Thursday, June 06, 2013

မြန်မာ နယ်စပ် အနီးတွင် နယ်ခြားစောင့် တပ်ချရန် မြေသိမ်း၍ လူနည်းစုများ ဆန္ဒပြ

Posted by drmyochit Thursday, June 06, 2013, under | No comments


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ကျေးရွာ (၃) ရွာမှ ရွာသားများသည် သူတို့ပိုင် မြေများအား နယ်ခြားစောင့်တပ်ချရန် သိမ်းယူသွားသဖြင့် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။

ဒေသခံ မာရမာ အမျိုသမီးများ ရိုးရာပွဲတော် တစ်ခုတွင် ကပြနေကြစဉ်။

ဆန္ဒဖေါ်ထုတ်ပွဲကို ဘင်ဒရိုဘင် (ရွာတော်) ခရိုင် အပိုင် ရုံမော်မြို့တွင် ကျေးရွာ (၃) ရွာမှ ရခိုင် မျိုးနွယ်စုဝင် မာရမာ ရွာသားများက တစ်ယောက်နှင့် တစ်ယောက် လက်ချင်းချက်ကာ ပြုလုပ်ခဲ့ကြသည်။ သူတို့ထံမှ ဘီဂျီဘီ နယ်ခြား စောင့် တပ်ချရန် သိမ်းယူရန် စီစဉ်နေသည့်  မြေ (၂၅) ဧကကို စာရင်းထဲမှ ပယ်ဖျက်ပေးရန် တောင်းဆို ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ မြေဧက (၂၅) ဧကမှာ ပိန်းဒူ မိုဇာ ( Paindu mouza) နှင့် ပိုလီ မိုဇာ ( Poli mouza) တို့မှ မြေများ ဖြစ်ကြပြီး မိုဇာဆိုသော ဝေါဟာရမှာ ဒေသ အခေါ် မြေဧရိယာ အကျယ်အ၀န်းကို ပြောဆိုခြင်း ဖြစ်သည်။ ၎င်းမြေများသည် ဒေသခံများက ကိုယ်အားကိုယ်ကိုးပြီး ခုတ်ထွင်ရှင်းလင်း လုပ်ကိုင် စားသောက်နေကြသော မြေများ ဖြစ်ကြသည်ဟု ရွာသားများက ဆိုသည်။

ဆန္ဒ ဖေါ်ထုတ်ကြသူများ အနေဖြင့် ဘင်္ဂလာဒေခ်ျ့ အစိုးရအား အဆိုပါ သိမ်းယူမည့် မြေပေါ်တွင်  မာရမာ လူမျိုး ၅၀၀ ခန့် နေထိုင်ကြသဖြင့် ကင်းလွှတ်ခွင့်ပြု တောင်းဆိုခဲ့ကြသည်။

၎င်းပြင် ဆန္ဒပြသူများသည် အသံချဲ့စက်ကို အသုံးပြုပြီး သူတို့ပိုင် မြေပေါ်တွင် နယ်ခြားစောင့်တပ် ချလိုက်ခြင်း အားဖြင့် ဒေသခံများမှာ မြေမဲ့ ယာမဲ့ဘ၀သို့ ကျရောက်သွားကြရတော့မည် ဖြစ်သဖြင့် မြေများကို မသိမ်းယူကြရန် ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

ဆန္ဒ ဖေါ်ထုတ်ကြသူများ အထဲမှ ခေါင်းပချေ (မာရမာ)၊ မောင်ပု (မာရမာ)၊ မင်းအောင်ဖြူ (မာရမာ)၊ ကျန်သာအောင် (မာရမာ)တို့ မှ မိန်းခွန်းများ ပြောကြားခဲ့သည်ဟု သိရသည်။

ဆန္ဒဖေါ်ထုတ်ပွဲ အပြီးတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ထံသို့ စာတစ်စောင်အားလည်း ရုံမော်မြို့ အာဏာပိုင် မူဟာမတ် မာရုဖာ ရော်ချစ်ထံမှ တဆင့် ပေးပို့ခဲ့ကြောင်း ဆိုသည်။

ဘင်ဒရိုင်ဘင် ခရိုင် နယ်ခြားစောင့်တပ် ဘီဂျီဘီ အကြီးအကဲ ချာဖိ အာဆန်က အဆိုပါ မြေပေါ်တွင် နယ်ခြားစောင့် တပ်ရင်း တစ်ရင်း ချရန် စီစဉ်နေခြင်းမှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း အဆိုပါ မြေပေါ်တွင် လူများ နေထိုင်ခြင်း မရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွင် ရန်ဂါမတီ၊ ခါကာဆိုရီနှင့် ဘင်ဒရိုဘင်ဟု ခရိုင် (၃) ခု ရှိပြီး အဆိုပါ ခရိုင်များတွင် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော သက်၊ မာရမာ၊ ဒိုင်းနက်၊ မြို လူမျိုးတို့ အဓိက နေထိုင်ကြသည်ဟု သိရသည်။

From: နိရဉ္စရာ

တဖက်သတ်ကြိုက်နေသူမှ ခင်ပွန်းလောင်းအားဒါးနှင့်ထိုး၍သေဆုံး

Posted by drmyochit Thursday, June 06, 2013, under | No comments



၅.၆.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ကော့မှူးမြို့နယ်၊
စက်ကုန်းရွာနေ မ------ သည် ခင်ပွန်းလောင်း ဖြစ်သူနိုင်လင်းနှင့်
နေအိမ်၌ အိပ်နေစဉ်နိုင်လင်း၏အော် သံကြား၍ ဓါတ်မီးနှင့် ထိုးကြည့်ရာ ၎င်းအား တစ်ဖက် သတ်ကြိုက်နေသူ ထွန်းထွန်း၊ ဓနုတ်ကျေးရွာ၊ ဒလမြို့နယ်နေသူမှာ နေအိမ်ပြူတင်းပေါက်မှ ခုန်ဆင်းပြေးသွားသည်ကိုတွေ့မြင်ခဲ့ရပြီး ခင်ပွန်းလောင်းနိုင်လင်း၏ရင်ညွန့်တွင်ထိုးသွင်း ဒဏ်ရာ များရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးသွား၍ အရေးယူပေးရန်တိုင်တန်းခဲ့ရာ ကော့မှူးမြို့မ ရဲစခန်းမှ (ပ)၁၀၄/၂၀၁၃ ၊ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားရှိပြီး တရားခံထွန်းထွန်းအား ဖမ်းဆီးရမိရေး အဖွဲ့များခွဲ၍ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

NLD ကို ရှုံ့ချဖို့အချိန်တန်ပြီလား

Posted by drmyochit Thursday, June 06, 2013, under | No comments


အငြင်းပွားစရာ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ မေးခွန်း ထုတ်ခံရ သူတွေကြားမှာ ဆန့်ကျင်ဖက် အဖြေနှစ် ခုထွက်ပေါ် လာမှာ သေချာပါတယ်။ မေးခွန်းကတိုတိုလေးဆိုပေမယ့် မေးခွန်းမှာပါတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ် အတိမ် အနက်ကို သေချာနားလည်သဘောပေါက်အောင် မကြိုးစားပဲ လက်ရှိမြင်နေ၊ကြားနေ ရတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး ချက်ချင်းအဖြေပေးကြမယ် ထင်ပါတယ်။ အဓိက ပြောချင်တာက ရှုံ့ချ တာနဲ့ ဝေဖန်တာ မတူဘူးဆိုတဲ့အချက်ပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီတွေ သားဖွားနှုန်းကန့်သတ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်မှုကြောင့် လူမှု ဆက်သွယ်ရေး ကွန်ယက် စာမျက်နှာတွေမှာ မြန်မာပြည်သူတွေကြား ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။ ဝေဖန် မှုတွေ ဆက်တိုက်ထွက်ပေါ်လာပြီး အဲဒီဝေဖန်မှုတွေကို ဆန့်ကျင်ကန့်ကွက်မှုတွေလည်း တပြိုင်နက် ထွက်ပေါ်လာ ခဲ့ပါတယ်။ ဝေဖန်မှုတွေကနေ တဆင့်တက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်ကို ဆန့်ကျင်ဆန္ဒပြဖို့အထိ နှိုးဆော်မှုတွေဖြစ်လာတော့ ၀ံသာနုအနေနဲ့ ဆန့်ကျင် ရှုံ့ချသင့်တယ်လို့ ယူဆနေတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေအပေါ် မေးခွန်းထုတ်လိုတဲ့ဆန္ဒ ရှိလာ ခဲ့ပါတယ်။

ပထမဦးဆုံးမေးချင်တဲ့ မေးခွန်းတစ်ခုကတော့ NLD ဟာ တရားမ၀င်ဘင်္ဂလီတွေအဆမတန်မွေးဖွားနှုန်း မြင့် တက်နေ မှုနဲ့ ပတ်သက်ပြီး တစ်စုံတရာ တာဝန်ရှိပါသလား။ ဘင်္ဂလီတွေကို မွေးဖွားနှုန်းကန့်သတ်ဖို့ ယခင်စစ် အစိုးရ လက်ထက်ကတည်းက ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ၀န်ထမ်းတွေ အတွက် စားပေါက်ဖန်တီးပေးရုံကလွဲပြီး ဘာမှထိရောက်မှုမရှိခဲ့ပါဘူး။ ပိုက်ဆံပေးရင် ကြိုက် သလောက်မွေး လို့ရနေတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ဘင်္ဂလီဦးရေ ကြောက်ခမန်းလိလိ တိုးပွား လာခြင်း ဟာ ခုမှ လွှတ်တော်ထဲမှာ အမတ်နေရာလေးဆယ်ကျော်လေး ရထားတာ သိပ်မကြာသေးတဲ့ NLD မှာ တာဝန်ရှိပါသလား။ အရင်စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာသူတွေမှာ တာဝန်ရှိ ပါသလား။ တရားခံဘယ်သူဖြစ်မယ် ထင်ပါသလဲ။ ဖြေကြည့်ပါ။

နောက်တစ်ချက် စဉ်းစားစရာရှိနေတာက ခလေးနှစ်ယောက်ထက် ပိုမယူရဆိုတဲ့ ကန့်သတ်ချက်အပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်မှုပါ။ သူမရဲ့ဝေဖန်မှုကြောင့် နိုင်ငံတကာ မီဒီယာတွေမှာ မီးမောင်းထိုးပြစရာဖြစ်လာပြီးတော့ အမေရိကန်နဲ့ Human Right Watch လို အဖွဲ့တွေရဲ့ ဆန့်ကျင်ရှုံ့ချမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ သူမရဲ့ဝေဖန်မှုဟာ ရည်ရွယ်ချက်ရှိရှိ ပြစ်တင်ဝေဖန်မှုမျိုး မဟုတ်ပဲ သတင်းထောက်တစ်ယောက်က ရုတ်တရက်မေးခွန်းထုတ်တာကို ပြန်ဖြေကြားခဲ့ခြင်းလောက်ပဲ ဖြစ်တယ်ဆိုတာကို အင်တာဗျူးရုပ်သံ ကြည့်ဖူးသူတွေ တွေ့မြင်ကြပြီး ဖြစ်ပါလိမ့်မယ်။ ၀ံသာနုရဲ့အမြင်ကို ပြောရရင် သူမစကားရဲ့ ရိုက်ခတ်မှုဟာ နိုင်ငံတကာထိရောက်သွားပေမယ့် သူမဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စအပေါ် ရည်ရွယ်ချက်ရှိရှိဖိအားပေးဖို့ အစီအစဉ်ရှိပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အင်တာဗျူးအဖြေကို သဘောမကျတဲ့အတွက် ၀ံသာနုအနေနဲ့ တုန့်ပြန်ဝေဖန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အနေနဲ့ ဒီကိစ္စအပေါ်မှာ ဆန့်ကျင်စွက်ဖက်ဖို့ မကြိုးစားမချင်း ၀ံသာနုဖက်က ဆန့်ကျင်ရှုံ့ချပြစ်တင်ဖို့အထိ လုပ်ဆောင်ဖို့ အစီအစဉ်မရှိပါဘူး။ အဲဒီတော့ခါ ခုချိန်မှာ NLDကို ဆန့်ကျင်ရှုံ့ချရမယ်လို့ ယူဆထားသူတွေအနေနဲ့ မလိုအပ်ပဲအချိန်မဖြုန်းကြဖို့ မေတ္တာရပ်ခံပါရစေ။ ထပ်ပြောပါမယ်။ ဝေဖန်တာနဲ့ ဆန့်ကျင်ရှုံ့ချတာ လုံးဝမတူပါဘူး။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ၁၉၈၂မြန်မာနိုင်ငံသားဥပဒေကိုသာ ပြင်ဖြစ်မယ်ဆိုရင် ဘင်္ဂလီတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိလိမ့်မယ်လို့ VOA အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။ အဲဒီအင်တာဗျူးမှာပဲ ဘင်္ဂလီတွေကို တိုင်းရင်းသား၊ နိုင်ငံသားအဖြစ် NLD ကအသိအမှတ် မပြုရသေးတဲ့အကြောင်းနဲ့ ဘင်္ဂလီတွေခေါ်ခံချင်တဲ့ ရိုဟင်ဂျာနာမည်ဟာ မြန်မာ့သမိုင်းမှာတစ်ခါမှ မရှိခဲ့တဲ့အတွက် ဘယ်တော့မှခေါ်မှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောသွားခဲ့ပါတယ်။ ဒီကိစ္စဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးအဖြေလိုပဲ ထပ်ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့ပါတယ်။ ဒီကိစ္စကြောင့် NLD ကို ဆန့်ကျင်ရှုံ့ချရမယ်လို့ ယူဆနေသူများအတွက် ဦးဥာဏ်ဝင်းရဲ့ အဖြေကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ရအောင်ပါ။ ဦးဥာဏ်ဝင်းက NLD အနေနဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဖို့ကြိုးစားမယ်လို့ မပြောခဲ့ပါဘူး။ ခုခေတ် လွှတ်တော်မှာ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ကြိုးစားတာဟာ ဘယ်လောက်ထိခက်ခဲမလဲဆိုတာ လူတော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် NLD လိုအမတ်နေရာလက်တစ်ဆုပ်စာပဲ ရှိသေးတဲ့ ပါတီမျိုးက ပြင်ဖို့ကြိုးစားမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ NLD ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒီဥပဒေကို ပြင်ဆင်ဖို့ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ပါဘူး။ သူတို့အတွက် အသက်တမျှအရေးကြီးတဲ့တခြားဥပဒေတွေကိုပဲ ပြင်ဆင်ဖို့ကြိုးစားမှာပါ။ နောက်တစ်ချက်ပြောချင်တာက ဒီ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ကြိုးစားတဲ့ ပါတီ ဘယ်ပါတီပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးမှာ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူဖြစ်သွားပါလိမ့်မယ်။ NLD အနေနဲ့ အဲဒီလောက်မိုက်မဲလိမ့်မယ်လို့ ၀ံသာနုအနေနဲ့ လုံးဝမထင်ပါဘူး။ ဘင်္ဂလီတွေရဲ့ ရိုဟင်ဂျာနာမည်နဲ့ပတ်သက်ပြီး NLDရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ သူတို့ကို ဥပဒေပြင်ပြီးမှသာ နိုင်ငံသားပေးဖို့ ဆန္ဒရှိလိမ့်မယ်ဆိုတာက ဒီအရေးနဲ့ပတ်သက်ပြီးNLDအပေါ်ကျရောက်နေတဲ့ နိုင်ငံတကာဖိအားကို လျှော့ပါးဖို့ သံတမန်ဆန်ဆန် ပြောဆိုသွားတာပါ။

ဒုတိယမြောက်မေးခွန်းကတော့ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး NLD ရဲ့ရပ်တည်ချက်ဟာ အားရစရာမကောင်းဘူး ဆိုသူများအတွက် ဖြစ်ပါတယ်။ မှန်ပါတယ်။ ၀ံသာနုအနေနဲ့လည်း အားရစရာကောင်းတယ်လို့ လုံးဝမမြင်ပါဘူး။ အဲဒီတော့ဆန့်ကျင်ဖက်အုပ်စုကို လေ့လာကြည့်ရအောင်ပါ။ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ရပ်တည်ချက်ကရော NLD ထက် ဘယ်လောက်များ ပိုသာနေသလဲ။ အာဏာရအစိုးရဖြစ်တဲ့အတွက် ရပ်တည်ချက်တင်မကပဲ လုပ်ဆောင်ချက်တွေအပေါ်မှာပါ ဝေဖန်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ အဲဒီရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်နှစ်ခုစလုံးဟာ အမျိုးသားရေးဝါဒီတွေအပါအ၀င် မြန်မာပြည်သူတစ်ရပ်လုံးအတွက် ကျေနပ်အားရစရာ အနေအထားမှာ ရှိနေပါသလား။ ဒီမေးခွန်းကို အောက်မှာ ရေးထားတာတွေကို ဆက်မဖတ်ခင် ကိုယ့်ဘာသာဖြေကြည့်ပါ။

လွှတ်တော်မှာ နေရာအများစုကို လက်ဝါးကြီးအုပ်ထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီကို ဖိအားကောင်းကောင်းပေးနိုင်တဲ့ အတိုက်အခံပါတီ လွှတ်တော်မှာ မရှိသေးပါဘူး။ ဆန္ဒရှိသလောက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့အနေအထားမှာ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ဘင်္ဂလီတွေကို ပြည်သူတွေကျေနပ်လောက်အောင် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခဲ့ပါလား။ ၀ံသာနုရဲ့အမြင်ကို ပြောရရင်တော့ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ စုတ်ပြတ်သတ်လောက်အောင်စိတ်ပျက်စရာကောင်းနေပါတယ်။ ပြတ်ပြတ်သားသား လုံးဝမရှိပဲ တချိန်ကလူသိရှင်ကြားပြောခဲ့တဲ့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာထားပြီး တတိယနိုင်ငံတွေကိုပို့မယ်ဆိုတဲ့ စကားဟာ လူတွေရုတ်ရုတ်သဲသဲထောက်ခံပြီး မကြာခင်မှာပဲ ထပ်ပြောတဲ့ ခိုးဝင်လာတဲ့လူမရှိပါဘူးဆိုတဲ့စကားအောက်မှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီလောက်ထိ အဓိကရုဏ်းတွေ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ကြားထဲမှာတောင် မကြာခဏဖမ်းမိနေတဲ့ ဘင်္ဂလီတွေရဲ့သတင်းကို ကြည့်ရင် ဆယ်စုနှစ်ပေါင်းများစွာအကျင့်ပျက်ခြစားတဲ့အုပ်ချုပ်ရေးစနစ်အောက်မှာ မြန်မာနိုင်ငံထဲ နည်းလမ်းအမျိုးမျိုးနဲ့ အလွယ်တကူခိုးဝင်ခဲ့တဲ့ ဘင်္ဂလီတွေ ဘယ်လောက်တောင်ရှိနိုင်မလဲ။ ခု ပြည်မမှာဖြစ်သွားတဲ့ အဓိကရုဏ်းတွေဟာ မြန်မာပြည်ထဲရောက်နေပြီး မြန်မာ့လူနေမှုစရိုက်နဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့ ဘင်္ဂလီမျိုးဆက်တွေနဲ့ တစ်ဖက်က လူမျိုးရေးဝါဒီတွေ ထိပ်တိုက်တွေ့တဲ့ပွဲလို့ ယေဘုယျသုံးသပ်ရင် ရပါတယ်။ ဘိုးစဉ်ဘောင်ဆက် မြန်မာ့လူနေမှုစနစ်မှာ ပျော်ဝင်ပြီးသား မူဆလင်တွေလိုမျိုး မဟုတ်တဲ့အတွက် ကွဲပြားရာကနေ အပြန်အလှန်ခွဲခြား၊ အပြန်အလှန်ခွဲခြားရာကနေထိပ်တိုက်ရင်ဆိုင်မှုတွေ ပေါ်ပေါက်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ အဓိကရုဏ်းတွေကို နိုင်နိုင်နင်းနင်း မကိုင်တွယ် မထိန်းသိမ်းနိုင်တဲ့အတွက် ကြားထဲမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မြန်မာတွေလည်း အများကြီးပါ။

နောက်တစ်ချက်က နယ်စပ်လုံခြုံရေးပါ။ တဖက်နိုင်ငံမှာ အခြေစိုက်နေတဲ့ အကြမ်းဖက်သမားတွေက မြန်မာ့အချုပ်အခြာ အာဏာပိုင်နယ်နိမိတ်ထဲ ကျူးကျော်ဝင်ရောက်ပြီး ပြည်သူတွေတင်မက တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ကိုပါ ပြန်ပေးဆွဲသတ်ဖြတ်တဲ့အထိ အတင့်ရဲနေတဲ့အပေါ် အာဏာရအစိုးရရဲ့ တုန့်ပြန်မှုက အားရစရာတစ်ကွက်မှမရှိခဲ့ပါဘူး။ ခုထိလည်း လျော့ရဲနေဆဲပါ။ တပ်မတော်ကို ကျောထောက်နောက်ခံပြုထားတဲ့ တစ်ခုတည်းသော အာဏာရပါတီအနေနဲ့ လုံခြုံရေးကဏ္ဍမှာ ဒီထက်မကစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ နောက်ပြီး နိုင်ငံခြားတိုင်းပြည်တွေကို သြဇာသက်ရောက်မှု မရှိတဲ့အချက်ကြောင့် တချို့တိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ခြင်း လုံးဝမရှိတာကို တွေ့မြင်နေရပါတယ်။ အဲဒီကိစ္စရပ်တွေအတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အာဏာရအစိုးရမှာ တာဝန်အပြည့်အ၀ရှိနေပါတယ်။ ဒါပေမယ့် ခုချိန်ထိ သမ္မတဦးသိန်းစိန်ကို ဆန့်ကျင်ရှုံ့ချဖို့ အမျိုးသားရေးလှုပ်ရှားသူများ စဉ်းစားဖူးပါသလား။ မစဉ်းစားဖူးဘူးဆိုရင် NLD ကိုဆန့်ကျင်ရှုံ့ချ ဆန္ဒပြမယ့် အစီအစဉ်ကို မေ့ပစ်လိုက်ပါလို့ အကြံပေးပါရစေ။

တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ဦးကို ထောက်ခံဖို့ဆန္ဒပြခြင်းနဲ့ တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဆန့်ကျင်ရှုံ့ချဖို့ ဆန္ဒပြခြင်းဟာ ရလာဒ်က တော်တော်လေးကို ကွဲပြားပါတယ်။ အမျိုးသားရေးလှုပ်ရှားသူမှန်ရင် လူထုအားနဲ့ နိုင်ငံရေးလောကထဲက အဖွဲ့အစည်းတွေကို ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ထိန်းကျောင်းတတ်ရပါမယ်။ အဲလိုထိန်းကျောင်းတဲ့နေရာမှာ ပါတီစွဲ၊ပုဂ္ဂိုလ်စွဲထားလို့ မဖြစ်ပါဘူး။ နောက်ပြီးတော့ စိတ်ခံစားချက်ဦးစားပေးပြီး တစ်ဖက်တည်းကိုပဲ လိုအပ်တာထက် ပိုပြီးဖိအားပေးမယ်ဆိုရင် နောက်တစ်ဖက်ကို ထိန်းဖို့မလွယ်ဖြစ်သွားတတ်ပါတယ်။ ခု NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ရှုံ့ချဆန္ဒပြခြင်းဟာ သူတို့ကို အမျိုးသားရေးလမ်းကြောင်းပေါ်ကနေ ဒီထက်ပိုပြီး သွေဖည်သွားအောင် တွန်းပို့လိုက်သလို ဖြစ်သွားစေပါလိမ့်မယ်။ အဲဒါကြောင့် ဘင်္ဂလီသားဖွားနှုန်းကန့်သတ်ချက်ကို ထောက်ခံကြောင်း ဆန္ဒပြမယ်ဆိုရင် NLDကိုဆန့်ကျင်ရှုံ့ချကြောင်း လုံးဝမပါသင့်ပါဘူး။ နောက်ပြီး အဒီဲလိုလုပ်ဆောင်ခြင်းဟာ အမျိုးသားရေးလှုပ်ရှားသူတွေကို ကိုယ့်သဘောနဲ့ကိုယ် အာဏာရပါတီရဲ့ အသုံးချခံသက်သက် ဖြစ်သွားစေပါလိမ့်မယ်။ အမျိုးသားရေးသမားဟာ လူပုဂ္ဂိုလ်အဖွဲ့အစည်း တစ်စုံတစ်ရာရဲ့ အသုံးချခံဖြစ်လို့မရပါဘူး။ ဒီအချက်နဲ့ဆက်စပ်ပြီး ပြောချင်တာက အမျိုးသားရေးရည်မှန်းချက်နဲ့ ပါတီနိုင်ငံရေးလောကထဲ လှုပ်ရှားနေသူတွေ၊ ၀င်ရောက်မယ့်သူတွေဟာ မိမိကိုယ်တိုင်နဲ့ မိမိရဲ့အဖွဲ့အစည်းကို လက်ရှိအာဏာရပါတီရဲ့ အသုံးချခံမဖြစ်အောင် သတိထားဖို့မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီလိုသတိမထားရင် မိမိတို့ပါတီအဖွဲ့အစည်းဟာ အတိုက်အခံလူ့အခွင့်အရေးဝါဒီတွေကို ထိပ်တိုက်ရင်ဆိုင်စေပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အစိုးရရဲ့ လက်ပါးစေသက်သက် ဖြစ်သွားပါလိမ့်မယ်။ အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်တဲ့နေရာမှာ အမျိုးသားအကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ သဘာဝသယံဇာတတွေ ထုတ်ယူအလွဲသုံးစားလုပ်နေတာတွေကို မကာကွယ်ပဲ မိမိလူမျိုး အကျိုးစီးပွားကို မြှင့်တင်ဖို့မကြိုးစားပဲ ဘာသာခြားဆန့်ကျင်ရေးသက်သက် ဇောက်ချလုပ်မယ်ဆိုရင် အဲဒီအဖွဲ့အစည်းဟာ နိုင်ငံရေးလောကမှာ ဇာတ်သိမ်းလှနိုင်မယ် မထင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကြံပြုလိုတာက လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးစည်းရုံးကြည့်စေချင်ပါတယ်။ ဒါမှလည်း တစ်ဖက်က သံသယတွေကို ပြေပြေလည်လည်ဖြေရှင်းခွင့်ရပြီး အပြုသဘောပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်တဲ့ အနေအထားကို ရရှိလာမယ်လို့ မျှော်လင့်မိပါတယ်။

နောက်ဆုံးအနေနဲ့ NLDနဲ့ ကြံ့ခိုင်ရေးအပါအ၀င် လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို သတိပေးချင်တာကတော့ ဘယ်မဲဆန္ဒနယ်မှာမဆို မူဆလင်အမတ်လောင်း ထည့်သွင်းယှဉ်ပြိုင်မယ့် ပါတီကို အဲဒီပါတီရဲ့အမာခံထောက်ခံသူတွေကလွဲရင် တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာဝင်တွေ No Vote လုပ်ဖို့ အလားအလာရှိနေပါတယ်။ အသည်းကြားကမဲအများအပြားကို လိုချင်ရင် ခုကတည်းက ကုလားကို ဝေရာမဏိလုပ်ဖို့ အကြံပြုလိုက်ပါရစေ။

အပေါ်မှာတင်ပြသွားတဲ့အချက်တွေဟာ ၀ံသာနုရဲ့ ပုဂ္ဂလိကအမြင်တွေပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြောင်း ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။

မြတ်သိန်းထွန်း

အယ်ဒီတာချုပ်

ဝံသာနု..
From : .(၀ံသာနု အယ်ဒီတာ့အာဘော်)

မလေးရှားကမြန်မာတွေ အသတ်ခံရမှု မြန်မာနိုင်ငံက ပဋိပက္ခနဲ့ ဆက်နွယ်လို့ဆို

Posted by drmyochit Thursday, June 06, 2013, under | No comments

မလေးရှားနိုင်ငံက မြန်မာ လူမျိုးတွေ အသတ် ခံရ တာဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေ နဲ့ အစ္စ လမ်ဘာသာ မွတ်စလင် လူမျိုးတွေကြား က ပဋိပက္ခတွေကနေ ကူးစက် လာ တာဖြစ်နိုင် တယ်လို့ မလေးရှားရဲတွေက ဆိုပါတယ်။

မကြာသေး ခင်ရက်ပိုင်းတွေက အသတ်ခံရတဲ့ မြန်မာ လူမျိုး ၄ဦးဟာ ဘာသာရေး အခြေအနေ တင်းမာ မှုတွေနဲ့ ဆက်နွယ်နိုင်တယ်လို့ ရဲတွေက ယူဆနေကြပါတယ်။

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူက ကားရေဆေးတဲ့နေရာခုက သေတဲ့ အထိ ဓါးနဲ့ အလှီး ခံရ တဲ့မြန်မာ အမျိုးသား တစ်ဦး အပါအ၀င် အသတ်ခံရတဲ့မြန်မာတွေအားလုံးဟာ ဗုဒ္ဓ ဘာသာဝင်တွေဖြစ် တယ်လို့ ကွာလာလမ်ပူမြို့ ဒု-ရဲချုပ်ကပြောပါတယ်။

သူတို့ရရှိတဲ့ထင်မြင်ချက်တွေမှာတော့ အခုကိစ္စဟာ မြန်မာဗုဒ္ဓဘာသာနဲ့ မွတ်စလင်လူမျိုးတွေကြားက ပဋိပက္ခ ဟာ ကွာလာလမ်ပူအထိ ကူးစက်လာတာဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံမှာဆိုရင် မွတ်စလင် လူမျိုးတွေ က ဓါးစာခံဖြစ်နေရပြီးတော့ ကွာလာလမ်ပူမှာဆိုရင် ဗုဒ္ဓဘာသာတွေက ဓါးစာခံဖြစ်နေရတယ်လို့ ဒု-ရဲချုပ် ကပြောပါတယ်။

ဒု-ရဲချုပ်ရဲ့အဆိုအရ ကွာလာလမ်ပူမြို့မှာ ဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖို့ အထူး လုံခြုံရေး တပ်ဖွဲ့တွေ ကို တာဝန်ပေးချထားပြီးတော့ အခြေအနေတင်းမာမှုကို ထိမ်းချုပ်နိုင်ဖို့အတွက် အခု မြန်မာ အလုပ် သမား အယောက် ခြောက်ဆယ်ကို ဖမ်းဆီးထားတယ်လို့လည်းဆိုပါတယ်။

ကားရေဆေးတဲ့နေရာမှာ အသတ်ခံရတဲ့ အသက် နှစ်ဆယ်ဝန်းကျင်ရှိမြန်မာလူမျိုးဟာ ကားပေါ်မှာ အိပ်ပျော်နေ တာဖြစ်ပြီး သူအိပ်နေတဲ့အချိန်မှာ လူဆယ်ယောက်ပါ အဖွဲ့တဖွဲ့ကနေလာပြီး တိုက်ခိုက် သတ်ဖြတ် တာဖြစ် တယ်လို့ မလေးရှားနိုင်ငံ အစိုးရသတင်းဌာနဖြစ်တဲ့ Bernama သတင်းမှာ ဖော်ပြ ထားပါတယ်။ တခြားအသတ်ခံရသူတွေရဲ့အကြောင်းအသေးစိတ်ကိုတော့ ရဲတွေက ထုတ်ဖော်ပြော ဆိုခြင်းမ ရှိဘူး လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့ မွတ်စလင်လူမျိုးတွေကြားက ပဋိပက္ခဟာ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်အတွင်းမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ အရှေ့မြောက်ဖက်ပိုင်းနဲ့ ရန်ကုန်မြို့အနီးတ၀ိုက်တွေအထိ ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။

ခန့်မှန်းချေအရ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ဦးရေလေးသိန်းဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။

ABC Radio Australia

မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ လှုံ့ဆော်သူများကြောင့် လူစုလူဝေး ဖြစ်ပေါ်

Posted by drmyochit Thursday, June 06, 2013, under | No comments


အထက (၃) ကျောင်းရှေ့တွင် ကောလာဟလ သတင်းကြောင့် စိုးရိမ်နေသည့် မိဘများက ကျောင်းသား ကျောင်းသူ များအား လာရောက်ခေါ်ယူ နေသည်ကို ဇွန် ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရစဉ်
မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာ ဟလ ထွက်ပေါ်လာမှုကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ် မှာ ၇၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ အ.ထ.က(၃) စာသင်ကျောင်း အနီးတွင် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ဗမာနှင့် အစ္စလာမ် ခိုက်ရန်ဖြစ်ပွားနေသည်ဟု ကောလာဟလ ထွက်ပေါ် လာမှုကြောင့် ကျောင်းသားမိဘ ၂၅၀ ၀န်းကျင်ခန့်မှ ကျောင်းရှေ့သို့ စုရုံးရောက်ရှိလာပြီး လူစုလူဝေး ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

ဆိုင်ကယ်သုံးလေးစီးနဲ့ လူတစ်စုက ကျောင်းအနီးဝန်းကျင်မှာ ဗမာနဲ့အစ္စလာမ် ပဋိပက္ခ ဖြစ်နေတယ်ဆိုပြီး အော်သွား တယ်လို့ သိရတယ်။ အဲ့ဒီနောက် ကျောင်းရှေ့ကို ကျောင်းသားမိဘတွေ ရောက်လာကြတယ် . . . . .
ယင်းကဲ့သို့ ရောက်ရှိလာသော လူစုလူဝေးအား တိုင်းရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ကာကွယ် တာဆီးရေး ကော်မတီ (မန္တလေး)မှ တာဝန်ရှိသူများ ရောက်ရှိလာကာ ကောလာဟလသာဖြစ်ပြီး လူစု လူဝေး မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ခြင်းကြောင့် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် လူစုကွဲသွားခဲ့သည်။
"ဆိုင်ကယ် သုံးလေး စီးနဲ့ လူတစ်စုက ကျောင်းအနီးဝန်းကျင်မှာ ဗမာနဲ့အစ္စလာမ် ပဋိပက္ခ ဖြစ်နေတယ် ဆိုပြီး အော်သွားတယ်လို့ သိရတယ်။ အဲ့ဒီနောက် ကျောင်းရှေ့ကို ကျောင်းသားမိဘတွေ ရောက် လာကြ တယ်" ဟု ပဋိပက္ခ ကာကွယ်တာဆီးရေး ကော်မတီ (မန္တလေး) အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ နေရာ၌ လူစုလူဝေး ဖြစ်ပေါ်နေချိန်တွင် ၇၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆လမ်းကြား စာသင်ကျောင်း အ၀င်လမ်းများတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခ ကာကွယ်တားဆီးရေး အဖွဲ့ဝင်များမှ ယာယီဖြတ်သန်း သွားလာခြင်း မပြုရန် မေတ္တာရပ်ခံခဲ့ကြပြီး ၁၂ နာရီဝန်းကျင် အချိန်ခန့်တွင် အ.ထ. က(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား တစ်တန်းချင်းစီ ကျောင်းဆင်းပေးခဲ့ကြောင်း၊ အလားတူ ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်များရှိ အ.လ.က(၁၇)၊ အ.ထ. က(၂၆)နှင့် အ.ထ.က (၇) စသည့် စာသင်ကျောင်းများတွင် ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်သည့် ကျောင်းသား၊ ကျောင်းသူမိဘများက ကျောင်းအရှေ့သို့ စုရုံးရောက်ရှိလာပြီး သားသမီးများအား ပြန်ခေါ်ခွင့်ပြုရန်၊ ကျောင်းဆင်းပေးရန် ပြောဆိုမှုများ ရှိခဲ့သည်။

မွတ်ဆလင်များ စုဝေးနေသည်ဟု လည်းကောင်း၊ ဘုန်းကြီးများ စုဝေးနေသည်ဟု လည်းကောင်း၊ စာသင်ကျောင်းအချို့ မီးရှို့ခံရသည်ဟု လည်းကောင်း နံနက်ပိုင်းအချိန်မှ ညအစောပိုင်း အချိန်ထိ ကောလာဟလများ အမျိုးမျိုး ထွက်ပေါ်ခဲ့သဖြင့် ပြည်သူများ အထိတ်တလန့် ဖြစ်ပွားခဲ့သည်။
"ကျွန်တော်တို့ ကောလာဟလတွေ ဖြစ်တဲ့နောက်ကို လုံခြုံရေး ဆောင်ရွက်ခဲ့ပါတယ်။ မိတ္ထီလာ၊ လားရှိုးမြို့တွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း အခုလိုအချိန်မှာ ကောလာဟလတွေ အမျိုးမျိုး ထွက်နိုင်တာမို့ ပြည်သူတွေအားလုံးက ဒါဟာ တကယ်ဟုတ်မဟုတ် စမ်းစစ်ဖို့ လိုပါတယ်။ တကယ်လို့ အကြမ်းဖက်မှုမျိုး ဖြစ်ပွားနိုင်တဲ့ အခြေအနေမျိုး တွေ့ရင်လည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်တပ်ဖွဲ့နဲ့ ၁၉၉ ကို အကြောင်းကြား နိုင်ပါတယ်" ဟု ရဲမှူးဦးစိုးညိမ်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းမှ ဘင်္ဂလီကုလားများကို NLD နှင့် ဒေါ်စု မှ နိုင်ငံသားသတ်မှတ်ဖို့ ပြောခဲ့သော်လည်း ၊ ကုလားနိုင်ငံ မှ မြန်မာနိုင်ငံသား ၅၀၀ ကို မလေးရှားရဲ ဖမ်းဆီး ချိန် NLD နှင့် ဒေါ်စု ပါးစပ်ပိတ်နေ

Posted by drmyochit Thursday, June 06, 2013, under | No comments


မြန်မာနိုင်ငံတွင်းမှ ဘင်္ဂလီကုလားများကို ဒေါ်စုက စာနာညှာတာ ကြောင်းပြောဆိုခဲ့သော်လည်း၊ ကုလားနိုင်ငံ မှ မြန်မာနိုင်ငံသား ၅၀၀ ကို မလေးရှားရဲ ဖမ်းဆီး မှု ဒေါ်စု ပါးစပ်ပိတ်နေသဖြင့် မြန်မာ လူထုက စိတ်ဆိုဒေါသထွက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင်က မြန်မာအများစုအလုပ်လုပ်တဲ့ ဈေးတွေမှာ မလေးရှားရဲတွေက ဒီကနေ့ တွေ့သမျှ မြန်မာတွေကို လိုက်လံ ဖမ်းဆီးခဲ့တာလို့ ကပ်ပုံး (၇) ရက်သားသမီး နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ကိုဆန်းဝင်းက ပြောပါတယ်။

“ဒီနေ့မနက် ၁၁ နာရီလောက်မှာ မြို့လယ်ခေါင်ကို ရဲကားကြီးတွေ ရောက်ချလာတယ်။ မြန်မာဆိုင်ကို အတင်း တက် ဖမ်းတယ်။ စားသောက်တဲ့သူတွေကိုရော၊ ပါမစ်ရှိရှိ - မရှိရှိ၊ အကုန်အဖမ်းခံရတယ်။ အားလုံးပေါင်း လူ ၅၀၀ လောက်ရှိတယ် အဖမ်းခံထားရတာ။ အဓိကတာဝန်ယူ ချုပ်ထားတာ ဂျင်ဇန်းရဲ စခန်းပါ။ တွေ့သမျှလူ အကုန်လျှောက်ဖမ်းနေတာ။ ဘာမှမေးမြန်းမှုလဲ မရှိဘဲနဲ့။”

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီဒေသမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများကို ကုလားများက  ရိုက်နှက် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် မလေးရှားရဲက အခုလို လိုက်လံ ဖမ်းဆီးမှုတွေ ပြုလုပ် လာတာပါ။

အဲဒီ ဖမ်းထားတဲ့သူတွေထဲက တရားဝင်နေထိုင်ခွင့် အထောက်အထားရှိသူတွေကို ရဲက နောက်ပိုင်းမှာ ပြန်လွတ်ပေး လိုက် တာကြောင့် ဒီလူတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးသဘော သက်ရောက်နေ တဲ့အကြောင်း ကွာလာလမ်ပူမြို့က နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ကိုအောင်မြင့်က ပြောပါ တယ်။

“ဗမာပြည်သားမှန်ရင် အကုန်လုံးကို ဖမ်းတယ်။ ဘယ်လူမျိုး၊ ဘာသာ မခွဲခြားဘူး။ အားလုံးကို ဖမ်းပြီးတော့ ခေါ်သွား တယ်။ စာရွက်စာတမ်း အထောက်အထားရှိတဲ့သူတွေကိုတော့ နိုင်ငံတော် ဥပဒေအရ အကုန် လုံးကို ပြန်လွှတ်ပေးတယ် အကို။ သတင်းတွေနဲ့ပတ်သက်ပြီးတော့တော့ သူတို့က အကုန်လုံးကို ထိရောက် စွာ အရေး ယူမယ်။ အကုန်လုံးကို လိုက်ဖမ်းတယ်။ အစိုးရက တရားဝင်ကြေညာတာ။”

အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသူတွေထဲက တချို့ကတော့ အခုချိန်ထိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရဆဲဖြစ်ပြီး တချို့လည်း သွားစရာ နေစရာ မရှိတဲ့ အခက်အခဲမျိုးနဲ့ ရင်ဆိုင်နေကြရတာပါ။

မေလ ၃၁ ရက်နေ့မှာ မွတ်ဆလင် လူတစုက ဓါးနဲ့ ၀ိုင်းခုတ်တာ ခံခဲ့ရပြီး ဆေးရုံးမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုကိုမောင်ဆိုသူကတော့ သူ့အတွေ့အကြုံကို အခုလို ရှင်းပြပါတယ်။

“၃ - ၄ ယောက်တက်လာတယ်။ နောက်တခါ ၄ - ၅ ယောက် ထပ်တက်လာတယ်။ ကျနော့်ကို သူတို့ လာပြီးတော့ သူတို့ တခါတည်း ခေါ်ချသွားတယ်။ ပြန်လွှတ်တော့ဘူး။ အောက်ကို ဆွဲချသွားတော့ မင်းက ဘာလဲလို့ မေးတယ်။ ဗုဒ္ဓဘာသာလို့။ ဗုဒ္ဓဘာသာဆိုရင် အသေသတ်မယ်တဲ့။ ကျနော် ကရင်ပါ။ ခရစ်ယာန်ပါလို့ ပြောတော့ ခရစ်ယာန်လည်း သတ်မယ်။ ဗုဒ္ဓဘာသာလည်း သတ်မယ် အကုန်လုံးကို သတ်မယ်တဲ့။ ကျနော့် လက်နှစ်ဘက်၊ ပါးတခြမ်းပေါ့ နားရွက်တဘက်ကတော့ သွားလိုက်တယ်ပေါ့။ နားရွက်တဘက် ပါသွားတာပေါ့။ နားရွက်တဘက် လုံးဝကို ပျက်စီးသွားတယ်။ ဒီကောင်တွေက ဘင်္ဂါလီ မူဆလင် ၈ ယောက်လောက်ပါတယ်။ ရခိုင် မူဆလင်က ၂ ကောင်လောက်ပါတယ်။ အခုကျတော့ နာရေးကူညီမှု အသင်းကလည်း ကျနော့်ကို လာလာပြီး ပြောနေတဲ့အခါကျတော့ ကျနော်ကလည်း ဒီမှာ နေလို့မရတော့ဘူး။ နောက်ဆုံးကျ ဘုန်းကြီးကျောင်းကိုပဲ ပြေးရတော့တာပေါ့။ ဘုန်းကြီးကျောင်းကို အကူအညီတောင်းပြီးလို့ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျနော် သံရုံးကို သွားကြည့်မယ်။ မနက်ဖြန် သွားရင်လည်း သွားကြည့်မယ်။”

ခိုကိုးရာမဲ့နေတဲ့ မြန်မာနိုင်ငံ အတော်များများဟာ ကပ်ပုံး ဘုန်းတော်ကြီးကျောင်းမှာ ဆက်လက် ခိုလှုံနေကြဆဲပဲလို့ ကပ်ပုံးကျောင်းထိုင်ဆရာတော် ဦးဣိန္ဒကက ဗွီအိုအေကို ရှင်းပြပါတယ်။

“ကျောင်းထဲမှာ အရင်တုန်းက အတိုင်းပဲ ၂၀ နဲ့ ၃၀ ကြားမှာ များတယ်။ ဘုန်းကြီးကျောင်းဆိုတော့ မိန်းကလေးတွေ လက်မခံတော့ မိန်းကလေးတွေကိုတော့ နီးစပ်ရာ အိမ်ကို ပို့ထားတယ်ပေါ့နော်။ စားချိန်ကျရင်တော့ ဒီကျောင်းကို လာလာစားကြတယ်။ ဦးဇင်းကိုတော့ သူတို့ အကြံပေးထားတာက တချို့လည်း ပြန်ကြမယ်။ တချို့လည်းပဲ အရင် အေးဂျင့်ပေါ့လေ အလုပ်အပ်ထားတဲ့ အေးဂျင့်တွေနဲ့ တခြားနေရာကို ပြောင်းပြီး အလုပ်လုပ်မယ်ပြောတယ်။ အရင်နေရာတော့ အလုပ်မလုပ်ရဲတော့ဘူးပေါ့။ မပြန်ရဲတော့ဘူးပေါ့။ အရင်နေရာက ပြဿနာရှိတဲ့ နေရာမို့လို့။ မူဆလင်တွေ များတဲ့အခါကျတော့လေ။ မြန်မာမူဆလင်တွေ။”
 
ဒီကနေ့တော့ မလေးရှားရဲက မြန်မာနိုင်ငံသားတွေကို လိုက်လံ ဖမ်းဆီးတာကလွဲလို့ အကြမ်းဖက် တိုက်ခိုက်မှုတွေမရှိဘူးလို့ ဒီကိစ္စတွေကို အနီးကပ် စောင့်ကြည့်နေသူတွေက ပြောပါတယ်။

အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း ရှိမရှိဆိုတာကိုတော့ မလေးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဒီအကြမ်းဖက်မှုတွေ ဘယ်လို စတင်ခဲ့တယ်ဆိုတာကိုလည်း အခုချိန်ထိ အတိအကျ ပြောနိုင်သူ မရှိသေးပါဘူး။

From : ..voa

မြန်မာ အလုပ်သမားများ အသတ်ခံရမှု သတိထောက်လွှာ ပေးအပ်ပြီးနောက်ပိုင်း မလေးရှားနိုင်ငံရှိ မြန်မာအများစု နေထိုင်ရာ နေရာများတွင် မလေးရဲများ အဖမ်းအဆီးကြမ်း

ဇွန် ၄ ရက်က မြန်မာ့အသံတွင် မလေးရှား အစိုးရအား သတိထောက်လွှာ ပေးအပ်ကြောင်း ကြေညာ ခဲ့ပြီးနောက် ယနေ့ ဇွန် ၅ ရက်၊ မလေးစံတော်ချိန် ၁၀ နာရီအချိန်မှ စတင်ကာ မြန်မာအများစု နေထိုင်နေ သည့် အမ်ပန်း၊ ချရတ်၊ ဆလာရန်း အစရှိသည့် နေရာများတွင် မလေးရဲများက အင်အားသုံး၍ မြန်မာ အလုပ် သမား များအား လိုက်လံဖမ်းဆီးခဲ့ကြောင်း ကြားသိရသည်။

ထိုသို့ ဖမ်းဆီးခဲ့ခြင်းအပေါ် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုမင်းမင်းက "မလေး အစိုးရ အနေနဲ့ တရားနည်း လမ်းတကျ မလုပ်ဘဲ အခုလိုလုပ်တာက မြန်မာအလုပ်သမားတွေကို သက်သက် ညစ်ပတ် လိုက် တာပဲ။ သူတို့က ကာကွယ်တာ မဟုတ်ဘဲနဲ့ အပူကိုအပူနဲ့ ငြှိမ်းနေသလိုပဲ" ဟု ပြောကြား ခဲ့သည်။

မလေးရှားတွင် နေထိုင်နေသည့် ကိုမောင်မောင်ကလည်း "ဟုတ်ကဲ့ ဖမ်းတယ်ဆိုတဲ့ သတင်းက အမှန်ပါပဲ၊ ကေ အယ်...ကို တာယာရာ မြန်မာဆိုင် တစ်ဝိုက်မှာ အဖမ်းအဆီး အရမ်းများပါတယ်။ မြန်မာမှန်ရင် ပါမစ် ရှိရှိ၊ မရှိရှိ ဖမ်းပါတယ်။ တချို့ မြန်မာဆိုင်တွေကို ဆိုင်ထဲအထိဝင်ပြီး အလုပ်သမားတွေကိုပါ ဖမ်းတယ် လို့လည်း ကြားရပါတယ်" ဟု အတည်ပြု ပြောကြားခဲ့သည်။

ထို့နောက် ကွာလာလမ်ပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား တစ်ဦးက "ဒီနေ့ မနက် ပိုင်းလောက် မှာ မြန်မာဆိုင်တန်းတွေ ရှိတဲ့နေရာမှာ အော်ပရာစီနဲ့ လူတော်တော်များများ အဖမ်းခံရတယ်။ အရင်က ဆိုရင် လမ်းမှာ တွေ့တဲ့လူလောက်ပဲ ဖမ်းပေမယ့် ဒီနေ့ကတော့ ဆိုင်တွေထဲအထိပါ ၀င်ဖမ်းတာ၊ စားသောက် ဆိုင်မှာ စားသောက်နေသူ တွေကိုလည်း ဖမ်းတယ်၊ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်နေ သူတွေ ကိုလည်း ဖမ်းတယ်၊ ပတ်စပို့ရှိတဲ့ လူရော၊ မရှိတဲ့လူတွေရော အားလုံးကို ဖမ်းတယ်။ ဆေးရုံမှာရှိနေတဲ့ မြန်မာတွေ ကိုလည်း အတင်းဆင်းခိုင်းတယ်လို့ ကြားတယ်။ မလေးရှား အစိုးရက မြန်မာရွှေ့ပြောင်း အလုပ် သမားတွေ အပေါ် ခပ်ကြမ်းကြမ်း ပြုမှုဆက်ဆံနေတာကို မြန်မာသံရုံးနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ တာ ၀န်ယူဖြေရှင်း ပေးစေချင်တယ်" ဟုပြောကြားသည်။

မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီး တစ်ဦးကလည်း "ကေအယ်မှာ မြန်မာ ဆိုင်တန်း ဆိုတာ မြန်မာတွေ အများအပြား နေကြတာလေ။ အဲဒီ့မှာ ဆိုင်တွေထဲအထိ ၀င်ပြီး မြန်မာ လား၊ မြန်မာလားမေးပြီး မြန်မာဆို ဖမ်းတယ်၊ တရားဝင်နေတာ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဖမ်းတယ်။ ကျွန်မ တို့က စက်ရုံပြန်ပြီး စက်ရုံမှာနေတယ်။ ယောက်ျားလေးတွေက ၀ါးရင်းတုတ် တစ်ယောက်တစ်ချောင်း ရသလောက် ဆောင် ထားတယ်။ အဲလိုဆောင်ထားတာကို စက်ရုံပိုင်ရှင်ကလည်း ခွင့်ပြုပေးထားတယ်၊ ကိုယ့် ကိုယ်ကိုယ် ကာကွယ်နေရတာပေါ့။ အခြေအနေ မကောင်းဘူးဆိုရင် မြန်မာပြည်ကို ပြန်မည်" ဟု ဆိုသည်။

"မလေးရဲတွေ အခုလုပ်ပုံက ဘောင်ထဲက ညစ်တာပါ။ သူတို့အပြောက အားလုံးကို စစ်ဆေးတာ ဆိုပေမယ့် သူတို့ အဓိက မဲတာ မြန်မာအလုပ်သမားတွေ ကိုပါ။ ကျွန်တော်တို့ အတွက်တော့ သူတို့လုပ်တာတွေကို မြင်ရကြား ရပါများတော့ သိနေပြီ။ ကျန်တာမပြောနဲ့ မလေးရှားမှာ မြန်မာဘောလုံးအသင်း လာကစားပြီး မလေးရှား ကိုနိုင်ရင် အကြောင်းမရှိ အကြောင်းရှာပြီး မြန်မာအလုပ်သမားတွေကို ဒုက္ခပေးဖို့ လုပ်နေကြပါ။ ကျွန်တော် တို့ မြန်မာအလုပ်သမား အများစုကလည်း Over Stay တွေ များတယ်ဆိုတာ သူတို့သိတယ်။ သူတို့ စိတ် ကူးတည့်တဲ့အချိန် ငွေညှစ်တာလောက်ပဲ လုပ်တာ။ အခုဟာကတော့ သက်သက်လုပ်တာ ပေါ်လွင် တယ်။ အားနည်းချက် ရှိတဲ့သူတွေ ခံရမှာပါ။ ဒါမျိုးတွေကြားရတာ စိတ်မကောင်းဘူး" ဟု ကွာလာ လမ်ပူတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါသည်။

ယောက်ျားလေးတွေက ၀ါးရင်းတုတ် တစ်ယောက်တစ်ချောင်း ရသလောက် ဆောင်ထားတယ်။ အဲလိုဆောင် ထားတာကို စက်ရုံပိုင်ရှင်ကလည်း ခွင့်ပြုပေးထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေ ရ တာပေါ့။ အခြေအနေ မကောင်းဘူးဆိုရင် မြန်မာပြည်ကို ပြန်မည် . . . . .

မေ ၃၀ ရက်မှ စတင်၍ ဆလာရန်းမြို့တွင်  မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မွတ်စလင်များက အကြမ်း ဖက်ခြင်းကြောင့် ယနေ့အထိ မြန်မာနိုင်ငံသားလေးဦး သေဆုံးသွားပြီဟု မလေးရှား မီဒီယာများက ဖော်ပြ သည်။ အစောပိုင်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ငြင်းဆိုခဲ့သော်လည်း ဇွန် ၄ ရက်က မြန်မာအစိုးရက မလေးရှား အစိုးရထံ  မြန်မာလူမျိုးများ အကြမ်းဖက်ခံရမှုအပေါ် ဥပဒေအရ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေရန် သတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။ မလေးရှားရောက် မြန်မာအများစုက ယနေ့ ဇွန် ၅ ရက်မှစတင်ပြီး မြန်မာများအား မလေးရဲက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေပြီဟု အင်တာနက် လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တရားခံအား အမြန်ဆုံးဖော်ထုတ် အရေး ယူပေး ရန်နှင့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် တာဝန်ရှိသူများအား နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ သံတမန်နည်းအရ အကြောင်းကြားထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေပြည်တော်တွင် ဇွန် ၅ ရက်က ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် အခမ်းအနားတွင် Eleven Media Group ၏ မေးမြန်းချက်အား အထက်ပါအတိုင်း ပြန် လည်ဖြေကြား ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "ကျွန်တော် တို့ ၀န်ကြီးဌာန အနေနဲ့ သံအမတ်ကြီးကိုလည်း အချက်သုံးချက်ကို ခေါ်ယူသတိပေး ပြောကြား ထားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြား ထားပါ တယ်။ အဓိကကတော့ မြန်မာနိုင်ငံသားတွေကို လုံခြုံရေး အင်အားတိုးမြှင့်ပြီး စောင့်ရှောက်ပေးဖို့ အကြောင်းကြား ထားပါတယ်" ဟု ဇွန် ၅ ရက် ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။

From: Eleven

Wednesday, June 05, 2013

ရခိုင်ပြည်နယ် မောင်တောတွင် ရခိုင်တိုင်းရင်းသား ၂ ရာခိုင်နှုန်းသာ ကျန်ရှိ

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရန်ကုန်၊ ဇွန် ၅။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂါလီ လူဦးရေ ၉၈ ရာခိုင်နှုန်းဖြစ်နေပြီး ရခိုင်တိုင်းရင်းသားမှာ ၂ ရာခိုင်နှုန်း သာ ရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“၁၉၈၂ နိုင်ငံ သားဖြစ်မှု ဥပဒေဟာ တော်တော်ပြည့်စုံတဲ့ ဥပဒေပါ။ အဲဒီ ဥပဒေနဲ့ ချိန်ထိုးပြီးတော့ ဘင်္ဂါလီတွေ ကို ဘယ်လိုအဆင့်ထားမလဲ၊ ဥပမာအားဖြင့် ခု ဒီမှာ permanent resident (PR အမြဲနေ ထိုင်ခွင့်) ဆိုတာကို စဆွဲနေပြီ။ သူတို့ကို permanent resident ထားပြီးတော့ နိုင်ငံသားပေးလို့တော့ မရဘူးလေ။ ဧည့်နိုင်ငံသား ပေးလို့လည်း မရဘူး။

 နိုင်ငံခြားသား အနေနဲ့ PR ပေးထားလို့တော့ ရတယ်။ သူတို့ကို မဲပေးခွင့် မရှိရဘူး။ ရွေးကောက်ပွဲ ဝင်ခွင့် မရှိရဘူး။ ဒါမျိုးအဆင့်တွေနဲ့ ထားလို့ ရမယ်လို့တော့ ကျွန်တော်ထင်တယ်” ဟု က ဦးဇော်အေးမောင်က ပြောကြား သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်သာ မွေးခွင့်ရှိသည် ဟူသော ဒေသန္တရအမိန့်နှင့် ပတ်သက်၍ ရခိုင်ပြည်သူလူထုမှ တခဲနက် ထောက်ခံအားပေးခဲ့ကြပြီး ယင်းနှင့် ပတ် သက်၍ “ရခိုင်ပြည်သူလူထုအနေနဲ့ သူတို့ ရင်ထဲမှာ ရှိတာကို သူတို့ထုတ်ဖော်ပြောတာလေ။ ရခိုင်ပြည် သူတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်တယ်လို့ပဲ ပြောချင်တယ်” ဟု ဦးဇော်အေးမောင်က ပြောကြား သည်။

လက်ရှိတွင် ဘင်္ဂါလီလူမျိုးဟု မြန်မာအစိုးရမှ သုံးစွဲခေါ်ဝေါ်နေသော်လည်း ယင်းတို့မှာ ရိုဟင်ဂျာဟုသာ သုံးစွဲနေကြကြောင်း၊ နိုင်ငံတကာမှလည်း ၎င်းတို့ကို ဘင်္ဂါလီအဖြစ် လက်မခံသေးဘဲ ရိုဟင်ဂျာအဖြစ်သာ လက်ခံ ထားကြောင်း Generation Wave မှ ကိုဟိန်းမင်းဇော်က ပြောကြားသည်။

“အစိုးရ အနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ဘယ်သူကတော့ နိုင်ငံသား ဖြစ်သင့်တယ်။ ဘယ်သူကတော့ ဧည့်နိုင်ငံသား ဖြစ်သင့်တယ် ဆိုပြီး စနစ်တကျ ခွဲခြားပြီးတော့မှ ဘယ်သူ့ကို ဘယ်လို ဆက်ဆံတယ် ဆိုတာ မျိုး ဖြစ် သင့်တယ်။ ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူကိုတော့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ခံစားခွင့်တော့ ပေးမှာမဟုတ်ဘူး။

အဲဒီလူဟာ နိုင်ငံသားဖြစ်ခွင့် ရှိတဲ့သူ၊ ပြုခွင့် ရတဲ့သူ ပြုခွင့်ရတယ်ဆိုရင်တော့ ဥပဒေအတိုင်း နိုင်ငံသား အခွင့် အရေး ကို ခံစားရမှာပေါ့” ဟု ယင်းက ဆက်လက်ပြောကြားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဥပဒေသည် လတ်တလော အခြေအနေတွင် ရခိုင်ပြည်နယ်အတွက်သာမက မြန်မာ တစ်ပြည်လုံး အတွက် အလွန်အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာ သူများက ပြောကြား သည်။

ရည်မွန်
@ မြန်မာ့ခေတ်

ပုရိန်ကုန်းရွာ အဓိကရုဏ်းမှာ လူ ၄ ဦးဒဏ်ရာရ

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှာ မနေ့က ညနေပိုင်းက အာဏာပိုင်တွေနဲ့ ဒေသခံတွေ အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့ သေနတ်ပစ်ဖောက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာ ရရှိ ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ု

ဒီပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၃ ဦးသေဆုံးမှုရှိတယ်လို့ အေပီနဲ့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပေမယ့် မြောက် ဦးမြို့ နယ်ရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးကတော့ ရွာခံ ၄ ဦး ဒဏ်ရာရရှိပြီး၊ သေဆုံး သူတွေ ကိုတော့ အတည်ပြုပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

မြောက် ဦးမြို့နယ် ပုရိန်ကျေးရွာမှာ နေထိုင်သူတွေအနေနဲ့ ပြည်နယ်အစိုးရက နေအိမ် ၁ဝ ခန်းတွဲပါတဲ့ တန်း လျား ၁၆ လုံးနဲ့ နေရာချထားရေးအစီအစဉ်ကို ကန့်ကွက်ပြီး လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးဖို့ တောင်း ဆိုချက်တွေကြောင့် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာလို့လည်း အဲဒီရဲ အရာရှိက ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ကျေးရွာအနီး လုံခြုံရေးတွေချထားပြီး ကျေးရွာသားတွေနဲ့ အာဏာပိုင်တွေအကြား ဒီကနေ့ မနက်ပိုင်းက ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အောက် တိုဘာလ အတွင်းက မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် ပုရိန်ကျေး ရွာမှာ နေအိမ်တွေရာနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

From: RFA

ယာဉ်တိုက်ခံရသူကို မကူညီ၍ ချမ်းမြေ့အေး ယာဉ်လိုင်းကို ဆန္ဒဖော်ထုတ်

Posted by drmyochit Wednesday, June 05, 2013, under | No comments

ပုသိမ်၊ ဇွန် ၎

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသော ချမ်းမြေ့အေး ယာဉ်လိုင်းကို ယာဉ်တိုက်မှုဖြစ်ပွားပြီး တာဝန်ယူ ကူညီခြင်းမရှိ ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် လူမှုကွန်ရက်များက အင်အား ၁၅၀ ခန့်ဖြင့် ဇွန်လ ၃ ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်ကြကြောင်း ပုသိမ်မြို့ခံ များထံမှ စုံစမ်း သိရှိရသည်။

ယာဉ်တိုက်ခံရသူများကို ရန်ကုန်တွင် ဆေးသွားကုရန် လမ်းစရိတ်ပေးသည် မှလွဲ၍ ကူညီမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ယာဉ်လိုင်းကို ဆန္ဒထုတ်ဖော်
တောင်းဆိုခြင်းဖြစ်ကြောင်း ပန်းတနော်မြို့မှ လာရောက် ဆန္ဒထုတ်ဖော် သည့် ဒေါ်နီလာအောင်က ပြောကြားသည်။

၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်က ဦးကျော်မျိုးလှိုင်နှင့်ဇနီး တို့ စီးနင်းလာသော မော်တော်ဆိုင်ကယ်သည် ပုသိမ်မြို့ရှိ ကုန်သည်လမ်း (တစ်လမ်းသွား) အတိုင်း ရွှေစေတီလမ်းဘက်သို့ ဦးတည်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်မှ လမ်းပြောင်းပြန်မောင်းလာသည့် ချမ်းမြေ့အေး ကြိုပို့ ယာဉ်နှင့် တိုက်မိခြင်းဖြစ်ကြောင်း ဦးကျော်မျိုးလှိုင်က ပြောကြားသည်။

ရန်ကုန်သို့ သွားရောက်ဆေးကုသရန် ခရီးစရိတ်ပေးပြီး ဖြစ်သည့်အတွက် ဥပဒေအတိုင်းသာ ရင်ဆိုင်မည်ဖြစ်ကြောင်း ချမ်းမြေ့အေး ယာဉ်လိုင်းပိုင်ရှင် ဦးမြသိန်းကပြောဆိုသည်။

ယင်းအမှုကို ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ ပုဒ်မ၂၇၉၊ ၃၃၈တို့ဖြင့် အမှုဖွင့် ထားပြီးပုသိမ်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေသည်။

The Voice Weekly

မလေးရှားတွင် မြန်မာ ၆၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံရ

Posted by drmyochit Wednesday, June 05, 2013, under | No comments


မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီ မွတ်ဆလင်မ် တို့ကြား ပဋိပက္ခမှာ မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိ . . . . .

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်သူ ၄ ဦး အသတ်ခံရပြီးနောက်ပိုင်း မြန်မာ အများအပြားကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ လာရောက်သူ ၆၀ ခန့်ကို ဖမ်ဆီး ထိန်း သိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကွာလာလမ်ပူရဲတပ်ဖွဲ့ ဒုတိယ အကြီး အကဲ အမာရ် ဆင်းဂ်အစ်ရှ်ဟာ ဆင်းဂ်က ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကွာလာ လမ်ပူတွင် သီးခြားစီဖြစ်ပွားခဲ့သော ဖြစ်ရပ်များအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦး သေဆုံး ခဲ့ကြောင်း Aljazeera သတင်းက ဖော်ပြသည်။

သေဆုံးသူများအနက် တစ်ဦးမှာ အသက် ၂၀ အရွယ်ဖြစ်ပြီးကားရေဆေးစင်တာတွင် အိပ်နေစဉ် လူ ၁၀ ဦးက အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဦမှာ ဈေးတစ်ခုတွင် ဓားကဲ့သို့ ချွန် ထက်သော အရာများဖြင့် တိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏အဆိုအရ တိုက်ခိုက် မှုများ အတွင်း အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ သေဆုံး ဒဏ်ရာရရှိသူများအားလုံးမှာ မြန်မာနိုင်ငံမှ လာရောက်သူများဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ အတည်ပြု သည်။

မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီ မွတ်ဆလင်မ် တို့ကြား ပဋိပက္ခမှာ မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက် လျက် ရှိ သည်။ ခန့်မှန်းစာရင်းများအရ မလေးရှားနိုင်ငံတွင် အလုပ်အကိုင်နှင့် ခိုလှုံခွင့်အတွက် မြန်မာနိုင်ငံမှ လာရောက် သူ လေးသိန်းခန့်ရှိနေကြောင်း သိရသည်။ မြန်မာများ အသတ်ခံရမှုနှင့် ပတ်သက်၍ လိုအပ် သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်အား သတိထောက် လွှာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Planet

ကလေးနှစ်ယောက်နှုန်း ကန့်သတ်မိန့် ပြည်နယ်အနှံ့ပြဌာန်းဖို့ တောင်းဆို

Posted by drmyochit Wednesday, June 05, 2013, under | No comments

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ထုတ်ပြန်ထားတဲ့ မွတ်စလင်တစ်အိမ်ထောင် ကလေးနှစ်ဦးထက် ပိုမယူရေး ဒေသန္တရအမိန့်အပေါ် ထောက်ခံကြောင်းနဲ့ ဒီဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်တစ်ခုလုံး တိုးချဲ့ထုတ်ပြန်ပေးဖို့အတွက် ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မင်းပြားမြို့တွေမှာ ဒီကနေ့ ဒေသခံတွေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

မင်းပြားမြို့နယ်က ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတွေထဲမှာပါဝင်တဲ့ ရခိုင်လူမှုကွန်ရက်က မြို့ခံ ဦးခင်ဇော်ဝင်းက RFA ကို အခုလို ပြောပါတယ်။

"ဒီဒေသန္တရဥပဒေကို ထောက်ခံတာပဲပေါ့၊ ပြီးတော့ တရားဥပဒေစိုးမိုးရေးရယ်၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ လက်မခံဘူးပေါ့"

ဒီမြို့နှစ်မြို့က ဆန္ဒပြပွဲတွေကို သက်ဆိုင်ရာ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဒေသန္တရအမိန့်အပေါ် ထောက်ခံဆန္ဒပြပွဲကို မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။

From: RFA Burmese

အဓိကရုဏ်း ဖြစ်လျှင် ကယား ပြည်နယ်အစိုးရနှင့် ပူးပေါင်းမည်ဟု လက်နက်ကိုင်အဖွဲ့များ ကြေညာ

Posted by drmyochit Wednesday, June 05, 2013, under | No comments


မတ်လ အတွင်းက အစိုးရနှင့် ကယားပြည်နယ် လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော KNPP အဖွဲ့ဝင်များ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေး ထိုးနေ စဉ် (ဓာတ်ပုံ – ကန္တာရဝတီတိုင်းမ်)

ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လူမျိုးရေး၊ ဘာ သာရေး အဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာပါက အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောက်ရွက် သွား မည်ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့ တခုဖြစ်သော ကရင်နီပြည် လူမျိုးပေါင်း စုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) ရုံးခန်းတွင် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ နိုင်ငံရေး ပါတီ တခုနှင့် လူမှုရေးအဖွဲ့ တဖွဲ့တို့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

မေလ ၂၇ ရက်နေ့က ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္ထုတွင်း ဒေသတွင် တွင်း အလုပ် သမား များနှင့် တခြားနယ်မြေများမှ ရွှေ့ပြောင်းကာ ဈေးလာရောက် ရောင်းချနေသော မွတ်စလင်တချို့တို့ ခိုက် ရန်ဖြစ် ပွားမှု ဖြစ်ပေါ်ခဲ့ရာမှ မွတ်စလင် တို့၏ ဆိုင်ခန်းများ ဖျက်စီးခံခဲ့ရကြောင်း၊ လူအများ ထပ်မံ စုဝေး ၍ ရွာများအတွင်းရှိ မွတ်စလင် အိမ်များအား ဖျက်ဆီးရန် သွားရောက်ရာတွင် ယင်းဒေသကို ထိန်းချုပ် ထားသော KNSO က ၀င်ရောက် ထိန်းသိမ်း လိုက်ကြောင်း သိရသည်။

“ကျနော်တို့ ပြည်နယ်မှာ အစ္စလမ် ဘာသာဝင် အရမ်းနည်းပါတယ်။ ဘာသာရေး ပြဿနာဖြစ်တာလည်း နည်း တယ်။ အခု ဖြစ်သွားတာက ရွှေ့ပြောင်းလူတွေကြောင့်ပါ။ အခုလိုမျိုး အားလုံးကပါ ပူးပေါင်းပြီး ၀ိုင်း ထိန်း သွားရင် ပိုကောင်းသွားမှာပါ” ဟု ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြော သည်။

လူမျိုး ရေးပြဿနာ ဖြစ်ပွားခဲ့သော မော်ချီးသတ္ထုတွင်း ကိစ္စနှင့် ပတ်သက်၍ ပြဿနာကို စတင်ခဲ့သော လူ ၆ ဦး အား ဖားဆောင်းမြို့ ရဲစခန်းတွင် ဖမ်းချုပ်ထားကြောင်း၊ ယင်းဒေသမှ မွတ်စလင် ၆၅ ဦးအား လွိုင်ကော် မြို့သို့ ပြောင်းရွှေ့ ပေးပြီးဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရန် ပြည်နယ် အစိုးရ အနေဖြင့် ဒေသတွင်း ကာကွယ်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်း သိရသည်။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားလာပါက ပြည်နယ် အစိုးရနှင့် ပူးပေါင်း ထိန်းချုပ်ရန် သဘော တူ လက်မှတ် ရေးထိုးရာတွင် ပါဝင်သော အဖွဲ့များမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကယန်းပြည်သစ် ပါတီ(KNLP)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP)၊ ကရင်နီ အမျိုးသား စည်းလုံး ညီညွတ်ရေး အဖွဲ့ (KNSO)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP)၊ ကယန်းအမျိုးသားပါတီ (KNP) နှင့် ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) တို့ ဖြစ်သည်။

“လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေ ကျနော်တို့ နယ်မြေမှာ ဖြစ်တာ မလိုချင်ဘူး။ မော်ချီး ကိစ္စမှာတုန်းက ရဲနဲ့ စစ်တပ် လာတာ နောက်ကျလို့ ကျနော်တို့ ၀င်ထိန်းလိုက်တာ၊ ပူးပေါင်းပြီးတော့ လုပ်မယ်ဆိုပေမယ့် ဖြစ်လာတဲ့ အခြေအနေကို ကြည့်ပြီးတော့ ကျနော်တို့ လုပ်သွားမှာပါ” ဟု KNSO မှ ရုံးအဖွဲ့မှူး ဦးစောက လိုမှူး က ဧရာဝတီသို့ ပြောသည်။

လတ်မှတ်ရေးထိုးရာတွင် ပါဝင်သော UKSY အဖွဲ့ဝင်၊ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ အတွင်းရေးမှူး ခူးအသန်း က “လက်နက်ကိုင် အဖွဲ့တွေက သူတို့ထိန်းချုပ်နယ်မြေထဲမှာ ထူးတာရှိရင် ပြည်ထောင်စု အစိုးရ၊ ပြည် နယ် အစိုးရကို တိုက်ရိုက် စကားပြောမယ်၊ မရရင် သူတို့ဘာသာ လက်နက်နဲ့ ထိန်းမယ်ဆိုတာကို အဓိ ကပြောကြတယ်” ဟု ဆိုသည်။

လက်ရှိတွင် လက်နက်ကိုင် အဖွဲ့များက ကယားပြည်နယ်နှင့် ကယန်းဒေသအတွင်း ဘာသာရေး၊ လူမျိုးရေး ပြဿနာများ ထပ်မံ မပေါ်ပေါက်လာစေရန် ပြည်သူများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် ယခုပြဿနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ စတင် ဖြစ်ပွားလာနိုင်ကြောင်း အစရှိသဖြင့် ၎င်းတို့ နယ်မြေများအတွင်း ဒေသခံများကို လိုက်လံအသိပေးခြင်းများ လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူး ဗိုလ်မှူးစောလွင်က ပြောသည်။


ကြယ်ပြာ
ဧရာဝတီ

ခြောက်ကြိမ်မြောက် လွှတ်တော်မှ အတည်ပြုခဲ့သော ဥပဒေကြမ်းအားလုံး သမ္မတ သဘောမတူ

Posted by drmyochit Wednesday, June 05, 2013, under | No comments


ရန်ကုန်၊ ဇွန် ၎

ပထမအကြိမ် ပြည်ထောင်စုလွှတ် တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သော ဥပဒေကြမ်း ၈ ခုကို သဘောမတူညီသောကြောင့်   နိုင်ငံတော် သမ္မတက လက်မှတ်မထိုးဘဲ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်းပူးပေါင်းကော်မတီမှ သတင်းရရှိ သည်။

 ပြီးခဲ့သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေး အ တည်ပြုချက် ရယူခဲ့သော ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း၊ လာဘ် ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေ ကြမ်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံ မှု ဥပဒေကြမ်း၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဥပဒေကြမ်း၊ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေကြမ်း၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်း၊ တရား ရုံးများ မထီမဲ့မြင်မှု ဥပဒေကြမ်းနှင့် လူ ဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင် စာရင်း ဥပဒေကြမ်းတို့ကို နိုင်ငံ တော်သမ္မတထံသို့ ပေးပို့ခဲ့ရာ ယင်း ဥပဒေများအား သဘောထား မှတ်ချက် များဖြင့် ပြန်လည်ပေးပို့ လာခြင်း   ဖြစ် ကြောင်း သိရသည်။

”ပြည်ထောင်စုက အတည်ပြုပေး ခဲ့တာ ၈ ခုပဲ။ ပြင်ဆင်ချက်တွေနဲ့ ပြန်ပို့ လာတာလည်း ၈ ခုပဲ။ ဥပဒေတစ်ခုရဲ့ အချက်အလက်အားလုံးတော့ မဟုတ်ဘူးပေါ့။ အချို့အချက်အလက်တွေကို ပြင်ဆင်ဖြည့်စွက်ဖို့ပြန်ပို့တာပါ။ဒီဥပဒေတွေကို ပြည်ထောင်စုက ဒီတစ်ခါ ပြန် ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုပြီးသွား ရင် သမ္မတကြီးလက်မှတ်မထိုးလည်း အ တည်ဖြစ်သွားမှာပါ” ဟု ဥပဒေကြမ်းပူး ပေါင်းကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

   ယင်း ဥပဒေကြမ်း၈ခုနှင့်ပတ်သက် သည့် သမ္မတ၏ သဘောထား မှတ်ချက် ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ခုမှာ နိုင်ငံတော်သမ္မတက လက်မှတ် မထိုးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ဖြစ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက် အရ သိရသည်။
လက်ရှိတွင် လွှတ်တော်၌ ဆွေး နွေးအတည်ပြုရန် ကျန်ရှိနေသော ဥပ ဒေကြမ်း၂ဝကျော်ရှိပြီး (ယခုလ)သတ္တမ အကြိမ် လွှတ်တော်အစည်းအဝေး သို့ အသစ်ရောက်ရှိလာသည့် ဥပဒေကြမ်း အသစ် ၁၂ ခုရှိကြောင်း သိရသည်။
အသစ်ရောက်လာသော ဥပဒေ ကြမ်းများမှာ တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ အသေးစား၊ အ လတ်စား လုပ်ငန်းများကို ကာကွယ် သည့် ဥပဒေ၊ ကုန်အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုအမှတ်တံဆိပ် ဥပဒေ၊ကွန်ဒိုမီနီယံဥပဒေ၊ အသင်းအဖွဲ့များ ဖွဲ့ စည်းခြင်းဆိုင်ရာ ဥပဒေ၊ အထူးစီးပွား ရေးဇုန်ဥပဒေ၊ တီထွင်မှုအမှတ်တံဆိပ် ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ မူပိုင်ခွင့် ဥပဒေ၊ဘက်စုံပို့ဆောင်ရေး ဥပဒေ၊ စား သုံးသူကာကွယ်ရေးဥပဒေနှင့် မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေတို့ ဖြစ်ကြောင်း သိရသည်။

 နှစ်နှစ်တာကာလအတွင်း လွှတ် တော်တွင် ရောက်ရှိ ဆွေးနွေးနေသော ဥပဒေများနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော် စွာ က ”အရေးကြီးတာပေါ့။ အရေးကြီးတဲ့ ဥပဒေတွေကြောင့် ခုလို လွှတ်တော်ကို ရောက်ရှိလာတာပေါ့။မိသားစုတစ်စုမှာ နောက်ဖေးချောင်က ပစ္စည်းတွေက လည်း အရေးကြီးသလို ကျန်တဲ့အပိုင်း တွေကလည်း အရေးပါတာဆိုတော့ အားလုံးကို စုံစုံညီညီလုပ်ရမှာပဲ။ မီဒီ ယာ ဥပဒေလည်း အရေးကြီးသလို ကျန် တဲ့ ဥပဒေတွေလည်း အရေးကြီးတာ ပေါ့။ ဒါကြောင့်လည်းဆွေးနွေးအတည် ပြုနေရတာပါ” ဟု ဆိုသည်။

 ဇွန်လ ၂၅ ရက်နေ့မှစ၍ ပြန် လည်ကျင်းပမည့် လွှတ်တော်အစည်း အဝေးများတွင် အများစု ဝေဖန်ထား သည့် ဒေါက်တာဆိတ်ဖွား ကိစ္စ၊ အခြေ ခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာ သုံးသပ်သည့် ကော်မရှင်နှင့် ကော်မတီ များ ဖွဲ့စည်းရန်ကိစ္စနှင့် ၂ဝ၁၅ ခုနှစ် တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကေ ရစီ အထွေထွေ ရွေးကောက်ပွဲတွင် အချိုး ကျ ကိုယ်စားပြုစနစ်  (PR) ကို အသုံးပြု မည် မပြုမည်ကို ဆုံးဖြတ်သွားမည် ဖြစ် ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ၏ ပြောကြားချက်အရ သိရသည်။

 ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးများကို မတ်လ ၂၂ ရက် နေ့တွင် အဆုံးသတ်ရပ်နား ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကို သုံးလခန့်အကြာ ဇွန်လ ၂၅ ရက်တွင် ပြန်လည်စတင်ကာ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပူးတွဲကျင်းပ သွားမည် ဖြစ်သည်။

အောင်ထက် (NYK)
From:   Popular Myanmar News Journal

Thinzar Nwe Win ရဲ့ ဓါတ်ပုံ Album

Posted by drmyochit Wednesday, June 05, 2013, under | No comments


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်