Thursday, August 15, 2013

လင်မယားချင်းစကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အားဓါတ်ဆီဖြင့်ပက် မီးရှို့

Posted by drmyochit Thursday, August 15, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၁၅

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မင်္ဂလာဒုံမြို့နယ်နေ ဒေါ်မြင့်မြင့်သည် နေအိမ်တွင် ရှိနေစဉ် မြေးဖြစ် သူ ရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့် ဖခင်တို့ စကားများ ရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန် ခေါ်သဖြင့် ၎င်းတို့ နေထိင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်  နေရာ ချထားရေး ရပ်ကွက်ရှိ နေအိမ်သို့ လိုက်သွားခဲ့ပါသည်။

နေအိမ်သို့ ရောက်ရှိစဉ် သမီးဖြစ်သူ မ၀င်းဝင်းဆွေအား အိမ်နီးနားချင်းများမှ ဆေးလူးပေးနေသည်ကို တွေ့ ရ၍ မေးမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း (ခ) သံနိုင် (ဘ) ဦးခင်မောင်နှင့် စကားများစဉ် ခင်ပွန်း ဖြစ်သူမှ ဓါတ်ဆီနှင့် ပက်ကာ မီးရှို့ခဲ့၍ မျက်နှာ ၀ဲဘက်ခြမ်း ၊ ရင်ဘတ် ၊ လက်နှစ်ဖက်နှင့် ပေါင်နှစ်ဖက်တို့တွင် မီးလောင် ဒဏ်ရာများ ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ခဲ့ပါသည်။

ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ ကုသခဲ့ ရသဖြင့် သိန်းဝင်း (ခ) သံနိုင်အား အရေးယူ ပေးရန် ဒေါ်မြင့်မြင့်မှ တိုင်ကြားခဲ့၍ မင်္ဂလာဒုံ မြို့မ ရဲစခန်း (ပ)၅၀၉/၂၀၁၃၊ ပုးမ ၃၂၆ ဖြင့် အရေုးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

yangonpolice

ကြားရပြန်ပြီ မုဒိမ်းမှုတစ်မှု

Posted by drmyochit Thursday, August 15, 2013, under | No comments

 ခြောက်တန်းကျောင်းသူလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု အမျိုးသားတစ်ဦးစွပ်စွဲခံရ


အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသူလေးတစ်ဦးကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲ ကာအသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို ကလေးမိဘများက သြဂုတ် ၁၃ ရက်တွင် လှည်းကူးရဲစခန်း ၌တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကလေးငယ်သည် စာမကျက်ဘဲ မှိုင်တွေနေသည်ကို မိခင်ဖြစ်သူက မသင်္ကာသဖြင့် မေးမြန်းရာမှ ယခု ကိစ္စကိုသိရှိပြီး ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု တရားလိုဘက်မှ ရဲစခန်းတွင် ထွက်ဆိုထားသည်။
မိဘများက သူတို့သမီးငယ်ကို မေးမြန်းရာတွင် ၎င်းကိုတစ်ရပ်ကွက်တည်းနေ အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးက သြဂုတ် ၃ ရက်ညတွင် တစ်ကြိမ်၊ သြဂုတ် ၄ ရက်တွင် တစ်ကြိမ်၊ သြဂုတ် ၆ ရက် တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ခန့် သားမယားပြုခဲ့သည်ဟု ဆိုသည်။

ကလေးငယ်သည် မိဘများမရှိသည့် အချိန်နေအိမ်တွင်ပင် အဓမ္မကျင့်ခံရခြင်းဖြစ်ပြီး ယခုကိစ္စကို မိဘများ ထံပြန်ပြော လျှင် သတ်ပစ်မည်ဟု ထိုအမျိုးသားကခြိမ်းခြောက်ထားသဖြင့် မပြောခြင်းဖြစ် သည်ဟု လည်း ရဲမှတ် တမ်း တွင် တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မကျင့်သူအဖြစ် စွပ်စွဲခံထားရသူမှာ လှည်းကူးမြို့နယ်မှ ကိုနိုင်လင်းထွန်း ဆို သူဖြစ်ပြီး ၎င်းသည်ကားဆေးမှုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ရဲစခန်းက အတည်ပြု ထားသည်။

ယင်းအမှုကို လှည်းကူးရဲစခန်းက အမှုအမှတ်(ပ)၃၀၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံထားရသူကိုလည်း ပြစ်မှု ဆိုင်ရာ ဥပ ဒေ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်ဟု တိုင်းရဲ ဌာနက သတင်းထုတ်ပြန်သည်။

Mizzima

လိင် ဆက်ဆံ မှု ဦးစား ပေး ချစ်စခန်း ဖွင့် မှု ထွန်းကားလာ

Posted by drmyochit Thursday, August 15, 2013, under | 3 comments




Sex ကိစ္စဆွဲဆောင်မူရှိအောင် ၀တ်ဆင်ထားသောမြန်မာ မိန်းကလေးတစ်ဦး


From : ကျင်ဇော်

လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach
ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့်
Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တခြား ထွန်း ကား လာကြောင်းတွေ့ရှိရသည်။


သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် မန္တလေး မြို့  များရှိ
ငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ သော် လည်း
ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း အများ ဆုံး တွေ့ ရသည်။

အိမ် ထောင် ရှိ သူ တွေ မှာ အများ ဆုံး တွေ့ ရတတ် တယ်။ ကုမ္ပဏီ တွေ ၊ နိုင်ငံခြား အလုပ်ရှင်
တွေ နဲ့  တွဲ လုပ် ရတဲ့ လုပ်ငန်း တွေ မှာ အများ ဆုံး တွေ့ ရတတ်တယ်။ ပါတီ တွေ ၊ ဧည့်ခံ ပွဲ
တွေ က များ တော့ အများစု က ဒီပွဲ တွေ မှာ ပျော် ပါး ရင်း Sex ကို လက် သိပ် ထိုး ပေးတတ် ကြ
တယ် ၊ အချိန် တန် ရင် တော့ အိမ် ပြန် ပေါ့ .. ဟု ခရီးသွား လာရေး ဧဂျင် စီ တစ်ခု မှ မန်နေဂျာ
တစ်ဦး က FNG ကို ပြောသည်။

၉၀ ပြည့် လွန် နှစ် ပိုင်း များ က လက်မထပ် ဘဲ အတူ နေ ယဉ် ကျေးမှု မှာ မြန်မာ နိုင်ငံ တွင် စတင်
ထွန်း ကား လာခဲ့ ပြီး အရွယ် ရောက် ပြီး သူ အမျိုး သမီး များ ၏ ၅ ရာ ခိုင် နှုန်းမှာ လက်မထပ် ဘဲ
အတူ နေ ဘ၀ ဖြင့် အချိန် ကာ လ တစ် ချို့  ကို ဖြတ် သန်း ခဲ့ ကြသည်။

သမုဒယ အယုအယ များ ပါဝင် မှု နည်း သည့် လိုဘ ပြည့် လိင် ဆက်ဆံ မှု တွင် ကောင်း ကျိုး ဆိုး
ကျိုး များ ရှိ သော် လည်း ထင်သာ မြင်သာ ရှိသည့် နောက် ဆက် တွဲ အနေဖြင့် လူမှုရေး အကျိုးဆက်
များ ရှိလာ နိုင် သည် ဟု ကျွမ်းကျင် သူ များ က ထောက် ပြ ကြသည်။

No String Attach ဟု ခေါ်သည့် လွတ်လပ် သည် လိင်ဆက် ဆံ မှု ဦးစား ပေး ပုံစံ အတူနေ ပျော်
ပါး မှု မြန်မာ နိုင်ငံ တွင် အမျိုး သား များ ထက် အမျိုး သမီး များ က ပို ပြီး စိတ် ၀င် တစား ရှိ ကြ သည်
ဟု သိရသည်။


” ယောင်္ကျား တွေ ရဲ့  သဘော မှာ လိင် ဆက်ဆံ ပျော် ပါး ဖို့  က လွယ် ကူ ပြီး မိန်း ကလေး တွေ မှာ တော့ဆန္ဒရှိ ရင် တောင် မလွယ် ဘူး .. ဒါကြောင့် ရင်းနှီး ပြီး ယုံကြည် စိတ် ချ ရသူ တွေ နဲ့  တွေ့ တဲ့ အခါ
No String Attach ပုံ စံ ဖြစ် သွား ကြ တာ ထင်တယ် ” ဟု ခောတ် ပညာ တတ် အမျိုးသမီး အချို့ 
က ခန့် မှန်းကြသည်။

လိင်ပိုင်း ဆိုင်ရာ ဦးစား ပေး ချစ်ကြိုက်မှု ပုံ သဏ္ဍန် သည် အိမ်ထောင် ရှိ သူ များ တွင် အများ ဆုံး တွေ့ 
ရတတ် ပြီး ခင်ပွန်း (သို့  မဟုတ်) ဇနီး မယား ခရီး သွား နေသည့် အခါ ဆိတ် ကွယ် မှု ရသည့် အခါ များ
တွင် နှစ် ဦး နှစ်ဖက် သဘော တူ ညီ ပါ က ခဏတာ ချစ် ဇာတ် လမ်း ဖွင့် ကြသည် ဟု သိရသည်။

No String Attach လိင် ပိုင်း ဆိုင်ရာ ဦးစားပေး ချစ်ကြွမ်းဝင် မှု ပုံစံ ကို တွေ့ ကြုံ ဖူးခဲ့ သည့် အမျိုး
သမီး တစ်ဦး က ” ယောင်္ကျား ကိုလည်း ကျွန်မ ဘာ မှ မျက်စေ့ ဒေါက်ထောက် ကြည့် နေတာ မရှိ ဘူး၊
သူ လည်း ခရီးသွား တယ် ဆိုတာ တစ်ခြား တစ်ယောက် နဲ့  တွေ့ ချင် တွေ့ေ န မှာ ပဲ ၊ ကျွန်မ လည်း
သွေးသား ဖျေဖြောက် မှု တစ်ခု ပဲ ” ဟု ဆိုသည်။

အနောက် နိုင်ငံ များ နှင့် အာရှ နိုင်ငံ များ တွင် ထို ယဉ်ကျေးမှု မှာ အမြစ်တွယ် ပြီး ဖြစ်နေသော်လည်း
မြန်မာ နိုင်ငံ အတွက် မူ အတန် ငယ် စိမ်း နေသေး သည်။

လိင်ပိုင်း ဆိုင်ရာ စိတ် ပညာ ကျွမ်း ကျင် သူ များ က မူ လိင် ကိစ္စ ကို ဖုံး အုပ်ထား တာ ထက် စာရင်
အထိုက် အလျှောက် ဖြေလျှော့ ပေး တာ က စိတ်ကြည် လင် မှု ရရှိ ပြီး ၊ စိတ် ကျ ဆင်း မှု ကို ဟန့်
တား နိုင်တယ် ဟု သုံး သပ် ကြသည်။

အနာဂတ် မြန်မာ နိုင်ငံ တွင် နိုင်ငံ ခြား မှ ရင်းနှီး မြုပ် နှံ မှု မြင့် မား လာ ပြီးပွင့် လင်း လူ့ အဖွဲ့  ဆီသို့ 
ဦး တည် သွား လျှင် ထို ကိစ္စ မှာ ကျွဲ ကူး ရေပါ ၊ ပါ လာ နိုင် ဖွယ် ရှိသည်။

Credit: MyanmarNewsUpdate

ဦးကောင်းမြတ်ထွဋ်အား Eleven Media မှ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုမှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲမည်

Posted by drmyochit Thursday, August 15, 2013, under | No comments




သြဂုတ်လ ၁၃ ရက်နေ့တွင် ထွက်ပေါ်လာသော ဦးကောင်းမြတ်ထဋ်၏ အသံဖိုင်တစ်ခုတွင် မီဒီယာ သမားများကို ဂုဏ်သိက္ခာ ညိုးနွမ်းစေသော၊ လူထုမှ အကြည်အညိုပျက်စေသည့် အသုံးအနှုံးများကို တွေ့ရှိရပါသည်။

ဒါ့အပြင်
“အမည်မဖော်လိုရင် စာနယ်ဇင်းသမားကို မလုပ်နဲ့ ဟိတ်ကောင်”
“မင်းရှင်းလား…။”
“တခြားဟာလုပ်။”
“ဆိုက်ကား ပြောင်းနင်း။” ၊
“ဥက္ကာကိုကိုတို့ ဟိုဟာတို့ ဒီဟာတို့ …”
“ပြုတ်စား ပစ်လိုက်လို့ ရတယ်..။”
“စောက်တလွဲ ကောင်တွေလို သွားမလုပ်နဲ့…။”

စသည့် စကားလုံးများသည့် မြန်မာ့ဂျာနယ်လစ် များကို တိုက်ရိုက်စော်ကားသော စကားလုံးများဖြစ်ပြီး စာနယ်ဇင်းကောင်းစီ (ယာယီ) နှင့် မီဒီယာ ကွန်ယက်တို့ မှလည်း ရှုံ့ချသွားမည်ဖြစ်သည်။

အထူးသဖြင့်
“ငါ.. ငါ့ သတင်းစာမှာ..။ ငါ့ ကိုတောင်မှ အင်တာဗျူးမခံဘူး…။”
“စောက်ရှက်ပဲ..။”
“သတင်းစာ နဲ့ အဓိပ္ပါယ်မရှိဘူး။”

ဟူသည့် စကားလုံးသည် Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ကို တိုက်ရိုက်စော်ကားသလို ဖြစ်နေပါသည်။ ယနေ့ ဂျာနယ်၊ သတင်းစာများတွင် ကိုယ့်သတင်းစာကိုယ် ကိုယ်တိုင်အင်တာဗျူးထည့်မှု အများဆုံးမှာ Eleven Media Group မှ ဂျာနယ်များ နှင့် သတင်းစာများတွင် အများဆုံး ပါလေ့ရှိသည်မှာ ပရိသက်အားလုံး အသိဖြစ်သည်။

အဆိုပါ စကားလုံးများအတွက် ဖြေရှင်းတောင်းပန်စာတစ်ခုကို သြဂုတ်လ ၂၀ ရက်နေ့ မတိုင်ခင် အင်ပါယာ သတင်းစာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ အကယ်၍ ဖော်ပြခြင်းမရှိပါက Eleven Media မှ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုမှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

From: Opp

( ရိုဟင်ဂျာ ဘာလဲ..... ဘယ်လဲ ..... ? )

Posted by drmyochit Thursday, August 15, 2013, under | No comments



သင် တိုင်းပြည်နှင့် လူမျိုးကို ချစ်တယ်ဆိုလျှင် နည်းနည်းလေး အချိန်ပေးပြီး ဖတ်ကြည့်ပါ။

    ဤရှင်းလင်း ပွဲ၏ ရလဒ် အား မြန်မာ တစ် နိုင်ငံလုံးမှ အတည်ပြု လက်ခံ ရန် အလွန်အရေးကြီးသည်။ လက်ခံသော သူမည် မျှ ရှိသည် ကို Like & Share ဖြင့် ဆုံးဖြတ် မည် ဆို လျှင် ရခိုင်လူမျိုးများ နှင့် မြန်မာ တနိုင်ငံလုံးရှိ တိုင်းရင်းသာများ မည်သို့ လုပ်ဆောင်ကြမည်နည်း။ ဤကဲ့သို့ Like & Share ကို သော်မှ လုပ်ရန်ဝန်လေး ကြလျှင် သင် သည် မည်သို့သော မျိုးချစ် ပုဂ္ဂနည်း ဆိုသည်ကို အဖြေ ထုတ်နိုင်ပေပြီ ..

    ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

    ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ၍ မရသလို မဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာကိုမှ ပြောလို့မရကြောင်း၊ ယခုသမိုင်းများကို ရေးသည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင်ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့် ဒေါက်တာအေးချမ်းက ပြောသည်။

    ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။

    ယခု အဖြစ်အပျက်များသည် ဗြိတိသျှ ကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည့်စနစ်၏ ဆိုးမွေတစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိ အခွန်မဆောင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်းသားများကို ရခိုင်ကို သွားခိုင်းကြောင်း၊ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။

    "ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီး ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့ မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ် ၇၀ ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့က သတိမရဘဲ မေ့မေ့လျော့လျော့ နေခဲ့ကြတယ်။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာ အဖြစ်မျိုးလို့ ဆိုရမယ်။ ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုး ပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။

    ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများ အတူယှဉ်တွဲ နေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ (ဂျီဟတ်စ်) ဆင်နွှဲဖို့ ပိုက်ဆံတွေ လှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင် ဒီမှာ ယုံတဲ့သူ ပါသလား" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။

    ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် မစ္စတာ အဘူဂဖားက ဂါးဒီးယန်းသတင်းစာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင် ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော သူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘောပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက် ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာသည့် နောက်တစ်ချက်မှာ ၎င်းတို့သည် ဒေသခံ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေချင်ကြောင်းလည်း ဒေါက်တာအေးချမ်းက ဆက်ပြောပါသည်။

    "ဒါကို ကျွန်တော်နဲ့ ပြင်သစ်သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ပြန်လည်ချေပဖူးပါတယ်။ အာရပ်သင်္ဘော ပျက်တယ်ဆိုတာဟာ ခိုင်မာတဲ့ အထောက်အထား မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီးပြောပါတယ်။ Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်ထပ်က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။

    ပွဲအပြီးတွင် ဒေါက်တာအေးချမ်းက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာတွင် "ဒီလိုမျိုးပွဲမျိုး များများလုပ်ပေးမှ သမိုင်းအမှန်ကို ကိုယ့်ရခိုင်လူမျိုးတွေလည်း သိမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း သိမယ်။ ကျွန်တော့်ကို မေးပါတယ်။ ဒီလိုပွဲမျိုး လုပ်တာဟာ ရခိုင်ပဋိပက္ခကို ပိုကြီးစေချင်လို့လားတဲ့။ မဟုတ်ပါဘူး။ ဒီလိုပွဲမျိုး လုပ်တဲ့အတွက် ပဋိပက္ခတွေက ပိုပြီးတော့တောင် ငြိမ်သွားပါဦးမယ်။ ကျွန်တော် မွတ်စလင် လူငယ်တစ်ယောက်နဲ့ တွေ့ပါတယ်။ ရခိုင်ပြည်ကပါပဲ။ သူက ရခိုင်ပြည်ဟာ သူ့မြေ၊ သူ့ဒေသလို့ ထင်နေတယ်။ သူတို့တွေဟာ ရခိုင်ပြည်ရဲ့ မြေရှင်တွေလို့ ထင်နေတယ်။ သူ့အသက်က ၂၀ ကျော်လောက်ပဲ ရှိမယ်။ တကယ်ကို ထင်နေတာ။ အဲဒီမှာ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ သမိုင်းအထောက်အထားတွေ ပြလိုက်တယ်။ မင်းတို့က ဧည့်သည်တွေ၊ ငါတို့က အိမ်ရှင်တွေ။ မင်းတို့က ဧည့်သည်လိုနေရင် ငါတို့က အိမ်ရှင်လို မနေနိုင်စရာ အကြောင်းမရှိဘူး။ မင်းတို့က မှားနေတာ။ အဲတော့ ဒီလိုနားလည်မှုကို သူတို့ကိုလည်း ပေးရမယ်။ အဲဒါမှ သူတို့က အမှန်တရားကိုသိပြီး ပိုပြီးတော့ ငြိမ်သွားမယ်လို့ ယူဆပါတယ်" ဟု ထည့်သွင်း ပြောကြားသွားသည်။

    ပွဲအပြီး မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေအချို့

    မေး - ကျောက်စာဟာ Primary Source လား။ Secondary Source လား။
    ဖြေ - Primary Source ပါ။

    မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား။
    ဖြေ - ရခိုင်စကားလည်း မဟုတ်ပါဘူး။ ဗမာစကားလည်း မဟုတ်ပါဘူး။ သက္ကတ ဘာသာစကား ဖြစ်ပါတယ်။

    မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကားနှင့် အများဆုံး တူညီနေသည်ကို သိပါသလား။
    ဖြေ - အာနန္ဒာ့ဆန္ဒ ကျောက်စာကို သက္ကတ ဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ ဘင်္ဂါလီ စကားဟာလည်း ဘာသာစကား ပညာရှင်တွေ ဘာသာစကားတွေကို အုပ်စုခွဲလိုက်တဲ့အခါမှာ သက္ကတဘာသာစကား၊ ပါဠိဘာသာစကား၊ ဟိန္ဒူ၊ ဘင်္ဂါလီအားလုံးဟာ အင်ဒိုအာရိယ ဘာသာစကား အုပ်စုထဲမှာ ပါပါတယ်။ အဲတော့ သက္ကတဘာသာစကားနဲ့ ဘင်္ဂါလီစကား ဝေါဟာရတွေ တူတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး။

    မေး - မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်သည် ဝေသာလီခေတ်သုံး စကားသည် ယနေ့ ရိုဟင်ဂျာများ ပြောသောစကားနှင့် အများဆုံး တူညီနေတာ သိပါသလား။
    ဖြေ - ကျွန်တော်တို့ ပုရပိုဒ်နဲ့ ပေစာဆိုတာ ဟိုအရင်တုန်းက ပြောနေတဲ့ ပုရပိုဒ်ဆိုတာ အနှစ်ငါးဆယ်ထက် ပိုမခံဘူး။ ပေစာဆိုတာ အနှစ်တစ်ရာထက် ပိုမခံဘူး။ အဲဒါတောင် ရေနံသုတ်ထားမှ။ အဲဒါဟာ ဝေသာလီခေတ်ကဟာကို ပုရပိုဒ်ပေါ်မှာ တင်ထားတာကို ယုံကြည်လို့ရလား။ မရဘူးလား။ (မရဘူးတဲ့)။ ကျွန်တော့်ဆရာ ဒေါက်တာမျိုးမြင့်က ဖြေပါတယ်။

    မေး - ၁၇၉၉ ခုနှစ်တွင် အင်းဝနေပြည်တော်ရောက် ဗြိတိသျှသံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရိုဟင်ဂျာလူမျိုးနွယ်စုရှိပြီး ၎င်းတို့မှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ အာရကန်ရခိုင်ဒေသ...။
    ဖြေ - အဲဒီမေးခွန်းဟာ နိမိတ်ပြမေးခွန်းလို့ ခေါ်တယ်။ ဒါပေမဲ့ မေးပုံက မှားနေတယ်။ တင်ပြပုံက မှားတယ်။ ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေမလဲ။ ဒါပေမဲ့ ကျွန်တော်ဖြေပါမယ်။ ဖရန်စစ်ဘူချနန်ရေးတဲ့ စာအုပ်က ကျွန်တော့်မှာ ကော်ပီဆွဲထားတာချည်း လေးအုပ်လောက်ရှိတယ်။ ခုနက ကျွန်တော်ပြောတဲ့ထဲမှာလည်း ပါတယ်။ ရခိုင်ပြည်က ပြေးလာတဲ့သူတွေကို ရခိုင်ဂျာ၊ ရခိုင်ဆိုတာကို ဘင်္ဂါလီတွေက ရိုရှန်၊ ရိုဟန်လို့ခေါ်တဲ့အတွက် အဲဒီက ပြေးလာတဲ့ရခိုင်တွေကို ရိုရှန်ဂျာ၊ ရိုဟန်ဂျာလို့ ခေါ်တယ်လို့ဆိုတာ ဘူချနန်ရေးထားတယ်။ ဒီလူတွေ မွတ်စလင်ဖြစ်တယ်ဆိုတာ ဘယ်စာမျက်နှာမှာ ပါလဲ။ ပြောနိုင်တဲ့သူ အခုထပြောပါ။ ပြနိုင်တဲ့သူရှိရင်လည်း လာခဲ့ပါ။

    မေး - ဖရန်စစ်ဘူချနန်သည် ရိုဟင်ဂျာဘာသာစကား သီးခြားရှိပြီး ဘင်္ဂါလီ ဘာသာစကားနှင့် မတူကြောင်း စစ်တမ်းပြုစု မှတ်တမ်းတင်ထားသည်ကို သိပါသလား။
    ဖြေ - ရိုဟင်ဂျာဆိုတဲ့ စကားဟာ ရခိုင်ဂျာ၊ ရဟန်ဂါ။ ရခိုင်စကားနဲ့ ဘင်္ဂါလီစကား ဘယ်လိုလုပ် တူမှာလဲ။ ဒါမှန်တယ်။ ဒီနေ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုပြီး ခေါ်တဲ့သူတွေဟာ ဘင်္ဂါလီတွေ။ ဘင်္ဂါလီစကားမှာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ နေဖူးတဲ့သူတွေ ပါကောင်းပါမယ်။ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်း လေ့လာ ထားတယ်။ ကျွန်တော် ဘူးသီးတောင် မောင်းတောမှာ ပြောတဲ့စကားကို အခု ကျွန်တော်နဲ့ လာပြောပါ။ အဲဒီစကားကို ကျွန်တော် ပြောတတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါမှာ အာလဗန်ဆိုတဲ့ ဒေသကို ကျွန်တော်ရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော် ဆိတ်သားစားချင်တော့ စစ်တကောင်းစကားနဲ့ ပြောတယ်။ သူတို့ နားမလည်ဘူး။ အဲတော့ ဒီလို ဒေသစကား မတူတာတော့ ရှိတာပေါ့။ ကျွန်တော် ရခိုင်လိုပြောရင် တချို့ဗမာတွေ နားလည်ချင်မှ နားလည်မှာပေါ့။ အဲလို ကွဲပြားတာတော့ ရှိတာပေါ့။ ဒါကို သီးခြား ရိုဟင်ဂျာ ဘာသာစကားရယ်လို့ ဘယ်အမှတ်အသားမှာမှ မရှိဘူး။ လာပြီး မလိမ်ကြပါနဲ့။ ကျွန်တော် လူရှေ့မှာ မလိမ်ဘူး။ အမှန်တရား အပေါ်မှာပဲ သစ္စာရှိတယ်။

    မေး - ၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး အာရကန်အုပ်ချုပ်ရေးမှူးက အာရကန်မွတ်စလင် သုံးသောင်း၊ ဗမာလူမျိုး တစ်သောင်းဟု ဖော်ပြထားသည်ကို သိပါသလား။
    ဖြေ - သိတာပေါ့။ ဟုတ်ပါတယ်။ အဲဒါ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာက ရိုဟင်ဂျာလို့ မရေးပါဘူး။ ဂျက်လိုင်ဒါက ဒါကို ယူတယ်။ ရခိုင်လူမျိုး တစ်သိန်းကျော် ဆိုတာကို ယူတယ်။ ဒါက ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ မဆိုင်ပါဘူး။

    မေး - နိုင်ငံတကာမှာ Over Stay ရှိပါတယ်။ သူတို့ကရော Over Stay တွေလား။
    ဖြေ - သူတို့က တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ Over Stay မဟုတ်ဘူး။

    မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏ အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။
    ဖြေ - ဧည့်နိုင်ငံသား ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့် သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့ သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိထားတဲ့ အေးချမ်းသည် မဲပေးပိုင်ခွင့် မရဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။ သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့်လား။ ရေးထားတာက ယာယီ မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့ မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ်ထားတယ်။ ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက်ကို ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံ ရှိဦးမလား။

    မေး - အခုလို ရန်ကုန်ကို လာဟောပြောတာဟာ ဘာသာရေးစစ်ပွဲ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတာလား။
    ဖြေ - ကျွန်တော် ကြောက်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် စစ်ကိုရှောင်ချင်တယ်။ ဒီမေးခွန်း မေးတဲ့သူကို ကျွန်တော် မေးချင်တယ်။ ခင်ဗျားအိမ်မှာ ကျွန်တော် တစ်ရက်နေမယ်။ နောက်တစ်ခါ နောက်တစ်ရက် နေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်ပတ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက် ကျွန်တော်က ခင်ဗျားကို ကန်ထုတ်ပစ်မယ်ဆိုရင် ခင်ဗျားလက်ခံနိုင်ပါ့မလား။ အဲဒါကိုပဲ ဖြေကြည့်လိုက်ပါ

MyanmarDaily.net

iPhone 5 ပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး မျက်လုံးထိခိုက်ခဲ့ဟုဆို

Posted by drmyochit Thursday, August 15, 2013, under | No comments



Appleကုမ္ပဏီ၏ စမတ်ဖုန်းဖြစ်သော iPhone 5၏ လုံခြုံရေးဆိုင်ရာ မေးခွန်းထုတ်စရာ အခြေအနေများ ထပ်မံပေါ်ပေါက်လာကြောင်း သိရသည်။ မကြာသေးမီ လပိုင်းက တရုတ်နိုင်ငံတွင် လေယာဉ်မယ်တစ်ဦး အားသွင်းထားသည့် iPhone 5ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးခဲ့ပြီး ယခုတစ်ဖန် တရုတ်နိုင်ငံတွင်ပင် iPhone 5ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး မျက်လုံး ထိခိုက်မှု ဖြစ်ပွားခဲ့ပြန်ကြောင်း သတင်းများက ဆိုသည်။ Cnet သတင်းဌာနက တရုတ်မီဒီယာများ၏ အဆိုကို ကိုးကားပြီး iPhone 5သည် အမျိုးသမီး၏ လက်ထဲတွင်ပင် ပေါက်ကွဲခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ လီဟုသာ အမည်ဖော်ပြသော အမျိုးသမီးသည် ယင်းဖြစ်စဉ်တွင် မျက်စိကွယ်လုလုထိ ဖြစ်ခဲ့ကြောင်းလည်း ကာယကံရှင် ကိုယ်တုင်က ဒါလီယန် ညနေခင်း သတင်းစာသို့ ပြောကြားမှုအရ သိရှိရသည်။

လီသည် iPhone 5ဖြင့် မိနစ်(၄၀)မျှကြာအောင် ဆက်တိုက် ဖုန်းပြောနေခဲ့သည်။ ထို့နောက် သူမ၏ပါးတွင် ဖုန်းScreen၏ ပူနွေးလာမှုကို ခံစား သိရှိလာသည့်နောက် စကားပြောမှုကို အဆုံးသတ်လိုက်သည်။ လီက ဖုန်းကို စစ်ဆေးကြည့်ရာ ဖုန်း၏ Screenသည် တုံ့ပြန်နိုင်စွမ်း မရှိဘဲ ရပ်တန့်နေသည်ကို တွေ့ရှိခဲ့ရသည်။ မကြာမီမှာပင် သူမလက်ထဲ ကိုင်ထားသော ဖုန်းက ပေါက်ကွဲမှု ဖြစ်ပွားကာ အစအနများက မျက်လုံးကို စင်ခဲ့ခြင်းဟု လီက ရှင်းပြခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အနီးအနားမှ လူများက လီကို ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ရသည်။ ဖုန်းများ ပေါက်ကွဲမှုသည် Appleသာ ကြုံရခြင်း မဟုတ်ဘဲ ၎င်း၏ပြိုင်ဘက် Samsung အတွက်ပါ ပြဿနာ တစ်ခုဖြစ်နေသည်။ ပြီးခဲ့သည့်လက ဟောင်ကောင်တွင် နေထိုင်သူ တစ်ဦး က Galaxy S4ဖုန်း ပေါက်ကွဲမှုကြောင့် မိမိအိမ် မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

လေယာဉ်မယ် အမျိုးသမီး ဓာတ်လိုက် သေဆုံးမှုတွင် Appleက အားသွင်းသော Chargerသည် မိမိတို့ ကုမ္ပဏီထုတ် မဟုတ်သည်ကို ထောက်ပြ အပြစ်တင်ခဲ့ပြီး ယခုကိစ္စတွင်မူ တစ်စုံတစ်ရာ မှတ်ချက် မပေးသေးချေ။ ဒါလီယန် ညနေခင်း သတင်းစာတွင် ဖော်ပြခဲ့သည့် ဖော်ပြထားမှုနှင့် ပတ်သက်ပြီး Apple၏ ဝန်ဆောင်မှု ဌာနက ပိုမို တိကျစွာ စုံစမ်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဝေဖန်ခဲ့သည်။ လီကမူ သူမအနေဖြင့် Appleထံမှ တစ်စုံတစ်ရာ နစ်နာကြေး တောင်းဆိုလိုသော အစီအစဉ်မျိုး မရှိဟု ပြောကြားထားသည်။

From: Planet Myanmar Network

အုပ်စုဖွဲ့သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရုတ်တွင် ဖြစ်ပွား

Posted by drmyochit Thursday, August 15, 2013, under | No comments



ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်းကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်း တွင်ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာသတင်းအရ သိရသည်။ အ ဆိုပါလူအုပ်စုထဲမှ တချို့သည် ''ဟာဘင် ရထားသံလမ်း အစိုးရ ဌာန'' ဟူသောစာတန်းများရေး သားထားသည့် တီရှပ်များဝတ် ဆင် ထားကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ရထားသံ လမ်းရေးရာဝန်ကြီးဌာနကို မတ် လက ဖျက်သိမ်းခဲ့ပြီး အလုပ်များ ပြတ်တောင်း သွားမည်ကို စိုးရိမ် နေကြသည်။ တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ရှီဟာဘင်ပြည် နယ်တွင် ၁၉၉ဝပြည့် နှစ်နှောင်း ပိုင်းမှစပြီး နိုင်ငံပိုင်စက်ရုံပြန် လည်ဖွဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်နေခဲ့ရ သည်။ အဆိုပါအုပ်စုဖွဲ့အဆိပ် သောက်သေကြောင်းကြံစည်မှု သည် ပေကျင်းအနောက်ဘက် ရထား ဘူတာ အနီး ရှိလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ရဲများနှင့်အရေး ပေါ်လူနာတင်ယာဉ်များက ၎င်း တို့ကို ဆေးရုံ သို့ခေါ်ဆောင်သွား ကြောင်း သိရသည်။

အဆိပ်သောက်သူများတွင် သေဆုံးသူရှိမရှိကို မဖော်ပြခဲ့ဟု သိရသည်။ အဆိုပါအုပ်စုတွင် ပါဝင်သူများ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် သေကြောင်း ကြံစည်မှုအများဆုံးနိုင်ငံတစ်ခု ဖြစ်သည်။



ပေကျင်း၊သြဂုတ်(၁၄)
Ref: AFP

ကိုယ်ဝန်လွယ်ထားပြီး လက်ထပ်ခါနီးစုံတွဲ မိဘချင်းပေးတွေ့မှ မောင်နှမဖြစ်နေမှန်း သိလိုက်ရ

Posted by drmyochit Thursday, August 15, 2013, under | No comments



လောကကြီးဟာ ဆန်းကြယ်လွန်းတယ်... မရည်ရွယ်ပေမယ့်လည်း လူသားတွေကို အပြစ်တွေကျူးလွန်မိစေတယ်။ တိုက်ဆိုင်မှုတွေကလည်း တခါတလေမှာ ထူးဆန်းလွန်းလှပါတယ်။


ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ စုံတွဲဟာ တခြား သာမန် လူတွေလိုပါပဲ... တက္ကသိုလ်မှာ ကျောင်းတက်ရင်း နှစ်ဦး သားတွေ့ခဲ့ရာကနေ ချစ်ကြိုက်မိပြီး ငါးနှစ်ကြာ အတူနေထိုင်ခဲ့ပါတယ်။ ကောင်မလေးက ကိုယ်ဝန် လွယ်ထားတာ နောက်လထဲ မွေးဖွားရတော့မယ့် အခြေအနေမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ဆုံးဖြတ် လိုက်ကြပြီး သူတို့ဆီက ထုံးစံအတိုင်း မိဘချင်းပေးတွေ့ပြီး လက်ထပ်ကိစ္စစီစဉ်ဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြတဲ့ မောင်နှမတွေမှန်း သိခဲ့ကြရပါတယ်။

သူတို့နှစ်ဦးစလုံးကို ယခုချိန်ထိ မိဘတစ်ဦးစီက ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး ကောင်လေးက သူ့တို့အဖေနဲ့ ကောင်မလေးက သူတို့အမေနဲ့ ကြီးပြင်းခဲ့ကြတာပါ။ သူတို့ အဖေနဲ့ အမေဟာ ကောင်လေး အသက် ၂နှစ်ခန့်အရွယ်၊ ကောင်မလေး အသက် ၈လအရွယ်ခန့်မှာ အငြင်းပွားဖွယ် လင်မယား ကွဲကွာ ခဲ့ကြပြီး အဲဒီတုန်းက အဖေဖြစ်သူက အမေဖြစ်သူကို သူ့အပေါ်လိမ်ညာနေတယ်လို့ ပြောပြီး ၁၉၈၃ ခုနှစ် ကတည်းက သူမကိုစွန့်ခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်လုံး သူတို့မှာ မောင်နှ မရှိခဲ့ကြမှန်း လုံးဝ မသိခဲ့ပါဘူး...

သူတို့နှစ်ယောက်လုံး အခုချိန်ထိ အံ့သြပြီး ရှော့ခ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ... ကောင်မလေးက ရှင်းပြရာမှာ ကျွန်မတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာပါ။ အဲအချိန်ကစပြီး ကျွန်မတို့ ရှေ့ရေးအတွက်ပဲ စဉ်းစားခဲ့ကြပြီး ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့ မစဉ်းစားခဲ့ကြပါဘူး.. ကျွန်မတို့ ကလေးတွေ အများကြီးယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုကို ဖန်တီးဖို့ ရိုးရိုးလေးပဲ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အခုဒါကို သိလိုက်ရတဲ့အချိန်မှာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခံစားရပါတယ်။ ကောင်လေးကတော့ ကွဲကွာနေတဲ့ မိသားစုနှစ်ခုနဲ့ ဒီပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ထပ်ဖို့ကိစ္စကို လုံးဝ ဖျက်ပစ်လိုက်ကြပါပြီး...

သူတို့လူမှုအဖွဲ့အစည်းမှာတော့ သွေးနီးချင်း နှီးနှောတာကို လုံးဝလက်မခံတတ်ပါဘူး... ဒါဟာ စဉ်းတောင်မစဉ်းစားသင့်တဲ့ ကိစ္စလို့ ယုံကြည်ထားတဲ့ လူတွေဖြစ်ပါတယ်။ ဗြိတိန်က ဆေးဂျာနယ်ရဲ့ သုတသနမှာတော့ ဒီလိုကိစ္စဟာ မောင်နှမအရင်း၊ တစ်ဝမ်း နှစ်ဝမ်းကွဲမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ကြီးလာမှ ပြန်တွေ့ကြတဲ့အခါ ကာမရာဂနဲ့ ချစ်ကြိုက်မိတဲ့ စိတ်တွေ ဖြစ်ပေါ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို မောင်နှမနဲ့ ၀မ်းကွဲအချင်းချင်း အတူကြီးပြင်းခဲ့ရင်တော့ ဒီစိတ်တွေဟာ သွေးချင်းနှီးနှောလို့ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကာမရာဂစိတ်တွေကို တွန်းလှန်ပြီးသား ဖြစ်သွားတယ်လို့ ဒီသုတေသနက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါကို သူတို့က Genetic Sexual Attraction (GSA) လို့ အမည်ပေးထားပါတယ်။ အောက်မှ အသေးစိတ် ရှင်းပြထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူး... သတင်းဖတ်ပြီး ကိုယ်တိုင်လည်း အင်မတန်မှ ရှော့ခ်ရပြီး ကြောက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ်တွေ ဗုဒ္ဓဘာသာအမြင်နဲ့ဆိုရင် ၀ဋ်ကြွေးလို့ပဲ ပြောရမလားပါပဲ။

THE POWER OF GENETIC SEXUAL ATTRACTION

Genetic Sexual Attraction (GSA) is a term that describes the phenomenon of sexual attraction between close relatives, such as siblings, first and second cousins or a parent and offspring who first meet as adults.

It is not the same as incest, though this is what it is called if a sexual relationship is then entered into.

The term GSA was coined 30 years ago by American Barbara Gonyo. She wrote a book about the lust she felt for the adult son she had given up for adoption 26 years earlier.

She never acted on her feelings.

GSA is rare between people raised together in early childhood due to a reverse sexual imprinting known as the Westermarck effect, which desensitizes them from sexual attraction.

Experts believe that this effect evolved to prevent inbreeding.

News Source:
http://www.dailymail.co.uk/news/article-2057081/Engaged-couple-disc...

သတင်းကိုဖတ်ပြီးတော့စိတ်မကောင်းပါဘူး

ကင်တားနား ကချင်ရောက်၊ ကေအိုင်အေနဲ့ ကချင်အစိုးရကို တွေ့ခဲ့

Posted by drmyochit Thursday, August 15, 2013, under | No comments


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနားဟာ သြဂုတ်လ ၁၄ ရက်နေ့က ကချင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို KIO ကချင်ပြည်လွတ်မြောက်ရေး နည်းပညာ အကြံပေး အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ သောမတ်စ် အိုဟေး ကင်တာနား ဦးဆောင်တဲ့ အဖွဲ့ ကနေပြီး တွေ့ဆုံ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ KIO ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ နည်းပညာအကြံပေး အဖွဲ့က ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်ခါး က သတင်းထောက်တွေကို အခုလို ပြောပါတယ်။

ဒီနေ့ကတော့ ထွေထွေထူးထူး ဆွေးနွေးတာတော့ မရှိပါဘူး ဒါပေမယ့် အခုလို ကချင်ပြည် နယ်ထဲက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို သူစိတ်ဝင်တစား လာပြီးတော့ စုံစမ်းတယ် ပြီးရင် KIO ရဲ့ အနေအထားတွေကို သိချင်တဲ့ ဆန္ဒနဲ့ လိုင်ဇာ အထိသွားမယ်ဆိုတော့ ဒါ ကျနော်တို့ ပေါ့စတစ် ပေါ့ ဒါ ကျနော်တို့ ၀ယ်လ်ကမ်း လုပ်ပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်တာဝန်ရှိသူတွေအပြင် အရပ်ဖက် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး KIO ဌာနချူပ်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း ဆက်ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ ကချင်ပြည်နယ်ကို ဒုတိယအကြိမ်မြောက် လည်ပတ်တာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို လာလေ့လာတာဟာ ၇ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

ကချင်ပြည်နယ် ခရီးမစတင်ခင် သြဂုတ်လ ၁၃ ရက်နေ့ကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချူပ် ၊ မျိုးဆက်သစ်လူငယ်များအစည်းအရုံး၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်၊ ရှေ့နေများကွန်ယက်၊ တိုင်းရင်းသားလူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချူပ်မှာ ခေါ်ယူတွေ့ဆုံပြီး လက်ရှိလူ့အခွင့်အရေး အခြေအနေတွေ မေးမြန်းခဲ့ပါတယ်။

မစ္စတာ သောမတ်စ် ကင်တာနားဟာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကနေ မထွက်ခွာခင် သတင်းစာရှင်းလင်းပွဲလုပ်မှာ ဖြစ်ပြီး လာမည့်အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းမယ့်အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ ထားပါတယ်

ABC Radio Australia


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana

တာချီလိတ် ခရိုင်က ပြည်သူ့ စစ်ခေါင်းဆောင် အိမ်၌ ဗုံးကွဲ တဦးသေ

Posted by drmyochit Thursday, August 15, 2013, under | No comments


တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ အခြေစိုက် ပြည်သူ့စစ် ခေါင်းဆောင် တဦး၏ နေအိမ်တွင် ဗုံးတလုံး ကွဲကာ လူတဦးေ သဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိသည်ဟု ဒေသခံများက ပြောသည်။

“အိမ်က သူ့တပည့် အိမ်ဒေါင့်မှာ ရှိတဲ့ ဗုံး အဟောင်း ယူဆော့လို့ ကွဲသွား တာတဲ့။ အဲဒီ ဆော့တဲ့ ကောင်လေးက ဗမာ လူမျိုး။ သူ့ဆီမှာ အလုပ် လာလုပ်တာတောင် မကြာသေးဘူး၊  အသက် ၂၂ နှစ်ဘဲ ရှိသေးတယ် ပွဲချင်းပြီး သေတယ်။ နောက်သုံးယောက် ဒဏ်ရာ ရတယ်ပြောတယ်” - ဟု တာလေမြို့ခံ စိုင်းလာဆိုင် က ပြောသည်။

၂၀၁၃ ဩဂတ်စ် ၁၂ ရက်  နေ့ခင်းပိုင်းတွင် တာလေမြို့နယ်ခွဲ  မြို့လမ်းမ ပေါ်ရှိ ဦးခင်မောင်လတ် (လားဟူ အမျိုးသား) တာလေ မြို့ ပြည်သူ့စစ် ခေါင်းဆောင်၏ နေအိမ်၊ ခမလ သတ္တုတူးဖေါ်ရေး ကုမ္ပဏီ တွဲလျက် ဖွင့်ထားသော ရုံးခန်းတွင် ဗုံး တလုံး ပေါက်ကွဲ ခဲ့သည်ဟု ဆိုသည်။

“ဦးခင်မောင်လတ် ခေါ် စိုင်းအင်းဆိုင် က နမ့်လင်းချောင်းတလျှောက်ထွက်ရွှေတွေကို တူးဖေါ်တဲ့ ကုမ္ပဏီ အိမ်နဲ့ တွဲလျက် ဖွင့်ထားတယ်။ သူ့သားကြီးက တာလေမြို့နယ်ခွဲ ဥက္ကဌ ဦးသန့်ခင်လတ်တဲ့။ လူနာတွေတော့ အရှေ့ဘက်ကမ်း သွားကု နေတယ်လို့ ပြောတယ်” - ဟု ရပ်သား တဦးက ပြောပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ မတော်တဆမှု မဖြစ်နိုင်ကြောင်း ဝေဖန်သံ များလည်း ရှိနေ ပါသည်။ သီးခြား အတည် ပြုချက်တော့ မရသေးပေ။

တာလေမြို့နယ်ခွဲသည် ၂၀၁၁ က အင်အားပြင်း ငလျင်ဒဏ်  ခံခဲ့ ရသည့် မြို့ဖြစ်သည်။ ထိုစဉ် ဦးခင်မောင်လတ် အိမ်လည်း ပျက်စီးမှု တော်တော် များများ ရှိခဲ့သည်။

တာလေ ပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင်လတ်သည် အစိုးရ၊ စစ် အရာရှိကြီးများ ဝင်ဆန့်နိုင်သူ ဖြစ်၏။ နမ့်လင်းချောင်း ရွှေလုပ်ငန်း တူးဖေါ်ရေး လုပ်ငန်း ကုမ္ပဏီများ အနက် ၎င်းကုမ်ပဏီလည်း တခု ပါဝင်သည်။

သျှမ်းသံတော်ဆင့်

ကင်တာနား၏ (၁၃.၈.၂၀၁၃) နေ့ စစ်တွေမြို့တွင်းခရီးစဉ် (အစ-အဆုံး)

Posted by drmyochit Thursday, August 15, 2013, under | No comments



သောမတ်ကင်တာနာ၏ ယနေ့စစ်တွေမြို့တွင်းခရီးစဉ်ကို တင်ပေးပါမယ်-

နံနက်(၀၇း၀၀)နာရီမှာ စစ်တွေအကျဉ်းထောင်သို့ထွက်ခွာပါတယ်-အကျဉ်းထောင်မှာတော့ တွေ့နေကျ ဒေါက်တာ ထွန်းအောင် ဆိုသူကိုတွေ့ပါတယ်။ သူဟာ(၈.၆.၂၀၁၃) မောင်တောမြို့ ဗလီကအဆင်း၊ ဘင်္ဂလီ လူအုပ် စုက ဗိုလ်မှူးရွာ(တိုင်းရင်းသားရွာ)ကို မိးရှို့မှုတွေအတွက် တရားရုံးက ထောင်ဒဏ် ချမှတ်ထား သူ ဖြစ်ပါတယ်-

ဦးကျော်လှအောင်နှင့်ကျော်မြင့်ဆိုသူကိုတွေ့ပါတယ်။ ဒီလူဟာလွန်ခဲ့တဲ့နှစ် စစ်တွေမြို့ ဘင်္ဂလီ-ရခိုင် အရေး အခင်းမှာ ပတ်သက်ကြောင်း စွဲချက်နဲ့ ပြစ်ဒဏ်ကျပြီး သမ္မတအမိန့်နဲ့ ပြစ်မှုကျင့်ထုံးပုဒ်မ ၄၀၁ အရ လွှတ်ထား သူဖြစ်ပါတယ်။ (၂၆.၄.၂၀၁၃)နေ့ဘင်္ဂလီဒုက္ခသည်စခန်းမှာ လ၀က က ဆွဲတင် စစ်လုပ်ငန်း ဆောင်ရွက်နေစဉ် လူမျိုးအမည်ကိစ္စအတွက် ၀န်ထမ်းများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ကြိုးကိုင်စေ ခိုင်းသူ အဖြစ် တရားစွဲတင်ထားသူများဖြစ်ပါတယ်။ ယင်းနောက် အကျဉ်းသားတစ်ဦး အကျဉ်းသူတစ်ဦးကို တွေ့ရပါတယ်။

တွေ့ဆုံမှုတွေကို သီးခြားလွတ်လပ်စွာတွေ့ခွင့်တောင်းသဖြင့် သီးခြားစီစဉ်ပေးခဲ့ပါတယ်-

ယင်းနောက် စစ်တွေဆေးရုံမှာ၊ ဆေးကုသနေတဲ့ ဘင်္ဂလီ(၅)ဦးတွေ့ပါတယ်။ အဲဒီလူနာတွေက (၉.၈.၂၀၁၃)နေ့ အုန်းတောချေ၊ မှန်စီချောင်းဝ၊ ဂေါဒူဖ ဖြစ်စဉ်တွေမှာ အကြမ်းဖက်လို့ ရဲက လူစုခွဲရာမှာ ဒဏ်ရာရသူတွေဖြစ်ကြပါတယ်။ ရွှေစေတီဆရာတော်ကို ကင်တားနားသွားရောက်ကြည်ညိုပါတယ်။ ဆရာတော်က ဘင်္ဂလီကိစ္စ၊ ပဋိပက္ခကိစ္စ၊ ဘင်္ဂလီလူမျိုးကို ကိုလိုနီအင်္ဂလိပ်အစိုးရက သတ်မှတ်ခဲ့တဲ့ကိစ္စ၊ ရိုဟင်ဂျာမရှိကြောင်း လူအဖွဲ့အစည်းနှစ်ရပ် သင့်မြတ်ဖို့ ယုံကြည်မှုတည်ဆောက်ရမှာဖြစ်ကြောင်း ဘုန်းကြီးတို့ မေတ္တာဝါဒီသမားတွေက၊ တည်ငြိမ်အေးချမ်းပြီး၊ သင့်မြတ်ဖို့လိုလားပါကြောင်း၊ အစိုးရနှင့်ပူးပေါင်း လက်တွဲဆောင်ရွက်ကြရမှာဖြစ်ကြောင်း မိန့်ကြားပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်နဲ့တွေ့ပါတယ်။ အကျဥ်းထောင်ထဲ ၎င်းတွေ့ခဲ့သောတရားခံများ၏ ပြောကြားချက်တွေကို အခြေပြုပြီး၊ တရားသူကြီးချုပ်ကို မေးခွန်းအချို့မေးပြီး၊ တိုက်တွန်းချက်တွေပြောဆိုပါတယ်။ တရားသူကြီးချုပ်က ခုအချိန်အခါ လွတ်လပ်စွာနဲ့ ဥပဒေနှင့်အညီ တရားစီရင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားစီရင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားခံအခွင့်အရေးလည်း၊ အပြည့်အ၀ပေးကြောင်း ပြောကြားပါတယ်။

ဆက်ပြီး အောင်မင်္ဂလာကိုသွားပါတယ်။ ဘင်္ဂလီတွေနဲ့တွေ့ပါတယ်။ ရပ်ကွက်အတွင်း လျောက်သွားပါတယ်။ အချိန်(၂)နာရီလောက်ကြာပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတွေ့ပါတယ်။ မေးခွန်းအချို့မေးပါတယ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်ဆွေးနွေးပါတယ် ယင်းနောက် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်နဲ့ (၁း၁၅)နာရီမှာ ထွက်ခွာသွားပါတယ်။

ကင်တာနား ခရီးစဉ်တစ်လျောက် အစီအစဉ်ပါအတိုင်းသွားလာရေး၊ တွေ့ဆုံရေးများတွင် ရခိုင်ပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

From : ..(သာစွဌာနေ)

နိုင်ဂျီးရီးယား မွတ်ဆလင် အစွန်းရောက်များ ဗလီတွင်း ဝင်ရောက်ပစ်ခတ်၊ ဝတ်ပြုသူ ၄၄ ဦး သေဆုံး

Posted by drmyochit Thursday, August 15, 2013, under | No comments



နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ်ရှိ ဗလီ တစ်လုံးတွင်း နံနက်ခင်း ဝတ်ပြု ကိုး ကွယ်ခြင်း ဆောင်ရွက်နေစဉ် ဒေသတွင်း အကြမ်းဖက် အဖွဲ့အစည်းမှဟု ယူဆရသူများက သေနတ်များဖြင့် ဝင်ရောက် ပစ်ခတ်သွားမှုကြောင့် ဘုရား ရှိခိုးသူ ၄၄ ဦး သေဆုံးသွားခဲ့ကြောင်း ပြည်နယ် အရာရှိများကို ကိုးကား လျက် BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။
ယင်းတိုက် ခိုက်မှု ဖြစ်ရပ်သည် သြဂုတ်လ ၁၁ ရက်နေ့ကတည်းက ဖြစ်ခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ရက်မှ သတင်း များ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

သေနတ်သမားများသည် ဒေသတွင်း အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်မှ ဖြစ်သည်ဟု အာဏာပိုင်များက ယူဆကြပြီး အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းသည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ၂၀၀၉ ခုနှစ်ကတည်းက လူထောင်ပေါင်းများစွာ သတ်ခဲ့ပြီး ဖြစ်သည်။

တိုက်ခိုက်မှုသည် ပြည်နယ် မြို့တော် မာဒူဂူရီ၏ ၂၂ မိုင် အကွာတွင် ရှိသော ကွန်ဒူဂါ အမည်ရှိသည့် မြို့လေးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူ ၄၄ ဦး သေဆုံးသွားသည့်အပြင် နောက်ထပ် ဘုရား ဝတ်ပြုသူ ၂၆ ဦးလည်း ဒဏ်ရာများ ရရှိထားကာ မြို့တော် မာဒူဂူရီ ဆေးရုံတွင် တင်ပို့ ကုသမှု ခံယူစေလျက် ရှိကြောင်း နိုင်ဂျီးရီးယား ပြည်တွင်း သတင်းစာ Daily Post က ဖော်ပြထားသည်။

ဗလီတွင်း တိုက်ခိုက်မှုကြောင့် အကူအညီခေါ်စဉ် သွားရောက်သည့် အရပ်သား ကင်းစောင့် လုံခြုံရေး အဖွဲ့မှ လေးဦးလည်း သေဆုံးသွားခဲ့ကြောင်း ယင်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

မာဒူဂူရီမြို့တော်နှင့် နီးသော ကျေးရွာ တစ်ရွာတွင်လည်း အလားတူ ဝင်ရောက် တိုက်ခိုက်မှု များကြောင့် အရပ်သား ၁၂ ဦး သေဆုံးသွားခဲ့ကြောင်း သတင်း ဖော်ပြချက်များက အတည်ပြု ထားသည်။

နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ်ခ် ဂျိုနသန်က နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များကို အရေးပေါ် အခြေအနေ ကြေညာထားကာ အစ္စလာမ္မစ် စစ်သွေးကြွများကို ထိုးစစ်များဖြင့် နှိမ်နင်းခြင်းများ ပြုလုပ်လျက် ရှိသည်။

ဘိုကိုဟာရမ် အကြမ်းဖက် အဖွဲ့အစည်းသည် နိုင်ဂျီးရီးယား အစိုးရကို ဖြုတ်ချလိုပြီး မြောက်ပိုင်း ဒေသတွင် အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်လိုကြခြင်း ဖြစ်သည်။

ဘိုကိုဟာရမ် အကြမ်းဖက် စစ်သွေးကြွများသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်ခြင်း များ မကြာခဏ ပြုလုပ်တတ်ပြီး၊ ရံဖန်ရံခါ မွတ်ဆလင် ဗလီဝတ်ကျောင်းများကိုလည်း တိုက်ခိုက်လေ့ ရှိကြောင်း နိုင်ဂျီးရီးယားမြို့တော် လေဂို့စ် အခြေစိုက် BBC သတင်းထောက်က မှတ်ချက်ပြုသည်။

From : .. the voice

မစ္စတာကင်တားနား လူကြီးလူကောင်း ပီသပါ

Posted by drmyochit Thursday, August 15, 2013, under | No comments



မစ္စတာ သောမတ်အိုဟေး ကင်တားနားကို စတင်သိရှိခဲ့သည်မှာ ၂ဝဝ၉-ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်သည်။ ထိုစဉ် က စစ်အစိုးရခေတ်၊ အာဏာရှင်ခေတ်- ခေတ်ဆိုး- ခေတ်ယုတ်- စနစ်ဆိုး- စနစ်ယုတ်။
မစ္စတာ ကင်တားနား လာမည်ဟု သတင်းကြားရတော့ မန္တလေးအိုးဘိုထောင် တစ်ထောင်လုံး ပျော်ရွှင် သွားသည်။ အားတက် သွားသည်။ အားကိုးကြသည်။ ယုံကြည်ကြသည်။ လေးစားကြသည်။ ကြည်ညိုကြ သည်။ မစ္စတာကင်တား နားကား ကျနှုပ်တို့အားလုံးအတွက် မြက်တစ်ပင်။

အားကိုးရကျိုးနပ်သည်။ ယုံကြည်ရကျိုးနပ်သည်။ မစ္စတာကင်တားနားကြောင့် ရွှေဝါရောင် အဓမ္မ အကျဉ်း သား အချို့ လွတ်မြောက်ကြသည်။ နှစ်ကြီးသမားများ အယူခံတွေအောင်ကြသည်။ အယူခံအောင်၍ နှစ်လျော့ သွားသည့် ထဲတွင် လူရွှင်တော် ဇာဂနာ (ကိုကတုံး) လည်း ပါသည်။ လွတ်မြောက် သွားသူများ တွင် သက်ကြီး ဝါကြီး သီလရှင်ဆရာကြီးလည်းပါသည်။ မစ္စတာ ကင်တားနားသည် ကျနှုပ်တို့ အကျဉ်း သား များ အတွက် ဘုရားသခင်။

မစ္စတာကင်တားနား ခရီစဉ်အတွင်းမှာပင် ကျနှုပ်ထံ ထောင်ဝင်စာအမြဲလာတွေ့နေသော တပည့် မောင်ဝင်း ညွန့်နှင့် တူမ မသောင်းသောင်းတို့ မောင်နှံစုံတွဲမှ သားကလေး တစ်ယောက်မွေးဖွားသည်။ တနင်္လ လာနေ့ မှာ မွေးဖွားခြင်းကြောင့်လည်းကောင်း၊ မစ္စတာကင်တားနား ခရီစဉ်နှင့် တိုက်ဆိုင် နေသောကြောင့်လည်းကောင်း၊ တပည့်+တူမ မောင်နှံ၏ သားကလေးကို အိမ်နာမည် “ကင်တားနား” ဟု အမည် မှည့်ပေး ခဲ့သည်။ ယခုအချိန်ထိ ထိုကလေးကို ကင်တားနားဟုပင် ခေါ်လျက်ပင်ရှိသေး၏။

၂ဝ၁၂-ခုနှစ်မှာလည်း မစ္စတာကင်တားနား ခရီးစဉ်နှင့် ကြုံရသည်။ သည်တစ်ခါတွင်မူ အိုးဘိုထောင်မှာ ထက် သတင်းအချက်အလက်တွေ စုဆောင်းမိလာ၏။ ၂၀၁၂ခရီးစဉ် သည် ကျနှုပ်တို့ တိုင်းရင်းသားများ အတွက် အဆိပ် ခွက်ဖြစ်ခဲ့ချေပြီ။ ဘင်္ဂါလီခေါင်းဆောင်တွေနှင့် ကြိုတင်ချိန်းချက်ကာ လျှို့ဝှက်တွေ့ဆုံပြီးမှ ရခိုင် ဒုက္ခသည် စခန်းသို့ လိုက်ကြည့်တော့၏။ သတင်းမှန်ကိုလိုချင်သည်ထက် အလာပြ ရုံလေးသဘော လုပ်လာ ၏။ ဖြစ်ရပ်မှန် ကိုသိရှိဖို့ထက် မျက်ရည်မထွက်ဘဲ ငိုပြသူတို့ကို စာနာသည့် အရိပ်လက္ခဏာက အကဲ သာနေ၏။ ရခိုင်ဒုက္ခသည် စခန်းရောက်တော့လည်း ထောင်ပိုင်ပတ်သလို ဝတ်ကျေတန်းကျေ။ တိရစ္ဆာန် ရုံက တိရစ္ဆာန်တွေကို လေ့လာသလိုမျိုးလောက်သာ လုပ်လာ၏။ ရှိုက်သံမပါဘဲ ကျသည့် မျက်ရည်များကို ဥပေက္ခာပြုခဲ့၏။

၂၀၁၂ ခုမှာမူ မစ္စတာကင်တားနားသည် ကျွန်ုပ်တို့အတွက် ဟီးရိုးမဟုတ်၊ ဇီးရိုးသာ ဖြစ်ခဲ့၏။ ဇီးရိုး သည်လည်း နောက်မှနေသော ဇီးရိုးမဟုတ်-အမြီးဇီးရိုးမဟုတ်၊ ရှေ့မှာနေသော ဇီးရိုး၊ ဦးခေါင်း ဇီးရိုးဖြစ် ခဲ့လေတော့ ၏။ အပေါင်းလက္ခဏာတောင် မဆောင်၊ အနှုတ်လက္ခဏာ ပြခဲ့လေတော့၏။
ထို အခါ အမျိုးသားရေးဝါဒီ ဝီရသူ-မစ္စတာကင်တားနားကို မကြည်ညို၊ မလေးစားတော့ပြီ။ ထို့ကြောင့် “သမ္မတကြီး ကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကာကွယ်ပါ” စာတန်းကိုင်ဆောင် ဆန္ဒပြရန် မစ္စတာ ကင်တားနားပုံကို ကြက်ခြေခတ်လိုက်ရလေတော့၏။

၂၀၁၃-မှာ ပိုဆိုးလာသည်။ အာရဗီ စာသင်ကျောင်း မီးလောင်သည့်ကိစ္စ-မစ္စတာကင်တားနား မစူးစမ်း မဆင်ခြင် ပဲ အဝေးမှ ထအော်၏။ အစိုးရကပဲ လုပ်သယောင်၊ တိုင်းရင်းသားတွေကပဲ လုပ်သယောင်၊ အငို သန်သော ယောကျာ်းရင့်မာကြီးများ၏ မျက်ရည်ခံထိုးမှုကို ခံလိုက်ရလေတော့သည်။ ယခုလည်း မစ္စတာ ကင်တား နား လာချေပြန်ပြီ။ မစ္စတာကင်တားနားသည် ကျွနုပ်တို့အတွက် လာခြင်းကောင်းသော ဧည့်သည်တော် မဟုတ်တော့ပြီ။ မူဆလင်နှင့်မြန်မာ ပဋိပက္ခတွေမှာ မူဆလင်ကို စုံစမ်းစစ်ဆေးရေး လုပ်ခိုင်း သည့် UN ကိုလည်း အံ့သြမိ၏။

၂၀၁၂ မှာလည်း ကန့်ကွက်ခံရဖူးပြီ။ လွှတ်တော်အမက် နိုင်ငံရေးပါတီများကပင် နှာခေါင်း ရှုံ့လာကြပြီဖြစ် သော မစ္စတာ ကင်တားနားကို ကမ္ဘာ့ပြည်သူတို့ကို ချွေးနည်းစာများ အကုန် အကျခံ သုံးစွဲခွင့်ပေး ရသည့်နေ ရာမှာ ဆက်လက်ခန့်ထားဦးမည်ဆိုလျှင် UN သည်ပင် မစင်တစ်စက် ဒဏ်ခံရတော့ နတ် သုဒ္ဓါ အိုးကြီး ဖြစ်သွား ရတော့မည်မှာ သေချာသလောက်ပင်။ မစ္စတာ သောမတ်အိုဟေး ကင်တားနားရေ
ကျနှုပ် တို့ မြန်မာပြည်သူများအတွက် ခင်ဗျား၏ သည်ခရီးစဉ်သည် လာခြင်းကောင်းသော ခရီးစဉ် မဖြစ်နိုင်တာကြောင့် Get Out ပါဗျာ။

မစ္စတာကင်တားနား ဂတ်တောက်ပါ။


From : ..ဦးပဉ္ဇင်း
ဝီရသူ (မစိုးရိမ်)

"မောင်တောတွင် လုံခြုံရေး အထူးဂရုစိုက်ရန် သတိပေး

Posted by drmyochit Thursday, August 15, 2013, under | No comments



လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်နိုင်သည်ဆိုသည့် သတင်းများကြောင့် ရခိုင်ပြည် နယ် မောင်တောမြို့နှင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲအတွင်းရှိ ဌာနဆိုင်ရာရုံးများကို လုံခြုံရေး အစီ အစဉ်များ ချကာ အထူးဂရုစိုက်ရန် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မောင်တောမြို့နယ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အအုံများကို လုံခြုံရေးအထူးဂရုပြုရန် သြဂုတ် (၇) ရက်နေ့ တွင် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

မွတ်ဆလင်နိုင်ငံပေါင်း ၂၀ ကျော်တွင် အကြမ်းဖက်မည့်သတင်းထွက်ပေါ်နေပြီး အာဖဂန်နစ္စတန်နိုင်ငံက သင်တန်းပေး ရန် ဖောက်ခွဲရေးသမားရာပေါင်းများစွာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်နေ သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုံခြုံရေးအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ပြောဆိုထားကြောင်း၊ ယင်း သတင်းနှင့် ဆက်စပ်ကာ မောင်တောမြို့တွင်လည်း အထူးသတိထားရမည့် ကာလအဖြစ် လုံခြုံရေး အထူး ဂရုပြုဆောင်ရွက်ရန် ညွှန်းကြားခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

ဌာနဆိုင်ရာရုံးများ အပြင်မြို့တွင်း တွင်လည်း လုံခြုံရေးအစီအမံများကို ဂရုစိုက် လုပ်ဆောင်ထားကြောင်း အဆိုပါ ရုံးအဖွဲ့က ထပ်မံပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နေရာများတွင် လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး မောင်တောမြို့ပေါ်နှင့် လူနေ ရာဒေသများတွင် လုံခြုံရေးတိုးမြှင့်ထားသည်ကို တွေ့ရှိရကြောင်း မောင်တောခရိုင် တောင်ပြို လက်ဝဲ မြို့နယ် ခွဲတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

အကြမ်း ဖက် သမားများက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ရခိုင်ပြည်နယ် တွင် ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားမည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ သဖြင့် မြန်မာ-ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်စပ်အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ မေလ ဒုတိယပတ် တွင် လုံခြုံရေးတင်းကျပ်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက် တံခါးကို ကာကွယ်ရန် တပ်မတော်က လုံခြုံရေး အင်အားတိုးမြှင့်ချထားပြီး ဒေသလုံခြုံရေး ကို အထောက်အကူပြုစေရန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုင်းရင်း သားကျေး ရွာလေး ရွာတွင် လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များကို အမာခံ (၁၀) ဦး၊ အရန် (၂၀) ဦး စီဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ တပ်မတော် (ရေ) ကလည်း စစ်ရေယာဉ်များဖြင့် ရေပြင် လုံခြုံရေး ကို ဆောင်ရွက်လျက်ရှိပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြည်သူ့ လွှတ်တော်၌ ဇူလိုင် ၂၄ ရက်နေ့တွင် ဖြေကြားထားသည်။

From : .the voice

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိ

Posted by drmyochit Thursday, August 15, 2013, under | No comments


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ် . . . . .

သြဂုတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ပထွက်ခွာသည့် ခရီးသည်များနှင့် အိတ်များကို Main X-ray စက်ဖြင့် စစ်ဆေးရှာဖွေနေစဉ် အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လိုက်ပါစီးနင်းမည့် ခရီးသည် တစ်ဦးဖြစ်သူ Ms.Gomes Suraphanapa (၂၃) နှစ် ကိုင်ဆောင်သော လက်ဆွဲပစ္စည်းအ၀ါနှင့် အနီကြား စိန်ဂေဟာတံဆိပ်ပါ ဈေးဝယ်အိတ်အတွင်း ထိုင်းစာတန်းပါ ကြွတ်ကြွတ်အိတ် အဖြူရောင်ထဲတွင် PMC.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ AP. 04.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ WW.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ RP.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ S&B. 38 Special ကြေးထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးထိ ဖြတ်ထားသည့် စတီးကျည်ဆန် တစ်တောင့်၊ R.P 45 Auto ကြေးထိပ်ဖူးပါ ကြေးကျည်ခွံ နှစ်တောင့်၊ စုစုပေါင်း ကျည်ကိုးတောင့်တို့အား စစ်ဆေးတွေ့ရှိခဲ့၍ ၎င်းထံမှ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ်" ဟု သြဂုတ် ၁၄ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ မြို့မရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးအောင်သိမ်းဝင်းက ပြောကြားသည်။

ထိုသို့ လက်နက်ခဲယမ်းများ တရားမ၀င် လက်ဝယ်တွေ့ရှိသူ Ms.Gomes Suraphanapa အား မင်္ဂလာဒုံ ရဲစခန်းက (ပ)၅၀၅/၁၃ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ပြီး ၎င်းအားဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

From: Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်