Friday, August 30, 2013

မြန်မာအလှမယ် ခင်ဝင့်ဝါ ဒုတိယမဲအများဆုံး ရနေ

Posted by drmyochit Friday, August 30, 2013, under | No comments


အရှေ့ဥရောပ BELARUS ဘေလာရွတ် နိုင်ငံတွင် ကျင်းပနေသည့် Miss Supranational 2013 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မခင်ဝင့်ဝါ ဝင်ရောက်ယှဉ်ပြိုင် လျှက်ရှိပြီး အွန်လိုင်း နှင့် Facebook သုံးစွဲကြသော မြန်မာပရိသတ်၏ လှုံ့ဆော် မဲပေးမှုကြောင့် မခင်ဝင့်ဝါ သည် ဒုတိယ မဲအများဆုံးဖြင့် ထိပ်တန်းပြေးလျှက်ရှိသည်။

ပထမ မဲအများဆုံးမှာ လူဇင်းဘတ်နိုင်ငံသူ Paulmier Heloise ပေါ်မိလာ ဟယ်လို့ဝစ် ဖြစ် သည်။ ဒီသတင်းရေးနေချိန်ထိ Ms. Paulmier Heloise မှာ မဲအရေ အတွက် ( ၁ သိန်း ၉ သောင်း) နီးပါး ရရှိနေပြီး မခင်ဝင့်ဝါမှာ မဲအရေ အတွက် ( ၁ သိန်း ၄ သောင်း) နီးပါး ရရှိနေသည်။

အိမ်နီးချင်း နိုင်ငံများမှ တရုတ်အလှမယ် Liu Qiang မှာ (၆၆)မဲ ၊ ဖိလစ်ပိုင်မယ် Mutya မှာ မဲ (၅ သောင်း)ကျော် ၊ ထိုင်းနိုင်ငံမှ အလှမယ် Thanyaporn မှာ မဲ(၅သောင်း)နီးပါး နှင့် ရုရှားအလှမယ် Yana မှာမဲ (၆ သောင်း)ကျော် ရရှိနေသည်။ မဲအများဆုံး ရသူကို Miss Supranational 2013 အဖြစ်ရွေးချယ်ပြီး စက်တင်ဘာလ (၆)ရက်တွင် ကြေညာမည် ဖြစ်သည်။

မဲပေးလိုသူများ အောက်ပါလင့်ခ်ကို နှိပ်ကြရန် မခင်ဝင့်ဝါမှ သူမ၏ Facebook https://www.facebook.com/khinwint.wah.73 တွင် ဆော်သြ ထားသည် ။ အောက်ပါ Link ကိုနှိပ်ပြီး မခင်ဝင့်ဝါ၏ ဓါတ်ပုံကို ၂ချက်နှိပ်ဖွင့်ပါ။ ပုံအကြီး ပေါ်လာလျှင် အနီရောင် စာလုံး Голосовать ကို နှိပ်ခြင်းဖြင့် Vote ပေးနိုင်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရသည်ဟု သိရသည်။


http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

Myanmar International News

ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်

Posted by drmyochit Friday, August 30, 2013, under | No comments

ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်း တပ်ဖွဲ့ဝင် များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

''ပြည်နယ်နဲ့တိုင်း အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲမေတွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ သူတွေကို ရွေးချယ်ပြီးတော့ စက်တင်ဘာလမှာ သင်တန်းပေးပြီး ခန့်အပ်သွားမယ်။ ဒါ့အပြင် နောက်လမှာ ရဲဗဟို လေ့ကျင့်ရေး ကျောင်းကနေ သင်တန်းဆင်းမယ့် ဒုရဲအုပ် ရဲမေတွေထဲက ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှုပေးဖို့ စိတ်ဓာတ် အမှန်တကယ်ရှိတဲ့ ရဲမေအယောက် လေးဆယ်ကိုလည်း ခန့်သွားဖို့ စီစဉ်နေပါ တယ်'' ဟု ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။

စက်တင်ဘာလ အတွင်း သင်တန်းပေးသွားမည့် ရဲမေများမှာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ၊ အရပ်ငါးပေ လေးလက်မ အနည်းဆုံးရှိသူ၊ အိမ်ထောင်မရှိသူ၊ မျက်မှန်တပ်ဆင် မထားသူ၊ ရုပ်ရည်အသင့် အတင့်ရှိသူ စသည်တို့နှင့် ကိုက်ညီရမည် ဖြစ်ကြောင်း သိရသည်။

ရုပ်ရည်ချောမော ပြေပြစ်သည့် ရဲမေများကို ဦးစားပေး ခန့်သွားမည်နှင့် ပတ်သက်၍ ရဲမှူးကြီးကျော်ထွေးက ''အဓိကကတော့ နေ့စဉ် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လမ်း အသုံးပြုသူတွေဖြစ်တဲ့ ယာဉ်မောင်းတွေ လမ်းလျှောက်သူတွေ စိတ်ကြည်လင်ဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသည်။
ဖွဲ့စည်းပုံ အသစ်အရ ရဲမေအင်အား ၆၀၀ ကျော် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိအင်အားမှာ ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

From : ..eleven

ဝက်မကြီးတစ်ကောင်မှ လူ၊ ဆင်၊ မြင်း၊ မျောက်၊ ကြံ့၊ ပုံသဏ္ဍာန် ဝက်ငါးကောင်မွေးဖွား

Posted by drmyochit Friday, August 30, 2013, under | No comments


ဟင်္သာတ၊ သြဂုတ် ၂၉။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နိဗ္မာန်တိုက်နယ် ပေါက် တန်းကြီးကျေးရွာအုပ်စု အနောက်ကုန်းရွာ၌ သြဂုတ်လ ၂၈ နေ့ နံနက် ငါးနာရီ အချိန်တွင် ဝက်မကြီးတစ်ကောင်သားပေါက်ရာ လူ၊ ဆင်၊ မြင်း၊ မျောက်၊ ကြံ့၊ စသည့် ပုံသဏ္ဍာန်နှင့်ဆင်သော ဝက်ကလေးငါးကောင် မွေးဖွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဝက်မကြီးတစ်ကောင်မှ သားဆယ်ကောင် ပေါက်ဖွားခဲ့ပြီး ငါးကောင်မှာ ထူးထူးခြားခြား ပုံသဏ္ဍာန်ဖြင့် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ဝက်ပိုင်ရှင်ဦးဝင်းက ပြောကြားသည်။

သားပေါက်ဆယ်ကောင်တွင် ငါးကောင်မှာ ပုံမှန်မွေးဖွားခဲ့ကာ ကျန်ငါးကောင်၌ ပထမဆုံး အမတစ်ကောင်သည် မျောက်မျက်နှာနှင့် တူခဲ့ပြီး မွေးဖွားပြီးချိန်တွင် သေဆုံးသွားကြောင်း၊

နောက်ထပ်ပေါက်သည့် လေးကောင်၌ လူရုပ်၊ ဆင်ရုပ် နှင့်တူသော အမနှစ်ကောင်၊ မြင်းရုပ်နှင့်တူသော အထီးတစ်ကောင်၊ အချင်းများကျပြီး နေ့လည်၁၂နာရီခန့်၌ ကြံ့ရုပ်နှင့်တူသော အထီးတစ်ကောင် နောက်ဆုံးမွေးဖွားခဲ့သည်ဟု ဝက်ပိုင်ရှင်က ပြောသည်။

ထူးခြားသည်မှာ ဝက်ပေါက်ငါးကောင်တွင် ကြံ့ရုပ်၊ ဆင်ရုပ်၊ မျောက်ရုပ် သုံးကောင်၌ မျက်လုံးတစ်လုံးစီသာ ပါရှိပြီး မျောက်ရုပ်နှင့်တူသော တစ်ကောင် သေဆုံးသည်မှလွဲ၍ ကျန်သားပေါက်များ ကျန်းမာလျှက် ရှိကြောင်း ပိုင်ရှင်များက ပြောကြားသည်။

From Hinthata HumanRights

Thursday, August 29, 2013

တစ်လမပြည့်မီ ဖုန်းမက်ဆေ့ခ်ျမှ အင်တာနက်လျှောက်သူ တစ်သိန်းကျော်ရှိ

Posted by drmyochit Thursday, August 29, 2013, under | No comments


ဖုန်းမက်ဆေ့ခ်ျမှ တစ်ဆင့် SMS (စာတိုပို့ စနစ်)ဖြင့် အင်တာနက်ပေးပို့ လျှောက်ထားသည့် အရေအတွက်သည် တစ်လနီးပါးအချိန်တွင် ၁၃၀,၀၀၀ခန့် ရှိသည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က သြဂုတ်လ ၂၈ရက်တွင် မဇ္ဈိမကို ပြောကြားသည်ဟု သိရသည်။

ယင်းကဲ့သို့ ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက် လျှောက်ထားနိုင်ခြင်းကို သြဂုတ်လ ၁ရက်က စတင်လိုက်ခြင်းဖြစ်ရာ ၂၈ရက်အတွင်း လျှောက်ထားသူ ၁၃၀,၀၀၀ခန့် ရှိခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းသို့ ခွင့်ပြုပြီးနောက်ပိုင်း ရုံးသို့ လာရောက်လျှောက်ထားခြင်းကို လက်မခံတော့ဘဲ ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက် လျှောက်ထားမှုကိုသာ လက်ခံသည်ဟု သိရသည်။

ဦးအောင်ကျော်ဘက်က "SMSနဲ့ အင်တာနက်လျှောက်တာကို Prepaid (ကြိုတင်ငွေဖြည့်ကတ်သုံး)ဖုန်းတွေပဲ လျှောက်လို့ရမယ်။ အခုလောလော ဆယ်တော့ SMSဖုန်းတွေပဲ အင်တာနက် လျှောက်လို့ရဦးမယ်။ CDMAကတော့ အဆင်သင့် မဖြစ်သေးလို့ အင်တာနက်လျှောက်လို့ မရသေးဘူး"ဟု ပြောသည်။

မိုဘိုင်းအင်တာနက်ကို ဖုန်းမက်ဆေ့ခ်ျအင်တာနက်ကို ပေးပို့လျှောက်ထားရာတွင် ၁၃၃၁နံပါတ်သို့ "Order data service"ဟူသော စာသားကို ပေးပို့ရမည်ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် ဖုန်းဘီလ်အနည်းဆုံး ကျပ် ၁၀,၀၀၀အထက် ဖြည့်သွင်းထားရမည်ဖြစ်ပြီး အင်တာနက်လိုင်းရရှိပါက "You Have Order Data Service Successfully"စာသားကို ပြန်လည်ပေးပို့ကာ မိမိဖုန်းဘီလ်မှ ကျပ် ၁၀၀၀၀ကို အလိုအလျောက် ဖြတ်တောက်မည် ဖြစ်သည်။

ယခင်က ဆက်သွယ်ရေးရုံးများတွင် အင်တာနက်လိုင်း သွားရောက် လျှောက်ထား၍ အင်တာနက်လိုင်း မဖွင့်ပေးသေးသည့် အချိန်တွင်ထပ်မံ၍ SMSပေးပို့သည့်စနစ်ဖြင့် အင်တာနက်လျှောက်ထားပါက အင်တာနက်လိုင်း အသုံးပြုခ နှစ်ကြိမ်ဖြတ်တောက်သွားမည်ဟုလည်း မြန်မာ့ ဆက်သွယ်ရေးက ပြောသည်။

"အချို့က ရုံးမှာသွားပြီးငွေ ပေးချေပြီး အင်တာနက်ဖွင့်ထားတာ။ အဲဒီအချိန်မှာ လိုင်းမပွင့်သေးတဲ့ အခါကျတော့ ဒီSMSနဲ့ ထပ်ပို့ပြီး လျှောက်ထားတယ်ပေါ့။ အဲဒီအခါ ပိုက်ဆံ ထပ်ဖြတ်သွားတော့ နှစ်ခါကုန်ဖြစ်သွားတာပေါ့"ဟု ဦးအောင်ကျော်သက်က ပြောသည်။ SMSပေးပို့ကာ မိုဘိုင်းအင်တာနက် လျှောက်ထားသည့် စနစ်သည် အချိန်ကုန်သက်သာပြီး အချိန်တိုတွင်း အင်တာနက်လိုင်း ဖွင့်ပေးသည့်အတွက် အဆင်ပြေသည်ဟု လျှောက်ထားသူအများစုက ပြောသည်။

ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက်လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်းအမျိုးသမီး တစ်ဦးက "ဖုန်းကနေအင်တာနက် လျှောက်တာ တော်တော်လေး အဆင်ပြေပါတယ်။ ရုံးကိုလည်း သွားစရာမလိုတော့ဘူး။ ချက်ချင်းလည်းရတယ်။ ဒီလိုအဆင်ပြေအောင် လုပ်ပေးတာ ကောင်းပါတယ်"ဟု ဆိုသည်။ လက်ရှိတွင် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ခုနစ်သိန်းခန့် ရှိသည်ဟု သိရသည်။

Myanmar ICT

မိုင်လီဆိုင်းရပ်(စ်) ၏ သရုပ်ပျက် ဖျော်ဖြေမှု များမှာ စိတ်ပျက်ဖွယ် ကောင်းကြောင်း ဘရွတ်ရှီး ဆို

Posted by drmyochit Thursday, August 29, 2013, under | No comments


သြဂုတ် ၂၅ ရက်က ကျင်းပခဲ့သည့် MTV Music Award ဆုပေးပွဲ ၌ မိုင်လီ ဆိုင်းရပ်(စ်)၏ ဖျော်ဖြေ တင်ဆက်မှုကို အံ့သြ တုန်လှုပ်ရသူများထဲ ၌ ဟောလီးဝုဒ် မင်းသမီး ဘရွတ်ရှီး လည်း ပါဝင်သည်။

Hannah Montana ဇာတ်ကား၌ ဇာတ်ဆောင်၏ မိခင်နေရာမှ သရုပ်ဆောင်သူ ဘရွတ်ရှီးသည် မိုင်လီ၏ အဝတ်ဗလာနီးပါး သရုပ်ပျက် ဖျော်ဖြေမှုများကို ကြည့်ရှု ရသည်မှာ စိတ်ပျက်ဖွယ် ကောင်းကြောင်း ပြောကြားခဲ့သည်။

”ဒီလို ဖျော်ဖြေဖို့ သူ့ကို ဘယ်သူများ အကြံပေးလိုက်လဲ မသိပါဘူး။ အဲဒီ လောက်ထိ လုပ်ဖို့ လိုအပ်လို့လား။ လေဒီ ဂါဂါကို လိုက်တုနေသလားပဲ။ ဂါဂါက တော့ ဒီလို ဖျော်ဖြေမှုတွေမှာ ဆရာကြီး လေ”ဟု ဘရွတ်ရှီး က ပြောကြားသည်။

၎င်းဆုပေးပွဲ၌ မိုင်လီ၏ ဖျော်ဖြေ မှုများမှာ ဂါဂါ၏ ရူးသွပ်မှု ပုံစံလမ်း ကြောင်းပင်ဖြစ်ကြောင်း အများက လက် ခံထားကြသည်။

”ဒီလို ပုံစံ ဖျော်ဖြေဖို့ မလိုအပ်ပါ ဘူး။ ကသိ ကအောက်နိုင်တယ်။ နောက် ပြီး လျှာပြီး ထုတ်ထုတ်ပြတယ်။ ထင် ရာစိုင်းပြီး လျှောက်လုပ်တယ်လို့ ထင် ပါတယ်”ဟု ၄င်းက ထပ်လောင်း ဆို သည်။

သိင်္ဂီဝင်း
Ref: E! Online
Popular Myanmar News Journal

ဆီးရီးယားသို့ ဓာတ်ငွေ့ကာမျက်နှာဖုံးများ မြောက်ကိုရီးယား တင်ပို့ခဲ့

Posted by drmyochit Thursday, August 29, 2013, under | No comments


မြောက်ကိုရီးယားသည် ဆီးရီးယားသို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တင်ပို့ရန် ကြိုးစားခဲ့ကြောင်း ဂျပန်သတင်းစာ တစ်စောင်က ထုတ်ဖော် ရေးသားလိုက်သည်။ အင်္ဂါနေ့ထုတ် ဆန်ကီရှင်ဘွန်း သတင်း စာက ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများ မဖြစ်ပေါ်မီ ကတည်း က မြောက်ကိုရီးယား နိုင်ငံသည် ဓာတ်ငွေ့ကာ မျက်နှာဖုံး များကို ပြည်တွင်း စစ် ဖြစ်ပွားနေရာ နိုင်ငံ သို့ တင်ပို့ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ ဓာတ်ငွေ့ ကာ မျက်နှာဖုံးများကို လက်နက်များ၊ ကျည်ဆန်များနှင့်အတူ တူရကီတွင် သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရသည်။ အမေရိကန်က ဆီးရီးယားတွင် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုများအတွက် အရေးယူမှု ပြုလုပ်ရန် အလေးအနက် စဉ်းစားနေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

လစ်ဗျားနိုင်ငံတွင် မှတ်ပုံတင်ထားပြီး အယ်လ်အန်တီဆာဟု အမည်ပေးထားသော သင်္ဘောသည် ယခုနှစ် အစောပိုင်းက မြောက်ကိုရီးယားမှ ထွက်ခွာလာပြီး ဆီးရီးယားသို့ ဦးတည်ခုတ်မောင်းခဲ့ကြောင်း ဆန်ကီရှင်ဘွန်း သတင်းစာက အမည်မဖော်ပြသည့် အမေရိကန်စစ်ဘက်၊ ဂျပန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းရင်းမြစ်များ၏ အဆိုကို ကိုးကား ဖော်ပြခဲ့သည်။ အမေရိကန် စစ်ဘက်သည် သင်္ဘောပေါ်တွင် လက်နက်များ တင်ဆောင်လာကြောင်း သတင်းကြောင့် မဟာမိတ် နိုင်ငံများနှင့် ဆက်သွယ်ချိတ်ဆက်ပြီး ဧပြီလ (၃)ရက်နေ့ကမူ တူရကီရှိ ဒါဒန်နဲလက်စ်အနီးတွင် ကြားဖြတ် စစ်ဆေးမှု ပြုလုပ်စေခဲ့သည်။

တူရကီ အာဏာပိုင်များသည် ပစ္စတိုနှင့် ရိုင်ဖယ်သေနတ် (၁၄၀၀)၊ ကျည်ဆန် (၃၀၀၀၀)နှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး အများအပြားကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။ ယင်းမျက်နှာဖုံးများသည် ဓာတုလက်နက် တိုက်ခိုက်မှုအတွက် ကာကွယ်နိုင်ရန် ရည်ရွယ်ဟန်ရှိကြောင်းလည်း အဆိုပါ သတင်းစာက မှတ်ချက်ပြု ရေးသားခဲ့သည်။ အမေရိကန် စစ်ဘက်ထောက်လှမ်းရေးက သင်္ဘောသည် တင်ဆောင်လာသော ကုန်သေတ္တာများကို တူရကီတွင် ချထားပြီး ထိုမှတစ်ဆင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်၏ သစ္စာတော်ခံ တပ်ဖွဲ့များထံ လက်လွှဲပေးရန် ရည်ရွယ်ထားကြောင်း ခန့်မှန်းခဲ့သည်။

ကုလသမဂ္ဂသည် နျူကလီးယားလက်နက်နှင့် ဒုံးကျည်စမ်းသပ်မှုများကြောင့် မြောက်ကိုရီးယား နိုင်ငံအား လက်နက်တင်ပို့ခွင့်များ ပိတ်ပင်တားဆီးထားပြီး ဖြစ်သည်။ အကယ်၍ ဆီးရီးယားတွင် ဖြစ်ပွားသော ဓာတုလက်နက် တိုက်ခိုက်မှုတွင် တစ်စုံတစ်ရာ ဆက်နွယ်မှုရှိကြောင်း အတည်ပြု တွေ့ရှိပါက မြောက်ကိုရီးယား အနေဖြင့် ကုလသမဂ္ဂ၏ နောက်ထပ် ပိုမိုပြင်းထန်သော အရေးယူမှုနှင့် ကြုံလာရဖွယ် ရှိနေသည်။ ဩဂုတ်လ (၂၁)ရက်နေ့က ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်အနီးတွင် ဓာတုလက်နက်နှင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ဆီးရီးယား အစိုးရနှင့် ၎င်းတို့ကို ဆန့်ကျင်သော သူပုန်များက အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲလျှက်ရှိသည်။

From: Planet

အတွင်းခံ အနက် နှင့် ခင်ဝင့်ဝါ

Posted by drmyochit Thursday, August 29, 2013, under | No comments

 





Supranational Myanmar 2013

အိုဘားမားက ဆီးရီးယားကို တိုက်ခိုက်ရေးမဆုံးဖြတ်ရသေးကြောင်းဆို

Posted by drmyochit Thursday, August 29, 2013, under | No comments

 ဝါရှင်တန်၊ သြဂုတ် ၂၉။

ဓာတုလက်နက် သုံးစွဲခြင်းသည် အမေရိကန်တို့ ထားရှိသော အနီရောင်မျဉ်းကို ကျော် လွန်ခြင်း ဖြစ်လိမ့် မည်ဟု သတိပေးစကား ပြောကြားခဲ့သော သမ္မတအိုဘားမားက ဆီးရီးယားနိုင်ငံရှိ လွန်ခဲ့သည့်
ရက်သတ္တပတ် တိုက်ခိုက်မှုသည် အစိုးရကို အပြစ်တင်ရ မည်ဟု ကောက်ချက် ချကြောင်း ပြောကြား ခဲ့သော်လည်း ဆီးရီးယားကို တိုက်ခိုက်ရန် ယခုအချိန်အထိ မဆုံးဖြတ်ရသေးကြောင်း ယမန်နေ့က
ဋြေ္ဌပာကြားသည်။

ဝါရှင်တန် အစိုးရသည် ၎င်း၏စွပ်စွဲမှုများကို သက်သေပြမည့် ဖြစ်ရပ်များနှင့် ပတ်သက်သည့် အစီရင်ခံ စာတစ်စောင်ကို ထုတ်ပြန်မည်ဖြစ်ကာ ယနေ့တွင်ပင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်။

အမေရိကန်တို့၏ တိုက်ခိုက်မှုအတွက် အမိန့်ပေးရန် မည်မျှနီးစပ်နေပြီဖြစ်ကြောင်း မေးမြန်းချိန်တွင် သမ္မတက “ဆုံးဖြတ်ချက် မချရသေးဘူး” ဟု ပြောကြားသည်။

သို့သော် အမေရိကန်တို့၏ လုပ်ဆောင်ချက်များသည် ဆီးရီးယားအစိုးရတို့ “ဒီဟာကို ထပ်မလုပ်တာ ကောင်းမယ်” ဆိုသည့် အတွေးမျိုး ရသွားစေရန် သတိပေးသည့် အနေဖြင့် လုပ်ဆောင်သွားရန်သာရှိကြောင်း သတိပေး ပြောကြားသည်။

အမေရိကန် သမ္မတက ဆက်လက်၍ ရှင်းလင်းသော အသိပေးချက်သည် ဆီးရီးယားကိုသာ မဟုတ်ဘဲ ကမ္ဘာ တစ်ဝှမ်းသို့ ပို့ပေးရန် အလွန်အရေးကြီးကြောင်း ပြောကြားပြီး “ဓာတုလက်နက်တွေလိုမျိုး ကျွန်တော် တို့ကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စံနှုန်းကို နိုင်ငံတွေက ချိုးဖောက်တဲ့ အချိန် မှာ သူတို့ဟာ ဖြစ်လာတဲ့ အကျိုးဆက်တွေအတွက် တာဝန်ရှိတယ် ဆိုတာကို
သေချာအောင် ကျွန်တော်တို့ လုပ်ပေးရမယ်” ဟုပြောကြားသည်။

ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ တစ်ခုသည် ပြည်တွင်းစစ်ကို အနောက်နိုင်ငံများ အာရုံစိုက်လာစေသော ခြိမ်းခြောက်မှုများနှင့် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း လူရာပေါင်းများစွာ သေခဲ့သည့်
ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်စ်တွင် ရောက်ရှိနေပြီး ဓာတု လက်နက်နှင့် တိုက်ခိုက်ခံရကြောင်း စွပ်စွဲထားသော နေရာရှိ သေဆုံးခဲ့သောလူများကို စစ်ဆေးနေကြသည်။

ကုလသမဂ္ဂက ၎င်း၏စုံစမ်းရေးအဖွဲ့သည် စုံစမ်းမှုများပြီးမြောက်ရန် နှစ်ရက် ထပ်လိုကြောင်း ပြောကြားသော်လည်း ဓာတုလက်နက်များ သုံးခဲ့မသုံးခဲ့နှင့်ပတ်သက်၍ မည်သည့်နေ့တွင်
နောက်ဆုံးအစီရင်ခံမည် ကိုပြောကြားထားခြင်းမရှိပေ။

ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းသည် လက်ရှိတွင် လွှတ်တော်၏ ဆန့်ကျင်မှုခံနေရပြီး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာ ထွက်ပေါ်မလာခင်ချိန်ထိ စစ်ရေးဆောင်ရွက်ချက်များ မလုပ်ဆောင်ရန် ဖိအားပေးတောင်းဆို ခံနေရသည်။

အမေရိကန်အစိုးရ အရာရှိများက စစ်တပ်လုပ်ဆောင်ချက် မလုပ်ဆောင်မီ ဗြိတိန်ကို စောင့်နေမနေကို ချက်ချင်းပြောကြားမည် မဟုတ်ပေ။

ဓာတုလက်နက် သုံးစွဲတိုက်ခိုက်ခြင်းကြောင့် ဆီးရီးယား အစိုးရကို အမေရိကန်၊ ဗြိတန်နှင့် ပြင်သစ်တို့က အပြစ်တင်ကြသော်လည်း ၎င်းအစိုးရက ၎င်းတိုက်ခိုက်မှုတွင် သူပုန်များကို အပြစ်တင်ထားသည်။

ရုရှားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆီးရီးယား သမ္မတအား ဖိအားပေးရေး အစီအစဉ်သုံးရပ်ကို ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က နိုင်ငံတကာ အသိုင်းအဝိုင်းသည် ခြေလှမ်းထပ်မတိုးမီ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ လုပ်ဆောင်ချက်ပြီးချိန်ထိ စောင့်သင့်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP
မြန်မာ့ခေတ်

မြေထဲပင်လယ် ဒေသသို့ ရုရှား စစ်သင်္ဘောများပို့ဆောင်မည်

Posted by drmyochit Thursday, August 29, 2013, under | No comments


မော်စကို၊ သြဂုတ် ၂၉။

အနောက်နိုင်ငံများသည် ဆီးရီးယားကို တိုက်ခိုက်ရေးပြုလုပ်ဖွယ် ပြင်ဆင်နေကြသောကြောင့် ရုရှားတို့သည် ရက်များမကြာမီ အချိန်အတွင်းတွင် ရေငုတ်သင်္ဘောကို တိုက်နိုင်သည့် သင်္ဘောတစ်စီးနှင့်
ဒုံးကျည်ပစ် စစ်သင်္ဘော တစ်စီးတို့ကို မြေထဲပင်လယ် ဒေသသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ပုဂ္ဂလိက သတင်းအေဂျင်စီ တစ်ခု၏ ယနေ့ထုတ်ပြန်သော သတင်းတွင် ပါရှိသည်။

“မြေထဲပင်လယ်အရှေ့ပိုင်းတွင် ဖြစ်ပေါ်နေသည့် လူသိများသော အခြေအနေသည် ရေတပ် အင်အားစု ပြင်ရသော အခြေအနေအထိ အမှန်ပြင်ချက်တချို့ကို တောင်းဆိုလာကြောင်း” ရုရှားစစ်ဗိုလ်ချုပ်ကြီး စစ်ဆင်ရေး ပြင်ဆင်ရာတွင် ကူညီပေးရသည့် လက်အောက် ဝန်ထမ်းတစ်ဦးက ၎င်းအေဂျင်စီသို့ ပြောကြားသည်။

“မြောက်ပိုင်းရေတပ်က ရေငုတ်သင်္ဘော တိုက်ဖျက်သင်္ဘောကြီး တစ်စင်းလည်း နောက်ရက်ပိုင်း အတွင်းမှာ အဲဒီမှာရှိနေတဲ့ ရေတပ်အင်အားစုတွေနဲ့ သွားပေါင်းပါမယ်”
“နောက်ပိုင်းမှာ အဲဒါဟာ ယခုအတ္တလန္တိမြောက်ပိုင်းမှာရှိတဲ့ တာဝန်တွေကို ခုရုတ်သိမ်းနေပြီဖြစ်တဲ့ ပင်လယ်နက်ရေ တပ်ရဲက ဒုံးကျည်ပစ် စစ်သင်္ဘော မော့စ်ကဗာကလည်း လာပူးပေါင်းမှာပါ။
ပြီးတော့မှ သမုဒ္ဒရာကို ဖြတ်ကူးပြီးတော့ ဂစ်ဘရယ်လ်တာ ရေလက်ကြားဆီသွားမှာပါ” ဟု ပြောကြားသည်။

ထပ်လောင်း၍ ပစိဖိတ်ရေတပ်၏ ဒုံးပစ်စစ်သင်္ဘော ဗာယာသည် ရေတပ်သင်္ဘောကြီး တစ်စင်းနှင့် အစားထိုးကာ မြေထဲပင်လယ်ရှိ ရုရှားရေတပ်နှင့် ယခုဆောင်းရာသီတွင် သွားရောက်ပူးပေါင်းမည်ဖြစ်သည်။

သို့သော်လည်း နိုင်ငံပိုင်သတင်း အေဂျင်စီက ရေတပ်ထိပ်တန်း အကြီးအကဲတစ်ဦးက ရုရှား၏ ၎င်းဒေသ တွင်းတပ်များ အပြောင်းအလဲ လုပ်ခြင်းသည် ဆီးရီးယားဒေသတွင်း ယခုဖြစ်ပျက်နေသည့် ဖြစ်ရပ်များနှင့် မသက် ဆိုင်ကြောင်း ၎င်းလုပ်ဆောင်ချက်သည် စီစဉ်ထားပြီးဖြစ်သည့် စစ်သင်္ဘော များ နေရာရွှေ့ပြောင်းခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်ဟု ပါရှိသည်။

Ref:AFP

ဆီးရီးယားစစ် မစခင်ကလေး မှာပင် မီဒီယာကြီးများအား ဆီးရီးယားက တိုက်ခိုက်

Posted by drmyochit Thursday, August 29, 2013, under | No comments

အမေရိကန် မီဒီယာ ကုမ္ပဏီ ကြီးများဖြစ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာ၊ ဟဖ် ဖင် တန်ပို့စ် သတင်းစာ၊ နဲ့ Twitter တို့ ရဲ့ ၀ဘ်ဆိုက် များကို အာဆတ်ရဲ့ဆီး ရီးယား အစိုးရ ကိုထောက်ခံ တဲ့ ဆီးရီးယန်း အီလက်ထရောနစ် တပ်မတော် ဆိုတဲ့ ဟက်ကာ အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့ နံနက်လင်းအားကြီး ၁ နာရီ ခန့်မှ စလို့ ထိန်းချူပ် သိမ်းပိုက် ထားတယ်လို့ အယ်လ်ဂျဇီးရား သတင်းတစ်ရပ် မှာ ဖော်ပြထားပါတယ်။

အဆိုပါ မီဒီယာကြီး များရဲ့ ၀က်ဘ်ပေ့ဂ်ျ များကို သြစတေလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အခြေ စိုက်၊ Melbourne IT ဆိုတဲ့ ကုမ္ပဏီ က စီမံခန့်ခွဲနေတာ ဖြစ်ပြီး၊ ၎င်း ကုမ္ပဏီ ကို အဆိုပါ ဟက်ကာ အုပ်စုက ထိုးဖောက် ၀င်ရောက် နိုင်ခဲ့ပြီး၊ ထိုမှ တစ်ဆင့် အထက်ပါ အမေရိကန် မီဒီယာ ကြီးများကို ထိန်းချူပ်လိုက်တယ် လို့ သတင်းမှာဖော်ပြထား ပါ တယ်။

ထိုကဲ့သို့ ဆီးရီးယန်း ဟက်ကာများ က အမေရိကန်မီဒီယာ ကုမ္ပဏီများကို တိုက်ခိုက် ခြင်းမှာ လာမည့် နာရီပိုင်းအတွင်း တိုက်ခိုက်ဘွယ် ရှိနေသည့် အမေရိကန် ၏စစ်ရေး ရည်ရွယ်ချက် မစတင်မီ နှင့် လည်း တိုက်ဆိုင်လျက်ရှိသည်။

M-Media
From: Shan News

ကျပ်သိန်း ၁၇၀ တန်သည့် ရွှေတုံးနှင့် ငွေများ ခိုးယူခံရသည်ဟုဆို

Posted by drmyochit Thursday, August 29, 2013, under | No comments

ကျပ်သိန်း ၁၇၀ တန်ဘိုးရှိသည့် ရွှေတုံးများနှင့် ငွေများခိုးယူခံရသည်ဟုဆိုကာ တိုင်တန်းမှုတစ်ခုကို လှိုင်မြို့ နယ် ရဲစခန်းက သြဂုတ် ၂၇ ရက်တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။

တိုင်တန်းသူသည် လှိုင်မြို့နယ်၊ ၉ ရပ်ကွက်တွင် နေထိုင်သည့် စိန်အရောင်းအ၀ယ်ပြုလုပ်သော ဦးကျော်စိန် ဆိုသူဖြစ်ပြီး ၎င်းသည် သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီခန့်က နေအိမ် တိုက်ခန်း ကို သော့ပိတ်၍ သမီးဖြစ်သူကို ဗိုလ်ချုပ်ဈေးရှိ သူတို့၏ စိန်ဆိုင်သို့ လိုက်ပို့ပေးခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် မွန်းတည့် ၁၂ နာရီခန့်တွင် နေအိမ်သို့ ပြန်ရောက်သောအခါ နေအိမ်တံခါးသော့ မရှိတော့ သည်ကို တွေ့ရှိရသဖြင့် အိမ်ခန်းအတွင်း စစ်ဆေးကြည့်ရာတွင်လည်း ပစ္စည်း များ ပြန့်ကျဲနေခဲ့သည်ဟု တရား လို၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ပြင် အကယ်ဒမီ အခေါက်ရွှေတုံးလေးတုံး၊ ကျပ် ၁၅ သိန်းတန်ဖိုးရှိ တစ်ထောင်တန် ငွေစက္ကူများ၊ စင်္ကာပူဒေါ်လာ ၅၀ တန် ၂၀ ရွက်၊ ရွှေနားကပ်သုံးရံတို့ ထည့်ထားသော အိပ်ခန်းအတွင်းမှ မီးခံသေတ္တာမှာလည်း ပျောက်ဆုံးသွား ခဲ့ကြောင်း တရားလိုက ရဲကိုတိုင်တန်းထားသည်။
ပျောက်ဆုံးသွားသည့် ရွှေတုံးများ၏ တန်ဖိုးမှာ ကျပ်သိန်း ၁၇၀ ခန့်တန်ပြီး ထိုရွှေများ အပါအ၀င် ပစ္စည်းနှင့် ငွေ စုစုပေါင်း၏ တန်ဖိုးမှာ ကျပ်သိန်း ၂၀၀ နီးပါးရှိသည်ဟု ရဲဌာန၏မှတ်တမ်းတွင် တွေ့ရသည်။
ယခုအမှုကို လှိုင်ရဲစခန်းက အမှုအမှတ် (ပ)၃၆၂/၂၀၁၃ဖြင့်အမှုဖွင့်ထားပြိး သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ ဖြင့် တရားစွဲမည်ဟုလည်း ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။

Source : Mizzima

သိန်းလေးရာခန့်တန်သည့် ရတနာများခိုးသည်ဟု သမီးကို ဖခင်က အမှုဖွင့်

Posted by drmyochit Thursday, August 29, 2013, under | No comments


ကျပ်သိန်းပေါင်းလေးရာခန့် တန်ဖိုးရှိသော ရတနာပစ္စည်းများ ခိုးယူသည်ဟုဆိုကာ အဘိုးအိုတစ်ဦးက သူ့သမီးကို အမှုဖွင့်တိုင်တန်းမှုတစ်ခု သြဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

အမှုဖွင့် တိုင်တန်းသူသည် အသက် ၇၅ နှစ်အရွယ်ရှိ ဦးအောင်သိန်းဆိုသူဖြစ်ပြီး ရန်ကင်းစင်တာတွင် နေထိုင်ပြီး ရတနာများပျောက်ဆုံးသည့်နေ့က ၎င်းနှင့် ဇနီးသည်တို့ ဆရာကန်တော့ပွဲတစ်ခု၌ ကန်တော့ခံရန် သွားရောက် ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထိုဆရာကန်တော့ပွဲမှအပြန် ကုတင်အောက်တွင် ရှုံ့အိတ်ဖြင့်ထည့်ပြီးထွေးခံဖြင့်အုပ်ကာ ၀ှက်ထားသော ကျပ်သိန်း ၃၈၀ ခန့်တန်သော လက်ဝတ်ရတနာပစ္စည်း ၂၁ မျိုးမှာ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရကြောင်း တရားလိုက ရဲကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ပိုင်ရှင်က ပစ္စည်းများ ပျောက်ဆုံးနေသည်နှင့် ပတ်သက်၍ သူ့ဖာသာစုံစမ်းခဲ့ရာ ဇူလိုင် ၂ ရက်မှ သြဂုတ် ၂ ရက်အထိ နေအိမ်တွင် ခေတ္တလာရောက်နေထိုင်ခဲ့သော သူတို့၏သမီးအရင်းဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်သန္တာသိန်းက လက်ဝတ်ရတနာများကို ခိုးယူသည်ဟု သံသရှိလာသဖြင့် ရဲကို ယခုလို တိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။
ယခုအမှုကို ရန်ကင်းရဲစခန်းက အမှုအမှတ် (ပ)၁၈၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကိုလည်း ရှာဖွေစုံစမ်း လျှက်ရှိရာ ၎င်းကိုတွေ့ရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source : Mizzima

NLD ပါတီ အနေဖြင့် ဘင်္ဂလီများဘက်မှ အပြည့်အ၀ ရပ်တည်တော့မည် ဖြစ်ကြောင်း VOA ၀က်ဆိုဒ်တွင် ဖော်ပြ

Posted by drmyochit Thursday, August 29, 2013, under | No comments

ဘင်္ဂလီတို့၏ သားဖွားနှုန်းကို ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အပေါ်ဒေါ်အောင်ဆန်းစုကြည်၏
ဆန့်ကျင်ကန့်ကွက်မှု မဆုံးခင် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ရိုဟင်ဂျာကိုမြန်မာ
တိုင်းရင်းသားအဖြစ် လက်ခံလိုကြောင်း၊ ဥပဒေ ပြင်ဆင်ပြီးပါက လက်ခံမည် ဖြစ်ကြောင်း
ပြောကြားခဲ့သည်ဟု VOA အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ဖော်ပြလိုက်ပါတယ်။ သတင်းမှာ ပါဝင်
သည့်အချက်များကတော့အောက်ပါအတိုင်းပါ။ သတင်းကိုတော့ ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

အန်အယ်လ်ဒီ ပါတီဝင် အများစုမှာ ဘာသာခြားများ ဖြစ်နေပြီး အန်အယ်လ်ဒီ၏ အထောက်
အပံ့များအဓိက ရရှိရာမှာလည်း လူ့အခွင့်အရေး ခေါင်းစဉ် အောက်မှ ဖြစ်သဖြင့် ဘင်္ဂလီကိစ္စမှာ
NLDဟာ နိုင်ငံတကာရဲ့ ဖိအားပေးခြင်းကို ခံနေရနိုင်ကြောင်း အများက သုံးသပ်ကြပါတယ်။
ယခုတော့ဘင်္ဂလီ တွေကို ဥပဒေ ပြင်ပြီး နိုင်ငံသား ဖြစ်ခွင့် ပေးရန် ဆန္ဒရှိတဲ့ အကြောင်းတရား
ဝင်ပြောဆိုလာမှုကြောင့် အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းခဲ့ပါပြီ။

VOA ၀က်ဆိုဒ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဘက်မှ အမြဲတစေ ရပ်တည်ခဲ့ပြီး
၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အခါမှ အပုပ်ချ၊ ချောက်တွန်း ရေးသား မှု မျိုး မရှိခဲ့ပေ။

လေ့လာသူအချို့ကမူ NLD ပါတီအနေဖြင့် ၀ါတွင်းကာလများတွင် ဘာသာရေးပြုလုပ်သည်
များကို မတွေ့ ရှိရခြင်းမှာ ဘင်္ဂါလီများ စိတ်ကွက်သွားမည်ဆိုးသောကြောင့် ဟု
ယူဆနေကြသည်။

MNU

ဆီးရီးယား ပြည်သူ ၁၂၀၀ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သူမှာ မဟာ အယ်လ်အာဆတ် ဖြစ်ဟုဆို

Posted by drmyochit Thursday, August 29, 2013, under | No comments

ဆီးရီးယား နိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော ကလေးငယ်ပေါင်း များစွာ အပါအ၀င် လူပေါင်း ၁၂၀၀ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်၏ ညီဖြစ်သူ မဟာအယ်လ်အာဆတ် ရှိနေသည်ဟုအစ္စရေး ရုပ်သံလိုင်းတစ်ခုက စွပ်စွဲပြောကြား
လိုက်ကြောင်းအင်တာနက်သတင်းတစ်ရပ်အရ သိရသည်။

အာဆတ်၏ ညီဖြစ်သူ မဟာအယ်လ်အာဆတ်ကို မတွေ့ မြင်ရသည်မှာ တစ်နှစ်ကျော်ခန့် ရှိခဲ့ပြီဖြစ်သည်။
သို့ရာတွင် ၎င်းသည် ဆီးရီးယား နိုင်ငံ တွင်းရှိ နှစ်နှစ်ခွဲ ကြာမြင့်ခဲ့ပြီ ဖြစ်သော ပြည်တွင်းစစ်တွင်အဓိက အခန်း ကဏ္ဍမှ ပါဝင်နေသူ ဖြစ်ကြောင်း အစ္စရေး နိုင်ငံ၏ Channel 2 သတင်းဌာနကဖော်ပြခဲ့သည်။

မဟာ အယ်လ်အာဆတ်သည် ဒမတ်စကပ်မြို့ တောင်ဘက်ရှိ အမှတ်(၄) အမြောက်တပ်နှင့်ရီပတ် ဘလီ
ကန် အစောင့် တပ်ဖွဲ့ဝင် ၁၀၀၀၀ ၏ တပ်မှူးဖြစ်သည်။ လွန်ခဲ့သော သီတင်းပတ် အတွင်းကဖြစ်ပွားခဲ့သည့်
တိုက်ပွဲတွင် အမြောက်ဆန်များ စတင် ထွက်ပေါ်လာသည့် နေရာမှာ အမှတ်(၄) အမြောက်တပ် တည်ရှိရာ ဒမတ်စကပ်မြို့ တောင်ပိုင်းမှ ဖြစ်ကြောင်း Channel 2 သတင်းဌာနက အခိုင် အမာပြောကြားထားသည်။

မဟာအယ်လ်အာဆတ်သည် ဆီးရီးယား ပြည်တွင်းစစ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သူ ဖြစ်ကြောင်း ထုတ်လွှင့် ပြောကြားမှုများတွင် Channel 2 သတင်းဌာနသည် ပထမဆုံးသတင်းဌာနမဟုတ်ဘဲ ထိုကဲ့
သို့ ပြောကြားခဲ့သည့် သတင်းဌာန များတွင် Guardian သတင်းစာလည်း ပါဝင်ကြောင်း သိရသည်။

မဟာအယ်လ်အာဆတ်သည် ရက်စက်သူတစ်ဦးအဖြစ်နှင့် ဆီးရီးယားအတိုက်အခံ တပ်ဖွဲ့များကို တိုက်ခိုက် ချေမှုန်းနေသည့် ဘာရှာ အယ်လ်အာဆတ် ၏ တပ်ဖွဲ့များကို ထိန်းချုပ် စေခိုင်းသူတစ်ဦးအဖြစ်
လူသိများသူ ဖြစ်ပြီး ၎င်းသည် ယမန်နှစ် ဇူလိုင် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော ဗုံးကြဲ တိုက်ခိုက် မှုတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီ

မစ္စတာ နမ်ဗီးယား ကေအိုင်အို ထိန်းချုပ်နယ်မြေသို့ သွားရောက်ခွင့်ရ

Posted by drmyochit Thursday, August 29, 2013, under | No comments

ကုလထွေချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာနမ်ဗီးယား အား ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းသို့ သွားရောက်ခွင့် ကို ပြည်ထောင်စု အစိုးရ အဖွဲ့က ပထမဦးဆုံးခွင့်ပြုပေးလိုက်သည်။

မစ္စတာနမ်ဗီးယားသည် သြဂုတ် ၂၇ ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက် ရှိခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များအပါအဝင် မြစ်ကြီးနားရှိ စစ်ရှောင်ပြည် သူများ နှင့်ပါ သွားရောက်တွေ့ဆုံကာ သြဂုတ် ၂၈ ရက်တွင်လိုင်ဇာသို့ ထွက်ခွာမည်ဟု ကချင်ပြည်နယ်အစိုးရက အတည်ပြုပြောသည်။

”ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုပြီးပြီဆိုမှတော့ ပြည်နယ်အစိုးရအဖွဲ့ ကလည်း မစ္စတာနမ်ဗီးယားရဲ့ ခရီးစဉ်အပေါ် ကန့်ကွက်ဖို့မရှိဘူး” ဟု ပြည်နယ်ဝန်ကြီး တစ်ဦးက ဆိုသည်။

မစ္စတာနမ်ဗီးယား၏ ယခုခရီးစဉ်သည် အလုပ်သဘောခရီးစဉ် တစ်ခုဖြစ်သည်။ မြစ်ကြီးနား၌ ပထမဦးဆုံးပြုလုပ်သည့် အစိုးရနှင့်ကေအိုင်အို တို့၏ ဆွေးနွေးပွဲမစတင် မီလိုင်ဇာသို့ မစ္စတာနမ်ဗီးယား သွားရောက်ခဲ့ဖူးကြောင်း ၄င်းကဆိုသည်။

မစ္စတာနမ်ဗီးယားအနေဖြင့် လိုင်ဇာခရီးစဉ်ကိုသတင်းထုတ်ပြန်မှု မပြုသေး သည့်အပြင် ကေအိုင်အိုဘက်ကလည်း တစ်စုံတစ်ရာ သတင်း ထုတ် ပြန်မှုမပြုခဲ့ပေ။

မစ္စတာနမ်ဗီးယားက လိုင်ဇာသို့ မထွက်ခွာမီ မြစ်ကြီးနားရှိ ကေအိုင်အို၏ နည်းပညာအထောက်အကူပြု အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ယခု မြစ်ကြီးနား ခရီးစဉ် သည် မစ္စတာ နမ်ဗီးယား၏ ၃ ကြိမ်မြောက် ခရီးစဉ်တစ်ခုဖြစ် သည်။ ကေအိုင်အိုနှင့် မြန်မာအစိုးရတို့ နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုကို အလွတ် သဘောအပါအဝင် ၁ဝ ကြိမ်နှင့်အထက် ဆွေးနွေးခဲ့ပြီး သဘောတူညီမှု အချို့ရရှိပြီး နောက် ယခုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့က မစ္စတာနမ်ဗီးယားကို လိုင်ဇာသို့ သွားခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

PN-051
Popular Myanmar News Journal

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်