Saturday, July 27, 2013

အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသားစုဂုဏ်ဆောင်နိုင်ရေးအတွက် မသဘာဝကို ဖြတ်တောက်ခြင်းခံနေကြရသည်

Posted by drmyochit Saturday, July 27, 2013, under | No comments



ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့တွင်ဖြစ်သည်။ အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးက သူမ ငယ်စဉ်ဘဝက မေ့မ ရနိုင်ခဲ့သော နာကြည်းချက်များကို ပြန်ပြောင်းပြောပြနေသည်။ သူ့အမည်က မဒီနာ ဘိုကွန်ဒပ်ဖ်ဖြစ် သည်။

မဒီနာ အပျိုဖော်ဝင်စ အရွယ်တွင်ဖြစ်သည်။ အာဖရိကတိုက်နိုင်ငံအတော်များများတွင် အမျိုးသမီးတို့ဘဝ ရှောင်လွှဲ၍ မရခဲ့သော မသဘာဝဖြတ်တောက်ခြင်း FGM (female genital mutilation) ကို သူမလည်း ခံစားခဲ့ရသည်။

အသက်ငယ်လွန်းသေးသဖြင့် အဘယ်ကြောင့် ဤသို့လုပ်ကြရသနည်းဆိုခြင်းကို မဒီနာ နားမလည်ခဲ့ပေ။ သူမလိုပင် မာလီနိုင်ငံအတွင်းရှိ ဖူလာနီမျိုးနွယ်စုတို့အတွင်း မိန်ကလေးတိုင်းသည် မသဘာဝကို ဖြတ်တောက်ခြင်း ခံကြရသည်။ အပျိုဖော်ဝင်ချိန်မတိုင်မီ ရိုးရာဓလေ့အတိုင်း မသဘာဝကို ဖြတ်တောက်ခြင်းခံရမည်မှာ ထုံးစံသာဖြစ်သည်။

အာဖရိကတိုက်ရှိ လူမျိုးစုများအတွင်း အမျိုးသမီးတို့ကို အပျိုဖော်မဝင်မီ မအင်္ဂါအစိတ်အပိုင်းကို ဖြတ်တောက်ခြင်းဖြင့်၊ ဆီးသွားရန်ကောင်းမွန်ခြင်း၊ ရာသီသွေးဆင်းရန် အဆင်ပြေခြင်းတို့ဖြစ်စေသည်ဟု အယူရှိခဲ့ကြသည်။ ထို့ပြင် ပိုဆိုးသည်က အင်္ဂါကိုချုပ်ကာ တစ်လခန့် ခြေလက်တို့ကို တုတ်နှောင်ထားမှု ခံရခြင်းဖြစ်သည်။

“ကျွန်မသိလိုက်တာကတော့ သူတို့ပြောသလိုမဟုတ်ဘဲ နာကျင်တဲ့ဝေဒနာကို အရမ်းခံစားခဲ့ရတယ်။ အမျိုးသမီးတို့သဘာဝ ရာသီသွေးပေါ်ချိန်မှာလည်း မချိမဆန့်ခံစားရတယ်။ ပိုဆိုးတာက အရှက်ရအောင်လုပ်သလိုမျိုး အမြဲခံစားနေရတယ်” ဟု မဒီနာကပြောသည်။

အာဖရိက နိုင်ငံတကာ ကလေးများနေ့တွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေးအဖွဲ့အစည်းများက အမျိုးသမီးများ သဘာဝကို ဖြတ်တောက်ခြင်းဓလေ့အား အပြင်းအထန်ဆန့်ကျင်ကန့်ကွက်လေ့ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်ရှိ အမျိုးသမီးပေါင်း သန်း ၁၄၀ ခန့်သည် ထိုဓလေ့ဆိုး၏ အဓမ္မကျင့်ခြင်းကို ခံနေကြရသည်ဟုဆိုသည်။ ထိုဓလေ့၏ ပြုကျင့်ခြင်းခံနေရသော အမျိုးသမီးအများစုမှာ အာဖရိကတိုက်မှ ဖြစ်ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ယနေ့တိုင်လုပ်ဆောင်နေကြဆဲဖြစ်သည်။

အသက် ၁၀ နှင့်အထက် မိန်းကလေး ၁၀၁ သန်းခန့်သည် အာဖရိကတိုက်တွင် နည်းမျိုးစုံဖြင့် မသဘာဝဖြတ်တောက်ခြင်းကို ခံနေကြရသည်။ ၂၀၁၀ ပြည့်နှစ်တွင် မာလီနိုင်ငံ၌ ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် အခွင့်အရေးအတွက် ထူထောင်ထားသည့် Plan Internation အဖွဲ့သည် အမျိုးသမီး ငယ်များ မသဘာဝဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ခံ ခဲ့ရာ ဖခင်အားလုံး၏ ထက်ဝက်ခန့်နှင့် မိခင်သုံးပုံ တစ်ပုံတို့သည် ထိုဓလေ့ကို သဘောကျနေကြောင်း တွေ့ရသည်။

“ဒီဓလေ့က စိုးရိမ်စရာမှ မလိုတာ။ ကျွန်တော်တို့ ရာစုနှစ်ပေါင်းများစွာ အစဉ်အလာအနေနဲ့ လုပ်ခဲ့ကြတာပဲ” ဟု သမီးနှစ်ယောက်ဖခင်ဖြစ်သူ အဘ္ဘဒူက သုတေသီများကို ပြောကြားခဲ့သည်။

အန္တရာယ်များသော ခွဲစိတ်မှု

မိသားစုများတွင် မိန်းကလေးများကို လက်မထပ်မီ မသဘာဝကို ပိတ်ထားခြင်းသည် မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ခြင်း ဟု ယူဆကြသည်။

မသဘာဝကို ငယ်စဉ်ကတည်းက ပိတ်ခြင်းခံရသော မိန်းကလေးများဘဝသည် တစ်ကြိမ်နှင့် ကိစ္စပြီးသည်မဟုတ်ပေ။ သူတို့ လက်ထပ် ထိမ်းမြားချိန်တွင် တစ်ကြိမ်ပြန်ဖွင့်ချိန်ကြရသဖြင့် နောက်ထပ်နာကျင်မှုဝေဒနာကို ခံစားကြရပြန်သည်။ အပျိုစစ် ကြောင်းပြလိုသဖြင့် ရိုးရာက တားမြစ်ထားသည့်ဒုက္ခများကို အမျိုးသမီးတို့ မရှုမလှ ခံစားကြရုံသာရှိသည်။

“ဘယ်လောက် ထိတ်လန့်ကြောက်ရွံ့ရတယ်ဆိုတာ ပြောပြလို့တောင် မရဘူး။ ဒါကြောင့် လက်ထပ်ရတော့မယ်ဆိုရင် ကျွန်မတို့ သေမလောက်ကြောက်လွန်းလို့ တွေးတောင် မတွေးဝံ့ဘူး” ဟု မဒီနာကဆိုသည်။

ရိုးရာအရ မသဘာဝ ပိတ်ပွဲ၊ ဖွင့်ပွဲများကို ပြုလုပ်ရာတွင် မေ့ဆေး၊ ထုံဆေးများကို အသုံးပြုခွင့်မရှိပေ။ ထို့ပြင် သန့်ရှင်းစွာဖြင့် ဆောင်ရွက်ပေးသော ကိစ္စလည်းမဟုတ်။ ဘလိတ်ဓား၊ သာမန်ဓား သို့မဟုတ် ကတ်ကြေးများကို အသုံးပြုပြီး ပိုးသတ်ရသည် ဆိုခြင်းမှာ လုံးဝနားမလည်ကြပေ။ ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ပေးသူကလည်း ကြုံသည့်နေရာတွင် သင့်သလို ပြုလုပ်ပေးလိုက်သည်သာဖြစ်သည်။ အိမ်ရှေ့တွင် လုပ်ချင်လည်းလုပ်မည်၊ ရေချိုးသည့်နေရာတွင် လုပ်ချင်လည်း လုပ်လိုက်မည်သာဖြစ်သည်။

“လုပ်ဆောင်စရာတွေ လုပ်ဆောင်ပေးပြီးရင် သတို့သမီးဘဝကို အဲဒီယောက်ျားက ပိုင်သွားပြီ။ တစ်နေ့ထဲမှာ မသဘာဝကို လွတ်မြောက်အောင် အလုပ်ခံရခြင်းအပြင် ယောက်ျားနဲ့အတူနေရခြင်းဆိုတဲ့ ဒုက္ခနှစ်မျိုးကို တစ်ပြိုင်တည်းခံစားရတဲ့ အမျိုးသမီးတွေရဲ့ဘဝ တွေးသာကြည့်ပေတော့” ဟု မဒီနာကဆိုသည်။

နေရာတိုင်းတွင် မသဘာဝဖြတ်တောက်ခြင်းဓလေ့ကို အတွေ့အကြုံရှိသူတွေက ပြုလုပ်နေကြခြင်းဖြစ်သည်။ သူတို့က မိန်းကလေးဘဝကို အပျိုဖော်ဝင်ခြင်းနှင့် လက်ထပ်ရန်ပြင်ဆင်ခြင်းကို တစ်ပြိုင်တည်းရိုးရာအရ ပြုလုပ်ပေးကြခြင်းဖြစ် သည်။ လက်မထပ်မီ အပျိုရည် ထိန်းသိမ်းခြင်းနှင့် ၊ အိမ်ထောင်မပြုမီ သစ္စာရှိခြင်းတို့ကို ဤနည်းဖြင့်ပြသခြင်းကိုသာ သူတို့ ဓလေ့က လက်ခံကြသည်။ အရွယ်ရောက်လာသည်နှင့် မိန်းကလေးတိုင်း ထိုဓလေ့ကို လိုက်နာကျင့်သုံးရန် သူတို့လူနေမှုဘဝ တွေက တွန်းအားပေးခဲ့ကြသည်။

မသဘာဝပိတ်ခြင်းခံရသော မိန်းကလေးတိုင်းသည် နှစ်စဉ် ကျန်းမာရေးဆိုင်ရာ ပြဿပေါင်းများစွာနှင့် ရင်ဆိုင်ကြရသည်။ နာကျင်ခြင်း၊ ခြောက်ခြားခြင်း၊ ကူးစက်ရောဂါဝင်ပြီး သွေးဆင်းခြင်းစသည့် ဝေဒနာများကို ခံစားကြရသည်။ ဘဝတစ်လျှောက်လုံး ကိုယ်ဝန်မရနိုင်ခြင်း၊ ကလေးမွေးဖွားရခက်ခဲခြင်း၊ သားပျက်ခြင်းစသည့် ဒုက္ခပေါင်းစုံကိုလည်း ခံစား ကြရသည်။

မကြာသေးမီက အီဂျစ်နိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် ဆိုဟီရာ ဘာတေးဆိုသည့် မိန်ကလေးတစ်ဦးသည် အပျိုဇာတ် သွင်းစဉ်အချိန်တွင် သေဆုံးသွားခဲ့ရသည်။ ဆိုဟီရာ သေဆုံးခြင်းနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် ဆူဆူညံညံများ ဖြစ်သွား ခဲ့ရသည်။ တစ်နိုင်ငံလုံးတွင် ထိုဓလေ့ကို ပိတ်ပင်ပေးရန် တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။ အီဂျစ်နိုင်ငံတွင် ထိုဓလေ့ကို ပိတ်ပင်ထားသော်လည်း အမျိုးသမီး သုံးပုံနှစ်ပုံလောက် ခံစားနေကြရဆဲ ဒုက္ခဖြစ်နေသေးသည်။

မည်သို့ အသနားခံသည်ဆိုစေ ရိုးရာအရ မိဘများက နှုတ်အားဖြင့် ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်နှိပ်စက်ကာ အတင်းအဓမ္မ ပြုလုပ်ခံစေခြင်းတို့ကြောင့်လည်း အမျိုးသမီးတို့ဘဝ ဒုက္ခတွေ့နေကြရဆဲဖြစ်သည်။

“အဲဒီနေ့ကို သမီး ဘယ်တော့မှ မမေ့ဘူး။ အမေက သမီးကို စောစော လာနှိုးတယ်။ ပြီးတော့ ဖြတ်တောက်ခံဖို့ အသင့်ပြင် ထားလို့ ခပ်မာမာ ပြောတယ်” ဟု အသက် ၁၃ နှစ်အရွယ် အာလမ်ဆိုသူ မိန်းကလေးကဆိုသည်။

“အခန်းထဲကို မိန်းမကြီးနှစ်ယောက်ဝင်လာတယ်။ အိတ်ထဲက ဘလိတ်ဓားကို ဆွဲထုတ်လိုက်ကြတယ်။ အမေက သမီး လက်မောင်းတွေကို မလှုပ်နိုင်အောင် ချုပ်လိုက်တယ်။ မိန်းမကြီးတွေက ဘလိတ်ဓားနဲ့ သမီးကို ဖြတ်တောက်ကြတယ်။ သမီး နာလွန်းလို့ အော်လိုက်မိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး။ ကိစ္စပြီးတော့ အမေက အဲဒီမိန်းမကြီးတွေကို ပိုက်ဆံ ပေးလိုက်တယ်။ နာရီပိုင်းအတွင်းမှာပဲ သွေးတွေ အရမ်းထွက်လာတယ်”

ဂျဘူတီး၊ ဆီရီယာ လီယွန်၊ မာလီ၊ ဆိုမာလီနှင့် ဂီနီနိုင်ငံများတွင် ထိုဓလေ့က စွဲမြဲနေဆဲဖြစ်သည်။ အမျိုးသမီး ၁၀ ဦးတိုင်းတွင် ၉ ဦးသည် မသဘာဝဖြတ်တောက်ပိတ်ဆို့ခြင်းများကို ခံစားနေကြရသည်။

စိုးရိမ်ရသည့်နေ့

အသက် ၁၁ နှစ်အရွယ်မာရီယာမာသည် ထိုနေ့က ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ ယနေ့ သူမကို ရိုးရာဓလေ့အတိုင်း အပျိုဇာတ်သွင်းမည်ဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် သူတို့မိသားစုသည် မာလီမြောက်ပိုင်းမှ မြို့တော် ဘာမာကိုသို့ လပိုင်းလေးအတွင်းကမှ ရောက်ရှိလာကြခြင်းဖြစ်သည်။

ဤမြို့သို့ရောက်ကတည်းက သူမစိတ်ထဲတွင် တစ်နေ့နေ့ ဓလေ့နှင့် ရင်ဆိုင်ရတော့မည်ကို စိုးရိမ်ပြီး သောကရောက်နေရရှာ သည်။ နာကျင်စွာ ခံစားရမည့်နေ့ကို စောင့်နေရသလိုဖြစ်သည်။

“အိမ်နီးချင်း သမီး သူငယ်ချင်းရဲ့ အစ်မက အဲဒီလိုလုပ်ပြီး သေသွားတယ်။ သမီးအလှည့်ရောက်ရင် အဲဒီလိုဖြစ်မှာ အရမ်း ကြောက်နေတယ်” ဟု မာရီယာမာကဆိုသည်။

ဘာသာရေးခေါင်းဆောင်များသည် ထိုဓလေ့နှင့်ပတ်သက်ပြီး အမျိုးမျိုးဆွေးနွေးခဲ့ကြသည်။ အချို့က ဆက်လုပ်ရန် တိုက်တွန်းပြီး အချို့ကလည်း ရပ်ဆိုင်းပစ်ရန် တိုက်တွန်းတောင်းဆိုကြသည်။

အယ်လ် ရှိတ် ဆဒ်ဆိုသူသည် အီဂျစ်နိုင်ငံအတွင်းရှိ ကျေးရွာတစ်ရွာမှ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ အသက် ၇ နှစ်အရွယ် သမီးလေး၏ ဖခင်တစ်ဦးလည်းဖြစ်သည်။ ဆဒ်သည် ထိုဓလေ့က ကျန်းမာရေးကို ထိခိုက်စေနိုင် ကြောင်း ကောင်းစွာသိထားသူဖြစ်သည်။ သို့ဖြစ်ရာ သမီးအတွက် ထိုဓလေ့ကို မပြုလုပ်ရန် ဘာသာရေးခေါင်းဆောင်များကို သွားရောက်ဆွေးနွေးခဲ့သည်။

“ကျွန်တော်ကတော့ အဲဒီဓလေ့ကို လက်မခံဘူး။ ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီဓလေ့ဟာ လက်တွေ့ မဆန်ဘူးလို့ သွားဆွေးနွေးခဲ့တယ်”

မာလီတွင် မိန်းကလေးတိုင်းကို အသက် ၅ နှစ်ရောက်သည်နှင့် မသဘာဝဖြတ်တောက်ခြင်းကို စတင်ပြုလုပ်သည်။ အချို့သော မြို့ပြများတွင် မိန်းကလေးများကို မွေးပြီးပြီးချင်း ရက်ပေါင်း ၄၀ တွင် ပြုလုပ်ပေးလေ့ရှိသည်။

နိုင်ငံတကာစံဖြင့်ကြည့်လျှင် ဤအပြုအမူသည် အကြမ်းဖက်သည့် လုပ်ရပ်သာဖြစ်သည်။ သို့သော် ယနေ့တိုင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ၂၈ နိုင်ငံအတွင်း မသဘာဝဖြတ်တောက်ခြင်းကို ဓလေ့တစ်ခုအနေဖြင့် လုပ်ဆောင်နေကြဆဲဖြစ်သည်။ အာဖရိကတွင် ထိုဓလေ့ကို ဥပဒေဖြင့် တားမြစ်ခဲ့သော်လည်း လူမျိုးစုများအတွင်း တရားမဝင် လုပ်ဆောင်နေကြဆဲဖြစ်သည်။ ဥပဒေရှိသော် လည်း ဥပဒေအရ အရေးယူမှုမှာ ခပ်ရှားရှားဖြစ်သည်။

ကလေးများအခွင့်အရေးကို အကာအကွယ်ပေးပါမည်ဟု အာဖရိကသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ လက်မှတ်များ ရေးထိုးခဲ့သော်လည်း ဥပဒေကို မျက်ကွယ်ပြုခြင်း၊ ချိုးဖောက်မှုများကို မသိချင်ယောင်ဆောင်ခြင်းများ ပြုလုပ်နေသေးသည်။

ဘဝနှင့်ရင်းပြီး ခံစားခဲ့ရသော မဒီနာတစ်ယောက် ယခု မာလီနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများအခွင့်အရေးအတွက် လှုပ်ရှားနေသော Plan International တွင် ဝင်ရောက်ဆောင်ရွက်ပေးနေသည်။ သူမတို့လုပ်ငန်း အောင်မြင်မှုများ ရနေသည်ဟုဆိုသည်။

“သူတို့ကို ပညာပေးကြရတယ်။ ကျွန်မတို့လုပ်နေတဲ့ ရွာပေါင်း ၄၄ ရွာလောက်မှာ မသဘာဝဖြတ်တောက်တဲ့ဓလေ့ ကင်းစင်တဲ့ရွာတွေဖြစ်ကုန်ပြီ” ဟု မဒီနာက ဝမ်းသာအားရဆိုသည်။

“မိဘတွေ သက်ကြီးဝါကြီးတွေကို ကျွန်မတို့ မချဉ်းကပ်ဘူး။ ကလေးတွေကို အဓိကထားပြီး ကျွန်မတို့ ချဉ်းကပ်ကြတယ်။ မိန်းကလေးနဲ့ ယောက်ျားလေးဆိုတာ အခွင့်အရေး မတူကြဘူး။ နောင်တစ်ချိန်မှာ မိဘတွေဖြစ်လာကြမယ့် မျိုးဆက်သစ် တွေကို ကျွန်မတို့က ဆိုးမွေတွေ လက်ဆင့်မကမ်းစေချင်ဘူး” ဟု မဒီနာ၏ပြောစကားမှာ အားတက်စရာဖြစ်တော့သည်။

http://www.aljazeera.com/ မှ Davinder Kumar ရေးသားသည့် Fighting female genital mutilation in Africa ကို မြန်မာမှုပြုပါသည်။

Written by အယ်ဒီတာတစ်ဦး

မောက္ခ

အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အတန်းဖော်နှစ်ဦးကို အုပ်ထိန်းသူ ကျောင်းထုတ်

Posted by drmyochit Saturday, July 27, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မူလတန်းကျောင်းတစ်ကျောင်းတွင် အဓမ္မပြုကျင့် ခံခဲ့ရ သည်ဟု ဆိုသည့် သူငယ်တန်းကျောင်းသူ နှင့်အတူ နေထိုင်သည့် အတန်းဖော်ကျောင်းသူနှစ်ဦး တို့ကို ဇူလိုင် လ ၂၅ ရက်နေ့တွင် အုပ်ထိန်းသူက ကျောင်းထုတ်သွားကြောင်း ကျောက်တန်း မြို့နယ်ပညာရေး မှူးက The Voice သို့ ပြောကြားသည်။

တည်းခိုခန်းပိုင်ရှင်က ခေါ်ယူမွေးစားထားသည့် အဆိုပါ အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူသည် ဇွန်လ ၂၇ ရက်နေ့ က နေမကောင်း ဟုဆိုကာ အုပ်ထိန်းသူက ခွင့်တိုင်ခဲ့ပြီး ကျောင်းထုတ်သွားသည့် အချိန်အထိ ကျောင်းပြန် မတက်ခဲ့ကြောင်း၊ အခြားနှစ်ဦးမှာ ခွင့်မဲ့ ပျက်ကွက်နေသဖြင့် စာသင်ကျောင်းသို့ လာရောက်တွေ့ ဆုံရန် အုပ်ထိန်းသူကို အကြောင်းကြားခဲ့ကြောင်း မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးက ဆိုသည်။

ကလေးများကို မူလအုပ်ထိန်းသူဖြစ်သည့် ဗဟန်းမြို့နယ် တောင်ကြီးကျောင်းတိုက်တွင် သီတင်း သုံးနေသည့် ဆရာတော်တစ်ပါးက ပြန်လည်ခေါ်ယူသွား၍ ကျောင်းထုတ်ခွင့်ပြုရန် တည်းခိုရိပ်သာ မန်နေဂျာ က စာသင်ကျောင်းသို့ လာရောက် ပြောဆိုသဖြင့် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ၎င်းကထပ်မံ ပြောဆို သည်။

“အုပ်ထိန်းသူကိုယ်တိုင် ခွင့်တောင်းမှတော့ ခွင့်မပြုလို့မရဘူး” ဟု ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် ၎င်းနေထိုင်ရာ တည်းခိုရိပ်သာအတွင်းရှိ ကောက်ရိုးပုံတွင် လူကြီး တစ်ဦးက အဓမ္မ ကျူးလွန်သည်ဟု မြို့နယ်ဆရာဝန်၊ ပညာရေးမှူး၊ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင် များရှေ့တွင် ထွက်ဆိုခဲ့ကြောင်း၊ တစ်ပတ်ခန့် အကြာတွင် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန် ပါသည်ဟု ပြောင်းလဲထွက်ဆိုခဲ့၍ အတန်းဖော် သူငယ်တန်း ကျောင်းသား ၁၇ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေး ရန် တောင်းဆိုခဲ့ကြောင်း ယင်းကျောင်းသားများ၏ မိဘများက The Voice သို့ ပြောကြားသည်။

အဆိုပါ ကျောင်းသူ၏ ဒဏ်ရာများသည် သာမန်ဒဏ်ရာ မဟုတ်ဘဲ အဓမ္မပြုကျင့်ခံရသည့် ဒဏ်ရာဖြစ်ပြီး ကလေး ချင်း ကျူးလွန်ခြင်း လုံးဝမဖြစ်နိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာ ဝန်ကြီး များနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်ကို ကိုးကားကာ ကျောက် တန်းမြို့နယ် ဆရာဝန်ကြီးက ဆိုသည်။

အဆိုပါကျောင်းသူ အဓမ္မပြုကျင့်ခံရသည်ဟု ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အုပ်ထိန်းသူ တည်းခို ခန်းပိုင် ရှင်ကို The Voice က ဆက်သွယ်မေးမြန်းခဲ့ရာ မီဒီယာမှတစ်ဆင့် ပြန်လည် ဖြေကြားလိုခြင်း မရှိကြောင်း ပြန်လည်ဖြေကြား သည်။

အဓမ္မပြု ကျင့်ခံရသည့် သူငယ်တန်းကျောင်းသူမှာ ပအို့ဝ် တိုင်းရင်းသူတစ်ဦးဖြစ်ပြီး မြန်မာစကားကို ‘ဟုတ်ကဲ့’  စကားတစ်ခွန်းသာ ပြောဆိုတတ်ပြီး ကိစ္စတစ်စုံတစ်ရာရှိပါက ၎င်းနှင့်အတူနေ အတန်းဖော် ကျောင်း သူနှစ် ဦးတို့က တစ်ဆင့်ပြောဆို ဆက်ဆံရကြောင်း ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

(အောင်မျိုးထက်)
The Voice Weekly

စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer ကို ကိုကာကိုလာ မြန်မာအမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်

Posted by drmyochit Saturday, July 27, 2013, under | No comments



ရန်ကုန်၊ ဇူလိုင် ၂၆

ကိုကာကိုလာ၏ မြန်မာနိုင်ငံအတွက် အမှတ်တံဆိပ် သံတမန် (Brand Ambassador) အဖြစ် တေးသံရှင် စိုင်းစိုင်း ခမ်းလှိုင်နှင့် Bobby Soxer ကို ခန့်အပ်ကြောင်း ကိုကာကိုလာ မြန်မာကုမ္ပဏီထံမှ စုံစမ်း သိရှိ ရသည်။

ကိုကာ ကိုလာ မြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံးဟု ကြေညာထားသော ဈေး ကွက်မြှင့် တင်ရေး အစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့နှင့် သြဂုတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့ တို့၌ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ကိုကာကိုလာ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံရကြောင်း၊ စိုင်းစိုင်းခမ်းလှိုင်နှင့် အမျိုးသမီး တေးသံ ရှင် Bobby Soxer တို့ကလည်း ၎င်းတို့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြ ထားသည်။

ကိုကာကိုလာ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်ဖြစ်သော Coca Cola Happiness Journey အစီအစဉ်တွင် မြန်မာနိုင်ငံအတွက် ရည်ရွယ်ရေးစပ်ထားသော ကိုကာကိုလာ တေးသီချင်းကို စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer က သီဆိုဖျော်ဖြေမည်ဟု ကိုကာကိုလာ မြန်မာကုမ္ပဏီမှ ဈေးကွက်ဒါရိုက်တာ Mr.Rommel Fuentebella က ပြောကြားသည်။

ကိုကာကိုလာ ကုမ္ပဏီသည် Max အချိုရည် ထုတ်လုပ်သော ပင်းယကုမ္ပဏီနှင့် ပူးပေါင်း၍ ကိုကာကိုလာ အချိုရည်များ ယခုနှစ်ဆန်းမှ စတင်ထုတ်လုပ်နေပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာထားသည်။

အမေရိ ကန်တေးသံရှင် တေလာဆွစ်ဖ်၊ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင် Salman Khan စသည့် ပုဂ္ဂိုလ်များကိုလည်း ကိုကာကိုလာ၏ သက်ဆိုင်ရာ နိုင်ငံများတွင် Brand Ambassador များအဖြစ် ခန့်အပ်ထားသည်။

The Voice Weekly

မိခင်အလောင်းကို စားသောက်သူအဖြစ် သံသယရှိသူကို ရဲများက ဖမ်းဆီး

Posted by drmyochit Saturday, July 27, 2013, under | No comments


အောင်မင်းဘာသာပြန်သည်

ဟင်းအိုးနှင့် ရေခဲသေတ္တာထဲတွင် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို တွေ့ရှိခဲ့ရသည့် အတွက် မိခင်အလောင်းအားပြန်စားသည်ဟု သံသယဖြစ်ကာ လီနိုရန်ဇီဆိုသူအား ဖမ်းဆီးလိုက်သည့် အမှုအခင်းတစ်ခု အီတနိုင်ငံဆယ်လာနိုမြို့တွင် ဖြစ်ပွားခဲ့သည်ဟု နယူးယောက်နေ့စဉ်သတင်းဌာနက ဖော်ပြလိုက်သည်။

လီနိုရန်ဇီသည် အသက် ၇၀ အရွယ်မိခင်ဖြစ်သူ မာရီယာပီယာနှင့် တစ်အိမ်တည်း နေထိုင်သူဖြစ်ပြီး နှစ် ပေါင်းများစွာ စိတ်ရောဂါဝေဒါနာခံစားနေရသူတစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။

ရန်ဇီ၏ နေအိမ်အတွင်းမှ မနှစ်မြို့ဖွယ် အနံ့အသက်များထွက်နေသည်ကို အိမ်နီးချင်းများက စောဒက တက်သည့်အတွက် ရဲများမှ၎င်း၏ နေအိမ်အတွင်းသို့ ၀င်ရောက်စုံစမ်းရာမှ ယခုကဲ့သို့တွေ့ခဲ့ရ ခြင်းဖြစ်သည်။

ဓာတ်ငွေ့များ ဆိမ့်ထွက်နေခြင်းအားတွေ့ရမည့်အစား လွန်ခဲ့သောသုံးရက်ခန့်အကြာက သေဆုံးခဲ့ပြီဟု ခန့်မှန်းရသော ၎င်း၏မိခင်ဖြစ်သူ၏ ခံန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ တွေ့ရှိခဲ့ရသည်ဟု ရဲများကဆိုသည်။

ရန်ဇီသည် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အား ဟင်းအိုးထဲထည့်ပြုတ်နေသည့်အပြင် အခြား ဟင်းအိုးများနှင့် ရေခဲသေတ္တာများတွင်လည်း ထည့်သွင်းသိမ်းဆည်းထားသည်ကိုလည်း တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

ထို့ပြင် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကိုလည်း ရေချိုးခန်းအတွင်း တွေ့ရှိခဲ့ရသည်ဟု ထိုဒေသအခြေစိုက် သတင်းဌာနက ဖော်ပြထားသည်။
သေဆုံးသူ မာရီယာပီယာသေဆုံးခဲ့သည့် အချိန်ကို တိတိကျကျသိရန် စစ်ဆေးမည်ဟုလည်း သိရသည်။

မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန် ရန်ဇီကို ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ ပြန်လွှတ်ပေးခဲ့သည် မှာတစ်လခန့်သာရှိသေးသည်။

ရန်ဇီ၏ အိမ်အတွင်းသို့ ရဲများဝင်ရောက်ရှာဖွေရာ ၎င်းမှာအိပ်ယာပေါ်တွင် ၀တ်လစ်စလစ်ဖြင့် လဲလျောင်း နေသည်ကို တွေ့ရှိခဲ့ရပြီး သူ့ကိုဆေးစစ်မှုပြုလုပ်ရန် ဆေးရုံသို့ပို့ဆောင်ထားပြီဖြစ်သည်ဟု ဟပ်ဖင်တန် ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Ref: nydailnews
Mizzima - News in Burmese

ကိုးရီးယားစစ်ပွဲနှစ်ခြောက်ဆယ်ပြည့်အထိမ်းအမှတ်ချီတက်ပွဲ မြောက်ကိုးရီးယား ပြုလုပ်

Posted by drmyochit Saturday, July 27, 2013, under | No comments


ဆိုးလ်၊ ဇူလိုင် ၂၇။

မြောက်ကိုးရီးယားသည် ကိုးရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခြင်း နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် အကြီး စား စစ်ရေးချီတက်ပွဲတစ်ခု ယနေ့ပြုလုပ်ပုံကို မြောက်ကိုးရီးယားပြည်တွင်း တီဗီလိုင်းတွင် ထုတ်လွှင့် သည်။

ထောင်ချီသောသော တပ်ဖွဲ့ဝင်များနှင့် ပရိသတ်များသည် ပြုံးယမ်းရှိ ကင်အီဆွန်းရင်ပြင်တွင် ထိပ်ပိုင်း ခေါင်းဆောင် များနှင့် စစ်ခေါင်းဆောင်များ ခြံရံလျက် ခေါင်းဆောင်ကင်ဂျုံအန် စင်မြင့်ပေါ် တက်လာ ချိန်တွင် “ကင်ဂျုံ အန်ကို ကျွန်တော်တို့ အသက်များဖြင့် ကာကွယ်ပါ” ဟစ်အော်ခဲ့ကြသည်။

စစ်သား များထောင်နှင့် ချီပြီး စစ်ချီခြေလှမ်းများဖြင့် စစ်တီးဝိုင်းလည်း တီးခတ်ကာ ရင်ပြင်သို့ ချီတက်ကြ သည်။ ကင်ဂျုံအန်သည် မော်စီတုန်း ဝတ်စုံပုံစံ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်မြင့်သို့ ကော်ဇော နီပေါ်မှ လျှောက်လှမ်းလာစဉ် အစောင့်ရဲများက အလေးပြုကြပြီး စစ်တီးဝိုင်းသည်လည်း နောက် ဘက် တွင် တီးမှုတ်နေသည်။

၁၉၅၀-၅၃ကိုးရီးယားစစ်ပွဲသည် အပစ်အခတ် ရပ်စဲရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့သော်လည်း တောင် မြောက် ကိုးရီးယားနှစ်နိုင်ငံသည် သဘောတရားအားဖြင့် စစ်ပွဲဖြစ်နေဆဲဖြစ်သည်။
လက်နက် များ ပြသခြင်းနှင့် စစ်ချီတက်ပုံစံဖြင့် ချီတက်လာကြသော စစ်သားများသည် စစ်အေးကာလ အားကောင်း ချိန် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်တို့ပြုလုပ်ခဲ့သည့် ချီတက်ပွဲများကို သတိရစေသည်။
စာတမ်း ရှည်ကြီး များကို မိုးပျံပူးဖောင်းနှင့် ချိတ်ထားပြီး မြောက်ကိုးရီးယား အလံသည်လည်း ရင်ပြင်တွင် ပြည့်နေသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း မြောက်ကိုးရီးယားသည် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲကို လေးစား သော အားဖြင့် လူထုလှုပ်ရှားခြင်းနှင့် မီးပန်းများ ဖောက်ခြင်းများ ပြုလုပ်ခဲ့သည်။
၎င်းကဲ့ သို့ပြု လုပ်ခြင်းသည် ကာလရှည်ကြာတင်းမာခဲ့ပြီးနောက် ဆက်ဆံကောင်းမွန်လာရေး တောင်-မြောက် ကိုး ရီးယားတို့ ကြိုးပမ်းနေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယခုလ အတွင်းတွင် ပူးတွဲစက်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး အကြိမ်ကြိမ် ဆွေးနွေးပြီးဖြစ်သော်လည်း သဘော တူညီမှု မရသေးပေ။

တောင်ကိုးရီးယားတွင် စစ်ပွဲနှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတ ပတ်ဂျင်ဟီးက မိန့်ခွန်း ပြောကြား ပြီး မြောက်ကိုးရီးယားဘက်မှ ရန်စလာမှုကို သည်းမခံတော့ကြောင်း ပြောကြားပြီး ဆိုးလ်ဘက်မှ မြောက် ကိုးရီး ယားနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်မည်ဟု ပြောကြားသည်။

“အကယ်၍ စစ်မှန်တဲ့ ပြောင်းလဲမှု၊ တိုးတက်မှု လမ်းကြောင်းကို စမယ်ဆိုရင် နျူကလီးယား လက်နက် ထုတ်လုပ် မှုကို စွန့်လွှတ်ပါလို့ မြောက်ကိုးရီးယားကို တိုက်တွန်းပါတယ်” ဟု သမ္မတပြောကြားသည်။

Ref:BBC/AFP
@ မြန်မာ့ခေတ်

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်ဝင်လာသည့် ယခင်မြန်မာ နိုင်ငံသားအား ဥပဒေအရ အရေးယူပြီး၍ ပြည်နှင်ဒဏ်ပေး

Posted by drmyochit Saturday, July 27, 2013, under | No comments


စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ပေးအပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်လည်ဝင်လာသည့် Somchai Rakyodying (ခ)စိုင်းဆုတ် (ယခင်မြန်မာနိုင်ငံသား) အား လ၀က ဥပဒေအရ အရေးယူပြီးပြီ ဖြစ်၍ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်အရ အက်ဥပဒေ ပုဒ်မ ၇/၁ဖြင့် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူ Somchai Rakyodying (ခ)စိုင်းဆုတ်သည် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ပြန်လည်ဝင်ရောက် လာခဲ့ပြီး ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ သြဂုတ်အတွင်းက ရွှေဂုံတိုင်ဟိုတယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားဖြစ်သူ စိုင်းဆုတ်သည် ယခင်က မြန်မာနိုင်ငံသားဖြစ်ပြီး ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး ယင်းနောက် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရင်း ထိုင်းနိုင်ငံသားအဖြစ် ခံယူခဲ့ကြောင်း ရန်ကုန်မူးယစ် အထူးအဖွဲ့ (အနောက်ပိုင်း) ကြီးကြပ်သူ အရာရှိ ဒုရဲမှူးခင်မောင်သိန်းက ပြောကြားသည်။

အဆိုပါ စိုင်းဆုတ် မြန်မာနိုင်ငံအတွင်း ပြန်ဝင်လာခြင်းနှင့် ပတ်သက်၍ ''သူက ထိုင်းမှာရှိတဲ့ ဂိုဒေါင်တစ်ခုမှာ အလုပ်လုပ်တယ်။ အဲဒီဂိုဒေါင်က စိတ်ကြွဆေးပြား လုပ်ရာမှာသုံးတဲ့ ဆူဖာဖက်ဒရင်း အတောင့်တွေကို ချွတ်ပြီးတော့ အမှုန့်လုပ်တယ်။ အမှုန့်လုပ်ပြီးတော့ စိတ်ကြွဆေးပြား ချက်တဲ့နေရာတွေကို ပို့တယ်။ ပို့တာတော့ အတိအကျ မသိဘူး။ သူ့ရဲ့တာဝန်က အဝေးပြေး ဂိတ်တွေကနေ သွားယူတယ်။ ယူပြီးရင် ချင်းမိုင်မှာရှိတဲ့ သူတို့ငှားထားတဲ့ အိမ်တစ်အိမ်မှာ သိမ်းထားတယ်။ လာသယ်တဲ့ အခါကျရင် သူကသော့ဖွင့်ပေးတယ်။ သူက အဲဒီ အလုပ်ကိုပဲ လုပ်ပေးရတယ်'' ဟု ရန်ကုန် မူးယစ်အထူးအဖွဲ့ (အနောက်ပိုင်း) ကြီးကြပ်သူ အရာရှိ ဒုရဲမှူးခင်မောင်သိန်းက ပြောကြားသည်။

''တစ်နေ့မှာ သူတို့အိမ်ကို ရဲက ၀င်စီးတယ်။ အဲဒီမှာ ဆူဖာဖက်ဒရင်းတွေ အများကြီးတွေ့တယ်။ တွေ့တော့ စစ်လိုက်တော့ သူပါတယ်ဆိုတာ သိတယ်။ အဲဒီအချိန်မှာ သူ့ကို အစ်ကိုတို့ဆီမှာ သတင်းပေးထားတယ်။ ထိုင်းနိုင်ငံသား မြန်မာနိုင်ငံကို ထွက်ပြေးလာတယ်။ သူ့ကို ရွှေဂုံတိုင် ဟိုတယ်မှာ ဖမ်းမိတယ်'' ဟု ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ပြန်ဝင်လာသူ စိုင်းဆုတ်အား လ၀ကဥပဒေအရ အရေးယူကာ ဗဟန်းတရားရုံးမှ ထောင်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

''သူက ကျိုင်းတုံ ရပ်ကွက်(၂)မှာနေခဲ့တာ အဲဒီကလူတိုင်း သိပါတယ်။ သူ ၁၅ နှစ်လောက်မှာ ထိုင်းကိုသွားပြီး အလုပ်လုပ်တယ်။ ထိုင်းကို လူတိုင်းသွားပြီးတော့ အလုပ်လုပ် နေကြတာပဲ။ သူပြန်လာတော့ ထောင်တစ်နှစ်ချခံရတယ်'' ဟု စိုင်းဆုတ်၏ အစ်ကိုဝမ်းကွဲ ဖြစ်သူက ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံသားဖြစ်သူ စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်အဖွဲ့ (ONCB)မှ လက်ထောက် ညွှန်ကြားရေးမှူး Mr Sithisak Kallayanapradit နှင့် တာဝန်ရှိသူများထံသို့ မူးယစ်ပြတိုက်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒုရဲမှူးကြီး မြင့်အောင်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၆ရက် မွန်းလွဲပိုင်းတွင် မူးယစ်ပြတိုက်၌ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

From: Eleven

Friday, July 26, 2013

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု NDF ပါတီ ကြေညာချက်ထုတ်

Posted by drmyochit Friday, July 26, 2013, under | No comments

မန္တလေး၊ ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် ၃၆ လမ်း ၈၄x၈၅ လမ်းကြား တွင် ဇူလိုင်လ၂၁ ရက်နေ့က ကျင်းပသော မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူ တရားပွဲ တွင် လက်လုပ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက် မြန်မာနိုင်ငံ က အဆိုပါ ဗုံးခွဲမှုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်ဟု ယင်းပါ တီ ဗဟိုကော်မတီဝင် ဦးမြင့်ဦးက ပြောကြားသည်။

ယင်းကြေညာချက်တွင် နိုင်ငံရေး မတည်ငြိမ်စေရန် ခုတုံးလုပ် လုပ်ကြံခြင်းဖြစ်စေ၊ အစွန်းရောက် ဘာသာရေး အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်များ တရားပွဲ ကျင်းပသည့် နေရာတွင် ဗုံးဖောက် ခွဲမှုဖြစ် ရပ်ကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက်မြန်မာပြည်က ပြင်းထန်စွာ ကန့် ကွက် ရှုတ်ချကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အဆိုပါ ဆန့်ကျင်ရှုတ်ချခြင်း ကြေညာချက်ကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီပတ်ဝန်းကျင် အချိန် မှစ၍ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ လူစည် ကားရာ နေရာများတွင် ပြည်သူများထံသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦမြင့်ဦးက ထပ်မံပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့် က မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆လမ်း၊ (၈၄x၈၅) လမ်းကြား၊ အေးမေတ္တာဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဗြောက်အိုးကွဲသံ ကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ကာ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦး အမျိုးသားတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly

မြန်မာနိုင်ငံတွင် ညစ်ညမ်းကိစ္စဖြန့်ဖြူးမှုများ အရေးယူရန် အရေးတကြီးလိုအပ်နေ

Posted by drmyochit Friday, July 26, 2013, under | No comments




ရန်ကုန်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲမှုများပြားလာသည့်နည်းတူ အင်တာနက် လူမှုရေး ကွန်ရက် စာမျက်နှာ များနှင့် ၀က်ဘ်ဆိုက်များကို အသုံးပြု၍ လိင်စပ်ယှက်မှုများကို ခိုးဝှက်ရိုက်ကူးထားသော ဗီဒီယိုမှတ် တမ်းများနှင့် ပြည့်တန်ဆာအချို့၏ အဖော်အချွတ်ပုံများကို ဖြန့်ဝေမှုများ များပြားလာ၍ မြန်မာ့ လူ့အဖွဲ့ အစည်းအတွင်းရှိ လူငယ်များအတုယူ မှား၍မဖြစ်သင့်သော ကိစ္စရပ်များဖြစ်ပေါ်လာမည်ကို စိုးရိမ် လျက်ရှိကြသည်။

လတ်တလောကာလတွင် ရေပန်းစားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူနှစ်ဦး၏ လိင်ကိစ္စ ဗီဒီယို မှတ်တမ်း အပါအ၀င် အနုပညာရှင်များ၏ လိင်ကိစ္စဗီဒီယိုမှတ်တမ်းများကို ခိုးဝှက်ရိုက်ကူး၍ အင်တာနက် တွင် ပျံ့နှံ့စေခြင်းဖြင့် မလိုလားအပ်သော လူမှုရေးဆိုးကျိုးများဖြစ်ပေါ်လျက်ရှိသည်။ ထို့သို့ လူမှုရေး ဆိုးကျိုး များ ဖြစ်စေသည့် ဗီဒီယိုမှတ်တမ်းများကို ရိုက်ကူးဖြန့်ဝေသူများကို အရေးယူ ရန်ဆိုင် ရာဥပဒေပြဋ္ဌာန်း ချက်များ ရှိ သော်လည်း သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှုများလုံးဝမရှိဘဲ မသိကျိုး ကျွန်ပြုလျက် ရှိကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ နိုင်ငံတွင်းလုပ်ကိုင်လျက်ရှိသော ပြည့်တန်ဆာအချို့က ၄င်းတို့၏ အဖော်အချွတ်ပုံများကို အင်တာနက်တွင်တင်၍ ဖိတ်ခေါ်မှု များပြုလုပ် လျက် ရှိသည်။ ထိုလုပ်ဆောင်ချက်များအပေါ် သက်ဆိုင်ရာပြည့်တန်ဆာဥပဒေဖြင့် ရှာဖွေ အရေး ယူ၍ရသော်လည်း သက်ဆိုင်ရာမှဆောင်ရွက်ခြင်းမရှိ၍ ပိုမိုရဲတင်းစွာပြုလုပ်လာကြသည်။ အင်တာ နက်လူမှု ကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော အဖော်အချွတ်ပုံများတွင် မြန်မာ အမျိုးကောင်း သမီး အချို့ကို ခိုးဝှက် ရိုက်ကူးထားသည့် ပုံများလည်းပါရှိနေ၍ ထိုကာယကံရှင်အမျိုးသမီးများ၏ အရှက်နှင့် ဂုဏ်သိ က္ခာကို ထိခိုက်လျက်ရှိသည်။

ထိုဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံတွင်း အင်တာနက်အသုံးပြု၍ ညစ်ညမ်းကိစ္စရပ်များ ဖြန့်ဖြူးမှုတို့အပေါ် အစိုး ရက သက်ဆိုင်ရာတည်ဆဲဥပဒေများအတိုင်း ရှာဖွေဖော်ထုတ် အရေးယူသွားရန် အရေးတကြီးလိုအပ် နေပြီဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးတင်လှိုင်ကပြောသည်။

Myanmartandawsint Newspaper

အစော်ကားခံရကြောင်း တိုင်ကြားပြီးနောက် ထောင်ဒဏ်ကျ ခံရသူ နော်ဝေအမျိုးသမီးအား လွတ်ငြိမ်းခွင့်ပေး

Posted by drmyochit Friday, July 26, 2013, under | No comments



အဓမ္မစော်ကားခံရကြောင်းကို တိုင်ကြားခဲ့ပြီးနောက် ထောင်ဒဏ်ကျခံ ခဲ့ရသော ဒူဘိုင်း၌ လာရောက် အလုပ် လုပ်ကိုင်သူ နော်ဝေ အမျိုးသမီး တစ်ဦး ၏ ကိစ္စအား အများပြည်သူက ဝေဖန် ကန့်ကွက်သံများ ထွက်ပေါ်လာပြီး နောက် သူမအား လွတ်ငြိမ်းခွင့်ပေးခဲ့ ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်Marte Dalelv ဆိုသူ အမျိုးသမီးသည် သူမ၏ အလုပ်ရှင်အား ပြစ်ဒဏ်ချမှတ်ရန် တိုင် ကြားခဲ့ပြီးနောက် လိုင်စင်မရှိဘဲ အရက် သောက်မှု၊ မုသား သက်သေခံမှု၊ ကာမပိုင် ယောက်ျားရှိ လျက်ဖောက်ပြန် မှုများဖြင့် တရားစွဲဆိုခံရပြီး လေးလကြာ ဒုက္ခသုက္ခများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် လွတ်ငြိမ်းခွင့်ရခဲ့ခြင်း ဖြစ်သည်။

သူမသည် အဓမ္မစော်ကားခံရသည့် အကြောင်းကို ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ ပြီးနောက် ချက်ချင်းဖမ်းဆီးထိန်းသိမ်းခံ ရပြီး လေးရက်အကြာ တွင် နော်ဝေသံ တမန်များ၏ အကူအညီဖြင့် လွတ်မြောက် ခဲ့သည်။ သူမအား အာရပ်စော်ဘွားများ နိုင်ငံအတွင်း၌ ၁၆ လကြာ ထောင်ဒဏ် ကျခံရန် စီရင်ချမှတ်ခဲ့သော်လည်း လွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အရက်သောက် သုံးမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု များဖြင့် ၁၃ လကြာထောင်ဒဏ် ကျခံရ မည့် သူမ၏သူဌေးကိုလည်း လွတ်ငြိမ်း ခွင့်ပေးခဲ့သည်။

''မင်းကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီ လို့ ပြောတော့ ကျွန်မ တအားပျော်သွား တာ။ ပျော်စရာကောင်းတဲ့ အဆုံးသတ် တစ်ခုပါ။ ကျွန်မပတ်(စ်)ပို့လည်းပြန်ရ ပြီ။ ဒီနိုင်ငံကနေ အမြန်ဆုံးထွက်ခွာမှာ ပါ''ဟု သူမက ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Barth Eide က ယင်းကဲ့သို့ လွတ်ငြိမ်း ခွင့်ပေးခဲ့ခြင်းအပေါ် ထောက်ခံခဲ့သော် လည်း ထောင်ဒဏ်ချမှတ်ခဲ့သည့် တရား ရုံး၏ မူလဆုံးဖြတ်ချက်ကို ပြစ်တင်ဝေ ဖန်ခဲ့သည်။ သူမသည် ဒိုဟာမှ ဒူဘိုင်း သို့ အလုပ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ကာတာသို့ ပြန်သွားရန် ဆုံးဖြတ်ချက် မချရသေးပေ။

သူမအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် လူပေါင်း ၇၂ဝဝဝ က လက်မှတ် ရေးထိုးတောင်းဆိုခဲ့ပြီး Facebook ရှိ အသင်းအဖွဲ့များကလည်း သူမကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

Ref:AFP
သိင်္ဂီဝင်း

Popular Myanmar News Journal

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

Posted by drmyochit Friday, July 26, 2013, under | No comments




သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာ မှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေ အနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက် မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရ တတ်သည်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်ဟု သုတေသန စာတမ်းပြုစု သူများက ထည့်သွင်း ဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာ ဂျာနယ် (journal Annals of Behavioral Medicine) တွင် ဖော်ပြထားသည်။

သီဟ
Source:MDI
Health Updates Journal

မြန်မာနိုင်ငံအလယ်ပိုင်း မိုးစတင်ရနေပြီဖြစ်သလို မြစ်ဝကျွန်းပေါ်ဒေသနဲ့ တနင်္သာရီတိုင်းမှာတော့ စတင်ရေဖုံး လွှမ်းခံရပြီ

Posted by drmyochit Friday, July 26, 2013, under | No comments



ဆရာ ဒေါက်တာထွန်းလွင်က မြန်မာနိုင်ငံရဲ့ မိုးလေ၀သအခြေအနေတွေကို နေ့မနား၊ ညမနား အလုပ် လုပ်နေပြီး မြန်မာပြည်သူပြည်သားတွေအတွက မိုးလေ၀သသတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ ပြောပြပေးနေ ပါတယ်။ ခုလို မိုးလေ၀သသတင်းတွေကို ကျန်းမာရေးကို မငဲ့ဘဲ ပြောပြပေးနေတဲ့ ဆရာ ဒေါက်ထာထွန်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်။

Weather News Update
26-7-2013
00:58 am

မြန်မာနိုင်ငံအလယ်ပိုငး မိုးစတင်ရနေပြီဖြစ်သလို မြစ်ဝကျွန်းပေါ်ဒေသနဲ့ တနင်္သာရီတိုင်းမှာတော့ စတင်ရေဖုံး လွှမ်းခံရပြီ။

(၁) စွတ်စိုကာလ(Wet Spell Period) ဖြစ်တဲ့ ဇူလိုင်လ(၂၃-၂၅)ရက် အတွင်း NASA ဂြိုဟ်တုမှ RS နည်းပညာနဲ့ တိုင်းတာချက်များအရ မြန်မာနိုင်ငံ တ၀ှမ်းမှာ တစ်နေ့ထက်တစ်နေ့ မိုးရွာသွန်းမှု တိုးလာ တာကိုတွေ့ရပါတယ်။ (၂၂-၇-၁၃) ရက်နေ့မှာ မိုးမရွာသေးတဲ့ဒေသ မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ မြေလတ် ပိုင်းဒေသတွေ မှာ အများအပြား ဆက်လက်ကျန်ရှိနေသေးပေမယ့် (၂၃-၇-၁၃) မှာတော့ မိုးမရွာတဲ့ဒေသ ဟာ ချင်းပြည်နယ်မှာသာ ကျန်တော့တာ ကို တွေ့ရပါတယ်။ (၂၅-၇-၁၃) ရက်မှာတော့ တပြည်လုံး မိုးမရွာ တဲ့ဒေသ မကျန်တော့တာကို တွေ့ရ ပါတယ်။

(၂) (၂၅-၇-၂၀၁၃)ရက်နေ့မှာတော့ မိုးအနည်းဆုံး(၂၄ နာရီအတွင်း ၁-၁၀ မမ) ရွာသွန်းတဲ့ဒေ သများအဖြစ် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်းအနောက်အလယ်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ အရှေ့ပိုင်းတို့ကို တွေ့ရပါတယ်။

(၃) ဂြိုဟ်တုနဲ့တာဝေးတိုင်းတာမှုအနေနဲ့တော့ မိုးခေါင်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မိုးရနိုင်တဲ့ အခြေ အနေတွေဖြစ်ပေါ်နေခဲ့တာကိုတွေ့ရ ပါတယ်။ မြေပြင်အခြေအနေနဲ့တော့ တိုက်ဆိုင်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။

(၄) တချိန်တည်းမှာဘဲ မိုးရရှိမှုအနေနဲ့ မြန်မာနိုင်ငံအောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ နဲ့ တောင်ပိုင်းဒေသတွေမှာ သိသိသာသာ တိုးခဲ့ပါတယ်။ (၂၄)မိုးရေချိန် အများဆုံး ၂ လက်မ(၅၀ မမ)ခန့်အထိ ရရှိခဲ့ပါတယ်။

(၅) ကြိုတင်စိုးရိမ်ခဲ့တဲ့အတိုင်းပါဘဲ မြစ်ကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း နဲ့ တနင်္သာရီတိုင်းတို့ မှာတော့ မြေနိမ့်ပိုင်းတွေ၊ လယ်ကွင်းတွေသာမက လူနေအိမ် ရပ်ကွက်တွေ ပါ ရေမြုပ်ခံရတဲ့ သတင်းတွေလည်း ကြားသိလာရပါတယ်။

လက်ရှိအချိန်မှာတော့ ရေဇု့းလွှမ်းခံရမှုဟာ မိုးကောင်းလာတာနဲကအမျှ အရေးအကြီးဆုံး ကာကွယ် မှုဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ မိုးကတော့ ဇူလိုင်လကုန်အထိ ကောင်းဦးမယ်လို့ ခန့်မှန်းထား ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Journal

ရခိုင်ပြည်နယ်အတွင်း ဗုံးခွဲမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေ

Posted by drmyochit Friday, July 26, 2013, under | 1 comment


ကျောက်ဖြူမြို့အတွင်း စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအား ဗုံးခွဲမည်ဟု သတင်းတစ်ရပ် ထွက်ပေါ်ခဲ့သဖြင့်  ကျောက်ဖြူမြို့ရှိနေရာအနှံ့အပြား၌  လုံခြုံရေးများချထားကြောင်း ကျောက်ဖြူမြို့ခံများထံမှ သိရှိရသည်။

“လုံခြုံရေးတွေက ဇူလိုင်လ ၂၃ ရက်နေ့ကပင် ကင်းလှည့်တယ်၊ ကျွန်တော်တို့ သိတာက မနေ့ကဘဲ သိတယ်၊  အခုလက်ရှိ  အစ္စလာမ်ဘာသာဝင် တစ်ယောက်တော့ ဖမ်းတယ်လို့ သိရတယ် ၊ ဖမ်းတာက လဝက အမှူနဲ့လို့ သိရတယ်’’ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

 ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျောက်ဖြူမြို့ လူနေထူထပ်သည့်နေရာများတွင် ဗုံးခွဲမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည့်အတွက် စာသင်ကျောင်းအချို့ကို တစ်ရက်တာ ပိတ်ထားလိုက်ရခြင်းဖြစ်သော်လည်း အဆိုပါသတင်းထွက်ပေါ်ခဲ့သည့် သတင်းရင်းမြစ်ကိုမူ မသိရှိချေ။

 “ကျောက်ဖြုမြို့မှာ အထင်ကရနေရာတွေကို ဗုံးခွဲမယ်ဆိုပြီး သတင်းတစ်ခုထွက်ပေါ်လာတာကြောင့် မနေ့က စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရတယ်၊ စာသင်ကျောင်းတွေ လူစည်ကားတဲ့နေရာတွေမှာ ဗုံးခွဲမယ်ဆိုပြီး သတင်းတစ်ခု ထွက်လာတဲ့အတွက် လုံခြုံရေးအဖွဲ့တွေ့က စာသင်ကျောင်းများ ဈေးရောင်းနေတဲ့ သူတွေကို ဖယ်ခိုင်းတယ်၊ အန္တာရယ် တစုံတရာဖြစ်လာတယ်ဆိုလို့ရှိရင် သူတို့အတွက် တာဝန်မယူဆိုတဲ့ အကြောင်းတွေ ပေါ့’’ ဟုကျောက်ဖြူမြိုခံတစ်ဦးက ပြောသည်။

အဆိုပါ သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ ကျောက်ဖြူရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယခုကဲ့သို့ ဖြေကြားခဲ့သည်။

 “ကျောက်ဖြူမှာဗုံးခွဲမယ်ဆိုပြီး သတင်းထွက်ပေါ်တာ မဟုတ်ပါဘူးခင်ဗျား၊ သံသယရှိတဲ့သူကို ဖမ်းဆီးထား တာလည်း မရှိပါဘူး’’ ဟု ကျောက်ဖြူရဲစခန်းမှ တာဝန်ရှိသူက ဖြေကြားခဲ့သည်။

သို့သော် အဆိုပါသံသယရှိသူအား ကျောက်ဖြူ ငလပွေ့ဆိပ်ကမ်း၌ ဖမ်းဆီးရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဇူလိုင်လ(၂၅)ရက်နေ့ ကျောက်ဖြူမြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည်ဟု ကျောက်ဖြူဒေသခံများထံမှ သိရသည်။

အလားတူစစ်တွေမြို့၌လည်း ယင်းသို့ သတင်းထွက်ပေါ်မှုများရှိနေရာ စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ ရဲအရာရှိတစ်ဦးအား ဆက်သွယ်ရာ ယခုကဲ့သို့ဆိုသည်။

”သတင်းကတော့ မျိုးစုံထွက်နေတာဘဲလေ၊ ဟုတ်တာလည်း ပါမယ်၊မဟုတ်တာလည်း ပါမယ်၊ အခုကျွန်တော် တို့ရဲတပ်ဖွဲ့တွေ လုံခြုံရေးအဖွဲ့တွေ တိုးချထားပါတယ်၊  ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင် အတတ်နိုင် ဆုံး ကာကွယ်ထားပါတယ်’’ဟု စစ်တွေအမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

အိန္ဒိယနိုင်ငံ ဘီယာပြည်နယ် ဗုဒ္ဒဂယာတွင် ဗုံးခွဲမှုနောက် ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်သူအချို့က  ဗုံးခွဲမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပေါ်မှု တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဘင်္ဂလီဒုက္ခသည်စခန်းများတွင် ဝန်ထမ်းများအား တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ လက်ရှိတွင် ပဋိပက္ခထပ်မဖြစ်ရအောင် ရခိုင်ပြည်နယ်တွင် ရဲအင်အား ၆ထောင် ချထားသလို တစ်ချို့နေရာများတွင် လုံခြုံရေးကင်းများချထားရဆဲဖြစ်သည်။

ဇူလိုင်လ ၉ရက်နေ့တွင် ရန်ကုန်မြို့ နိုင်ငံခြားဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက ဘင်္ဂါလီများနေထိုင်သည့် နေရာများတွင် လုံခြုံရေးအပြည့်အဝချထားပြီး ရခိုင်နှင့်ဘင်္ဂါလီ တစ်ဖက်နှင့် တစ်ဖက်သွားလာခွင့် ခွင့်ပြုထားခြင်းမရှိဟု ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့်  ကောလဟာလ သတင်းမျိုးများ ထွက်ပေါ်လာမှုကို ထိန်းချုပ်ရန် ခက်ခဲ သော်လည်းဖြစ်စဉ်အချို့ကိုမူ  အမြဲတမ်းထုတ်ပြန်လေ့ရှိသည်။

From: မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

တောင်ပြုန်းပွဲတော်လာ မိန်းမလျာ ဖမ်းဆီးထိန်းသိမ်းမည် မဟုတ်ပါ

Posted by drmyochit Friday, July 26, 2013, under | No comments



တောင်ပြုံးပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ လာရောက် မည့်မိန်းမလျာ များကိုဖမ်းဆီးထိန်းသိမ်းခြင်း ပြုလုပ်ရန် အစီအစဉ်မ ရှိဟုမန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှရဲမှူး စိုးငြိမ်းက ပြောသည်။

မိန်းမလျာများအား ဆက်တိုက် ဖမ်းဆီးမှုပြုလုပ်နေသည့် မန္တလေးမြို့ ကိစ္စရပ်နှင့်ပတ်သက်၍ မကြာမီကျင်းပ တော့မည့်တောင်ပြုံးပွဲတော်၌ လာရောက် လည်ပတ်ရန် မိန်းမလျာအများစု စိုးရိမ် နေမှုအပေါ် ရဲမှူးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မန္တလေးမှာ မိန်းမ လျာဆိုတာနဲ့ ဖမ်းနေတာ မဟုတ်ဘူး။ ဒါကိုရှင်းရှင်းလင်းလင်း သိစေချင်တယ်။ ကျွန်တော်တို့က အများပြည်သူစိတ် အ နှောင့်အယှက် ဖြစ်နေလို့သာ သူတို့ကို ကျွန်တော်တို့ ဖမ်းတာပါ''ဟု ရဲမှူးက ရှင်းပြသည်။

ထို့အတူတောင်ပြုန်း၌ အများပြည် သူတို့စိတ်အနှောင့်အယှက်ဖြစ်က မိန်းမ လျာတို့ကို မဖမ်းဆီးဘဲမနေဟု ရဲမှူးက ဆက်ပြောသည်။ ရိုးရာဓလေ့ ထုံးစံအရ တောင်ပြုန်းပွဲကို ဝါခေါင်လဆန်းတွင် နှစ် စဉ်ကျင်းပ နေရာ မိန်းမလျာများသာမက အနယ်နယ်အရပ်ရပ်မှ အများပြည်သူတို့ လာရောက်လေ့ရှိသည်။

မန္တလေးမြို့ လိင်တူချစ်သူများကွန် ရက်မှ ကိုရှင်းသန့်က ''ဒါကတော့ သူ တို့အပြောလေ။ ဒီလိုပဲပြောကြတာပဲ။ တောင်ပြုန်းမှာ မဖမ်း လည်း တောင်ပြုန်း သွားတဲ့လမ်းတစ်လျှောက်နဲ့ ကျုံးဘေး မှာ ဖမ်းလို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် စိုးရိမ် တယ်''ဟု ပြောသည်။

ဇူလိုင်လ ပထမအပတ်မှ စကာ မန္တလေးရဲတပ်ဖွဲ့က မိန်းမလျာ ၂ဝ ဦး ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ခံဝန်လက် မှတ်ရေးထိုးခိုင်းခြင်း၊ အချုပ်ထဲ ထည့် ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများကို ပြုလုပ်ခဲ့သည်။

ရဲမှူးဦးစိုးငြိမ်းက ''ကျွန်တော်တို့ ဒါက ဥပဒေအတိုင်းလုပ်တာ၊ အပြင် မှာ ကျွန်တော်တို့ ရဲကိုတရားစွဲမယ်လို့ ပြောတယ်။ ဘာပုဒ်မနဲ့စွဲမှာလဲ။ အဲဒီ ကျုံးတောင်ဘက်မှာ မိန်းမလျာတွေက မဟုတ်တာလုပ်တဲ့အလုပ်တွေ အများ ကြီးရှိတယ်။ အဲဒီဘက်က မိန်းမလျာ တွေသာမကဘူး မဟုတ်တာလုပ် တဲ့ ယောက်ျားတွေလည်း ဖမ်းတာပဲ။ ဒါပေ မဲ့ တစ်ခုပဲရှိတယ် ဘာမှမလုပ်တဲ့ မိန်းမ လျာတွေကိုတော့ ဖမ်းမှာမဟုတ်တာ တော့ သေချာတယ်'' ဟု ပြောသည်။

PN-051 ၊ စိုင်းလမင်း

Popular Myanmar News Journal

ဆေးရုံထဲသို့ အရက်ပုလင်းနှင့် ဆိုင်ကယ်စီး ဝင်လာသော ဆရာဝန် သတင်း ဖြစ်ရပ်မှန်

Posted by drmyochit Friday, July 26, 2013, under | No comments



၂၁ ရက်နေ့   ည ၉ နာရီလောက်မှာ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့  ကျောက်ဆည်ဆေးရုံကို accident ဖြစ်တဲ့ လူနာနှစ်ယောက် ရောက်လာပြီး လူနာများ၏ အခြေအနေမှာ ဦးခေါင်းထိထား၍ ကောင်းစွာ သတိမရကြောင်း သိရပါတယ်။

အဆိုပါလူနာ များနှင့် ပါလာသော ယာဉ်ထိမ်းရဲ နှစ်ယောက်မှာ ဆရာဝန်စမ်းသပ် ခန်းထဲသို့ ဝင်လာပြီး လူနာများ အား လှုပ်နိုးပြီး၊ နာမည်၊ အသက် စသည်တို့ ကို မေးတဲ့အခါ တာဝန်ကျ ဆရာဝန်များထဲမှ ဆရာဝန် တယောက်က လူနာက ကောင်းကောင်း သတိမရသေးသဖြင့်၊ အရေးပေါ် အခြေ အနေဖြစ် ကြောင်း ဆရာဝန် အခန်း အပြင်မှ စောင့်ရန်ပြောသဖြင့်၊ အရက်လည်း မူးနေတဲ့ ယာဉ်ထိမ်းရဲ ၂ပွင့် ဦးအေး ကိုကိုမှ အခန်းအပြင်ဘက်သို့ ထွက်သွားရ၍ မကျေနပ်ကြောင်း ပြောဆိုနေခဲ့ပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာ ဇော်သူအောင်မှ ဆိုင်ကယ်ထားရန် ပြင်ပလူနာ ဌာနဆောင်ထဲသို့ တက်လာစဉ်၊ ယာဉ်ထိမ်းရဲများ ပိတ်နေ၍ လမ်းဖယ်ပေးရန် ဆိုင်ကယ်ဟွန်းတီးတဲ့အခါ၊ ယာဉ်ထိမ်းရဲ ဖြစ်သူများမှ ဖယ်မပေးဘူးလို့ ဆိုပါတယ်။

ထိုအခါ ဒေါက်တာဇော်သူအောင်မှ ဆိုင်ကယ်ကို လမ်းကျဉ်းကျဉ်းလေးထဲ သို့  ယာဉ်ထိမ်းရဲများ ဘေးမှ ကပ်ရှောင် သွားစဉ်၊ဒေါက်တာ ဇော်သူအောင် ဆိုင်ကယ်မှ ဆိုင်ကယ်ဦးထုပ်နှင့် ဦးအေးကိုကို၏ လက်ထိ မိသွား ကြောင်းသိရပါတယ်။

အထဲမှ လူနာနှစ်ယောက်ကိုတော့ ရောဂါအခြေအနေ အကြောင်း တာဝန်ကျ ခွဲစိပ်ဆရာဝန်ကြီးထံ အကြောင်း ကြားပြီး ဆရာဝန်ကြီး order အရ မန္တလေးဆေးရုံကြီး ဦးနောက်နှင့် အာရုံကြောခွဲစတ်ဌာနလို့ လွဲပြောင်း ခိုင်း လိုက်ပါတယ်။

ထိုသို့ လွှဲပြောင်းကုသ ခြင်းကို ယာဉ်ထိမ်းရဲ ဖြစ်သူဦိးအေးကိုကိုမှ ဒီမှာပဲ ကုလို့ မရနိုင်ဖူးလား၊ ဘာဖြစ်လို့ လွှဲတာ လဲလို့ ပြောပါတယ်၊ အရေးပေါ်အခြေအနေကြောင့် လွှဲပြောင်းခြင်းကို သူ့ ဘက်က ဘာကိစ္စ သဘော မတူ ဖြစ်နေရတာလဲဆိုတာကို ဆရာဝန်များမှ နားမလည်နိုင်ကြောင်း၊ ကျောက်ဆည် ဆေးရုံက ဆရာဝန် တဦးက ပြောပါတယ်။

မလွှဲလို့ မရဖူးလို့ ပြောလိုက်တော့မှ ယာဉ်ထိမ်းရဲ ဖြစ်သူ နှစ်ဦးထွက်သွားခဲ့ ပါတယ်။

ည ၁၀ နာရီလောက်မှာ ယာဉ်ထိမ်းရဲ ဖြစ်သူနှစ်ဦးနှင့် ကိုကိုလွင် ဆိုသော လူတယောက်ပါလာပြီး ၊၃ ယောက် စလုံးမှ အရက်နံ့ရပြီး တော်တော်ပင်မူးနေကြကြောင်း၊ ကိုကိုလွင် ဆိုသူမှာ ဆေးရုံထဲသို့ ဆေး လိပ်သောက် ၀င်လာပြီး သူ့ ဖုန်းဖြင့် ဓာတ်ပုံများရိုက်ကြောင်း၊ ယာဉ်ထိန်းရဲဖြစ်သူ ဦးအေးကိုကိုမှ သူ့ အားဆိုင် ကယ်ဖြင့် ဝင်တိုက်သွားသည့် ဆရာဝန်အား ခေါ်ပေးရန် ရင့်ရင့်သီးသီးပြောဆို ကြောင်း၊
ကိုကို လွင်အား ဓာတ်ပုံ ရိုက်လို့ မရကြောင်း ပြောသောအခါ ၊ ငါက မီဒီယာသမားကွ ငါရိုက်ချင်ရင် အကုန် ရိုက်လို့ ရတယ်ကွဟု ပြောကြောင်း၊ ရောက်လာသူ ၃ ယောက်စလုံးမှ တော်တော်မူးနေ၍ ပြသနာ တက်မည် ဆိုးသော ကြောင့် ဒေါက်တာ ဇော်သူအောင်ကို ခေါ်မပေးပဲ ပြေလည်အောင် ဆရာဝန်တဦးမှ ဦးအေး ကိုကိုအား ဆိုင်ကယ်ဦးထုပ်နှင့် တိုက်မိတာပဲ ခင်များလက်က ဒဏ်ရာရသွားရင် ကျွန်တော်တို့ ဒေါက်တာ ဇော်သူအောင် အစားတောင်းပန်ပါတယ်လို့ ပြောပါတယ်။

ပြီးတော့ ခင်များလက်ကိုလည်း ဓာတ်မှန်ရိုက်ပြီး ဆေးကုပေးမည်ဟု ပြောကြောင်း၊ အမှန်မှာ ဆိုင်ကယ်ဦးထုပ်ဖြင့် တိုက်မိသောကြောင့် မည်သည့် ဒဏ်ရာအနာမှ မဖြစ်ကြောင်း၊ ဦးအေးကိုကိုမှ ဒေါက်တာဇော်သူအောင်အား မခေါ်ပေးသဖြင့် ဆေးရုံရှေ့တွင် အော်ပစ်ဆဲဆို သောင်းကြမ်းနေကြောင်း၊ မီဒီယာ သမားဟုပြောသော ကိုကိုလွင်ဆိုသူမှ ငါက ၈၈ကျောင်းသားဟောင်းကွ၊ ငါကိုဘာကောင်မှတ်နေလည်း၊ မင်းတို့ ဆေးရုံတခု လုံးကို ဓာတ်ပုံရိုက်ပြီး internet ပေါ်တင်လို့ ရတယ်ကွ၊ ပါးစပ်မှ လည်းနားနှင့် မကြားဝင့်တဲ့ စကားလုံးမျိုးစုံ ဖြင့်ဆဲဆိုပြီး၊ မင်းတို့ ဆေးရုံတခုလုံးကို မီးရို့ ပစ်မယ်၊ ဘာမှတ်နေလဲကွဟု ပြောကြောင်း၊ ပြသနာများ ပိုကြီးလာမည်ဆိုးသောကြောင့် အကုန်လုံးမှ ဒေါက်တာဇော်သူအောင်အား ခေါ်ပေးပြီး၊ ယာယီဆေးရုံအုပ် ဒေါက်တာဦးဌေးအောင်ကိုလည်း တာဝန်ကျ ဆရာဝန်တဦးမှ သွားခေါ်ခဲ့ပါတယ်။

ဒေါက်တာဦးဌေးအောင်ရောက်လာပြီး ပြသာနာဖြစ်သူ နှစ်ဦးအား အခန်းတွင်း သီးသန့် ဖြေရှင်းပေးကြောင်း၊ ဒေါက်တာဦးဌေးအောင်မှ ဦးအေးကိုကိုအား တာဝန်ချိန် အတွင်း ယူနီဖောင်း ဝတ်ပြီး အရက်သောက်ထားသဖြင့်မှားကြောင်း၊ ဒေါက်တာဇော်သူအောင်အား ဆိုင်ကယ်မထားရတဲ့နေရမှာ မောင်းတက်လာ၍ မှားကြောင်း ပြောပါတယ်။

ဒေါက်တာ ဇော်သူအောင်မှ ဒီနေရာတွင် ဆိုင်ကယ်မထားရသည်ကို မသိကြောင်း၊ အစဉ်အဆက်ကလည်း ဆိုင်ကယ်ထားကြ၍ မိမိလည်းထားမိခြင်းဖြစ် ကြောင်း၊ ယာဉ်ထိန်းရဲ ဦးအေးကိုကိုမှ ဒေါက်တာဇော်သူအောင်လည်း အရက်သောက်ထားကြောင်း ပြောဆိုပြီး ဆိုင်ကယ်ရှေ့ မှ ညှပ်ထားသော ဘူးကိုယူ၍ပြကြောင်း၊ အဲဒီဘူးမှာ အချိုရည်ဘူး ဖြစ်ကြောင်း ပြောပြီး ဒေါက်တာဦးဌေးအောင်နှင့် ဦးအေးကိုကိုမှ အဖုံးဖွင့်ပြီး ကြည့်ကြကြောင်း၊ အရက်အနံ့ မရပဲ အချိုရည်အနံ့ ပဲရကြောင်း၊ ဒေါက်တာ ဦးဌေးအောင်မှ ဝန်ထမ်းအချင်းချင်း ပြသနာဖြစ်တာ ရှက်စရာကောင်းလှ ကြောင်း၊ နှစ်ဦးနှစ်ဖက်တောင်းပန်ခိုင်း၍ အပြန်အလှန်လက်ဆွဲ နုတ်ဆက်ခိုင်းကြောင်း သိရပါတယ်။

ဒေါက်တာ ဦးဌေးအောင်မှ အရပ်သားတွေကို တောင်းပန်စရာ မလိုကြောင်းလဲ မပြောခဲ့ကြောင်း၊ ကိုကိုလွင်နှင့် ဦးအေးကိုကိုတို့ ဆဲဆိုနေသော ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများကို ဒေါက်တာဦးဌေးအောင်မှ ပြသနာ အကျယ်အကျယ်ဖြစ်မည်ဆိုးသဖြင့် ပြန်ဖျက်ခိုင်းလိုက်ကြောင်းလည်း ကျောက်ဆည် ဆေးရုံ တာဝန်ကျ ဆရာဝန်များ ပြောပြချက် အရ သိရပါတယ်။

ဆက်လက်ပြီး တာဝန်ကျ ဆရာဝန်တဦးမှ ဒေါက်တာဦးဌေးအောင်က လူနာများကို ဆဲဆိုရတဲ့ အကြောင်းအရင်း သိချင်ရင် အချိန်မရွေးလာရောက် စုံစမ်းနိုင်ကြောင်း၊ အလာကား သက်သက် မဆဲကြောင်း၊ ပြီးတော့ လူနာများကို ကြက်သား၊နို့ ၊ငါးဆန်ပြုတ် တနေ့ သုံးနှပ် နေ့ တိုင်းကျွေးကြောင်း၊ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူနာတွေကို ဆန်ပြုတ်နေ့ တိုင်းတိုက်တဲ့ ဆေးရုံမျိုးတွေကို လက်ချိုးရေလို့ ရကြောင်း၊ ကျောက်ဆည်ဆေရုံကြီးကို တက်ဖူးတဲ့ လူနာတွေကို ကြိုက်တဲ့လူ မေးလို့ ရနိုင်ကြောင်း၊ ငွေရေးကျေးရေး အရုပ်အရှင်း ကိစ္စမရှိကြောင်း၊ ဆင်းရဲသောလူနာများကို တက်နိုင်သလောက် ဆေးအလာကားပေးကြောင်း၊ ဆေးရုံဆင်းချိန်တွင် အလှူငွေကောက်ခံခြင်းကို မတက်နိုင်လျှင်လုံးဝမထည့် ခိုင်းကြောင်း၊ အဲဒါကြောင့် ၁၅နှစ်လုံးလုံး ဒီမှာမြဲနေတာဖြစ်ကြောင်း၊ ကြိုက်တဲ့ အချိန် ကျောက်ဆည်ဆေးရုံကို လာပြီးတော့ မေးမြန်းနိုင်ကြောင်း ထံမံပြောဆိုသွားပါတယ်။

From: Myanmar News Now

ဓားပြတိုက်နေစဉ် ထငိုသော ကလေးငယ်ကို ဓားပြဖြစ်သူက နို့ ဘူးဖျော်တိုက်ကာ ချော့သိပ်

Posted by drmyochit Friday, July 26, 2013, under | No comments

ဓားပြတစ်ဦး ဓားပြတိုက်နေစဉ် ၄င်းဓားပြတိုက်နေသော အိမ်မှကလေးငယ် အိပ်ရာမှ နိုးကာထ အော် ငိုလေ သည်။ ထိုအခါ ၄င်းက ၄င်းကြိုးတုပ် ချည်နှောင်ထားသော မိခင်ဖြစ်သူကို ကလေးအငိုတိတ်ရန် မည်သို့ လုပ် ရမည် ဆိုသည်ကို လှမ်းမေးလိုက်လေသည်။

ကလေးငယ် မိခင်က ကလေး နို့ဆာနေကြောင်း ပြန်ပြောလိုက်သောအခါ ဓားပြ ဖြစ်သူက နှို့မှုန့် ဖျော် ကာ ကလေးကို တိုက်လိုက်သည့်အပြင် ကလေးကို ပုခက် လွှဲပေးကာ သိပ်လိုက်လေ သည်။ အဆိုပါ အဖြစ် အပျက်သည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ အနောက်ပိုင်း တန်ဂါရန်မြို့ တွင် ဖြစ်ပျက် ခဲ့ခြင်း ဖြစ်သည်။

ဂျကာတာ ရဲအရာရှိ ဟယ်ရီက အဆိုပါ ဓါးပြသည် ဖခင် တစ်ဦးဖြစ်နေသောကြောင့် ကလေး အဖြစ် ကို မကြည့်ရက်ကာ ထိုကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ ကလေး အိပ်ပျော် သွားသော အခါမှ ထိုဓါးပြနှင့် အပေါင်းအပါတို့သည် ရွှေငွေ ပစ္စည်းများကို ယူဆောင်ကာ ထွက်ခွါ သွားကြတော့သည်။ ၎င်းတို့ ယူဆောင်ခဲ့သည့် ပစ္စည်း တန်ဖိုးစုစုပေါင်း ပေါင် ၃၁၀၀ ခန့်ရှိသည်ဟု ရဲများက ဆိုသည်။ မကြာမီ ရက်ပိုင်းတွင်ပင် ရဲများက အဆိုပါ ဓါးပြ တစ်သိုက်ကို ဂျကာတာ အနောက် ပိုင်း ရှိ အိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့လေသည်။ သနား ကြင်နာတတ်သော်လည်း ယင်းဓါးပြနှင့် ကြံရာပါ များသည် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရပြီ ဖြစ်သည်။

(DM 25.7.13) ချယ်ရီ
ပြည်မြန်မာ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်