Wednesday, August 21, 2013

မြန်မာအပါအဝင် ပြည်ပနိုင်ငံသုံးနိုင်ငံ၌ Telenor က ဝန်ထမ်းစတင်ခေါ်ယူ

Posted by drmyochit Wednesday, August 21, 2013, under | No comments


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာတစ်ခုအဖြစ် ရွေးချယ်ခံထားရသည့် Telenor Group သည် မြန်မာ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ မြန်မာလူမျိုး ဝန်ထမ်း ၂၅ ဦးကို ပထမအဆင့်အနေဖြင့် စတင်ခေါ်ယူနေပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာသည်။

ဒေသတွင်း၌ အလုပ်အကိုင်နှင့် အခွင့်အလမ်းပေါ်ပေါက်လာရန် ပြည်ပမှဝင်ရောက်လာသည့် ဆက်သွယ် ရေးအော် ပရေတာနှစ်ခုသည် မြန်မာနိုင်ငံသားများကို အဓိကထား၍ ဝန်ထမ်းခန့်အပ်သွားမည်ဟု ကတိပြုထားပြီးဖြစ်သည်။ Telenor Group သည် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဝန်ထမ်းအင်အား ၃ ထောင်ခန့်ခေါ်ယူရန် မျှော်မှန်းထားကြောင်း၊ ဝန်ထမ်း ၁ ထောင်မှာ Telenor ၏ ဝန်ထမ်းများဖြစ်ပြီး ကျန်ရှိသော ဝန်ထမ်း ၂ ထောင်မှာ ၎င်းနှင့်ပူးပေါင်းလုပ်ကိုင်မည့် Vendor များ၏ ဝန်ထမ်းများသာဖြစ်ကြောင်းသိရသည်။

Telenor ၏ ပထမအဆင့် ဝန်ထမ်း ၂၅ ယောက်ခေါ်ဆိုခြင်းကို စက်တင်ဘာလကုန်အထိ သတ်မှတ်ထားပြီး ခေါ်ယူလိုသည့် ဝန်ထမ်းအမျိုးအစားမှာ လုပ်ငန်းလည်ပတ်နိုင်မည့် နည်းဗျူဟာနှင့် စီမံခန့်ခွဲမှုကို ကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်ကြောင်း၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလများ၌ ခေါ်ယူမည့်ဝန်ထမ်းများမှာ ဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်သူများဖြစ်ကြောင်း Telenor Group မှ တာဝန်ရှိသူက ဆိုသည်။

ကမ္ဘာပေါ်၌ ဝန်ထမ်းဦးရေ ၃သောင်းခန့်ဖြင့် လည်ပတ်လုပ်ကိုင်နေသည့် Telenor သည် ၎င်း၏ ၁၃ ခုမြောက် ဈေးကွက်ဖြစ်သည့် မြန်မာနိုင်ငံ၌ ဝန်ထမ်းများခေါ်ယူရာတွင် အိမ်နီးချင်းနိုင်ငံများအထိပါ ကြော်ငြာ ထည့်သွင်း၍ ခေါ်ယူခဲ့ကြောင်း၊ ပြည်တွင်းမှ မြန်မာ ဝန်ထမ်းများအပြင် ပြည်ပမှ မြန်မာဝန်ထမ်း များကို ပါ ခေါ်ယူထားသည့်အတွက် လစာနှုန်းထားမှာ နည်းသည် ဟူသော အသံထွက်ပေါ် လာမည် မဟုတ်ကြောင်း Telenor Group မှ Ms. kaewsringarmက ပြောသည်။

လက်ရှိခေါ်ယူသည့် ဝန်ထမ်းများကို လုပ်ငန်းစတင်သည့်အခါလည်ပတ်မှုပြုလုပ်နိုင်ရန် သင်တန်းပို့ချ၍ ခန့်အပ်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်အစောပိုင်း၌ Telenor အတွက်လိုအပ်သော အရောင်းဝန်ထမ်းများ၊ Center ဝန်ထမ်းများ၊ ဈေးကွက်ရှာဖွေရေးဝန်ထမ်းကို ထပ်မံခန့်အပ်သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံ၌ ရုံးခန်းဖွင့်လှစ်ရသေးခြင်းမရှိသည့် Telenor အနေဖြင့် ဝန်ထမ်းခေါ်ယူခြင်းကို ၎င်း၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြုလုပ်သွားမည် ဖြစ်သည်။

မြင့်ကျော်လှိုင်၊ သူရ
အတွဲ (၁၄)၊ အမှတ် (၃၂)
Internet Journal

မိုးသီးဇွန် သို့မဟုတ် မှားသီးဇွန်

Posted by drmyochit Wednesday, August 21, 2013, under | 1 comment



“ မှားသီးဇွန်” လို့သာ နာမည်ပေးလိုက်ချင်တော့တယ်။ ကိုးမိုးသီးဇွန်ရယ်။ ရှစ်လေးလုံးပွဲတွေတက်ဖို့ ကိုမိုးသီးဇွန် ပြန်လာတာတွေ့ရတော့ ကိုမိုးသီးဇွန်ပြောသလိုပဲ ကျွန်တော်တို့တစ်တွေလည်း ၀မ်းနည်းဝမ်းသာဖြစ်မိပါတယ်။

ဝမ်းသာတာကတော့ ရှစ်လေးလုံးအရေးတော်ပုံပွဲကြီးမှာ တစ်ချိန်က တက်တက်ကြွကြွ ရှေ့တန်းကနေ အနစ်နာခံပြီး ဒီမိုကရေစီအေ၇းကို လှုပ်ရှားခဲ့တဲ့ ကိုမိုးသီးဇွန်ကို ကျန်းကျန်းမာမာပြန်တွေ့ရလို့ ၀မ်းသာတာပါ။

ဝမ်းနည်းတာကတော့ နှစ်ပေါင်း ၂၅ နှစ်လောက်ကြာမြင့်ခဲ့တဲ့ အချိန်ကာလမှာ ကိုမိုးသီးဇွန်တစ်ယောက် ပြောင်းလဲသွားတယ်လို့ ခံစားရလို့ ၀မ်းနည်းတာပါ။

တစ်နေ့က Messenger ဂျာနယ်မှာ ကိုမိုးသီးဇွန်နဲ့ တွေ့ဆုံမေးမြန်းခန်း ဖတ်လိုက်မိလို့ပါ။ အမေရိကန်မြေပေါ်မှာ အမေရိကန်အစားအစာတွေ စားလာခဲ့လို့များလား စကားသံတွေက အမေရိကန်သံဝဲနေပါတယ်။

သုံးခွန်းပြောရင်လည်း တစ်ခွန်းက အမေရိကန်ဆိုတဲ့ စကားလည်းပါနေပါတယ်။ ဒါလည်း ပြဿနာတော့ မရှိပါဘူး။


ဒီငွေရတုပြီးမှသာ Reconcilatilon Argenta လုပ်သင့်တယ်။ အခုလုပ်တာ နည်းနည်းရောထွေးနေတယ်လို့မြင်တယ်။ ကျဆုံးသွားတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် ခံစားချက်တွေ ထုတ်ပေးရမယ့်ပွဲပေါ့။ 0utlet တွေ ထွက်အောင် လုပ်ပေးရမှာ။ ၂၅နှစ်တာ ကာလမှာ ခံစားခဲ့ရတာတွေကို ဖြေသိမ့်ပေးရမှာ။ ခံစားချက်တွေကို ထုတ်ပေးရမယ့်ပွဲကြီးပေါ့။ အဲဒီအစား နိုင်ငံရေး အာဂျင်တာတွေနဲ့ သွားရောထွေးလိုက်တဲ့အခါ အရမ်းနားလည်မှုတွေလွဲတာ တွေ့ရတယ် “လို့ ကိုမိုးသီးဇွန် ပြောသွားတာကိုတော့ သဘောတူတယ်။

အမေရိကန် ပတ်စပို့ပြလိုက်တာနဲ့ အရာခပ်သိမ်း တံခါးကပွင့်သွားတယ်။ သော့ကြီး ကမ္ဘာ့ရွှေသော့ကြီး ကျွန်တော့်ကိုပေးထားတာဖြစ်တယ် ဆိုတဲ့ မြောက်တောက်တောက် စကားလည်း လက်ခံပါသေးတယ်။ ( ဒါပေမယ့် အဲဒီရွှေသော့ကြီးနဲ့ အယ်လ်ကိုင်ဒါတို့၊ တာလီဘန်တို့ရဲ့ တံခါးတွေတော့ သွားမဖွင့်မိစေနဲ့ပေါ့ဗျာ )

ကိုဋ္ဌေးကြွယ်တို့၊ ကိုကိုကြီးတို့လို ကိုမိုးသီးဇွန်လည်း နိုင်ငံရေးလုပ်မယ်၊ ရွေးကောက်ပွဲဝင်ချင်တယ်၊ ပါတီထောင်ချင်တယ်လို့ သိရပါတယ်။ နိုင်ငံရေးလုပ်မယ်ဆိုရင် လူတစ်ယောက်ဟာ ရင့်ကျက်ဖို့လိုပါတယ်။ အနေအထိုင် အပြောအဆိုတွေ အမှားအယွင်းနည်းဖို့လိုပါတယ်။ အကြောင်းအရာနည်းဖို့လိုပါတယ်။ အကြောင်းအရာတစ်ခုကို ခရေစေ့တွင်းကျ နားမလည်ဘဲ စကားမကျွံမိဖို့လည်း အရေးကြီးပါတယ်။


ရှေးက မြန်မာတွေနဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်က မန္တလေးရဲ့ ဒီနားမှာပဲ ယိုးဒယားတန်းတွေရှိတယ်။ ဟိုဘက်မှာ ပေါ်တူဂီတွေရှိတယ်။ ခရစ်ယာန်တွေကို ခွင့်ပေးခဲ့တာရှိတယ်။ မွတ်စလင်တွေကိုလည်း ပေးခဲ့တာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဗုဒ္ဒဘာသာက အခြေခံအခိုင်အမာကြီး ရှိနေတယ်လေ လို့ပြောလိုက်တော့ . . .

ခုချိန်မှာကော ဒီလိုတခြားဘာသာတွေကို ခွင့်မပေးတာ တွေ့လို့လားမေးချင်တယ်။ “ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ အင်မတန်မှ ထုနဲ့ထည်နဲ့ဆိုတော့ ဘာကြောက်စရာရှိလဲ လို့ ကိုမိုးသီးဇွန်က ဆိုပါတယ်။ ကျွန်တော်တို့ ဘာကိုမှ ကြောက်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ကိုမိုးသီးဇွန်ထင်ထားတာထက် အပြည့်ရှိပါတယ်။ ကိုမိုးသီးဇွန် ပြောသလို ယုံကြည်မှုရှိရင် ပြီးစတမ်းဆိုရင် တိုင်းပြည်တွေမှာတောင် စစ်တပ်တွေ ထားစရာမလိုတော့ဘူးပေါ့။ အမေရိကန်အစိုးရက ကြည်း၊ရေ၊လေတပ်တွေ အကြီးအကျယ်တည်ထောင်ဖွဲ့စည်းပြီး ကမ္ဘာ့စူပါ ပါဝါဖြစ်လာအောင် ကြိုးပမ်းနေတာတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့လား ဒါမှမဟုတ် ကြောက်စရာရှိနေလို့ တွေးစရာပါ။

“ ကာကွယ်ရေး”ဆိုတဲ့အဓိပါယ်ကို ကိုမိုးသီးဇွန် သဘောမပေါက်လို့ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်၊ ဘယ်သူ့မှ မကြောက်ဘူး၊ ဒါပေမယ့် ကာကွယ်ထားရမယ်။

အဆိုးဆုံးကတော့ မျိုးစောင့်ဥပဒေအပေါ်မှာ ပေးတဲ့မှတ်ချက်ပါပဲ။ ကိုမိုးသီးဇွန်က ဒါကတော့ ကျွန်တော်လုံးဝလက်မခံနိုင်ဘူး။ ဒါမဖြစ်သင့်ဘူးလို့မြင်တယ်။ ဒီကိစ္စက အမျိုးသမီးတွေရဲ့ ဆန္ဒက အဓိကကျတယ်။ . . . ခွဲခြားဆက်ဆံတယ်လို့မြင်တယ်”ဆိုတာပါပဲ။

မေးခွန်းမေးသူက လစ်ဘရယ်လိုက်ဇေးရှင်းလုပ်မယ်ဆိုတဲ့နေရာမှာ စောစောကလို လူအများစုက မငြင်းဆန်ဝံ့တဲ့ ၊ မငြင်းဆန်ရဲတဲ့၊အခြေအနေလိုမျိုး ဥပဒေလိုမျိုးကို (မျိုးစောင့်ဥပဒေကို ဆိုလိုဟန်ရှိသည်။ စာရေးသူ) ကိုမိုးသီးဇွန်က ကန့်ကွက်လိုက်တာက နိုင်ငံရေးပါတီအနေနဲ့ ထောက်ခံမဲကျသွားနိုင်တယ်လို့ မယူဆဘူးလား လို့မေးပါတယ်။

ကိုမိုးသီးဇွန်က မယူဆဘူး စိန်တောင်ခေါ်လိုက်ဦးမယ် လို့ဆိုပါတယ်။ အကြံပေးရရင်တော့ ကိုမိုးသီးဇွန် စိန်ခေါ်ဖို့လည်း စိတ်မကူးနဲ့၊ ပါတီထောင်ဖို့လည်း မစဉ်းစားနဲ့တော့ ဒီလောက်နဲပပဲ ကိုမိုးသီးဇွန်ရဲ့ အတွေးအခေါ်၊ အမြော်အမြင်ကို သဘောပေါက်သွားကြပါပြီ။ လွန်ခဲ့တဲ့ ၂၅ နှစ်နဲ့အခု မတူတော့ဘူး။ ဟိုတုန်းက record ရဲ့ အစွန်းထွက်တောင် ထောက်ခံမှုမရနိုင်ဘူး။ ၂၅ နှစ်အတွင်းမှာ ကိုမိုးသီးဇွန်ဘာလဲ၊ ကျန်တဲ့လူတွေဘာလဲ သိကြပြီလေ။ ဒါကြောင့် တစ်ချိန်က ရွှေထီးဆောင်းတာကို မပြောတော့နဲ့၊ အဲဒီရွှေထီးက ဆွေးမြေ့နေလောက်ပါပြီ။ ကိုမိုးသီးဇွန်က ကြွားလိုက်တဲ့အချိန်မှာ Messenger ကမေးခွန်းမေးသူကလည်း ကွတ်တိမေးလိုက်ပါတယ်။ ”” ကိုမိုးသီးဇွန်လို့ဆိုလိုက်ရင် အရင်က နိုင်ငံရေးဦးဆောင်သူတစ်ယောက် ကျောင်းသားတစ်ယောက်၊ ဒါပေမယ့် အခုအချိန်မှာတော့ ကိုမိုးသီးဇွန်သတင်းတွေက အနုတ်လက္ခဏာဆောင်တဲ့ သတင်းတွေများတယ်။ နောက်ကျောင်းသားတွေ အသက်ခံရတဲ့ကိစ္စတွေပါ ပါနေတယ်။ အဲဒီပေါ်မှာရော?

မေးခွန်းက ချက်ကောင်းထိသွားတော့ အဖြေက မသဲမကွဲ ကဘောက်တိ ကဘောက်ချာ ဖြစ်လာပါတယ်။ နောက်ဆုံးအမေရိကန်အစိုးရကို အကြောင်းကြားပြီး သူ့ကို အမေရိကန်မှာ တရားစွဲလိုက်ပါလို့ ဖြစ်လာပါတယ်။ ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့အဖြစ်က ဦးနေ၀င်းတို့အဖွဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲတုန်းကလို လက်သည်ပေါ်ဖို့ ခက်သားလား။

စကားက ပြောရင်းပြောရင်းနဲ့ တိမ်ကြားရောက်သွားပုံက ကျွန်တော်က အမေရိကန်သွားတယ် (သွားပါ သွားပါ) Europe သွားမယ်။ (သွားပါ သွားပါ) သွားတဲ့အခါမှာ ကျွန်တော့်ကို Gentleman တစ်ယောက်လို ယုံကြည်တယ်။ လက်ခံတယ်။ (လူကဲခက် အတော်ညံ့ကြတယ်) ၉၆၉ ကိစ္စတွေဖြစ်လာတယ်။ ကိုယ်ပြောပြမယ်။ (ခုနကလို ၉၆၉ကို လုံးဝလက်မခံတဲ့အကြောင်းများလား)။

. . . ဒီမိုကရေစီ ဒီလိုပါပဲ။ ကျွန်တော့်ရဲ့ အစွမ်းအစကို သိလို့လည်းပါမှာပေါ့လေတဲ့။ အဲဒီလို ကိုယ့်ဂုဏ်ကိုယ်ဖော်လိုက်တော့မှ ပြောပြမှပဲ သိရတယ်ဗျာ)

Messenger မေးသူက စိတ်တော့မဆိုးပါနဲ့။ တစ်ချိန်က ကိုမိုးသီးဇွန်က အဖမ်းခံရမှာ စိုးရိမ်လို့ ပြည်ပကို ထွကခွာသွားတာလို့ကြားတယ်။ အခုချိန်မှာ တကယ်လို့ Return ဖြစ်လာခဲ့မယ်ဆိုရင်ကော ဘယ်လိုဆက်လုပ်ဖို့ရှိလဲ လို့မေးပါတယ်။

ကိုမိုးသီးဇွန်က အဖမ်းခံရတာကို ထိုင်စောင့်နေတာလောက် ညံ့တာဘာရှိမလည်း။ ကိုယ်ကိုဖမ်းမယ်မှန်းသိရင် နိုင်ငံရေးသမားက တစ်ခုခုပြန်လုပ်ရမှာပေါ့ လို့ဖြေပါတယ်။ ထောင်ထဲဝင်လိုက်ထွက်လိုက် သံမဏိစိတ်ဓာတ်နဲ့ အဖမ်းအဆီးမကြောက်၊ ထောင်မကြောက်ဘဲ သတ္တိ၊ဇွဲနဘဲနဲ့ တော်လှန်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားများကို စော်ကားတဲ့သဘောဖြစ်သွားပါတယ်။ ကျွန်တော့်အမြင်အရ ကိုမိုးသီးဇွန်ရယ်၊ ကျားအနားမှာတင် ကျားနဲ့ယှဉ်ရဲသူနဲ့ ကျားကို အဝေတစ်နေရာကနေ ခဲနဲ့လှမ်းပစ်သူ ဘယ်သူသတ္တိရှိပါသလဲ။ ကိုမိုးသီးဇွန်ရဲ့ အမြင်ကို ကျွန်တော်လုံးဝ သဘောမတူပါဘူး။

နောက်ထပ်သဘောမတူတဲ့အချက်ကတော့ ကိုမိုးသီးဇွန် အသေအချာ မလေ့လာဘဲ မှန်းသမ်းရမ်းတုပ်သွားတဲ့ မျိုးစောင့်ဥပဒေနဲ့ပတ်သက်တဲ့ အမြင်ပါပဲ။


မျိုးစောင့်ဥပဒေမှာ “ မြန်မာဗုဒ္ဒဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း)ကို ဆရာတော်သံဃာတော်တွေ ဦးဆောင်ပြီး ဗုဒ္ဒဘာသာဝင်များက တောင်းဆိုလာကြရတဲ့ အကြောင်းရင်းက ရေရှည်အတွက်ပါပဲ။ တခြားဘာသာတွေက သူတို့မိန်းကလေးတွေကို ထိမ်းမြားချင်ရင် သူတို့ဘာသာထုံးတမ်းကို အရင်ခံယူပြီးမှ လက်ထပ်ခွင့်ရှိခဲ့ပါတယ်။ ရေရှည်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲသွားဖို့တာက နှစ်ဦးနှစ်ဖက်ကြားမှာ မျှတတဲ့ အပေးအယူ နားလည်မှုတွေရှိထားသင့်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ တစ်ဖက်စောင်းနင်းဖြစ်နေခဲ့ရင် လူ့အဖွဲအစည်းတွေကြားမှာ အစိုင်အခဲတွေရှိလာပြီး ကြာလာရင် ဘာမဟုတ်တဲ့ မီးပွားတစ်စကျတာနဲ့ ထတောက်နိုင်ပါတယ်။ နောက်ပြီး မြန်မာဗုဒ္ဒဘာသာ မိန်းခလေးကို တခြားဘာသာဝင်နဲ့ လုံးဝထိမ်းမြားခွင့် ပိတ်ပင်တာမှမဟုတ်ဘဲ။ ပေးစားမယ်၊ ဒါပေမယ့် ဗုဒ္ဒဘာသာကို ကူးပြောင်းပြီးမှ ပေးစားမယ်။ ဒီသဘောပါ။ ခင်များတို့၊ ကျွန်တော်တို့ရဲ့ သမီးတွေ၊ တူမလေးတွေကို ဘာသာခြားနဲ့ ပေးစားရတော့မယ်ဆိုပါတော့ ဒီဥပဒေရှိထားဖို့ မကောင်းဘူးလား။ ဒီဥပဒေမရှိရင် ကျွန်တော်တို့၊ ခင်များတို့ သမီးလေးတွေဟာ သူတစ်ပါးကျွန်ပြုသမျှနုရတော့မှာပါ။ ပထမတော့ ကိုယ့်ရဲ့ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်ပါတယ်လို့ မလိမ့်တပတ်ပြောပြီး ယူမှာပါ။ အပျိုရည်လည်း ပျက်ပြီးရော ဆင်းတုတော် မထားရဘူး ဘုရားမသွားရ သံဃာရှိမခိုးရတော့မှာ။ ပြီးရင် သူတို့ဘာသာထဲကို ချောချည်တစ်ခါ ခြောက်ခါတစ်လှည့် သွင်းတော့မှာ မွေးလာတဲ့ သားသမီးလည်း ထိုနည်းအတူပါပဲ။

နောက်ပြီး ဘာသာခြားနဲ့ အိမ်ထောင်ကျသွားတဲ့ မိန်းခလေးတော်တော်များများဟာ ယောကျာင်္းသေရင် ဖြစ်ဖြစ် တခြားအကြောင်းကြောင်းဖြစ်ဖြစ် အိမ်ပေါ်က ပြန်ဆင်းလာရင် လက်ချည်းပဲ ပြန်လာကြရတာ များပါတယ် ဒီဥပဒေထုတ်ပီးရင် ဒီလိုအဖြစ်မျိုး မရှိတော့ဘူး။

ဗုဒ္ဒဘာသာ မိန်းကလေးကို ယူပြီး သူတို့ဘာသာထဲ သွင်းနိုင်ရင် ဘယ်လောက်ထောက်ပံ့တယ်။ ကလေးတစ်ယောက်မွေးရင် ဘယ်လောက်ထောက်ပံ့တယ် ဆိုတာတွေလည်း ဒီဘက်က သံဃာတွေမှာ အထောက်အထားတွေနှင့် ရှိထားတော့ သူတို့ဘက်က ပြတ်ပြတ်သားသား မငြင်းရဲတာလည်း ဆိုးပါတယ်။

ကိုယ့်ဘက် ခြံစည်းရိုး မကာမိခဲ့တော့ အခုမှာ ကာဖို့လုပ်တာကို အထူးအဆန်း ဖြစ်နေကြတာပါ။

မြို့တစ်မြို့မှာ ဘုန်းကြီးတစ်ပါးကို ဘာသာခြားက ဆဲဆိုတယ် ဘုန်းကြီးက ပဋိပက္ခမဖြစ်အောင် ရုံးမှာပဲ တရားစွဲတယ် ဆဲတဲ့သူ ထောင်ကျတယ်။ ဒီတော့ ထောင်ကျသူရဲ့ မိသားစုကို ဘာသာခြားတွေ သိန်း(၁၀၀)ကျော် ၀ိုင်းထောက်ပံ့တာ ဘယ်လိုသဘော ဖြစ်သွားနိုင်လဲ၊ ဘုန်းကြီးကို ဆဲရင် သိန်း(၁၀၀)ကျော် ပေးတယ်ဆိုတဲ့ သဘောဖြစ်မသွားဘူးလား ဒါတွေက အခုမှ ထဖြစ်တဲ့ အသစ်အဆန်းမဟုတ်ဘူး နှစ်ပေါင်းမျာစွာ ရှိလာခဲ့တဲ့ အစိုင်အခဲတွေ ဒီမျိုးစောင့်ဥပဒေပေါ်ထွန်းလာရင် နှစ်ဖက်ညီမျှသွားပြီး ငြိမ်းချမ်းလာမှာပဲ အမေရိကန်ကလာတဲ့ ကိုမိုးသီးဇွန် အများကြီးလေ့လာဖို့ လိုပါသေးတယ်ဗျာ။


( ကောင်းဆက်နိုင်)
Credit : Express Times

ကျပ်တစ်သောင်း ရှိရုံဖြင့် မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် အစုရှယ်ယာ မည်သူ မဆို ဝယ်ယူ နိုင်မည်

Posted by drmyochit Wednesday, August 21, 2013, under | 2 comments

ရန်ကုန် ၊ သြဂုတ် - ၂၀ ။            ။ မြန်မာနိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီ အများ စု ပါဝင် ဖွဲ့စည်း ထားသည့်  မြန်မာ့ ဆက်သွယ်ရေး ကွန်ရက်အများ ပိုင်ကုမ္ပဏီ လီမိတက်မှ အစုရှယ် ယာများ ရောင်းချ သွားမည် ဖြစ်ပြီး တစ်စုလျှင် ကျပ်တစ်သောင်း နှုန်းဖြင့် မည်သူ မဆို လွတ်လပ်စွာ ဝယ်ယူ နိုင်မည် ဖြစ်ကြောင်း အဆိုပါ အများပိုင် ကုမ္ပဏီ လီမိတက်မှ ပြောရေး ဆိုခွင့် ရှိသူ ဦးကျော်တင့်ဆွေက ပြောသည်။

အဆိုပါ အများပိုင် ကုမ္ပဏီ လီမိတက်မှ အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြန်မာ တစ်နိုင်ငံ လုံးသို့ ဆက်သွယ်ရေး အခြေခံ အဆောက်အဦများ တည်ဆောက်မည့် လုပ်ငန်းအား လုပ်ကိုင် သွားမည် ဖြစ်ပြီး အစုရှယ်ယာ ဝယ်ယူ နိုင်ခြင်းအား ကန့်သတ် ထားခြင်း မရှိဘဲ အစု ရှယ်ယာ အနည်းဆုံး ငါးထောင်စု (မူရင်း တန်ဖိုး ကျပ်သန်း ငါးဆယ်) ဝယ်ယူ ပိုင်ဆိုင် ထားသည့် အစု ရှယ်ယာ တစ်ဦးသည် ဒါရိုက်တာအဖြစ် ဝင်ရောက် ရွေးချယ်ပိုင်ခွင့် ရှိကြောင်း သိရသည်။ ''ကျွန်တော်တို့စု ပေါင်းဖွဲ့ စည်းထားတဲ့ အများပိုင် ကုမ္ပဏီ လီမိ တက်မှာ သတ်မှတ် မတည်ရင်း နှီးငွေ ကျပ်သိန်းပေါင်း တစ်သိန်း နဲ့စမှာ ဖြစ်ပါတယ်။ စုပေါင်းထား တဲ့ကုမ္ပဏီ အားလုံးက စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင် နေကြတဲ့ ကုမ္ပဏီကြီးတွေပါပဲ။ မြန်မာနိုင်ငံမှာ ဆက် သွယ်ရေး ကွန်ရက်တွေ ဖွံ့ဖြိုး တိုးတက် လာဖို့အတွက် ဆက်သွယ်ရေး အခြေခံ အဆောက်အ ဦ တည်ဆောက်မယ့် အပိုင်းကို ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်။ ဒီအတွက်လဲ အများ ပြည်သူ ပါဝင်လာအောင် တန်ဖိုး တစ်သောင်း သတ်မှတ်ပြီး အစုရှယ် ယာတွေရောင်းမှာပါ''ဟု ဦးကျော်တင့် ဆွေက ပြောသည်။

ယင်း အများပိုင် ကုမ္ပဏီလီ မိတက် အနေဖြင့် အဖိုးနှုန်းချိုသာ စိတ်ချရသည့် 3Gz   နှင့်4Gကွန် ရက် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းများ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၊   Voice Over IP (VOIP) လုပ်ငန်းများ၊ တီဗွီ၊ ဗီဒီယိုစသည့် Broadcasting  လုပ်ငန်းများ၊ အင်တာ နေရှင်နယ် Roaming နှင့် အင်တာနေရှင်နယ် ကောလ်လုပ်ငန်းများ၊ ဆက်သွယ် ရေး ကွန်ရက် ဒီဇိုင်း ရေးဆွဲခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု အတွက်သာ အခြေခံ အဆောက်အ ဦတည် ဆောက်ခြင်း၊ ဒေတာစင်တာများ တည်ဆောက်ခြင်း အစ ရှိသည့် လုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် အများပိုင် ကုမ္ပဏီ လီမိတက်မှ တာဝန် ရှိသူ ဦးသိန်းထွန်းက ''အစု ရှယ်ယာ တွေကို မိမိစိတ် ကြိုက်နှစ်သက်တဲ့ တန်ဖိုးဖြင့် အ ခြားပုဂ္ဂိုလ် တစ်ဦးဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ ကုမ္ပဏီသို့ ဖြစ်စေ၊ အစုစပ် လုပ်ငန်း သို့ ဖြစ် စေ၊ အစု ရှယ်ယာ ရှင်က ဒါရိုက် တာအဖွဲ့ရဲ့ ကြိုတင် သဘောတူ ခွင့်ပြုချက်နဲ့ လွှဲပြောင်း မှတ်ပုံ တင်ခွင့် ရှိတယ်။ အစု ရှယ်ယာ တွေရဲ့ အကျိုးအမြတ် တွေကို နှစ်ပတ်လည်မှာ ကြေညာ ထုတ်ဝေ သွားဖို့ အစီ အစဉ်တွေရှိ ပါတယ်''ဟု ပြောသည်။


ဖူးပွင့်သော်
From: Yangon Media Group

ဘင်္ဂါလီ ၅၄ဦး ငရုတ်ကောင်းမြို့နယ်ခွဲ နံ့သပုရွာတွင် ကမ်းတင်

Posted by drmyochit Wednesday, August 21, 2013, under | No comments

ပုသိမ်၊ သြဂုတ် ၂၀။

သြဂုတ်၁၉ရက်နေ့ ညနေ ၆နာရီခန့်က၊ ကမ်းခြေနှင့် ကိုက်၅၀၀ခန့် ဝေးသည့်နေရာရှိ စက်လှေကြီး တစ်စီးပေါ်မှ ဘင်္ဂါလီလူမျိုး၅၃ဦး ရေကူးကာ ငပုတောမြို့နယ် အတွင်းရှိ ကမ်းခြေရွာတစ်ခု ဖြစ်သည့် နံ့သပုကျေးရွာသို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီများအား လူကုန်ကူးသူများမှ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ဟုဆိုကာ ခေါ်ယူလာခြင်းဖြစ်ပြီး၊ စက်လှေပေါ်တွင် လူ၄၀၀ကျော်ခန့် ပါဝင်ကြောင်း သိရသည်။ လှိုင်းကြီးလေထန် သောကြောင့် စက်လှေအတွင်းသို့ ရေများဝင်ရောက် လာသဖြင့် လူလျော့သွား စေရန်အတွက် ယင်းတို့အား စက်လှေပေါ်မှ အကြမ်းနည်းသုံးကာ ကန်ချခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများအား ၎င်းတို့မှ ပြောပြသည်ဟု ဆိုသည်။

ရေထဲသို့ ကန်ချခံရသောလူ မည်မျှလောက် ရှိသည်ကို ယင်းတို့အနေဖြင့် မသိရှိဟုလည်း ဆိုသည်။ နံ့သပုကျေးရွာ၏ မြောက်ဘက်မှနေ၍ ရောက်ရှိလာသော ထို၅၃ဦးတွင် ဘင်္ဂါလားဒေ့ရှ်နိုင်ငံ ဘက်မှ ၃၆ဦးနှင့်၊ မြန်မာနိုင်ငံ ဘူးသီးတောင်ဘက်မှ၁၇ဦး ပါဝင်ကြောင်း သိရသည်။

လူကုန်ကူးသူများထံသို့ မြန်မာနိုင်ငံတွင် နေထိုင်သူများမှ မြန်မာငွေကျပ်  ၁သိန်း၊၂ သိန်းစသည် ဖြင့် အသီးသီး ပေးခဲ့ရပြီး၊ ဘင်္ဂါလားဒေ့ရှ် နိုင်ငံဘက်မှ လိုက်ပါလာသူ များမှာလည်း ယင်းဒေသတွင် အသုံးပြုသည့် ငွေကြေးများဖြင့် ပေးခဲ့ရသည်ဟု ဆိုသည်။ ယင်းအထဲတွင် မလေးရှား နိုင်ငံ၌ အလုပ်လုပ် ကိုင်ပြီးမှ ငွေပေးနိုင်မည့်သူများ၊ အကျွေးစနစ်ဖြင့် လိုက်ပါခဲ့သူများလည်း ပါဝင် သည်ဟု ဆိုသည်။

ယင်းတို့ ရောက်ရှိလာပုံကို ဂေါ်ရန်ဂျီ တောင်ပေါ်မှ မြင်တွေ့နေသည့် ဒေသခံတစ်ဦးက “ကျွန်တော်တို့ သူတို့ကို ဂေါ်ရန်ဂျီတောင်ပေါ်ကနေ လှမ်းမြင်နေရပါတယ်။ စက်လှေပေါ်ကနေ သူတို့တွေ အစုလိုက် အစုလိုက် ရေထဲကို ပြုတ်ကျနေတာ တွေ့ရတယ်။ သူတို့လာတဲ့ အချိန်ကလည်း ပင်လယ်မှာ လှိုင်းကြီးလေထန် နေတဲ့အချိန်၊ သူတို့ကအသက်ကယ် ဘောကွင်းတွေရယ်၊ ရေပုံးတွေ ပျဉ်ပြားစတွေနဲ့ကူးပြီး ကမ်းရောက်အောင် လာခဲ့ကြတာ။ ကမ်းရောက်တော့ တချို့အ၀တ်အစား တောင်မပါကြဘူး။ ရွာကဘဲဝိုင်းဝန်း စောင့်ရှောက်ကြတယ်”ဟု ပြောပြသည်။

အဆိုပါ ဘင်္ဂါလီ၅၃ဦးအား နံ့သပုကျေးရွာ စာကြည့်တိုက်တွင် ယင်းနေ့၌ရွာမှ နေထိုင်ရန် စီစဉ်ပေးခဲ့ပြီး၊ သြဂုတ်လ ၂၀ရက်နေ့တွင် ငရုတ်ကောင်းမြို့နယ် ရဲစခန်းသို့ လွဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ယင်း၅၃ဦးတွင် မြန်မာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ၂ဦး၊ အနည်းအကျင်း ပြောဆိုနိုင်သူ ၅ဦးသာ ပါဝင်ပြီး ကျန်လူများမှာ မြန်မာစကား ပြောဆိုနိုင်ခြင်း မရှိဟု သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာ အစိုးရဌာနများမှ စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက ယင်းတို့သည် တရားဥပဒေ၏ အဆုံးအဖြတ် အတိုင်း အကျဉ်းကျခံရနိုင်ဘွယ်ရှိကြောင်း သိရသည်။

အေးချမ်းမိုး(ပုသိမ်)
From: မြန်မာ့ခေတ်

လူသတ်လုယက်ပြီးထွက်ပြေးတိမ်းရှောင်နေသူအားသိရှိသူ မည်သူမဆို ဆက်သွယ်သတင်းပေးပို့နိုင်

Posted by drmyochit Wednesday, August 21, 2013, under | No comments



၂-၁၀-၂၀၁၂ ရက်နေ့ ၁၇၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အကွက်အမှတ်(၁၂၈)နေ ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးဖိုးကြာသည် မန္တလေးသီရိမင်္ဂလာ
ကားကြီး ၀င်းတွင် ဆိုင်ကယ်ဂိတ်ထိုးထားစဉ် နိုင်လင်း ဆိုသူမှ စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေဘိုခရိုင်၊ ကန့်ဘလူ မြို့နယ်၊ ချင်မြစ်ကျဉ်းကျေးရွာသို့ ငွေကျပ်(၁၀၀၀၀ိ/-)ဖြင့်ငှားရမ်း၍
၁၁ယ/၉၁၂၀၃ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ ထိုနေ့တွင် ရွှေဘိုသို့ရောက်ရှိကြောင်း
အားဦးဖိုးကြာထံမှအဆက်အသွယ် ရရှိခဲ့ပြီးနောက် ပျောက်ဆုံးနေသဖြင့် ကူညီရှာဖွေပေးရန် ဦးဖိုးကြာ၏ဇနီးဖြစ်သူမှ လာရောက်အကြောင်းကြား သဖြင့် မန္တလေးအမှတ်(၅)ရဲစခန်းမှ လူပျောက်အမှတ်စဉ်ရေးဖွင့်၍ စုံစမ်းရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေ နေစဉ် ရွှေဘိုမြို့နယ်၊ ဆိတ်ခွန်ရွာနှင့်ချီပါတံတားအနီးတွင် အလောင်းတစ်လောင်းတွေ့ရှိ၍ ရွှေဘို ရဲစခန်းမှ
သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၂)ဖြင့် ရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသတင်းအရ သွားရောက်စုံစမ်းရာအလောင်းတွင်ဝတ်ဆင်ထားသောအင်္ကျီနှင့် ရိုက်ကူးထားသော
ဓါတ်ပုံများအား ကြည့်ရှု၍ ဦးဖိုးကြာ၏အလောင်းဖြစ်ကြောင်းသိရှိရသဖြင့် လူသတ်ပြီး ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းလုယူ သွားသူနိုင်လင်း(ခ)အောင်နိုင်လင်းအားရွှေဘိုရဲစခန်း
(ပ)၅၇၀/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး အဆိုပါအမှုအား
မှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းလက်ခံစစ်ဆေးလျက်ရှိသည်။
နိုင်လင်း(ခ)အောင်နိုင်လင်းသည် ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်လျက်ရှိ သဖြင့် ဖမ်းဆီးရမိရေးအတွက် ၎င်းင်းအားသိရှိသူ မည်သူမဆို နီးစပ်ရာရဲစခန်းများသို့ဖြစ်စေ၊မှုခင်းရဲတပ်ဖွဲ့
မှူးရုံး၏ တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့ဖြစ်စေ ဆက်သွယ်
အကြောင်းကြား သတင်းပေးပို့နိုင်ကြောင်း သိရှိရသည်။

ရဲဇာနည်

တစ်သက်လုံးကျောင်းမပြီးတော့သော ဂဂ(ခေါ်)၈၈ကျောင်းသားအိုများ သီချင်းကော်ပီခိုးချထားကြောင်း တွေ့ ရှိ

Posted by drmyochit Wednesday, August 21, 2013, under | No comments


၈၈ အရေးတော်ပုံ သီချင်းဟုဆိုကာ မြန်မာနိုင်ငံတွင် သံပြိုင်ဟစ်နေကြသော"ကမ္ဘာမကြေဘူး"
ဆိုသော သီချင်းမှာ American ရော့ခ် ဂီတ အဖွဲ့ Kansas ရဲ့ ၁၉၇၇ ခုနှစ်က Dust in
the wind ရဲ့သံစဉ်များကိုခိုးချကာဂဂ(ခေါ်)၈၈ သီချင်းဟုဆိုကာ မရှက်တမ်းသီဆိုနေကြသည်ကို
တွေ့ နေရသည်။ မူရင်းသီချင်းကဲ့သို့  Classicalမတီးနိုင်ရ်ျ ရိုးရိုး Rhythm နှင့် တီးပြီးဆိုထားရ
ကြောင်းလဲ သိရှိရပါသည်။ ခိုးချ တေးရေးဆရာ နိုင်မြန်မာက ဒီလို သီချင်းတွေ မရေးချင်ဘူး
ဆိုပြီး ခပ်တည်တည်နဲ့ စင်ပေါ်တက် ပြောနေသော သတင်း တပုဒ်ကိုယခင်ကတွေ့ 
ခဲ့ဖူးပါသည်။မင်းကိုနိုင်(ခေါ်)ခေါကြီးမှလည်း သူ၏အပေါင်း အဖော်များနှင့်ထောင်ထဲတွင်
ဒီကော်ပီသီချင်းကိုလေချွန်ပြီး တမ်းတသည်ဟုလဲ သိရသည်။

ယခုကဲ့သို့ ခိုးချထားသည့် သီချင်းကို အခမ်းအနားပွဲများတွင် ခံစားချက်အပြည့်ဖြင့်ဟန်လုပ်
သီဆိုနေသည်များကို တွေ့နေရသည်မှာလဲ စိတ်မကောင်းစရာတစ်ခုပင်ဖြစ်သည်။
သံစဉ်ကိုခိုးယူသူကခိုးယူ၊ခိုးယူထားမှန်းမသိအမှန်အကန်ဟစ်သူကဟစ်ဖြင့် ဟုတ်တော့လဲ
ဟုတ်နေကြသည်။ ၈၈မျိုးဆက်ကျောင်းသားအိုများကို တိုက်တွန်းချင်သည်မှာ နောက်ထပ်
ပွဲများကျင်းပပြီး ထပ်မံလုပ်စားမည်ဖြစ်သောကြောင့် ကိုယ်ပိုင်သံစဉ်ဖြင့်သီချင်းတစ်ပုဒ်လောက်
ပြုလုပ်စေချင်ပါသည်ဟု အကြံပြုလိုက်ပါရစေ။


၈၈များခိုးချထားသော မူရင်းသီချင်း လင့်

From: Oppositeye

ဖုန်းကိုအဝေးကနေလှမ်းထိန်းချုပ်နိုင်မယ့် Android Device Manager

Posted by drmyochit Wednesday, August 21, 2013, under | No comments


Android ဖုန်း/Tablet တွေအတွက် Google ကနေ Android Device Manager ကို release လုပ်လိုက်ပါပြီ ။ မိမိဖုန်းဘယ်နားရှိတယ်ဆိုတာရှာဖွေနိုင်မှာဖြစ်ပီး မိမိဖုန်းအား ဒေတာများကို ဖျက်ပစ်ခြင်း နိုတီပေးပို့ခြင်း ဖုန်းring အားအဆက်မပြတ်မြည်စေခြင်းစသဖြင့် မိမိဖုန်းကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ် ။ Iphone မှ find my iphone နဲ့သဘောတရားခြင်းအတူတူပါပဲ ။

ဒါကိုအသုံးပြုနိုင်ဖို့အတွက် မိမိဖုန်း setting -security ထဲက device administrator မှာ Android Device Manager ကို activate လုပ်ပေးရပါမယ် ။

အောက်ကပုံကတော့ ကျနော့ဖုန်းကို အစမ်းရှာကြည့်ထားတာဖြစ်ပါတယ် ။

Android Device Manager မရှိသေးတဲ့သူများ ဒီမှာဒေါင်းနိုင်ပါတယ် ။



မိမိကွန်ပူတာကနေ ဒီလိပ်စာထည့်ပီး မိမိအီးမေးပတ်စ၀တ်ရိုက်ထည့်လိုက်ရင် သုံးလို့ရပါပီ ။
https://www.google.com/android/devicemanager

From: Myanmar Mobile App

ပုသိမ်တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ဖမ်းမိ

Posted by drmyochit Wednesday, August 21, 2013, under | No comments



ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နံသာပုကျေးရွာ ဂေါ်ယံဂျီကျွန်း အနီးတွင် သြဂုတ် ၁၉ ရက်က ဘင်္ဂလားပင်လယ်အော်မှ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးအပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။

သြဂုတ် ၁၉ ရက် ညနေငါးနာရီခန့်တွင် ဂေါ်ယံဂျီကျွန်းမှ ကိုက်ငါးဆယ်ခန့် အကွာတွင် ရှိသော ကုလားမခြံ အနီး ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းကို တွေ့ရှိရသဖြင့်ငရုတ်ကောင်းမြို့နယ် အုပ်ချုပ်ရေး မှူး၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ထမ်းသုံးဦးနှင့် အဖွဲ့သည်စက်လှေအနီးသို့ သွားရောက်ကြည့် ရှုခဲ့ကြောင်း၊ ထို့သို့ကြည့်ရှုနေစဉ် အဆိုပါစက်လှေပေါ်မှဘင်္ဂါလီများက ရေထဲသို့ခုန်ချပြီး ကမ်းပေါ်သို့ တက်ပြေး ခဲ့ကြောင်း၊ ကျန်ရှိသေးသောဘင်္ဂါလီလူမျိုးများ ပါဝင်သော စက်လှေသည် ဘင်္ဂလား ပင်လယ်အော် ဘက်သို့ပြန်လည်မောင်းနှင် ထွက်ခွာသွားကြောင်း သိရသည်။

ကမ်းပေါ်သို့ တက်ပြေးလာသော ဘင်္ဂါလီ လူမျိုးများမှာ ၅၁ ဦးဖြစ်ပြီး ၎င်းတို့အားနံသာပုကျေးရွာ စာကြည့် တိုက်သို့ ခေါ်ဆောင်ပြီး စိစစ်ရာ ဘင်္ဂါလီလူမျိုး ၁၆ ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးတို့သည်  ကုလားမခြံ အနီး ရေထဲသို့ ခုန်ချပြီးကမ်းပေါ်သို့တက်ရောက်လာကြောင်း၊ ကျန်ဘင်္ဂါလီများနှင့် စက်လှေမှာ ပြန်လည် ထွက်ခွာ သွားကြောင်းဖမ်းဆီးခံရသူများက ပြောကြားကြောင်း ကနဦး သတင်းများအရ သိရသည်။
အဆိုပါနေ့ ည ၈ နာရီခွဲခန့်တွင် ကမ်းပေါ်သို့ ရောက်ရှိလာသော ဘင်္ဂါလီ လူမျိုးထဲမှ တစ်ဦးကို ထပ်မံတွေ့ ရှိ သဖြင့်၊ ဘင်္ဂါလီလူမျိုး ၁၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး၊စုစုပေါင်း ၅၂ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရ သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ငပုတောမြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဘင်္ဂါလီများ တွေ့ရှိရသောနေရာသို့ သွားရောက်စစ်ဆေးနေကြောင်း ဖြေကြားသည်။

ယခုဖြစ်စဉ်အရ ဘင်္ဂါလီဟုဆိုကာ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား များကို ပထမ ဦးဆုံး ဖမ်းဆီး ရမိခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့သည်မြန်မာနိုင်ငံသားဖြစ်လို၍ရိုဟင်ဂျာ၊ ဘင်္ဂါလီဟု အမည်များ တပ်ကာ ခိုးဝင်လျက်ရှိကြောင်း သိရသည်။ ဤကဲ့သို့ခိုးဝင်လာသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံရန် နိုင်ငံတကာမှ ဖိအားပေးမှု အချို့လည်းရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ရောက် ရှိနေသော မြန်မာနိုင်ငံမှ လာသည်ဆိုသောဘင်္ဂါလီများတွင်လည်း ဆယ်ရာခိုင်နှုန်းခန့်ကသာ မြန်မာ စကားပြောနိုင်သူများဖြစ်ကြောင်း သိရသည်။

eleven

ကလောမြို့တွင်ရေမြောင်းတူးရာမှကျည်ဆန်များတွေ့ ပလောင်တောင် လိမ္မော်ခြံမှလည်း သေနတ်များ ဖမ်းဆီးရမိ

Posted by drmyochit Wednesday, August 21, 2013, under | No comments


ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက်တွင် ရေမြောင်းတူးရာမှ ကျည်ဆန်များတွေ့ ရှိပြီး ပလောင် တောင် လိမ္မော်ခြံအစောင့် နေအိမ်မှ သေနတ်နှစ်လက်နှင့် ကျည်မျိုးစုံတို့ကို ရှာဖွေသိမ်း ဆည်းရမိခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက် သစ္စာ နယ်မြေလမ်း သစ္စာနယ်မြေခြံအနီး ရေစီးရေလာ ကောင်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့် ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်း၍ ရေမြောင်း သန့်ရှင်းရေး တူးဖော်နေကြစဉ် ဩဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အနက်တစ်ပေခန့် မြေကြီးအတွင်းမှ ပွိုင့်-၃၀၃ ကျည်ဆန် ၂၅၅၀ တောင့်နှင့် ကျည်ဆန်အခွံ ၃၂၅ ခွံတို့ တူးဖော်တွေ့ရှိခဲ့ကြသဖြင့် ကလောမြို့နယ်မှူးရုံးသို့ သွားရောက် သတင်း ပေးပို့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးဆွေဦးနှင့်ရဲတပ်ဖွဲ့ဝင်များ သွားရောက် လက်ခံယူခဲ့ကြသည်။

ထို့အတူ ကလောမြို့နယ် ပိန္နဲပင်ကျေးရွာ ပလောင်တောင်လိမ္မော်ခြံနေ စိုင်းကော်ခမ်း(ခ)အိုက်ကော် ဥယျာဉ်ခြံစောင့် လုပ်ကိုင်နေထိုင်သော လိမ္မော်ခြံ တွင် ဩဂုတ် ၁၆ ရက် နံနက် မိနစ် ၃၀ တွင်လည်း ကလောမြို့နယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့က သတင်းအရ ရှာဖွေခဲ့ကြရာ အမ်-၁၆ဒင် မောင်းပြန် ရိုင်ဖယ် တစ်လက်၊ ၇ ဒသမ ၆၅ မီလီမီတာ (၃၂)ပစ္စတိုသေနတ် တစ်လက်၊ တစ်လက်မ ၉ မမ ကျည်ဆန် ၄၅ တောင့်၊ ၅ ဒသမ ၅၆ မီလီမီတာ ကျည် ဆန် ၁၅ တောင့်၊ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန်အတောင့် ၁၃၀၊ ပွိုင့် ၃၀ မမ ကျည်ဆန် အတောင့် ၃၀၊ ပွိုင့်-၁၂ မမ ကျည်ဆန် ၁၄ တောင့်၊ BA- ၉၁ လက်ပစ်ဗုံး စနက်တံ နှစ်ခုနှင့် ကျည်ဆန်အိမ်မျိုးစုံ ၁၁ ခုတို့ ကို ရှာဖွေသိမ်းဆည်းဖမ်းမိခဲ့ကြသည်။ အဆိုပါလက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ် ထားရှိသူ လိမ္မော်ခြံစောင့် စိုင်းကော်ခမ်း(ခ)အိုက်ကော်အား ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ဆက်လက်ဖော် ထုတ်လျက် ရှိကြောင်း သိရသည်။

(ဇော်သိန်းရီ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး

Posted by drmyochit Wednesday, August 21, 2013, under | No comments



ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို ချိုးဖျက်၍ ဖြစ်ပေါ် လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော ရင်သားများ ဝင်ဆံ့နိုင်ခြင်း မရှိဟု သက်သေပြနိုင် ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ Serena Kozakura လို့ အမည်ရတဲ့ မော်ဒယ် မိန်းကလေးဟာ သူမ ချစ်သူ၏ တိုက်ခန်းတွင် အခြား အမျိုးသမီး တစ်ဦးကို တွေ့ရှိ ခဲ့ရခြင်းကြောင့် စကားများကြရာမှ အဆိုပါ တိုက်ခန်း၏ တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်၍ အပေါက်ဖြစ်စေကာ ယင်းအပေါက်မှ အခန်းတွင်းသို့ တိုးဝင်ခဲ့သည်ဟု ဆိုကာ တစ်ပါးသူ၏ ပိုင်ဆိုင်မှုကို ဆန္ဒအလျောက် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၁၄ လ ချမှတ် ခံခဲ့ရတဲ့ အတွက် တိုကျို တရားရုံးချုပ်သို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယူခံကို ကြားနာမှုတွင် သူမရဲ့ ချစ်သူနှင့် အခြား သက်သေ တစ်ဦးတို့က Kozakura ဟာ တံခါးကို ကန်ကျောက်၍ အပေါက် တစ်ပေါက် ဖြစ်စေခဲ့ကာ သူမရဲ့ ကိုယ်ကို ကျုံ့၍ ယင်းအပေါက်မှ တစ်ဆင့် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။

သို့သော်လည်း အဆိုပါ တံခါးပေါ်မှ အပေါက်ကို တိုင်းတာကြည့်သည့်အခါ ၂၈.၃ လက်မ x ၈.၇ လက်မသာ ရှိပြီး Kozakura ရဲ့ နာမည်ကျော် လက်မ ၄၀ ရှိတဲ့ ရင်သားများ ဝင်ဆံ့နိုင်ဖို့အတွက် ကျဉ်းလွန်းနေတာကို တွေ့ရှိခဲ့ရ
ပါတယ်။ ယခုလို တရားစွဲဆို ခံရမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသော်လည်း နောက်ဆုံးတော့ မျှတတဲ့ တရားစီရင်မှုကို ရရှိ ခဲ့ကြောင်း၊ သူမရဲ့ ပိုလျှံနေတဲ့ ခန္ဓာကိုယ် အချိုးအဆက်ကြောင့် စိုးရိမ်မှု ရှိခဲ့သော်လည်း အခုတော့ ယင်းအတွက် ဂုဏ်ယူမိကြောင်း Kozakura က ဝမ်းမြောက်ဝမ်းသာ ပြောပြခဲ့ပါတယ်။

သူမ ချစ်သူရဲ့ ထွက်ဆိုချက်များတွင် သံသယဖြစ်ဖွယ်များ တွေ့ရှိခဲ့တဲ့ အတွက် လည်း ယခုလို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ကြောင်း စီရင်ချက်ကို ဖတ်ကြားခဲ့သည့် တရားသူကြီး Kunio Harada က ရှင်းပြခဲ့ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သူကိုသာ လှပသူအဖြစ် ရှုမြင်လေ့ ရှိတဲ့ ဂျပန်နိုင်ငံမှာ Kozakura ရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အချိုးအဆက်ဟာ သူမကို တီဗွီ ဈေးဝယ်အစီအစဉ်များတွင် ပါဝင်နေရာမှ ဘီကီနီ မော်ဒယ်တစ်ယောက်ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ Kozakura ကတော့ သူမရဲ့ ရင်သားတွေကြောင့်သာ အမှုကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ပြောမဆုံး ဖြစ်နေခဲ့ပါတော့တယ်။

လင်မယားနှစ်ဦး လိင်ဆက်ဆံနေပုံကို ဗီဒီယိုခိုးရိုက်ခဲ့လို့ ဓားထိုးခံရ

Posted by drmyochit Wednesday, August 21, 2013, under | No comments

သူတစ်ပါးလိင်ကိစ္စအား ချောင်းမြောင်း ကြည့်ရှု တတ်သူတစ်ဦးသည် ၎င်း၏ အိမ်နီးချင်း လင်မယား လိင်ဆက်ဆံနေကြပုံကို ချောင်း မြောင်းကာ ဗီဒီယို ရိုက်ကူးခဲ့ရာ အဆိုပါ အိမ်နီး ချင်းမှ ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းကို ခံခဲ့ရသည်။

အိမ်နီးချင်းလင်မယား လိင်ဆက်ဆံနေ သည့် ဗီဒီယိုအား ထိုအိမ်နီးချင်း၏ သားကိုပင် ပြသခဲ့သည့် အဆိုပါ လိင်ကိစ္စ ချောင်းမြောင်း ကြည့်ရှုသူမှာ La Kampo ဆိုသူ ဖြစ်သည်။ရဲမှ အသက် ၄၄ နှစ်ရှိပြီဖြစ်သော အဆိုပါ အိမ်နီးချင်းအား ဓားထိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး La Kampo ၏ အလောင်းကိုမူ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

  La Kampo သည် ဂျလန်း အူတာရာရှိ ၎င်းတို့ရွာရှိ အိမ်နီးချင်း၏အိမ်သို့ သွားရောက်ခဲ့ပြီး စကား စမြည် ပြောဆိုပြီးနောက် အိမ်နီးချင်းတို့၏ အ၀တ် အစားမပါသော ဗီဒီယိုများ ရိုက်ကူးထားမှု အကြောင်းကို ၁၇ နှစ် အရွယ်ရှိ အိမ်နီးချင်း၏ သားဖြစ်သူအား ပြောပြခဲ့သည်။သားဖြစ်သူ ၎င်းအား မသိကျိုးကျွန်ပြု သောအခါ La Kampo သည် မီတာ ၂၀ ဝေးသော ၎င်း၏အိမ်သို့ ပြန်လာခဲ့သည်။

အိမ်နီးချင်းသည် La Kampo ၏ အိမ် သို့ သွားခဲ့ပြီး ဒေါသအလွန်ထွက်ကာ ဓားဖြင့် ထပ်တလဲလဲ ထိုးခဲ့ဟန်တူသည်။La Kampo သည် အဆင့်ဆင့် ထိုး သွင်းထားသော ဓားဒဏ်ရာများနှင့် သွေးအိုင်ထဲ တွင် သေဆုံးသွားခဲ့သည်။အဆိုပါ အိမ်နီးချင်းသည် လူသတ်မှု ကျူးလွန်ခဲ့သော ဓားကိုယူကာ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ရဲစခန်းသို့ ထွက်လာခဲ့သည်။ဆန်ဒါကန်းရဲအရာရှိ Rowell Marong မှ ပြောကြားရာတွင် နှစ်ဦးစလုံးမှာ အင်ဒိုနီးရှား လူမျိုးများဖြစ်ပြီး အလုပ်ကြမ်းသမား များဖြစ် သည်ဟု ဆိုသည်။

ရိုးရိုး (သတင်းကွန်ယက်)
Ref: the Star

အလောင်းရှာမတွေ့သည့် လူသတ်မှု မြိတ်လူထု အထူးစိတ်ဝင်စား

Posted by drmyochit Wednesday, August 21, 2013, under | No comments



လွန်ခဲ့သော ၁၆ နှစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ရော်ဘာခြံပိုင်ရှင်တစ်ဦး၏ ရော်ဘာ ခြံတွင် ရော်ဘာခြံ အလုပ်သမား တစ်ဦး ပျောက်ဆုံးသွားခဲ့သည်။ ထိုအလုပ်သမား ပျောက်ဆုံး သွားခြင်း အတွက် မိခင်ဖြစ်သူက ၂၀၁၃ခုနှစ် မေ ၂၆ ရက်တွင် မြိတ်မြို့နယ် သမုတ်ရဲစခန်းတွင် အရေးယူပေးပါရန် တိုင်ကြား ခဲ့ကြောင်း သိရသည်။

ကြားနာ

အဆိုပါအမှုကို မြိတ်ခရိုင် တရားရုံးမှ ၁၈/၇/၂၀၁၃ ရက်စွဲပါ စာအမှတ် ၅၉/၂၀၁၃ ဖြင့်လက်ခံ၍ ၁၅/၈/၂၀၁၃ ရက်အထိ တရားလိုပြသက်သေ ၁၀ ဦးကို မြိတ်ခရိုင်တရားရုံးရှိ မြိတ်လူထုရှေ့မှောက်တွင် စစ်ဆေးကြားနာခဲ့သည်။ အမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ တို့ဖြင့် လူသတ်မှု အလောင်း ဖျောက်ဖျက်မှုတို့ဖြင့် ရုံးတင် စစ်ဆေးခဲ့သော်လည်း သက်သေများ၏ ထွက်ဆိုချက်များ အရ ရော်ဘာခြံအလုပ်သမား စောဒါးမြဆိုသူ မူးယစ်သောက်စားပြီး ရော်ဘာပင်များအား ဖျက်ဆီးသဖြင့် ရော်ဘာခြံ ၀န်ထမ်းများက ဖမ်းဆီးပြီး ရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်

ပျောက်ဆုံးသွားသော ရော်ဘာခြံ အလုပ်သမား၏ မိခင် ဒေါ်နော်ဘောဝါ (ခ) ဒေါ်ဝါ၏ တရားရုံးတွင် ထွက်ဆိုချက်အရ လွန်ခဲ့သော ၁၆ နှစ်က မတိုင်ကြားခဲ့ခြင်းမှာ နယ်မြေဒေသ မအေးချမ်း၍ ဖြစ်ကြောင်း ယခုမှ တိုင်ကြားခြင်းမှာ တိုင်းဒေသကြီး ၀န်ကြီး တစ်ဦး၏ အမှုဖွင့် တိုင်ကြားရန် ပြောဆို တိုက်တွန်းချက် အရ တိုင်ကြားရခြင်းဖြစ်ကြောင်း တရားရုံး၏ စစ်ဆေးချက်များအရ သိရှိရသည်။ ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိသူများက လူသေအလောင်းမြှုပ်နှံသည်ဟု ယူဆရသော နေရာ နှစ်နေရာကိုလည်း နှစ်ကြိမ်တိုင် သွားရောက် တူးဖော် စစ်ဆေးခဲ့သော်လည်း လူသေအလောင်း မတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆုံးအဖြတ်
ယင်းအမှုနှင့်ပတ်သက်၍ သံသယ တရားခံများ အဖြစ် ရော်ဘာခြံ ၀န်ထမ်းများဖြစ်သော ဦးသန်းခင်၊ ဦးလှိုင်ကြူတို့မှာ ဖမ်းဆီးခြင်း ခံနေရပြီး ရော်ဘာခြံ လုပ်ငန်းရှင် ဦးအောင်လင်းမှာ နိုင်ငံခြားတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် စွပ်စွဲခြင်းခံနေရသော သံသယရှိသူ သုံးဦးအတွက် ထိုသူများ၏ မိသားစုများ ဘ၀တူ အလုပ်သမားများ အမှန်တရားကို လိုလားကြသော မြိတ်မြို့နယ် လူထုများက အဖြစ်မှန်ကို ဖော်ထုတ်၍ တရားရုံးမှ တရားမျှတစွာ အဆုံးအဖြတ်ပေးနိုင်ရန် မျှော်လင့် စောင့်စားနေ ကြကြောင်း သိရသည်။

ကျော်ဇော၊ မြိတ်၊ သြဂုတ် -၁၉

မြိတ်ပုလဲမြေ
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ် အတွဲ (၁)၊ အမှတ် (၁၂၉) ဂျာနယ်မှ ကူးယူဖော်ပြသည်။)

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်မှရရှိသော အလှူငွေကျပ်သိန်း၂၀၀ကျော်အား ဗလီပျက်များပြန်လည်ပြုပြင်ရေးတွင် ကူညီလှူဒါန်းမည်

Posted by drmyochit Wednesday, August 21, 2013, under | No comments



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့်
မွေးနေ့တွင် အထိမ်းအမှတ် အလှူငွေ ကျပ်သိန်း နှစ်ရာကျော် ရရှိခဲ့ကြောင်း နှင့် အဆိုပါ
အလှူငွေများအား ပျက်စီးသွားသော ဗလီဝတ်ကျောင်းများ ပြည်လည်တည်ဆောက်ရေးတွင်
များတွင် ပြန်လည်သုံးစွဲသွားမည်ဟုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ
တစ်ဦး ဖြစ်သည့် ဒေါ်အေးအေးမာက ပြောကြားသည်။

အဆိုပါ ငွေကျပ် သိန်းနှစ်ရာသည် မွန်းလွဲ၁ နာရီခန့်က ကောက်ခံ အတည်ပြု ထားခြင်းဖြစ်ပြီး
ထပ်မံ လှူဒါန်းသူများရှိကြောင်း၊ စုစုပေါင်း ရရှိသည့် အလှူငွေ စာရင်းကို ဆက်လက်
ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း ဒေါ်အေးအေးမာက ထပ်မံ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှူဒါန်းငွေများ ရရှိခဲ့ရာဗလီပြန်လည်
တည်ဆောက်ရေးအတွက် ကျပ် ၇၅ သိန်း၊ NLD ကျန်းမာရေး ကွန်ရက်သို့ ကျပ် ၆၈ သိန်း၊
မွတ်စလင် ပညာရေးကွန်ရက်သို့ ကျပ် ၄၅ သိန်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြား
အလှူငွေကျပ် ၁၂ သိန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
ကျင်းပသည့် မွေးနေ့ပွဲ အခမ်းအနားတွင် ထုတ်ပြန် ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်
သံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ်စတန် သမ္မတနိုင်ငံ သံအမတ်ကြီး
ဟူစိန်မာမွတ် အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း အချို့မှ ခေါင်းဆောင်များ၊
အနုပညာရှင်များ တက်ရောက်ကာ မွေးနေ့ လက်ဆောင်များ ပေးပို့ခဲ့သည်။

ပညာရေးကွန်ရက် ရန်ပုံငွေအတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ် ခဲ့သည့်
ပြည်သူ့ရင်ပြင် ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရက်လုပ်သည့်
ဆွယ်တာ နှစ်ထည်ကို လေလံတင် ရောင်းချခဲ့ရာ ငွေကျပ် ၁၀၄၅ သိန်း ရရှိခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက်
မွေးနေ့တွင် လက်ခံရရှိသည့် မွေးနေ့လက်ဆောင် ငွေကြေး ပစ္စည်းအားလုံးကို ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မွတ်စလင် ကျန်းမာရေး ကွန်ရက်နှင့်
ပညာရေး ကွန်ရက်များသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း NLDဗဟိုအလုပ်အမှုဆောင်
အဖွဲ့က ကြိုတင် ကြေညာထားသည်။

ရွှေသတင်းသစ်

စင်္ကာပူရောက် မြန်မာမလေးတစ်ယောက် Facebook မှာ မဖွယ်မရာပုံတွေ တင်၍ အိမ်ပြန်ပို့ခံရ

Posted by drmyochit Wednesday, August 21, 2013, under | No comments



စင်္ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ် ကိုင်နေသူ အသက် (၂၂) နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးသည် ကိုယ့်ကိုယ်ကို လက်ကိုင်ဖုန်းဖြင့် မဖွယ်မရာ ဓါတ်ပုံများရိုက်ကာ ဖေ့(စ်) ဘွတ်(စ်)တွင် တင်ခဲ့ကြောင်း ချိုင်းနားပရက်(စ်) သတင်းစာတွင် ဖော်ပြခဲ့သည်။

အိမ်ဖော်မလေးသည် အလုပ်ရှင် အိမ် တွင်မရှိခိုက် အလုပ်ရှင်၏ အိပ်ခန်းအတွင်းဝင်ကာ ဘရာစီယာမျှသာ ၀တ်ထားသော ပုံများနှင့် လိင်စိတ်နိုးကြွစေသော ပုံများ ရိုက်ကူးခဲ့သည်ဟု ဆိုသည်။
“သူ့ရဲ့ အပြုအမူကို ကျွန်တော့်ရဲ့ အွန် လိုင်းမိတ်ဆွေတစ်ဦးထံက သိရတော့ ကျွန်တော် အံ့သြတုန်လှုပ်သွားတယ်။ သူဟာ ကျွန်တော့်သား (၁၀ နှစ်) ရဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာကို ခွင့်ပြု ချက်မယူဘဲ သုံးခဲ့ရုံသာမက ကျွန်တော်တို့ မိသား စုရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်ဖော်မိန်းကလေးက “သူမသည် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပြီး ယခုလို ပွဲဆူအောင် လုပ်ရသည့်ကိစ္စကို ၀ါသနာပါ ကြောင်း” ၀က်(ဘ်)ဆိုဒ်တွင် တင်ထားခဲ့သည်။
သူမ၏ အလုပ်ရှင်လီသည် အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် မြန်မာအိမ်ဖော်မလေးအား အေးဂျင့်ထံ ပြန်ပို့ခဲ့ကြောင်း သတင်းစာတွင် ရေး သား ဖော်ပြခဲ့သည်။

By The Star

စိုက်ခင်းသွားတောင်သူတဦး ဓါးပြတိုက် သတ်ဖြတ်ခံရ

Posted by drmyochit Wednesday, August 21, 2013, under | No comments



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ငရုပ် စိုက်ခင်း သွားသည့် ဒေသခံ ရွာသူ တဦး အမည်မသိအဖွဲ့တဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း စုံစမ်းသိရှိရသည်။

ယခုလ ၁၇ ရက် ညနေ ၆ က တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် တဘက် (တမ်ဖတ်ခ်) အုပ်စုအတွင်းရှိ နောင်ခုံး ရွာသူ ဒေါ်နန်းဖဲ (အသက် ၄၃) နှစ်အား မျက်နှာဖုံးစွပ်ထားသည့် လူဆိုး ၂ ယောက်က သတ်ဖြတ် လိုက်ခြင်းဖြစ် သည်ဟု ဆီဆိုင်ဒေသခံ ဦးခမ်းက ပြောပါသည်။

“ပါ့နန်းဖဲက ဝမ့်နောင်ခမ်းရွာမြောက်ဘက်မှာရှိတဲ့ သူ့ခြံ ကိုအသွား လမ်းမှာ M 16 ကိုယ်စီကိုင်ထားတဲ့ လူဆိုး ၂ ယောက်က ကတားပြီး ဓါးပြတိုက်တာ။ သူ့အော်သံကို အဲဒီနားမှာ ခြံလုပ်နေတဲ့ အိုက်တူးက ကြားပြီး ကူဖို့ပြေးသွားတာ လူဆိုး ၂ ယောက်က သေနတ်ချိန်ပြီး “ ဟေ့ကောင် မင်းမိုက် ရင်ရှေ့ဆက် တိုးလိုက်” လို့ ဗမာလိုပြောတယ်။ အိုက်တူးလဲ နောင်ခုံးရွာကိုအမြန်ပြန်လာပြီး ရွာသား တွေ ကိုပြောတော့ ရွာသားတွေ ည ၁၁ နာရီကျော်အထိ လိုက်ရှာတာ လူဆိုးရော ပါ့နန်းဖဲကိုရော မတွေ့ရတော့ ဘူး” ဟု ဦးခမ်းက ပြောပါသည်။

၁၈ ရက်နေ့နံနက်ပိုင်း ရွာသားများက ထပ်မံလိုက်ရှာရာ နောင်ခုံးရွာ မြောက်ဘက် တောစပ်တွင် ပါ့နန်းဖဲ၏ အလောင်း ကို တွေ့ရကြောင်း ၊ နဖူးနှင့် ငယ်ထိပ်၌ ပွင့်ထွက်သည့်ဒဏ်ရာကြောင့် သေနတ်ဖြင့် ပစ်သတ် သည်ဟု ထင်ရကြောင်း၊ သေသူ၏ နားကပ်ကိုလည်း လူဆိုးများ ဖြုတ်ယူ သွားကြောင်း အမျိုးတော် စပ်သူတဦး ကလည်း အတည်ပြုပြောဆိုပါသည်။

ယခုအခါ လူသတ်တရားခံ လူဆိုးများအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များက လိုက်လံ ရှာဖွေနေကြောင်းလည်း ဦးခမ်းကပြောပါသည်။

From: သျှမ်းသံတော်ဆင့်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်