Tuesday, June 25, 2013

မိမိတွင် အကြမ်းဖက် သမား တစ်ဦး၏ အမူ အကျင့် လုံးဝ မရှိဟု ဆရာတော် ဦးဝီရသူတုံ့ပြန်

Posted by drmyochit Tuesday, June 25, 2013, under | No comments



ရန်ကုန် - ဇွန် - ၂၄ ။ ။ တိုင်းမ်မဂ်ဂဇင်း က ဗုဒ္ဓ ဘာသာ အကြမ်း ဖက်ဟု သုံးနှုန်း ဖော်ပြခဲ့ မှုနှင့် ပတ်သက် ၍ မိမိတွင် အကြမ်းဖက် သမား များ၏ အမူ အကျင့်၊ စရိုက်လက်ခဏာမျိုး လုံးဝမရှိကြောင်း ဆရာ တော် ဦးဝီရ သူက ရန်ကုန်တိုင်းမ် သတင်းစာသို့ မိန့်သည်။

''အကြမ်း ဖက်ဆိုတာ ဘာ ကို ကြည့်ပြီးပြောတာလဲ။ လက် နက်တွေကိုင်၊ အဖွဲ့အစည်းတွေ ဖွဲ့ပြီး ပြဿနာရှာ၊ အဓိကရုဏ်း တွေ ဖန်တီး စတဲ့ အကြမ်းဖက် လုပ်ရပ်တွေလုပ်တာမျိုး လုံးဝမရှိ တဲ့အတွက် ဗုဒ္ဓ ဘာသာ အကြမ်းဖက် လုံးဝ မဟုတ်ပါဘူး''ဟု ဆ ရာတော် ဦးဝီရ သူက မိန့်သည်။ ဆရာတော် ဦးဝီရသူအား ဗုဒ္ဓ ဘာသာ အကြမ်း ဖက်ဟု တိုင်းမ် မဂ္ဂဇင်းတွင် သုံးနှုန်း ဖော်ပြ ခဲ့ခြင်း နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ရုံးက ကန့်ကွက်ကြောင်း ဇွန် ၂၃ ရက်က ထုတ်ပြန်ခဲ့မှု အပေါ် တွင်လည်း ဦးဝီရသူနှင့် နိုင်ငံရေး အသိုင်း အဝိုင်း၊ လူမှု အဖွဲ့ အစည်း များက ကြိုဆိုခဲ့ကြသည်။ ဆရာတော်က ''အငိုသန် တဲ့သူတွေ၊ အဆဲ သန်တဲ့ သူတွေ ရှိတယ်။ သူတို့တွေက အခန်းတံ ခါးပိတ်ပြီး တိုင်းမ် မဂ်ဂဇင်းစာရေး သူကို ငိုပြ၊ ဆဲပြတာတွေကို မိန်း မသား လဲဖြစ်တော့ ယုံသွား တာပါ။ နောက် ဧရာဝတီတို့လို အွန် လိုင်း စာမျက်နှာတွေက တစ်ဆင့် တိုက်ခိုက်လို့မရတော့ ကမ္ဘာကျော် တိုင်းမ်မဂ်ဂဇင်းလိုမျိုး နေရာက နေ တိုက်ခိုက် တာဖြစ်ပါတယ်'' ဟု ဆက်လက်မိန့်သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် နှစ်ပေါင်း ထောင်ချီ ၍ တည်တံ့ လာခဲ့သော မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဖြစ်သော ဗုဒ္ဓ ဘာသာ သာသနာ တော်အပေါ် အထင် အမြင် လွဲမှား စေပြီး လက်ရှိ ဆောင်ရွက်နေ သည့် ဘာသာ ပေါင်းစုံတို့ အကြား အပြန် အလှန် ယုံကြည်မှု တည်ဆောက် နေခြင်းကိုလည်း ထိခိုက် စေနိုင် သောကြောင့် ကန့်ကွက် ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး(ဗဟို) ဥက္ကဌ ကိုဇွဲ ရန်နိုင်က ''တိုင်းမ် မဂ္ဂဇင်းက ဒီလို ဖော်ပြ ထားတာကို ကျွန်တော် မြန်မာ နိုင်ငံသား လူငယ် တစ် ဦး အနေနဲ့ ကန့်ကွက် ပါတယ်။ ဒါဟာ ဗုဒ္ဓ ဘာသာကြီး တစ်ခုလုံး ကို အပုပ်ချ လိုက်တယ် လို့ယူဆ ပါ တယ်။ ဘာသာရေး လှုပ်ရှားနေ သူတွေက ဒီကိစ္စကို မခံနိုင် ဖြစ်ပြီး မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ သမ်မ တရုံးက ထုတ်လိုက်တယ်လို့ မြင်ပါတယ်။ သမ်မ တရုံးက ဒီလို ထုတ်ပြန် လိုက်တာ ကောင်းပါတယ်။ ကြိုဆို ပါတယ်'' ဟုပြောသည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်မှ ဦးမြင့် ဝင်းမောင်က ''ဒီကိစ္စက မလေး ရှားမှာဖြစ်တဲ့ ပြဿနာထက် ပို ပြီး သက်ရောက်မှု ပြင်းပါတယ်။ သက်ရောက်မှု ပြင်းတယ် ဆိုတာ က ဗုဒ္ဓ ဘာသာကို ထိခိုက် စေပါ တယ်။ နိုင်ငံတော် က တရားဝင် ကန့်ကွက်ပြောဆို တာကို ထောက်ခံပါတယ်''ဟုပြောသည်။

နိုင်ငံတော် သမ္မတ၏ပြော ရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ''တိုင်းမ် မဂ်ဂဇင်းက ဆောင်းပါး ရေးသား ထားတာကို ကြည့်လိုက် တဲ့ အ ခါ နှစ်ဖက် ဖြစ် ပွားနေတဲ့ အခြေ အနေကို မျှမျှတတ ရေးထားတာ မရှိဘူး။ ဗုဒ္ဓ ဘာသာ တွေက အကြမ်းဖက် နေတယ်လို့ ယူဆပြီး ရေးထားတာ တွေ့ရတယ်။ အဆိုးဆုံး ကတော့ အဖုံးမှာ ဖော်ပြထား တဲ့ပုံနဲ့ ဗုဒ္ဓ ဘာသာ အကြမ်းဖက် နေတယ် ဆိုတာကို လုံးဝ ကန့်ကွက် တယ်။ ဒါကြောင့်သမ္မ တရုံးရဲ့ အ မြင်နဲ့ ထုတ်ပြန် ရခြင်း ဖြစ်တယ်'' ဟုပြောသည်။ ဆရာတော် ဦးဝီရသူက ''ပြည်တွင်း ပြည်ပက ရဟန်းရှင် လူတွေ ဒီလောက် ထောက်ခံ လိမ့် မယ် မထင်ခဲ့ဘူး။ သမ်မတရုံးနဲ့ ရဟန်း ရှင်လူ ပြည်သူ တွေအား လုံးကို ကျေးဇူး တင်ပါတယ်။ ဆရာတော် လျှောက်လှမ်းနေ တဲ့ လမ်းကြောင်းကိုလဲ အတိမ်း အစောင်း မခံဘဲနဲ့ ဆက်လက် လျှောက်လှမ်း သွားပါမယ်''ဟု မိန့်သည်။

ရွှေရည် ၊ လင်းအောင်

သမ္မတဦးသိန်းစိန် တိုင်းမှူးဖြစ်ခဲ့စဉ် စိုက်ပျိုးရေးစီမံကိန်းအတွက် ညွှန်ကြားခဲ့သော လယ်ယာမြေများနှင့် စပ်လျဉ်းပြီး ရှယ်ယာရှင်များ ရှင်းလင်း

Posted by drmyochit Tuesday, June 25, 2013, under | No comments



ရန်ကုန်၊ဇွန် ၂၅။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ၁၉၉၉ခုနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် တာချီလိတ်ခရိုင် စိမ်းလန်း စိုပြေရေးအတွက် စိုက်ပျိုးရေးစီမံကိန်း လုပ်ဆောင်ရန် ညွှန်ကြားခဲ့သဖြင့် မြေလွတ်မြေရိုင်းများကို လယ်ယာမြေအဖြစ် ဖော်ထုတ်ကာ ရှယ်ယာ များ ထည့်ဝင် ခဲ့ကြသော ရှယ်ယာရှင်များမှ အဆိုပါ လယ်မြေများနှင့်စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ဇွန်လ ၂၅ရက်နေ့ တွင် ပြုလုပ် ခဲ့သည်။

၁၉၉၉ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် တာချီလိတ်ခရိုင် မဲခေါင်ရိပ်သာတွင် တိုင်းမှူး ဗိုလ်ချုပ် သိန်းစိန်က စိမ်းလန်းစိုပြေရေး အတွက် စံပြနမူနာ စိုက်ပျိုးရေးလယ်ယာမြေများ စိုက်ပျိုးရန် တာချီလိတ်မြို့၊ ဟောင်း လိတ်ကျေး ရွာတွင် လယ်ယာမြေများကိုဖော်ထုတ်ရန် ဦးကိုဦး၊ ဦး အာဟီး၊ ဦးအားထူတို့ကို ညွှန်ကြား မှုပေး ခဲ့ကြောင်း ရှယ်ယာဝင်တစ်ဦးဖြစ်သူ ဦးအောင်သန်းစိုး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ လယ်ယာမြေအကောင်အထည်ဖော်ရာတွင် တစ်ဦးတစ်ယောက်(သို့) အဖွဲ့ အစည်း တစ်ခုတည်းမှ ငွေကြေးမတတ်နိုင်ပါက အစုရှယ် ယာများ ခေါ်ယူနိုင်ကြောင်း ပြောကြားခဲ့သဖြင့် အစုရှယ်ယာများထည့်ကာ လယ်ယာ မြေများကို ဖော်ထုတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

လုပ်ငန်းလုပ်ဆောင်ပြီး တစ်နှစ်အကြာ ၂၀၀၀ခုနှစ်တွင် လောဆန်း(ခ) ရှီကွမ်နှိပ်ဆိုသူမှ သက်ဆိုင်ရာပြည်နယ်အစိုးရ၏ မြေသိမ်းအမိန့် မပါရှိ ဘဲ အလုပ်သမားများအား ခြိမ်း ခြောက်ကာ လယ်ယာမြေများကို ဘူဒိုဇာနှင့်ထိုးကာ လူနေအစောင့်တဲအိမ် ၄အိမ်နှင့် ရာဘာပင် ၁၅ဧကကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ် ဆောင်ခဲ့ပြီး ပုဂ္ဂလိကပိုင် တာဝေဓါတ်အားပေးစက်ရုံကို တည်ဆောက်ခဲ့ကြောင်း၊ ယင်းအပြင် နောက်ထပ် ဖော် ထုတ်ခဲ့သော လယ်မြေ ၁၀ ဧက ကိုလည်း လောဆန်း(ခ) ရှီကွမ်နှိပ်ဆိုသူ၏ ပုဂ္ဂလိက တစ်ဦးတည်းပိုင်မြေဖြစ်ကြောင်း လ/န (၃၉) ထုတ်ပြကာ သိမ်းဆည်းသွားကြောင်း ရှယ် ယာဝင်တစ်ဦးဖြစ်သူ ဦးအောင်သန်းစိုးက ပြောကြားသည်။

“ကျွန်တော်တို့မှာ မြေယာလျော်ကြေးငွေလည်း မရသလို မြေကွက်အစားထိုးပေးတာမျိုးလည်း မရှိပါဘူး။ အဲ့ဒီအချိန်မှာ အခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ရှမ်းပြည်အရှေ့ပိုင်းမှာ တိုင်းမှူးပါ။ သူ့ထက်မြင့်တာ မရှိဘူးပေါ့ သူလိုပုဂ္ဂိုလ်မျိုးက ဦးဆောင်ပြီးလုပ်တာဆိုပြီး ကျွန်တော်တို့ ယုံ ကြည်ပြီး ရှယ်ယာတွေ ထည့်ခဲ့တာပါ။ လုပ်ငန်းတွေလုပ်ကိုင်ပြီး တစ်နှစ်လောက်ကြာမှ မြေတွေကို ဘူဒိုဇာနဲ့ထိုးပြီး အပင်တွေ မီးရှို့ခံခဲ့ရတာ ပါ။အခုနိုင်ငံတော်သမ္မတ အဲဒီအချိန်တုန်းက တိုင်းမှူးကိုယ်တိုင် လက်မှတ်ရေးထိုးညွှန်ကြားခဲ့လို့ ကျွန်တော်တို့ လုပ်ခဲ့တာကို တခြားသူ တစ် ယောက်က သူပိုင်မြေပါဆိုပြီး မတရားအသိမ်းခံရတာကို သမ္မတကိုယ်တိုင် ဖြေရှင်းပေးစေချင်တာပါ” ဟု ဦးအောင်သန်းစိုးက ပြောကြား သည်။

အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်းပြီး တောင်ကြီးမြို့တွင် နေထိုင်သော ဦးကိုဦးမှ ရှယ်ယာရှင်များ အားလုံးကိုယ်စား တရားလိုလုပ်၍ တိုင်ကြားခဲ့ သော်လည်း ၂၀၁၃ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် ရှမ်းပြည်နယ် တရားရေးလွှတ်တော်မှ ဦးခင်မောင်ဌေးက အမှုကို ပလပ်လိုက်ကြောင်း ရှယ် ယာဝင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်း၏ပြောကြားချက်အရ သိရသည်။

အဆိုပါ မြေလွတ်မြေရိုင်းများကို လယ်ယာမြေများ အဖြစ်ဖော်ထုတ်ရန် အစုရှယ်ယာတစ်စုလျှင် ငါးသိန်းကျပ်သတ်မှတ်ကာ အစုရှယ်ယာများ ထည့်ဝင်ခဲ့ကြပြီး စုစုပေါင်း ဘတ်၂၂သိန်း ကုန်ကျခဲ့ကြောင်း သိရသည်။

ဆုဝေ
@ မြန်မာ့ခေတ်

25-6-2013 ရက်နေ့ ဗွီဒီယိုသတင်းများ စုစည်းမှု

Posted by drmyochit Tuesday, June 25, 2013, under | No comments

ပုဇွန်တောင်ချောင်းအတွင်း ငမိုးရိပ်မိချောင်း တစ်ကောင်အား ယနေ့နံနက်ပိုင်းတွင် ဖမ်းမိခဲ့၊
ရေလုပ်သားများမှ ဖမ်းဆီးခဲ့ပြီး သာကေတ မိချောင်းမွေးမြူရေး စခန်းသို့ ပို့ဆောင်

=================================================



အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရ၊ တရားရုံးမှ အသက်မပြည့်သော ပြည့်တန်ဆာနှင့်ပျော်ပါးမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် ချမှတ်ခဲ့
======================================================


ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်၊ မြ၀တီမြို့မှတစ်ဆင့် ပထမဦးဆုံး အကြိမ်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့

======================================================

အာဖဂန် သမ္မတနန်းတော်နှင့် စီအိုင်အေရုံးတို့ကို တာလီဘန်များ တိုက်ခိုက်၊ လုံခြုံရေးထူထပ်စွာ ချထားသော်လည်း ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့


From: Eleven

အဓိကရုဏ်းများ မဖြစ်ပွားစေရန် တိုင်းမ်မဂ္ဂဇင်းကို အစိုးရကန့်သတ်

Posted by drmyochit Tuesday, June 25, 2013, under | No comments


လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်း စာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီက ယနေ့ည ၈နာရီတွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော် အပေါ်အထင်အမြင်လွဲမှားစေပြီးလက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်း ကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသဖြင့်၂၀၁၃ ခုနှစ် ဇူလိုင်လ
၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံး က လည်းဇွန်လ၂၃ရက်နေ့တွင် ကြေညာချက်
ထုတ်ပြန်ခဲ့သည်။

ကြေညာချက်အပြည့်အစုံ(From: The Voice Weekly)


၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)နှင့် စပ်လျဉ်း၍ ကြေညာခြင်း


အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီ

ကြေညာချက် အမှတ် ၁/၂၀၁၃

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်

(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)

နှင့်စပ်လျဉ်း၍ ကြေညာခြင်း

            ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)တွင် သံဃာတော် ဦးဝီရ သူအား မျက်နှာဖုံး တင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည်။

            တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓ ဘာသာ သာသာနာ အပေါ် အထင် အမြင် လွဲမှား စေပြီး နိုင်ငံတော်မှ အကောင် အထည်ဖော် ဆောင်ရွက် နေသည့် ဘာသာ ပေါင်းစုံတို့ အကြား အပြန်အ လှန် ယုံကြည်မှု တည်ဆောက် နေခြင်းကိုလည်း ထိခိုက်ေ စနိုင်ကြောင်း တွေ့ရှိ ရပါသည်။

            ထို့ကြောင့် အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီ၏ လုပ်ငန်း တာဝန်နှင့် အညီ လူမျိုးရေး၊ ဘာသာရေး အဓိ ကရုဏ်းများ ထပ်မံ မဖြစ်ပွား စေရေး အတွက် ကာကွယ် နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း မူရင်း စာစောင် အတိုင်း  ဖြစ်စေ၊ မိတ်တူ ပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ် ထားရှိခြင်း မပြုလုပ်ရန် အများ ပြည်သူ အကျိုးငှာ ကြေညာ လိုက်သည်။    


       

                                                                            အမိန့်အရ 
                                                                          အတွင်း ရေးမှူး 
                                                      အရေးပေါ် ကာလ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီ


အကူအညီလိုအပ်နေသူ ( အရပ်အရှည်ဆုံးလူသား မြန်မာနိုင်ငံတွင် ရှိနေသည် )

Posted by drmyochit Tuesday, June 25, 2013, under | No comments



Ready made ဘိနပ်၊ပုဆိုး၊စောင်၊အင်္ကျိ၊ဘယ်ဟာမှအဆင်မပြေပါ။

ကိုဝင်းဇော်ဦး အသက်(၃၆)နှစ် အရပ် ( ၇ ပေ ၁၁ လက်မ)
ဖ၀ါး(၁၃ခွဲ) အလှူရှင် လိုအပ်နေပါသည်။
မိတ်ဆွေများ Share လုပ်ပေးကြပါ။
အလှူရှင်များဆက်သွယ်ရန်
ဦးပေါဌေး ၊အုပ်ချုပ်ရေးမှူး ၊နတ်မောက်မြို့ နယ်
ထုံးပေါက်ချိုင်းကျေးရွာ (၀၉၄၀၁၆၄၀၇၅၂)

From: သတင်းချစ်သူ - ဝေဟင်

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

Posted by drmyochit Tuesday, June 25, 2013, under | No comments




ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။

နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ်ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။

From: International news for myanmar

အနာဂတ်ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး ရွယ်လှေ

Posted by drmyochit Tuesday, June 25, 2013, under | No comments









ပညာရှင် Eduard Gray’s ရေးဆွဲဖန်တီးထားတဲ့ ဒီဇိုင်းပါ၊အနာဂတ်မှာထုတ် လုပ်ဖို့ရေး ဆွဲထားပြီး ကားတွေ ကိုပါတင်ဆောင် သွားလာနိုင်မယ့် ဇိမ်ခံရွက်လှေပါ၊

ဆလင်ဒါ ၁၂ လုံး V အင်ဂျင်နဲ့တည်ဆောက်ထားပြီး ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင် ရေက ၈၈၀ ရှိမှာပါ၊
ဒါကြောင့်တစ်နာရီကို မိုင် ၂၃၀ နှုန်းအထိမောင်းနှင်မယ့် အနာဂတ် Concept ရွယ်လှေကြီးပါ၊

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်

Posted by drmyochit Tuesday, June 25, 2013, under | No comments

တွံတေး၊ ဇွန် ၂၅။

တွံတေးမြို့နယ် အိုးဖိုးအနောက်ရပ်ကွက် စည်ပင်သာယာလမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ်နာရီ ခွဲခန့် ၌ သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးအား ကောင်မလေး ၏ ဖခင်ဖြစ်သူက ခေါ်၍ ဓားဖြင့် ထိုးလိုက်သောကြောင့် သေဆုံးသွားကြောင်း တွံတေးမြို့ နယ် ရဲစခန်းမှ သိရသည်။

သေဆုံးသူ စိုးမိုးကျော်သည် မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စု ကြုံဝကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တွံတေး မြို့ ငွေပုဇွန်ငါးဒိုင်၌ ငါရောင်း၍ အပြန်တွင် ဓားထိုးခံရပြီး ဆေးရုံးတွင် သေဆုံးခြင်းဖြစ်ကြောင်း မြို့နယ် ရဲ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်လေးသွားတဲ့ အိမ်က ကောင်မလေးအိမ်နဲ့ အိမ်သုံးလုံးလောက်ပဲ ကွာတယ်။ အရင်နေ့တွေက ကောင်မလေးကို စာလိုက်ပေးလို့ သူ့အဖေကခေါ်ပြီး

ပြောထားဖူးတယ်တဲ့။ အဲဒီနေ့က သုံးလေးခေါက်လောက် ဆိုင်ကယ်နဲ့ဖြတ်သွားတော့ မထီမဲ့မြင် လုပ်တယ်ဆိုပြီး ခေါ်ပြီးဓားနဲ့ထိုးလိုက်တာ”ဟုယင်းက ဆက်လက်ပြောကြားသည်။

၎င်းကိစ္စအား တွံတေးမြို့နယ် ရဲစခန်းမှ (ပ) ၂၅၄/၁၃ ပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်လေး

@ မြန်မာ့ခေတ်

NLD ခရိုင်ဘဏ္ဍာရေး အဖွဲ့ဝင်၏အိမ် ဖောက်ထွင်းခံရ

Posted by drmyochit Tuesday, June 25, 2013, under | No comments



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ရန်ကုန်အနောက်ပိုင်းခရိုင် ဘဏ္ဍာရေး အဖွဲ့ဝင်တစ်ဦး၏အိမ်
ဖောက်ထွင်းခံရ သည်ဟု မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းတွင် ဇွန် ၂၁ ရက်က တိုင်တန်းထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

အိမ်ဖောက်ထွင်းခံရသူ NLD ပါတီဝင် သည် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက် ဦးရေခဲလမ်းတွင် နေထိုင်သည့်
ဒေါ်ခင်မျိုးအေးဖြစ် သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းက အိပ်ရာမှနိုးချိန်တွင် နေအိမ် အောက်ထပ် တံခါးမကြီးမှာ ပွင့်နေပြီး တံခါးမကြီး၏ မှန်နှစ်ချပ်မှာလည်း ပွင့်နေသဖြင့် အိမ်တွင်ထားရှိသော ပစ္စည်းများကို စစ်ဆေး ခဲ့သည်ဟု ရဲဌာနကို ထွက်ဆိုထားသည်။

ထိုသို့စစ်ဆေးရာ နေအိမ် အိပ်ခန်းကု တင်ခေါင်းရင်းတွင် ထားသည့် အိတ်ထဲတွင် ရှိသောံဏ အမျိုးအစား လက်ပ်တော့ ကွန် ပျူတာတစ်လုံး၊ အလေးချိန် နှစ်ပဲခန့်ရှိသည့် လက်စွပ်တစ်ကွင်း၊ မိုးစက်ပုံ ပတ္တမြား လက် စွပ် တစ်ကွင်းနှင့် ငွေစက္ကူအချို့ ပျောက်ဆုံး နေသည်ဟုလည်း ရဲဌာနက မှတ်တမ်းတင် ထားသည်။

ပျောက်ဆုံးသွားသည့် ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ် ၉၃ဝဝဝဝ ခန့်ရှိ ကြောင်း ကာယကံရှင်က ရဲများကို တိုင်တန်း ရာတွင် ပြောကြားထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဒေါ်ခင်မျိုးအေးကို ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားခြင်း မရှိသလို၊ သူတိုင် ကြားထားသည့် ဘုရင့်နောင် ရဲစခန်းကလည်း ယင်းအမှုနှင့်ပတ်သက်၍ မဇ္ဈိမကို အသေးစိတ် မပြောကြားပေ။

ပစ္စည်းများ ပျောက်ဆုံးမှုကို ရဲဌာနက စုံစမ်းလျှက်ရှိပြီး ယခုအမှုကို အမှုအမှတ် (ပ)၂၂၂/၁၃ ဖြင့် အမှု ဖွင့်ထား သည် ဟု တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပြီး ခိုးသူကို ဖမ်းမိရေး ကြိုးပမ်း လျှက် ရှိသည် ဟုလည်း ရဲမှတ်တမ်း ထုတ်ပြန်ချက်တွင် ပါ ရှိသည်။

From: Myanmar Express

စုံတွဲများ သီးသန့် ကြည့်နိုင်သည့် အအေးခန်း ရုပ်ရှင်ရုံကို ရဲဝင်ဖမ်း

Posted by drmyochit Tuesday, June 25, 2013, under | No comments


တက္ကသိုလ်ကျောင်းသား/သူများနှင့် အထူးစည်ကားလျက်ရှိသော မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ သမီးရည်းစား စုံတွဲများ သီးသန့်ကြည့်ရှုနိုင်သည့် 3D ရုပ်ရှင်ရုံတစ်ရုံအား ဇွန် ၂၃ ရက်၊ မနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။

ရဲများသည် အဆိုပါ ''စိမ်းရွှေဝါ အအေးခန်းသီးသန့်ရုပ်ရှင်ကို ဝင်ရောက် စိစစ်ရာတွင် ဆင်ဆာမဲ့ နိုင်ငံခြား 3D ဇာတ်လမ်းခွေများ အသုံးပြုကာ တရားမဝင်ပြသ နေသည်ကို တွေ့ရှိခဲ့ပြီး၊ သမီးရည်စားစုံတွဲများ သီးသန့် ကြည့်ရှုနိုင်ရန် အအေးခန်းများ စီစဉ်ပေးထားကာ ဇာတ်လမ်းတွဲအား ကြည့်ရှုနေသော စုံတွဲများကိုလည်း တွေ့ရှိခဲ့ရသည်'' ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုရုပ်ရှင်ရုံကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကြူအင်း၊ စည်ပင်သာယာ ဒုဦးစီး မှူး ဦးအောင်လွင်ဦး၊ မြို့နယ်ဗီဒီယို အခြေခံ အဖွဲ့နှင့် ဘုန်းစိုးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအေးတို့မှ ပူးပေါင်း၍ ဝင်ရောက်ဖမ်း ဆီးခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် ရုပ်ရှင်ပြသရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရုပ်ရှင်ရုံကိုတာဝန်ခံ၍ လုပ်ကိုင်သူအား ရဲများက တရားမဝင် ရုပ်ရှင်များပြသသည်ဟု စွပ်စွဲကာဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

''သီးသန့်အအေးခန်းတွေ ပြုလုပ်ပြီးသမီးရည်းစားစုံတွဲတွေကို အဓိကထားပြီး ပြသနေတာကြောင့် အချိန်မရွေး ပြစ်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တရားမဝင် ရုပ်ရှင်ပြသူအဖြစ် သံသယရှိသူများကို ရဲဌာနက တရားစွဲဆိုရန် ဆက်လက် ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

Ref: Mizzima News

Eleven Media Group CEO အယ်ဒီတာ ဒေါက်တာ သန်းထွဋ်အောင်၏ လိင်ဆက် ဆံခြင်းခံခဲ့ရသည့် အမျိုးသမီးငယ် မလွင်မုံဇာခြည်(၁၇)နှစ်မှ ပြည်တွင်း မီဒီယာ The Vioce မီဒီယာအား ယနေ့ဖွင့်ပာပြောကြား

Posted by drmyochit Tuesday, June 25, 2013, under | 2 comments


မလွင်မုံဇာခြည်(၁၇) နှစ်မှ ယမန်နေ့က ထွက်ပေါ်လာခဲ့သည့် အလဲဗင်းအယ်ဒီတာ ဦးသန်းထွဋ်အောင်
နှင့် ၂၀၀၂.စက်တင်ဘာလ က Hotel Nikko တွင်ဆုံတွေ့ခဲ့ကြစဉ်က ဘယ်သူဘယ်ဝါမှန်းမသိ ရိုက်ကူးရယူခဲ့သည့် ဗီဒီယိုဖိုင်အကြောင်းအား The Vioce ဂျာနယ်သတင်းထောက် ကိုစိုးလွင်အား ပြောကြားနေစဉ်။မလွင်မုံဇာခြည်၏ ဖခင်မှ အသက်မပြည့်သေးသည့်မိမိသမီးအား မိဘချင်းမစာနာစွာ စော်ကားခဲ့သည့်ဦးသန်းထွဋ်အောင်အား တရားဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရ။

(ခြွင်းချက်:မလွင်မုံဇာခြည်၏ ဓါတ်ပုံအား ကာယကံရှင်၏ခွင့်ပြုချက်မရရှိခြင်းကြောင့် အပြည့် အစုံ မဖော်ပြ ပါ။)

ကာယကံရှင်များ၏ ခွင့်ပြုချက်မရရှိသောကြောင့်လည်းကောင်း၊ မလွင်မုံဇာခြည်၏ဖခင်မှ တရားစွဲဆိုမည် ဖြစ်သောကြောင့် အမူကြားနားနေစဉ်ကာလတွင် နောက်ဆက်တွဲ များကိုဖော်ပြပေးသွားပါမည်။

by:ကိုစိုးလွင် အကြီးတန်း(The Vioce )
ref: အဖြူရောင်မီဒီယာ

"ရနောင်းမြို့မှာ ပြည့်တန်ဆာအဖြစ်ရောင်းစားခံထားရသည့် မြန်မာမိန်းကလေး ၁၃ဦး လွတ်မြောက်" (ရုပ်သံ သတင်း)

Posted by drmyochit Tuesday, June 25, 2013, under | No comments





ရွှေလုပ်သား

ကမ္ဘာ့ပထမဆုံး လေယာဉ်အပိုင်စီးမှု ရုပ်ရှင်ကားကြီး မကြာမီ ရိုက်ကူးတော့မည်

Posted by drmyochit Tuesday, June 25, 2013, under | No comments

ရန်ကုန်၊ ဇွန် ၂၅။

၁၉၅၄ခုနှစ် ဇွန်လ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့ပထမဆုံး လေယာဉ်အပိုင်စီးမှုကို ဒါရိုက်တာ အဏ်ထော်ဏီက ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ် ကားကြီးအဖြစ် လာမည့် အောက်တိုဘာလတွင် စတင်ရိုက်ကူးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒါရိုက်တာ အဏ်ထော်နီက မြန်မာ့ခေတ်သို့ ပြောကြားသည်။
၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ကမ္ဘာတွင် ပထမဆုံးလေယာဉ်အပိုင်စီးမှုသည် ကရင်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအား ဖော်ပြခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် ကရင်အမျိုးသား လွတ်မြောက်ရေးအတွက် မှန်ကန်သော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ဓါးမြ တိုက် လုယက်ခြင်း မဟုတ်သည့်အတွက် ဖြစ်ရပ်မှန်အဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို ပြချင်တာ။ တစ်ခါက သူများတွေထက် ရှေ့တန်းရောက်ခဲ့တယ်။ စိတ်ဓါတ်ပိုင်းအရလည်း မြန်မာဟာ မနိမ့်ဘူးဆိုတာရယ်၊ နောင်လာနောင်သားတွေကိုလည်း ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့ဖူးပါလားဆိုတာကို သိစေချင်တယ်”ဟု ဒါရိုက် တာ အဏ်ထော်နီက ပြောကြားသည်။

လက်ရှိတွင် ယင်းဇာတ်ကား၏ အမည်ကို ရွေးချယ်နေဆဲဖြစ်ပြီး ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်များကို လျှောက်လွှာများခေါ်ကာ ရွေး ချယ်စိစစ်သွားမည်ဖြစ်ကြောင်း၊ ယင်းဇာတ်ကားကို လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက ရိုက်ကူးရန် ကြိုးစားခဲ့သော်လည်း ယခုမှ ရိုက်ခွင့်ရခြင်း ဖြစ်ကြောင်း၊ ၁၉၅၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် လေယာဉ်အပိုင်စီးမှု ပုံစံအတိုင်း သိမှတ်ဖွယ်ရာနှင့် ဟာသနှောကာ ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီတုန်းက လေယာဉ်ပြန်ပေးဆွဲတဲ့ KNU က ဗိုလ်သုံးဦး ဖယ်လိုက်မယ်ဆိုရင် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်စုစုပေါင်း ၁၁ ဦး ရှိ တယ်။ တစ်ဦးက တပ်မတော်က ဗိုလ်မှူးကြီး၊ နောက် ၁၀ ယောက်မှာ ၉ ယောက်က အမျိုးသားတွေ၊ အမျိုးသမီးဆိုလို့ တစ်ယောက်ပဲပါတယ်။ အခုလည်း အဲဒီပုံစံအတိုင်းပဲ ပြန်ရိုက်ကူးသွားမှာပါ” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယင်းလေယာဉ်အပိုင်စီးမှုတွင် ခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သူ ဦစောကျော်အေးမှာ ယခုအချိန်ထိ သက်ရှိထင်ရှား ရှိနေပြီး ယင်းဇာတ် လမ်းကိုလည်း ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါရုပ်ရှင်ကို ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

ရည်မွန်
@ မြန်မာ့ခေတ်

ပုဂံညောင်ဦး လေဆိပ်တွင် ဂျပန်ခရီးသွားတစ်ဦး ကျောက်ဖြစ်ရုပ်ကြွင်းတချို့ သယ်ဆောင် လာသောကြောင့် တားဆီး

Posted by drmyochit Tuesday, June 25, 2013, under | No comments


ဂျပန်ခရီးသွား တစ်ဦးထံမှ သိမ်းဆည်းရမိသည့် ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ရှေးဟောင်းပစ္စည်းအချို့

ပုဂံညောင်ဦး လေဆိပ်တွင် မန္တလေးသို့ ထွက်ခွာမည့် ပုဂ္ဂလိက လေယာဉ်တစ်စီးဖြင့် လိုက်ပါမည့် ဂျပန်ခရီးသည် တစ်ဦးသည် ကျောက်ဖြစ်ရုပ်ကြွင်းဟု ယူဆရသည့် ပစ္စည်းတချို့ သယ်ဆောင်လာရာ လေဆိပ်တာဝန် ရှိသူများက တားဆီးစစ်ဆေးမှုတစ်ရပ် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုနေ့က အဲပုဂံလေကြောင်း၊ ခရီးစဉ် အမှတ် W9- 143 ဖြင့် နံနက် ၈ နာရီခွဲတွင် လိုက်ပါမည့် ဂျပန်လူမျိုး ခရီးသွားဧည့်သည် မစ္စတာတာ ကာရှီမားသည် ရှေးခေတ်သတ္တ၀ါ တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းဟု ယူဆရသည့် သွားပေါက်ရာ ငါးခုပါသော အရှည် ၇ လက်မ၊ ဗျက် ၃ လက်မခန့်ရှိ အောက်မေးရိုးတစ်ခု၊ အရှည် ၆ လက်မခွဲ၊ ဗျက် ၃ လက်မခွဲရှိ အံသွားတစ်ခု၊ အရှည် ၅ လက်မ ခွဲ၊ ဗျက် ၄ လက်မရှိ သွားများပါသော အံ တစ်ခု၊ အရှည် ၄ လက်မ၊ ဗျက် ၃ လက်မခန့်ရှိ အောက်မေးရိုးတစ်ခု၊ အင်ကြင်းကျောက် တစ်တုံးတို့နှင့်အတူ ဥာဏ်တော် ၉ လက်မခွဲ (ပလ္လင်ပါ) ရှိ သစ်သားဆင်းတုတော် တစ်ဆူနှင့် ယွန်းထည်များကို သယ်ဆောင်လာကြောင်း သိရသည်။

ကျောက်ဖြစ်ရုပ်ကြွင်းများကိုမူ ပုဂံမြို့ရှိ ထင်ရှားသော စေတီတစ်ဆူအနီး လူငယ်တစ်ဦးထံမှ လက်ဆောင်ပစ္စည်းချင်း လဲလှယ်သည့် သဘောဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း...


ဂျပန်ခရီးသွားသည် ယွန်းထည်များကို ဒေသခံ ယွန်းဆိုင်နှင့် ဟိုတယ်တစ်ခုတို့မှ ၀ယ်ယူခဲ့ကြောင်း ပြောဆိုသော်လည်း ကျောက်ဖြစ်ရုပ်ကြွင်းများကိုမူ ပုဂံမြို့ရှိ ထင်ရှားသော စေတီတစ်ဆူအနီး လူငယ်တစ်ဦးထံမှ လက်ဆောင်ပစ္စည်းချင်း လဲလှယ်သည့် သဘောဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။

မစ္စတာ တာကာရှီမားကို ထိုနေ့က မန္တလေးသို့ လိုက်ပါမည့် လေယာဉ်ခရီးစဉ်အား လိုအပ်ချက်အရ တားမြစ်ထားလိုက်ပြီး ၎င်းသယ်ဆောင်လာသည့် ကျောက်ဖြစ်ရုပ်ကြွင်း၊ အင်ကြင်းကျောက်၊ သစ်သား ဆင်းတုတော်တစ်ဆူ၊ ပုတ်သင်ညိုသဏ္ဌာန် သစ်သားပန်းပုနှင့် ယွန်းထည်ပစ္စည်းများကို ကျွမ်းကျင်သူများနှင့် စစ်ဆေးနိုင်ရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လေဆိပ်တာဝန်ရှိ ရဲတပ်ဖွဲ့မှ ညောင်ဦးရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သတင်းရရှိပါသည်။

ထို့နောက် ညောင်ဦးရဲစခန်းမှ လိုအပ်သည်များ စစ်ဆေးမှု ပြုလုပ်ပြီးနောက် တရားဝင် သယ်ဆောင်မှု မရှိသော ရှေးဟောင်းယဉ်ကျေးမှုနှင့် အမွေအနှစ် ပစ္စည်းများ ပြည်ပသို့ သယ်ဆောင်ရန် ဆောင်ရွက်ခဲ့ပြီး အသက် ၃၁ နှစ်အရွယ် ဂျပန်နိုင်ငံသား မစ္စတာတာ ကာရှီးမားအား ညောင်ဦးရဲစခန်း (ပ)/၇၄/ ၂၀၁၃ ၁၉၅၇ ခုနှစ် ရှေးဟောင်းဝတ္ထု ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၇(၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ အဆိုပါ ဂျပန်နိုင်ငံသားသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် ၀င်ခွင့်ဗီဇာ ရရှိထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

From: Eleven

လက်ထိတ်တန်းလန်း ရေနစ်သေဆုံးသူ အမှုတွင် တာဝန်ရှိသူ ရဲ ၅ ဦးကို အမိန့်ချတော့မည်

Posted by drmyochit Tuesday, June 25, 2013, under | No comments



လက်ထိတ်တန်းလန်းနှင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ ရုပ်အလောင်းကို မိဘဆွေမျိုးများက မြှုပ်နှံ သင်္ဂြိုဟ်စဉ် (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီးရှိ င၀န်မြစ်အတွင်း လက်ထိတ်သုံးစုံ ခတ်လျှက်သား အနေအထားဖြင့် ရေနစ် သေဆုံးခဲ့သူ မသန်းသန်းအေးနှင့် ပတ်သတ်၍ တာဝန်ရှိသူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၅ ဦးအား ရဲတရားရုံးဖြင့် အမိန့်ချရန် ပြင်ဆင် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မသန်းသန်းအေး သေဆုံးမှုတွင် တာဝန်ရှိသူ ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်းနှင့် ဒု တပ်ကြပ် ကျော်လင်းနိုင်တို့အား ခုံရုံးအဖွဲ့ဖြင့် စစ်ဆေးပြီးနောက် စစ်ဆေး ပေါ်ပေါက်ချက်များအား သက်သေခံ အကျဉ်းချုပ် ရေးသားပြုစုနေကြောင်း ပုသိမ်မြို့ သင်္ဘောကျင်းရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် ကြည်လင်းက ပြောသည်။

“သူတို့ကို ပြီးခဲ့တဲ့ စနေနေ့ ဇွန်လ ၂၂ ရက် ကတည်းက ခုံရုံးနဲ့ စစစ်နေတာပါ။ အခုတော့ ခုံရုံးနဲ့ စစ်ပြီးလို့ သက်ချုပ် (သက်သေခံအကျဉ်းချုပ်) ရေးနေပါပြီ။ အမိန့် ချတာကတော့ ရဲဆိုတော့ ရဲတရားရုံးနဲ့ အမိန့်ချမှာပါ။ ပြစ်ဒဏ်တွေကတော့ ကျနော် မပြောတတ်ပါဘူး။ စစ်ဆေး ပေါ်ပေါက်ချက်တွေ အပေါ် မူတည်ပါလိမ့်မယ်” ဟု သင်္ဘောကျင်း စခန်းမှူးက ဧရာဝတီကို ရှင်းပြသည်။

ခုံရုံးအဖွဲ့တွင် ငပုတောမြို့နယ်ရဲမှူး ဦးသန်းဆွေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ အဖွဲ့ဝင် ၃ ဦးပါဝင်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးအတွင်း စစ်ဆေးနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သက်သေခံ အကျဉ်းချုပ် ရေးသားနေပြီဖြစ်၍ အချိန် ၂ ပတ်ခန့် အတွင်း ရဲတရားရုံးမှ ပြစ်ဒဏ် ချမှတ်ဖွယ်ရှိကြောင်း ပုသိမ်မြို့နယ်တွင် တာဝန်ထမ်းဆောင် နေသည့် ရဲအရာရှိတဦးက ပြောသည်။

“အခု သက်ချုပ်ရေးနေပြီ ဆိုတော့ ရေးပြီးတာနဲ့ နေပြည်တော်က ရဲချုပ်ဆီ တင်ပြပြီး ဟိုဘက်က ပြန်ချပေးလိုက်ပြီဆိုရင် အမိန့်ချလိမ့်မယ်။ အချိန် ၂ ပတ်အတွင်း ဖြစ်နိုင်တယ်။ အခုဟာက တိုင်းရဲတပ်ဖွဲ့ ကြီးကြပ်တယ် ဆိုပေမယ့် အမိန့်က နေပြည်တော်ကနေ တိုက်ရိုက် လာနေတာ။ သူတို့ကို ထိရောက်တဲ့ အပြစ်ပေးမှာတော့ သေချာတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

လက်ထိတ် နောက်ပြန်ခတ်လျှက် အနေအထားဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင် ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ရွှေထည်ပစ္စည်း ပျောက်ဆုံးမှု တခုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ဇွန်လ ၁၁ ရက်နေ့တွင် သံသယ တရားခံအဖြစ် ဆက်လက် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။

မသန်းသန်းအေးအား သင်္ဘောကျင်းစခန်းမှ ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ချုပ်နှောင် စစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ် သေဆုံးခဲ့ခြင်းဖြစ်သည်။

သံသယ တရားခံအဖြစ် ဖမ်းဆီးခံထားရသူ မသန်းသန်းအေးမှာ သပြေပင်ကျေးရွာသို့ သက်သေခံ ရွှေထည်ပစ္စည်းများ လိုက်လံပြသပြီး ပုသိမ်သို့အပြန် ပုသိမ်မြို့ ကြက်တန်းကူးတို့ အနီးတွင် လက်ထိတ် တန်းလန်းဖြင့် ရေထဲသို့ ခုန်ချသွားခြင်း ဖြစ်ကြောင်း လှေပေါ်တွင် အတူစီးနင်းလိုက်ပါခဲ့သူ မျက်မြင်သက်သေများက ဆိုသည်။

၁၇ ရက်နေ့ ည ၇ နာရီ ၀န်းကျင်ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိတ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ရာ ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ စိတ်ဝင် တစား လာရောက် ကြည့်ရှုခဲ့ကြပြီး အင်တာနက် လူမှုကွန်ရက် များတွင်လည်း ၎င်း ဓာတ်ပုံ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

“အမျိုးသမီး တယောက်ကို လက်ထိတ် ၃ စုံတောင် ခတ်တယ်။ ခတ်ရာမှာလည်း နောက်ပြန် အနေအထားနဲ့ ခတ်ထားတယ်။ ဒါဟာ မလုပ်သင့်တဲ့ကိစ္စပါ။ လူမဆန်စွာ ဖမ်းဆီးချုပ်နှောင်တာ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။ ဒီကိစ္စကို ကျနော်တို့ နေပြည်တော်က ရဲချုပ်နဲ့ ပြည်ထဲရေး ၀န်ကြီးအထိ စာရေး တိုင်ကြားထားပါတယ်” ဟု လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက် (HRDP) ဒါရိုက်တာ ဦးမြင့်အေးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၅ တွင် မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက် ကြမ်းကြုတ်စွာ၊ လူမဆန်စွာ၊ သိမ်ငယ်စေတတ်သော၊ ဂုဏ်ငယ်စေသော ဆက်ဆံမှုမျိုး မပြုလုပ်ရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်း မပြုလုပ်ရဟု ဖော်ပြထားသည်။

ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်နေသည့် ဒု ရဲအုပ် တဦးကလည်း “ဥပဒေအရ ကောင်မလေးကို ဖမ်းတာ မှန်တယ်။ ဒါပေမယ့် မှားယွင်းချက်က ဘာလဲဆိုတော့ လိုသည်ထက်ပိုပြီး မချုပ်နှောင်ရဘူး၊ လူသတ်၊ လုယက်၊ မုဒိန်းဆိုတာမျိုးက လက်ထိတ် နောက်ပြန် ခတ်တာ ပြဿနာမရှိဘူး။ သံသယ တရားခံ တယောက်ကို အဲဒီလောက်ကြီး လုပ်တာကျတော့ လိုသည်ထက် ပိုမို ချုပ်နှောင်တာမျိုး ဖြစ်နေတာပေါ့။ နောက်ပြီး တရားခံက သူတို့ လက်ထဲမှာရှိနေစဉ် သေဆုံးသွားတယ် ဆိုတော့ သူတို့မှာလုံးဝ တာဝန်ရှိပါတယ်” ဟု ပြောသည်။

မသန်းသန်းအေး သေဆုံးမှုအား သက်ဆိုင်ရာ ရဲစခန်းမှ မိဘဆွေမျိုးများထံ အကြောင်းကြားမှု မရှိကြောင်း၊ သပြေပင် ကျေးရွာ၌ ပစ္စည်းပြသခိုင်းစဉ် ရဲများက မသန်းသန်းအေးအား ရိုက်နှက် စစ်ဆေးမှုများ ရှိကြောင်း၊ ရိုက်နှက် စစ်ဆေးမှုများကို မခံနိုင်သည့်အဆုံး ရေထဲသို့ခုန်ချ၍ အဆုံးစီရင်သွားခြင်း ဖြစ်နိုင်ကြောင်း မသန်းသန်းအေး၏ ဆွေမျိုးများက ပြောသည်။

“ဦးဇင်းညီမဟာ ရွှေထည် ပစ္စည်းကို တကယ်ခိုးတယ် ဆိုရင် သူ့အသက် အသေခံပြီး ဒီပစ္စည်းတွေကို ကာကွယ် ပါ့မလား၊ ဒီပစ္စည်းတွေကို သူ့အသက်ထက် ပိုပြီး တန်ဖိုး ထားမလားဆိုတာ ရိုးရိုးလေးပဲ တွေးကြည့် စေချင်ပါတယ်။ ဦးဇင်းအနေနဲ့ ကိုယ့်ညီမ သေဆုံးရတဲ့ကိစ္စမှာ တာဝန်ရှိသူကို တာဝန်ရှိသလို အမှန်အတိုင်းပဲ ဖြစ်စေချင်ပါတယ်။ အခု မသန်းသန်းအေးရဲ့ အမေက သူ့သမီးစိတ်နဲ့ အိပ်ရာထဲ လဲနေပြီ” ဟု ကွယ်လွန်သူ မသန်းသန်းအေး၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ လက်ပံ ကျောင်းတိုက်မှ ဦးနန္ဒာစရိယက မိန့်ကြားသည်။

မသန်းသန်းအေး၏ ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းမှာ ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ခံထားရပြီး ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့်ပတ်သတ်၍ တရားစွဲဆို ခံထားရသည်။ ယခုလ ၂၅ ရက်နေ့တွင် ၎င်းအား ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။

ဆလိုင်းသန့်စင်|  ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်