးလိုက်ရင် ဒေါင်းလုတ်
လုပ်ငန်း စပါလိမ့်မယ်။။
အားလုံး လုပ်တတ်ကြမယ်ထင်ပါတယ် လွယ်ကူစွာပဲဒေါင်းနိုင်မှာပါ
တကယ်တော့ မသိရင်ခတ်တာပါ သိသွားရင် လွယ်ကူပါတယ်
မှတ်ချက် - firefox Browser အရမ်းနိမ့်လျှင် Add-on က အလုပ်မလုပ်ပါ
Time in Rangoon

















