Friday, June 21, 2013

လတ်တလောရင်သားအတုအစစ်အငြင်းပွားမှုနဲ့နာမည်ကြီးသွားတဲ့ နန်းစုရတီစိုး ရဲ့အမိုက်ဆုံး Sexy ဓာတ်ပုံတွေကိုစုစည်းထားတဲ့ Album ပါ...

Posted by drmyochit Friday, June 21, 2013, under | 1 comment





မိတ္ထီလာမြို့မှ အာမခံထားသော နေအိမ်ရှစ်လုံးအတွက် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးငွေပေးအပ်

Posted by drmyochit Friday, June 21, 2013, under | No comments


ရန်ကုန်၊ ဇွန် ၂၀။

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်ပွားစဉ်က ပျက်ဆီးသွားသော နေအိမ်များထဲမှ အိမ် ရှစ်လုံးသည် မြန်မာ့အာမခံ လုပ်ငန်းတွင် အာမခံ ထားရှိထားသဖြင့် လျော်ကြေးငွေ စုစုပေါင်း ကျပ်(၇၁၆.၆၃၆၂၄၃၂)သိန်းကို မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးမင်းသိန်းက ဇွန်လ ၂၀ရက်နေ့တွင် မြန်မာ့အာမခံ လုပ်ငန်းရုံးချုပ်တွင် ပေးအပ်ခဲ့သည်။

မိတ္ထီလာမြို့ ပဋိပက္ခတွင်ပျက်ဆီးသွားသော နေအိမ် ရှစ်လုံးသည် အကြမ်းဖက်မှုကြောင့် နေအိမ်ဖျက်ဆီး ခံရသူများနှင့် မီးလောင် ဆုံးရှုံးခံရသူများ ဖြစ်ကြောင်း၊ ထိုအိမ်များသည် သဘာဝ ဘေးအန္တရာယ် အာမခံနှင့် မသမာသူမှ ဖျက်ဆီးသော ဘေးအန္တရာယ် အာမခံတို့ကို အာမခံထားထားသည့် အိမ်များဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်ချေးငွေဖြင့် အာမခံထားသူ (၂)ဦး၊ သမ၀ါယမဘဏ် ချေးငွေဖြင့် အာမခံထားသူ (၂)ဦး၊ ဧရာဝတီလီမိတက်ဘဏ် ချေးငွေဖြင့် အာမခံထားသူ (၁)ဦး၊ သမ၀ါယမ အသင်းဆိုင် (၁)ဆိုင်၊ ပုဂ္ဂလိကအနေဖြင့် ကိုယ်ပိုင်ထားရှိသူ (၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

“အာမခံ တင်တယ်ဆိုတဲ့ နေရာမှာ အိမ်က ဟောင်းနွမ်းပြီး သူ့အလိုလိုပြိုကျ သွားတာမျိုး ဆိုရင်တော့ လျော်ကြေး မရဘူးပေါ့။ သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ မီးဘေး၊ လေဘေး၊ ရေဘေးလိုမျိုး ပြီးတော့ မသာမာသူက ဖျက်ဆီးလို့ ပျက်သွားတဲ့အခါမျိုး ဆိုရင်တော့ အာမခံလျော်ကြေးငွေကို ရနိုင်ပါတယ်။ အခုက မိတ္ထီလာမှာဖြစ်တဲ့ ပဋိပက္ခမှာ မသမာသူတွေက ဖျက်ဆီးလို့ ပျက်ဆီးသွားတဲ့ အိမ်တွေနဲ့ မီးလောင်သွားတဲ့ အိမ်တွေ ထဲက အာမခံထားတဲ့ အိမ်ရှစ်လုံးကို လျော်ကြေး ပေးတာပေါ့။ ရခိုင်မှာဖြစ်တုန်းကလည်း အာမခံထားတဲ့ အိမ်တွေကို လျော်ကြေးပေးခဲ့တယ်” ဟု မြန်မာ့အာမခံ လုပ်ငန်းမှ ဒုအထွေထွေမန်နေဂျာ ဒေါ်လှလှမွန်က ပြောကြားသည်။

၂၀၁၂ခုနှစ်ဇွန်လက ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် မီးအာမခံ ထားသော စက်ရုံစုဈေးနှင့် အိမ် လေးလုံးအတွက် ၅၇.၉၁သန်း ၊ အောက်တိုဘာလတွင် ကျောက်ဖြူ နှင့် ရမ်းဗြဲကျွန်းများတွင် ၂ ကြိမ်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် မီးအာမခံ ထားသော အိမ်သုံးလုံးအတွက် ၂၇.၉၇၈၃၈သန်း တို့ကို မြန်မာ့ အာမခံလုပ်ငန်းမှ ပေးလျော်ခဲ့ကြောင်း သိရသည်။

ဆုဝေ
@ မြန်မာ့ခေတ်

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း (MP3 သီချင်းဖိုင်)

Posted by drmyochit Friday, June 21, 2013, under | No comments


မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှာ ကတည်းက ပရိ သတ် အားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် အိုင်ရင်း ဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ စုပေါင်း ထွက်ရှိ ထားတဲ့ စီးရီး အတွဲခွေ ထဲက “နှလုံး သား အရင်းအနှီး” သီချင်းဟာ အမျိုးသမီး ပရိ သတ်တွေ ကြားထဲမှာ ရေပန်းစား နေပါတယ်။
ဒီသီ ချင်းနဲ့ ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က “နှလုံး သား အရင်းအနှီး” သီချင်းကို ကိုဖိုးတု ရေးပေး တာ အိုင်ရင်းက အဲဒီ သီချင်းလေး ကောင်း တယ်။ အိုင်ရင်း ဆိုရင်ကောင်းမလား မသိဘူးလို့။ ဒီတော့ အဲဒီသီချင်းကို အကြမ်းဆိုဖို့ ပေးတော့ အကုန်လုံးက ကောင်းတယ်။ အိုင်ရင်း အသံနဲ့ လိုက်ဖက်မှု ရှိတယ်ဆိုလို့ အဲဒီသီချင်းကို ဆိုဖြစ် သွားတာ။

အဲဒီလောက်ထိ အောင်မြင်မယ်လို့ လုံးဝမထင် ထားခဲ့ဘူး။ ရွေးချယ်မှုလည်း မှန်ခဲ့တာ ပေါ့နော်။ အဲဒီသီချင်းက အမှတ်တမဲ့ ကနေ ဘဝမှတ်တိုင် တစ်ခုထိ ဖြစ်စေခဲ့ပါတယ်။ နယ်တွေ သွားရင် အိုင်ရင်းဇင်မာမြင့် ဆိုတာနဲ့ “နှလုံးသား အရင်းအနှီး” သီချင်းကို အလုအ ယက်တောင်း ဆိုကြတယ်” လို့ ပြောပါတယ်။ အိုင်ရင်းဇင်မာမြင့်က “ယိမ်းလိုက်” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုထွက်ရှိထားသူဖြစ်ပြီး “ယိမ်းလိုက်” အခွေမှာ အားစိုက် ထားပုံကို ” အိုင်ရင်း စိတ်ကြိုက်လုပ် ထားတာ။ အကောင်းဆုံး ဖြစ်အောင် လုပ်ထားတာ။

ဒီအခွေကို ပရိသတ် လက်ခံအားပေး တယ်လို့ ကြားရတော့ ကြိုးစားရ ကျိုးနပ်ပါတယ်။ အမှန်တော့ ပရိသတ်က အိုင်ရင်းကို အသိအမှတ်ပြု စေချင်ရုံ သက်သက်ပါ။ ပထမဆုံး တစ်ကိုယ်တော် ခွေမှာ ပေါက်မြောက် အောင်မြင်ဖို့ ဆိုတာ နည်းတဲ့ အကြောင်းတရား မဟုတ်ဘူးလေ။ တော်တော် ခက်ခဲပါတယ်။ အိုင်ရင်းကံကောင်း တယ်လို့ ပြောရမယ်။

မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ တစ်မြို့လုံးလိုလိုမှာ ဖွင့်နားထောင်ကြတယ်ဆိုတဲ့ အသံကြား တော့အတိုင်း ထက်မသိဝမ်းသာ ရတယ်။ အိုင်ရင်းကအခု ဒုတိယ အခွေအတွက်ပြင်ဆင်နေတယ်။ ပထမအခွေ “ယိမ်းလိုက်” အောင်မြင်သလို ဒုတိယအခွေကိုလည်း ဒီ့ထက်အောင်မြင်စေချင်တယ်။ သီချင်းတွေထပ်ပြီး အိုင်မသွားချင်ဘူး။

တချို့ပထမခွေမှာအောင်မြင်သလောက် ဒုတိယခွေမှာ ငုပ်သွားတာ တွေရှိတယ်။ အဲဒါကိုတော့အိုင်ရင်းကြောက်တာ အမှန်ပဲ။ လာမယ့် ၂ဝ၁၄ လောက်မှာ ထွက်နိုင်အောင် ကြိုးစားမယ်။
အခုက အတွဲခွေအနေနဲ့ အိုင်ရင်းရယ်၊ ဇမ်နူးရယ်၊ ချမ်းချမ်းရယ် သုံးယောက်ပေါင်း အတွဲခွေအတွက် လည်း ပြင်ဆင်နေတယ်။ ဒီ့ပြင် Group ခွေအနေနဲ့ အမျိုးသမီးများနေ့အတွက် ရည်ရွယ်တဲ့အခွေထဲမှာလည်း ပါဝင်သီဆိုထားတယ်”လို့ပြောတဲ့ အိုင်ရင်းဇင် မာမြင့် က ရော့ခ်ဂီတဘက်ကို ကြိုက်တာပိုအား သန်လာတယ်လို့လည်းဆိုပါတယ်။ Pop, R & B ကိုလည်း ကြိုက်တယ်။

ရော့ခ်ဂီတဘက်ကို ပိုအားသန်လာတာက အခုမှမဟုတ်ပါဘူး။ကြာပါပြီ။ အခုလိုမျိုး IC နဲ့တွဲ ပြီး ဆိုရတဲ့အခါ ပိုပြီးစိတ်ဝင်စား လာတယ်။ အတွေ့အကြုံပိုရလာတယ်။ IC အဖွဲ့သားတွေ ကလည်း သင်ပြပေး ပါတယ်။ ဝမ်းသာ အားရကြိုဆို ကြတယ်။ ဒီအတွက်ပိုလို့ အားရှိလာခဲ့ တယ်။

ပရိသတ် လက်ခံ အားပေးတဲ့ အဆိုတော် တစ်ယောက်ဖြစ် အောင်ဥာဏ်စွမ်း ရှိသလောက် ကြိုးစား သွားမယ်။ ပရိသတ်တွေလည်း အိုင်ရင်းရဲ့ နောက်ထွက် လာမယ့်အခွေတွေ ကို စောင့် ပြီးအားပေးပါဦး။ ပရိသတ်ရဲ့အသံကို အမြဲနားစွင့်နေပါတယ်” လို့ယိမ်းလိုက်အခွေပိုင်ရှင် အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်။

M ဘွယ်

News From: Yoyarlay

 အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း MP3 ဖိုင်

 
Record music and voice >>

အရက်ဝယ်ခိုင်းရာမှ လူသတ်မှုဖြစ်

Posted by drmyochit Friday, June 21, 2013, under | No comments


ပဲခူးတိုင်း ဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကညင်ပင်ရွာရှိ လယ်တဲတွင် ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်က အလုပ်ရှင်က အလုပ်သမား ကို အရက်ဝယ် ခိုင်းရာမှ လူသတ်မှု ဖြစ်ပွားခဲ့ရာ အလုပ်ရှင် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

သီရိဟေမာ ရပ်ကွက်နေသူ အလုပ်ရှင် ဦးကြည် (၆၇) နှစ်နှင့် ခေါင်ရမ်း ရွာနေသူ အလုပ်သမား ဦးချစ်သောင်း (ခ) ရဲမင်းသူတို့ လယ်တဲ၌ အရက်သောက်နေစဉ် အရက်ကုန်သဖြင့် အလုပ်သမားကို အရက် ဝယ်ခိုင်းရာ စကားများပြီး အလုပ်ရှင်ကို အလုပ်သမားက အရိုးအသွား ၁၇ လက်မရှိ ဓားဖြင့် ထိုးခဲ့ရာ ဦးကြည်၏ဗိုက်တွင် ဒဏ်ရာရရှိပြီး ဓားထိုးခံရသည့် နေရာတွင် သေဆုံးခဲ့ကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့စခန်းရှိ ကနဦးတိုင်တန်းချက် အရ စုံစမ်းသိရှိ ရသည်။

"ချစ်သောင်းကို သူ့အလုပ်ရှင်က အရက်ဝယ်ခိုင်းတယ်။ ချစ်သောင်းက မဝယ်ပေးဘူး ပြောတော့ စကားများပြီး ဓားနဲ့ထိုးတယ်လို့ သိရတယ်။ ဒီကောင်လေးက ပြဿနာဖြစ်ဖူးတာ မရှိဘူး" ဟု ဓားဖြင့် ထိုးသူနှင့် သိကျွမ်းသည့် ထန်းတပင်မြို့နယ် ကမ်းနားလမ်းတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေသခံတစ်ဦးက ပြောကြားသည်။ ဓားဖြင့်ထိုးသည်ဟု ဆိုကာ ဦးချစ်သောင်း (ခ) ရဲမင်းသူကို ပ-၃၉/၂ဝ၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

From: Yoyarlay

မလေး ပဋိပက္ခကြောင့် မြန်မာလုပ်သား ၃၀၀ ကျော် ထိန်းသိမ်းထား

Posted by drmyochit Friday, June 21, 2013, under | No comments


ရန်ကုန် (မဇ္ဈိမ)။   ။ မလေးရှားနိုင်ငံ၌ မေလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ပါဈင်သည်ဟု ယူဆသူ မြန်မာ သုံးရာကျော်ကို မလေးရှား အစိုးရက ထိန်းသိမ်းထားသည်ဟု မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင် က ပြောသည်။

ဇွန်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဇွန်လဆန်းပိုင်းက ဒု-ဝန်ကြီးနှင့်အတူ မလေးရှားနိုင်ငံသို့ သွားရောက်စဉ် မြန်မာများကို ထိန်းသိမ်းထားသည့် စခန်းများသို့လည်း သွားရောက် ကြည့်ရှုခဲ့ရာ ပူထျာချာရာမြို့ရှိ Bukit jalil Detention (Camp)၊ Jalan Duta Camp နှင့် Sepang detention Camp များတွင် ပဋိပက္ခတွင် ပါဝင်သူဟု ယူဆရသူ မြန်မာလုပ်သား ၃၀၇ ဦးကို ထိန်းသိမ်းထားသည်ဟု ဦးမင်းလှိုင် က ပြောသည်။

“ဆာလာရမ်း ဖြစ်စဉ်တုန်းက အကုန်သိမ်းကျုံး ဖမ်းတာ။ ပတ်စပို့ ရှိတဲ့သူဆို ပြန်လွှတ်ပေးတယ်။ စခန်းတွေမှာ များသောအားဖြင့် သူတို့ ပြန်ချင်တယ်ပဲ ပြောတယ်။ တချို့ကလည်း တရားဝင် လိုင်စင်လုပ်ပြီး ဒီမှာပဲ အလုပ်ဆက်လုပ်ချင်တယ်လို့ဖြေတယ်” ဟု ပြောသည်။

အခင်း စတင်ဖြစ်ပွားသည့် ဆာလာရမ်း ဈေးအနီးတွင် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် အလုပ်သမား အများဆုံး အလုပ်လုပ်ကိုင်သည်ဟုလည်း ၎င်းက ဆိုသည်။ ပဋိပက္ခ စတင် ဖြစ်ပွားခြင်းမှာ ဆာလာရန်းဈေးတွင်မြန်မာအလုပ်သမားချင်း ကုန်ပစ္စည်း အကြွေး ဝယ်ရောင်းကိစ္စဖြင့် ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ မလေး ရဲတပ်ဖွဲ့က အဆိုပါဈေးတွင် ဝင်ရောက် ဖမ်းဆီးခဲ့ရာ ဇွန်လ ၇ ရက် တနေ့တည်းတွင်ပင် မြန်မာ ၁၄၆ ဦးကို ထိန်းသိမ်းခဲ့သည်ဟု ဦးမင်းလှိုင် က ဆိုသည်။

ပြန်ချင်သူများအတွက် လိုအပ်သော CI (Certificate Indentity) ကို ပြည်တွင်းရှို အလှူရှင်များ အကူအညီဖြင့်ဆောင်ရွက်ပေးနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“စခန်းတွေမှာ ပြန်ချင်တဲ့သူတွေကို တရားဝင် အထောက်အထားတွေ လုပ်ပေးပြီး ပြန်ခွင့်ရအောင် ဆောင်ရွက်ပေးနေပါတယ်။ ရာဇဝတ်မှု ကျူးလွန်လို့ ထိန်းသိမ်းခံရသူတွေတော့ ပြန်ခွင့် ရတဲ့သူတွေထဲ မပါဘူး” ဟု ဆိုသည်။

ဆာလာရမ်းဈေး ပဋိပက္ခသည် မလေးရှားနိုင်ငံနှင့် သက်ဆိုင်ခြင်းမရှိဘဲ မလေးရှားရှိ မြန်မာ လုပ်သားများကြားဖြစ်ပွားသော ပဋိပက္ခတခုသာ ဖြစ်သည်ဟု မလေးအစိုးရမှ ပြောဆိုထားသည်။

ထို့ပြင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးစိန်ဖေ ကလည်း “ဘာသာရေး၊ လူမျိုးရေးကြောင့် မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေး ငွေရေးကြေးရေးကြောင့် ဖြစ်ပွားတဲ့ ဖြစ်စဉ်တခုကို စိုးရိမ်သောကဖြစ်ပြီး ပြန်ချင်နေကြ တာပါ” ဟု ပြောဆိုသည်။

အစိုးရမှ မလေးရှားသို့ အလုပ်သမား စေလွှတ်ခွင့် ခေတ္တ တားမြစ်ထားသည့်အတွက် ပြည်တွင်း အေဂျင်စီများ အနေဖြင့် အခိုက်အတန့်အားဖြင့် ထိခိုက်မှု ရှိနေသည်ဟု မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင် က ပြောဆိုသွားသည်။

အေးမြင့်စန်း  |မဇ္ဈိမ

တစ်ရက်အတွင်း အမျိုးသမီးနှစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်

Posted by drmyochit Friday, June 21, 2013, under | No comments


ရန်ကုန်တိုင်းအတွင်း ဇွန်လ ၁၇ ရက် တစ်ရက်တည်းအတွင်း အမျိုးသမီးနှစ်ဦး အဆိပ်သောက် သေဆုံးမှုနှင့် ဆွဲကြိုးချ သေဆုံးမှု နှစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။

အဆိပ်သောက်သက်သေမှုမှာ လှိုင်သာယာမြို့နယ်တွင် ဇွန် ၁၇ ရက်၊ ည ၁၁ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကြိုးဆွဲ ချသေဆုံးမှုမှာ တောင်ဒဂုံမြို့နယ်တွင် ယင်း ည ၉ နာရီခွဲအချိန်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

လှိုင်သာယာတွင် အဆိပ်သောက်သေဆုံးခဲ့သည့် အမျိုးသမီးမှာ မဌေးဌေး အောင် (၂၃) နှစ်၊(ဘ)ဦးအောင်မောင်း၊ ဗမာ/ဗုဒ္ဓ၊ မှီခို၊ အမှတ်မရှိ၊ ကျူးကျော်တဲ၊ ဗိုလ်အောင် ကျော်လမ်း၊ စက်မှုဇုန် (၄) တွင် နေထိုင်သူ ဖြစ်သည်ဟုလည်း ရဲကစစ်ဆေးတွေ့ရှိထားသည်။ မဌေးဌေးအောင် အနေဖြင့် အဆိုပါ ည ၁၁ နာရီ ၂ဝ မိနစ် အချိန်တွင် စိတ်ညစ် သည်ဟု ပြောဆိုကာ ငှက်ထောင်ရာတွင် အသုံးပြုသည့် ပိုတက် အဆိပ်ခဲအား သောက်သုံးရာမှ သေဆုံးခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် လှိုင်သာယာမြို့နယ် ဆေးရုံက ပီအာရ်-ဝ၁ ဖြင့် လက်ခံထားသည်။ ယင်း သေဆုံးမှုအား ဓမ္မတာတိုင်း သေဆုံးခြင်းဟုတ် မဟုတ် သိရှိနိုင်ရန် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်
သေမှုသေခင်း အမှတ်စဉ် ၄၆/ ၁၃ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။

အလားတူ ဆွဲကြိုးချပြီး မိမိကိုယ်ကို သတ်သေခဲ့သူမှာ ဒေါ်သင်းသင်း (၄၁) နှစ်၊ (ဘ)ဦးသော်၊ အမွှေးတိုင် အလုပ်သမ၊ ဗမာ/ ဗုဒ္ဓ၊ အမှတ် ၁၇၉၅၊ ရွှေဥဒေါင်း (၁) လမ်း၊ (၁ဝ၄) ရပ်ကွက်၊ ဒဂုံတောင်မြို့နယ် နေသူဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

၎င်းသည် ဓနိမိုး၊ ထရံကာ နေအိမ်ခန်းအတွင်း အမြင့် (၁) ပေခွဲခန့်ရှိ သစ်သားထိုင်ခုံအား အသုံးပြုလျက် (၇) ပေခန့် အမြင့်ရှိ ဝါးလုံးမှ အဝါရောင် နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးနေသည်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ ရှိခဲ့သည်။

ထို့ကြောင့် အလောင်းအား သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့အပ်ရာ ပီအာရ်-၈၈၊ ဖြင့် လက်ခံထားသည်။ ယင်းသေဆုံး မှုကိုလည်း ပုံမှန်သေဆုံးမှုမျိုး ဟုတ်မဟုတ် စစ် ဆေးနိုင်ရန် ဒဂုံတောင် ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၈/၁၃ ဖြင့် အမှုဖွင့်စစ်ဆေး လျက် ရှိသည်။

ရန်ကုန်တိုင်းအတွင်းတွင် ရေနစ်သေဆုံးခြင်းများ၊ အာဟာရပြတ် သေဆုံးခြင်းများနှင့် အရက်အလွန်အကျွံ
သောက်ရာမှ အအေးပတ် သေဆုံးမှုများ နှစ်စဉ်ဖြစ်ပေါ် လျက်ရှိသည့်အပြင် မိမိကိုယ်ကို သက်သေမှုများမှာလည်း တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ် နီးပါးခန့် ဖြစ်ပွားနေလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းများ အရသိရသည်။

မဇ္ဈိမမှ မေးမြန်းရရှိထားသော စာရင်းများအရ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ ၁၆ ရက်အထိ ရက်ပေါင်း ၁၃ဝကျော် ကာလအတွင်း မိမိကိုယ်ကို သတ်သေမှုမှာ အမှုအခင်းပေါင်း ၈ဝ ကျော်အထိ ဖြစ် ပွားထားကြောင်း သိရသည်။

ဇော်ဇော်ထွေး | မဇ္ဈိမ

Thursday, June 20, 2013

အရှက်ကြီးသူနဲ့ စိတ်ပညာကျောင်းသူတို့ ခဏတာ..

Posted by drmyochit Thursday, June 20, 2013, under | No comments

ညချမ်း တစ်ခုမှာ အရှက်ကြီးတတ်သူ ကောင်လေး တစ်ယောက်ဟာ လူစည်ကားတဲ့ လမ်းဆုံ လဖက်ရည်ဆိုင် တစ်ဆိုင်မှာ အေးအေးလူလူ သီချင်းလေး နားထောင်ရင်း လဖက်ရည် သောက်နေတုန်း ကျောင်းသူ အရွယ် ကောင်မလေး ချောချောလေး တစ်ယောက် တစ်ယောက်တည်း လာထိုင်နေတာကို တွေ့လိုက် ရတယ်။ လွန်းပျံခေတ်ဆိုတော့ မြင်မြင်ချင်းပဲ ကောင်လေးက ကျောင်းသူ ကောင်းမလေးကို ချစ်မိ သွားပေမယ့် ရှတ်တတ်သူ ပီပီ စကားသွားပြောဖို့ရာ သတ္တိမရှိတာမို့တစ်နာရီ လောက်ကြာအောင် သတ္တိကို မွေးယူခဲ့တယ်။

နောက်ဆုံးအရဲစွန့်ပြီး ကျောင်းသူလေးနားကို မယောင်မလည်တိုးကပ်ပြီး .. ..
ကျွန်တော် ညီမလေးအတွက် သောက်စရာ တစ်ခုခုများ မှာပေးလို့ ရမလား သိပါရစေ လို့ မေးလိုက်ပါတယ်။

အဲဒီအခါမှာကျောင်းသူ ကောင်မလေးက အသံစွာကျယ်ကျယ်နဲ့ လူတွေအားလုံး ကြားလောက်အောင် .. ..
ရှင်နဲ့ ကျွန်မ လိုက်မအိပ်နိုင်ဘူး လို့ အဓိပ္ပာယ်မဲ့ ပြန်ပြောလိုက်တာကြောင့် လဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့သူတွေအားလုံး သူတို့ နှစ်ယောက်ကို လှည့်ကြည့် ကြပေမယ့် နားလည်ပေးကြပါတယ်။ အထင်နဲ့ လက်တွေ့အဖြစ်အပျက်ကွာခြား လွန်းတာမို့ ရှက်တတ်တဲ့ ကောင်လေးခမျာ မျက်နှာနီရဲသွားပြီး ကျောင်းသူ ကောင်မလေးကို တောင်းပန်ကာသူ့နေရာမှာ ပြန်သွားထိုင်ပြီး စိတ်ဖြေနေပါတယ်။ ခဏအကြာမှာ အဲဒီ ကျောင်းသူလေးက ကောင်လေးရှိရာကို ခပ်ပြုံးပြုံးလေး လျှောက်လာပြီး .. ..

ကျွန်မ စိတ်မကောင်းပါဘူးရှင်။ ကျွန်မ အပြုအမူကြောင့် ရှင် တော်တော်ရှက်သွားတယ် ထင်တယ်။ ကွန်မကစိတ်ပညာနဲ့ ဘွဲ့ယူစာတမ်း ပြုစုနေတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ဦးပါ။ ဒီလို အခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကဘယ်လို တုံ့ပြန်မယ်မလဲ ဆိုတာကို လေ့ကျင့်ချင်တာ တစ်ခုတည်းနဲ့ ကျွန်မဒီလို လုပ်မိတာပါ လို့ ပြောပြီးတောင်းပန်ပါ သတဲ့။ အဲဒီအခါမှာ ရှက်တတ်တဲ့ ကောင်လေးက အသံကုန်ပြန်ပြီး အော်လိုက် တာကတော့

ဟေ့ မင်းက ငွေ ငါးထောင်မှ မတန်တာ။ မပေးနိုင်ဘူး ဆိုပြီး ချာကနဲ လှည့်ထွက် သွားလေရဲ့ .. .. .. ။

Nan Myat Phyo Tin ရဲ့ Photo Album

Posted by drmyochit Thursday, June 20, 2013, under | No comments




Eleven Media သိစေအပ်ပါသည်

Posted by drmyochit Thursday, June 20, 2013, under | No comments


မြန်မာနိုင်ငံမှာ လက်ရှိ ရွေးကောက်ခံ အစိုးရ တက်လာပြီး နောက်ပိုင်း မီဒီယာ လွတ်လပ်ခွင့် ပေးလိုက် ပါတယ်။ အဲဒီလို မီဒီယာ လွတ်လပ် ခွင့်ပေးပြီးနောက် ပိုင်း အပတ်စဉ်ထုတ်ဂျာနယ်တွေ၊ အခုနောက်ပိုင်း နေ့စဉ်ထုတ် သတင်း စာတွေ ဟာ သတင်းစာကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်တွေကို ဘေးချိတ်ပြီး အထိန်း အကွပ်မဲ့ လာတာတွေ့ရပါတယ်။ မီဒီယာသမားအချို့ဟာ '' မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်'' ဆိုပြီး ပုဂ္ဂိုလ်ရေး မကျေနပ် မှုတွေကို ရှေ့တန်းတင်ပြီး ပြည်သူလူထုကြား သွေးထိုး လှုံ့ဆော်တဲ့ လုပ်ရပ်တွေ လုပ်လာတာတွေ့ရပါတယ်။ အဆိုးဆုံးက ပြည်သူလူထုက တပ်မတော် အပေါ်မှာ အထင်အမြင်လွဲအောင်၊ တစ်နည်းအားဖြင့် ယခင်က ပုဂ္ဂိုလ်ရေး မကျေနပ် မှုတွေကို ပြန်တူးဆွပြီး တပ်မတော်နဲ့ ပြည်သူတို့ ထိပ် တိုက်တွေ့အောင် ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။

အဲဒီလိုမီဒီယာတွေထဲမှာ အဆိုး ဆုံးကတော့ Eleven Media ဖြစ်ပါတယ်။ Eleven Media က တာဝန်ရှိ ပုဂ္ဂိုလ်များအနေနဲ့ ၁၉၈၈ ခုနှစ်ဖြစ်စဉ်နဲ့အဲဒီကာလ နောက်ပိုင်း ဘယ်လိုပါဝင်ပတ်သက်ခဲ့တယ်၊ ဘယ်လိုအဖွဲ့ အစည်းတွေရဲ့ နောက်ကွယ်က ကြိုးကိုင် မှုကြောင့် တပ်မတော်အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ အငြိုးထား နေတာလဲ ဆိုတာ အဲဒီပုဂ္ဂိုလ်များသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ လက်ရှိတိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးနဲ့ နိုင်ငံတော်ပြန်လည် တည်ဆောက်ရေး၊ ပြည်သူတွေကြားမှာ ဒီမိုကရေစီ အမူအကျင့်တွေ လုပ်နည်း လုပ်ဟန်တွေရှင်သန်အောင်ဆောင်ရွက်ရေးမှာ Eleven Media လို စတုတ္ထမဏ္ဏိုင်က အပြုသဘောအမြင်နဲ့ ဘယ်လောက်ပါဝင်ခဲ့ ဖူးလဲ ဆိုတာမေး လိုပါတယ်။

သတင်းမှားမှားမှန်မှန်အဓိကမဟုတ်ဘူး၊ လက်ရှိ အစိုးရနဲ့ တပ်မတော် အပေါ် အမျိုးမျိုးပုတ်ခတ် ရေးသား တိုက်ခိုက် ရရင်ပြီးရောဆိုတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ လတ်တလောဖြစ်ပွားခဲ့တဲ့ သင်္ကန်းကျွန်း မီးကျောင်းကန် ဖြစ်စဉ်နဲ့ပတ်သက်ပြီး  Weekly Eleven ဂျာနယ်က ၁၇-၆-၂ဝ၁၃ ရက်နေ့မှာ ရေးသားချက်တွေဟာလဲ ဖြစ်စဉ်ဖြစ်ရပ် အဆင့်ဆင့်နဲ့ တာဝန်ရှိသူများရဲ့ဖြေရှင်း ဆောင်ရွက်မှုအပေါ် ဓမ္မဓိဌာန် ကျကျရေး သားခြင်း မဟုတ်ဘဲ သတင်းရေးသားသူနဲ့ အယ်ဒီတာရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်နဲ့ တပ်မတော်အပေါ်တိုက်ခိုက်မှုသာ ဖြစ်တယ်ဆို တာတွေ့ ရပါတယ်။ အဲဒီဂျာနယ်က ရေးသားချက်တွေကတော့ ''ရန်ကုန်တိုင်း စစ်ဌာန ချုပ်နဲ့ တပ်မြို့စည်ပင်သာယာရေး အဖွဲ့က အင်အား သုံးဖျက်ဆီး မှုပြုလုပ် ခဲ့ခြင်းဖြစ်သည်'' ''အတင်းအဓမ္မချင်းနင်း ဝင်ရောက်ကာ အကြမ်း ဖက်ဖျက် ဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်'' ''ရပ်ကွက်တစ်ခုလုံး ကမ္ဘာပျက်သကဲ့သို့ ဖြစ်စေခဲ့ သည်'' '' အဆိုပါကိစ္စအား အချိန်ယူညှိနှိုင်းခြင်းမရှိဘဲ မထင်မှတ်သည့်အချိန်တွင်အင်အား အလွန်အကျွံသုံးကာ'' စသည့်စကား လုံးအ သုံးအနှုန်းများဖြင့် ဇာတ်မနာ နာအောင်ရေးသားကာ လက်ရှိ အစိုးရနဲ့ တပ်မတော် အပေါ် ပြည်သူလူထုက အထင်လွဲအောင် ရေးသားခဲ့တာ တွေ့ ရပါ တယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၁၄-၆-၂ဝ၁၃ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အသိပေး ချပြခဲ့ ပါတယ်။ နှိုင်းယှဉ်ပြီး ဖတ်ကြည့်ရင် Weekly Eleven ဂျာနယ် ပါ သတင်းရေး သားသူ အပါအဝင် Eleven Media ရဲ့တာဝန်ရှိသူများဟာ သူတို့ဂုဏ်ယူ ဝင့်ကြွား စွာအော်နေတဲ့ စတုတ္ထမဏ္ဏိုင်သမား ပီသရဲ့လား လို့မေးရမှာဖြစ် သလို ဒီထက် ပိုလွန်ကဲမလာဖို့လည်း သတိပေးလိုပါတယ်။ ယနေ့မြန်မာ့ တပ်တော်ရဲ့ခံယူချက်သဘောထားတွေ၊ မူဝါဒနဲ့လုပ်ဆောင်ချက်တွေ၊ ဆက်လက်ပြီး ခံယူလုပ်ဆောင်မယ့် ရည်မှန်းချက် တာဝန် များနဲ့ ပတ်သက်ပြီး တပ်မတော် အကြီး အကဲများက တပ်မတော်နေ့ အပါအဝင် အခမ်း အနား များနဲ့ အခါအားလျော်စွာ ပြည်သူ လူထုကိုချပြခဲ့ပြီး ဖြစ်ပါတယ်။


ယနေ့နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်တို့ ဟန်ချက် ညီညီနဲ့ရှေ့ဆက် ချီတက် လျှောက် လှမ်းနေတာကို Eleven Media အနေနဲ့ အပြုသဘောနဲ့ မြင်ပါ၊ ရေးပါ၊ ပုဂ္ဂိုလ်ရေး အာဃာတအငြိုးနဲ့ တပ်မတော်ကို အပုတ်ချ ရေးသား ခြင်းမျိုး၊ ပြည်သူက တပ်မတော် အပေါ် အထင် အမြင် လွဲမှားအောင် ရေးသားခြင်း သည် အားလုံးအတွက် အန္တရာယ် ဖြစ်တယ် ဆိုတာ ပြောကြားလိုပါတယ်။

မျိုးချစ်စစ်သည်

From: Myanmar Express

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ )

Posted by drmyochit Thursday, June 20, 2013, under | No comments


ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ

အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ
မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ
မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့
အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁
နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ
လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့

အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု
ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင်
အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး
လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ
မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။
အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏ
ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ရင်ကော ကျမ
အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။

မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ
• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။

Risks ဘာတွေကို ဂရုစိုက်ရမလဲ
• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ
“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း
• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။

Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ
• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်

သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။

From:ဒေါက်တာ တင့်ဆွေ

ကလေးနှစ်ယောက် ထက်ပိုမယူရဆိုသည့် အမိန့်မှာ မဟုတ်ဟု ရခိုင်ဝန်ကြီးချုပ်ပြောကြား

Posted by drmyochit Thursday, June 20, 2013, under | 1 comment


ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောတွင် ထုတ်ပြန်ထားသော ဘင်္ဂါလီ အမျိုးသမီးတစ်ဦးလျှင် ကလေး နှစ်ယောက် ထပ်ပိုမယူရ ဆိုသည့် ဒေသန္တရ အမိန့်မှာ မဟုတ်မှန်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် က ပြောသည်။

ယမန်နေ့က စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်းကြီးဌာန ဝန်ကြီး Mr. Alan Duncan ဦးဆောင်သည့် အဖွဲ့သည် အစည်းဝေးပြုလုပ်ခဲ့စဉ် ဗြိတိန်ဝန်ကြီး၏   မေးမြန်းချက်အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“ဘင်္ဂါလီအမျိုးသမီးတစ်ဦးဟာ ကလေးနှစ်ယောက်ထပ် ပိုမယူရဘူးဆိုတဲ့ ဒေသန္တအမိန့်ကို ထုတ်ပြန်ထားခြင်း မရှိပါဘူး၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ကော ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ပါ ထုတ်ပြန်ထားခြင်း မရှိပါဘူး၊ ဒီထုတ်ပြန်ထားတာ မရှိပေးမယ့် ဒီသတင်းထွက်ပေါ်လာတဲ့အတွက် ထွက်ပေါ်လာတဲ့ သတင်းဌာနကိုလဲ ဘယ်ကSourceဆိုလဲဆိုတာကို ကျွန်တော်တို့ စုံစမ်းထားဆဲ ဖြစ်ပါတယ်’’ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြောသည်။

ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်းကြီး ဌာန ဝန်ကြီး Mr. Alan Duncan ဦးဆောင်သည့် အဖွဲ့သည် ဇွန်၁၈ရက်နေ့က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး စစ်တွေမြို့နယ် မြေပုံမြို့နယ်ရှိ ရခိုင်တိုင်းရင်းသား များ နှင့် ဘင်္ဂလီဒုက္ခသည်တို့ဖြင့် တွေ့ဆုံခဲ့ပြီး ဇွန် ၁၉ ရက်နေ့တွင် စစ်တွေမြို့နယ် သက္ကေပြင်၊ မှန်စီ၊ ဒါးပိုင် နှင့် အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီဒုက္ခသည်များဖြင့်လည်း တွေ့ဆုံခဲ့သည်။

အစည်းဝေးတွင် ဗြိတိန်ဝန်ကြီး နိုင်ငံတကာမှာရှိတဲ့ သတင်းစာတွေကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင် အမျိုးသမီးတစ်ဦးဟာ ကလေးနှစ်ယောက်ဘဲယူရမယ် အကျည်းထောင်မှာရှိတဲ့ အခြေအနေတွေ၊ နောက်ပြီး တော့လူတွေ တစ်နေရာမှ တစ်နေရာ သွားလာလို့မရတဲ့ အခြေအနေတွေ သတင်းစာတွေထဲမှာ ရေးသားထား ပါတယ်၊ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ သတင်းစာတွေကို ထိန်းချုပ်လို့မရှိတဲ့ အတွက်သူတို့ပြောနေတာတွေ ကိုလည်း လေ့လာခဲ့ပါတယ်၊ပြီးတော့ အောင်မင်္ဂလာမှာရှိတဲ့ ဘဂါင်္လီတွေနဲ့တွေ့တဲ့အခါသူတို့အနေနဲ့လဲ အပြင်ကိုတကယ်သွားလို့လာလို့မရ ဘူး၊ ဆိုတဲ့ အနေအထားတွေရှိပါတယ်၊ ဆိုတော့ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ဘယ်လိုမျိုးအခက်အခဲတွေရှိလို့ ဒီလူတွေကိုအပြင်မှာ ထွက်ခွင့်မပေးတာလဲအစရှိသည့် မေးခွန်းများ ကိုလည်း ဗြိတိန်ဝန်ကြီးက မေးမြန်းခဲ့သည်။

ဗြိတိန်ဝန်ကြီး၏ခရီးစဉ်တွင် ဘင်္ဂါလီဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီအမျိုးသမီးများနှင့် အဓိကထားတွေ့ဆုံခဲ့ပြီး ကလေးနှစ်ယောက်ထက် ပိုမယူရဆိုသည့်အချက်ကို အဓိက ထားလေ့လာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု တစ်နှစ်ပြည့်တွင် ဗြိတိန်နိုင်ငံမှ ပထမဆုံးအကြိမ် လာရောက် လေ့လာခဲ့ခြင်းဖြစ်သည်။

  ပဋိပက္ခနောက်ပိုင်း ရခိုင်ပြည်နယ်သို့ ပြည်ပနိုင်ငံမှ နိုင်ငံတကာ သံတမန်များ လာရောက်ကြသော်လည်း ရခိုင်တိုင်းရင်းသားများထက် ဘင်္ဂါလီများကိုသာ ဦးစားပေးသည်ကို တွေ့ရကြောင်း စစ်တွေဒေသခံများက ဆိုသည်။

“ ပဋိပက္ခမှာ နှစ်ဘက်လုံး ဖြစ်တာဘဲလေ၊ ဒါပေမယ့် ကျွန်တော်တို့သတိထားမိတာက ပြည်ပ နိုင်ငံက   ခေါင်းဆောင်တော်များများက ဘဂါင်္လီတွေကိုဘဲ ဦးစားပေးတာတွေ့ရတယ်၊ပြည်တွင်းပြည်ပ သတင်းဌာန တွေမှာလည်း အဲလိုဘဲ၊မကြာမီကလဲ မစ္စတာကင်းတားနားက မြောက်ဦးမှာ ဘဂါင်္လီအမျိုးသမီး ၃ဦးသေဆုံးမှုကို စုံစမ်းပေးဖို့ တောင်းဆိုတာလဲရှိတယ်၊ ကျွန်တော်တို့ ရခိုင်ဘက်က ဆုံးရှုံးတာတွေကျတော့ ဘာမှမပြောဘူး၊ ဘက်လိုက်မှု ရှိတယ်” ဟု ရခိုင်လူမှုကွန်ယက် အဖွဲ့ဝင်တစ်ဦးကသုးံသပ်သည်။

ရခိုင်ပြည်နယ်အတွင်းဘင်္ဂါလီအမျိုးသမီးများအနေဖြင့်ကလေးနှစ်ဦးထက်ပိုမယူရဆိုသည့်ဒေသန္တရအမိန့်မှာ ပြည်တွင်းပြည်ပ သတင်းဌာနများတွင်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ၄င်းအမိန့်မှာ မှန်ကန်မှုမရှိကြောင်း မီဒီယာများသို့ အတိအလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)

မော်ဒယ် ရွှေစင်ရဲ့အရမ်းဟော့တဲ့ Sexy ဓာတ်ပုံတွေကိုမှစုစည်းထားတဲ့ Album ပါ...

Posted by drmyochit Thursday, June 20, 2013, under | 4 comments


နှစ်လကျော်ကြာ မြှုပ်နှံထားသည့် အလောင်းကို ပြန်ဖော်စစ်ဆေး

Posted by drmyochit Thursday, June 20, 2013, under | No comments



ထန်းတစ်ပင်မြို့နယ် စန္ဒယော ကျေးရွာမှ သေဆုံးသူ ဦးရှားအောင်၏ အလောင်းကို မြှုပ်နှံထားမှု နှစ်လကျော် ကြာပြီးနောက် သာမန်သေဆုံးခြင်း မဟုတ်ဘဲသတ်ဖြတ်ခံရသည်ဟု သံသယရှိသဖြင့် ထန်းတပင် မြို့နယ်၊ တက်သစ်နယ်မြေ ရဲစခန်းက ပြန်လည်ဖော်ယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ် ပြန်သည်။

ဧပြီလ ၄ ရက်တွင် သေဆုံးခဲ့သည့် ဦးရှားအောင်ကို တစ်ဦးတစ်ယောက်၏ ပြုလုပ်မှုကြောင့် သေဆုံးခဲ့ခြင်း မဟုတ်ဟု ယူဆခဲ့၍ ညတွင်းချင်းပင် စန္ဒယော ကျေးရွာ သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူသည် ရေကန်အတွင်းပစ်ချခံခဲ့ရကာ သေဆုံးခြင်းဟု ညီဖြစ်သူ ဦးအောင်ထူး (၅၅) နှစ်၊ (ဘ) ဦးရွှေ၊ ဗမာ၊ ဗုဒ္ဓ၊ လယ်လုပ်က တက်သစ်နယ်မြေ ရဲစခန်းသို့ တိုင်စာ ပေးပို့ထားသည်။

ဦးရှားအောင်၏ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်အလောင်းဖော်ယူ စစ်ဆေးနိုင်ရန် ယာယီရဲမှူးသောင်းလင်း(ထန်းတပင်မြို့နယ်)က တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုအား တက်သစ်နယ် မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၁၃ဖြင့် ယခုလ ၁၇ ရက်နေ့တွင် အမှုဖွင့်ပြီး အမှုစစ်ရဲအုပ် တင်မြင့်(စခန်းမှူး)က စစ်ဆေးလျက်ရှိသည်။

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်အတွင်းရှိ စန္ဒယောကျေးရွာနေ ဦးရှားအောင် (၅၈) နှစ်မှာ ဧပြီလ ၁ ရက် ညနေပိုင်းကတည်းက ပျောက်ဆုံးသွားခဲ့သည်။ ယင်းနောက် သုံးရက်အကြာ ဧပြီ ၄ ရက်ညနေ ၅ နာရီ အချိန်တွင် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ဇော်ဇော်ထွေး
by Mizzima - News in Burmese

မုဒိမ်းမူ အတွက် စစ်ဆေးခြင်း

Posted by drmyochit Thursday, June 20, 2013, under | No comments


မိန်းမ ကိုယ်အတွင်း သုက်ပိုး သို့မဟုတ် သုက်ရည်ရှိ နေခြင်းသည် မုဒိမ်းမှု အတွက် ခိုင်လုံသော သက်သေ ပြချက်ဖြစ်သည်။ သို့သော်လည်း မုဒိမ်းကျင့်သူအနေဖြင့် သုက်ရည်ထွက် ခြင်းမဖြစ်သည့်အမှုမျိုး ၃ မှုလျှင် ၁ မှု၌ တွေ့ရတတ်သည်။ ထို့ကြောင့် ဆေးဘက်ဆိုင်ရာ စမ်းသပ် စစ်ဆေးမှုက ထိခိုက်ဒဏ်ရာတစ်ခုခု ရှိနေခြင်း ကို ပြသနိုင်လျှင် အရေးကြီးသော အချိန်ဖြစ်လာသည်။ မုဒိမ်းကျင့်သည့် အမျိုးသား သုက်ရည်လွှတ်ခြင်းမပြု ဟု ထင်ပါက အမျိုးသမီးအနေဖြင့် ဆရာဝန်နှင့် ရဲအား ထိုအချက်ကို ပြောပြရန် အရေးကြီးသည်။

(၁) ပထမဦးစွာ အမျိုးသမီး၏ ခန္ဓာ ကိုယ်တစ်ခုလုံးအား အထွေထွေကြည့်ရှု စမ်းသပ်ခြင်းပြုလုပ်ရမည်။ အညို အမည်းစွဲခြင်း၊ နီရဲနေခြင်း၊ ပွန်းပဲ့စုတ် ပြဲဒဏ်ရာ၊ ထိတွေ့မှု၊ နာကျင်မှု စသည်တို့ကို ဆရာဝန်မှ ဖော်ပြပေးရ မှာဖြစ်သည်။

(၂) ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်း နှင့် အတွင်းပိုင်း စစ်ဆေးရမည်။ ထိခိုက်ဒဏ်ရာများ ရှိ၊ မရှိနှင့် မိန်းမ ကိုယ်မှထွက်သော အရည်များကို နမူနာပစ္စည်းယူရန်ဖြစ်သည်။ မိန်းမ ကိုယ်မှ အရည်ကို စစ်ဆေးခြင်းဖြင့် သုက်ပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင် သည်။ ထို့အပြင် ထိုမိန်းမကိုယ်အရည် ၏ ဓာတုဗေဒဖွဲ့စည်းမှု (Acdi Phosphitas) ရှိ၊ မရှိကို ဖော်ထုတ် ရန်ဖြစ်သည်။ ထိုဓာတု ပစ္စည်းများက သုက်ရည်ထဲတွင် တွေ့ရလေ့ရှိပြီး မိန်းမကိုယ်ထဲတွင် သုက်ရည်လွှတ်ခဲ့မှု ကို သက်သေပြနိုင်သည်။ သုက်ပိုးရှိ၊ မရှိကိုတော့ သက်သေမပြနိုင်ပါ။

(၃) မုဒိမ်း ကျင့်ခံရသည့် အမျိုးသမီး၏ စအိုနှင့် ပါးစပ် တို့ကိုလည်း စမ်းသပ် စစ်ဆေးရမည်။ မုဒိမ်းကျင့်သူ အနေဖြင့် ထိုနေရာများအား ထိခိုက်မှုဖြစ်စေခဲ့ ခြင်းရှိ၊ မရှိ သိရှိရန်ဖြစ်သည်။ HIV ပိုးရှိ၊ မရှိနှင့် ဆစ်ဖလစ် ကာလသား ရောဂါပိုးရှိ၊ မရှိ သွေးစစ်ဆေးခြင်းကို ပြုလုပ်ရန်လိုသည်။ HIV ကူးစက်ခံရ နိုင်ခြေ အခွင့်အလမ်းရှိပါက ဗိုင်းရပ်စ် ပိုးသတ်ဆေးများ သောက်ရန်လိုအပ် နိုင်သည်။

(၄) ဆရာဝန်က လိင်မှတစ်ဆင့် ကူး စက်တတ်သောရောဂါများ ကာကွယ် တားဆီးရန် ပဋိဇီဝဆေးများ ညွှန် ကောင်းညွှန်ပါလိမ့်မည်။ ဆစ်ဖလစ်နှင့် ဂနိုကဲ့သို့သော ရောဂါများဖြစ်သည်။

yoyarlay

အသက်မပြည့် ပြည့်တန်ဆာနှင့် ဆက်ဆံမှုဖြင့် ဘန်ဇီးမားနှင့် ရစ်ဘာရီ တရားစွဲဆိုခံရ

Posted by drmyochit Thursday, June 20, 2013, under | No comments


ပြင်သစ် လက်ရွေးစင် ဘောလုံးသမား နှစ်ဦးဖြစ်သော ဖရန့်ခ်ရစ် ဘာရီနှင့် ကီရင် ဘန်ဇီးမားတို့သည် အသက်မပြည့်သေးသည့် ပြည့် တန်ဆာ တစ်ဦးနှင့် ဆက်ဆံခဲ့မှုအတွက် တရားရုံးတွင် အစစ်ဆေး ခံခဲ့ ရကြောင်း သိရှိရသည်။ ဘိုင်ယန်မြူးနစ် တောင်ပံလူ ရစ်ဘာရီနှင့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမားတို့သည် အဆိုပါ စွဲချက် အတွက် တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းရမှုကို (၃)နှစ်ကြာအောင် ရွှေ့ဆိုင်းနိုင် ခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ ရင်ဆိုင် လာရခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် အယ်လ်ဂျီးရီးယန်းနွယ်ဖွား ဇာဟီရာ ဒီဟာနှင့် ငြိစွန်းခဲ့ခြင်းအတွက် ယခုပြဿနာ ကြုံလာရခြင်း ဖြစ်သည်။

ပြင်သစ် ဥပဒေအရ အသက်မပြည့်သေးသော မိန်းကလေး တစ်ဦးနှင့် အခကြေးငွေ ပေးချေကာ ကာမဆက်ဆံခြင်းသည် မျက်ကွယ်ပြု၍ မရဘဲ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၃)နှစ်၊ သို့မဟုတ် ပေါင်စတာလင် (၄၀၀၀၀)ထိ ချမှတ်ခြင်း ခံရနိုင်သည်။ ဇာဟီရာသည် ယခုအချိန်တွင်မူ ကိုယ်ပိုင် အမှတ်တံဆိပ်နှင့် အမျိုးသမီး အတွင်းခံ အဝတ်အထည်များကို ရောင်းချလျှက် ရှိနေသည်။ အဆိုပါ အရှုပ်အထွေး ပေါ်ပေါက်လာခြင်းသည် (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသော ပြင်သစ် လက်ရွေးစင် အသင်းကို တုန်လှုပ်စေခဲ့ပြီး ထိုစဉ်က ရစ်ဘာရီရော၊ ဘန်ဇီးမားပါ ဇာဟီရာ၏ အသက်မှာ (၁၇)နှစ်သာ ရှိသေးကြောင်း မသိခဲ့ဟု ဝန်ခံထားသည်။


တရားရုံး မှတ်တမ်းများတွင် ဇာဟီရာသည် အသက်(၁၅)နှစ်နှင့် (၁၆)နှစ် အတွင်းကတည်းက ပြည့်တန်ဆာ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ဖောက်သည်များကိုမူ အသက်(၁၈)နှစ်ဟု လိမ်ပြောထားကြောင်း ဖော်ပြထားသည်။ သူမသည် (၂၀၀၉)ခုနှစ်က ပဲရစ်မှ မြူးနစ်သို့ လေယာဉ်ဖြင့် ပျံသန်းသွားကာ ရစ်ဘာရီ၏ အသက်(၂၆)နှစ်ပြည့် မွေးနေ့ ပါတီအတွက် ငှားရမ်းမှုကို လက်ခံခဲ့သည်။ ထိုစဉ်က ရစ်ဘာရီသည် ဇာဟီရာကို ယူရို (၇၀၀) ဝန်ဆောင်ကြေး ပေးခဲ့ကြောင်း သိရသည်။ ရစ်ဘာရီသည် အစ္စလာမ် ဘာသာဝင်အဖြစ် ကူးပြောင်းခံယူထားပြီး မိသားစုကို တွယ်တာသူ တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရသူ တစ်ဦးဖြစ်သော်လည်း ဇာဟီရာ ကိစ္စကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ရစ်ဘာရီကမူ မိမိသည် ဇာဟီရာကို အသက်မပြည့်ကြောင်းရော၊ ပြည့်တန်ဆာ တစ်ဦးဟုပါ မသိခဲ့ဘဲ လေဆိပ်ထိ တက္ကစီ စီးသွားရန် ယူရို(၂၀၀)သာ ပေးအပ်ခဲ့ကြောင်း ပြောဆိုထားသည်။ ရစ်ဘာရီ၏ ရှေ့နေဖြစ်သူ ကားလို့စ် အယ်လ်ဘာတို ဘရူဆာက မိမိ၏ အမှုသည်မှာ အပြစ်ကင်းသော်လည်း ယင်းကို တရားခွင်တွင် လက်တွေ့ ထုတ်ပြနိုင်ရန် ကြိုးစားမည်ဟု ဆိုသည်။ "ပြင်သစ် ဥပဒေမှာ မိန်းကလေး တစ်ယောက်နဲ့ ချစ်တင်းနှီးနှောပြီး ဒီအတွက် ငွေကြေးပေးချေတယ် ဆိုတာမျိုးကို တားမြစ်မထားဘူး။ တားမြစ်ထားတဲ့ အချက်ကတော့ အသက်မပြည့်သေးဘူး ဆိုရင် လက်ခံလို့ မရဘူး ဆိုတာပဲ။ ဒါပေမဲ့ ဥရောပ တလွှားကို လေယာဉ်နဲ့ လျှောက်သွားနေတဲ့ မိန်းကလေး တစ်ယောက်ကို အသက်မပြည့်သေးဘူးလို့ ဘယ်သူက အသက်မပြည့်ဘူးလို့ ထင်မှာတဲ့လဲ"ဟု ၎င်းက ထောက်ပြခဲ့သည်။

ဘန်ဇီးမားသည် (၂၀၀၈)ခုနှစ်၊ မေလက ဒီဟာတွင် ဇာဟီရာနှင့် ဆုံဖူးပြီး ယူရို(၅၀၀) ပေးချေကာ ပျော်ပါးဖူးကြောင်း စွပ်စွဲခံထားရပြီး ယင်းကို ကစားသမားက ငြင်းဆိုထားသည်။ ပြင်သစ်တွင် အမျိုးသမီးများ အရွယ်ရောက်သည့် အသက်အရွယ်ကို (၁၅)နှစ်ဟု သတ်မှတ်လက်ခံ ပေးထားသော်လည်း ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးမှုကိုမူ အသက်(၁၈)နှစ် မတိုင်မီ ပြုလုပ်ပါက ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရသည်။

Source: DailyMail
From: Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်