Monday, July 22, 2013

ဦးဝီရသူ တရားပွဲကျင်းပစဉ် လက်လုပ်ဗုံးတလုံး ပေါက်ကွဲ

Posted by drmyochit Monday, July 22, 2013, under | 2 comments


ဗုံးပေါက်ကွဲသည့်ခဲ့သည့်အတွက် ပျက်စီးသွားသော ကားနားတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

ဗုံးပေါက်ကွဲသည့်ခဲ့သည့်အတွက် ပျက်စီးသွားသော ကားနားတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)


ပေါက်ကွဲသည့် နေရာတွင် တွေ့ရသော ဗုံးဆန်ဟု ယူဆရသည့်ပစ္စည်းများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)
ဗုံးပေါက်ကွဲသည့်ခဲ့သည့်အတွက် ပျက်စီးသွားသော ကားနားတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)


ဗုံးပေါက်ကွဲသည့်ခဲ့သည့်အတွက် ပျက်စီးသွားသော ကားနားတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

မန္တလေးမြို့တွင် ကျင်းပသော ဆရာတော် ဦးဝီရသူ၏ တရားပွဲတွင် ဒေသလုပ် လက်လုပ် ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၃၆ လမ်း၊ ၈၄ နှင့် ၈၅ လမ်းကြားတွင် ဆရာတော်ဦးဝီရသူ တရားပွဲ ကျင်းပခဲ့စဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး တရားပွဲလာ အမျိုးသမီး ပရိသတ် ၄ ဦးနှင့် ကိုရင် ၁ ဦး ဗုံးဆန်ထိမှန်ကာ ဒဏ်ရာရရှိပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခံလျှက် ရှိကြောင်း သိရသည်။

“လူနာအခြေနေကတော့ စိုးရိမ်စရာမရှိပါဘူး။ ဗုံးစမှန်တယ်ဆိုပေမယ့် အထဲကို စိုက်ဝင်သွားတာမျိုး မဟုတ်ဘူး။ ဘေးကနေ ကပ်ရှပ်ပြီး မှန်သွားတာပါ။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်နေပါတယ်” ဟု မဟာအောင်မြေ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ဦးဝီရသူ၏ တရားပွဲ ကျင်းပပြုလုပ်စဉ် ဒေသလုပ် လက်လုပ်ဗုံးတလုံး တရားပွဲ၏ အနောက်ဘက်သို့ ပစ်လိုက်ခြင်း ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ရဲမှူးက ဧရာဝတီသို့ ပြောသည်။

“ဗုံးဆိုတာကတော့ သေချာသွားပါပြီ။ ဗုံးက ဒေသလုပ် ဗုံးအမျိုးစားပါ။ ဗုံးထဲကို သံကြိုးစတွေထည့်ပြီး လုပ်ထားတာ။ ချိန်ကိုက်ဗုံး မဟုတ်ဘူး။ လူအုပ်ကြားထဲကို ပစ်လိုက်တဲ့ ဗုံးမျိုးပါ” ဟု မဟာအောင်မြေမြို့နယ် ရဲမှူးက ပြောသည်။

ဗုံးဟု ယူဆရသော အရာတခုသည် တရားပွဲတွင် တပ်ဆင်ထားသော လော်စပီကာပေါ်မှ တဆင့် လမ်းပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသည်ကို မြင်လိုက်ရကြောင်း ထိုနေရာတွင် ရှိနေသည့် ဒေသခံတဦးကလည်း ဆိုသည်။

ဆရာတော် ဦးဝီရသူသည် ယမန်နေ့ ည ၈ နာရီအချိန်မှ စတင်ပြီး တရားပွဲကျင်းပခဲ့ကာ ၈ နာရီ ၂၀ မိနစ်တွင် တရားပွဲ၏ အနောက်ဘက်မှ စတင်၍ ကျယ်လောင်သော အသံများ ထွက်ခဲ့ပြီး မီးပွားများလည်း လွင့်စင်ခဲ့သည်ဟု အခင်းဖြစ်စဉ်တွင် ကိုယ်တိုင် ရှိနေသူ တဦးက ပြောသည်။

“ဆရာတော် တရားဟောကာစပဲ ရှိဦးမယ်။ အုန်းဆိုပြီး အသံကျယ်ကြီး ကြားရပြီး ကောင်းကင်မှာလည်း မီးပွားတွေ ဖြာကျ နေတာ မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဗုံးပေါက်တာလိုလို၊ ကားဘီး ပေါက်တာလိုလိုနဲ့ ဖြစ်သွားခဲ့တာ။ ဆရာတော်ကလည်း ဒီအတိုင်းပဲ တရားဆက်ဟောတယ်။ ညပိုင်း ၁၀ နာရီ ထိုးခါနီးမှ တရားပွဲသိမ်းသွားတာပါ” ဟု သူက ဆိုသည်။

ဗုံးပေါက်ကွဲသည့် အရှိန်ကြောင့် တရားပွဲ၏ အနောက်ဘက်တွင် ရပ်နားထားသည့် အေးမေတ္တာ ဆေးခန်းမှ ဒေါက်တာတင်မြင့် ပိုင်၏ ၇က/ ၃၀၂၀ အဖြူရောင် ဆလွန်းကား နောက်ဘီးနှစ်လုံးနှင့် ရှေ့ဘီး တလုံး ကွဲခဲ့ပြီး ဆီတိုင်ကီမှ ဆီများ ယိုကျကာ ကားတစီးလုံးတွင် ဗုံးစများ မှန်ထားသည့် ဒဏ်ရာ ၃၆ နေရာ ရှိကြောင်း ဒေသရဲစခန်းက ထုတ်ပြန်သည်။ ပေါက်ကွဲမှုနှင့် အနီးဆုံး နေရာများရှိ အဆောက်ဦး များတွင်လည်း ဗုံးစများ ထိမှန်ထားကြောင်း သိရသည်။

ဗုံး စတင်ပေါက်ကွဲသည့် အရှိန်နှင့် ဗုံးဆန်များကြောင့် ကားအောက်ရှိ ဆီတိုင်ကီမှ ဆီများ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီး မီး မလောင် စေရန်အတွက် တရားပွဲလာ ပရိသတ်များက သဲများဖြင့် ၀ိုင်းပက်ခဲ့ရသည်။

ဆရာတော် ဦးဝီရသူသည် ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွင် တရားပွဲ အရေတွက် ၅၀ ကျော် ကျင်းပ ဟောပြောခဲ့ပြီး ဖြစ်၍ ယမန်နေ့ညက တရားပွဲတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့ နံနက်တွင် BE တပ်မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးလျှက် ရှိနေပြီး တိုင်းနှင့် ခရိုင် ရဲမှူးကြီးများ၊ မြို့နယ်ရဲမှူးများတို့လာရောက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။

“ပေါက်ကွဲသွားတဲ့ တာယာစတွေကြားကနေ ၀ါယာကြိုးမျှင်လေးတွေ တွေ့တယ်။ ဗုံးက ချိန်ကိုက်ဗုံးမျိုးတော့ မဟုတ်ဘူး။ ချိန်ကိုက်ဗုံးဆိုရင် ပေါက်ကွဲမှု ကြီးမားပြီး ဒဏ်ရာရရှိတဲ့ သူတွေလည်း ပြင်းထန်လောက်တယ်။ ကားရပ်ထားတဲ့ ကားလမ်းကလည်း ပေါက်ကွဲတဲ့ ဗုံးဒဏ်ကြောင့် အောက်ကို နဲနဲချိုင့်ဝင်သွားတယ်” ဟု အခင်းဖြစ်ပွားသည့် နေရာသို့ လာရောက် စစ်ဆေးသော BEတပ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ပ နံပါတ် ၄၅၉ နှင့် အမှုဖွင့်ထားပြီး ပုဒ်မနံပါတ် ၂၈၆ ဖြင့် အရေးယူထားကာ တရားခံကို အပူတပြင်း ရှာဖွေနေပြီ ဖြစ်သည်။

ဗုံးပေါက်ကွဲသည့် နေရာနှင့် ပေ ၁၈၀ အကွာတွင် CCTV ကင်မရာ တပ်ဆင်ထားသည့် အတွက် ယင်းကင်မရာ အချက်အလက် များကို ပြန်လည် ကြည့်ရှုစစ်ဆေးနေပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

မန်းသားလေး| ဧရာဝတီ

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ဖို့ အမျိုးသမီးတွေ လိုလား..?

Posted by drmyochit Monday, July 22, 2013, under | 2 comments

၁၉၄၉ ​ခုနှစ် ​ပြည့်တန်ဆာ ​နှိပ်ကွပ်ရေး အက်ဥပဒေကို ​ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ ​မရှိဘူးလို့ ​ပြည်ထဲရေး ​ဒုဝန်ကြီးက ​ပြောခဲ့ပေမယ့် ​ပြည်သူ့ လွှတ်တော်က ​အမျိုးသမီး ​လွှတ်တော်ကိုယ်စားလှယ် ​အများစုက ​ဒီဥပဒေကို ​ပြင်ဆင်ဖို့ လိုလားနေကြပါတယ်။

ပြည်သူ့လွှတ်တော် ​ကိုယ်​စား လှယ် ​ဒေါ်စန္ဒာမင်း ​ကတော့ ​ပြည်တွင်းက ​ပြည့်တန်ဆာ ​လုပ်ငန်းလုပ် ကိုင်နေ တဲ့ ​အမျိုးသမီးတွေကို ​ကာကွယ်ပေးဖို့ ​လိုတယ်လို့ ​ပြော လိုက်တဲ့ အကြောင်း ​ရေဒီယို ​သြစတြေး လျ သတင်းထောက် ဝေစန္ဒာကျော်က ​သတင်းပေးပို့ ​ထားပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ​ဒုတိယ ဝန်ကြီး ​ရဲချုပ်ကျော်ကျော်ထွန်းက ​၁၉၄၉ ​ခုနှစ် ​ပြည့် တန်ဆာ ​နှိပ်​ကွပ်ရေး ​အက်​ဥပဒေ ကိုပြင် ​ဆင်​ရန် ​မလို အပ်ဘူးလို့ လွှတ်တော်မှာ ​ပြန်လည် ​ဖြေကြား ​အပြီးမှ ​အဆိုရှင် ​ဒေါ်စန္ဒာ မင်း ကတော့ ​ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေရတဲ့ ​အမျိုးသမီးတွေကို ​အကာအကွယ်ပေးပို့ ​ဥပဒေ တစ်ရပ် ​ပြဌာန်းဖို့ ​လွှတ်တော်က ​ပြဌာန်းနိုင်အောင် ​ကြိုးစားသွားမယ်လို့ ​ပြောပါတယ်။

ဒီတော့ ​တကယ်တမ်း ​ပြောချင်တာက ​ရဲ​ချုပ်က ​ပြင်သည် ​ဖြစ်စေ ​မပြင်သည်ဖြစ်စေ ​လွှတ်တော် ​ကိုယ်စား လှယ် ​ဆိုတာက ​ဥပဒေ ​ပြုနိုင်တဲ့ ​အာဏာ ​ရှိပါတယ်။ သူက ​မပြင်ဘူးဆိုပေမဲ့ ​ကျွန်မတို့က ​လွှတ်တော်ထဲ​မှာ ​ဒီ ​ဥပဒေ ကို ​ပြင်နိုင်အောင် ​ကျွန်မတို့ ​အနေနဲ့ ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ်တွေ ​အနေနဲ့ ​ဥပဒေ ​အသစ်ရေး ဆွဲ ​နိုင်အောင် ​ကြိုးစားသွားမှာပါ။ 

မြန်မာနိုင်ငံမှာ ​ပြည့်တန်ဆာ ဆိုတာ ​တရားဝင် ​လုပ်ကိုင်ရတာ ​မဟုတ်တဲ့ ​အတွက် ​သူတို့ရဲ့ ​ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ​လုပ်မပေးနိုင်သလို ​သူတို့မှာ ​အိပ်အိုင်ဗီ ​ရောဂါ ​ကူးစက်သူဟာ ​ဘယ်လောက်ရှိနေတယ် ​ဆိုတဲ့ ​အရေအတွက် ကိုလည်း ​အတိအကျ ​မသိရပါဘူး။ ​လက်ရှိ ​ရှိနေတဲ့ ​ဥပဒေဟာ ဆိုရင် ​ပြည့်တန်ဆာ ​တိုးပွားလာတာကို ​မဟန့်တားနိုင်သလို ​ကျန်းမာရေး ​ရှု့ထောင့်အရလည်း ​ထိရောက် လုပ်ဆောင်ချက်မျိုး ​မရှိတဲ့ ​အတွက် ​ဒီဥပဒေကို ​ပြင်ဖို့ ​လိုတယ်လို့ အခိုင်အမာ ယုံကြည်တဲ့ ​အကြောင်း ​ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ​အဆိုးရွားဆုံး ကတော့ ​၁၃၊ ​၁၄ ​နှစ် ကလေးငယ်တွေ ​ပြည့်တန်ဆာ ​ဖြစ်နေကြရတာတွေ​ကို ​အမြန်ဆုံ ​ကာကွယ် ​ထိန်းသိမ်း ​ဖို့ ​လိုတဲ့အတွက် ​ပြည်တန်ဆာ ​ဥပဒေ ​အသစ် ​တစ်ခု ​တကယ်​လိုအပ် ​နေပါပြီလို့ ​GENERATION ​WAVE ​အဖွဲ့မှ ​ကိုမိုးသွေး ​ကပြောပါတယ်။

၁၃၊ ​၁၄ ​နှစ် ကလေးငယ်တွေ အများကြီးတွေ့ရတယ်။ ဒါတွေက ​ဥပဒေ တစ်ရပ်နဲ့ ​သေသေချာချာ ​ထိန်းသိမ်းဖို့ လိုအပ်နေပြီ။ ​မှတ်ပုံတင် ​ဥပဒေ ​လုပ်မယ်ဆိုရင် ​ဒါတွေကို ​အများကြီး ​လျှော့ချနိုင်လိမ့်မယ် ​လို့မြင်ပါတယ်။ ​ကျန်းမာရေး ​ရှုထောင့်​အရရော ​အကျင့် ​စာရိတ္တ ​ရှုထောင့် ​အရရော ​ဒီ​ဥပဒေ ​လိုအပ်တယ်လို့ ​မြင်ပါတယ်။

ပြည့်တန်ဆာတွေ ​အပေါ်မှာ ​ခေါင်းပုံဖြတ်မှုတွေ၊ ​အတင်အဓမ္မ ​ခိုင်းစေတာတွေကို ​အလိုမတူပဲ ​ခိုင်းစေလာတာတွေ ​ရှိရင် ​ထိထိရောက်ရောက် ​အရေးယူနိုင်ဖို့​နဲ့ ​ပြည်တန့်ဆာတွေ ​အခွင့်အရေးကို ​ကာကွယ်နိုင်ဖို့ အတွက် ​ခိုင်မာတဲ့ ​ဥပဒေ ​တစ်ရပ် ​ပြဌာန်း ​ဖို့ လိုတယ်ဆိုတာ ​ထောက်ခံကြောင်း ​လူ့အခွင့်အရေး လှုပ်ရှားသူ ​မဇင်မာအောင်က ပြောပါတယ်။

ဒီ​ပြည့်တန်ဆာ ​ဥပဒေကို ​ပြင်ဆင်ပေးဖို့ အဆိုကို ဆဌမအကြိမ် ​ပြည်သူ့ လွှတ်တော် ​အစည်းဝေးမှာလည်း ​တင်ပြခဲ့တာကိုလည်း ​ရဲချုပ် ​ကျော်ကျော်ထွန်းက ​အခုလိုပဲ ​ပြင်ဆင်ဖို့ မလိုအပ်ဖူးလို့ ​ငြင်းဆိုခဲ့ ဘူးပါတယ်။

New Collection

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်မည်

Posted by drmyochit Monday, July 22, 2013, under | 1 comment

"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီးတော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်စင် ထုတ်ပေးရင် စနစ်တကျနဲ့ အခွန်ကောက်လို့ ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ရှောက် မှု လုပ်ပေးလို့ ရတယ်" ဟု ဒေါ်စန္ဒာမင်း (NLD) က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီ ပြည့်တန်ဆာ ဈေးကွက်ကို စတင် အကောင်အထည် ဖော်ဆောင်တော့ မည်ဖြစ်ကြောင်း မင်္ဂ လာဈေး၊ ဘုရင့်နောင်၊ ကြည့်မြင်တိုင်၊ ပန်းဆိုးတန်းတို့ရှိ ပြည့်တန် ဆာ လုပ် ငန်း လုပ်ဆောင် နေသူများနှင့် မာဆတ်အမည်ခံ ပြည့်တန် ဆာ ခန်းများက ပြောသည်။ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့တွင် ယင်းဈေးကွက် ရှိသော်လည်း မြန်မာနိုင်ငံ တွင် မရှိသေးသဖြင့် ယခုကဲ့သို့ အကောင် အထည်ဖော် ခြင်းဖြစ်ကြောင်း မင်္ဂလာဈေးရှိ ပြည့်တန် ဆာခေါင်း ဦးကြည်အေး က ပြောသည်။

''နိုင်ငံတကာ အဆင့်မှီပေါ့ဗျာ၊ နိုင်ငံတကာဈေး အတိုင်းပေါ့။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ရာ ရောက်တာပေါ့'' ဟု ယင်းက ဆိုသည်။ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုပေးခြင်း မရှိသေးဘဲ ခိုးချောင်ခိုးဝှက်သာ လုပ်ဆောင်နေရ ဆဲဖြစ်ကြောင်း ဦးကြည်အေး က ဆက်လက်ပြောသည်။

''ပြည်တန်ဆာ ဥပဒေကို ပြဌာန်းဖို့ လိုတယ်ဗျ။ အဲ့ဒီအတွက်လည်း ကျွန်တော့် ဖောက်သည် ပြည့်သူ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က လွှတ်တော် မှာ တင်ပေးမယ်လို့ ပြောတယ်။ သူ့ကိုတော့ ဖရီးပေးကျွေးရ တာပေါ့။ အခုလောလောဆယ်တော့ လိုင်းကြေးပေးပြီး ဒိုင်လျှိုလေး လုပ်နေရတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်တန်ဆာ ဥပဒေကို ပြဌာန်းပြီးပါက ပြည့်တန်ဆာ လုပ်ငန်းသည် ကြီးထွားလာနိုင်ပြီး ယခုကဲ့သို့ ခွင့်မပြုသေးသည့် ကာလမှာပင် မာဆတ်အမည်ခံကာ ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်နေ မှုများ ရှိနေကြောင်း ပုံမှန် စားသုံးနေသူ အသက် ၂၅ နှစ်အရွယ် ကိုမောင်အောင်က ပြောသည်။

''တရားဝင်ဆို ကောင်းမယ်ဗျ။ အခုတော့ ဘယ်အချိန် ဝင်ဖမ်းမလဲ စိုးရိမ်နေရသေးတယ်''ဟု ကိုမောင်အောင် က ပြောသည်။ ယင်းဈေးကွက်ကြီး ဖော်ဆောင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပွင့်လင်းလာနိုင်ပြီး အထူးသဖြင့် အမျိုးသမီးများအတွက် သင့်လျှော်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ ယင်းအချိန် မတိုင်မီ ပြည်တန်ဆာ ဈေးကွက် ဖော်ဆောင်ရန် လိုအပ်ကြောင်း အားကစား သတင်းထောက် တစ်ဦး ဖြစ်သူ ကိုချမ်းငြိမ်း က ၎င်း၏ အမြင်ကို သုံးသပ် သည်။

''၂၀၁၃ ဆိုရင် ဆီဂိမ်းနဲ့ အတူ ဧည့်သည်တွေ အများကြီး ဝင်လာမှာလေ။ အဲ့ဒီအထဲမှာ စားဖားကြီးတွေလည်း ပါလာမှာပဲ။ အဲ့ဒီလို လူတွေအတွက် ပြည်တန်ဆာ ဈေး ကွက် မရှိဘူးဆိုရင် အခြား အမျိုးသမီးအတွက် စိုးရိမ် ရနိုင်တယ်'' ဟု ကိုချမ်းငြိမ်းက ဆိုသည်။

ဆီးဂိမ်းနှင့် အတူ မြန်မာ့ ပြည်တန်ဆာဈေးကွက်ကို လူသိများစေရန် လုပ်ဆောင် နိုင်ကြောင်း ပြည်တန်ဆာခေါင်း ဦးကြည်အေးက ဆိုသည်။ ''အဲ့ဒီအခါဆို ကျွန်တော်တို့ ခေါင်းတွေလည်း အငြိမ်နေရတော့မှာ မဟုတ် ဘူးဗျ။ ဈေးကွက်သစ်ရှာဖို့၊ ပစ္စည်းသစ်ရှာဖို့နဲ့ လုံးပမ်းနေရမှာ'' ဟု ဦးကြည်အေးက ပြောသည်။

နိုင်ငံတကာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်နိုင်မှုနှင့် ပတ်သက်၍ စီးပွားရေး ကျွမ်းကျင်သူ ဦးဇော်သိုက်က ''ဒီဈေးကွက်က နိုင်ငံ ဂျီဒီပီကိုလည်း အထောက်အကူပြုနိုင်တယ်။ ထိုင်းနိုင်ငံဆိုရင်လည်း ဒီလုပ်ငန်းကနေ အခွန်ငွေ တော်တော်ရတယ်လို သိရတယ်။ ကျန်းမာရေး ပညာပေးတဲ့ နေရာမှာလည်း တစ်နေရာထဲ ထိထိ ရောက်ရောက် ပညာပေးနိုင်တဲ့အတွက် ရောဂါတွေကိုလည်း ထိန်းချုပ်လာ နိုင်တယ်'' ဟု သုံးသပ်သည်။

ယင်းနှင့် ပတ်သက်၍ ယခု လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ မစု (အမည်လွဲ) က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး နိုင်ငံတကာ ဈေးကွက် ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန်မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်း တစ်ခုတွင် ပြောသည်။ ''နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး'' ဟု မစုက ဆိုသည်။

နိုင်ငံခြားသား များနှင့် ရင်ဆိုင်တွေ့ရမည် ဖြစ်သည့်အတွက် မိမိတို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်ထား ဖို့လိုအပ်ကြောင်း ပြည်တန်ဆာ အမျိုးသမီးတို့က သုံးသပ်ကြသည်။ မြန်မာနိုင်ငံတွင် ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသူပေါင်း သိန်းဂဏန်း အထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူတို့က သုံးသပ်ကြပြီး တရားဝင်ဈေးကွက် အကောင်အထည် ဖော်လာပါက ယင်းတို့နှင့် ဆက်နွယ်သော လုပ်ငန်းများပါ အခြေအနေကောင်း လာနိုင်ကြောင်း သုံးသပ်ကြသည်

လူထုမောင်ကာဠု
News of Myanmar

ဒူဘိုင်းတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ

Posted by drmyochit Monday, July 22, 2013, under | No comments

ဒူဘိုင်းတွင် မုဒိမ်းကျင့်မှုလည်းခံရ၊ ထောင်ချခြင်းလည်း ခံရသည့် နော်ဝေး အမျိုး သမီး တစ်ဦးအတွက် မကြာသေးမီက ဥရောပ မီဒီယာ များက အလေးအနက် ဖော်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နော်ဝေးမှ အမျိုးသမီး တစ်ဦးသည် သူမကို မုဒိမ်းကျင့်သည့်အတွက် ဒူဘိုင်း တရားရုံးတွင် တိုင်တန်းခဲ့သော်လည်း တရားရုံးက သူမကို ထောင် ဒဏ် (၁၆)လ ချမှတ်ခဲ့သည်။ မာတီဒိုဘရာ ဒီလက်ဗ်ကို တရား ရုံးက စွဲချက်(၃)ခု တင်ခဲ့သလို သူမအနေဖြင့် မုဒိမ်းကျင့် ခံရသည် ဆိုသည် ကိုလည်း ပယ်ချခဲ့ကြောင်း သိရသည်။ အသက်(၂၄)နှစ်ရှိ မာတီက သူမကို လုပ်ဖော်ကိုင်ဖက် တစ်ဦးက မုဒိမ်းကျင့်ကြောင်း တရားရုံးသို့ တိုင်ကြားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုအမှု ပလပ်ခံရသည့်အပြင် စွဲချက်(၃)ခုနှင့်ပါ ရင်ဆိုင်ခဲ့ရသည်။


သူမကို ဒူဘိုင်း တရားရုံးက တရားမဝင် လိင်ဆက်ဆံမှု၊ လိမ်လည်တိုင်ကြားမှု၊ ခွင့်ပြုချက်မရှိဘဲ အရက်သေစာ သောက်စားမှုများဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ တရားရုံးက မုဒိမ်းမှု စွဲချက်သည် မှားယွင်းခြင်းဖြစ်ပြီး သူမအနေဖြင့် လုပ်ဖော်ကိုင်ဖက်နှင့် လူ့ကျင့်ဝတ်အရ မဖြစ်သင့်သော လိင်ဆက်ဆံမှု ပြုလုပ်ခဲ့ခြင်းဟုသာ ဆုံးဖြတ်ခဲ့သည်။ ထို့အတွက် ထောင်ဒဏ်(၁)နှစ်၊ ခွင့်ပြုချက် မရှိဘဲ အရက်သေစာ သောက်စားမှုအတွက် ထောင်ဒဏ်(၃)လနှင့် မုဒိမ်းကျင့် ခံရကြောင်း လိမ်လည်တိုင်တန်းသည့်အတွက် ထောင်ဒဏ်(၁)လ အသီးသီး ချမှတ်ခဲ့ခြင်းဟု သိရှိရသည်။

ဒူဘိုင်းရှိ အယ်လ်ဆာဖာတွင် ဖြစ်ပွားခဲ့သော ကိစ္စတွင် မာတီနှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်သူတို့သည် နိုက် ကလပ် တစ်ခုတွင် အတူရှိခဲ့ကြောင်းနှင့် အရက်အတူ သောက်ခဲ့ကြောင်း အတည်ပြုထားသည်။ နောက်ပိုင်း တွင် မာတီသည် လုပ်ဖော်ကိုင်ဖက်၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်းနှင့် ဒူဘိုင်းဥပဒေအရ ခွင့်မပြုသည့် ကိုယ် လက်နှီးနှောမှုများ ရှိခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ယင်းတို့နှစ်ဦးကြား သဘော တူ လိုက်လျောသည့် လိင်ဆက်ဆံမှုသာ ဖြစ်ခဲ့ပြီး မုဒိမ်းမှု မမြောက်ကြောင်းလည်း ဆုံးဖြတ်ကာ မာတီကို ထောင် ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မာတီကလည်း သူမအနေဖြင့် အရက်သောက်ထားမှုကို ဝန်ခံခဲ့ပြီး ကိစ္စတိုင်းကို ကြည်ကြည်လင်လင် မမှတ်မိဟု ဆိုသည်။ သူမသည် ဒီဇိုင်းကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ရန်အတွက် (၂၀၁၁)ခုနှစ် ကတည်းက အရှေ့အလယ်ပိုင်း ဒေသသို့ ရောက်ရှိနေခဲ့သည်။ သူမသည် အခင်းဖြစ်ပြီးနောက် ဟိုတယ်သို့ ပြန်လာကာ အမှုထမ်းထံမှတစ်ဆင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ဒူဘိုင်းတွင် အစ္စလာမ် ဘာသာရေးနှင့် ဆက်နွယ်သည့် ဥပဒေများ ပြဋ္ဌာန်းထားသည်ကို နားလည်သော ဟိုတယ်ဝန်ထမ်းက ရဲများကို ယခုကိစ္စတွင် ဆက်နွယ်စေရန် သေချာ၊ မသေချာ သူမကို မေးမြန်းခဲ့သေးကြောင်း သိရသည်။

သို့သော်လည်း မာတီအနေဖြင့် အခြေခံ ဓလေ့ထုံးစံ ကွဲပြားသော နိုင်ငံနှစ်ခု၏ ကွဲပြားသော ဥပဒေရေးရာ တုံ့ပြန်မှုနှင့်သာ ကြုံခဲ့ရသည်။ APသတင်းဌာနသည် သူမ၏ အမည်ကို အစောပိုင်းက မဖော်ပြခဲ့သော်လည်း မာတီကိုယ်တိုင်က လူအများ သိရှိစေရန် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ သူမ၏ အခက်အခဲကို ချပြခဲ့ခြင်း ဖြစ်သည်။ သူမသည် ရဲထံ တိုင်ကြားပြီးနောက် လက်မထပ်ထားဘဲ လိင်ဆက်ဆံမှုဖြင့် အချုပ်ထဲတွင် (၄)ရက် နေခဲ့ရသည်။ အချုပ်ခန်းထဲတွင် အခြားအမျိုးသမီး တစ်ဦးထံမှ ဖုန်းကတ်ကို ငှားရမ်းကာ နော်ဝေးရှိ ပထွေးဖြစ်သူထံ ဆက်သွယ်ပြီး လွတ်လမ်းရှာနိုင်ခဲ့သည်။ နော်ဝေး သံအရာရှိများသည် မာတီ၏ လွတ်မြောက်မှုအတွက် လုပ်ဆောင်နိုင်ခဲ့ပြီး သူမက နော်ဝေးတွင် မိမိ၏ အဖြစ်အပျက်ကို လူအများထံ သိရှိစေရန် မျှဝေခဲ့ခြင်း ဖြစ်သည်။ UAEနိုင်ငံမှ အာဏာပိုင် အဖွဲ့အစည်းများကမူ ယခုကိစ္စအတွက် မှတ်ချက်ပေးခြင်း မရှိခဲ့ချေ။ UAEတွင် ယခင်ကလည်း အလားတူ ပြဿနာမျိုးများ ကြုံခဲ့ပြီး ကိစ္စအများစုတွင် အမျိုးသမီးများသာ နစ်နာခဲ့ကြောင်း သိရှိရသည်။ 



သူငယ်တန်း ကျောင်းသူ အဓမ္မပြုခံရမှု အတန်းဖော်များ စစ်ဆေး မေးမြန်းခွင့် မပြုနိုင်ဟု မိဘများဆို

Posted by drmyochit Monday, July 22, 2013, under | 1 comment

ရန်ကုန်၊ ဇူလိုင်၂၁

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာရှိ သူငယ်တန်း ကျောင်းသူ တစ်ဦး အဓမ္မပြု ကျင့်ခံ ရမှုနှင့် ပတ်သက်၍ အတန်းဖော် သူငယ်တန်း ကျောင်းသားများကို ခေါ်ယူ စစ်ဆေးခွင့် လုံးဝ မပြုနိုင် ဟု ယင်းကလေးငယ်များ၏ မိဘများက The Voice သို့ ပြောကြား သည်။

ဇူလိုင်လ ၂၀ ရက်နေ့က ယင်း ကလေးများ၏ မိဘ ၁၀ ဦးကို ကျောက်တန်း မြို့နယ် ရဲစခန်းက ကျေးရွာ အုပ်ချုပ်ရေး မှူး အိမ်သို့ ခေါ်ယူ တွေ့ဆုံခဲ့ပြီး ကလေးများကို စစ်ဆေး မေးမြန်းခွင့် ပြု မပြု မေးမြန်းရာတွင် ကလေး ငယ် များ၏ အနာဂတ် အစွန်းအထင်းဖြစ်မည် စိုးသဖြင့် စစ်ဆေး မေးမြန်းခွင့် မပြုနိုင်ကြောင်း ပြန် လည် ဖြေဆိုခဲ့ပြီး၊ ထိုသို့ ခွင့်မပြုနိုင်ကြောင်းကို လက်မှတ် ထိုးခဲ့ရသည်ဟု ကျောင်းသား မိဘ တစ်ဦးက ဆိုသည်။

“အထက်ကို တင်ပြပါဦးမယ်လို့ သူတို့က ပြောတယ်။ ဒီလိုအရွယ်လေးတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ကလေးတွေကို ခေါ်စစ်မယ့်အရေး တွေးပြီး ညတွေမှာ အိပ်လို့တောင် မရဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ သူငယ်တန်း ကျောင်းသူ အပါအဝင် ပအို့ဝ် တိုင်းရင်းသူ သုံးဦးကို ဗဟန်းမြို့နယ်၊ တောင်ကြီး ကျောင်းတိုက်ရှိ သံဃာ တစ်ပါးထံမှ ရွှေမင်းသမီး တည်းခိုခန်းပိုင်ရှင်က ခေါ်ယူမွေးစားထားခြင်းဖြစ်ပြီး၊ ဇွန်လ ၂၈ ရက်နေ့ တွင် ကျောက်တန်းမြို့နယ် ဆေးရုံသို့ တည်းခိုခန်း မန်နေဂျာနှင့် အလုပ်သမား တစ်ဦးတို့က မိန်းကလေးငယ်၏ ဒဏ်ရာများကို လာရောက် ပြသရာ သာမန်ဒဏ်ရာ မဟုတ်ဘဲ အဓမ္မ ပြုကျင့်ခံထားရသည့် ဒဏ်ရာများ ဖြစ်နေသည်ကို တွေ့ရှိသောကြောင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ပြီး အမျိုးသမီး ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူမှာ ၄င်းနေထိုင်ရာ ရွှေမင်းသမီး တည်းခိုခန်းရှိ ကောက်ရိုးပုံတွင် လူကြီး တစ်ဦးက သုံးကြိမ် တိုင်တိုင် ပြုကျင့်ခဲ့သည်ဟု ပထမအကြိမ်တွင် ထွက်ဆိုခဲ့ပြီး၊ တစ်ပတ်ခန့် အကြာ ဒုတိယ အကြိမ် ထွက်ဆိုရာတွင် သူငယ်တန်း ကျောင်းသား တစ်ဦးက ကျောင်းဝင်းထဲတွင် အဓမ္မ ပြုကျင့်ပါသည်ဟု ပြင်ဆင် ထွက်ဆို ခဲ့ကြောင်း ရွှေပျောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ကျောင်းသူသည် ပအို့ဝ် တိုင်းရင်းသူ တစ်ဦးဖြစ်ပြီး မြန်မာစကားကို “ဟုတ်ကဲ့” တစ်လုံးတည်း သာ ပြောဆိုတတ်ကြောင်း၊ တစ်စုံတစ်ရာ အရေးအကြောင်း ရှိပါက အခြား ပအို့ဝ် တိုင်းရင်းသူ သူငယ်တန်း ကလေး နှစ်ဦးမှ တစ်ဆင့် ဆရာ၊ ဆရာမများကို ခွင့်တောင်းရကြောင်းဟု အဆိုပါ မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးအေးသောင်းက ဆိုသည်။

“ရေသောက်သွားတာ၊ အိမ်သာသွားတာကအစ စကားပြန် ကလေးတွေ အမြဲတမ်း အဖော်ပါတယ်၊ ပြီးတော့ ခလုတ်တိုက်တာ၊ ခဲတံနဲ့ ထိုးမိတာက အစ ဆရာ၊ ဆရာမတွေကို တိုင်ကြတယ်၊ အခုလို ကိစ္စမျိုးကို ကျူးလွန်ဖို့ ဆိုတာ ကျောင်းဝင်းထဲမှာ မဖြစ်နိုင်ပါဘူး၊ ၉၉ ရာခိုင်နှုန်း အာမခံ ပါတယ်၊ ကျောင်းဝင်းထဲမှာ ကလေးငယ်တွေ ခေါ်စစ်မှာကိုလည်း ခွင့်မပြုနိုင် ပါဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် မှုခင်း ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟို အမျိုးသမီး ဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်အရ ယင်း သူငယ်တန်း ကျောင်းသူမှာ အဓမ္မ ပြုကျင့်ခံရကြောင်း၊ သို့သော် ကလေးချင်း ကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်းကို ဆေးပညာအရ သိနိုင်ကြောင်း ကျောက်တန်း မြို့နယ် ဆေးရုံမှ လက်ထောက် ဆရာဝန် တစ်ဦးက The Voice သို့ ပြောဆိုသည်။

ယင်းသူငယ်တန်း ကျောင်းသူ အဓမ္မ ပြုကျင့်ခံရမှုကို ကျောက်တန်းမြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူး ခင်စိုးမှ တရားလိုပြု တိုင်ကြားထားပြီး၊ (ပ)၂၀၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆၊ ၃၇၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ယင်း ရဲစခန်းကို ဇူလိုင်လ ညနေ ၄ နာရီခန့်က The Voice မှ သွားရောက် မေးမြန်းသော်လည်း စခန်းမှူး မရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

အောင်မျိုးထက်၊ ဟိန်းသွင်ထက်
The Voice Weekly

အသက် ၁၃ နှစ်အရွယ် မသန်စွမ်းကလေးငယ်တစ်ဦး အသက် ၄၈ နှစ် အရွယ် အမျိုးသားတစ်ဦး၏ အဓမ္မကျင့်မှုခံရ

Posted by drmyochit Monday, July 22, 2013, under | No comments

မသန်စွမ်း ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ခုကို ကွမ်းခြံကုန်းရဲစခန်းတွင် ဇူလိုင် ၁၈ ရက်က အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဓမ္မကျင့်ခံရသည့် ကလေးငယ်သည် အသက် ၁၃ နှစ်အရွယ်သာရှိသေးပြီး မွေးရာပါ စကားမပီ၊ မသန် စွမ်းဖြစ်နေ သူဖြစ်ကာ ၎င်းသည် လွန်ခဲ့သော ၁၀ ရက်ခန့်ကတည်းက မိခင်ဈေးရောင်းပြီး ပြန်လာတိုင်း အဓမ္မကျင့် ခံရသည့် အကြောင်းကို လက်ဟန်ခြေဟန်ဖြင့် ပြောပြခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

သို့ဖြင့် မိခင်ဖြစ်သူက လက်ဟန်ခြေဟန်ဖြင့် သူ့သမီးငယ်ပြောပြသည့် အကြောင်း အရင်းမှန်ကို သိရှိရန် ဇူလိုင် ၁၈ ရက်တွင် ဈေးရောင်း မသွားပဲ နေအိမ်ရှေ့ခရေပင်ပေါ်တက်၍ စောင့်ကြည့်နေခဲ့ကြောင်း၊ ထိုသို့ စောင့်ကြည့်နေ ရာ သူ့သမီးငယ်က နေအိမ်ရှိ ဘုရားစင်ရှေ့တွင် တုံးလုံးလှဲနေစဉ် တစ်ရွာတည်းနေ အ သက် ၄၈ နှစ်အရွယ် ကိုဖိုးထူး ဆိုသူက ရောက်လာပြီး အဓမ္မပြုကျင့်သည်ကို တွေ့မြင်ခဲ့ရကြောင်း ကာယကံ ရှင်က ရဲကို ထွက်ဆိုရာတွင် စွပ်စွဲပြောဆိုထားသည်။

မိခင်ဖြစ်သူသည် သူ့သမီးငယ် အဓမ္မကျင့်ခံနေရသည်ကို သစ်ပင်ပေါ်မှ မြင်နေရသော်လည်း အသက် အန္တ ရာယ်ပြု ခံရမည်စိုးသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ မတောင်းရဲခဲ့ကြောင်းလည်း ရဲကို တိုင်တန်း ရာတွင် ထည့်သွင်းပြောဆိုထားသည်။

အဓမ္မပြုကျင့်သူ ထွက်သွားပြီး သမီးဖြစ်သူ ငိုနေချိန်မှ ကလေးမိခင်သည် သစ်ပင်ပေါ်မှဆင်းလာပြီး ကျေးရွာ အုပ်ချုပ်ရေး မှူးထံ သွားရောက်တိုင်တန်း အကြောင်းကြားခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ရပ်ရွာ အုပ်ချုပ်ရေးမှူးထံမှတဆင့် ရဲစခန်းသို့ ရောက်လာပြီး မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ ရဲကို တိုင်တန်း ခဲ့သဖြင့် ကွမ်းခြံကုန်း ရဲစခန်းက အမှုအမှတ်(ပ)၁၄၉/၁၃ ဖြင့် အမှုဖွင့်ထားပြီး အဓမ္မကျင့်သူ အဖြစ် စွပ်စွဲခံရသည့် ကိုဖိုးထူးကို ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စွပ်စွဲခံရသူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရမည်ဟုလည်း ရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး | မဇ္ဈိမ

ဗိုလ်ချုပ် အောင်ဆန်း လက်ရေးစာအုပ်

Posted by drmyochit Monday, July 22, 2013, under | No comments

မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း

ရေနံချောင်း နေရှင်နယ် ကျောင်းမှာ ဗိုလ်ချုပ် အောင်ဆန်း အထက်တန်း ကျောင်းသား ဘဝက ပါဠိ ဘာသာ လက်ရေး စာအုပ်ကို အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ယူသွားလို့ မြို့ခံ လူထုက မကျေမချမ်း ဖြစ်နေ ကြပါတယ်။

ဒီစာအုပ်ကို ၁၉၆ဝ ကျော် ကတည်းက ဗိုလ်ချုပ် အောင်ဆန်း ကျောင်းတက် သွားတဲ့ နေရှင်နယ် ကျောင်း တဖြစ်လဲ ရေနံချောင်း အထက (၁) ကျောင်းမှာ ထိန်းသိမ်း ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အာဇာနည် နေ့က ဦးခင်အောင်မြင့် ရေနံချောင်းကို ရောက်လာ ပြီး အဲဒီ စာအုပ်ကို ယူသွားလို့ ကျောင်း ကော်မတီနဲ့ မြို့ခံတွေ ဆန္ဒမပါဘဲ ယူသွားလို့ မြို့လူထု မကျေမနပ် ဖြစ်နေကြ ပါတယ်။

၁၉၃ဝ ကျော်က ရှားပါး လက်ရေး စာအုပ် ဖြစ်လို့ လူအကိုင် မခံဘဲ သေတ္တာနဲ့ ထည့်ပြ ထားတဲ့ စာအုပ်ကို ယူသွားတာပါ။

အစိုးရ ရုပ်သံ သတင်း တွေမှာ မြို့က လှူဒါန်းတယ် ဆိုပြီး ဖော်ပြလို့ မကျေနပ် ကြဘူး လို့ သိရပါတယ်။


မြန်မာ နိုင်ငံ ဘုန်းကြီးကျောင်း တွေနဲ့ နယ်ပြတိုက် တွေက ရှားပါး ပေမူနဲ့ ရှေးဟောင်း ပစ္စည်းတွေကို အာဏာပိုင် တွေက အတင်း အကျပ် ပင့်ဆောင် ယူငင် သွားမှု တွေလည်း ရှိခဲ့ ဖူးပါတယ်။

From: BBC

ထိုင်းငါးဖမ်းစက်လှေတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာအလုပ်သမား ၁၆ ဦး လွတ်မြောက်

Posted by drmyochit Monday, July 22, 2013, under | No comments

ထိုင်းငါးဖမ်း စက်လှေများတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာအလုပ်သမား ၁၆ ဦးကို ဇူလိုင် ၂၀ ရက်က ကယ်တင်လိုက်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT) က ပြောသည်။

ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အထူးထောက်လှမ်းရေး အဖွဲ့၏ အကူအညီဖြင့် ထိုင်းနိုင်ငံ တောင်းပိုင်း၊ ဆူရာတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းစက်လှေ ခြောက်စင်းမှ ညနေ သုံးနာရီက ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MAT မှ ဒါရိုက်တာ ကိုကျော်သောင်းက ဆိုသည်။

“ရာသီဥတု ဆိုးရွားနေတဲ့အတွက် လှေတွေက ကော့ဖငန်းကျွန်းမှာ ကပ်ထားတုန်း ကျွန်တော်တို့ ကယ်နိုင်ခဲ့တယ်” ဟု ကိုကျော်သောင်းက ပြောသည်။

ယခု ကယ်တင်နိုင်လိုက်သည့် မြန်မာအလုပ်သမားများသည် ပထမတစ်ကြိမ်က ထိုင်းနိုင်ငံရောက် MAT သို့ ယခုနှစ်မေလက အကူအညီ တောင်းခံခဲ့ဖူးပြီး ရာသီဥတုဆိုးရွား၍ ကမ်းကပ်ထားစဉ် အလုပ်သမားများက ထပ်မံ အကူအညီတောင်းသည့်အတွက် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကိုကျော်သောင်းက ပြောသည်။

မြန်မာ အလုပ်သမားများအနေနှင့် ပင်လယ်ပြင်တွင် ရှစ်လမှ ၁၈ လအထိ အဓမ္မခိုင်းစေခံရသည့်အတွက် ယခုကဲ့သို့ အကူအညီ တောင်းခံခဲ့ခြင်းလည်း ဖြစ်သည်။

“ပထမ သူတို့ပြောတော့ ပုစွန်ရုံ ပို့ပေးမယ်တဲ့၊ အလုပ်ကောင်းရင် ၅၀ဝ၀၊ စဝင်ဝင်ချင်းဆို ၄၅၀ဝ တဲ့၊ ဒီကို
ရောက်တော့ ပင်လယ်ထဲ ဆင်းရမယ်တဲ့။ ပိုက်ဆံတစ်ပြားမှ မရသေးဘူး။ ပင်လယ်ထဲ ရောက်လာတာလည်း တစ်နှစ်ပြည့်သွားပြီ မပြန်ရဘူး” ဟု ကရင်ပြည်နယ်သား လှေလုပ်သားတစ်ဦးက ပြောပြသည်။

လှေလုပ်သားများသည့် ပွဲစားများ၏ လိမ်လည်မှုကြောင့် ထိုင်းနိုင်ငံသို့ လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး ကမ်းကပ်ခွင့် မရဘဲ ပင်လယ်ပြင်တွင် အတင်းအဓမ္မခိုင်း စေခံကြရကာ လုပ်အားခလည်း မရရှိကြကြောင်း လှေလုပ်သားများကပြောပြကြသည်။ လှေလုပ်သားများအနေနှင့် မြန်မာနိုင်ငံသို့ ပြန်လိုကြပြီး ပြန်ပို့မည့်ရက်ကို စောင့်မျှော်နေကြောင်း ၎င်းတို့က ပြောသည်။

ရခိုင်ပြည်နယ်သား လှေလုပ်သား တစ်ဦးက “လှေအလုပ်ဆို မလုပ်ဘူးလို့ အရင်ကတည်းက ကျွန်တော်တို့ ပြောပြီး (ပွဲစားနဲ့) လိုက်လာတယ်။ လှေကို ပို့လို့ ကျွန်တော်တို့ ပြန်မယ်ပြောတော့ ရဲတွေနဲ့ ဖမ်းခိုင်းမယ် လုပ်တော့ ကျွန်တော်တို့ ဘယ်ကိုမှ သွားလို့ မရဘူး။ ကျနော် ခုနစ်လခွဲ ရှိသွားပြီ။ အခုကျွန်တော်တို့ လုပ်အားခတွေ တစ်ပြားမှရဖို့ အခြေအနေ မရှိဘူး” ဟု ပြောသည်။

လွတ်မြောက်လာသည့် လှေလုပ်သားများတွင် ရခိုင်လူမျိုး ကိုးဦးနှင့် မွန်၊ ဗမာ၊ ကရင် ခုနစ်ဦး ပါဝင်ပြီး အသက်အငယ်ဆုံး နှစ်ဆယ်နှစ်နှင့် အကြီးဆုံး လေးဆယ်နှစ် ဖြစ်ကာ အများစုမှာ အသက် နှစ်ဆယ်ကျော်များ ဖြစ်ကြသည်။

ကွန်းချမ်း | မဇ္ဈိမ

အချုပ်သားနှစ်ဦးကို ရိုက်နှက်သည့် ထောင်ဝန်ထမ်းကို အင်းစိန်ထောင်ပိုင် အရေးယူသည်ဟုဆို

Posted by drmyochit Monday, July 22, 2013, under | No comments

အချုပ်ကျနေသူနှစ်ဦးကို ရိုက်နှက်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် ထောင်ဝန်ထမ်းတစ်ဦး၊ အင်းစိန်ထောင်ဦးစီးနှင့် အချုပ်ခန်း သူကြီးတို့ကို အချုပ်သားတို့၏ ရှေ့နေက ရဲစခန်းတွင် အမှုဖွင့်လိုက်သည့်နောက် အင်းစိန် ထောင် ပိုင် ချုပ်ကြီးက ထိုကိစ္စကို ထောင်ဥပဒေဖြင့် အရေးယူထားကြောင်း အဆိုပါအချုပ်သားတို့၏ ရှေ့နေက မဇ္ဈိမကို ပြောသည်။

အချုပ်သားတို့၏ရှေ့နေ ဦးအောင်သူရိန်ထွန်းက ဇူလိုင် ၁၈ ရက်က အင်းစိန်မြို့နယ် ရဲစခန်းတွင် သူ့အမှုသည်များထောင်တွင်း၌ ရိုက်နှက်ခံရသည်ဟု အမှုဖွင့်ခဲ့ပြီးနောက် အချုပ်သားကိုရိုက်နှက်သည်ဟု စွပ်စွဲခံရသူ တပ်သား ကိုအေးမင်းအောင်ကို အင်းစိန်ထောင်ပိုင်ချုပ်ကြီးက အရေးယူခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ထောင်ဒဏ်ဘယ်လောက်ချမှတ်တယ်။ ထုတ်ပယ်တာလား။ ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်တယ်ဆိုတာတော့
ထောင်ပိုင်ကြီးကို အင်တာဗျူးမှ သိလိမ့်မယ်ပေါ့။ ကျန်တဲ့ နှစ်ယောက်ကိုတော့ အရေးယူတယ်မယူတယ် မသိရသေးပါဘူး” ဟု သူကဆက်ပြောသည်။

ထောင်ပိုင်ချုပ်ကြီးက ထောင်ဝန်ထမ်းကို ထောင်ဥပဒေ ပုဒ်မ ၅၄(၁)အရ အရေးယူသည်ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသော်လည်း ထိုကိစ္စကို အတည်ပြုရန် ဇူလိုင် ၂၁ ရက်က မဇ္ဈိမက ထောင်ပိုင်ချုပ်ကြီးထံ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

အကျဉ်းထောင်ထဲတွင် ရိုက်နှက်ခံရသည့်သူများမှာ တော်ဝင်သစ်စက်ရုံမှ လုပ်သားများဖြစ်ပြီး ၎င်းတို့သည် စက်ရုံကိုပြန်လည် ဆန္ဒပြရာမှ စတင်တရားစွဲခံရသူများ ဖြစ်ကြပြီး လက်ရှိတွင် ပုဒ်မငါးမျိုးဖြင့် တရားစွဲခံထားရသည်။

သူတို့ကို ထောင်ဝန်ထမ်းနှင့် အချုပ်ခန်းသူကြီးတို့က ရိုက်နှက်ကြောင်း အင်းစိန်ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီးနောက် ဇူလိုင် ၁၉ ရက် တွင် ရှေ့နေ ကိုအောင်သူရိန်ထွန်း၊ တရားလိုပြသက်သေ ကိုသူဇော်ကြည်ဝင်းနှင့် အင်းစိန်ရဲစခန်းမှူးတို့ကို အင်းစိန်ထောင်ပိုင်ချုပ်ကြီးက ခေါ်ယူတွေ့ဆုံပြီး ယခုကိစ္စကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးထံ တင်ပြထားကြောင်း ပြောသည်ဟု ရှေ့နေက ပြန်လည် ပြောကြားသည်။

“ထောင်ပိုင်အနေနဲ့က သူ့အနေနဲ့ ဒီလိုကိစ္စမျိုးတွေကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး၊ နောက် သူ့ထောင်မှာ ဒီလိုဖြစ်ရတဲ့အတွက်လည်း ဝမ်းနည်းတယ်ပြောပါတယ်” ဟု ကိုအောင်သူရိန်ထွန်းက ဆက်ပြောသည်။

ယခုကိစ္စအပေါ် နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးသူ ၈၈ မျိုးဆက်ကျောင်း သား ကိုမြအေးက “ထောင်ကျလာတဲ့သူတွေက ယူနီဖောင်းမြင်တာနဲ့ ကြောက်နေတာ။ ဒီလိုကြောက်နေတဲ့ သူတွေပေါ် မှာ ဗိုလ်ကျစိုးမိုးတာ။ ရိုက်တာ နှက်တာ မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ အခုခေတ်မှာတော့ ထောင်ပိုင်ကြီးအနေနဲ့ အရေးယူမှု တစ်စုံတစ်ရာအရေးယူပေးတယ်ဆိုတာ ကောင်းတဲ့အလားအလာပဲလေ” ဟု မှတ်ချက်ပြုသည်။

ယခင်က ထိုကဲ့သို့ ထောင်ဝန်ထမ်းကို အရေးယူမှု မရှိသလောက်ရှားသည်ဟုလည်း ကိုမြအေးကဆိုသည်။

ထောင်ပိုင်ချုပ်ကြီးက ထောင်ဥပဒေအရအရေးယူသည်ဟုဆိုသော်လည်း ရှေ့နေ ကိုအောင်သူရိန်ထွန်းကမူ သူ့အမှုသည်များ ကိစ္စကို ရာဇသတ်ကြီးဥပဒေအရလည်း ဆက်လက်တရားစွဲဆိုမည်ဟုဆိုသည်။

ယခုအမှုကို အမှုဖွင့်ထားသည့် အင်းစိန်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ရုံးပိတ်ရက်ဖြစ်နေသောကြောင့် စုံစမ်းစစ်ဆေးခြင်းများ မပြုလုပ်ရသေးဘဲ ရုံးဖွင့်ရက်မှသာ ဆက်လက်ဆောင်ရွက်မည်ဟု စခန်းမှူးက မဇ္ဈိမကို ပြောသည်။

သိင်္ဂီထွန်း | မဇ္ဈိမ

Saturday, July 20, 2013

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ

Posted by drmyochit Saturday, July 20, 2013, under | No comments

မိန်းကလေးတွေဟာ အလှအပ နောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာ တွေကို အလေး မထားမိတာမျိုး ဖြစ်တတ် ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာ စေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေနဲ့ ရင်ပေါင်တန်းကာ မူးယစ် သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံ ကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေထက် ခန္ဓာကိုယ် အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ် အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူး ဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝ မသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက် သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင် ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာဖြစ်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေး အများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲ လေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည် လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီး လွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအား ကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေသက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မား စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့  ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုး ပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန် လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့ အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေး မမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲ နိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်း ထားပါ။

မြ၀တီ

တောင်ကုတ်မြို့၌ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်မှုအတွက် သံသယရှိသူ ခြောက်ဦးကို တစ်နှစ်ကျော် အကြာတွင် နေပြည်တော် မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ) ဖမ်းဆီး စစ်ဆေးနေ

Posted by drmyochit Saturday, July 20, 2013, under | No comments

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ် ဇွန် ၃ ရက်က ဖြစ်ပွားခဲ့သော အစ္စလာမ် ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်မှုတွင် သံသယရှိသူ ခြောက်ဦးအား နေပြည်တော် မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ)က ဖြစ်စဉ်ဖြစ် ပွားပြီး တစ်နှစ်ကျော် အကြာတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိပါသည်။ သံသယရှိသူ ခြောက် ဦးကို နေပြည်တော် မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ)မှ ရဲမှူးစိုးမြင့် ဦးစီးပြီး ဇူလိုင် ၁၇ ရက်ညတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့မှ (၁) ကိုလေးမောင်(ခေါ်)ထွန်းနိုင် (၃၃နှစ်)၊ (၂)ကိုစန်းကျော် (၃၂နှစ်)၊ (၃) ကိုဝင်းနိုင် (ခေါ်)မောင်ပု (၃၂နှစ်) (၄) ပေါက်စီ (ခေါ်) ကိုမင်းသိုက် ထွန်း (၃၀နှစ်)၊ (၅)ဦးထွန်းဝင်း (ခေါ်)ဘကြီး(၄၂နှစ်)၊ (၆)ကိုသိန်းရွှေမောင် (၃၃နှစ်)တို့ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ''လောလောဆယ်တော့ ကျွန်တော်တို့ အဲဒီအကြောင်းတွေ ဘာမှမသိသေးဘူး။ ရဲနဲ့သက်ဆိုင်တဲ့ အမှုဖြစ်တဲ့အတွက် မသိသေးတာပါ'' ဟု ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

''အခု ခြောက်ယောက် ဖမ်းသွားတယ် ဆိုတာကိုလည်း မိသားစုတွေဆီက သိရတယ်။ ညအချိန် ဖမ်းသွားတာဖြစ်လို့ ကျွန်တော်တို့ ဘာမှမသိလိုက်ဘူး'' ဟု တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါ အဖမ်းခံထားရသူ ခြောက်ဦးအား သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်းလည်း စုံစမ်းသိရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး သိရှိမှု မရှိကြောင်း တာဝန်ကျသူ တစ်ဦးက ဇူလိုင် ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ပြောကြားသည်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှ ရခိုင်တိုင်းရင်းသူ မသီတာထွေးအား ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်ကာ ပစ္စည်းများပါ လုယက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားအပြီး ခြောက်ရက်အကြာ သံတွဲမှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ရိုးမသစ္စာ ခရီးသည်တင် ဘတ်စကားပေါ်မှ ခရီးသွား အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

လူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်နှစ်ခန့်အကြာ သံသယရှိသူများကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ''၂၀၁၂ ခုနှစ် မေ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှ ရခိုင်တိုင်းရင်းသူ တစ်ဦးအား ဘင်္ဂါလီလူငယ် သုံးဦးမှ ရက်စက်စွာ မုဒိမ်းကျင့်၊ သတ်ဖြတ်ကာ ပစ္စည်းများပါ လုယက်ခဲ့သည့် ဖြစ်စဉ်မှ အစပြု၍ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများကြား၊ ပဋိပက္ခများ စတင်ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုသို့ ဖြစ်ပွားခဲ့ပြီး မကြာမီမှာပင် ထိုမှုခင်း ဓာတ်ပုံများသည် Internet Website များပေါ်သို့ ရောက်ရှိလာရာမှ သတင်းများ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါသည်။ သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်၊ စာသား အသုံးအနှုန်းများနှင့် Online ပေါ်မှ မည်သူရေးသားမှန်း မသိနိုင်သည့် မှတ်ချက်များသည်လည်း မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါသည်။ ဤသတင်းများသည် အင်တာနက် အသုံးမပြုနိုင်သည့် မြို့ပြနှင့် ကျေးလက်ဒေသရှိ ရခိုင်လူထု အကြားသို့ပါ တောမီးပမာ မြန်ဆန်စွာ ပျံ့နှံ့ရောက်ရှိ သွားပါသည်။
    ထိုအခြေအနေ မတိုင်မီ ရက်ပိုင်းအတွင်းက တာဘလစ် ခေါ် အစ္စလာမ်နယ်လှည့် တရားဟောအဖွဲ့ တစ်ဖွဲ့သည် ရသေ့တောင်မြို့နယ်၊ စေတီပြင် ကျေးရွာသို့ ရောက်ရှိစဉ် ဗလီတစ်လုံး အမြန်ဆောက်လုပ်ရန်နှင့် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း စီစဉ်ပေးမည် ဖြစ်ကြောင်းကို တိုက်တွန်းပြောကြား သွားသည်ဟု သိရှိရပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသား အတော်များများက ထိုတာဘလစ်များအပေါ် လုံးဝကျေနပ်မှု မရှိခဲ့ကြကြောင်း ပြောဆိုကြပါသည်။ နဂိုမူလတည်းကပင် ဘင်္ဂါလီများအပေါ် စိုးရိမ်စိတ်၊ သံသယစိတ်တို့ဖြင့် စောင့်ကြည့်နေခဲ့သည့် ရခိုင်လူမျိုးများ၊ အထူးသဖြင့် ရခိုင်မျိုးချစ်စိတ် ပြင်းထန်တက်ကြွ သူများ၏ အမျက်ဒေါသကို ထိုအခြေအနေ အရပ်ရပ်က အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့လိုက် သကဲ့သို့ ဖြစ်သွားခဲ့ပါသည်။ ထိုအကြောင်းရပ်များသည် တစ်ဖက်တွင် ပြဿနာကို ဖန်တီးလိုသူများအား အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ထိုသို့ လူမျိုးရေး၊ ဘာသာရေးအသွင် လှုံ့ဆော်မှုများ ပြင်းထန်နေစဉ် (၃-၆-၂၀၁၂) ရက်နေ့၌ သံတွဲမှ ရန်ကုန်သို့ ထွက်ခွာလာသော ရိုးမသစ္စာ ခရီးသည်တင် ဘတ်စကားပေါ်တွင် ခရီးသွား အစ္စလာမ်ဘာသာဝင် ၁၀ ဦး ပါရှိလာသည်ဟု ဆိုပါသည်။ တောင်ကုတ်မြို့တွင် လူထုအုံကြွနေသည့် အခြေအနေများကို သိရှိထားသည့် (၂၁) မိုင်စခန်းမှ ရဲအကြပ်တစ်ယောက်က တောင်ကုတ်မြို့၌ အခြေအနေ မကောင်းသောကြောင့် ဆက်လက် မသွားသင့်ကြောင်း တားဆီးခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် ၎င်းရိုးမသစ္စာ ဘတ်စကားမှာ တောင်ကုတ်သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်ဟု ဆိုပါသည်။ တောင်ကုတ်မြို့ အ၀င်တွင် ဘီးခွန်စခန်းမှ လူတစ်ယောက်က မြို့ထဲသို့ မ၀င်ရန်နှင့် သံတွဲသို့ ပြန်လှည့်မောင်းနှင်ရန် သတိပေးခဲ့ သေးသည်ဟု သိရှိရပါသည်။ သို့သော်လည်း ၎င်းဘတ်စကား ဆရာက တောင်ကုတ်မြို့ထဲသို့ အတင်းမောင်းဝင် လာခဲ့ရာ အဝေးပြေးကားဝင်းသို့ အရောက်တွင်မှ အခြေအနေ မကောင်းသည်ကို သိရှိသွားသဖြင့် ကားဝင်းမှ ပြန်လည် ထွက်ခွာလာစဉ် တောင်ကုတ်မြို့ထဲတွင်ပင် စိတ်ခံစားမှု ပြင်းထန်နေသော လူစုလူဝေးမှ အကျိုးအကြောင်း ဆင်ခြင်စဉ်းစားခြင်း မပြုနိုင်တော့ဘဲ ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် လိုက်ကြပါသည်။ ထိုဖြစ်စဉ်မှ အစပြု၍ ရခိုင်ပြည်နယ်ရှိ မြို့ရွာဒေသ အများအပြားတွင် ရခိုင်နှင့် ဘင်္ဂါလီ လူမျိုးစု နှစ်စုအကြား အခြေအနေများမှာ ပိုမို တင်းမာ လာခဲ့ပါသည်'' ဟု ဖော်ပြထားသည်။
   
အဆိုပါ ဖြစ်စဉ်များ ဖြစ်ပေါ်ပြီးနောက် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဇွန်လနှင့် အောက်တိုဘာလတွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၂ ဦးသေဆုံးကာ ၂၆၅ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ် ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး တို့အတွက် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၂ ခုနှစ် ဇွန် ၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။

Eleven

iPhone ကြောင့် တရုတ်မလေးသေဆုံးမှုနောက်ဆက်တွဲသတင်း (၂)

Posted by drmyochit Saturday, July 20, 2013, under | No comments


ပြီးခဲ့တဲ့ ရက်သတ္တပတ်က ၂၃ နှစ်အရွယ် တရုတ် အမျိုးသမီးတစ်ဦး ဖုန်းကို အားသွင်းရင်း စကားပြော ကြားနေစဉ် ဓာတ်လိုက် သေဆုံးခဲ့တဲ့ အကြောင်းအရင်းမှာ third-party USB charger နဲ့ ဆက်စပ်မှု ရှိတယ် လို့ ဖုန်း ကျွမ်းကျင်သူ ပညာရှင် Xiang Ligang က CCTV နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

ဖုန်းပြောနေရင်း ဓာတ်လိုက်သေဆုံးသွားတဲ့ Ma Ailun ဆိုသူဟာ သူမရဲ့ iPhone 4 မှာ third-party charger ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ third-party charger ဟာ လုံခြုံစိတ်ချမှု အနည်းငယ် သာရှိ တယ်လို့ Xiang Ligang က ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Apple ရော တရုတ်နိုင်ငံမှ တာဝန်ရှိသူတွေပါ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်ပါ တယ်။ မူလက သေဆုံးသူ အမျိုးသမီး သုံးစွဲခဲ့တဲ့ ဖုန်းဟာ iPhone 5 လို့ ယူဆခဲ့ပေမယ့် တကယ်တမ်းမှာ ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ဖြန့်ချိခဲ့တဲ့ iPhone 4 ဖြစ်တယ်လို့ CCTV က ဖော်ပြခဲ့ပါတယ်။

Ref & Credit: Internet Journal

ကလေးသူ ငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် ကျူးလွန် သူကို သေဒဏ် အပြစ်ပေးသည့် ဥပဒေ လွှတ်တော် တင်သွင်းရန် စာတမ်းပြုစု

Posted by drmyochit Saturday, July 20, 2013, under | No comments

ရန်ကုန် ၊ ဇူလိုင် - ၁၉ ။                   ။ကလေး သူ ငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုများလျော့နည်း သွားရန်ရည် ရွယ်၍ ကျူးလွန်သူအား သေဒဏ် အပြစ်ပေးရန် ဥပဒေ တစ်ရပ်ကို ခေတ်သစ် အမျိုး သမီး အစည်း အ ရုံး(မြန်မာ)မှ လွှတ်တော် တွင်တင် သွင်းရန် စာတမ်း ပြုစုပြီးဖြစ် ကြောင်း သိရသည်။ ယခုနှစ် အတွင်း ကလေးသူ ငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုများမှာ အလွန် များပြားလာ ကြောင်း၊ အချို့ ပြစ်မှု များမှာ ဖခင် နှင့် သား သမီးတို့ပင်ဖြစ်ကြောင်း၊ ထိုကဲ့ သို့ လူမဆန် လွန်းသောဖြစ် ရပ်များကိုတားမြစ် နိုင်ရန် ပြင်း ထန်သော ဥပဒေ အဟန့် အတား တစ်ခုလို အပ်ပြီဟု ခေတ်သစ်အ မျိုးသမီး အစည်းအရုံး (မြန်မာ)က ယူဆသောကြောင့် ယခုကဲ့ သို့ ပြု လုပ်ရန် ကြိုးစား ရခြင်း ဖြစ်ကြောင်း အစည်း အရုံး ဥက္ကဌ ဒေါ်ရီရီစံက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ပြောသည်။

ဒေါ်ရီရီစံက ''ဒီလိုကျူးလွန် ရင် သေဒဏ် ဆိုတာ လူတွေသိသွား မယ်။ ဒါဆိုရင် မကျူး လွန်ရဲတော့ ဘူးလို့ ထင်ပါတယ်။ အသက်နဲ့ ရင်း တဲ့အဟန့် အတား တစ်ခုကြောင့် ဒီလိုမကြားဝံ့ မနာသာတဲ့ ကိစ္စတွေ လျော့နည်း သွားနိုင်ဖို့ ရည်ရွယ် ပါတယ်''ဟုပြောသည်။ အဆိုပါ ကလေး သူငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်း ဖက်ခံ ရမှုများ ကို သေဒဏ်ချမှတ်သင့် ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ''ဒီတစ်ပတ် လွှတ်တော်မှာ ကျွန် တော်တင်ပြ ခဲ့ပေမယ့် သိပ် အ ကြောင်းမထူးခဲ့ပါဘူး။ လာမယ့် ရှစ်ကြိမ်မြောက်မှာတော့ ဒီထက် ပိုပြီးပြည့်စုံ ခိုင်မာတဲ့ ဥပဒေကို ကျွန် တော်ကိုယ်တိုင်ေ ရးဆွဲပြီး ထပ် တင်သွားမှာပါ''ဟု ပြောသည်။

မြန်မာ နိုင်ငံ အမျိုးသားလူ့ အခွင့် အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ''ဒီလို လုပ်ရပ်တွေ အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ သေဒဏ် ဆိုတာ ကတော့ လူ့အခွင့် အရေး စံနှုန်းနဲ့ ကြည့်ရင် မကိုက် ညီပါဘူး။ ဥပဒေ ပြဌာန်း ခြင်း၊ မပြဌာန်းခြင်း ကတော့ လွှတ်တော်က သာလျှင် အဓိက ဖြစ်ပါ တယ်'' ဟုပြောသည်။


ဒီခေတ်နေ
From: yangon mediagroup

အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့သက်သေအထောက်အထားများအရ တရားစွဲဆိုသွားမည်ဟု မချိုချိုမှ မြန်မာနိုင်ငံသတင်းထောက်များကွန်ရက်ရုံးခန်းတွင် ၂၀-၇-၂၀၁၃ နေ့လယ် ၁၁ နာရီတွင် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

Posted by drmyochit Saturday, July 20, 2013, under | No comments


ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ်ဇာတ်အဖွဲ့နဲ့အတူ သီချင်းသီဆိုရန် ထွက်ခွာသွားတဲ့ အဆိုတော်ဆိုတေး၊ ဇနီးဖြစ်သူမချောချောနှင့် ယာဉ်မောင်း၊ မိတ်ဆွေအမျိုးသမီးတစ်ဦးတို့ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဇနီးဖြစ်သူ မချောချော ပွဲချင်းပြီးသေဆုံးသွားသလို အဆိုတော်ဆိုတေးဟာလည်း မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရဆဲအချိန်မှာပဲ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ မိမိရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်ဆိုတေးအား ထိုင်းနိုင်ငံကို ခေါ်ဆောင်ကုသပေးမည်ဟူသည့် သတင်းများ ကျယ်ကျယ်ပြန့် ပြန့်ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြန်မာ့အလင်းသတင်းစာ ဇူလိုင် ၁၉ ရက်နေ့ထုတ်မှာတော့ အဆိုတော်ဆိုတေးရဲ့ မိဘ ညီအစ် ကိုမောင်နှမများရဲ့ ဖြေရှင်းချက်လို့အမည်တပ်ထားတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန် လာပါတယ်။

ကွယ်လွန်သွားရှာတဲ့ မချောချော (ခ) မ၀င့်ကုဋေသူဟာ ကျွန်တော်ဦးတင်မြင့်ရဲ့သား ဆိုတေး၏ ဇနီးဖြစ် ပါကြောင်း၊ ၁၆-၁၁-၂၀၁၂ နေ့တွင် နှစ်ဖက်မိဘများနှင့် သထုံခရုင်တရားသူကြီး ဒေါ်အေးအေးသင်း တို့ ၏ရှေ့မှောက်မှာ နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး အကြင်လင်မယားအရာရောက်ခဲ့ပြီးဖြစ်ကြောင်း စ သဖြင့် ကြေညာ ချက်ထွက်ပေါ်ပြီးနောက်တစ်ရက်မှာပဲ အဆိုတော်ဆိုတေးဟာ မိမိရဲ့ခင်ပွန်းဖြစ်ကြောင်း ၂၀-၇-၂၀၁၃ ရက်နေ့ စနေနေ့ နေ့လယ် ၁၁ နာရီမှာ ကာယကံရှင် စီဆူဒါးထိုင်းမိုင် (ခ) မချိုချိုက မြန်မာနိုင်ငံ သတင်းထောက် များကွန်ရက် ရုံးခန်းမှာ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

မီဒီယာအများအပြား၊ သတင်းထောက်အများအပြားတက်ရောက်လာတဲ့ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မချိုချိုက
''အခုလို စာနယ်ဇင်းသတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရတဲ့အကြောင်းအရင်းကတော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ကစပြီး မိမိနှင့်အဆိုတော် ဆိုတေးတို့ဟာ အကြင်လင်မယားအဖြစ် အတူတူပေါင်း သင်းနေ ခဲ့ကြကြောင်း အဆိုတော် ဆိုတေး သတိမရသေးတဲ့အချိန်မှာ မိမိဟာ အဆိုတော်ဆိုတေးနဲ့ မပတ်သက်ကြောင်း ထုတ်ပြန်ကြေညာလာတဲ့အတွက် မိမိအနေနဲ့ ဂုဏ်သိက္ခာထိခိုက်ခဲ့ကြောင်း၊ မိမိ အနေနဲ့ သက်သေအထောက်အထားပြစရာ အများကြီးရှိကြောင်းနဲ့ အသိ သက်သေတွေလည်းရှိပါကြောင်း တကယ် လို့ အဆိုတော်ဆိုတေး သတိပြန်ရ လာတဲ့အချိန်မှာ မိမိကိုသူ့ဇနီးအဖြစ် လက်ခံ၊ မခံဆိုတာ တိကျတဲ့ အဖြေ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ အကယ်ရွေ့ အဆိုတော်ဆိုတေးမှ မိမိအား ၄င်း၏ဇနီးအဖြစ် လက် မခံ၊ ငြင်းပယ်ခဲ့မယ်ဆိုရင်ဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တင်ပြကာ တရားစွဲ ဆိုသွား မှာဖြစ်ကြောင်း တက်ရောက်လာကြတဲ့ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရှိရ ပါတယ်။

ဘယ်သတင်းဟာ အမှန်အမှားဆိုတာနဲ့ ဘယ်ဇနီးဟာ မိမိရဲ့တရားဝင်ဇနီးဖြစ်ကြောင်း အတည်ပြုပေးနိုင် မယ့် ကာယကံရှင်ဖြစ်သူ အဆိုတော်ဆိုတေးကတော့ ယခုအခါ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သတိပြန် လည်ရ ရှိလာစေ ဖို့အတွက် သက်ဆိုင်ရာဆရာဝန်ကြီးများ၊ မိသားစုများက အပူတပြင်း ဂရုစိုက်ဆေး ၀ါးကု သနေကြောင်း သိရှိရတဲ့အတွက် ဘယ်သတင်းအမှန်၊ အမှားနဲ့ ဘယ်သူဟာ တရားဝင် ဇနီး အစစ် အမှန် ဆိုတာကို အဆိုတော် ဆိုတေးမှာအပ ဘယ်သူမှသိနိုင်မှာမဟုတ်ကြောင်းလည်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကိုတက်ရောက်လာတဲ့ သတင်းထောက်များက မှတ်ချက်ပြုခဲ့ကြကြောင်း သိရှိရပါတယ်။

The First Media Group

အရေးပေါ် အခြေအနေ ကြေညာခြင်းအား ရုပ်သိမ်းခြင်း

Posted by drmyochit Saturday, July 20, 2013, under | No comments

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
ဥပဒေ ကဲ့သို့ အာဏာ တည်သော အမိန့်အမှတ်(၂/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆို လဆန်း ၁၃ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်)

အရေးပေါ် အခြေအနေ ကြေညာခြင်းအား ရုပ်သိမ်းခြင်း

၁။ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင် မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ် အေးချမ်းမှု ပျက်ပြားသည့် ပဋိပက္ခများ ဖြစ်ပေါ်မှုအား ဥပဒေကဲ့သို့ အာဏာတည်သော အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်အမှတ် (၁/၂ဝ၁၃) ကို (၂၂-၃-၂ဝ၁၃) ရက် တွင် ထုတ်ပြန် ကြေညာ၍ ထိန်းသိမ်း ခဲ့ပါသည်။

၂။ (၂ဝ-၅-၂ဝ၁၃) ရက်တွင် အမိန့် ထုတ်ပြန်သည့် ရက်(၆ဝ) ပြည့်သော်လည်း တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရန် လိုအပ်သဖြင့် အဆိုပါ အမိန့် ထုတ်ပြန်မှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ အတည်ပြုချက် ရယူရန်နှင့် သက်တမ်း တိုးမြှင့် ပေးရန် တို့အတွက် (၂၁-၅-၂ဝ၁၃) ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အထူး အစည်းအဝေးသို့ တင်ပြခဲ့ရာ ကနဦး ထုတ်ပြန်ခဲ့သည့် အမိန့်ကို အတည်ပြုပြီး၊ အထူး အစည်းအဝေး ပြုလုပ်သည့် ရက်မှ စ၍ ရက်ပေါင်း (၆ဝ) အထိ ဆက်လက် အာဏာ တည်စေရန် အတည်ပြုခဲ့ပါသည်။ ထိုသို့ ဆက်လက် အာဏာတည်သည့် ရက်သည် (၁၉-၇-၂ဝ၁၃) ရက်တွင် ရက်(၆ဝ)ပြည့်ပြီး ဖြစ်ပါသည်။

၃။ မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ် နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ် အေးချမ်းမှု ရရှိပြီး ဖြစ်သောကြောင့် ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်အား ယနေ့မှစ၍ ရုပ်သိမ်းလိုက်သည်။

                                                                    (ပုံ) သိန်းစိန်
                                                                နိုင်ငံတော် သမ္မတ
                                                    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

http://www.president-office.gov.mm/zg/briefing-room/news/2013/07/20/id-3993

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်