Friday, August 30, 2013

မြို့နယ်အုပ်ချုပ်ရေးမှူး၏ စစ်ဆေးခြင်းခံနေရစဉ် သက်သေအစစ်ခံရသော စစ်မှုထမ်းဟောင်း ရုံးအဖွဲ့မှူး တပ်ကြပ်ကြီး အသက်ထွက်

Posted by drmyochit Friday, August 30, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၉

သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် တာမွေမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အပေါ်ထပ်၌ အပေါ်ထပ် အောက်ထပ် ရန်ဖြစ်သည့် ကိစ္စ ခေါ်ယူညှိနှိုင်း ဖြေရှင်းပေး ရာမှ သက်သေများ ခေါ်ယူ စစ်ဆေးစဉ် သက်သေအဖြစ် လိုက်ပါ ထွက်ဆိုသူ တာမွေမြို့နယ်၊ စစ်မှုထမ်းဟောင်း ရုံးအဖွဲ့မှူး တပ်မတော် ရေတပ် တပ်ကြပ်ကြီး (ငြိမ်း) ဖြစ်သူ အမှတ် ၂၁၈၊ ၄ လွှာ၊ ကျိုက္ကဆံလမ်း၊ ကျားကွက်သစ် ရပ်ကွက်နေ (ဦး—) ၆၉ နှစ်သည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ရှေ့မှောက်၌ သက်သေ ထွက်ဆို စဉ် သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါဖြစ် စဉ်နှင့် ပတ်သက်၍ သေဆုံးသူနှင့် တစ်လမ်းတည်းနေ လမ်းသာယာရေး အဖွဲ့ဝင် တစ်ဦးက ပြောကြား ရာတွင် ““စဖြစ်တာက သေဆုံးသူ ဦးရဲမြင့်၏ အိမ်ရှေ့က တိုက်မှာ ရန်ဖြစ်တဲ့ ကိစ္စနှင့် ပတ်သက်ပြီး သက်သေ လိုက်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က (ဦး—) ရုံး အပေါ်ထပ်မှာ ခေါ်စစ်ခြင်းဖြစ်ကြောင်း၊ ရှေ့တုန်းက ရန်ဖြစ်တဲ့ ကိစ္စ ဖြစ်စဉ်ကို ပြောကြားစဉ် ခင်ဗျား ယခင်က ဖြစ်ခဲ့တဲ့ အကြောင်း ပြောစရာမလိုဘူး။ … အခုဖြစ်တဲ့ ဟာကိုပဲပြော၊ ဆရာရှေ့တုန်းက ဖြစ်ခဲ့တဲ့ အကြောင်း မပြောလျှင် မပြည့်စုံဘူးဟု ပြောပြီး၊ အမှန်အကန် သက်သေထွက်ရာ ခင်ဗျား ဆက်ပြောစရာ မလိုဘူးဟု မြို့နယ် အုပ်ချုပ ရေးမှူးက ဟောက်လိုက်ရာ၊ သူက နှလုံးရောဂါကလည်း အခံရှိသည့်အတွက် မြို့နယ် အုပ်ချုပ် ရေးမှူး စစ်နေသည့် ခုံရှေ့မှာတင် ဇက်ကျိုးပြီး သေဆုံး သွားခြင်းဖြစ်ကြောင်း၊ ရန်ကုန် ဆေးရုံ ကြီးတွင် PR No,016 ဖြင့် လက်ခံထားကြောင်း၊ သေဆုံးသူနှင့် ပါသွားသည့် အမျိုးသမီးကြီးက ကျောက်မြောင်းဈေး မီးပွိုင့်မှာ အော်ဟစ်ပြီး ပြောဆိုနေကြောင်း နေ့လယ် ၂ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူစစ်ဆေးတာဖြစ်ပြီး၊ ၂ နာရီ ၅၅ မိနစ် လောက်မှာ ဆုံးသွားတာ ဖြစ်ကြောင်း၊ ကျွန်တော်တို့နေတဲ့ အိမ်ရှေ့ကို အဲဒီအလောင်းကြီး သယ်လာပြီး အဲဒီမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ကြောင်း”" မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာမွေမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ဒု ဦးစီးမှူး ဦးမြမင်းကျော်က ““အဘိုးကြီးတစ်ယောက် ဆေးရုံမှာ ဆုံးသွားသည့် သတင်းလား၊ ဖြစ်စဉ်က ဒေါ်ခင်ဝေနှင့် ဒေါ်ခင်ဝှာ တို့က တိုက်ခန်းနှစ်ခန်းမှာ အိမ်ငှားတင်မယ့်ကိစ္စနှင့် ပြဿနာ ဖြစ်ကြတာ။ ဒေါ်ခင်ဝှာက မေတ္တာညွှန့် ရပ်ကွက်က ရေသန့်စက်ရုံ အလုပ် သမားတွေ တင်မယ်၊ အောက်ထပ်က ဒေါ်ခင်ဝေက လက်မခံဘူး။ ဒီက လူမှုရေးအနေနဲ့ ညှိနှိုင်းဖို့ စာတင် လာတယ်။ ပထမတစ်ကြိမ် ဆွေးနွေးပေးတယ်။ ညှိနှိုင်းပေးတယ်။ နှစ်ဦးနှစ်ဖက်စလုံး လက်မ ခံဘူး၊ ဒေါ်ခင်ဝေက လူတွေဆူမယ်၊ အောက်ထပ်အနေနဲ့ လက်မခံဘူး။ အပေါ်ထပ်၊ အောက်ထပ် ဖြစ်ကြတာ ဖြစ်တဲ့တိုက်က အမှတ် ၂၁၉၊ ကျိုက္ကဆံလမ်း၊ ဗျိုင်းရွာမရပ်ကွက်၊ ဘယ်လိုမှ ညှိမရသည့်အဆုံး တိုက်နှင့် ပတ်သက်တဲ့ အပေါ်ထပ်၊ အောက်ထပ်မှာ ရှိတဲ့ လူအကုန်လုံး ခေါ်လာခဲ့ပြီး လာထွက်ဆိုခိုင်းမှ သိရမယ်ဆိုပြီး ပြောလိုက်တာ ဒေါ်ခင်ဝေတို့ ဘက်ကလည်း ခေါ်လာတာပေါ့။ အခု ဆုံးသွားတဲ့ အဘိုးကြီးက ဒေါ်ခင်ဝေတို့ တိုက်ရဲ့ မျက်နှာချင်းဆိုင် တိုက်မှဖြစ်ပြီး သူတို့နဲ့ ရင်းနှီးတော့ အဲဒီလူက ထွက်ဆိုဖို့ဆိုပြီး ရုံးကို လိုက်လာတာ အခုဆုံးသွားတဲ့လူ အပါအ၀င် လူတွေ အများကြီးပါပဲ။ ၂၀ ယောက်၊ ၁၅ ယောက်လောက် ထိုင်နေကြတာ၊ သူတို့နှစ်ယောက် အပြန်အလှန် ဆွေးနွေးကြတာ ဒေါ်ခင်ဝေဘက်ကလည်းပြော၊ ဒေါ်ခင်ဝှာဘက်ကလည်း ပြောနေကြတဲ့
အခါမှာ အဲဒီအဘိုးကြီးက ထိုင်နေရတာ။ ကျွန်တော်တို့က ဒီဘက်ထောင့်က ထိုင်နေတာ အသံတော့ ကြားနေရတယ်။ (— နဲ့) ချောင်းဆိုးတဲ့အသံ အဲဒီမှာတင် အဘိုးကြီးက အသက်ရှူ ကျပ်လာသလိုဖြစ်တာ၊ ဖြစ်တော့ ရုံးဝန်ထမ်းတွေလည်း ၀ိုင်းမပြီး သူတို့ကား ပါလာတယ်။ အဲဒီကားပေါ်တင်ပြီး ရွှေဗဟိုဆေးခန်းကို ပို့တာပေါ့၊ ဆေးခန်းက လက်မခံဘူး ပြောတယ်။ ဆေးရုံကြီး ရောက်သွားတယ်။ နောက်သတင်း စုံစမ်းကြည့်တော့ ဆုံးသွားပြီးတဲ့။ အုပ်ချုပ်ရေးမှူးက မဟောက်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ဒီမှာ ဖြေရှင်း ညှိနှိုင်းလို့ မရရင် တရားရုံးသွားဖို့ ပြောခဲ့ကြောင်း ဒေါ်ခင်ဝေနှင့် ဒေါ်ခင်ဝှာနေတာက ဗျိုင်းရွာမ ရပ်ကွက်၊ သေဆုံးသူ (ဦး–) နေတာက ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်း တစ်လမ်းတည်း မျက်နှာချင်းဆိုင်တိုက် ဖြစ်ကြောင်း”" မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

အဆိုပါ အမှတ် ၂၁၉ ကျိုက္ကဆံလမ်း၊ ဗျိုင်းရွာမရပ်ကွက်၊ ကန်ထရိုက်တိုက် နေအိမ်တွင် ဒေါ်ခင်ဝေက ညာဘက် တတိယထပ်၊ ဒေါ်ခင်ဝှာက ညာဘက် စတုတ္ထထပ်တွင် နေထိုင်လျက်ရှိပြီး အဆိုပါ အပေါ်ထပ်၊ အောက်ထပ် အခန်းနှစ်ခန်းမှာ ယခင်ကပင် မကြာခဏ အချင်းများမှုများ ရှိခဲ့ကြောင်း သိရသည်။

တာမွေအောင်ကို

ဓာတ်ပုံ – တာမွေအောင်ကို
From: Myanmartandawsint Newspaper

iOS Devicesတွေက Video,Mediaတွေကို TVမှာ ကြည့်မယ်

Posted by drmyochit Friday, August 30, 2013, under | No comments


မကြာခင်က Googleက Chromecastဆိုတဲ့ Gadgetကို 35$နဲ့ ရောင်းချခဲ့ ပါတယ်။ Chromecastက Android, iOS Deviceတွေက Online Video, Mediaတွေကို TVမှာ ကြည့်လို့ရအောင် ပြုလုပ် ပေးနိုင်ပါတယ်။ Chromecastကို TVရဲ့ HDMI Portမှာ တင်ဆင် အသုံးပြုရမှာပါ။ နောက်ပြီး Android, iOS, Mac, Windowsမှာ Chromecast Appကို အင်စတောလုပ်ပြီး အသုံးပြုရမှာပါ။ Android, iOS, Macအတွက်ကတော့ ထွက်ရှိပြီးဖြစ်ပြီး အခုမှ iOSအတွက် ထွက်ရှိလာတာပါ။ ဒီဆောင်းပါးမှာတော့ Chromecastနဲ့ iOSကို Setupလုပ်နည်း ရေးပါမယ်။

Plugging It In
Chromecastကို TVမှာ တပ်ဆင်ပါ။ Power ကြိုးကို ချိတ်ဆက်ပြီး TVကို ဖွင့်ပါ။ သင့်တော်တဲ့ HDMI Input Settingကို ပြောင်းပါ။ iOSအတွက် Chromecast Appကို အင်စတောလုပ်ပါ။ iOSရဲ့ Settingsထဲမှာ Wifiကိုဖွင့်ပြီး Chromecast Deviceနဲ့ ချိတ်ဆက်ပါ။

Connecting
Chromecast Appကို ဖွင့်လိုက်တာနဲ့ Chromecast Deviceနဲ့ အလိုလို ချိတ်ဆက်နေတာတွေ့  ရမှာပါ။ Device Nameကို ပြောင်းလဲနိုင်သလို Wifi Networkကိုလည်း ရွေးနိုင်ပါတယ်။iPhone or iPadနဲ့ Chromecast Deviceက တူညီတဲ့ Network တစ်ခုထဲမှာ ရှိရပါမယ်။

Compatible Apps
Mediaတွေကို TVကို လွှင့်ထုတ်ဖို့  Compatible Appတွေကနေ ပြုလုပ်ရမှာပါ။ Compatible App တွေကတော့ Androidအတွက် YouTube, Netflixအပြင် Google Play Music, Movies,TV တို့ကိုပါ အသုံးပြုနိုင်ပေမယ့် iOSအတွက် ဆော့ YouTube, Netflicတို့ကိုသာ အသုံးပြုနိုင်မှာပါ။ iOS Device က YouTube, Netflix Appကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်က Chromecast Iconကိုနှိပ်ပြီး Video တွေကို TVသို့စတင်ပြီး ထုတ်လွှင့်နိုင်ပါပြီ။

Factory Reset
Chromecastရဲ့  Android, Mac, Windows clientsတွေမှာ Factory Resetပြုလုပ်ဖို့  Function ပါရှိပါတယ်။ တကယ်လို့  iOS Appမှာ မပါခဲ့ရင် Chromecast Buttonကို (၂၅)စက္ကန့်  ကြာအောင်ဖိထားပြီး Factory Reset ပြုလုပ်နိုင်ပါတယ်။

Myanmar ICT

ကမ္ဘာဂြိုဟ်မှသက်ရှိများ၏အစသည် အင်္ဂါဂြိုဟ်မှဖြစ်ကြောင်း သိပ္ပံပညာရှင်များပြော

Posted by drmyochit Friday, August 30, 2013, under | No comments

ကမ္ဘာပေါ်တွင် သက်ရှိများမပေါ်ပေါက်မီအချိန်တွင် မားစ်ဂြိုဟ်၌သက်ရှိများပေါ်ပေါက်ခဲ့ချေရှိဟု သိပ္ပံ ပညာရှင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

လေ့လာတွေ့ရှိချက် အသစ်များအရလွန်ခဲ့သည့်နှစ်ပေါင်း ဘီလီယံများစွာက သက်ရှိများစတင်ရန် မားစ် ဂြိုဟ်မှာ ကမ္ဘာဂြိုဟ်ထက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းဆိုသည်။

ယင်းတွေ့ရှိချက်မှာ သက်ရှိများစတင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော မော်လီကျူးများ မည်သို့ စုစည်းခဲ့သည်ဆိုသည့်အပေါ် အခြေခံသည်။

တွေ့ရှိချက်အားရှင်းပြသည့် သီအိုရီအသေးစိတ်အား ပါမောက္ခစတိဗ်ဘန်နာက အီတလီနိုင်ငံ ဖလော့ရင့် မြို့တွင်ကျင်းပခဲ့သည့် Goldschmidt အစည်းဝေးပွဲတွင် ရှင်းပြခဲ့သည်။

သိပ္ပံပညာရှင်များအနေဖြင့် သက်ရှိများဖြစ်ပေါ်ရန်အတွက် အလွန်ရေးပါသည့် မော်လီကျူးအစိတ်အပိုင်း သုံးခုဖြစ်သော အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA, DNA နှင့် ပရိုတိန်းများ ပထမဆုံးအကြိမ်အဖြစ် မည် သို့အတူတကွတည်ရှိခဲ့သည်အား စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ထုများပေါင်းစပ်ဖြစ်ပေါ်စေသည့် အဆိုပါမော်လီကျူးများမှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း သုံးဘီလီယံခန့်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ ပေါင်းစပ်ဖြစ်တည်မှုမှာ ကာဗွန်အခြေခံ ဓာတ် သတ္တိများဖြစ်သော သက်ရှိများအား ဖြစ်ပေါ်လာစေသည့် အော်ဂဲနစ်ဓာတ်ပေါင်းများထက် ပိုမိုရှုပ်ထွေး သည်ဟုသိရသည်။ RNA မှာ အထက်ဖော်ပြပါ မော်လီကျူးသုံးခုအနက် အစောဆုံးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

သက်ရှိများဖြစ်ပေါ်လာစေရန်အတွက် အခြေခံကြသည့် အော်ဂဲနစ်မော်လီကျူးများအား အပူနှင့်အလင်း တို့အား ပေါင်းထည့်လိုက်ခြင်းဖြင့် RNA, များ ရိုးရှင်းစွာ ဖြစ်ပေါ်လာခြင်း မရှိပေ။ ယင်းအစားမည်းနက် ထူ ထပ်သည့် အရာများသာ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA မှာသတ္တုဓာတ်များ၏ သလင်းကျောက်မျက်နှာပြင်ရှိ အက်တမ်ပုံစံ ပြားဖြင့်ပုံသွင်းရန် လိုအပ်သည်။

RNA အားပုံသွင်းရန် အကောင်းဆုံးဖြစ်သည့် သတ္တုများမှာ ကမ္ဘာ့အစောပိုင်းကာလများတွင် ပင်လယ်ပြင် အတွင်း၌ ပျော်ဝင်နေသည်ဟု သိရသည်။ သို့သော်၎င်းတို့ မှာ မားစ်ဂြိုဟ်ပေါ်တွင် ပိုများသည်ကို တွေ့ရှိ ရကြောင်း ပါမောက္ခဘန်နာကဆိုသည်။ ယင်းတွေ့ရှိချက်အရ သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ ပြီးယင်း၏ဂြိုဟ်အပိုင်းအစများ ကမ္ဘာပေါ်သို့ ကျရောက်လာသည့်အတွက် ကမ္ဘာပေါ်တွင် သက်ရှိများပေါ် ပေါက်လာသည်ဟုအမေရိကန်နိုင်ငံ Gainesville ရှိသိပ္ပံနှင့် နည်းပညာဆိုင်ရာ Westheimerတက္ကသိုလ် မှ ပါမောက္ခဘန်နာက ပြောကြားလိုက်သည်။

သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ပြီး၊ ယင်းမှတစ်ဆင့် ကမ္ဘာဂြိုလ်ပေါ်သို့ ရောက်ရှိခဲ့သည်ဆို သည့်ယူဆချက်မှာ ယခင်ကတည်းကရှိနှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါမောက္ခဘန်နာ၏ ယူဆချက်မှာ ယခင်တည်ရှိခဲ့ပြီးဖြစ်သည့် သက်ရှိတို့၏ ဒေသအစနှင့် သက်ဆိုင်သည့် သီအိုရီအား အားနည်းသွားစေခဲ့သည်။

သို့သော် ကမ္ဘာကြီးကဘယ်အချိန်က စတင်ခဲ့သလဲဆိုသော ပြဿနာနှင့်ပတ်သက်ပြီး မေးခွန်းများက တော့ကျန်နေဆဲဖြစ်သည်။ သို့သော်ကမ္ဘာပေါ်တွင် သက်ရှိများစတင်ရန်အတွက် လိုအပ်သော မော်လီ ဘက်နမ်နှင့် ဘိုနိုဓာတ်သတ္တုများဖွဲ့တည်နိုင်သည့် အခြေအနေတော့
မဟုတ်သေးပေ။ မားစ်ဂြိုဟ်အနေ ဖြင့် ခြောက်သွေ့သော ပတ်ဝန်းကျင်ရှိခြင်းကလည်းသက်ရှိများဖြစ်ပေါ်ရန် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ခဲ့သည်။

Mizzima - News in Burmese

မျောက်သောင်းကျန်းများကထိုင်းရွာတစ်ရွာကို ဗိုလ်ကျ

Posted by drmyochit Friday, August 30, 2013, under | No comments


ဥပဒေမဲ့ရမ်းကားသောဂိုဏ်း များက ထိုင်းရွာတစ်ရွာရှိ အိမ်များ ကို ဝင်ရောက်စီးနင်းကာ ပစ္စည်း ပစ္စယများအား အလစ်သုတ်ခြင်း တို့အပြင် ရွာသားများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကျူးလွန်သူမှာ လူမဟုတ်ဘဲ မျောက် များဖြစ်နေသည်။

''သူတို့က ကျွန်တော်အိပ် နေတာမြင်ရင် ကျွန်တော့်အိမ်ထဲ ဝင်လာတယ်။ မီးဖိုထဲကိုသွားပြီး ဟင်းချက်ဆီ၊ သကြားတွေအပြင် ဗီရိုထဲမှာ ဝှက်ထားတဲ့ဆေးတွေကို တောင်ယူတယ်''ဟု ရွာသူတစ်ဦး ဖြစ်သူ ချာလူ ယေးခမ်ကာဂျစ်က ပြောကြားခဲ့သည်။

၎င်းမျောက်များသည် စား ကျက်ဆုံးရှုံးမှုကြောင့် ခလောင် ချာရိုအင်ဝေးရွာထဲသို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ယင်းရွာသည် မျောက်များ၏ဆိုးသွမ်းမှုကို နှစ်အ တော်ကြာ ကြုံတွေ့နေရသည်ဟု သိရသည်။
''သူတို့က ကျွန်မရဲ့အဆာ ပြေ စားစရာတွေယူတယ်။ ကျွန်မ နောက်ထပ်အသစ်ဝယ်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးဝါးတွေက ကျွန်မအ တွက်အရေးကြီးပါတယ်''ဟု ၇၂ နှစ်အရွယ် အမျိုးသမီးကြီးက ပြောကြားခဲ့သည်။ ၎င်းနှင့် ၎င်းခင် ပွန်းတို့က လက်လုပ်ရေခဲသေတ္တာ သော့အိမ်နှင့် လေးခွအပါအဝင် မျောက်နှိမ်နင်းရေးကိရိယာမျိုးစုံ ကို ပြသခဲ့သည်။

ဘန်ကောက်မှ ကီလိုမီတာ ၈၀(မိုင်၅၀)အကွာ အရှေ့ဘက်ကမ်း ရိုးတန်းပေါ် ချာချိုအင်ဆောင် ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ် ကိုင်သူ အိမ်ထောင်စု ၁၅ဝရှိ ရွာ လေးမှာ ပင်လယ်မျောက်ဟုခေါ်ဆို သော အမြီးရှည်မျောက်များ၏နှောင့်ယှက်မှုကို ခံနေရသည်မှာ ဆယ်စုနှစ်တစ်စုနီးပါးရှိနေပြီဟု ဆိုသည်။

Ref-AFP ၊ သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာမင်းသမီး နောင်တရ

Posted by drmyochit Friday, August 30, 2013, under | No comments

ဘ၀တွင် ပထမဆုံးရိုက်ကူးသည့် အပြာကားဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး
မသုံးဘဲကာမစပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကားထုတ်လုပ်ရေးလုပ်ငန်း
တွင် ကွန်ဒုံးမသုံးမနေရဟူသော စည်းမျဉ်းအကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်
ဩသွားမည်ဖြစ်ကြောင်းအမေရိကန်အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ရက်နေ့
တွင် ပြောကြားသည်။

အပြာရုပ်ရှင်ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှတစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည်
ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံးအပြာကားဖြစ်သော Weiner & Me
ကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့် ကွန်ဒုံးမသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။

သို့ရာတွင် လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်းတစ်ခု၌
ကွန်ဒုံးမသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာအိပ်ခ်ျအိုင်ဗီပိုးကူးစက်
ခံရပြီဖြစ်ကြောင်း ဩဂုတ်လလယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ
လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်
ရေးလုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်းရပ်ဆိုင်းလိုက်သည်။

အဆင့်မြင့်ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုးကူးစက်ခံ ထားရခြင်းရှိမရှိအပူ
တပြင်းသွားရောက်စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ
လယ်သာမှာ သက်ပြင်းချနိုင်ခဲ့သည်။လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကို
စွန့်ခွာမည် မဟုတ်သော် လည်း နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှရိုက်ကူး
တော့မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်အတော်များများတွင် အပြာကားထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်
ဝင်ခန်းများ ကို ကွန်ဒုံးသုံးရိုက်ကူးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ထားသော်လည်း ထုတ်
လုပ်သူနှင့်မင်းသားမင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှုခံယူသူများဖြစ်သဖြင့် ထိုသို
့ညွှန်ကြားရန်မလိုကြောင်း၊ ကွန်ဒုံး အသုံးပြုပါကရုပ်ရှင်ကြည့်ပရိသတ်ကို ကျေနပ်မှုအပြည့်
ပေးနိုင်လိမ့်မည်မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။

အင်ဝိုင်ဒေးလီး
OPP

မြောက်ကိုရီးယားသူလျှိုများ တောင်ကိုရီးယားပေါ့(ပ်)ဂီတနှင့် အကများသင်ယူနေရ

Posted by drmyochit Friday, August 30, 2013, under | No comments

မြောက်ကိုရီးယားနိုင်ငံ၏ သူလျှိုတစ်ဦးဖြစ်သော ကင်ဒုန် ဆစ်သည် ထင်ရှားသော ဗုံးပြု လုပ်သောသင်တန်းများကဲ့သို့ပင် တောင်ကိုရီးယားပေါ့(ပ်)တေးသီ ချင်းအပုဒ် ၁၀ဝနှင့် အကလှုပ်ရှား မှုများကို သင်တန်းတွင်အပြင်း အထန်ကျက်မှတ်လေ့ကျင့်ခဲ့ရ ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ အထူး ထောက်လှမ်းရေးသူလျှိုဖြစ်သော ကင်ဒုန်ဆစ်သည် ယခုအခါ သူ၏ ဘဝမှတ်တမ်းစာအုပ်ထဲတွင် မြောက်ကိုရီးယားစပိုင်အေဂျင်စီ လုပ်ငန်းတချို့ကို မကွယ်မဝှက် ဖွင့်ဟလာခဲ့ကြောင်း သိရသည်။

ယခုအခါ အသက် ၅၁နှစ် ရှိပြီဖြစ်သော ကင်ဒုန်ဆစ်ကို ၁၉၉၅ခုနှစ်က တောင်ကိုရီးယား တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ကင်ကို နှစ်ကာလအတန်ကြာစစ် ကြောမေးမြန်းမှုပြုခဲ့ပြီးနောက် ကွန်မြူနစ်ဝါဒကိုစွန့်ပယ်စေခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ ထောက် လှမ်းရေးအာဏာပိုင်တို့နှင့် ပူး ပေါင်းစေခဲ့သည်ဟု သိရသည်။

ကင်၏ကိုယ်တွေ့ဘဝမှတ် တမ်းထဲတွင် ဖော်ပြရာ၌အသက် ၁ရနှစ်အရွယ်တွင် ကင်သည် ပြုံယမ်းမြို့ရှိ ကမ်ဆောင်နိုင်ငံရေး စစ်တက္ကသိုလ်တက်ရောက်ခွင့် ရခဲ့ပြီး တောင်ကိုရီးယားတွင် လျှို့ဝှက်ထောက်လှမ်းရေးတာဝန် များကိုထမ်းဆောင်ရန် လျှို့ဝှက် သူလျှိုတစ်ဦးအဖြစ် ပြုစုပျိုးထောင် ခဲ့ကြောင်း သိရသည် ကင်တို့သင်တန်းသားများ သည် သူတို့တာဝန်ထမ်းဆောင် ရာတွင် စွန့်လွှတ်စွန့်စားတာဝန် ထမ်းဆောင်ရန် အမြဲတမ်းပြင်ဆင် ထားစေခဲ့သည်ဟုဆိုသည်။ အ ကယ်၍ ရန်သူကဖမ်းဆီးမိပါက အရှင်ဖမ်းခံရခြင်းထက် ဆိုင်ယာ နိုက်အဆိပ်ပါသောဆေးလုံးများ ကိုမျိုချစေရန်အထိ ပေးဆပ်စေ ခဲ့သည်ဟုဆိုသည်။ ထိုအကြောင်း နှင့်ပတ်သက်၍ ကင်က ''ကျွန်တော် တို့ကို သေခြင်းတရားက အမြဲတမ်း ဖိစီးထားသလို ရှိနေတယ်။ ဒါဟာ အသက် ၂ဝအရွယ်လူတစ်ဦးအ တွက် အလွန်ကြီးလေးတဲ့ ဝန်ထုပ် ဝန်ပိုးပဲဖြစ်တယ်''ဟူ၍ ပြန်လည် ပြောပြခဲ့သည်။

ထို့ပြင် သူတို့အဖွဲ့အား မြောက်ကိုရီးယားနိုင်ငံသို့ ဖမ်းဆီး ခေါ်ဆောင်လာသော တောင်ကို ရီးယားနိုင်ငံသားတို့က တောင်ကို ရီးယားဒေသခံတို့၏ လူမှုရေးနှင့် နိုင်ငံရေးယဉ်ကျေးမှုများကို နား လည်သဘောပေါက်စေရန်နှင့် တောင်ကိုရီးယားဒေသခံတို့၏ အပြောအဆို၊ လေယူလေသိမ်းက အစ ကျွမ်းကျင်အောင်ညွှန်ကြား ပြသစေခဲ့သည်ဟု သိရသည်။ ကင် တို့သင်တန်းသားများအတွက် နေ့စဉ်လိုပင် တောင်ကိုရီးယားရုပ် မြင်သံကြားရှိုးပွဲများ၊ ရုပ်ရှင်များ၊ မဂ္ဂဇင်းများနှင့် သတင်းစာနှင့် စာ အုပ်များမှာ မရှိမဖြစ်ကြည့်ရှုမှတ် သားရသည့် ဓာတ်စာများလိုပင် ဖြစ်သည်ဟုဆိုသည်။

သင်တန်းတွင် ၁ဝနှစ်နီးပါး မျှသင်ကြားလေ့ကျင့်ပြီးနောက် ၁၉၉ဝပြည့်နှစ်တွင် ကင်ကို တောင် ကိုရီးယားသို့စေလွှတ်ကာ ပထမ ဦးဆုံးတာဝန်ကို ထမ်းရွက်စေခဲ့ ကြောင်း သိရသည်။

၁၉၉၅ခုနှစ်တွင် ကင်နှင့် တခြားသူလျှိုတစ်ဦးကို တောင် ကိုရီးယားသို့ ပြန်လည်စေလွှတ် ခဲ့ကာ တောင်ကိုရီးယားတွင် နှစ် ဖက်ခွသူလျှိုအဖြစ် လုပ်ဆောင်နေ သည်ဟု သံသယရှိသူနှင့်ပတ်သက် ၍ ဆောင်ရွက်ရန်ဖြစ်သည်။ ထို အချိန်တွင်မူ တောင်ကိုရီးယားလုံခြုံရေးတပ်ဖွဲ့နှင့် ရင်ဆိုင်တိုးမိ ကာ ကင်ကိုဒဏ်ရာများနှင့် ဖမ်း ဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

တောင်ဥက္ကလာက အမျိုးသမီး၏ပါး လှီးခဲ့သူများမှာ ငွေပေးခိုင်းခြင်းခံရသော ထောင်ထွက်များဖြစ်

Posted by drmyochit Friday, August 30, 2013, under | No comments

သြဂုတ်လ(၂၆)ရက်နေ့က တောင်ဥက္ကလာတွင် သားအား ကျောင်းကြိုရန် ဆိုက်ကားဖြင့်သွားသည့် အမျိုးသမီးအား ဆိုက်ကားတားပြီး သံပြားဝိုင်းဖြင့် အမျိုးသမီး၏ပါးလှီးခဲ့သော ဖြစ်ရပ်အား အခင်းဖြစ်ပြီး သုံးရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သည့် လှဌေး ၊ လှတိုး ၊ ဟိန်းမင်းလတ်(ခ)အောင်အောင်၊ မိုးသူ နှင့် ဇော်ကြီးတို့ ငါးဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ရဲတပ်ဖွဲ့ဝင်များက ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ်ဖြစ်ကာ ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက် ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊ လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့မှ ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်း မပြုဘဲ မိုး သူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့် အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင် ဇော်ကြီးမှ ပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ လှဌေးမှ ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးမှ ငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင် အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စ နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက် သိရှိမှုမရှိဘဲ  တရားခံ(၂)ဦးမှာ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်း သာဖြစ်ကြောင်း သိရသည်။

From: ပုံရိပ်

ကားရှိသူတိုင်းဆောင်ထားသင့်တဲ့ ကားပြုပြင်ထိန်းသိမ်းခြင်း Apk (5.3MB)

Posted by drmyochit Friday, August 30, 2013, under | No comments




Andriod ဖုန်းအသုံးပြုသူများအတွက် မြန်မာလိုရေးသားထားတဲ့ ကားပြုပြင်ရေး ဆော့ဝဲလ်လေး တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကားပြုပြင်ထိန်းသိမ်းခြင်းကို အသေးစိတ်ရေးပေးထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
ဗားရှင်းက ၂.၀ပါ။ Android version 2.2 နှင့်အထက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


              Download=>> Link 1, Link 2

Credit:  ittharlayblog

အသက် (၈၀)ကျော် အဘွားအိုအား အသက်(၂၀)အရွယ် လူငယ်တစ်ဦးမှ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်

Posted by drmyochit Friday, August 30, 2013, under | No comments


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊အောင်မြင်သာကျေးရွာတွင် ယခုလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က အသက်(၈၀)ကျော် အဘွားအိုတစ်ဦးအား အလိုမတူဘဲ သားမယား အဖြစ်ပြု ကျင့်ရန် ကြံစည်အားထုတ်နေသူ အသက် (၂၀)နှစ် အရွယ်လူငယ်တစ်ဦးအား သက်ဆိုင်ရာ ရဲဌာနမှ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများ၌ ဖော်ပြထားသည်ဟု သိရသည်။

အဆိုပါ မှတ်တမ်းများတွင် အသက်(၈၀)ကျော်အရွယ်ရှိ အဘွားအိုနှင့် တူမတော်စပ်သူသည် ၎င်း၏ ဦးလေးဖြစ်သူ၏ နေအိမ်မှ အိမ်သို့ပြန်လာစဉ် အိမ်ရှေ့၌ မသင်္ကာဖွယ်ရာ စက်ဘီး တစ်စီး ရပ်ထား သည်ကို မြင်တွေ့ရသဖြင့် နေအိမ်အိပ်ခန်းအ တွင်းသို့ ချောင်းမြှောင်းကြည့်ခဲ့ရာ အိပ်ခန်းအတွင်း၌ တစ်ရွာ တည်းနေ အသက်(၂၀)နှစ်အရွယ် မောင်အံ့ကျော် ဆိုသူမှ အဘွားအိုအား သမားယားအဖြစ်ပြုကျင့်ရန် ကြံစည်နေ သည်ကို အဘွားအို၏ တူမတော်စပ်သူ မအေးအေးမော်မှ မြင်တွေ့ခဲ့ရ သည်ဟုလည်း ဆက်လက်၍ ဖော်ပြထားသည်။

ထို့နောက် မအေးအေးမော်မှ နေအိမ်ပေါ်သို့တက်၍ မောင်အံ့ကျော်ဆိုသူအား အိမ်းတွင်းမှ ထွက်သွား ရန် ပြောဆိုခဲ့စဉ် မောင်အံ့ကျော်မှ လက်သီးဖြင့် မအေးအေးမော်အား ထိုးမည်ဟု ပြုလုပ် ခဲ့သေးသည်။ ယင်းအချိန်၌ မအေးအေးမော်၏ ခင်ပွန်း ဖြစ်သူ ကိုတင်မျိုးဝင်း ရောက်ရှိ လာသည့် အ တွက် မောင် အံ့ကျော်မှာ နေအိမ်ထဲမှ ထွက်ပြေးသွားခဲ့ကြောင်း ၎င်း မှတ်တမ်း များ၌ ဖော်ပြထားချက်များ အရ သိရ သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ အလိုမတူဘဲ သားမယား အဖြစ်ပြု့ကျင့်ရန် ကြံစည်ခြင်းခံရသူက အသက်(၈၁)အရွယ် အဘွားကြီးဖြစ်ပါတယ်။ စိတ်ဝေဒနာရှင် တစ်ဦး လို့လည်း ယေဘူယျ ခန့်မှန်းသိရှိရပါတယ်..” ဟု ကလေး ရဲစခန်း၌ တာဝန်ထမ်းဆောင် လျက်ရှိသော ရဲအရာရှိ တစ်ဦးမှ တုန့်ပြန်ပြောကြားသည်။

အသက်(၈၀)ကျော် စိတ်ဝေဒနာရှင် အဘွားအိုအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည် အားထုတ်ခဲ့သူ ဟု စွပ်စွဲခြင်းခံရသူ မောင်အံ့ကျော်အား တရားဥပဒေအရ အရေး ယူဆောင်ရွက် နိုင်ရန် အတွက် ကလေးမြို့မရဲစခန်း (ပ) ၃၇၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၅/၅၁၁ အရ အမှုရေးဖွင့်ကာ ဒုရဲအုပ် သီဟ ဆိုသူမှ မောင်အံ့ကျော်ဆိုသူအား အမြန်ဆုံး ဖမ်းဆီးရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သတင်း၊ ကိုတိုးကြီး
ref: သစ်ထူးလွင်

Keyboard Pro Crack Version ( Android Application )

Posted by drmyochit Friday, August 30, 2013, under | No comments



Frozen Zawgyi KeyPro Crack Version
ဘယ်တော့မှ experia date မဖြစ်တော့ဘူး
လိုချင်ရင် အောက်မှာ ဒေါင်းလိုက် . .  :)

Download => Link 1 / Link 2

"အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်၏ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း"

Posted by drmyochit Friday, August 30, 2013, under | No comments


ဩဂုတ် ၂၉ ၂၀၁၃

၂၇-၈-၂ဝ၁၃ နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ''အလယ်တန်းပြဆရာမရာထူးမှ ထုတ်ပယ်ခဲ့မှု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ကန့်ကွက်ရှုတ်ချ'' ခေါင်းစဉ်ပါ သတင်းအပါအဝင် ပုဂ္ဂလိကသတင်းစာနှင့် စာစောင်အချို့တွ င် ဖော်ပြပါရှိခဲ့သော အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ၏ကိစ္စနှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

ရှင်းလင်းချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အထက(၅)နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ပါသည်။ ဒေါ်စိုးစိုးခိုင်သည် ၁ဝ-၆-၂ဝ၁၃ ရက်နေ့၊ ကျောင်းချိန်တွင်အတန်းမှူး ဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ ဖုန်းချသွားပါသည်။

ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမပြုခဲ့ပါ။ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်းအုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏ မိခင်မှ ဖုန်းကိုင်ပါသည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိခဲ့ပါ။

ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ ကိုးရက်ရှိပါသည်။ အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ်စနှင့် ပတ်သက်၍ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။

ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက်ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ ၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များတွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး မှူးရုံးသို့ ၂၈-၇-၂ဝ၁၃မှစ၍ တွဲဖက်အမိန့်ထုတ်ပြန်ခဲ့သော်လည်း လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။ ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ် သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။

၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့် ခရိုင်ပညာရေးရုံးသို့ မဆက်သွယ်ဘဲ အမှတ် (၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။

စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွထွေသွေေးအားနည်း ရောဂါဖြင့် ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြလိမ်ညာခဲ့ပါသည်။ စစ်ဆေးရေးအဖွဲ့မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှသာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၎င်းမှဝန်ခံခဲ့ပါသည်။ ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော် လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည် ဝန်ထမ်းစည်းကမ်းကို အကြိမ်ကြိမ် လိုက်နာမှု မရှိခြင်းကြောင့် အမှတ်(၂) အခြေခံ ပညာဦးစီးဌာန၏ (၄/၂ဝ၁၃) EC ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ ရက်နေ့တွင် မယူမနေရ အငြိမ်းစားပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများတွင် အလားတူ ခွင့်မဲ့ ပျက်ကွက်ခြင်းနှင့် အမိန့်မနာခံခြင်းများကို ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက removal (သို့မဟုတ်) Dismiss ပြစ်ဒဏ်များချမှတ်ခဲ့ပါသည်။ သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ EC ဆုံးဖြတ်ချက်အရ removal အမိန့်ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့် ရှင်းလင်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက် http://www.moi.gov.mm/news/30/08/2013/id-796 မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်
From > Popular Myanmar News Journal

ငြိမ်းချမ်း ပြီးလျှင်လည်း စည်းလုံး ကြရမည် ….

Posted by drmyochit Friday, August 30, 2013, under | 1 comment


ငြိမ်းချမ်း ပြီးလျှင်လည်း စည်းလုံး ကြရမည် ….

နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုနှင့် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုသည် အရေးကြီးကိစ္စ တစ်ရပ် ဖြစ်သည်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီတွင် နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဥက္ကဌအဖြစ် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည် ကိုလည်း တွေ့ရှိ နေရပါတယ်။
ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ဖွဲ့နှင့် ပြည်ထောင်စု အစိုးရ အဆင့်မှာ ထိတွေ့ဆွေးနွေး နိုင်ခဲ့ပြီး မကြာမီ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်တော့မှာ ဖြစ်တယ် လို့ နိုင်ငံတော် သမ္မတက ၁၄- ၈- ၂၀၁၃ ရက်နေ့မှာ အသစ် ခန့် အပ် တဲ့ ပြည်ထောင်စု အဆင့် ဒုတိယ ဝန်ကြီးများ ကတိ သစ္စာ ခံယူပွဲ အခမ်းအနားမှာ ပြောကြားသွားတာ ဟာဖြင့် နိုင်ငံသားတိုင်း မျှော်လင့်တောင့်တ နေတဲ့ အချိန်အခါ ရောက်တော့မှာ ဖြစ်လို့ လွန်စွာ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။

နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးသည် နှင့်အညီ နိုင်ငံ အချင်းချင်း အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်ကို လက်ကိုင်ထား ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံ အပေါ် မလိုမုန်းထား ရန်ငြိုးပွားသော နိုင်ငံများမရှိ သလောက် ဖြစ်ပါတယ်။ သို့သော်လည်း  ကမ္ဘာလုံး ဆိုင်ရာ သြဇာ လွှမ်းမိုးလိုတဲ့ အင်အားကြီး နိုင်ငံများ၏ ရေတပ်စွမ်းရည်များ ယှဉ်ပြိုင် တပ်ဖြန့်မှုများ ပြုလုပ်ရာတွင် အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာတို့သည် အဓိကကျလျက်ရှိရာ ထိုသမုဒ္ဒရာ ၂ခု၏ ဆက်စပ်နေသည့် အရှေ့တောင် အာရှ ဒေသ အတွင်းတွင် မဟာဗျူဟာမြောက် တည်ရှိနေသည့်အပြင် မြန်မာနိုင်ငံဟာ ဒေသတွင်းအင်အားကြီး နိုင်ငံများ ဖြစ်သော တရုတ် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ အကြားတွင် တည်ရှိနေခြင်း၊ ကုန်းပထဝီဝင် အနေအထားအရ အရှေ့ တောင် အာရှနိုင်ငံများနှင့် တောင်အာရှ နိုင်ငံများကို ဆက်သွယ်ပေးနိုင်သော Land Bridge နိုင်ငံဖြစ်နေခြင်း တွေ ကြောင့် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ ဒေသတွင်းလုံခြုံရေး ဘယ်ရှုထောင့်က ကြည့်ကြည့် ကမ္ဘာ့နိုင်ငံများအတွက် အလွန် အချက်အခြာကျသော နေရာဖြစ်လို့ မြန်မာနိုင်ငံကို ချုပ်ကိုင်လိုမှုများ ရှိနေကြောင်း သမိုင်းအထောက် အထား များနှင့် လက်ရှိဖြစ်ပေါ် နေမှုများက သက်သေပြ နေပါတယ်။

ထာဝရအကျိုးစီးပွားကိုသာ ဖော်ဆောင် နိုင်ရေး အယူအဆကို ခိုင်မြဲစွာဆက်လက်ကျင့်သုံးလျက်ရှိနေတဲ့ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် အင်အားကြီး နိုင်ငံအချို့ဟာ မိမိတို့ အကျိုးစီးပွားကို ဖော်ဆောင်ရာမှာ နိုင်ငံငယ်များ အပေါ် ဘက်စုံစစ်ပွဲ ဆင်နွှဲ နေကြတာကိုလည်း လက်တွေ့မြင်တွေ့နေရမှာဖြစ်ပါတယ်။ ပြည်တွင်းငြိမ်သက်မှု မရှိစေရန် ဖန်တီးပြီး အခွင့် သာသည်နှင့် နိုင်ငံတော်ကို အပိုင်းလိုက် လက်ဝါးကြီးအုပ် သိမ်းပိုက်ဖို့ ကြိုးစားခဲ့သည့် ဖြစ်စဉ်များ ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက ရှိခဲ့တာဖြစ်ပြီး ၁၉၈၈ခုနှစ် အရေးအခင်း ဖြစ်ပွားစဉ် အင်အားကြီး နိုင်ငံတစ်ခု၏ စစ်သင်္ဘောကြီးများ မြန်မာ့ပင်လယ်ပြင် အတွင်းသို့ ရောက်ရှိခဲ့သည့် အထူးစိုးရိမ် ဖွယ်ရာ ဖြစ်ရပ်များကို ပြန်လည် အမှတ်ရ နေသင့်ပါတယ်။ 

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထောက်အကူပြုရန်မှာ ခိုင်မာသော အချက် ဖြစ်တာနဲ့အညီ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံစွာရှင်သန် နေထိုင်ရေးအတွက် မြန်မာ့ တပ်မတော်မှာလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ မည်သည့် စစ်ရေးစွန့်စားမှု၊ ရန်စ ကျူးကျော်မှု၊ စစ်ရေးစွက်ဖက်မှုတို့ကို စတင်ရန် ရည်ရွယ်မှု မရှိသော်လည်း နိုင်ငံ၏အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားကို ထိပါးလာလျှင်မူ လိုအပ်သလို တုံ့ပြန်ကာကွယ်သွားရန် ခေတ်မီပြီး စွမ်းရည်မြင့်မားသော မျိုးချစ်တပ်မတော် တစ်ရပ် မရှိမဖြစ် လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံရေး စွမ်းအား၊ စီးပွားရေးစွမ်းအား၊ လူမှုရေးစွမ်းအားနှင့်အတူ စစ်ရေးစွမ်းအား အချိုးညီဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ် ပါတယ်။ နိုင်ငံတော်၏ ပုံရိပ်နှင့်ညီမျှသော အဆင့်မီတပ်မတော်ရှိနေမှသာ ရန်စကျူးကျော်လိုသူများ အတွက် အဟန့်အတားတစ်ရပ် ဖြစ်ပေါ်စေသလို ကျရောက်လာသည့်ရန်ကို ထိရောက်စွာ ကာကွယ် တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာဖြစ်စဉ်များအရ တပ်မတော်ပြိုကွဲသည်နှင့် နိုင်ငံရေးစီးပွားရေး လူမှုရေးပါ ယိမ်းယိုင်သွားကြပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်အချုပ်အခြာအာဏာ နှင့် နယ်မြေတည်တံ့ရေးတို့မှာလည်း လုံခြုံမှုမရှိတော့သည်ကို ခံစားကြရမှာဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတော် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် အခြေအနေ အတွင်းမှာ အချို့ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် အားရဖွယ်ရာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း အချို့မှာမူ ငြိမ်းချမ်းရေး ရည်မှန်းချက် ထားပြီး ငြိမ်းချမ်းရေး စကား ပြော ကြားနေသော်လည်း လူသစ်များ တိုးမြှင့်စုဆောင်းခြင်း၊ မှောင်ခို နည်းလမ်းများဖြင့် လက်နက်အင်အား ဖြည့်တင်းခြင်းတို့ ဆောင်ရွက် နေခြင်းကိုကြားရသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး အစီအစဉ်များ အတွက် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုကို ထိခိုက် စေ သည်ဟု မြင်မိပါတယ်။

များစွာသော တိုင်းရင်းသား လူမျိုးများ နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံ တော်ကြီးမှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်ဖွဲ့စည်း ထားပြီးဖြစ်သည့် မြန်မာ့ တပ်မတော်၏ ကွပ်ကဲမှုနဲ့ နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးဟာလည်း စုစည်း ရပ်တည်သွားဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားပြီး ဖြစ်တဲ့အတိုင်း နေထိုင်သွားကြခြင်းဖြင့် ပြည်သူလူထု အားကိုး အားထားပြုနိုင်မည့် နိုင်ငံတော် အတွက် ကြီးမားသော အင်အားထုကြီး တစ်ခု ဖြစ်လာမှာပါ။ သို့ဖြစ်၍ နိုင်ငံသားတိုင်း ထာဝရ ငြိမ်းချမ်းရေးအတွက် မိမိတို့ တတ်စွမ်းသမျှ စိတ်ထားမှန်စွာ ပွင့်လင်းမြင်သာ စွာ ဖြင့် ဆောင်ရွက်နိုင်ကြဖို့ လိုမှာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိပြီးလျှင်လည်း မိမိတို့ နိုင်ငံတော်ကို စည်းလုံး ညီညွှတ်စွာဖြင့် ကာကွယ်စောင့်ရှောက် ကြရန်မှာ နို်င်ငံသားတိုင်း၏ တာဝန်ပင် ဖြစ်ကြောင်း နှိုးဆော် လိုက်ရပါတယ်။

ဆောင်းပါးရှင် (စောမိုးဇက်)

ပေါ်ပြူလာ ဂျာနယ်မှ ထုတ်နှုတ်ဖော်ပြ အပ်ပါသည်- (မြ၀တီ)

Floating Youtube Player

Posted by drmyochit Friday, August 30, 2013, under | No comments


အခုနောက်ပိုင်း Android မှာ Floating App တွေ တော်တော်များများ
တွေ့လာရပါတယ်။ Floating App ဆိုတာကတော့ ကွန်ပျူတာမှာ ..
window များသုံးသလို ချုံ့ ၊ ချဲ့ လုပ်နိုင်တဲ့ Android App တွေဖြစ်ပါတယ်။
ချုံ့၊ချဲ့ လုပ်နိုင်လို့ multiwindow ပုံစံမျိုး အသုံးပြုလာနိုင်ပါတယ်။
Floating App တွေကို အသုံးပြုရင်း တစ်ခြား ကိစ္စများကိုလဲ လုပ်ဆောင်နိုင်လို့ အသုံးဝင်ပြီး လူကြိုက်များလာပါတယ်။ ကျွန်တော် Floating တွေ တွေ့တိုင်း အမြဲတင်ပေးလေ့ရှိပါတယ်။ Facebook Multiwindow , Super Player , Tiny Apps .. စတာတွေ တင်ပေးခဲ့ဖူးပါတယ်။ အခု Youtube Player ကို Floating အနေဖြင့်
အသုံးပြုနိုင်မယ့် Floating Youtube Player လေးတွေ့လို့
တင်ပေးလိုက်ပါတယ်။ Youtube ကို ကိုယ့်စိတ်ကြိုက် window အရွယ်ချိန်ပြီး
ဖုန်း screen ပေါ်မှာ အဆင်ပြေတဲ့နေရာတစ်ခုခုမှာ ရွေ့ထားပြီး ကြည့်နိုင်ပါတယ်။

နည်းလမ်းနှစ်မျိုးပါဝင်ပါတယ်။ မူရင်း Youtube Player မှာ Share ကို နှိပ်ပြီး
Floating Youtube ကို ရွေးချယ်ပြီး ကြည့်နိုင်သလို .. Popup Player အနေဖြင့် တစ်ခါတည်း တန်းကြည့်နိုင်ပါတယ်။ Streaming လုပ်တာ မြန်တယ်ဗျာ။ လုံးဝ အလန်းလေးပါ။ သုံးကြည့်ပါ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox - https://www.dropbox.com/s/uezgkbo1eqprp64/Mr.AD%20-%20Floating%20Youtube%20Player.apk

copy - https://copy.com/BFugdfcvH74D

ပျော်ရွှင်ပါစေ။
Mr.AD
Credit:  ပျော်ရွှင်စရာ Android ကမ္ဘာ

လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)

Posted by drmyochit Friday, August 30, 2013, under | No comments


လမ်းလျှောက်တတ်သော သစ်ပင် တကယ့်အပြင်မှာ ရှိပါတယ်။ သူ့ကို Socratea exorrhiza လို့ခေါ်ပြီး Walking Palm လို့လည်း လူသိများပါတယ်။

အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက် လမ်းလျှောက်နိုင်ပါ တယ်။ လမ်းလျှေ
...
ာက်တတ်သော သစ်ပင်ဆိုတာထက် အသက်ရှိသော သစ်ပင်လို့ဆိုရင် ပိုမှန်ပါတယ်။ အမြစ်ရဲ့  ကြီးထွားမှုနှုန်း၊ မြေထဲ စိုက်ဝင် မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။ သစ်ပင်တစ်ပင်ပင်က သူ့အပေါ် လဲကျရင် အလိုအလျောက် ပြန်ထနိုင်ပါတယ်။ မြေဇီမြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြား နေရာတစ်နေရာကို အလို အလျောက် ပြောင်းရွေ့ ပါတယ်။

အပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြားမြင့်နိုင်ပြီး ပတ်လည် လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ ဒါကြောင့် အမြစ်ကို လည်း မြေထဲမှာပဲ အားလုံး မြှုပ်မနေစေပဲ ခြေထောက်များပမာ ထုတ်ထား တာမျိုးကိုလည်း ယခုလို မြင်တွေ့ရပါတယ်။ ဒါကြောင့် သူ့ကို လမ်းလျှောက် တတ်သော သစ်ပင် လို့ အများက အသိမှတ်ပြု ထားကြပါတယ်။

From: http://www.facebook.com/mwdmedia

အသေးစိတ်ဝင်ရောက်လေ့လာရန် http://en.wikipedia.org/wiki/Socratea_exorrhiza

အသက် ၁၆ နှစ်အရွယ် အပျိုစင်လေးအား လိမ်ညာ၍ ပြည့်တန်ဆာလုပ်ခိုင်းသူ အရေးယူခံရ

Posted by drmyochit Friday, August 30, 2013, under | No comments


မုံရွာမြို့ နန္ဒ၀န် ရပ်ကွက်တွင် ယခုလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည် ဟုဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေ ခဲ့သဖြင့် အိမ်ရှင်လင်မယား အား ရဲတပ်ဖွဲ့မှ အရေးယူ ခဲ့ရကြောင်း မုံရွာ အမှတ်(၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ပြောကြား သည်။

“ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်..၊ ဒီအလုပ်ကို မလုပ်ဘူး ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူ ကအဲ့ဒီ ကောင်မလေး အပေါ်မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာ တွေရှိတယ်လို့ အသက် ၁၆ နှစ်အရွယ် မမေသူဇော် က အမှုစစ် ရဲအရာရှိထံ ထွက်ဆို ခဲ့တယ် ..” ဟု ၎င်းရဲအရာရှိက ဆက်လက်၍ ပြောပြသည်။

အမှုစစ်ရဲအရာရှိ ရဲအုပ် မောင်မောင်မြင့် ၏ ပြောပြချက်များ အရအဆိုပါ မိန်းကလေး ငယ်သည် မုံရွာခရိုင် ကနီမြို့နယ် ၊ ကဲတောင်ကျေးရွာ မှဖြစ်ကြောင်း ၊ လွန်ခဲ့သော တစ်လ ၀န်းကျင်ခန့်က အမည်မသိ ဆိုင်ကယ် အငှား လိုက်သူ လူတစ်ဦးမှ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် နေ ကိုအရှည်ကြီး (ခေါ်) ကိုဇော်မင်းလွင် ၎င်း၏ ဇနီး မထား (ခေါ်) မစန်းစန်းနွယ် ဆိုသူတို့၏ နေအိမ်၌ ထမင်းချက် အလုပ်အား လုပ်ကိုင် နေထိုင်ရန် ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း နေအိမ်သို့ မမေသူဇော် စတင် ရောက်ရှိသည့် ညတွင် ထမင်းချက် အလုပ်အား စေခိုင်ခြင်း မရှိဘဲ အိမ်၏ နောက်ဖေး အခန်းအတွင်း ၌ အမည်မသိ အမျိုးသား တစ်ဦးနှင့် မတရား သဖြင့် ကာမစပ်ယှက် ခိုင်းခဲ့သည်ဟု မမေသူဇော်မှ အမှုစစ် ရဲအရာရှိထံ ထွက်ဆိုခဲ့သည် ဟုသိရသည်။

အိမ်ရှင် လင်မယားတို့က လည်း နောက်ရက်များတွင် ယင်းကဲသို့ မပြုလုပ်ခဲ့ပါက ရိုက်နှက်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သည့် အတွက် ၎င်းနေအိမ် သို့ရောက်ရှိ လာသော အမျိုးသား များဖြင့် နေ့စဉ်လိုလို ပြည့်တန်ဆာ လုပ်ငန်းအဖြစ် ကာမစပ်ယှက် ပေးခဲ့ရန် အိမ်ရှင် လင်မယားမှ အတင်းအဓမ္မ စေခိုင်းခဲ့သဖြင့် အဆိုပါ အမျိုးသမီးငယ်မှ ပြုလုပ်ပေး ခဲ့ရသည်ဟု ဆိုသည်။

ယခုလ ၂၆ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အိမ်ရှင် လင်မယား နေအိမ်၌ အလုပ်ရှုပ် နေစဉ် အဆိုပါ မိန်းကလေး ငယ်သည် အိမ်နောက်ဖေး၌ အပေါ့စွန့်ရန် သွားဦးမည်ဟု ဆိုကာ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး နောက် မုံရွာအမှတ် (၂) ရဲစခန်း သို့ လာရောက်၍ သူမ၏ ဖြစ်စဉ်အား ဖွင့်ဟပြောဆို ၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထိုအမှုဖြင့် ပတ်သက်၍ မမေသူဇော်၏ တိုင်တန်းချက် အပေါ် ရဲစခန်းက (ပ)၃၇၉/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၃ အရ ရေးဖွင့် လက်ခံခဲ့ပြီး အိမ်ရှင် လင်မယား နှစ်ဦးအပေါ် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်