Wednesday, July 17, 2013

ယဉ်တကိုယ်အလှနဲ့ သီရိရှင်းသန့်ရဲ့ Photo Album

Posted by drmyochit Wednesday, July 17, 2013, under | No comments


အင်တာနက်ပေါ်မှ ချစ်သူခင်သူများကို လက်ဖြင့်ထိတွေ့ခံစားနိုင်ပြီ

Posted by drmyochit Wednesday, July 17, 2013, under | No comments


အစပထမက သက်ကြီးရွယ်အိုများအနေနဲ့ သူတို့ချစ်ခင်သူများ၏ ထိတွေ့မှုကို ရရှိသကဲ့သို့ ခံစားစေနိုင် ရန် ရည်ရွယ်တီထွင် ခဲ့ဖြင်းဖြစ်ပါတယ်။ မိမိချင်ခင်သူများကို ဖုန်းမှတဆင့် မိမိတို့ ဂရိုစိုက်မှုကို ပြသ နိုင်သော် လည်း အထိအတွေ့သည်လည်း ချစ်ခင်မှုကို ဖော်ပြရာတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်း ဖြစ်ကြောင်း ပရော်ဖက်ဆာ လျူက ထပ်လောင်းပြောကြားသွားပါတယ်။ အဓိက အခက်အခဲမှာ ထုတ်လုတ် မှု ကုန်ကျစရိတ်ပင်ဖြစ်ပြီး ၊ မိမိတို့ ပရောဂျက်၏ ရည်ရွယ်ရင်းမှာ ကစားစရာအဖြစ် ထုတ်လုပ် လိုခဲ့ဖြင်း သာဖြစ် ကြောင်း ပြောကြားပါတယ်။ သူတို့အဖွဲ့အစည်းအနေနဲ့ နောင်တွင် လူသားလက် အစစ် နဲ့တူသည့် စက်ရုပ် လက်ပုံစံများ တီထွင်သွားနိုင်ရန်နှင့် တစ်နေ့မှာ လူသားတစ်ဦးကဲ့သို့ပင် ထိတွေ့ ခံစား နိုင်မှု ၊ လှုပ်ရှား မှုများ ကိုလုပ်ဆောင်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရပါတယ်။ ယခု လက် ရှိ စက် ရုပ် လက်မော် ဒယ်ကို ဈေးကွက်သို့ ယခုနှစ် ခရစ်စမတ်တွင် ရောင်းချသွားနိုင်ရန် မျှော်လင့် ထားပြီး ၊ ဈေးနှုန်းမှာ ပေါင် ၂၀ ၀န်ကျင်းခန့်ဟု သိရှိရသည်။
http://www.thesun.co.uk/sol/homepage...ers-touch.html မှ ကိုးကားသည်။
Win Kabar Kyaw

ပုလဲဝင်း Photo Album

Posted by drmyochit Wednesday, July 17, 2013, under | 1 comment


ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် လက်ပစ်ဗုံးနှစ်လုံးတွေ့

Posted by drmyochit Wednesday, July 17, 2013, under | No comments

စနက်တံဖြုတ်ထားသည့် လက်ပစ်ဗုံး နှစ်လုံး။ ဓာတ်ပုံ - ကျော်ဇေယျ။

ရန်ကုန် - ဇူလိုင် - ၁၆ ။           ။ပဲခူးတိုင်း ဒေသကြီး တရား လွှတ်တော် ရုံးအတွင်း  စနက် တံဖြုတ် ထား သည့် လက်ပစ်ဗုံး နှစ်လုံး တွေ့ရှိ ခဲ့သဖြင့် တရား ရုံးကို ပိတ်ခဲ့ ရကြောင်း သတင်းရ ရှိသည်။ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ရှိ တိုင်းဒေသကြီး တရားလွှတ်တော် ရုံး အဝင်ဝ ဂိတ်တဲ အနီး ဇူလိုင် ၁၆ရက်နံနက် ၉နာရီ ၂ဝမိနစ် တွင် စနက်တံဖြုတ်ထားသည့် လက်ပစ်ဗုံး နှစ်လုံး တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး လက်ပစ်ဗုံး ရှင်းလင်းရေး များ အတွက် စစ်ဖက် ဆိုင်ရာမှ တာဝန်ရှိ သူများက ၁နာရီကြာခန့် လာရောက် ရှင်းလင်း ခဲ့ပြီး ယင်းဖြစ် စဉ်ကြောင့် တိုင်းဒေ သကြီး တရား လွတ်တော်ရုံးကို နေ့တဝက် ပိတ် ခဲ့ရကြောင်း သိရသည်။

''မနက် ၉ နာရီ လောက်က ရဲ တပ်ရင်း(၁)၊ တပ်ခွဲ(၄)က ရဲတပ် ကြပ်ကြီးတစ်ဦးက စနက်တံ ကလစ် ကို တရား လွှတ်တော်ရုံး အဝင် အဝမှာ တွေ့ခဲ့လို့ တိုင်း ရဲမှူးကို သတင်း ပို့လိုက်တာ''ဟု ရဲတပ်ခွဲ(၄)က ရဲ သား တစ်ဦးက ပြောသည်။ ယင်းစနက် တံဖြုတ်ထားသည့် လက်ပစ်ဗုံး ၂လုံးသည် (အမ်- ၆-၁-၀၅/၂၀၀၁ အမျိုး အစား လက်ပစ် ဗုံး)များဖြစ်ပြီး နေ့လည် ၁၂နာရီတွင် ပေါက်ကွဲမှု မရှိဘဲ ထိန်း သိမ်းနိုင် ခဲ့ကြောင်း၊ ယင်းလက်ပစ် ဗုံး များသည် ပလတ် စတစ် အမျိုး အစား လက်ပစ်ဗုံး များဖြစ်ကြောင်း နှင့် မြန်မာ နိုင်ငံ ကချင် ပြည်နယ် ဘက်တွင် အသုံးပြု တတ်ကြောင်း ကို ယင်းလက်ပစ်ဗုံးများ မပေါက်ကွဲရေး တာဝန်ယူ ရှင်းလင်း ခဲ့သည့် စစ်တပ်မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး'' စနက် တန် ဖြုတ်ပြီးတော့ မပေါက် ကွဲတာက ဗုံးကလစ်က အာပြီးတော့ ဂျမ်း ဖြစ်သွား တာကြောင့် မကွဲခဲ့ တာပါ'' ဟုအဆိုပါ လက်ပစ်ဗုံး နှစ်လုံးကို ရှင်းလင်း ခဲ့သူ တပ်မတော်သား တစ်ဦးက ပြောသည်။ ယင်း လက်ပစ် ဗုံးများ တွေ့ရှိ ခြင်းကြောင့် နံနက်၁၁ နာရီဝန်းကျင် ၁၂နာရီ ၁ဝမိနစ်ခန့် အထိ ပဲခူး တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းတရား လွှတ်တော် ရုံးများ ရှေ့မှ ဖြတ်သန်း သွားလာမှု များကို ခေတ္တ ပိတ်သိမ်း ခဲ့ကြောင်း တွေ့ရ သည်။ ယခု အခါ အဆိုပါ ဖြစ်စဉ်ကို တာဝန် ရှိသူ များက ဆက်လက်စုံစမ်း စိစစ် နေဆဲ ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျ

Yangon Media Group

ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ရာတွင် ဆူပူအောင် လှုံ့ဆော်ဟု ဆိုသူကို ထပ်မံ ဖမ်းဆီး

Posted by drmyochit Wednesday, July 17, 2013, under | No comments


ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ဘင်္ဂါလီ လူဦးရေ စာရင်း ကောက်ခံရာတွင် ဆူပူမှု ဖြစ်ပွားအောင် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ AZG ဝန်ထမ်းဟောင်း ဦးကျော်လှအောင်ကို ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေကြောင်း စစ်တွေမြို့ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင် ပတ်သက်ခဲ့မှုဖြင့် တစ်ကြိမ် ဖမ်ဆီးခံရပြီး နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လက ပြန်လည် လွတ်မြောက်ခဲ့သည့် AZG ဝန်ထမ်းဟောင်းဖြစ်သူ ဦးကျော်လှအောင်ကိုလည်း အဆိုပါ ဆူပူမှုတွင် ပါဝင် ပတ်သက်ခြင်း ရှိ မရှိ ခေါ်ယူ စစ်ဆေးနေခြင်းဖြစ်ကြောင်း စစ်တွေမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ပြည်ထောင်စုအဆင့် စီမံချက်အရ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့ တွင် လူဦးရေ စာရင်း ကောက်ခံရာတွင် လူမျိုးနေရာ တွင် ရခိုင် တိုင်းရင်းသား မဟုတ်သူများက ၎င်းတို့ကို ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုရာ သက်ဆိုင်ရာက ခွင့်မပြုသဖြင့် စစ်ဆေးရေးအဖွဲ့များ တိုက်ခိုက်ခံရ၍ ယင်းဆူပူမှုကို လှုံ့ဆော်ခဲ့သည်ဟု ဆိုကာ ၁၅ ဦး ဖမ်းဆီးခဲ့ပြီး တရားရုံးတွင် စစ်ဆေးနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

စစ်တွေမြို့တွင် ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် သက္ကယ်ပြင် ကျေးရွာ တွင် နေထိုင်သော ဦးကျော်လှအောင်သည် ဘင်္ဂါလီ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ရရှိရန် ဦးဆောင် လုပ်ဆောင် ပေးသူဖြစ်ပြီး ၎င်းကို ဇူလိုင်လ ၁၅ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်း ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်က ဆိုသည်။

“အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲ ရှိတယ်ဆိုပြီး ခေါ်သွားတာပါ” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့၌ ဘင်္ဂါလီလူမျိုး လူဦးရေ စာရင်းကောက်ရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် စစ်ဆေးရေး အဖွဲ့ဝင်များကို ဘင်္ဂါလီများက တိုက်ခိုက်ခဲ့ရာ တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အခြား ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ပြီး စာရင်း ကောက်ခံမှုကို ယာယီ ရပ်ဆိုင်းခဲ့ သည်။

ယင်းဆူပူမှုတွင် နောက်ကွယ်က လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးထားသူ ၁၅ ဦးကို လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူ အုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးဖြင့် တုတ်၊ ဓား ကိုင်ကာ အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေမှု (ပုဒ်မ ၃၃၃) များဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်တွေမြို့ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

The Voice Weekly

စပိန်နွားရိုင်းပွဲတွင် အမျိုးသားများနှင့်အပြိုင် ဝင်နွှဲသည့် အမျိုးသမီး နွားဝှေ့ခံရ

Posted by drmyochit Wednesday, July 17, 2013, under | No comments

စပိန်နိုင်ငံတွင် ကျင်းပပြုလုပ်လေ့ရှိသည့် နာမည်ကျော် နွားရိုင်းရှေ့ ဖြတ်ပြေး ပွဲတွင် အမျိုးသမီး တစ်ဦး နွားဝှေ့ခံရသဖြင့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အသက်(၂၃)နှစ်ရှိ ဩစတြေးလျ နိုင်ငံသူ တစ်ဦး သည် စပိန်နိုင်ငံ၊ ပမ်ပလိုနားတွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် နာမည် ဆိုးဖြင့် ကျော်ကြားသော ဆမ်ဖာမင် ပွဲတော်တွင် အမျိုး သားများနှင့် အပြိုင် ဝင်နွှဲရင်း နွားချိုဖျားတွင် ပါသွားခြင်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း များစွာမှ လူအများသည် ဆမ်ဖာမင် ပွဲတော်တွင် ဒေါသတကြီး ပြေးလွှားနေသည့် နွားရိုင်းများရှေ့ ပြေးလွှားကာ မိမိတို့၏ သတ္တိကို ပြသလေ့ ရှိသည်။ ယခုအမျိုးသမီးသည် နွားဝှေ့သည့် ဒဏ်ရာကြောင့် အဆုတ်တွင် ဒဏ်ရာရသွားပြီး နံရိုးအချို့လည်း ကျိုးသွားခဲ့ကြောင်း သိရှိရသည်။

ဆေးရုံမှ ဆရာဝန်များသည် အမျိုးသမီးအတွက် အရေးပေါ် ခွဲစိတ် ကုသမှု တစ်ခုကို ပြုလုပ်ပေးခဲ့ရသည်။ ဆန်ဖာမင် ပွဲတော်သည် ကျင်းပပြုလုပ်တိုင်း လူအများ ဒဏ်ရာရ၊ သေဆုံးမှုများနှင့် ကြုံရတတ်သည့် ပွဲတော်တစ်ခု ဖြစ်သည်။ တနင်္ဂနွေနေ့က ပွဲတော် နောက်ဆုံးနေ့ ကျင်းပမှုတွင် စပိန်နိုင်ငံသား (၃)ဦးနှင့် အမေရိကန် (၁)ဦးလည်း ဒဏ်ရာများ ရရှိခဲ့သေးသည်။ ယင်းပွဲတော်ကို (၁)ပတ်ကြာ ပြုလုပ်လေ့ရှိသည်။ စနေနေ့ကမူ တန်ဝက်မျှ ကိုယ်အလေးချိန် ရှိသည့် နွားကြီးများ၏ လက်ချက်ကြောင့် လူ(၂၃)ဦး ဆေးရုံ ရောက်ခဲ့ပြီး ယင်းကိစ္စတွင် ရဲတပ်ဖွဲ့၏ တာဝန်ပျက်ကွက်မှု ပါဝင်နေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။

နွားရိုင်းများ ပြေးလွှားသည့် လမ်းကြောင်း ဘေးဘက်တွင် စည်းရိုးများ ကာရန်ထားပြီး နွားများရှေ့ ဖြတ်ပြေးသူများ လွတ်မြောက်အောင် ပြေးဝင်နိုင်ရန် ဂိတ်တံခါးများ စီစဉ်ပေးထားရသော်လည်း ရဲတပ်ဖွဲ့သည် ဂိတ်တံခါး တစ်ခုကို ဖွင့်လှစ်ထားရန် မေ့လျော့ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သောကြာနေ့ကမူ အမေရိကန်တစ်ဦး သရက်ရွက် စုတ်ပြဲသွားသဖြင့် ခွဲစိတ် ကုသခဲ့ရသေးသည်။ နှစ်ပေါင်း (၁၀၀)ကျော် တည်တံ့ခဲ့သည့် ပွဲတော်တစ်လျှောက် မှတ်တမ်းများအရ အသေအပျောက် (၁၄)ဦးထိ ရှိခဲ့ဖူးပြီး နောက်ဆုံး သေဆုံးသူမှာ (၂၀၀၉)ခုနျစ်က အသက်(၂၇)နှစ်အရွယ် စပိန်သား တစ်ဦးဖြစ်ပြီး လည်ပင်းတွင် နွားချိုစိုက်သွားခြင်း ဖြစ်သည်။ ယခုနွားရိုင်းများကို ပြေးလမ်းအဆုံးတွင် ရှိနေသည့် သတ်ကွင်းထဲ ဦးတည် မောင်းသွင်းပြီး ယင်းနေရာတွင်မူ နွားရိုင်းသတ်သမားများက လှံဖြင့်ထိုးကာ သတ်ဖြတ်ပစ်လေ့ရှိကြောင်း သိရှိရသည်။

From: planet Myanmar

ရှေ့နေဖြစ်ဖို့ စောင့်နေတဲ့ မော်ဒယ်လ် ရွှေရည်ဝင်းနဲ့ …

Posted by drmyochit Wednesday, July 17, 2013, under | No comments











Miss April Queen 2013 ဆု၊ Miss Karmart ဆု၊ Miss Best Costume ဆုတွေရရှိထားတဲ့ မော်ဒယ်လ် ရွှေရည်ဝင်းနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဖက်ရှင် အလန်းစားတွေကို ဧရာဝတီပရိသတ် အတွက် ရိုက်ကူးခဲ့သမျှ တင်ဆက်ပေးလိုက်ပါတယ်။

ရွှေရည်ဝင်းရဲ့ အနာဂတ် ရည်မှန်းချက်တွေနဲ့ သူ့ရဲ့ပညာရေး၊ သူ ဖြစ်ချင်တာတွေကို မေးမြန်းတဲ့ အခါမှာတော့ ရွှေရည်ဝင်းက အနုပညာ အလုပ်ကို ဝါသနာပါလို့ လုပ်ခဲ့တာလို့ ဆိုပါတယ်။

အသက် ၂၁ နှစ်ရှိပြီ ဖြစ်တဲ့ ရွှေရည်ဝင်းဟာ အနုပညာ လမ်းကြောင်းထဲ ၀င်ရောက်ဖို့အတွက် ပြိုင်ပွဲတွေ ၀င်ပြိုင်ခဲ့တာဖြစ်ပြီး သူက ဥပဒေ ဘာသာရပ်နဲ့ ကျောင်းပြီးထားသူ တဦးလို့လည်း သိရပါတယ်။

“ရှေ့နေ စာမေးပွဲ ၀င်ဖြေဖို့ အသက် လိုနေသေးလို့ စောင့်နေရတာပါ။ အခုအချိန် မှာတော့ ရှိုးတွေ လျှောက်တယ်၊ အနုပညာ အလုပ်တွေ လုပ်နေရင်းနဲ့ ပညာရေးကိုလည်း ကြိုးစား လုပ်ကိုင်သွားမှာပါ။ ပညာရေးမှာလည်း ရွှေရည်က ထူးထူးချွန်ချွန် ဖြစ်ချင်ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး လေ့လာ ဖြစ်တာကတော့ ရွှေရည်က English Language Speaking ကို Intermediate Level ပြီးထားပါတယ်။ မိန်းကလေး တယောက်ဆိုပေမယ့် လူဆိုတာ သူ့နေရာနဲ့သူ တော်နေ၊ တတ်နေ သင့်တယ်လို့ ရွှေရည်ထင်ပါတယ်” လို့ ရွှေရည်ဝင်းက ပြောပါတယ်။

ရွှေရည်ဝင်းက တရားလွှတ်တော် ရှေ့နေ စာမေးပွဲ ဝင်ဖြေဖို့ စောင့်နေတာပါ။ အဲဒီစာမေးပွဲကို အသက် ၂၅ နှစ် ပြည့်မှ ဖြေလို့ရတာကြောင့် အသက် ၂၁ နှစ်သာ ရှိသေးတဲ့သူ့အတွက် အနုပညာအလုပ်တွေ လုပ်ရင်း ပညာရေးကိုပါ တတ်နိုင်သလောက် ကြိုစားသင်ယူနေတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဥပဒေ ပညာရပ်နဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် သိချင်တာကြောင့် ဒီဘာသာရပ်ကို ယူလိုက်တာ ဖြစ်တဲ့အကြောင်း၊ ဒီပညာနဲ့လည်း အသက်မွေးဝမ်းကြောင်း အလုပ် လုပ်ချင်တဲ့အကြောင်း ပြောပြပါတယ်။

ရွှေရည်ဝင်းက အလုပ်တခု လုပ်ပြီဆိုတိုင်း ရယူလိုမှုကို အရင်မစဉ်းစားဘူး၊ ကိုယ် ဘယ်လောက် သူများ အဆင်ပြေအောင် လုပ်ပေးနိုင်မလဲ ဆိုတာကိုပဲ အရင်စဉ်းစားတယ်၊ ကိုယ်လုပ်ပေးလိုက်လို့ သူများ အဆင်ပြေသွားတယ် ဆိုရင် ကျေနပ်တယ်လို့ ဆိုပါတယ်။

“အလုပ်လုပ်ပြီဆိုရင် ဘယ်အလုပ်ပဲ ဖြစ်ဖြစ် စေတနာထားပြီး လုပ်မှသာ စေတနာရဲ့ အကျိုးကို ပြန်ခံစားရတာပါ။ စေတနာ မထားရင် သူများအတွက်လည်း အဆင်မပြေသလို၊ ကိုယ်လည်း စေတနာအကျိုးကို ပြန်ခံစားရမှာ မဟုတ်ပါဘူး။ အဓိက ကတော့ ကိုယ်ပဲ ထိခိုက်နစ်နာတာပါ။ ရွှေရည်က အနုပညာ အလုပ်ကိုလည်း ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး လုပ်မယ်၊ ပညာရေးကိုလည်း ထူးချွန်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ရွှေရည်ဝင်းရဲ့ ခံယူချက်ကတော့ ပညာတတ်ရင် ဘယ်အလုပ်မှာ မဆို မျက်နှာငယ်စရာ မလိုဘူး ဆိုတာပါပဲ။

“အနုပညာ အလုပ်ကတော့ ကိုယ့်ကို ကမ်းလှမ်းလာသရွေ့ လုပ်မှာပါ။ ဘ၀မှာ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ လုပ်သင့်တဲ့ အလုပ်ဆိုပြီး လူတိုင်းမှာ ရှိပါတယ်။ ရွှေရည်ကတော့ ကိုယ်ဝါသနာ ပါလို့ လုပ်ချင်တဲ့ အလုပ်ရော၊ ကိုယ်လုပ်သင့်တယ်လို့ ထင်တဲ့ အလုပ်ကိုရော မျှပြီးလုပ်သွားမှာပါ။ အဓိက ကတော့ ဘ၀တခုကို ရလာပြီဆိုရင် လူတိုင်းကတော့ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်ကြတာပဲလေ။ လူတိုင်းကတော့ အကောင်းဆုံး ဆိုတာတွေကိုပဲ လိုချင်ကြတာလေ။ အကောင်းဆုံးတွေ ကိုပဲ လိုချင်ရင် ကြိုးစားမှုဆိုတာ ရှိကိုရှိသင့်တယ်လို့ ရွှေရည်ထင်ပါတယ်” လို့ သူက ဧရာဝတီကို ဟြေပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဥပဒေဘွဲ့ရ မော်ဒယ်လ် ရွှေရည်ဝင်းဟာ အရပ် ၅ ပေ ၈ လက်မ ရှိပြီး သူ့ရဲ့ ကိုယ်ခန္ဓာ အတိုင်းအထွာ တွေကတော့ ၃၄၊ ၂၅၊ ၃၇ ဖြစ်တယ် ဆိုတဲ့အကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။

Irrawaddy

စင်္ကာပူနိုင်ငံ Kovan ၌ အသတ်ခံရသော သားအဖနှစ်ဦး

Posted by drmyochit Wednesday, July 17, 2013, under | No comments

စင်္ကာပူနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင် (၁၀)ရက်နေ့ က Kovan ၌ အသက်(၆၆)နှစ်အရွယ် အမျိုးသား တစ် ဦးနှင့် အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ တစ်ကီလိုမီတာလောက် အကွာအဝေး၌ သေဆုံးနေ ခဲ့ကြောင်း သိရသည်။

အသက်(၆၆)နှစ်အရွယ်အမျိုးသားဟာ Hillside Drive မှာရှိတဲ့ ကိုယ်ပိုင်နှစ်ထပ်အိမ်ယာထဲမှာ သေဆုံးနေ ခဲ့ တာဖြစ်ပြီး အသက်(၄၂)အရွယ် အမျိုးသားမှာမူ Kovan အထက် Serangoon လမ်းမကြီးရှိ ရထား ဘူ တာရုံ အပြင်ဘက်မှာ နေ့လည်ကြောင်တောင်ကြီး သေဆုံးနေခဲ့ကြတာ ဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသားနှစ်ဦးဟာ သားအဖဖြစ်ပြီး ၎င်းတို့ဟာ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မှုခင်း စုံစမ်း စစ်ဆေးရေး အဖွဲ့က အတည်ပြု ခဲ့သည်။

မျက်မြင်တွေ့ခဲ့ ရ သူတစ်ဦး၏ အဆိုအရ အသက်(၄၀)နှစ်အရွယ် အမျိုးသားအား ငွေရောင် Toyota Camry ယာဉ် အမှတ် SGM 14J က Hillside Drive ကနေ Kovan အထက် Serangoon လမ်းမကြီးရှိ ရထား ဘူတာရုံ အရှေ့နားအထိ ကားဖြင့်ဆွဲပြီး တိုက်သတ်သွားခဲ့တာဖြစ်ကြောင်းနှင့် ယင်းသို့ တိုက်သွား သည်ကို ယာဉ်အချို့က ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ကာ ယာဉ်ပေါင်း(၂၀)ခန့်က ထိုယာဉ်မောင်းအား ကားရပ် ဖို့ ဟွန်းတွေတီးကြပေမယ့် ထိုယာဉ်မောင်းက မရပ်တန့်ခဲ့ဘဲ မောင်းပြေးသွားခဲ့တာဖြစ်ကြောင်း သိရ သည်။

ယာဉ်မောင်း မောင်းပြေးသွားပြီးနောက် သွေးအလိမ်လိမ်းဖြင့် ကျန်ခဲ့သည့် ထိုအမျိုးသားအား ထိုကဲ့သို့ ဟွန်း တီးသည့် ကားများထဲမှ လူတစ်ဦးဟာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ သေဆုံးပြီးဖြစ်တာမို့ အဖြူရောင် အဝတ်နှင့် သေဆုံးသူ၏ ခေါင်းပေါ် အုပ်ပေးခဲ့ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ ကားက တရွတ်တိုက်ဆွဲတိုက်ခဲ့သောကြောင့် သေဆုံးသွားခဲ့သူမှ ထွက်လာသော သွေးများဟာ Hillside Drive မှ Kovan အထက် Serangoon လမ်းမကြီးရှိ ရထားဘူတာရုံနားအထိ ထင်သာမြင်သာ ရှိနေ ခဲ့ကြောင်း လည်း သိရသည်။ ထိုအဖြစ်အပျက်ဟာ တကယ့်ကို အသွားအလာများတဲ့ လူသူ ရှုပ်ထွေးသော နေရာမှာ နေ့ခင်းကြောင်တောင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲများရောက်ရှိလာသောအခါ ကားတရွတ်တိုက်ဆွဲလာသော သွေးများနောက် ခြေရာခံလိုက်ရာ Hillside Drive နေအိမ်တွင် ဓါးအချက်များစွာဖြင့် သေဆုံးနေခဲ့သော အမျိုးသားကြီးအား တွေ့ရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အသက်(၄၀)နှစ်အရွယ် အမျိုးသားဟာ ရဲတစ်ဦးဖြစ်ကြောင်း ၊ ဇူလိုင်(၁၁)ရက်နေ့တွင် ၎င်းအား တရွတ် ဆွဲ တိုက်ပြေး သွားခဲ့သည့် ကားအား Eunos Avenue 7A မှ အလုပ်ရုံတစ်ခုရှေ့တွင် ရပ်တန့် ထားသည် ကို တွေ့ရှိခဲ့ရကြောင်း ၊ ထိုကားဟာ အသတ်ခံခဲ့ရသော Tan Boon Sin ပိုင်ဆိုင်သည့် ကားဖြစ် ကြောင်း သိရသည်။

စင်္ကာပူရဲများဟာ မလေးရဲများနှင့် ပူးပေါင်းပြီး ယင်းအမှုအား ဖော်ထုတ်ရာ ထိုသားအဖနှစ်ဦးအား သတ်ခဲ့ သူ စင်္ကာပူနိုင်ငံ Bedok ရဲဌာနမှာ တာဝန်ထမ်းဆောင်နေသော အသက်(၃၄)နှစ် အရွယ်ရှိ တပ်ကြပ်ကြီး တစ်ဦး ဖြစ်ပြီး ထိုသူဟာ ရဲတာဝန်ထမ်းသက် (၁၄)နှစ်ပင် ရှိနေခဲ့ပြီဖြစ်ကြောင်း သိရသည်။

သားအဖနှစ်ဦးအား သတ်ခဲ့သူ Iskandar Rahmat အား စင်္ကာပူမှ မလေးရှားနိုင်ငံထဲသို့ Vespa မော်တော် ဆိုင်ကယ် အစိမ်းရောင်ဖြင့် ဖြတ်သွားခဲ့တာကို နယ်စပ် ကင်မရာမှတ်တမ်းမှတဆင့် သိရှိ ခဲ့ကြခြင်း ဖြစ်ကြောင်း ၊ စင်္ကာပူရဲများက စင်္ကာပူ-မလေးနယ်စပ် Johor ရဲများအား  Iskandar Rahmat ၏ ကိုယ်ရေး ရာဇ ဝင်ပေး ကာ ၎င်းအား ဖြတ်သန်းသွားလာမှု တားထားဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊  Iskandar Rahmat အား ပြီးခဲ့သည့် သောကြာနေ့ညက စင်္ကာပူ-မလေးနယ်စပ် Johor ရှိ Danga Bay စားသောက် ဆိုင် တစ် ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၁၃)ရက်နေ့တွင်  Iskandar Rahmat အား အခင်းဖြစ်ပွားခဲ့သော Kovan သို့ ခေါ်ဆောင်ကာ ၎င်းကျူး လွန်ခဲ့သော မှုခင်းသရုပ်ပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။  ၂၀၁၂ နိုဝင်ဘာတုန်းက  သေဆုံးသူ Tan Boon Sin ဟာ Bedok ရဲစခန်းတွင် ခိုးမှုတင်ပြခဲ့ကြောင်း ၊ ထိုအချိန်၌ Iskandar Rahmat ဟာ မှုခင်းစုံ စမ်းထောက် လှမ်းမှု အရာရှိတစ်ဦးဖြစ်ကြောင်း ၊ သို့ပေမယ့် ၎င်းကြုံတွေခဲ့ရသော ငွေကြေး အကြပ် အတည်းအား ရဲတပ်ဖွဲ့သို့ မတင်ပြခဲ့သောကြောင့် ၎င်းအား ထိုရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရပြီး ရုံးစီမံခန့်ခွဲရေး တာဝန်သာ လုပ်ခဲ့ရကြောင်း ၊ ဒါ့အပြင် လက်နက်ကိုင်ဆောင်ခွင့်မှလည်း ရုပ်သိမ်းခြင်း ခံခဲ့ရကြောင်း ၊ နောက်ပိုင်း စုံစမ်းဖော် ထုတ်ချက်အရ  Iskandar Rahmat ဟာ ငွေကြေးခဝါချထားသူတစ်ဦးဖြစ်ပြီး အကြွေး များ တင်ရှိနေခဲ့သူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသူ ထိုအမျိုးသားနှစ်ဦး၏အမည်မှာ Tan Boon Sin  နှင့် Tan Chee Heong တို့ ဖြစ်ကြပြီး ယနေ့ မနက် (၁၀)နာရီခွဲ အချိန်ခန့်တွင် ၎င်းတို့၏ မိသားစုဝင်(၁၅)ဦးက အသုဘအခမ်းအနား ကျင်း ပပေး ခဲ့ကြောင်း သိရသည်။

Source : Straitstimes, Wiki
From: ပုံရိပ်(burmesehearts.com)

ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းကို အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်

Posted by drmyochit Wednesday, July 17, 2013, under | No comments



အိန္ဒိယရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ဗုဒ္ဓဂယာ ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံ (Photo:AFP)

ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ တစ်နေရာဖြစ်သော ဗုဒ္ဓဂယာ ၀င်းအတွင်း ဗုံးဖောက်ခွဲမှုများအတွက် စုံစမ်းစစ်ဆေးနေသော အိန္ဒိယရဲတပ်ဖွဲ့က ဗုံးခွဲမှုအတွက် သံသယရှိခံရသူ၏ ပုံကြမ်းကို ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး ဗုံးခွဲသူများကို ဖမ်းဆီးရမိရန်အတွက် သတင်းပေးသူကို ရူပီးတစ်သန်း (ဒေါ်လာ ၁၆၉၀၀) ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဇူလိုင် ၇ ရက်က ဗုဒ္ဓဂယာတွင် ဗုံး ၁၀ လုံးကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် လူသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီက ဗုံးခွဲမှုအတွက် သံသယရှိသူ၏ ပုံကြမ်းနှစ်ပုံကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ ပထမတစ်ပုံသည် မျက်နှာဖုံးစွပ်ထားသော အမျိုးသား တစ်ဦး၏ ပုံဖြစ်ပြီး ဒုတိယတစ်ပုံမှာ အမွေးအမှင် ရိတ်ထားသော သန့်ရှင်းနေသည့် မျက်နှာနှင့်ပုံ ဖြစ်သည်။ ဗုံးခွဲသူဟု သံသယရှိခံရသူသည် သင်္ကန်းဝတ်ဆင်ထားကြောင်း စုံစမ်းစစ်ဆေးရေး အေဂျင်စီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ မှတ်တမ်းများကို လေ့လာခဲ့ပြီး လူတစ်ဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့သည်။ သို့သော်လည်း စွဲချက်တစ်စုံတစ်ရာ တင်ခဲ့ခြင်း မရှိပေ။

ယင်းဗုံးဖောက်ခွဲမှုများအတွက် တာဝန်ရှိကြောင်း မည်သူတစ်ဦး တစ်ယောက်ကမျှ ၀န်ခံထားခြင်း မရှိပေ။ သို့သော်လည်း အစ္စလာမ္မစ် စစ်သွေးကြွများသည် မြန်မာနိုင်ငံတွင် မွတ်စလင်များကို အကြမ်းဖက်မှုများအတွက် ကလဲ့စားချေရန် ဗုဒ္ဓဂယာကို ပစ်မှတ်ထားနိုင်ကြောင်း ထောက်လှမ်းရေး သတင်းများ ရရှိထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Ref:AFP
From: Eleven

iPhone 5 ကြောင့် ဓာတ်လိုက်သေဆုံးရသော တရုတ်မလေးနှင့်နောက်ဆက်တွဲသတင်း

Posted by drmyochit Wednesday, July 17, 2013, under | No comments


iPhone 5 ကိုအားသွင်းရင်း ဖုန်းပြောမိသောကြောင့် သေဆုံးသွားသောတရုတ်မလေး သတင်းကို တင်ပေး လိုက်ပြီးဖြစ် သည်။ ယခုအခါတွင် အဆိုပါသတင်းသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး တရုတ် လူမှု ကွန်ယက်များ ကလည်း Apple ကုမ္ပဏီ အပေါ် အပြစ်တင်ဝေဖန်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။

သေဆုံးသွားသူ Ma Ailun သည် China Southern Airlines တွင်တာဝန်ထမ်းဆောင်နေသည့် လေယာဉ် မယ် တစ်ဦးဖြစ်ပြီး သတင်းများ အရ မကြာမီ လက်ထပ်မည့်သူ တစ်ဦးဖြစ်ကြောင်း လည်း သိရသည်။
မင်္ဂလာ ကိစ္စများ တိုင်ပင်ရန် iphone-5 ကိုအားသွင်းရင်းဖုန်းပြောနေစဉ် ဓာတ်လိုက်သေ ဆုံးရခြင်းဖြစ်ကြောင်း မိသားစုက အတည်ပြုပြောကြားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ ၏ထုတ်ပြန်ကြေညာချက် တွင်လည်း ဓာတ် လိုက်မှုကြောင့်ဖြစ်ကြောင်း ပါရှိခဲ့သည်။

အဆိုပါဖြစ်ရပ် အတွက် Apple ကုမ္ပဏီ က Ma Ailun၏ မိသားစုထံ အထူးဝမ်းနည်းကြေကွဲကြောင်း e-mail တစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။ ၄င်းအပြင် Apple ကုမ္ပဏီသည် ယခု ကိစ္စရပ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည် ဆိုသည်။

MMT

Ref & Credit: The Golden Fresh Land Daily Newspaper

ရာဇာမင်း ခရီးသည်တင်ယာဉ်အား လုယက်၍ လူသတ်ခဲ့သူများကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး

Posted by drmyochit Wednesday, July 17, 2013, under | No comments


နေပြည်တော် ဇူလိုင် ၁၆

၈-၆-၂၀၁၃ ရက်နေ့  ၂၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းအကွေ့တွင် ကျိုက္ခမီ-ရန်ကုန် ရာဇာမင်း ခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/××××အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာ သည့် ခရီးသည်များအနက် သေနတ်အတိုများကိုင်ဆောင်ထားသည့် အမည် မသိလူ(၅) ဦးတို့မှ ယာဉ်အား အနီးရှိတော်ထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ် ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွှေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး(၄၈၈၇၀၀၀ိ/)ခန့်အား ယူဆောင် သွားပြီး ယာဉ်နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ ရာ သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း(ပ)၉၀/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေး ယူခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ် နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ပြစ်မှုကျူးလွန်သူများရောက်ရှိ ခိုအောင်းနိုင်သည့် မြို့နယ်၊ ရပ် ကွက်၊ ကျေးရွာများအတွင်း သတင်းစုံစမ်းရေးအဖွဲ့များ စေလွှတ်၍ စုံစမ်းခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ပိတ်ဆို့ စစ်ဆေး ခြင်း နှင့် ယာဉ်အ၀င်/အထွက်သွားလာမှုများအား ပိုက်စိပ် တိုက် စစ်ဆေးဆောင် ရွက်ခဲ့သည်။

စုံစမ်းချက်များအရ ၉-၆-၂၀၁၃ ရက်နေ့ ၁၉၀၀အချိန်တွင် သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာအနီးရှိ ရာ ဘာခြံ လုပ်သားများအား အမည်မသိလူများမှခေါ်ယူ၍ လမ်းပြခိုင်းကြောင်း သတင်းအရ ညောင်ချောင်း ကျေး ရွာသို့ သွားရောက်စုံစမ်းခဲ့ရာ ၉-၆-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် အမည်မသိလူ(၄)ဦးေ၇ာက်ရှိလာပြီး  လမ်းပြ ပေးရန် လာခေါ်ခဲ့ကြောင်း၊ အဆိုပါလူ(၄)ဦးတွင် ၀င်းဗိုလ်ဆိုသူပါဝင်ကြောင်း၊ ၀င်းဗိုလ်(၃၅)နှစ်မှာ အလုပ် အကိုင် အတည်တကျမရှိဘဲ မိန်းမ(၃/၄)ဦးခန့် ယူထားကြောင်း၊ ၀င်းဗိုလ်မှာ လွန် ခဲ့သော(၂)နှစ်ခန့်က ဘုန်းကြီး ၀တ်ဖြင့်ပင် မြ၀တီဘက်သို့ထွက်ခွာ သွားခဲ့ရာ ပြန်လာခဲ့ခြင်း မရှိကြောင်း၊ ၀င်း ဗိုလ်တို့(၄)ဦးအား လိုက်ပို့စဉ် ကျန်လူများမှာ ခပ်လှမ်းလှမ်းမှလိုက်ပါခဲ့ကြောင်း၊ ၄င်းနောက် ဖားပိုင်ကုန်းကျေးရွာသို့သွားသည့် လမ်းအတိုင်း ဆက်လက် ထွက်ခွာသွားကြောင်းသိရှိ၇သည်။

စစ်ဆေးရေးအဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုယူဆရသူ ၀င်းဗိုလ်၏ဓာတ်ပုံအား ဆက်စပ်နယ်မြေ ရဲစခန်းများသို့ ပေးပို့စုံစမ်းခြင်း၊ အခင်းဖြစ်စဉ်က ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအား ဓာတ်ပုံ ပြသ၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးခြင်းများ၊ ၄င်းသွားလာတတ်သော ညောင်ချောင်းစခန်းကြီးများ၊ ထန်းပင်ကုန်းရွာ၊ တောင်ကြားရွာများတွင် ၀င်းဗိုလ်၏သတင်းရရှိရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

၇-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်တွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာနေ ဒေါ်ရွှေဇင်၏ဈေးဆိုင်ရှိ အငှားဖုန်း သို့ ၄င်းရွာနေ ဒေါ်ခင်အုန်းမြင့်ထံ ဖုန်းနံပါတ် ၀၈၈၁၄၆၂၅၃၃ မှ ဦးဇင်းဝင်းဗိုလ်က ဖုန်းဆက်ခဲ့ကြောင်း သိရှိရ သဖြင့် အဆိုပါဖုန်းနံပါတ်ကို အခြေခံ၍ စုံစမ်းခဲ့ရာ ၀င်းဗိုလ်မှာ မြ၀တီမြို့နယ်၊ ထိကော်ထောကျေးရွာအနီးရှိ ၈၁၇ ကျေးရွာတွင် ရှိနိုင်ကြောင်း သိရှိရသည်။

၎င်းနောက် မြ၀တီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ နယ်ခြားစောင့်တပ်များမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် မြ၀တီမြို့နယ်၊ ထိကော်ထောကျေးရွာအနီး ၈၁၇ ကျေးရွာနယ်မြေဒေသနှင့် ပတ်ဝန်းကျင် ဒေသများသို့ ၈-၇-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်မှစ၍ ၀ိုင်းဝန်းပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ၂၂၃၀ အချိန်တွင် နယ်မြေခံတပ်က မြ၀တီမြို့နယ်၊ ၈၁၇ ရွာရှိ မဉ္ဇူမြိုင်ဘုန်းကြီးကျောင်း၍ ၀င်းဗိုလ်အား ဖမ်းဆီးရမိခဲ့ သဖြင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝင်းဗိုလ်အား စစ်ဆေးချက်အရ ခရီးသည်တင်မှန်လုံယာဉ်အား ဓားပြတိုက်လူသတ်မှုကျူးလွန်ခဲ့ရာတွင် ၄င်းကိုယ်တိုင်ခေါင်းဆောင်ခဲ့ပြီး ၄င်းနှင့်အတူ သထုံမြို့နယ်၊ ဖားပိုင်ကုန်းကျေးရွာနေ အောင်ထူးနှင့် ဇော်ဝိတ်၊  ၀န်းဂုတ်ကျေးရွာနေ စောသာပလို့ထူးနှင့် မောင်ငယ်ထွေး၊ ကမ်းနီကုန်းကျေးရွာနေ မောင်ငယ်တို့ပူးပေါင်းပါဝင် ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၃-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန်တွင် ဇော်ဝိတ်(၃၈)နှစ်၊ အောင်ထူး(၃၆)နှစ်နှင့် မောင်ငယ်(၃၄)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ကျန် ရှိနေသည့် မောင်ငယ်ထွေးနှင့် စောသာပလို့ထူးတို့အား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေး အတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

From: http://www.moi.gov.mm/npe:zg/news/16/07/2013/id-3657

Tuesday, July 16, 2013

``မိန်းကလေးများ မဖြစ်မနေဖတ်ပေးပါ´´

Posted by drmyochit Tuesday, July 16, 2013, under | No comments

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ် ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတ ပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်
နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး
တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင်
များတာကို တွေ့ရပါတယ်။ အင်တာနက်
နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက်ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲမြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။

ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ

ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share)

အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။


နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။
ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။
အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။
ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။
အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။
cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။
vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။
ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။
မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)

၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။
ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။
တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။
ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။
မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။

ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။
အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

သတင်းပေါင်းစုံ
Credit: Her Ju Li Katha

မြောက်ဥက္ကလာပတရားရုံးရှေ့ လမ်းမ၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Posted by drmyochit Tuesday, July 16, 2013, under | No comments

မြောက်ဥက္ကလာပတရားရုံး၌ ဦးထင်ကျော်နှင့် ဦးအိုက်လင်း တရားရင် ဆိုင် အပြီး ပြန်လည်ထွက်လာစဉ် သင်္ကန်း ကန်းမိကျောင်းကန် အပါအ၀င် မရမ်းကုန်း(၆)ရပ်ကွက်မှ ပြည်သူများမှ ဦးအိုက်လင်းအား လိုက်လံ တားဆီးရန်ကြိုးစားခဲ့ရမှာ ဦးအိုက်လင်း၏ တပည့်များနှင့် ခိုက်ရန်ဖြစ်ပွားပြီး ရုန်းရင်းဆန်ခတ်အသွင်ဆောင် ခဲ့ကြောင်း သိရှိရသည်။

 နန်းထိုက်တော်ဝင် စားသောက်ဆိုင်နှင့် ဂရိတ်နိုင်းကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အသရေဖျက်မှုဖြင့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ဦးထင်ကျော်နှင့် အပေါင်းအပါများအား တရားစွဲဆိုခဲ့သည့်အမှုအတွက် ဇူလိုင်လ(၁၆)ရက်နေ့ မြောက်ဥက္ကလာ ပ တရားရုံး အမှုချိန်း၌ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးထင်ကျော်မှလည်း ဦးအိုက်လင်းအား ဇွန်လနောက်ဆုံးအပတ်အတွင်းက တရားခံပြေးလက်ခံမှုနှင့် တရားစွဲ ဆိုရန် ကြံစည်ခဲ့သော်လည်း သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ပေးခြင်းမရှိသည့်အတွက် ကျင့်ထုံးဥပဒေ (၅၉)အရ ဦးအိုက်လင်းအား ဖမ်းဆီးရန် ဦးထင်ကျော်အဖွဲ့မှ ဖဖ်းဆီးရန်ကြိုးပမ်းခဲ့ရာမှ ရုန်းရင်းဆန်ခတ်အသွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ ဒီကိစ္စမှာ ဦးထင်ကျော်အနေနဲ့ ဖမ်းဆီးချင်တယ်ဆိုရင် ဥပဒေပညာရှင်တစ်ဦးဦးနဲ့ တိုင်ပင်ဆောင်ရွက် သင့်တယ်”ဟု အဆိုပါနေရာသို့ သတင်းလာရောက်ရယူနေသူ သတင်းထောက်တစ်ဦးက ၄င်းအမြင်ကို ပြောသည်။

မည်သည့်အရပ်သားမဆို မိမိရှေ့မှောက်တွင် အာမခံမပေးနိုင်သော ရဲအရေးယူပိုင်ခွင့်ရှိသော တရားကျူး လွန်သူ (သို့) ပြစ်မှုကျူးလွန်ကြောင်းကြေညာခြင်းခံရသူ မည်သူကိုမဆို ဖဖ်းဆီးနိုင်သည်ဟု အရပ်သားများက ဖဖ်းဆီးခြင်းနှင့် လိုက်နာရန် ကျင့်ထုံး(၅၉)၌ ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖဖ်းဆီးထားသူကို အကြောင်းမဲ့ ကြန့်ကြာခြင်းမရှိပဲ ရဲအရာရှိတစ်ဦးထံ ပို့အပ်ရမည်။ ရဲအရာရှိ မရှိပါက ထိုသူကိုချုပ်နှောင်ပြီး အနီးဆုံး ရဲတပ်ဖွဲ့ စခန်းသို့ ပို့အပ်ရမည်ဟုပါရှိကြောင်းကိုလည်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပဋိပက္ခမဖြစ်အောင် လာပြီးထိန်းသိမ်းပေးတာပါ”ဟု မြောက်ဥက္ကလာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုစစ်ဆေးရာ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရဲဝန်ထမ်း(၂၀)ကျော် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း သိရသည်။

By ဇော်မျိုးဦး(မြစ်မခ)

မန္တလေးတွင် အဖမ်းခံရသည့် မိန်းမလျာများ ရဲကို ပြန်လည် တရားစွဲမည်

Posted by drmyochit Tuesday, July 16, 2013, under | No comments

ရန်ကုန်မြို့တွင် ပြုလုပ်သည့် လိင်တူချစ်သူများပွဲ တခုတွင် တွေ့ရသည့် မိန်းမလျာများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မန္တလေးမြို့တွင် ဇူလိုင်လ ပထမနှင့် ဒုတိယပတ်အတွင်းက မိန်းမလျာများကို ဖမ်းဆီး စစ်ဆေးစဉ် မဖွယ် မရာ ပြုမူဆက်ဆံမှုများအတွက် တာဝန်ရှိသည့် ရဲများကို တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးစဉ်မှာ လုပ်ထုံးလုပ်နည်းထက် ပိုပြီး လုပ်ဆောင်တာတွေကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာတွေ ကျူးလွန်နှိပ်စက်တဲ့အတွက် ဒီအပိုင်းကို အဓိကထားပြီး တရား စွဲဆို သွားမှာပါ။ တရားဥပဒေပိုင်းဆိုင်ရာ နားလည်တဲ့သူတွေ လိုအပ်တာတွေ ပြင်ဆင်နေပါနေပြီ” ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့နှင့် ၉  ရက်နေ့များတွင် မန္တလေးမြို့ ကျုံးအနီး၌ ညဘက်သွားလာနေသည့် မိန်းမလျာများအား အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဖမ်းဆီး စစ်ဆေးစဉ် အချုပ်ခန်းသို့ မသွင်းမီ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကို ချွတ်ခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားသော စကားလုံးများ ပြောဆိုခြင်း၊ ရိုက်နှက်ကန်ကြောက်ခြင်း၊ မော်ဒယ်ရှိုး လျှောက်ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသည့် မိန်းမလျာတဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီး စစ်ဆေးခြင်းကို ရှုတ်ချသည့် အနေဖြင့် မြန်မာလိင်တူချစ်သူများ အခွင့်အရေး ကွန်ရက်က မန္တလေးမြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အဖမ်းခံရရာတွင် ပါဝင်သည့် မိန်းမလျာ ၄ ဦး တက်ရောက်ကာ ဖြစ်စဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းသို့ ဖမ်းဆီးစစ်ဆေးစဉ် မဖွယ်မရာပြုမူ ဆက်ဆံမှုများအတွက် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့သို့ လည်းကောင်း၊ ပြည်နယ်ဝန်ကြီး ရုံးသို့လည်းကောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်များသို့လည်းကောင်း၊ သံရုံးများသို့လည်းကောင်း တိုင်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။

“ကျနော်တို့ အချုပ်ခန်းမှာ အမျိုးသမီး အချုပ်ခန်းနဲ့ အမျိုးသား အချုပ်ခန်းဆိုတာပဲ ရှိသေးတယ်။ မိန်းမလျာတွေအတွက် အချုပ်ခန်းဆိုတာ မရှိသေးဘူး။ အချုပ်သားတဦး အချုပ်ထဲ ၀င်မယ်ဆိုရင် သူ့ရဲ့ကိုယ်ခန္ဓာအနှံ့ကို လက်နက်ဖွက်ပြီး သယ်ဆောင်လာခြင်း ရှိ၊ မရှိဆိုတာမျိုးတွေ ရှာဖွေရတယ်။ နောက်ပြီး မိန်းမလျာတွေ ဖမ်းဆီးတဲ့အချိန်တုန်းက ကျနော်တို့က သူတို့ဝတ်လာတဲ့ အတွင်းခံအင်္ကျီတွေ၊ အတုတွေနဲ့ ဆံပင်အတုတွေကို ချွတ်ခိုင်းတယ်။ မဖွယ်မရာ ပုံစံမျိုးတွေကို ပြင်ဆင်ခိုင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို အမျိုးသားတွေနေတဲ့ အချုပ်ခန်းမှာပဲ ထားမှာလေ။ ဒီလို ရှာဖွေတယ် ဆိုတာကလည်း ရဲလုပ်ငန်းရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်တာပါ။ သူတို့ကို စော်ကားတဲ့အပြုမူ မဟုတ်ပါဘူး” ဟု မန္တလေးတိုင်းရဲမှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့ညက အဖမ်းခံခဲ့ရသည့် မိန်းမလျာတဦးက “ကျမတို့ဖာသာ ကျမတို့ ကျုံးဘေးမှာ ပျော်ရွှင်နေတာ။ မိန်းမလျာဆိုတော့ သဘာဝအတိုင်း အချင်းချင်းတွေ့ရင် စကြတယ်၊ နောက်ကြတယ်။ ဒါဟာ အများကို စိတ်အနှောင့်အယှက် ပေးတာမျိုးလို့ ပြောလို့ရပါ့မလား။ နောက်ပြီး မိန်းမလျာ မြင်တာနဲ့ စီးနေတဲ့ ဆိုင်ကယ်နောက်ကို အတင်းလိုက်ပြီး လက်ထိပ်ခတ်တာကတော့ သိပ်လွန်သွားတာပေါ့။ ကျမတို့မှာလည်း ကျမတို့ အခွင့်အရေး ရှိတယ်လေ။ အဲလောက်အထိ ကျမတို့ကို စော်ကားတာတော့ လက်မခံနိုင်ပါဘူး” ဟု ပြောသည်။

မန္တလေးတိုင်းရဲမှူး ဦးစိုးငြိမ်းကမူ မိန်းမလျာများကို ဖမ်းဆီးရခြင်း အကြောင်းရင်းမှာ အများသူငါ သွားလာအပန်းဖြေနေသည့် နေရာများတွင် လိင်ကိစ္စနှင့် ပတ်သက်ပြီး မြူဆွယ်မှုများ ဆိုးရွားနေသည့်အတွက်နှင့် အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်ပြီး အကြမ်းဖမ်းမှုများနှင့် လုယက်မှုများ လုပ်ဆောင်နေသည့်အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ရဲမှူး ဦးစိုးငြိမ်းက “ပြီးခဲ့တဲ့ ၃ လလောက်ကကို မိန်းမလျာတယောက်က အမျိုးသားတဦးရဲ့ ရွှေထည်နဲ့ လက်ဝက်လက်စားတွေ လုပြီး ထွက်ပြေးသွားခဲ့တဲ့အမှု ဖြစ်ခဲ့သေးတယ်။ အမျိုးသားက မိန်းကလေးထင်ပြီး ခေါ်သွားတာ။ နောက်မှ မိန်းမလျာဆိုတာ သိရတယ်။ တကယ့်တကယ် သူတို့လုပ်နေတာတွေက ပြည့်တန်ဆာလိုမျိုး လုပ်နေတာ။ ခက်တာက သူတို့က ယောက်ျားတွေ၊ အဲဒီတော့ သူတို့ကို ပြည့်တန်ဆာအမှုနဲ့ ဖမ်းလို့ မရတဲ့တွက် ရဲဥပဒေဖြစ်တဲ့ ၃၅ (က) မှောင်ရိပ်ခိုမှုတို့၊ အယောင်ဆောင်မှု ဆိုတာတွေ တပ်ပြီး ဖမ်းရတာပါ” ဟု ပြောသည်။

ယမန်နေ့ညကလည်း မန္တလေးမြို့ ၁၉  လမ်းနှင့် ၆၆ လမ်းထောင့်တွင် လိင်ကိစ္စအတွက် မြှူဆွယ်နေသည်ဟု စွပ်စွဲကာ မိန်းမလျာ ၄ ဦးကို ထပ်မံ ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မိန်းမလျာ ၁၄ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ယင်းအထဲမှ ၅ ဦးကို ရဲအက်ဥပဒေဖြင့် အရေးယူခဲ့ပြီး ကျန် ၉  ဦးကို ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

မန်းသားလေး| ဧရာဝတီ

သွေးစုပ်ဖုတ်ကောင် သင်္ချိုင်းနေရာဟောင်း မနုဿဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ

Posted by drmyochit Tuesday, July 16, 2013, under | No comments

အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင် စာရင်း ဝင်များကို ယခု သင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်း များတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။

မနုဿဗေဒ ပညာရှင်များသည် ပိုလန်နိုင်ငံတွင် သွေးစုပ် ဖုတ်ကောင်များ မြှုပ်နှံ ထားသည်ဟု ယူဆရသော သင်္ချိုင်းနေ ရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ် ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင် စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေ သီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက် များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။ (၁၆)ရာစုနှင့် (၁၇)ရာစုများက အသုံးပြုခဲ့သည်ဟု ယူဆ ရသော သင်္ချိုင်းမြေနေရာဟောင်းတွင် အခြားသော သင်္ချိုင်းဟောင်းများကဲ့သို့ အဖိုးတန် လူ့ အသုံး အဆောင် များကို ထည့်သွင်းမြှုပ်နှံထားမှုလည်း မရှိဟု ဆိုသည်။

ထိုခေတ်က သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ပြီးပါက ပြန်လည် ရှင်သန်လာလေ့ ရှိသောကြောင့် ခေါင်းဖြတ် ကာ ခန္ဓာကိုယ်နှင့် ကင်းကွာအောင် ပြုလုပ်ရသည်ဟု ယုံကြည်မှုမျိုး ပေါ်ပေါက်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲခံရသူ များစွာတို့ကို သတ်ဖြတ်မှုများ ရှိခဲ့သည်။ ဂီးလ်ဝစ်မြို့ အနီးတွင် သုတေ သီများသည် ခေါင်းဖြတ်ကာ ခြေထောက်များကြား၌ နေရာချ မြှုပ်နှံခြင်း ခံရသည့် ရုပ်ကြွင်း(၄)ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ သမိုင်းပညာရှင်များက ယင်းသည် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု၌ အပြီးသတ် သုတ်သင်မှုအတွက် သေချာစေရန် လုပ်ဆောင်ရသည့် ဓလေ့ထုံးစံ တစ်ခုဟု ပြောကြားခဲ့သည်။

ယခုတွေ့ရှိသော အရိုးစု ရုပ်ကြွင်းများ ကြုံတွေ့ခဲ့ရသော ကံကြမ္မာကို တိတိကျကျ မသိရသေးသော်လည်း သွေးစုပ်ဖုတ်ကောင် စွပ်စွဲချက်များနှင့် ဆက်နွယ်နေမည်ဟု သမိုင်းသုတေသီများက ယုံကြည်နေသည်။ "ဒီသင်္ချိုင်းရဲ့ ထူးခြားတဲ့ အခြေအနေတွေအတွက် အဖြေထုတ် ပြောနိုင်ဖို့ကတော့ ခက်ခဲနေတုန်းပါ"ဟု သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာ ဂျာဆက်ပီရာဇက်ခ်က မှတ်ချက်ပြုခဲ့သည်။ "တခြား သင်္ချိုင်းဟောင်းတွေမှာ သေသူတွေအတွက် အနာဂတ် ဘဝမှာ အသုံးပြုဖို့ အဖိုးတန် ပစ္စည်းတွေ ထည့်မြှုပ်တာမျိုး ရှိတတ်တယ်။ ဒီမှာ ဘာမှ မတွေ့ရဘူး"ဟုလည်း ၎င်းက ဆိုသည်။

ယမန်နှစ်က ဘူလ်ဂေးရီးယားတွင် မနုဿဗေဒ ပညာရှင်များက သွေးစုပ်ဖုတ်ကောင် ရုပ်အလောင်းနှစ်ခုကို ဖော်ထုတ် တွေ့ရှိကြောင်း ကြေညာခဲ့သေးသည်။ ပင်လယ်နက် ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ဆိုဇိုပိုးလ်ရှိ ဘုရားကျောင်းဟောင်း တစ်ခုအနီး တူးဖော်ရာတွင် သက်တမ်း နှစ်ပေါင်း(၈၀၀)ကျော်ပြီဖြစ်သော ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ရင်ဘတ်တွင် ကြီးမားလေးလံသည့် သံချောင်းကြီးများ စိုက်ထားသည်ကို တွေ့ရသည်။ ယင်းသည် သွေးစုပ်ဖုတ်ကောင်များကို ပြန်လည်နိုးထခြင်း မရှိအောင် တားဆီးနိုင်သည့် နည်းလမ်းဟု ရှေးက ယုံကြည်မှုများ ရှိခဲ့သည်။

ဥရောပ အလယ်ခေတ် သင်္ချိုင်းဟောင်းများတွင် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှုနှင့် ဆက်နွယ်သော ရုပ်ကြွင်းများ တွေ့ရှိရမှုမှာ အဆန်းမဟုတ်တော့ချေ။ ချက်နိုင်ငံတွင် သင်္ချိုင်းဟောင်း နေရာအချို့၌ ပါးစပ်ကိုဖြဲကာ ကျောက်တုံးကြီးများ ဆို့လျှက်သား ထည့်သွင်းခံထားရသည့် သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲသတ်ဖြတ်ခံရသော အရိုးစုများကိုလည်း တွေ့ရှိခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်