Tuesday, July 23, 2013

မရိုးနိုင်တဲ့ဖက်ရှင်နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်

Posted by drmyochit Tuesday, July 23, 2013, under | No comments

ခေတ်ရဲ့ တိုးတက်မှုတွေနဲ့အပြိုင် ခေတ်ကိုထင်ဟပ်စေမယ့် ဖက်ရှင်ဒီဇိုင်းတွေကလည်း တစ်မျိုးထက် တစ် မျိုး ဆန်းသစ် လာနေခဲ့ပါပြီ။ ဖက် ရှင်ဒီဇိုင်းတွေ ဘယ်လောက်ဆန်းဆန်းမြန်မာဆန်တဲ့ ဖက်ရှင်ဒီဇိုင်းကိုသာ နှစ်ခြို က်စွာ ဝတ် ဆင်နေတဲ့ သူကတော့ ဒါရိုက်တာကြည်ဖြူသျှင်ပဲ ဖြစ် ပါတယ်။ မြန်မာအမျိုးသမီး တစ်ယောက် အနေ နဲ့ မြန်မာဝတ်စုံကို တမြတ်တနိုးဝတ်ဆင်နေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် ရဲ့ဖက်ရှင် အပေါ် အမြင်ကလည်း စိတ်ဝင်စားစရာ ကောင်းလှတဲ့ အတွက် မေးမြန်းဖော်ပြလိုက်ရပါတယ်။

အနောက်တိုင်းဖက်ရှင်မှ မြန်မာဆန်တဲ့ဖက်ရှင်

" ကျွန်မက အရင်တုန်းကဆိုရင် ဘောင်းဘီကို အဓိကဝတ်တဲ့သူပါ။ ထဘီဝတ်ရမှာ တအားကြောက်တယ်။ ထဘီဝတ်ရင်စိတ်ထဲမှာ မလွတ်လပ်သလိုခံ စားရတယ်။ ဒါကြောင့်လည်း ငယ်စဉ်ကတည်းက တောက်လျှောက် ဘောင်းဘီကိုပဲ ဝတ်ဖြစ်ခဲ့တယ်။ အဲဒီလိုကနေတောက်လျှောက်ထဘီပဲဝတ်ဖြစ်လာတာ ၂ နှစ်ကျော်လောက် ရှိသွားပြီ။

ဘာကြောင့်လဲဆိုတော့ အဲဒီကာလမှာ ကျွန်မရဲ့ဝန်းကျင်မှာ ကြည့်တဲ့အခါ ထဘီဆိုတာ မဝတ်သလောက်ရှားလာတယ်။ ပိုဆိုးတာက ကျွန်မရဲ့အရှေ့မှာ ထဘီကိုပဲ ဝတ်ခဲ့တဲ့သူတွေက ဘောင်းဘီတွေ၊ စကတ်တွေပဲ ဖြစ်လာတယ်။ တောက်လျှောက် ထဘီတွေပဲဝတ်လာခဲ့ပြီးမှ ဘာကြောင့် ဘောင်းဘီတွေ ပြောင်းကုန်တာလဲ။ သူတို့ စိတ်ထဲမှာ
ထဘီကို ဗမာဆန်ဆန်ဝတ်တာကပဲ သိမ်ငယ်တယ်လို့ ထင်လို့လား။ ဒါမှမဟုတ်ရင် ဘောင်းဘီတွေ၊ စကတ်တွေဝတ်တော့မှပဲ လူတောတိုးတယ်ထင်လို့လား။

ဒါကြီးက မဟုတ်သေးဘူးလို့ ခံစားရတယ်။ အဲဒီနောက် ပိုင်းမှာကိုယ်ကိုယ်တိုင်က ထဘီကို သတိထားပြီး ဝတ်ဖြစ်လာတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုအရ ထဘီနဲ့ဗမာဆန်ဆန်ဝတ်တဲ့အခါမှ
နိုင်ငံခြားသားတွေရှေ့မှာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။ ထဘီဝတ်ရတာ သိမ်ငယ်စရာ မဟုတ်ပါဘူး။"

ရိုးရှင်းမှုနဲ့ မြန်မာဝတ်စုံ

" ဗမာဆန်တဲ့ အဝတ်အစားဝတ်တဲ့အခါမှာ ထွင်ပြီး ဝတ်တာဝါသနာပါတယ်။ ချည်ထည်ဆိုရင်တောင်မှချည်ထည်ကိုပဲ ဒီဇိုင်းအမျိုးမျိုးနဲ့ထွင်ပြီး ဝတ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျွန်မဝတ်တဲ့ ဖက်ရှင်ဒီဇိုင်းက ၂ မျိုးပဲ ရှိတော့တယ်။ လူတွေတော်တော်များများကလည်း ကျွန်မကိုမှတ်မိနေကြတယ်။ ကျွန်မအနေနဲ့ ထပ်ပြီးချုံ့လိုက်ရတဲ့
အကြောင်းအရင်းက တချို့မိန်းကလေးတွေက တွေးကြပါလိမ့်မယ်။

အနုပညာရှင်တွေက ချည်ထည်တွေဝတ်ပေမယ့် ထွင်ဝတ် ကြတာလေ။ လှအောင်ထွင်ဝတ်ရတယ်ဆိုတာပိုက်ဆံကုန်တာပဲဆိုတဲ့အကြောင်း တွေးလာလိမ့်မယ်။ အဲဒီအတွက်ကြောင့် မထွင်တော့ဘဲနဲ့ ဒီဇိုင်း၂မျိုးတည်းကိုပဲ ဝတ်တော့တယ်။ ဒီ ၂ မျိုးက ရိုးရိုးလေးပဲ။ အဝတ် အစားတီထွင်မှုကြောင့် ကြည်ဖြူသျှင်ကို လူသိတာမဟုတ်ဘူး။ ကြည်ဖြူသျှင်ဝတ်တဲ့ ပုံစံကဒီ၂မျိုးပဲဝတ်တယ်။ ဒါပေမဲ့ ဘာကြောင့် ကြည်ဖြူသျှင်ကိုလူသိသလဲ။ ကြည်ဖြူသျှင် အနုပညာအလုပ် လုပ်တယ်။


ကြည်ဖြူသျှင်ပရဟိတတွေလုပ်နေတယ်။ ပြောချင်တာကတော့ အဝတ်အစားက အဓိကမဟုတ်ဘူးဆိုတာပြောချင်တာ။ ဒီအဝတ်အစားရဲ့ ဒီဇိုင်းက အဓိကမဟုတ်ဘူး။ ဒီဇိုင်းဆိုတဲ့နေ ရာမှာလည်းကျွန်မကအရိုးရှင်းဆုံး ဒီဇိုင်းကိုဝတ်တာ။ ကျွန်မကိုလူသိတာ အဝတ်အစားဒီဇိုင်းကြောင့်မဟုတ်ဘူး။ ကျွန်မရဲ့လုပ်ရပ်ကြောင့်လေ။

ကျွန်မကို ခင်ကြတဲ့သူတွေ၊ ကျွန်မကို ချစ်ကြတဲ့သူတွေက ကျွန်မရဲ့အနုပညာနဲ့ လုပ်နေတဲ့ပရဟိတတွေကို သဘောကျတဲ့သူ တွေရှိတယ်။ ဒါကြောင့်လည်း ကြည် ဖြူသျှင်ကိုခင်ကြတာ။"

ဖက်ရှင်ပေါ်အမြင်

" ဖက်ရှင်ဆိုတာ လူတိုင်းမှာ ရှိသင့် ပါတယ်။ကိုယ်နဲ့လိုက်တဲ့ ဖက်ရှင်ကိုလည်း ရွေးနိုင်ရမယ်။ဒီအဝတ်အစား တစ်ခုကသူ နဲ့ လှပေမယ့် ကိုယ်နဲ့လှချင်မှ လှတာပါ။ ကိုယ့်ရဲ့ဖက်ရှင် ကလည်း သူများလေးစားစရာ အထင်ကြီးစရာ ဖြစ်နေရမယ်။ ဝတ်ထားတဲ့ ဖက်ရှင်ပေါ်ကြည့်ပြီး သူများနှာခေါင်းရှုံ့စရာ မဖြစ်သင့်ဘူး။ နိုင်ငံခြားသားနဲ့တွေ့တဲ့ အခါမှာ တော့မြန်မာဝတ်စုံကို တင့်တင့်တယ်တယ်ဝတ်ပါ။"

လင်းအက္ခရာ - Popular Journal

ချမ်းချမ်းရဲ့ မင်္ဂလာပွဲအပြီး နေနေရဲ့ မင်္ဂလာပွဲ လာဦးမည်

Posted by drmyochit Tuesday, July 23, 2013, under | No comments


မင်္ဂလာဆောင်တော့မယ်လို့ အရင်ဆုံးသတင်းကြားတာကတော့ အဆိုတော်နေနေပါ။ အခုတော့ ညီမဖြစ် သူ ချမ်းချမ်းက မင်္ဂလာ အရင်ဆောင်ဖြစ်သွားပါတယ်။ သူ့ရဲ့မင်္ဂလာပွဲကိုတော့ ၂ဝ၁၄ကျမှပဲ ကျင်းပ မှာဖြစ်ကြောင်း ပြောပါတယ်။ ချမ်းချမ်းရဲ့ မင်္ဂလာကိစ္စက ရုတ်တရက်ပေါ်ပေါက် လာတာဖြစ်ပြီး သူ့ရဲ့မင်္ဂလာ ကိစ္စကိုတော့ နေနေက..

"သူတို့ကလည်း ရုတ်တရက် ဖြစ်သွားတာ၊ ကြိုတင်စီစဉ်ထားတာတော့ မဟုတ်ဘူး။ တစ်လအလိုကျမှ ဖွင့်ပြော တာ။ သူတို့ လက်ထပ်တော့မယ်တဲ့။ အစက သူကချောဆွဲနေ သေးတယ်။ နေနေ့ ဒီဗီဒီကထွက် ထားတာ မကြာသေးဘူး။ အနုပညာ အလုပ်တွေ ဆက်လုပ်ချင်သေးတယ်။ ဒီနှစ်တော့ မယူသေးဘူး။ ရှေ့ နှစ်မှ ယူမှာပါ။ လကတော့ ရွေးနေတုန်းပဲ။ သူက ဒီနှစ်မှာ သင်္ဘော တက်မယ်။

သူပြန်လာတာနဲ့ယူမှာဆိုတော့ တစ်လအတွင်းမှာ မင်္ဂလာ ကိစ္စကို စီစဉ်မှာပါ" လို့ ပြောပါတယ်။ နေနေတို့ ညီအစ်မ လေးယောက်ထဲမှာတော့ ချမ်းချမ်းက အငယ်ဆုံး ဖြစ်တာကြောင့် မင်္ဂလာပွဲ ကိုလည်းအကောင်းဆုံး ပဲဖြစ်စေချင်ကြောင်းကိုလည်း နေနေက "အငယ် ဆုံးကကားတွေ အကုန်ကျော်တက်သွားတာ ပေါ့။
ကိုယ့်ရဲ့မိသားစုထဲမှာ သူကပထမဦးဆုံး မင်္ဂလာဆောင်တာဆိုတော့ အငယ်ဆုံးလည်း ဖြစ်တယ်ဆိုတော့ အားလုံးက အကောင်းဆုံး ဖြစ်စေ ချင်ကြတယ်။ စေတနာပေါ့။ မိသားစုတွေ ဖြစ်တော့ သူတို့စိတ် မချမ်းသာမှာ သူတို့ အဆင် မပြေမှာ တအားစိုးရိမ်တယ်။

အကုန်လုံးပျော် ပျော်ရွှင်ရွှင် ဖြစ်စေချင်တယ်။ အဖေတို့ အမေတို့ကတော့ သူတို့အသည်းဆိုတော့ အားလုံးက တကယ့်ကို စေတနာ အပြည့်ရှိကြတယ်။ ဆိုးသည်ကောင်းသည် မပြောချင်ဘူး။ ကိုယ်က ဆုတောင်းပေးမယ်။ တစ် သက်လုံးလက်တွဲနိုင်ကြပါစေ။

အဆင်ပြေကြပါစေ။ သူကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တော့ ပရိသတ်တွေက နားစွင့်နေကြတယ်လေ" လို့ ပြောပါ တယ်။ နေနေနဲ့ သူ့ရဲ့ချစ်သူ လင်းမြိုင် တို့က ချစ်သူသက်တမ်း၈နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူကြောင့် အနုပညာလောကထဲကို ရောက်လာခြင်းဖြစ်ေ ကြာင်းကို နေနေက "သူကတော့ နေနေ့ကို နားလည်ပေးပါတယ်။

သူ့ကြောင့်လည်း အနုပညာ လောကထဲ ရောက်လာတာပါ။ သူ့ကြောင့် ၉ဝရာခိုင်နှုန်း လောက်ပါတာဆိုတော့ သူက အစစ အရာရာနား လည်ပေး တယ်။ ကိုယ့်အပေါ်မှာ နားလည် ပေးတဲ့အတွက်ကြောင့် သူ့ကိုလည်း ကိုယ်က ပြန်နားလည်ပေး တယ်။ ညှိရတာတွေလည်း အများကြီးရှိတယ်။ ၈နှစ်ဆိုတဲ့ အချိန်က နည်းတာမှ မဟုတ်တာ။ တစ်ယောက်နဲ့တစ်ယောက် ကွဲမယ့် အခြေအနေတွေလည်း ဖြစ် သွားသေးတယ်။ ဒါပေမဲ့ ပြန်ပြီး အဆင်ပြေသွားပါတယ်" လို့ ပြောပါတယ်။ နေနေက 'ဆူးစူးသူ' ဒီဗီဒီ ထွက်ရှိထားပြီး ကြော်ငြာ သီချင်းတွေလည်း သီဆိုထားသလို၊ ရှိုးပွဲတွေလည်း ဖျော်ဖြေဖို့ရှိေ ကြာင်း ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း
Thit Htoo Lwin

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်းမှုကိစ္စ ပြည်သူများသို့အသိပေးကြေငြာခြင်း

Posted by drmyochit Tuesday, July 23, 2013, under | No comments

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက် ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃) ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို.ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။

၂။ ဤဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားပါ သည်။

၃။ SEA-ME-WE 3 ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်းတစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ်ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချို.ယွင်းမှုသည် ပင်လယ်အတွင်း ( ၁၃ ) ကီလိုမီတာခန်.တွင် ဖြစ်နိုင်ကြောင်းတိုင်း တာ တွေ.ရှိရပါသည်။

၎။ ဤချို.ယွင်းမှုအား စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်း ရေးအဖွဲ.နှင့် ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင် ရန်ဆောင်ရွက်လျှက်ရှိပါသည်။ ပြုပြင်ရန် ခန်.မှန်း ကြာမြင့်ချိန်မှာ (၁) လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

source::http://www.mcit.gov.mm/mcpt/
credit to: Yangon Media Group

အစိုးရပိုင်သင်္ဘောမှ ၀န်ထမ်းတစ်ဦး ခရီးသည်ကို အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

Posted by drmyochit Tuesday, July 23, 2013, under | No comments

အစိုးရဌာနတစ်ခုဖြစ်သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောတစ်စီးမှ ၀န်ထမ်း တစ်ဦးသည် ခရီး သည် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲတိုင်တန်းခံထားရကြောင်း ဆိပ်ကမ်း မြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဦးက ဇူလိုင် ၂၁ ရက်က မဇ္ဈိမကိုပြောသည်။

“လောလောဆယ် တရားခံက ရှောင်နေပါတယ်။ ရေကြောင်းပို့ဆောင်ရေးဌာနဘက်ကတော့ တရားခံကို အပ်ပေး မယ် ပြောတယ်။ သင်္ဘောရဲ့ အခန်းစောင့်ဝန်ထမ်းလို့လည်း သိထားပါတယ်” ဟု စခန်းမှူးက ဆက်ပြော သည်။

လက်ရှိအချိန်တွင်မှု တိုင်တန်းသူများကို စစ်ဆေးမေးမြန်းနေပြီး ကျူးလွန်ခံရသူ မိန်းကလေးငယ်အား ရန်ကုန်ဆေး ရုံကြီးတွင် ဆေးစစ်နေပြီး အမှုတည်ဆောက်ပြီးပါက အခင်းဖြစ်ဒေသ၏ အပိုင်ရဲ စခန်းဖြစ်သော ရွှေလောင်းရဲစခန်းသို့ လွဲပြောင်းပေးအပ်သွားမည် ဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။

အမှုဖြစ်ပွားသည်မှာ ဇူလိုင် ၁၄ ရက် ၁၂ နာရီအချိန်ကဖြစ်ပြီး ကျူးလွန်ခံရသည့် မိန်းကလေးမှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မိန်းကလေးသည် သူ့နေရပ် လပွတ္တာမြို့နယ်မှ ရန်ကုန်တွင် ကလေးဆေးကုရန် အစိုးရပိုင် ဝေဿန္တရာ သင်္ဘောဖြင့် အခန်းငှားကာ စီးနင်းလိုက်ပါစဉ် ညသို့ ရောက်သောအခါ အမျိုးသားတစ်ဦးက အခန်းတွင်းသို့ ၀င်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲကိုထွက်ဆို ထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲတိုင်တန်းခံရသူမှာ ကိုလွင်မောင်ဌေးဆိုသူ သင်္ဘောသား ဖြစ်သည်ဟု ရဲများက ထုတ်ပြန်ထားသည်။

သူ့ကို စွပ်စွဲတိုင်တန်းမှုကို ဆိပ်ကမ်းရဲစခန်းက အမှုအမှတ်(ပ)၁၉၉/၁၃ဖြင့် အမှု ဖွင့်ထားပြီး ၎င်းသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆/ ၃၅၄ တို့ဖြင့် တရားစွဲခံရနိုင်ချေ ရှိသည်ဟု ရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ

Posted by drmyochit Tuesday, July 23, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၂၃

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တော အိမ်အနီးရှိ ကွမ်းခြံအတွင်း ဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စုံစမ်းဖော် ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံ ဖော်ထုတ်ရရှိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ တပ်ဖွဲ့ဝင်များပူပေါင်း၍ စုံစမ်း ဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်း ကပ်နေထိုင်သော ယခင်ကလယ် ပြဿနာ ဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ ရုံကျေးရွာ၊ တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို ကျေးရွာ နေသူများ ဖြစ်သည့် အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊ (ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊ (၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး ၎င်းမှလည်း ပြစ်မှုကျူးလွန်ရာတွင်အတူ ပါဝင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့် ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန် ခဲ့ကြကြောင်း ၀န်ခံထွက်ဆိုကြပြီး အသုံးပြုခဲ့သည့် သက်သေခံဓါးနှင့် ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ များအား အပ်ပေးသဖြင့် သိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

ဆိုတေးဇနီး ဝင့်ကုဋေသူ အတွက် ငိုခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်း

Posted by drmyochit Tuesday, July 23, 2013, under | No comments


ဝိုင်းစုခိုင်သိန်းက သူရဲ့ စုံတွဲ အခွေ အတွက် ဇူလိုင်လ ၁ဝ ရက်နေ့ ကဆိုတေးနဲ့ အတူ Pro Music Studio မှာ တွေ့ဆုံခဲ့ပါတယ်။ ဆိုတေးရဲ့ ဇနီး ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)ချော ချောကလည်း အဲဒီနေ့က လိုက်လာခဲ့ ပါတယ်။

"ဝိုင်းစုရဲ့ အတွဲခွေ အတွက် ဆို တေးက သီချင်းတီးဖို့ လာလုပ်ပေး တယ်။ စတူဒီယိုရှေ့က သဘာဝ ဆိုင်မှာ အတူတူ စားသေးတယ်။ အဲဒီကောင် မလေး နဲ့ ဝိုင်းစုနဲ့ ဆိုရင် ဝိုင်းစုဘေး ကပ်ရပ် တင်စားတာ။ တအား အေး တာ။ ဆိုတေးက တစ်ချိန်လုံး နောက်နေတာပဲ။ သူက ပြုံးပြုံးလေးပဲ ချစ်ဖို့ ကောင်းတယ်။ အရင်တစ်ခေါက် သထုံမှာ သီချင်းသွားဆိုတော့ တွေ့ ဖူးတယ်။ အဲဒီတုန်းက သေချာမသိ လိုက်ဘူး။ ၁ဝ ရက်နေ့ကမှ သေချာ စကားပြောပြီး သူနဲ့ ဓာတ်ပုံတွေ ရိုက် တယ်။ သူ့ကင်မရာထဲမှာ လည်း နှစ် ယောက်တွဲ ဓာတ်ပုံ ရိုက်သေးတယ်။ ဆိုတေးကတောင်မှ ဝိုင်းစုနဲ့ ဆိုတဲ့ သီချင်းက အဲဒီ ကောင်မလေး ကြိုက် လို့ဆိုတဲ့ သီချင်းတဲ့။ မဆိုဘူးဆိုရင် စိတ် ကောက်မယ်လို့ လုပ်တယ်ဆိုပြီး စနေသေးတယ်" လို့ပြန်လည်ပြောပြခဲ့ပါတယ်။

ဆိုတေးတို့ ကားအက်ဆီးဒင့်ဖြစ် ပြီး ဝင့်ကုဋေသူ ကွယ်လွန်သွားတာ ကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်ဆို တဲ့ ဝိုင်းစုခိုင်သိန်းက

"သူဆုံးသွားပြီ ဆိုတော့ ယုံကို မယုံနိုင်ဘူး။ ကိုယ်နဲ့ တွေ့ထားတာ မှ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ ဆို တေးလည်း အခြေအနေမကောင်း ဘူးလို့ ကြားတော့ တောက် လျှောက် သတင်းမေးနေတာ။ နေပြည်တော်က အသိ ကိုလည်း လိုက်သွားဖို့ ပြောတော့ သူ လည်းလိုက်သွားတယ်။ ဆေး ရုံ ကိုတောက်လျှောက် သတင်း လှမ်းမေးနေတာ။ အဲ ဒီကောင်မလေး ဆုံး သွားတော့ ဝိုင်းစုတို့ ငိုရ တယ်။ ဝိုင်းစု ရော၊ ဝိုင်းစုအမေ ရော၊ ဝိုင်းစု မိတ် ကပ်ဆရာရော အကုန်ငို ကြတယ်။

စတူဒီယို ရောက် တော့အသံသွင်းခါနီးမှာ ဆိုတေး သတင်း ထပ်ကြား တာက ဆိုတေးက ပရက်ရှာကျနေတယ်။ အခုတော့ ပရက်ရှာ နည်းနည်း တက်လာတယ်။ အားလုံး ဘုရားစာ ရွတ်နေပြီ တဲ့၊ ဆုံးခါနီး ရွတ်တဲ့ ဘုရား စာ ပေါ့။ အဲဒီတော့ ငိုရပြန်ရော၊ အသံသွင်းတာကို အဲဒီနေ့က တစ်ချိန် လုံး ငိုပြီး အသံသွင်းရတယ်။ ဆိုတေးနဲ့ ဆိုမယ့် သီချင်းနာမည်က "အသက်ရှု မှားအောင်" တဲ့၊ တကယ်ပဲ အဲဒီလို ဖြစ် သွားတာပဲ။ အခုတောင် ဝိုင်းစု စဉ်း စားနေတာ သူ အဲဒီနေ့က အကြမ်း ဆိုထားတာကို အသံဖမ်းထား တာကိုပဲ ထုတ်ရမလား၊ ဘယ်လို ဖြစ်မလဲ မသိဘူး။ အမှတ်တရ ဖြစ်သွားတာပေါ့။ ဆိုတေး သတိ ရလာရင် ဆေးရုံမှာဆိုတော့ ချော ဒီလိုဖြစ်တယ် ဆိုတာကို ချက် ချင်းမပြောသေးဘူးတဲ့။ သူ့နေ ရာမှာ ကိုယ်လည်းမခံစားနိုင်ဘူး။ ဆို တေးအတွက်တတ်နိုင်သမျှ အကောင်း ပကတိ အတိုင်းဖြစ်ပါစေလို့ ဝိုင်းစု ဆု တောင်းနေမှာပါ"လို့ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

ဘာသာတစ်ခုနှင့်တစ်ခု ယုံကြည်မှုကင်းမဲ့နိုင်ခြင်းကြောင့် တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ဟုဆို

Posted by drmyochit Tuesday, July 23, 2013, under | No comments


ဦးဝီရသူနှင့် ပတ်သက်ပြီး ရေးသားထားသော တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးရေး သားမှုမှာ ဘာသာတစ်ခုနှင့် တစ်ခုအကြား ယုံကြည်မှု ကင်းမဲ့နိုင်ခြင်းကြောင့် ကန့်ကွက် ရခြင်းဖြစ် သည်ဟု ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့က ပြောဆို လိုက်သည်။

ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddihist Terror ဆောင်းပါးကို မြန်မာနိုင်ငံ ရှိ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကန့် ကွက်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်ကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဇူလိုင် ၂၂ ရက်က ကြေညာခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ရေးသားခြင်းကို ၀င်ရောက် စွတ်ဖက်လိုခြင်း မရှိဟုလည်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ အစ္စလာမ်ဘာသာအဖွဲ့ နာယက ဦးလှမောင် ကဆိုသည်။ ၄င်းက “အန်ကယ်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်နေတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်မရှိအောင်၊ ပြဿနာဖြစ်အောင်၊ ထင်ယောင်မြင်ယောင် ဖြစ်စေတယ်ဆိုတဲ့ သ ဘောကြောင့် (တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ခြင်း ထုတ်ပြန်ချက်) ထုတ်ပြန်တာပါ”ဟု မဇ္ဈိမသို့ ပြောသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာအဖွဲ့ဥက္ကဌ ဦးစိန်ဝင်းအောင်ကလည်း “ဗုဒ္ဓဘာသာတွေကို အခြားဘာသာတွေက အထင်လွဲမှာစိုးလို့ လုပ်လိုက်တာပါ။ ငြိမ်းချမ်းရေးနည်းနဲ့ ဆောင်ရွက်ဖို့ လမ်းညွှန်နေတဲ့ ဗုဒ္ဓဘာသာဆရာတော်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တာပါ။ ဆိုလိုတာကတော့ ဆရာတော်တွေ ဒါတွေ ဆက်ထိန်းပေးပါလို့ပြောချင်တာ” ဟု ကြေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။

ယင်းသို့ ကြေညာချက်ထုတ်ပြန်ခြင်းမှာ ဇူလိုင် ၂၁ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးအတွင်း သမ္မတနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံပြီ နောက်တစ်ရက်တွင် ဖြစ်သည်။

ကြေညာချက်တွင်၂၀၁၃ခုနှစ် ဇူလိုင် ၁ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးတွင် ရေးသားဖော်ပြချက်သည် “ထေရ၀ါဒ ဗုဒ္ဓဘာသာအပေါ် အခြားဘာသာဝင်များက အထင်အမြင်လွဲမှားအောင် လှုံ့ဆော်ရာရောက်သည်ဟု ယူဆပါကြောင်း၊ လက်ရှိ အကောင်အထည်ဖော်နေသည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး လုပ်ငန်း စဉ်များကို တစ်နည်းနည်းဖြင့် ထိခိုက်ပျက်ပြားစေနိုင်သောကြောင့် ပြည်ထောင်စု သမ္မတနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း” ဟု ရေးသားထားသည်။

အဆိုပါ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာမှ ခေါင်းဆောင်များ စုပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

မင်းမင်း | အင်္ဂါနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၅ မိနစ်
မဇ္ဈိမ

"မန္တလေးမြို့ ဗုံးပေါက်ကွဲမှု အစွန်းရောက်လက်ချက်ဟု ဦးဝီရသူဆို"

Posted by drmyochit Tuesday, July 23, 2013, under | No comments

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ရဲ့ တရားပွဲအနီး လက်လုပ်ဗုံးလို့ ယူဆ ရတဲ့ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ဟာ အစ္စလာမ်အစွန်းရောက်တွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆို ပါတယ်။

ဒီလုပ်ရပ်ဟာ အစ္စလာမ် အစွန်းရောက်တွေရဲ့လုပ်ရပ်ပါ၊ သာမန်ရိုးရိုး မွတ်စလင်ဘာသာဝင်တွေက ဒီလိုမျိုး မလုပ်ပါ ဘူးလို့ ဆရာတော် ဦးဝီရသူ က မိန့်ကြားကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ပေါက်ကွဲ မှုဖြစ်ပွားခဲ့ အပြီး RFA က ဆက်သွယ်လျှောက်ထားခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်လောက်က ခြိမ်းခြောက် တဲ့ စီဒီခွေ တစ်ခွေ ထွက်လာတာ တွေ့ရတယ်လို့ ဦးဝီရသူက မိန့်ခဲ့ပါတယ်။

ဦးဝီရသူ တရားဟောတဲ့နေရာနဲ့ အနည်းဆုံး ကိုက်တစ်ရာအကွာမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ကားတစ် စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး၊ လူ (၅) ယောက် ဒဏ်ရာအနည်းငယ်စီ ရခဲ့ကြပါတယ်။

ပေါက်ကွဲခဲ့တဲ့ဗုံးဟာ အသေးစား လက်လုပ်ဗုံးဖြစ်မယ်လို့ရဲက ခန့်မှန်းပြောဆိုခဲ့ပေမဲ့၊ အသေးစိတ်စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးမှသာ အသေးစိတ်ပြောနိုင်မယ်လို့ ဆိုပါတယ်။

RFA Burmese

ဗုဒ္ဓဂါယာကို ဗုံးနှင့်တိုက်ခိုက်၍ ကော့စ်ဘဇားတွင် ဘာသာကြီး သုံးရပ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြ

Posted by drmyochit Tuesday, July 23, 2013, under | No comments



ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခေါ် ဖလောင်းချိတ် ခရိုင်မြို့တွင် ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များက လက်ချင်းချိတ်ပြီး အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာအား ဗုံးခွဲတိုက်ခိုက်မူကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

၎င်းဆန္ဒုပြပွဲအား ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ညီညွှတ်ရေး အဖွဲ့မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ယမန်နေ့ ( တနင်္ဂနွေ)နေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ကော့စ်ဘဇားမြို့ ခရိုင် ကောင်စီ ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ဇူလိုင်လ ၇ ရက်နေ့က ဗုဒ္ဓဂါယာရှိ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ မဟာဗေါဓိနှင့် တစ်ခြား နေရာ နှစ်ခုအား ဗုံးခွဲတိုက်ခိုက်မူကို မိမိတို့ ရှုတ်ချကြောင်း၊ သက်ဆိုင်ရာ အိန္ဒိယ နိုင်ငံ အနေဖြင့် အမြန်ဆုံး တရားခံများအား ရှာဖွေ ဖေါ်ထုတ်ဖမ်းဆီးရန် လိုအပ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့ အစိုးရ အနေဖြင့်လည်း နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ တရားခံများကို ဖမ်းဆီးရရှိရေး ကူညီရန် တောင်းဆိုကြောင်း စသဖြင့် ဆန္ဒပြ ခေါင်းဆောင်များက ပြောကြားသည်။

ဆန္ဒပြပွဲသို့ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကျော်သိန်း၊ ဒေါက်တာ မယဉ်နုနှင့် ရခိုင်အမျိုးသမီးများ တက်ရောက်ခဲ့ကြသည်။

(နိရဉ္စရာ- ၂၂ ဇူလိုင် ၂၀၁၃)

Telenor က ဖုန်းဆင်းကတ်ကို မြန်မာကျပ်ငွေ ၁၅၀၀ အောက်၊ ပြောဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်ထက် နည်းစေရန်၊ ဆင်းကတ်ဝယ်ယူနိုင်မည့်နေရာ ၇၀၀၀၀ နီးပါးနှင့် ငွေဖြည့်ကတ်ဝယ်ယူနိုင်ရန်နေရာ နေရာပေါင်း ၉ သိန်းမှ ၁၀ သိန်းအထိ သတ်မှတ်ဆောင်ရွက်မည်

Posted by drmyochit Tuesday, July 23, 2013, under | 1 comment


Telenor Group အနေဖြင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများပေးရန်အတွက် ဝန်ဆောင်ခ နှုန်းထားများကို သတ်မှတ်ခဲ့သည်။

ပြည်တွင်း လူတိုင်းအသုံးပြုနိုင်စေရန် Sim Card ကို မြန်မာကျပ် ငွေ ၁,၅၀၀ အောက်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ဖုန်းပြောဆိုခအနေဖြင့် တစ်မိနစ်လျှင် ၂၅ ကျပ်ထက် နည်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ် (CEO) Petter Furgberg က ၂၀၁၃ ခုနှစ် ၇လ ပိုင်း ၁၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Telenor Group မှ ရောင်းချသော Sim Card များအား ၀ယ်ယူနိုင်ရန် မြန်မာတစ်နိုင်ငံလုံး၌ နေရာပေါင်း ၇ သောင်းနီးပါးနှင့် ငွေဖြည့်ကတ် ဝယ်ယူနိုင်ရန် နေရာပေါင်း ၉ သိန်း မှ ၁၀ သိန်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ လုပ်ငန်းလိုင်စင်လက်ဝယ်ရရှိပြီးနောက် ကွန်ရက်ချိတ်ဆက်မှုကို စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့နေ ရာမှာ 2G စနစ်ရော 3G စနစ်ကိုပါ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Mr. Petter Furgberg က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအနှံ့ Telenor ၏ ဝန်ဆောင်မှုများကို အသုံးပြု၍ ရရှိအောင်ဆောင်ရွက် သွားမည်ဟု ဆိုသည်။ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကောင်းမွန်သည့် ကွန်ရက်ချိတ် ဆက်မှုဖြစ်စေရန် ပထမအချက်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင့်တော်သည့် ဈေးနှုန်းနှင့် လူတိုင်းအသုံးပြုနိုင်အောင် ဝန်ဆောင်မှုကို ဒုတိယအချက် အနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။ တတိယအချက်အနေဖြင့် မိုဘိုင်းဆက်သွယ်ရေးဆိုင်ရာ ကုန်ပစ္စည်းများအား ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ကွန်ရက်ချိတ်ဆက်မှုက အရေးကြီးဆုံးပါပဲ။ လိုင်စင် လက်ဝယ်ရရှိပြီး ၈ လအတွင်းမှာ ကွန်ရက်ချိတ်ဆက်မှုကို ဆောင်ရွက်မှာဖြစ်ပြီး ၅ နှစ်အတွင်းမှာ တစ်နိုင်ငံလုံး အသုံးပြုနိုင်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

မိုဘိုင်းဖုန်းကွန်ရက်ဖြန့်ကျက်ခြင်းအပြင်အင်တာနက်ကွန်ရက် ဖြန့်ကျက်ခြင်းကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ လက်ရှိ Telenor Myanmar အမှုဆာင်စီမံခန့်ခွဲမှု အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၎င်းခန့်အပ်မှု အားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ အတည်ပြုမှုကို စောင့်ဆိုင်းနေ သည်ဟု ဆိုသည်။ Telenor Group အနေဖြင့် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင် ရရှိပြီးနောက် အခြား ဆက်သွယ်ရေးအော်ပရေတာသုံးခုနှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ယှဉ်ပြိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
ရန်ကုန်၊ ဇူလိုင် ၁၈
Internet Journal

ကေအိုင်အို နယ်မြေအတွင်းရှိ ဒုက္ခသည်များကို ဆေးကုမည်

Posted by drmyochit Tuesday, July 23, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၂

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် ၂ နှစ်ကျော် နေရပ် စွန့်ခွာနေရသော ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သော ဒုက္ခသည်များကို ဇူလိုင်လ နောက်ဆုံး အပတ်၌ ဆေးဝါး ကုသမှု ပြုလုပ်ပေးမည်ဖြစ်ကြောင်း The Action Time Fountation မှ ဦးထင်အောင်က ပြောကြားသည်။

“အရင်တစ်ခါ သွားတုန်းက ဒုက္ခသည် စခန်းမှာ ဝမ်းရောဂါ ဖြစ်နေတဲ့ ကလေးတွေ ဆေးဝါး ကုသမှု လိုအပ်နေတာ တွေ့လို့ စီစဉ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများတွင် ဆေးဝါး ကုသမှုအပြင် စာသင်ကျောင်းများတွင် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဒုက္ခသည်များကို စိတ်ခွန်အား ဖြစ်စေရန် တေးသံရှင် ၁၅ ဦးတို့က ဂီတ ဖျော်ဖြေပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့ ဆေးရုံတွင် ကလေး အထူးကု ဆရာဝန် နှစ်ဦးဖြင့် ကုသပေးသော် လည်း ဒုက္ခသည် စခန်းများတွင် ဆရာဝန် မရှိ၍ သူနာပြုများက ကုသပေးနေရကြောင်း ယင်းဒေသသို့ သွားရောက် အကူအညီ ပေးနေသော အဖွဲ့အစည်းများထံမှ သိရသည်။

“ရာသီဥတု ပြောင်းတော့ ဖျားတာလောက်တော့ ရှိတယ်။ ဝမ်းရောဂါဖြစ် တာတော့ မတွေ့ဘူး” ဟု ဇူလိုင် ဒုတိယ အပတ်တွင် လိုင်ဇာမြို့အနီးရှိ ဂျဲယန်း ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့သူ အမျိုးသမီး တစ်ဦးက ပြော ကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် တွင် နေရပ် စွန့်ခွာသူများ နေထိုင်ရာ ဒုက္ခသည် စခန်း ၁၂၀ ကျော်ရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်း ဝန်းကျင်ရှိကြောင်း တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်တွင် ဒုက္ခသည် နှစ်သောင်းကျော် ရှိကြောင်း ကေအိုင်အို က ကောက်ယူ ထားသော စာရင်းများအရ သိရသည်။

The Action Time Fountation သည် ပြီးခဲ့သည် ဇွန်လလယ်ပိုင်း က ကေအိုင်အို ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများကို အစားအသောက်နှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့သည်။

From: The Voice Weekly

မန္တလေးမြို့ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှုမှ တရားခံအား ဖမ်းဆီးရမိရေး မြို့ဝင်/မြို့ထွက်များ၌ မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးနေ

Posted by drmyochit Tuesday, July 23, 2013, under | No comments

ဇူလိုင် ၂၁ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေစဉ် (ဓာတ်ပုံ- ဌေးလှအောင်)

ဇူလိုင် ၂၁ ရက်တွင် မန္တလေးမြို့၊ သဟပုညကာရီ ဘုံဆွမ်းလောင်း အသင်းမှ ငါးနှစ်ပြည့် အထိမ်း အမှတ် အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက်နေ့ ဖြစ်သည့် ဆရာတော် ဦးဝီရသူ တရားပွဲညတွင် ပေါက်ကွဲ ခဲ့သည့် ဗုံးမှာ သံကြွပ်စ ထည့်သွင်း ပြုလုပ်ထားသည့် လက်လုပ်ဗုံးဟု ယူဆကြောင်း မန္တလေးတိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ ဖမ်းမိရေးအတွက် မြို့ဝင်/မြို့ထွက်များတွင် မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ည ၉ နာရီ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား ဒေါက်တာတင်မြင့်ပိုင် ၇က/ ၃၀၂၀ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဗြောက်အိုးကွဲသံကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘီးတို့ ဘီးပေါက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးဦးစိုးညိမ်းက ''ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ယာဉ်အနီးကနေ သံကြွပ်အစငယ် လေးခုခန့် တွေ့ရှိခဲ့တယ်။ ယာဉ်ရဲ့ ယာဘက်နောက်တံခါးမှာ အစငယ်အချို့ ထိမှန်ထားတဲ့အရာ ၃/၄ ချက်ခန့် ထိမှန်တာကြောင့် ယာဉ်အောက်မှာရှိတဲ့ ဆီတိုင်ကီ အနည်းငယ်ပေါက်ပြီး ဆီယိုစိမ့်နေတာကို တွေ့ရှိခဲ့တယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာဖွယ်ရာ အခြေအနေ ရှိသူတွေကို စုံစမ်းဖို့ မြို့ဝင်/မြို့ထွက် ထူးခြားမှုတွေကို စောင့်ကြည့်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ စုဖွဲ့ပိတ်ဆို့ ဆောင်ရွက်နေပါတယ်'' ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့် ကိုရင် ရှင်ပညာသာမိ၊ မြတောင်ကျောင်းတိုက် ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ မပန်းနုအောင် ၂၄ နှစ် ယာခြေသန်း ပွန်းပဲ့ဒဏ်ရာ၊ ဒေါ်အေးခင် ၄၆ နှစ် ၀ဲခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ ဦးကျော် ဦး ၃၆ နှစ် ၀မ်းဗိုက်ယာဘက် ပွန်းရှဒဏ်ရာ၊ အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး စကား မပြောတတ် (စိစစ်ဆဲ) မှာ ယာပေါင် ပေါက်ပြဲဒဏ်ရာများ ရရှိပြီး ဒေါ်အေးခင်မှာ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနှင့် ပတ်သက်၍ ဖြစ်စဉ်အနီးတွင် နေထိုင်သူ တစ်ဦးက ''ပထမ ကြားလိုက်ရတာက ၀ုန်းဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ တရားပွဲကလည်း မပြီးသေးဘူး။ မိုက်သံနဲ့ဆိုတော့ ပေါက်ကွဲသံက ပိုကျယ်တာကို သတိထားမိတယ်။ နိဗ္ဗာန်ဆော်က ကြေညာတာက ကားဘီးပေါက်တာလို့ ကြေညာပါတယ်။ နောက်မှ ဗုံးပေါက်တယ်ဆိုပြီး ရဲတပ်ဖွဲ့တွေနဲ့ စစ်သားတွေက လုံခြုံရေးနဲ့ ဗုံးရှင်းလင်းရေးတွေ လုပ်တာ တွေ့ရပါတယ်'' ဟု ၎င်းမြင်တွေ့ခဲ့ရပုံကို ပြောပြသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စအရ (၉၁၀) နှင့် တာဝန်ရှိသူများက ဆက်လက် စိစစ်ခဲ့ရာ အခင်းဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်တွင် နှစ်စင်တီမီတာခန့်ရှိ သံကြွပ်စ ၁၀ ခုခန့် ရှာဖွေတွေ့ရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ သံကြွပ်စ ထည့်သွင်းပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ်ဗုံးဟု ယူဆရပြီး ပေါက်ကွဲစေနိုင်သည့် ပစ္စည်းဖြင့် ပေါက်ကွဲမှုဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ စစ်ဆေးချက်အရ သိရသည်။

''ပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာ တရားပွဲ ကျင်းပနေတာ မပြီးသေးဘူး။ ပေါက်ကွဲမှုကြောင့် တရားပွဲက ခဏရပ်နားသွားတယ်။ တရားနာလာတဲ့ သူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ တချို့ပြန်သွားကြပြီး စိုးရိမ်စိတ်တွေကြောင့် ပြန်မလာကြတော့ဘူး။ တရားပွဲကတော့ ဆရာတော်က ရေစက်ချဖို့ ကျန်နေသေးတာကြောင့် ဆက်ပြီး ဟောသွားခဲ့ပါတယ်'' ဟု တရားနာ ပရိသတ်တစ်ဦးက ဆိုသည်။

''ပေါက်ကွဲမှု ဖြစ်သွားတဲ့ကားက သမီးဆရာဝန်မ အပြင်က ပြန်လာချိန်မှာ ရပ်နေကျ နေရာမှာပဲ ရပ်ထားခဲ့တာပါ။ နေ့တိုင်း ဒီလိုပဲ ရပ်ထားနေကျလည်း ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ကားဘီးသုံးဘီး ပေါက်ပြီးတော့ ကားဘော်ဒီလည်း ထိခိုက်သွားတယ်။ အနီးနားမှာ ရှိနေတဲ့ လူငါးဦးလည်း ထိခိုက်ဒဏ်ရာတွေ ရသွားတာကို သိလိုက်ပါတယ်'' ဟု ပေါက်ကွဲမှု ဖြစ်ခဲ့ရသည့် ကားပိုင်ရှင်၏ မိခင်ဖြစ်သူက ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့မရဲစခန်း (မဟာအောင်မြေ) မှ (ပ) ၄၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၆ အရ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

From: Eleven

Monday, July 22, 2013

ဦးဝီရသူ တရားပွဲကျင်းပစဉ် လက်လုပ်ဗုံးတလုံး ပေါက်ကွဲ

Posted by drmyochit Monday, July 22, 2013, under | 2 comments


ဗုံးပေါက်ကွဲသည့်ခဲ့သည့်အတွက် ပျက်စီးသွားသော ကားနားတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

ဗုံးပေါက်ကွဲသည့်ခဲ့သည့်အတွက် ပျက်စီးသွားသော ကားနားတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)


ပေါက်ကွဲသည့် နေရာတွင် တွေ့ရသော ဗုံးဆန်ဟု ယူဆရသည့်ပစ္စည်းများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)
ဗုံးပေါက်ကွဲသည့်ခဲ့သည့်အတွက် ပျက်စီးသွားသော ကားနားတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)


ဗုံးပေါက်ကွဲသည့်ခဲ့သည့်အတွက် ပျက်စီးသွားသော ကားနားတွင် တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

မန္တလေးမြို့တွင် ကျင်းပသော ဆရာတော် ဦးဝီရသူ၏ တရားပွဲတွင် ဒေသလုပ် လက်လုပ် ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၃၆ လမ်း၊ ၈၄ နှင့် ၈၅ လမ်းကြားတွင် ဆရာတော်ဦးဝီရသူ တရားပွဲ ကျင်းပခဲ့စဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး တရားပွဲလာ အမျိုးသမီး ပရိသတ် ၄ ဦးနှင့် ကိုရင် ၁ ဦး ဗုံးဆန်ထိမှန်ကာ ဒဏ်ရာရရှိပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသခံလျှက် ရှိကြောင်း သိရသည်။

“လူနာအခြေနေကတော့ စိုးရိမ်စရာမရှိပါဘူး။ ဗုံးစမှန်တယ်ဆိုပေမယ့် အထဲကို စိုက်ဝင်သွားတာမျိုး မဟုတ်ဘူး။ ဘေးကနေ ကပ်ရှပ်ပြီး မှန်သွားတာပါ။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်နေပါတယ်” ဟု မဟာအောင်မြေ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ဦးဝီရသူ၏ တရားပွဲ ကျင်းပပြုလုပ်စဉ် ဒေသလုပ် လက်လုပ်ဗုံးတလုံး တရားပွဲ၏ အနောက်ဘက်သို့ ပစ်လိုက်ခြင်း ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ရဲမှူးက ဧရာဝတီသို့ ပြောသည်။

“ဗုံးဆိုတာကတော့ သေချာသွားပါပြီ။ ဗုံးက ဒေသလုပ် ဗုံးအမျိုးစားပါ။ ဗုံးထဲကို သံကြိုးစတွေထည့်ပြီး လုပ်ထားတာ။ ချိန်ကိုက်ဗုံး မဟုတ်ဘူး။ လူအုပ်ကြားထဲကို ပစ်လိုက်တဲ့ ဗုံးမျိုးပါ” ဟု မဟာအောင်မြေမြို့နယ် ရဲမှူးက ပြောသည်။

ဗုံးဟု ယူဆရသော အရာတခုသည် တရားပွဲတွင် တပ်ဆင်ထားသော လော်စပီကာပေါ်မှ တဆင့် လမ်းပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသည်ကို မြင်လိုက်ရကြောင်း ထိုနေရာတွင် ရှိနေသည့် ဒေသခံတဦးကလည်း ဆိုသည်။

ဆရာတော် ဦးဝီရသူသည် ယမန်နေ့ ည ၈ နာရီအချိန်မှ စတင်ပြီး တရားပွဲကျင်းပခဲ့ကာ ၈ နာရီ ၂၀ မိနစ်တွင် တရားပွဲ၏ အနောက်ဘက်မှ စတင်၍ ကျယ်လောင်သော အသံများ ထွက်ခဲ့ပြီး မီးပွားများလည်း လွင့်စင်ခဲ့သည်ဟု အခင်းဖြစ်စဉ်တွင် ကိုယ်တိုင် ရှိနေသူ တဦးက ပြောသည်။

“ဆရာတော် တရားဟောကာစပဲ ရှိဦးမယ်။ အုန်းဆိုပြီး အသံကျယ်ကြီး ကြားရပြီး ကောင်းကင်မှာလည်း မီးပွားတွေ ဖြာကျ နေတာ မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဗုံးပေါက်တာလိုလို၊ ကားဘီး ပေါက်တာလိုလိုနဲ့ ဖြစ်သွားခဲ့တာ။ ဆရာတော်ကလည်း ဒီအတိုင်းပဲ တရားဆက်ဟောတယ်။ ညပိုင်း ၁၀ နာရီ ထိုးခါနီးမှ တရားပွဲသိမ်းသွားတာပါ” ဟု သူက ဆိုသည်။

ဗုံးပေါက်ကွဲသည့် အရှိန်ကြောင့် တရားပွဲ၏ အနောက်ဘက်တွင် ရပ်နားထားသည့် အေးမေတ္တာ ဆေးခန်းမှ ဒေါက်တာတင်မြင့် ပိုင်၏ ၇က/ ၃၀၂၀ အဖြူရောင် ဆလွန်းကား နောက်ဘီးနှစ်လုံးနှင့် ရှေ့ဘီး တလုံး ကွဲခဲ့ပြီး ဆီတိုင်ကီမှ ဆီများ ယိုကျကာ ကားတစီးလုံးတွင် ဗုံးစများ မှန်ထားသည့် ဒဏ်ရာ ၃၆ နေရာ ရှိကြောင်း ဒေသရဲစခန်းက ထုတ်ပြန်သည်။ ပေါက်ကွဲမှုနှင့် အနီးဆုံး နေရာများရှိ အဆောက်ဦး များတွင်လည်း ဗုံးစများ ထိမှန်ထားကြောင်း သိရသည်။

ဗုံး စတင်ပေါက်ကွဲသည့် အရှိန်နှင့် ဗုံးဆန်များကြောင့် ကားအောက်ရှိ ဆီတိုင်ကီမှ ဆီများ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီး မီး မလောင် စေရန်အတွက် တရားပွဲလာ ပရိသတ်များက သဲများဖြင့် ၀ိုင်းပက်ခဲ့ရသည်။

ဆရာတော် ဦးဝီရသူသည် ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွင် တရားပွဲ အရေတွက် ၅၀ ကျော် ကျင်းပ ဟောပြောခဲ့ပြီး ဖြစ်၍ ယမန်နေ့ညက တရားပွဲတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့ နံနက်တွင် BE တပ်မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးလျှက် ရှိနေပြီး တိုင်းနှင့် ခရိုင် ရဲမှူးကြီးများ၊ မြို့နယ်ရဲမှူးများတို့လာရောက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။

“ပေါက်ကွဲသွားတဲ့ တာယာစတွေကြားကနေ ၀ါယာကြိုးမျှင်လေးတွေ တွေ့တယ်။ ဗုံးက ချိန်ကိုက်ဗုံးမျိုးတော့ မဟုတ်ဘူး။ ချိန်ကိုက်ဗုံးဆိုရင် ပေါက်ကွဲမှု ကြီးမားပြီး ဒဏ်ရာရရှိတဲ့ သူတွေလည်း ပြင်းထန်လောက်တယ်။ ကားရပ်ထားတဲ့ ကားလမ်းကလည်း ပေါက်ကွဲတဲ့ ဗုံးဒဏ်ကြောင့် အောက်ကို နဲနဲချိုင့်ဝင်သွားတယ်” ဟု အခင်းဖြစ်ပွားသည့် နေရာသို့ လာရောက် စစ်ဆေးသော BEတပ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ပ နံပါတ် ၄၅၉ နှင့် အမှုဖွင့်ထားပြီး ပုဒ်မနံပါတ် ၂၈၆ ဖြင့် အရေးယူထားကာ တရားခံကို အပူတပြင်း ရှာဖွေနေပြီ ဖြစ်သည်။

ဗုံးပေါက်ကွဲသည့် နေရာနှင့် ပေ ၁၈၀ အကွာတွင် CCTV ကင်မရာ တပ်ဆင်ထားသည့် အတွက် ယင်းကင်မရာ အချက်အလက် များကို ပြန်လည် ကြည့်ရှုစစ်ဆေးနေပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

မန်းသားလေး| ဧရာဝတီ

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ဖို့ အမျိုးသမီးတွေ လိုလား..?

Posted by drmyochit Monday, July 22, 2013, under | 2 comments

၁၉၄၉ ​ခုနှစ် ​ပြည့်တန်ဆာ ​နှိပ်ကွပ်ရေး အက်ဥပဒေကို ​ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ ​မရှိဘူးလို့ ​ပြည်ထဲရေး ​ဒုဝန်ကြီးက ​ပြောခဲ့ပေမယ့် ​ပြည်သူ့ လွှတ်တော်က ​အမျိုးသမီး ​လွှတ်တော်ကိုယ်စားလှယ် ​အများစုက ​ဒီဥပဒေကို ​ပြင်ဆင်ဖို့ လိုလားနေကြပါတယ်။

ပြည်သူ့လွှတ်တော် ​ကိုယ်​စား လှယ် ​ဒေါ်စန္ဒာမင်း ​ကတော့ ​ပြည်တွင်းက ​ပြည့်တန်ဆာ ​လုပ်ငန်းလုပ် ကိုင်နေ တဲ့ ​အမျိုးသမီးတွေကို ​ကာကွယ်ပေးဖို့ ​လိုတယ်လို့ ​ပြော လိုက်တဲ့ အကြောင်း ​ရေဒီယို ​သြစတြေး လျ သတင်းထောက် ဝေစန္ဒာကျော်က ​သတင်းပေးပို့ ​ထားပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ​ဒုတိယ ဝန်ကြီး ​ရဲချုပ်ကျော်ကျော်ထွန်းက ​၁၉၄၉ ​ခုနှစ် ​ပြည့် တန်ဆာ ​နှိပ်​ကွပ်ရေး ​အက်​ဥပဒေ ကိုပြင် ​ဆင်​ရန် ​မလို အပ်ဘူးလို့ လွှတ်တော်မှာ ​ပြန်လည် ​ဖြေကြား ​အပြီးမှ ​အဆိုရှင် ​ဒေါ်စန္ဒာ မင်း ကတော့ ​ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေရတဲ့ ​အမျိုးသမီးတွေကို ​အကာအကွယ်ပေးပို့ ​ဥပဒေ တစ်ရပ် ​ပြဌာန်းဖို့ ​လွှတ်တော်က ​ပြဌာန်းနိုင်အောင် ​ကြိုးစားသွားမယ်လို့ ​ပြောပါတယ်။

ဒီတော့ ​တကယ်တမ်း ​ပြောချင်တာက ​ရဲ​ချုပ်က ​ပြင်သည် ​ဖြစ်စေ ​မပြင်သည်ဖြစ်စေ ​လွှတ်တော် ​ကိုယ်စား လှယ် ​ဆိုတာက ​ဥပဒေ ​ပြုနိုင်တဲ့ ​အာဏာ ​ရှိပါတယ်။ သူက ​မပြင်ဘူးဆိုပေမဲ့ ​ကျွန်မတို့က ​လွှတ်တော်ထဲ​မှာ ​ဒီ ​ဥပဒေ ကို ​ပြင်နိုင်အောင် ​ကျွန်မတို့ ​အနေနဲ့ ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ်တွေ ​အနေနဲ့ ​ဥပဒေ ​အသစ်ရေး ဆွဲ ​နိုင်အောင် ​ကြိုးစားသွားမှာပါ။ 

မြန်မာနိုင်ငံမှာ ​ပြည့်တန်ဆာ ဆိုတာ ​တရားဝင် ​လုပ်ကိုင်ရတာ ​မဟုတ်တဲ့ ​အတွက် ​သူတို့ရဲ့ ​ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ​လုပ်မပေးနိုင်သလို ​သူတို့မှာ ​အိပ်အိုင်ဗီ ​ရောဂါ ​ကူးစက်သူဟာ ​ဘယ်လောက်ရှိနေတယ် ​ဆိုတဲ့ ​အရေအတွက် ကိုလည်း ​အတိအကျ ​မသိရပါဘူး။ ​လက်ရှိ ​ရှိနေတဲ့ ​ဥပဒေဟာ ဆိုရင် ​ပြည့်တန်ဆာ ​တိုးပွားလာတာကို ​မဟန့်တားနိုင်သလို ​ကျန်းမာရေး ​ရှု့ထောင့်အရလည်း ​ထိရောက် လုပ်ဆောင်ချက်မျိုး ​မရှိတဲ့ ​အတွက် ​ဒီဥပဒေကို ​ပြင်ဖို့ ​လိုတယ်လို့ အခိုင်အမာ ယုံကြည်တဲ့ ​အကြောင်း ​ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ​အဆိုးရွားဆုံး ကတော့ ​၁၃၊ ​၁၄ ​နှစ် ကလေးငယ်တွေ ​ပြည့်တန်ဆာ ​ဖြစ်နေကြရတာတွေ​ကို ​အမြန်ဆုံ ​ကာကွယ် ​ထိန်းသိမ်း ​ဖို့ ​လိုတဲ့အတွက် ​ပြည်တန်ဆာ ​ဥပဒေ ​အသစ် ​တစ်ခု ​တကယ်​လိုအပ် ​နေပါပြီလို့ ​GENERATION ​WAVE ​အဖွဲ့မှ ​ကိုမိုးသွေး ​ကပြောပါတယ်။

၁၃၊ ​၁၄ ​နှစ် ကလေးငယ်တွေ အများကြီးတွေ့ရတယ်။ ဒါတွေက ​ဥပဒေ တစ်ရပ်နဲ့ ​သေသေချာချာ ​ထိန်းသိမ်းဖို့ လိုအပ်နေပြီ။ ​မှတ်ပုံတင် ​ဥပဒေ ​လုပ်မယ်ဆိုရင် ​ဒါတွေကို ​အများကြီး ​လျှော့ချနိုင်လိမ့်မယ် ​လို့မြင်ပါတယ်။ ​ကျန်းမာရေး ​ရှုထောင့်​အရရော ​အကျင့် ​စာရိတ္တ ​ရှုထောင့် ​အရရော ​ဒီ​ဥပဒေ ​လိုအပ်တယ်လို့ ​မြင်ပါတယ်။

ပြည့်တန်ဆာတွေ ​အပေါ်မှာ ​ခေါင်းပုံဖြတ်မှုတွေ၊ ​အတင်အဓမ္မ ​ခိုင်းစေတာတွေကို ​အလိုမတူပဲ ​ခိုင်းစေလာတာတွေ ​ရှိရင် ​ထိထိရောက်ရောက် ​အရေးယူနိုင်ဖို့​နဲ့ ​ပြည်တန့်ဆာတွေ ​အခွင့်အရေးကို ​ကာကွယ်နိုင်ဖို့ အတွက် ​ခိုင်မာတဲ့ ​ဥပဒေ ​တစ်ရပ် ​ပြဌာန်း ​ဖို့ လိုတယ်ဆိုတာ ​ထောက်ခံကြောင်း ​လူ့အခွင့်အရေး လှုပ်ရှားသူ ​မဇင်မာအောင်က ပြောပါတယ်။

ဒီ​ပြည့်တန်ဆာ ​ဥပဒေကို ​ပြင်ဆင်ပေးဖို့ အဆိုကို ဆဌမအကြိမ် ​ပြည်သူ့ လွှတ်တော် ​အစည်းဝေးမှာလည်း ​တင်ပြခဲ့တာကိုလည်း ​ရဲချုပ် ​ကျော်ကျော်ထွန်းက ​အခုလိုပဲ ​ပြင်ဆင်ဖို့ မလိုအပ်ဖူးလို့ ​ငြင်းဆိုခဲ့ ဘူးပါတယ်။

New Collection

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်မည်

Posted by drmyochit Monday, July 22, 2013, under | 1 comment

"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီးတော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်စင် ထုတ်ပေးရင် စနစ်တကျနဲ့ အခွန်ကောက်လို့ ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ရှောက် မှု လုပ်ပေးလို့ ရတယ်" ဟု ဒေါ်စန္ဒာမင်း (NLD) က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီ ပြည့်တန်ဆာ ဈေးကွက်ကို စတင် အကောင်အထည် ဖော်ဆောင်တော့ မည်ဖြစ်ကြောင်း မင်္ဂ လာဈေး၊ ဘုရင့်နောင်၊ ကြည့်မြင်တိုင်၊ ပန်းဆိုးတန်းတို့ရှိ ပြည့်တန် ဆာ လုပ် ငန်း လုပ်ဆောင် နေသူများနှင့် မာဆတ်အမည်ခံ ပြည့်တန် ဆာ ခန်းများက ပြောသည်။ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့တွင် ယင်းဈေးကွက် ရှိသော်လည်း မြန်မာနိုင်ငံ တွင် မရှိသေးသဖြင့် ယခုကဲ့သို့ အကောင် အထည်ဖော် ခြင်းဖြစ်ကြောင်း မင်္ဂလာဈေးရှိ ပြည့်တန် ဆာခေါင်း ဦးကြည်အေး က ပြောသည်။

''နိုင်ငံတကာ အဆင့်မှီပေါ့ဗျာ၊ နိုင်ငံတကာဈေး အတိုင်းပေါ့။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ရာ ရောက်တာပေါ့'' ဟု ယင်းက ဆိုသည်။ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုပေးခြင်း မရှိသေးဘဲ ခိုးချောင်ခိုးဝှက်သာ လုပ်ဆောင်နေရ ဆဲဖြစ်ကြောင်း ဦးကြည်အေး က ဆက်လက်ပြောသည်။

''ပြည်တန်ဆာ ဥပဒေကို ပြဌာန်းဖို့ လိုတယ်ဗျ။ အဲ့ဒီအတွက်လည်း ကျွန်တော့် ဖောက်သည် ပြည့်သူ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က လွှတ်တော် မှာ တင်ပေးမယ်လို့ ပြောတယ်။ သူ့ကိုတော့ ဖရီးပေးကျွေးရ တာပေါ့။ အခုလောလောဆယ်တော့ လိုင်းကြေးပေးပြီး ဒိုင်လျှိုလေး လုပ်နေရတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်တန်ဆာ ဥပဒေကို ပြဌာန်းပြီးပါက ပြည့်တန်ဆာ လုပ်ငန်းသည် ကြီးထွားလာနိုင်ပြီး ယခုကဲ့သို့ ခွင့်မပြုသေးသည့် ကာလမှာပင် မာဆတ်အမည်ခံကာ ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်နေ မှုများ ရှိနေကြောင်း ပုံမှန် စားသုံးနေသူ အသက် ၂၅ နှစ်အရွယ် ကိုမောင်အောင်က ပြောသည်။

''တရားဝင်ဆို ကောင်းမယ်ဗျ။ အခုတော့ ဘယ်အချိန် ဝင်ဖမ်းမလဲ စိုးရိမ်နေရသေးတယ်''ဟု ကိုမောင်အောင် က ပြောသည်။ ယင်းဈေးကွက်ကြီး ဖော်ဆောင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပွင့်လင်းလာနိုင်ပြီး အထူးသဖြင့် အမျိုးသမီးများအတွက် သင့်လျှော်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ ယင်းအချိန် မတိုင်မီ ပြည်တန်ဆာ ဈေးကွက် ဖော်ဆောင်ရန် လိုအပ်ကြောင်း အားကစား သတင်းထောက် တစ်ဦး ဖြစ်သူ ကိုချမ်းငြိမ်း က ၎င်း၏ အမြင်ကို သုံးသပ် သည်။

''၂၀၁၃ ဆိုရင် ဆီဂိမ်းနဲ့ အတူ ဧည့်သည်တွေ အများကြီး ဝင်လာမှာလေ။ အဲ့ဒီအထဲမှာ စားဖားကြီးတွေလည်း ပါလာမှာပဲ။ အဲ့ဒီလို လူတွေအတွက် ပြည်တန်ဆာ ဈေး ကွက် မရှိဘူးဆိုရင် အခြား အမျိုးသမီးအတွက် စိုးရိမ် ရနိုင်တယ်'' ဟု ကိုချမ်းငြိမ်းက ဆိုသည်။

ဆီးဂိမ်းနှင့် အတူ မြန်မာ့ ပြည်တန်ဆာဈေးကွက်ကို လူသိများစေရန် လုပ်ဆောင် နိုင်ကြောင်း ပြည်တန်ဆာခေါင်း ဦးကြည်အေးက ဆိုသည်။ ''အဲ့ဒီအခါဆို ကျွန်တော်တို့ ခေါင်းတွေလည်း အငြိမ်နေရတော့မှာ မဟုတ် ဘူးဗျ။ ဈေးကွက်သစ်ရှာဖို့၊ ပစ္စည်းသစ်ရှာဖို့နဲ့ လုံးပမ်းနေရမှာ'' ဟု ဦးကြည်အေးက ပြောသည်။

နိုင်ငံတကာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်နိုင်မှုနှင့် ပတ်သက်၍ စီးပွားရေး ကျွမ်းကျင်သူ ဦးဇော်သိုက်က ''ဒီဈေးကွက်က နိုင်ငံ ဂျီဒီပီကိုလည်း အထောက်အကူပြုနိုင်တယ်။ ထိုင်းနိုင်ငံဆိုရင်လည်း ဒီလုပ်ငန်းကနေ အခွန်ငွေ တော်တော်ရတယ်လို သိရတယ်။ ကျန်းမာရေး ပညာပေးတဲ့ နေရာမှာလည်း တစ်နေရာထဲ ထိထိ ရောက်ရောက် ပညာပေးနိုင်တဲ့အတွက် ရောဂါတွေကိုလည်း ထိန်းချုပ်လာ နိုင်တယ်'' ဟု သုံးသပ်သည်။

ယင်းနှင့် ပတ်သက်၍ ယခု လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ မစု (အမည်လွဲ) က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး နိုင်ငံတကာ ဈေးကွက် ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန်မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်း တစ်ခုတွင် ပြောသည်။ ''နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး'' ဟု မစုက ဆိုသည်။

နိုင်ငံခြားသား များနှင့် ရင်ဆိုင်တွေ့ရမည် ဖြစ်သည့်အတွက် မိမိတို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်ထား ဖို့လိုအပ်ကြောင်း ပြည်တန်ဆာ အမျိုးသမီးတို့က သုံးသပ်ကြသည်။ မြန်မာနိုင်ငံတွင် ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသူပေါင်း သိန်းဂဏန်း အထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူတို့က သုံးသပ်ကြပြီး တရားဝင်ဈေးကွက် အကောင်အထည် ဖော်လာပါက ယင်းတို့နှင့် ဆက်နွယ်သော လုပ်ငန်းများပါ အခြေအနေကောင်း လာနိုင်ကြောင်း သုံးသပ်ကြသည်

လူထုမောင်ကာဠု
News of Myanmar

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်