Tuesday, August 13, 2013

ရွက်ဆစ်အဖွဲ့ကိုမေးချင်ပါတယ်

Posted by drmyochit Tuesday, August 13, 2013, under | No comments


ငြိမ်းချမ်းရေးကို ကျွန်တော်တို့တိုင်းရင်းသားအားလုံး လိုလားကြတယ်။ ငြိမ်းချမ်းရေးအတွက်လုပ်ကိုင် နေကြ သူတွေ လည်း လုပ်နေကြပါတယ်။ အစိုးရကလည်း ငြိမ်းချမ်းရေးရဖို့ လိုက်လျောကြိုးပမ်းနေတယ်။ ရှမ်းပြည် နယ် အစိုးရကလည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်ပြောတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ လုပ်ခဲ့ကြတယ်။ သဘောတူညီချက်တွေရယူပြီး အပစ်အခတ်တွေရပ်စဲကြတယ်။ နိုင်ငံရေး စကားဝိုင်းဆီသွားကြမယ်ပေါ့။ ရည်ရွယ်ချက်တွေ၊ စေတနာတွေ သိပ်ကောင်းတော့ ငြိမ်းချမ်းရေးစကားကို မျှော်လင့်နေတဲ့ တိုင်းရင်းသားပြည်သူလူထုတွေ သိပ်ပျော်ရတာပေါ့။

ဒါပေမယ့်လက်တွေ့ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာရော ရည်ရွယ်ချက်တွေ၊ စေတနာတွေမှန်ကြပါရဲ့ လား။ ထာဝရငြိမ်းချမ်းရေးလို့ ပါးစပ်က တဖွဖွရွတ်ဆိုနေပြီး တလွဲတချော်ဖော်ဆောင်နေရင်ကော ငြိမ်းချမ်းရေးက ဝေးနေဦးမှာပါ။ ၇-၈-၂၀၁၃ ရက်နေ့ကပဲ ကျိုင်းတုံမှာ RCSS/SSA အဖွဲ့ဥက္ကဋ္ဌ ရွက်ဆစ်က နေပြည်တော် မှာ သမ္မတနဲ့ တွေ့ဆုံခဲ့တာကို ပြန်ရှင်းပြလို့ သွားနားထောင်ခဲ့ရပါသေးတယ်။ NLD၊ SNDP၊ SNLD၊ NDF၊ ပြည်ခိုင်ဖြိုးနဲ့ လားဟူပါတီက လူတွေ၊ မြို့မိမြို့ဖနဲ့ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့က ကျောင်းသူ၊ ကျောင်းသား တွေ ဒေသခံပြည်သူလူထုစုစုပေါင်း ၂၅၀ လောက်တက်ခဲ့ကြပါတယ်။

အရင်တစ်ချိန်က သောင်းကျန်းသူအဖွဲ့ဆိုပေမယ့် လက်ရှိအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ ဆိုတော့ နည်းနည်းတော့ကြီးကျယ်လာပြီပေါ့။ မြို့ကြီးရပ်ကြီးတွေအထိ ပေါ်ပေါ်ထင်ထင်တက်ပြီး သွားလာ လုပ်ကိုင် နိုင်ကြ ပြီပေါ့။ RCSS/SSA အဖွဲ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့၊ ပြည်နယ်လုံခြုံရေးဖွဲ့စည်းဖို့နဲ့ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ဖို့ ရည်မှန်း ချက်တွေ ရှိကြောင်း အစိုးရနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်ငြိမ်းချမ်းရေးအတွက် အစိုးရ၊ ပြည်နယ်အစိုးရ၊ အဖွဲ့အစည်းအသီးသီးနဲ့ ရှမ်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဝိုင်းဝန်လုပ်ဆောင်ကြတာတော့ကောင်းပါတယ်။ ရွက်ဆစ်တို့အဖွဲ့ ရှင်းပြ တာ တွေ ကို နားထောင်ရင်း တချို့ကိစ္စတွေကတော့ သူ့အပိုင်းကိုယ့်အပိုင်း၊ သူ့စည်းကိုယ့်စည်းလေး တွေ ရှိသင့် တယ်လို့ ခံစားမိပါတယ်။ ရွက်ဆစ်တို့က မူးယစ်ဆေးဝါးတားဆီးမယ်ပြောတယ်။ ဒါပေမယ့် ဘိန်းခွန်ကောက် တာ အခုထိရှိတုန်းဆိုတော့ ဘိန်းစိုက်ပျိုးရေးကို သူတို့ကတစ်ဖက်လှည့်နဲ့ အားပေးနေကြ သလားပေါ့။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်တဲ့အခါမှာလည်း ဝိုင်းဝန်းဆောင်ရွက်မယ်လို့ပြောပါတယ်။ ဒါပေမယ့် ရှမ်းလက်နက်ကိုင်တွေအနေနဲ့ သီးခြားစာရင်းကောက်ခံနေတာမျိုးဆိုရင်တော့ လမ်းကြောင်းလွဲ နေမှာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးက ဘယ်နားနေမှန်းမသိသေးဘူး။ RCSS/SSA ဆိုတာ ရှမ်းပြည်နယ် တစ်ခု လုံးကို ကိုယ်စားပြုတယ်လို့ပြောလို့မရတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ပါ။ ဒီလိုလက်နက်ကိုင်အဖွဲ့ လေးက ကိုယ့်ကိုယ်ကို အစိုးရလို့ထင်ပြီး ကိုယ့်အလုပ်မဟုတ်တာတွေလုပ်နေတယ်လို့လည်း ထင်ရပါ တယ်။ RCSS/SSA အဖွဲ့အနေနဲ့ တိုင်းပြည်အေးအေးချမ်းချမ်းရှိတာမြင်လိုတယ်လို့ ရှင်းပြခဲ့ပါသေးတယ်။ တကယ် ဆန္ဒရှိခဲ့ရင်တော့ RCSS/SSA အနေနဲ့ ငြိမ်းချမ်းရေးကိုပဲ အာရုံစိုက်သင့်တာပေါ့။ မြို့ပေါ်တွေအထိ လာပြီး ဆက်ကြေးကောက်တာတွေလည်း ရပ်သင့်ပါပြီ။ ဆက်ကြေးကောက်ခံမှုတွေ၊ ခြိမ်းခြောက်မှုတွေ မရှိ ဘူးလို့ သူတို့က ငြင်းနေပေမယ့် ဆက်ပြီးကောက်ခံခြိမ်းခြောက်နေတုန်းပါပဲ။ ငြိမ်းချမ်းရေးကို အချိန်ဆွဲပြီး စစ်သားစုဆောင်းနေတာလည်း ဆက်ရှိနေတုန်းဆိုတော့ ကျွန်တော်တို့တိုင်းရင်းသားတွေက အလုပ်ပျက်၊ အကိုင်ပျက်နဲ့ ဒီဒဏ်တွေခံနေရတုန်းပါပဲ။

၂၄-၇-၂၀၁၃ရက်နေ့မှာ SSA(ရွက်ဆစ်)အဖွဲ့က ပေါ့ထောက်ဝေါင် (ခ) နှုတ်ခမ်းမွေးအဖွဲ့က မိုင်းယောင်း မြို့နယ် ၀မ်တပ်၊ ၀မ်ဒေ၊ ၀မ်မိုင်နဲ့ ၀မ်ကျူးကျေးရွာတွေက ရွာသား ၅၉ ယောက်ကို ဖမ်းဆီးသွား တဲ့ ဖြစ်စဉ် အမှန်ကိုသိချင်လို့ ဒီပွဲမှာ သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။ RCSS/SSA အဖွဲ့က တာဝန် ရှိသူတွေ မျက်နှာပျက်ရုံမှအပ ပြန်ဖြေကြားခဲ့တာမရှိပါဘူး။ အဖမ်းခံရသူတွေကတော့ ပြန်လွတ် လာကြပါပြီ။

RCSS/SSA အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူထားလို့ ပြည်သူတွေက သူတို့ကိုတွေ့ဖို့ မကြောက် ပါနဲ့လို့ ပြောပေမယ့် ဆက်ကြေးကောက်တုန်း၊ စစ်သားစုဆောင်းတုန်းဖြစ်တဲ့ RCSS/SSA အဖွဲ့ကို ကျွန်တော်တို့ ကြောက်နေရတုန်းဖြစ်ပါတယ်။ ပြည်နယ်အစိုးရက လုပ်ရမယ့်အလုပ်တွေကို RCSS/SSA အဖွဲ့က ၀င်စွက်ဖက်ပြီးလုပ်နေကြတော့ ဘယ်သူက ရှမ်းပြည်နယ်ရဲ့အစိုးရလည်း ကျွန်တော်တို့ ရှမ်း တိုင်းရင်းသားတွေက ဘယ်သူခိုင်းတာလုပ်ရမှာလဲ ဆိုတာကို မေးလို့ရရင် မေးချင်လာပါတယ်။

ရှမ်းတိုင်းရင်းသားတစ်ဦး

(မော်ဒယ်) တွေကလွဲရင် ရင်သားရဲ့ လှပမှု၊ ကြည့်ကောင်းမှု၊

Posted by drmyochit Tuesday, August 13, 2013, under | No comments





အပေါ်ပိုင်းဗလာ (မော်ဒယ်) တွေကလွဲရင် ရင်သားရဲ့ လှပမှု၊ ကြည့်ကောင်းမှု၊ ဆွဲဆောင်မှုဆိုတာ တခုခုကို ဝတ်စား ထားရင်း အကဲဖြတ်ကြရတယ်။ ဒါဟာ အားသာချက်တခုပါ။ စမ်းသပ် လေ့လာမှု တခုအရ အမျိုးသမီး ၉၅% ဟာ သူတို့နဲ့ အသင့်တော်ဆုံး (ဘရာ) ကို မဝတ်ကြဘူးတဲ့။ ဒီလိုဖြစ်နေတာ မသိရှာကြဘူးလို့ပါ ဆိုလိုက်သေးတယ်။ ဒါ့ကြောင့် “ခွက်” နဲ့ “ရင်” အတိုင်းအတာတွေ မမှန်တဲ့အခါ တချို့မှာ ချောင်၊ တချို့မှာ ကြပ်၊ အကဲဖြတ်တော့ အမှတ် နည်းရော။

Bra size ရဲ့ Band size ဆိုတာ ပေကြိုးကို ရင်သားအောက် နေရာမှာထိ အတိအကျ တိုင်းရတယ်။ ခပ်တင်းတင်းထား တိုင်းပါမှ ချောင်မနေမှာ။ ဝတ်ကြည့်လိုက်လို့ လက်တချောင်းထက် ပိုဝင်နေရင် ကျယ်နေတယ်။ Cup Size တိုင်းတာလဲ အဲလိုဘဲ။ ရင်သား အဝိုင်းကို ပေကြိုးပတ်တိုင်းတယ်။ ဆိုပါတော့ ၃၃ လက္မ္မရှိနေသူဟာ 34D Cup ဝတ်မှ အံကျဖြစ်မယ်။ ဝတ်ပြီး မှန်ရှေ့မှာကြည့်လို့ ရင်သားဆိုင်ဟာ (ဘရာ) ဘေးကနေ စူနေရင် သေးတယ်။ အရွယ်သေးနေလို့ အတွင်းကနေ Synthetic nylon padded brassieres လူလုပ်ပစ္ပ္စည်း တမျိုးမျိုးခံတဲ့အခါ နိုင်လွန် မသုံးသင့်ပါ။ တချိန်မှာ ကင်ဆာ မဖြစ်ဘူး မပြောနိုင်လို့။

ရင်သား တွဲကျနေတယ်ဆိုတာ “နှိုင်းပြီး အကဲဖြတ်တာ” ဖြစ်တယ်။ အရင်လို မဟုတ်တော့ဘူး၊ သူများလောက် မလှဘူး။ “အလိုဆန္ဒအရ ပြင်စရာတခု” လို့ သတ်မှတ်လိုက်တာပါဘဲ။ လူကောင်သေးသူက ထွားချင်သူရှိသလို Small is beauty “သေးတာကိုက လှတာ” လို့ လက်ခံသူတွေလဲ ရှိတာပါဘဲ။

သူများတွေဆီမှာတော့ ရှားတယ်။ မြန်မာပြည်မှာ “အပျိုကြီး ဖြစ်ရခြင်း အကြောင်း” တွေ ပြေကြ၊ နောက်ကြ၊ ရေးကြတာ မနည်းဘူး။ အားနာလို့လား၊ ရိုင်းမှာ စိုးလို့လားတော့ မပြောတတ်ဘူး။ ရင်သားသေးငယ်လို့၊ တင်းတင်း-ရင်းရင်း မရှိလို့ ဆိုတာ အကြောင်းခံအနေနဲ့ ရေးကြတာ မတွေ့ရပါ။ “ငါ့အရှိအတိုင်း မနှစ်သက်ရင်လဲ နေပေါ့” လို့ သဘောထားလိုက်တာ မကောင်းပါလား။

ရင်သားဆိုတာ ကြွက်သားနဲ့ မတူပါ။ ကြွက်သားကို လေ့ကျင့်ခန်းနဲ့ သန်မာအောင်၊ ကြီးထွားအောင် လုပ်နိုင်တယ်။ ရင်သားကို တည်ဆောက် ထားတာက အတွင်းထဲမယ် အဆီကသာ များတယ်။ နို့ပြွန်-နို့အိတ်လေးတွေနဲ့ အဲဒါတွေကို တွယ်ဆက်ပေးတဲ့ (တစ်ရှူး) တွေသာ ရှိတယ်။ ရင်ပတ်နံရံက ကြွက်သားပြားတွေ အပေါ်မှာ တင်ယုံတင်နေတာမို့ အထိန်း-အကွပ် မရှိဘူး။ ဒါ့ကြောင့် သိပ်လွတ်လပ်တယ်။ သူ့ အလေးချိန်နဲ့သူ ကမ္ဘာ့ဆွဲအားနဲ့ အောက်ဖက်ကို ဦးတည်နေတယ်။ ခုန်ရလေလေ အောက်ကျလေပေါ့။ ဆင်မယဉ်သာ မသွားလို့ကတော့ ဆိတ်မ ဘယ်-ညာ လှုတ်ခါနေပါမယ်။

ဒါ့ကြောင့် (ဗလာ) ခေတ်အရင် (ဘရာ) ခေတ်၊ (ဘောဒစ်) ခေတ်၊ ဒိအရင်က (ဇာဘော်လီ) ခေတ်။ ရှေးတုံးက (ရင်စီး) ခေါ်တာကို ကြပ်နေအောင် ဝတ်ခဲ့ကြတာပါ။ လူတွေ ယဉ်ကျေးလာသလို ခေတ်နဲ့လဲ လိုက်အောင် ဝတ်စားလာကြလို့ ဖြစ်တယ်။ အာဖရိကမှာ အခုထိ အပေါ်ဗလာရှိသေးတာက ခေတ်မီတာ မဟုတ်မှန်း လူတိုင်း အသိပါ။ သိပ်ကြပ်တာတော့ ကျန်းမာရေးအရ မကောင်းပါ။

တွဲကျနေတာမှာလဲ မတူကြပါ။ အသက်အရွယ်ကြီးလို့၊ ကလေးတွေ မွေးရတာများလို့၊ အနေအထိုင် ဂရုတစိုက် မနေတတ်လို့၊ ငယ်တုံး-ပျိုတုံးကလို မဟုတ်တော့ဘဲ သိပ်သိသိ သာသာကြီး တွဲ-ပျော့-ကျလာတယ်။ တချို့ ငယ်ငယ် ရွယ်ရွယ်နဲ့ “ကြည့်ကောင်းအောင် ကျနေတာမျိုး” လဲရှိတယ်။ ရင်သားရဲ့ထိပ် နို့သီးဟာ ရှေ့တည့်တည့်ကနေ မြင်ရရင် အလည်ရဲ့ အောက်နားလေးမှာ ရှိနေတာက ခေါင်းလောင်း ဆွဲထားသလို အသီးထိပ်ဖျားဟာ အောက်စိုက်နေတာထက် ကြည့်ပျော် ရှုပျော် ရှိပါမယ်။ အရပ်လည်းရှည် ကျောယားလည်း ရှည်တာမို့ သူ့လောက် အရပ် မရှည်သူတွေထက် ရင်သားက အောက်ကျ နေလိမ့်မယ်။ ဓါတ်ပုံရိုက်ကြည့်ရင် ပခုံးကနေ ရင်သားထိပ်နေရာဟာ သူများတွေထက် ကွာဝေးပေမဲ့ အချိုးအဆက် ကျနေလို့ လှတယ် ပြောကြမှာပါဘဲ။

တကယ်တန်း ရင်သား အချိုးအစားကျမှုဆိုတာ “လူအများ မြင်ရမဲ့၊ မြင်စေအာင်လုပ်လေ့ရှိတဲ့ ရင်သား အပေါ်ပိုင်းနေရာ” ထက် “နို့သီးကနေ အောက်နဲ့ နောက်ဘက် ရင်ပတ်နံရံဆီ သွားတဲ့နေရာ” သာ ဖြစ်ပါမယ်။ ဆူပါမော်ဒယ်တွေ၊ (မူဗီ-စတား) မင်းသမီးချောတွေ Evening Gowns, Cocktail Dresses, Prom Dresses ဝတ်စုံတွေနဲ့ ဓါတ်ပုံအရိုက်ခံလို့ သိပ်လှချင် လှပေမဲ့ အပေါ်ဗလာပြဘို့ မလှသူတွေ ရှိတယ်။ ဘေးတိုက် ကြည့်မယ်ဆိုပါစို့။ မျဉ်းကွေးက ဘယ်လိုလဲ။ ပစောက် ပုံလား။ ရကောက်-ပြောင်းပြန်လိုလား။ နို့သီးဖက်က မျဉ်းထက် ရင်ပတ်ဖက်က မျဉ်းဟာ ပိုရှည်နေလေလေ အလှ နည်းလေလေ။ အရွယ်သေးပေမဲ့ အချိုးအစားကျတာက သာပါမယ်။ ဘရာ Cup size တူသူ နှစ်ဦးဟာ Deep cleavage အတူဖြစ်ချင်မှ ဖြစ်မယ်။ ချိုင်းအောက်နေရာ ပတ်လည်ကျဉ်းသူတွေမှာ Cleavage ပိုသိသာမယ်။ “ကောက်ကြောင်း” က ဆွဲဆောင်မှုမှာ အလေးသာတယ်လို့ ပြောတာတွေ ရှိတယ်။

ကလေး နို့တိုက်ရာမှာလဲ နှစ်ဘက်ကို ညီတူမျှတူ တိုက်ပေးရမယ်။ တဖက်ဖက်မှာ အလုံး-အကြိတ်-အနာ ခွဲထုတ်ထားရရင် အဲဒီဘက်က ရင်သား အရွယ်သေးနေမှာဘဲ။ Nourishing cream လိမ်းတာနဲ့ Exercises လုပ်ပါလို့ အလှအပ-ကျန်းမာရေး၊ အကြံပေး-ဈေးရောင်းသူတွေက ဆိုပါတယ်။ လိမ်းရာမှာ ရှေ့ကနေလိမ်း၊ ရင်သား နှစ်ခုလုံး နှံ့အောင်လိမ်း၊ ၁ဝ-၁၅ ကြိမ်၊ နာရီလည်သလိုနဲ့ ပြောင်းပြန် လိမ်းနယ် ပေးရတယ်လို့ ပြောပါတယ်။

Aerobics လို လေ့ကျင့်ခန်း ပြင်းပြင်းထံထံ လုပ်သူတွေ အတွင်းခံ ကောင်းကောင်း မဝတ်ရင် ရင်သား တွဲကျလာမယ်။ Drooping or Sagging breasts မဖြစ်ရအောင် Good supportive bra ဝတ်ဆင်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ ဝတ်ပါ။

ဒေါက်တာတင့်ဆွေ

ဆန္ဒပြမှုကြောင့် ကင်တားနားနှင့် မြို့မိမြို့ဖများ တွေ့ဆုံ မည့် အစီအစဉ်ဖျက်သိမ်း

Posted by drmyochit Tuesday, August 13, 2013, under | No comments



လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ရခိုင် တိုင်းရင်းသားများ ကို အကြမ်းဖက်သူများ အဖြစ် စွပ်စွဲထားပြီး ဘင်္ဂါလီများကို နိုင်ငံသား ဖြစ် ခွင့်ပေးရန် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် ပြောဆိုခြင်း အပါအဝင် ဘင်္ဂါလီများအတွက် ဘက်လိုက် လုပ်ဆောင်နေသည်ဟုဆိုကာ ယင်းသို့ ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း စစ်တွေ့မြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

စစ်တွေမြို့၌ သြဂုတ်လ ၁၃ရက်နေ့ ကင်တားနားနှင့် မြို့မိမြို့ဖများ တွေ့ဆုံ မည့် အစီအစဉ်ကိုလည်း ဖျက်သိမ်းထားကြောင်း ၎င်းက ဆိုသည်။

  ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ်လ ၁၂ ရက်နေ့တွင် ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို မြို့ခံ ၅၀ကျော်က ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ဒေါ်ညိုအေးက ပြောကြားသည်။

ကင်တားနားကို စစ်တွေမြို့ လေဆိပ်မှ အထွက်တွင် အမျိုးသမီး အများစု ဖြစ်သော မြို့ခံ ၂၀ ခန့်က ကန့်ကွက်ကြောင်း၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး သင်္ဘောဆိပ်တွင် တစ်ကြိမ် မြို့ခံ ၃၀ကျော် က ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ရခိုင် အမျိုးသမီး ကွန်ရက်၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းက ဆိုသည်။

ဆန္ဒပြသူများသည် ဘင်္ဂါလီများကို သွေးထိုး လှုံ့ဆော်သူ ကင်တားနား ထွက်သွား၊ လူ့အခွင့်အရေး အလွဲသုံးစားလုပ်သူ ကင်တားနား ထွက်သွား၊ ကင်တားနား သင်၏ ဘက်လိုက် အကြံပြုချက်များကို အလိုမရှိ၊ ကင်တားနား ဘင်္ဂါလီအတွက် ပွဲစား မလုပ်နဲ့ ထွက်သွား၊ ဘင်္ဂါလီများကို ကင်တားနားနှင့် အတူ ခေါ်သွားရန် အချက် ငါးချက် ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။



ကင်တားနားက ဆန္ဒပြသူများနှင့် တွေ့ဆုံခဲ့ပြီး ၎င်း အစီရင်ခံစာ တင်ရာတွင် ဘက်ပေါင်းစုံက အသံများကို နားထောင်ပြီး လူ့အခွင့်အရေး အခြေအနေ များကို တင်ပြခဲ့သည်ဟု ပြောဆိုခဲ့ပြီး ယခု ခရီးစဉ်တွင်လည်း ဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် ရှိကြောင်း၊ ယခုကဲ့သို့ ဆန္ဒ ထုတ်ဖော်ခြင်းကို လည်း ကြိုဆိုသည်ဟု ပြောဆိုကြောင်း ကင်တားနား ခရီးစဉ်တွင် လိုက်ပါ သွားသူ ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန ဆက်သွယ်ရေး အရာရှိ ဦးအေးဝင်းက ပြန်လည် ပြောဆိုသည်။

ကင်တားနားသည် သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိကာ ယင်းမှ တစ်ဆင့် ဘူးသီးတောင်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ခရီးစဉ်တွင် အကျဉ်းထောင်များ၊ ရခိုင်နှင့် ဘင်္ဂါလီ ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ သိရှိရသည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၁ရက်နေ့တွင် ရောက်ရှိပြီး ရခိုင်ပြည်နယ်နှင့် မိတ္ထီလာ မြို့နယ်တို့တွင် မတူညီသော လူ့အဖွဲ့အစည်းများ ကြား ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို လေ့လာမည် ဖြစ် ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ကို လေ့လာ စစ်ဆေးမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်ထားသည်။

ယခု ခရီးစဉ်တွင် မြန်မာနိုင်ငံရှိ လေ့လာ တွေ့ရှိချက်များကို လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အစီရင်ခံမည် ဖြစ်ကြောင်း အဆိုပါ ကောင်စီထံမှ သိရှိရသည်။

ကင်တားနားသည် ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေး အခြေအနေများ ကို လေ့လာရန် လေးကြိမ်မြောက် သွားရောက်ခြင်း ဖြစ်သည်။

From : ..the voice

မော်ဒယ်ခင်နန်းထိုက်ရဲ့ အနက်ရောင်ဖက်ရှင်နဲ့ဓာတ်ပုံတွေ

Posted by drmyochit Tuesday, August 13, 2013, under | No comments






"ရှင်ဘယ်နေရာရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" - နန်းခင်ဇေယျာ

Posted by drmyochit Tuesday, August 13, 2013, under | No comments


လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အချိန်တိုအတွင်း အင်တာနက်သုံးစွဲသူ မြန်မာတွေရဲ့ အားပေးမှုနဲ့ နာမည်ကြီး လာရင်း သရုပ်ဆောင်၊ ကြော်ငြာ မင်းသမီး ဖြစ်လာသူ နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဓာတ်ပုံ ၂ ပုံနဲ့တကွ  စာသားတချို့ကို ရေးသားထားပါတယ်။


"ရှင် ဘယ်နေရာ ရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" ဆိုပြီး နန်းခင်ဇေယျာက မင်္ဂလာ သတို့သမီး ၀တ်စုံနဲ့ တကိုယ်တည်း စောင့်ဆိုင်းနေပုံကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားပါတယ်။

နန်းခင်ဇေယျာက ချစ်သူ မရှိလို့လား၊ ချစ်သူ ရှိရဲ့နဲ့ အဲဒီချစ်သူကို ရည်ညွှန်းပြောဆိုတာလား ဆိုတာတော့ သူ့ ရဲ့ ရေးသား ဖော်ပြချက်က မရှင်းလင်းပါဘူး။
သူတင်ထားတဲ့ ပို့စ် အောက်မှာ တချို့ ကွန်မန့်တွေမှာလည်း မင်းအတွက် အဆင်သင့်ရှိတယ်တို့ ၊ ဘာတို့ ရေး ထားတာတွေလည်း တွေ့ရသလို ငါကတော့ အမေရိကန် ပြည်ထောင်စုမှာမို့ နောက်ကျမယ်လို့ ရေးထားတာ လည်း ရှိလေရဲ့။

ဘာမှ မရည်ရွယ်ပဲ အပျော်သဘောနဲ့ နောက်တာပါလို့ နန်းခင်ဇေယျာက တင်ထားတာဆိုရင်တော့ မျှော်လင့်နေ သူ မောင်မောင်၊ ကိုကိုတွေလည်း ရင်ကျိုးရမယ် ထင်ပါရဲ့။



အိမ့်သံစဉ် ~ ဧရာဝတီ

Sex ၏ အံ့အားသင့်ဖွယ်ရာ အစွမ်း

Posted by drmyochit Tuesday, August 13, 2013, under | No comments



အိမ်ထောင်သည်တို့ တစ်လင်တစ်မယားစနစ် ကျင့်သုံးပြီး လင်မယား အတူနေတာကြောင့်  အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

- စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။

- သွေးတိုးကို ကျစေပါတယ်။

- ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

- ကိုယ်လက် လှုပ်ရှားမှု လုပ်ဖြစ်စေပါတယ်။

- ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

- နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေပါတယ်။

- ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် တိုးစေပါတယ်။

- စိတ်ဓာတ် သန်မာစေပါတယ်။

- ကိုက်ခဲမှု သက်သာစေပါတယ်။

- အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

- တင်ပါးဆုံတစ်ဝိုက် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

- နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

ကေအမ်

မဟာမုနိဘုရားကြီး ရွှေသင်္ကန်းကပ်လှူရာနေရာသို့ မိန်းမလျာများ တက်ရောက်ခွင့်မပြုတော့

Posted by drmyochit Tuesday, August 13, 2013, under | No comments


မဟာမုနိဘုရားကြီး ရွှေသင်္ကန်းကပ်လှူခွင့်အတွက် အမျိုးသားများကိုသာတက်ရောက်ခွင့်ပြုသော်လည်း မိန်းမလျာများမှာ အမျိုးသမီးအ၀တ်အစားများကို ၀တ်ဆင်ကာတက်ရောက်မှုများရှိနေသည့်အတွက်  မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု မဟာမုနိဘုရားဂေါပကအဖွဲ့မှ သိရသည်။

 `ဘုရားကို ရွှေသင်္ကန်းကပ်လှူပူဇော်တာမှာ ယောက်ျားတွေကိုပဲ တက်ရောက်ခွင့်ပြုတာဖြစ်ပေမယ့်၊ ယောက်ျား ဖြစ်ပေမယ့် မိန်းမလျာဖြစ်နေတဲ့သူတွေက မိန်းမအ၀တ်အစားဝတ်ဆင်တာတို့၊ မိတ်ကပ်လိမ်းချယ်ပြီး ကပ်လှူတာတို့ကြောင့် အရင်နှစ်က ပြဿနာဖြစ်ခဲ့ဖူးပါတယ်၊ ဒါကြောင့် အခုတောင်ပြုန်းပွဲတော်ကာလမှစပြီး တက်ရောက်ခွင့်ပြု တော့မှာမဟုတ်ပါဘူး´ဟု မဟာမုနိဂေါပကအဖွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရားဖူးပြည်သူများက မိန်းမလျာများကို မိန်းမအသွင်မြင်ကာ ဂေါပကအဖွဲ့အား အထင်အမြင်သေးနိုင်ခြင်း၊ တိကျသေချာသော စည်းကမ်းချက်များ ထုတ်ပြန်ထား ရှိလိုခြင်းနှင့် ဘုရားဖူးပြည်သူများစိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရေး ရည်ရွယ်ကာ ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ရွှေသင်္ကန်းကပ်လှူခြင်းပြုလုပ်ရာ အ၀င်လမ်းတွင် ဘုရားကြီးလုံခြုံရေးများကို ချထားဆောင်ရွက်ကာ မိန်းမလျာ များကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများကိုလည်း ဂရုပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် CCTVများကိုလည်း တပ်ဆင်ထားရှိကာ လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

`ဘုရားကြီးအတွင်း လိုအပ်တဲ့စည်းကမ်းချက်တွေကို ဆောင်ရွက်နိုင်အောင်၊ ပြဿနာတွေ ဖြေရှင်းနိုင်အောင် လုံခြုံရေးအတွက် လုံခြုံရေးအင်အား ၆၀ကျော်ခန့်အပ်ထားရှိပြီး ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် စီစီတီဗွီကင်မရာ ဆယ်လုံးနဲ့လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်´ဟု ဘုရားလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ဘုရားကြီးပရ၀ဏ်အတွင်း ခိုးဆိုးနှိုက်များကိုလည်း နေ့စဉ် ဘုရားကြီးလုံခြုံရေးအဖွဲ့နှင့် နယ်မြေ အလိုက် တာဝန်ကျရဲများဖြင့် အရေးယူမှုများပြုလုပ်လျက်ရှိပြီး ဘုရားကြီးဝန်းကျင်တွင် ကော်ရှူမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကော်ရှူသူများကိုလည်း အရေးယူဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကော်ရှူသူ ၁၁ဦးအထိ ဖမ်းဆီးကာ သက်ဆိုင်ရာရဲဌာနသို့ အပ်နှံဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

“ခွဲခြားလိုစိတ်မရှိပေမယ့် ဒီလိုမျိုး အမျိုးသမီးအ၀တ်အစားဝတ်တက်တယ်ဆိုရင်တော့ တားမြစ်သင့်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်နေ ကိုနန္ဒက ပြောသည်။

မင်းခန့်-မန္တလေး(မြစ်မခ)

ချစ်သူနှင့် ထာဝရ လက်တွဲခွင့်ရပြီး ပျော်ရွှင်နေသည့် လီဗြောင်ဟွန်း

Posted by drmyochit Tuesday, August 13, 2013, under | No comments



ချစ်သူနှင့် လက်ထပ် ထိမ်းမြားခွင့် ရခဲ့ခြင်းအတွက် အလွန် ပျော်ရွှင်မိကြောင်း တောင်ကိုရီးယား ရုပ်ရှင် မင်းသား လီဗြောင်ဟွန်းက ဝန်ခံ ပြောကြားလိုက်သည်။ တောင်ကိုရီးယား ရုပ်ရှင်လောက၏ ဦးဆောင် မင်းသား အဖြစ် လူသိများပြီး ဟောလီးဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့သူ လီသည် ကာလရှည်ကြာ တွဲခဲ့သည့် ချစ်သူ လီမင်ဂျွန်းနှင့် စနေနေ့က လက်ထပ်ခဲ့ကြသည်။ ဆိုးလ်တွင် ကျင်းပခဲ့သော မင်္ဂလာပွဲသည် တောင် ကိုရီးယား ရုပ်ရှင်လောက၏ အလင်းလက်ဆုံး ကြယ်နှစ်ပွင့် ပေါင်းဖက်မှုလည်း ဖြစ်လာခဲ့သည်။ အသက် (၄၃)နှစ်ရှိ မင်းသားက ၎င်း၏ ချစ်သူနှင့် လက်ထပ်ခဲ့ရမှုအပေါ် "ကျွန်တော့်အတွက်တော့ အိပ်မက်တွေ တကယ်ဖြစ် လာတာပါပဲ"ဟု မီဒီယာများထံ ပျော်ပျော်ရွှင်ရွှင် မှတ်ချက်ပေးခဲ့သည်။

မင်းသမီး လီကလည်း "မှတ်မှတ်ရရ ကျွန်မတို့ မင်္ဂလာပွဲနေ့ မနက်ပိုင်းမှာ လျှပ်စီးတွေလက်ပြီး မိုးတွေလည်း ခြိမ်းတယ်။ ကိုရီးယား ရှေးရိုး စကားပုံတွေအရ လက်ထပ်ပြီးစ မင်္ဂလာ စုံတွဲတွေအတွက် လျှပ်စီးနဲ့ မိုးခြိမ်းမှုတွေက ကောင်းမွန်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် အတူတကွ အကောင်းဆုံး ရှေ့ဆက်သွားချင်ပါတယ်"ဟု ဖွင့်ဟခဲ့သည်။ G.I. Joe ဇာတ်ကားနှစ်ခုတွင် သရုပ်ဆောင်ခဲ့သလို Iris ဇာတ်လမ်းတွဲများကြောင့် နာမည်ကျော်ခဲ့သော လီသည် မကြာသေးမီက ရုံတင်ခဲ့သည့် Red 2တွင်လည်း မင်းသား ဘရုစ်ဝီလီနှင့်အတူ အပြိုင်ကြဲထားခဲ့သည်။

From: Planet Myanmar Network

ပြည်သူ့အသံ နားထောင်လို၍ တက္ကစီမောင်းသည့် နော်ဝေးဝန်ကြီးချုပ်

Posted by drmyochit Tuesday, August 13, 2013, under | No comments


ပြည်သူ့အသံကို ကိုယ်တိုင်နားထောင်လို၍ တက္ကစီကားမောင်းခဲ့သည့် နော်ဝေးဝန်ကြီးချုပ် ပြည်သူလူထုနှင့် ရင်းရင်းနှီးနှီး ထိတွေ့ စကားပြောခွင့် ရရန်အတွက် နော်ဝေးနိုင်ငံ ဝန်ကြီးချုပ် ဂျန်စတိုလ်တန်ဘာ့ဂ် အနေဖြင့် ကိုယ်တိုင် တက္ကစီမောင်းခဲ့ကြောင်း သိရှိရသည်။ အော်စလိုမြို့တော်တွင်း၌ ဝန်ကြီးချုပ် အနေဖြင့် တစ်ရက်တာ နေ့လယ်ခင်း အချိန်တွင် တက္ကစီတစ်စင်းကို လှည့်ပတ် မောင်းနှင်ကာ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ စတိုလ်တန်ဘာ့ဂ်က တက္ကစီပေါ်တွင် ကားသမားနှင့် ခရီးသည် အပြန်အလှန် ပြောဆိုမှုသည် ပြည်သူများ၏ စစ်မှန်သော ဆန္ဒကို အမှန်တကယ် ဖော်ထုတ်နိုင်သည့် နေရာတစ်ခုဟု ယုံကြည်ခြင်းကြောင့် ယခုအစီအစဉ်ကို လက်တွေ့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လအတွင်းက နေကာမျက်မှန် တပ်ထားပြီး အော်စလို တက္ကစီ ယာဉ်မောင်းများ၏ ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ဝန်ကြီးချုပ်သည် ပြည်သူများနှင့် အပြန်အလှန် စကားပြောဆိုခဲ့သည်။ ထိုအခြေအနေကို ကားထဲတွင် လျှို့ဝှက်တပ်ဆင်ထားသည့် ကင်မရာဖြင့် မှတ်တမ်းတင်ထားပြီး ယခုအခါမှ ဝန်ကြီးချုပ်က ဖော်ထုတ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အချို့သော ခရီးသည်များကမူ ၎င်းကို မှတ်မိသွားသဖြင့် ရယ်မော နောက်ပြောင်နေသည်ကိုလည်း တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ ခရီးဆုံးတွင် ကားခမယူသည်ကို သိရှိသည့်နောက် ဝန်ကြီးချုပ်ကိုယ်တိုင် ကားမောင်းနေမှန်း ခရီးသည်အားလုံး သိရှိခွင့် ရခဲ့ကြသည်။

နော်ဝေးရှိ ကြော်ငြာကုမ္ပဏီ တစ်ခုက ပါဝင်ကူညီသည့် အဆိုပါ အစီအစဉ်၏ ဗီဒီယိုမှတ်တမ်းကို ဝန်ကြီးချုပ်၏ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် စက်တင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အကြိုလှုပ်ရှားမှုများတွင်လည်း အသုံးပြုသွားရန် ရည်ရွယ်ထားသည်။ "အော်စလိုမှာ ကျွန်တော်က လူသိများတဲ့သူပါ။ ဒါပေမဲ့လည်း ယာဉ်မောင်း ထိုင်ခုံနဲ့ ကွယ်ထားတော့ ရုတ်တရက် မမှတ်မိကြဘူးလေ။ ပြည်သူတွေ တကယ်တမ်း ဘာတွေတွေးခေါ်နေတယ် ဆိုတာကို သိရဖို့က ကျွန်တော့်အတွက် အရေးကြီးပါတယ်"ဟု ၎င်းက ဆိုသည်။

ခရီးသည်များနှင့် ၎င်းတို့ကြား ပြောဆိုဆွေးနွေးမှုတွင် တစ်ဦးက ဝန်ကြီးချုပ်အား "ဒီနေရာမှာတော့ ရှင့်အတွေးအခေါ်က စတိုလ်တန်ဘာ့ဂ်နဲ့ တော်တော်တူတာပဲ"ဟု ပြောဆိုသွားသည်ကိုလည်း တွေ့ရသည်။ ဝန်ကြီးချုပ်က ခရီးသည် တစ်ဦးနှင့် ပညာရေးကဏ္ဍကို ဆွေးနွေးရာ ၎င်းက "အရေးကြီးတာက တကယ်ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေကို စီစစ် မြှင့်တင်ပေးဖို့ပဲ။ သူတို့အတွက် ပိုကောင်းတဲ့ ထောက်ပံ့မှုတွေ ဖြစ်လာဖို့က လောလောဆယ် အကျပ်တွေ့နေတုန်းပဲ"ဟု အကြံပြုသွားသည်။ ဝန်ကြီးချုပ်ခမျာ အခြားအချိန်များတွင် VIPယာဉ်တန်းတွင် နောက်ခန်းမှ ခန့်ခန့်ညားညား ထိုင်လိုက်လေ့ ရှိသော်လည်း ကိုယ်တိုင်ကားမောင်းချိန်တွင် အမှားအယွင်း အနည်းငယ် ရှိသဖြင့် ပြစ်တင်ခံလိုက်ရသေးသည်။

အော်တိုဂီယာ တပ်ဆင်ထားသော တက္ကစီကားတွင် ကလပ်ခ်ျနှင့် ဘရိတ်တို့ အမှတ်မှားနေခြင်းကြောင့် အတန်ငယ် ပြဿနာ ကြုံခဲ့ကြောင်း စတိုလ်တန်ဘာ့ဂ်က ဝန်ခံခဲ့သည်။ ၎င်းသည် (၈)နှစ်လုံးလုံး ကားမမောင်းဖြစ်ခဲ့ဟုလည်း ဝန်ကြီးချုပ်က ဖွင့်ဟခဲ့သည်။ စတိုလ်တန်ဘာ့ဂ်သည် နော်ဝေးနိုင်ငံရေး လောကတွင် ထင်ရှားသူ တစ်ဦးဖြစ်သော်လည်း လာမည့်ရွေးကောက်ပွဲတွင် အတိုက်အခံတို့၏ ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

သတင်းထောက် တစ်ဦးက ယခုကိစ္စနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ အရေးနိမ့်ပါက တက္ကစီမောင်းရန် ဆန္ဒရှိမရှိ ကျီစယ်မေးမြန်းခဲ့ပြီး စတိုလ်တန်ဘာ့ဂ်ကလည်း " နော်ဝေးနိုင်ငံရဲ့ တက္ကစီစနစ်က ခရီးသည်တွေအတွက် ကောင်းကောင်း ဝန်ဆောင်မှု ပေးနေနိုင်ပါတယ်။ ဒါက ကျွန်တော် ဝန်ကြီးချုပ် လုပ်နေလို့ပါ။ တက္ကစီ ဒရိုင်ဗာ လုပ်ဖြစ်ရင်တော့ အဲဒီလို မဖြစ်လောက်တော့ဘူး"ဟု ရယ်ရယ်မောမော ဖြေကြားသွားခဲ့သည်။

From: Planet Myanmar Network

ဘိုထိုင်အိမ်သာ အသုံးပြုလျှင် ယောက်ကျားလေးများ ကာလသားရောဂါ ကူးစက်နိုင်၍ မိန်းကလေးများ ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်

Posted by drmyochit Tuesday, August 13, 2013, under | No comments




အများသုံး ဘိုထိုင်အိမ်သာများသုံးရာတွင် ကျန်းမာရေး သတိပေါ့ဆမှုကြောင့် ကူးစက်မြန်ရောဂါများ ဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များကူးစက်မှု လွယ်ကူနိုင် ကြောင်း ဆရာဝန်ကြီးများက ပြောကြား လိုက်သည်။

ယင်းကဲ့သို့ ဘိုထိုင်အိမ်သာများ မသန့်ရှင်းခြင်းအားဖြင့် ကူးစက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါ များနှင့် ယင်း အိမ်သာရေများမှတစ်ဆင့် ကူးစက် နိုင်သည်ဟု သိရသည်။

''တော်ရုံတန်ရုံ ဒီက ရောဂါ ကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါ ပေမဲ့ ဂရုမစိုက်ကြဘူး။ ခုက နေရာ တကာ ဘိုထိုင်ဖြစ်နေပြီ။ အများ သုံးအိမ်သာတွေဆို ပိုဆိုးတယ်။ ဂျပန်နိုင်ငံတွေက ဘိုထိုင်တွေမှာ ဆို တစ်ခါသုံးဆီ စိမ်စက္ကူတွေ သုံး ကြတယ်''ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဝင်းထွဋ်က ပြောသည်။

အဆိုပါ အများဘိုထိုင်များကို သန့်ရှင်းမှုများ ပြုလုပ်ပေးပါသော်လည်း ရောဂါကူးစက်မှုများမှာ မြန်သည်နှင့် နည်းသည်လောက် သာရှိသည်ဟုသိရပြီး ယင်းကတစ် ဆင့် ကာလသားရောဂါပါ ကူးစက် နိုင်သည်ဟု လည်း သိရသည်။

''အမျိုးသားတွေက ကာလ သားရောဂါ ကူးစက်နိုင်တယ်။ မိန်းကလေးတွေကျတော့လဲ ဆီး လမ်းကြောင်းမှာ ပိုးဝင်နိုင်တယ်။ အဲဒီဆီးလမ်းကြောင်းသာမက ဗက်တီးရီးယားပိုးမွှားတွေရှိတယ် ဆိုတာနဲ့ ကူးစက်နိုင်တာပဲ။ ဆေး ရုံ၊ ဆေးခန်းတွေမှာကျတော့ သူတို့ က ကျန်းမာရေးမကောင်းတဲ့လူ နာတွေအတွက် သီးသန့်အနေနဲ့ လုပ်ပေးထားတယ် ဆိုတာလဲ ပိုးသတ်ဆေးသုံးကြတာပဲ။ အများ သုံးအိမ်သာတွေမှာတော့ အမြဲတမ်းပြု လုပ်နိုင်မှာမဟုတ်ဘူး။ ဖြစ် နိုင်ရင် မြန်မာအိမ်သာတွေကိုပဲ အသုံးပြုစေချင်တယ်''ဟု သွားရောဂါကု ဒေါက်တာ စိုးထွန်းက ပြောသည်။

''ခုက ဘိုထိုင်တွေပဲ အသုံးများကြတာလေ။ ရောဂါကူးစက် မြန်တယ်ဆိုတာကိုတော့ သိကြတာပဲ။ ဘယ် တတ်နိုင်ပါ့မလဲ။ တစ်သျှူးနဲ့သုတ်ပြီး ထိုင်ဖြစ်တယ်။ အိမ်သာထဲမှာ ဘယ်လောက်ပဲ ဆေးဖျန်းထားပါစေ လူ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာလဲ။ ဈေးဝယ်စင်တာတွေမှာဆို ပိုဆိုးတာပေါ့''ဟု တောင် ဒဂုံ ရပ်ကွက်နေ မနုက ပြောသည်။

လူအများစုသည် ဘိုထိုင် အိမ်သာများနှင့်ပတ်သက်၍ ကျန်းမာရေးအရ ရောဂါကူးစက်မှု မြန်ကြောင်းကို သိသော်လည်း ကျန်းမာ ရေးအရ စိုးရိမ်မှုမရှိစွာဖြင့် အ သုံးပြုလျက်ရှိကြောင်း သိရသည်။

အကယ်၍ အများသုံးဘို ထိုင်အိမ်သာများ အသုံးပြုမည်ဆိုလျှင် မသုံးမီ ထိုင်မည့်ကာဗာ နှင့်အိမ်သာ တွင်းကို ရေများဖြင့် ဆေးပေးခြင်းနှင့် တစ်သျှူးစများကို ဖြန့်ခင်း၍ထိုင်ခြင်းပြုလုပ်ပြီးမှ အသုံးပြုသင့်သည်ဟု သိရသည်။

By Yangon Time

ခန္ဓာကိုယ်မှ အလိုအလျောက် မီးလောင်ကျွမ်းတဲ့ ရောဂါဆန်းကို ခံစားနေရသည့် ကလေးငယ်

Posted by drmyochit Tuesday, August 13, 2013, under | No comments



အသက် ၃လသာရှိသေးတဲ့ အိန္ဒိယကလေးငယ်ပါ။ Spontaneous human combustion လို့ဆိုတဲ့ ခန္ဓာကိုယ်မှ အလိုအလျောက် မီးလောင်ကျွမ်းတဲ့ ရောဂါဆန်းကို ခံစားနေရတာ ဖြစ်ပါတယ်။ မတော်တဆ လို့ ဆိုရအောင်လဲ တစ်ကြိမ်တခါမက ၄ကြိမ်မြောက်ရှိပြီဖြစ်သဖြင့် လက်ရှိဆေးရုံမှာ အထူးကုများမှ ရောဂါ ဇစ်မြစ်ကို ကုသပေးဖို့ ရှာဖွေနေပါပြီ။

ဒီရောဂါဆန်းကြောင့် ကလေးငယ်ရဲ့ အရေပြား၊ဦးခေါင်းနဲ့ရင်အုပ်တွေမှာ ရရှိထားတဲ့ အပူလောင်ဒဏ်ရာ တွေက မနဲမနောပါပဲ။ ဆရာဝန်တွေကတော့ ကလေးငယ်ရဲ့ ထူးခြားဖြစ်စဉ်ထက် သူ့အနီးအနားမှာရှိတဲ့ လူတွေဆီမှ ထွက်တဲ့(အရက်နံ့) ချွေးနံ့မှတဆင့် လောင်ကျွမ်းမှု ပိုမိုဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထား ပါတယ်။

ဘာကြောင့်လဲဆိုတဲ့ သတင်းအတိအကျကိုတော့ ရှာဖွေနေဆဲပါပဲ။

Ref@dailymai
AkaRy (MM Social Sky)

သမိုင်းထဲက ဗုဒ္ဓဘာသာဝင်တို့၏ မျက်ရည်စက်များ

Posted by drmyochit Tuesday, August 13, 2013, under | No comments


သီရိဓမ္မာသောကမင်း(သို့) အသောမင်းကြီး၏ သာသနာပြု နယ်မြေထဲတွင် ယနေ့ အာဖဂန် နစ္စတန် ဟုခေါ် သည့် နိုင်ငံသည် လည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့သည်။ “ရက္ခိတမထေရ်မြတ်” အမှူးပြုသည့် မထေရ်မြတ် ငါးပါး သာသနာပြု ခဲ့ရာနယ်မြေဟု ဆက်စပ်သိရှိနိုင်သည်။

အာဖဂန်နစ္စတန်တွင် ရှေးက ဗုဒ္ဓဘာသာအလွန်ထွန်းကားခဲ့ကြောင်းကိုေ စတီပျက်များ၊ ကျောင်းကန် ပျက်များ၊ ရုပ်ပွားတော်ပျက်များ ကြည့်ရှု့ေ လ့လာခြင်းဖြင့် ငြင်းမရသော သမိုင်း အထောက် အထား တို့ရှိခဲ့ သည်။

အေဒီ (၅၇၀)တွင် “ဟဂျရတ်မုဟမ္မာဒ်” ပေါ်လာပြီးနောက် တိုင်းပြည် အများအပြားကို စစ်ရေးဖြင့် လည်းကောင်း၊ လူမျိုး ပွား၍လည်းကောင်း အစ္စလာမ်ဘာသာပြန့်ပွားအောင် ကြိုးပမ်းခဲ့ကြသော အာရပ် မွတ်စ လင် တို့သည် အေဒီ (၆-ရာစု မှ ၇-ရာစု)အတွင်းတွင် အာဖဂန်နစ္စတန်ကို
တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

( အေဒီ ၆၀၀ ) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီး နောက်ဘက် တားရီးယားဒေသ ကိုဆက် လက်တိုက် ခိုက်ပြီး ဗုဒ္စဘာသာထွန်းကားရာေ ဘ်ာလ်ကာဒေသ ( Balka )သို.ပါ ရောက်ရှိလာခဲ့သည်။ အေဒီ (၇) ရာစုတွင် အာဖဂန်သို. မူဆလင်များစတင်ရောက်ရှိလာပြီး (၁၀)ရာစုသို.ရောက်သောအခါ
တစ်နိုင်ငံလုံးနီးပါး အစ္စလမ်ဘာသာ သို.ရောက်ရှိခဲ.သည် ။ (၁၁) ရာစု တွင်မူ ဗုဒ္စဘာသာသည် အာဖဂန် နစ္စတန်မှ လုံးဝ ချုပ်ငြိမ်းပျောက်ကွယ်ခဲ့ရသည် ။

များပြားလှသော ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီပုထိုးများနှင့် ဘုရားကျောင်းကန်များကို ဖျက်စီးခဲ့သည့်အနက် မျက်မှောက်ခေတ်ကာလမကြာသေးမှီက နောက်ဆုံးဖျက်စီးခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်များ
အကြောင်းကို ထုတ်နှုတ်တင်ပြပါမည်။

၂၀၀၁ ခုနှစ်၊ မတ်လ၊ ၁၂ ရက်နေ့ကား ကမ္ဘာအနှံ့အပြားရှိ ဗုဒ္ဓဘာသာ ၀င်တို့၏ မျက်ရည်ပေါင်းများစွာ မြေခခဲ့ရသော နေ့တစ်နေ့ဖြစ်သည်။ ကုလသမ္မဂ အတွင်းရေးမှူးချုပ်အဖြစ် “ကိုဖီအာနန်” ဆောင်ရွတ်နေ စဉ် ကာလ၊ တစ်ချိန်တည်းမှာပင် အာဖဂန်နစ္စတန်တွင် မွတ်စလင်လူမျိုး အစ္စလာမ်ဘာသာဝင် အစွန်းရောက် စစ်သွေးကြွများ အုပ်ချုပ်နေစဉ်ကာလ

အာဖဂန်နိုင်ငံ၊ ဘာမီယန်မြို့၌ သဲကျောက်နံရံကြီးများတွင် ထွင်းထုပူဇော် ထားသော နှစ်ပေါင်း (၂၀၀၀)ကျော် သက်တမ်းရှိသည့် ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးများအား “မူလစ်မိုဟာမတ်အိုမာ” ခေါင်းေ ဆာင်သည့် မွတ်စလင်စစ်သွေးကြွများက ဖျက်စီးရန် အမိန့်ထုတ်ခဲ့သည်။

ထိုစဉ်က မူလစ်မိုဟာမတ်အိုမာ ပြောဆိုခဲ့သည်မှာ -

“ဒီရုပ်တုတွေဟာ အစ္စလာမ်မြေပေါ်မှာရှိနေတာဟာ အစ္စလာမ်ဘာသာရဲ့ တားမြစ်ချက်ကို ချိုးဖောက်စော် ကားတာပဲ .. ဒီရုပ်တုတွေဟာ မှားယွင်းတဲ့ အယူဝါဒကို ကိုယ်စားပြုတဲ့အတွက် ဖျက်စီး ရမယ့် စာရင်း ထဲမှာ ပါဝင်တယ် .. ဒီရုပ်တုတွေကို ဗုဒ္ဓဘာသာဝင်တွေ နောက်နောင်ကိုးကွယ်ခွင့်မရအောင်
ဖျက်စီးပစ်သင့်တယ်” ဟုဆိုကာ

ကမ္ဘာ့ဗုဒ္ဓဘာသာဝင်နိုင်ငံများ၊ ကုလသမ္မဂ၊ ကမ္ဘာ့ လူမှု အဖွဲ့အစည်းများနှင့် UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) များ တားမြစ် ကန့်ကွက်သည့် ကြားမှပင် ၂၀၁၁ခုနှစ်၊ မတ်လ၊ ၁၂ရက်နေ့တွင် ပေ(၃၀၀)ခန့်မြင့်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီးများကို စနစ်တကျ မိုင်းဆင်၍လည်းကောင်း၊
ဒိုင်းနမိုက်များဖြင့်လည်းကောင်း၊ လေယာဉ်ပစ်အမြှောက်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်ဖျက်စီးခဲ့သည်။ များစွာသော အစ္စလာမ်ဘာသာဝင်တို့၏ ၀မ်းမြောက်ဝမ်းသာဖြစ်မှုကို တွေ့မြင်ခဲ့ကြရသည်။

ကုလအတွင်းရေးမှူး ကိုဖီအာနန်က -
“အစ္စလာမ်အမည်ခံပြီး ဘယ်သူ့ကိုမှအကျိုးမရှိစေသည့် လုပ်ရပ်ကို သူတို့လုပ်နေကြတယ်..ဒီလုပ်ရပ်ကို ကမ္ဘာ့အရပ်အသီးသီးက ဘယ်သူမှလက်ခံမှာမဟုတ်ဘူး ဆိုတာကို ကျုပ်ပြောရဲတယ်” ဟု ဆိုခဲ့သော်လည်း မည်သည့် အစ္စလာမ်နိုင်ငံများကမှကန့်ကွက်ပြောဆိုခြင်း မရှိခဲ့ချေ။

အမှန်မှာမူ အစ္စလာမ်ဘာသာဝင်တို့၏ “ကုအာရ်”ကျမ်းပါ ညွှန်ကြားချက်အတိုင်း ရုပ်တုကိုးကွယ်သည့် ဘသာဝင် များအား ရန်သူများ အဖြစ် ရည်ညွှန်းထားသည်ဖြစ်ရာ ငြိမ်းချမ်းသည့် ဗုဒ္ဓဘာသာသည် အစ္စလာမ် ဘာသာဝင် တို့၏ အနိုင်ကျင့်စော်ကားရာ ဘာသာအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓရုပ်ပွားတော်များအား ဖျက်စီးအပြီး ညအချိန်သို့ရောက်သော် အပျက်အစီးများ အပေါ်၌ ကျမ်းစာ ရွတ်ဖတ် ၍ အောင်ပွဲခံကြ၏။

အဆိုပါ ဘာမီယန်ဒေသရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးများ ဖျက်စီးခံရသည့်ပုံကို CNN သတင်း ဌာနအပါအ၀င် ကမ္ဘာ့သတင်းဌာနများမှ ထုတ်လွှင့်ပြသသောအခါ မြန်မာအပါအ၀င်
ယိုးဒယား၊ သီရိလကာင်္ စသောကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ကြရသည်။

ထည်ဝါခံ့ညားခဲ့သည့် ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်များမှာ ပြိုပျက်နေသော အပိုင်းအစများ၊ ဗုဒ္ဓ ရုပ်ပွားတော် ဦးခေါင်းပျက်များ နေရာအနှံ့ပျံ့ကျဲနေပုံကို ငိုကြွေးရင်းဖြင့် ကြည့်ရှု့နေခဲ့ရသည်။

မည်သူမှမတတ်နိုင်၊ မည်သည့်အဖွဲ့အစည်းမှ ကြားဝင်ညှိနှိုင်း၍မရ အစ္စလာမ် ဘာသာဝင်တို့၏ ဗုဒ္ဓဘာသာအပေါ် အနိုင်ကျင့်စော်ကားမှုများစွာထဲမှ နောက်အကျဆုံးေ ချမှုန်းစော်ကားမှုဖြင့် အဆိုပါ ၂၀၀၁ခုနှစ်၊ မတ်လ၊ ၁၂ရက်နေ့ကား ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ၏ မျက်ရည်ပေါင်းများစွာ မြေကျခဲ့ရခြင်းဖြင့် အာဖဂန်နစ္စတန်မြေပေါ်မှ ဗုဒ္ဓဘာသာအငွေ့အသက် အပြီးတိုင်ကွယ်ပျောက်ခဲ့ရလေသည်။

From: This Link

အာကာသအတွင်းရှိ အဖိုးတန် ဓာတ်သတ္တုများကို NASA ထောက်လှမ်းမည်

Posted by drmyochit Tuesday, August 13, 2013, under | No comments



အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က အာကာသအတွင်းရှိ အဖိုးတန် ဓာတ်သတ္တုများကို ရယူနိုင်ရန် ထောက်လှမ်းမှု ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။ OSIRIS-REx အမည်ရှိ ထောက်လှမ်းရေး အာကာသယာဉ်ကို (၂၀၁၆)ခုနှစ်တွင် လွှတ်တင်သွားရန် NASAက ရည်ရွယ်ထားပြီး ယင်းသည် ဘန်နူ ဂြိုဟ်သိမ်ဂြိုဟ်မွှားထံသို့ (၂၀၁၈)ခုနှစ်တွင် အခြေချနိုင်မည်ဟု ပညာရှင်များက မျှော်လင့်ထားသည်။ ဘန်နူ၏ မျက်နှာပြင်တွင် အဖိုးတန် သတ္တုသိုက်များ ရှိနေမည်ဟု ယုံကြည်ထားသည်။ NASA၏ အနာဂတ် ရည်မှန်းချက် တစ်ခုဖြစ်သည့် အာကာသ မိုင်းတူးလုပ်ငန်း၏ အစပြုမှုဖြစ်သော ခရီးစဉ်ကို (၂၀၁၆)တွင် အကောင်အထည် ဖော်မည်ဟု အေဂျင်စီက ကြေညာသည်။

အဆိုပါ ခရီးစဉ်သည် သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် အတွက်ရော၊ ကမ္ဘာပေါ်တွင် ရှားပါးလှသည့် သတ္တုများကို လူသားများအတွက် ရယူနိုင်ရန် အတွက်ပါ ကောင်းကျိုး သက်ရောက်စေမည်ဟု NASAမှ ပညာရှင်များက မျှော်လင့်ထားသည်။ ကမ္ဘာပေါ်တွင် သတ္တုသိုက် အရင်းအမြစ်များ တစ်စထက်တစ်စ လျော့နည်း ဆုတ်ယုတ်လာသလို သဘာဝ သယံဇာတများ ရယူရေးအတွက် နိုင်ငံများကြား ပဋိပက္ခများ ကြီးထွားလာသည့် အခြေအနေကို ယခုနည်းလမ်းဖြင့် ထွက်ပေါက်ရှာနိုင်ရန် သုတေသီများက မျှော်လင့်ထားသည်။

အာကာသထဲတွင် မျောလွင့်နေသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများပေါ်၌ သတ္တုရိုင်းသိုက်များ ပေါကြွယ်ဝစွာ ရှိနေသည်ဟု သုတေသီများက ယုံကြည်ထားသည်။ သံနှင့် ပလက်တီနမ်ကဲ့သို့ သတ္တုရိုင်းများသည် လူသားများ၏ ကောင်းကျိုးအတွက် ကြွယ်ကြွယ်ဝဝ အသုံးချနိုင်လောက်သည့် ရင်းမြစ်များ အနေဖြင့် ယင်းဂြိုဟ်သိမ်များပေါ်၌ ခိုအောင်းလျှက် ရှိသည်ဟု NASAက ဆိုသည်။ "(၁၀)မီတာလောက်ပဲရှိတဲ့ ဂြိုဟ်သိမ် သေးသေးလေးလောက်ကို S-Typeလို့ အမှတ်သညာ ပြုပါတယ်။ အဲဒီလို S-Type ဂြိုဟ်သိမ်လေး တစ်ခုပေါ်မှာတင် သတ္တုပမာဏ ပေါင်ချိန် (၁၄၃၃၀၀၀)လောက် ရှိတတ်တယ်။ အဲဒီထဲမှာ ပလက်တီနမ်နဲ့ ရွှေလို အဖိုးတန် သတ္တုတွေက ပေါင်ချိန် (၁၁၀)လောက် ပါဝင်နေတတ်တယ်"ဟု အရီဇိုးနား တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒန်တီလော်ရက်တာက ရှင်းပြခဲ့သည်။ ၎င်းသည် NASA၏ OSIRIS-REx ပရောဂျက်တွင် ဦးဆောင် စုံစမ်းရေး ပညာရှင် တစ်ဦးလည်း ဖြစ်သည်။

NASAအတွက် အဓိက ပြဿနာမှာ ဂြိုဟ်သိမ်များရှိ သတ္တုသိုက်များကို တူးဖော် ရယူရာတွင် ဒေါ်လာ သန်းပေါင်းများစွာ၊ သို့မဟုတ် ဘီလျံနှင့်ချီ ကုန်ကျမည့် အာကာသစခန်းများ တည်ဆောက်ရန် လိုအပ်ခြင်း ဖြစ်သည်။ ထို့အပြင် အာကာသထဲတွင် သတ္တုသိုက်များ တူးဖော်ရာ၌ အတွေ့အကြုံ၊ မြေပုံစနစ်နှင့် သတ္တုသိုက် အမျိုးအစား ခွဲခြားနိုင်စွမ်းတို့ အားနည်း ချို့တဲ့နေဆဲ ဖြစ်သည်။ OSIRIS-REx (Origins, Spectral Interpretation, Resource Identification, Security and Regolith Explorer)သည် လိုအပ်သော အတွေ့အကြုံပိုင်းကို ဖြည့်တင်းပေးနိုင်မည့် ခြေလှမ်းဟု NASAက ယူဆထားသည်။

အဆိုပါ အာကာသယာဉ်ကို (၂၀၁၆)ခုနှစ်၊ စက်တင်ဘာလတွင် လွှတ်တင်ပြီး ဘန်နူ၏ မျက်နှာပြင်ပေါ်သို့ (၂၀၁၈)ခုနှစ်၊ အောက်တိုဘာလတွင် ဆင်းသက်နိုင်ရန် မျှော်လင့်ထားသည်။ ထို့နောက် ဂြိုဟ်သိမ် မျက်နှာပြင်ပေါ်မှ သတ္တု နမူနာများကို ရယူပြီး ကမ္ဘာမြေသို့ ပြန်လာမည်ဟု သိရသည်။ ယမန်နှစ်က Google ကုမ္ပဏီနှင့် ဟောလီးဝုဒ် ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်တို့က ကူညီထောက်ပံ့သည့် သိပ္ပံပညာရှင် အဖွဲ့တစ်ခုက မိမိတို့သည် ဂြိုဟ်သိမ်များပေါ်မှ သတ္တုသိုက်များကို တူးယူနိုင်ရန် ကြိုးစားနေကြောင်း ကြေညာခဲ့ဖူးသည်။ NASAမှ သိပ္ပံပညာရှင်များသည် လာမည့် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုပါ ရည်မှန်းချက် လက်တွေ့ ဖြစ်မြောက်လာမည်ဟု ယုံကြည်နေကြောင်းလည်း သိရှိရသည်။

From: Planet

နှိပ်စက်မှုဒဏ်မခံနိုင်၍ ကေအိုင်အေစစ်သားအဖြစ် ထွက်ဆိုခဲ့ဟု ဦးလထော်ဘရန်ရှောင် ဆို

Posted by drmyochit Tuesday, August 13, 2013, under | No comments


ကေအိုင်အေ စစ်သားအဖြစ် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဦးလထော်ဘရန်ရှောင်က ၎င်းအနေနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) တပ်ဖွဲ့ဝင်များ၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်၍ တရားရုံးတွင် ကေအိုင်အေစစ်သားအဖြစ် ထွက်ဆိုခဲ့ရသည်ဟု ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ပြုလုပ်သော လူထုရှင်းလင်းပွဲ၌ ဦးလထော်ဘရန်ရှောင်က ၎င်းအနေနှင့် ကေအိုင်အေစစ်သားအဖြစ် ထိန်းသိမ်းခံနေရစဉ်အတွင်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓားမြှောင်ကို မီးကင်ကာ ပါး၊ ဝမ်းဗိုက်နှင့် ချက်နေရာများတွင်ကပ်၍ စစ်ဆေးမေးမြန်းခြင်း၊ ပေါင်တွင် ဓားမြှောင်ဖြင့် ထိုးကာစစ်ဆေး မေးမြန်းခြင်း၊ ခြေသလုံးများအား ဝါးလုံးနှင့် ကြိတ်ကာ ကေအိုင်အေစစ်သားအဖြစ် ဝန်ခံ ခိုင်းခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း၊ တရားရုံး၌ ဖြောင့်ချက်ပေးရသော အခါတွင်လည်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်း၏ကိုယ်ပေါ်၌ အသံဖမ်းစက်ကို တပ်ဆင် ပေးထားသဖြင့် ၎င်းတို့ ထွက်ဆိုခိုင်းသည့်အတိုင်း ထွက်ဆိုခဲ့ရကြောင်း ပြောကြားခဲ့သည်။

“အစကတော့ ကျွန်တော့်ကို ကေအိုင်အေ ဗိုလ်ကြီးဆိုပြီး ဝန်ခံခိုင်းတယ်။ကျွန်တော်က မဟုတ်ကြောင်း ငြင်းတယ်။ နည်းပေါင်းစုံနဲ့ ကျွန်တော်ကို နှိပ်စက်ပြီး ဝန်ခံခိုင်းတာ၊ နောက်ဆုံးတော့ ကျွန်တော်လည်း မခံနိုင်တော့လို့ စ.ရ.ဖ များပြောခိုင်းသလို သုံးရစ်ဆိုပြီး ပြောလိုက်ရတယ်” ဟု ဦးလထော်ဘရန်ရှောင်က ဆိုသည်။

ဦးလထော်ဘရန်ရှောင်မှာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိပ်စက်စေခိုင်းမှုဒဏ်ကို မခံနိုင်၍ ကေအိုင်အေ စစ်သားအဖြစ် ထောင်ဒဏ်ကျခံခဲ့ရခြင်း ဖြစ်ကြောင်း၊ စ.ရ.ဖ များဘက်မှ အခြား မည့်သည့် အထောက်အထားမျှ မပြနိုင်ဘဲ ၎င်းတို့ဘက်မှ တင်ပြသောသက်သေ အထောက်အထားများကို လျစ်လျူရှုခဲ့ကြောင်း၊ ဦးလထော်ဘရန်ရှောင်သည် ကေအိုင်အေစစ်သား လုံးဝမဟုတ်ကြောင်း၊ ကေအိုင်အို အဖွဲ့အစည်းနှင့် မည်သို့မျှ မပတ်သက်ခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်လူကြီးများက တူညီစွာ ပြောကြားသည်။

ကချင်နှစ်ခြင်း ခရစ်ယာန် အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဆမ်ဆွမ်က“ကချင် တစ်ယောက်ကိုဖမ်းပြီး နှိပ်စက်လိုက်ရင် ကေအိုင်အေစစ်သား အလိုအလျောက် ဖြစ်သွားပါတယ်။ ဒါ ကချင်လူထုတွေ အားလုံး ခံစားနေရတဲ့ အရာဖြစ်တယ်။တကယ်တော့ စစ်ဘေးဒုက္ခသည်တွေဟာ စိတ်ဓာတ်ရေးရာရော ရုပ်ပိုင်းဆိုင်ရာတွေပါ ဒဏ်ရာ ခံစားနေရသူတွေ ဖြစ်ပါတယ်။

ဒီလိုစိတ်အားငယ်နေတဲ့ချိန်မှာ လှောင်အိမ်ထဲက ငှက်လို ကိုယ်လိုချင်တဲ့ အချိန်မှာ ဖမ်းပြီး၊ ရိုက်ပြီးမှ ကေအိုင်အေ မဟုတ်တာကို ဟုတ်အောင်လုပ်ခြင်းဟာ အင်မတန်မှ ရက်စက်လွန်းပါတယ်။ အင်မတန်မှ တရားလွန်လွန်းပါတယ်။ ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ မဖြစ်သင့်တဲ့အရာပါ” ဟု ဆိုသည်။

ဦးလထော်ဘရန်ရှောင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း ၎င်းအပေါ်တွင် ချမှတ်ခဲ့သော အပြစ်ကို ပယ်ဖျက်ပေးနိုင်ရန်အတွက် အယူခံဝင်သွားမည် ဖြစ်ကြောင်း၊ ခရိုင်တရားရုံးတော်တွင် အယူခံဝင်ထားမှုမှာ ပလပ်ခံခဲ့ရသဖြင့် ကချင်ပြည်နယ် တရားလွှတ်တော်သို့ ဆက်လက် အယူခံဝင်သွားမည် ဖြစ်ကြောင်း ဦးလထော်ဘရန်ရှောင်၏ အကျိုးဆောင်ရှေ့နေ ဦးဂျီမာခါး ဆိုသည်။

ယနေ့ပြုလုပ်ခဲ့သော လူထုရှင်းလင်းပွဲတွင် ကာယကံရှင် ဦးလထော်ဘရန်ရှောင်နှင့် ဇနီးဖြစ်သူ ဒေါ်ဇေညွယ်၊ ရှေ့နေ ဦးဂျီမားခါး၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်လူကြီးများက ရှင်းလင်း တင်ပြခဲ့ကြပြီး ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့သည်။

The Voice Weekly

ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက်

Posted by drmyochit Tuesday, August 13, 2013, under | No comments



ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက် (page 15/world) ဗြိတိန်သူ မိန်းကလေး (၂)ဦးကို အက်ဆစ်ဖြင့် ပက်ခဲ့သည့် မွတ်ဆလင် တရားဟောဆရာ တစ်ဦးအား တန်ဇန်းနီးယား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အယူဝါဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက်ခဲ့ခြင်း ဖြစ်သည်။ ဘက်ထရီသုံး အက်ဆစ်သည် ပြင်းထန်လွန်းပြီး မိန်းကလေး နှစ်ဦး၏ အဝတ်အစားများ မိနစ်ပိုင်းအတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသလို အရေပြားများပါ လောင်ကျွမ်းကုန်သည်

အစ်ဆာကို ခြေရာခံ ရှာဖွေသော ရဲများသည် နိုင်ငံ၏မြို့တော် ဒါအက်စ်ဆာလမ် အနီးတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အစ်ဆာအား မီးခုံးဗုံး သေနတ်ကျည်ဖူးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။ သူငယ်ချင်း နှစ်ဦးဖြစ်သော ကေတီဂီးနှင့် ခရစ္စတီထရပ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်က ခြောက်ခြားစရာ ဖြစ်စဉ်အတွင်း လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံ၌ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ လန်ဒန်ရှိ ဝက်စ်မင်နစ်စတာ ဆေးရုံမှ ဆရာဝန်များက မိန်းကလေး နှစ်ဦး၏ အခြေအနေသည် စိတ်ချရလောက်အောင် တည်ငြိမ်နေပြီ ဖြစ်သော်လည်း သက်တောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးသည် တန်ဇန်းနီးယား ကမ်းလွန်တွင် တည်ရှိပြီး တန်ဇန်းနီးယား အစိုးရ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် ရပ်တည်နေသော ဇင်ဇီဘာကျွန်းသို့ အားလပ်ရက် အပန်းဖြေ ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် မိန်းကလေး နှစ်ဦးကို မိဘများက ချက်ချင်းလိုလို လန်ဒန်သို့ ပြန်လည် ခေါ်ဆောင်လာကာ ကုသမှု ခံယူစေခြင်း ဖြစ်သည်။ ဆေးရုံမှ ဆရာဝန် တစ်ဦးက "လူနာတွေဟာ လောလောဆယ် ဆေးရုံမှာ သက်တောင့်သက်သာ အနားယူနေပါတယ်။ သူတို့ကို မိသားစုတွေက တစ်နေကုန် စောင့်ကြည့်နေကြတယ်။ နှစ်ယောက်စလုံးကို ဆက်ပြီး ကုသမှု ပေးနေဆဲပါ"ဟု ပြောကြားခဲ့သည်။

ဗြိတိန် လွှတ်တော်ရှိ တိုရေးအမတ် ဘီလ်ကက်ရှ်က နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် တန်ဇန်းနီးယားနှင့် ဇင်ဇီဘာတို့သို့ သွားရောက် လည်ပတ်သည့် ဗြိတိန်နိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်သင့်ကြောင်း၊ ယခုဖြစ်စဉ်သည် သာမန် ရာဇဝတ်မှု တစ်ခုထက် လွန်ကဲကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနကလည်း တန်ဇန်းနီးယားသို့ လည်ပတ်မှု လမ်းညွှန် ဝက်ဘ်ဆိုက် စာမျက်နှာတွင် အဆိုပါ ဖြစ်စဉ်ကို သောကြာနေ့က ရေးသား လွှင့်တင်ခဲ့သည်။ မိန်းကလေး နှစ်ဦး၏ မိသားစုက Twitterတွင် လွှင့်တင်သော ဓာတ်ပုံ၌ အရေပြား၌ ဆိုးရွားသော လောင်ကျွမ်းမှုများကို တွေ့မြင်နိုင်သည်။

မိန်းကလေး တစ်ဦး၏ ဒဏ်ရာမှာ အခင်းဖြစ်ပွားစဉ် ကူညီသူများက ညစ်ညမ်းသော ရေများ သုံးမိသဖြင့် ပိုးဝင်ပြီး အခြေအနေ ပိုမို ဆိုးရွားခဲ့ကြောင်းလည်း သိရှိရသည်။ ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုဖြစ်သော စတုန်းတောင်းတွင် သူငယ်ချင်းများက ပင်လယ်ရေများကိုခပ်ကာ လောင်ကျွမ်းဒဏ်ရာကို ဆေးကြောပေးပြီး ကျန်တစ်ဦးမှာမူ အိမ်သာထဲမှ ရေများကို အသုံးပြုခဲ့မိခြင်း ဖြစ်သည်။ "အက်ဆစ်ရယ်၊ ဆားငယ်ရေရယ်ဆိုတော့ ရလဒ်က တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကြောက်ကြောက်လန့်လန့် ဖြစ်ပြီး လျှောက်ပြေးရာက အများသုံး အိမ်သာထဲ ရောက်သွားတယ်။ အဲဒီမှာ မသန့်ရှင်းတဲ့ ရေတွေကို သုံးလိုက်မိတယ်လေ"ဟု ထရပ်၏ ဖခင်က ဆိုသည်။

ရဲတပ်ဖွဲ့သည် မျက်မြင်သက်သေ (၅)ဦးကို မေးမြန်းခဲ့ပြီး မော်တော်ဆိုင်ကယ် စီးလာသူနှစ်ဦးက မိန်းကလေးများ လမ်းလျှောက်လာစဉ် အက်ဆစ်ဖြင့် ပက်သွားခြင်းဟု ထွက်ဆိုခဲ့ကြသည်။ "မိန်းကလေးတွေနောက်ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လိုက်သွားတယ်။ ပြီးတော့ အရည်တွေ လောင်းပက်သွားတာပဲ။ ဒါက အက်ဆစ်လို့ ထင်တယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ သူတို့ထွက်ပြေးသွားတယ်"ဟု မျက်မြင်တစ်ဦးက ဆိုသည်။ မိန်းကလေးများသည် သူငယ်ချင်းများနှင့်အတူ ညစာစားရန် လမ်းလျှောက်လာစဉ် ယခုလို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

သတင်းများက အစ်ဆာသည် အစွန်းရောက် ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် အူရမ်ရှိုနှင့် ဆက်စပ်မှု ရှိနေကြောင်း ဖော်ပြခဲ့သည်။ အစ်ဆာကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ၎င်း၏ ကြံရာပါနှင့် ပတ်သက်၍ တိတိကျကျ မသိရှိရသေးချေ။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ဇင်ဇီဘာကျွန်းသည် အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး မိန်းကလေးများက အပန်းဖြေခရီး ထွက်လာရင်း စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်