Tuesday, August 13, 2013

ပရိသတ်တွေသိချင်နေတဲ့ ဆိုတေးရဲ့ကျန်းမာရေးအခြေအနေ

Posted by drmyochit Tuesday, August 13, 2013, under | No comments



ယာဉ်မတော်တဆမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော်ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ေ ကာင်းမွန်နေတယ်လို့ သိရပါတယ်။

 ဆိုတေးကျန်းမာရေးအခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ လတ်တလောမှာ အဆိုတော်ဆိုတေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီး ကပ် ပြု စုစောင့်ရှောက်နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ်မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ဆိုတေးက သတိပဲမရသေးတာ ပါ။စကားတော့ မပြောနိုင်သေးပါဘူး။ပါးစပ်မှာ ပိုက်ကတပ်ထားတုန်းပဲ။ခါတိုင်း ထက်စာရင် လက်တွေလှုပ် တယ်၊ခေါင်းလှုပ် တယ်။ခေါင်းလှုပ်တယ်ဆိုပေမယ့် သတိရ တယ်လို့လည်း ပြောလို့မရသေး ဘူး။ဖြစ်ဖြစ်ချင်းထက်စာရင် တော်တော် အခြေအနေတိုးတက်လာပါတယ်" လို့ ပြော ပါတယ်။ အပြင်မှာပြောနေကြတဲ့ ကောလာ ဟလများကြောင့် ဆိုတေးကျန်းမာရေး အခြေအနေကို စိတ်ပူကာ အားလုံးက ဆိုတေး မိသားစုများအား ဖုန်းဆက်မေး နေကြပြီး မိုးလင်းကတည်းက ဒီ သတင်း တွေကို ပြန်လည်ဖြေရှင်းနေရတယ်လို့ ဆိုတေးရဲ့အဒေါ်ဖြစ် သူ ဒေါ်ချိုကပြော ပါတယ်။

ခိုင်ဝေလွင်

Popular Journal

Chlorine (ကလိုရင်း) ရဲ့  အဆိုးအကောင်း သိကောင်းစရာ မှတ်တမ်း

Posted by drmyochit Tuesday, August 13, 2013, under | No comments


ကလိုရင်း (Cl) သည် သိပ္ပံနယ်ပယ်တွင်သာမကသိပ္ပံနှင့် မရင်းနှီးသော သာမန် လူများကပင် အသိများသည့် ဓာတုဒြပ်စင်ဖြစ်သည်..(အထူးသဖြင့် ရေကန် ရေထဲ့များတွင် ထည့်ရသည်ဟု အသိပိုများပါသည် )

အသုံးပြုခြင်း........
ကလိုရင်း (Cl)သည် ရေသန့်စင်ခြင်း၊ဘက်တီးရီးယားပိုးသတ်ဆေးနှင့် အရောင်ချွတ် အရောင်တင်ဓာတ်ငွေ့ အတွက် အဓိကအရေးပါသော ဓာတုဒြပ်စင်ဖြစ်သည်။ ကလိုရင်း (Cl)ကို ထုတ်ကုန်ပစ္စည်းတော်တော်များများ ထုတ်လုပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးကြသည်ကို တွေ့ရသည်။ တိုက်ရိုက်သုံးခြင်းနှင့် သွယ်ဝိုက်သုံးခြင်းသာကွာသည်။ စက္ကူထုတ်လုပ်ငန်းများ၊ ပိုးသတ်ဆေး(အနာရောဂါပိုး)၊ဆိုးဆေးများ၊အစားအစာ၊အင်းဆက်ပိုးမွှားသတ်ဆေး၊အိမ်သုတ်ဆေး (ပန်းချီဆေး၊သဘောင်္ သုတ်ဆေး) ၊ပလပ်စတက်များ၊ ဆေးဝါးများ၊ ချည်မျှင်နှင့် အထည် လုပ်ငန်းများ၊ နှင့်တခြားသော စားသောက်ကုန်-လူသုံးကုန်များထုတ်လုပ်ရာတွင်အသုံးပြုကြသည်။

ထို့အပြင် သောက်သုံးရေများရှိ ဘက်တီးရီးယားနှင့် အခြားသောအရာများ သန့်စင်ရန် အတွက်လည်း ကလိုရင်း (Cl)ကို အသုံးပြုကြသည်။ကလိုရင်း (Cl)သည် စက္ကူများ ထုတ်လုပ်ရာတွင် သစ်သားပျော့ဖတ်များကပ်ပါ မနေအောင် (သန့်စင်နေအောင်) ချွတ်ဆေးအနေဖြင့် ပါဝင်နေသကဲ့သို့ သုံးပြီးသား စက္ကူများများကို မင်များဖယ်ရှားပြီး အသစ်ပြန်လည်အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်သော စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုသည်။ဟိုက်ဒရိုဂျင်ရရန်အတွက် ကလိုရင်း (Cl)ကို အစားထိုးအသုံးပြုသည့်အခါ အော်ဂဲနက် ဒြပ်ပေါင်းများတွင် လိုချင်သော ဂုဏ်သတ္တိများရရန် ၄င်းက ပေးစွမ်းဆောင် ရွက်နိုင်သဖြင့် အသုံးပြုကြသည်။

ထို့ကြောင့် ကလိုရင်း (Cl)ကို အော်ဂဲနက်ဓာတုဗေဒတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်၊၊ (အထူးသဖြင့်- ကလိုရိုဒ်(Chlorates)၊မေ့ဆေး( ကလိုရိုဖော) (Chloroform)၊ ကာဗွန်တြာကလိုရိုက်(Carbon tetrachloride) နှင့် ဘရိုမင်း(Bromine) ထုတ်ဖော်ရာတွင် အသုံးပြုသည်။)

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ .......
ကလိုရင်း (Cl) သည် ဓာတ်ပြုအားကောင်းသော ဓာတ်ငွေ့ဖြစ်သည်။ သဘာဝအားဖြင့် တွေ့ရသော ဒြပ်စင်လည်း ဖြစ်သည်။အီသိုင်လင်း ဒိုင်ကလိုရိုက် (ethylene dichloride) နှင့် အခြားသော ကလိုရင်းဆက်စပ် ပျော်ရည်များ၊ပိုလီဗင်နိုင်းလိ ကလိုရိုက်(Polyvinyl chloride (PVC))များ၊ ကလိုရိုဖရူလိုကာဗွန်(Chlorofluorocarbonds)နှင့် ပလိုပိုင်လင်း အောက်ဆိုဒ် (Prpylene oxide) များတွင်ု ကလိုရင်း (Cl) ကို အများဆုံးအသုံးပြုကြသည်။

စက္ကူများချွတ်ရန် စက္ကူကုမ္ဗဏီများတွင် ကလိုရင်း (Cl) ကို အသုံးပြုသည်။ရေနှင့် ညစ်ညမ်းရေများသန့်စင်သည့် စက်ရုံများတွင် ရောဂါပိုးများ နှင့်တခြားသော ညစ်ညမ်းစေသော အရာများ ကင်းစင်သန့်ရှင်းသော ရေအဆင့်ရရန်အတွက် ကလိုရင်း (Cl) ကို အသုံးပြုကြသည်။
လေ -ရေ- မြေ တွင်ပါဝင်နေသော ကလိုရင်း (Cl) များသည် အလုပ်ခွင်နှင့် ပတ်ဝန်းကျင်များတွင် ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။

ကလိုရင်း (Cl) သည်ရှူရှိုက်လိုက်သော လေမှ လည်းကောင်း၊ စားသောက်လိုက်သောအစာနှင့် ရေမှ လည်းကောင်း ခန္ဒာကိုယ်အတွင်း ပိုင်းသို့ဝင်ရောက်လာနိုင်သည်။ သို့သော် ၄င်း၏ဓာတ်ပြမှုစွမ်းများကြောင့် ခန္ဒာကိုယ် အတွင်းပိုင်းတွင် ကျန်နေနိုင်ခြင်းမရှိပါ။လူသားတို့၏ ကျန်းမာရေးအပေါ် ကလိုရင်း (Cl) အကျိုးသက်ရောက်မှုများမှာ – ကလိုရင်း (Cl)ပမာဏ ဘယ်လောက် များများပါရှိမှု၊ ဘေးဖြစ်မှုအချိန်နှင့် အကြိမ်အရေအတွက် အပေါ်မှာမူတည်ပေသည်။ထို့ အပြင် လူ၏ကျမ္မာရေး နှင့် ဘေးသက်နေသော ပတ်ဝန်းကျင် အခြေအနေပေါ်မှာလည်း တည်မှီးနေသည်။

ကလိုရင်း (Cl)ပမာဏ အနည်းငယ်ကိုရှူမိပါက အချိန်အတိုအတွင်း အသက်ရှူမှု စနစ် တစ်ခုလုံးကို အကျိုးယုတ်ဘေးသင့်စေနိုင်သည်။ ချောင်းဆိုး ရင်ကြပ်ခြင်းနှင့် အဆုတ်ကိုပါ ဆိုးကျိုး ဖြစ်စေသည်။ အရေပြား၊ မျက်လုံးနှင့် အသက်ရှူမှုစနစ်ကို လည်း ဆိုးကျိုးဖြစ်စေသည်။ ထိသို့သောုအကျိုးသက်ရောက်မှုများမှာ သာမန်အားဖြင့် ပတ်ဝန်းကျင်တွင်တွေ့ရှိရသည်မှာ အလွန်နည်းသည်။ နေဒဏ်ထိတွေ့မှုများသောကြောင့် ဆံပင်များပိုပြီးမာကျောကျွတ်ဆတ် ပျက်စီး လွယ်စေသည်သာမက (အထူးသဖြင့်ဆံပင်များကို အရောင်ဆိုးထားသောသူတွေမှာပိုမိုပျက်စီးကာ နှစ်ခွကွဲစေသည်ဟု နယူးယောက်ဆေးပညာစင်တာက အလှအပရေးရာဆိုင်ရာ ခွဲစိတ်ဆရာဝန် ကဆိုထားသည်။)

ကလိုရင်း (Chlorine) ပါဝင်သော ဆံပင်ဆိုးဆေးများသုံးထားသည့်အခါ နေရောင် ဒဏ်က အဲဒီဆံပင်တွေကို အရောင်မွဲခြောက်နှစ်ခွကွဲတာ ပိုဖြစ်စေသည်။ ထို့ကြောင့် ဆံပင်ဆေး ဆိုးထားသူများအနေဖြင့် အသုံးပြုမယ့်ဆံပင်အလှကုန်တွေထဲမှာ UV ကာကွယ်မှုပါ မပါကြည့်ဖို့ လိုအပ်သည်သာမက အပြင်နေရောင်ထဲသွားတဲ့အချိန်တိုင်း ကောင်းဘွိုင်ဦးထုပ်ကဲ့သို့ ရှာထိုး အပြည့်ပါသော ဦးထုပ်မျိုးဝတ်ဆင်ဖို့လိုအပ်ပေသည်။ နွေရာသီတွင် ဆံပင်ကိုထိန်းသိမ်း ကာကွယ်ရေးအတွက် UV ဒဏ်ကာကွယ်တဲ့ရှမ်ပူ၊ အားဖြည့်ဆေး (Conditioner) နှင့် စပရေးများ ကိုသုံးပေးဖိုလိုအပ်ပေသည်။ ကလိုရင်း (Chlorine)့ ဖြန်းထားသော ရေကူးကန်များတွင် ရေကူး ရာတွင်လည်း ခုခံကာကွယ်နိုင်သည့် အ၀တ်စုံများကို ၀တ်ဆင်ခြင်းဖြင့် ကလိုရင်း၏ အကျိုးသက် ရောက်မှုကို တွန်းလှန်ကာကွယ်နိုင်သည်။

ပတ်ဝန်းကျင်သို့ အကျိုးသက်ရောက်မှုများ .......
ကလိုရင်း (Cl) သည် ရေနှင့်ရောသည့်အခါ ရေတွင်ပျော်ဝင်သည်။ ရေမှတဆင့် လေထဲသို့ အငွေ့ပျံနိုင်သော အခြေအနေသို့ကူးပြောင်းနိုင်သည်။ ကလိုရင်း (Cl)ကို ပတ်ဝန်းကျင်သို့ တိုက်ရိုက် ထုတ်ပေးနေမှုအများဆုံးမှာ ရေနှင့်လေ ပင်ဖြစ်သည်။ ထိုအခြေအနေများတွင် ကလိုရင်း (Cl)သည် တခြားသော ဓာတုဆိုင်ရာများနှင့် ဓာတ်ပြုမှုဖြစ်ပေါ်သည်။ ၄င်းသည် ရေထဲရှိ အင်အော်ဂဲနစ် ပစ္စည်းများနှင့် ပေါင်းစပ်ပြီး ကလိုရိုက် ဆားများ ရရှိနိုင်သကဲ့သို့ အော်ဂဲနစ် ပစ္စည်းများ နှင့်ပေါင်းစပ်သည့်အခါ ကလိုရင်းပါဝင်သော အော်ဂဲနစ် ဓာတုဒြပ်ပေါင်းများ ဖြစ်စေနိုင်သည်။

၎င်း၏ ဓာတ်ပြုမှု အားကောင်းမှုကြောင့် မြေကြီးထဲတွင် ရွေ့လျားမှုမရှိနိုင်သကဲ့သို့ မြေအောက်ရေများတွင်လည်း ၀င်ရောက် နေရာ ယူမှုမှာလည်း မရှိပေ။ အပင်နှင့် သတ္တ၀ါများမှာလည်း ကလိုရင်း သိုလှောင်နိုင်မှုမရှိပေ။ သို့သော်လည်း ဓာတ်ခွဲခန်း လေ့လာမှုများတွင် လေထုထဲရှိ ကလိုရင်းသည် ခုခံအားစနစ်၊ သွေး၊ နှလုံး နှင့် အသက်ရှူမှု စနစ်တစ်ခုလုံးကို ဘေးသင့်စေနိုင်ကြောင်း အထပ်ထပ်ပြဆိုလျက် ရှိပေသည်။ အလွန်နိမ့်သော အဆင့်တွင်ပင် ကလိုရင်းသည် ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသည်။ အထူးသဖြင့် ကလိုရင်းသည် ရေ နှင့် မြေရှိ သက်ရှိအဖွဲ့အစည်း (living organisms) ကို ဆိုးကျိုး များစွာပေးနိုင်သည်။

credit>>>Mg Mandalay

လင်မယားကွဲနိုင်သည့် မြန်မာနိုင်ငံက မိုဘိုင်းဖုန်းစနစ်

Posted by drmyochit Tuesday, August 13, 2013, under | No comments




မြန်မာနိုင်ငံမှာ ဟန်းဖုန်းလို့ခေါ်ကြသည့် မိုဘိုင်းတယ်လီဖုန်းတွေပေါ်လာသည့်အခါ ဈေးကြီးပေးပြီး ၀ယ် သုံးနိုင် သူတွေ ဂုဏ်တက်ကြသည်။ ရင်ကော့ကြသည်။ လူပုံအလယ်မှာ ဟန်းဖုန်းပြောရတာ အရမ်း ဂုဏ်တက် သည်။ အရသာရှိသည်။ လူသူမမြင်ကွယ်ရာ အိမ်ထဲမှာဟန်းဖုန်းမပြောဘဲ လမ်းပေါ်တက်ပြီး စကားပြောပြ သည်။ ဟန်းဖုန်းကိုင်နိုင်တာ၊ သုံးနိုင်တာကို ပတ်ဝန်းကျင်ကမြင်ပြီး အထင်ကြီးခံချင်လို့ လူမြင်ကွင်းကိုထွက်ပြီး ဟန်းဖုန်းပြောသည်။ ရယ်စရာ တော်တော်ကောင်းသည်။

ခေတ်မီတိုးတက်သည့်နိုင်ငံတွေမှာ မူလတန်းကျောင်းသူ၊ ကျောင်းသား၊ အိမ်ဖော်၊ ဆိုက်ကားသမား၊ ဂျပိုး၊ သူခိုးက အစသုံးနိုင်သည့် ဟန်းဖုန်းကို ဒီနိုင်ငံမှာဗိုလ်ချုပ်တွေနှင့် ခရိုနီသူဌေးတွေသာကိုင်ခွင့်ရှိသော ဆက်သွယ်ရေး ကိရိယာဖြစ်ပေါ်ပေါက်လာသောအခါ ကိုင်ကွယ်အသုံးပြုနိုင်သူတွေ ဘ၀မြင့်ကြသည်။ ကြွား ကြသည်။ ဂုဏ်ယူကြသည်။ စာရေးဆရာမ အဘွားကြီးတစ်ယောက်ဆိုရင် သူ့မှာ ဟန်းဖုန်းရှိကြောင်းကို အများပြည်သူနှင့် စာဖတ်ပရိသတ်တွေသိအောင် မဂ္ဂဇင်း၊ စာစောင်တွေက အခန်းဆက်ဆောင်းပါး ရေးခဲ့သည်။ ကျွန်တော်တောင် နှစ်ပုဒ်လောက် ဖတ်လိုက်ရသည်။

မြန်မာနိုင်ငံမှာ ဟန်းဖုန်းကိုင်ချင်လျှင် လျှောက်လွှာတင်ပါဆိုလို့ လျှောက်လွှာတင်ကြသည်။ ကျွန်တော် မတင်ပါ။ မကိုင်ချင်လို့ မတင်ပါ။ စင်ကာပူလိုနိုင်ငံမှာတောင် စတိုးဆိုင်မှာ အလွတ်ဝယ်လို့ရသည့် ဟန်းဖုန်းကိုမြန်မာနိုင်ငံမှာ လျှောက်လွာတင်ရမည်ဆိုသည့် အတွက်မတင်လိုပါ။ စင်ကာပူမှာ မိုဘိုင်းဖုန်း ကုမ္ပဏီက ဆင်းကဒ်ဝယ်လျှင် တယ်လီဖုန်း (ဟန်းဆက်) အခမဲ့ပေးသည်။ မြန်မာနိုင်ငံမှာ ဟန်းဖုန်းသည် အထက်တန်းလွှာ လူတန်းစားအတွက်သာ သီးသန့်ပစ္စည်းဆိုသည့်အတွက် မကျေနပ်လို့ မကိုင်ချင်ပါ။ ဆင်းရဲသားအခြေခံ လူတန်းစား အတွက် မခံချင်လို့ မကိုင်ချင်ပါ။ ဟန်းဖုန်းကိုင်နိုင်တာဟာ ဂုဏ်ယူစရာမဟုတ်လို့ ထင်သည့်အတွက် လျှောက်လွှာ မတင်ဘဲ နေပါသည်။

ကျွန်တော်မိသားစုက ကျွန်တော်မသိအောင် ကျွန်တော်နာမည်ကိုသုံးပြီး လျှောက်လွှာတင်ကြသည်။ ရှိစု မဲ့စု ဂုဏ်ပုဒ်တွေကို ဖော်ပြပြီးလျှောက်ကြတယ်။ စစ်သားလူထွက်၊ သင်္ဘောသားဟောင်း၊ စာရေးဆရာဆိုတာတွေဖော်ပြသည်ဟု သိရသည်။ ကျွန်တော်တို့ မိသားစုမှာသာမက၊ တစ်ဆွေလုံး၊ တစ်မျိုးလုံးမှာပင် အဲဒီလောက်ဂုဏ်ပုဒ်ကို ဖော်ပြနိုင်တာ ကျွန်တော်တစ်ယောက်တည်းသာရှိသည်။ ကျန်တာတွေက ပျံကျလုပ်သား၊ လယ်သမား၊ရေလုပ်သားတွေ ဖြစ်သည်။ ဟန်းဖုန်းနှင့် မိုင်ပေါင်းကုဋေလောက်ဝေးသည့် လူတန်းစားတွေ ဖြစ်သည်။

သုံးနှစ်လောက်အကြာမှာ လျှောက်လွှာဆယ်စောင်လောက် လျှောက်ထားရာမှာ ဘယ်လျှောက်လွှာကပေါက်မှန်း မသိရသည့် အကြောင်းကြားစာတစ်စောင် စာတိုက်ကရောက်လာပါသည်။ စာပို့လူလင်ကို မုန့်ဖိုး ကျပ် ၅၀၀၀ ပေးပြီး စာလက်ခံလိုက်ရသည်။ သိန်းတစ်ထောင်ဆုကြီးပေါက်သလို မိသားစု ၀မ်းသာကြတာ တွေ့ရသည်။ ကျွန်တော်က ရယ်ချင်လို့ ပြုံးလိုက်မိသည်။ မြန်မာလူမျိုး သန်းခြောက်ဆယ်မှာ လူဦးရေ တစ်သိန်းပြည့်အောင်တောင် ဟန်းဖုန်းမကိုင်နိုင်သေးသည့် နိုင်ငံပါလားလို့ဝမ်းနည်းစွာ တွေးနေမိသည်။

မဲပေါက်သည့် ဂျီအစ်စ်အင်းကတ်ကို သွားထုတ်သည့်အခါ ၁၅ သိန်းပေးခဲ့ရသည်။ ဟန်းဆက်ဘတ်ထရီနှင့် အားသွင်းကိရိယာတွေမရခဲ့ပါ။ တာဝန်ရှိသူက အဲဒါကိုဝယ်ယူရရှိနိုင်သည့်ဆိုင်တွေကို ညွှန်းပေးပါ သည်။ အဲဒီ ပစ္စည်းတွေကို လက်ခံရရှိကြောင်း၊ ပျက်လျှင် ပြင်ပေးပါမည်။ ပျောက်ဆုံးလျှင် လျှော်ပေးပါမည်ဆိုတာ လက်မှတ်ထိုး ခဲ့ရပါသည်။ ဒီတော့မှ ၁၅သိန်းတန်ဆင်းကဒ်သည်။ အပိုင်ရတာမဟုတ်၊ ခေတ္တ ဌားကိုင်ရတာဖြစ်ကြောင်း သိရတော့ သည်။ အချိန်မရွေး ပိတ်သိမ်း၊ ပြန်သိမ်းတဲ့နည်းဖြင့် ၁၅ သိန်း ဆုံး နိုင်ကြောင်းကို စာချုပ်မှာရေးထားသည်။ ဟန်းဖုန်း ထုတ်ယူလာသည့်အခါ ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်က ပြောသည်။

“ဒီဖုန်းကို ရှင်ကိုင်ရမယ် ...”

“ဘာအတွက် ငါကိုင်ရမလဲ၊ မကိုင်ချင်ဘူး”

“အကြောင်းရှိတယ် နောက်တော့သိလိမ့်မယ်။ ရှင်ပဲကိုင်ရမယ်၊ မကိုင်ချင်လို့ မရဘူး”

ကျွန်တော်ဇနီး ဒေါ်ဖြူတုတ်က ကျွန်တော့်ကို ဟန်းဖုန်းကိုင်စေချင်သည့်အကြောင်းကို မကြာခင် သိရတော့သည်။ ရှင်အခု ဘယ်မှာလဲ”

“လေထန်းကုန်က လက်ဖက်ရည်ဆိုင်မှာ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ တွေနဲ့အတူ ထိုင်ပြီးစာအကြောင်း ပေအကြောင်း ပြောနေတာပေါ့ကွယ်”

အရည်မရအဖတ်မရ စကားတွေပြောပြီး အချိန်ဖြုန်းနေတယ်ပေါ့။ အခုချက်ချင်း ပြန်လာခဲ့”

ကျွန်တော့်ကို ဟန်းဖုန်းကိုင်စေချင်တာအကြောင်းရှိတယ်၊ နောက်တော့ သိလိမ့်မယ်ဆိုတာ ဒါပဲဖြစ်မည်။ ကျွန်တော့် ကို ချည်တိုင်ပြန်ဝင်ခိုင်းရာမှာ သုံးဖို့အတွက်ဆိုတာ သိလိုက်သည်။ ဒီဟန်းဖုန်းအပေါ်မှာ စကတည်းက မကျေနပ် ဖြစ်နေတာ အခုတော့ပိုပြီး မကျေမနပ်ဖြစ်လာသည်။ ၁၅ သိန်းတောင်ပေးထား ရသည့် တယ်လီဖုန်းဖြစ်လို့ မတရား လုပ်ခံထားရတယ်ထင်ပြီး မကျေမနပ်ဖြစ်နေသည်။

ဒီကြားထဲမှာ ၅သိန်းတန်ဟန်းဖုန်းဆိုတာ ပေါ်လာပြန်သည်။ ငါးသိန်းနဲ့ ဟန်းဖုန်းကိုင်နိုင်ပြီဆိုတော့ ကျွန်တော်က ၁၅သိန်းပေးပြီး ငှားကိုင်နေရသူဖြစ်လို့ မကျေနပ်ချက်က ပိုမိုပြင်းထန်လာသည်။  ဟောမကြာပါဘူးဗျာနှစ်သိန်းတန် ဟန်းဖုန်းဆိုပြီး ပေါ်လာပြန်သည့် အခါမှာတော့ ကျွန်တော်မကျေနပ်ချက်သည် အထွဋ်အထိပ်သို့ရောက်သွားလေတော့သည်။ ဟန်ဖုန်းကိုင်ခိုင်းသည့် ကျွန်တော့်ဇနီးကို မဲတော့သည်။

“နင့်ကြောင့် ပိုက်ဆံ ၁၅ သိန်းတောင်ပေးခဲ့ရတယ်။ အခု နှစ်သိန်းနဲ့ရနေပြီလေ”

သူ့အပြစ်နဲ့သူဖြစ်နေလို့ ဘာမှပြန်မပြောဘဲ ငြိမ်ခံနေသည်။ သူ့အတွက်ကတော့ ကျွန်တော့်ကို ထိန်းချုပ်သည့် ကိရိယာတပ်ဆင်ပေးထားရလို့ ကျေနပ်နေပုံသည်။ ဒီအခြေအနေမှာပဲ ကျွန်တော်တို့ လင်းမယား ကွဲလောက်သည့်နောက်ဆုံးအခြေအနေ ဖြစ်လာပြန်သည်။ ၁၅၀၀ တန်ဆင်းကဒ်တွေ ရောင်းချပေးနေ ပြီးဆိုသည့်သတင်း ဖြစ်သည်။ ကျွန်တော့်၏မကျေနပ်မှုသည် အထွတ်အထိပ်မှ ပေါက်ကွဲသည့်အဆင့် ကိုရောက်သွားတော့သည်။

“၁၅၀၀ နဲ့ လူတိုင်း ဟန်းဖုန်းကိုင်နိုင်တဲ့ ခေတ်မှာ ငါ့ဟန်းဖုန်းက ၁၅သိန်းပေးရတယ်။အဲဒါနင့်ကြောင့် ရွှေ ၁၅ ကျပ်သား ၀ယ်ထားလိုက်ရင် သိန်းတစ်ရာကျော်ဖြစ်နေပြီ။ အခုတော့ ၁၅ကျပ်နဲ့ ၁၅သိန်း ဂုဏ်ရည် အတူတူ ဖြစ်သွားပြီ။ အဲဒါနင့်ကြောင့် နင့်ကြောင့်”

မဖြူတုတ်က အရေထူသည် ကျွန်တော် ပြောချင်တာပြော၊ ဂရုမစိုက် ကျွန်တော့်ကို ထိန်းချုပ်သည့် ကိရိယာ တပ်ဆင်ပေးထားရသည့်အတွက် ကျေနပ်နေသည်။ ကျွန်တော် ဟန်းဖုန်းကိုစိတ်နာနေလို့ တစ်ခါတစ်လေ ကိုင်ဖို့မေ့နေသည် မြို့ထဲသွားတာ ယူသွားဖို့မေ့သည်။ စာရေးစာပွဲပေါ်မှာ ကျန်နေခဲ့သည်။ ကျွန်တော့်ဟန်ဖုန်းကို ဘယ်တော့မှမပိတ် နေ့ရောညပါ အမြဲဖွင့်ထားသည်။ စာရေးစာပွဲပေါ်မှာ စက်ဖွင့်လျှက် ပဲမေ့ကျန်နေခဲ့တာဖြစ်သည်။ မဖြူတုတ်၏ အမိန့်သံ “ရှင်ဘယ်ရောက်နေလဲ၊ အခုချက်ချင်းပြန်လာခဲ့” ဆိုသည့် လေသံမာမာကို မကြားရသည့် အတွက် စိတ်ချမ်းသာသည်။ ညနေမိုးချုပ်တော့မှာ အိမ်ကိုပြန်ဝင်ခဲ့သည်။ အိမ်ပြန်ရောက်လာတော့မှ လေသံ မာမာကို ကြားရတော့သည်။

အခု ဘယ်ကပြန်လာလဲ။ ပဂိုးကလား၊ တွံတေးကလား၊ ကျောက်တန်းရေလယ်ဘုရား ကလား၊ရှင့်အနားမှာထိုင်၊ ရှင့်တယ်လီဖုန်းကိုကိုင်ပြီး ကျူပ်ခေါ်လိုက်တိုင်း ပြန်ဖြေနေတဲ့ အကောင့်မက ဘယ်ကအကောင်မလဲ၊ ကျုပ်ကို အားမနာ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိ နေပါသဖြင့်ခေါ်ဆို၍ မရနိုင်ပါရှင်လို့ ပြောလိုက်၊ မအားသေးပါရှင်လို့ ပြောလိုက်၊ တပ်ဆင်ထားခြင်း မရှိသေးပါရှင်လို့ လိမ်လိုက်၊ ဌာနမှ ခေတ္တပိတ်ထားပါသည်ရှင် ဆိုတာတောင်ပါသေးတယ်။ အဲဒီကောင်မက ဘယ်သူလဲ၊ ဘယ်ကို အတူ သွားခဲ့ကြတာလဲ”

နင်ဘာတွေလျှောက်ပြောနေတာလဲ၊ ငါ့မှာ တယ်လီဖုန်းပါမသွားဘူး၊။ ဟော့ ဟိုမှာတွေ့လား၊ စာရေးစားပွဲပေါ်မှာမေ့ကျန်နေခဲ့တယ်”

“အေးဟယ်၊ ဟုတ်သားပဲ၊ ဒီတယ်လီဖုန်းကလည်း အိမ်ကနေပြီး အမျိုးမျိုး ပြန်ဖြေနေတာပဲ”

မဖြူတုတ်သည် မချိုမချဉ်မျက်နှာဖြင့် ကျေနပ်သွားသည်။ ကျွန်တော် မြို့ထဲသွားစဉ်က တယ်လီဖုန်းယူ သွားမိရင် လင်မယားကွဲနိုင်သည်။ တော်ပါသေးရဲ့ဟု တွေးမိသည်။ ။

အဏ္ဏ၀ါစိုးမိုး
Mizzima - News in Burmese  

Monday, August 12, 2013

ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်

Posted by drmyochit Monday, August 12, 2013, under | No comments



(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။

သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက် လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြောသည်။ ယခုအခါ ဟိုတယ်၊ တည်းခိုခန်းများ နေရာအနှံတွင် ရှိနေခြင်းကြောင့်လည်း ယနေ့ခေတ် သမီးရည်းစားများ ၏ ဆက်ဆံရေးမှာ လင်မယားပုံစံ ဖြစ်လာပြီဖြစ်သည်။


နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့နှင့် ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော်လည်း မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာမည်ကို ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ တိုးတတ် လာတယ်ပဲပြောမလား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။

"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင် လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် သူများဖြစ်သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေအရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ တက္ကသိုလ် တတ်နေသော ကျောင်းသူ၊ ကျောင်း သားများ အခြင်းခြင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။


အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ်များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ ၀တ်ထားတယ်။ အကောင်တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။


ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "( ) တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများ အသွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို သည်။

စန်းစန်းကတော့ အသက် ၂၇ နှစ်အရွယ် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သည်။ သူမကတော့ သူမရည်းစားနှင့် နောက်တစ်နှစ်ခန့်အကြာတွင် လက်ထပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ်မည်ဖြစ်သည့် အတွက်လည်း လိင်ကိစ္စကို လိုက်လျောလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သူမ၏ သူငယ်ချင်းများတွင်လည်း လိင်မထပ်မီ အတူနေခြင်းများရှိကြောင်း ဆိုသည်။ မင်္ဂလာဆောင်ရန် အခက်အခဲရှိနေသော လူများအနေဖြင့် ယခုကဲ့သို့ လက်မထပ်သေးမီ အတူနေခြင်းကလည်း ရသေ့စိတ်ဖြေ တစ်ခုဖြစ်လာသည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတတ် ပြုမှုလည်း ရှားပါးလာ သည်။ "ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တပင်။ တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ အင်တာနတ်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် အဆောင်များတွင် နေကြပြီး အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင်များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။

ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတတ်သူ အမျိုးသမီးအချို့မှာ ရည်း စားနှင့် တအိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ "နှစ်ယောက်အတူတူအိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူအနေခြင်း ဆိုသည်မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရားဝင်ဆေးဆိုင်ပေါင်း ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး သုံးဆွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။

ဆေးပညာအရ အမျိုးသမီး ရာသီမလာမီ တစ်ပတ်၊ လာပြီး တစ်ပတ်အတွင်း လိင်ဆက်ဆံပါက ပုံမှန် အားဖြင့် ကိုယ်ဝန်မရတတ်ဟု ဆိုထားသည်။ ကြားရက်များတွင် လိင်ဆက်ဆံမိပါက Ecee2 ကဲ့သို့ အရေးပေါ် သန္ဓေတားဆေးကို သောက်ရန် လိုမည်ဖြစ်သည်။ အချို့က လိင်ဆက်ဆံတိုင်း ကွန်ဒုံးအ သုံးပြုကြသော်လည်း များသောအားဖြင့်တော့ ကွန်ဒုံးကို ပြည့်တန်ဆာများနှင့် ဆက်ဆံမှသာ အသုံးပြုကြ သည်။ ဆရာဝန်များက သန္ဓေတားဆေးတိုင်းကို အားပေးခြင်းမပြုဘဲ ကွန်ဒုံးသုံးခြင်းသာလျှင် လုံခြုံစိတ်ချ ရကြောင်းပြောသည်။ ထို့ပြင် အရေးပေါ် တားဆေးများမှာ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ၇၉%မှ ၈၅% ထိသာ ကာကွယ်ပေးနိုင်သည်ဟု ဆရာဝန်တို့က ပြောသည်။

"သမီးရည်းစားဆိုပေမဲ့ ဘယ်လို ပိုးတွေ ရှိမလဲ မပြောနိုင်ဘူးလေ။ ဒါကြောင့် ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း သုံးတာ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်လဲမရ၊ ရောဂါလည်း မရတော့ဘူးပေါ့" နေဆေးခန်းမှ ဆရာဝန်က ပြော သည်။ သို့ရာတွင် လူငယ်တို့၏ အဆိုအရ အလွှာခြားရင် ကမ္ဘာခြားသလို ခံစားရတယ် ဟုဆိုကာ မိမိချစ်သူနှင့်တော့ ကွန်ဒုံး အသုံးပြုမှု နည်းပါးကြသည်။ "ကိုယ်ရည်းစားနဲ့ကတော့ စိတ်ချရတယ်လေ။ ဒါကြောင့် ကွန်ဒုံး မသုံးဘူး" ဟို အသက် ၂၀ အမျိုးသားက ပြောသည်။ သို့သော် မိန်းကလေး ကိုယ်ဝန် မရအောင် မည်ကဲ့သို့ လုပ်ဆောင်သည်ကိုတော့ သူမသိကြောင်းပြောသည်။

ရည်းစားနှင့် လိင်ဆက်ဆံသည့် အကြိမ်ရေများသည့် အမျိုးသမီးများကတော့ တားဆေးထိုးခြင်းနှင့် တစ် လဆေးသောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ များသောအားဖြင့် တစ်လတားဆေးကို အသုံးပြုကြသည့် အတွက် ဆေးခန်း များတွင် တစ်လခံ ထိုးဆေးမှာ အမြဲလိုလိုပြတ်လေ့ရှိကြောင်း ကမာရွတ်မြို့နယ်ရှိ နေ တံဆိပ် ဆေးခန်းတစ်ခုက ဆိုသည်။ " တစ်လဆေးက ရွှေထက်တောင်ရှားတယ်" ယင်းဆေးခန်း ဆရာဝန် က ပြောသည်။ သုံးလခံဆေးများမှာ ရာသီလာခြင်း မရှိသည့်အတွက် အသုံးပြုမှုနည်းပါးသည်။

တစ်လခံ သောက်ဆေး OK ကတော့ ကျပ်ငွေ ရာဂဏန်းဖြင့် အလွယ်တကူရသဖြင့် အသောက်များကြ သည်။ သို့ရာတွင် နေ့စဉ် အချိန်မှန်မှန်သောက်ရခြင်းကို အမျိုးသမီးများက မကြိုက်ကြပေ။ ထို့ပြင် သောက် ဆေးကြောင့် ဗိုက်အခေါက်ထူကာ ဗိုက်ပူလာကြောင်း ပုံမှန်သောက်သည့် အမျိုးသမီးများက ဆိုသည်။ ယခုနောက်ပိုင်းတွင် ခန္ဓာကိုယ်အတွင်း ပစ္စည်းတစ်ခုခုထည့်ထားခြင်းဖြင့် သန္ဓေတားနိုင်ကြောင်းလည်း သိရသည်။ အချို့ကလည်း မိန်းမကိုယ်အတွင်း သန္ဓေတားပစ္စည်းကို ထည့်ထားကြသည်။

အရေးပေါ်တားဆေးသည် မုဒိမ်းကျင့်ခံရသော အမျိုးသမီးများအတွက် ရည်ရွယ်ကာ ထုတ်လုပ် ထားခြင်ြး ဖစ်သော်လည်း ယခုအခါတွင် အမျိုးသမီးများအတွက် မရှိမဖြစ်အရေး ပါလာပြီဖြစ်သည်။ အရေးပေါ် တားဆေးကို တစ်ဘ၀လုံးတွင် ၇ ကြိမ်ထက် ပိုမိုသောက်မိပါက သားအိမ်ကို ထိခိုက်ပြီးကလေးမရခြင်းနှင့် သားအိမ်ကင်ဆာကဲ့သို့ ရောဂါများကို ရရှိစေကြောင်း ဆရာဝန်များက ဆိုကြသည်။ တားဆေးများမှာ ဆိုးကျိုးများစွာ ရှိသော်လည်း ဆေး မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခြားဆိုးကျိုးတစ်ခုကိုတော့ လူတိုင်း ကြောက်ရွှံ့ကြသည်။

"ယူပြီးလို့ ကလေးရတာ ပြဿနာမရှိဘူး။ ကလေးရလို့ မင်္ဂလာဆောင်လိုက်ရရင် ခွေးဖြစ်ပြီ။ ဒီခေတ်မှာ ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး" ဟု အသက် ၂၄ နှစ်အရွယ် မနေခြည်က ဆိုသည်။ ဆေးမသောက်ခြင်းကြောင့် ကိုယ်ဝန်ရရှိလာပါကလည်း တနည်းနည်းဖြင့် ဖျက်ချကြ သည်။ ယခင်ခေတ်ကကဲ့သို့ အရပ်လက်သည်ဖြင့် ထီးရိုးကို သားအိမ်ထဲ ထည့်မွှေခြင်း မဟုတ်တော့ဘဲ ဆေး ထိုးခြင်း၊ ဆေးသောက်ခြင်းနှင့် လေဆုတ်ပြွှန်ဖြင့် ဖျက်ချခြင်း တို့ကို ပြုလုပ်နိုင်သော်လည်း အန္တရာယ် ကတော့ ရှိနေဆဲဖြစ်သည်။

မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိသည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ်များစွာ မကြာမီ မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။

ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြေ သ်ာလည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများကပင် ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ အပျိုစင်ကို တန်ဖိုးထားတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ်မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လိင်မထပ်မီ လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ ဆက်ရှိနေဦးပါမည်။

စန်းစန်းတစ်ယောက် ဆေးနှစ်လုံးသောက်ပြီးပြီဖြစ်သည့်အတွက် သူမကိုယ် သူမ စိတ်ချသွားပြီဖြစ်သည်။ မနေ့က ရုံးပိတ်ရက်တွင် သူမရည်းစားနှင့် ချစ်ရည်လူးခဲ့သည်များကို စိတ်ကူးယဉ်နေပါလိမ့်မည်။ ညနေတွင် ရုံးဆင်းချိန်တွင် သူမရည်းစားနှင့် ရိုးရိုးသားသား တွေ့ကြမည်ဖြစ်သည်။ သူမသည် ယနေ့ခေတ် မိန်း ကလေး တစ်ဦးဖြစ်သည်။

ME

ကင်တာနားကို ဘာကြောင့် ဆန္ဒပြရသလဲ (ဓာတ်ပုံ - ၈ ပုံ)

Posted by drmyochit Monday, August 12, 2013, under | No comments


ကုလသမဂ္ဂ‬ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) သည် စုံစမ်းစစ်ဆေးရန်အတွက် ရခိုင်ပြည်နယ်သို့ လာရောက်သည့် အချိန်တိုင်းတွင် ဘင်္ဂလီများနှင့်သာ အဓိက တွေ့ဆုံပြီး ရခိုင်တို့နှင့် တွေ့ဆုံမှုမှာ အမည်ခံလောက်သာရှိသည်။ သူပြန်သွားလို့ သတင်းစာရှင်းလင်းပွဲ၊ အစီရင်ခံစာတိုင်းသည် ရခိုင်လူထုကို မျက်ကွယ်ပြုပြီး ဘင်္ဂလီတို့ အရေးကိုသာ ဦးစားပေးသည်ကို တွေ့ရှိရသည်။

 အရေးအခင်းတွင် UNHCR ၏ လက်အောက်ခံ အဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်ခဲ့ပြီး INGOs၊ UNHCR၊ BAG စသည့်အဖွဲ့အစည်းတို့ ဟန့်တားရမည်အစား အဖမ်းခံရသူများကို လွတ်မြောက်ရေးကိုသာ ကြိုးစားခဲ့ပြိး အစိုးရကို ဖိအားပေးခဲ့သည်။ ဥပမာ - ကျော်လှအောင်၊ ဥမ္မာလွင်တို့လွတ်မြောက်မှုကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။

‪ရခိုင်ပြည်ကို‬ နောက်ဆုံးအကြိမ်ရောက်လာတုန်းကလည်း မြန်မာနိုင်ငံအစိုးရမှ ၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်းတွင် အကြမ်းဖက်ခေါင်းဆောင် အဓိက တာဝန်ရှိသူ ဒေါက်တာထွန်းအောင်နှင့် ထောင်ထဲတွင် တွေ့ဆုံခဲ့ပြီး အစိုးရနှင့် တွေ့ဆုံသောအခါ ဒေါက်တာထွန်းအောင်ကို လွတ်ပေးလျှင် ရခိုင်ပြည်နယ် အရေးအခင်းကိစ္စ ငြိမ်းအေးသွားမည်ဟု ပြောဆိုခဲ့ကြောင်းကို အတွင်းမှလာသော သတင်းအရ သိရှိခဲ့ရသည်။ ဒေါက်တာထွန်းအောင်သည် မောင်တောအရေးအခင်းတုန်က အဓိက ကြိုးကိုင်ခဲ့သူဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူထားခြင်းကို စွက်ဖက်ခဲ့သည်။

‪ထို့အပြင်‬ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အပါအ၀င် မြန်မာနိုင်ငံရဲ့ ဥပဒေအားလုံးကို နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီသကဲ့သို့ ၁၉၈၂ ခုနှစ် လူဝင်ကြီးကြပ်ရေး ဥပေဒကို လည်း ပြောင်းလဲဖို့ သူ၏ အစီရင်းခံစာထဲတွင် ထည့်သွင်းခဲ့သည်။ ၁၉၈၂ ခုနှစ် ဥပဒေသည် တိုင်းရင်းသားအားလုံး က ထောက်ခံပြီး လွတ်တော်ထဲတွင် အတည်ပြုထားသော ဥပဒေတရပ်ဖြစ်သည့်အလျှောက် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်မစွက်ဖက်ရ ဥပေဒအရ မလွတ်ကင်းပေ။ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးတစ်ဦးအနေဖြင့် ပေါ်ပေါ်တင်တင် မြန်မာနိုင်ငံအပေါ် ၀င်ရောက် စွက်ဖက်ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်းကို သုံးသပ်ရာတွင်လည်း ဇွန်လ ၈ ရက်နေ့ မောင်တောမြို့ ဂျာမေဗလီမှ ဘင်္ဂလီကုလားများသည် ရခိုင်အိမ်များကို စတင်တိုက်ခိုက်ခဲ့ပြီ ရခိုင်အိမ်များ၊ တည်ခိုရိပ်သာများ၊ ဈေးဆိုင်များ၊ လူအသေအပျောက်များကို မျက်ကွယ်ပြုခဲ့သည်သာမက ရခိုင်များကသာ ဘင်္ဂလီတို့အပေါ်တိုက်ခိုက်ခဲ့သည်ဟု တဖက်သတ် စွပ်စွဲခဲ့ပါသည်။ ဥပမာ ကျောက်ဖြူမြို့အရေးအခင်းကိုသာ ဦးစားပေးပြီး ဖော်ပြခဲ့သည့် အစီအရင်းခံစာသည် တစ်ဖက်သတ် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။

12.06.2013 ရက်နေ့က အစီအရင်းခံစာတွင်လည်း ဘင်္ဂလီတို့၏ အရေးကိုသာ ရှေ့တန်းတင်ပြောပြီး ရခိုင်တို့အား လစ်ရှုမှုများကို အထင်သားတွေ့ရသည်။ ဥပမာ -2013 ခုနှစ် ဇွန်လ ၄ ရက်နေ့က ဘင်္ဂလီကုလားတို့က ရန်စမှုကို အစိုးရက ဟန့်တားခဲ့သော်လည်း အစိုးရကို ရန်ရှာသောကြောင်း ပစ်ခတ်နှိမ်းနှင်းရမှုတွင် ဘင်္ဂလီအချို့ ဒဏ်ရာရမှုကိုလည်း သူ၏ အစီအရင်းခံစာတွင် “ရွှင်ဂျာ”လို့သုံးခဲ့သည်။

“ရွှင်ဂျာ”ဆိုသော အသုံးအနှုန်းသည် မြန်မာနိုင်ငံ၏ တိုင်းရင်း (၁၃၅)မျိုးတွင် မပါဝင်ဘဲ သုံးနှုန်းသွားခြင်း မြန်မာနိုင်ငံသား အားလုံးအပေါ်တွင် စော်ကားသည့် အသုံးစွဲမှုကို ထပ်ကာ တစ်လဲလဲ သုံးစွဲခဲ့သည်။

ထို့ကြောင်း RSV မှလည်း ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) အားလည်း လုံးဝကန့်ကွက်သည်။ ကုလသမဂ္ဂအနေဖြင့် သမာသမတ်ကျသော နောက်ထပ်ကိုယ်စားလှယ် တစ်ဦးကို လွဲပေးရန် လေးစားစွာဖြင့် တိုက်တွန်းအပ်သည်။









From : .. RSV သုံးသပ်ချက်

သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆို

Posted by drmyochit Monday, August 12, 2013, under | No comments



အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ် ကင်ဆာကို ခွေးများ အား လေ့ကျင့်ပေးပြီး အနံ့ခံ ခိုင်း ရုံဖြင့် သိရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား သုတေသီများက လက်တွေ့ ပြသခဲ့ သည်။

လူနာများ လှူဒါန်းသည့် သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုပြီး ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိ ခွေး သုတေ သန ဌာနသည် ခွေး သုံးကောင်ကို အနံ့ခံ တတ်စေရန် လေ့ကျင့်ပေးခဲ့ကြောင်း၊ အထူးသဖြင့် သားအိမ်ကင် ဆာကို အနံ့ခံတတ်ရန် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

မိုနဲလ် ဓာတု အာရုံခံစနစ် ဌာနကလည်း ခွေးများနည်းတူ အာရုံခံနိုင်သည့် အီလက်ထရွန်နစ် ဆင်ဆာ စနစ်ကို တီထွင်နိုင်ခဲ့ကြောင်း ဓာတုဗေဒ ပညာရှင် ဂျော့ပရက်တီက ပြောကြားခဲ့သည်။

From : ..the voice

ဖို နှင့် မ ကိစ္စ။ Sex & Living Together ကိစ္စ။ Singapore ကိစ္စနောက်ဆက်တွဲများ

Posted by drmyochit Monday, August 12, 2013, under | 3 comments



အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင်ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။


အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။ ယခု၂၁ ရာ သစ် တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေ လည်စေရန် အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန်ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက်စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များတက်ကြ။

ကျုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့်မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊စီးပွားရှာရသည်က တမျိုးနှင့် ပူပန်နေရရှာသည်။သားသမီးများကတော့ သူတို့ မိဘ၏ ရင်တွင်း အပူမီး များကို နားလည်လိမ့်မည်မဟုတ်ပေ။ထိုသို့ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေး များ Living Together အတူတူနေထိုင်ပေါင်းသင်းနေကြခြင်းပါပဲ လက်ထပ် ထားခြင်း မဟုတ်သော်ငြား လည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိကဆိုလိုပါသည်။

ယနေ့ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့်မိန်းကလေးတူတူနေထိုင်သောအခါတွင် ကိုယ်ဝန်မရရှိစေရန် ဆေးအ မျိုးမျိုး နှင့် ထိုးဆေးများလည်း နိုင်ငံတကာမှထုတ်လုပ်ထားတာတွေရှိပါသည်.။သို့သော် ထိုဆေး များသုံး စွဲ၇ခြင်း၏ ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက်ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို နားလည်မှု မရှိပဲ သုံးစွဲမှီဝဲနေကြခြင်းပင်ဖြစ်ပါသည်။မိမိတို့ လူမှူပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့ ဖူးမှာပါ ရည်းစား ရှိလျှက် AIDS ဖြစ်ခြင်း၊ကိုယ်ဝန်ရရှိခြင်း၊အရှက်ကြောင့်မိမိကိုယ်ကိုသတ်သေခြင်း။ကိုယ်ဝန်သားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။တကိုယ်လုံးတွင် အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများထွက်လာခြင်း။တကိုယ်လုံးဖောယောင်ခြင်း။ဖိုမ ဆက်ဆံရမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများရရှိခြင်း နှင့် အခြားအခြားသောရောဂါနှင့်ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter နေထိုင်ခြင်းကြောင်နှင့် ဆေးများမှီဝဲ၊ဆေးထိုးခြင်းကြောင့်ဖြစ်ပါသည်။

ယနေ့ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာပျော်ပါးခွင့်နေရာများ
အမြောက်အများရှိပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်လင်မယားများကဲ့သို တူတူအိပ် နေထိုင်လျှက်ရှိကြပါသည်။ထို့အပြင် မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites မှာသည် ထောင်သောင်းများစွာပေါ်ပေါက်နေသောကြောင့် လူငယ်များကျုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင်စိတ်များတဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။လူပျိုအပျိုများကလည်း စိတ်ဆန္ဒကိုအကောင်ထည်ဖော်လိုကြသလို ၊ အိမ်ထောင်ရှင်များကလည်း မိမိ ဇနီသည်/ခင်ပွန်းနှင့်ဝေးကွာသောအခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့် အိမ်ထောင်မှုဖောက်ပြန်ကြတာလည်း အတော်ပင်များပါသည်။ထိုကဲ့ သို့ကိစ္စများသည် ပြည်တွင်း နှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ်လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့်ဇတ်လမ်းတွဲများကို လွပ်လပ်စွာဝယ်ယူကြည့်ရှုနေကြပါပြီ။(မြန်မာနိုင်ငံမှာဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကိုတွေ့ ရှိရပါမည်။)

ထို့ အပြင် နိုင်ငံခြားတိုင်းပြည်များရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြပေးပါမည်။
ယခု ၂၀၁၂ အထိပညာရှင်များ၏ပြောကြားချက်အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင်နှစ်တွေများထက်ပိုမိုလွန်ကဲစွာများပြားလာသည်ကို ထောက်ပြဖော်ပြပြောကြားထားကြပါသည်။
ဥပမာ နိုင်ငံခြားတွင်ပညာသင်နေကြသော ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်လုပ်ကိုင်နေထိုင်ကြသူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက်လိင်ကိုသာ ဦးစားပေးစဉ်းစားပြီးအချိန်ကုန်ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုးမဟုတ်ပါ။အမြင်နှင့် အကဲခေတ်လျှင်လုံးဝအသိသာ ဖြစ်နိုင်ပါသည်။
ဥပမာတခုကိုကြည့်ပါ... မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်းတစ်စုတွင် ,, ' အေးလှိုင် နင်ဒီနေ့ ငါတို့ နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ' ဟုခေါ်လျှင် တုန့် ပြန်မည်စကားသည်.....' ဆော၇ီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ကျုအချက်တခုသည် သာဓက တချက်ဖြစ်သည်။

ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုများ

စင်ကာပူနိုင်ငံအကြောင်း
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုသည် လူမှုကျင့်ဝတ်များကို ဖောက်ဖျက်နေထိုင်လျှင်ရှိကြပါသည်။အလားတူစွာပင် အဝေးေ၇ာက်မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ပြိုင်ဆိုင် ၊မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာလူမျိုးအချင်းချင်း မတူမတန်စွာဆက်ဆံနေကြခြင်း၊ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေးဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြားထားပြီး ပြသနာများရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲပြသနာ၊ လိင်မှုကိစ္စ ကြောင့် မိသားစုသားသမီးများကိုလမ်းခွဲ၇ခြင်းများသည် စင်ကာပူရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ်တကွဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။
ထိုကိစ္စများထဲမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိကဖော်ပြပေးပါမည်။

စင်ကာပူသို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။လက်ရှိအလုပ်ကိုင်နှင့်နေထိုင်သူများ။စင်ကာပူနိုင်ငံသားခံယူထားသူများဆိုပြီးအမြောက်များရှိပါသည်။
ထို့ သို့စင်ကာပူသို့ ရောက်ရှိလာသူများထဲတွင်
ကျောင်းသားကျောင်းသူများ သည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြားပညာသင်ယူကြလျှက်ရှိသည်။ထိုသူများသည် စင်ကာပူသို့ရောက်ရှိလာပြီး လပိုင်းအနည်းငယ်အတွင်းမှာ ချစ်သူများကိုယ်စိရှာကြသည်။ချစ်သူများကိုလည်းအပြိုင်အဆိုင်ထားကြသလို့ မိမိချစ်သူဟုတွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Night Club (student entry free of charge= just present student ID)တက်ရောက်ကြလျှက်ရှိကြပြီး ကလပ်မှမူးပြီးပြန်
လာကြလျှင် Living Together နေထိုင်ကြခြင်း ။အဖွဲ့ လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့်ပျော်ပါးတတ်ကြပါသည်။ နောက်ဆက်တွဲဇတ်လမ်းများကတော့ ကိုယ်ဝန် နှင့် မြန်မာပြည်သို့ပြန်သွားရခြင်း ၊ အချို့ မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်း နှင့်မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာမိန်းကလေးများသတင်းသည် ဆေးရုံဆေးခန်းနယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။(မယုံကြည်သူများ သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေထူနိုင်ပါလိမ့်မည်။စင်ကာပူနိုင်ငံသည် ငွေပေးတိုင်း စာရင်းဖျောက်မရသောကြောင့်မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများစာရင်းနှင့် Computer System Record ထဲတွင်မုချရှိနေပါသည်)။ကျောင်းသားကျောင်းသူများသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည် ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံ ပြီး အခန်းဌားရမ်းထားကြပါသည်။

အလုပ်သမားများနှင့်ချစ်သူများစင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်လိင်များဖြင့် တူတူ နေထိုင်လျှက်ရှိကြပါသည်။အိမ်ထောင်ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက်ဝေးကွာနေသောကြောင့် အပျော်သဘောနှင့် ဟု အစတွင် တွဲလျှက် တူတူနေထိုင်ခဲ့ကြသောလည်း အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အေ၇းမပါတော့ပေ။လစဉ်လည်း မိသားစုအတွက်ငွေမလွှဲနိုင် ပစ္စည်းများမပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ်အမြဲထောက်နေကြသော်လည်း ထိုသူတို့အတွက် အတွဲအဖော်များရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်းထောက်ပံ့ခြင်းများမပြုနိုင်တော့ သဖြင့် မိမိ ကို ကျွေးမွေးခဲ့ပြီး သားသမီးနိုင်ငံခြားရောက်ရန် ပေါင်ရန်း ရောင်းချပေးလိုက်ရသည့် ထိုမိဘများဘ၀မှ အလွန်ပင်သနားဖို့ကောင်းလှပါသည်။အမျိုးသားများကလည်းအပျော်သဘော နှင့် ဆိုသလိုအချောင်ရလျှင်ရသလို အပျော် ရမ္မက်အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့
စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့်ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက်အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများအတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများပျော်မြူးပျော်ရွှင်စွာ

နေထိုင်လျှက်ရှိကြသည်။မိမိ သည်သူတပါးထံမှအချောင်လိုချင်သဖြင့် မိမိဘ၀ကိုရင်းခြင်းမပြုလုပ်ကြပဲ မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူပူအမျှနေထိုင်ခြင်းသည်
မိမိ၏စိတ်အားတကယ့်ပျော်ရွှင်ချမ်းမြေ့သာယာမှုအနှစ်သာယာအစစ်ကိုရရှိပါလိမ့်မည်။မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏တရားတော်အဆိုအမိန့်များတွင်ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံ များတွင်လည်းပါရှိပါလိမ့်မည်။

ထို့ အပြင် ယနေ့ခေတ်သည် အွန်လိုင်းသည်လည်းအင်မတန် တိုးတက် နေသောကြောင့် Facebook။Twitter နှင့် Gtalk ၊ VZO ။ Skype နှင့် Pfingo တို့ ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မ များကို အွန်လိုင်းမှ ရှာဖွေပြီး
ချစ်သူများပြုလုပ်ကာ အပြင်မှာချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သောလုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများ အတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီးနာမည်ကျော်ကြားနေပါသည်။ ရည်းစားလက်ရှိ ရှိနေကြသောသူများကလည်း နောက်ထပ်ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မှာရှာဖွေကြသည်။ နောက်ထပ်တွေ့ သောသူသည် အပြောလည်းကောင်းပြီး ရာထူး နှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ ချစ်သူကိုခွာပြီးနောက်တစ်ယောက်ထံသို့လိုက်သွားလေ့ရှိသည်မှာလည်း အစဉ်အလာတခုကဲ့သို့ဖြစ်ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့်အွန်လိုင်းတွင်သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင်မသိရှိခဲ့ပေ။ထိုမျှပိရိစွာလိမ်လည်တက်သောသူ အားနိုင်ငံခြားသွားရန် အတွက်ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက်လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့အဖြေမှန်ပေါ်ပေါက်ပြီးနောင်တရခဲ့လျှင် ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ် ကို သတိပြန်ရကြည့်ပါ။

ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင်နားလည်သဘောပေါက်ထားသင့်ပါသည်။မိမိသည် မိမိအ၇မ်းအယုံလွယ်ပါက သူငယ်ချင်းများမိတ်မဖွဲ့ပါနှင့်။သို့မဟုတ်ပါက မိကောင်းဖခင်သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာရမ္မက်မုဆိုးများ၏ ပြောဆိုကောင်းမှုအောက်တွင့် မေ့မျောသွားပါလိမ့်မည်။ ထိုသို့မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါမိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပေါတော့.။

လူသားအားလုံး မိမိ၏အပြုအမူအနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့်ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊နှုတ်၊စိတ် ထိုသုံးပါးအား အစဉ်အမြဲ သတိဖြင့် မိမိ
ဦးနှောက်ဖြင့်ထိန်းချုပ်တွေးတော လုပ်ဆောင်ရင်းဖြင့်အနာဂတ်ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ကြင်ယာဖက်အစစ်မှန်များလည်းတွေ့ ရှိနိုင်ကြပါစေလို့ဆုတောင်းရင်း ဖြင့်...............

From : SMT

တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးကို စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့

Posted by drmyochit Monday, August 12, 2013, under | No comments


ကမာရွတ်မြို့နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့က တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အိမ်အကူ အလုပ်သမား မလွင်မာလာဝင်း (၁၉ နှစ်) သည် စိတ်ရောဂါ ခံစားနေရသဖြင့် ရွာသာကြီး စိတ် ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ၄င်း၏ အလုပ်ရှင် ဒေါ်မေသက်ဦးက The Voice သို့ ပြောကြားသည်။

ငါးလွှာ အမြင့်ပေါ်မှ ခုန်ချရန် ကြံစည်သူ မလွင်မာလာဝင်းကို အချိန်မီ ကယ်တင်ခဲ့ပြီးနောက် စိတ်ကယောင်ချောက်ချား ဖြစ်နေသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ရာ ဆရာဝန်၏ ဆေးစစ်ချက်အရ ၎င်း၏ သွေးထဲမှ မူးယစ်ဆေးဝါး သုံးစွဲထား သည့် လက္ခဏာ နှင့် စိတ်ရောဂါ ခံစားမှု သွင်ပြင် လက္ခဏာတို့ကို တွေ့ရှိ ရသည်ဟု ၎င်းက ဆိုသည်။

“အစကတော့ သူ့ကို မိမိကိုယ်ကို သေကြောင်း ကြံစည်မှုနဲ့ အမှု ဖွင့်မလို့ပါ၊ ဆရာဝန်ရဲ့ ဆေးစစ်ချက် အရ စိတ်ကျန်းမာရေး မကောင်းကြောင်း တွေ့ရှိ ရတဲ့အတွက် ရွာသာကြီးကို လွှဲပြောင်းခဲ့တာပါ” ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်းရှိ တိုက်၂၃ E ငါးလွှာတွင် နေထိုင်သည့် ဦးအောင်ဟိန်းနှင့် ဒေါ်မေသက်ဦး တို့ နေအိမ်တွင် အိမ်ဖော် လုပ်ကိုင်သူ မလွင်မာလာဝင်းသည် အင်တာနက် ဆိုင်တွင် ထားရှိသော ခေါက်ဆွဲခြောက် သုံးထုပ် စာရင်း ကွာဟမှု နှင့် ပတ်သက်ပြီး ၎င်းတို့၏ နေအိမ်တွင် သြဂုတ်လ ၁၀ ရက်နေ့၌ နှစ်ဦးသား အငြင်းပွားနေစဉ် အင်တာနက်ဆိုင် အတွင်းတွင် တပ်ဆင်ထားသော စီစီတီဗီ ကင်မရာထဲမှ တွေ့ရှိမှုကို ပြန်လည် စစ်ဆေး ပြောပြရာမှ မလွင်မာလာဝင်း က ပြန်လည် တောင်းပန်သဖြင့် ထိုနေ့ နံနက်ပိုင်း (၁၀ရက်နေ့) က ကျေအေး သင့်မြတ်ခဲ့ကြောင်း၊ ထို့နောက် ၎င်းသည် မည်သူ့ကိုမှ အသိပေး ပြောကြားခြင်း မရှိဘဲ သြဂုတ် ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်က အိမ်ရှေ့ အ၀တ်ထွက်လှန်းရာမှ အခြားတစ်ဖက်ရှိ လူမနေသည့် တိုက်ခန်း (ခြောက်လွှာ) ဘက်သို့ ကူးသွားပြီး သေကြောင်း ကြံစည် ရန် ပြုလုပ်နေသည် ကို ပတ်ဝန်းကျင်က တွေ့ရသဖြင့် ဝိုင်းဝန်း ဖျောင်းဖျနေ စဉ် သင်္ကန်းဆိုင်မှ မန်နေဂျာ ဦးမောင်ဝင်း ဆိုသူ ရောက်ရှိလာပြီး တက်ရောက် ကယ်တင် ကူညီနိုင်ခဲ့ခြင်း ဖြစ်သည်ဟု အိမ်ရှင် ဖြစ်သူ ဒေါ်မေသက်ဦးက ရှင်းပြသည်။

အသက် ၁၉နှစ် အရွယ်ရှိ မလွင်မာလာဝင်းသည် ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် ရွာသစ် ကျေးရွာ ဇာတိ ဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လပိုင်းခန့် က အဆိုပါ နေအိမ်တွင် ကလေးထိန်း အိမ်အကူ အဖြစ် စတင် လုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။

The Voice
(ဓါတ်ပုံ - အင်တာနက်)

အမျိုးသားအများစုကချစ်သူနှင့်ချိန်းတွေ့ချိန် ကုန်ကျစရိတ်များကို အမျိုးသမီးများပါ မျှခံစေလိုကြ

Posted by drmyochit Monday, August 12, 2013, under | No comments



"၅ရ ရာခိုင်နှုန်းသော အမျိုးသမီးများက ချိန်းတွေ့ရာ တွင် ၎င်းတို့က ငွေကြေးအကုန်အကျခံကြောင်းပြော ခဲ့ပြီး ၃၉ရာခိုင်နှုန်းသောအမျိုးသမီးများက ၎င်းတို့၏အကုန်အကျခံမှုကို အမျိုးသားများက ငြင်းဆန်စေ ချင်ကြောင်း ဝန်ခံခဲ့"

အမျိုး သားအများစုက အမျိုးသမီးများ နှင့် ချိန်းတွေ့ချိန်တွင် ကုန်ကျစရိတ် များကို အမျိုးသမီးများကလည်း မျှခံသင့် သည်ဟု ယူဆကြသည်။ သို့သော်လည်း အမျိုးသမီးများထံ မှ ပိုက်ဆံလက်ခံဖို့ကိုမူ အပြစ်ရှိ သလို ခံစားကြကြောင်း အမေရိ ကန်သုတေသန လေ့လာချက်တစ် ခုတွင် ဩဂုတ်လ၁၁ရက်က ဖော်ပြ ခဲ့သည်။
၆၄ရာခိုင်နှုန်းသောအမျိုး သားများက အမျိုးသမီးများနှင့် ချိန်းတွေ့ရာတွင် ပိုက်ဆံကိုခွဲပေး လိုကြပြီး ၄၄ရာခိုင်နှုန်းသောအ မျိုးသားများမှာမူ မည်သူက ပိုက် ဆံရှင်းရှင်း မရှင်းရှင်း ချစ်မှုရေးရာ စိတ်ဝင်စားမှု နက်ရှိုင်း ဆဲဟုပြော ကြသည်။ ၇၆ရာခိုင်နှုန်းသောအ မျိုးသားများသည် ၎င်းတို့ချစ်သူ ဖြစ်လာမည့် သူများ ထံမှ မုန့်ဖိုးပေး ချေမှုနှင့်ပတ်သက်ပြီး အပြစ်မကင်း သကဲ့သို့ ခံစားတတ်ကြသည်။

အဆိုပါလေ့လာချက်များ ကို ကယ်လီဖိုးနီးယားရှိ Chap-man တက္ကသိုလ်မှ စိတ်ပညာရှင် ဒေးဗစ်ဖရီ ဒီရစ် က လေ့လာထား ကြောင်း သိရသည်။ ၎င်းသည် လူပေါင်း ၁၇၀၀ဝကျော်တို့ထံမှ ထင်မြင်ချက်များကို လေ့လာ ခဲ့ သည်။ ရှစ်ဆယ့်လေးရာခိုင်နှုန်း သောအမျိုးသားနှင့် ၅၈ရာခိုင် နှုန်းသောအမျိုးသားတို့ထံမှ လေ့ လာ ချက် အရ ချိန်းတွေ့ချိန်ကုန် ကျစရိတ်များအတွက် အမျိုးသား ကသာပေးဆောင်ရကြောင်း သိ ရသည်။

၅ရရာခိုင်နှုန်းသောအမျိုး သမီးများက ချိန်းတွေ့ရာတွင် ၎င်း တို့က ငွေကြေး အကုန်အကျခံ ကြောင်းပြောခဲ့ပြီး ၃၉ရာခိုင်နှုန်း သောအမျိုးသမီးများက ၎င်းတို့ ၏အကုန်ကျခံမှုကို အမျိုးသား များက ငြင်းဆန်စေ ချင်ကြောင်း ဝန်ခံခဲ့သည်။ သို့သော် အမျိုးသား နှင့်အမျိုးသမီးအများစုတွင် ချိန်း တွေ့ချိန်ကုန်ကျစရိတ်များကို မျှ ဝေကုန်ကျစေကြောင်းလည်း တွေ့ ရသည်။ လူသားများ၏စိတ်အား ထက်သန်မှုအပိုင်းကို နားလည် စေရန် လေ့လာမှုများပြုလုပ်နေ ကြောင်း ဖရီဒီရစ်က နယူးယောက် တွင် ဖွင့်လှစ်သောအမေရိကန် လူမှုရေးရာအဖွဲ့အစည်း နှစ်စဉ် တွေ့ဆုံပွဲတွင်တင်ပြခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲကို ဩဂုတ်၁၃အထိပြု လုပ်သွားမည်ဟု သိရသည်။


Ref - AFP
Yangon Media Group

သတင်းကြီးနေတဲ့ IPHONE မကြာခင် အဆုံးသတ် ဖွယ်ရှိ

Posted by drmyochit Monday, August 12, 2013, under | No comments



မရေမတွက်နိုင်အောင်ထွက်ပေါ်နေတဲ့ iPhone 5S,iPhone 5C,iPhone 6,တန်ဖိုးနည်း iPhone အစရှိတဲ့ သတင်းတွေကို မကြာခင် အဆုံးသတ် ဖို့တော့ရှိနေပါပြီ။မကြာခဏဆိုသလို ကောလဟာလတွေနဲ့ ထွက်ဖို့ တာဆူနေတဲ့ iPhone ကိုယခုအခါမှာတော့ လာမယ့် စက်တင်ဘာ ၁၀ မှာတရားဝင်မိတ်ဆက်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ Apple အရာရှိတစ်ယောက်ရဲ့ အဆိုအရ" ကောလဟာလ တွေကိုမကြာခင်ကျွန်တော် တို့တွေ အဆုံးသတ်ပေးဖို့ လာမယ့် စက်တင်ဘာ ၁၀ မှာ Apple ရဲ့ ထုတ်ကုန်အသစ် iPhone ကိုတရားဝင် ထုတ်ဖော်ပြသ တော့မှာပါ" လို့အင်တာနက်သတင်း တစ်ရပ်မှာပြောကြားခဲ့ပါတယ်။

ဒါကြောင့် iPhone အသစ်ကိုစောင့်မျှော်နေတဲ့ i ချစ်သူတွေအတွက် အဆိုပါ သတင်းဟာ မှန်ကန်ခဲ့မယ်ဆို ပါက သိပ်မဝေးတော့တဲ့ စက်တင်ဘာ ၁၀ မှာ iPhone အသစ်ကို မြင်တွေ့ရဖို့တော့ရှိနေပါပြီ။

Techspace Journal

သီရိလင်္ကာတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ပဋိပက္ခဖြစ်ပွား

Posted by drmyochit Monday, August 12, 2013, under | No comments


သီရိလင်္ကာ (Sri Lanka) နိုင်ငံ၏ မြို့တော်ကိုလံဘို (Colomba) ရှိ ဂရန်းပက်စ် (Grand pass) ဒေသတွင် ဗုဒ္ဓဘာသာ ၀င်နှင့် မွတ်ဆလင်တို့ပဋိပက္ခဖြစ်ပွားရာ ဗလီတစ်လုံးနှင့် အနည်းဆုံးလူငါးဦး ဒဏ်ရာရရှိသွားခဲ့ ကြောင်း သြဂုတ် ၁၁ ရက် အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ထိုဒေသတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ပြီးခဲ့ သည့်လက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့က ထိုဗလီကိုနေရာရွှေ့ပြောင်းပေးရန် ထိုဗလီနားတွင်စုဝေးကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

စနေနေ့က ပဋိပက္ခအတွင်း အိမ်ပေါင်းများစွာ ပျက်စီးသွားခဲ့သည်။ ဒဏ်ရာရသူများထဲမှနှစ်ဦးမှာ တိုက် ခိုက်ခံခဲ့ရသည့် ဗလီကိုစောင့်ကြပ်ပေးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည်။

ရဲများနှင့် အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်များကို ထိုဒေသသို့ စေလွှတ်ခဲ့ပြီးနောက်၊ အခြေအနေကို ထိန်းချုပ် နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုဗလီ ထိုနေရာတွင်တည်ရှိနေမှုကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ သို့ သော်မွတ်ဆလင်များအား အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒန်ဥပုသ်လပြီးဆုံးသည်အထိ ထိုဗလီတွင် ဆက် လက်ဝတ်ပြုဆုတောင်းခွင့်ပေးရန် သဘောတူညီခဲ့ကြသည်ဟုဆိုသည်။
သို့ရာတွင် ထိုဒေသရှိ မွတ်ဆလင်များကဆိုသည်မှာ သီရိလင်္ကာ သာသနာရေးဝန်ကြီးဌာနက ၄င်းတို့အား ထိုဗလီကို ဆက်လက်အသုံးပြုခွင့်ပေးခဲ့ပြီး၊ ဖြစ်လာနိုင်ခြေရှိသည့် တိုက်ခိုက်မှုအန္တရာယ်များကြောင့် အ ထူးရဲလုံခြုံရေးလည်း ချထားပေးခဲ့သည်ဟုဆိုကြသည်။

AFP

Mizzima - News in Burmese

မြန်မာမိန်းကလေးများ ရောင်းစားခံနေရသော ဘ၀မှ လွတ်ကင်းကြပါစေ

Posted by drmyochit Monday, August 12, 2013, under | No comments


ဒိုင်း၊ ဒိုင်း”

လင်မယားနှစ်ယောက်လုံးရဲ့ ရင်ဘတ်ကိုယ်စီမှာ သွေးစအသီးသီး စွန်းထင်းသွားချိန်တွင် ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်းဆရာတော်ခြေရင်းမှာမှီခိုပြီး သင်လာ သမျှ ဘုန်းကြီးကျောင်း ပညာသည် သူ့အသက်မသတ်ဖို့၊ အထူးသဖြင့် လူ့အသက်မသတ်ဖို့ကို အတန် တန်ဆုံး မခဲ့သည်။ သို့သော် ကျနော့်ကို ဤဒွန္နယာထဲအရောက်ပို့ဆောင်ပေးခဲ့သူမှာ အခြားမဟုတ်၊ ကျနော့်ရဲ့ မခံချင်စိတ်။ ဒီစိတ်ကြောင့်ပင် ကျနော် လူသတ်သမားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့မိသည်။ 

ကျနော်လူသတ်ခဲ့သည်။ တစ်ယောက်တည်းမဟုတ်။ နှစ်ယောက်တောင်မှ။ မယားကိုလည်းသတ်သည်။ လင်ကိုလည်းသတ်သည်။ အဘယ့်ကြောင့်ပါနည်း။ ဒီလင်၊ ဒီမယားအသက်ရှင်နေသေးသမျှ များစွာသော သမီးပျို တို့၏ ဘ၀ပန်းလေးများ ဆက်လက် ကျေနွမ်းနေကြရပေဦးမည်။ ကျနော် သူတို့လေးတွေ၏ ဘ၀ပန်း များ ဆက်လက်လန်းဆန်းခွင့်ရကြစေဖို့ သွေးစွန်းသော လက်ပိုင်ရှင်တစ်ယောက်အဖြစ်ကို ခံယူ လိုက်သည်။ ကျနော် နောင်တမရပါ။ လုပ်သင့်သည်ကို ကျနော်လုပ်ခဲ့ခြင်းမျှသာဖြစ်သည်။ ဒီအတွက် သူရဲကောင်း အဖြစ်ကိုလည်းမခံယူလို၊ လူမိုက်ဖြစ်သည်ဟုလည်း ဆိုချင်ဆို။ ကျနော့်အကြောင်းနှင့် ကျနော်ပင်။

ပြောရလျှင် ကျနော့်ဘ၀၏ ဆင်းရဲမွဲတေမှုကိုပင် အပြစ်တင်ရတော့မည်ထင့်။ ကျနော်လူပျင်းတစ်ယောက်မဟုတ်သည်ကို ကျနော့်ရွာတစ်ရွာလုံးသိသည်။ မိသားစုဆင်းရဲပုံကို အကျယ်မချဲ့လိုတော့။ အဖေက ပျံကျအလုပ်သမား။ အမေက ခေါင်းရွက်ဗြတ်ထိုးဈေးသည်။ ဖရဲသီးပေါ်ချိန်ဖရဲသီး၊ ကြံပေါ်ချိန် ကြံ၊ ရရာအလုပ်လုပ်ရင်း မိသားစုဘ၀လေး ပြိုကွဲမသွားအောင် ရှာကျွေးသည်။ တစ်နေ့လုပ်မှ တစ်နပ်စာမျှရသောဝင်ငွေသည် မိသားစုတစ်ခုလုံး၏ ၀မ်းဗိုက်ကို ကြာလေကပ်လေ ဖြစ်လာစေသောအခါ ကျနော်မနေနိုင်တော့။ အိမ်ထောင်ပြုလေပြီဖြစ်သော ကျနော့်အမတွေက ယောင်နောက်ဆံထုံးပါ ယောက္ခအိမ်ပေါ် အခန့်သားတက်နေနိုင်ကြချိန်တွင် လူပျိုလူလွတ်ဖြစ်သော ကျနော့်တစ်ယောက်တည်း မိဘနှစ်ပါး၏ အရိပ်အောက်က မခွါနိုင်သေး။ တစ်သက်လုံး မိဘလုပ်စာကို ချို့ချို့ငဲ့ငဲ့ကပ်စားခဲ့ရသမျှ အရွယ်ရောက်လာသောအခါ ရှက်တတ်လာသည်။ ထို့ကြောင့် လက်ကျန်မိသားစု၏ စားဝတ်နေရေးကို တာဝန်ယူဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။ သို့သော် သို့သော်------။

ဆင်းရဲသောနုံချာသော ကျနော့်ဘ၀ကို အဘယ်သူက ကယ်တင်ပါ့မည်နည်း။ ရွာမှာ အရွယ်ရောက်သူတိုင်း နိုင်ငံခြားပိုးထိုးနေချိန်တွင် ကျနော့်မှာ စိတ်ပင်မကူးရဲသေး။ စင်ကာပူ၊ မလေးရှား၊ ယိုးဒယား ဆိုတဲ့ အသံတွေ နားနှင့်မဆံ့ ကြားနေရပေသည့် ကျနော့်နှင့် လားလားမျှသက်ဆိုင်သည်ဟု မအောင့်မေ့ခဲ့။ ရွာမှာပင် ရရာအလုပ်လုပ်ရင်း ၀င်ငွေရှာဖို့ ဆုံးဖြတ်လိုက်သည်။ သို့နှင့် ထမင်းကျွေးမည့် အလုပ် လိုက်ရှာဖြစ် သည်။ လူဖြစ်လောက်တဲ့ အလုပ်တစ်ခုမှ ရွာမှာမရှိ။ ရရစားစား ကုန်သွားသည်ချည်းပင်။ တစ်ခါ တစ်ရံ အကြွေးပင် တင်လိုက်သေးသည်။ ထိုရောအခါ အကြွေးဆပ်ဖို့ပါ အလုပ်ပို လုပ်လာ ရတော့သည်။ သမင်မွေးဘိ၊ ကျားစား၏သို့ ကျနော်လုပ်သမျှ လုပ်အားခသည် အိပ်ကပ်ထဲ ခိုအောင်းနေ သည်ဟု တစ်ခါဖူးမျှမရှိခဲ့။ မနက်စာ၊ နေ့လည်စာ၊ ညစာဆိုသော ထမင်းသုံးနပ်အတွက် ရှာရသည်မှာ မသက် သာလှ။

အလုပ်ကပြန်လာတိုင်း အမေက ကျနော့်နဖူးပေါ်က ယိုစီးကျနေသောချွေးစလေးများကို ယုယညင် သာစွာ သုတ်ပေး ရှာသည်။ အမေ့မေတ္တာတစ်ခုတည်းကသာ ကျနော့်ဘ၀ရဲ့ အမောမှန်သမျှကို ပြေပျောက်စေ သည်ဟု ခံစားရသည်။ အမေ့ကို သနားသည်။

“အမေ ဈေးထဲထွက်ပြီး ဖရဲသီးမရောင်းပါနဲ့တော့လား၊ ကျနော်လုပ်ကျွေးနိုင်နေပြီပဲဟာ”။ အမေ့ကို မချိတင် ကဲ ပြောဖြစ်သည်။

“အော် သားရယ်၊ ဒီအလုပ်က အမေ့အတွက် မပင်ပန်းပါဘူးကွဲ့၊ ငါ့သားလေး မမွေးခင်ကတည်းက အမေဒီ အလုပ် လုပ်ပြီး ရှာကျွေးလာခဲ့တာပဲဟာ၊ သားလည်း သားလုပ်နိုင်သလောက်ပဲလုပ်ပါ၊ အမေလည်း အလုပ် လုပ်မှာပေါ့ ကွယ်၊ ဒီအလုပ်က အမေ့တို့ကို ဂုဏ်မငယ်စေပါဘူး သားလေးရယ်၊ ဒီအလုပ်နဲ့ပဲ အမေတို့ မိသား ဘ၀လေး ရပ်တည်ခဲ့တာပဲ မဟုတ်လား”။ အမေရဲ့ တုန့်ပြန်စကား။

ကျနော့်နှလုံးသားက မခံယူနိုင်သော စကားများပင်။ အမေ့အသက် ခြောက်ဆယ်ကျော်ပြီ။ အခုထိ မနားရသေး။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ကတည်းက လုပ်ခဲ့သောအလုပ်ကို အမေ့ခမျှာ အခုထိ မစွန့်လွှတ်နိုင်သေး။ တခြားလည်း အမေဘာမှ မလုပ်တတ်။

ကျနော်ဒီအတိုင်းနေလို့ မဖြစ်မှန်း တဖြေးဖြေးသိလာသည်။ နေ့စဉ်နှင့်အမျှ နားမဆံ့ကြားနေရသည့် စင်ကာပူ၊ မလေးရှား၊ ယိုးဒယားဆိုသော စကားလုံးများကို သတိပြုမိလာသည်။ “ရွာက ဘယ်သူက ယိုးဒယားမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံဘယ်လောက်ပြန်ပို့နိုင်သတဲ့” ဆိုသော သတင်းများကို အားကျလာသည်။ နုံချာလွန်းတဲ့ ကျနော့်မိသားစုနှင့် ကျနော့်ဘ၀၏ ရှေ့ရေးကို တွေးကြည့်လိုက်သောအခါ ထိုသတင်းများသည် ကျနော့်အတွက် အားဆေးသဘွယ်ဖြစ်လာခဲ့ရသည်။ ကျနော်ဆုံးဖြတ်ချက်တစ်ခု မရဲတရဲချမိသည်။ “ငါ ယိုးဒယား သွားအလုပ်လုပ်မည်” ဟူ၍။ သို့သော် အဘယ်သို့ သွားရမည်နည်း။ နုံချာတဲ့ ကျနော့်ဘ၀မှာ အပေါင်းအသင်းဆိုသူများမှာလည်း ကျနော့်နှင်နှင် ချာတူးလန်များပင်ဖြစ်လေရာ သူတို့ကိုလည်း အားကိုးလို့ မဖြစ်နိုင်။ ထိုရောအခါ ကျနော်ကိုယ်တိုင်ပင် လိုက်စုံစမ်းရတော့သည်။

“မေးပါများ စကားရ” ဆိုသလို ရွာတစ်ပတ်လည် ဟိုမေးသည်မေးလုပ်လိုက်သောအခါ လမ်းစတစ်ခု သွားတွေ့သည်။ ကော့သောင်ကို သွားတဲ့အဖွဲ့နဲ့လိုက်သွားပြီး ယင်းမှတစ်ဆင့် ဟိုဘက်ကမ်း ကူးနိုင်သတဲ့။ ဟုတ်ပေပြီ။ ဒီလမ်းကြောင်းသည် ငါ့ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းပင်ဖြစ်ချေမည်။ ကျနော် မလိမ်မိုးမလိမ်မာ ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်အရ အမေ့ကို အရင်တိုင်ပင်သည်။ အမေ့က မသွားစေလို။ သို့သော်လည်း အတန်တန်ပြောဖန်များသောအခါ အမေလည်းမတားနိုင်တော့။ ကျနော့်သဘောဟု အခွင့်ပေးလိုက်သည်။ အမေ့ခါးကြားမှာ ကျစ်ကျစ်ပါအောင်လိပ်ထားသောဈေးရောင်းရငွေ အနည်းငယ်ကို ကျနော့်လက်ထဲထည့်ပေးသည်။ ကျနော်မယူချင်ပါ။ သို့သော် ငြင်းဆိုဖို့ရန် ခွန်အားလည်း ကျနော့်မှာမရှိ။ ကျနော်သွားမည့်ခရီးက ငွေလိုသည်။ ကျနော့်လက်ထဲ ဘာမှမယ်မယ်ရရ စုဆောင်းထားသည်ဟုမရှိ။ ထို့ကြောင့် အမေ့ချွေးနည်းစာကိုပင် စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်ဖျန့်ယူခဲ့ရသည်။

အိမ်အိုပေါ်ရှိ ဘုရားကျောင်းဆောင်အိုလေးထဲတွင် ဗုဒ္ဓရုပ်ပွားတော်လေးတစ်ဆူ သီတင်းသုံးတော်မူသည်။ ကိုးကွယ်သူက ဆင်းရဲရှာသဖြင့် ဘုရားစဉ်သည်လည်း တောက်ပခွင့်မရရှာပေ။
“တပည့်တော် မိဘနှစ်ပါးကို ချမ်းသာစွာထားနိုင်ဖို့အတွက် နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်မှာမို့ တပည့်တော်အား သနားသဖြင့် စောင့်ရှောက်တော်မူပါဘုရား”။ ဘုရားရှေ့ ကျုံ့ကျံ့လေးထိုင်ကာ လေသံတိုးတိုးဖြင့် မရဲတရဲ အသနားခံလိုက်သည်။

ဘုရားကို ဦးသုံးကြိမ်ချပြီး ပြန်အထတွင် အမေနောက်က ရပ်နေသည်။ အမေ့မျက်နှာကို မော်ကြည့်လိုက်မိသည်။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ စိုနေသည်။ ကျနော်အမေ့ကို ပထမဦးဆုံးအကြိမ် ခွဲခွါခြင်းဖြစ်သည်။ အမေ့ကို ကန်တော့လိုက်သည်။

“ငါ့သားလေး သွားလေရာမှာ ဘေးမသီရန်မခပါစေနဲ့ကွယ်”။ အမေဆုပေးသည်။
အဆုံးသတ်စကားလုံးမှာ အမေ့အသံအနည်းငယ် တိတ်ဝင်သွားသည်ကို သတိပြုမိသည်။ ကျနော်ရင်ဘတ် ကွဲအက်သည်သို့ ခံစားရသည်။ သို့သော် ဒီမေ၊ ဒီရေနဲ့ ဒီမြေကို စွန့်ခွါပြီး ကျနော့်ဘ၀ရဲ့ အနာဂတ်ကို ထူထောင်ဖို့ ဒီခရီးကို ကျနော်သွားရတော့မည်။

“သား သွားတော့မယ်နော် အမေ”။ အမေ ခေါင်းညိတ်လိုက်သည်။

အ၀တ်အစားအနည်းငယ်ထည့်ထားသော အိပ်အဟောင်းလေးကိုလွယ်ပြီး အိမ်ပေါ်ကနှေးကွေးသော ခြေလှမ်းများဖြင့် ကျနော်ဆင်းလာခဲ့သည်။ ကော့သောင်သို့ ထွက်မည့်ကားရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ကျနော့်ကျောပြင်ကို အမေကြည့်နေမည်မှာသေချာသည်။ ကျနော်နောက်ပြန်မလှည့်ဖြစ်အောင် အားတင်းပြီး ဆက်သွားခဲ့ရသည်။ ဤသည်ပင် ကျနော့်ဘ၀ရဲ့ ခရီးအစ မဟုတ်ပါလော။

ကားပေါ်တွင် ထိုင်လိုက်သောအခါ ကျနော့်နည်းတူ ရည်ရွယ်ချက်ကိုယ်စီဖြင့် ဘ၀ကြမ်းကို ဖြတ်သန်းမည့်သူများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် မိန်းကလေးများလည်းပါသည်။ ဘာသွားလုပ်ကြမည်နည်း၊ ကျနော် မသိ။ မေးလည်း မမေးမိ။ ကျနော့်ရွာသားများကိုလည်းတွေ့ရသလို အခြားရွာမှလာသော မိန်းကလေးများကိုလည်းတွေ့ရသည်။ အားလုံးစွန့်စားကြမည့် မျက်နှာကိုယ်စီရှိကြသည်ချည်း။ ကျနော် အားတက်လာသည်။ လူစုံသလောက်ရှိသောအခါ ကားစက်စနှိုးသည်။ ကားထွက်ခါနီးမှ အပြေးအလွှားရောက်လာသူများကိုလည်း တွေ့ရသည်။ ကားတစ်စီးလုံးပြည့်ညပ်သွားသည်။

ကားဘီးစလိမ့်ချိန်တွင် အမေ့ကို စိတ်ထဲက မှန်းပြီး ဦးချလိုက်သည်။ “နေရစ်ပေဦးတော့ အမေရယ်”။စိတ်ထဲက ရေရွတ်ဖြစ်သည်။ ကားပေါ်ပါလာသူများအားလုံး ပျော်ရွှင်နေသည်ကိုတွေ့ရသည်။ ကျနော့်တစ်ယောက်တည်းကသာ ကျန်ရစ်သောအမေအိုကို စိတ်မချနိုင်ဖြစ်ပြီး တွေဝေနေသည်။ လမ်းတစ်လျှောက် လှပလွန်းသော ရှုမျှော်ခင်းများကိုလည်း အာရုံမ၀င်စားနိုင်ခဲ့။ ရှေ့ဆက်ရမည့် ခရီးကို မည့်သို့ရှိလေမည်နည်း၊ ကျနော် တွေးကြည့်နေမိသည်။ မျက်လုံးများ တဖြေးဖြေး မှေးစင်းလာသည်။ ဘေးက ဟေးလားဝါးလား ရယ်သံမောသံများလည်း နားထဲမ၀င်လာတော့။

“အမေရေ့----အမေ၊ သားပြန်လာပြီ၊ အမေ့အတွက် သား ပိုက်ဆံတွေ အများကြီးရှာလာခဲ့တယ်သိလား။ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာမလိုတော့ဘူး သိလား၊ သားရှာလာတဲ့ ပိုက်ဆံနဲ့ အိမ်မှာပဲ ကုန်စုံဆိုင်လေးတစ်ခုဖွင့်မယ်နော်၊ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာ မလိုတော့ဘူးနော်၊ အေးအေးဆေးဆေး အိမ်မှာနေပြီး အရိပ်ထဲ ဈေးရောင်းလို့ရပြီ၊ သိလား အမေ”။ ရောက်ရောက်ချင်း ကျနော်မနားတမ်း အားရ၀မ်းသာ ပြောလိုက်သည်။ ကျနော့်ကို မြင်တော့ တုန်တုန်ရီရီဖြစ်နေသည်။ ကျနော့်ဦးခေါင်းကို ဖက်ထားပြီး “ငါ့သားလေး ဘေးမသီရန်မခ ပြန်ရောက်လာတာကိုပဲ အမေ၀မ်းသာလှပါပြီကွယ်”။ အမေစကားဆိုသည်။ ၀မ်းသာလွန်းသော အမေ့မျက်ဝန်းတစ်စုံက ကျနော့်ကို နွေးထွေးစေသည်။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းများလည်း ကျနော်ပြန်ရောက်ကြောင်း ကြားသဖြင့် လာမေးကြသည်။ အမေ့ရဲ့ အိမ်အိုလေး ကျနော်ပြန်ရောက်တဲ့မှာ ပြန်လည်စိုပြေလာသည် ဟုခံစားလိုက်ရသည်။ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ကျနော်ဖြေနေရသည်။ အားလုံးပျော်နေကြသည်။

ဆူဆူညံညံအသံဗလံများကြောင့် လန့်နိုးလာသည်။ “အော်---ငါအိမ်မက် မက်နေတာပါလား”။ အိမ်မက်လေးကို ပြန်တမ်းတနေမိသည်။ အိမ်မှုံစုတ်ဖွါးဖြင့် အပြင်ဘက်ကြည့်လိုက်သည်။ ကော့သောင်သို့ပင် ရောက်နေချေပြီကော။ ကားဂိတ်တွင် အသားဖြူဖြူနှင့် မွန်လူမျိုးဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်က လာကြိုနေသည်။ သူနှင့်အတူ ရနောင်းကမ်းဘက် လိုက်မည့်သူများကို စာရင်းယူသည်။ ကျနော်လည်း စာရင်းပေးလိုက်သည်။ မိန်းကလေးအများစုဖြစ်သည်ကို တွေ့ရသည်။ ကျနော်တို့အုပ်စု အားလုံးဆယ်ရောက်ခန့်ရှိမည် ထင်သည်။ ထိုအမျိုးသမီးခေါ်ဆောင်ရာသို့ လိုက်ပါသွားကြသည်။ အိမ်ကြီးတစ်လုံးပေါ်သို့ ရောက်ကြသည်။ ကျနော်တို့အုပ်စုကို မိန်းမ၊ ယောက်ျားခွဲခြားထားသည်။ နှစ်အုပ်စုဖြစ်သွားသည်။ သွားရမည့်ခရီးစဉ်ကို ပြောပြသည်။ ဟိုဘက်ကမ်းရောက်က မည်သို့မည်ပုံနေထိုင်ရမည်ကိုလည်း ပြောပြသည်။ အထူးသဖြင့် မိန်းကလေးများကို သီးသန့်ခေါ်တွေ့သည်။ ဘာတွေပြောသလဲ ကျနော်မမေးမိ။ ကျနော်နှင့် မဆိုင်ဟု တွက်ထားခဲ့သည်။ ကျနော့်ပန်းတိုင်မဟုတ်။ ကျနော့်ပန်းတိုင်က ဟိုဘက်ကမ်း ရောက်လျှင် အလုပ်ကောင်းကောင်းရှာမည်၊ ငွေစုမည်၊ ရသမျှ အမေ့ဆီ ပြန်ပို့မည်။ ကျနော့်ပန်းတိုင်က ဤမျှသာ။

ဟိုဘက် ရနောင်းကမ်းသွားမည့် မော်တော်တစ်စီးပေါ်သို့ တက်ကြရသည်။ မိန်းမကြီးလည်းပါသည်။ ကျနော်တို့အားလုံးကို လှေဝမ်းဗိုက်ထဲသို့ ၀င်စေပြီး အပေါ်က တာလပတ်များဖြင့် အုပ်လိုက်သည်။ လှေဝမ်းထဲ ဘာမှမမြင်ရ။ မှောင်မည်းနေသည်။ မိန်းမယောက်ျားမကွဲတော့။ အတူတူပူးကပ်နေကြရသည်။ ဤလှေဝမ်းမှာ ငါးထည့်သော နေရာဖြစ်သည်။ ကော့သောင်ကမ်းမှ ဖမ်းရသမျှ ငါးများကို ဤလှေဝမ်းဗိုက်အတွင်းထည့်ပြီး တစ်ဘက်ကမ်းသို့ ပို့ရသည်။ အခုတော့ ငါးနေရာတွင် မနုဿလူသားများ အစားဝင်ယူနေရသည်။ ငါးပုတ်အနံ့ဖြင့် လှေဝမ်းတစ်ခုလုံး နံစော်နေသည်။ အထဲရောက်ရောက်ချင်း အော့အံချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် ကျနော်ရွေးချယ်ခဲ့သော လမ်းပင် မဟုတ်ပါလား။ သည်းခံရပေဦးတော့မည်။ ဒုက္ခ၏ ဦးစွာနှုတ်ဆက်သံကို ကျနော်မနာခံလို့ မဖြစ်။ ရှေ့ဆက် ဒိထက်ဆိုးမည်ကို တွေးမိလိုက်သည်။

လှေစထွက်သောအခါ မော်တော်စက်သံကြောင့် နားကွဲမတတ်အူသည်။ အချို့မိန်းလေးများ လှိုင်းမူးသဖြင့် အော့အံနေကြသည်။ လေကောင်းလေသန့်ရှူရှိုက်ခွင့်မရ။ လှေဝမ်းဗိုက်ကျဉ်းကျဉ်းလေးထဲ
တွင် ငါးပိသိပ်ငါးချဉ်သိပ် လိုက်ပါခဲ့ရသည်။ တာမောစခန်းခေါ် ကြားခံစစ်ဆေးရေးစခန်းသို့ ရောက်သောအခါ ကျနော်တို့ကို ခေါ်လာသောမွန်မကြီးက သက်ဆိုင်ရာကို ဘာတွေသွားပြောနေသည်မသိ။ သက်ဆိုင်ရာက လှေပေါ်ဆင်းလာပြီး စစ်ဆေးခြင်းမပြု။ အပေးအယူတစ်ခုခုရှိမည်ဖြစ်ကြောင်း ကျနော်တွေးမိသည်။ ခဏနေသောအခါ မော်တော်ပြန်ထွက်လာသည်။ ရနောင်းကမ်းဘက်သို့ တဖြေးဖြေးဆိုက်ကပ်နေကြောင်း သိရသည်။

တစ်ဘက်ကမ်းသို့ မော်တော်ဆိုက်ကပ်လေပြီ။ ကမ်းနဖူးတွင် မွန်အမျိုးသားတစ်ယောက် ရပ်စောင့်နေသည်။ ဟိုအမျိုးသမီး၏ ယောက်ျားဖြစ်ကြောင်း နောက်မှသိရသည်။ ကျနော်တို့အဖွဲ့ကို သူတို့နေထိုင်ရာ အိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ အိမ်ကြီးဆိုသော်လည်း သူတို့ပိုင်သည်တော့ ဖြစ်ဟန်မတူ။ အငှါးအိမ်ဖြစ်ပုံရသည်။ အိမ်ပေါ်သို့ရောက်သောအခါ မွန်လင်မယားက ဇာတိစပြသည်။ ကျနော်တို့ယောက်ျားလေးများကို စပ်ဆိုင်ရာမှာ အလုပ်သွင်းပေးမည်၊ လုပ်အားခ သုံးပုံတစ်ပုံကို ပေးရမည်ဟုဆိုသည်။ ဘာမှမတတ်နိုင်၊ သူ့လက်ခုပ်ထဲကရေဘ၀ရောက်သွားလေပြီမို့ သွန်လိုသွန် မှောက်လိုမှောက်ချေတော့။ ပြုသမျှ နုရတော့မည်။ နောက်တစ်နေ့တွင် မနီးမဝေးရှိ ငါးအလုပ်ရုံတစ်ခုတွင် အလုပ်ရသည်။ မြန်မာအလုပ်သမား အများစုဖြစ်ကြောင်းတွေ့ရသည်။ ထိုင်းအလုပ်သမားအနည်းငယ်ကိုလည်း တွေ့ရသည်။ မိန်းကလေးများကိုမူ မည်သည့်အလုပ်ပေးသည်ဟု မသိရသေး။

ငါးအလုပ်ရုံတွင် အလုပ်လုပ်ရင်း အပေါင်းအသင်းရလာသည်။ အလုပ်သမားအများစုမှာ စုဖို့ဆောင်းဖို့ သတိမရကြ။ ရလာသမျှ လုပ်အားခကို သုံးပစ်ဖြုန်းပစ်သည်ချည်း။ ကျနော့်မှာ အလွန်ခင်စရာကောင်းသော ထိုင်းမိတ်ဆွေတစ်ယောက်ရသည်။ အစစအရာရာကူညီသည်။ စိတ်သဘောကောင်းသည်။ သို့သော် ကျနော့်ခမျှာ ပျော်ရွှင်ခွင့်မရ။ တပင်တပန်းလုပ်ပြီး ရလာသောလုပ်အားခ သုံးပုံတစ်ပုံကို မွန်လင်မယားလက်ထဲ ထည့်ထည့်ပေးနေရသည်။ မပေးလျှင် ထိုင်းရဲလက်ထဲအပ်မည်ဟု ချိန်းခြောက်သည်မှာလည်း အခါခါ။ ထောင်ထဲနေပြီး ဘ၀သေနေသည်နှင့်စာလျှင် အပြင်မှာ ရှင်သန်ခွင့်ရသည်ကို အမြတ်ဟု ယူဆကာ ဖြစ်သမျှကို ကျိတ်မှိတ်ခံရင်း ကျနော်နေခဲ့ရသည်။

ရက်အတန်ကြာသောအခါ သတင်းတစ်ခု ကြားရသည်။ ကျနော်နှင့်အတူပါလာသော မိန်းကလေးများကို ဇိမ်ခန်းပို့မည် တဲ့။ ယင်းအတောအတွင်း ကျနော်တို့အဖွဲ့ထဲက ရုပ်သန့်သန့်မိန်းကလေးသုံးယောက်ကိုလည်း ထိုင်းရဲလက်သို့အပ်ကာ ပျော်ပါးစေသည်ဟုကြားရသည်။ ဤသို့သော နည်းလမ်းဖြင့် လူကုန်ကူးသော မွန်လင်မယားတို့သည် ထိုင်းရဲနှင့် အပေးအယူမျှလျှက်ရှိကြောင်းလည်း ကြားသိလိုက်ရသည်။ မြန်မာမိန်းကလေးများအတွက် ကျနော့်ရင်တွေ နာကျင်လာသည်။ နှမချင်းစာနာစိတ်က ကျနော့်ကို သွေးအေးခွင့်မပြုတော့။ ကျနော့်သွေးတွေ ဆူဝေလာသည်။ မွန်လင်မယားကို ဆုံးမချင်စိတ်ပေါက်လာသည်။ အနိုင်ကျင့်လွန်းသည်ဟု ခံစားရသည်။ ကိုယ့်မြန်မာအချင်းချင်း လုပ်ရက်ပလေတယ် ဆိုသည့်အတွေးက ကျနော့်ဦးဏှောက်ကို အဆင်အခြင်မဲ့သွားစေသည်။ ထို့ကြောင့် ထိုင်းသူငယ်ချင်းကို အကူအညီတောင်းရသည်။ သေနတ်တစ်လက်ရှာပေးဖို့။

လျောလျောလျှူလျှူပင် ကူညီသည်။ ပစ်နည်းခတ်နည်းကိုပါ ကျကျနနသင်ပေးသည်။ စိတ်တည်ငြိမ်အောင်ထားဖို့ အရေးကြီးကြောင်းပြောသည်။ တစ်ပတ်ခန့်ကြာသောအခါ ကျနော့်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ လုပ်ရတော့သည်။ သေနတ်နှင့်လက်ကို ရင်းနှီးအောင် မကြာခဏလေ့ကျင့်ရသည်။ လွဲချော်၍မဖြစ်။ သူ့အသက်မပါလျှင် ကိုယ့်အသက်ပေးလိုက်ရမည့်ကိစ္စဖြစ်သည်။ ကျည်ဆံတစ်တောင့်မှာ အသက်တစ်ချောင်းပါရမည်။ အချိန်၊ နေရာ၊ ကွက်တိဖြစ်အောင် စဉ်းစားစီစဉ်ရသည်။ တစ်ခါဖူးမျှ လုပ်ခဲ့ဖူးခြင်းမရှိသော စွန့်စားမှုမျိုးကို ကျနော်လုပ်ဖို့ ဆုံးဖြတ်ထားလေရာ တွေးမိတိုင်း ကြက်သီးမွှေးညင်းများပင် ထူထူထောင်ထောင်ဖြစ်လာသည်အထိ ကျောစိမ့်မိသည်။ ကြောက်သည်လော၊ လန့်သည်လော ဝေခွဲမရသော ခံစားချက်မျိုးလည်း ခဏခဏပေါ်ပေါ်လာတတ်သည်။

ညသည် လရောင်မှုံပြပြအလင်းရောင်အောက်တွင် အိပ်မောကျနေသည်။ ခပ်ဝေးဝေးမှ ခွေးအူသံသဲ့သဲ့ကြားရသည်။ ကျနော်စတည်းချရာ တဲစုတ်လေးထဲမှ အပြင်ထွက်ကြည့်လိုက်သည်။ ခါတိုင်းထက် ပိုမိုတိတ်ဆိတ်နေသယောင်။ ပတ်ဝန်းကျင်က ပုရစ်အော်သံဖြင့် စည်ဝေနေသည်။ လူသံသူသံကား ဘာမှမကြားရ။ တစ်နေ့တာ အလုပ်ပင်ပန်းလွန်းသဖြင့် ၀န်းကျင်ရှိလူသားအားလုံး အိမ်မောကျနေချိန်ဖြစ်သည်။ မွန်လင်မယားလည်း အခုလောက်ဆို သျှူးနေလောက်ပြီဖြစ်ကြောင်းတွက်ဆမိသည်။ ဒီလောက်တောင် လူစိတ်ကင်းမဲ့လွန်းသောလူများ ဒီဘ၀မှာ ဆက်လက်နေထိုင်ခွင့်မပေးသင့်ကြောင့် ကျနော့်ဘ၀အသိက နိုးဆော်နေသည်။ ကိုယ့်လုပ်အားခကို ခေါင်းပုံဖြတ်မှု၊ မြန်မာအချင်းချင်း ရောင်းစားမှုဆိုသော ပုဒ်မများဖြင့် ကျနော် ဖြေရှင်းရတော့မည်။ ခြောက်လုံးပြူးသေနတ်ကို လက်ဖြင့်ကျစ်ကျစ်ပါအောင် ကိုင်လိုက်သည်။ ကျည်ဆန်ခြောက်တောင့် ပြည့်မပြည့်ပြန်စစ်လိုက်သည်။ သေချာပြီဆိုသောအခါ မွန်လင်မယားနှစ်ယောက် အိပ်မောကျရာ အိမ်ကြီးဆီ အသာချဉ်းကပ်သွားသည်။

ရင်ဘတ်ထဲ တဒိတ်ဒိတ်ခုန်နေသည်။ သည်နေ့မှ သေနတ်ကလည်း ခါတိုင်းထက် ပိုလေးနေသလို ခံစားရသည်။ လက်ဖြင့် မကြာခဏ ဆဆပြီး ကိုင်ကြည့်သည်။ ချိန်ကြည့်သည်။ မောင်းဖြုတ်လုလု စမ်းကြည့်သည်။ အိုကေ။ အိမ်ထဲဝင်ပြီး မွန်လင်မယားနှစ်ယောက်တို့စံမြန်းရာ အိပ်ခန်းတံခါးကို အသာတွန်းဖွင့်လိုက်ရာ ကံအားလျော်စွာ အတွင်းက ဂျက်ထိုးမထား။ သို့သော် တံခါးဖွင့်သံကြောင့် လင်မယားနှစ်ယောက်လုံးနိုးသွားသည်။ ကျနော့်လက်ထဲမှာ ကိုင်ထားသော သေနတ်ကို တွေ့သောအခါ ပြူးကျယ်သော၊ အသနားခံသော မျက်လုံးလေးလုံး ကျနော့်ကို စုပြုံကြည့်နေကြသည်။ စဉ်းစားချိန်များများ ပေး၍မဖြစ်။ ဆုံးဖြတ်ပြီးသည့်အတိုင်း အကောင်အထည်ဖေါ်လိုက်သည်။ ယောက်ျား၏ ရင်ဝသို့ ချိန်ကာ ကျည်တစ်တောင့် ပစ်ထည့်လိုက်သည်။ ထထိုင်နေတဲ့ သူ့၏ ကိုယ်လုံးမှာ ကျည်တွန်းအားကြောင့် အိပ်ခန်းနံရံသို့ ကပ်သွားသည်။ ထို့နောက် သူ့မယား၏ ရင်ဘတ်သို့ နောက်ကျည်တစ်တောင့် ထည့်ပေးလိုက်သည်။ လွဲစရာအကြောင်းမရှိ။ လေ့ကျင့်ထားသော လက်ဖြင့် အနီးကပ်ဖြုတ်ရခြင်းဖြစ်သည်။ လင်မယားနှစ်ယောက်လုံး ပွဲချင်းပီး လျောသွားသည်။ အနားမှာ အိပ်ပျော်နေသော ငါးနှစ်အရွယ် သမီးလေးတစ်ယောက် အိမ်ယာမှ လန့်နိုးလာသည်။ သေနတ်ပြောင်းကို ကလေးဆီ ဦးတည်လိုက်သည်။ သို့သော် “သူ့မှာ အပြစ်မရှိ”ဆိုသောအသိက ကျနော့်ကို တားဆီးလိုက်နိုင်သည်။ နေပစေတော့။ သူ့ကံနဲ့သူ ရှိပစေတော့။ ဒီမိသားမှာမှ ညီးကလေးလာပြီး လူဖြစ်ရှာပေသကိုး။ ကျနော် ထားခဲ့သည်။ အိမ်ပေါ်က ဆင်းလာသည်။

သူ့နာမည်က “မြတ်မြတ်”။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ သမင်မျက်လုံးပိုင်ရှင်လေး တစ်ယောက်။ ကျနော်တို့အုပ်စုထဲမှာ ရုပ်အချောဆုံးမိန်းကလေးဖြစ်သည်။ အပြောအဆို သွက်လက်ချက်ချာပြီး လူရည်လည်ဟန်လည်းတူသည်။ မွန်လင်မယားနှစ်ယောက်၏ ထိုင်းနယ်ခြားစောင့်ရဲတွေကို မျက်နှာလို မျက်နှာရ လာဒ်ထိုးမှုတွင် သားကောင်ဖြစ်ခဲ့ရသူလေး။ ထိုင်းရဲများ၏ အသုံးတော်ခံတဖြစ်လဲ အများနည်းတူ မကြာမီ ဇိမ်ခန်းသို့ အပို့ခံရတော့မည့်ဆဲဆဲ။ ကျနော် ကယ်တင်နိုင်ခဲ့သည်။ သူ့တစ်ယောက်တည်းကို မဟုတ်။ အခြားမိန်းကလေးများကိုလည်း ကျနော် ကယ်တင်လိုက်နိုင်သည်။ အပင်ပေါ်က ကြွေကျလို့ မြေသို့ခရရှာလင့်ကစား နင်းခြေခံဘ၀မျိုးသို့ မရောက်သေးသည့်အတွက် ပန်ဆင်လိုသူအဖို့ တော်ဝင်ထိုက်နေဆဲ။ အဖတ်ဆည်နိုင်သေးတဲ့ဘ၀နဲ့ ဆက်လက်ရပ်တည်နိုင်သေးတဲ့အတွက် ကျနော်သည် သူတို့လေးတွေ၏ ကယ်တင်ရှင်ဖြစ်ခဲ့ရသည်။

“ကျေးဇူးတင်လိုက်တာ ကိုသက်ရယ်၊ ဒီတစ်သက်တော့ ကျမတို့ဘ၀က ကိုသက်ပေးတဲ့ အရှက်နဲ့ပဲ ဆက်ပြီး ရှင်သန်ကြရတော့မှာပါ၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်”။ မြတ်မြတ်က ဆိုလာသည်။
“မင်းတို့ဘာသာ ရှေ့ဆက်ပြီး ကြည့်လုပ်ကြပေတော့၊ ငါကတော့ ဒီမှာနေလို့ မဖြစ်တော့ဘူး”။ ဗလုံးဗထွေးပြောလိုက်မိသည်ထင့်။ ကျနော့်မှာ စကားများများပြောဖို့ အချိန်မရှိ။ ပြေးရပေဦးမည်။ အားပေးစကားအနည်းငယ်ပြောပြီး အသင့်စောင့်နေသော သူငယ်ချင်းလက်ထဲ သူ့သေနတ်ပြန်အပ်ကာ မိုးမလင်းခင် ရနောင်းကမ်းက လစ်ထွက်လာခဲ့သည်။ ကံအားလျော်စွာ ကော့သောင်သို့ ထွက်မည့် မော်တော်တစ်စီးနှင့်တွေ့သဖြင့် တက်လိုက်လာခဲ့သည်။

အကျည်းတန်သော၊ ယုတ်မာသော၊ ကိုယ်ချင်းမစာသော၊ ကိုယ့်အမျိုးကို တိုင်းတစ်ပါးသို့ပြန်ရောင်းစားသော မွန်လင်မယားကို ကလဲ့စားချေခွင့်ရခဲ့သော ကျနော့်နှလုံးသားသည် အပြန်လမ်းတွင် ပေါ့ပါးနေသယောင်။ ကျနော့်အိပ်ကပ်ထဲတွင်ကား သုံးစရာငွေတစ်ပြားသားမှ မရှိ။ အမေ့ကို ဘယ်သို့ပြောရမည်နည်း။ ကိစ္စမရှိ။ အမေသည် သားပြောသမျှ ယုံသည်ချည်း။ အမေစိတ်မဆင်းရဲအောင် ညာရဦးတော့မည်။
“ချစ်စွာသောအမေနဲ့ အေးအတူ၊ ပူအမျှ နေထိုင်ဖို့ သားပြန်လာပါပြီအမေ”၊ ကျနော့်ရင်ထဲက တိတ်ဆိတ်စွာ ဆိုဖြင့်သောစကား။ စထွက်လာစဉ်က ကားပေါ်တွင် မက်ခဲ့ရသော အိမ်မက်လှလှလေးကို ပြန်လည် သတိရနေမိသည်။
“အော် အိမ်မက်တွေသာ တကယ်ဖြစ်လာခဲ့ရင်-------------”။

မြန်မာမိန်းကလေးများ ရောင်းစားခံရသော ဘ၀မှ လွတ်ကင်းကြပါစေကြောင်း ဆန္ဒပြုလျှက်--------------။

မှတ်ချက်။ ကြေကွဲစရာကောင်းလှသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဘလော့ဂ်ပို့စ်ရှည်မည်စိုးသောကြောင့် အကျဉ်းချုပ်ရေးထားခြင်းမျှသာဖြစ်ပါသည်။ ဓာတ်ပုံကို အင်တာနက်မှ ယူထားပါသည်။


ထိုအဖြစ်အပျက် ဇာတ်လမ်း လေးကို ပြန်လည်ရေးသား ပေးပို့ ပေးသော ကိုမင်းထက် အားကျေးဇူးတင်ရှိပါသည်.။

Myanma Light

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သူ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

Posted by drmyochit Monday, August 12, 2013, under | No comments



အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ၂၀၁၃ ခုနှစ် မေလက အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှု တွင် ပါဝင်သည်ဟု သံသယ ရှိသူ ၂ ဦးအား သြဂုတ်လ ၉ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ သည် ကိုရမ် ကျမ်းစာရွက် အသင်းအတွက် ဘဏ္ဍာငွေ ကောက်ခံသူ ဖြစ်သော အိုင်ပူးလ် ခေါ် မူဟာမက် စိုင်းဖူလ်ဆာဖာနီ အား ယိုဂျကာတာ မြို့တွင်းရှိ တည်းခိုခန်း တစ်ခု၌ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၄င်းသည် အနောက် ဂျာဗားပြည်နယ် ရှိ Salak တောင်ကုန်းတွင် လေ့ကျင့်မှုများ ပြုလုပ်စဉ်က ပါဝင် ခဲ့ဖွယ် ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အိုင်ပူလ် ၏ အကြမ်းဖက် ကွန်ရက် အဆက်အနွယ် ဖြစ်သော ဘာယူဒွီ အာဒီယန် တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပြီး ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စစ်ဆေး မေးမြန်းမှု များ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily
=*=*=*=*=*=*=*=*==*=*=*=**=*==***==*=*=**=*==*=*=**=*==*=*=*=*
The Voice Weekly မှဖော်ပြချက်


အင်ဒိုနီးရှားရှိ မြန်မာ သံရုံးကို တိုက်ခိုက်ရန် စီစဉ်သည့် ခေါင်းဆောင်နှစ်ဦး ဖမ်းမိ

ရန်ကုန်၊ သြဂုတ် ၁၁

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို မေလအတွင်းက ဗုံးခွဲ တိုက်ခိုက်ရန် စီစဉ်သည့် ခေါင်းဆောင် နှစ်ဦးကို အင်ဒိုနီးရှား အကြမ်းဖက် ဆန့်ကျင်ရေး ရဲတပ်ဖွဲ့က သြဂုတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ အင်ဒိုနီးရှား အခြေစိုက် အကြမ်းဖက် အဖွဲ့ငယ် တစ်ခုကို ဦးဆောင်နေသော Muhamad Saiful Sabani နှင့် Bayu Dwi Ardianto တို့ ဖြစ်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက အစ္စလာမ် ဘာသာဝင်များကို အကြမ်းဖက် တိုက်ခိုက်မှုများ အပေါ် လက်တုံ့ပြန်သည့် အနေနှင့် မြန်မာ သံရုံးကို ဗုံးခွဲရန် ကြံစည်ခြင်း ဖြစ်ကြောင်း အင်ဒိုရဲတပ်ဖွဲ့၏ စုံစမ်း စစ်ဆေးမှု များအရ သိရသည်ဟု ယင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။

မေလအတွင်းက အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန်အတွက် လက်လုပ်ဗုံး ငါးလုံးကို ကိုယ်တွင်း သယ်ဆောင် လာသော Asep နှင့် Ovie အမည်ရှိ အကြမ်းဖက်သမား နှစ်ဦးနှင့် အကြမ်းဖက်မှုတွင် ပါဝင် ပတ်သက်သူများဟု သံသယရှိသူ လေးဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖောက်ခွဲမှုများ မပြုလုပ်ခင် ဖမ်းဆီး ရမိခဲ့သည်။

ယင်းဖမ်းဆီးမှုအပြီး ခြောက်ရက် အကြာတွင် ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ များဟု ယူဆရသည့် အဖွဲ့နှင့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့တို့ကြား ခုနစ်နာရီကြာ အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်။

အလားတူပင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကို အကြောင်းပြကာ ယခုနှစ် သြဂုတ်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရှိ အစ္စလာမ် စစ်သွေးကြွများက ဂျာဗားပြည်နယ် အနောက်ဘက်ရှိ Ekayana Grha အမည်ရှိ ဗုဒ္ဓဘာသာ အဆောက်အအုံကို အသေးစား ဗုံးခွဲ တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဘုရား ဝတ်ပြုနေသူ သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ကင်ညာတွင် လေဆိပ်မီးလောင်စဉ် ရဲများက လုယက်မှုကျူးလွန်ခဲ့ဟုဆို

Posted by drmyochit Monday, August 12, 2013, under | No comments



ကင်ညာနိုင်ငံ၊ နိုင်ရိုဘီ မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မီးလောင်မှု ဖြစ်ပွားစဉ်က ရဲတပ်ဖွဲ့ဝင်များ လုယက်မှု ကျုးလွန်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည့်အတွက် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကင်ညက်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ နိုင်ငံတကာ ခရီးသည်များ ဝင်ရောက်ရာ နေရာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင် ရဲဝန်ထမ်းများနှင့် လေဆိပ် အလုပ်သမားများသည် ပစ္စည်းများကို လုယက်ယူငင်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများ ရှိလာသည်။ အထူးသဖြင့် ငွေသားများ၊ အရက်ပုလင်းများ အပါအဝင် ပစ္စည်းများ ခိုးယူခံရပြီး ယင်းကို စုံထောက်များက ဖော်ထုတ်ရန် ကြိုးစားလျှက်ရှိသည်။ စုံထောက်အဖွဲ့က လုံခြုံရေး ကင်မရာ မှတ်တမ်းအချို့ကို မိမိတို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဆိုသည်။ ကျန်မှတ်တမ်း ကင်မရာများမှာမူ မီးလောင်သည့်ထဲ ပါသွားခဲ့သည်။

ဗုဒ္ဓဟူးနေ့က မီးလောင်မှု စတင်ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ မသိရသေးချေ။ သမ္မတ အူဟူရာ ကင်ညက်တာက ယခုကိစ္စသည် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဆိုခြင်းကို ငြင်းပယ်ထားသော်လည်း ပေါ့လျော့မှု၏ လက်သည်ကို သိရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ကြေညာထားသည်။ လက်ရှိတွင်မူ စုံထောက် အရာရှိ တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် အချို့သည် လုယက်ခိုးဝှက်မှု သံသယအခြေအနေအတွက် စစ်ဆေးမေးမြန်း ခံနေရကြောင်း သိရသည်။ "ရှက်စရာပါပဲ။ တချို့က သတိပေး ခေါင်းလောင်းခလုတ် ပြေးနှိပ်ဖို့ထက် ပစ္စည်းလုဖို့ အရင်ဆုံး အာရုံရောက်နေခဲ့တယ်"ဟု စုံထောက် တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။

သမ္မတ ကင်ညက်တာက "မီးလောင်မှုမှာ အကြမ်းဖက်သမားတွေ ပါဝင်ပတ်သက်ကြောင်း ဘာအထောက်အထားမှ မရှိပါဘူး။ ပေါက်ကွဲမှု တစ်ခုခု ဖြစ်ပေါ်ခဲ့တဲ့ သက်သေမျိုးလည်း မတွေ့ရဘူး။ ဘာပဲဖြစ်ဖြစ် ပေါ့လျော့တဲ့သူကို သိလာရင်တော့ ပြင်းပြင်းထန်ထန် အရေးယူရပါမယ်"ဟု သတင်းထောက်များအား ပြောဆိုထားသည်။ လက်ရှိတွင်မူ လေဆိပ်သည် ပုံမှန်အတိုင်း ပြည်တွင်းပြည်ပ ခရီးစဉ်များ ပြန်လည်ပြေးဆွဲ ပျံသန်းနေပြီ ဖြစ်သည်။

From: Planet Myanmar Network

ပြည့်တန်ဆာနှင့် ပျော်ပါးရန် ရှာခိုင်းရာမှ ဓားခုတ်မှုဖြစ်

Posted by drmyochit Monday, August 12, 2013, under | No comments


၈.၈.၂၀၁၃ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်၊ဘလုတ်ညွှန့်ရပ် ကွက်နေ ဒေါ်မြင့်သန်း သည် နေအိမ်တွင် ရှိနေစဉ် သားဖြစ်သူ သိန်းကျော်ဦးမှာ ၇.၈.၂၀၁၃ ရက်နေ့ ညက ဓါးခုတ်ခံရ၍ ရန်ကုန်ဆေးရုံကြီးတွင် ရောက်ရှိ ဆေးကုသနေကြောင်းသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူတွင် ဦးခေါင်းအလယ် တည့်တည့်၌ ပြတ်ရှသွေးထွက် ဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သားဖြစ်သူအားမေးမြန်းရာ ၇.၈.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် သာဓု အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ သူငယ်ချင်းဖြစ်သူ၏ဆိုက္ကားပေါ်တွင်ထိုင်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်နေ ဇော်ထွဋ် (ဘ)ဦးဝင်းလှိုင်၊ လှဝင်းမောင် (စုံစမ်းဆဲ)၊ မျိုးလွင်ဦး(စုံစမ်းဆဲ)တို့ (၃)ဦးရောက်ရှိလာပြီး မိန်းမကိစ္စပျော်ပါးရန်ခေါ်ခိုင်းရာ သားဖြစ်သူမှ ပြည့်တန်ဆာခေါင်း မဟုတ်ကြောင်း ပြန်ပြောသည်နှင့်ပတ်သက်၍ စကားများခဲ့ကြကြောင်း၊ ထိုသို့စကား များစဉ် ဇော်ထွဋ်မှ ထီးထဲ၌ ၀ှက်၍ ယူလာသည့် ဓါးရှည်ဖြင့်ခုတ်ခဲ့သဖြင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရှိခဲ့ပါသည်။

ထိုသို့သားဖြစ်သူကို ဒဏ်ရာရရှိအောင်ပြုလုပ်သူ ဇော်ထွဋ်ပါ(၃)ဦးအား အရေးယူပေးပါရန် ဒေါ်မြင့်သန်းမှ တိုင်တန်းခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၅၇၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှု ဖွင့်လှစ်ပြီး တရားခံဇော်ထွဋ်အား ဖမ်းဆီးရမိစစ်ဆေးလျက်ရှိကာ ကျန်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

By ရဲဇာနည်
Newsmyanmarpyi

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်