Tuesday, August 27, 2013

ထောက်ဖောက်မင်းသား မိုက်ကယ်စကိုးဖီး Gay ဖြစ်ကြောင်း ကြေညာ

Posted by drmyochit Tuesday, August 27, 2013, under | No comments


wenwrothမိုက်ကယ်စကိုးဖီးလို့လူသိများတဲ့ Wentworth Miller လို့အမည်ရတဲ့ မင်းသားကို အတော်များများ သိကြမှာပါ။ Prison Break အမည် ရ ထောင်ဖောက်ဇာတ်ကားနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား တစ်ဦး ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက InStyle မဂ္ဂဇင်းမှာ ဂေး ဟုတ်မဟုတ် မေးမြန်းမှု ကို ငြင်းပယ် ခဲ့ပြီး ယခု သြဂုတ်လအတွင်းမှာ တော့ လိင်တူချင်း ချစ်ခင်နှစ်သက်တဲ့ ဂေး တစ်ဦး ဖြစ်ကြောင်း ပွင့်ပွင့် လင်းလင်း ဝန်ခံကြေညာ သွားပါတယ်။

ကြေညာမှုက ဒီလိုပါ။ ရုရှားရုပ်ရှင်ပွဲတော်တစ်ခုကို လာဖို့ အဖိတ်ကြား ခံရ မှုအတွက် GLAAD ဝဘ်ဆိုဒ်မှာ သူတင်လိုက်တဲ့ Post တစ်ခု ဖြစ်ပါတယ်။ "လိင်တူ ချစ်ခင်နှစ်သက်သူ တွေ၊ ကျနော်တို့လို လူတွေအပေါ် ရုရှား အစိုးရ ရဲ့ တားမြစ် ပိတ်ပင်ချက်တွေက အင်မတန် ပြင်းထန်ပါတယ်။ ဒီလို လူ့အခွင့် အရေး ပိတ်ပင်တားဆီးမှုများနဲ့ နိုင်ငံတစ်နိုင်ငံကို ကျနော် ဘယ်လိုနည်း နဲ့ မှ သွားဖို့ စိတ်ကူး မရှိပါဘူး"
ယင်းကဲ့သို့ စာရေးသားပြီးတင်လိုက်တဲ့ စကိုးဖီးလ်ခေါ် Wnetworth တစ်ယောက်ဟာ Gay တစ်ဦး ဖြစ်ကြောင်း တရားဝင် ကြေညာ လိုက်ခြင်းနဲ့ တူညီနေစေခဲ့ပါတယ်။ အသက် ၄၁ နှစ်ရှိပြီ ဖြစ်တဲ့ Wentworth Miller ဟာ အင်္ဂလန်ဖွား မင်းသားဖြစ်ပေမယ့် ဟောလိဝုဒ် မှာ အောင်မြင်နေခြင်း ဖြစ် ပါတယ်။ ဂေး ဖြစ် ကြောင်း တရားဝင် ကြေညာမှုကြောင့် သူ့ရဲ့  အနုပညာ လုပ်ငန်း မှု ထိခိုက်လေမလားလို့ အများစု စောင့်ကြည့် လေ့လာလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: Glaad
Aung Kham (Yoyarlay)
ရိုးရာလေး အနုပညာ

မီးမှန်မှန်ပေးရန် အာမမခံနိုင်သဖြင့် ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှု လက်လွှတ် ရဖွယ်ရှိ

Posted by drmyochit Tuesday, August 27, 2013, under | No comments


မီးမှန်မှန်ပေးရန် အာမမခံနိုင်သဖြင့် ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှု လက်လွှတ် ရဖွယ် ရှိ လျှပ်စစ် ဓာတ်အား တစ်ရာမဂ္ဂါဝပ် မှန်မှန်ပေးနိုင်ရန် အာမမခံနိုင်သဖြင့် အမေရိကန် ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည့် Samsung ကုမ္ပဏီကို ခွင့်မပြုနိုင်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ကပြောသည်။

“Samsung က သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမယ်။ တယ်လီဖုန်း ထုတ်ပြီး အခွန်တွေပြန်သယ် သွားမယ်။ လျှပ်စစ်မီး မဂ္ဂါဝပ်တစ်ရာ မှန်မှန်ပေးရမယ် ပြောတယ်။ ကျွန်တော် ခေါင်းညိတ်ဖို့ ခက်နေတယ်” ဟု ဦးစိုးသိန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေရာသီတွင် ရေအား လျှပ်စစ်နှင့် ကျောက်မီးသွေး စက်ရုံတို့မှ လျှပ်စစ် ဓာတ်အား ၁၃၂၆ မဂ္ဂါဝပ်နှင့် သဘာဝ ဓာတ်ငွေ့မှ ၃၇၃ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော်လည်း ၃၇၂ မဂ္ဂါဝပ် လိုအပ် ချက် ရှိနေသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ပြောသည်။

သို့သော် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသည် နှစ်စဉ် လျှပ်စစ်ဓာတ်အား ပိုမို ရရှိအောင် ဆောင်ရွက်လျက် ရှိနေကြောင်း ဦးမော်သာထွေးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန်အတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုး ရေးဘဏ်တို့က ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ် တိုးတက်လျက်ရှိကာ ၂၀၁၃ ပထမ လေးလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရရှိသဖြင့် ယမန်နှစ်က ၀င်ရောက်ခဲ့သော ပမာဏထက် ကျော်လွန်သွား ခဲ့သည်။

BY 7DAY NEWS

တိုင်ကြားမှုများကြောင့် ကျောင်းသားများကို ဆိုဆုံးမရန် ဆရာမများ အခက်ကြုံ

Posted by drmyochit Tuesday, August 27, 2013, under | No comments


တိုင်ကြားမှုများကြောင့် ကျောင်းသားများကို ဆိုဆုံးမရန် ဆရာမများ အခက်ကြုံ တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့၊ အခြေခံပညာ အထက်တန်း ကျောင်းရှိ ဆရာ၊ ဆရာမများကို ကျောင်းသား ကျောင်းသူများ၏ မိဘများက တိုင်ကြားမှု များကြောင့် ကျောင်းသားများကို ဆိုဆုံးမရန် အခက် ကြုံလျက် ရှိကြောင်း အဆိုပါကျောင်းမှ ကျောင်းဆရာမ အချို့က ပြောကြားသည်။ ကျောင်းသား မိဘများက ဆရာမများ၏ ဆိုဆုံးမမှုများကို ဝေဖန် စိစစ်ခြင်း မရှိဘဲ ၎င်းတို့ကလေးများ၏ ပြောကြားချက်ဖြင့်သာ ကျောင်းအုပ်ကြီး၊ မြို့နယ် ပညာရေးမှူးရုံးသို့ မကြာခဏ တိုင်ကြားမှုများကြောင့် ကျောင်းသား များကို စာသင်ကြားမှုနှင့် ပြောဆို ဆုံးမရာတွင် အခက်အခဲများ ရှိကြောင်း အဆိုပါကျောင်းမှ အလယ်တန်းပြ ဆရာမ တစ်ဦးက The Voice သို့ ပြောကြားသည်။

တိုင်ကြားမှုများကြောင့် လတ်တလောတွင် မှန်သည် မှားသည်ထက် ပထမဦးဆုံး သွားရောက် ဖြေရှင်း ရသဖြင့် အချိန်ကုန်ခြင်း၊ လမ်းစရိတ်နှင့် အခြားသော စရိတ်များ ကုန်ကျမှုများ ရှိကြောင်း ၎င်းက ရှင်းပြသည်။ “တပည့်ကို ချစ်တဲ့စိတ်နဲ့ ဆုံးမတာကို ဘာကြောင့် အပြစ်လို့ ဆိုချင်ကြ တာလဲ၊ ဆရာ့ ကျင့်ဝတ်ထဲက ပဲ့ပြင်ဆုံးမဆိုတဲ့ စကားက ဘယ်ရောက်နေလဲ မသိတော့ပါဘူး။ ဒီလိုဆို အနာဂတ် ပညာရေး အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး” ဟု အလယ်တန်းပြ ဆရာမ တစ်ဦးက ဆိုသည်။

ကျောင်းဆရာမ တစ်ဦးအနေနှင့် တပည့်များကို ကောင်းစေချင်သည့် စိတ်ဖြင့် ချော့တစ်လှည့် ခြောက် တစ်လှည့် သင်ကြားရခြင်းများ ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ပြောကြားချက်ဖြင့်သာ မိဘများက တိုင်ကြားသောကြောင့် လက်ရှိ အခြေအနေတွင် ကျောင်းသား ကျောင်းသူများကို သစ်သား ပေတံ၊ ကော်ပေတံဖြင့်ပင် မရိုက်ရဲကြောင်း အဆိုပါကျောင်းမှ ဆရာမတစ်ဦးက ရှင်းပြသည်။
ကျောင်းသားများကို ဆိုဆုံးမမှုများနှင့် ပတ်သက်၍ ကျေနပ်မှု မရှိပါက မိဘနှင့် ဆရာတို့ နှစ်ဖက် တွေ့ဆုံကာ မိမိ ကလေး၏ အားနည်းချက် အားသာချက်ကို ဆွေးနွေး ဖြေရှင်းရန် လိုအပ်ကြောင်း ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ မိဘဆရာ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “သူတို့ တိုင်စာရောက်လာရင် အတိုင်ခံရတဲ့ ဆရာနဲ့ ကျောင်းသား မိဘများ ကို ပြေလည်အောင် ဖြေရှင်းပါတယ်” ဟု အဆိုပါ ကျောင်းအုပ် ဆရာမကြီး ဒေါ်သောင်းရက ရှင်းပြသည်။
ကျောင်းဆရာ၊ ဆရာမကို တိုင်ကြားမှုသည် ယခင်နှစ်ထက် ယခုနှစ်တွင် ပိုမို များပြားပြီး မိဘအချို့၏ တိုင်ကြားခြင်း၊ ခြိမ်းခြောက်ခြင်းတို့ မရေတွက်နိုင်အောင် များပြားလျက် ရှိကြောင်း၊ ဥက္ကံ အခြေခံပညာ အထက်တန်းကျောင်းထံမှ သိရှိရသည်။ အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ ၅၅ ဦး၊ မူလတန်းမှ ဒသမတန်းအထိ ကျောင်းသား ကျောင်းသူ ၅၀၀ ကျော် ရှိကြောင်း ယင်း ကျောင်းထံမှ သိရှိရသည်။

THE VOICE JOURNAL

အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ

Posted by drmyochit Tuesday, August 27, 2013, under | No comments



အနှိပ်ခန်းသို့ သွားရောက်ခဲ့သော ရဲနှစ်ဦးရိုက်နှက်ခံရသည့် အမှုတစ်ခု သြဂုတ် ၂၃ ရက်ညက မရမ်းကုန်း မြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ဘုရင့်နောင်နယ်မြေရဲစခန်းက နောက်တစ်နေ့တွင် အမှုဖွင့်ပြီးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကနဦးတွင် ထိုအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ၎င်းကို စားသောက်ဆိုင်တစ်ခုအနီးတွင် အမည်မသိ လူများက ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့သည်ဟု ထွက်ဆိုထားသည်။

ထိုသို့ထိုးကြိတ်သဖြင့် သူ၏ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်ခုံတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ နဖူးစုတ်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက် ကုသခံခဲ့ရကြောင်း ရဲဌာနတွင် ပြန်လည်တိုင်တန်းထွက်ဆိုခဲ့သည်။

သို့သော် ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲအရာရှိများက ထိုသို့တိုင်တန်းထွက်ဆိုမှုကို သေချာစေရန် အသေးစိတ် ထပ်မံ၍ စစ်ဆေးသောအခါ၌မူ တရားလိုဖြစ်သော အချုပ်ယာဉ်မောင်း ဒု-တပ်ကြပ်မျိုးမြင့် သည် သြဂုတ် ၂၃ ရက် ညက သူ့သူငယ်ချင်း ဒု-တပ်ကြပ် အောင်ဖုန်းမြင့်နှင့်အတူ စားသောက်ဆိုင်တစ်ခုတွင် စားသောက်ခဲ့ကြောင်း၊ ထို့နောက် ည ၁၁ နာရီခန့်တွင် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အနှိပ်ခန်း တစ်ခုသို့ ထပ်မံသွားရောက်စဉ် ၀ိုင်းဝန်း ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ပြင်ဆင်ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

သူတို့နှစ်ဦးသည် အနှိပ်ခန်းသို့ သွားရောက်ပြီး အနှိပ်ခန်းဖွင့်၊ မဖွင့် မေးမြန်းရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူတစ်ဦးနှင့် စတင်စကားများသည်နှင့် လူငါးဦးခန့်က တုတ်ဓားများဖြင့် ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ခဲ့သည်ဟု ယင်းအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ဆက်လက်ထွက်ဆိုထားသေးသည်။

ထိုသို့ ၀ိုင်းဝန်းရိုက်နှက်ခံရသဖြင့် ဒု- တပ်ကြပ် မျိုးမြင့်သည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခဲ့ရသလို၊ သူ့သူငယ်ချင်း ဒု- တပ်ကြပ် အောင်ဖုန်းမြင့်သည်လည်း ၎င်းရရှိထားသည့် ဒဏ်ရာများကို သင်္ဃန်းကျွန်း ဆေးရုံတွင် ဆေးကုသခဲ့ရသည်ဟု ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

ဒု-တပ်ကြပ် မျိုးမြင့်၏ တိုင်တန်းမှုကို ဘုရင့်နောင် နယ်မြေရဲစခန်းက အမှုအမှတ် (ပ)၃၁၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ရိုက်မှုကျူးလွန်သူဟု သံသယရှိသည့် အနှိပ်ခန်း မန်နေဂျာနှင့် စားပွဲထိုးလေးဦးတို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်။

အလားတူပင် ဘုရင့်နောင် ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်မှုအရ ဒု-တပ်ကြပ်နှစ်ဦးကိုလည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ရဲဌာနများသို့ အသီးသီး တင်ပြဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Mizzima - News in Burmese

Monday, August 26, 2013

Files တွေကို ဓာတ်ပုံအတွင်း ဖွက်ထား ( Hide ) လုပ်ပေးထားနိုင်မယ့် Software ( Files Hide To Photo )

Posted by drmyochit Monday, August 26, 2013, under | No comments


မည်သည့်ဖိုင်တွေကိုမဆို ဓာတ်ပုံအတွင်း Hide လုပ်ပေးထားနိုင်မယ့် Software ဖြစ်ပါတယ်..သုံးရတာလဲ လွယ်ကူပါတယ်...ဒီလို Software ကို Hacker တွေအများဆုံးအသုံးပြုကြပါတယ်..Virus ဖိုင်ကို ဓာတ်ပုံထဲကိုထည့်..ပြီးရင် ပစ်မှတ်ကို လှမ်းပေးလိုက်မယ်..ပစ်မှတ်ထားခံရသူက အဲဒီဓာတ်ပုံကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်ဓာတ်ပုံကတော့ပေါ်လာတယ်..ဒါပေမယ့် ဓာတ်ပုံထဲမှာ ကပ်ထည့်ထားတဲ့ Virus က ပစ်မှတ်ကိုထိသွားပြီ..:) ကဲဒါဆိုရင်ဘယ်လိုသုံးရလဲ သဘောပေါက်ကြမှာပါ..မိမိရဲ့ အရေးကြီးတဲ့ဖိုင်တွေကိုလည်း ဓာတ်ပုံထဲမှာ
ကပ်ထည့်ပြီးလုံခြုံစိတ်ချစွာ မိမိသူငယ်ချင်းထံသို့ပေးပို့ ဝေမျှနိုင်ပါတယ်...ကပ်ထည့်ထားတဲ့ဖိုင်ကို ဖြေ
ထုတ်ဖို့ Extract Files ဆိုတာလည်းပါပါတယ်..သုံးရတာ တကယ့်လွယ်လွယ်လေးပါ..ကဲ ဒေါင်းနိုင်ကြပါပြီ

Download=> Link 1 / Link 2 / Link 3 / Link 4

Facebook ပေါ်က ကျောင်းသားများကို မြှူဆွယ်သည့် ဆရာမအား ဖမ်းဆီး

Posted by drmyochit Monday, August 26, 2013, under | No comments

ဖလော်ရီဒါ၊ သြဂုတ် ၂၅

နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်သည့် Facebook ကွန်ရက်ပေါ်က တစ်ဆင့် ကျောင်းသား များအား လိင်ကိစ္စ မြှူဆွယ်သော ဆရာမ တစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း USA Today သတင်းတွင် ဖော်ပြ ထားသည်။

ဖလော်ရီဒါ တောင်ပိုင်း အထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် အသက် ၃၁ နှစ် အရွယ်ရှိ စတီဗီဂလပ်စ်ပူး ဆိုသူသည် ဖလော်ရီဒါ ဘိုကာရေတန်ရှိ မိမိ နေအိမ်တွင် ကျောင်းသားများ မိမိနှင့်အတူ လာရောက် အိပ်စက်ရန် Facebook ပေါ်ကတစ်ဆင့် ဖိတ်ခေါ်ခဲ့သည့်အပြင် မိမိထံတွင် ဆေးခြောက်များကိုလည်း သုံးစွဲနိုင်ကြောင်း ရေးသားထားသဖြင့် ထိုသို့ ဖမ်းဆီး အရေးယူရခြင်း ဖြစ်ကြောင်း ဘရိုးဝပ် ရဲစခန်း တာဝန်ခံ အရာရှိက ပြောကြား သည်။

Facebook ပေါ်ရှိ သူမ၏ စာမျက်နှာပေါ်တွင် ဆရာမက အသက် ၁၅ နှစ်မှ ၁၇ နှစ် အတွင်းဖြစ်ရမည် ဟူသော ရေးသားထားချက်များကို တွေ့ရပြီး ရဲစခန်းက လာရောက် ထိန်းသိမ်းလိုက်ရခြင်း ဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။

သူမသည် ကလေးသူငယ်များကို ပြည့်တာဆာဆန်ဆန် မြှူဆွယ်မှုဖြင့် လည်းကောင်း၊ လိင်ကိစ္စ မြှူဆွယ်လိုစိတ်ဖြင့် ကွန်ပျူတာ အင်တာနက်ကို သုံးစွဲသည့်အတွက် လည်းကောင်း လက်ရှိဒေါ်လာ ၂၅,၀၀၀ အာမခံဖြင့် နေထိုင်ရမည် ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသား တစ်ယောက်က မိမိထံ ဆရာမက ပို့လိုက်သော လိင်အသားပေး အရေးအသားများကို မိဘများထံ သွားရောက် ပြသလိုက်ပြီး မိဘများက တစ်ဆင့် အာဏာပိုင်များထံ ဆက်လက် တိုင်ကြားရာမှ ယခုကဲ့သို့ ကျော်မကောင်း ကြားမကောင်း သတင်းများ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ကျောင်းသား တစ်ယောက်ထံသို့လည်း “မင်းငါ့ကို ပြန်ချစ်ဖို့ မမျှော်လင့်ပါဘူး။ ဒီလို ပြန်မချစ် လို့လည်း မင်းကို ရိုက်မှာ မဟုတ်ပါဘူး၊ စိတ်လည်း မဆိုးပါဘူး” ဟု ရေးသားထားသည့် စာများကိုပါ Facebook ကတစ်ဆင့် ပေးပို့ထားသည့် အထောက်အထားများ ရရှိခဲ့ကြသည်။

ဂလပ်စ်ပူးသည် မားဗရစ် အထက်တန်းကျောင်းက ဆရာမတစ်ဦး ဖြစ်ခဲ့ပြီး၊ လွန်ခဲ့သည့် မေလ ကတည်းက အလုပ်မှ အထုတ်ခံထားရသူ ဖြစ်သည်။ ယခုလက်ရှိ သူမသည် ဟောလီးဝုဒ် ဝိဇ္ဇာသိပ္ပံ အကယ်ဒမီ ကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယခုကိစ္စကို ကျောင်းဖွင့် သည့် စာသင်နှစ်အစ ကျောင်းလေးရက်သာ တက်ရသေးချိန်တွင် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းက သတင်း ထုတ်ပြန်သည်။

Autorun Virus Remover 3.3 Build 0328 Full Version ( 4 MB )

Posted by drmyochit Monday, August 26, 2013, under | No comments


ကဲ..လာပြီနော်.. USB Sitck ထဲကနေ ကွန်ပျူတာထဲသို့ Virus ၀င်မှာကြောက်သူများအတွက် အထူးစပါယ်ရှယ်ပါ..အရင် Version တွေနဲ့မတူဘဲ အခု Version အသစ်မှာ Tools အသစ်တွေပါဝင်လာပါတယ်.. ကွန်ပျူတာမှာ USB Stick တွေသုံးမရအောင် Lock ချထားချင်လား...ကွန်ပျူတာအတွင်းသို့ ထိုးလိုက်တဲ့ Virus ပါနေတဲ့ USB Stick ကို အန္တရာယ်ကင်းကင်းနဲ့
Safe Mode ကနေဖွင့်ကြည့်ချင်လား..USB Stick အတွင်း Virus ကိုက်သွားလို့ သုံးမရ..ဖွင့်မရ..ပျက်သွား
ပျောက်သွားတဲ့ဖိုင်တွေကို ပြန်လည်ဖော်ထုတ် Repair လုပ်ချင်လား...စတဲ့ စတဲ့ USB နဲ့ပတ်သက်ရင် စွယ်
စုံအသုံးဝင်ဆုံး..လူတိုင်းလူတိုင်းဆောင်ထားဖို့ အကောင်းဆုံး USB Disk Security ထက် သာလွန်ကောင်း
မွန်တဲ့ Software လေးဖြစ်ပါတယ်..လိုအပ်သူများ Download ရယူနိုင်ကြပါပြီခင်မျာ..


Download => Link 1 / Link 2

Download From Google Drive


Myanmar IT Helper ( www.mmithelper.com )
Full Version Softwares and Many Hacking Tips & Trick

ဓာတုလက်နက် ပြဿနာကြောင့် ဆီးရီးယားအရေး ပိုမိုရှုပ်ထွေးလာ

Posted by drmyochit Monday, August 26, 2013, under | No comments

ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အစိုးရနှင့် သူပုန်တပ်များ အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဒမတ်စကက် မြို့တော်အနီးတွင် လူပေါင်းရာနှင့်ချီ သေဆုံးစေသည့် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု တစ်ခုကို သမ္မတ ဘာရှာအာဆက်ဒ်၏ သစ္စာတော်ခံ တပ်ဖွဲ့များက ကျူးလွန်ခဲ့ကြောင်း သူပုန်တပ်ဖွဲ့များက စွပ်စွဲခဲ့သည်။ ကုလသမဂ္ဂက အဆိုပါ အခြေအနေကို အလွန်စိုးရိမ်ကြောင်းနှင့် စုံစမ်းမှုများ ပြုလုပ်စေလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့်နောက် အမေရိကန်နှင့် ဥရောပ နိုင်ငံများကပါ ဆီးရီးယားအရေးကို ပိုမို အာရုံစိုက်လာခဲ့သည်။ သို့သော်လည်း ယခုအခါ ဆီးရီးယား အစိုးရက ယခုတိုက်ခိုက်မှုသည် သူပုန်တို့၏ လက်ချက်သာဖြစ်ကြောင်း တုံ့ပြန် စွပ်စွဲလာခဲ့သည်။


ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် ရာပေါင်းများစွာ သေဆုံးခဲ့သော ကိစ္စနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည်ကို ကုလသမဂ္ဂက စိတ်ဝင်တစား စောင့်ကြည့်လျှက် ရှိသည်။ အစောပိုင်းက အခင်းဖြစ်ရာ နေရာကို ဆီးရီးယား အစိုးရက သွားရောက် စုံစမ်းခွင့် ပိတ်ပင်ထားခဲ့ပြီး တနင်္ဂနွေနေ့ ညနေပိုင်းကမှ အဆိုပါ ကိစ္စကို ခွင့်ပြုချက်ပေးရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို လိုက်လျော သဘောတူညီခဲ့သည်။ ကုလသမဂ္ဂ အနေဖြင့် မိမိတို့၏ ဓာတုလက်နက်ဆိုင်ရာ ကျွမ်းကျင်သူများသည် ယခုသီတင်းပတ် အစောပိုင်းတွင် စတင်၍ စုံစမ်းမှုများ ပြုလုပ်နိုင်ရန် မျှော်လင့်ထားသည်။ ဒမတ်စကက်မြို့တော် အစွန်အဖျား ဒေသများတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲမှုများအတွက် မည်သူ့တွင် တာဝန်ရှိသည်ကိုမူ ယတိပြတ် မပြောဆိုနိုင်သေးဟု ကုလသမဂ္ဂက ဆိုသည်။


လတ်တလောတွင် ဆီးရီးယား အရေးနှင့် ပတ်သက်ပြီး ယခင်က အတန်ငယ် လက်ရှောင်လေ့ရှိသည့် အမေရိကန် အစိုးရသည် ဓာတုလက်နက် ပြဿနာနှင့် ပတ်သက်ပြီး သည်းခံလိုဟန် မရှိသည့် သဘောထားမျိုးကို ပြသလာခဲ့သည်။ အမေရိကန်နိုင်ငံရှိ ပင်တဂွန် စစ်ဌာနချုပ်သည် ဆီးရီးယားနိုင်ငံ အနီးသို့ ခရုစ်ဒုံးကျည်များ တပ်ဆင်ထားသည့် စစ်သင်္ဘော (၄)စင်းကို မြေထဲပင်လယ်ဒေသသို့ ပို့ဆောင်ထားလိုက်ပြီ ဖြစ်သည်။ CNNသတင်းဌာနနှင့် အင်တာဗျူးတွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက လက်ရှိ အခြေအနေကို မိမိ အလွန်စိုးရိမ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့သည်။

အိုဘားမားက "သိပ်ကိုဆိုးရွားတဲ့ ကိစ္စပါ။ ဒီအခြေအနေဟာ အမေရိကန်အတွက် အမျိုးသားရေးအဆင့် စိတ်ဝင်စားစရာ ပြဿနာမျိုး ဖြစ်လာပါတယ်။ လူတွေ အစုလိုက်အပြုံလိုက် သေစေတဲ့ ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ် ဆိုတာမျိုးက ဘယ်အခြေအနေမှာမှ လက်ခံလို့ မရနိုင်ပါဘူး။ တစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ မဟာမိတ် နိုင်ငံတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေပါတယ်။ နောက်ပြီး အဲဒီဒေသတွင်းမှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းတွေ အတွက်ရောပေါ့"ဟု ပြောဆိုခဲ့သည်။

ယခုအခါ အဆိုပါ တိုက်ခိုက်မှုကြောင့် နိုင်ငံတကာ အထောက်အပံ့ ရယူထားသည့် ဆီးရီးယား ဆေးရုံ (၃)ခုတွင် လူပေါင်း (၃၆၀၀)မျှ ကုသမှု ခံယူခဲ့ရသည်။ နောက်ဆုံးသတင်း ရရှိသည့် အခြေအနေထိ လူပေါင်း (၃၅၅)ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှုအတွင်း သေဆုံးသူ စုစုပေါင်း အရေအတွက်သည် (၁၃၀၀)ကျော်မည်ဟု သတင်းများက ခန့်မှန်းခဲ့ကြသည်။ ဆေးရုံရောက်နေသူ အများစုသည် ပြင်ပဒဏ်ရာ မရှိဘဲ အသက်ရှူ ခက်ခဲခြင်း၊ အာရုံကြော ထိခိုက်ခြင်းများကို ခံစားနေရသည်။

ရန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ မိုဟာမက် ယာဗက်ဒ် ဇာရစ်ဖ်ကမူ ၎င်းသည် ဆီးရီးယား အစိုးရနှင့် ဆက်သွယ်စကားပြောခဲ့ကြောင်း ဆိုသည်။ "သူတို့ဘက်ကတော့ ခုတိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်သလို ဓာတုလက်နက်ကို ဘယ်တုန်းကမှ မသုံးကြောင်း အခိုင်အမာ ပြောပါတယ်။ အနာဂတ်မှာ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်သူတွေ အဲဒီနေရာကို သွားရောက် လေ့လာဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း အာမခံခဲ့တယ်"ဟု ယာဗက်ဒ်က ဝန်ကြီးဌာနပိုင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေး ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် အန်ဂျလာကိန်းသည် စနေနေ့က ဒမတ်စကက်သို့ ရောက်ရှိနေပြီး အစိုးရ အနေဖြင့် အဆိုပါ နေရာသို့ မိမိတို့ သွားရောက် စစ်ဆေးခွင့်အတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ဆီးရီးယား အစိုးရပိုင် ရုပ်မြင်သံကြား ဌာနတစ်ခုက ယခုဖြစ်စဉ်သည် အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့ပြီး သူပုန်တပ်များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ ထို့အပြင် မြို့ထဲသို့ ပြန်ဝင်လာသည့် စစ်သားများစွာ အသက်ရှူ မွန်းကျပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ရုပ်မြင်သံကြား ဌာနတွင် ဖော်ပြခဲ့သည်။

သူပုန်တပ်များကို အကြမ်းဖက်သမားများဟု သုံးနှုန်း ခေါ်ဝေါ်လေ့ရှိသည့် ဆီးရီးယား အစိုးရက "ယုံကြည်ရတာက အကြမ်းဖက်သမားတွေဟာ အဲဒီနေရာမှာ ဓာတုလက်နက်တွေ သုံးစွဲခဲ့ပုံရပါတယ်"ဟု ကောက်ချက်ချသွားသည်။ "ကျွန်တော်တို့ အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက်တွေ မသုံးခဲ့ဘူးဆိုတာ ထပ်ပြီး အတည်ပြုပါတယ်။ ဓာတ်ငွေ့ဖြစ်ဖြစ်၊ အရည်ဖြစ်ဖြစ်၊ တခြားဘာဖြစ်ဖြစ် ကျွန်တော်တို့ လုံးဝ အသုံးမပြုခဲ့ပါဘူး"ဟု ဆီးရီးယား ပြန်ကြားရေးဝန်ကြီး အွမ်ရန်အယ်လ်ဇူဘီက လက်ဘနွန် ရုပ်မြင်သံကြား ဌာနနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။ ၎င်းကလည်း ယခုလက်ချက်သည် သူပုန်များ၏ အကွက်ချ စီစဉ်မှုဟု စွပ်စွဲခဲ့သည်။



အမေရိကန် အစိုးရကမူ သမ္မတအိုဘားမား အနေဖြင့် ယခုကိစ္စကို အလွန်စိတ်ဝင်စားနေကြောင်း ပြောကြားထားသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက "သမ္မတဟာ ထောက်လှမ်းရေးဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကို သက်သေ အထောက်အထားတွေအတွက် ရသမျှ သတင်းအချက်အလက်တွေ စုဆောင်းဖို့ တိုက်ရိုက် အမိန့်ပေးထားပါတယ်။ ဆီးရီးယားမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို ကျွန်တော်တို့ သေချာသိချင်တယ်"ဟု AFPသို့ ပြောဆိုသွားသည်။ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ချက်ခ်ဟေဂယ်လ်ကလည်း မိမိတို့၏ တိုက်ခိုက်ရေး တပ်ဖွဲ့များသည် သမ္မတ၏ အမိန့်ရသည်နှင့် အရာရာ လှုပ်ရှားရန် အဆင်သင့် ဖြစ်နေကြောင်း ဆိုသည်။



၎င်းက "သမ္မတက ကာကွယ်ရေး ဝန်ကြီးဌာနကို ဖြစ်လာနိုင်သမျှ အခြေအနေတိုင်းအတွက် ပြင်ဆင်ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့က အဲဒီမတိုင်ခင် ကတည်းက အသင့်ဖြစ်ပြီးသားပါ။ မြေထဲပင်လယ်ထဲက ကျွန်တော်တို့ရဲ့ ရေတပ်ဟာ အချိန်မရွေး လှုပ်ရှားနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်နိုင်ခြေ အားလုံးအတွက် ကြိုပြီး လေ့ကျင့်ထားပြီးသား ဖြစ်ပါတယ်။ သမ္မတက တစ်ခုခု ရွေးချယ်လိုက်ပြီဆိုရင် ကျွန်တော်တို့က ချက်ချင်း အကောင်အထည် ဖော်နိုင်ပါတယ်"ဟု သတင်းထောက်များအား ပြောကြားသွားသည်။



သြဂုတ် ၂၆ ရက် ညနေပိုင်းသတင်း

ဆီးရီးယားတွင် ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ ယာဉ်တန်း စနိုက်ပါဖြင့် ပစ်ခတ်ခံရ

ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် ဒမတ်စကက်မြို့တော်သို့ ရောက်ရှိနေသော ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ မော်တော်ယာဉ်တန်းမှာ စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ် ခံခဲ့ရသည်။ စနိုက်ပါဖြင့် ပစ်ခတ်ခံရမှုကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်ကို လဲလှယ်ရန် ကုလသမဂ္ဂစစ်ရေးရေးမှူးများ အဖွဲ့သည် အစိုးရထိန်းချုပ်ရာ နေရာတစ်ခုကို ပြန်လှည့်ခဲ့ရသည်။ ၎င်းတို့သည် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ နေရာသို့ စစ်ဆေးမှုပြုလုပ်ရန် စီစဉ်သွားရောက်ခြင်းဖြစ်သည်။ အစောပိုင်းကလည်း ကုလသမဂ္ဂစစ်ဆေးရေးမှူးများ တည်းခိုရာ ဟိုတယ်အနီး မော်တာကျည်ဆန် ၂ ခု ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

From: Planet Myanmar Network

၁၂ နှစ်သမီးကို ခိုးပြေးမိ၍ အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

Posted by drmyochit Monday, August 26, 2013, under | No comments


အသက် ၁၂ နှစ်အရွယ်ကလေးငယ်အား ခိုးပြေးသူကို အရေးယူပေးရန် မိန်းကလေးငယ်၏ ဖခင်က တိုင်တန်းမှု တစ်ခုကို သင်္ဃန်းကျွန်းရဲစခန်းက သြဂုတ် ၂၄ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မိန်းကလေးငယ်သည် တောင်ဥက္ကလာပမြို့နယ်ရှိ ဦးထုပ်ချုပ်လုပ်ငန်းတစ်ခုတွင် အလုပ် လုပ်ကိုင်နေ သူဖြစ်ပြီး သြဂုတ် ၇ ရက်က နေအိမ်မှ အလုပ်သို့ ထွက်ခွာသွားသော်လည်း ညဘက်တွင် အလုပ်ရှင်က သူမ အ လုပ်လာမဆင်းကြောင်း မိဘများထံ ဖုန်းဖြင့်အကြောင်းခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် ဖခင်က လိုက်လံရှာဖွေခဲ့ရာ နှစ်ရက်ကြာသည်အထိ မတွေ့ရသဖြင့် သူ့သမီးပျောက်သည့် အမှုကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် လူပျောက်မှုဖြင့် တိုင်တန်းအမှုဖွင့်ခဲ့ပြီး ဆက်လက်ရှာဖွေ နေခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

မိန်းကလေးငယ်အိမ်မှ ပျောက်သွားပြီး ၁၄ ရက်အကြာ သြဂုတ် ၂၃ ရက် နံနက်တွင် သူ့မိဘများကို ဒဂုံဆိပ်ကမ်း မြို့နယ်မှ အမျိုးသားကြီးတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်ပြီး သူ့သားနှင့်အတူ သူ့အိမ်တွင် မိန်းကလေးငယ်ရောက်ရှိ
နေကြောင်း အကြောင်းကြားလာသဖြင့် ဖခင်က သွားရောက်ခေါ်ဆောင်ခဲ့ သည်ဟု ဆိုသည်။

မိန်းကလေးငယ်က ၎င်းကို ကျိုက္ကဆံဘုရားတွင် တွေ့ဆုံခဲ့ဖူးသည့် မောင်ဩဩဩ..က အလုပ်သွားရာ လမ်းတွင် စက်ဘီးဖြင့် စောင့်ကြိုနေပြီး ဖျားယောင်းသွေးဆောင်၍ သူ့နေအိမ်သို့ ခေါ်ဆောင်သွားကာ သားမယားပြုကျင့် ခဲ့ကြောင်း ဖခင်ဖြစ်သူကို ပြန်ပြောပြသည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မိန်းကလေး၏ ဖခင်ကလည်း မောင်ဩဩဩကို သြဂုတ် ၂၄ ရက်၌ သင်္ဃန်းကျွန်းရဲစခန်းတွင် တိုင်တန်းလိုက်ပြီး ရဲစခန်းက အမှုအမှတ်(ပ) ၃၅၃/၂၀၁၃ဖြင့် အမှုဖွင့်ထားသည်ဟု တိုင်းရဲဌာနက ဆိုသည်။

မိန်းကလေးကို ခိုးပြေးပြီး ပေါင်းသင်းနေထိုင်ခဲ့သူကိုမူ ရဲဌာနက စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းမိပါကလည်း သူ့ကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မကျူးလွန်မှုဖြင့် တရားစွဲနိုင်ချေရှိသည်ဟု တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ဇော်ဇော်ထွေး | မဇ္ဈိမ

ကျောင်းထိုင်သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံး

Posted by drmyochit Monday, August 26, 2013, under | No comments

ရွှေပြည်သာ၊ သြဂုတ် ၂၆။

ရွှေပြည်သာမြို့၊ (၆)ရပ်ကွက်၊ ချင်းတွင်းလမ်းရှိ သဲချောင်း ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့က သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ယင်းကျောင်းတွင် တစ်ပါးတည်း သတင်းသုံး နေထိုင်သော ဝါတော် ဆယ်ဝါရှိ ကျောင်းထိုင်ဆရာတော် ဦးဗုဒ္ဓဝံသ၊ အသက်(၃၀)သည် ကျောင်းတိုက်အောက်ထပ်၊ ၎င်းနေထိုင်သည့် အခန်းအတွင်း
အမြင့်ရှစ်ပေကျော်ရှိ ထုတ်တန်းတွင် အရှည်ကိုးပေခန့်ရှိသော အေကသီ သင်္ကန်းစအား ကြိုးအဖြစ် အသုံးပြု၍ မတ်တပ်ရပ်ဆွဲကြိုးချ သေဆုံးနေခြင်း ဖြစ်ကြောင်း သေမှုသေခင်း မှတ်တမ်းများအရ
သိရသည်။

အဆိုးပါရုပ်ကလပ်အား အင်းစိတ်ဆေးရုံတွင် ပီအာရ် ၁၇/၁၃ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ် မျိုးမင်းကျော်မှ တရားလိုပြုလုပ်တိုင်တန်းမှုအား
ရွှေပြည်သာ မြို့မှ ရဲစခန်းမှ သေမှုသေးခင်း အမှတ်စဉ် ၁၇/၁၃ဖြင့် အမှုဖွင့်၍ စခန်းမှူးဖြစ်သူ အမှုစစ်ဒုရဲမှူးဦးဌေးအောင်မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

အိန္ဒိယ ဓာတ်ပုံ သတင်းထောက် မိန်းကလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများ အကုန် ဖမ်းမိ

Posted by drmyochit Monday, August 26, 2013, under | No comments


အိန္ဒိယနိုင်ငံမှ အမျိုးသမီးများ၏ ဘဝ လုံခြုံရေးနှင့် ပတ်သက်ပြီး မကျေနပ်မှုများ မြင့်တက်လာစေသည့် နောက်ထပ် လိင် အကြမ်းဖက်ခြင်း ရာဇဝတ်မှု တစ်ခုဖြစ်သော ဓာတ်ပုံ သတင်းထောက် အမျိုးသမီး ငယ် တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကျူးလွန်သူများ အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ကျွန်တော်တို့ ရာဇဝတ်မှု တိုက်ဖျက်ရေး ဌာနက နယူးဒေလီကနေ ငါးယောက်မြောက် ပြစ်မှု ကျူးလွန်သူကို ဖမ်းမိပြီ ဖြစ်လို့ မွန်ဘိုင်းကို ပြန်ခေါ်လာပြီ ဖြစ်ပါတယ်”ဟု အမည် ဖော်လိုခြင်း မရှိသော အစိုးရအရာရှိ တစ်ဦးက AFP ကို ပြောကြားခဲ့သည်။
အသက် ၂၀ စွန်းစွန်းသာ ရှိသေးသော အဆိုပါ ဓာတ်ပုံသတင်းထောက် မိန်းကလေးငယ်ကို လူငါးဦး ပါသော အုပ်စုက မွန်ဘိုင်းမြို့ ဈေးရပ်ကွက်တွင် အဓမ္မ ပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း နယူးဒေလီမြို့တော်တွင် ဘတ်စ်ကားပေါ်၌ အသက် ၂၃ နှစ် အရွယ် ကျောင်းသူ တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သောကြောင့်လည်း အဆိုပါမိန်းကလေး သေဆုံးခဲ့ရသည်။

အိန္ဒိယတွင် လူထုကလည်း ယင်းရာဇဝတ်မှုများကြောင့် အမျိုးသမီးများ ဘဝ လုံခြုံရေးအတွက် အစိုးရကို ဒေါသတကြီး ဆန္ဒပြခဲ့ကြသည်။

တရားခံများကို ရက်ခြားစီ ဖမ်းမိခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြို့တော် မွန်ဘိုင်း၌ ချုပ်နှောင်ကာ စစ်ဆေးလျက် ရှိသည်။

တရားခံများတွင် အသက် ၁၆ နှစ် အရွယ် လူငယ် တစ်ဦးပင် ပါဝင်သည်ဟု သတင်းများက ဖော်ပြထားပေသည်။

မုဒိမ်းမှု သားကောင် ဖြစ်ခဲ့ရသော ဓာတ်ပုံ သတင်းထောက် အမျိုးသမီးငယ် သည် လက်ရှိအချိန်တွင် မွန်ဘိုင်းရှိ ဂျက်စ်လော့ခ် ဆေးရုံတွင် တင်ထား ကုသမှု ခံနေရပြီး ၎င်း၏ ကျန်းမာရေးအခြေအနေသည် အလွန်ကောင်းမွန် တည်ငြိမ်လာလျက် ရှိသော်လည်း ဒဏ်ရာ ဒဏ်ချက်များစွာ ရရှိထားသည် ဟု ဆေးရုံ ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

မိန်းကလေးသည် မွန်ဘိုင်းမြို့ ဘဏ္ဍာရေး ဈေးကွက်အနီးရှိ အသုံးမပြုတော့သော စက်ရုံကြီး တစ်ခုကို ဓာတ်ပုံရိုက်ရန် တာဝန်ပေးခံရပြီး အမျိုးသား အဖော်တစ်ဦးနှင့်အတူ သွားရောက် ရိုက်ကူးစဉ် ပြစ်မှု ကျူးလွန်သူများ ရောက်ရှိလာပြီး အမျိုးသား အဖော်ကို ကြိုးတုပ်ကြကာ ဓာတ်ပုံ သတင်းထောက် အမျိုးသမီးငယ်ကို သားမယား ပြုကျင့်ခဲ့ ကြခြင်း ဖြစ်သည်။

အိန္ဒိယတွင် လူထုက ဖိအားပေး တောင်းဆိုသောကြောင့် မုဒိမ်းမှုသည် လူသေပါက သေဒဏ် ပေးခံရနိုင်သည်အထိ ပြင်းထန်သွားခဲ့ပြီး လိင်ပိုင်း ဆိုင်ရာအရ စော်ကားမှု ပြုခြင်းဆိုသည့် အဓိပ္ပာယ်သည်လည်း ပိုမို ကျယ်ဝန်း လာသည်။

The Voice Weekly

ကွန်ပြူတာပညာအခမဲ့ သင်ပေးမည့် ပရဟိတသူရိယဖောင်ဒေးရှင်းစလှုပ်ရှား

Posted by drmyochit Monday, August 26, 2013, under | No comments

မိုးညှင်း၊ သြဂုတ် ၂၆။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပုညရှင်တောရ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာရိပ်သာ ဆရာတော် ဒေါက်တာအရှင်ကစ္စာယနမှ ဦးစီးသော သူရိယပညာရေး ဖောင်ဒေးရှင်းမှ လရွယ်၊ လူငယ်များ ကွန်ပျူတာ အခမဲ့ သင်ကြားနိုင်ရန် စတင်ပြီဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းမှ သိရသည်။

အသက်(၃၀)အောက် အိမ်ထောင်မရှိသော လူငယ်များ(၁၀၀)ကျော်ဖြင့် ဖွဲ့စည်းထားပြီး ဆင်းရဲသား၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအားလုံး ကွန်ပြူတာ အခမဲ့ ပညာသင်ကြားနိုင်ရန်ရည်ရွယ်ကြောင်း ၎င်းဖောင်းဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မြန်မာလူမျိုးတွေက နိုင်ငံခြားသားတွေနဲမတူဘူး၊ ဥာဏ်ကောင်းကြတယ်။ နိုင်ငံတော်က ပညာရေးအတွက် သင်ထောက်ကူပစ္စည်းတွေ လုံလောက်အောင် မပေးနိုင်လို့သာ ခေတ်နောက်မှာ ရောက်နေကြတာ။ ဒါကိုတစ်ဖက်တလမ်း ကူညီချင်လို့ ကွန်ပြူတာပညာရေးမြင့်တင်တဲ့ အနေနဲ့အခမဲ့ သင်ကြားပေးနိုင်ဖို့ ပရဟိတလူငယ်တွေကိုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်”ဟု ဆရာတော်ဒေါက်တာအရှင်ကစ္စာယနက မိန့်ကြားသည်။

လူငယ်ကျား၊ မပေါင်းလူဦးရေ(၁၀၀)ဖြင့်(၇)ဖွဲ့ ခွဲထားပြီး လစဉ်(၁၀၀၀)ကျပ် ထည့်ဝင်ခြင်းဖြင့် ရံပုံငွေရှာကာ တ၀က်ကို ဆင်းရဲတဲ့ကျောင်းများ ကိုလှူမည်ဖြစ်ကြောင်း၊ ကျောင်းသုံးစာအုပ်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ကျန်တစ်ဝက်ကို လူမျိုးဘာသာမရွေး သင်ယူနိုင်သည့် အခမဲ့ကွန်ပြူတာသင်တန်း ဖြစ်မြောက်ရေးအတွက် လှူမည်ဖြစ်ကြောင်း ပရဟိတ သူရိယဖောင်ဒေးရှင်းမှ ကိုဇင်းမင်းထက်က ပြောသည်။

“ဆင်းရဲတဲ့ကျောင်းတွေမှာ အဟာရဓာတ်စာတွေ ကျွေးကြတယ်။ ဆေးရုံတွေမှာ လူနာတွေအတွက် သွေးလှူရှင်တွေရှာပြီး ကူညီပေးတယ်။ သန့်ရှင်းရေးကအစ လူငယ်တွေ လုပ်အားပေးကြတယ်။ ကွန်ပြူတာ မတတ်မြောက်ကြတဲ့ လူငယ်တွေ အတော်များပါတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပေါတဲ့ နေရာဖြစ်နေလို့ ဆေးသုံးစွဲမှုဘက်မှာ လူငယ်တွေ အာရုံမရှိစေဘဲ ကွန်ပြူတာသင်တန်းတက်ပြီးနိုင်ငံတော်ကို အကျိုးပြုနိုင်ကြစေလိုတဲ့ ဆန္ဒနဲ့ လုပ်ဆောင်နေတာပါ”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပရဟိတအကျိုးဆောင်ကြသည့် လူငယ်အဖွဲ့များရှိသင့်ပြီး မိမိမြို့ရပ်ရွာများ၏ အခက်အခဲများကို တနိုင်တပိုင်ဖြေရှင်းနိုင်ခြင်းသည် အကျိုးကျေးဇူးများသည်ကို တွေ့ရကြောင်း၊ မိုးညှင်းတွင် ပရဟိတအခမဲ့ ကျောင်းများနှင့် ပရဟိတသူရိယ ဖောင်ဒေးရှင်းအဖွဲ့ ရှိလာခြင်းသည် မြို၏ အနာဂါတ်ကောင်းစားတော့မည်ကို မြင်နေရကြောင်း ဒေသခံ ကိုသန်းထွန်းက ဝမ်းသာစကားဆိုသည်။

သီဟ(ကချင်)
မြန်မာ့ခေတ်

အရွယ်မရောက်သေးသူအား ကားသမားသုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး၊ ကျန်ရှိသူအား စုံစမ်းနေ

Posted by drmyochit Monday, August 26, 2013, under | No comments

ဒဂုံဆိပ်ကမ်း၊ သြဂုတ် ၂၆။

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက် ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော အသက်(၁၅)နှစ်ခန့် အမျိုးသမီးငယ် တစ်ဦးအား အိမ်နီးနားချင်းပါ သုံးဦးမှ ခေါ်ဆောင်သွားပြီး
ကားသမား သုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသဖြင့် မိခင်ဖြစ်သူက သမီးဖြစ်သူအား သွေးဆောင်၍ အခကြေးငွေဖြင့် ကာမစပ်ယှက်ခိုင်းသူများအား အရေးယူပေးရန် တိုင်တန်းထားသဖြင့် ဒဂုံဆိပ်ကမ်း
မြို့မရဲစခန်းမှ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော ဒေါ်သီတာချို၊ ဆိုင်ကယ်မောင်းတစ်ဦးနှင့် အရွှေဝတ်မှုံတို့ သုံးဦးသည် အရွယ် မရောက်သေးသော အသက်(၁၅)ခန့်ရှိ
အမျိုးသမီးငယ် တစ်ဦးအား သြဂုတ်လ ၂၃ရက်နေ့က ခေါ်ဆောင်သွားကာ ပဲခူးမြစ်ကမ်း၊ ကနောင်ကွေ့မှတ်တိုင် အနီးတွင် ရပ်ထားသော နောက်တွဲမပါ ကွန်တိန်နာတင်ယာဉ် ခေါင်းခန်း အတွင်းသို့
ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းသုံးဦးဖြင့် ကာမစပ်ယှက်ရန် ထားခဲ့ကြောင်း (၂၄)ရက်နေ့ တွင် ပြန်ရောက်လာသော အဆိုပါ မိန်းကလေးထံမှ မိခင်ဖြစ်သူက သိရှိခဲ့ပြီး ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တန်းများ အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၂၉၁/၁၃၊ ပြစ်မှုပုဒ်မ ၃၆၆-က ဖြင့် ယမန်နေ့က အမှုဖွင့်ခဲ့ပြီး အမှုစစ် ဒုရဲအုပ် ဝဏ္ဏမောင်မောင်မှ ဒေါ်သီတာချိုနှင့်တစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းဆီးရမိရေး စုံးစမ်းလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

ယမန်နေ့က အရက်အလွန်အကျွံသောက်၍ ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးသူ(၃)ဦးရှိ

Posted by drmyochit Monday, August 26, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၆။

ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်သုံးခုတွင် အရက်အလွန်အကျွံ သောက်၍ ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးသူ (၃)ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီး မှုခင်းမှတ်တမ်းများအရ သိရသည်။

မြောင်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် ဆိုက်ကားတဲ အနောက်ဘက်တွင်တစ်ဦး၊ ရွှေပြည်သာမြို့နယ်၊ (ထ/၁၆)ရပ်ကွက်၊ မဟာဗန္ဓုလမ်းဘေးရှိ ရေမြောင်းအတွင်းတစ်ဦးနှင့် လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊
ရိပ်သာ (၆)လမ်းနှင့် မြို့အုပ်စာ(၁)လမ်းထောင့်ရှိ ရေးမြောင်းအတွင်းတွင်တစ်ဦး အရက်အလွန်အကျွံ သောက်သုံး၍ သေဆုံးနေကြခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းသို့သေဆုံးသော အလောင်းများအား ၎င်းတို့သေဆုံးရာ မြို့နယ်ရှိ ဆေးရုံကြီးများတွင် သက်ဆိုင်ရာ ပီအာရ် အမှတ်စဉ်များဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မြောက်ဥက္ကလာမမှ မှုခင်းအား ဒုရဲအုပ် ဇင်မင်းထွန်းမှ တရားလိုပြုလုပ် တိုင်တန်း၍ ဝေဘာဂီ မြို့နယ်စခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၆/၁၃ဖြင့် အမှုဖွင့်၍ စခန်းမှူး ရဲအုပ်နိုင်ဝင်းလည်းကောင်း၊ လှော်ကားမြို့နယ်မှ မှုခင်းအား ဒုရဲအုပ်သန်းအုန်း တရားလို ပြုလုပ်၍ လှော်ကားမြို့နယ် စခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ဖြင့် အမှုဖွင့်၍ အမှုစစ် ရဲအုပ်တင့်နိုင်မှ လည်းကောင်း၊ လှည်းကူးမြို့နယ်မှ ယင်းမှုခင်းအား ဒုရဲမှူး မြင့်ဦးမှ တိုင်တန်းပြီး လှည်းကူး မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၇/၁၃ဖြင့် အမှုဖွင့်၍ အမှုစစ်/တရားလိုမှ လည်းကောင်း အသီးသီး စစ်ဆေးလျက်ရှိကြကြောင်း သိရသည်။

မြန်မာ့ခေတ်

လက်မထပ်နိုင်ကြောင်းငြင်းသောအမျိုးသမီး၏ ရင်အုံကို ရည်းစားဟောင်းက ဓားဖြင့်ထိုး

Posted by drmyochit Monday, August 26, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၆။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး၏  ဝဲဘက်ရင်အုံကို ရည်းစား ဟောင်းဖြစ် သူက ဓားဖြင့်ထိုးခဲ့သော မှုခင်းတစ်ခုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး မှုခင်းမှတ်တန်း များအရ သိရသည်။

ကမာရွတ်မြို့နယ် (၃)ရပ်ကွက်တွင်နေထိုင်သော အမျိုးသမီးတစ်ဦးအား တစ်ရပ်ကွက်ထဲနေသူ ယခင်ရည်း စားဟောင်း ဖြစ်ခဲ့ဘူးသူက အရေးကြီးစကား ပြောစရာရှိ၍ ၎င်းအိမ်သို့လိုက်ခဲ့ရန်
ခေါ်ပြီးနောက် ပတ္တမြားလမ်းနှင့် မီးရထား လမ်းကြားတွင် စကားပြောစဉ် လက်ထပ်ရန်ပြောသဖြင့် အဆိုပါအမျိုးသမီးက ငြင်းလိုက်ရာ ရည်းစားဟောင်းဖြစ်သူက ဝဲဖက်ရင်အုံအောက်သို့
စာရွက်ဖြတ်သော အဆစ်ဓားဖြင့် ထိုးလိုက်ရာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် တင်ထားရကြောင်း ဆက်လက်သိရသည်။

ယင်းအမှုအား ကမာရွတ်မြို့မ ရဲစခန်းမှ (ပ)၃၇၉/၁၃၊ ပြစ်မှုပုဒ်မ-၃၂၆ဖြင့် ယနေ့ နံနက် (၀၀း၃၀)အချိန်တွင် အမှုဖွင့်၍ အမှုစစ် ဒုရဲအုပ် ဟန်ထွန်းအောင်မှ တရားခံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်