Friday, September 06, 2013

ဟင်းသီးဟင်းရွက်အချို့ စားသုံးရာ တွင် သတိထားရမည့်အချက်များ

Posted by drmyochit Friday, September 06, 2013, under | No comments


ပဲပင်ပေါက်ကို ချက်ပြီးမှ စားသုံးသင့်သည်။ အစိမ်းစားခြင်း သည် အခန့်မသင့်လျှင် မအီမလည် ဖြစ်ခြင်း၊ မူးဝေ၊အော့အန်ခြင်း၊ ဝမ်း သွားခြင်းတို့ကို ဖြစ်စေတတ်သည်။

ခရမ်းချဉ်သီးတွင် အက် ဆစ်ဓာတ်ပါဝင်သဖြင့် ဗိုက်ထဲ၌ အစာမရှိဘဲ စားမိပါက ဗိုက်နာခြင်း၊ ဝမ်းသွားခြင်းစသည့်ဗိုက်ပြဿနာကို ဖြစ်စေတတ်သည်။

ရေခဲသေတ္တာထဲတွင် ထည့်ထားသောဟင်းသီးဟင်းရွက် များကို ကြာရှည်စွာမချက်ပြုတ်ရပါ ။ သို့မဟုတ်က ယင်းတို့တွင်ပါရှိသော အာဟာရဓာတ်များ ပျက်ပြယ်သွား မည် ဖြစ်သည်။

ကြက်ဟင်းခါးသီးတွင် အောက်ဆဲလစ်အက်ဆစ်ပါဝင်သ ဖြင့် မချက်မီ ရေနွေးဖျောသင့်သည်။

မုန်လာဥနီနှင့်မုန်လာဥဖြူ ကိုရော၍ မစားသုံးသင့်ပါ။ အတူ ကြိတ်၍လည်းကောင်း၊ ရောပြီး အစာသွတ်ခြင်း၊ သုတ်ခြင်းဖြင့် မုန် လာဥနီတွင်ပါဝင်သောအင်ဇိုင်းဓာတ် က မုန်လာဥဖြူအတွင်းမှ ဗီတာမင်စီ ကို ပျက်စီးသွားစေသည်။

ဒေါန
Health Updates Journal

ဗြိတိန်တွင် မြူဆိုင်းမှုကြောင့် ကားအစင်းရေ ၁၃၀ မျှ ဆင့်ကဲတိုက်မိ

Posted by drmyochit Friday, September 06, 2013, under | No comments

ကားငယ်များသည် လော်ရီကားကြီးများအောက် ရောက်နေသလို လူအချို့ မြေပြင်ပေါ် လဲကျနေသည့် မြင်ကွင်းသည် ခြောက်ခြားစရာ ကောင်းလွန်းကြောင်း ယာဉ်မောင်း တစ်ဦးဖြစ်သည့် မာတင်စတမ်မာက ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံ၊ ကန့်ဒေသတွင် မော်တော်ယာဉ် အစင်းပေါင်း (၁၃၀)မျှ ဆင့်တိုက်ခဲ့ခြင်းကြောင့် လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာများ ရရှိခဲ့သည်။ A249 လမ်းဖြတ် နေရာတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုအတွင်း ဒဏ်ရာရခဲ့သူများအနက် (၈)ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရသည်။ ကြာသပတေးနေ့က ဖြစ်ပွားသော ယာဉ်တိုက်မှုတွင် လူ(၂၀၀)ခန့် ဒဏ်ရာရခဲ့ကြောင်း အစောပိုင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရဲများက ယင်းအရေအတွက်မျှ မရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ကိုယ်ပိုင်ကားများ၊ ကုန်တင်ကားကြီးများနှင့် အပါအဝင် မော်တော်ကားပေါင်း အစင်း(၁၀၀)ကျော် ဆင့်ကဲတိုက်မိမှုသည် အချိန် (၁၀)မိနစ်မျှ ကြာနေခဲ့ကြောင်း သတင်းအချို့က ရေးသားခဲ့သေးသည်။

ကားငယ်များသည် လော်ရီကားကြီးများအောက် ရောက်နေသလို လူအချို့ မြေပြင်ပေါ် လဲကျနေသည့် မြင်ကွင်းသည် ခြောက်ခြားစရာ ကောင်းလွန်းကြောင်း ယာဉ်မောင်း တစ်ဦးဖြစ်သည့် မာတင်စတမ်မာက ပြောကြားခဲ့သည်။ ရာသီဥတု အခြေအနေကြောင့် မော်တော်ကားများသည် ရှေ့သို့ (၁၀)ကိုက်မှ ကိုက်(၂၀)ထက် ပိုမြင်နိုင်စွမ်း မရှိခြင်းကလည်း ဆိုးရွားသည့် ယာဉ်တိုက်မှုကို တွန်းအားပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အပြင်ဘက် လမ်းမှ ပတ်သွားသည့် ကား(၅)စင်းသည်လည်း အချင်းချင်း ဆင့်တိုက်ခဲ့ကြသေးသည်။

"မမြင်မစမ်းနဲ့ ဆင့်တိုက်ကြတာ (၁၀)မိနစ်လောက်ထိ ကြာတယ်။ ကျွန်တော်တို့ ကားချင်းဆင့်တိုက်တဲ့ အသံတွေကို ကြားနေရတယ်။ လော်ရီကားကြီးတွေလည်း မှောက်ကုန်တယ်"ဟု စတမ်မာက ပြောဆိုခဲ့သည်။ ၎င်းက မိမိနှင့် သားဖြစ်သူတို့သည် နောက်ဘက်သို့ ပြန်လှည့်ပြေးကာ ကားများထဲမှထွက်ပြီး တိမ်းရှောင်ရန် လိုက်လံအော်ဟစ် သတိပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ "တော်တော်ကြာတော့ အမျိုးသမီးကြီးတစ်ယောက် ငိုယိုရင်း လာပြောတယ်။ ကျေးဇူးတင်ပါတယ်။ မင်းတို့က ငါ့အသက်ကို ကယ်လိုက်တာပဲလို့လည်း ပြောသေးတယ်"ဟု စတမ်မာက ဆိုသည်။ ၎င်းက ဒဏ်ရာရသူ အများအပြား တွေ့ခဲ့ရသော်လည်း သေဆုံးသူ မရှိခဲ့ဟုလည်း ဆိုသည်။ ယာဉ်တိုက်မှု ဖြစ်ပွားချိန်တွင် မြူနှင်းများ ထူထပ်စွာ ကျဆင်းနေခဲ့ကြောင်း ကယ်ဆယ်ရေးများက ပြောကြားခဲ့သည်။ ယာဉ်အချို့ထဲတွင် လူအများအပြားမှာ မထွက်နိုင်သေးဘဲ ရှိနေပြီး ၎င်းတို့ကို ဦးစွာ ဖယ်ထုတ်ပေးခဲ့ရကြောင်း သိရှိရသည်။

From: Planet

ရုရှားဟာ ကုလသမဂ္ဂ ကို ဓါးစားခံ လုပ်နေတယ်လို့ အမေရိကန် ပြော

Posted by drmyochit Friday, September 06, 2013, under | No comments

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် Samantha
Power
ရုရှားဟာ ကုလသမဂ္ဂလို ကမ္ဘာ အဖွဲ့အစည်းကို ဓါးစာခံ အဖြစ် အသုံးချပြီး ဆီးရီးယားက ဓါတုလက်နက်သုံးမှုတွေ အပေါ် အရေးယူဖို့ အစီအစဉ်ကို ပိတ်ဆို့ တားဆီးထားတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်တဲ့ အဆိုပြုလွှာ မူကြမ်းကို လုံခြုံရေး ကောင်စီမှာ အတည်ပြုလို့ မရအောင် ရုရှားက လုပ်ခဲ့တဲ့ အတွက် ဒီကိစ္စဟာ ရှေ့ဆက် တိုးလို့ မရ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ ရုရှား သမ္မတ ပူတင် အပါအဝင် ကမ္ဘာခေါင်းဆောင်တွေ ဟာ စိန့်ပီတာ စဘတ်မြို့မှာ ကျင်းပနေတဲ့ G20 ညီလာခံ ညစာစားပွဲမှာ ဆီးရီးယား ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။

ညစာစားပွဲ အပြီးမှာ အီတလီ ဝန်ကြီးချုပ် အန်ရီကို လက်တာ ရဲ့ တွတ်တာ လူမှုကွန်ယက် စာမျက်မှာ ပေါ်က ရေးသားချက်အရ ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောကွဲလွဲမှုတွေ ရှိတယ်လို့ သိရပါတယ်။

ဆီးရီးယား လွှတ်တော် ဥက္ကဌကလည်း အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေနာ ဆီ စာရေးပြီး အမေရိကန် ကွန်ဂရက် က အမျိုးသား ၊ အမျိုးသမီး အမတ်တွေ အနေနဲ့ တာဝန်မဲ့ပြီး ဆင်ခြင်မှု မရှိတဲ့ အရေးယူမှုတွေကို အစောတလျင် မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဘီဘီစီရဲ့ စစ်တမ်းကောက်ယူချက်အရ ဆီးရီးယား အပေါ် စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို အောက်လွှတ်တော်မှာ အမတ် တဝက်နီးပါးက ဆန့်ကျင်ကြပြီး အမတ်တော်တော်များများကတော့ မဆုံးဖြတ်ရသေးဘူးလို့ ပြောကြောင်း သိရပါတယ်။

အမေရိကန် ဆီးနိတ် အမတ် Harry Reid
တချိန်တည်းမှာ ဆီးနိတ် အမတ်အများစုရဲ့ ခေါင်းဆောင် Harry Reid ဟယ်ရီ ရိဒ် ကလည်း လာမယ့် သီတင်းပတ်မှာ ဆီးရီးယား အရေးကို အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုတဲ့အခါ သတိရှိစွာနဲ့ အပြုသဘောဖက်က စောင့်ကြည့် နေမယ်လို့ ပြောပါတယ်။

တခါ ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့ အနောက်ပိုင်းမှာ ကားဗုံးထောင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူလေးယောက် သေဆုံးသွားပြီး ခြောက်ယောက် ဒဏ်ရသွားပါတယ်။

သူတို့ရဲ့ သုတေသန ဌာန တခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစိုးရ သတင်းအေဂျင်စီ ဆာနာက ပြောပါတယ်။

ဒမားစကပ်စ် မြို့တော်မှာ လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ ရုန်းရင်း ဆန်ခတ်တွေလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး Ali Habib ကို သမ္မတ အာဆတ်နဲ့ အတူ တွေ့ရပုံ
တချိန်တည်းမှာ သမ္မတ ဘတ်ရှားအယ် အာဆတ်ရဲ့ အယ်လ်ဝိုက် မွတ်ဆလင် အုပ်စုထဲက ထင်ရှားတဲ့ သူ တယောက်ဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း လည်း ဘက်ပြောင်းသွားပြီးတဲ့နောက် တူရကီကို ရောက်လာတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

၂ဝ၁၁ ခုနှစ်တုန်းက အနားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး အလီ ဟာဘိဘ် အိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး အနောက်အုပ်စုဝင် အဖွဲ့တွေရဲ့ အကူအညီနဲ့ တိုင်းပြည်ထဲက ထွက်ပြေးလွတ်မြောက် သွားတယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့တုန်းက ဒီဗိုလ်ချုပ်ကြီး ဘက်ပြောင်းသွားတယ် ဆိုတဲ့ ကနဦး သတင်းတွေကို ဆီးရီးယား အစိုးရက ငြင်းဆိုထားခဲ့ပါတယ်။

From: BBC

ကန့်ဘလူဆူပူမှုဖြစ်စေသော အမျိုးသမီးအား အဓမ္မကျင့်ရန်ကြံစည်မှု စီရင်ချက်ချပြီ

Posted by drmyochit Friday, September 06, 2013, under | No comments

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာတွင် လူအုပ်စုနှစ်ခုအကြားပဋိပက္ခများဖြစ်ပွားမှုကိုစတင်စေခဲ့သည့် အမျိုးသမီး တစ်ဦးကို အဓမ္မကျင့်ရန်ကြံစည်မှုနှင့် ပတ်သက်၍ တရားစွဲခံရသူများကို စက်တင်ဘာ ၄ ရက် တွင် မြို့နယ်တရားရုံးက စီရင်ချက်ချမှတ်လိုက်ပြီဖြစ်သည်။

သြဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သည့် ထိုကိစ္စကို ၁၂ ရက်အကြာတွင် တရားရုံးကစီရင်လိုက်ခြင်းဖြစ်ပြီး တရားခံ ကိုဆန်းမင်းဦး(ခ) လွှတ်ခမန်းကို ထောင်ဒဏ်ခုနစ်နှစ် တရားရုံးကအပြစ်ပေးလိုက်သည်။

၎င်းသည် သူ့ကို စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ၃၅၄ ကြောင့် ထောင်ဒဏ်နှစ် နှစ်နှင့် ပြစ်မှုဆိုင်ရာဥပဒေ ၃၇၆ ကြောင့် ထောင်ဒဏ်ငါးနှစ်သီးခြားစီကျခံရမည်ဟု တရားသူကြီး ဦးငွေထွန်းက အမိန့်ထုတ်သည်။

ထိုသူကိုတရားစွဲထားသည့် တရားလိုမှာ စခန်းမှူးရဲအုပ် ၀င်းမြင့်ဖြစ်ပြီး ဇီးကုန်း ရဲစခန်းတွင် အမှုဖွင့်ပြီး ကန့်ဘလူ တရား ရုံး၌ အမှုရင်ဆိုင်ခြင်းဖြစ်သည်။

တရားရုံးက အမိန့်ချပြီးသည်နှင့် ကိုဆန်းမင်းဦးကို ဇီးကုန်းရဲစခန်းမှ ဒု-ရဲ အုပ်တစ်ဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ က ကားဖြင့်တင်ကာ မန္တလေးထောင်သို့ ပို့ဆောင်ခဲ့သည်။

Source : Mizzima

ရည်းစားဟောင်းက အဓမ္မကျင့်ရန်ကြံသည်ဟု ရဲစခန်းတွင်တိုင်တန်း

Posted by drmyochit Friday, September 06, 2013, under | No comments

ရည်းစားဟောင်းက အဓမ္မကျင့်ရန် ကြံစည်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို စက်တင်ဘာ ၄ ရက်က သာကေတမြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်မှာ သာကေတမြို့နယ်မှ ရပ်ကွက်တစ်ခုတွင် ယင်းနေ့မွန်းလွဲ ၄ နာ ရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်း အိပ်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မကျင့်ရန် ကြံစည်ခံရခြင်းဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

သူမ၏ ရည်းစားဟောင်းဖြစ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားက အိမ်သို့ရောက်လာပြီး ပွေ့ဖက် နမ်းရှုပ်ပြီး အဓမ္မကျင့်ရန်ကြံစည်သည်ဟု ကာယကံရှင် အမျိုးသမီးက စွပ်စွဲတိုင်တန်းထားသည်။

အဆိုပါအမျိုးသားမှာ အရက်မူးနေကြောင်း၊ သူမကလည်း ရုန်းကန်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခံသဖြင့် ထိုသူမှာ အိမ်ပေါ်မှဆင်းပြေးသွားခဲ့ကြောင်း ရဲကိုကာယကံရှင်က ထွက်ဆိုသည်။

ယင်းအမှုကို သာကေတမြို့နယ် ရဲစခန်းကအမှုအမှတ်(ပ) ၆၂၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံရသည့် အမျိုးသားကို ရဲကဖမ်းဆီးစစ်ဆေးနေပြီဖြစ်ရာ ထိုသူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့်တရားစွဲခံရနိုင်ချေရှိသည်ဟု ရဲများကသုံးသပ်ကြောင်း တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese

ဘင်္ဂါ လီများကို ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း အကောင်အထည် ဖော်ရန် ဆန္ဒဖော်ထုတ်သူအချို့ ထောင်ချခံရ

Posted by drmyochit Friday, September 06, 2013, under | No comments

ရန်ကုန် ၊ စက်တင်ဘာ ၅။    ။ ဘင်္ဂါ လီများကို ၁၉၈၂ ခုနှစ် ဥပဒေအ တိုင်း အမြန်ဆုံး အကောင်အထည် ဖော်ပေးရန် ဆန္ဒထုတ်ဖော်တောင်း ဆိုခဲ့သည့် ကျောက်တော်ဒေသ ခံ ၃၀၀ အနက် လေးဦးကို စက် တင်ဘာ ၄ ရက်က ထောင်သုံးလ ချမှတ် လိုက်ကြောင်း ယင်းအမှု ကို လိုက်ပါဆောင်ရွက်ခဲ့သူ တရား လွှတ်တော်ရှေ့နေ ဦးသန်းစော က ပြောသည်။ ''ဆန္ဒထုတ်ဖော် တောင်း ဆိုခဲ့သူတွေအနက် လေးဦးကို ဒီနေ့ ၃ နာရီကျော်လောက်က ကျောက်တော်မြို့နယ် တရားရုံး က ထောင်သုံးလ စီ ချမှတ်လိုက် ပြီ ဖြစ်ပါတယ်''ဟု ယင်းက ရန် ကုန်တိုင်းမ်နေ့စဉ်သတင်းစာသို့ စက်တင်ဘာ ၄ ရက် ည ၆နာရီက ပြောသည်။

ငြိမ်း/စီ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင် သုံးလစီ ချမှတ်ခြင်းခံရသူများမှာ ဦးမောင်ဝင်း၊ ဦးမောင်သိန်းလှိုင်၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေး တို့ဖြစ်ကာ ယင်းတို့ကို စက်တင် ဘာ ၄ ရက် ညနေပိုင်းတွင် စစ် တွေအကျဉ်း ထောင်သို့ ခေါ်ဆောင် သွားပြီဖြစ်ကြောင်း ထောင်ဒဏ် ချမှတ်ခြင်းခံရသည့် ဒေါ်လှမေ က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ပြောသည်။ ''၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံ သားတစ်ယောက်ဟာ လွတ်လပ် စွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိတယ် လို့ပါတယ်။ ခုလိုထောင်ချခံလိုက် ရတော့ နိုင်ငံသားတစ်ဦးရဲ့ အခွင့် အရေး ဆုံးရှုံးခံရခြင်းဖြစ်တယ်'' ဟု ဒေါ်လှမေကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းသို့ တရားမဝင် ခိုးဝင်ရောက်ရှိလာ သည့် ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း အမြန်ဆုံးအကောင် အထည်ဖော်ပေးရန်နှင့် ယင်းဥပ ဒေအတိုင်း အကောင်အထည် ဖော်ပြီးမှသာ ယင်းတို့အတွက် နေ အိမ်များ ဆောက် လုပ်ပေးရန် ဒေါ်လှမေ အပါအဝင် ထောင် ဒဏ်ချမှတ်ခြင်းခံရသူ လေးဦး သည် ယခုနှစ် မတ်လအတွင်းက ကျောက်တော်မြို့နယ် ရဲစခန်းသို့ လျှောက်ထားခဲ့ကြောင်းသိရသည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည့် အချိန်ကာ လဖြစ်သည့် အတွက် ဆန္ဒထုတ်ဖော်တောင်းဆို ခြင်းမပြုကြရန် လာရောက်လျှောက် ထားမှုကို သက်ဆိုင်ရာမှ ပယ်ချ လိုက်ကြောင်း သိရသည်။ ယင်း သို့ ပယ်ချလိုက်သော်လည်းကျောက် တော်မြို့သူမြို့သားတို့၏ စည်း ဝေးဆုံးဖြတ် ချက်အရ မတ် ရ ရက် တွင်ကျောက်တော်မြို့ရှိရွှေကျောင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှ စတင်ကာ မြို့ပတ်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း တရား လွှတ်တော်ရှေ့နေ ဦးသန်းစော၏ ပြောပြချက်အရ သိရသည်။
ထို့ကြောင့် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည့် မတ် ရ ရက် ညနေပိုင်းတွင် ကျောက်တော်မြို့ နယ်ရဲစခန်းမှ ခွင့်ပြုမိန့်လာရောက် လျှောက်ထားခဲ့သူ လေးဦးကို ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆိုခဲ့ရာ စက်တင် ဘာ ၄ ရက်တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

ငြိမ်း/စီ ပုဒ်မ-၁၈အရ ပြစ် မှုထင်ရှားကြောင်း တွေ့ရှိပါက တစ်နှစ်ထက်မပိုသော ထောင် ဒဏ်နှင့် ဒဏ်ငွေသုံးသောင်းအ ထိ ချမှတ်နိုင်ကြောင်း၊ ယခုအမှု တွင်ဒဏ်ငွေချမှတ်ခြင်းမရှိကြောင်း ရှေ့နေဦးသန်းစောကရှင်းပြသည်။ ''ပုဒ်မ-၁၈နဲ့ တရားစွဲဆို တာကို လက်ခံလို့မရတဲ့ အနေအ ထားတွေ ရှိပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ ပုဒ်မ-၁၈ က ကိုက်ညီမှု လုံးဝမရှိပါဘူး။ နိုင်ငံသားတစ်ဦး ရဲ့လုပ်ပိုင်ခွင့်ကို ပြည့်ပြည့်ဝဝ မ ပေးသေးတာ ဒီမိုကရေစီနဲ့ မညီ ပါဘူး''ဟု ကျောက်တော် ဒေသခံ ဦးထွန်းဝင်းက သုံးသပ်ပြောသည်။ ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် ဥပဒေအတိုင်းအမြန်ဆုံးအကောင် အထည်ဖော်ပေးရန်နှင့် ယင်းဥပ ဒေအတိုင်း အကောင်အထည် ဖော်ပြီးမှသာ ယင်းတို့အတွက် နေ အိမ်များဆောက်လုပ်ပေးရန် တောင်း ဆို ဆန္ဒထုတ်ဖော်ပွဲကို ယခုနှစ် မတ်လ ၇ ရက်က ရခိုင် ပြည်နယ်အတွင်း ကျောက်တော် အပါအဝင် စစ်တွေ၊ မြောက်ဦး၊ ပေါက်တောနှင့်တခြားမြို့နယ်များ တွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
Yangon Media Group

သိန်းနှစ်ရာကျော်တန် နံ့သာနီတုံးများသယ်လာသည့် နိုင်ငံခြားသားများ ဖမ်းမိ

Posted by drmyochit Friday, September 06, 2013, under | No comments

မြန်မာ-အိန်္ဒိယနယ်စပ်ဒေသတစ်ခုဖြစ်သည့် တမူးမြို့နယ်၊ ပန်းသာရွာအနီး တောတွင်းတစ်နေရာတွင် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င်တင်သွင်းမည့် အကောက်အခွန်မဲ့ နံ့သာနီတုံးများ သယ်ဆောင်လာ သည့် နိုင်ငံခြားသားနှစ်ဦး ကို စက်တင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့ကြောင်း ထိုဒေသရှိ နယ်စပ်ကုန်သွယ်ရေး ဌာနမှ သိရသည်။

သူတို့သည် နံ့သာနီတုံး ၂၂၀ ကျော်ကို ၁၀ ဘီးတပ်ကုန်တင်ကားကြီးဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုကုန်ပစ္စည်းများသည် တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၁၀ ကျော်ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးက ဆိုထားသည်။

ထိုနိုင်ငံခြားသားများမှာ အိန်္ဒိယနိုင်ငံသားများဖြစ်သည်ကို သက်ဆိုင်ရာကုန်သွယ်ရေးဂိတ်မှ အာဏာပိုင်များက စစ်ဆေးအတည်ပြုထားပြီး သူတို့သည် မဏိပူရပြည်နယ်၊ အင်ဖာမြို့နှင့်မိုရေးမြို့တို့မှ လာရောက် ကြခြင်းဖြစ်သည်ဟု လည်း ဆိုသည်။

ကာလတန်ဖိုးအားဖြင့် နံ့သာနီတစ်ပိဿလျှင် ကျပ်ခြောက်သောင်းခန့်တန်ကြေးရှိပြီး ထိုကုန်ပစ္စည်းများကို ဖမ်းမိသည် မှာ တမူးမြို့နယ်၊ ပန်းသာကျေးရွာမှ ကုန်သည်တစ်ဦးနှင့် မန္တလေးမှ ပုဂ်္ဂိုလ်တစ်ဦးတို့ကို မှောင်ခိုကုန်သွယ်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသဖြင့်စောင့်ကြည့်ရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယခုကိစ္စကို တမူးမြို့မရဲစခန်းတွင် ဒု- ရဲအုပ်တစ်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှုအမှတ် (ပ) ၈၃/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ်ခင်ဇော်ထိုက်က ကိုင်တွယ်စစ်ဆေးလျက်ရှိကြောင်း ထိုရဲစခန်းက သတင်းထုတ်ပြန်သည်။

Source : Mizzima

အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အမှုဖွင့်

Posted by drmyochit Friday, September 06, 2013, under | No comments


ရန်ကုန်၊ စက်တင်ဘာ ၅

လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်းချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင် လူများရှိနေစဉ် ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ-၁၉၅/ ၂၀၁၃၊ အုပ်စုဖွဲ့ မတရားချုပ်နှောင်မှု ဆိုင်ရာ ပြစ်မှုပုဒ်မ ၃၄၁/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။

သတ်မှတ်ငှားရမ်းရက် ကျော်လွန်ပြီဖြစ်သည် ဟုဆိုကာ ဖက်ရှင်ဆိုင်၏ ဝင်ထွက် တံခါးပေါက်တစ်ခုကို သော့ခတ်ခြင်းဖြင့် လည်းကောင်း၊ ကျန်တံခါးတစ်ခုကို သံခုံများ ဖြင့်လည်းကောင်း ပလာဇာလုံခြုံရေး များက လာရောက် ပိတ်ဆို့ခဲ့ရာ ဖက်ရှင်ဆိုင် အတွင်းရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းစုစုပေါင်း သုံးဦးတို့မှာ ဆိုင်အတွင်း သုံးနာရီခန့်ကြာ ပိတ်မိနေခဲ့သောကြောင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။
"ပြဿနာကို ဥပဒေအရ ဖြေရှင်းသွားဖို့ ပြောပေမယ့် ပလာဇာဘက်က အခုလိုအပြင်က သော့လာပိတ်သွားတာဟာ ဥပဒေမဲ့ လူမိုက်ဆန်ဆန် လုပ်ရပ်ဖြစ်တယ်" ဟု ၄င်းက ဆိုသည်။

ဆိုင်ခန်းငှားရမ်းမှု သတ်မှတ်ရက်ထက် နှစ်ရက်ခန့် ကျော်လွန်နေပြီ ဖြစ်သောကြောင့် ဖက်ရှင်ဆိုင်ကို ဆက်လက် မငှားရမ်းလိုသဖြင့် ပြောင်းရွှေ့ပေးရန် ဆိုင်ပိုင်ရှင်ကို အကြိမ်ကြိမ် အကြောင်းကြားခဲ့သော် လည်း ဖယ်ပေးခြင်း မရှိသောကြောင့် လုံခြုံရေးများကို သော့ခတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း လပြည့်ဝန်းပလာဇာ မန်နေဂျင်း ဒါရိုက်တာဦးသိန်းရွှေက ပြောကြား သည်။

ပလာဇာလုံခြုံရေးများက မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်တွင် ဆိုင်ရှိဝင်ပေါက် နှစ်ခုကို လာရောက် ပိတ်ဆို့ထားသဖြင့် ဒဂုံမြို့နယ် ရဲအရာရှိများ ရောက်ရှိလာချိန်တွင်မှ လွတ်မြောက် ခဲ့ကြကြောင်း ပလာဇာ အတွင်း ဆိုင်ခန်းအချို့ရှိ မျက်မြင်များက ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်း ဖက်ရှင်ဆိုင်ပိုင်ရှင်က အမှုဖွင့်ထားသည်ကို လပြည့်ဝန်းပလာဇာ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက မသိရှိသေးကြောင်း ၄င်း၏ ရုံးဝန်ထမ်းမှတစ်ဆင့် The Voice ၏ မေးမြန်းချက်ကို စက်တင်ဘာလ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ပြန်လည် ဖြေကြားသည်။

အဆိုပါပလာဇာတွင် ရုံးခန်း၊ ဆိုင်ခန်း ငှားရမ်းသူများနှင့် ပလာဇာပိုင်ရှင် တို့အကြား မကြာခဏဆိုသလို ပြဿနာများ ဖြစ်ပွားလေ့ ရှိကြောင်း၊ ပလာဇာပိုင်ရှင်နှင့် လုံခြုံရေး ဝန်ထမ်းများသည် ငှားရမ်းသူများကို မချေမငံ ဆက်ဆံလေ့ ရှိတတ်ကြောင်း ယင်းပလာဇာတွင် ရုံးခန်းဖွင့်လှစ်ခဲ့ဖူးသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်း၏ အစွမ်း

Posted by drmyochit Friday, September 06, 2013, under | No comments

လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ရေ ချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ  သာမက ကိုယ်အလေးချိန် ကိုပါ ကျစေ ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အ ပြင် ကိုယ်ခံအား ကောင်းစေတာကြောင့် အားကစား လုပ်သူတွေ အတွက် ရေချိုး တာရဲ့ အကျိုးကို ဖော်ပြလိုက် ရပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ကောင်းခြင်း
ကိုယ်လက်လေ့ကျင့် လုပ်ပြီးတဲ့ အ ခါ ချွေးတွေထွက်တာမျိုး၊ အားကစား လုပ်တဲ့အခါ တခြားသူတွေနဲ့ ထိတွေ့ရ တာမျိုးတို့မှာ ရေချိုးပေးတာဟာလည်း တွေမှာလည်း ရေကူးပြီးတိုင်း ရေ ပြန်ချိုး ဖို့ မမေ့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရေကူးကန်တွေဟာ ရေသန့်စင်ဖို့အတွက် ကလိုရင်းဒြပ်စင်တွေ ထည့်ထားတာ ကြောင့် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးကန်က ထွက်လာတိုင်းတဘက်နဲ့ ရေသုတ်ရုံ ပြီးစလွယ် အကျင့်ကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ရှောင် သင့်ပါတယ်။

(၂) နာကျင်မှုကို သက်သာစေခြင်း
အားကစား အပြင်းအထန်လုပ်ပြီး တဲ့အခါ ကြွင်းသားတွေ နာကျင် ကိုက်ခဲ ပြီးကျန်ခဲ့တတ်ပါတယ်။ ဒါတွေကို သက် သာဖို့ ရေခဲရေနဲ့ နာနေတဲ့နေရာ တွေကို လောင်းချိုးပေးလို့ ရပါတယ်။ မနက်ပိုင်း အိပ်ရာထလို့ ကိုယ်လက်တွေ တင်းတင်း ကြီးဖြစ်နေတယ် လို့ ခံစားနေရရင်လည်း ရေနွေးနွေး လေးနဲ့ ချိုးပေးတာဟာ သွေး လည်ပတ်မှုကောင်းစေတဲ့ အပြင် ကြွက်သားနာကျင် တာလည်း လျော့နည်းစေ မှာပါ။

(၃) ကိုယ်အလေးချိန် ကျစေခြင်း
လေ့ကျင့်ခန်းတွေ လုပ်ပြီးလို့ ရေ အေးအေးနဲ့ ရေချိုးလိုက်တာဟာ ကယ် လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့ အခါ ခန္ဓာကိုယ်ကအအေးဓာတ် ခံနိုင် မယ့်အပူတွေကို ထုတ်ပေးနေရတဲ့အ တွက် ဇီဝရုပ် ဖြစ်ပျက်မှု ( Metabolism) က ၅၅၀ ရာခိုင်နှုန်းအထိ အသုံး ပြုရပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ အများအပြားလောင်ကျွမ်းသွားတာကြောင့် ကိုယ်အလေးချိန် ကျနိုင်ပါတယ်။

(၄) ကျန်းမာပြီး စိတ်ကြည်လင်နေခြင်း
လေ့ကျင့်ခန်း လုပ်တဲ့ နေရာတချို့ မှာဆို ရေချိုးတာကို လေ့ကျင့်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အားပေးထားပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့အခါ ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးနိုင်တဲ့ ဂလူတာသိုင်အုန်း (Glutathione) ဟော်မုန်းထွက် လာပြီး ခန္ဓာ ကိုယ်ကို ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ တွေ ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

အိဖြူ (ဆေးဝါးတက္ကသိုလ်)
Good Health
Ref: ရိုးရာလေး

အိန္ဒိယ စာရေးဆရာမတဦး တာလီဘန်အဖွဲ့ပစ်သတ်

Posted by drmyochit Friday, September 06, 2013, under | No comments



တာလီဘန်အကြောင်းကို ​စာအုပ် ​ရေးသားထုတ်ဝေခဲ့တဲ့ ​အိန္ဒိယအမျိုးသမီးတဦးကို ​တာလီဘန် စစ်သွေးကြွ အဖွဲ့တွေ လို့ ​ယူဆရတဲ့ ​အဖွဲ့တဖွဲ့ကနေ ​ပါကစ္စတန်မှာ ​ပစ်သတ်ခဲ့တယ်လို့ ​သိရပါတယ်။

အသက် ​၄၉နှစ်အရွယ် ​Sushmita ​Banerjee ​ဆိုတဲ့ ​စာရေးဆရာမဟာ ​၁၉၉၀ ​ပြည့်နှစ်က ​တာလီဘန်တွေ လက်ထဲကနေ ​သူမ ​ဘယ်လိုထွက်ပြေးလာခဲ့ရတယ်ဆိုတဲ့ ​အကြောင်းတွေကို ​စာအုပ်ရေးသားထုတ်ဝေခဲ့ပြီး ​အဲဒီစာအုပ် ​အတော်လေး ​ရောင်းရခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံက ​ရဲတွေရဲ့အဆိုရ ​Sushmita ​Banerjee ​ဟာ ​ပါကိစ္စတန် ​အရှေ့ဖက်ပိုင်းမှာ ​ရှိတဲ့ ​သူမရဲ့ ​အမျိုးသားနေ အိမ်ကနေ ​ဗုဒ္ဓဟူးနေ့ညမှာ ​တာလီဘန် ​စစ်သွေးကြွအဖွဲ့တွေက ​သူ့ကိုဆွဲခေါ်သွားခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီကနေပြီးတော့ ​သူ့ကို ​အချက်ပေါင်းများစွာ ​သေနတ်နဲ့ ​ပစ်သတ်ခဲ့ပြီး ​သူမရဲ့အလောင်းကို ​ဒေသထဲက ​ဘာသာရေးကျောင်းနဲ့နီးတဲ့ ​လမ်းဘေးတနေရာမှာ ​ပစ်ထားခဲ့တာဖြစ်ပါတယ်။ ​ကြာသာပတေးနေ့ ​မနက်မှာမှ ​သူ့မရဲ့အလောင်းကို ​တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Sushmita ​Banerjee ​ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်ဟာ ​(Kabuliwala’s ​Bengali ​Wife) ​လို့ ​အမည်ရပြီး ​၂၀၀၃ခုနှစ်က ​သူ့ရေးသားတဲ့စာအုပ်ကို ​Bollywood ​ရုပ်ရှင်တကားရိုက်ကူးခဲ့တယ်လို့ ​လည်းသိရပါတယ်။ ​သူအခု ​ပစ်သတ်ခံရတဲ့အကြောင်းအရင်းဟာ ​သူရေးသားခဲ့တဲ့ ​စာအုပ်ကြောင့် ​ဖြစ်နိုင်တယ်လို့ ​ရဲတွေက ​ခန့်မှန်းထားပါတယ်။

ABC Radio Australia

ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင် - Hedy Lamarr

Posted by drmyochit Friday, September 06, 2013, under | No comments


ပုံမှာ မြင်တွေ့နေရတာက မင်းသမီးတော့ မှန်ပါတယ်။ သို့ပေမယ့် အနုပညာ တစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ သူမဟာ သိပ္ပံပညာရှင် လည်း ဖြစ်ပါတယ်။

ကမ္ဘာ့အလှဆုံး သိပ္ပံပညာရှင်၊ ဥရောပရဲ့ အလှဆုံး အမျိုးသမီး လို့ မှတ်တမ်းတင်ခဲ့တဲ့ Hedy Lamarr ဟာ ၁၉၁၃၊ နိုဝင်ဘာ၉ ဖွားဖြစ်ပါတယ်။

အနုပညာ သက်တမ်း ၁၉၃၀ မှ ၁၉၅၈ ကြားမှာ အောင်မြင်မှု ယူခဲ့သလို သိပ္ပံပညာလောကမှာလည်း အောင်မြင်မှု တစ်ခုယူ ခဲ့ပါတယ်။ ဒါကတော့ ၁၉၄၀ နောင်းပိုင်းကာလ က(၁၉၄၁-၄၂) မှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တစ်ခု တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြားဖြတ်ထောက်လှမ်းလို့မရတဲ့ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်ကို အိုင်ဒီယာရပြီး အနုပညာ- ဂီတ ဖန်တီးရှင် George Antheil နဲ့ ပူးပေါင်း တီထွင်ခဲ့ ရာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ Wi-LAN စနစ်ဆိုတာ Hedy Lamarr တို့ စတင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အနုပညာလောကမှာပါ မင်းသမီးအဖြစ် သရုပ်ဆောင်နိုင် တဲ့အပြင် သိပ္ပံပညာရပ်မှာလည်း ထူးချွန်တဲ့ Hedy Lamarr ကို ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင်လို့ မှတ်တမ်း တင်ခဲ့တယ်လို့ သိရပါတယ်။
---
Ref:Wikipedia

ချစ်တတ်မှကလေးရနှင့် သားသမီးရတနာ ရစေကြောင်း နည်းလမ်းကောင်းများ

Posted by drmyochit Friday, September 06, 2013, under | No comments



ကျန်းမာရေး ပညာပေးဆောင်းပါးတွေနဲ့ စာဖတ်ပရိသတ် အခိုင်အမာရရှိထားတဲ့ သားဖွားမီးယပ်
အထူးကု ဆရာဝန် ဒေါက်တာစိုးလွင်ရဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သားသမီးရတနာ ရလိုတဲ့
မိခင် ဖခင်လောင်းတွေအတွက် ကိုယ့်ဘေးကနေ ဆရာဝန်ကောင်း တစ်ယောက်က ဆောင်ရန်
ရှောင်ရန် တွေကို အနီးကပ်လမ်းညွှန်ပေးနေသလို လက်တွေ့အသုံးတည့်နိုင်မယ့်စာအုပ် ကောင်း
တစ်အုပ်ဖြစ်ပြီး ရသစွက်တဲ့ ရေးဟန်က စာဖတ်သူကို အစကအဆုံး တိုင် ဆွဲဆောင်သွားပါ
လိမ့်မယ်။

စာအုပ်မှာ ဆောင်းပါးပေါင်း ၄၀ အထိ ကဏ္ဍစုံစုံနဲ့ ဖတ်ရှုရမှာပါ။ 'ရတနာလား ရတာနာလား'၊
'အမျိုးသားတို့ မျိုးဆက် ပွားဖို့'၊ 'မိန်းမသားတို့ မျိုးဆက်ပွားဖို့'၊ 'လို၍မရသော ရတနာ'၊ 'ချစ်
တတ်မှ ကလေးရ'၊ 'ဘယ်သောအခါ ဆရာဝန် ပြ ရမှာ'၊ 'စိတ်နေ ဘယ်လိုထားရမယ်'၊ 'အချိန်
ရှိခိုက် လုံ့လစိုက်၊ မမိုက်သင့်ပေ တို့တစ်တွေ'၊ 'မင်းသမီးမပါသော ပြဇာတ်'၊ 'ကလေးရချင်
ကျန်းမာချင်ရင် မ၀စေနဲ့ မမရေ'၊ 'ဖခင်လောင်း ဖြစ်ထိုက် မဖြစ်ထိုက်'၊ 'ဆရာဝန်နှင့် တွေ့ဆုံခြင်း'၊
'မေးပါများ စကားရ'၊ 'မကြားဝံ့ဝံ့ ကြားဝံ့ဝံ့'၊ 'မနာမကျင် အောင်မြင်စေချင်'၊ 'မနာကျင်အောင်
ကြင်နာတတ်ဖို့'၊ 'ရာသီလာမှ ကလေးရမှာလား'၊ 'မမေး မဖြစ် မေးရမည့်သားဆက်ခြားနည်းများ
အကြောင်း'၊ 'နှလုံးသားမြို့ဟောင်း တူး ဖော်ချက်'နဲ့ 'စုံစီနဖာ မေးခွန်းအဖြာဖြာ' စတဲ့ဆောင်းပါး
တွေက စာအုပ်ရှေ့ပိုင်း မှာ ပါဝင်ထားပါတယ်။

"သားသမီးရလိုသူများ၊ သားသမီးမရ သဖြင့် စိတ်ညစ်နေသူများ၊ သားသမီးမရ သဖြင့် ဇနီးမောင်နှံ
နှစ်ဦး တစ်ဦးကို တစ်ဦး အပြစ်တင်နေကြမည့်အစား ဒေါက်တာစိုးလွင်၏ ဤစာအုပ်ကိုသာ ဖတ်ရှု
ကြည့်ပါက ဆောင်ရန်ရှောင်ရန် ကိစ္စရပ်များကို သိရှိလာကြမည်ဖြစ်ပြီး သားရတနာ၊ သမီးရတနာ
လေးများနှင့် သာယာပျော်ရွှင်ဖွယ် သီရိဂေဟာလေး ဖြစ်လာပေမည်"လို့ ပါမောက္ခခင်စောလှ က
ဒီစာအုပ်ကို ညွှန်းထားသလို ကလေး လိုချင်သူ ဇနီးမောင်နှံများ၊ တက်သစ်စ ဆရာဝန်များအပြင်
အိုဂျီလုပ်လိုသူများ အတွက်လည်း စာအုပ်ကောင်းတစ်အုပ် လို့ ဆိုထားပါတယ်။

ဒီအညွှန်းကိုကြည့်လိုက်ရင်ပဲ ကလေး မရလို့ ဗျာပါရများနေရတဲ့သူတွေ မဖတ် မဖြစ် ဖတ်သင့်တဲ့
စာအုပ်လို့ ပြောရမှာ ဖြစ်သလို ကလေးလိုချင်လို့ ဆရာဝန်ဆီ ကို အားကိုးတကြီးလာပြတဲ့အခါ
သူတို့ သိချင်တဲ့မေးခွန်းတွေက တောင်ပုံရာပုံ၊ ဆရာဝန်တွေကို ကြည့်ရတာက ဘဲအုပ် က တစ်ရာ
နှစ်ရာ မဗေဒါက တစ်ပင် တည်းဆိုသလိုဖြစ်တော့ မေးခွန်းမေးဖို့ အခွင့်အရေးရဖို့က မလွယ်၊
ဒါကြောင့် သားသမီးရတနာရစေကြောင်း နည်း လမ်းကောင်းတွေကို ကိုယ်ချင်းစာနာ သောခံစား
ချက်နဲ့ ရေးသားထားကြောင်း လည်း စာရေးသူက ပြောကြားထား ပါတယ်။

စာအုပ်နောက်ပိုင်းမှာ'ကိုရွှေကျားတို့ မှန်မှန်ဖြေဖို့'၊ 'စမ်းမယ်နော် မရှက်နဲ့'၊ 'ဒီတစ်ခါ ကိုရွှေကျားတို့
အလှည့်'၊'သွေးဖောက်စစ်မယ် အပ်ကိုမကြောက်နဲ့ ကွယ်'၊ 'ဓာတ်ပုံရိုက်မယ် သုက်ကောင် လေး
တွေတန်းစီ'၊ 'သားဥလေးတွေ ကြွေ မကြွေ'၊ 'ဥပြွန်လေးတွေ ပွင့်မပွင့်'၊ 'သင့်ရာ ရွေးချယ် ဆေးကု
မယ်'၊ 'သားဥကလေး များ ကြွေစေသတည်း'၊ 'ဥပြွန်ကလေးများ ပွင့်စေသတည်း'၊ 'ယောက်ျား၏
သုက် ရည်ကို ကိုယ်စားထည့်ပေးနည်း'၊ 'အလှူခံ သုက်ကောင်ကလေးများ'၊ 'သားအိမ်ထဲ သုက်
ကောင်ကလေးတွေ တိုက်ရိုက် ထည့်နည်း'၊ 'ဖန်ပြွန်သန္ဓေသား'၊ 'ပန်း နှင်းဆီကို ၀ိုင်းရံထားသော
ဆူးချွန်များ'၊ 'ဟေ့မပြေးနဲ့ ဒီတစ်ခါ ကိုရွှေကျား အလှည့်'၊ 'ဖေဖေ မေမေတို့အတွက် ခေတ်သစ်ရဲ့
လက်ဆောင် ဒွှုင်္ွှဒ'၊ 'ကျွန်မကို သားဥလေးတွေ လှူဒါန်းကြပါ ရှင်'၊ 'အငှားကိုယ်ဝန်ဆောင်ရတယ်
ဆန်းခေါင်ထိမျိုး'နဲ့ 'ဇာတ်လမ်းတစ်ခုရဲ့ အဆုံး နိဂုံး' တို့ ပါဝင်ထားပါတယ်။

သားသမီးမရသေးသူတွေ သိလိုတဲ့၊ လိုအပ်တဲ့အချက်အလက်တွေ ပြည့်စုံစွာ ပါဝင်ထားတဲ့
ဒီစာအုပ်ကို စိုးဇင်စာပေက နေ ဒုတိယအကြိမ်အဖြစ် ၂၀၁၃၊ ဩဂုတ် မှာ အုပ်ရေ ၁,၀၀၀
ထုတ်ဝေထားပြီး တန်ဖိုး ကျပ် ၆,၀၀၀ ဖြစ်ပါတယ်။

 ဖြိုးဝေကျော် (မြန်မာတိုင်းမ်)

ဂျီယန်ယန်းဟု သတင်းများက အမည်ဖော်ပြသည့် အမျိုးသားသည် နေအိမ်ထဲတွင် ဘာဘီရုပ် (၆၀၀၀)ကျော်ကို ဖြန့်ကျက် စုဆောင်းထားခြင်းဖြစ်ပြီး နေအိမ်၏ ဧည့်ခန်း အရောင်ကိုလည်း ဘာဘီရုပ်လေးများနှင့် လိုက်ဖက်သည့် ပန်းရောင်အဖြစ် ခြယ်သထား

Posted by drmyochit Friday, September 06, 2013, under | No comments



စင်္ကာပူနိုင်ငံမှ အမျိုးသား တစ်ဦးသည် ထူးထူးခြားခြား ဝါသနာအဖြစ် ဘာဘီအရုပ်မလေး (၆၀၀၀)ကျော်ကို တယုတယ စုဆောင်းထားကြောင်း သိရှိရသည်။ ဂျီယန်ယန်းဟု သတင်းများက အမည်ဖော်ပြသည့် အမျိုးသားသည် နေအိမ်ထဲတွင် ဘာဘီရုပ် (၆၀၀၀)ကျော်ကို ဖြန့်ကျက် စုဆောင်းထားခြင်းဖြစ်ပြီး နေအိမ်၏ ဧည့်ခန်း အရောင်ကိုလည်း ဘာဘီရုပ်လေးများနှင့် လိုက်ဖက်သည့် ပန်းရောင်အဖြစ် ခြယ်သထားသည်။ အသက်(၃၃)နှစ်ရှိ ဂျီယန်သည် သေးငယ်သော အလှဆင် ပစ္စည်းလေးများကိုလည်း စုဆောင်းရန် ဝါသနာပါသော်လည်း ဘာဘီရုပ်လေးများ၏ ၎င်း၏ အသည်းစွဲ ဖြစ်လာကြောင်း သိရသည်။ ဂျီယန်သည် ဘာဘီရုပ်များ စုဆောင်းမှုကို စွဲလန်းမှု တစ်ခုသဖွယ် ရူးသွပ်ခုံမင်စွာ ပြုလုပ်နေခြင်း ဖြစ်သည်။

"ကျွန်တော့်အတွက်တော့ တော်တော် လိုက်ဖက်မှု မရှိတဲ့ ဝါသနာပါပဲ"ဟု ဂျီယန်က ရယ်ရယ်မောမောနှင့်ပင် Reutersသို့ ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော့်ကို အိမ်အပြင်ဘက်မှာ တွေ့ရင်တော့ ခုလိုပုံစံနဲ့ လူမျိုးလို့ ခင်ဗျားတို့ ဘယ်ထင်မလဲ။ ကျွန်တော့်ကို ကြည့်ရတာ အရုပ်လေးတွေ လိုက်စုတဲ့ လူနဲ့များ တူနေလို့လား"ဟုလည်း မေးခွန်းထုတ်ခဲ့သည်။ ဂျီယန်သည် အရုပ်များနှင့် ပတ်သက်လျှင် အထူးတလည် လေ့လာမှု ပြုလုပ်ပြီး ပရော်ဖက်ရှင်နယ်မြောက် ကျွမ်းကျင်သူ တစ်ဦးအဖြစ်လည်း အသိအမှတ်ပြု ခံထားရသည်။

ဂျီယန်သည် အသက်(၁၃)နှစ် အရွယ်တွင် အရုပ်ကလေးများကို စတင်စုဆောင်းတတ်လာကြောင်း သိရသည်။ "ကျွန်တော်က ယောက်ျားလေး ဆိုပေမယ့် ဘာဘီကာတွန်းလေးတွေ ကြည့်ရတာ သဘောကျခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဘာဘီရုပ်လေးတွေ မပိုင်ဆိုင်ခဲ့ပါဘူး။ အသက်နည်းနည်း ကြီးလာချိန်မှာတော့ အရုပ်လေးတွေကို ကျွန်တော့်စိတ်ကြိုက် ဝယ်ခွင့်ရလာတယ်။ နောက်တော့ ဘာဘီရုပ်လေးတွေ ကျွန်တော် စုဆောင်းဖြစ်လာပါတယ်"ဟု မှတ်မှတ်ရရ ရှင်းပြခဲ့သည်။ ၎င်းသည် အဆိုပါ အရုပ်လေးများအတွက် နှစ်ပေါင်း (၂၀)မျှ ကာလအတွင်း ဒေါ်လာ (၅)သိန်းမျှ အသုံးပြုခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။ ဘာဘီရုပ်လေးများကို (၁၉၅၉)ခုနှစ်က မြင်းကျားအရေခွံ အစင်းပုံ ရေကူးဝတ်စုံလေးများဖြင့် စတင်ဒီဇိုင်းထုတ် ရောင်းချခဲ့သည်။ ယခုအချိန်ထိ ကမ္ဘာပေါ်တွင် အရောင်မျိုးစုံ၊ ပုံသဏ္ဍန်မျိုးစုံနှင့် ဘာဘီရုပ်ပေါင်း သန်း(၁၀၀၀)ကျော် ရောင်းချပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့် ဆရာအား ဖမ်းဆီး အရေးယူ

Posted by drmyochit Friday, September 06, 2013, under | No comments

ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည် နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။

ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင်ဝက်ဘ် ဆိုက် ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူလေးများမှာ အိစ် ကိုဝက်တာအထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ် မရာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြ ရန် ဥပဒေ အရ တားမြစ်ပိတ်ပင်ထားသည်။

ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအား ကန့် ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်း ဆိုကြ သည်။

ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန် ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။

ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။

ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန် ကောင်မလေးများ” ဟု ဖော်ပြထားချက်များ အပေါ် မိဘများက အပြင်း အထန် ကန့်ကွက်ခဲ့ကြသည်။

မိဘတစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ်မျိုး ရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။

ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်းသိရသည်။

မောင်ကျော်သီဟ blog

မုဒိမ်းရဲနှင့်အတူ ပြည်သူ (၅) ဦးကို တရားစွဲ

Posted by drmyochit Friday, September 06, 2013, under | No comments


ရန်ကုန်၊ စက်တင်ဘာ ၅

ရွှေပြည်သာတံတားပေါ်တွင် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို ယင်းတံတား၌ တာဝန်ကျ ရဲတစ်ဦးက မှုဒိမ်းမှု ကျူးလွန်ခဲ့ပြီး မိန်းကလေးကို လာရောက်ကယ်သော ပြည်သူ (၅) ဦးနှင့်အတူ ၄င်းရဲကို လှိုင်သာယာ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

မ—-သည် ခင်ပွန်းဖြစ်သူနှင့် စကားများပြီး စက်တင်ဘာလ ၁ ရက် မနက် (၁) နာရီကျော်ခန့်တွင် တညင်းကုန်းရှိ မိဘများနေအိမ်သို့ ဆိုင်ကယ်ကယ်ရီငှား၍ သွားစဉ် ရွှေပြည်သာ တံတားပေါ် အရောက် ၄င်းတံတား၌ တာဝန်ကျ ဒုတပ်ကြပ်ဝင်းဌေးက ဆိုင်ကယ်ကို တားကာ ဆိုင်ကယ်ကြုံလိုက်ရန် ပြောဆိုရာမှ ကယ်ရီသမားနှင့် ရန်ဖြစ်ခဲ့ ကြသည်။

ကယ်ရီသမားမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ကျန်ရှိခဲ့သည့် မ—-သည် အဆိုပါ ရဲကင်းတွင် ရေတောင်း သောက်ရာမှ ၄င်းတာဝန်ကျ ရဲဝန်ထမ်းက အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ အဓမ်္မပြုကျင့်နေစဉ် ထွက်ပြေးသွားသော ကယ်ရီသမားအပါအ၀င် လူ (၅) ဦး ရောက်ရှိလာပြီး တာဝန်ကျ ရဲဝန်ထမ်းသုံးဦးနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည်။  ၄င်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လှိုင်သာယာရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ခဲ့ရာ နံနက်မိုးသောက်ချိန်တွင် ပါဝင်ကူညီသူ လူ (၅) ဦးအား ပြစ်မှုနှင့် မသက်ဆိုင်ဟူ၍ လွှတ်ပေးခဲ့ပြီး နောက်အချိန် အနည်းငယ်ကြာ ရဲစခန်းမှ စစ်ဆေးရန် ကျန်ရှိသည်ဟုဆိုကာ ဆိုင်ကယ်များသိမ်း၍ ယင်း (၅) ဦးကိုလည်း ရဲစခန်းမှ တရားစွဲဆိုခဲ့ကြောင်း မ—-က မြန်မာသံတော်ဆင့် သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မှုဒိမ်းမှုကျူးလွန်သူ ဒုတပ်ကြပ် ၀င်းဌေးအား လှိုင်သာယာ ရဲစခန်း၌ ပုဒ်မ (၃၇၆) (ပ)၉၈၂/၁၃ ဖြင့် တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် ထန်းတပင်မြို့နယ် သောင်ကြီးနှင့် အဖျောက်တို့မှ စခန်းမှူးသုံးဦး အဖွဲ့ဖြင့် ခုံရုံးဖွင့် စစ်ဆေး နေပြီဖြစ်ရာ လှိုင်သာယာ မြို့မရဲစခန်းက (ပ)၉၈၀/၁၃၊ ပုဒ်မ ၃၃၂/၁၁၄ ဖြင့် လည်းကောင်း၊ (ပ) ၉၈၁/၁၃၊ ပုဒ်မ ပပက၆ (၁) ဖြင့် လည်းကောင်း စစ်ဆေးလျက် ရှိသည်။

“အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်ပါတယ်””ဟူ၍ ပြစ်မှု ကျူးလွန်ခံရသော မ—- က ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က “သူကိုယ်တိုင်က ကာကွယ်ရမယ့်အစား အခုလို လုပ်တာ ခံယူချက် ကွာလို့ပါ။ တချို့ ရဲအ၀တ်အစား မ၀တ်ထားပေမယ့် ဒုက္ခရောက်ရင် ကူညီတယ်။ သူ့လုပ်ရပ်က ရဲတပ်ဖွဲ့ အားလုံးကိုတော့ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူ အဆင့်ဆင့်က သေချာစီမံပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်သင့်တယ်။ ဒါမှ နောင်ဖြစ်လာမှာ မဟုတ်တော့ ဘူး”ဟု သုံးသပ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ အချိန်နှင့်အမျှ သတင်းများ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း၊ ခုံရုံးအဖွဲ့ စစ်ဆေးမှုရလဒ်များမှ အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကို ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အခု ပြည်သူ ၅ ဦးကိုလည်း ဖမ်းထားသလို ရဲကိုလည်း ဖမ်းထားတယ်။ ခုံရုံးဖွဲ့ပြီး အဖြစ်မှန် ပေါ်ပေါက်အောင် စစ်ဆေးနေတယ်။ အဲဒီက အဖြေရလဒ် ထွက်လာတော့မှ သူ့ကို (ရဲ) လက်ရှိ ပြစ်မှုပြစ်ဒဏ်နဲ့အညီ အရေးယူရမှာမို့လို့ တစ်သက်တစ်ကျွန်းလည်း ဖြစ်နိုင်တယ်။ ပြစ်မှုအရ သူ့ပုဒ်မအလိုက် ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်။ အခု စစ်ဆေးနေတုန်းမို့ ဘာမှပြောလို့ မရသေးပါဘူး။ အခု ရဲကို ဘယ်မှာ ချုပ်ထားလဲဆိုတာ ပြောလို့ မရပါဘူး” ဟု ပြောသည်။

ချမ်းမြေ့ခိုင်
Myanmartandawsint Newspaper

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်