Wednesday, September 04, 2013

မကွေး မုဒိမ်းမှု နောက်ဆက်တွဲ

Posted by drmyochit Wednesday, September 04, 2013, under | No comments



ကောင်မလေး သားအမိက ကုလားနွားခြံမှာ သန့်ရှင်းရေး လုပ်ပါတယ်။ အကျင့် ခံရတာ တစ်ကြိမ်မကပါ။ သြဂုတ်လမှာ အကျင့်ခံရတာပါ။

ကျန်းမာရေးမကောင်းလို့ ကရုဏာဆေးခန်း သွားပြရာမှ အကျင့်ခံရမှန်း သိတာပါ။ ၎င်းဆေးခန်းက သံဃာတွေ ဖွင့်လှ စ်ထားတဲ့ အခမဲ့ ဆေးခန်းပါ။

ဆရာတော်များ သိရှိသွားရာမှ အရေးယူမပေးရင် ကိုယ်တိုင်ဖြေရှင်းမည်ဟု သတိပေးရာမှ ကုလားကို ဖမ်းဆီး ထားပြီး၊ ကလေးမလေးနှင့် မိခင်ကို အမှတ် (၁)ရဲစခန်းမှာ စောင့်ရှောက်ထားကြောင်း သိရပါတယ်။ ကုလား က အသက် (၅ဝ) ရှိကြောင်း၊ ရွာသစ်ရပ်ကွက်၊ (၁၉)လမ်းမှာနေကြောင်း သိရပြီး၊ ထောင်ကို ပို့ ထားကြောင်း သိရပါတယ်။

လောလော ဆယ်- မီးသတ်နှင့် ရဲတွေ မြို့ထဲ ပတ်နေလို့ ပုံမှန် တည်ငြိမ်လျှက်ရှိကြောင်း သိရပါတယ်။

From: Wirathu

"သူ့အလှည့် ကိုယ့်အလှည့်"

Posted by drmyochit Wednesday, September 04, 2013, under | No comments



လူတစ်ယောက် ဆံပင်ညှပ်ရင်း ဆံသဆရာနဲ့ ရောက်တတ်ရာရာ ပြောနေတယ် ... ..

"သပ်သပ်ရပ်ရပ်လေး ညှပ်ပေးဗျ၊ ကျနော်က မနက်ဖန် ရောမကို ခရီးထွက်မှာ"
"ရောမ ဘာလုပ်ဖို့လဲ၊ လူတွေကရှုပ်၊ မြို့ကညစ်ပတ်နဲ့၊ အီတာလျံတွေ ကောင်းတာမဟုတ်ဘူး"
"ဟုတ်လား"

"ဘယ်လေကြောင်းနဲ့ သွားမှာလဲ"
"IAI နဲ့"
"ဟင်း... IAI က အလွန်ညံ့တဲ့ လေကြောင်းလိုင်း၊ အချိန်ကမမှန်၊ လေယာဉ်မယ်တွေက ရုပ်ဆိုးဆိုး"
"ဟုတ်လား"

"ဘယ်ဟိုတယ် တည်းမှာလဲ"
"Swan ဟိုတယ်မှာ"
"အား.. အဲဒီဟိုတယ် ဝန်ဆောင်မှုကညံ့၊ ဈေးကကြီး၊ အခန်းတွေကကျဉ်း၊ မစွံဘူး"
"ဟုတ်လား"

"ဘာလုပ်ဖို့ သွားမှာလဲ"
"ဗာတီကန်စီးတီးကို သွားပြီး ပုပ်ရဟန်းမင်းကြီးကို ဖူးဖို့ဗျ"
"သူ့ကို လာဖူးတဲ့ လူတစ်သန်းလောက်ကြား၊ ခင်ဗျား သူ့ကိုမြင်ရလှ မှုန်ပျပျပေါ့"
"ဟုတ်လား"

ဒီလိုနဲ့ နောက်တစ်လလောက်ကြာတော့ အဲဒီလူနဲ့ ဆံသဆရာ ကော်ဖီဆိုင်မှာ တွေ့ကြတယ်
ဆံသဆရာက မေးတယ်... ...
"ဘယ်လိုလဲ ခင်ဗျား ခရီးစဉ် အဆင်ပြေလား"

"ပြေတယ်၊ ရောမမြို့ကြီးကလဲ အရင်လိုမဟုတ်တော့ဘူး၊ သန့်ရှင်းသပ်ရပ်ပြီး မြို့သူမြို့သားတွေလဲ ဖော်ရွေကြတယ်"
"ဟုတ်လို့လား"

"IAI ကလဲ အချိန်အတိအကျပျံတယ်၊ လေယာဉ်မယ်လေးတွေလဲ ငယ်ငယ်ချောချောလေးတွေ"
"ဟုတ်လို့လား"

"Swan ဟော်တယ်လဲ ပြင်ဆင်မွမ်းမံထားတော့ အခန်းတွေလဲကျယ်၊ ဝန်ဆောင်မှုလဲကောင်း၊ ဈေးလဲချိုတယ်"
"ဟုတ်လို့လား"

"ဟုတ်ပါတယ်"
"ဒါပေမယ့် ခင်ဗျား ပုပ်ရဟန်းမင်းကြီးကိုတော့ အဝေးကနေ မှုန်ပျပျပဲဖူးခဲ့ရတာမလား"

"မဟုတ်ဘူးဗျ၊ ပုပ်ရဟန်းမင်းကြီးက တနေ့ကို လူတစ်ရာရွေးပြီး တဦးခြင်း ဖူးတွေ့ခံတယ်"
"ဟုတ်လို့လား"

"ဟုတ်တယ်၊ ကျနော်ကံကောင်းတယ်၊ သူ့ကို တဦးခြင်းအနီးကပ်ဖူးခဲ့ရတယ်"
"ဟုတ်လို့လား"

"ဟုတ်တယ်၊ သူကတောင် မေးလိုက်သေးတယ်"
"ဘာမေးတာလဲ"

"ဆိုးလိုက်တဲ့ ဆံပင်ပုံ၊ ဘယ်ဆိုင်မှာ ညှပ်တာလဲ တဲ့"
"ဂိန်..."

သန်၎ကို-ဘာသာပြန်သည်

စက်တင်ဘာလအတွက် ၇ ရက်သားသမီးများအတွက် ကံကြမ္မာဟောစာတမ်း

Posted by drmyochit Wednesday, September 04, 2013, under | No comments


ကြာသပတေးသားသမီးများ ... မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။
စနေသားသမီးများ ... ဤကာလအတွင်း ထီမထိုးသင့်ပါ စသဖြင့် စသဖြင့် ဆရာ ဟိန်းတင့်ဇော်က ဒီလအတွက် ၇ ရက်သားသမီး ကံကြမ္မာဟောစာတမ်းမှာ တွက်ချက် ဟောကြား အကြံပေးထားပါတယ်။


တနင်္ဂနွေသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခု ကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာ တတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြ င်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေ ရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။
ဘုရား ဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်။

ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါ သည်။ အမှုအခင်း ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေး တတ်သည်။

နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။
ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။
ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေအနှစ်ကိစ္စများကြုံရတတ်သည်။

ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။
ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္လာသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။
သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။
လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။
ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။
သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။
မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။

ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
 ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံးပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။
အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။
လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။
လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။
လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
 ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။
-~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

-အင်္ဂါသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ ပေါ်လာလိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။
အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။
မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။
သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။
ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။
အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။
အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။

 မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။

 ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရားဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။
အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။

ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဟူးသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။

 မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။

အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။
 အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။
 ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။
 ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။
ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။
စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။

ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေ့နှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနံ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြာသပတေးသားသမီးများအတွက်

ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွယ်သော ခရီးများသွားရတတ်သည်။
 သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။
နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။
အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့် များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
 ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။
အထူးသတိပြုရန်။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ်သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။
ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။
ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရတတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။
ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။
ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။

အိမ်ပြင်၊ အိမ် ဆောက်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သောကြာသားသမီးများအတွက်
ခရီးတို ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် အကျိုးထူးစေပါလိမ့်မည်။
မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။
ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။
 ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။
မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။
မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။
စက်ပစ္စည်း ဒုက္ခပေးတတ်သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။
ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။
ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။
အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက်တွင်အန္တရာယ်ဖြစ်တတ်သည်။
လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ ငွေ၊ ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။
ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စနေသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။

မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။
သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။
လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။
မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။
ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင်နေပါ။
 ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။
မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
 အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

ဟိန်းတင့်ဇော်
(ဆရာ ဟိန်းတင့်ဇော် ရဲ့ အင်တာနက်စာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်)

ထမင်းဆိုင်တွင် ရေနွေးအိုးယူသည့် ကိစ္စနှင့်ပက်သက်၍ စကားများပြီး လူသတ်မှုဖြစ်

Posted by drmyochit Wednesday, September 04, 2013, under | No comments


ပဲခူးမြို့ ရွှေမော်ဓောဘုရားတောင်ဘက်မုခ်အနီး သနပ္ပင်လမ်းရှိ ထမင်းဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ က ထမင်းကြော်စားနေသူချင်း ရေနွေးအိုးယူသည့် ကိစ္စကို အကြောင်းပြု၍ စကားများရာမှ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ရွှေအောင် ရွေး(၁)လမ်းနေ ယာဉ်မောင်း ဦးမိုးဇော်(ခ)ဇော်မင်းထွေး (၃၄)နှစ်သည် စက်တင်ဘာ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် ရွှေမော်ဓောဘုရား တောင်ဘက်မုခ်အနီး သနပ္ပင်လမ်းရှိ “မယု” ထမင်းဆိုင်၌ ယာဉ်နောက်လိုက် စိုးသူမြတ်၊ ယာဉ်အမှတ် ဆ/---မှ ယာဉ်မောင်း မင်းသိန်း ထွန်း (ခ) ချန်ဒူးဝမ် မြို့တွင်း ကြီးရပ်ကွက် ပဲခူးမြို့နေသူနှင့် ၎င်း၏ယာဉ်နောက်လိုက် စန်းကိုဦး အလင်းရောင် (၁)လမ်း နန်းတော်ရာရပ်ကွက်နေ သူတို့နှင့်အတူ ထမင်း ကြော် စားနေကြသည်။

ထိုစဉ် ယာဉ်အမှတ် ၄က/---တိုယိုတာနက်ပြာရောင် အမှတ်(၅) ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်(အမည် မသိ)တို့ရောက်ရှိလာပြီး ထမင်းကြော်စားကြရာ မင်းသိန်းထွန်း(ခ)ချန်ဒူးဝမ်က ရေနွေးအိုးထယူရာ ၄က/---ယာဉ်မောင်း က “မင်းဘာထလုပ်တာလဲ”ဟု မေးသဖြင့် ချန်ဒူးဝမ်က ရေနွေးအိုးထယူကြောင်း ပြောရာမှ တစ်ယောက်တစ်ခွန်း စကားများကြစဉ်၎က/--- ယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်သူက အရိုးအသွား တစ်ထွာခန့်ရှိ ဓားဦးချွန်ဖြင့် ချန်ဒူးဝမ်အား ထိုးသည်ဟုဆိုသည်။

ချန်ဒူးဝမ် ဝဲဘက်ရင်ဘတ်၊ ရင်ဘတ်အောက်၊ ယာမျက်လုံးအပေါ်တို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီရ ရှိစဉ် စိုးသူမြတ်က ထဆွဲရာ စိုးသူမြတ်ကိုဓားဖြင့် ဆက်လက် ထိုးသဖြင့် ၎င်း၏ယာလက်မောင်း၌ ပြတ်ရှဒဏ်ရာတစ်ချက် ရရှိသွားပြီး ၄က/---ယာဉ်မှာ ပြန်လည်ထွက်ခွာသွားသည်။ဒဏ်ရာများရရှိထားသော ချန်ဒူးဝမ်နှင့် စိုးသူမြတ်တို့အား ပဲခူးဆေးရုံပို့ဆောင်ခဲ့ရာ မင်းသိန်းထွန်း (ခ) ချန်ဒူးဝမ်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမိုးဇော်(ခ)ဇော်မင်းထွေးက ပြစ်မှုကျူးလွန်ပြီး ရှောင်တိမ်းသွားသူ ၄က/--- အမည်မသိ ယာဉ်နောက်လိုက် (စိစစ်ဆဲ)ကို စုံစမ်းဖော်ထုတ်၍ ဥပဒေအရအရေးယူပေးပါရန် ပဲခူးမြို့မရဲစခန်းသို့ လာရောက်တိုင် တန်းသဖြင့် (ပ)၅၀၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်ပြီး စခန်းမှူး ဒုရဲမှူးလှသိန်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(နေထက်ဝင်း)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မကွေးမြို့ မှာ မိန်းကလေးငယ်တစ်ဦးကို ကုလားက မုဒိမ်းကျင့်မှုနဲ့ပက်သက်ပြီး ဦးဝီရသူရဲ့ သတိပေးစကား

Posted by drmyochit Wednesday, September 04, 2013, under | No comments



မကွေးမြို့မှာ သက်ငယ်မိန်းကလေးတစ်ယောက်ကို မူဆလင်ကုလား သက်ကျားအိုကြီးက မုဒိမ်းကျင့်လို့ မကျေနပ်သူတွေ ဟိုတစ်စု ဒီတစ်စု စုစည်းနားစွင့်နေကြပါတယ်။  ကုလားကို ဖမ်းထားပြီး၊ လုံခြုံတဲ့နေရာ ပို့ထား လို့ ဆူပူအုံကြွမှု မဖြစ်အောင် ထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းအရင်းအမြစ်ကို ဆက်လက်စုံ စမ်းနေပါတယ်။ သတိပေးလိုတာကတော့ ဥပဒေမဲ့ တုန့်ပြန်ခြင်းဖြင့် မူဆလင်ထောင်ချောက်ထဲ တိုး မဝင်မိကြ ဖို့ပါပဲ။

From : .. wirathu

သတင်းမီဒီယာ ဥပဒေများနှင့် ပတ်သက်ပြီး အစိုးရနှင့် အငြင်းပွားမှု ဖြစ်နေချိန်၌ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က သမ္မတဦးသိန်းစိန်ထံမှ အလှူငွေကျပ် သိန်း ၅၀၀ လက်ခံ

Posted by drmyochit Wednesday, September 04, 2013, under | No comments


သတင်းမီဒီယာ ဥပဒေများနှင့် ပတ်သက်ပြီး အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အငြင်းပွားမှု ဖြစ်နေချိန်၌ စာနယ်ဇင်းကောင်စီ (ယာယီ)က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ အလှူငွေ ကျပ်သိန်း ၅၀၀ ကို လက်ခံခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ဥက္ကဋ္ဌ  ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)နှင့် အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့သည် စက်တင်ဘာ ၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်၌ တွေ့ဆုံခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စာနယ်ဇင်းကောင်စီ (ယာယီ)ကို ပုဂ္ဂိုလ်အရ ငွေကျပ်သိန်း ၅၀၀ ပေးလှူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

"သိန်း ၅၀၀ ဆိုတာက Press Council ကိုလှူတာ။ Press Council က ဘာလုပ်နေလဲဆိုတော့ သတင်းစာ ရှင်းလင်းပွဲတွေ မကြာခဏ လုပ်ထားပြီးသားလေ။ အဲဒီ လုပ်ငန်းတွေကိုလည်း Press Council ကိုယ့်စရိတ် ကိုယ်စားပြီးတော့ ကောင်စီဝင်တွေရဲ့ ထည့်ဝင်မှုနဲ့ ရုံးခန်းငှားခ တစ်လကိုးသိန်း ပေးရတယ်။ ရုံးပစ္စည်းတွေ ၀ယ်ရတယ်။ နေပြည်တော်ကို သွားရတယ်။ စသည်ဖြင့်။ Press Council က မီဒီယာလောက ဖွံ့ဖြိုးဖို့အတွက်၊ သတင်းမီဒီယာ ဥပဒေ ပေါ်ပေါက်ဖို့အတွက် လုပ်နေတဲ့ လုပ်ငန်းတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ အဲဒီမှာ သုံးဖို့လေ။ ဒါကရှင်းပါတယ်။ ကျွန်တော်တို့ လိပ်ပြာသန့်ပါတယ်။ ကျွန်တော်တို့ ဘယ်လုပ်နေလဲဆိုတာ ကိုယ့်ကိုကိုယ် သိပါတယ်။ Press Council ဘာလုပ်နေလဲ ဆိုတာလည်း ပြီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ပြန်ကြည့်လို့ရှိရင် ရှင်းပါတယ်။ ဒီအတွက်ကတော့ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အစိုးရနှင့် အငြင်းပွားမှုများ ပြီးဆုံးခြင်း မရှိသေးသည့် အချိန်၌ ဥပဒေအရ မဟုတ်ဘဲ သမ္မတ၏ ပုဂ္ဂိုလ်ရေးအရ လှူဒါန်းမှုကို လက်ခံခဲ့ခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိလာနိုင်ကြောင်း သိရသည်။

"စာနယ်ဇင်းကောင်စီက ဘာပဲပြောပြော အများကြီး လုပ်နိုင်ခဲ့တယ်။ သူ့ဘက်က မှန်တဲ့အတွက် စာနယ်ဇင်းကောင်စီရဲ့ ရပ်တည်ချက်က အောင်မြင်တယ်လို့ ပြောရမယ်။ အဲလိုဖြစ်တဲ့ အချိန်မှာ သမ္မတကနေပြီးတော့ အလှူငွေပေးတာကို လက်ခံတယ်ဆိုတော့ ဆုပေးဆုယူ ဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော်ကတော့ ဒါကိုသိပ်မကြိုက်လှဘူး။ သို့သော် အဲဒီတုန်းက ဘယ်လိုပြောကြလဲ။ ဘယ်လိုဆိုကြလဲ။ ဆုရဲ့ သတ်မှတ်ချက်က ဘာလဲ။ အဲဒီဆုမျိုး ပေးတဲ့ဟာကလည်း ဘာသုံးဖို့ဆိုတာ ရှိနေလဲ။ စာနယ်ဇင်း ကောင်စီကရော ဒီငွေကို ဘယ်လိုသုံးစွဲမယ် ဆိုတာမျိုးတွေ ထည့်ပြီးတော့ စဉ်းစားမှသာ သဘောပေါ်နိုင်မယ်လို့ ထင်ပါတယ်။ ဘာပဲပြောပြော ဒီအချိန်မှာ လက်ခံတာအားဖြင့်တော့ မကောင်းလှဘူး။ အချိန်အားဖြင့်တော့ မကောင်းဘူးလို့ပဲ ကျွန်တော်က ယူဆပါတယ်" ဟု သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြားပါသည်။

"သမ္မတဆီကပဲ ယူယူ၊ နှောင်ကြိုးမဲ့တယ်ပဲ ပြောပြော အခုလို သတင်းမီဒီယာ ဥပဒေ ပြဿနာ ဖြေရှင်းလို့ မပြီးသေးတဲ့ အချိန်မှာ စာနယ်ဇင်းကောင်စီ အနေနဲ့ ဒီလောက်များပြားတဲ့ ငွေကြေးကို အစိုးရဆီက လက်ခံရယူတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ လူအများရဲ့ ယုံကြည်မှုကို လိုချင်ရင် ကိုယ့်ကိုကိုယ် လိပ်ပြာလုံရုံနဲ့ မရပါဘူး။ လူအများက ယုံကြည်နိုင်တဲ့ အခြေအနေ ပတ်ဝန်းကျင်မျိုး တည်ဆောက်ရပါမယ်။ တကယ်လို့ ဂျာနယ်လစ်တွေနဲ့ အစိုးရနဲ့ ပြဿနာဖြစ်လို့ရှိရင် စာနယ်ဇင်းကောင်စီက အစိုးရမှန်လို့ အစိုးရဖက်ကနေ ရပ်တည်ခဲ့မယ် ဆိုရင်တောင် သူ့ရဲ့အဂတိတရားနဲ့ ဂုဏ်သိက္ခာဟာ မေးခွန်းထုတ်စရာ ဖြစ်လာမှာပဲ။ ဘယ်သူက လက်ခံကြမှာလဲ။ အခုတော့ စာနယ်ဇင်းကောင်စီရဲ့ လုပ်ဆောင်မှုတွေဟာ အများပြည်သူရဲ့ စောင့်ကြည့်ဝေဖန်စရာ ဖြစ်လာကြပြီပေါ့" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

From: Eleven

Tuesday, September 03, 2013

အများပြည်သူအတွက် ပန်းခြံ ၅၈ ခုတွင် ပန်းခြံ ၁၁ ခုသာ ဝင်ကြေးကောက်ခံ

Posted by drmyochit Tuesday, September 03, 2013, under | No comments


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ပန်းခြံ ၅၈ ခုနှင့် အားကစားကွင်းများ ၈၇ ခုရှိကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သိရသည်။ အဆိုပါ ပန်းခြံများနှင့် အားကစားကွင်းများတွင် ပန်းခြံ ၄၃ ခုမှာ ယခင်ကတည်းက အများပြည်သူများအတွက် ပန်းခြံဝင်ကြေး ကောက်ခံခြင်း မရှိကြောင်း၊ ပန်းခြံလေးခုမှာ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် မတိုင်မီကသာ ပန်းခြံဝင်ကြေး ကောက်ခံခဲ့ကြောင်းနှင့် ယခုလက်ရှိ၌ ပန်းခြံဝင်ကြေး ကောက်ခံမှု မရှိတော့ကြောင်း၊ ကျန်လက်ရှိ ပန်းခြံ ၁၁ ခုသာ ပန်းခြံဝင်ကြေး ကောက်ခံရရှိကြောင်းနှင့် အားကစားကွင်းများမှာလည်း အများပြည်သူများ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ထားပါကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ပန်းခြံဝင်ကြေး ကောက်ခံရရှိတာနဲ့ ပြင်ဆင်စရိတ်က မကာမိပါဘူး၊ အများပြည်သူအတွက် ပန်းခြံဝင်ကြေး ကောက်ခံတာက အချို့နေရာတွေမှာ ဝင်ကြေးရှိတယ်၊ အချို့နေရာတွေကတော့ အခမဲ့ဖြစ်တယ်၊ ဥပမာအနေနဲ့ ပြောရရင် ဆင်ခြေဖုံး နေရာတွေဖြစ်တဲ့ ရွှေပေါက္ကံနဲ့ ဒဂုံဆိပ်ကမ်းတို့လို နေရာမျိုးမျာရှိတဲ့ ပန်းခြံတွေမှာ ဝင်ကြေးကောက်ခံလို့ မရဘူးလေ၊ နောက်ပြီးတော့ ပြည်သူတွေလာပြီး အပန်းဖြေကြတဲ့အတွက်ကြောင့်မို့လည်း ဝင်ကြေးဆိုပြီး အများကြီး ကောက်ခံလို့တော့ မရပါဘူး။ ဒီလို မကာမိလို့လည်း ကော်မတီက တိုင်းဒေသကြီးကို ဘတ်ဂျက်တင်ပြပြီး သွားနေရတာပါ” ဟု တာဝန်ရှိသူတစ်ဦးကပြောပြသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မဟာဗန္ဓုလပန်းခြံ၊ သခင်မြပန်းခြံ၊ ရှုခင်းသာပန်းခြံနှင့် ဥက္ကလာသီရိပန်းခြံ (တောင်ဒဂုံ)တို့တွင် ပန်းခြံဝင်ကြေး ကောက်ခံခြင်း မရှိတော့ဘဲ ဇူလိုင်လ အတွင်းက ပန်းခြံဝင်ရောက်သူဦးရေ စာရင်းမှာ တစ်သိန်းလေးသောင်းကျော် ရှိကြောင်း သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ပန်းခြံဝင်ကြေး ကောက်ခံရရှိမှု စာရင်းအရ ငွေကျပ်သိန်းပေါင်း ၂၃၀၀၀ ကျော်ရရှိခဲ့ကြောင်း သိရှိရသည်။


From : .....ကြေးမုံ

ကောလင်းမြို့နယ်တွင် ရွှေဘို “ ၀င်း ” ကိတ်အား စားသုံးမိရာမှ အစာအဆိပ်သင့်ရသည်ဟု သတင်းများထွက်ပေါ်

Posted by drmyochit Tuesday, September 03, 2013, under | No comments



ရွှေဘို၊ စက်တင်ဘာ ၂ ရက်၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ တောင်ပုံကျေးရွာတွင် ယခုလ ၁ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်ခန့်က ကိတ်မုန့် (အစို) ၀ယ်ယူစားသုံးသူတစ်ဦး ပါးစပ်မှအမြုတ်ထွက်၍ သတိလစ်မေ့မျှောခဲ့သဖြင့် ကန့်ဘလူမြို့နယ် ကုတင်တစ်ရာဆန့် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးဝါးကုသမှုများ ခံယူလျက်ရှိကြောင်း ဒေသခံ ပြည်သူတစ်ဦးထံ မှ သိရှိရသည်။

ကိတ်မုန့် စားသဖြင့် အစာအဆိပ်သင့်သည်ဟု ယူဆရသူမှာ ကောလင်းမြို့နယ်၊ တောင်ပုံကျေးရွာနေ (ဘ) ဦးကြီးညို (မိ) ဒေါ်စိန်ဥတို့၏ သမီး မကြူကြူနိုင် အသက်(၂၇) နှစ်ဆိုသူသည် ကျေးရွာအတွင်းရှိ ရတနာချမ်း လက်ဘက်ရည်ဆိုင်မှ ရွှေဘို ၀င်းကိတ် (အစို)အား ၀ယ်ယူစားသုံးမိခဲ့ရာ ကိတ်မုန့်စားပြီးနောက် နာရီဝက်ခန့်အကြာတွင် ပါးစပ်မှအမြုတ်များထွက်ရှိပြီး သတိလစ်မေ့မျှောသွားခဲ့သည့်အတွက် ကန့်ဘလူပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရခြင်းဖြစ်သည်။

ထို့နေ့က ညနေ ၅ နာရီအချိန်ခန့်တွင် မကြူကြူနိုင်၏ တူမတော်စပ်သည့် (ဘ) ဦးဇော်ဝင်းနိုင်(မိ) ဒေါ်နွယ်နွယ်သန်း တို့၏ သမီး အသက်(၂)နှစ်အရွယ် မမေမြတ်နိုး ဆိုသူမှ ကျန်ရှိသော ကိတ်မုန့်အား ဆက်လက်စားသုံးမိခဲ့ရာ အလာတူဖြစ်စဉ်များ အတိုင်း ထပ်မံ၍ ဖြစ်ပွားပေါ်ပေါက်ခဲ့သဖြင့် ကောလင်းမြို့နယ် ကုက္ကိုကုန်း ကျန်းမာရေး ဆေးပေးခန်းမှတဆင့် ခံသာကျေးရွာ တိုက်နယ်ဆေးရုံသို့ ဆေးဝါးကုသမှုခံယူနိုင်ရန်အတွက် ပို့ဆောင်ခဲ့ရကြောင်း ၊ ၎င်း ဆေးရုံမှတဆင့် ည ၇ နာရီအချိန်ခန့်တွင် ကန့်ဘလူ ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ခဲ့ရသည်ဟု သိရှိရသည်။

“ ရွာထဲက ဦးမောင်မောင်၊ ဒေါ်ဝင်းစိန်တို့ဖွင့်ထားတဲ့ ရတနာချမ်း လက်ဘက်ဆိုင်ကနေ ရွှေဘို ၀င်းကိတ် တစ်လုံးကို ငွေ ကျပ်(၆၀၀)နဲ့ ၀ယ်ယူခဲ့ပြီး စားသုံးမိရာမှ အခုလို ဖြစ်ပွားခဲ့ရပါတယ်..” ဟု ကိတ်မုန့်စားသုံးမိသဖြင့် အစာအဆိပ်သင့်ရောဂါ ရရှိခဲ့သူ မကြူကြူနိုင်မှ သက်ဆိုင်ရာသို့ ထွက်ဆိုပြောပြခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရွှေဘို ၀င်းကိတ်များထုတ်လုပ်ရာ မုန့်တိုက်ရှိ တယ်လီဖုန်း အမှတ် ၀၇၅ - ၂၁၁၇၇ သို့ ဤသတင်းဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ ဒေါ်ပေါအင်း ဆိုသူ အမျိုးသမီး တစ်ဦးမှ တုန့်ပြန်ပြောကြားတွင် “ ကျွန်မတို့ မုန့်တိုက်အနေနဲ့ အခုပြောနေတဲ့ ကောလင်းနယ်ဘက်ကို တင်ပို့ရောင်းချတာမျိုး မရှိပါဘူး..” ဟု ပြောဆို၍ ဖုန်းချသွားခဲ့သည်။

ရတနာချမ်း လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးမောင်မောင် သည် ပြီးခဲ့သည့် ၃၁ ရက်နေ့ မနက်ပိုင်း အချိန်ခန့်က ရွှေဘို - တောင်ပုံ ခရီးသည် သယ်ယူပို့ဆောင်ရေး ငြိမ်းချမ်းရေး ယာဉ်လိုင်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ရွှေဘိုမြို့ရှိ ဦးဝင်းမောင် ၏ “ ၀င်း” မုန့်မျိုးစုံဆိုင်မှ ကိတ်မုန့် (၁၀) လုံးအား ၀ယ်ယူလာရန် မှားကြားလိုက်ရာမှ အဆိုပါ လက်ဘက်ရည် ဆိုင်တွင် ၀င်းကိတ်များ ရောင်းချပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ရွှေဘို ၀င်း ကိတ်အား ၀ယ်ယူစားသုံးမိရာမှ အစာအဆိပ်သင့်ရောဂါ ဖြစ်ပွားရသည်ဟု ယူဆရသဖြင့် အဆိုပါ လက်ဘက် ရည်ဆိုင်၌ ရောင်းလက်စ လက်ကျန် ၀င်းကိတ် (၇) လုံအား ခံသာရဲစခန်းမှ သိမ်းဆီးပြီးနောက် အစာအဆိပ်သင့်စေသော အရာများ ကိတ်မုန့်တွင် ပါဝင်းခြင်း ရှိ၊ မရှိအား ဓာတ်ခွဲစစ်ဆေးသွားနိုင်ရန် သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ ဓာတုဗေဒ၀န်ရုံးသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
From: Thit Htoo Lwin

MMSD Smart Zawgyi V1.1 (Smart Zawgyi Font Installing)

Posted by drmyochit Tuesday, September 03, 2013, under | No comments



အရင် version v1.0 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်

Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။

Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။

Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။

iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။

ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။

Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။

Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။

သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .

တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့

Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .

မည့်သည့် Font မှမပျက်ပါဘူး

Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။

အဆင်ပြေပါစေ

ဒီမှာဒေါင်းပါ။

http://d-h.st/dpp
http://www.myanmarmobilesoftwaredeveloper.com/?p=8582

ဖြိုးချမ်း
MobileMother

ကုလသမဂ္ဂ သဘောတူညီမှု မပါပဲ လုပ်ဆောင် ခဲ့သည့် စစ်ဆင်ရေးများ

Posted by drmyochit Tuesday, September 03, 2013, under | No comments


ကိုဆိုဗို (Operation Allied Force)

နေတိုးတပ်ဖွဲ့များသည် ၁၉၉၉ခုနှစ်၊ မတ်လ ၂၄ရက်တွင် ယူဂို ဆလားဗီးယားကို လေကြောင်းမှ တိုက်ခိုက် ခဲ့ပြီး ဇွန် ၁၁ ရက် အထိ ကြာမြင့်ခဲ့သည်။ အစိုးရနှင့် လူများစု အယ်ဘေးနီးယား လူမျိုးစု ကိုယ်စားလှယ်တို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြား ခဲ့ပြီးနောက် ယင်းကဲ့သို့ တိုက်ခိုက်ရန် ညွှန်ကြား ခံရခြင်း ဖြစ်သည်။ ရုရှားနှင့် တရုတ် ကမူ ကုလ ဆုံးဖြတ် ချက်ကို ဗီတို သုံးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယူဂိုဆလားဗီးယား ခေါင်းဆောင် ဆလိုဗိုဒန်မီလိုဆီဗစ်က ငြိမ်းချမ်းရေး သဘော တူညီချက်ကို အကြိမ်ကြိမ် ငြင်းဆိုမှုနှင့် ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်အား ယူဂိုဆလားဗီးယား က ထိုးစစ် ဆင်မှုတို့အပေါ် တုံ့ပြန်ခြင်း ဖြစ်သည်။ နိုင်ငံ ၁၃ နိုင်ငံမှ လေယာဉ် အစင်း ၆၀၀ ၀န်းကျင်က ယူဂိုဆလားဗီးယား ပြည်နယ်များဖြစ်သော ကိုဆိုဗို၊ မွန်တီနီဂရိုနှင့် ဆားဗီးယားတို့ကို လေကြောင်းမှ နေ့စဉ် တိုက်ခိုက် ခဲ့သည်။

 

အီရတ် (March 2003 Operation Iraqi Liberation Operation Iraqi Freedom)

ဖျက်အားပြင်း လက်နက်များ ရှိသည်ဟု သံသယ ရှိသောကြောင့် အီရတ်ကို စစ်ရေးဖြင့် အရေး ယူရေး ကုလ ဆုံးဖြတ်ချက် ရရှိရန် အမေရိကန်၊ ဗြိတိန်နှင့် စပိန်တို့က ကြိုးပမ်းခဲ့သည်။ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့က ကန့်ကွက် ခဲ့ကြသည်။ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်ကို နောက်ဆုံး ရာဇသံ ပေးပြီးနောက် ကုလ ဆုံးဖြတ်ချက် မပါပဲ တိုက်ခိုက်ရန် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်က ဆုံးဖြတ်ခဲ့သည်။ ၂၀၀၃ခုနှစ် မတ် ၂၀ ရက်တွင် အမေရိကန်က ဘဂ်ဂဒက်ကို လေကြောင်းမှ တိုက်ခိုက်ပြီး ဗြိတိန်နှင့် အမေရိကန် မြေပြင်တပ်ဖွဲ့များက နိုင်ငံတောင်ပိုင်းကို တိုက်ခိုက် ခဲ့သည်။ ဆက်ဒမ် အစိုးရအား ဖြုတ်ချ နိုင်ခဲ့ပြီး ဖမ်းဆီးခဲ့ကာ အီရတ် တရားရုံး၌ ၂၀၀၆ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကြိုးပေးခဲ့သည်။ မေလတွင် အမေရိကန် ဦးဆောင်သော နိုင်ငံစုံ တပ်များ တပ်ဖြန့်ခဲ့သည်။ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာတွင် အမေရိကန် တပ် အားလုံးနီးပါး ရုပ်သိမ်း ခဲ့သည်။

 

လစ်ဗျား (March 2011 Operation Unified Protector)

လစ်ဗျား အာဏာရှင် မွမ်မာကဒါဖီ သစ္စာခံ တပ်များ၏ တိုက်ခိုက် ခံနေရသော အရပ်သား များအား ကာကွယ်ပေးရန် ဖြစ်နိုင်သမျှ နည်းလမ်း အသုံးပြုခွင့် ပေးသည့် ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ကို ၂၀၁၁ခုနှစ် မတ်လ ၁၇ရက်တွင် ချမှတ် ခဲ့သည်။ မတ် ၁၉ ရက်တွင် အမေရိကန် ထောက်ပံ့မှုပါသော ဗြိတိန်နှင့် ပြင်သစ်တပ်များ ဦးဆောင်ပြီး စစ်ဆင်ရေး စတင်ခဲ့သည်။ မတ်လ ၁၁ရက်တွင် နေတိုးက ဦးဆောင်ခဲ့ပြီး နိုင်ငံ ၁၈နိုင်ငံ ပါဝင်ခဲ့သည်။ နေတိုးသည် ကုလဆုံးဖြတ်ချက်ကို ကျော်လွန် လုပ်ဆောင် နေသည်ဟု တရုတ်နှင့် ရုရှားတို့က စွပ်စွဲ ခဲ့သည်။ ထရီပိုလီမြို့ကို လစ်ဗျားသူပုန်များ သိမ်းနိုင်ခဲ့ပြီးနောက် အောက်တိုဘာ ၂၀ရက်တွင် ကဒါဖီ၏ မွေးရပ်မြေ ဆာတီ၌ ကဒါဖီအား အသေ ဖမ်းမိခဲ့သည်။

 

From: Myanmar ICT

ကိုရီးယားရုပ်ရှင်ဘာကြောင့်အောင်မြင်

Posted by drmyochit Tuesday, September 03, 2013, under | No comments


အရက်သောက်နေသူ မိန်းကလေး

စကတ်တိုတို၊ ပေါင်သား ဖြူဖြူ၊ ချောမောလှပငယ်ရွယ် သော မိန်းကလေးတစ်ယောက် သည် ယောက်ျား လေးတစ်ဦး နှင့်အတူအရက်ဆိုင်မှာ အရက် ထိုင်သောက်နေ သည်။ စကား ပြောလိုက်၊ သောက်လိုက်၊ ရယ် လိုက်ဖြင့် အချိန်ကြာလာသော အခါ မိန်းကလေးသည် စားပွဲ ပေါ် မှောက်သွားတော့သည်။ အရက်၏ တန်ခိုးကြောင့်မိန်း ကလေးခေါင်းတောင် မထူနိုင် တော့။

ယောက်ျားလေးက မိန်းက လေးကို ကျောပိုးပြီး မိန်းက လေးနေအိမ်သို့ လိုက်ပို့ရသည်။  မိန်းကလေးနေအိမ်ရောက်၊ နေ အိမ်ခန်းအတွင်းသို့ဝင်၊ မိန်းက လေးကို အိပ် ရာပေါ်သို့ တင် ပေးရသည်။ အိပ်ခန်းအတွင်း ဝယ် ခေါင်းမထူအောင် မူးနေ သည့် မိန်းကလေးတစ်ဦးနှင့် အနည်းငယ်သာမူးနေသည့် ယောက်ျားလေးတစ်ဦး။ ထိုအခါ အဆိုပါမြင်ကွင်းသည် ကို ရီးယားရုပ်ရှင်၊ ရုပ်သံဇာတ် လမ်းတွဲတိုင်းလိုလိုတွင် ပါ ဝင် နေကျ ဇာတ်ဝင်ခန်းများပင် ဖြစ်ပါသည်။ ထိုဇာတ်ဝင်ခန်း များပါသော ကိုရီးယား ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများကို မြန် မာပရိသတ်တို့အသည်းစွဲကြိုက် နှစ်သက်ကြသည်။ မြန်မာပရိသတ်တို့ မြန်မာ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားများကို သိပ်မကြိုက်တော့ဘဲ ကိုရီးယား ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများ ကို ဘာကြောင့်ကြိုက်နှစ်သက်ရသနည်း။ ကိုရီးယားဇာတ်ကားများ ဘာကြောင့် အောင်မြင်ရသနည်း။ အာရှနိုင်ငံများ အပြင် ကမ္ဘာ ကပါ စိတ်ဝင်စားကြိုက်နှစ် သက်ရသည့် ကိုရီးယားဇာတ် လမ်းများ၏ အောင်မြင်မှုလျှို့ဝှက်ချက်တစ်ခုတော့ရှိရမည်။ လျှို့ဝှက်ချက်က ဘာများဖြစ်မည်နည်း။

ရသမျိုးစုံနှင့် ကိုရီးယားရုပ်ရှင်

ကျွန်တော်လည်း ကိုရီးယား ဇာတ်လမ်းများ၏ ပရိသတ် တစ်ဦးပင် ဖြစ်သည်။ ကိုရီးယား ဇာတ်ကားများသည် တစ်ကား နှင့်တစ်ကားမတူ။ ရသတစ်မျိုး စီပေးကြသည်။ ကိုရီးယား စစ် ကား၊ အချစ်၊ ဟာသ၊ နိုင်ငံရေး စသည်ဖြင့် ရသမျိုးစုံကို ခေတ် ကာလနှင့်အညီ ပေးစွမ်းနိုင် သည်။ပရိသတ်၏ အသည်းနှလုံး ကို ဘာကြောင့်များ စွဲကိုင်လှုပ် ရမ်းဖမ်းစားနိုင်ရပါသနည်း။ ကျွန်တော်လည်း သိလိုလှသည်။ကျွန်တော်  ၂ဝ၁၂ခုနှစ်က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သိွုှံ့နင်္ဗဃနှံဥဏ နှင့်အတူ သွားရောက်ခဲ့ဖူးရာ ထိုခရီးစဉ် တွင်ကိုရီးယားနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ စီး ပွားရေး ပြုပြင်ပြောင်းလဲခြင်းနှင့် ကိုရီးယား ရုပ်ရှင်ဇာတ်ကားများ ၏ တိုးတက်အောင်မြင်မှုများကို စိတ်ဝင်စား သဖြင့် လေ့လာမေး မြန်းဖြစ်ခဲ့သည်။

ကိုရီးယားရုပ်ရှင်ဇာတ်ကား များသည် ဘာကြောင့် အောင် မြင်တိုးတက်ရပါသနည်း။အဖြေ ကတော့ရှိပါသည်။ အဆိုပါအဖြေ သည်….။စုပေါင်းညီညွတ်စွာ လုပ်ဆောင် ကြရမည်ရုပ်ရှင်သည် တစ်ဦးတစ် ယောက်ကောင်း၍မရ။ လူအများ က ညီညွတ်စွာ စုပေါင်းလုပ် ဆောင်မှသာ ရုပ်ရှင်က အောင် မြင်နိုင်မည်ဖြစ်သည်။ ကိုရီးယား နိုင် ငံသူ၊ နိုင်ငံသားများသည် မိမိလုပ်ဆောင်ရမည့် လုပ်ငန်း၊ တာဝန်ကို ကျေပွန်စွာ မိမိအသိ စိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင် ရွက်ကြသည်။

ဥပမာ- ရုပ်ရှင်ဇာတ်ဝင် ခန်းတွင်ပါရှိရမည့် အဝတ်အစား များစွာကို ခေတ်ကာလနှင့် လျော်ညီစွာဖြစ်စေရန် အဝတ် အစားဒီဇိုင်နာက အားလုံး တာဝန်ယူစီမံ လုပ် ကိုင် ဆောင်ရွက်ပေးရသည်။ အလွဲအမှား မရှိစေရ။ ထို့အတူ မိတ်ကပ် ဆရာသည်လည်း သရုပ်ဆောင် များ၏ မိတ်ကပ်ပိုင်းကိုသာ တာဝန်ယူလုပ်ကို င်ဆောင် ရွက် ပေးရ သည်။မီးအလင်းအမှောင်၊ စက်ပစ္စည်းများကိုလည်း မန်နေ ဂျာအသီးသီးက ကိုယ့်တာဝန် ကို ကျွေပွန်စွာထမ်းဆောင်ကြ သည်။ထို့ကြော င့်ကိုရီးယား ဇာတ် ကားများသည် စ၊ လယ်၊ ဆုံး အားလုံး ကောင်းနေကြသည်။

ကိုရီးယားနိုင်ငံတွင် အများ ပိုင်ကုမ္ပဏီများစွာရှိပြီး ထို အများပိုင် ကုမ္ပဏီများက ရှယ် ယာရှင်များသဘောကျနှစ်သက် စေမည့် ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်သံဇာတ် လမ်း တွဲများကို စု ပေါင်းတိုင်ပင် ဆွေးနွေးညှိနှိုင်း ၍ အကောင်းဆုံးဖြစ်အောင် စီစဉ်ရိုက်ကူးကြသည်။ ဇာတ် ကား ရိုက်သည့်အခါ မည်သည့် ကုမ္ပဏီမှ အရှုံးခံ၍ ရိုက်ကူးမည် မဟုတ်။ အကျိုးအမြတ်ရအောင်သာ ရိုက်ကူးမည်ဖြစ်ပြီး ဇာတ်လမ်း ကောင်းအောင်၊ ပရိသတ်ကြိုက် အောင် စီစဉ်ရိုက်ကူးကြသည်။

(၁) ဟောလီးဝုဒ်ကို အတုယူခြင်း
ကိုရီးယားနိုင်ငံသူနိုင်ငံသားများသည် ကမ္ဘာ့အလယ်ထူးချွန် ထင်ရှားစေရန်ကမ္ဘာကြီး၏ တိုး တက်မှုများကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ အတုယူ ကြသည်။ ကိုရီးယားရုပ်ရှင်ကို ကမ္ဘာကျော်စေရန် ဟောလီးဝုဒ် ကို အားကျအတုယူပြီး စက် ပစ္စည်း၊ သရုပ်ဆောင် အတတ် ပညာ၊ခေတ်မီနည်းပညာ အသုံး ပြုခြင်းစ သည်တို့ကို လေ့ လာ သင်ယူ အလုပ်လုပ်ကြသည်။

(၂) ရုပ်ရှင်စတူဒီယိုကြီးများ တည်ဆောက်ခြင်း
ဟောလီးဝုဒ်ကို အားကျ ပြီး ဧကများစွာ အကျယ်တွင် ရုပ်ရှင်စတူဒီယိုကြီးများကိုများ စွာ တည်ဆောက်လာကြသည်။ ထိုစတူဒီယိုကြီးများတွင်ပင် ရုပ်ရှင်ဇာတ်ကားကြီးများ ကို စီ စဉ်ရိုက်ကူးကြသည်။ ထိုစတူဒီ ယိုကြီးများသို့ ပြင်ပလူများ ဝင် ထွက်ခွင့်မရှိ။ ဝင်ထွက်ချင်ပါက ကြိုတင်ခွင့်တောင်းရသည်။

(၃)သရုပ်ဆောင်ဘွဲ့ပေးခြင်း
အစိုးရ အသိအမှတ်ပြု တက္ကသိုလ်ကြီးများက သရုပ် ဆောင်နှင့် ပတ်သက်သောဘွဲ့ များကိုပေးကြသည်။ ကိုရီးယား နာမည်ကြီး သရုပ်ဆောင်များ သည် သရုပ်ဆောင် ဘွဲ့ရပြီးကြ သူများဖြစ်သည်။
(၄) နိုင်ငံတကာက နာမည်ကြီး မင်းသား၊ မင်းသမီးများနှင့် ယှဉ်တွဲ ရုပ်ရှင်ရိုက်ကူးခြင်း
ကိုရီးယားတို့သည် မိမိတို့ ကို ကမ္ဘာကသိစေရန်အတွက် နိုင်ငံတကာနာမည်ကြီး၊ မင်း သား၊ မင်းသမီးများကို ဖိတ်ခေါ် ၍ ရုပ်ရှင်ရိုက်ကူးကြသည်။ ထို သို့ ရိုက်ကူးခြင်းဖြင့် ကမ္ဘာက ကိုရီးယားသရုပ်ဆောင်များကို သိလာသည်။ ဥပမာ- ဂျပန် က မင်းသား၊ မင်းသမီးများနှင့် ရုပ် ရှင်ရိုက်သည်။ ဂျပန်ပရိသတ် များက ကိုရီးယားမင်းသား၊ မင်း သမီး များကို ချစ်ခင်လာကြ သည်။ ထိုသို့ဖြင့် ကိုရီးယားကို ကမ္ဘာက သိလာသည်။

(၅) စည်းကမ်းရှိခြင်း
ကိုရီးယားနိုင်ငံသူ၊ နိုင်ငံ သားတိုင်းသည် စည်းကမ်းရှိကြ သည်။ ကလေးကအစ အဘိုး ကြီးအရွယ်ထိ အားလုံးက ” ကြီး သူ ကိုရိုသေ၊ ရွယ်တူကိုလေး စား၊ ငယ်သူကိုသ နား”  ဆို သည့် စကားအတိုင်း အဆင့်ဆင့် လေး စားကြပြီး ကိုယ်စီ ကိုယ်ငှစည်းကမ်း ရှိ ကြသူများဖြစ်သည်။ မင်းသား၊ မင်း သမီးလည်း စည်း ကမ်းရှိ၊  ဇာတ်ပို့ ဇာတ်ရံ လည်း စည်း ကမ်းရှိကြသည်။ ရုပ် ရှင်ရိုက်ကွင်းသို့ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ ဇာတ်ရံ အားလုံး အချိန်မီလာကြသည်။ ဒါရိုက်တာလုပ်ခိုင်းသမျှ အပိုအလိုမရှိ သရုပ်ေ ဆာင်ကြသည်။ဒါရိုက်တာအပေါ် မလွှမ်း မိုးကြ၊ ဒါရိုက်တာကသာ သရုပ်ဆောင် အားလုံးကိုလွှမ်းမိုး ချုပ်ကိုင်သွားသည်။

အထက်ပါ အချက် အချို့ သည် ကိုရီးယားရုပ်ရှင် အောင် မြင်တိုးတက်ခြင်း၏ အချက် အလက်အချို့ပင် ဖြစ်သည်။ ထိုအချက်များသည် အဓိက အကျဆုံးအခြေခံ အချက် များ ပင်ဖြစ်ပြီး ဆက်ပြောရလျှင် တော့ ကုန်နိုင်ဖွယ်မရှိပါ။ကိုရီးယားတို့သည် ရိုးရာ ယဉ်ကျေးမှုကို ယနေ့ထက်တိုင် လေးစားတန်ဖိုးထားလျက်ပင် ရှိပါသည်။ စကတ်တို တိုဝတ်၊ ဘောင်းဘီတိုဝတ်၍ သွားလာ လှုပ်ရှားသော်လည်း ရိုးရာဝတ် စုံကိုငယ်စဉ်ကတည်းက ဝတ် ဆင်ကြသည်။ မင်္ဂလာဆောင် တွင် ဝတ်ဆင်ကြသည်။ ကိုရီး ယား ရုပ်ရှင်ဇာတ် ကားများတွင် ရိုးရာယဉ်ကျေးမှုအငွေ့ အသက် များပါရှိအောင် ထည့်သွင်းရိုက်ကူးကြ သည်။ ကမ္ဘာသို့ ကိုရီး ယား ရိုးရာ အစားအစာများ၊အဝတ် အစား၊ ယဉ်ကျေးမှုများကို ရုပ်ရှင် မှ တစ်ဆင့်ပြသလိုက်ခြင်းပင် ဖြစ်သည်။ ယနေ့ကိုရီးယားသမ္မတသည် အမျိုးသမီးဖြစ်လာသော အခါ ကိုရီးယားမိန်းမပျိုလေးများကို စကတ်တို ဝတ်ခြင်း၊ ဘောင်းဘီတိုဝတ်ခြင်းတို့ကို တားမြစ်ပြုလုပ်လာကြသည်။

ယနေ့ကိုရီးယားရုပ်ရှင်၊ ဇာတ်လမ်းတွဲများသည် ကမ္ဘာ့ အနှံ့သို့ ရောက်ရှိပျံ့နှံ့ အောင် မြင်လျက်ရှိနေပြီဖြစ်သည်။ ထို ကဲ့သို့ ကိုရီးယားရုပ်ရှင်၊ ဇာတ် လမ်းတွဲများ အောင်မြင် လာ သောအခါကျွန်တော်သည်မြန် မာ့  ရုပ်ရှင်၊ ဇာတ်လမ်းတွဲများကို ကမ္ဘာအနှံ့သို့ရောက်ရှိ အောင်မြင်စေလိုပါသည်။ထိုကဲ့သို့ မြန်မာ့ရုပ်ရှင် ကမ္ဘာ အနှံရောက်ရှိေ အာင်ြ မင် အောင်မည်ကဲ့သို့လုပ်ဆောင်ရ မည်နည်း။ ရုပ်ရှင်လောကသား အားလုံးဝိုင်းဝန်းစဉ်းစား အဖြေ ရှာရမည်ဖြစ်ပါသည်။

ညိုသစ်ငယ်
Popular Journal

ကုလသမဂ္ဂရုံးကို စပိုင်လုပ်သော အမေရိကန် NSA ကို တရားစွဲပြီ

Posted by drmyochit Tuesday, September 03, 2013, under | No comments

ကုလသမဂ္ဂရုံး ကို အမေရိကန်မှာ ရုံးစိုက်ထားတာ မှားပြီလားလို့တောင် ထင်နေကြပါပြီ။ ဘာလို့လဲဆို ရုံးက သတင်းအချက်အလက်ခိုးယူမှု လုပ်ရပ်ပေါင်း ၄၆၀ ကျော်မက ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။ အမေရိ ကန် ထောက်လှမ်းရေး NSA တို့က ပြုလုပ်တာပါ။

UN ရုံးက အစည်းအဝေးခန်းတွေတိုင်းမှာတပ်ထားတဲ့ ကင်မရာ၊ အသံဖမ်း စက်၊ ကွန်ပြူတာစနစ်၊ အင်တာနက် စနစ် အစရှိသဖြင့်တို့ကို သာမန် နည်းပညာရှင်တောင် ထောက်လှမ်းလို့မလွယ်နိုင်တဲ့ နည်းပညာနဲ့ ခိုးယူခဲ့ လို့ ဖြစ်ပါတယ်။ ယင်းနည်းပညာကို တပ်ဆင်တုန်းကလည်း အမေရိကန်က နည်းပညာကုမ္မဏီများကပဲ တပ်ဆင် ထားတာပါ။ Special Collection Service စနစ်နဲ့ ရုံးမှာပြောသမျှ၊
လုပ်သမျှ အစည်းအဝေး မှတ်တမ်းတွေ အားလုံးကို NSA က ဆာဗာ တစ်ခုတည်းကို ရောက်ရှိစေပြီး သတင်းအချက် အလက်များကို နေ့စဉ် ပုံမှန် စားသုံးနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့်ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုတိုင်းမှာအမေရိကန်ဟာ အများ ထပ်တစ်ဘန်းသာတဲ့သတင်းအချက်အလက်တို့ရှိနေပြီး နိုင်ငံရေးနဲ့စီးပွားရေး လှုပ်ရှားမှုတိုင်းမှာသာနေခြင်း ဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်NSAထောက်လှမ်းရေးအဖွဲ့ကိုဥရောပEUအဖွဲ့ကလည်းစတင်တရားစွဲပါပြီ။အထူးသဖြင့်ဥရောပနိုင်ငံတွင်းကသတင်းအချက်အလက်များကိုပိုမိုခိုးယူခဲ့ခြင်းကြောင့်ပါ။အမေရိကမှာဆိုရင်လည်းဘရာဇီးကအမေရိကန်ကိုယင်းအတွက်ဘယ်လိုပြန်ပေးဆပ်မယ်ဆို တာကို တောင်းဆိုနေပါတယ်။ NSA, FBI, CIA ယင်း အုပ်စုများဟာ ကမ္ဘာ့သတင်းအချက်အလက်ခိုးယူမှုများပြုလုပ်နေတဲ့အဖွဲ့လိုစွပ်စွဲတဲ့အထိအီးယူအဖွဲ့မှာပြောဆိုမှပြင်းထန်လာပါတယ်။ ယင်းအမှုအတွက် အမေရိကန်တို့ဘယ်လို ဘယ်လိုတုန့်ပြန်ပြောဆိုမယ်ဆိုတာကို စောင့်ကြည့်လျက်ရှိကြကြောင်း သိရသည်။

TechSpace

ဘီကီနီဝတ်စုံနဲ့ရိုက်ဖို့ သုံးလကျော် လေ့ကျင့်ခဲ့ရတယ်ဆိုတဲ့ ဘောလိဝုဒ်မင်းသမီး

Posted by drmyochit Tuesday, September 03, 2013, under | No comments



ဘောလိဝုဒ်မင်းသမီးချော အာဒီတီရာအိုဟီဒါရီဟာ လာမယ့်အောက်တိုဘာလမှာထွက်ရှိမယ့် ရုပ်ရှင် ဇာတ်ကား "Boss" မှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ ဘီကီနီဝတ်ပြီး သရုပ်ဆောင်ရမယ့် အခန်း တစ်ခန်းအတွက် သုံးလကျော်လောက်လေ့ကျင့်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဒီဇာတ်ဝင်ခန်းမှာ ဟီဒါရီရဲ့ သရုပ်ဆောင်မှုဟာ အားလုံးကိုငေးမောမှင် တက်သွားစေလောက်အောင် ကောင်းမွန်ခဲ့တယ်လို့ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာအန်သိုနီဒီဆူဇာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်းသမီးရဲ့ အတွင်းသိတစ်ဦးကတော့ ဒီဇာတ်ဝင်ခန်းကို တိကျစွာ အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့အတွက် သုံးလ ကျော်လောက် အချိန်ပေးလေ့ကျင့်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီရုပ်ရှင်ထဲမှာ ဘီကီနီဝတ်ပြီး သရုပ်ဆောင်ရမယ်ဆိုတာသိရလို့ ဘယ်လိုခံစားခဲ့ရသလဲလို့ မင်းသမီးကိုမေးမြန်းကြတဲ့ အခါမှာတော့ “ရေချိုးကန်ထဲမှာ ဆိုရင်တော့ ကျွန်မအမြဲတမ်း ဘီကီနီဝတ်လေ့ရှိပါတယ်။ ဒါကို ကျွန်မ ပထမဆုံးဝတ်ရတာတော့ မဟုတ်ပါဘူး”လို့ မင်းသမီးက ဖြေကြားခဲ့ပါတယ်။

နာမည်ကျော်မင်းသား အာရှေးကူးမားက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အခြား နာမည်ကျော် မင်းသားတွေအများကြီး ပါဝင်ထားတဲ့ "Boss" ရုပ်ရှင်ဇာတ်ကားဟာ အိန်္ဒိယအက်ရှင်ဟာသရုပ်ရှင်ဖြစ်ပြီး မင်းသမီးဟီဒါရီအတွက်တော့ ခုနစ်ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။

အောင်သုတ
Mizzima - News in Burmese

အညှီအဟောက်တွေနဲ့ စည်းကားခဲ့တဲ့ VMA ညရဲ့ ပုံရိပ်များစုစည်းမူ

Posted by drmyochit Tuesday, September 03, 2013, under | No comments

ခုတလောအင်တာနက်စာမျက်နှာပေါ်မှာ ပြန်နှံ့နေတဲ့ VMA ဂီတဖျော်ဖြေပွဲနဲ့

ဆုပေးပွဲဆိုရင် ထပ်ပြီးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။
ဒါကြောင့် ဖျော်ဖြေမူပုံရိပ်တွေနဲ့ ဝတ်စားဆင်ယဉ်မူဒီဇိုင်းများကိုစုစည်း

တင်ဆက်ပေးမှာဖြစ်ပြီး သတင်းကြီးနေတဲ့ မိုင်လေးဆိုင်းရက်စ်နှင့် ထုံးစံအတိုင်း ပုရိသအကြိုက် ဖျော်ဖြေတဲ့ လေဒီဂါဂါတို့ရဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။

Taylor Swift နဲ့ Selena Gomez တို့ကတော့ ပုံမှန်ပွဲတက်တဲ့ ဒီဇိုင်းနဲ့မြင်
တွေ့ခဲ့ရပြီး ကျန်အဆိုတော်တွေရဲ့ ပုံရိပ်များကိုစုစည်းတင်ဆက်ပေးလိုက်
ပါတယ်။

တင်ဆက်ပေးထားသော ရုပ်ပုံများမှာ၊ဖက်ရှင်အသားပေးရုပ်ပုံများနှင့်
နာမည်ကျော်ဖျော်ဖြေထားသောရုပ်ပုံများကိုစုစည်းထားခြင်းဖြစ်သည်။
နဂိုမူရင်းပုံရိပ်များကိုသာတင်ဆက်ပေးထားတာဖြစ်တဲ့အတွက် မိမိကိုယ်ကို
ဆင်ယှဉ်ကြည့်ရှုရန် ကြိုတင်အသိပေးအပ်ပါသည်။


ပွဲတက်လမ်းတွင်ဓာတ်ပုံအရိုက်ခံသည့် Katty Parry ကိုမြင်တွေ့ရစဉ်


လေဒီဂါဂါရဲ့ အကြမ်းစားဖျော်ဖြေမူ




မိုင်လေးဆိုင်းရက်စ်လည်း လေဒီဂါနည်းတူမြင်တွေ့ရ


သာမန်ပွဲတက်ဝတ်စုံနဲ့သာတွေ့ရသည့် Selena Gomez


ဝဲလ်စမစ်နဲ့ ရီဟားနားကိုလည်းယခုလိုအတူတွေ့ရစဉ်






မိုင်လေးဆိုင်းရက်စ် ရဲ့မြင်ကွင်းအချို့










တေလာဆွစ်လေးကိုလည်း ပုံမန်ပွဲတက်ဒီဇိုင်းနဲ့မြင်တွေ့ရစဉ်














































































http://www.naytunmedia.com/2013/08/vma.html

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်