Monday, July 29, 2013

အများကြီး မတွေးတော့ အရာရာကို ဥပေက္ခာ ပြုနိုင်တယ်ဆိုတဲ့ မိုးဟေကို

Posted by drmyochit Monday, July 29, 2013, under | No comments




   အများကြီး မတွေးတော့ အရာရာကို ဥပေက္ခာာ ပြုနိုင်တယ်ဆိုတဲ့ မိုးဟေကိုမိုးရဲ့ ထွက်သမျှ ဇာတ်ကားတွေ ကို ပရိသတ် တွေက အားပေးနေကြ တာကို  တာဝန်ကြီး လာတယ်လို့ ခံ စားရလား ဆိုတော့ အဓိကက ဘာ အလုပ်ပဲ လုပ်လုပ် မိုးပေါ့ပေါ့တန် တန်မလုပ် တတ်ဘူး။ ဟိုအရင်က တည်းက မိုးမှာရှိတဲ့ ကိုယ်စွမ်း ဥာဏ် စွမ်းလေးနဲ့ပဲ ပရိသတ်ချစ်အောင် ကြိုးစားခဲ့တယ်။ အဲဒီအတွက် တာဝန်ကြီးတယ်၊ တာဝန်သေးတယ် ဆိုတာကို ဘေးဖယ်ထားလိုက်ပြီး ပရိသတ်အပေါ်လေးစားတဲ့ စိတ်ပဲ ရှိတယ်။ အခုရော နောင်ရော ပရိ သတ်တွေအပေါ် လေးစားသွားမှာ ပါ။

မိုးရဲ့ သရုပ်ဆောင် မှုတွေကို ကိုယ်တိုင် ပြန်သုံးသပ်ပြီး ကြည့်ရင် လိုအပ်ချက်လေးတွေလည်း ရှိပါတယ်။ အဲဒီလို လိုအပ်ချက်တွေကို နားလည်ပြီး ကြည့်ပေးတဲ့ ပရိသတ် တွေက မိုးအတွက် အရမ်းတန်ဖိုးရှိ ပါတယ်။ တစ်ခါတလေ တိုက်ခိုက် မှုတွေ၊ အခက်အခဲတွေရှိတတ်ပေ မယ့် အရမ်းစိတ်ဓာတ်ကျ လွယ်တဲ့ အထဲမှာ မိုးမပါဘူး။ တစ်ခုခုဖြစ် လာခဲ့ရင်လည်း အကောင်းဘက်က နေလှည့်တွေးတတ်တယ်။ ဘယ်အ ရာမဆိုဖြစ် ချိန်တန်လို့ ဖြစ်တာ၊ ပြီး ရင်တော့ ဒီ့ထက်ကောင်းတဲ့ အရာ တွေလာမှာဆိုပြီး ခံစားတတ်တယ်။ အဲဒီအခါ စိတ်ဖိစီးမှုတွေလည်း လျော့သွားတယ်။ အခက်အခဲက တော့ ရှိတာပဲ။ ဘာအလုပ်ပဲလုပ် လုပ်ပေါ့။

ဒါပေမဲ့ ကိုယ်က အများ ကြီးမတွေးတော့ အရာရာကို ဥပေက္ခာပြုနိုင်လာတယ်။ မိုးက တော့ ဒီနေ့ ဘာလုပ်ရမလဲ၊ နောက် နေ့ဘာလုပ်ရမလဲ ဆိုပြီး အလုပ်နဲ့ ပတ်သက်တာတွေပဲ ခေါင်းထဲရှိ တယ်။ မိုးကအောင်မြင် တယ်ဆို တာထက် မိုးလုပ်ချင်တာလေးတွေ လုပ်ခွင့်ရနေတဲ့အပေါ် ကျေနပ်ပါ တယ်။ ရှေ့ဆက်ပြီးတော့ ပရိသတ် တွေအတွက် မိုးအမြဲကြိုးစားသွား မှာပါ။

By 8 Days
From: yoyarlay

ရည်းစားဟောင်းက မျက်လုံးထိုးဖောက်ခြင်း ခံခဲ့ရသူသည် ရည်းစားသစ်က တိုက်ခိုက်ခြင်းလည်း ခံရပြန်

Posted by drmyochit Monday, July 29, 2013, under | No comments



ဗြိတိန်နိုင်ငံရှိ အသက်(၃၃)နှစ်အရွယ် ကလေးနှစ်ယောက် အမေဖြစ်သူဟာ အကြမ်းဖက်တတ်သော သူမ၏ ရည်းစားဟောင်းက သူမ၏ ညာဘက်မျက်လုံးကို ထိုးဖောက်ခဲ့သောကြောင့် မျက်လုံးတစ်ဖက် ရာသက်ပန် ကန်းသွားခဲ့ပြီး နှစ်နှစ်အကြာ၌ သူမ၏နေအိမ်တွင် သူမ၏ လက်ရှိရည်းစားက သူမအား ဓါးဖြင့် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည့်အတွက် ယခင်က အတွေ့အကြံကို ပြန်ပြောင်း သတိရခဲ့ကြောင်း ဆိုခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလတုန်းက (၁၂)နာရီကြာ ဒုက္ခခံခဲ့ရသော သူမ၏ တုန်လှုပ်ခြောက်ခြားဖွယ် ယင်းဖြစ်ရပ်ကြောင့် သူမမျက်လုံးတစ်ဖက် အမြင်အာရုံ ရာသက်ပန် ဆုံးရှုံးခဲ့ရသည်။

ထိုစဉ်က သူမ၏ကလေးတွေကို ဘယ်တော့မှ ပြန်မမြင်စေရဘူးဟု သူမ၏ရည်းစားဟောင်းက ပြောဆိုကာ သူမအား မေ့လဲသွားသည်အထိ ရိုက်နှက်ခဲ့တာဖြစ်ကြောင်း သိရသည်။

ယင်းပြစ်မှုကြောင့် (၃၄)နှစ်အရွယ်ရှိ သူမ၏ ရည်းစားဟောင်းက တသက်တကျွန်း ထောင်ကျကာ လုံခြုံရေးအပြည့်ချထားသော စိတ်ရောဂါသည်များထားရာ အဆောင်၌ နေထိုင်နေရပြီး ၎င်းအား လွှတ်မည်ဟု စဉ်းစားသည့်တိုင် အလုပ်ကြမ်း(၆)နှစ် လုပ်ကိုင်စေရန် တရားရုံးက ဆုံးဖြတ်ထားခဲ့သည်။

ယင်းဖြစ်ရပ်၏ နှစ်နှစ်အကြာ ယခုလိုအချိန်တွင် အသက်(၃၂)နှစ်အရွယ် သူမ၏ လက်ရှိရည်းစားက သူမ၏နေအိမ်တွင် သူမအား ဓါးဖြင့် ခြိမ်းခြောက်ခဲ့သောကြောင့် ယခင် ခြောက်ခြားစရာ သူမ၏ဖြစ်ရပ်ကို သူမပြန်ပြောင်း သတိရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိရည်းစားကတော့ တရားရုံးတွင် အယူခံဝင်ခဲ့သောကြောင့် ထောင်ဒဏ် ရက်သတ္တပတ် (၁၄)ပတ်သာ ကျခံစေရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ဒါ့အပြင် ၎င်းအား သူမ၏အိမ်အနီးအနား သွားလာခြင်းမှ တားမြစ်ထားခြင်းလည်း ခံထားရသည်။

Source : Daily Mail

ဂျပန်ဝန်ကြီးချုပ်အား ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျွန်အဖြစ်စေခိုင်းခံခဲ့ ရသည့် အမျိုးသမီးများက ဆန္ဒပြ

Posted by drmyochit Monday, July 29, 2013, under | No comments

ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား သမ္မတဘနီနိုအာ ကွီနိုမှ မာလက်ကာနန်နန်းတော်တွင် လက်ခံတွေ့ဆုံနေသည့် အချိန်တွင် ဒုတိယကမ္ဘာစစ်အတွင်း လိင် ကျွန်အဖြစ် စေခိုင်းခံခဲ့ရသည့် အမျိုးသမီးတစ်စုက နန်း တော်အပြင်ဘက်တွင် ဆန်္ဒပြခဲ့ကြောင်း ဇူလိုင် ၂၈ ရက်က ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသည်။

အဆိုပါအမျိုးသမီးများမှာ လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရသည့် လိုင်လာဖိလစ်ပီနာအဖွဲ့မှ အသက်ရှင်ကျန် ရစ်သူများဖြစ်ကြပြီး ယခုအချိန်တွင် အသက် ၈၀ ကျော်နေကြပြီဖြစ်သည်။ ယင်းအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၂၀၀ ခန့်ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၇၃ ဦးမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ဆန္ဒပြခဲ့ကြသည့် အမျိုးသမီးများမှ “လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရသည့် အမျိုးသမီးများအတွက် တရားမျှ တမှုရှိရေး၊ “တခြားသော အမျိုးသမီးမျိုးဆက်များအတွက် လိင်ကျွန်အဖြစ် ခိုင်းစေမှုထပ်မံမဖြစ်ပေါ်ရေး၊ ကျွန်မတို့က တရားမျှတမှုကို လိုချင်တာပါ။ သင်္ဘောတွေမဟုတ်ပါဘူး” ဟူသော စာတန်းများအား ကိုင် ဆောင်ခဲ့ကြသည်။ ထို့အပြင် သမ္မတအာကွီနိုအနေဖြင့် ဂျပန်အစိုးရမှ တောင်းပန်မှုများ ပြုလုပ်ရန်အတွက် ၀န်ကြီးချုပ်အာဘေးနှင့် တွေ့ဆုံစဉ် တောင်းဆိုသင့်သည်ဟု ဖော်ပြထားသည်။

“ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်း ဖိလစ်ပိုင်အမျိုးသမီးတွေကို ပြည့်တန်ဆာအလုပ်လုပ်ဖို့ အတင်းအ ဓမ္မစေခိုင်းခဲ့တာကို အခုထက်ထိ တောင်းပန်ခြင်းမရှိသေးပါဘူး။ ၀န်ကြီးချုပ်အာဘေးက ဒီလုပ်ရပ်အတွက် တောင်းပန်တဲ့ ကိုနိုကြေညာစာတန်းကို ဆက်မသုံးဖို့ ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံတကာက ဖိအားပေးခဲ့တဲ့ အတွက် ပြန်သုံးခဲ့ရပါတယ်” ဟု လိုင်လာဖီလစ်ပီနာ အဖွဲ့ဥက္ကဋ္ဌ Rechilda Extremadura ကဆိုသည်။

Mizzima News

ဝိုင်းစုခိုင်သိန်း၏ အာဘွားစီးရီး အောက်တိုဘာလတွင် ထွက်မည်

Posted by drmyochit Monday, July 29, 2013, under | No comments



ရန်ကုန်၊ ဇူလိုင်၂၈

မက်လောက်စရာ၊ မျက်လှည့်စတဲ့ စီးရီးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ သရုပ်ဆောင် ဝိုင်းစုခိုင် သိန်းက သူ့ရဲ့တတိယမြောက် တစ်ကိုယ်တော်စီးရီး အာဘွားကို အောက်တိုဘာလမှာ ဖြန့်ချိပေးတော့ မှာပါလို့ The Voice ကိုပြောပါတယ်။

အဲ့ဒီစီးရီးနဲ့ ပတ်သက်ပြီး “ဒီစီးရီးထဲက သီချင်းစာသားတွေ၊ ပုံစံတွေကို ရှေ့မှာထွက်ခဲ့တဲ့ ခွေတွေနဲ့ မတူအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ တေးရေးတွေကတော့ ရွှေဂျော်ဂျော်၊ မိုးမိုး၊ ဇဝါ၊ စံပီး၊ ညီမင်းခိုင်၊ ဆောင်းဦးလှိုင်၊ ဖိုးကာတို့ရေးတဲ့ သီချင်းတွေပါမယ်။ စီးရီးခေါင်းစဉ်ကို အာဘွားလို့ ပေးဖြစ် တာကတော့ ဝိုင်းစုက ရှိုးပွဲတစ်ခုဆိုပြီးတိုင်း ပရိသတ်တွေကို အာဘွားလို့ နှုတ်ဆက်လေ့ရှိတယ်။ အဲ့ဒီ အကြောင်းလေး ကို အခြေတည်ပြီး ရေးထားတဲ့ သီချင်းလေးပါ။ ငယ်ငယ်တုန်းက အဖေ၊ အမေတွေက အာဘွားပေးတယ်။ ကြီးလာတော့ ချစ်သူက အသည်းယားလို့ အာဘွားပေးတယ်ဆိုတဲ့ ပုံစံမျိုးလေး ရေးထား တာပါ။ သီချင်းတွေက အားလုံးပြီးနေပါပြီ။ အောက်တိုဘာလလောက်မှာတော့ ထွက်နိုင်အောင် ကြိုးစားနေ ပါတယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေသလို တေးသံရှင် ဆောင်းဦး လှိုင်နဲ့ စုံတွဲတေးစီးရီးတစ်ခွေ၊ တေးသံရှင် R ဇာနည်၊ ဟန်ထွန်း၊ ဆိုတေး၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ဟဲလေး၊ Snare၊ မိုးမိုး၊ နေတိုး၊ စည်သူလွင်တို့နဲ့ စုံတွဲတေးစီးရီးတစ်ခွေ စီစဉ်နေပြီး အမေရိက ဖျော်ဖြေရေးခရီးတစ်ခုလည်း သွားဖို့ရှိတယ်လို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။

The Voice Weekly

ညစ်ညမ်း ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနှင့် ပြသသည့် သတင်း မဟုတ်မှန်ဟု သန်လျင် နည်းပညာ တက္ကသိုလ် ကျောင်းသား/သူများ ရှင်းလင်း

Posted by drmyochit Monday, July 29, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား/သူ နှစ်ဦး မဖွယ်မရာ ပြုလုပ်မှုနှင့် ပတ်သက်၍ တက္ကသိုလ်မှ ပါမောက္ခ ဆရာမကြီးနှင့်တကွ တာဝန်ရှိသူ များက နှစ်ဖက် မိဘများကို အဆိုပါ တက္ကသိုလ်သို့ ခေါ်ယူ၍ ၎င်းတို့ သားသမီးများ၏ ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနှင့် ပြသခဲ့သည် ဆိုသည့် ကောလာဟလမှာ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၂၈ ရက် နံနက်က ယင်း နည်းပညာတက္ကသိုလ်ရှေ့ရှိ အကိုကြီး စားသောက်ဆိုင်တွင် ကျင်းပသည့် ကျောင်းသား ကျောင်းသူများ ကိုယ်စား အမှန်တရား ပေါ်ပေါက်ရန် ရှင်းလင်းခြင်း ခေါင်းစဉ်ဖြင့် ကျောင်းသား ခြောက် ဦးခန့်က မီဒီယာများထံ ရှင်းပြသည့် သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာသံတော်ဆင့် ဂျာနယ်၌ နှစ်ပတ် ဆက်တိုက် ဖော်ပြခဲ့သည့် အကြောင်းအရာများကို ကန့်ကွက် ရှုတ်ချကြောင်း၊ ဂျာနယ်တွင် ဖော်ပြထားသကဲ့ ပရိုဂျက်တာနှင့် ပြသခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခင်တစ်ပတ် ဂျာနယ်တွင် ဖော်ပြထားသည့် ကိုဦးဆွေ၏ အိတ်ဖွင့်ပေးစာ မှာ မီဒီယာ စာမျက်နှာတွင် မဖော်ပြသင့်ကြောင်း၊ အဆိုပါ ဗီဒီယိုဖိုင်ကို ဗီဒီယို ခိုးရိုက်သည့်အထဲတွင် ကျောင်းဆရာ တစ်ဦး ပါဝင်သည် ဟု သုံးနှုန်းထားသည်မှာ မိမိတို့ စုံစမ်း စစ်ဆေးချက်များအရ မဟုတ် မှန်ကြောင်း၊ သန်လျင်မြို့နယ်ရှိ တည်းခိုခန်းများတွင် TTU (ThanLyin Technological University) ဝတ်စုံဖြင့် ကျောင်းသား စုံတွဲများမှာ အခန်းပြည့် ရှိနေသည်ဟု ရေးသားထားခြင်းနှင့် ရပ်ကွက်တွင်း ပါးစပ် သတင်းများကို သက်ဆိုင်ရာသို့ အတည်ပြု မေးမြန်းခြင်းမပြုဘဲ အယ်ဒီတာ့ထံ ပေးစာတွင် ဖော်ပြခဲ့သည့်အတွက် ကျောင်းသားထုကိုယ်စား ရှုတ်ချ ပြောဆိုလိုကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

သြဂုတ်လ ၂၂ ရက်ထုတ် မြန်မာသံတော်ဆင့် သတင်းစာ ဂျာနယ်တွင် ‘ကျောင်းသား/သူ နှစ်ဦး ညစ်ညမ်း ဗီဒီယိုဖိုင်ကို GTC ကျောင်းတွင် ပြသ” ဆိုသည့်ခေါင်းစဉ်ဖြင့် မျက်နှာဖုံး စာမျက်နှာပေါ်တွင် ညစ်ညမ်းသည်ကို ကိုယ်စားပြုသည့် ခရမ်းပြာရောင်ကို နောက်ခံသုံးကာ ဖော်ပြခဲ့ကြောင်း၊ အတွင်း စာမျက်နှာတွင် ကျောင်းမှ ပါမောက္ခ ဆရာမကြီးကို အရေးယူ ရန် ပြင်ဆင်နေသည်ဟု သုံးနှုန်းကာ အမည်းရောင် ဟိုက်လိုက် အသုံးပြု ၍ ကျောင်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေအောင် ရေးသားခဲ့ပြီး ကျောင်းသား အသိုင်းအဝိုင်းတွင် သာမက မိဘပြည်သူအထိ ပျံ့နှံ့စေခဲ့ကြောင်း၊ အင်တာနက် စာမျက်နှာပေါ်တွင် မည်သို့ပင် ပျံ့နှံ့စေကာမူ လူထုအားလုံး မသိနိုင်ဘဲ ပုံနှိပ် မီဒီယာတွင် ဖော်ပြခဲ့မှုမှာ အများပြည်သူကို အတည်ပြုပြီး သကဲ့သို့ ဖြစ်နေသည့်အတွက် အမှန်တရား ပေါ်ပေါက်စေရန် ရည်ရွယ်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းကဲသို့ ရေးသား ဖော်ပြမှုကြောင့် ကျောင်းသား/သူများ၏ ဂုဏ်သိက္ခာ ကျဆင်းစေကြောင်း၊ ယခုဆိုလျှင် အခြားကျောင်းမှ ကျောင်းသား/သူများက TTU (GTC) မှ ကျောင်းသူများကို ထိကပါး ရိကပါး ပြောဆိုခြင်းများရှိပြီး မိမိတို့ ကျောင်းဝတ်စုံကို ဝတ်ဆင်ရန်ပင် ရင်လေးနေမိကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ကျောင်းသူ တစ်ဦးက ပြောကြားခဲ့သည်။

“Hot ဖြစ်နေတဲ့ Topic ဆိုတာ လက်ခံပါတယ်။ တကယ်လည်း ဖြစ်ခဲ့ ပါတယ်။ ဒါပေမဲ့ ကလောင် နောက်ကွယ်က ရည်ရွယ်ချက်က စာမေးပွဲနီးပြီး အရေးကြီးနေတဲ့ ကျောင်းသားထုကို မခံမရပ်နိုင်ဖြစ် အောင်လုပ်ပြီး ဘာကို ဦးတည် ရည်ရွယ်တာလဲဆိုတာ စာရေးသူသာလျှင် သိပါမယ်။ တစ်ခုခု ရည်ရွယ်ချက်ရှိတယ်လို့ ခံစားရတယ်။ အင်ဂျင်နီယာ ကျောင်းသားတွေ မှာ ခေါင်းရှိတယ်။ ဒီလှည့်ကွက် တွေထဲမှာ အသုံးချ မခံနိုင်ပါဘူး” ဟု အထက်ပါ ကျောင်းသူကပင် ထပ်မံ ပြောကြားသည်။

 ယင်းကဲ့သို့ ရေးသား ဖော်ပြခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်ကို TTU ကျောင်းသား/သူ အချို့က လက်မှတ် ရေးထိုးကာ ယင်းကဲ့သို့ ရေး သားမှု အတွက် တက္ကသိုလ်မှ တာဝန်ရှိသူများကို လာရောက် တောင်းပန်ရန်၊ မျက်နှာဖုံး စာမျက်နှာပေါ်တွင် တစ်လတိတိ တောင်းပန်ပေးရန်၊ အဆိုပါ တောင်းပန်စာ ထည့်သွင်းပေးလျှင် ပင် ရေးသားမှုအပေါ် မူတည်၍ စဉ်းစားပေးသွားမည်ဟု တောင်းဆိုထားကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်။

ကိုဦးဆွေ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာမှာ တာဝန်ရှိ ပြည်သူ တစ်ဦးက ၎င်းတွေ့မြင်နေရသည်ကို အပြုသဘောဖြင့် ရေးသားထားခြင်းဖြစ်ပြီး အချို့ အကြောင်းအရာများမှာ ငြင်းမရနိုင်သည့် အကြောင်းအရာများ ပါရှိကြောင်း၊ “ကျောင်းသား/သူ နှစ်ဦး ညစ်ညမ်း ဗီဒီယိုဖိုင်ကို GTC ကျောင်းတွင် ပြသ” ဆိုသည့် သတင်းဖော်ပြမှုတွင် အထောက်အထားမရှိဘဲ ရေးသားထားခြင်း မဟုတ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားမှု ကို ထည့်သွင်း ရေးသားထားခြင်းဖြစ်ပြီး သတင်းပေးသူ၏ အကျိုးစီးပွားကို ထိခိုက် နစ်နာနိုင်သည် ဖြစ်သည့်အတွက် မထည့်သွင်းခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရေးသားထားသည့် သတင်းနှင့် ပတ်သက်၍ အထောက်အထား အခိုင်အလုံ ရှိသည့်အတွက် ဥပဒေဘောင်အတွင်းမှ ဖြေရှင်းသွား မည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့် ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာဖြစ်သူ ဦးပြည့်စုံထွန်းက The Voice သို့ ပြောကြားသည်။

“စနောက်ခံရတယ်ဆိုတာလည်း ကျောင်းသားချင်းတွေပဲ ဖြစ်မှာပါ။ဘယ် လူကြီးသူမ တစ်ဦးကမှ ဒီကိစ္စကို နောက်ပြောင်မှာ မဟုတ်ပါဘူး၊ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီကဖြစ်တဲ့ သတင်းကို ကျွန်တော်တို့ သတင်းရေး တဲ့ နေ့နဲ့ တွက်ကြည့်ပါ၊ အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နေပြီး လူငယ်တွေရဲ့ ဖုန်းတွေမှာ ဒီလောက် ပျံ့နှံ့နေတာ။ ကျွန်တော်တို့ ဂျာနယ် ရေးသားထားလို့ ဖြစ်တယ်လို့ မထင်ပါဘူး၊ ဒီအရောင်ကို ကျွန်တော် တို့ တခြား သတင်းတွေမှာလဲ သုံးတယ်ဆိုတာ အရင် ဂျာနယ်တွေကို ကြည့်ရင် သိမှာပါ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

The Voice Weekly

လက်ရှိထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေပါ အချက်များအပေါ် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများ ရှိနေပြီး မျိုးစောင့် ဥပဒေကဲ့သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ကာကွယ်သည့် ဥပဒေ ပြဋ္ဌာန်းထားပြီးဖြစ်

Posted by drmyochit Monday, July 29, 2013, under | No comments


ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲ ကျင်းပစဉ်

မြန်မာနိုင်ငံတွင် လက်ရှိ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေကြမ်းပါ အချက်များအပေါ် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများ ရှိနေသော်လည်း မျိုးစောင့်ဥပဒေကဲ့သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ကာကွယ်သည့် ဥပဒေမှာ အခိုင်အမာ ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ဥပဒေ ပညာရှင်များထံမှ သိရသည်။

မြန်မာအမျိုးသမီးများ အမွေဆက်ခံခြင်း၊ ထိမ်းမြားလက်ထပ်ခြင်းနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ပါက ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ မဟာမေဒင် ဖြစ်ပါက မဟာမေဒင် တရားဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ ဟိန္ဒူဖြစ်ပါက ဟိန္ဒူဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ ခရစ်ယာန်ဖြစ်ပါက ခရစ်ယာန်တရား ဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း သိရသည်။

ဇွန် ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားတွင် ဗုဒ္ဓဘာသာ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားမှုကို ကန့်သတ်ထားသည့် အချက်များ ပါဝင်သော မျိုးစောင့် ဥပဒေကြမ်းကို သံဃာတော်ကြီးများ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အဓိကထား ဆွေးနွေးခဲ့ကြကာ ယင်းဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အများသိထားသည့် မျိုးစောင့်ဥပဒေခေါ် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ် ဥပဒေ(မူ ကြမ်း)ပါ အချက်အချို့မှာ မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဖြစ်ကြောင်း၊ ဘာသာခြား ဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားသူ ဖြစ်ရမည် ဖြစ်ကြောင်း စသည်ဖြင့် ပါရှိသည်။

ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးမိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ကို လက်ခံရယူမည် ဖြစ်ကြောင်း၊ အထက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ကျေးရွာ(သို့မဟုတ်) ရပ်ကွက် အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုး လက်ထပ်ရမည် စသည်ဖြင့် ပါရှိကြောင်း သိရသည်။

အလားတူ အထက်ပါဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီး ဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာ ပုဒ်မတို့နှင့်သာ သီးခြားအရေးယူ အပြစ်ပေးရမည် ဖြစ်ကြောင်း ဥပဒေ(မူကြမ်း)တွင် ပါရှိသည်ကို တွေ့ရသည်။

မဟာမေဒင် တရားဥပဒေအရ မဟာမေဒင် ဘာသာဝင် ယောက်ျားက ဘာသာဝင် မဟုတ်သူနှင့် လက်ထပ်သည်ကို တားမြစ်ထားကြောင်း၊ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ယောက်မှ မဟာမေဒင် ဘာသာသို့ ကူးပြောင်းပြီး လက်ထပ်မှ တရားဝင်ကြောင်း စီရင်ထုံးများရှိကြောင်း သိရသည်။ ဟိန္ဒူဘာသာတွင် ဇာတ်လေးမျိုးရှိပြီး ဇာတ်လေးမျိုးဝင် ဟိန္ဒူသည် ဗုဒ္ဓဘာသာနှင့် လက်ထပ်ရန် မဖြစ်နိုင်ဟု ဆုံးဖြတ်ထားသော စီရင်ထုံးအချို့ ရှိကြောင်းလည်း သိရသည်။

၁၈၇၂ ခုနှစ် ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေ၊ ပုဒ်မ ၄ နှင့် ၅ အရ ဘာသာမပြောင်းဘဲ လက်ထပ်နိုင်ကြောင်း သိရသည်။

''မျိုးစောင့်ဥပဒေနဲ့ ၁၉၅၄ ခုနှစ် ဥပဒေနဲ့တော့ အနှစ်သာရအားဖြင့် ကွာခြားမှု ရှိပါတယ်။ ဒီဥပဒေက အမျိုးသမီးတွေကိုပဲ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေလေ။ အခု မျိုးစောင့်ဥပဒေက အမျိုးသားရေး တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေဖြစ်လို့ အများပြည်သူတွေရဲ့ သဘောတူညီမှုနဲ့ လုပ်သင့်ပါတယ်။ ဆရာတော် သံဃာတော်တွေရဲ့ အမြင်မှာတော့ ကိုယ့်ခြံစည်းရိုးကို ကိုယ်ခတ်တဲ့ သဘောဖြစ်ပေမယ့် ဘယ်သူကိုမှတော့ မထိခိုက်အောင်တော့ ဆောင်ရွက်သင့်ပါတယ်။ ဥပဒေ ဆိုတာကလည်း သာတူညီမျမှု ရှိသင့်ပါတယ်။ ဥပဒေပြုအဖွဲ့ အနေနဲ့လည်း တစ်ဖက်က လက်ရှိ တိုင်းပြည်အနေအထား၊ တစ်ဖက်က လူ့အခွင့်အရေးဆိုတဲ့ အစွန်းနှစ်ပါးကို ကျယ်ပြန့်စွာ ချိန်ဆသင့်ပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးခွန်ဝင်းလှိုင်က သုံးသပ်ပြောကြားသည်။

၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၅ တွင် ပြဋ္ဌာန်းထားသည်မှာ ''လူပျိုဖော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် ၁၄ နှစ်အောက် မငယ်သည့် ဗုဒ္ဓဘာသာဝင်မိန်းမ တစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်ကြောင်း၊ သို့ရာတွင် (က) နှစ်ဦးလုံးမှာ စိတ်ပေါ့သွပ်သူများ မဖြစ်စေရကြောင်း၊ (ခ)အသက် ၂၀ မပြည့်သေးသည့် မိန်းမဖြစ်လျှင် မိဘ၏ သဘောတူညီချက်ကို သော်လည်းကောင်း၊ မိဘတို့ သေဆုံးပါမှ အမှန်အုပ်ထိန်းသူ (သို့မဟုတ်) တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် ထိုအုပ်ထိန်းသူ၏ သဘောတူညီချက်ကို သော်လည်းကောင်း ရရှိပြီး ဖြစ်ရမည် ဖြစ်ကြောင်း၊ (ဂ) မိန်းမမှာ မပြတ်စဲသော တရားဝင် လင်ယောက်ျား မရှိစေရကြောင်း'' ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

မျိုးစောင့်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် လက်ရှိမြန်မာနိုင်ငံရှိ တည်ဆဲဥပဒေအချို့ အပါအ၀င် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့နှင့် သဘောသဘာဝ တူညီနေ . . .



''၁၉၅၄ အက်ဥပဒေက မြန်မာအမျိုးသမီး တွေအတွက် ပြည့်စုံတဲ့ အခွင့်အရေးတွေ ရှိပြီးဖြစ်လို့ ပြည့်စုံပြီးသားပါ။ အဲဒီဥပဒေမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး အခြားဘာသာဝင်နဲ့ လက်ထပ်ထိမ်းမြား တဲ့အခါ တရားရုံးမှာ အသိပေးပြီး မိဘဖြစ်တဲ့သူက တားဆီးဖို့ပါတယ်။ ယောက်ျားဖြစ်တဲ့သူက ကွယ်လွန်သွားခဲ့ရင်လည်း ယောက်ျားဖြစ်တဲ့သူရဲ့ ပိုင်ဆိုင်ခွင့်ကို ရရှိဖို့လည်းပါတယ်။ သားသမီးတွေ အတွက်လည်း ပိုင်ဆိုင်ခွင့် ခံစားခွင့်တွေ ရှိပြီးသားပါ။ အမျိုးစောင့် ဥပဒေမူကြမ်း ဆိုတာကို လေ့လာထားမှု မရှိသေးလို့ ပြဋ္ဌာန်းသင့်၊ မသင့်ဆိုတာထက် ပါလီမန် ခေတ်ကနေစပြီး ပြဋ္ဌာန်းကျင့်သုံးလာတဲ့ ၁၉၅၄ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာ ပါတဲ့ပြဋ္ဌာန်းချက်၊ အကြောင်းအရာတွေက ပြည့်စုံနေပြီလို့ ဆိုလို့ရပါတယ်။ ယခင်ကဆို ဗုဒ္ဓဘာသာဝင် အမျိုးသမီးက အခြားဘာသာဝင်နဲ့ လက်ထပ်တယ်။ အဲဒီယောက်ျားက သေသွားတော့မှ သူတို့ဘာသာရဲ့ ဥပဒေအရ တရားမ၀င်ဘူး ဖြစ်နေတာတို့၊ မွေးထားတဲ့ သားသမီးတွေကလည်း တရားမ၀င် ဖြစ်နေတာတို့ ရှိတယ်။ အဲဒါတွေကြောင့် ၁၉၅၄ အက်ဥပဒေဆိုတာ ပေါ်ပေါက်လာပြီး ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်'' ဟု ခရိုင်တရားသူကြီးဟောင်း ဦးအေးကျော်က ပြောကြားသည်။

ထို့ပြင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ပုဒ်မ-၂၇ တွင် ''ဤအက်ဥပဒေအရ ထိမ်းမြားလျှင် (သို့မဟုတ်) ထိမ်းမြားသည်ဟု မှတ်ယူခြင်း ခံရလျှင် ထိုသူနှစ်ဦးမှ ဖွားမြင်သော သားသမီးများသည် တရားဝင် သားသမီးများ ဖြစ်သည်ဟု မှတ်ယူရမည်။ ပုဒ်မ-၄ အရ အခြားအာဏာတည်ဆဲ ဥပဒေများတွင် မည်သို့ပင် ဆန့်ကျင်လျက် ပါရှိစေကာမူ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်ယောက်ျားတိုင်း အပေါ်၌ အာဏာ သက်ရောက်ရမည်ဟု ပါရှိသည်။

လက်ရှိမျိုးစောင့် ဥပဒေကို ရေးဆွဲလျက်ရှိပြီး ယင်းဥပဒေအပေါ်တွင် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများလည်း ရှိနေရာ မျိုးစောင့်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် လက်ရှိ မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေ အချို့ အပါအ၀င် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့နှင့် သဘောသဘာဝ တူညီနေသည်ကို တွေ့ရသည်။

ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ''၁၉၅၄ ခုနှစ် လက်ထပ်ထိမ်းမြားခြင်း ဥပဒေနဲ့ အခုအမျိုးစောင့် ဥပဒေက ရည်ရွယ်ချက်ချင်း မတူပါဘူး။ ၁၉၅၄ ဥပဒေက မြန်မာ့ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ လက်ထပ်ထိမ်းမြားရင် အခွင့်အရေးတွေ မဆုံးရှုံးရအောင် ကာကွယ်ပေးပါတယ်။ မျိုးစောင့် ဥပဒေကတော့ လူမျိုးမပျောက်အောင် ကာကွယ်ပေးမယ့် ဥပဒေဖြစ်လို့ လက်ခံကြိုဆို ပေးရပါမယ်။ ဥပဒေတစ်ခု ပြဋ္ဌာန်းတဲ့ အခါမှာ လူအနည်းစုကို ထိခိုက်ကောင်း ထိခိုက်နိုင်ပေမယ့် လူအများစုအတွက် ကောင်းကျိုးရှိမယ်ဆိုရင် လက်ခံကြိုဆို သင့်ပါတယ်။ မျိုးစောင့်ဥပဒေက လူအများစုအတွက် ကောင်းကျိုးများရင် လက်ခံနိုင်ရမယ်'' ဟု သုံးသပ်ပါသည်။

မျိုးစောင့်ဥပဒေ ထုတ်ပြန်လိုလျှင် လည်းကောင်း သို့မဟုတ် ၁၉၅၄ ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်လိုလျှင် သော်လည်းကောင်း ထည့်သွင်းသင့်သည့် အချက်များကို ဥပဒေပညာရှင်များက အကြံပြုခဲ့ရာ မိမိလက်ထပ်လိုသူ၏ ဘာသာနှင့် ပတ်သက်၍ သဘောတူညီချက် ဆန္ဒမပါရှိဘဲ တစ်ဦးနှင့်တစ်ဦး အတင်းအကျပ် ဘာသာကူးပြောင်းစေခြင်း၊ ဖိအားပေးခြင်း၊ အနိုင်အထက် ပြုခြင်းများ မပြုလုပ်ရကြောင်း ကတိဝန်ခံချက် အသီးသီး တင်ပြရမည် ဖြစ်ကြောင်း စသည့် အချက်များကို ထည့်သွင်းသင့်ကြောင်း အကြံပြု ခဲ့ကြသည်။

ထို့ပြင် လက်ထပ်ပြီးနောက် ဘာသာ ကူးပြောင်းလိုသည့်ဆန္ဒ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများနှင့် မှတ်ပုံတင် အရာရှိထံသို့ ကူးပြောင်းလိုသည့် ရည်ရွယ်ချက်အား အတိအလင်း ဖော်ပြလျက် လျှောက်ထားရမည် ဖြစ်ကြောင်း၊ လက်ထပ်ပြီးနောက် ဘာသာကူးပြောင်းလိုကြောင်း တင်ပြလာပါက မှတ်ပုံတင် အရာရှိနှင့် သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများမှ ယောက်ျားနှင့် မိန်းမ နှစ်ဦးစလုံးအား ခေါ်ယူစစ်မေး ရမည်ဖြစ်ကြောင်း၊ ကူးပြောင်းလိုသည့် ဘာသာအယူဝါဒနှင့် ပတ်သက်၍ သေချာစွာ နားလည်ခြင်း ရှိမရှိ စစ်မေးရမည် ဖြစ်ကြောင်း၊ ကူးပြောင်းလိုသည့် ဘာသာအပေါ် အမှန်တကယ် ယုံကြည်သက်ဝင်၍ ပြောင်းလဲလိုခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ပါက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းမှ ဘာသာကူးပြောင်းရန် ခွင့်ပြုရမည် ဖြစ်ကြောင်း၊ စသည့်အချက်များကို မျိုးစောင့်ဥပဒေ ထုတ်ပြန်လိုလျှင် လည်းကောင်း သို့မဟုတ် ၁၉၅၄ ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်လိုလျှင် သော်လည်းကောင်း ထည့်သွင်းသင့်သည့် အချက်များအဖြစ် ဥပဒေပညာရှင်များက ထပ်မံအကြံပြု ခဲ့ကြသည်။

အလားတူ တည်ဆဲဥပဒေများကို ကြည့်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၉၅ မှ ၂၉၈ ထိပါ ပြဋ္ဌာန်းချက်များတွင် ဘာသာရေးနှင့် ပတ်သက်သော ပြစ်ဒဏ်များ ပြဋ္ဌာန်းပြီးဖြစ်ကာ အများဆုံး ထောင်ဒဏ်မှာ နှစ်နှစ်ထိ ပါရှိကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၄၉၃ မှ ၄၉၈ ထိပါ ပြဋ္ဌာန်းချက်များတွင် ထိမ်းမြားခြင်းဆိုင်ရာ ပြစ်ဒဏ်များ ပါဝင်ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေများက အချုပ်အချယ်မရှိ လွတ်လပ်စွာ ပေးထားသော်လည်း ဘာသာခြားများ၏ ဓလေ့ထုံးတမ်းများမှာ တင်းကျပ်သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ဓမ္မသတ်များက သော်လည်းကောင်း၊ မြန်မာ့ဓလေ့ ထုံးတမ်းများက သော်လည်းကောင်း၊ ဘာသာခြားများနှင့် ထိမ်းမြားမှုကို တားမြစ်မထားကြောင်း ထို့ကြောင့် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများသည် ဘာသာခြား ယောက်ျားများနှင့် ထိမ်းမြားရသောအခါ တရားဝင် မယားဖြစ်မြောက်ရန် မိမိတို့၏ ကိုးကွယ်ရင်း ဗုဒ္ဓဘာသာကို စွန့်လွှတ်၍ ဘာသာခြား၏ ဘာသာသို့ ကူးပြောင်းရပြီး သားသမီးများမှာလည်း ဖခင်၏ ဘာသာဝင်သူများ ဖြစ်ကြရကြောင်း တရားဝင် ထုတ်ပြန်ထားသည့် ဥပဒေ စာပေများအရ သိရသည်။

ထို့ကြောင့် ဘာသာခြားများနှင့် ထိမ်းမြားကြရသည့် မြန်မာအမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးတို့၏ နစ်နာမှုများကို ကာကွယ်ရန်အတွက် ၁၉၃၉ ခုနှစ်တွင် မြန်မာနိုင်ငံ အက်ဥပဒေ အမှတ် ၂၄ အရ ''ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေ'' ကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည်။ ထိုအက်ဥပဒေမှာ ၁၉၄၀ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စတင်အတည် ဖြစ်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် လူသိနည်းပြီး အကျိုးမရှိခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၅၄ ခုနှစ်တွင် ယင်းအက်ဥပဒေကို ရုပ်သိမ်းပြီး ''၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ'' ကို ပြဋ္ဌာန်း အတည်ပြုခဲ့ကြောင်း သိရသည်။မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် တည်ဆဲ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေနှင့် ပတ်သက်ပြီး အယူဝါဒ အမျိုးမျိုး ကွဲပြားလျက်ရှိရာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းမည် ဆိုပါက သက်ဆိုင်ရာ ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ နယ်ပယ်များမှ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးမှသာ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေ ပညာရှင်များက သုံးသပ်ခဲ့သည်။

''အခုဖြစ်နေတဲ့ ပဋိပက္ခတွေထဲမှာ ဘာသာပြောင်းကိစ္စ၊ လက်ထက်တဲ့ ကိစ္စတွေအပေါ် သံသယ ဖြစ်တာတွေလည်း ပါနေပါတယ်။ ဒါကြောင့် လက်ရှိ နှစ်ဖက်ကြားက ပဋိပက္ခတွေ ပြေငြိမ်းဖို့ ဒီလိုဥပဒေမျိုးကို ပြဋ္ဌာန်းဖို့ လိုတယ်ဆိုရင် ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းကြပြီး လုပ်ဆောင်သင့်ပါတယ်။ မျိုးစောင့်ဥပဒေက ပြဿနာ ပြေလည်စေရေးကို ဦးတည်တယ်ဆိုရင် ကောင်းပါတယ်'' ဟု သီတဂူ ဆရာတော်ကြီး၏ တပည့်ဖြစ်သူ ဒေါက်တာမြတ်သူ (ဘဏ္ဍာရေးမှူး၊ သီတဂူသာသနာပြုအဖွဲ့။MD, အာရှတော် ၀င်) က ပြောကြားခဲ့ပါသည်။

From: Eleven

Sexy ဓာတ်ပုံတွေကြီးပဲရိုက်လေ့ရှိတဲ့ ဇွန်သင်းဇာ ရဲ့ Sexy ဓာတ်ပုံတွေ

Posted by drmyochit Monday, July 29, 2013, under | No comments





ABSDF မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေဆဲ ဦးသံချောင်း(ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းမှာ အငြင်းပွားဖွယ်ဖြစ်နေ

Posted by drmyochit Monday, July 29, 2013, under | No comments


ပါဂျောင်တွင် အစိုးရ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသော ကျောင်းသားလူငယ် အချို့

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေရဆဲ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံနှင့် RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းအပေါ် အငြင်းပွားဖွယ် ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးတွင် ဦးသံချောင်း အဖွဲ့မှ အဖွဲ့ဝင် ၂၉ ဦး ပါဝင်ခဲ့ပြီး ဦးသံချောင်းမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ဦးသံချောင်းကို မည်သို့သဘောထားသနည်းဆိုသော မေးခွန်းကို မေးမြန်းရာ၌ ထိုကဲ့သို့ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

"ကျွန်တော့်အနေနဲ့ မြင်တာကတော့ သူကရာဇ၀တ်မှုကို ကျူးလွန်ခဲ့တယ်။ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသား လူငယ် ၃၈ ယောက်ကို သတ်တဲ့အထဲမှာ သူလည်းပါတာပဲ။ ကိုယ်ကတော့ သူ့ကို နိုင်ငံရေး အကျဉ်းသား တစ်ဦးလို့ မမြင်ဘူး။ ရာဇ၀တ်သား တစ်ဦးလို့ပဲ မြင်တယ်။ ခံခဲ့ရတဲ့ ကာယကံရှင်တွေကတော့ သူ့ကို တရား စွဲမှာပဲ။ အခုလည်း စွဲနေကြတယ်။ တရားစွဲတဲ့အခါ အချို့နေရာတွေမှာ အမှုသက်သေ မခိုင် လုံ လို့ဆိုပြီး ပယ်ချတာ ရှိတယ်။ ဒါကြောင့် ကိုယ်တို့နိုင်ငံတော် သမ္မတအထိ တင်နေတယ်။ ကိုသံချောင်း ကိုလည်း ဦးစိန် အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး CID က ၀င်စစ်ထားတာ ရှိတယ်" ဟု ABSDF (မြောက်ပိုင်း)တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ဦးသိန်းထွန်းက ပြောကြားသည်။

ဦးသံချောင်းသည် ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌ အဓိက တာဝန်ရှိသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း)မှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ပြောကြားပါသည်။ လက်ရှိအချိန်တွင် ပါဂျောင်ဒေသ၌ ဖြစ်ပေါ်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ကျူးလွန်သူများအား အရေးယူခြင်း မရှိသေးသည့်အပြင် နစ်နာသူများ၏ တိုင်ကြားချက်များကိုလည်း အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။

ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင်အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ  ၃၉ ဦးရှိခဲ့ . . .

"သူတို့ ကျူးလွန်ခဲ့တာက အရမ်းဆိုးဆိုးဝါးဝါးကြီးလေ။ ဒါကြောင့် သံချောင်းကို နိုင်ငံရေးသမား တစ်ယောက်လို့ ကျွန်မတော့ မသတ်မှတ်ဘူး။ အဲဒီလို သတ်မှတ်လိုက်တာနဲ့ အခြားနိုင်ငံရေး သမားတွေရဲ့ ဂုဏ်သိက္ခာပါ လျော့သွားမှာပေါ့နော်။ ဒီလို အပြစ်ကြီး ကျူးလွန်ခဲ့တာကိုက လူ့အခွင့်အရေးဘက်ကပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘက်ကပဲ ဖြစ်ဖြစ် ခွင့်လွှတ်လို့ မရနိုင်တဲ့ ပြစ်မှုကြီးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ဖြစ်ခဲ့တာ ဆိုပေမယ့် အခုအချိန်အထိတောင် အစ်မတို့ ခံစားနေရတုန်းပဲ။ အစ်မတို့ အဖေတွေ ခံစားခဲ့ရတဲ့ အချိန်တုန်းက တရားမျှတမှု မရှိခဲ့ပါဘူး။ အစ်မတို့ကတော့ သူတို့ကို တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ သူဟာအပြစ်ရှိရင် ရှိမှန်း လူသိထင်ရှား အားလုံးက လက်ခံစေချင်တယ်။ သူအပြစ်ရှိတဲ့ အကြောင်းကို သူကိုယ်တိုင်လဲ သိရမယ်။ သူအပြစ်လုပ်လို့ လုပ်တာက တခြား၊ အစိုးရကို ဆန့်ကျင်လို့ နိုင်ငံရေးသမား ဖြစ်တာက တခြားဆိုတာကို အစ်မတော့ လက်မခံဘူး။ အစ်မတို့တွေစုပြီး နိုင်ငံတော်သမ္မတဆီ စာတင်ထားတာ ရှိတယ်။ နှစ်လကျော်နေပြီ။ အခုအချိန်အထိတော့ ဘာမှအကြောင်းပြန်တာ မရှိသေးဘူး" ဟု ABSDF (မြောက်ပိုင်း) ၌ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် သေဆုံးခဲ့ရသူ ဦးစိန် (မှိုင်းရာပြည့် ကျောင်းသားဟောင်း၊ ဒီးဒုတ်ဂျာနယ် ထုတ်ဝေသူ) ၏ သမီး ဒေါ်စန်းစန်းအေးက ပြောကြားသည်။

ထို့အတူ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရကာ ABSDF (မြောက်ပိုင်း) ရှိ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူပုံအလယ်၌ အ၀တ်အစားများချွတ်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူ ရန်ကုန်တက္ကသိုလ် ဒုတိယနှစ် (မြန်မာစာ) ကျောင်းသူ မခင်ချိုဦး၏ဖခင် ဦးတင်ပိုက အမှန်တရားကိုသာ လိုလားပြီး တရားဥပဒေအတိုင်း ဖြစ်စေလိုကြောင်း ပြောကြားပါသည်။

"သမ္မတဆီ စာတင်ထားတာ နှစ်လကျော်နေပြီ။ အခုအချိန်အထိ ဘာမှအကြောင်းမပြန်ဘူး။ မိသားစုတွေ အနေနဲ့ ဖြစ်စေချင်တာကတော့ မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တယ်။ ဒို့သားသမီးတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲတယ်။ ဒါကဟုတ်မှ မဟုတ်တာဘဲ။ ကိုယ့်သမီးဘာလဲ ဆိုတာတော့ ကိုယ်သိတာပေါ့။ အဲဒါကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုဖို့ နှစ်ပေါင်း ၂၀ ကျော် စောင့်ခဲ့ရတာ။ အခုအချိန်အထိ အမှန်တရားက မပေါ်ခဲ့သေးဘူး။ ဒို့တွေကတော့ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေအတိုင်းလဲ အရေးယူ စေချင်တယ်။ သူ့မှာရှိတဲ့ အပြစ်အတိုင်းကိုလည်း လူတွေက အသိအမှတ်ပြုဖို့ လိုတယ်။ ပြီးတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်တာက သံချောင်း တစ်ယောက်တည်း မဟုတ်ဘူး။ နောက်ထပ်လေးငါးယောက် ကျန်သေးတယ်။ တရားခံတွေ အကုန်လုံး တရားဥပဒေအတိုင်း ဖြစ်စေချင်တာက မိသားစုတွေရဲ့ ဆန္ဒပဲ" ဟု ဦးတင်ပိုက ပြောကြားသည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရ သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး စစ်ထောက်လှမ်းရေးဟုပင် စွပ်စွဲခံရကာ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ ဓားဖြင့်ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် မန္တလေးမှ ကိုချိုကြီး၏အစ်မ ဒေါ်သင်းသင်းဝင်းကလည်း ဦးသံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကား အနေဖြင့်သာ သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။

ဦးသံချောင်းနှင့် အဖွဲ့အား ဖမ်းမိပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှ မှတ်တမ်းများ

"အစ်မ နားလည်ထားတာက အဲဒီဖြစ်စဉ်မှာ သံချောင်းတို့ကတော့ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ သူတွေဖြစ်လို့ တရားခံမှာဆိုရင် နံပါတ်တစ်ပေါ့နော်။ နောက်ထပ်ကိုယ်တိုင် ကျူးလွန်တာ မဟုတ်ပေမယ့် ကျူးလွန်သူတွေကို အားပေးအားမြှောက် လုပ်ခဲ့တဲ့ လူတွေက နံပါတ်နှစ်ပေါ့။ နောက်ဒီဖြစ်စဉ် ဖြစ်လာဖို့ လှုံ့ဆော်ခဲ့တဲ့သူတွေလည်း ရှိတယ်။ ဘယ်သူတွေ ဘယ်လိုပဲ သတ်မှတ်ပါစေ အစ်မတို့ကတော့ သံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကားလို့ပဲ မှတ်ယူပါတယ်။ သူက ခွေးရူးလိုပဲ မည်းမည်းမြင်ရာ ကိုက်တတ်တဲ့သူဖြစ်လို့ သူ့ကိုတော့ တရားဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ မြင်တယ်" ဟု ဒေါ်သင်းသင်းဝင်းက ပြောကြားသည်။

ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တောခိုခဲ့ပြီး ABSDF (မြောက်ပိုင်း) သို့ ရောက်ရှိခဲ့ကာ စစ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် ကာလအတွင်း ABSDF (မြောက်ပိုင်း) ပါဂျောင်၊ လိုင်စင်စခန်း၌ ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့်ခေါင်းဖြတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင် အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၉ ဦးရှိခဲ့ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။

၁၉၉၄ ခုနှစ်တွင် KIO က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပြီးနောက် ကချင်ဒေသ၌ လှုပ်ရှားနေသော ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းနှင့်အဖွဲ့မှာ ပါဂျောင်ဒေသကို စွန့်ခွာခဲ့ပြီး SSPP/SSA အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် SSPP/SSA နှင့် လမ်းခွဲလိုက်ပြီး RCSS/SSA နှင့် ဆက်လက်ပူးပေါင်းကာ ၂၀၀၂ ခုနှစ် ပန်မိုင်ဆုန်တိုက်ပွဲနှင့် ၂၀၀၅ ခုနှစ် လွယ်တိုင်းလျန် တိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် နမ့်ခမ်းမြို့နယ် အတွင်းရှိ နမ့်တီးရွာတွင် အဖမ်းခံခဲ့ရပြီးနောက် မတ်လတွင် စွဲချက် ၁၁ ချက်ဖြင့် သေဒဏ်ချမှတ် ခဲ့သည်။

၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က လားရှိုးမြို့၌ ပြုလုပ်ခဲ့သော အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းကို ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် လူသတ်မှုများ ကျူးလွန်ခဲ့သူ ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ABSDF (မြောက်ပိုင်း) ပါဂျောင် လူသတ်မှုတွင် အသတ်ခံခဲ့ရသူများ စာရင်းကို ထုတ်ပြန်ခဲ့သည်။

ဦးသံချောင်းကို လူသတ်မှု၊ ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုများ အပါအ၀င် နိုင်ငံတော် ပုန်ကန်မှုများဖြင့် အရေးယူခဲ့သော်လည်း မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် မည်ကဲ့သို့ အရေးယူခဲ့သည် ဆိုခြင်းကိုမူ ရှင်းလင်းစွာ မထုတ်ပြန်ခဲ့သဖြင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရာ၌ နိုင်ငံရေး အင်အားစုများက ဦးသံချောင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်လာခြင်း ဖြစ်ပါသည်။

သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် . . . .

"RCSS/SSA က တင်လာတဲ့ စာရင်းထဲမှာ သူပါတယ်။ အဲဒါကြောင့် တင်လာတဲ့ စာရင်းကို ထောက်ခံပြီး နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အတွင်းရေးမှူးနှင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ လေ့လာစိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

"သူ့ကို ပုဒ်မ ၁၇/၁ နဲ့ ထောင်ချတယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားလို့ပဲ သတ်မှတ်ပါတယ်" ဟု RCSS/SSA ၏ ကျိုင်းတုံမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောကြားခဲ့ပြီး သီးခြားမှတ်ချက် ပေးရန်ကိုမူ ငြင်းဆန်ခဲ့သည်။

"နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တွေ အနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ သူအခြားမှာ ဖြစ်ခဲ့တဲ့ကိစ္စ အခြားပြဿနာပါ။ သူထောင်ကျရခြင်းရဲ့ အကြောင်းရင်းက နိုင်ငံရေးကြောင့်ဖြစ်လို့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။ သူကျခံထားရတဲ့ ပြစ်ဒဏ်ကတော့ တစ်ကျွန်းနဲ့ အခြားပြစ်မှုတွေရောပေါ့။ ထောင်ထဲမှာ သံချောင်းတစ်ယောက်တည်း ကျန်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ စာရင်းအရကို ၁၀၄ ယောက် ကျန်နေသေးတော့ အဲဒီလူတွေ အကုန်လုံးကို ဆက်လွှတ်ပေးဖို့တော့ တောင်းဆိုထားပါတယ်။ ဒါကြောင့် သံချောင်းကို မြောက်ပိုင်း ABSDF ကိစ္စကြောင့် မလွှတ်တာလို့ ပြောလို့မရနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားဆိုလို့ သူတစ်ယောက်တည်း ကျန်နေတာ ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ လွှတ်ပေးဖို့ စာရင်းတင်ထားတဲ့ အထဲမှာ သူ့နာမည်လဲ ပါပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုမြင့်အောင်က အဖွဲ့၏ သဘောထား အနေဖြင့် ပြောကြားခဲ့ပါသည်။

"ကိုသံချောင်းကို AAPP အနေနဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ ကိုသံချောင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက ABSDF အနေနဲ့ ဖြစ်ခဲ့တာ။ အခု အဖမ်းခံရတာက SSA အနေနဲ့ အဖမ်းခံရတာ။ လူတစ်ကိုယ်တည်း နှစ်ဘ၀ ဖြစ်နေတာပေါ့။ ABSDF အနေနဲ့ ဖြစ်ခဲ့တဲ့ ဥစ္စာကိုတော့ သူ့ဘာသာ ရဲဘော်တွေနဲ့ ရှင်းပေါ့နော်။ အဲဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ ရှင်းပေးလို့လဲ မရဘူး။ ကျွန်တော်တို့ အစိုးရကိုလည်း အခုလိုပဲ ပြောပြထားပါတယ်" ဟု AAPP မှ ကိုဘိုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် NLD ပါတီ၏ အမှုဆောင် တစ်ဦးဖြစ်သူ ကိုကျော်ထွေးက "နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူ အားလုံးကိုတော့ နိုင်ငံရေး အကျဉ်းသားအဖြစ် လက်ခံတယ်။ ဥပဒေကို ချိုးဖောက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုတော့ ခွင့်လွှတ်လို့မရဘူး။ အဲဒါတွေ အတွက်တော့ အပြစ်ပေး အရေးယူခံရမှာပဲ၊ ဒါတွေကို ရောနှောလိုက်လို့ မရဘူး" ဟု ပြောကြားခဲ့ပါသည်။

ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူ တစ်ဦးဖြစ်သည့် ကိုရဲလင်းက ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သူတစ်ဦး ဖြစ်ခဲ့သည့်အတွက် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သည်ကို လက်ခံသည်ဟု ပြောကြားခဲ့ပြီး အကယ်၍ လွတ်မြောက်လာခဲ့ပါက ၎င်းအနေနှင့် ရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင် ၂၃ ရက် ပြန်လွတ်လာသူများထဲတွင် ဦးသံချောင်းနှင့်အတူ အဖမ်းခံခဲ့ရပြီး သေဒဏ်ချမှတ် ခံခဲ့ရသူ အများစု ပြန်လွတ်ခဲ့ကာ ဦးသံချောင်းနှင့် အခြားတပ်မှူး တစ်ဦးသာ သာယာဝတီထောင်အတွင်း ကျန်ရှိတော့ကြောင်း သိရသည်။

ဦးသံချောင်းအား RCSS/SSA ၀တ်စုံဖြင့် တွေ့ရစဉ်

၁၉၈၉ တွင် ABSDF (မြောက်ပိုင်း)ရှိ ပါဂျောင်စခန်းတွင် ကျောင်းသားလူငယ်များကို သူလျှိုဟုဆိုကာ စတင်သတ်ဖြတ်မှုများ ရှိနေခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် မြင်းခြံမြို့မှ ကိုမြတ်ကိုကိုအား ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်မှုကို စတင်ပြုလုပ်ခဲ့ပြီး ထိုသတ်ဖြတ်မှုကို ဦးသံချောင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် မိုးကောင်းမြို့မှ ကိုလွှမ်းအား အဖွဲ့အစည်း ပြိုကွဲအောင် လုပ်သည်ဟု စွပ်စွဲပြီး စခန်းအလယ် သင်တန်းကွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျန်ရှိသော အလောင်းကို ထိုနေရာ၌ပင် ကျင်းတူးမြှုပ်နှံပြီး ဘော်လီဘောကွင်း ပြုလုပ်ခဲ့ခြင်း၊ ရန်ကုန်မှ ကိုအောင်ကျော်ကို ထောက်လှမ်းရေးဟု စွပ်စွဲကာ ဖမ်းဆီးညှဉ်းပန်းခဲ့ပြီး ညှဉ်းပန်းနှိပ်စက်နေစဉ် သေဆုံးခဲ့ရခြင်း၊ ၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် ABSDF (မြောက်ပိုင်း) ၏ ပထမဆုံး ဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ မန္တလေးမှ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ၁၅ ဦးကို အစိုးရ ထောက်လှမ်းရေးဟူသော စွပ်စွဲချက်များဖြင့် အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ သွေးအေးအေးဖြင့် ညှဉ်းပန်းနှိပ်စက်ကာ ဓားဖြင့်ခေါင်းဖြတ် သတ်ခဲ့ခြင်းများ၊ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာပင် ကိုကျော်ဝေ၊ ကိုစိုးဝင်းသန်း၊ ကိုဝင်းနောင်တို့ကို လူသတ်ကုန်း၌ပင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းများ အစရှိသည့် လူမဆန်သော လုပ်ရပ်များထဲတွင် ဦးသံချောင်းမှာ အဓိက လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။

ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၌ ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် အလွန်အထိ ဖြစ်ပွားခဲ့သော လူမဆန်သော ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများတွင် အင်အားသုံးရာ ခန့်သာရှိသော ကျောင်းသားတပ်မတော်မှ ၁၀၇ ဦးကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခဲ့ကာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ၃၅ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ၇၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက် ခဲ့ပါသည်။

အသတ်မခံရဘဲ ထွက်ပြေးလွတ်မြောက် ခံခဲ့ရသူများလည်း သေရာပါဒဏ်ရာများ ရရှိသည်အထိ နည်းမျိုးစုံဖြင့် နေ့စဉ်ရက်စက် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရကြောင်း၊ ထိုသို့နှိပ်စက်ရာတွင် လက်နောက်ပြန်ကြိုးတုပ်ပြီး တိုင်ငုတ်တွင်ချည်ကာ ရိုက်နှက်ခြင်းများ၊ ထောင်အတွင်း ထိတ်တုံးခတ်ပြီး ရိုက်နှက်စစ်ဆေးခြင်း၊ ရင်ဘတ်ကို ဓားဖြင့်မွှန်းခြင်းများ၊ လျှပ်စစ်ရှော့ခ်ရိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ မြေတွင်စိုက်ထားသော လက်ဝါးကပ်တိုင် ပုံစံတွင် ကြိုးဖြင့်ကပ်ချည် (အချို့သူများကို သံရိုက်သွင်း) ပြီး စခန်းပြင်၌ ထုတ်ထားခြင်း၊ အသတ်ခံခဲ့ရသူ၏ သွေးများကို သောက်ခိုင်းခြင်း၊ အသတ်ခံရသူများ၏ လက်ပြတ်များကို ပါးစပ်ဖြင့် ကိုက်ချီစေခြင်းများ အပါအ၀င် အခြားသော လူမဆန်သည့် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စံခံခဲ့ရပြီး အချို့မှာမူ နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရပါသည်။

ထိုသို့ လုပ်ဆောင်ခဲ့ သူများထဲတွင် ဦးသံချောင်းမှာ အဓိက ပါဝင်သူဖြစ်ပြီး အခြားတာဝန်ရှိသူများမှာ ဦးအောင်နိုင် (ခေါ်) ရော်နယ်အောင်နိုင်၊ ဦးကျော်ကျော်၊ ဦးအောင်ကြီး၊ ဦးစိန်အေး၊ ဦးလှဆိုင်း၊ ဦးနေဒွန်း၊ ဦးမျိုးဝင်း (ကွယ်လွန်)၊ ဦးသန်းဇော် (သာယာဝတီထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်) နှင့် ဒေါက်တာနိုင်အောင် (ထိုအချိန်က ABSDF (ဗဟို) ဥက္ကဋ္ဌ) တို့ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။

"သံချောင်း ဘယ်လိုရက်စက်ခဲ့တယ် ဆိုတာကို အားလုံးသိပါတယ်။ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာတွေ လုပ်ခဲ့တဲ့သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ ဘယ်လိုသတ်မှတ်မလဲ။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်မယ်ဆိုရင် သူ့လိုပဲ ရက်ရက်စက်စက် နှိပ်စက်တာတွေ လုပ်ခဲ့တဲ့ ထောက်လှမ်းရေးတွေကို ဘယ်လိုသတ်မှတ်မလဲ။ သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ထားတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား စံသတ်မှတ်ချက်တွေကို ကန့်ကွက်ပါတယ်။ သူကလူသတ်မှုတွေ ကျူးလွန်ထားတဲ့သူ ဖြစ်တယ်။ လူသတ်မှုကို တရားစွဲဆိုရမှာ အစိုးရရဲ့ အလုပ်ပဲ။ အသတ်ခံရတယ်ဆိုတဲ့ တရားဝင် အချက်အလက်တွေလည်း ရရှိထားပြီးပြီ မဟုတ်လား။ ရဲကစစ်ဆေးပြီး တရားရုံးကို တင်ဖို့က အစိုးရ ဆက်လုပ်သင့်တယ်" ဟု ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုစိုးလင်းက ပြောကြားခဲ့ပါသည်။

"သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး လွှတ်ပေးလိုက်ပြီးမှ လွတ်သွားရင် ဘယ်သူအာမခံမှာလဲ။ အခုအချိန်လို သက်သေတွေ အလုံအလောက် ရှိနေတဲ့အချိန်မှာ မြောက်ပိုင်းအမှုကို ထောင်ထဲမှာပဲ စစ်ဆေးသင့်တယ်။ စစ်ဆေးတဲ့ အခါမှာလည်း သူ့အတွက်ပါ တရားမျှတမှုရှိအောင်၊ အမှန်တရား ပေါ်ပေါက်အောင် အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးသင့်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေ အနေနဲ့လည်း တိုင်းရင်းသားဖြစ်တာ တစ်ခုတည်းနဲ့ သူ့ကိုလွှတ်ပေးဖို့ မတောင်းဆိုသင့်ဘူး။ ရာဇ၀တ် ကျူးလွန်တဲ့ သူတွေထဲမှာ တချို့က အမိန့်ပေးတယ်။ တချို့ကတော့ အမိန့်ပေးစေခိုင်းလို့ လုပ်ရတယ်။ သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ဂုဏ်သိက္ခာလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရန် မြောက်ပိုင်းပြန် ကျောင်းသားများမှ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် တောင်းဆိုခဲ့သည်။

ထို့အတူ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလက ပါဂျောင်စခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံခဲ့ရပြီး အသတ်ခံခဲ့ရသူ ဦးစိန်၏သမီး မစမ်းစမ်းအေးက ဖခင်အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးရန် မြောက်ဥက္ကလာပ ရဲစခန်း၌ ၂၀၁၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင် အမှုဖွင့်ခဲ့ပြီး ထိုအမှုကို ပ/၈၆၉/၁၂/၃၀၂ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ တိုင်ကြားမှုအတွက် CID မှ ဦးသံချောင်းကို သွားရောက်စစ်ဆေး ခဲ့သည်ဆိုသော သတင်းမှအပ အခြားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရှိရပါသည်။

ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသူများ
၁။ ကိုကျော်ဝေ (မန္တလေး၊ ၇-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၂။ ကိုသာဓု (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၃။ မခင်ချိုဦး (ဒုတိယနှစ် (မြန်မာစာ)၊ ရန်ကုန်တက္ကသိုလ် (လှိုင်)နယ်မြေ၊ ၁၂-၂-၁၉၉၂ တွင် အ၀တ်အစားများချွတ်၍ လူပုံအလယ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ)
၎။ ကိုသောင်းမြင့် (တန့်ဆည်ရွာ၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၅။ ကိုတူးတူး (မြစ်ကြီးနား၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၆။ ကိုထွန်းအောင်ကျော် (မန္တလေး၊ ABSDF (မြောက်ပိုင်း) ၏ ပထမဆုံးဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၇။ ကိုချိုကြီး (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၈။ ကိုအေးမြင့် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၉။ ကိုမောင်မောင် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၀။ ကိုဌေးမြင့်ဝင်း (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၁။ ကိုရန်အောင် (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၂။ ကိုသက်နိုင် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၃။ ကိုအောင်ဖိုး ( ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၄။ ကိုလှမြင့် (ခေါ်) ကိုဇော်မင်းသွေး (မြို့ကုန်း၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၅။ ကိုကျော်ကျော်မင်း (ကန့်ဘလူ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၆။ ကိုမောင်မောင်ကြွယ် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၇။ ကိုစိုးဝင်းသန်း (မန္တလေး၊ ၁၅-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၈။ ကိုဝင်းနောင် (ရန်ကုန်၊ ၁၉၉၂ ခုနှစ်တွင် ဓားဖြင့်ခုတ်သတ်ခံရ)
၁၉။ ကိုအောင်ကိုး (ဗန်းမော်၊ အဖမ်းခံထားရစဉ် ၁၉၉၁ ခုနှစ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ)
၂၀။ ကိုမြတ်ကိုကို (မြင်းခြံ၊ ၁၉၈၉ ခုနှစ်တွင် သတ်ဖြတ်ခံရ)
၂၁။ ကိုလွှမ်းမိုး (မိုးကောင်း၊ အဖွဲ့အစည်းပြိုကွဲအောင် လုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ၁၉၉၀ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၂၂။ ကိုကျော်ကျော်အုန်း (တန့်ဆည်၊ ၁၉၉၁ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ)
၂၃။ ကိုရန်ရှင်း (မြင်းခြံ၊ ၁၉၉၂ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ)
၂၄။ ကိုအောင်မြင့်ထွန်း (KIA တပ်ရင်း-၆ နယ်မြေတွင် အသတ်ခံရ)  

ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူများ
၁။ ကိုစိုးမင်းအောင် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၂။ ကိုတင့်လွင်(မြစ်ကြီးနား၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၃။ ဦးစိန်(ရန်ကုန်၊ စစ်ကြောရေးဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် အချုပ်ထောင်တွင်း သေဆုံး)
၎။ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၅။ ကိုရာကွတ်ဘိုင် (စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၆။ ကိုခင်မောင်စိုး (ခေါ်) စိုးကြီး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး)
၇။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၈။ ကိုအောင်မင်း (ခေါ်) ထိန်လင်း (မန္တလေး၊ ရိုက်နှက်ခံရမှုကြောင့် အချုပ်ထောင်အတွင်း သေဆုံး)
၉။ ကိုအေးကျော် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၁၀။ ကိုကျော်ကျော်ဦး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး)
၁၁။ ကိုပြည့်စိုးနိုင် (ရန်ကုန်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး )
၁၂။ ကိုဇော်ဝင်းချစ် (ဗန်းမော်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၁၃။ ကိုဝင်းသိန်း (ခေါ်) အရှည်ကြီး (၀န်းသို၊ အချုပ်ထောင်အတွင်း သေဆုံး)
၁၄။ ကိုအောင်ကျော် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၀ တွင် သေဆုံး)
၁၅။ ကိုဝင်းနောင် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး)
၁၆။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)


From: Eleven

Sunday, July 28, 2013

အဆိပ်ဖြစ်စေသာအရက်ကြောင့် ပါတီပွဲတွင် အနည်းဆုံး (၁၈)ဦးသေ

Posted by drmyochit Sunday, July 28, 2013, under | No comments



ပါကစ္စတန်နိုင်ငံရှိ သီးခြား ပါတီပွဲနှစ်ခုတွင် အဆိပ်ဖြစ်စေသာအရက်ကြောင့် အနည်းဆုံး လူ(၁၈)ဦး သေဆုံးသွားခဲ့ပြီး နှစ်ဒါဇင်ခန့်သော အခြားသူများမှာ ကျန်းမာရေး အပြင်းအထန် ထိခိုက်သည်အထိ ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကျင်းပသော မွေးနေ့ ပါတီပွဲတွင် သုံးဦးသေဆုံးခဲ့ပြီး ကျန်တစ်ဆယ့်သုံးဦးမှာ အခြားပွဲ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသူများက  မွေးနေ့ပွဲနှင့် အခြား မိတ်ဆုံစားပွဲတွင် အဆိုပါအရက်အား သောက်သုံးပြီး မေ့လဲသွားကြသဖြင့် ပါကစ္စတန်မြို့လယ် Faisalabad ရှိ ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ကြရကြောင်း သိရသည်။

ထိုပါတီပွဲနှင့် မိတ်ဆုံစားပွဲများသည် နေအိမ်တွင် သီးသန့်ကျင်းပသော ပွဲများ ဖြစ်ကြောင်းလည်း သိရသည်။

Source : Straitstimes

ရေအောက် Internat cable ဆက်ကြောင်းပြင်ဆင်မှု ကြိုးစားဆဲ

Posted by drmyochit Sunday, July 28, 2013, under | No comments



အင်တာနက် ရေအောက် ဆက်ကြောင်း SE-ME-WE 3 cable ပြတ်တောက်နေတဲ့အတွက် ပြည်တွင်းမှာ အင်တာနက် သုံးစွဲသူအချို့နဲ့ ပြည်ပကို ဆက်သွယ်နေရတဲ့လုပ်ငန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေကြ ရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကတော့ အခုလို ဆက်ကြောင်း ပြတ်တာကို ပြင်ဆင်နိုင်ဖို့ ရှာဖွေဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ Cable ဆက်ကြောင်း ပြတ်တောက်မှု ရဲ့ဂယက်က ဘယ်လောက် ကြီးသလဲဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတဲ့ ပင် လယ်ရေအောင်ကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ပျက်နေတာကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာ့ အင်ဂျင်နီယာတွေဟာ ပျက်နေတဲ့နေရာကို ယနေ့ထိ ရှာဖြွေပင် ဆင်နိုင်ဖို့ကြိုးစားဆဲဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ထွေထွေ မန်နေဂျာဦးကျော်စိုးဝင်းက ပြောပါတယ်။

(SEA-ME-WE 3) ရဲ့ မြန်မာ့ပြည်ဆက်ကြောင်း လမ်းကြောင်း တစ်လျှောက်ဖြစ်တဲ့ ဖျာပုံ၊ ကျုံကဒွန်း နဲ့ ကုလားထိပ် ပင်လယ် ပြင်မှာ ပျက်ခဲ့တာ ဖြစ်ပြီးတော့ ပင်လယ်ရေအောက်မှာ ပျက်နေတဲ့အတွက် ရေတက် ရင် ပြင်ဆင်ရေး လုပ်ငန်းတွေရပ်ဆိုင်း ဖြစ်ရတာလို့ ဦးကျော်စိုးဝင်း က ဗီအိုအေကို အခုလို ပြောပါတယ်။

“ဆက်ကြောင်း စခဲ့တဲ့ ပင်လယ်ကမ်းခြေ ကုလားထိပ်ကနေ ဖျာပုံအထိရောက်အောင် ကျနော်တို့ အသေး စိတ်လမ်းလျှောက်ပြီးတော့ တစ်ခုချင်း စက်နဲ့လည်းတိုင်းတယ်။ တွေ့တဲ့နေရာတိုင်းကို ရှာပြီး ကျနော်တို့ ပြုပြင်နေပါတယ်။”

နိုင်ငံတကာနဲ့ ဆက်သွယ်ချိတ်ဆက်နေတဲ့ လိုင်းမှာသာ ပျက်စီးမှု ရှိမယ်ဆိုရင်တော့ ပြင်ဆင်ချိန် အတွက် ၁ လ ခန့် အချိန်ယူရဖို့ ရှိပြီးတော့ ပြည်တွင်းဘက်က ကုန်းတွင်းဆက်ကြောင်းဘက်မှာသာ အဓိက ပျက်မယ် ဆိုရင်တော့ ၂ ပတ်ခန့်နဲ့ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အကြောင်း ဦးစိုးဝင်း ကပြောပါတယ်။

“ဆက်ကြောင်းက ပြည်တွင်းပြည်ပ ဆက်ကြောင်း နှစ်ခုဖြစ်နေလို့ ပြည်တွင်းပိုင်းမှာလည်း ရှာနေပါတယ်။ ပြည်ပဆက်ကြောင်းက ဖြစ်တယ်ဆိုရင် တစ်လလောက်ကြာနိုင်ပါတယ်။ ပြည်တွင်းဆက်ကြောင်းကဖြစ်တယ်ဆိုရင်တော့ နှစ်ပတ်လောက်အတွင်းမှာ ပြီးနိုင်ပါတယ်။”

အခုလို (SEA-ME-WE 3) ကေဘယ်ဟာ အရှေ့တာင်အာရှ၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပက နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းတွေနဲ့ မြန်မာ နိုင်ငံအတွင်းမှာ လာရောက် ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်က အင်ဂျင်နီယာတွေနဲ့ ပြင်ပက နိုင်ငံတကာ ပညာရှင်တွေနဲ့ ပြင်ဆင်ရမှာဖြစ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။ အခုလို အင်တာနက် ဆက်ကြောင်းတွေ ပြတ်တောက်မှုကြောင့် အင်တာနက် ဆက်သွယ် မှုတွေနဲ့ တချို့ဖုန်းလိုင်းဆက်သွယ်မှုတွေမှာပါ အခက်အခဲတွေရှိနေပါတယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးလုပ်ရတဲ့ လေယာဉ် လက်မှတ် အရောင်းကိစ္စတွေနဲ့ ဟိုတယ်ခန်း ကြိုတင်မှာယူတဲ့နေ ရာတွေမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ကိုင်တိုင်လည်း ခရီးသွားလုပ်ငန်း ပိုင်ရှင် တစ်ဦးလည်းဖြစ်၊ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဖြိုးဝေရာဇာက ပြောပါတယ်။

“အဓိက-ကတော့ GPS လို့ခေါ်တဲ့ Global Positioning System ပေါ့နော်၊ အဲလိုစနစ်သုံးတဲ့သူတွေ အတွက်တော့ မဖြစ်နိုင်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အင်တာနက်ကို တခါတည်း Booking တင်ရတဲ့ ဟာမျိုးတွေဆိုတော့ အင်တာနက်မရရင် သုံးလို့မရပါဘူး။ Intentional Ticketing အတွက် ကတော့ အခက်အခဲရှိပါတယ်။”

မကြာခဏ ချို့ယွင်းပြတ်တောက်တတ်တဲ့ SE-ME-WE-3 အင်တာနက် ဆက်ကြောင်းနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ SE-ME-WE-5 အင်တာနက်ဆက်ကြောင်းသစ် ချိတ်ဆက်မှုကိုတော့ ဒီဇင်ဘာလမှာ စတင်သွားမှာ ဖြစ်တဲ့အကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်။

VOA

ဖြစ်ပြီးခဲ့သမျှ မြန်မာ - ကုလား အဓိကရုဏ်း များနှင့်ပတ်သက်၍ အစိုးရသတင်းထုတ်ပြန်

Posted by drmyochit Sunday, July 28, 2013, under | No comments



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (  ၁၀  / ၂၀၁၃ )
၁၃၇၅ ခုနှစ် ၊ ဝါဆိုလပြည့်ကျော်    ၄    ရက်
( ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ    ၂၆   ရက် )

၁။   ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ အေးချမ်းသာယာ၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စည်းလုံးညီညွတ်စွာဖြင့် အားကြိုး မာန်တက် တည်ဆောက်လျက်ရှိပါသည်။

၂။   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည်။ သမိုင်းစဉ်တစ်လျောက် မတူညီသော ဘာသာဝင်များအကြား စည်းလုံးညီညွတ်စွာ သဟဇာတ ဖြစ်ဖြစ် နေထိုင်လျက်ရှိပါသည်။

၃။   ၂၀၁၂ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရာဇဝတ်ပြစ်မှုတစ်ခုအပေါ် အခြေခံ၍ လူမှုအသိုက်အဝန်းနှစ်ခုအကြား ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအတွက် များစွာစိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ် များ ဖြစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဈေးဝယ်သူချင်း အချင်းများရာ၌ အုပ်စုချင်းအကြမ်းဖက်လုပ်ရပ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ဆူပူသည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

၎။   မြန်မာနိုင်ငံတော်အစိုးရသည် ဤဖြစ်စဉ်များ၊ အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန် နှင့် တရားဥပဒေစိုးမိုးရေးကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်း ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ ဆောင်ရွက် ရာတွင်လည်း အင်အားအလွန်အကျွံသုံးစွဲခြင်းမပြုရန် သတိကြီးစွာဖြင့် ဆောင်ရွက်ခဲ့သလို အကြမ်းဖက်မှု ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ တားဆီးဆောင်ရွက်ခဲ့ပါသည်။ ဥပဒေချိုးဖောက်သူများ ကိုလည်း မည်သည့်လူမျိုးနှင့် ဘာသာဝင်မဆို ခွဲခြားခြင်းမပြုဘဲ ကျူးလွန်သည့် ပြစ်မှုအတိုင်းအတာအရ ဥပဒေနှင့်ညီညွတ်သော ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့ပါသည်။ ဖမ်းဆီး အရေးယူမှု၊ ပြစ်ဒဏ်ချမှတ်မှုများ၊ စစ်ဆေးဆဲ ပြစ်မှုများကိုလည်း သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

၅။   မြန်မာနိုင်ငံတော်အစိုးရသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အိုင်အင်ဂျီအိုများ၊ အင်ဂျီအိုများနှင့် ပူးပေါင်း၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများအား ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ပါသည်။ စေတနာရှင် နိုင်ငံအသီးသီး၏ အစိုးရများမှတစ်ဆင့် ထောက်ပံ့ကူညီမှုများကိုလည်း နှစ်ဖက်အသိုက်အဝန်းသို့ မျှတစွာ ထောက်ပံ့ဖြန့်ဝေပေးခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုအစိုးရက တာဝန်ယူဆောက်လုပ် ပေးသော လူနေအဆောက်အဦ လုံးချင်းအိမ် (၉၆၀) လုံး ဆောက်လုပ်ရန်အနက် (၉၄၅)လုံး ဆောက်လုပ် ပြီးစီးပြီး၊ တဲတန်းလျား (၁၄၄၃) လုံး ဆောက်လုပ်ရန်အနက် (၁၄၁၃)လုံး ဆောက်လုပ်ပြီး၍ ဒုက္ခသည် များအား နေရာချထားပေးပြီးဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ယူသော အဆောက်အဦ လုံးချင်းအိမ် (၂၈၂) လုံး ဆောက်လုပ်ရန်အနက် အားလုံးဆောက်လုပ်ပြီးစီးပြီး၊ တဲတန်း လျား (၉၃၇) လုံး ဆောက်လုပ်ရန်အနက် (၅၃၈)လုံး ဆောက်လုပ်ပြီးစီးပြီးဖြစ်ပါသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်သူ များအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးများကိုလည်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၆။   ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာဝင်များအကြား ယုံကြည်မှုနှင့် သဟဇာတဖြစ်မှုတို့သည် မြန်မာပြည်သူများ အကြား ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံ နိုင်ငံတော် အစိုးရနှင့် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသီးသီးမှ ခေါင်းဆောင်များက ကောင်းစွာသိမြင်သလို အလေးထားဆောင်ရွက်နေသည့် ကိစ္စရပ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နားလည်စာနာသည်းခံမှုများရှိရန်လည်း လိုအပ်သည်။ ထို့ပြင် ဘာသာရေးအစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန် နှင့် ဘာသာရေးပဋိပက္ခများ ကြီးထွားအောင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူများကို ဝိုင်းဝန်း ဆန့်ကျင်သွားရန်လည်း လိုအပ်ပါသည်။

၇။   ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ပြည်တွင်း ပြည်ပမှ အချို့အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဘာသာရေးခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ပုံဖော်စွပ်စွဲမှုများ ပေါ်ပေါက်လျက်ရှိပါသည်။ ထိုသို့သော ပုံဖော်စွပ်စွဲမှု များကြောင့် ပြဿနာများ ပို၍ ရှုပ်ထွေးသွားစေနိုင်မည်ကို သတိပြုသင့်ပါသည်။

၈။   တိုင်းရင်းသားပြည်သူလူထုများ၊ နိုင်ငံသားများအားလုံး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ငြိမ်းချမ်း ညီညွတ်စွာဖြင့် သမိုင်းစဉ်တစ်လျောက် ဂုဏ်သိက္ခာမြင့်မားစွာနေထိုင်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစဉ်အလာကို စောင့်ထိန်းလျက် အနာဂတ်ကာလတွင်လည်း ယင်းသို့ ညီညွတ်စွာ နေထိုင်သွားရေးကို ရှေးရှုဆောင်ရွက်သွားကြရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ်တစ်ရပ် အား အောင်မြင်စွာတည်ဆောက်နိုင်ရေးကို နိုင်ငံသားတိုင်း၏ အဓိကတာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

၉။   နိုင်ငံတော်အစိုးရသည် လူမျိုးဘာသာ မခွဲခြားဘဲ အထက်ပါဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူ များအား ပြန်လည်နေရာချထားရေး၊ ပုံမှန်ဘဝသို့ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသော သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းနိုင်ရေးအတွက် စေတနာရှင်နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

From : .. သမ္မတရုံး

ဒီကိစ္စအတွက် နှလုံးသားရှိသူတိုင်း ရှယ်ကြပါ ကူညီကြပါ......

Posted by drmyochit Sunday, July 28, 2013, under | No comments



24.7.2013 ရက်နေ့က မလေးရှာနိုင်ငံ Kuala lipis မြို့ရဲ့ Young yim တရုတ်စားသောက်ဆိုင်က အိုဗာ စတေး ချင်းတိုင်းရင်းသူလေး၁ယောက်ကို ပြည့်တန်ဆာဟုစွပ်ဆွဲ ကာ Kuala lipis ရဲတပ်ဖွဲ့များက ဖမ်းဆီး သွားပါတယ်။

ရဲစခန်းရောက်တော့ ရဲစခန်းမှုးကစစ်စရာရှိတယ်ဆိုပြီး အိမ်ခေါ်သွားပါတယ် ယနေ့ထိစခန်းပြန် မပို့သေး ပါဘူး မလေးရှားမြန်မာလူမှု့ကွန်ယက်ကတော့ ထိုကိစ္စအားအပူတပြင်းလိုက်နေပါတယ်

ကောင်မလေး၏ ဘဝလုံခြုံရေးအတွက် ပြန်လွှတ်ပေးရန်သော်လည်းကောင်း ရဲစခန်းတွင်ပြန်ထားရေးသော် လည်းကောင်း ကြိုးပမ်းနေပါတယ်

ထိုကိစ္စအား မြန်မာသံရုံးအား အသိပေးထားသော်လည်း သံရုံနှင့်မြန်မာသံအမတ် ဦးတင်လတ်တို့မှ တစုံ တရာ ဝင်ရောက်ခြင်းမရှိသေးကြောင်း မြန်မာလူမှု့ကွန်ယက်ကပြောပါတယ်။

Credit : စိုင်းခမ်းလတ် & I Love Myanmar

စင်ကာပူရှိ မွတ်စလင်တို့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအကြောင်း တစေ့တစောင်း

Posted by drmyochit Sunday, July 28, 2013, under | No comments



စင်ကာပူတွင် အိမ်ထောင်ရေးဆိုင်ရာ ဥပဒေကို အက်ဥပဒေနှစ်ရပ်ဖြင့် အုပ်ချုပ်သည်။ ယင်းဥပဒေနှစ် ရပ် မှာ Administration of Muslim Law Act (AMLA) တွင် အကျုံးဝင်သည့် Muslim Marriages Act (1966) နှင့် အမျိုးသမီး ပဋိညာဉ် (Women's Charter) တို့ဖြစ်သည်။ မွတ်စလင်တို့၏ လက်ထပ် ထိမ်းမြား မှုကို အမျိုးသမီး ပဋိညာဉ်ကို အုပ်ချုပ်သည့် Civil Registry (ROM) နှင့် Registry of Muslim Marriages (ROMM) တို့က ထုံးတမ်းနှင့်ညီအောင် ပြုလုပ်ပေးသည်။

မွတ်စလင်တို့နှင့် သက်ဆိုင်သော Administration of Muslim Law Act (AMLA) သည် မွတ်စလင် ရေးရာများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန်နှင့် စင်ကာပူတွင် မွတ်စလင်တို့နှင့် ဆက်နွှယ်သည့် ရေးရာများကို အကြံပြုရန်အတွက် ကောင်စီတစ်ခု ဖွဲ့စည်းရန်နှင့် ရှာရီရာ တရားရုံး တည်ထောင်ရန် တို့ အတွက် သက်ဆိုင်သည့် ဥပဒေဖြစ်သည်။

ဥပဒေအရ မွတ်စလင် တစ်ဦးသည် လူပျိုပေါက် ဖြစ်လာချိန်တွင် လက်ထပ်ထိမ်းမြားနိုင်သည်။ ထို့ပြင် သတို့သမီးသည် လက်မထပ်ရသေးသော တစ်ကိုယ်ရေ တစ်ကာယ အမျိုးသမီးဖြစ်သည်နှင့် မွတ်စလင် ဥပဒေ အရ တရားဝင်ဖြစ်သော အုပ်ထိန်းသူ '၀ါလီ' က လက်ထပ်ထိမ်းမြားမှုကို သဘောတူခွင့် ပြုပေး ရသည်။ ယင်းဝါလီသည် ဖခင်၊ အစ်ကို၊ မိခင်ဘက်မှ အဘိုး၊ ဦးလေး (ဖခင်နှင့် ညီအစ်ကိုတော်သူ) ဖြစ်မည်ဖြစ် ပြီး၊ မိန်းကလေးသည် လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်သည့် ကလေးဖြစ်ပါက မိခင်ဖြစ်သူက အလ္လာ ၏ နာမတော်ဖြင့် ကြေညာပေးရမည် ဖြစ်သည်။

ထို့ပြင် ဖခင်ဖြစ်သူသည် အသက်ရှင်လျက် ရှိနေကြောင်း မသိနိုင်တော့လျှင် ဖြစ်စေ၊ အဝေးတစ်နေရာ ရောက်နေ လျှင်ဖြစ်စေ၊ ဒေသဆိုင်ရာ အုပ်ချုပ်သူ တစ်ဦးကလည်း အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ပေးနိုင် သည်။ ဖခင်ဖြစ်သူသည် စင်ကာပူရှိ မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိဘဲ အသက်ရှင်လျက် ရှိနေသေး လျှင် မှတ်ပုံတင်ရုံးက တရားဝင်လျှောက်လွှာကို သတင်းစာများတွင် ထည့်သွင်းပြီး ဆင့်ခေါ်နိုင် သည်။ ယင်းဆင့်ခေါ်စာကို Muslim Court for the Marriage က သဘောတူခွင့် ပြုပေးရမည်ဖြစ်သည်။ ဆင့်ခေါ် လွှာသည် ရက်ပေါင်း ၃၀ အတွင်း အကျုံးဝင်သည်။

သတို့သမီးသည် မွတ်စလင်ဘာသာပြောင်း တစ်ဦးဖြစ်လျှင်၊ မိသားစုအတွင်း တစ်ဦးတည်းသော ဘာသာပြောင်း သူဖြစ်လျှင် အုပ်ထိန်းသူ မလိုအပ်ပေ။

စင်ကာပူတွင် လက်ထပ်ထိမ်းမြားခြင်းကို တရားဝင် အတည်ဖြစ်အောင် ဆောင်ရွက်ပေးရာ၌ မှတ်ပုံတင်သူ မှတ်ပုံ တင် အရာရှိကဖြစ်စေ၊ လက်ထပ်ထိမ်းမြားခြင်းကို တရားဝင် ဆောင်ရွက်ခွင့် လိုင်စင် ရရှိထား သူ ကဖြစ်စေ ဆောင်ရွက်ပေးရသည်။

လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်အောင် ပြုလုပ်ပေးရာ၌ တင်းကျပ်သော ပြဋ္ဌာန်းမှုများအတိုင်း ဆောင်ရွက် ရမည်ဖြစ်ပြီး ယင်းစည်းမျဉ်းများတွင် သတို့သား၊ သတို့သမီး စုံညီရှိရမည်ဖြစ်ပြီး အမျိုးသား မွတ်စ လင် သက်သေနှစ်ဦး (သို့မဟုတ်) အမျိုးသမီး မွတ်စလင်သက်သေ လေးဦး (မိသားစုနှင့် မသက် ဆိုင်သူ) တို့ရှိရန် လိုအပ်ကြောင်း ပါဝင်သည်။ အုပ်ထိန်းသူ၊ အုပ်ချုပ်သူ အကြီးအကဲနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတို့ ရှိရမည်ဖြစ်သည်။

လက်ထပ်မင်္ဂလာ အခမ်းအနား ကုန်ကျစရိတ်အတွက် သတို့သမီး၏ မိသားစုကို လက်ဆောင်မဖြစ်မနေ ပေးရ မ ည်ဖြစ်သည်။ (စင်ကာပူဒေါ်လာ ၂၀၀ ထက်မနည်းပေးရန် သတ်မှတ်ထားသည်) ယင်း လက်ဆောင် သည် သဘောတူညီချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇနီးဖြစ်သူ၏ ကုန်ကျစရိတ်များနှင့် ယင်းပမာ ဏသည် ညီမျှရမည်ဖြစ်သည်။

လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်မှုကို ဆောင်ရွက်နေစဉ် သက်သေမှလွဲလျှင် တက်ရောက်သူ အားလုံး သည် (ROMM) ရုံးတွင် လျှောက်လွှာကို လာရောက်လက်မှတ် ရေးထိုးရမည်ဖြစ်သည်။ သတို့သားသည် လက်ထပ် ထိမ်းမြားရန်အတွက် လျှောက်လွှာနှင့် ကြေညာသဘောတူညီမှုတို့ကို လက်မှတ်ရေးရပြီး လက်ထပ် ထိမ်းမြား မှုကို တရားဝင် ဖြစ်လာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။ တရားသူကြီး၊ ခါဒီက မေးမြန်း ရာတွင် အစ္စလာမ္မစ်ဆိုင်ရာ ဗဟုသုတများနှင့် ပတ်သက်၍ ကျေနပ်သည်အထိ ဖြေကြားနိုင်ရမည် ဖြစ် သည်။

သတို့သား၊ သတို့သမီးစုံတွဲသည် အသက် (၂၁) နှစ် အရွယ်ရှိရမည် ဖြစ်သော်လည်း မိဘများ၏ သဘော တူညီ ချက်ဖြင့် ခွင့်ပြုပါက ၁၆ နှစ်အရွယ်လည်း လက်ထပ်ထိမ်းမြားနိုင်သည်။ အသက် ၁၆ နှစ်အောက် သတို့ သမီး အတွက် အထူးခွင့်ပြုချက် လိုအပ်မည်ဖြစ်သည်။

လက်ထပ်မည့် သတို့သား၊ သတို့သမီး စုံတွဲသည် ခန့်အပ်ထားသူ တစ်ဦးက ပို့ချမည့် လက်ထပ် ထိမ်းမြားခြင်း အတိုင်ပင်ခံသင်တန်း Marriage Conselling Course ကို တက်ရောက်ရမည် ဖြစ်သည်။ ယင်းသင် တန်းက ထုတ်ပြန်ပေးသော လက်မှတ်သည် သုံးနှစ်သာ အကျုံးဝင်သည်။ အမျိုးသမီး တစ်ဦး သည် အိမ်ထောင်ရှိဆဲ ဖြစ်ပါက ကွာရှင်းလက်မှတ်ရှိရန် လိုအပ်မည်ဖြစ်ပြီး ယင်းလက်မှတ်သည် လက်မထပ် မီ ရက် ၉၀ သက်တမ်း ရှိရမည်ဖြစ်သည်။ သတို့သားတွင် အသက်ရှင်လျက် ဇနီးမယား ရှိပါက ဇနီးမယား ကို ထောက်ပံ့နိုင်ရန်အတွက် ဘဏ္ဍာရေး ပြည့်စုံကြောင်း သက်သေအထောက်အထား ပြရန်လိုအပ် မည် ဖြစ်သည်။ ထို့ပြင် နောက်ထပ်အိမ်ထောင်မပြုမီ ရှိဆဲဇနီးမယား အားလုံး၏ သဘောတူ ခွင့်ပြုချက် လည်း လိုအပ်မည်ဖြစ်သည်။ အမျိုးသားတစ်ဦး အနေဖြင့် သက်ရှိထင်ရှား ဇနီးလေးဦးအထိ ယူခွင့် ရှိသည်။

လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်းကို (ROM) ရုံးတွင် (သို့မဟုတ်) ၀က်ဘ်ဆိုက်တွင် သွားရောက် မှတ်ပုံ တင် ရန် သတို့သား၊ သတို့သမီး နှစ်ဖက်စလုံးက ရက်ရွေးချယ်ရမည်ဖြစ်ပြီး မွတ်စလင် လက်ထပ် ထိမ်းမြားခြင်း မှတ်ပုံတင်မှု ဆောင်ရွက်ပြီးနောက် ၂၁ ရက်အတွင်း၊ သုံးလအတွင်း အရပ်ဘက် မှတ်ပုံ တင်မှုကို ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့နောက် သတို့သား၊ သတို့သမီးသည် လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်ကို လိုင်စင်ရ လက်ထပ် ထိမ်းမြားခြင်း ဆောင်ရွက်ပေးသူထံသို့ ယူဆောင်သွားရမည် ဖြစ်သည်။ လိုင်စင်ရ လက်ထပ်မင်္ဂလာ ဆောင်ရွက်ပေး သူသည် ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်ပြီး တရားသူကြီး (သို့မဟုတ်) ရပ်ရွာခေါင်းဆောင်များလည်း ဖြစ်နိုင်သည်။

စင်ကာပူတွင် မွတ်စလင် အမျိုးသားတစ်ဦးနှင့် မွတ်စလင် မဟုတ်သူတို့ လက်ထပ်ခြင်းကို ခွင့်မပြုပေ။ မွတ်စလင် မဟုတ်သော သတို့သမီး အနေဖြင့် ဘာသာပြောင်းရန်အတွက် သင်တန်းတက်ရောက် ရမည်ဖြစ်သည်။ တွေ့ဆုံမေးမြန်းသူများက သတို့သား အနေဖြင့် ဘာသာပြောင်းလာသူ သတို့သမီးကို ဇနီးမယားအဖြစ်နှင့် မွတ်စလင် တစ်ဦးအဖြစ် လမ်းညွှန်နိုင်ရန်အတွက် ပြည့်စုံကြောင်းလည်း မေးမြန်းကြမည် ဖြစ်သည်။ မွတ်စလင်မဟုတ်သော သတို့သမီးသည် လက်ထပ်ထိမ်းမြားရန်အတွက် ဘာသာပြောင်း သင်တန်းများ တစ်နှစ်ရောက်ပြီးမှသာ လက်ထပ်ထိမ်းမြားခွင့် ရရှိမည်ဖြစ်သည်။

စင်ကာပူတွင် မွတ်စလင် လက်ထပ်ထိမ်းမြားခြင်းမှလွဲလျှင် အခြားဘာသာဝင်များ ဘာသာခြားအချင်းချင်း လက်ထပ်ထိမ်းမြားမှုအတွက် ကန့်သတ်ချက် မရှိပေ။ မွတ်စလင်နှင့် ဂျူးတို့ လက်ထပ်မှုအတွက် လျှောက်ထားမှုတွင် သီးခြားစည်းမျဉ်းများ ရှိနိုင်သည်။

စင်ကာပူတွင် နိုင်ငံခြားသားများ လက်ထပ်ရန်အတွက် လူ့စွမ်းအား ၀န်ကြီးဌာနထံမှ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပြီး ယင်းခွင့်ပြုချက် မရခဲ့ပါက နောင်တစ်ချိန် ယင်းခွင့်ပြုချက် လိုအပ်လာပါက နိုင်ငံခြားသားများသည် နေရပ်ပြန်ပို့ ခံရနိုင်ပြီး စင်ကာပူသို့ နောက်တစ်ကြိမ် ၀င်ရောက်ရန် တားမြစ်မှုကို ခံရမည် ဖြစ်သည်။ ထို့ပြင် တိမ်းရှောင်သူ စာရင်း၌လည်း ထည့်သွင်းခံရမည် ဖြစ်သည်။

မွတ်စလင် လက်ထပ်ထိမ်းမြားမှုက လိင်တူချင်း လက်ထပ်မှုကို ခွင့်မပြုပေ။ လူတစ်ယောက် အနေဖြင့် အမျိုးသား အင်္ဂါနှင့် အမျိုးသမီးအင်္ဂါ နှစ်မျိုးစလုံးဖြင့် မွေးဖွားလာပါက အပြောင်းအလဲ ဆောင်ရွက်ရမည် ဖြစ်သည်။

စင်ကာပူတွင် ပြီးခဲ့သည် ဆယ်နှစ်အတွင်း ကွာရှင်းပြတ်စဲရန် လျှောက်ထားမှု နည်းပါးလာပြီး လက်ထပ်ရန် လျှောက်ထားမှု မြင့်တက်လာခဲ့ကြောင်း စာရင်းအင်းဌာနက နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်က စင်ကာပူတွင် လက်ထပ်ရန် မှတ်ပုံတင် လျှောက်ထားမှု ၂၇၉၃၆ ရှိခဲ့သည်။ မွတ်စလင် လက်ထပ်မှု မြင့်တက်ခဲ့ပြီး ၂၀၀၂ ခုနှစ်က လက်ထပ်မှု မှတ်ပုံတင် လျှောက်ထားမှု စုစုပေါင်းတွင် မွတ်စလင်လက်ထပ်မှုက ၄၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ရာခိုင်နှုန်း ၇၀ အထိ မြင့်တက်ခဲ့သည်။ မွတ်စလင်တို့၏ ကွာရှင်းရန် လျှောက်ထားမှုသည် လက်ထပ်ပြီး ငါးနှစ်အတွင်း လျှောက်ထားမှုနှင့် လက်ထပ်ပြီး ငါးနှစ်မှ ကိုးနှစ်အတွင်း လျှောက်ထားမှုသည်  ၂၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ဘဏ္ဍာရေး ပြဿနာနှင့် လက်ထပ်ပြီးနောက် အိမ်ထောင်ရေး ကိစ္စများသည် မွတ်စလင်တို့ ကွာရှင်းမှုတွင် အဓိက အကြောင်းအရင်းနှစ်ခု ဖြစ်ခဲ့သည်။

Ref:Wikipedia
From: Eleven

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း Knight Frank ၏ ကြွယ်ဝချမ်းသာမှု အစီရင်ခံစာတွင် ဖော်ပြ

Posted by drmyochit Sunday, July 28, 2013, under | No comments




အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် အိမ်ခြံမြေ အကြံပေးကုမ္ပဏီဖြစ်သော Knight Frank က ၂၀၁၃ ခုနှစ် ချမ်းသာကြွယ်ဝမှုအ စီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် HNWI ဟုခေါ်သော အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း သိရသည်။ ၎င်းအပြင် မြန်မာနိုင်ငံသည် HNWI အရေအတွက် များပြားလာနိုင်ခြေတွင် အာရှတိုက်၌ အမြင့်မားဆုံးဖြစ်ပြီး ၁၀ စုနှစ် တစ်ခုအကြာ ၂၀၂၂ ခုနှစ်သို့ အရောက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၀၇ ဦး ရှိလာလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းသည် ၆၈၇ ရာခိုင်နှုန်းဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးဖြစ်သည်။

ယင်းခန့်မှန်းမှုမှာ ချမ်းသာကြွယ်ဝမှုကို ဖန်တီးနိုင်မှု အခြေအနေနှင့် စီးပွားရေးလမ်း ပွင့်လာမှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၎င်းအပြင် နိုင်ငံရေး ပြောင်းလဲမှု အကြီးအကျယ် ဖြစ်ပေါ်လာခြင်း၊ ပိတ်ဆို့ခံထားရမှုများ လျော့ကျလာခြင်းနှင့် ဖွံ့ဖြိုးရေး စီမံချက်များအတွက် ရန်ပုံငွေ ရရှိရန် အာမခံချက်များ ရရှိလာခြင်းတို့ကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။ မြန်မာနိုင်ငံ၌ နိုင်ငံခြား ကုမ္ပဏီများ အကြီးအကျယ်  လာရောက်ရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံများ၊ စွမ်းအင်ကဏ္ဍ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပညာရေး ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာရန် အလားအလာကောင်းများရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းကဏ္ဍများတွင် ပုဂ္ဂလိက လုပ်ငန်းစုများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုသည်။

အင်္ဂလန်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ ထိပ်တန်းဂျာနယ် တစ်စောင်ဖြစ်သော Prime Resi မှ ထုတ်ဝေခဲ့သော စစ်တမ်းတစ်ရပ်တွင်လည်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် အခြားနေရာများတွင် အိမ်ခြံမြေကဏ္ဍ၌ မြန်မာတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားလာနေပြီး ၂၀၀၃ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် တန်ဖိုးရှိသော အိမ်ခြံမြေများ ၀ယ်ယူမှု၏ တစ်ရာခိုင်နှုန်းသည် မြန်မာများဖြစ်ကြောင်း သိရသည်။ ယင်းပမာဏသည် ဟောင်ကောင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ၀ယ်ယူမှု ပမာဏနှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ၏ လန်ဒန်မြို့တွင် လာရောက်ရင်းနှီးမြှုပ်နှံမှု အလားအလာ လွန်စွာကြီးမားလာသည့်အတွက် အင်္ဂလန်နိုင်ငံမှ အိမ်ခြံမြေ အကြံပေး ကုမ္ပဏီဖြစ်သော Landon Dom ကုမ္ပဏီသည် ယခုလအတွင်း ရန်ကုန်မြို့၌ ရုံးခန်းတစ်ခု လာရောက်ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။ Daily Eleven မှ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာကြွယ်ဝသူ သို့မဟုတ် စီးပွားရေး အစုအဖွဲ့ သုံးဦးမှ လေးဦးအထိရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် ၀င်ငွေအနည်းပါးဆုံး နိုင်ငံဖြစ်ပြီး Wikipedia ၌ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်အတွက် တစ်ဦးချင်း ဂျီဒီပီသည် ဒေါ်လာ ၈၄၉ သာရှိပြီး အမြင့်ဆုံးဖြစ်သော စင်ကာပူသည် ၄၉,၉၃၆ ရှိကြောင်း သိရသည်။

NYM
From: Eleven

Saturday, July 27, 2013

အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသားစုဂုဏ်ဆောင်နိုင်ရေးအတွက် မသဘာဝကို ဖြတ်တောက်ခြင်းခံနေကြရသည်

Posted by drmyochit Saturday, July 27, 2013, under | No comments



ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့တွင်ဖြစ်သည်။ အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးက သူမ ငယ်စဉ်ဘဝက မေ့မ ရနိုင်ခဲ့သော နာကြည်းချက်များကို ပြန်ပြောင်းပြောပြနေသည်။ သူ့အမည်က မဒီနာ ဘိုကွန်ဒပ်ဖ်ဖြစ် သည်။

မဒီနာ အပျိုဖော်ဝင်စ အရွယ်တွင်ဖြစ်သည်။ အာဖရိကတိုက်နိုင်ငံအတော်များများတွင် အမျိုးသမီးတို့ဘဝ ရှောင်လွှဲ၍ မရခဲ့သော မသဘာဝဖြတ်တောက်ခြင်း FGM (female genital mutilation) ကို သူမလည်း ခံစားခဲ့ရသည်။

အသက်ငယ်လွန်းသေးသဖြင့် အဘယ်ကြောင့် ဤသို့လုပ်ကြရသနည်းဆိုခြင်းကို မဒီနာ နားမလည်ခဲ့ပေ။ သူမလိုပင် မာလီနိုင်ငံအတွင်းရှိ ဖူလာနီမျိုးနွယ်စုတို့အတွင်း မိန်ကလေးတိုင်းသည် မသဘာဝကို ဖြတ်တောက်ခြင်း ခံကြရသည်။ အပျိုဖော်ဝင်ချိန်မတိုင်မီ ရိုးရာဓလေ့အတိုင်း မသဘာဝကို ဖြတ်တောက်ခြင်းခံရမည်မှာ ထုံးစံသာဖြစ်သည်။

အာဖရိကတိုက်ရှိ လူမျိုးစုများအတွင်း အမျိုးသမီးတို့ကို အပျိုဖော်မဝင်မီ မအင်္ဂါအစိတ်အပိုင်းကို ဖြတ်တောက်ခြင်းဖြင့်၊ ဆီးသွားရန်ကောင်းမွန်ခြင်း၊ ရာသီသွေးဆင်းရန် အဆင်ပြေခြင်းတို့ဖြစ်စေသည်ဟု အယူရှိခဲ့ကြသည်။ ထို့ပြင် ပိုဆိုးသည်က အင်္ဂါကိုချုပ်ကာ တစ်လခန့် ခြေလက်တို့ကို တုတ်နှောင်ထားမှု ခံရခြင်းဖြစ်သည်။

“ကျွန်မသိလိုက်တာကတော့ သူတို့ပြောသလိုမဟုတ်ဘဲ နာကျင်တဲ့ဝေဒနာကို အရမ်းခံစားခဲ့ရတယ်။ အမျိုးသမီးတို့သဘာဝ ရာသီသွေးပေါ်ချိန်မှာလည်း မချိမဆန့်ခံစားရတယ်။ ပိုဆိုးတာက အရှက်ရအောင်လုပ်သလိုမျိုး အမြဲခံစားနေရတယ်” ဟု မဒီနာကပြောသည်။

အာဖရိက နိုင်ငံတကာ ကလေးများနေ့တွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေးအဖွဲ့အစည်းများက အမျိုးသမီးများ သဘာဝကို ဖြတ်တောက်ခြင်းဓလေ့အား အပြင်းအထန်ဆန့်ကျင်ကန့်ကွက်လေ့ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်ရှိ အမျိုးသမီးပေါင်း သန်း ၁၄၀ ခန့်သည် ထိုဓလေ့ဆိုး၏ အဓမ္မကျင့်ခြင်းကို ခံနေကြရသည်ဟုဆိုသည်။ ထိုဓလေ့၏ ပြုကျင့်ခြင်းခံနေရသော အမျိုးသမီးအများစုမှာ အာဖရိကတိုက်မှ ဖြစ်ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ယနေ့တိုင်လုပ်ဆောင်နေကြဆဲဖြစ်သည်။

အသက် ၁၀ နှင့်အထက် မိန်းကလေး ၁၀၁ သန်းခန့်သည် အာဖရိကတိုက်တွင် နည်းမျိုးစုံဖြင့် မသဘာဝဖြတ်တောက်ခြင်းကို ခံနေကြရသည်။ ၂၀၁၀ ပြည့်နှစ်တွင် မာလီနိုင်ငံ၌ ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် အခွင့်အရေးအတွက် ထူထောင်ထားသည့် Plan Internation အဖွဲ့သည် အမျိုးသမီး ငယ်များ မသဘာဝဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ခံ ခဲ့ရာ ဖခင်အားလုံး၏ ထက်ဝက်ခန့်နှင့် မိခင်သုံးပုံ တစ်ပုံတို့သည် ထိုဓလေ့ကို သဘောကျနေကြောင်း တွေ့ရသည်။

“ဒီဓလေ့က စိုးရိမ်စရာမှ မလိုတာ။ ကျွန်တော်တို့ ရာစုနှစ်ပေါင်းများစွာ အစဉ်အလာအနေနဲ့ လုပ်ခဲ့ကြတာပဲ” ဟု သမီးနှစ်ယောက်ဖခင်ဖြစ်သူ အဘ္ဘဒူက သုတေသီများကို ပြောကြားခဲ့သည်။

အန္တရာယ်များသော ခွဲစိတ်မှု

မိသားစုများတွင် မိန်းကလေးများကို လက်မထပ်မီ မသဘာဝကို ပိတ်ထားခြင်းသည် မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ခြင်း ဟု ယူဆကြသည်။

မသဘာဝကို ငယ်စဉ်ကတည်းက ပိတ်ခြင်းခံရသော မိန်းကလေးများဘဝသည် တစ်ကြိမ်နှင့် ကိစ္စပြီးသည်မဟုတ်ပေ။ သူတို့ လက်ထပ် ထိမ်းမြားချိန်တွင် တစ်ကြိမ်ပြန်ဖွင့်ချိန်ကြရသဖြင့် နောက်ထပ်နာကျင်မှုဝေဒနာကို ခံစားကြရပြန်သည်။ အပျိုစစ် ကြောင်းပြလိုသဖြင့် ရိုးရာက တားမြစ်ထားသည့်ဒုက္ခများကို အမျိုးသမီးတို့ မရှုမလှ ခံစားကြရုံသာရှိသည်။

“ဘယ်လောက် ထိတ်လန့်ကြောက်ရွံ့ရတယ်ဆိုတာ ပြောပြလို့တောင် မရဘူး။ ဒါကြောင့် လက်ထပ်ရတော့မယ်ဆိုရင် ကျွန်မတို့ သေမလောက်ကြောက်လွန်းလို့ တွေးတောင် မတွေးဝံ့ဘူး” ဟု မဒီနာကဆိုသည်။

ရိုးရာအရ မသဘာဝ ပိတ်ပွဲ၊ ဖွင့်ပွဲများကို ပြုလုပ်ရာတွင် မေ့ဆေး၊ ထုံဆေးများကို အသုံးပြုခွင့်မရှိပေ။ ထို့ပြင် သန့်ရှင်းစွာဖြင့် ဆောင်ရွက်ပေးသော ကိစ္စလည်းမဟုတ်။ ဘလိတ်ဓား၊ သာမန်ဓား သို့မဟုတ် ကတ်ကြေးများကို အသုံးပြုပြီး ပိုးသတ်ရသည် ဆိုခြင်းမှာ လုံးဝနားမလည်ကြပေ။ ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ပေးသူကလည်း ကြုံသည့်နေရာတွင် သင့်သလို ပြုလုပ်ပေးလိုက်သည်သာဖြစ်သည်။ အိမ်ရှေ့တွင် လုပ်ချင်လည်းလုပ်မည်၊ ရေချိုးသည့်နေရာတွင် လုပ်ချင်လည်း လုပ်လိုက်မည်သာဖြစ်သည်။

“လုပ်ဆောင်စရာတွေ လုပ်ဆောင်ပေးပြီးရင် သတို့သမီးဘဝကို အဲဒီယောက်ျားက ပိုင်သွားပြီ။ တစ်နေ့ထဲမှာ မသဘာဝကို လွတ်မြောက်အောင် အလုပ်ခံရခြင်းအပြင် ယောက်ျားနဲ့အတူနေရခြင်းဆိုတဲ့ ဒုက္ခနှစ်မျိုးကို တစ်ပြိုင်တည်းခံစားရတဲ့ အမျိုးသမီးတွေရဲ့ဘဝ တွေးသာကြည့်ပေတော့” ဟု မဒီနာကဆိုသည်။

နေရာတိုင်းတွင် မသဘာဝဖြတ်တောက်ခြင်းဓလေ့ကို အတွေ့အကြုံရှိသူတွေက ပြုလုပ်နေကြခြင်းဖြစ်သည်။ သူတို့က မိန်းကလေးဘဝကို အပျိုဖော်ဝင်ခြင်းနှင့် လက်ထပ်ရန်ပြင်ဆင်ခြင်းကို တစ်ပြိုင်တည်းရိုးရာအရ ပြုလုပ်ပေးကြခြင်းဖြစ် သည်။ လက်မထပ်မီ အပျိုရည် ထိန်းသိမ်းခြင်းနှင့် ၊ အိမ်ထောင်မပြုမီ သစ္စာရှိခြင်းတို့ကို ဤနည်းဖြင့်ပြသခြင်းကိုသာ သူတို့ ဓလေ့က လက်ခံကြသည်။ အရွယ်ရောက်လာသည်နှင့် မိန်းကလေးတိုင်း ထိုဓလေ့ကို လိုက်နာကျင့်သုံးရန် သူတို့လူနေမှုဘဝ တွေက တွန်းအားပေးခဲ့ကြသည်။

မသဘာဝပိတ်ခြင်းခံရသော မိန်းကလေးတိုင်းသည် နှစ်စဉ် ကျန်းမာရေးဆိုင်ရာ ပြဿပေါင်းများစွာနှင့် ရင်ဆိုင်ကြရသည်။ နာကျင်ခြင်း၊ ခြောက်ခြားခြင်း၊ ကူးစက်ရောဂါဝင်ပြီး သွေးဆင်းခြင်းစသည့် ဝေဒနာများကို ခံစားကြရသည်။ ဘဝတစ်လျှောက်လုံး ကိုယ်ဝန်မရနိုင်ခြင်း၊ ကလေးမွေးဖွားရခက်ခဲခြင်း၊ သားပျက်ခြင်းစသည့် ဒုက္ခပေါင်းစုံကိုလည်း ခံစား ကြရသည်။

မကြာသေးမီက အီဂျစ်နိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် ဆိုဟီရာ ဘာတေးဆိုသည့် မိန်ကလေးတစ်ဦးသည် အပျိုဇာတ် သွင်းစဉ်အချိန်တွင် သေဆုံးသွားခဲ့ရသည်။ ဆိုဟီရာ သေဆုံးခြင်းနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် ဆူဆူညံညံများ ဖြစ်သွား ခဲ့ရသည်။ တစ်နိုင်ငံလုံးတွင် ထိုဓလေ့ကို ပိတ်ပင်ပေးရန် တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။ အီဂျစ်နိုင်ငံတွင် ထိုဓလေ့ကို ပိတ်ပင်ထားသော်လည်း အမျိုးသမီး သုံးပုံနှစ်ပုံလောက် ခံစားနေကြရဆဲ ဒုက္ခဖြစ်နေသေးသည်။

မည်သို့ အသနားခံသည်ဆိုစေ ရိုးရာအရ မိဘများက နှုတ်အားဖြင့် ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်နှိပ်စက်ကာ အတင်းအဓမ္မ ပြုလုပ်ခံစေခြင်းတို့ကြောင့်လည်း အမျိုးသမီးတို့ဘဝ ဒုက္ခတွေ့နေကြရဆဲဖြစ်သည်။

“အဲဒီနေ့ကို သမီး ဘယ်တော့မှ မမေ့ဘူး။ အမေက သမီးကို စောစော လာနှိုးတယ်။ ပြီးတော့ ဖြတ်တောက်ခံဖို့ အသင့်ပြင် ထားလို့ ခပ်မာမာ ပြောတယ်” ဟု အသက် ၁၃ နှစ်အရွယ် အာလမ်ဆိုသူ မိန်းကလေးကဆိုသည်။

“အခန်းထဲကို မိန်းမကြီးနှစ်ယောက်ဝင်လာတယ်။ အိတ်ထဲက ဘလိတ်ဓားကို ဆွဲထုတ်လိုက်ကြတယ်။ အမေက သမီး လက်မောင်းတွေကို မလှုပ်နိုင်အောင် ချုပ်လိုက်တယ်။ မိန်းမကြီးတွေက ဘလိတ်ဓားနဲ့ သမီးကို ဖြတ်တောက်ကြတယ်။ သမီး နာလွန်းလို့ အော်လိုက်မိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး။ ကိစ္စပြီးတော့ အမေက အဲဒီမိန်းမကြီးတွေကို ပိုက်ဆံ ပေးလိုက်တယ်။ နာရီပိုင်းအတွင်းမှာပဲ သွေးတွေ အရမ်းထွက်လာတယ်”

ဂျဘူတီး၊ ဆီရီယာ လီယွန်၊ မာလီ၊ ဆိုမာလီနှင့် ဂီနီနိုင်ငံများတွင် ထိုဓလေ့က စွဲမြဲနေဆဲဖြစ်သည်။ အမျိုးသမီး ၁၀ ဦးတိုင်းတွင် ၉ ဦးသည် မသဘာဝဖြတ်တောက်ပိတ်ဆို့ခြင်းများကို ခံစားနေကြရသည်။

စိုးရိမ်ရသည့်နေ့

အသက် ၁၁ နှစ်အရွယ်မာရီယာမာသည် ထိုနေ့က ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ ယနေ့ သူမကို ရိုးရာဓလေ့အတိုင်း အပျိုဇာတ်သွင်းမည်ဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် သူတို့မိသားစုသည် မာလီမြောက်ပိုင်းမှ မြို့တော် ဘာမာကိုသို့ လပိုင်းလေးအတွင်းကမှ ရောက်ရှိလာကြခြင်းဖြစ်သည်။

ဤမြို့သို့ရောက်ကတည်းက သူမစိတ်ထဲတွင် တစ်နေ့နေ့ ဓလေ့နှင့် ရင်ဆိုင်ရတော့မည်ကို စိုးရိမ်ပြီး သောကရောက်နေရရှာ သည်။ နာကျင်စွာ ခံစားရမည့်နေ့ကို စောင့်နေရသလိုဖြစ်သည်။

“အိမ်နီးချင်း သမီး သူငယ်ချင်းရဲ့ အစ်မက အဲဒီလိုလုပ်ပြီး သေသွားတယ်။ သမီးအလှည့်ရောက်ရင် အဲဒီလိုဖြစ်မှာ အရမ်း ကြောက်နေတယ်” ဟု မာရီယာမာကဆိုသည်။

ဘာသာရေးခေါင်းဆောင်များသည် ထိုဓလေ့နှင့်ပတ်သက်ပြီး အမျိုးမျိုးဆွေးနွေးခဲ့ကြသည်။ အချို့က ဆက်လုပ်ရန် တိုက်တွန်းပြီး အချို့ကလည်း ရပ်ဆိုင်းပစ်ရန် တိုက်တွန်းတောင်းဆိုကြသည်။

အယ်လ် ရှိတ် ဆဒ်ဆိုသူသည် အီဂျစ်နိုင်ငံအတွင်းရှိ ကျေးရွာတစ်ရွာမှ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ အသက် ၇ နှစ်အရွယ် သမီးလေး၏ ဖခင်တစ်ဦးလည်းဖြစ်သည်။ ဆဒ်သည် ထိုဓလေ့က ကျန်းမာရေးကို ထိခိုက်စေနိုင် ကြောင်း ကောင်းစွာသိထားသူဖြစ်သည်။ သို့ဖြစ်ရာ သမီးအတွက် ထိုဓလေ့ကို မပြုလုပ်ရန် ဘာသာရေးခေါင်းဆောင်များကို သွားရောက်ဆွေးနွေးခဲ့သည်။

“ကျွန်တော်ကတော့ အဲဒီဓလေ့ကို လက်မခံဘူး။ ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီဓလေ့ဟာ လက်တွေ့ မဆန်ဘူးလို့ သွားဆွေးနွေးခဲ့တယ်”

မာလီတွင် မိန်းကလေးတိုင်းကို အသက် ၅ နှစ်ရောက်သည်နှင့် မသဘာဝဖြတ်တောက်ခြင်းကို စတင်ပြုလုပ်သည်။ အချို့သော မြို့ပြများတွင် မိန်းကလေးများကို မွေးပြီးပြီးချင်း ရက်ပေါင်း ၄၀ တွင် ပြုလုပ်ပေးလေ့ရှိသည်။

နိုင်ငံတကာစံဖြင့်ကြည့်လျှင် ဤအပြုအမူသည် အကြမ်းဖက်သည့် လုပ်ရပ်သာဖြစ်သည်။ သို့သော် ယနေ့တိုင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ၂၈ နိုင်ငံအတွင်း မသဘာဝဖြတ်တောက်ခြင်းကို ဓလေ့တစ်ခုအနေဖြင့် လုပ်ဆောင်နေကြဆဲဖြစ်သည်။ အာဖရိကတွင် ထိုဓလေ့ကို ဥပဒေဖြင့် တားမြစ်ခဲ့သော်လည်း လူမျိုးစုများအတွင်း တရားမဝင် လုပ်ဆောင်နေကြဆဲဖြစ်သည်။ ဥပဒေရှိသော် လည်း ဥပဒေအရ အရေးယူမှုမှာ ခပ်ရှားရှားဖြစ်သည်။

ကလေးများအခွင့်အရေးကို အကာအကွယ်ပေးပါမည်ဟု အာဖရိကသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ လက်မှတ်များ ရေးထိုးခဲ့သော်လည်း ဥပဒေကို မျက်ကွယ်ပြုခြင်း၊ ချိုးဖောက်မှုများကို မသိချင်ယောင်ဆောင်ခြင်းများ ပြုလုပ်နေသေးသည်။

ဘဝနှင့်ရင်းပြီး ခံစားခဲ့ရသော မဒီနာတစ်ယောက် ယခု မာလီနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများအခွင့်အရေးအတွက် လှုပ်ရှားနေသော Plan International တွင် ဝင်ရောက်ဆောင်ရွက်ပေးနေသည်။ သူမတို့လုပ်ငန်း အောင်မြင်မှုများ ရနေသည်ဟုဆိုသည်။

“သူတို့ကို ပညာပေးကြရတယ်။ ကျွန်မတို့လုပ်နေတဲ့ ရွာပေါင်း ၄၄ ရွာလောက်မှာ မသဘာဝဖြတ်တောက်တဲ့ဓလေ့ ကင်းစင်တဲ့ရွာတွေဖြစ်ကုန်ပြီ” ဟု မဒီနာက ဝမ်းသာအားရဆိုသည်။

“မိဘတွေ သက်ကြီးဝါကြီးတွေကို ကျွန်မတို့ မချဉ်းကပ်ဘူး။ ကလေးတွေကို အဓိကထားပြီး ကျွန်မတို့ ချဉ်းကပ်ကြတယ်။ မိန်းကလေးနဲ့ ယောက်ျားလေးဆိုတာ အခွင့်အရေး မတူကြဘူး။ နောင်တစ်ချိန်မှာ မိဘတွေဖြစ်လာကြမယ့် မျိုးဆက်သစ် တွေကို ကျွန်မတို့က ဆိုးမွေတွေ လက်ဆင့်မကမ်းစေချင်ဘူး” ဟု မဒီနာ၏ပြောစကားမှာ အားတက်စရာဖြစ်တော့သည်။

http://www.aljazeera.com/ မှ Davinder Kumar ရေးသားသည့် Fighting female genital mutilation in Africa ကို မြန်မာမှုပြုပါသည်။

Written by အယ်ဒီတာတစ်ဦး

မောက္ခ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်