Tuesday, July 16, 2013

``မိန်းကလေးများ မဖြစ်မနေဖတ်ပေးပါ´´

Posted by drmyochit Tuesday, July 16, 2013, under | No comments

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ် ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတ ပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်
နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး
တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင်
များတာကို တွေ့ရပါတယ်။ အင်တာနက်
နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက်ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲမြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။

ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ

ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share)

အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။


နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။
ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။
အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။
ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။
အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။
cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။
vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။
ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။
မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။
ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။
တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။
ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။
မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။

ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။
အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

သတင်းပေါင်းစုံ
Credit: Her Ju Li Katha

မြောက်ဥက္ကလာပတရားရုံးရှေ့ လမ်းမ၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Posted by drmyochit Tuesday, July 16, 2013, under | No comments

မြောက်ဥက္ကလာပတရားရုံး၌ ဦးထင်ကျော်နှင့် ဦးအိုက်လင်း တရားရင် ဆိုင် အပြီး ပြန်လည်ထွက်လာစဉ် သင်္ကန်း ကန်းမိကျောင်းကန် အပါအ၀င် မရမ်းကုန်း(၆)ရပ်ကွက်မှ ပြည်သူများမှ ဦးအိုက်လင်းအား လိုက်လံ တားဆီးရန်ကြိုးစားခဲ့ရမှာ ဦးအိုက်လင်း၏ တပည့်များနှင့် ခိုက်ရန်ဖြစ်ပွားပြီး ရုန်းရင်းဆန်ခတ်အသွင်ဆောင် ခဲ့ကြောင်း သိရှိရသည်။

 နန်းထိုက်တော်ဝင် စားသောက်ဆိုင်နှင့် ဂရိတ်နိုင်းကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အသရေဖျက်မှုဖြင့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ဦးထင်ကျော်နှင့် အပေါင်းအပါများအား တရားစွဲဆိုခဲ့သည့်အမှုအတွက် ဇူလိုင်လ(၁၆)ရက်နေ့ မြောက်ဥက္ကလာ ပ တရားရုံး အမှုချိန်း၌ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးထင်ကျော်မှလည်း ဦးအိုက်လင်းအား ဇွန်လနောက်ဆုံးအပတ်အတွင်းက တရားခံပြေးလက်ခံမှုနှင့် တရားစွဲ ဆိုရန် ကြံစည်ခဲ့သော်လည်း သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ပေးခြင်းမရှိသည့်အတွက် ကျင့်ထုံးဥပဒေ (၅၉)အရ ဦးအိုက်လင်းအား ဖမ်းဆီးရန် ဦးထင်ကျော်အဖွဲ့မှ ဖဖ်းဆီးရန်ကြိုးပမ်းခဲ့ရာမှ ရုန်းရင်းဆန်ခတ်အသွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ ဒီကိစ္စမှာ ဦးထင်ကျော်အနေနဲ့ ဖမ်းဆီးချင်တယ်ဆိုရင် ဥပဒေပညာရှင်တစ်ဦးဦးနဲ့ တိုင်ပင်ဆောင်ရွက် သင့်တယ်”ဟု အဆိုပါနေရာသို့ သတင်းလာရောက်ရယူနေသူ သတင်းထောက်တစ်ဦးက ၄င်းအမြင်ကို ပြောသည်။

မည်သည့်အရပ်သားမဆို မိမိရှေ့မှောက်တွင် အာမခံမပေးနိုင်သော ရဲအရေးယူပိုင်ခွင့်ရှိသော တရားကျူး လွန်သူ (သို့) ပြစ်မှုကျူးလွန်ကြောင်းကြေညာခြင်းခံရသူ မည်သူကိုမဆို ဖဖ်းဆီးနိုင်သည်ဟု အရပ်သားများက ဖဖ်းဆီးခြင်းနှင့် လိုက်နာရန် ကျင့်ထုံး(၅၉)၌ ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖဖ်းဆီးထားသူကို အကြောင်းမဲ့ ကြန့်ကြာခြင်းမရှိပဲ ရဲအရာရှိတစ်ဦးထံ ပို့အပ်ရမည်။ ရဲအရာရှိ မရှိပါက ထိုသူကိုချုပ်နှောင်ပြီး အနီးဆုံး ရဲတပ်ဖွဲ့ စခန်းသို့ ပို့အပ်ရမည်ဟုပါရှိကြောင်းကိုလည်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပဋိပက္ခမဖြစ်အောင် လာပြီးထိန်းသိမ်းပေးတာပါ”ဟု မြောက်ဥက္ကလာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုစစ်ဆေးရာ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရဲဝန်ထမ်း(၂၀)ကျော် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း သိရသည်။

By ဇော်မျိုးဦး(မြစ်မခ)

မန္တလေးတွင် အဖမ်းခံရသည့် မိန်းမလျာများ ရဲကို ပြန်လည် တရားစွဲမည်

Posted by drmyochit Tuesday, July 16, 2013, under | No comments

ရန်ကုန်မြို့တွင် ပြုလုပ်သည့် လိင်တူချစ်သူများပွဲ တခုတွင် တွေ့ရသည့် မိန်းမလျာများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မန္တလေးမြို့တွင် ဇူလိုင်လ ပထမနှင့် ဒုတိယပတ်အတွင်းက မိန်းမလျာများကို ဖမ်းဆီး စစ်ဆေးစဉ် မဖွယ် မရာ ပြုမူဆက်ဆံမှုများအတွက် တာဝန်ရှိသည့် ရဲများကို တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးစဉ်မှာ လုပ်ထုံးလုပ်နည်းထက် ပိုပြီး လုပ်ဆောင်တာတွေကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာတွေ ကျူးလွန်နှိပ်စက်တဲ့အတွက် ဒီအပိုင်းကို အဓိကထားပြီး တရား စွဲဆို သွားမှာပါ။ တရားဥပဒေပိုင်းဆိုင်ရာ နားလည်တဲ့သူတွေ လိုအပ်တာတွေ ပြင်ဆင်နေပါနေပြီ” ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့နှင့် ၉  ရက်နေ့များတွင် မန္တလေးမြို့ ကျုံးအနီး၌ ညဘက်သွားလာနေသည့် မိန်းမလျာများအား အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဖမ်းဆီး စစ်ဆေးစဉ် အချုပ်ခန်းသို့ မသွင်းမီ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကို ချွတ်ခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားသော စကားလုံးများ ပြောဆိုခြင်း၊ ရိုက်နှက်ကန်ကြောက်ခြင်း၊ မော်ဒယ်ရှိုး လျှောက်ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသည့် မိန်းမလျာတဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီး စစ်ဆေးခြင်းကို ရှုတ်ချသည့် အနေဖြင့် မြန်မာလိင်တူချစ်သူများ အခွင့်အရေး ကွန်ရက်က မန္တလေးမြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အဖမ်းခံရရာတွင် ပါဝင်သည့် မိန်းမလျာ ၄ ဦး တက်ရောက်ကာ ဖြစ်စဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းသို့ ဖမ်းဆီးစစ်ဆေးစဉ် မဖွယ်မရာပြုမူ ဆက်ဆံမှုများအတွက် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့သို့ လည်းကောင်း၊ ပြည်နယ်ဝန်ကြီး ရုံးသို့လည်းကောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်များသို့လည်းကောင်း၊ သံရုံးများသို့လည်းကောင်း တိုင်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။

“ကျနော်တို့ အချုပ်ခန်းမှာ အမျိုးသမီး အချုပ်ခန်းနဲ့ အမျိုးသား အချုပ်ခန်းဆိုတာပဲ ရှိသေးတယ်။ မိန်းမလျာတွေအတွက် အချုပ်ခန်းဆိုတာ မရှိသေးဘူး။ အချုပ်သားတဦး အချုပ်ထဲ ၀င်မယ်ဆိုရင် သူ့ရဲ့ကိုယ်ခန္ဓာအနှံ့ကို လက်နက်ဖွက်ပြီး သယ်ဆောင်လာခြင်း ရှိ၊ မရှိဆိုတာမျိုးတွေ ရှာဖွေရတယ်။ နောက်ပြီး မိန်းမလျာတွေ ဖမ်းဆီးတဲ့အချိန်တုန်းက ကျနော်တို့က သူတို့ဝတ်လာတဲ့ အတွင်းခံအင်္ကျီတွေ၊ အတုတွေနဲ့ ဆံပင်အတုတွေကို ချွတ်ခိုင်းတယ်။ မဖွယ်မရာ ပုံစံမျိုးတွေကို ပြင်ဆင်ခိုင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို အမျိုးသားတွေနေတဲ့ အချုပ်ခန်းမှာပဲ ထားမှာလေ။ ဒီလို ရှာဖွေတယ် ဆိုတာကလည်း ရဲလုပ်ငန်းရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်တာပါ။ သူတို့ကို စော်ကားတဲ့အပြုမူ မဟုတ်ပါဘူး” ဟု မန္တလေးတိုင်းရဲမှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့ညက အဖမ်းခံခဲ့ရသည့် မိန်းမလျာတဦးက “ကျမတို့ဖာသာ ကျမတို့ ကျုံးဘေးမှာ ပျော်ရွှင်နေတာ။ မိန်းမလျာဆိုတော့ သဘာဝအတိုင်း အချင်းချင်းတွေ့ရင် စကြတယ်၊ နောက်ကြတယ်။ ဒါဟာ အများကို စိတ်အနှောင့်အယှက် ပေးတာမျိုးလို့ ပြောလို့ရပါ့မလား။ နောက်ပြီး မိန်းမလျာ မြင်တာနဲ့ စီးနေတဲ့ ဆိုင်ကယ်နောက်ကို အတင်းလိုက်ပြီး လက်ထိပ်ခတ်တာကတော့ သိပ်လွန်သွားတာပေါ့။ ကျမတို့မှာလည်း ကျမတို့ အခွင့်အရေး ရှိတယ်လေ။ အဲလောက်အထိ ကျမတို့ကို စော်ကားတာတော့ လက်မခံနိုင်ပါဘူး” ဟု ပြောသည်။

မန္တလေးတိုင်းရဲမှူး ဦးစိုးငြိမ်းကမူ မိန်းမလျာများကို ဖမ်းဆီးရခြင်း အကြောင်းရင်းမှာ အများသူငါ သွားလာအပန်းဖြေနေသည့် နေရာများတွင် လိင်ကိစ္စနှင့် ပတ်သက်ပြီး မြူဆွယ်မှုများ ဆိုးရွားနေသည့်အတွက်နှင့် အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်ပြီး အကြမ်းဖမ်းမှုများနှင့် လုယက်မှုများ လုပ်ဆောင်နေသည့်အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ရဲမှူး ဦးစိုးငြိမ်းက “ပြီးခဲ့တဲ့ ၃ လလောက်ကကို မိန်းမလျာတယောက်က အမျိုးသားတဦးရဲ့ ရွှေထည်နဲ့ လက်ဝက်လက်စားတွေ လုပြီး ထွက်ပြေးသွားခဲ့တဲ့အမှု ဖြစ်ခဲ့သေးတယ်။ အမျိုးသားက မိန်းကလေးထင်ပြီး ခေါ်သွားတာ။ နောက်မှ မိန်းမလျာဆိုတာ သိရတယ်။ တကယ့်တကယ် သူတို့လုပ်နေတာတွေက ပြည့်တန်ဆာလိုမျိုး လုပ်နေတာ။ ခက်တာက သူတို့က ယောက်ျားတွေ၊ အဲဒီတော့ သူတို့ကို ပြည့်တန်ဆာအမှုနဲ့ ဖမ်းလို့ မရတဲ့တွက် ရဲဥပဒေဖြစ်တဲ့ ၃၅ (က) မှောင်ရိပ်ခိုမှုတို့၊ အယောင်ဆောင်မှု ဆိုတာတွေ တပ်ပြီး ဖမ်းရတာပါ” ဟု ပြောသည်။

ယမန်နေ့ညကလည်း မန္တလေးမြို့ ၁၉  လမ်းနှင့် ၆၆ လမ်းထောင့်တွင် လိင်ကိစ္စအတွက် မြှူဆွယ်နေသည်ဟု စွပ်စွဲကာ မိန်းမလျာ ၄ ဦးကို ထပ်မံ ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မိန်းမလျာ ၁၄ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ယင်းအထဲမှ ၅ ဦးကို ရဲအက်ဥပဒေဖြင့် အရေးယူခဲ့ပြီး ကျန် ၉  ဦးကို ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

မန်းသားလေး| ဧရာဝတီ

သွေးစုပ်ဖုတ်ကောင် သင်္ချိုင်းနေရာဟောင်း မနုဿဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ

Posted by drmyochit Tuesday, July 16, 2013, under | No comments

အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင် စာရင်း ဝင်များကို ယခု သင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်း များတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။

မနုဿဗေဒ ပညာရှင်များသည် ပိုလန်နိုင်ငံတွင် သွေးစုပ် ဖုတ်ကောင်များ မြှုပ်နှံ ထားသည်ဟု ယူဆရသော သင်္ချိုင်းနေ ရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ် ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင် စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေ သီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက် များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။ (၁၆)ရာစုနှင့် (၁၇)ရာစုများက အသုံးပြုခဲ့သည်ဟု ယူဆ ရသော သင်္ချိုင်းမြေနေရာဟောင်းတွင် အခြားသော သင်္ချိုင်းဟောင်းများကဲ့သို့ အဖိုးတန် လူ့ အသုံး အဆောင် များကို ထည့်သွင်းမြှုပ်နှံထားမှုလည်း မရှိဟု ဆိုသည်။

ထိုခေတ်က သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ပြီးပါက ပြန်လည် ရှင်သန်လာလေ့ ရှိသောကြောင့် ခေါင်းဖြတ် ကာ ခန္ဓာကိုယ်နှင့် ကင်းကွာအောင် ပြုလုပ်ရသည်ဟု ယုံကြည်မှုမျိုး ပေါ်ပေါက်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲခံရသူ များစွာတို့ကို သတ်ဖြတ်မှုများ ရှိခဲ့သည်။ ဂီးလ်ဝစ်မြို့ အနီးတွင် သုတေ သီများသည် ခေါင်းဖြတ်ကာ ခြေထောက်များကြား၌ နေရာချ မြှုပ်နှံခြင်း ခံရသည့် ရုပ်ကြွင်း(၄)ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ သမိုင်းပညာရှင်များက ယင်းသည် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု၌ အပြီးသတ် သုတ်သင်မှုအတွက် သေချာစေရန် လုပ်ဆောင်ရသည့် ဓလေ့ထုံးစံ တစ်ခုဟု ပြောကြားခဲ့သည်။

ယခုတွေ့ရှိသော အရိုးစု ရုပ်ကြွင်းများ ကြုံတွေ့ခဲ့ရသော ကံကြမ္မာကို တိတိကျကျ မသိရသေးသော်လည်း သွေးစုပ်ဖုတ်ကောင် စွပ်စွဲချက်များနှင့် ဆက်နွယ်နေမည်ဟု သမိုင်းသုတေသီများက ယုံကြည်နေသည်။ "ဒီသင်္ချိုင်းရဲ့ ထူးခြားတဲ့ အခြေအနေတွေအတွက် အဖြေထုတ် ပြောနိုင်ဖို့ကတော့ ခက်ခဲနေတုန်းပါ"ဟု သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာ ဂျာဆက်ပီရာဇက်ခ်က မှတ်ချက်ပြုခဲ့သည်။ "တခြား သင်္ချိုင်းဟောင်းတွေမှာ သေသူတွေအတွက် အနာဂတ် ဘဝမှာ အသုံးပြုဖို့ အဖိုးတန် ပစ္စည်းတွေ ထည့်မြှုပ်တာမျိုး ရှိတတ်တယ်။ ဒီမှာ ဘာမှ မတွေ့ရဘူး"ဟုလည်း ၎င်းက ဆိုသည်။

ယမန်နှစ်က ဘူလ်ဂေးရီးယားတွင် မနုဿဗေဒ ပညာရှင်များက သွေးစုပ်ဖုတ်ကောင် ရုပ်အလောင်းနှစ်ခုကို ဖော်ထုတ် တွေ့ရှိကြောင်း ကြေညာခဲ့သေးသည်။ ပင်လယ်နက် ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ဆိုဇိုပိုးလ်ရှိ ဘုရားကျောင်းဟောင်း တစ်ခုအနီး တူးဖော်ရာတွင် သက်တမ်း နှစ်ပေါင်း(၈၀၀)ကျော်ပြီဖြစ်သော ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ရင်ဘတ်တွင် ကြီးမားလေးလံသည့် သံချောင်းကြီးများ စိုက်ထားသည်ကို တွေ့ရသည်။ ယင်းသည် သွေးစုပ်ဖုတ်ကောင်များကို ပြန်လည်နိုးထခြင်း မရှိအောင် တားဆီးနိုင်သည့် နည်းလမ်းဟု ရှေးက ယုံကြည်မှုများ ရှိခဲ့သည်။

ဥရောပ အလယ်ခေတ် သင်္ချိုင်းဟောင်းများတွင် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှုနှင့် ဆက်နွယ်သော ရုပ်ကြွင်းများ တွေ့ရှိရမှုမှာ အဆန်းမဟုတ်တော့ချေ။ ချက်နိုင်ငံတွင် သင်္ချိုင်းဟောင်း နေရာအချို့၌ ပါးစပ်ကိုဖြဲကာ ကျောက်တုံးကြီးများ ဆို့လျှက်သား ထည့်သွင်းခံထားရသည့် သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲသတ်ဖြတ်ခံရသော အရိုးစုများကိုလည်း တွေ့ရှိခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network

တွံတေးမြို့နယ် ကြည်တန်းကျေးရွာတွင် ခေါင်းဖြတ် လူသတ်မှုဖြစ်ပွါး

Posted by drmyochit Tuesday, July 16, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၁၆

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၊ ကြည်တန်းကျေးရွာနေ ဦးကြီးမောင်သည် ရန်ကုန်မှ ဆေးဝယ်ပြီး နေအိမ်သို့ ပြန်ရောက်စဉ် ဇနီးဖြစ်သူ ဒေါ်စိန်သန်း(ခ)ဒေါ် သန်းမြင့် မှာ ခေါင်းဖြတ် အသတ်ခံရကြောင်း သားဖြစ်သူ ဦးဇင်းဦးဇာနေရမှ ပြောပြချက် အရသိရသည်။

ဖြစ်စဉ်မှာ ဦးကြီးမောင်၏ ဇနီးဖြစ်သူ ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့်မှာ ၁၄၀၀ အချိန်ခန့်တွင် နေအိမ်အနီး ကွမ်ခြံထဲသို့ အလုပ်သွားရောက် လုပ်ကိုင်နေစဉ် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာပြီး ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့်အား မေးသဖြင့် သားဖြစ်သူမှ ကွမ်းခြံအတွင်း သွားကြောင်းပြောခဲ့၍ မတင်တင်မိုးမှ ကွမ်းခြံအတွင်း သွားရောက်ကြည့်ရာ ဒေါ်စိန်သန်း (ခ)ဒေါ်သန်းမြင့်မှာ ဦးခေါင်းပြတ်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပြောပြသဖြင့် သားဖြစ်သူ ဦးဇင်း ဦးဇာနေရမှ သိရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့   ဇနီးဖြစ်သူကို သတ်သွားသူအား အရေးယူပေးပါရန် ဦးကြီးမောင်မှ  တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း(ပ)၆၃/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး တရားခံ အမြန်စုံစမ်းဖော်ထုတ်
ဖမ်းဆီးနိုင်ရေး တိုင်း/ခရိုင် အထူးအဖွဲများဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

From: Thit Htoo Lwin

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး ရေနစ်သေဆုံး

Posted by drmyochit Tuesday, July 16, 2013, under | No comments

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါ မြို့နယ် ထဲမှာ မြန်မာ အလုပ် သမား တစု ပင်လယ်ထဲ ရေဆင်း ကစား ရင်း ၂ ဦး ရေနစ်ပြီး ၁ ဦး သေဆုံးသွား ခဲ့ပါတယ်။

အလုပ် သမားတွေဟာ ဇူလိုင် ၁၄ ရက်နေ့က တကွာပါ မြို့နယ် ၀ပ်ယန်းယောင် ဘုန်းကြီးကျောင်းမှာ ၀ါဆို သင်္ကန်း ကပ်ပွဲ လုပ်ပြီး ညနေပိုင်း ကျောင်းတိုက် နားက ပင်လယ် ကမ်းစပ်မှာ ရေဆင်း ကစားရင်း ရေနစ် ခဲ့တာလို့ ဖန်င အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း တာဝန်ခံ ကိုမိုးဝေက ပြောပါ တယ်။

“တကွာပါ မြို့နယ်မှာ ဘုရားပွဲ အကြီး တခု လုပ်တယ်။ စူရတ် ဌာနီက လူ ၁၀၀ နီးပါလောက် လာတယ်၊ ညနေ ဘက် ဘုရားပွဲပြီးလို့ ကမ်းခြေမှာ ရေသွား ကူးကြတယ်။ လူ ၅၀ လောက်ကူး နေတဲ့ကြား ထဲမှာမှ မိုးလည်း နည်းနည်း ရွာတယ်၊ လေလည်း တော်တော်တိုက်တယ်။ ဒေသခံလှေတွေ ပေးမထွက်တဲ့ အချိန်မှာ သူတို့လည်း မသိဘဲနဲ့ ဆင်းကူးမိရင်းနဲ့ အဲဒီလို ဖြစ်သွားတာ။”

ရာသီဥတု မကောင်းဘဲ ရေထဲ ဆင်းချိန်မှာ လှိုင်းထန် လာပြီး ၂ မီတာလောက်မြင့်တဲ့ ရေလှိုင်းတခုက အလုပ် သမား  ၂ ဦးကို ပုတ်ခတ် သွားတာလို့ ဆိုပါတယ်။
နမ့်ခိမ်းနာရေး ကူညီမှု အသင်းက ရေနစ်တဲ့ အလုပ် သမားတဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး တကွာ ပါဆေးရုံ ကို ပို့ဆောင်ပေး ခဲ့တယ်။ နောက် တဦးကိုတော့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန် နမခင်း ကမ်းခြေမှာ အလောင်းပြန်တွေ့တယ်လို့ ကိုမိုးဝေက ပြောပါတယ်။

သေဆုံး သွားသူဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ပုလောမြို့နယ်က  အသက် ၂၄ နှစ်ရွယ် ကိုချမ်းစုအောင် ဖြစ်ပြီး ဆုရတ်ဌာနီက ကွန်ဒုံစက်ရုံမှာ အလုပ်လုပ်နေကြောင်း၊ သူရဲ့အလောင်းကို ဆွေမျိုး တွေက ဆူရတ် ဌာနီကို ပြန်သယ်သွားပြီး ဒီကနေ့ ညနေပိုင်း သင်္ဂြိုဟ်မယ်လို့ ကိုမိုးဝေက  ပြောပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)

ပါးဖောင်းဖောင်းလေးနဲ့ မော်ဒယ်ပိုးသင်ဇာရဲ့ ရေလည်လန်းတဲ့ပုံတွေ

Posted by drmyochit Tuesday, July 16, 2013, under | No comments


ရွှေပြည်သာမှ လူကုန်ကူးသူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်

Posted by drmyochit Tuesday, July 16, 2013, under | No comments



အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ

Posted by drmyochit Tuesday, July 16, 2013, under | No comments


တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်း ပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက် က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြော သည်။

ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။

ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများ ပါရှိသည်။

“PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည်တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။

လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ်ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။

မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားသူများက ပြောသည်။

Dawei Watch
Mizzima - News in Burmese    

ရခိုင်ပြည်အား ဘင်္ဂလီနိုင်ငံထူထောင်ရန် စီမံကိန်းရေးဆွဲခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်ကို ရဲကဖမ်းမိပြီ

Posted by drmyochit Tuesday, July 16, 2013, under | No comments


ဘင်္ဂလီလူဦးရေ စာရင်းကောက်ခံရာတွင် အဓိက ကြိုးကိုင်ခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော် လှအောင်အား ယနေ့ နေ့လည်း ၁၂ အချိန်ခန့်က ခရိုင် ရဲမှူးကြီး ကိုယ်တိုင် သွားရောက် ဖမ်းဆီး ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျော်လှအောင်သည် ရခိုင်ပြည်နယ်အား ဘင်္ဂလီနိုင်ငံထူထောင်ရန်မူဝါဒများ ရေးဆွဲ ခဲ့သူ တစ်ဦးဖြစ်ပြီး AZG အားခုတုံးလုပ်ကို ဘင်္ဂလီများအား စေခိုင်းခဲ့သောအဓိက ခေါင်းဆောင်တစ် ဦးဖြစ်ပြီး ဇွန်လ အရေး အခင်းတွင် ဖမ်းဆီးခံခဲ့ရသည့်တိုင် လွတ်မြောက်လာသည့်နှင့် ဘင်္ဂလီများအား ကြိုး ကိုင်လှုပ် ရှားလာ ခဲ့သည် ကိုသိရကြောင်း၊ ယခုအခါတွင် အဆိုပါတရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်၏ နေအိမ်အား AZG အဖွဲ့မှ တာဝန်ယူထိန်းသိမ်းထားကြောင်းလည်းသိရသည်။

လူဦးရေစာရင်းကောက်ခံရာတွင် ပြန်လည်တိုက်ခိုက်မှုများပြုလုပ်ရန်ေ ကျာ်မြင့် တို့နှင့် အတူ ပါဝင်ခဲ့သော် လည်း ထွက်ပြေးနေသဖြင့် ဖမ်းဆီးမရနိုင်ခဲ့ကြောင်းသိရသည်။ ယခုခါတွင် ထိုသူအားဖမ်းဆီးနိုင်ခဲ့ခြင်း မှာ ဘင်္ဂလီသတင်းပေးများကြောင့်သာဖြစ်ကြောင်းလည်းသိရသည်။

ကျော်လှအောင်အား မဖမ်းဆီးနိုင်ပါက ဘင်္ဂလီများအကြမ်းဖက်မှုများဖြစ်လာအောင် ဆက်လက်ဖန်တီးနေ ဦးမည်ဖြစ်ကြောင်းလည်းသိရသည်။

Credit: Arakan Events (15-7-2013)

စည်းလုံးညီညွတ်၍ အင်အား တောင့်တင်းသော နိုင်ငံတော်ကြီးဆီသို့

Posted by drmyochit Tuesday, July 16, 2013, under | No comments


ပြီးဆုံးသွားခဲ့သည့် တူနီးရှား အာရပ် နွေဦး တော်လှန်ရေး မှသည် ယနေ့ တူရကီ၊ ဆီးရီးယား နိုင်ငံတို့၏ မပြီးဆုံးသေး သည့် လှုပ်ရှားမှုများ၊ အီရန် နိုင်ငံ၏ နျူကလီးယား အစီအစဉ်မှသည် အစ္စရေးနှင့် အရှေ့ အလယ်ပိုင်း လုံခြုံရေးဆိုင်ရာ ပြဿနာများ၊ တောင်တရုတ်ပင်လယ် အရေးကိစ္စမှ စ၍ အာရှဒေသ အတွင်း ပိုင်နက် နယ်မြေ အငြင်းပွားမှုများဖြင့် ယနေ့ကမ္ဘာကြီးတွင် တည်ငြိမ် အေးချမ်းမှုများ ပျောက်ဆုံးလျှက် ရှိ၏။ ထိုသို့သော မတည်ငြိမ်မှု များနှင့်အတူ အုပ်ချုပ်သူ အစိုးရ အဖွဲ့အပြောင်း အလဲများ၊ နယ်မြေ ပိုင်ဆိုင်မှု သတ်မှတ် ချက် အသစ်များဖြင့် သမိုင်းသစ်များ အချိန်နှင့်အမျှ ပြောင်းလဲနေပေသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ သမ္မတကြီး ဦးသိန်းစိန်မှ ကိုရီးယား နိုင်ငံ ခရီးစဉ်အတွင်း သူများ တိုင်းပြည်တွေမှာ တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ တို့နိုင်ငံမှာတော့ တစ်ချောင်းထဲဆိုရင် ကျိုးတယ် သုံးချောင်းလောက် ဆိုရင် မကျိုးဘူး ဆိုပြီတဲ့ ထင်းစည်းလေး ချိုးပြပြီး စည်းလုံးညီညွတ်ဖို့ သင်နေရတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ရအောင် ကြိုးစားရတယ်။ ဟူသော စကားလုံးများဖြင့် လူငယ်များအား နားဝင် အလွယ်ဆုံး ဥပမာဖြင့် ဆုံးမခဲ့သည်။

မြန်မာ နိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်တွင်လည်း မည်သည့်အခါမှ တည်ငြိမ်အေးချမ်း၍ အင်အား တောင့်တင်းမှု ကြာရှည် ခိုင်မြဲခဲ့သည် မရှိခဲ့။ သက္ကရာဇ် ၁၀၄၄ တွင် အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူမင်း တို့ တည်ဆောက်ခဲ့သော ပထမ မြန်မာ နိုင်ငံတော်ကြီးသည် နရသီဟပတေ့မင်း လက်ထက် ၁၂၈၃ ဒီဇင်ဘာတွင် ငဆောင်ချမ်း ခံတပ် ကျပြီးနောက် ပျက်စီးခဲ့ရသည်။ မြန်မာ နိုင်ငံ အထက်ပိုင်းအား တရုတ်နိုင်ငံပိုင် Cheng-mien ပြည်နယ်အဖြစ် ကြေငြာ ခံခဲ့ရသည်။ ထိုနောက်ပိုင်း အထက် မြန်မာ နိုင်ငံအား ရှမ်းညီနောင် သုံးဦး မင်းဆက်များ အလယ်ပိုင်းအား ၀ါရီရူး မင်းဆက်များ၊ အောက်ပိုင်းအား ရခိုင် ဘုရင်များဖြင့် သူတစ်လူ ငါတစ်မင်း အုပ်ချုပ်ခဲ့ကြကာ ဘုရင့်နောင် လက်ထက်တွင်မှ ပြန်လည် စုစည်း၍ ဒုတိယ မြန်မာ နိုင်ငံတော်ကြီး အဖြစ် ပြန်လည် ပေါင်းစည်း နိုင်ခဲ့သော်လည်း နန္ဒဘုရင် လက်ထက်တွင် ခဏတာ အတွင်း ပြန်လည် ပျက်စီးရ ပြန်သည်။

တတိယ မြန်မာ နိုင်ငံတော်ကြီးအဖြစ် မုဆိုးဖိုရွာ၊ ထန်းလုံး ခံတပ်မှ စတင် တည်ဆောက်ခဲ့သည့် အလောင်းမင်း တရား ကွယ်လွန်သည့် ၁၇၆၀ မှ ဘကြီးတော် လက်ထက် အဆုံး ၁၈၃၇ ကာလအတွင်း မဏိပူရပြည် အာသံပြည် ရခိုင်ပြည် တနင်္သာရီပြည် အထိ ၊ ၁၈၄၆ ပုဂံမင်း လက်ထက်တွင် တောင်ငူအထိ နယ်ချဲ့တို့အား မယှဉ်နိုင်သဖြင့် ပေးခဲ့လိုက်ရပြီး ၁၈၈၅ သီပေါမင်း လက်ထက်တွင်မူ တစ်တိုင်းပြည်လုံးအား ပေးအပ်ခဲ့ရသည်။ ထိုအချိန်မှ စ၍ အင်္ဂလိပ် လက်အောက်မှ ဂျပန်၊ ဂျပန်လက်အောက်မှ အင်္ဂလိပ် လက်အောက် အဆင့်ဆင့် ရောက်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင်မှ မြန်မာ နိုင်ငံ လွတ်လပ်ရေး ရခဲ့သည်။

ယနေ့ ၂၀၁၂ ခုနှစ်တွင် ကျွန်တော်တို့၏ လွတ်လပ်ရေးသည် ၆၄ နှစ်တိုင်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး ဖြစ်သည်။ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့သော ကာလတွင် ကချင်ပြည်နယ်အား ၎င်းတို့ ပိုင်ဆိုင်သည်ဟု အရှေ့ဘက်မှ တောင်းဆိုခဲ့ ဖူးသည်။ ယနေ့ကာလ အတွင်း မြန်မာ့ ရေပိုင်နက်အား အနောက်ဘက်မှ ကျူးကျော် ခဲ့သည့်အတွက် ကမ္ဘာ့ အဆင့် ခုံရုံးတက်ကာ ရှင်းခံရဖူးသည်။ နိုင်ငံ့ မြေပိုင်နက် အန္တရာယ်ရှိသည့် အတွက် မြစ်ရှိသည့် နေရာတွင် တာတမံများ အလျင်အမြန် ပြုလုပ်ခြင်း၊ မြေရှိသည့် နေရာတွင် သံဆူးကြိုးများဖြင့် ခြံစည်းရိုးများ အခိုင်အမာ တည်ဆောက်ခြင်းတို့ လုပ်ခဲ့ရဖူး၏။ ပတ်ဝန်းကျင် နိုင်ငံများမှ အရှေ့ကဖိ နောက်က အိ လုပ်ဆောင်နေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကြောင့် အလယ်ကပါ ညှိမရသည့် အခြေအနေများ ရှိနေသည့် မြန်မာ နိုင်ငံ၏ တိုင်းပြည် အင်အားသည် ယခု အတိုင်း ကာလ ကြာရှည် ဆက်သွားမည် ဆိုပါက အရှေ့ မျှော်ရမည်မသိ၊ အနောက် မျှော်ရမည် မသိ အခြေအနေကို ရင်ဆိုင်ရပေမည်။

ကျူးကျော် စစ်ပွဲများကြောင့် သူ့ကျွန်ဘ၀ ကျရောက်ခဲ့သော်လည်း ပင်လုံစာချုပ်ဖြင့် မြန်မာ နိုင်ငံကြီး မပျက်စီး စေရန် ထိန်းသိမ်းနိုင်ခဲ့၏။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင်လည်း စတုတ္တ မြန်မာ နိုင်ငံတော်အဖြစ် ပြန်လည် စုစည်းရမည့် အခြေအနေမျိုးလည်း ကြုံခဲ့ရဖူး၏။ ကိန္ဒရီလေး လို့ပဲ ပြောပြော၊ စွန်ကလေးလို့ပဲ ဆိုဆို ကျွန်တော်တို့ ဒီမြေပုံ ပိုင်နက်လေးအား ချစ်ကို ချစ်ရမည် ဖြစ်သည်။ နိုင်ငံ စီးပွားရေး ကျဆင်းလျှင် မိတ်ဆွေ နိုင်ငံများမှ ကူညီ ထောက်ပံ့ပေးကြမည် ဖြစ်သော်လည်း နိုင်ငံ၏ ကာကွယ်နိုင်မှု အင်အား ကျဆင်းပါက ကျူးကျော်မှုများ ပြုလုပ် လာကြပေလိမ့်မည် ဖြစ်သည်။ သို့ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် တိုင်းပြည် အကျိုး သယ်ပိုးရာတွင် တိုင်းပြည် ချစ်စိတ်ကို အရင်းခံ၍ ဆင်ခြင် သုံးသပ် တတ်သော အမြင်များ ဖြင့်သာ ကူညီ ဆောင်ရွက်ကြ စေချင်ပါသည်။

မျိုးချစ်

သမ္မတဦးသိန်းစိန်ကို လန်ဒန်မှာ ဆန္ဒပြ

Posted by drmyochit Tuesday, July 16, 2013, under | No comments


လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ၀ိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UKလန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ၀ိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK


ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်အဖြစ် မြန်မာနိုင်ငံကနေ ဒေသစံတော်ချိန် တနင်္ဂနွေမနက်ပိုင်းကစပြီးတော့ ထွက်ခွာလာခဲ့တဲ့ ဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၄ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီခွဲမှာ အင်္ဂလန်နိုင်ငံ Heathrow လေဆိပ်ကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆိုက်ရောက်လာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) အစိုးရက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK ရဲ့ပြောခွင့်ရ (Mark Farmaner) က ဗွီအိုအေကိုပြောပါတယ်။

“ဗြိတိသျှအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကောဇောနီ ခင်းပြီး ကြိုဆိုတဲ့အတွက် Burma Campaign UK အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့  နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) ဆီကို လာပြီး တွေ့ဆုံမယ့်အစား The Hague မှာရှိတဲ့ နိုင်ငံတကာ စစ်ခုံရုံးကိုပဲ လည်ပတ်သင့်ပါတယ်။ သူဟာ အရင် အာဏာရှင် စစ်အစိုးရလက်ထက်ကတင်မဟုတ်ဘဲ အခုလက်ရှိ ရာထူး ထမ်းဆောင်စဉ် ကာလမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိသလို ရခိုင်ပြည်နယ်မှာလည်း အလားတူပါပဲ။ ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အကျဉ်းချတာတွေ ခြိမ်းခြောက်တာတွေ တွေ့ရပြီး လွန်ခဲ့တဲ့ တလအတွင်းမှာပဲ လူ ၇၀ ကို ထောင်ဒဏ် စီရင်ခဲ့ပါတယ်။ ဒါကြောင့်  သမ္မတ ဦးသိန်းစိန်ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးသမား မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။”

သမ္မတရဲ့ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း အပါအဝင်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် နဲ့လည်း သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိတာမို့ သမ္မတဦးသိန်းစိန်နဲ့ ဗြိတိန်တာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါမှာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနိုင်ချေ ရှိပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသတွေက ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးသင်တန်းတွေ ပေးနိုင်ဖို့ ဗြိတိန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီးလည်း Burma Campaign UK က Mark Farmaner က အခုလို ဆက်ပြောပါတယ်။

“ဗြိတိသျှအစိုးရက မြန်မာစစ်တပ်ကို လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ သင်တန်းပေးဖို့ ကမ်းလှမ်းထားပါတယ်။ သင်တန်းပေးရာမှာ လူ့အခွင့်အရေးကို အားပေးမယ်ဆိုပေမဲ့ အခုလို သင်တန်းပေးရင် ငါးစားနေတဲ့ ငါးမန်းကို ငါးမစားတော့အောင် သင်တန်းပေးသလို ဖြစ်နေမှာပါ။ လူ့အခွင့်အရေး ချိုးဖောက်နေတာ စစ်တပ်ကဖြစ်လို့  ဒီချိုးဖောက်သူတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသရွေ့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။”

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းမှာ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကမရွန်းနဲ့ ဝန်ကြီးချုပ် အိမ်တော် အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်မှာ တွေ့ဆုံကြဖို့ ရှိနေချိန်မှာပဲ ဗြိတိန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ ကချင်အမျိုးသားအစည်းအရုံးနဲ့အတူ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဒေါင်းနင်းလမ်းဆန္ဒပြပွဲမှာ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ကချင်အမျိုးသား အစည်းအရုံးက Mr Ring Du Lachyung က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“International Community သုံး လေးဖွဲ့ ရှိပါတယ်။ ရှမ်း ethnic၊ ကရင် ethnic တို့ တခြား ဒီ တိုင်းရင်းသား ethnic တွေကိုရော ကျနော်တို့ ဖိတ်စာပို့တယ်။ သူတို့ကိုယ်တိုင် လာပါဝင်မှ ကျနော်တို့ ဒီမှာ သမ္မတ ဦးသိန်းစိန် အ၀င်အထွက် အားလုံး စည်းဝေးပြီးတဲ့အထိ ကျနော်တို့ အဲ့ဒီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။”

ဗြိတိသျှဝန်ကြီးချုပ်နဲ့ တွေ့ဆုံနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ကချင်အမျိုးသား အစည်းအရုံးနဲ့ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြနေချိန်မှာပဲ ဗြိတိသျှပါလီမန်ရှေ့မှာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ UK ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ဆန္ဒပြခဲ့ကြပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဖို့ အင်တာနက် အွန်လိုင်းကနေ လက်မှတ် တစ်သန်း ရရှိတယ်လို့ဆိုတဲ့ AVAAZ အဖွဲ့နဲ့အတူ Burmese Rohingya Organization UK တို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ Burmese Rohingya Org UK ရဲ့ အထွေထွေအတွင်းရေးမှူး Mr. Ahamed Jarmal က ဗြိတိန်အစိုးရအနေနဲ့ သမ္မတဦးသိန်းစိန်ကို အခုလို အရေးတယူနဲ့ ကြိုဆိုတဲ့အပေါ် ကန့်ကွက်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြကြရခြင်းဟာ စိုးရိမ်မကင်း ဖြစ်မှုတွေကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို အသိပေးလိုတဲ့အတွက် ဖြစ်ပါတယ်။ သူ့ကို အခုလို ဖိတ်ကြားတာ မှားပါတယ်။ ဝန်ကြီးချုပ် ကင်မရွန်းအနေနဲ့ သမ္မတဦးသိန်းစိန်ကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဟာ နောက်ထပ် ရဝမ်ဒါနိုင်ငံလို အဖြစ်မျိုး မရောက်စေဖို့အတွက် အလေးအနက် သတိပေးသင့်ပါတယ်။”

တနင်္လာနေ့ ညနေပိုင်း Chatham House မှာလည်း UK ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ စုဝေးပြီး မြန်မာအစိုးရအဖွဲ့ကို ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ ကချင်အမျိုးသား အစည်းအရုံးက နိုင်ငံခြားရေးတာဝန်ခံ မခိုင်ထောင် က ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မယ့် ဥရောပခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ဟာ အင်္ဂလန်နိုင်ငံ ပြီးရင်တော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

၂၀၁၃ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ် သူဌေးလေးများ

Posted by drmyochit Tuesday, July 16, 2013, under | No comments

                                           No.1
                                           Dustin Moskovitz

အသက် - ၂၈ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ

ဒပ်စတင် မော့စ်ကိုဗစ် ဆိုတာက မာ့ခ် ဇူကာဘတ်နဲ့တစ်ချိန်က တစ်ခန်း တည်းအတူနေသူငယ်ချင်းပါ။ Facebook ကို အတူတူတွဲထောင်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်ကစပြီး လမ်းခွဲလိုက်ပြီ။ Facebook ရဲ့ Share ၇ ဒသမ ၆ ရာခိုင်နှုန်း ကို ပိုင်ဆိုင် ထားတယ်။ ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ Good Ventures ကို ရီးစားဖြစ်သူနဲ့ တွဲပြီး ထူထောင်ထားတယ်။ အခြား နာ မည်ကျော် ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ GiveWell နဲ့လည်း တွဲ ဖက်ပြီးတော့ လူမှုရေးလုပ်ငန်းတွေ လိုက်လုပ်နေတယ်။

======================================================

No.2
Mark Zuckerberg

အသက် - ၂၈ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံ

ဇူကာဘတ်က မော့စ်ကိုဗစ်ထက် ၈ ရက်လောက်ကြီးတဲ့အတွက် ဒုတိယနေရာရောက် သွားတယ်။ ဒီအရွယ်နဲ့ CEO ဆိုတာတော့ အတော်လေးရှား မယ်ထင်တယ်။ ၂၀၁၂ ခုနှစ် မေလမှာ Facebook ကို အများပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ ပြောင်းလဲလိုက်ပြီး နောက်တစ်နေ့မှာ လက်ထပ်တယ်။ အရွယ်ငယ်ငယ် ကိုယ်ပိုင်အားထုတ်မှုနဲ့ တကယ့်ကို ကြွယ်ဝခဲ့ရတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။
======================================================

                                                         No.3
        Albert von Thurnund Taxis
အသက် - ၂၉ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ

အဲလ်ဘတ်ဟာ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကို အသက် ၈ နှစ်သားလောက် ကတည်း က ရောက်ခဲ့သူဖြစ်ပါ တယ်။ ဒါပေမဲ့ တရားဝင်အမွေကိုတော့ ၂၀၀၁ ခုနှစ်မှ ဆက်ခံခဲ့ရ သူဖြစ် တယ်။ လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး ပြိုင်ကား မောင်းတာကို ဝါသနာထုံတယ်။

======================================================
No.4
Scott Duncan

အသက် - ၃၀ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ

စကော့ ဒန်ကင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် စွမ်းအင်ပိုက်လိုင်းသူဌေးကြီး ဒင် ဒန်ကင်ရဲ့ အမွေဆက်ခံသူ သားသမီး လေးဦးအနက် အငယ်ဆုံးသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ဖခင်ဟာ Enterprise Products Partners ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ယနေ့ အဲဒီကုမ္ပဏီပိုင်ဆိုင်တဲ့ သဘာဝဓာတ်ငွေ့၊ ရေနံနဲ့ ရေနံဓာတုပိုက်လိုင်း အရှည်ဟာ မိုင်ပေါင်း ၅၀၀၀၀ ခန့်ရှိပါတယ်။
=====================================================

                                                No. 5
                                                Eduardo Saverin

အသက် - ၃၀ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ

Facebook ကိုပူးတွဲတည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကမှ အမေရိကန်နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ် ခဲ့သူ တစ်ယောက် လည်းဖြစ်ပါတယ်။ အခွန်ရှောင်တိမ်းတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေကြောင့် နိုင်ငံသားအဖြစ်က စွန့်သွား တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ မာ့ခ် ဇူကာဘတ်နဲ့ သူငယ် ချင်းတွေဖြစ် ခဲ့ပြီး Facebook ကို စတင်ထူထောင်စဉ်က အခက် အခဲတွေ ကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ သူတွေဖြစ်ပါတယ်။ Facebook ရဲ့ Share ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထား ပါတယ်။ ခုတော့ ဘရားဇီးလ်နိုင်ငံသားအဖြစ် ခံယူထားပြီး၊ စင်ကာပူနိုင်ငံမှာ နေထိုင်တယ်။ လုပ်ငန်း သစ်တွေ လုပ်ဖို့ ပြင်ဆင်နေတယ်။
======================================================

No.6
Huiyan Yang

အသက် - ၃၁ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ

ယန်းဟာ Country Garden Holdings ကုမ္ပဏီကြီးကို ထူထောင် သူရဲ့ သမီးဖြစ်ပါတယ်။ အိမ်မြေယာရောင်း ဝယ်ရေး အ ကျိုးဆောင် ကုမ္ပဏီကြီးတစ်ခုအနေနဲ့ တရုတ်ပြည်မှာထင်ရှားပါတယ်။ တရုတ်ပြည်ရဲ့ အချမ်း သာဆုံး အမျိုး သမီးတစ် ယောက်လို့လည်း ဆိုနိုင်တယ်။ သူ့ဖခင်က ယန်းကို အမေရိကန်ပြည်ထောင်စုက အိုဟိုင်း အိုပြည်နယ် အိမ်ခြံမြေလုပ်ငန်းကြီးကို ၂၀၀၇ ခုနှစ်ကတည်းက လွှဲပေးထားတယ်။
======================================================

                                              No.7
                                             Fahd Hariri

အသက် - ၃၂ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ

အသတ်ခံလိုက်ရတဲ့ လက်ဘနွန် ဝန်ကြီးချုပ် ရာဖစ် ဟာရီရီ ရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ Ecole Spéciale d'Architecture de Paris တက္ကသိုလ်ကနေ ၂၀၀၄ ခုနှစ်က ဘွဲ့ရခဲ့တယ်။ မြို့ဆင်ခြေဖုံးမှာ အဝတ်အထည် ဒီဇိုင်းစတူဒီယိုတစ်ခုထောင်ထားတယ်။ ဆော်ဒီ အာရေးဗီးယားက သူ့ဖောက်သည်တွေဆီကို ပရိဘောဂပစ္စည်း တွေ တင်ပို့ပေးတယ်။

=====================================================

No. 8
Marie Besnier Beauvalot

အသက် - ၃၂ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ

အသက် ၄၂ နှစ်အရွယ် အီမန်နျူရယ်၊ အသက် ၄၅ နှစ်အရွယ် ဂျင်း မစ်ချယ်တို့ရဲ့ ညီမဖြစ်ပြီးတော့ ပြင်သစ် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Lactalis ကို ပူးတွဲပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Président ဆိုတဲ့အမည်နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ နို့၊ ဒိန်ချဉ်တွေကို ထုတ်လုပ်ပါတယ်။
=====================================================

                                                No. 9
Sean Parker

အသက် - ၃၃ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၂ ဘီလီယံ

ရှောင် ပါကာဟာ Airtime ဆိုတဲ့ ဗီဒီယို chatting လုပ်တဲ့ site ကို အခြား Web ကုမ္ပဏီတွေထက် ပိုပြီးကောင်းမွန် အောင် ပြင် ဆင်ဆောင် ရွက်ထားပါတယ်။ အသက် ၁၉ နှစ်မှာ ပါကာဟာ ကော လိပ်တက်နေ ရာက ထွက်လိုက်ပါတယ်။ သူ့ရည်ရွယ်ချက်က တေး သံသွင်း လုပ်ငန်းတွေလုပ်နေတဲ့ Napster လို site မျိုးနဲ့ အပြိုင် ဂီတ Website ကြီးတစ်ခုကို ထူထောင်ဖို့ဖြစ်ပါတယ်။ အသက် ၂၄ နှစ်မှာ Facebook ရဲ့ ပထမဦး ဆုံး ဥက္ကဌအဖြစ် တာဝန်ယူခဲ့တယ်။
=====================================================

No. 10
Ayman Hariri

အသက် - ၃၄ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ

သူလည်း လုပ်ကြံခံရတဲ့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီရဲ့ သား တစ်ယောက်ဖြစ် ပါ တယ်။ ဆော်ဒီ အာရေးဗီးယားမှာ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Saudi Oger ကုမ္ပဏီကို တာဝန် ယူပြီး လုပ်ဆောင်နေ သူဖြစ်ပါတယ်။ ဟာရီရီ အမွေဆက်ခံသူတစ်ယောက်ဖြစ်ပါတယ်။

From:မောက္ခ

လားရှိုးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် အသတ်ခံရမှု စီစီတီဗွီ ကင်မရာမှ တစ်ဆင့် ကျူးလွန်သူကို ဖမ်းဆီး

Posted by drmyochit Tuesday, July 16, 2013, under | No comments

ကျူးလွန်သူ မစန္ဒာဝင်းနှင့် သေဆုံးသူတို့အား အခင်းဖြစ်သည့်နေ့က မြို့မဈေးအတွင်း အတူ တူ သွားလာနေသည်ကို ဈေးရှိလုံခြုံရေး ကင်မရာမှတစ်ဆင့် ရယူထားပုံ

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နန်းဟေ၀န် ပန်းခြံတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို စီစီတီဗွီ ကင်မရာမှတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၁၁ နာရီခွဲခန့်က လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် အလောင်းတစ်လောင်း တွေ့ရှိသဖြင့် သက်ဆိုင်ရာက သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မ--အသက် ၁၇ နှစ်၊ ရပ်ကွက် ၁၀ လားရှိုးမြို့ နေသူဖြစ်ပြီး လည်ပင်း၊ ရင်အုံနှင့် နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ရင်ဘတ်တွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ဖြင့် ပက်လက် အနေအထား သေဆုံးနေကြောင်း တွေ့ရသည်။

အလောင်းကို မှုခင်းဆရာဝန်ကြီးက ဆေးစစ်ခဲ့ရာတွင် မ---မှာ ဇူလိုင် ၂ ရက် တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အထူးအမှုစစ် အဖွဲ့မှ စုံစမ်းခဲ့ရာ ဇူလိုင် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က လားရှိုး မြို့မဈေးအနီး သုံးဘီးဆိုင်ကယ် ဂိတ်တွင် သေဆုံးသူနှင့် အသားညိုညို အမျိုးသမီး တစ်ဦးတို့ အတူသွားလာ နေသည်ကို တွေ့ရကြောင်း သတင်းရရှိခဲ့သဖြင့် လားရှိုးမြို့မဈေး ဈေးခေါင်းရုံးမှ စီစီတီဗွီ မှတ်တမ်းအား ကြည့်ခဲ့ရာ ဇူလိုင် ၂ ရက် နံနက် ၉ နာရီ ၃၆ မိနစ်တွင် သေဆုံးသူနှင့် မစန္ဒာဝင်း ၂၄ နှစ် လားရှိုးမြို့ နေသူကို မြို့ဈေးအတွင်း သွားလာခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် သေဆုံးသူနှင့်အတူ ခပ်၀၀ အမျိုးသမီးတစ်ဦး လားရှိုးမြို့ နန်းဟေ၀န် ပန်းခြံအတွင်း ၀င်လာသည့် မြင်ကွင်းနှင့် မွန်းလွဲ ၃ နာရီ ၂၂ မိနစ်တွင် ခပ်၀၀ အမျိုးသမီး တစ်ဦးတည်း ပြန်ထွက်သွားသည့် မြင်ကွင်းကို ပန်းခြံအတွင်းရှိ ကာရာအိုကေဆိုင်မှ စီစီတီဗွီ၏ မှတ်တမ်းအရ မြင်တွေ့ခဲ့ရသဖြင့် ဇူလိုင် ၉ ရက် ညပိုင်းတွင် မစန္ဒာဝင်းနှင့် ဆက်စပ် မသင်္ကာသူ သုံးဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ မစန္ဒာဝင်း ကိုယ်တိုင် သတ်ခဲ့ကြောင်း၊ ငွေအခက်အခဲ ဖြစ်နေခြင်း၊ သေဆုံးသူနှင့် စကားများနေခြင်း တို့ကြောင့် သတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၀တ်ဆင်ထားသော ရွှေနားကပ်၊ လက်စွပ်နှစ်ကွင်းကို ဖြုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကျူးလွန်သူကို ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာတွင် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

Eleven

Monday, July 15, 2013

ဘင်္ဂလီအရေး လျှော့မတွေးသင့်ပါ

Posted by drmyochit Monday, July 15, 2013, under | No comments


ရခိုင်အရေးအခင်း မတိုင်မီ ဘီဘီစီသတင်းဌာနကနေ မြန်မာနိုင်ငံ မြေပုံပေါ်က ရခိုင်ပြည်နယ်နေရာမှာ ရိုဟင်ဂျာအမှတ်အသားကို ထည့်သွင်းဖော်ပြခဲ့ လို့ ပြည်တွင်းရော ပြည်ပ cမှာပါ ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ကြတာကို အားလုံးမှတ်မိကြပေ လိမ့်မည်။

သိပ်မကြာခင်မှာပင် ကျောက်နီမော်ရွာသူ မသီတာထွေးကို အဓမ္မကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကို အကြောင်းပြု၍ ကျူးကျော်ဝင်ရောက် နေထိုင်သူ ဘင်္ဂလီတို့နှင့် ဌာနေ ရခိုင်တိုင်းသားတို့အကြား လူမျိုးရေးအဓိကရုဏ်းဖြစ်ခဲ့သည်။

ရခိုင်အရေးအခင်းဖြစ်နေစဉ် အချိန်မှာပင် ပါမောက္ခ ၀ါကာအူဒင်ကို ဗွီအိုအေသတင်းဌာနမှူး ဦးသန်းလွင်ထွန်းကနေ အင်တာဗျူးလုပ်ပြန်သည်။ ”ရိုဟင်ဂျာဆိုတာ အများထင်သလို ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီမဟုတ်ကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စကားရှိကြောင်း အတူယှဉ်တွဲနေထိုင်လို့ ဖြစ်နိုင်ကြောင်း ”စသည်ဖြင့်… စီကာပတ်ကုံး ရှင်းပြခဲ့သည်။

ပါမောက္ခ၀ါကာအူဒင်ရဲ့ ဆိုလိုရင်းကို အနှစ်ချုပ်ကြည့်လျှင် ရိုဟင်ဂျာ ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရေးကို တောင်းဆိုသွားသည်ဟု သတ်မှတ်နိုင်သည်။ တမင်ပွဲလှန့်ပြီး ဖျာဝင်ခင်းသည့် လုပ်ရပ်မှန်း သိသာလွန်းသည်။

များမကြာမှီမှာပင် တောင်ကုတ်တွင် တဗ်လီဂ်ဂျမာအတ်သား ၁၀ဦး သတ်ခံရပြီးနောက်ပိုင်းတွင် ဘာသာရေးအဓိကရုဏ်း အသွင်အဖြစ် ပြောင်းလွဲသွားပြီး နေရာတော်တော် များများသို့ ကူးဆက်ပြန့်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတို့နှင့်ပတ်သက်၍ မီဒီယာတို့၏ တင်ပြပုံတို့မှာ အကောင်းဘက်ထက် အဆိုးဘက်ကိုသာ တွန်းပို့နေသည်ဟု အထက်တွင် တင်ပြခဲ့သည့်တို့နှင့်အတူ ၂၀၁၃၊ ဇူလိုင်လ (၁)ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းရဲ့ မျက်နှာဖုံးပါ The Face Of Buddhist Terror ဆောင်းပါးတို့က သက်သေပြနေသည်။

ကျောက်နီမော်အရေးအခင်းသည် ယနေ့ဖြစ်ပွားနေသည့် ဘာသာရေးအဓိကရုဏ်း၏ မီးစတစ်စဟု သုံးသပ်နေမှုများသည် အတိုင်းအတာတစ်ခုထိတော့ မှန်ကောင်းမှန်ပါလိမ့်မည်။ အခြားတဖက်မှာတော့ ကျောက်နီမော်အရေးအခင်း မဖြစ်ခဲ့လျှင်လည်း ပြဿနာ တစ်ခုခုကို အကြောင်းပြု၍ ဖြစ်ကိုဖြစ်လာပါလိမ့်မည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်အတူ ဘင်္ဂလီတို့၏လှုပ်ရှားမှုသည်လည်း အရှိန်ကောင်းခဲ့သည်။ ရိုဟင်ဂျာနာမည်ကိုသုံး၍ မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားတစ်ခုသဖွယ် နိုင်ငံတကာအ၀န်းအ၀ိုင်းသို့ ထိုးဖောက်ခဲ့သည်။

လူ့အခွင့်အရေး လက်နက်ကို ကျည်အပြည့်ထည့်၍ တွေ့သမျှ NGO တွေကို မလွတ်တမ်း ပစ်တော့သည်။

ဘယ်လောက်ထိအောင် အခြေအနေဆိုးခဲ့သလဲဆိုလျှင် မလေးရှား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအပါအ၀င် တချို့NGO တွေမှာ ရိုဟင်ဂျာကို ရခိုင်တိုင်းရင်းသားအဖြစ် နားလည်ထားကြသည်အထိ ဖြစ်ခဲ့ရသည်။

”မြန်မာအခက် ဘင်္ဂလီအချက်”လို့ ဆိုရလောက်အောင် ဘင်္ဂလီတွေဟာ ဆယ်စုနှစ် ငါးခုကျော် မြန်မာ့နိုင်ငံရေးအကျပ် အတည်းကာလကို ကောင်းကောင်းအသုံးချနိုင်ခဲ့သည်။ မီဒီယာအား လူ့အခွင့်အရေးဓါးနဲ့ မြန်မာနိုင်ငံကို ပါးပါးလှီးလာခဲ့သည်။

ဘင်္ဂလီတို့၏ နောက်ဆုံးလက်နက်သည် ဂျီဟတ်စစ်ဆင်နွှဲ၍ မြန်မာနိုင်ငံကို အပြီးသတ် ၀ါးမြိုရေးပင်ဖြစ်သည်။

ပထ၀ီအနေအထားကြောင့် ဖြစ်လာမည့် ဤစစ်ပွဲတွင် အနိုင်ရလိုသူသည် ပထ၀ီနိုင်ငံရေး သဘောတရားအရ လူဦးရေကို ထည့်သွင်းစဉ်းစားကြမည် အမှန်ပါ။

ရိုဟင်ဂျာဦးရေကို အမျိုးမျိုး ခန့်မှန်းကြသည်။ တချို့က သိန်းဂဏန်း၊ တချို့ကတော့ သန်းဂဏန်း။

ကျွန်တော်အနေဖြင့် ကိုယ်တွေ့ အဖြစ်အပျက်ကို လက်ကိုင်ထားလို့ ”ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဘင်္ဂလီအရေ အတွက်ဟာ ရိုဟင်ဂျာအရေအတွက်ပါ” လို့ပဲ ပြောချင်ပါသည်။

မလေးရှားမှာ တရားမ၀င်နေထိုင်မှုဖြင့် ၂၀၀၄ ခုနှစ်၊ ဇွန်လထဲမှာ ကျွန်တော် အဖမ်းခံခဲ့ရဖူးသည်။ ရိုဟင်ဂျာအယောက်(၇၀)ခန့်နှင့်အတူ လင်းခေး camp မှာ တစ်လတာ နေထိုင်ခဲ့စဉ်ကာလနှင့် အဆင့်ဆင့် ပြောင်းလဲကာ နေထိုင်ခဲ့ရသည့် ထိုင်း လ.၀.က အချုပ်ခန်း အပါအ၀င် နောက်ဆုံး မလေးရှားကို ပြန်တက်ခဲ့သည့် ခရီးတစ်လျှောက်လုံး ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတို့အကြောင်း သိခွင့်ရခဲ့သည်။

မလေးရှားမှာ တရားမ၀င် နိုင်ငံခြားသား မြောက်များစွာရှိသည့်အနက် မြန်မာနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံက လွဲလို့ ကျန်နိုင်ငံသားအားလုံး အဖမ်းခံရပြီဆိုလျှင် မိမိနိုင်ငံကနေ လေယာဉ်လက်မှတ် ပို့ပေးသည်အထိ ထောင် တို့၊ camp တို့ထဲမှာ နေကြရသည်။ တချို့ဆိုလျှင် နှစ်နဲ့ပါချီပြီး စောင့်ကြရသည်။ အင်ဒိုနီးရှားတွေကိုတော့ ရေ လမ်းကနေတဆင့် အင်ဒိုနီးရှား လ.၀.က တွေ လက်ထဲကို လွှဲပြောင်းပေးကြသည်။

ကျွန်တော်တို့ မြန်မာတွေမှာတော့ ဘဘဗိုလ်ချုပ်ကြီးတွေရဲ့ တာဝန်မဲ့မှုကြောင့် ထိုင်း လ.၀.က လက် ထဲကိုသာ လွှဲပြောင်းခံရပြီး ..ထိုင်း လ.၀.က မှတဆင့် ၀က်တင်တဲ့ကားနဲ့ ၀က်တွေလိုတင်ပြီး ရနောင်းရဲစခန်းကို ပို့ သည်။ ပြီးမှ ရနောင်းရဲစခန်းကနေ စစ်ဆေးပြီးသူတွေကိုသာ ရနောင်းနဲ့ ကော့သောင်းကြားက ပင်လယ်ထဲမှာ စောင့်နေတဲ့ လူပွဲစားတွေ လက်ထဲကိုအပ်ကြသည်။ (များသောအားဖြင့် မလေးရှားနဲ့ ထိုင်းနယ်စပ်မှာပဲ ပစ်လေ့ရှိသည်။)

မည်သို့ပင် ခက်ခဲသည်ဆိုစေကာမူ ရည်မှန်းချက်မပြည့်သေးလို့ မလေးရှားကိုပြန်တက်လိုသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအတွက်တော့ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု ဖြစ်လို့နေသည်။ သည်တော့ လမ်းကြောင်းသိထားတဲ့ ဘင်္ဂလားဒေ့ရှ်တွေကတော့ အဖမ်းခံရပြီဆိုတာနဲ့ သူတို့ကို သူတို့ ဘူးရ်မား(မြန်မာ)လို့ စာရင်းပေးကြသည်။

မြန်မာဆိုတော့ မြန်မာတွေရှိတဲ့အဆောင်ကို ရဲကပို့လိုက်သည်။ မြန်မာမဟုတ်ဘဲ မြန်မာတွေနေတဲ့ အဆောင်ထဲကိုရောက်လို့လည်း စိတ်ပူစရာလိုပါ။ ရိုဟင်ဂျာတွေ အမြဲရှိနေသည့်အတွက် အဆင်ပြေကြသည်။ ဘာစကားပြောလဲဆိုတာ မသိပေမယ့် ရိုဟင်ဂျာပြောတဲ့စကားကို ဘင်္ဂလားဒေ့ရှ်တွေက နားလည်ကြသည်။

မိတ်ဟောင်းဆွေရင်းပမာ ရင်းရင်းနီးနီးရှိကြသည်။ ဘယ်သူက ရိုဟင်ဂျာ ...ဘယ်သူက ဘင်္ဂလားဒေ့ရှ် ဆိုတာ ဗမာစကားမပြောသ၍တော့ အမှန်တကယ် မခွဲခြားတတ်ပါ။

တချို့ ဘင်္ဂလားဒေ့ရှ်တွေဆိုလျှင် ဗမာစကားကိုပင် အတော်အတန်ပြောတတ်နေသည်ကို တွေ့ခဲ့ရသည်။ အထူးအဆန်းတော့ မဟုတ်ပါ။ မြန်မာ ...လို့စာရင်း ပေးထားသည့် ဘင်္ဂလားဒေ့ရှ်တိုင်း ..camp ထဲ ရောက်သည်နှင့် ဗမာစကားကို မဖြစ်မနေ သင်ကြရသည်။

အနိမ့်ဆုံးတော့ ထိုင်း လ.၀.က တွေ မေးလေ့ မေးထရှိသည့် နာမည်၊ အဖေနာမည်၊ အသက်၊ နေရပ် စသည့် မေးခွန်းလေးခုကို မဖြစ်မနေ သင်ကြရသည်။ (ထိုင်း လ.၀.က တွေ မြန်မာလို အနည်းအကျဉ်း တတ်ကြသည်။)

အဖမ်းခံရတာများနေသည့် ဘင်္ဂလားဒေ့ရှ်တွေဆိုလျှင် ရိုဟင်ဂျာတွေထက် ဗမာစကားကို ပိုလို့တောင် ပြောတတ်ကြသေးသည်။

အဲသည်တော့ ပါမောက္ခ၀ါကာအူဒင် ပြောသလို ရိုဟင်ဂျာဆိုတာ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီမဟုတ်ပါဘူး ...ဆိုတာကို ယုံတဲ့သူတွေရှိရင် ၊ မလေးရှားမှာ တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံကြည့်ကြပါ..လို့ အကြံပေးချင်ပါသည်။

ရိုဟင်ဂျာဆိုသူတွေဟာ ခေသူတွေ မဟုတ်ဘူးဆိုတာကို သိသာစေတဲ့ နောက်ထပ်အချက်တွေ ရှိသေးသည်။ မလေးရှားတွင် သြဇာကြီးမားသော NGO တစ်ခုဖြစ်သည့် TENAGANITA အဖွဲ့ကို တည်ထောင်သူ tenaganita ဆိုသည့် အဖွားကြီးကို အသေကပ်ထားရုံ သာမက ၀န်ကြီးချုပ် မဟာသီဟာ မိုဟာမက်အထိကိုတောင် ချဉ်းကပ်နိုင်သူတွေဆိုတာ မမေ့သင့်ပါ။

tenaganita ကလူ့အခွင့်အရေး သမားဆိုတော့ လူ့အခွင့်အရေးရှုထောင့်ကနေ ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂထိ ပေါက်အောင် အခိုင်အမာရပ်တည်ပေးခဲ့သလို အာဏာရပါတီရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ မဟာသီကလည်း အာဏာစက်နဲ့ သူအနား မယူခင်လေးမှာ.. ရိုဟင်ဂျာ ၁၀၇၀၀ ကို နိုင်ငံသားအဖြစ် လက်ခံပေးဖို့ လက်အောက်ခံ ငယ်သားတွေကို မှာကြား သွားလေသည်။

မဟာသီကတော့ ဘာသာတူတာက တစ်ကြောင်း၊ သနားတာက တစ်ကြောင်း၊ လူအခွင့်အရေး လေးစားတာကို ပြချင်တာ တစ်ကြောင်း ...အကြောင်းကြောင်းတွေကြောင့် နိုင်ငံသားပေးဖို့ ခိုင်းခဲ့ဟန်တူသည်။

သို့သော်လည်း သိကြသည့်အတိုင်း ရိုဟင်ဂျာတချို့ရဲ့ စရိုက်က ဝေဖန်စရာ ဖြစ်လောက်အောင်ကိုပင် ဖြစ်ခဲ့ရသည်။ လူသတ်၊ ဓါးပြတိုက်၊ လုယက်၊ ဆေးပစ်မှု တို့ကြောင့် နိုင်ငံသားပေးမည့် အစီအစဉ်ကို ၀န်ကြီးချုပ်သစ် ဘာဒါဝီ လက်ထက်၌ သောင်မတင် ရေမချ ဖြစ်ခဲ့ရသည်။

ရိုဟင်ဂျာတွေကို မလေးရှားအစိုးရက လွတ်လွတ်လပ်လပ် နေခွင့်ပေးတာဟာ ဘာသာတူတာ ကြောင့်လို့ ပြောလျှင် ရနိုင်ပါသည်။ ဒီအချက်ကို ရိုဟင်ဂျာတွေက ကောင်းကောင်း အသုံးချတတ်ကြသည်။

ဒီကနေ့ မလေးရှားမှာ မြန်မာတွေ အသတ်ခံနေရသည့် ကိစ္စသည် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို တန်ပြန်သည့် လုပ်ရပ်ဆိုတာကို လူတိုင်းနားလည်ထားကြသည်။

သို့သော်လည်း မလေးအစိုးရ၏ ကိုင်တွယ်ပုံတို့မှာ မြန်မာအစိုးရကဲ့သို့ မဟုတ်သည့်တိုင် အကြမ်းဖက်သူတွေကို မဖမ်းဆီးနိုင်သေးတာဟာ တမင်လွှတ်ထားနေသ လားလို့တောင် ထင်စရာဖြစ်နေသည်။

အထက်ပါအချက်တို့ကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာ(ခေါ်) ဘင်္ဂလီတို့နောက်မှာ မီဒီယာ၊ လူ့အခွင့်အရေးသမား၊ OIC အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ပေးနေရသည့် ကိုယ်ပိုင်သြဇာ မရှိသည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် မွတ်ဆလင်နိုင်ငံတချို့ ရှိနေသည်မှာ ငြင်းစရာမလိုအောင် ခိုင်မာနေသည်။ သိုသော်လည်း ထိုအချက်တို့ဖြင့် မြန်မာနိုင်ငံကို မခြိမ်းခြောက်နိုင်ပါ။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံကို မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့ကမှ ခြိမ်းခြောက် အကျပ်ကိုင်လို့ မရပါ။ မြန်မာနိုင်ငံ၏ အနာဂတ်အရေးကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါလိမ့်မည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ဘာသာရေးအဓိကရုဏ်း ကြီးထွားလာရခြင်း၏ အဓိကကျသော အချက်မှာ မြန်မာ-မွတ်ဆလင်ဘာသာဝင် အများစုနှင့် မြန်မာ-ဗုဒ္ဓဘာသာဝင်အများစုတို့သည် ဘင်္ဂလီလူမျိုးနှင့် မွတ်ဆလင်ဘာသာကို ခွဲခြားမမြင်နိုင်ခြင်း၏ ဆိုးကျိုးရလဒ် တစ်ခုသာဖြစ်သည်။

ဘင်္ဂလီတို့သည် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြသော မွတ်ဆလင်ဘာသာဝင်တွေနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ညီညွတ်မှုကို ဖြိုလှဲပစ်ခဲ့သည်။ ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲမရလေအောင် ဘာသာရေး မှိုင်းတိုက်ခဲ့သည်။

တဖက်တွင်လည်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို နိုင်နိုင်နင်းနင်း မကိုင်တွယ်သည့် အစိုးရ၏ အားနည်းချက် တို့က သဘောထား တင်းမာသူ အာဏာရှင်ဟောင်းတို့အတွက် စနစ်ဟောင်းသို့ပြန်သွားရန် ဖြတ်လမ်းတစ်ခု သဖွယ်ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေကာမူ ဖြစ်ပေါ်လာမည့် အခြေအနေအားလုံးအတွက် တာဝန်အရှိဆုံးမှာ အစိုးရပင်ဖြစ်သည်။

စက်တင်္ဘာ (၁၁)တိုက်ခိုက်မှုနှင့် ဘာလီဗုံးခွဲမှုတို့ကဲ့သို့ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် အစ္စလာမ်ဘာသာအပေါ် ကမ္ဘာ့ပြည်သူတွေ နည်းတူ.. မြန်မာပြည်သူတွေလည်း စိုးရိမ်ခဲ့ကြသည်။

လွတ်လပ်လာသည့် မီဒီယာလောကနှင့်အတူ ယှဉ်တွဲပါလာသည့် လူမှုကွန်ယက်တို့ကြောင့် ကမ္ဘာတလွှားမှ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တို့၏ ရက်စက်မှုများ၊ ဂျီဟတ်စစ်ပွဲမှာကျရှုံးခဲ့ရသည့် ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် နိုင်ငံတချို့ အစ္စလာမ်နိုင်ငံဖြစ်သွားခဲ့ရသည့် သမိုင်းနောက်ခံများကို ပိုမိုသိခွင့်ရလာသည့်အတွက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတို့၏ ဘာသာတရားအပေါ် စိုးရိမ်စိတ်သည် ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲခြား၍ မမြင်နိုင်သည်အထိ စိုးရိမ်ရေအမှတ်ကို ရောက်ခဲ့ရသည်။

လွတ်လပ်ရေးခေတ်မှသည် ယနေ့အချိန်ထိ မြန်မာ-မွတ်ဆလင် နိုင်ငံရေးခေါင်းဆောင်တချို့၏ မြန်မာနိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံခဲ့မှုတို့ကြောင့် မြင့်မြတ်လှသည့် ဂုဏ်ပုဒ်ကို ကျူးကျော်လာသူ ဘင်္ဂလီတို့ကြောင့် မညှိုးနွမ်းလိုပါ။

အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသားများခင်ဗျာ ...
ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတစ်ဦးဖြစ်ပါသည်။ သိုသော်လည်း ဘာသာတရားတိုင်းသည် လူသားတိုင်းအတွက် ငြိမ်းချမ်းမှုကိုသာ ပေးသည်ဟု ယုံကြည်ထားသည့်အတိုင်း ဘာသာရေးအရ မည်သည့်ဘာသာကိုမှ စော်ကားပုတ်ခတ်လိုခြင်း အလျင်းမရှိပါ။

သို့သော်လည်း မြန်မာနိုင်ငံ၏ အနာဂတ်ကို ခြိမ်းခြောက်နေသည့် ဘင်္ဂလီခေါင်းဆောင်တို့၏ မိုက်မဲမှုကို တားဆီးလို၍သာ ဘင်္ဂလီတို့၏ လုပ်ရပ်တွေကို ဆန့်ကျင်သည့်အနေဖြင့် ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲခြားပြနေသူ တစ်ဦးသာ ဖြစ်ပါသည်။

လူ့အသက်ပေါင်းများစွာပေးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တာဟာ ဒီမိုကရေစီအတွက်ပါ။ သို့ပေမယ့် ဒီကနေ့ ကျွန်တော်တို့နိုင်ငံသားတွေ ရရှိနေသည့် ဒီမိုကရေစီဆိုတာဟာ အိမ်သာကြို အိမ်သာကြားကို ဖြတ်တိုက်လာတဲ့ လေနဲ့အတူပါလာသည့် တောစံပါယ်ရနံ့လိုပါပဲ။

တောစံပါယ်ရနံ့ထက် မစင်နံ့ကသာ ပိုကဲလို့နေချေသည်…။ မလူးသာ မလိမ့်သာ အခြေအနေကြောင့် မပေးချင် ပေးချင်နဲ့ ပေးခဲ့ရတဲ့ ဒီမိုကရေစီကနေ ပြည့်ဝသည့် ဒီမိုကရေပန်းတိုင်ကို လျှောက်လှမ်းနိုင်မှသာလျှင် ပေးဆပ်ခဲ့သူတို့၏ ကျေးဇူးကို တန်ဖိုးထားရာရောက်ပေမည်။

ဒီမိုကရေစီကို လိုလားသူတိုင်းသည် မတူညီမှုတွေကို နားလည်မှုအပြည့်ဖြင့် လက်ခံရပေလိမ့်မည်။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် လိုလားလျှင် မတူကွဲပြားသည့် အယူအဆ၊ ဓလေ့၊ ကိုးကွယ်ယုံကြည်မှု စတာတွေကို လက်ခံရပေလိမ့်မည်။

ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ မည်သည့်ဘာသာပင်ဖြစ်ပါစေ ...အတူတကွ ယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်စရာအကြောင်းမရှိပါ။

သို့သော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာသူဆိုလျှင် မည်သည့် လူမျိုး၊မည်သည့်ဘာသာပင်ဖြစ်ပါစေ ပြတ်ပြတ်သားသား ဆန့်ကျင်ရပါလိမ့်မည်။

ဘင်္ဂလီလူမျိုးတို့အနေဖြင့်လည်း အထက်တွင်ဖော်ပြခဲ့သည့် မြန်မာ-မွတ်ဆလင် နိုင်ငံရေးခေါင်းဆောင် တို့၏ မြင့်မြတ်လှသော စိတ်နေသဘောထားနှင့် ဂုဏ်ပုဒ်ကို အားကျအတုယူသင့်ပါသည်။ ပထ၀ီအနေအထားကိုမူတည်၍ နိုင်ငံသားအက်ဥပဒေတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီနိုင်ပါ။ မြန်မာနိုင်ငံ၏ နိုင်ငံသားအက်ဥပဒေသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ပေးထားသည့် ဥပဒေဖြစ်သလို၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အမေရိကန်နိုင်ငံတို့၏ နိုင်ငံသားအက်ဥပဒေသည်လည်း ထိုနိုင်ငံတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးထားသည့် ဥပဒေသာဖြစ်ပါလိမ့်မည်။

ထို့အတွက်ကြောင့် ဘင်္ဂလီလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အမှန်တကယ်ကာကွယ်လိုသည့် ဆန္ဒရှိပါက မြန်မာနိုင်ငံ၏ နိုင်ငံသားအက်ဥပဒေ၏ အဆုံးအဖြတ်အတိုင်း ငြိမ်းချမ်းသော နည်းဖြင့်သာ နိုင်ငံသားအဖြစ် ရယူစေလိုပါသည်။

သို့သော်လည်း ဘင်္ဂလီအများစုတို့မှာ ”မြန်မာနိုင်ငံတော်အလံကိုပင် အလေးမပြုနိုင်”ဟု တုန့်ပြန်မှုမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာဝေးစွ ။ဒုက္ခသည်အနေဖြင့် လက်ခံထားသည့်အတွက်ကိုပင် မြန်မာ နိုင်ငံကို အထူးပင် ကျေးဇူးတင်ရပေလိမ့်အုံးမည်။

အိမ်နီးချင်းနိုင်ငံဆိုသည်မှာ အကောင်းဆုံးမိတ်ဆွေဖြစ်သလို အနီးဆုံးရန်သူလည်း ဖြစ်သည်။ “ သစ်ပင်မှန်က အမြစ်နှင့်မကင်း၊ တိုင်းပြည်မှန်က စစ်နှင့်မကင်း” ဟူသည့် ဆိုရိုးစကားအတိုင်း ရခိုင်နှင့် ဘင်္ဂလားတို့ သည် အတိတ်သမိုင်း၌ စစ်ခင်းခဲ့ကြဖူးသည်။

နှစ်စဉ်ကြုံတွေ့ နေရသည့် သဘာဝဘေးအန္တရာယ်၊ မြေနေရာနှင့်မမျှတအောင် ထူထပ်သိပ်သည်းလွန်းသည့် လူဦးရေတိုးပွားမှုတို့ကြောင့် မြန်မာနိုင်ငံတွင်းသို့ စိမ့်ဝင်လာသည့် ဘင်္ဂလီအရေးအပေါ် လျစ်လှူရှုမှု၊ ရေပိုင်နက်ကိစ္စတို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်အင်အားတည်ဆောက်နေမှုနှင့် ဘင်္ဂလီတို့၏ ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် သဲသဲမဲမဲ တောင်းဆိုနေမှုတို့က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဘင်္ဂလီ ဘာလဲ…ဘယ်လဲ လို့ မေးရပေလိမ့်မည်။

အကယ်၍ မလွှဲမရှောင်သာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စစ်ဖြစ်ခဲ့ပါလျှင် ” နိုင်ငံတော်အလံကိုတောင် အလေးမပြုနိုင်သည့် ရိုဟင်ဂျာဆိုသူတွေ ဘယ်ဘက်ကနေ ရပ်တည်ကြမလဲ” ဆိုတာ စာဖတ်သူတို့အတွက် မေးခွန်းတစ်ခုအဖြစ် ချန်ခဲ့ပါရစေ…။

(ထွန်းထွန်းနိုင်)

မှတ်ချက်။ ။ ဘင်္ဂလီ(ရိုဟင်ဂျာ)တွေအပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝမရှိပါ။ လူ့အခွင့်အရေး သမားတွေအနေနဲ့ ကျွန်တော့်ကို လူသားမဆန် သူလို့ ဝေဖန်လာခဲ့မယ်ဆိုရင်လည်း အမျိုးသား လုံခြုံရေး ဖြစ်နေ သည့်အတွက် ဂရုမစိုက်နိုင်ပါ။

သို့သော်လည်း အပြစ်ကင်းစင်သည့် အဖြူရောင်နှလုံးသားပိုင်ရှင် ကလေးငယ်တွေအပေါ်မှာတော့ လူမျိုး၊ ဘာသာ၊ ရန်သူ၊ မိတ်ဆွေ မခွဲခြားဘူးဆိုတာ အန္တရာယ်ကြားမှာ ခရီးသွားရင်း ကျွန်တော်ကူညီခဲ့ဖူးသည့် ဘင်္ဂလီမိသားတစ်စုနှင့် ကျွန်တော်အကြောင်းကို အလျင်းသင့် လျှင် ရေးသား ပါဦးမည်။

(ထွန်းထွန်းနိုင်)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်