Monday, September 02, 2013

မလေးရှားမှာ အလုပ်သမားဖမ်းဆီးမှုစတင်၊ မြန်မာ ၂၀၀ နီးပါး ဖမ်းခံရ

Posted by drmyochit Monday, September 02, 2013, under | No comments

မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ ​ကြာ ​အထူး ​စီမံကိန်းမှာ ​လူပေါင်း ​၅သိန်းကို ​ဌါနေနိုင်ငံ ​ပြန်ပို့မယ်လို့ ​မလေးရှား ​အာ ​ဏာပိုင်တွေ က ​ကြေညာ ပြီးနောက် ​စက်တင်ဘာ ​လဆန်း ​(၁) ​၇က်နေ့မှာ ​စတင် ​ဖမ်းဆီးမှုတွေ ​လုပ်ပြီး ​မြန်မာ နိုင်ငံသား ​၂၀၀ နီးပါး ​အဖမ်းခံရတယ်လို့ ​သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မြန်မာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံ သားတွေ အကြား ပြဿ နာဖြစ်တဲ့ အတွက် မလေးရှားမှာ ဖမ်းဆီးမှုတွေရှိခဲ့ 

အဖမ်းခံရသူတွေထဲမှာ ​အများစုဟာ ​ချင်းလူမျိုး ​တွေ ​ဖြစ်ပြီး ​ တနင်္ဂနွေနေ့ ​ဘုရားကျောင်းကို ​အသွားမှာ ​အဖမ်းခံရတာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

မလေးရှား ​နိုင်ငံမှာ ​တရားမဝင် ​ဝင်ရောက် ​အလုပ်လုပ်ကိုင်နေသူတွေကို ​မှတ်ပုံတင်ဖို့ ​မလေးရှား ​အာဏာပိုင်တွေက ​တနှစ်အချိန်ပေးခဲ့ပြီး ​ဖြစ်တယ်လို့ ​လဝက ​အထွေထွေ ​ညွန်ကြားရေးမှူးချုပ်  ​Datuk ​Alias ​Ahmad ​က ​The ​Star ​သတင်းစားကို ​ပြောပြခဲ့ပါတယ်။

မလေးရှားအစိုးရရဲ့ ​ကြော်ညာချက်အတိုင်း ​မလေးရှားနိုင်ငံရဲ့မြို့တော်  ​ကွာလာလမ်ပူမြို့ရှိ ​မြန်မာဆိုင်တန်းတွေမှာ ​ဖမ်းဆီင်္းမှုကို ​စတင်ခဲ့တာ ​ဖြစ်ပါတယ်။

တရားမဝင် ​နေထိုင်သူ ​၊ ​အထောက်အထား ​မပြည့်စုံသူ ​အားလုံးကို ​ဆွဲခေါ် ​ပုံစံနဲ့ ​ဖမ်းဆီးနေတာ ​ဖြစ်ပါတယ်။

တရားမဝင် ​အလုပ်လုပ်နေတဲ့ ​အလုပ်သမားတွေထဲမှာ ​မြန်မာ ​နိုင်ငံသားတွေ ​အပါအဝင် ​ဘင်္ဂလားဒေ့ရှ်၊ ​ဗီယက်နမ်၊ ​နီပေါ ​နိုင်ငံက ​အလုပ်သမားတွေပါဝင်ပြီး၊ ​အဓိက ​ပစ်မှတ်ထား ​ဖမ်းဆီးတာကတော့ ​အင်ဒိုနီးရှား ​နိုင်ငံသားတွေ ​ဖြစ်တယ်လို့လဲ ​သိရပါတယ်။

စီမံချက်မှာ ​မလေးရှား၊ ​ရဲတွေ၊ ​လဝက ​ဝန်ထမ်းတွေ၊ ​စစ်တပ်၊ ​အရပ်ဖက် ​ဝန်ထမ်း ​တွေ ​မှတ်ပုံတင်ရုံးနဲ့ ​ရပ်ကွက် ​ကောင်စီ ​ဝန်ထမ်းတွေ ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

ဖမ်းဆီး ​မိသူအားလုံးကိုလဲ ​ချက်ချင်းပြန်ပို့ဖို့ ​စီစဉ်နေပြီး ​သက်ဆိုင် ​ရာသံရုံးတွေကိုလဲ ​ခရီးသွား ​လက်မှတ်တွေ ​အမြန်ဆုံးစီစဉ်ပေးဖို့ ​လုပ်ဆောင်နေတယ်လို့ ​The ​star ​သတင်း ​ထဲမှာ ​ဖေါ်ပြထားပါတယ်။

မလေးရှား ​နိုင်ငံ ​လဝက ​ဆိုင်ရာ ​တည်မြဲ ​ဥပဒေအရ ​တရားမဝင် ​နေထိုင် ​အလုပ်လုပ်ကိုင်နေသူတွေကို ​ထောင်ဒါဏ်နဲ့ ​ဒါဏ်ငွေတွေ ​ချမှတ် ​အပြစ်ပေး ​နိုင်တယ်လို့လဲ ​သိရပါတယ်။

မလေးရှား ​နိုင်ငံမှာ ​တရားမဝင် ​အလုပ်ဝင်လုပ်နေသူပေါင်း ​၇ ​သိန်းလောက် ​ရှိနေပြီး၊ ​အခုပြုလုပ်နေတဲ့ ​၃လ ​ကြာ ​စီမံကိန်းအတွင်း ​လူပေါင်း ​၅ ​သိန်းကို ​ဖမ်းဆီး ​ပြန်ပို့မှာ ​ဖြစ်တယ်လို့ ​သိရ ​ပါတယ်။

ABC Radio Australia

သန္ဓေတားသောအခါ

Posted by drmyochit Monday, September 02, 2013, under | No comments

သန္ဓေတားခြင်း နည်းလမ်းပေါင်း များစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့် သန္ဓေတားမည်ကို ဆုံးဖြတ်သော အခါ မိမိ၏ ကျန်းမာရေး အခြေအနေ၊ လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ကလေးလိုချင်စိတ်ရှိ/မရှိ စသည့် အချက် မြောက်မြားစွာပေါ် မူတည်၍ ဆုံးဖြတ် ရပါသည်။ သန္ဓေတားနည်း တစ်ခုခုကို ရွေးချယ် တော့မည်ဆိုလျှင် မိမိ ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိရဲ့လားဟု စတင် စဉ်းစားရပါမည်။

မိမိ ရွေးချယ်မည့် နည်းလမ်းသည် ကိုယ်ဝန်မရစေရန် မည်မျှ ကာ ကွယ်ပေးနိုင် မည်လဲ။ ဤအချက်ကို သိရှိရန် အတွက် မိမိရွေးချယ်မည့် သန္ဓေ တားနည်းကို အသုံးပြု လျက်ရှိသော အမျိုးသမီးဦးရေ (၁၀၀)ကို လေ့လာ ကြည့်ရပါမည်။ တစ်နှစ် ကြာသောအခါ အမျိုးသမီးဦးရေ (၁၀၀) အနက် ဦးရေ မည်မျှတွင် မလိုချင်ဘဲ ကိုယ်ဝန်ရရှိ သွားသည်ကို သိရှိရန်လိုပါသည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် များလျှင် သင်ရွေး ချယ်မည့် နည်းလမ်းသည် ထိရောက်မှုနည်းသည်ဟု ကောက်ချက် ချရပါမည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် နည်းလျှင် သင်ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိသည်ဟု ကောက်ချက် ချရပါမည်။

အကယ်၍ သင်တို့ စုံတွဲသည် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိခြင်းကို လုံးဝ လက်မခံ နိုင်သော သူများ ဖြစ်ပါက ထိရောက်မှု အရှိဆုံးသော သန္ဓေတား နည်းလမ်းကို အသုံးပြု သင့်ပါသည်။ အကယ်၍ သင်တို့စုံတွဲသည် ကိုယ်ဝန် ရခြင်းကို ရှောင်ရှားလိုသည်။ သို့သော် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိလာ ပါကလည်း ၀မ်းမြောက် ၀မ်းသာ လက်ခံနိုင် သည်ဆိုပါက ထိရောက်မှု နည်းပြီး သက်သောင့်သက်သာ ရှိသော သန္ဓေတား နည်းလမ်း ကို အသုံးပြု နိုင်ပါသည်။

မိမိ အသုံးပြု လိုသည့် သန္ဓေတား နည်းလမ်းသည် ထိရောက်မှု ရှိ/မရှိ ရွေးချယ် ဆုံးဖြတ် ပြီးသောအခါ နောက်တစ်ဆင့် အားဖြင့် ကုန်ကျ စရိတ်ကို စဉ်းစား ရပါမည်။ ကုန်ကျစရိတ်သည် ရေရှည်တွင် မိမိ တတ်နိုင်သည့် ပမာဏ အတွင်း ရှိနေရန် လိုအပ် ပါသည်။ နောက်ထပ် စဉ်းစားရန် တစ်ခုမှာ ကျန်းမာရေး ထိခိုက်မှု ရှိ/မရှိ ဖြစ်ပါသည်။ ဥပမာ- အသက် (၃၅)နှစ် ကျော်နေပြီ ဖြစ်သော အမျိုးသမီးသည် ဆေးလိပ် သောက်တတ်သူ အမျိုးသမီး ဖြစ်ပါက သန္ဓေတား သောက်ဆေးများ သုံးစွဲရန် မသင့်လျော်ပါ။

အမျိုးသား ဖြစ်သူ၏ အခြေအနေ ကိုလည်း ထည့်သွင်း စဉ်းစား ရပါမည်။ သင်၏ အမျိုးသားသည် သင်ရွေးချယ် သော သန္ဓေတားနည်းလမ်းကို ကျေနပ်လက်ခံသူဖြစ်ပါက သင့်အဖို့ ရွေးချယ်ရ လွယ်ကူ ပေလိမ့်မည်။ သန္ဓေ တားနည်းကို ဘယ်လောက်ကြာကြာ အသုံးပြုမည်ဟူသော သင်၏ဆုံးဖြတ်ချက်သည် သင်ရွေးချယ်မည့် သန္ဓေ တားနည်းလမ်းအပေါ် သက်ရောက်မှုရှိပါသည်။ သင်သည် ယာယီသန္ဓေတားလိုပါက ထိရောက်မှု နည်းသော နည်းလမ်းများ ကို အသုံးပြုရမည်ဖြစ်ပြီး တစ်သက်လုံး သန္ဓေတားလိုသည်ဆိုပါက ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းများကို အသုံးပြု နိုင်မည် ဖြစ်ပါသည်။

HIV ကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများအား ကာကွယ်နိုင်မှု ရှိ/မရှိကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ သန္ဓေတားနည်း အများစုသည် ကူးစက်ရောဂါများကို ကာကွယ်နိုင် စွမ်းမရှိပါ။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် အဖော်ဟု ခေါ်ဆိုကြသော ကွန်ဒုံးများက ကူးစက်ရောဂါများကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ အဖော်ကို အဖိုသုတ်ကောင်သတ်ဆေးရည် (Spermicide) များနှင့် တွဲဖက်အသုံးပြုပါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် ပိုမိုထိရောက်မှု ရှိပါသည်။

အလွယ်တကူ ရရှိနိုင်မှုသည်လည်း အရေးကြီးပါသည်။ မိမိရွေးချယ်သည့် သန္ဓေတားနည်းလမ်းသည် ဆရာဝန်ညွှန်မှ အသုံးပြု၍ ရနိုင်သလား၊ အဖွဲ့အစည်းများထံမှ အခမဲ့ အလွယ်တကူ ရနိုင်သလား၊ ၀ယ်ယူ အသုံးပြုနိုင်သလား စသည်တို့ အပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်များအပေါ် မူတည်၍ မိမိနှင့် သင့်လျော်သည့် သန္ဓေတားနည်းကို စနစ်တကျ စဉ်းစားရွေးချယ် အသုံးပြုခြင်းသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရန်အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေပါသည်။

သန္ဓေတားနည်းလမ်းများစွာကို စုစည်း၍ အဓိကအားဖြင့် အုပ်စုသုံးစုခွဲ၍ ပြောနိုင်ပါသည်။ ၎င်းတို့မှာ -
၁။ အကာအကွယ် အသုံးပြုခြင်း (Barrier Method)

၂။ ဟိုမုန်းဓာတ်ဖြင့် သန္ဓေတားခြင်း (Hormonal Method)

၃။ သားကြောဖြတ်ခြင်း (Permanent Method) စသည်တို့ ဖြစ်ကြပါသည်။

၁။ အကာအကွယ် အသုံးပြုခြင်း

(က) ကွန်ဒုံး

ကွန်ဒုံးတွင် အမျိုးသားများ အသုံးပြုသော ကွန်ဒုံး(အဖော်)နှင့် အမျိုးသမီးများ အသုံးပြုသော ကွန်ဒုံးဟူ၍ နှစ်မျိုးရှိ ပါသည်။ ကိုယ်ဝန်ရှိခြင်းကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်းတွင် အမျိုးသား ကွန်ဒုံး (သို့မဟုတ်) အမျိုးသမီး ကွန်ဒုံး တစ်မျိုးမျိုးကို အသုံးပြုရပါမည်။ ကွန်ဒုံးကို ဆေးဆိုင်များတွင် ဆရာဝန် ညွှန်ကြားချက် မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူ ရရှိနိုင် ပါသည်။ အချို့ ဆေးခန်း များတွင် အခမဲ့ ပေးဝေလေ့ ရှိပါသည်။

 (ခ) သားအိမ်ခေါင်းဖုံး

 သားအိမ် ခေါင်းဖုံးသည် ကွေးခေါက်၍ရသော သားရေ အဖုံးဖြစ်ပြီး အဖို သုတ်ပိုးကို သေစေနိုင်သည့် ကရင်မ် သို့မဟုတ် ဂျယ်လီ သုတ်လိမ်းထားပါသည်။ အဖိုသုတ်ကောင်များ သားအိမ်ခေါင်းသို့ မရောက်စေရန် အတွက် လိင်ဆက်ဆံခြင်း မပြုမီတွင် သားအိမ်ခေါင်းဖုံးကို သားအိမ်ခေါင်းတွင် တပ်ဆင် ထားရပါသည်။ လိင်ဆက်ဆံပြီးသောအခါ ချက်ချင်း ပြန်မထုတ်ရပါ။ ၆ နာရီမှ ၈ နာရီခန့်ကြာအောင် ဖုံးထားရပါသည်။ သားအိမ်ခေါင်းဖုံးကို အသုံးပြုမည်ဆိုပါက မိမိနှင့်သင့်တော်သော အရွယ်အစားနှင့် အမျိုးအစားကို ကျွမ်းကျင်သော သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ သားအိမ်ခေါင်းဖုံး အသုံးပြု ခြင်းကြောင့် သားရေ သို့မဟုတ် ဂျယ်လီနှင့် ဓာတ်မတည့်ခြင်းကြောင့် ယောင်ယမ်းယားယံခြင်းဖြစ်နိုင်ပါသည်။ ဆီးလမ်း ကြောင်းပိုးဝင်နိုင်ရန် အခွင့်အရေး များစေပါသည်။ အချို့သောသူများတွင် သားအိမ်ခေါင်းဖုံးကို အချိန်ကြာမြင့်စွာ မဖြုတ်ဘဲ ထားမိပါက (Toxic shock syndrome) ဟုခေါ်သော အသက်အန္တရာယ်ရှိသည့် ရောဂါဖြစ်နိုင်ပါသည်။

(ဂ) သုတ်ပိုးသတ်သည့်ဂွမ်း

သုတ်ပိုးသတ်သည့် “ဂွမ်း” ဆိုသည်မှာ နူးညံ့သော စက်ရုံထုတ်ဂွမ်းဖြစ်ပြီး သုတ်ပိုးသတ်သည့် ဆေးရည်ဖြင့် စိမ်ထား ပါသည်။ လိင် ဆက်ဆံခြင်း မပြုမီ သုတ်ပိုး သတ်သည့် ဂွမ်းကို စွတ်စိုအောင် ပြုလုပ်၍ အမျိုးသမီး အင်္ဂါအတွင်းရှိ သားအိမ်ခေါင်း အ၀အနီးသို့ ထည့်သွင်းထားရပါမည်။

 ၂။ ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားခြင်း

 ဟော်မုန်းဓာတ်ပါဝင်သော သန္ဓေတားဆေးများတွင် ပရိုဂျက်စတင် တစ်မျိုးတည်းပါသော သန္ဓေတားဆေးများ ရှိသကဲ့သို့ ပရိုဂျက်စတင်နှင့် အီထရိုဂျင် နှစ်မျိုးလုံးပါဝင်သော ဆေးလည်းရှိပြီး အမျိုးသမီးများ၏ သားဥ အိမ်မှ သားဥကြွေကျခြင်းကို တားဆီးပေးပါသည်။ ပရိုဂျက်စတင် တစ်မျိုးတည်းပါဝင်သော ဆေးများသည် အမျိုးသမီး၏ သားအိမ်ခေါင်း အနီးတစ်ဝိုက်ရှိ သဘာဝအတိုင်း ထွက်ရှိသော အကျိအချွဲများကို ပိုမို ထူပျစ်စေးကပ်အောင် ပြုလုပ်ခြင်းဖြင့် အမျိုးသား၏ သုတ်ပိုးများအား အမျိုးသမီး၏ သားအိမ်အတွင်းသို့ မ၀င်ရောက်နိုင်အောင် တားဆီးပေးပါသည်။

ပရိုဂျက်စတင် ပါဝင်သောကိရိယာ (Implant) ကို ခန္ဓာကိုယ် အရေပြားအောက်တွင် ခွဲစိပ်ထည့်သွင်းရသည့် နည်းလမ်းလည်း ရှိပါသည်။ ၎င်းကိရိယာမှ ပရိုဂျက်စတင် ပမာဏကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားပေးပါသည်။ တစ်လခံဆေး၊ သုံးလခံဆေး စသည်ဖြင့် အလွယ်တကူခေါ်ကြသော ဒီပို (Depo Injection) ဆေးများကို ကြွက်သား အောက်သို့ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ်ထိုးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ ဒီပိုထိုးဆေးသည် ပရိုဂျက်စတင် ပါဝင်သော ထိုးဆေးဖြစ်ပါသည်။

အရေပြား ပေါ်တွင် ကပ်ခွာ ပုံစံဖြင့် ကပ်ထား နိုင်သည့် သန္ဓေတား နည်းလည်း ရှိပါသည်။ ၎င်းကပ်ခွာမှ ပရိုဂျက် စတင်နှင့် အီစထရိုဂျင် ဟော်မုန်း ဓာတ်များကို အဆက်မပြတ် ထုတ်လွှတ် ပေးခြင်းဖြင့် သန္ဓေတားပေး ပါသည်။ အခြားသော ဟော်မုန်း တားဆေးများ ကဲ့သို့ပင် ကပ်ခွာ ပုံစံသည်လည်း ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ အသုံးပြု ရပါမည်။ Vaginal Ring ဟုခေါ်သည့် ဟော်မုန်း ဓာတ်ပါသော ကွင်းငယ်အား အမျိုးသမီး အင်္ဂါအတွင်းသို့ ထည့်သွင်းခြင်းဖြင့် သန္ဓေတားနိုင် ပါသေးသည်။ ၎င်းကွင်းငယ်မှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင် ဟော်မုန်း ဓာတ်နှစ်မျိုးလုံး ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။  အရေးပေါ်တားဆေး ဟုခေါ်ဆိုသည့် Emergency Pill များသည်လည်း ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားသောဆေးများ ဖြစ်ပါသည်။

Intra Uterine Device (IUD) ဟုခေါ်သည့် သန္ဓေတား ပစ္စည်း များလည်း ရှိပါသည်။ IUD သည် သေးငယ် သော ပလတ်စတစ် (သို့မဟုတ်) ကော့ပါး ကိရိယာ တစ်ခု ဖြစ်ပါသည်။ IUD ကို အမျိုးသမီး၏ သားအိမ်ခေါင်း အား ဖြတ်သန်းကာ သားအိမ် အတွင်းသို့ ရောက်အောင် ကျွမ်းကျင်သော ဆရာဝန်များမှ ထည့်သွင်း ပေးပါသည်။ အချို့သော IUD များတွင် ပရို ဂျက်စတင် ဟော်မုန်း ပမာဏ အနည်းငယ် ထုတ်လွှတ် ပေးအောင် ဖန်တီး ထားပါသည်။ IUD တစ်ကြိမ် ထည့်သွင်း ထားလျှင် ၅နှစ်မှ ၁၀နှစ်အထိ သန္ဓေတား ပစ္စည်းအဖြစ် အသုံးပြု နိုင်ပါသည်။

IUD အသုံးပြု ခြင်းသည် ထိရောက်သော သန္ဓေတား နည်းတစ်ခု ဖြစ်ပါသည်။ IUD နည်းဖြင့် သန္ဓေတားလျက် ကိုယ်ဝန် ရရှိနှုန်း တစ်နှစ် အတွင်း၌ အမျိုးသမီး (၁၀၀)တွင် (၁) ယောက် ထက် နည်းပါသည်။ ဆိုးကျိုး အနေနှင့် ဆီးစပ် ကိုက်ခြင်း၊ သွေးဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အခန့်မသင့်လျှင် သားအိမ်ပေါက် ခြင်းမျိုး ဖြစ်နိုင် ပါသည်။ ပရိုဂျက်စတင် ဟော်မုန်း ထည့်သွင်း ထားသော IUD များသည် သားအိမ် အတွင်း ထည့်သွင်း ပြီးနောက် အချိန်မှန် မဟုတ်ဘဲ သွေး အနည်းငယ် ဆင်းနိုင် ပါသည်။ ၎င်းသန္ဓေ တားနည်း အသုံးပြုသူ အမျိုးသမီး ဦးရေ၏ ထက်ဝက်ခန့်တွင် IUD ထည့်ပြီး တစ်နှစ်ကြာသောအခါ သွေးပေါ်ခြင်း လုံးဝမရှိတော့ပါ။ IUD ကို ပြန်ထုတ် လိုက်လျှင် သွေးပေါ်ပါသည်။

၃။ သားကြောဖြတ်ခြင်း

 အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ နှစ်ဦး စလုံးဖြစ်စေ နောင်အနာဂတ်တွင် ကလေး မယူတော့ရန် သေချာ သောအခါ ဤနည်းလမ်းကို အသုံးပြု နိုင်ပါသည်။ အမျိုးသား၏ ကပ္ပါယ်အိတ် အတွင်းမှ သုတ်ပြွန် တစ်ခုကို ဖြတ်တောက်ခြင်း (Vasectomy) ဖြင့် အမျိုးသားအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ် နိုင်ပါသည်။ အမျိုးသမီး၏ ၀မ်းဗိုက် ကိုဖွင့်၍ သားအိမ်၏ ဘေးတစ်ဖက် တစ်ချက်မှ သားဥ ပြွန်နှစ်ချောင်း ကို ဖြတ်တောက် ခြင်းဖြင့် အမျိုးသမီးများအား တစ်သက်လုံး ကလေး မရစေရန် ပြုလုပ်နိုင်ပါသည်။

 ၄။ မမှန်ကန်သောနည်းလမ်းများ

တချို့ အမျိုးသား များသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သုတ်လွှတ်ကာနီးတွင် အမျိုးသမီး အင်္ဂါတွင်းမှ ထုတ်ကာ သုတ်လွှတ်လေ့ ရှိကြပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကလေး မရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြ ပါသည်။ သုတ်လွှတ်ခြင်း မပြုလုပ်မီ အမျိုးသား အင်္ဂါမှ ထွက်သော အကျိအချွဲတွင် သုတ်ကောင် အနည်းငယ် ပါဝင် နိုင်ပြီး ထိုပမာဏသည် အမျိုးသမီးအား ကိုယ်ဝန် ရရှိစေ နိုင်ပါသည်။

တချို့သော စုံတွဲများတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံ ပြီးသောအခါမှ ပြီးလျှင်ပြီးချင်း အမျိုးသမီး အင်္ဂါဇာတ်ကို ရေဆေးခြင်းဖြင့် ကိုယ်ဝန် မရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြပါသည်။ အမျိုးသားမှ သုတ်လွှတ်ပြီး စက္ကန့် (၉၀)အတွင်း၌ သုတ်ကောင်သည် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းသို့ ၀င်ရောက်ပြီး ဖြစ်သည့်အတွက် ရေဆေးခြင်းဖြင့် ကိုယ်ဝန် ရရှိခြင်းကို မတားဆီးနိုင်ပါ။ ကလေးမွေးပြီး ကလေးအား အမေနို့ တိုက်နေစဉ် ကာလ အတွင်း လိင်ဆက်ဆံလျှင် ကလေး မရနိုင်ဟု ယူဆသူများ ရှိပါသည်။ ကလေးအား နို့တိုက် နေသည့် ကာလအတွင်း လိင်ဆက်ဆံပါက ကိုယ်ဝန် ရရှိ နိုင်ခြေ ရှိပါသည်။

ကလေး မလိုချင်သော မောင်နှံများ မမှန်ကန်သော အယူအဆ များကို ရှောင်ကြဉ်ကာ စနစ်ကျသော သန္ဓေ တားနည်း များကို အသုံးပြုခြင်းဖြင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရှားသင့်ပါသည်။ အထက် တွင် ဖော်ပြခဲ့သော သန္ဓေ တားသည့် နည်းလမ်းများ အကြောင်း ပိုမို သိရှိ လိုပါက တတ်ကျွမ်း နားလည်သည့် သားဖွား မီးယပ် အထူးကု ဆရာ ၀န်ကြီးများနှင့် ဆက်လက် တိုင်ပင် သင့်ပါသည်။


အကယ်၍ သင်သည် သန္ဓေတားနည်း တစ်မျိုးမျိုးကို အသုံး မပြုဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိ လျှင်သော် လည်းကောင်း၊ ကွန်ဒုံး အသုံး ပြုသော်လည်း ကွန်ဒုံး ပေါက်ပြဲခြင်း ဖြစ်ခဲ့လျှင်သော် လည်းကောင်း (၇၂) နာရီထက် နောက်မကျစေဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး သင့်ပါ သည်။ စာဖတ် ပရိသတ်များ မှန်ကန်သော နည်းလမ်းများဖြင့် သန္ဓေတားနိုင်ကြပါစေ။

TSF Shell v1.9.9.7.1 apk 7MB

Posted by drmyochit Monday, September 02, 2013, under | No comments


TSF Shell အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 9 လ 1ရက်နေ့ထွက် Update လေးတင်ပေးလိုက်ပါတယ်
နာမည်ကြီး App မို့လို့သူရဲ့အသုံးဝင်ပုံတော့ တော်တော်များများသိပီးသားပါ google play မှာ လူကြိုက် များပြီး 539 ဘတ်တန်တဲ့ application လေးဖြစ်ပါတယ်  Launcher တွေထဲမှာ ကျွန်တော် အနှစ် သက်ဆုံးဖြစ် ပါတယ်

Launcher effect မှာ icon တွေရဲ့လှုပ်ရှားမှုတွေကို  စက်ဝိုင်းသဏ္ဍာန်၊လေးထောင့်သဏ္ဍာန်၊face in/fade out စသဖြင့် အမျိုးမျိုးနဲ့ သုံးသူတိုင်းအကြိုက်တွေ့ကြပါတယ် …3D စတိုင် လေးဖြစ်တာကြောင့် ကြည့်ရတာ အမြင်ဆန်းစေပါတယ် အခု ဗားရှင်းမှာ အရင်ကထက်ပိုလန်းလာတယ်
https://play.google.com/store/apps/details?id=com.tsf.shell

မှာလေ့လာပြီး ကြိုက်ရင် အောက်လိပ်စာမှာရယူနိုင်ပါတယ်

Download>>> mirrorcreator(or) zippyshare





Roundr - Round Screen Corners

Posted by drmyochit Monday, September 02, 2013, under | No comments


ဒီ app လေးကတော့ ဖုန်း screen ရဲ့ ဘေးအနားသတ်တွေကို ၀ိုင်းဝိုင်းလေးဖြစ်အောင် ဖန်တီးပေးမယ့် app ဖြစ်ပါတယ်။ အမြင်တစ်မျိုးဆန်းသွားတာပေါ့။ ဂိမ်းဆော့တာပဲဖြစ်ဖြစ် .. ဘာပဲသုံးသုံး screen အနား သတ် ၀ိုင်းဝိုင်းလေးတွေနဲ့ ဖြစ်နေပါမယ်။ အနားသတ်ဝိုင်းတဲ့ ဖုန်း cover ပုံစံတွေနဲ့ဆို ဒီ app လေးနဲ့ပါ screen ကို အနားသတ်ဝိုင်းလိုက်ရင် လိုက်ဖက်ညီသွားတာတွေ့ရပါတယ်။ အနားသတ်များကိုလဲ ကိုယ် နှစ်သက် ရာ အပိုင်းကိုပဲ ၀ိုင်းထားလို့ပါတယ်။

ဖုန်းအလှဆင်တတ်တဲ့သူတွေအတွက်ကလိချင်စရာလေးမို့ ..
တင်ပေးလိုက်ပါတယ်။ Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox - https://www.dropbox.com/s/4ur126k3a2kjy2a/Mr.AD%20-%20RoundR%20v1.7.2.apk

zippyshare - http://www9.zippyshare.com/v/38642585/file.html

ပျော်ရွှင်ပါစေ။
Mr.AD
ပျော်ရွှင်စရာ Android ကမ္ဘာ

Sunday, September 01, 2013

ဖုန်းနဲ့အနှောက်ယှတ်ပေးလို့စိတ်ညစ်နေရသူတွေအတွက် Root Call Blocker Pro for Android

Posted by drmyochit Sunday, September 01, 2013, under | No comments


Root Call Blocker Pro အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 8 လပိုင်း 31 ရက်နေ့ထွက်လေးပါ
မိမိတို့ဖုန်းမှာ လက်မခံချင်တဲ့ဖုန်း call နဲ့ massages တွေကို တားဆီးပေးနိုင်တဲ့ Root Call Blocker Pro လေးတင်ပေးလိုက်ပါတယ် spam call & massages တွေကို လုံးဝတားဆီးပေးနိုင်တဲ့အပြင်
 silent & hidden ပါလုပ်ထားနိုင်တော့ သုံးရတာပိုပြီးအဆင်ပြေတာပေါ့

https://play.google.com/store/apps/details?id=fahrbot.apps.rootcallblocker.pro&hl=en 
 Google Play Store မှာ $6.99 နဲ့ဝယ်ယူနိုင်ပြီး free ယူချင်ရင်တော့ အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreator(or)zippyshare


Android version 2.1 နှင့်အထက်ရှိရမည့်အပြင် ဖုန်းမှာ Root access ပါရှိရပါမယ်





အမျိုးကောင်းသား

အောင်လံ မြို့နယ် လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အား ဗဟိုကော်မရှင်မှ အတည်ပြု စာရင်းထုတ်ပြန်

Posted by drmyochit Sunday, September 01, 2013, under | No comments

စက်တင်ဘာ ၁၊ အောင်လံ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် ညီလာခံ ကျင်းပရေး ကော်မရှင်က အောင်လံမြို့နယ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်အဖြစ် အဖွဲ့ဝင်(၁၅)ဦးပါသောအဖွဲ့အား သြဂုတ်လ(၃၀)ရက်နေ့ ရက်စွဲ ဖြင့် အတည်ပြု စာရင်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အထက်ပါ မြို့နယ် လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အား တိုင်းဒေသကြီး လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်နှင့် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ ပါတီဝင်များ ညှိုနှိုင်း ဆုံးဖြတ်မှုဖြင့် ဗဟိုကော်မရှင်သို့ တင်ပြခဲ့ခြင်းဖြစ် ကြောင်း တိုင်းကော်မရှင် အဖွဲ့ဝင် ဦးမြတ်ကိုက ပြောသည်။

ကော်မရှင်များ ရွေးချယ်ရာတွင်လည်း လူငယ် လုပ်ငန်းအတွေ့အကြုံရှိသူ၊ ညီလာခံ အတွေ့အကြုံရှိသူ၊ အဖွဲ့ချုပ်မူဝါဒနှင့် လုပ်ငန်းစဉ်များကို နားလည်ပြီး အဖွဲ့ချုပ်အပါ် သစ္စာ စောင့်သိသူ၊ တိုင်းရင်းသား အမျိုးသမီး နှင့် လူကြီးလူငယ်ကြား နားလည်ပြီး ဆက်ဆံရေး ပြေပြစ်သူ စသည်အချက်များဖြင့် ကိုက်ညှိုပြီး ဆွေးနွေး တိုင်ပင်ကာ ရွေးချယ်တာဝန်ပေး အပ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းကပင် ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်းကာလများကပင် အဖွဲ့ချုပ် လူငယ်ညီလာခံ များအား သီးခြားကျင်းပမည်ဟု ပြောကြားခဲ့ပြီး ဇူလိုင်လ(၉)ရက်နေ့က အဖွဲ့ဝင်(၂၄)ဦး ပါဝင်သော ဗဟိုလူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အား ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံ တက်ရောက် ရွေးချယ်ခံခွင့်နှင့် မဲပေးခွင့်အား၊ အသက် (၁၆)နှစ်မှ (၃၅)နှစ်အတွင်း သတ်မှတ်ထားပြီး ညီလာခံများအား ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ကျင်းပ၍ ဇန်န၀ါရီလတွင် တစ်ပြည်လုံး အပြီးကျင်းပနိုင်မည်ဟု ခန့်မှန်းကြောင်းလည်း ဦးမြတ်ကိုကပင် ပြောသည်။

လင်းသက်
The Myanma Age

ကမ္ဘာလှည့်များအတွက် ဆွဲဆောင်မှုထိပ်သီး နိုင်ငံများတွင် မြန်မာပါဝင်

Posted by drmyochit Sunday, September 01, 2013, under | No comments


ရန်ကုန်၊ သြဂုတ် ၃၀

အပန်းဖြေနှင့် အလည်အပတ် ခရီးသွားလိုသည့် ကမ္ဘာလှည့် ခရီးသည်များအတွက် ဆွဲဆောင်မှု အကောင်းဆုံး ထိပ်တန်းနိုင်ငံများတွင် မြန်မာပါဝင်နေကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Cox & Kings ခရီးသွားအင်စတီကျု၏ သြဂုတ်လ ၂၉ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရှေးဟောင်း စေတီပုထိုးများနှင့် အရုဏ်တက် ရှုခင်းအလှကို မိုးပျံပူဖောင်းဖြင့် ပျံသန်းကြည့်ရှုနိုင်မည့် ပုဂံမြို့တော်၊ အင်္ဂလိပ်ခေတ် ရှေးဟောင်း အဆောက်အအုံ အမွေအနှစ်များစွာဖြင့် သက်ဝင် လှုပ်ရှားနေသော မော်လမြိုင် ဆိပ်ကမ်းမြို့တော်နှင့် တိတ်ဆိတ်ငြိမ်းချမ်း သည့် တောင်ပေါ်ဒေသ ကို နှစ်သက်သူနှင့် တောင်တက် ခရီးသွားလိုသူများအတွက် ရှမ်းပြည်နယ် ကလောမြို့သို့ ခရီးသွားများ အများဆုံး သွားလေ့ရှိသည်ဟု ယင်းအင်စတီကျု၏ အစီရင်ခံစာပါ ဖော်ပြချက်အရ သိရသည်။

ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကမ္ဘာလှည့် ခရီးသွားများ အများဆုံး သွားရောက် လည်ပတ်သည့်ဒေသနှင့် လည်ပတ်ရန် အကောင်းဆုံး ဒေသများကို စာရင်းပြု စု ဖော်ပြထား သည်။

ပင်လယ်ကမ်းခြေတွင် အနားယူလိုသူများသည် ငပလီကမ်းခြေနှင့် အပျော်စီးသင်္ဘောဖြင့် ခရီးသွားလို သူများအတွက် ဧရာဝတီ မြစ်ကြောင်း ခရီးစဉ်တို့သည်လည်း ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင် လျက် ရှိပြီး နာမည်ကျော် စေတီပုထိုးတစ်ခုဖြစ်သော ကျိုက်ထီးရိုးစေတီတော်သည် တောင်ထိပ်ပေါ်တွင် ထူးခြားဆန်း ကြယ်စွာ တည်ရှိနေပုံမှာလည်း ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများ၏ စိတ်ဝင်စားမှုကို အစဉ်ရယူ လျက် ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ နွေရာသီ အလည်အပတ်ခရီးစဉ်အဖြစ် လာရောက် လည်ပတ်လိုသည့် ခရီးသည်ဦးရေလည်း နှစ်စဉ် မြင့်တက်လျက်ရှိသည်နှင့် တစ်ပြိုင်နက် အဆင့်မြင့် ဇိမ်ခံဟိုတယ်များစွာ ဆောက်လုပ်ခြင်းနှင့် အလည်အပျော်စီးသင်္ဘောများ စီစဉ်ပေးခြင်း တို့လည်း ဆောင်ရွက်ပေးသင့်ကြောင်း ယင်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် Cox & Kings သည် နှစ်ပေါင်း၂၅၀ ကျော် သက်တမ်းရှိ ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

၂၀၁၂ ခုနှစ် ဘဏ္ဍနှစ်အကုန်ပိုင်းအထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ဦးရေမှာ ယခင်ရှစ်သိန်းကျော် ရှိလာမှ ၁၀ သိန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနထံ စုံစမ်းသိရှိရသည်။

ယင်းဘဏ္ဍာနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ရရှိသော ဝင်ငွေမှာ ၅၃၄ သန်းရှိပြီး ခရီးစဉ်များ၏ ၆၅ ရာခိုင်နှုန်းမှာ အပန်းဖြေနှင့် အလည်အပတ် ခရီးလာရောက်ကြသူများ ဖြစ်သည်။

The Voice Weekly

နိုင်ငံရေးဆွေးနွေးမှု လွှတ်တော်သို့လွှဲမည်ကို ကေအင်န်ယူ စိုးရိမ်

Posted by drmyochit Sunday, September 01, 2013, under | No comments

ရန်ကုန်-တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေး မှုများအတွက် လွှတ်တော်သို့ လွှဲပြောင်းပေးလိုက်မည်ကို ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် စိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ( KNU ) မှ အထွေထွေအတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းက ပြောသည်။

နေပြည်တော်တွင် သြဂုတ် ၃၁ ရက်ကပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တွေ့ဆုံ စဉ် ၎င်းက တင်ပြပြော ဆိုခဲ့ခြင်းဖြစ်သည်။

“သမ္မတရဲ့မိန့်ခွန်းတစ်ခုထဲမှာ တကယ်လို့ အပစ် အခတ်ရပ်စဲရေး လုပ်ပြီးရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အတွက် လွှတ်တော်ကိုလွှဲပြီးတော့ လွှတ်တော်က ဖွဲ့စည်းထားတဲ့အဖွဲ့ကဦးဆောင် လုပ်သွားဖို့။ ကျွန်တော် တို့နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ ပြီးသွားပြီလို့လုပ်သွားမှာစိုးရိမ် တယ်” အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းကပြောသည်။

ပြီးခဲ့သည့် န၀တအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနှင့် အပစ် အခတ် ရပ်စဲရေး သဘော တူခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးမှုများမပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများပြန်လည် ဖြစ်ပွား ခဲ့သည်။

“နိုင်ငံတကာမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကလုပ်ရတာပဲ။ အစိုးရက တာဝန်ယူပြီး လွှတ်တော် ကပံ့ပိုးပြီးလုပ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူပြောင်းရင်ယုံကြည်မှုပြန်တည် ဆောက်ရတယ်” ဟု ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ဗဟိုဌာနမှ အပစ် အခတ် ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။

နိုင်ငံရေးဆွေးနွေးမှုက ရလာမည့်အချက်များအား လွှတ်တော်သို့တင်ပြပြီး တိုင်းရင်းသား များ၏ တောင်း ဆိုချက် များကို ဥပဒေပြုပေးပါက ခိုင်မာမှုရရှိသွားမည်ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ပြောကြားသည်။

လက်ရှိအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ပြုလုပ်ရန်စီစဉ်နေပြီး အဆိုပါအဆင့်ပြီးနောက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ်ရန် စီစဉ် ထားပြီး ထိုအဆင့်ပြီးမှသာ နိုင်ငံရေးဆွေးနွေးမှုများ စတင်မည်ဖြစ်သည်။ တွေ့ဆုံပွဲသို့ တက်ရောက် လာသော တိုင်းရင်းသားအဖွဲ့အစည်းနှစ်ခုက နိုင်ငံရေးဆွေးနွေးမှုများကို ၂၀၁၅ ခုနှစ်မတိုင်မီ အပြီး အပြတ် ဆွေးနွေးရန် တင်ပြခဲ့ကြောင်းသတင်းရရှိသည်။

နေပြည်တော်တွင်ပြုလုပ်သော တွေ့ဆုံပွဲတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်ခေါင်းဆောင်များ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် ( RCSS/SSA ) မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။

7Day News Journal

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသနပြုလုပ်သင့်ပြီဟုဆို

Posted by drmyochit Sunday, September 01, 2013, under | No comments

အမျိုး သမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း MA- RIE STOPES INTERN- ATIONAL မှ Country Director ဒေါက်တာစစ်နိုင်က အကြံ ပြုပြောကြား လိုက်သည်။

အမျိုးသမီးငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှုများပြားလာရ ခြင်းမှာမိဘနှင့် အုပ်ထိန်းသူများ က အမျိုးသမီး ငယ်များအား အ သိပေးသင့်သည့်အကြောင်း အ ရာများကိုအသိမပေးခြင်းနှင့် တစ် ချက်လွှတ် အမိန့်ပေးခြင်း များ ကြောင့် ပိုမိုဖြစ်ပွားလာရခြင်းဖြစ် ကြောင်း သိရသည်။

''အမျိုးသမီးတွေဟာ အ ကြောင်းကြောင်းကြောင့် သူတို့ လိုချင်တာကို လိုက်ရင်းနဲ့ မလိုချင် တာကို ရကြတယ်။ အဲဒီ အခါမှာ မကိုင်တွယ်မဖြေရှင်းတတ်တာတွေ ရှိတယ်။ လူငယ်အမျိုးသမီးတွေ မှာ ကိုယ်ဝန်ပျက်ကျတာအဖြစ် များလာတာက အထူးသဖြင့် သိ သင့်တာတွေကို ပေးမသိဘဲ မျက် စိပိတ်ထားလိုက်တာကြောင့်ပဲ။အဲဒီဒဏ်ကိုခံနေရတာပဲ။ ဘယ် သူတွေမှာ ဘယ်လောက်ထိခိုက် နေပြီလဲနဲ့ ဘယ်လိုလုပ်ဖို့လိုအပ် သလဲဆိုတာကိုသိဖို့အတွက် သု တေသနပြုလုပ်ဖို့ လိုနေပါပြီ''ဟု ဒေါက် တာစစ်နိုင်က ပြောသည်။

ထို့ပြင် လူငယ်အမျိုးသမီး များ ယင်းကဲ့သို့ဖြစ်ပွားရခြင်း တွင် စိတ်ဓာတ် ကျနေသောကြောင့် ဖြစ် ချင်ရာဖြစ်ဟု ထင်ရာ စိုင်းမိ ခြင်းနှင့် စိတ်ဓာတ်မကျသောသူ များတွင်မူ အစစအ ရာရာအောင် မြင်နေသည့် အတွက် မိမိတွင်အ ဆိုးမဖြစ်နိုင်ဟု ပေါ့ပေါ့ဆဆနေ မိခြင်းဟူ၍ အပိုင်းနှစ်ပိုင်းလုံးနှင့် ပတ်သက်မှု ရှိကြောင်း လည်း သိ ရသည်။

''လူကြီးမိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကိုနေ ရာပေးပြီး ဆက်ဆံဖို့လိုတယ်။လူငယ်တွေကနေ ဘာတွေ တင် ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေမ လုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိ ဘတွေအနေနဲ့ ဒေါက်ထောက် ကြည့်နေတာမျိုးမလုပ်ရဘူး။တစေ့တစောင်းပဲ ကြည့်ရမယ်။သူတို့ မှာဖြစ်လာနိုင်တဲ့ အန္တရာယ် တွေကိုသူတို့ အမြော်အမြင်ရှိလာ တဲ့အချိန်အထိ သူတို့ကိုယ်သူ တို့ ကျေကျေနပ်နပ်ကာကွယ်အောင် လုပ်ရမယ်''ဟု ယင်းကဆက်လက် အကြံပြုပြောကြားသည်

နွေဦးလင်း ၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group

မြန်မာအလှမယ်တို့၏ နိုင်ငံတကာတစ်ကျော့ပြန်

Posted by drmyochit Sunday, September 01, 2013, under | No comments


နိုင်ငံတကာအဆင့် အလှမယ် ဝင်ရောက်ယှဉ်ပြိုင်မှုများနှင့် နှစ်ပေါင်းများစွာ ကင်းကွာနေ ခဲ့သော မြန်မာနိုင်ငံ တွင် ‘Miss International’ ဟူသော စကားလုံးသည် ပြီးခဲ့သည့်နှစ်ကမှစ၍ လူပြောများ ရေပန်းစားပြီး စိတ်ဝင်စားစရာ စကားလုံးတစ်လုံး ဖြစ်လာခဲ့ကာ ယခုအချိန်သည် နိုင်ငံတကာ ပြိုင်ပွဲများသို့ မြန်မာ့အလှမယ်များ သွားရောက် ယှဉ်ပြိုင်လာချိန်၊ ယှဉ်ပြိုင်ရန်တာစူနေချိန် ဖြစ်သည်။ နိုင်ငံတကာနှင့် ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်မှုအရပ်ရပ် အပြောင်းအလဲ ရှိလာချိန်တွင် ဖြစ်ထွန်းလာသော ပြောင်းလဲမှုတစ်ခုပင်။

socie_mmahmte_01ယင်းလူပြောများလာသော စကားလုံးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ကျင်းပခဲ့သော Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု၍ နန်းခင်ဇေယျာ သွားရောက် ယှဉ်ပြိုင်ခြင်းမှ အစပြုခဲ့သည်။ ပြင်ဆင်ချိန်နည်း၊ အတွေ့ အကြုံနည်း အနေ အထား ရှိ နိုင်ငံမှ သွားသော်ငြား ပွဲဦးထွက်လည်းဖြစ်၊ မြန်မာဆိုသော အသိစိတ်ဓာတ်ဖြင့် အားပေးမှုများကြောင့် Miss Internet ဆုကိုရရှိခဲ့ပြီး People Choice Award, Ambassador Beauty ခေါင်းစဉ်ဆုများလည်း ရရှိခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် ကျင်းပမည့် Miss Supranational ပြိုင်ပွဲကြီးတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု၍ Miss Supranational Myanmar ခင်ဝင့်ဝါက လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ကျင်းပမည့် Miss Grand International ပြိုင်ပွဲကြီးတွင်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု၍ Miss Grand Myanmar ထားထက် ထက်က လည်းကောင်း၊ လာမည့် အောက်တိုဘာလ ဂျပန်နိုင်ငံတွင် ကျင်းပမည့် (၅၃) ကြိမ်မြောက် Miss International ပြိုင်ပွဲတွင် Miss Myanmar International ဂုဏ်ရည်အေးကျော်က လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းအပြင် (၆၁) ကြိမ်မြောက် ကျင်းပမည်ဖြစ်သော Miss Universe ကမ္ဘာ့ အလှ မယ်ပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုတွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည်ဖြစ်ရာ ယင်းကမ္ဘာ့ အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အကြိမ် ပြန်လည် ၍ ခြေ လှမ်းနိုင်တော့ မည် ဖြစ်သည်။

ယင်းသို့သော ပြိုင်ပွဲများ မတိုင်ခင်က နီးနီးစပ်စပ်ရှိသော ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် Miss ASEAN 2005 ပြိုင်ပွဲတွင် အိရူပါဝင်းက ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၎င်းကျွမ်းကျင်စွာ တီးခတ် နိုင်သော စန္ဒရားတူရိယာကို တီးခတ်ပြသ၍ Miss Talent ဆုကို ရရှိခဲ့သည်။


ယင်းသို့ပြိုင်ပွဲများနှင့် ကင်းကွာခဲ့ချိန်၊ မော်ဒယ်လ်ပြိုင်ပွဲများနှင့် မော်ဒယ်လ်များကိုသာ လူငယ်များအဖို့ ရင်းနှီးကျွမ်းဝင် နေခဲ့ချိန်တွင် နိုင်ငံတကာ Miss အဖြစ် ယှဉ်ပြိုင်သူတွင် မော်ဒယ်လ်များနှင့် မတူသည့် လိုအပ်ချက်နှင့် အရည်အသွေးများရှိရန် လိုကြောင်းကို စတင်သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် Miss Universe၊ Miss World၊ Miss Earth၊ Miss Supranational၊ Miss International၊ Miss Grand ဟူ၍ပြိုင်ပွဲများ ပြုလုပ်လျက်ရှိရာ မိမိတို့နိုင်ငံတွင် ယင်းပြိုင်ပွဲများကို စိတ်ဝင်တစား ကြည့်ရှုလာသူများနှင့် အဆိုပါပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ရန် စိတ်ဝင်စားသူများ ရှိလာပြီ ဖြစ်သည်။
ကမ္ဘာ့အဆင့် ၃ ရှိ အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်သော Miss Supranational ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ “ဒီပွဲကိုဝင်ပြိုင်ဖြစ်တာက ပွဲလုပ်တဲ့ ရည်ရွယ်ချက်လေးကို သဘောကျလို့ပါ။

ပြီးတော့ မနန်းခင်ဇေယျာလိုမျိုး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို ကိုယ့်နိုင်ငံကိုယ်စားပြုပြီး သွားပြိုင်ချင်နေတာ အခုတော့ ဆန္ဒပြည့်ဝသွားပါပြီ။ ညီမမြန်မာနိုင်ငံရဲ့ စလွယ်ကိုလွယ်ထား တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု Miss Supranational Myanmar ခင်ဝင့်ဝါက ပြောကြားသည်။


“ကိုယ်က မြန်မာနိုင်ငံဆိုတဲ့ စလွယ်ကိုလွယ်ပြီး ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ် ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပြီးတော့…”


Miss Supranational Myanmar မခင်ဝင့်ဝါ စံထားသော နန်းခင်ဇေယျာကလည်း ယခုကဲ့သို့ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်ရသည်မှာ မလွယ်ကူကြောင်းနှင့် စိတ်ဓာတ်ကျစရာများ ကြုံတွေ့နိုင်သောကြောင့် မိမိအသိစိတ်တွင် မြန်မာကိုယ်စားပြု လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အတွက် နိုင်ငံ့ဂုဏ်ကို မညှိုးနွမ်းစေရန် အသိတို့ကို ထားစေချင်ကြောင်း၊ မိမိယှဉ်ပြိုင်စဉ်က ပြင်ဆင်ချိန် မရှိသည့်အပြင် တစ်ကိုယ်တည်း သွားရောက် ယှဉ်ပြိုင်ခဲ့ရကြောင်း စသည်ဖြင့် ၎င်း၏အတွေ့အကြုံများနှင့် ပြင်ဆင်ရန် လိုအပ်သည်များကို ပြောပြသည်။

လက်ရှိအချိန်တွင် မခင်ဝင့်ဝါသည် နိုင်ငံကိုယ်စားပြုရန်အတွက် ပြိုင်ပွဲကျင်းပမည့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်၍ ယှဉ်ပြိုင်မှုများ ပြုလုပ်နေပြီး ယင်းပြိုင်ပွဲတွင် အလှမယ် အားလုံးကို မေးခွန်း များမေးမြန်း ၍ အရည်အချင်း စစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း ၎င်းမှာ ထိုမေးခွန်း များကို ကောင်းမွန် စွာ ဖြေဆိုနိုင်ခဲ့ကာ လက်ရှိတွင် Miss Internet ဆုအတွက် အင်တာနက်မှ vote ပေးသူ အများအပြား ရရှိနေသည်။


Miss Grand International ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကျွမ်းဘားမယ် ဖြစ်ခဲ့ဖူးသူ မထားထက်ထက် သည် ဘာသာ စကားလေးမျိုး တတ်မြောက်ထားပြီး နိုင်ငံအတွက် အကျိုးပြုသူတစ်ဦး ဖြစ်လိုသောကြောင့် ပြိုင်ပွဲဝင်ခြင်း ဖြစ်ကြောင်း၊ သွားရောက် ယှဉ်ပြိုင်ချိန်တွင် မြန်မာအမျိုးသမီးထုကို ကိုယ်စားပြု ရမည် ဖြစ်သောကြောင့် မြန်မာ အမျိုးသမီးများ၏ နေထိုင်မှုပုံစံများကို ၎င်းတို့အထင်ကြီး လေးစားစေရန် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ပြောဆိုသည်။


“မြန်မာနိုင်ငံမှာက Miss တစ်ယောက်နဲ့ Model တစ်ယောက်ကို အတူတူပဲလို့ မြင်နေတဲ့ အမြင်မှာတွေ ရှိနေပါတယ်။ Miss ဆိုတာက ကိုယ့်နိုင်ငံအတွက် ဂုဏ်ဆောင်တဲ့သူ တစ်ယောက်ပါ။ သူလုပ်တဲ့ အပြုအမှုတွေကို ကြည့်ပြီးတော့ သူတို့နိုင်ငံက ဒီလိုပုံစံနေထိုင်ကြတယ် ဆိုတာကိုအများက မြင်ကြမှာပါ။ အဲ့ဒါကြောင့် Miss တစ်ယောက်ဟာကိုယ့် နိုင်ငံရဲ့ဂုဏ်ကိုဆောင် နိုင်ရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံမှ Miss Supranational နှင့် Miss Grand International ပြိုင်ပွဲများအတွက် မြန်မာ နိုင်ငံမှ National Director အဖြစ် ဆောင်ရွက်သူ ကိုဟန်ဇော်ထက်က ၎င်း၏အမြင်ကို ပြောကြားသည်။

လက်ရှိတွင် မထားထက်ထက်သည် ပြိုင်ပွဲတွင် မိမိ၏ အရည် အချင်းကို ကောင်း မွန်စွာ ပြ သနိုင်အောင် မြန်မာ့ တူရိယာတစ်ခု ဖြစ်သော စောင်းကို တီးခတ်၍ ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အမှား မရှိအောင် ပြင်ဆင်နေပြီး ယခင်ကလည်း ကျွမ်းဘားမယ်တစ်ဦးအဖြစ် နိုင်ငံတကာနှင့် ယှဉ်ပြိုင် ဖူးသောကြောင့် ကျွမ်း ဘား အားကစားကိုလည်း ထည့်သွင်းပြ သမည်ဖြစ်၍ လေ့ကျင့်မှု များ ပြုလုပ်နေကြောင်း၊ နိုဝ င်ဘာလတွင်မှ ယှဉ်ပြိုင်ရန် သွားရောက်ရ မည် ဖြစ်သောကြောင့် ပြင်ဆင် ချိန်များ ရှိသေး၍ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။


ထို့နောက် မိမိတို့ယှဉ်ပြိုင်ရသော ပြိုင်ပွဲသည် နိုင်ငံတကာနှင့် တန်းတူပြိုင်ရမည်ဖြစ်၍ ၎င်းတို့ သတ်မှတ် ထားသည့် စည်းမျဉ်းအရ ရေကူးဝတ်စုံ (swimsuit) ဝတ်၍ ပြိုင်ရ မည် ဖြစ်သောကြောင့် မြန်မာ ပရိသတ်များ အနေဖြင့် နားလည်စေချင်ကြောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေး မှုအရ ထိုသို့ယှဉ်ပြိုင်သည်မှာ ကိုက်ညီမှု မရှိသော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်မှသာ နိုင်ငံတကာနှင့်တန်းတူ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံတွင် ပြည်ထောင်စုမယ် ပြိုင်ပွဲကဲ့သို့ စင်မြင့်ထက်တွင် ရေကူးဝတ်စုံ ဝတ်ဆင် ယှဉ်ပြိုင် ရသော ပြိုင်ပွဲရှိခဲ့သော်လည်း လက်ရှိတွင် မြန်မာအလှမယ်များ နိုင်ငံတကာ စင်မြင့်ထက် ရေကူးဝတ်စုံ (two piece) ဝတ်ဆင်ယှဉ်ပြိုင်နေခြင်းကို ပြစ်တင်ပြောဆိုနေသေးသော သဘောထားများ ရှိနေသည်ကို လူမှုကွန် ရက် စာမျက်နှာများတွင် တွေ့မြင်နေရသည်။

“အစ်မသွားပြိုင်တုန်းကလည်း အဲ့ဒီ bikini (ရေကူးဝတ်စုံ) ကိုဝတ်ရမှာ ရှက်ပါတယ်။ ဒါပေမဲ့ ကိုယ် ကမြန်မာနိုင်ငံ ဆိုတဲ့ စလွယ်ကိုလွယ်ပြီး ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ် ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပြီးတော့ ယှဉ်ပြိုင်ခဲ့တာပါ။ သူတို့က မြန်မာနိုင်ငံက ဆိုပြီးတော့ သီးသန့် အခွင့်အရေးပေးထားတာ မဟုတ်ဘူး။ အကုန်လုံးကို တန်းတူပဲလို့ သတ်မှတ်ထားတာပါ” ဟု Miss Internet 2012 ဆုရှင် နန်းခင်ဇေယျာက ၎င်း၏အတွေ့အကြုံများ ကိုရှင်းပြသည်။

ကမ္ဘာ့အကြီးဆုံးအလှမယ် ပြိုင်ပွဲကြီးဖြစ်သော Miss Universe ပွဲကြီးကို လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အလှမယ်များ ယှဉ်ပြိုင်နိုင်ရန်အတွက် လျှောက်လွှာများ ခေါ်ယူနေသည်။
အဆို ပါပြိုင်ပွဲတွင် ယှဉ်ပြိုင်လိုသူများသည် အဓိကမြန်မာဆန်သောသူ ဖြစ်ရမည့်ဖြစ်ပြီး စကားပြော ယဉ်ကျေး ရမည် ဖြစ်ကြောင်း၊ အရပ်အမြင့်မှာ အနည်းဆုံး ၅ ပေ ၆ လက်မ ရှိရမည်ဖြစ်ပြီး အပျိုဖြစ် ရမည် ဖြစ်ကြောင်း၊ swimsuit ဝတ်နိုင်သူ ဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာကို ကောင်းမွန်စွာပြော နိုင်ရန် မလိုကြောင်း Miss Myanmar Universe organization တာဝန်ယူထားသော Hello Madam media group ၏ မန်နေဂျာ မဆုမြတ်က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ်ဆက်တိုက် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှ ပြန်လည် ယှဉ်ပြိုင်ရန် ပြင်ဆင် လာခြင်း ဖြစ်သည်။

ယခုချိန်တွင် ပြိုင်ပွဲဝင်ရန် လာရောက် လျှောက်ထား သူများမှာ ၃၀ ဦးခန့်ရှိပြီး သြဂုတ်လ ကုန် ထိ လျှောက် လွှာတင်နိုင်ကာ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီး ဆုံး အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်း သာကြောင်း Hello Madam media မှ မန်နေဂျာ မဆုမြတ်က ပြောကြားသည်။

“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီး ဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင်ရမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ဒီပွဲအကြောင်း ကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်းသူများနိုင်ငံမှာ မြန်မာနိင်ငံ ကိုယ်စားပြု သွားပြိုင်ရ မယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်” ဟု Miss Grand Myanmar မထားထက်ထက်က ပြောကြားသည်။

အများစုမှာ Miss နှင့် Model ကို ကွဲပြားစွာ မမြင်ကြသေးပါ။ Model ဆိုသည်မှာ အနုပညာအလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုသူဟု ဆိုနိုင်ပြီး Miss ဆိုသည်မှာ Miss တစ်ယောက်တွင် ရှိသင့် ရှိထိုက်သော အရည်အချင်းများနှင့် ပြည့်စုံမှ သတ်မှတ်ခြင်းခံရကာ ၎င်း၏ဂုဏ်ပုဒ်တစ်ခုဖြင့် ကိုယ့်နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သူတစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် Miss Internet ဆုရှင် နန်းခင်ဇေယျာမှာ ပရဟိတ အလုပ်များစွာကို လုပ်ကိုင်နေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အားလပ်သည့် အချိန်များတွင် ကိုယ်တိုင်သွားရောက် လုပ်အားပေး ကုသိုလ်ယူခြင်းများ ပြုလုပ်၍ ၎င်းကို ချစ်မြတ်နိုးသော ပရိသတ်များထံသို့ အသိတရားများ ဖြန့်ဝေခဲ့သည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင်လည်း သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပြီး အားကစား တွင်လည်း အကျိုးပြုသူတစ်ဦးအဖြစ် ရပ်တည်နေသည်။
“Miss ဆိုတာက အဓိက Education ပိုင်းမှာရော၊ Talent အပိုင်းမှာရော ပြည့်စုံနေတဲ့ သူတစ်ယောက် ဖြစ် ရ ပါမယ်။ Model ဆိုတာက အလှအပပိုင်းဆိုင်ရာကို အဓိကထားပြီးတော့ Show ပွဲတွေလျှောက်ပြီး အနုပညာ အလုပ်မျိုးပဲ လုပ်တယ်လို့ ထင်ပါတယ်။ Miss ပြိုင်ပွဲတွေကိုဆိုရင် တော်တော်များများက အနုပ ညာ လောကထဲက မဟုတ်ဘဲနဲ့ အပြင်လောကက အရည်အချင်းပြည့်တဲ့ အမျိုးသမီးတွေ ပြိုင်တာ များတာ ကို တွေ့ပါတယ်” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာမှ အလှမယ်များကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲ များ ပြုလုပ်နိုင်ရန် စီစဉ်နေသည့် Myanmar Model Management မှ ဒါရိုက်တာ ဦးဌေးမင်း ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းတူ ကြီးကျယ်သော Miss ပြိုင်ပွဲများကို မကျင်းပနိုင်သေးသော် လည်း ပြည်ပနိုင်ငံမှ ပြုလုပ်သော ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သော အရည်အချင်းများကို ကြိုတင်ဖြည့်ဆည်းခြင်းများ ပြုလုပ်ထားသင့်သည်မှာ သေချာလာသည်။ နိုင်ငံတကာတွင် ပြုလုပ်သော Miss ပြိုင်ပွဲများတွင် တင်ဆက်မှုများမှာ ခမ်းနားလှပပြီး ပြိုင်ပွဲတစ်လျှောက်တွင် အဆင့်ဆင့် ယှဉ်ပြိုင်ရ ကာ နိုင်ငံတိုင်းရှိ ပေါ်ထွန်းသော ရိုးရာယဉ်ကျေးမှုများကို ချပြကြသည်။ အကဲဖြတ်ဒိုင်များမှာလည်း အမှန်တကယ် အရည်အချင်းရှိသူများသာ ရွေးချယ်ကြသည်ကို ယင်းပြိုင်ပွဲများကို ကြည့်ရှုခြင်းဖြင့် သိနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့ Miss ပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု များ ကို ဖော်ပြနိုင် မည့် အပြင် အကျိုးကျေးဇူးများစွာ ရရှိလာနိုင်သည်။ Miss International 2012 ပြိုင်ပွဲတွင် နန်းခင်ဇေယျာ သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအကဖြစ်သော ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် Miss Grand Myanmar ပြိုင်ပွဲဝင်မည့် မထားထက်ထက်ကလည်း မြန်မာ့ရိုးရာ တူရိယာစောင်းကို တီးခတ်ပြ သမည် ဖြစ် သည်။

ဆယ်စုနှစ်ပေါင်းများစွာ ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့သော မြန်မာနိုင်ငံမှ အလှမယ်များသည် ယခုချိန်တွင် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူ ရင်ပေါင်တန်းနိုင်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုစလွယ်ကို လွယ်၍ ဂုဏ်ယူစွာဖြင့် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ခြေလှမ်းလှမ်းနိုင်တော့မည် ဖြစ်သည်။

ယင်းသို့ မြန်မာနိုင်ငံမှ နိုင်ငံတကာ ပြိုင်ပွဲများသို့ အလှမယ်စေလွှတ် ယှဉ်ပြိုင်မှုများ ပြုလုပ်လာကြရာတွင် ရုပ်ရည်ချောမောမှုသာမက လုံလောက်စွာ လေ့ကျင့်သွားမှုများ၊ လိုအပ်သော အရည်အသွေးများ စ သည်ဖြင့် ပြည့်စုံသူများ သွားရောက်နိုင်ရေးအတွက် ရွေးချယ်မှုများ မှန်ကန်ရန်၊ အရည်အသွေးရှိသူများ ယှဉ်ပြိုင် ရန် စိတ်ဝင်စားမှု ရှိလာစေရန်လည်း လိုအပ်သည်ဟု စိတ်ဝင်စားသူများက သုံးသပ်ကြ ပါသည်။ မြန်မာနိုင်ငံအဖို့ အတွေ့အကြုံနှင့် လိုအပ် ချက်များလည်း ရှိနေသေးရာ ပြိုင်ပွဲဝင်များသည်လည်း ထပ်မံကြိုးစားသင့်သည်များကို သတိပြုသင့်သည်သာမက နိုင်ငံသား အချင်းချင်းပေးသည့် Vote အရေအတွက်ကို အာရုံစိုက် အားကိုးမနေရေးကိုလည်း များစွာသတိထားသင့်ကြောင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ စောင့်ကြည့်အားပေးသူ မြန်မာနိုင်ငံသားအချို့က သုံးသပ်သတိပေးကြသည်။

ဟန်သူထွန်း
From: The Voice Myanmar

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ မှတ်သားဖွယ်

Posted by drmyochit Sunday, September 01, 2013, under | No comments


(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။

(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ
သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ  ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။

(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့
ညှစ်အားရှိပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲ သုံးစရာလိုပါတယ် တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန် ရအောင် အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေး
တစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ် သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေး
ခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...


(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်ရှာတွေ့နေ ဆဲပါ။

လုပ်ဆောင်ချက်တော်တော်စုံတဲ့ဆောစ့်ဝဲလ် အလန်း Free Studio

Posted by drmyochit Sunday, September 01, 2013, under | No comments

ဒီဆောစ့်ဝဲလ်လေးကတော့ လုပ်ဆောင်ချက်တွေတော့တော်တော်လေးကိုစုံပါတယ် 73MB ရှိပါတယ်
ဒီတစ်ခုကိုဆောင်ထားယုံနဲ့ လုပ်ဆောင်ချက်များစွာလုပ်လို့ရပါတယ်
အသုံးဝင်ပုံအနည်းငယ်ကိုပြောရမယ်ဆိုရင်
YouTubeကနေကိုယ်နှစ်သက်တဲ့ သီချင်းတွေး အလွယ်တကူဒေါင်းလို့ရပါတယ်
သီချင်းတွရုပ်ရှင်တွေကို ကိုယ်ဖုန်းမှာ ကြည့်လို့အဆင်ပြေအောင် Converter လုပ်လို့ရပါတယ်
ခွေကူးခြင်း ကွန်ပျူတာကို Video Recorder လုပ်ခြင်း
Videoစောင်းနေတာကိုပြန်တည့်ပေးခြင်း စသည်ဖြင့် အသုံးပြုလို့ရပါတယ်
Free ဗားရှင်းဆိုပေမယ့် တကယ်အသုံးဝင်ပါတယ် ဆောင်ထားသင့်တဲ့ ဆောစ့်ဝဲလ်လေးပါဘဲ
http://www.downloadcrew.com/ မှာရယူနိုင်ပါတယ်


Free YouTube Download
Free YouTube to MP3 Converter
Free YouTube to iPod and PSP Converter
Free YouTube to iPhone Converter
Free YouTube to DVD Converter
Free YouTube Uploader
Free DVD Video Converter
Free Video to DVD Converter
Free Video to Flash Converter
Free 3GP Video converter
Free Video to iPod and PSP Converter
Free Video to iPhone Converter
Free Video to MP3 Converter
Free Video to JPG Converter
Free Audio Converter
Free Audio to Flash Converter
Free DVD Video Burner
Free Disc Burner
Free Audio CD Burner
Free DVD Decrypter
Free Audio CD to MP3 Converter
Free Screen Video Recorder
Free Video Dub
Free Audio Dub
Free Video Flip and Rotate

ဆံပင်ကျွတ်စေသော အကြောင်းရင်းများ မှတ်သားထား

Posted by drmyochit Sunday, September 01, 2013, under | No comments



အမျိုးသမီးများမှာ ဆံပင်တွေကျွတ်နှုန်းများလာပြီးဆိုလျှင် မိမိစိတ်ကို နှောင့်ယှက်ဖြစ်တွေဖြစ်လာပါတယ်။ ဆံပင်တွေကျွတ်လာပြီဆိုလျှင် ခေါင်းကဆံပင်များကိုပင် ဘီးများဖြင့် ဆံပင်လှပမှု့ ကိုပင် မလုပ်ရဲအောင်ပင်ဖြစ်လာကြောင့် တွေ့ ရှိရပါတယ် ။ ဒီလိုဆံပင်တွေကျွတ်လာခြင်းသည့် ခန္ဓာကိုယ်အတွင်ဟော်မုန်းတွေပြောင်းလဲခြင်း ၊ သူများကောင်းတယ်ဆိုတာနဲ့ ခေါင်းလျှော်ရည် ခေါင်းလိမ်းဆီများကို အသုံးပြု့ မိခြင်း နှင့် အလှပြင်ဆိုင်တွေမှာ ပုံစံတွေပြောင်းလိုက် ကောက်လိုက် ဖြောင့်လိုက် ဆေးအရောင်ပြောင်းလိုက် လုပ်ဆောင်တက်သည့် အချက်တွေပါဝင်ပါသည် ။

မိမိမျိုးရိုးလည်း လိုက်တက်ပါတယ် တစ်ချို့ အသက်ကြီးလာပြီးဆိုလျှင် အမျိုးသား အမျိုးသမီးပါ ဆံပင်တွေကျဲလာမယ် ပါးလာကြပါတယ် ။တစ်ချို့ ဆိုလျှင် ထိပ်တောင်ပြောင်းသည့်အထိဖြစ်လာပါတယ် ဒါလည်း မျိုးရိုးဗီဇကြောင့်လည်း သက်ဆိုင်ပါတယ် ။အဲလိုဖြစ်လာပြီဆိုလျှင် ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေခံယူလုပ်ဆောင်ရပါတယ် ။

မိမိခန္ဓာကိုယ်တွင်းထဲမှာ ဟော်မုန်းအမျိုးအစားနှင့် တခြားဓာတုပစ္စည်းအပြောင်အလဲတွေကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ် ။အဓိကအပိုင်းတွေကတော့ သွေးအားနည်းခြင်း ၊ သိုင်းရွိက်ရောဂါ ( သောက်ရသည် ရောင်ခြည်ဆေးများသောက်ရခြင်း ) နှင့် သံဓာတ်ချို့ တဲ့လွန်းသည့် အစားသောက်တွေ စားသုံးခြင်းကြောင့် အမျိုးသမီးအများကို ဆံပင်အများအပြား ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ် ။

တချို့အမျိုးသမီးတွေမှာတော့ သွေးဆုံးချိန်အတောအတွင်း အီစထရိုဂျင် မဟော်မုန်း ပမာဏ ကျဆင်းသွားတဲ့အခါ ဆံပင် ကျွတ်တာမျိုး၊ ကလေးမွေးပြီးချိန်မှာ ဆံပင်ကျွတ်တာမျိုး ဖြစ်လေ့ရှိကြပါတယ် ။

အလှပများကို စိတ်တိုင်းကျ ပြု့ ပြင်ပြောင်းလဲဖန်တည်းသည့် မိန်းကလေးများအခုပြောပြမည့် အပိုင်းကို သတိမထားကြပါဘူး သူများတွေလှတယ် ကောင်းတယ် နာမည်ကြီးတယ်ဆိုပြီး ဘုမသိ ဘမသိနဲ့  ဆံပင်ကို အမျိုးမျိုးသော ပြုပြင်ဖန်တီးခြင်း ၊ ဆံပင်ပုံသွင်းရာမှာ အသုံးပြု့ သည့် ပစ္စည်းတစ်ချို့ ကြောင့်လည်း ဆံပင်သားကို ထိခိုက်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ် ။ဆံပင်ကို ပိုနီတေးစည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်သားကို ဆွဲခြင်း၊ ဖိထားခြင်းတွေကြောင့်လည်း ဆံပင်ကျွတ်ရတတ်ပါတယ်။

ဆံပင်သားဟာ ဓာတုပစ္စည်းနဲ့ အပူထိတွေ့မှုများလေလေ၊ ကျွတ်နှုန်းများလေလေ ဖြစ်လာပါတော့တယ်။ ဆံပင်ဖြောင့်စက်၊ လေမှုတ်စက်စတာတွေနဲ့ ဓာတုပစ္စည်းပါတဲ့ ဆံပင်သုံး ပစ္စည်းတွေကို အလွန်ပင်သုံးစွဲခြင်းကို အထူးပင် ရှောင်ကြဉ်သင့်ပါကြောင့်ပြောကြားလိုပါတယ်။
ဆံပင်ပုံစံနှင့်အရောင်များကို ပြောင်းလဲဖန်တည်းသည့် အမျိုးသမီးများတွင် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းအပြင် မိမိနှင့်သုံးစွဲသည့် ဓာတုအသုံးပြု့ ဆေးများကြောင့်ပင် ဦးခေါင်းအရေပြား ပျက်ဆီးစေပါတယ် ။ထိုကြောင့် ဦးခေါင်းအရေပြားတွင် အနာများပေါက်လာပြီးနောက်တစ်ချို့ ဆိုလျှင် ကုသမှု့ ကိုပင် အထူးအလေးထားပေးရသည့်ကိစ္စများဖြစ်ပေါ်လာကြပါတယ် ။

သဘာဝလွန်အလှများကို ရှေ့တန်းမတင်ဘဲ ပင်ကိုယ်အလှများဖြင့် လှနိုင်စေရန်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay

MOTAA Horo Myanmar V1.0 For Android

Posted by drmyochit Sunday, September 01, 2013, under | No comments


မြန်မာဇာတာခွင်တွေ တွက်ချက်နိုင် ၊ ဇာတာခွင်တွေဖွဲ့နိုင်တဲ့ မြန်မာ Android ဖုန်း Application လေးပါ။ ဇာတာတွက်ချက်မှုဆိုင်ရာ fuction တွေတော်တော်လေးကိုစုံလင်လှပတဲ့ မြန်မာဗေဒင် application လေးဖြစ်ပါတယ် ။ MOTAA Horo Myanmar v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
MOTAA Horo Myanmar v1.0 for Android
MOTAA Horo Myanmar v1.0 for Android




From: Myanmar Mobile App

မြန်မာနိုင်ငံမှ ဘင်္ဂါလီများကို ထပ်မံလက်မခံနိုင်တော့ကြောင်း ဘင်္ဂလားဒေ့ရှ် ပြောကြား

Posted by drmyochit Sunday, September 01, 2013, under | No comments

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော ဘင်္ဂါလီ အများအပြားကို လက်ခံထားပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ထပ်မံရောက်ရှိလာမည့် ဘင်္ဂါလီများကို ထပ်မံလက်ခံနိုင်တော့မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သြဂုတ် ၂၉ ရက်က ပြောဆိုလိုက်သည်ဟု The Daily Star ဘင်္ဂလားဒေ့ရှ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ထိုအကြောင်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွက် နိုင်ငံကိုယ်စားလှယ် ခန့်အပ်သည့် အခမ်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ မကြာသေးမီက သွားရောက်အပြီးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက သူ့အနေဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများကို ခံစားနေရသည့်အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် ဘင်္ဂါလီဦးရေ ၃၀၀၀၀ ခန့် ခိုလှုံလျက် ရှိသည်။
ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံမှ ခိုလှုံဝင်ရောက်လာသော ဘင်္ဂါလီဦးရေသည် သိန်းဂဏန်းထက် မနည်းနိုင်ကြောင်း ဆိုသည်။
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ်အား နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂါလီ ဒုက္ခသည်များနှင့် ပတ်သက်သည့် ပြဿနာ၏ အဖြေသည် မြန်မာနိုင်ငံတွင်းမှာသာ ရှိနေကြောင်းနှင့် မြန်မာနိုင်ငံဘက်ကသာ ပြည်တွင်းရေး ပြဿနာအဖြစ် ဖြေရှင်းရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့်မူ အဆိုပါ ဒုက္ခသည်များကို အခြေခံ ၄ တန်းအထိ အခမဲ့ ပညာသင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းမှု ပညာသင်ပေးခြင်း၊ ကွန်ပျူတာ သင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းတို့ဖြင့် ၎င်းတို့၏ နေရပ်ဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်ရာတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ပေးထားကြောင်း Dipu Moni က ဆိုသည်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် Stir က ဘင်္ဂလားဒေ့ရှ် အနေဖြင့် ယခုလို ဒုက္ခသည်ပေါင်း များစွာကို နှစ်ပေါင်း ၃၀ လောက်ထိ ကြာမြင့်အောင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်သည့်အတွက် ကျေးဇူးတင်ပါကြောင်း ဆိုသည်။

မြန်မာနိုင်ငံဘက်က ဘင်္ဂါလီအရေး ကိစ္စသည် ဘင်္ဂလားဒေ့ရှ်နှင့်လည်း သက်ဆိုင်သော လူဝင်မှုပြဿနာ ဖြစ်သည်ဟု ပြောဆိုနေခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကမူ ဘင်္ဂါလီ အရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မသက်ဆိုင်ကြောင်း၊ အဆိုပါ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်ခဲ့သူများ မဟုတ်ကြောင်း ငြင်းဆိုထားသည်။

Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်