Sunday, September 08, 2013

သစ်သီးနှင့် သစ်သီးဖျော်ရည်က ဆီးချိုအတွက် ဆန့်ကျင်ဘက် အကျိုးသက်ရောက်

Posted by drmyochit Sunday, September 08, 2013, under | No comments


ဗြိတိန်၊ အမေရိကန်နှင့် စင်္ကာပူတို့မှ သုတေသီများ ပူးပေါင်းပြုလုပ်သော လေ့လာမှုတွင် သစ်သီးဖျော်ရည်များက ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်လာစေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။


လတ်ဆတ်သော အသီးအနှံများနှင့် ၎င်းတို့ကို အရည်ဖျော်ထားသည့် ဖျော်ရည်များသည် ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ဆန့်ကျင်ဘက် သက်ရောက်တတ်သည့် အာနိသင် ရှိနေကြောင်း သိရသည်။ သုတေသနပြု ရလဒ်များက လတ်ဆတ်သော သစ်သီးဝလံများ၊ အထူးသဖြင့် ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး အစရှိသည်တို့ကို စားသုံးခြင်းသည် Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ သို့သော်လည်း သစ်သီးဖျော်ရည် များများသောက်သည့်အခါ အဆိုပါ ကောင်းကျိုး သက်ရောက်မှုနှင့် ဆန့်ကျင်ဘက် ရလဒ်မျိုး ထွက်ပေါ်လာကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ ဗြိတိန်၊ အမေရိကန်နှင့် စင်္ကာပူတို့မှ သုတေသီများ ပူးပေါင်းပြုလုပ်သော လေ့လာမှုတွင် သစ်သီးဖျော်ရည်များက ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်လာစေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ယခုစစ်တမ်းအတွက် သူနာပြုများနှင့် အခြားသော ပရော်ဖက်ရှင်နယ် အလွတ်တမ်း သူနာပြု (၁၈၇၀၀၀)ကျော်ထံမှ ဆေးမှတ်တမ်းများကို တောင်းယူကာ လေ့လာခဲ့ခြင်း ဖြစ်သည်။ ယင်းဆေးမှတ်တမ်းတွင် ပါဝင်သူများ၏ တစ်နှစ်တာ နေထိုင် စားသောက်မှု ပုံစံများ၊ ကိုယ်လက်လှုပ်ရှားမှု အခြေအနေ၊ ဆေးလိပ်သောက်ခြင်းနှင့် အခြားသော လူနေမှု ဘဝပုံစံများကို လေ့လာခဲ့ရာ (၆.၅)ရာခိုင်နှုန်းသည် Type 2ဆီးချို ဖြစ်နိုင်ခြေ မြင့်တက်လာသည်ကို တွေ့ရှိခဲ့ရသည်။ ပျမ်းမျှအားဖြင့် ၎င်းတို့သည် သစ်သီးဖျော်ရည်များ သောက်သုံးမှုတွင် သာမန်ထက် (၂၃) ရာခိုင်နှုန်းမျှ ပိုများနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ သို့သော်လည်း လတ်လတ်ဆတ်ဆတ် သစ်သီးများ စားသုံးခြင်းကမူ ဆီးချို ဖြစ်နိုင်ခြေကို လျော့နည်းသွားစေကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်က သစ်သီးတွေဟာ ဆီးချို ခြိမ်းခြောက်မှုကို လျော့နည်းသွားစေကြောင်း ခိုင်ခိုင်မာမာ ပြသနိုင်လာခဲ့ပါတယ်"ဟု ဟားဗက်ဆေးကျောင်း၏ ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက် ပရော်ဖက်ဆာ ကွီဆန်က ပြောကြားခဲ့သည်။ သို့သော်လည်း တစ်ပတ်လျှင် ပျမ်းမျှ သစ်သီးဖျော်ရည် သုံးခွက်မျှ သောက်ဆုံးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ (၂၀)ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းသည်လည်း သတိထားသင့်သည့် တွေ့ရှိမှု တစ်ခုအဖြစ် ကွီက မှတ်ချက်ပြုခဲ့သည်။ "အစာအိမ်ကို ဖြတ်သန်းတဲ့အခါ အရည်က အစိုင်အခဲထက် ပိုမြန်ဆန်တယ်။ အာဟာရ ပြုမှုမှာလည်း ဒီသဘောတရားက တူတူပဲ"ဟု ကွီက ဆိုသည်။ ၎င်းက "ပြောရရင်တော့ သစ်သီးဖျော်ရည်တွေက သွေးကြောလေးတွေဆီကို သကြားဓာတ် စိမ့်ဝင်ဖို့ကျတော့ ပိုမြန်ပြီး ပမာဏလည်း များတယ်။ သစ်သီးတစ်လုံးစာထက် ပိုများတဲ့ အင်ဆူလင်နဲ့ ဂလူးကို့စ်ကို သစ်သီးဖျော်ရည်တွေကနေ ရရှိသွားစေတတ်တယ်လေ"ဟုလည်း ရှင်းပြသွားသည်။

Planet

အီရတ်ရှိ အမေရိကန်အကျိုးစီးပွား များကို တိုက်ခိုက်ရန် အီရန်အမိန့်ပေး

Posted by drmyochit Sunday, September 08, 2013, under | No comments



ဆီးရီးယားနိုင်ငံကို အမေရိကန်ပြည်ထောင်စု စစ်ရေးအရ တိုက်ခိုက်ပါက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန် အကျိုးစီးပွားများကို တိုက်ခိုက်ရန် အီရတ်စစ်သွေးကြွ များကို အီရန်နိုင်ငံက အမိန့်ပေးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ၏ သတင်းပေးပို့ချက်ကို ကြားဖြတ်နားထောင်ရာ မှတစ်ဆင့် အမေရိကန်အကျိုးစီးပွား များကို တိုက်ခိုက်သည့် သတင်း ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မည်သည့်ပစ်မှတ် များကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်း အမေရိကန်အရာရှိများက ထုတ်ပြန်ခြင်းမရှိပေ။


ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိ တစ်ဦးက ပြောကြားသည်။ ထို့အပြင် အီရတ်ခရီးစဉ်များကို မသွားမဖြစ်မှသာ သွားရောက်ကြရန် အမေရိကန်နိုင်ငံ သားများကို နိုင်ငံခြားရေးဝန်ကြီး ဌာနက သတိပေးထားသည်။


အီရတ်နိုင်ငံတွင်းရှိ ရှီးယိုက်စစ်သွေးကြွ အုပ်စုများထံသို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က သတင်းပေးပို့သည်ကို အမေရိကန်က ကြားဖြတ်ရယူ ခဲ့ခြင်းဖြစ်
ကြောင်းWall Street Journal တွင် ဖော်ပြထားသည်။


အဆိုပါ သတင်းပေးပို့ချက်တွင် ဆီးရီးယားနိုင်ငံကို အမေရိကန် ဝင်ရောက် တိုက်ခိုက်ပါက လက်တုံ့ပြန်နိုင်ရန် အသင့်ပြင်ထားရန် ရှီးယားစစ်သွေးကြွ အုပ်စုများကို အီရန်နိုင်ငံက အမိန့်ပေးခဲ့သည်။ အီရတ်နိုင်ငံအတွင်း အယ်လ်ကေဒါ အကြမ်းဖက် အုပ်စုနှင့် အဆက်အသွယ်ရှိသော စစ်သွေးကြွ များအပြင် လက်နက်ကိုင်အဖွဲ့ အမျိုးမျိုး တက်တက်ကြွကြွ လှုပ်ရှားနေပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်း မတည်ငြိမ်ဆုံး ကာလ ဖြစ်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံ၏ မဟာမိတ်ဆီးရီးယား နိုင်ငံကို အမေရိကန်က စစ်ရေး အရတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကြောင့် အီရတ်နိုင်ငံတွင်းရှိ အီရန်သြဇာခံ ရှီးယားစစ်သွေးကြွများကို အသင့်ပြင်ထားရန် အီရန်နိုင်ငံက အမိန့်ပေး လိုက်ခြင်းဖြစ်သည်။


The Voice

ကပွဲက ကောင်မလေးတွေ အရမ်းဟော့လို့ ခရော့ခ်ျကို ပွဲတက်ခွင့် မပေးချင်တဲ့ ကလန်စီ

Posted by drmyochit Sunday, September 08, 2013, under | No comments


ဘီဘီစီက ကျင်းပတဲ့ ကပွဲမှာ သူ့ယောကျာ်းကို သွားခွင့်မပြုနိုင်သေးဘူးလို့ အဘေးကလန်စီက ပြောထားပါတယ်။အဘေးကလန်စီဆိုတာကတော့ စတုတ်စီးတီး တိုက်စစ်မှူး ပီတာခရော့ခ်ျရဲ့ မဟေသီဖြစ်ပြီး သူကိုယ်တိုင်က နာမည်ကျော် မော်ဒယ်တစ်ဦးမို့လို့ ဒီကပွဲ စီးရီးတွေမှာ ပါဝင်မယ်လို့ တရားဝင်ပြောထားပေမယ့် ယောကျာ်းဖြစ်သူကို သ၀န်တိုတာကြောင့် ဒီပွဲတက်ခွင့်ပေးဖို့ငြိုငြင်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကျော်အနုပညာရှင်တွေ တက်ရောက်လေ့ရှိတဲ့ ဒီကပွဲဟာ စီးရီးအလိုက်ရှိနေတာဖြစ်ပြီး အင်္ဂလန်မှာ ခြိမ့်ခြိမ့်သဲ ကပွဲကြီးဖြစ်တာကြောင့် ဒီပွဲလာတက်ကြသူတွေရဲ့ ဖက်ရှင်တွေက အမိုက်စားပါပဲ။ ဒါ့ကြောင့်လည်း ကလန်စီတစ်ယောက် ခရော့ခ်ျကို ပွဲတက်ခွင့်မပေးချင်ရတာပါပဲ။ “ပီတာကို ဒီပွဲတက်ခွင့်ပေး၊ မပေးဆိုတာ မသေချာသေးပါဘူး။ ဒါပေမဲ့ ဒီပွဲကိုလာတဲ့ ကောင်မလေးတွေက အရမ်းဟော့လွန်းပါတယ်”ဆိုတဲ့ စကားမျိုးပြောခဲ့တာကြောင့် သူ့ယောကျာ်းကို သ၀န်တိုနေပြီး ပွဲတက်ခွင့် မပေးချင်နေတာတော့ သေချာပါတယ်။ဇော်ထွန်း(ရိုးရာလေး)

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က တိုင်းရင်းသား ပါတီများအား ဖိတ်ကြားခဲ့ရာ အချိန်မမီသောကြောင့် ၁၄ ဖွဲ့တွင် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ဟုဆို

Posted by drmyochit Sunday, September 08, 2013, under | No comments

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့်အတူ လာရောက်ဆွေးနွေးသော တိုင်းရင်းသားပါတီ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-NLD)

NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြားသည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက်ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် ပြောကြားသည်။

ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ၁၄ ဖွဲ့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒီနေ့ခြောက်ဖွဲ့တက်ပြီး ကျန်တဲ့အဖွဲ့တွေက နယ်ကအဖွဲ့တွေ ဖြစ်တယ်။ စောစောက တင်ပြသလို Short Notice ပဲ၊ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်လိုက်ရတာ။ တစ်ပတ်၊ ၁၀ ရက် အချိန်ယူပြီး ဖိတ်ရတာ မဟုတ်ဘူး။ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်ရလို့ပါ" ဟု ပြောကြားသည်။

NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ရရှိလာမည့် ရလဒ်များကို NLD ပါတီမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရုံးခန်းတွင် စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီမှ ဗဟိုအလုပ် အမှုဆောင်များနှင့် တိုင်းရင်းသားပါတီ ခြောက်ပါတီမှ ကိုယ်စားလှယ်များ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်မည်၊ မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ကြမည်ကို ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အားလုံးက NLD နှင့် ပူးပေါင်းညှိနှိုင်း ဆွေးနွေးပွဲများကို ထောက်ခံခဲ့ကြောင်း တွေ့ဆုံပွဲအပြီးတွင် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

"ပြည်သူ့လွှတ်တော်မှာလည်း သုံးသပ်ရေး ကော်မတီ ဖွဲ့နေတယ်။ အဲဒီကော်မတီတွေကလည်း တစ်လနှစ်လအတွင်း Report Back လုပ်တော့မှာဖြစ်လို့ ကျွန်တော်တို့မှာ အချိန်အများကြီး မရပါဘူး။ ဒါကြောင့် အပတ်စဉ် စနေနေ့တိုင်း အဖွဲ့ချုပ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ခုနစ်ဦးနဲ့ တိုင်းရင်းသား ပါတီတွေက နှစ်ဦးစီ တက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံ ထားပါတယ်။ ဒီအခြေခံ နားလည်မှုကိုလည်း သဘောတူကြပါတယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ချင်းတိုးတက်ရေးပါတီ စသည့်ခြောက်ပါတီမှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

"NLD ရော၊ အခြားပါတီတွေပါ ပြောနေကြတာက ဖက်ဒရယ်စနစ်ပဲ။ ဖက်ဒရယ်စနစ်ဆိုတာ အများကြီး ရှိတယ်။ ဘယ်လိုစနစ်မျိုး၊ ဘယ်လိုဖက်ဒရယ်လဲ။ ဒါကို ကျွန်တော်တို့က အဖြေထုတ်ဖို့ ဆွေးနွေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသား ပါတီတွေကြား တစ်စုံတစ်ရာ နားလည်မှုရအောင် ဆွေးနွေးမယ်။ အသေးစိတ်ကိုတော့ လာမယ့်စနေနေ့မှ ဆွေးနွေးမှာပါ" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောကြောင့် နောက်လာမည့် ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များတွင် ပြည်သူများသိရန် လိုအပ်သည့်အချက်များ ပါဝင်ပါက ချပြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပြည်သူများပါဝင်ပြောဆို ဆွေးနွေးနိုင်ရန် လိုအပ်သည်ဟုလည်း ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

"ပင်လုံစိတ်ဓာတ်ဆိုတာ အေးအတူပူအမျှ အတူတကွ နေထိုင်နိုင်ဖို့ဆိုတာ ဘာဥပဒေက အကောင်းဆုံးလဲ၊ ဘယ်လိုနေထိုင်မှ အကောင်းဆုံးလဲဆိုတာ အားလုံးဆွေးနွေးပြီးတော့မှ သဘောတူခဲ့တယ်။ ငြိမ်းချမ်းရေး ပြေလည်သွားမှ ဒီအခြေခံ ဥပဒေက ရေးလို့ကောင်းမယ်။ ငြိမ်းချမ်းရေး မရသေးဘဲနဲ့ ငြိမ်းချမ်းရေးအတွင်းက လူတွေကချည်းပဲ သူ့သဘောနဲ့သူ ရေးဆွဲနေမယ်ဆိုရင်တော့ အပစ်အခတ် ခံစားနေရတဲ့သူတွေရဲ့ လျှာမပါတဲ့ သဘောမျိုး ဖြစ်နေတာပေါ့" ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိက ရည်ရွယ်ချက် ခြောက်ချက်အား မည်သည့်အခါမျှ လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်းလည်း ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။

"ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ လူမျိုးစုတွေအတွက် အာမခံချက် မရှိတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြင်ဖို့အတွက် မူကြမ်းအနေနဲ့ ရေးဆွဲထားတာ ရှိတယ်။ နောက်လာမယ့် အပတ်တွေမှာ ဒီမှာပဲ တခြားတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ ပြင်ချင်တဲ့ အချက်တွေကို အကြိုဆွေးနွေးပြီး လွှတ်တော်ကိုတင်မယ်။ ပြည်သူလူထုကို ချပြမယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ လက်ခံမှုပဲ။ လက်ရှိဖွဲ့စည်းပုံကတော့ ကျွန်တော်တို့လိုချင်တဲ့ အဆင့်ကို မှုန်ဝါးဝါးပဲ ရှိတယ်" ဟု ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

Eleven

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် မူဆယ်မြို့တွင် တရားမ၀င် သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းထည်များ ဆက်တိုက်ဖမ်းဆီးရမိ

Posted by drmyochit Sunday, September 08, 2013, under | No comments

မူဆယ်မြို့တွင် ဖမ်းဆီးရရှိသည့် ကျောက်စိမ်းလက်ကောက်များကို တွေ့ရစဉ် (ဓာတ်ပုံ- အကောက်ခွန် ဦးစီးဌာန)
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် မူဆယ်မြို့တွင် ခန့်မှန်းတန်ဖိုး ကျပ်သန်း ၈၀ ကျော် တန်ဖိုးရှိ တရားမ၀င် သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းထည်များ ရက်ဆက်ဖမ်းဆီး ရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ ရရှိသော သတင်းအချက်အလက်များအရ သိရသည်။

စက်တင်ဘာ ၃ ရက်တွင် မန္တလေးမှ မူဆယ်သို့ ၀င်ရောက်လာသည့် Light Truck ယာဉ် တစ်စီးအား အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ ယာဉ်ကိုယ်ထည်၏ အောက်ဘက်ဖရိန်များတွင် အံဝှက်ပြု၍ သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော ခန့်မှန်းတန်ဖိုး ကျပ် ၄၇ သန်းခန့် တန်ဖိုးရှိ ကျောက်တုံးအရွယ်စုံ ၄၇၆ ကီလိုအား ဖမ်းဆီးနိုင်ခဲ့ပြီး ကျောက်စိမ်းတင်ဆောင်လာသည့် ယာဉ်ကိုလည်း အကောက်ခွန် ဥပေဒများအရ အရေးယူထားကြောင်း သိရသည်။

သြဂုတ် ၂၇ ရက်ကလည်း မန္တလေးမှ မူဆယ်သို့ ထွက်ခွာလာသည့် ကန်တာယာဉ်တစ်စီးအား မူဆယ်ယာဉ်ငယ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်း၏ ထိုင်ခုံနောက်ဘက်နှင့် ယာဉ်၏ပစ္စည်းမျိုးစုံထည့်သည့် Tool Box အတွင်း သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက်အကြမ်း ၂၃၀၀ ကွင်းအား တွေ့ရှိသဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ထို့အတူ သြဂုတ် ၁၂ ရက်က မန္တလေး ကျောက်ချောပူးပေါင်းစစ်ဆေးရေး စခန်းတွင် အကောက်ခွန် ဦးစီးဌာနမှ ကျောက်စိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် တရားမ၀င် သယ်ဆောင်လာသည့် ကျောက်စိမ်းနှင့် ကျောက်စိမ်းထည်များကို ဖမ်းဆီးနေစဉ်
ကျောက်ချောစခန်းတွင် ဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းများမှာ မန္တလေးမှ မူဆယ်သို့ သယ်ဆောင်သွားမည့် ကျောက်စိမ်းများဖြစ်ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၂၅ သိန်းရှိ ကျောက်စိမ်း ၁၇ ထုပ်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၈ ရက်ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်၌ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၃ သိန်းရှိ ကျောက်စိမ်းလက်ကောက် ၂၀၅၀ ကွင်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ကျောက်စိမ်းဖမ်းဆီးရမိမှု ရှစ်မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၃၈ သန်းခန့်အား ဖမ်းဆီးအရေးယူ နိုင်ခဲ့သဖြင့် သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်း ၈၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်းကို ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်၊ မိုးညှင်း ဒေသများတွင် လည်းကောင်း၊ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၌ ခန္တီးမြို့နယ်တို့တွင် လည်းကောင်း ထုတ်ယူနိုင်ကြောင်း၊ အခြားကျောက်မျက် ရတနာများကိုမူ ကချင်ပြည်နယ် နန့်ယားဆိတ်၊ မန္တလေးတိုင်း ဒေသကြီးတွင် မိုးကုတ်နှင့် ရှမ်းပြည်နယ် မိုင်းရှူးမြို့များတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် ကျောက်စိမ်းများ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းမှုများ ရှိနေကြောင်းလည်း သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။

Eleven

ကြက်သွန်ဖြူ၏ စွမ်းပကားများ

Posted by drmyochit Sunday, September 08, 2013, under | No comments

ကြက်သွန်ဖြူဟာ ဆိုလျှင် ဟင်းခတ် အမွှေးအကြိုင် များထဲတွင် တစ်အခု အပါအဝင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို စားသုံးခြင်းအားဖြင့် ဘယ်လို ရောဂါတွေကို ပျောက်ကင်းနိုင်တယ် ဆိုတာကို ရေးသားလိုက် ရပါတယ်။

၁။ သွေးတိုးရောဂါ ပျောက်ကင်းစေနိုင် ပါတယ်။

၂။ တုပ်ကွေးရောဂါဖြစ်ပါက ဟင်းချိုထဲတွင် ကြက်သွန်ဖြူများများ ထည့်ပြီး သောက်ပါ။

၃။ ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

၎။ ကိုလက်စရောကို လျော့ကျစေပါတယ်။

၅။ အနာဖြစ်ပါက ကြက်သွန်ဖြူစားပေးပါ။

၆။ လိင်အင်္ဂါရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။

၇။ ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်ပါတယ်။

၈။ သွေးလည်ပတ်မှု အတွက်လည်း ကောင်းမွန်ပါတယ်။

၉။ မျက်စိ တိမ်တွယ်ခြင်း အတွက်လည်း ကောင်းမွန်ပါတယ်။

၁၀။ ကြွက်နို့များကိုလည်း သေစေနိုင်ပါတယ်။

၁၁။ နာတာရှည် လည်ချောင်းနာခြင်း အတွက်လည်း ကောင်းပါတယ်။

၁၂။ အိပ်မပျော်သည့် ရောဂါအတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။

၁၃။ ခန္ဓာကိုယ် အတွက် ခွန်အားကိုလည်း ဖြစ်စေတာကြောင့် အားကစားသမားများ အထူးပင် စားသုံးသင့်ပါတယ်။

အထက်ပါ ရောဂါများအတွက် အထူးပင် ကောင်းမွန်သော ကြက်သွန်ဖြူကို နေ့တိုင်း စားသုံးသင့်တယ်လို့ ဆိုပါတယ်။

Ref - Health

ကျီးပင်ချောင်းတူးဖော်ရန် ချောင်းဘေးရှိ အိမ်ခြေ ၁၀၀ ကျော် အစားပြန်မရဘဲ ဖျက်သိမ်းပေးရမည်

Posted by drmyochit Sunday, September 08, 2013, under | No comments

ကျီးပင်းချောင်းနံဘေး ဘယ်ညာတွင် တည်ဆောက်ထားသော အိမ်များကို တွေ့ရစဉ်
မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ကျီးပင်ချောင်းအား ပြန်လည်တူးဖော်ရန်အတွက် ယင်းချောင်း နံဘေး တစ်လျှောက် အိမ်ခြေ ၁၀၀ ကျော်ကို အစားပြန်မရဘဲ ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျက်သိမ်းရမည့် အိမ်ခြေ ၁၀၀ ကျော်မှာ နှစ် ၆၀ ကျော် ၇၀ ခန့်နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဂ ရန်မပေါက်ကြောင်း သိရသည်။ မဟာအောင်မြေမြို့နယ်ရှိ မဟာဝိသုဒ္ဒါရုံကျောင်းတိုက်သည် နှစ်စဉ်ရေကြီးရေ လျှံဒဏ်ကို ခံရသဖြင့် စည်ပင်မှ ကြည့်ရှုစစ်ဆေးရာ ကျီးပင်ချောင်းရေစီးရေလာ ကောင်းစေရန် ပြန်လည်တူးဖော်ရမည် ဖြစ်သဖြင့် ချောင်းရိုးတလျှောက်ရှိ အိမ်များမှာ ကျူးကျော်နေထိုင်ရာမှ တဖြည်းဖြည်းနှင့် အခိုင်အမာ တည်ဆောက်လာသဖြင့် ချောင်းမှာပျောက်ကွယ်လုနီးနီး ဖြစ်နေခြင်းကြောင့် ယင်းရပ်ကွက်များတွင် ရေကြီးရေလျှံ ဒုက္ခကို ခံစားရခြင်းဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ပြောကြားသည်။

"ရွှေတချောင်းမြောင်းကနေ ကျီးပင်ချောင်းထဲ၊ အဲဒီကမှ သင်္ဂဇာချောင်းထဲကို စီးတာပါ။ အရင်ကတည်းက ဒီချောင်းက ရှိပြီးသားကို လူတွေက တစ်စစ ချောင်းဘေးမှာ ကျူးနေရင်းနေရင်း၊ ချောင်းဧရိယာက လူနေအိမ်ရှေ့က မြောင်းသာသာလောက်ပဲ ရှိတော့တာ။ အကြိမ်ကြိမ် တိုင်းတာစစ်ဆေးပြီး ချောင်းရိုးတစ်လျှောက်က နောက်ဆုတ်သင့်တဲ့အိမ်တွေ၊ အားလုံးဖျက်သိမ်းရမယ့် အိမ်တွေကိုရော အသိပေးပြီးပါပြီ" ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ဆိုသည်။

လတ်တလော ၈၉ လမ်း၊ ၃၆ နှင့် ၃၈ လမ်းကြားတစ်လျှောက် နေအိမ်များ နောက်ဆုတ်ဖျက်သိမ်းရန် အသိပေးထားကာ၊ ညောင်ကုန်း၊ နန်းအောင်မြေ အနောက်ရပ်ကွက် ပါဝင်ကာ ကျီးပင်းချောင်းရိုးအတိုင်းတစ်လျှောက် ကျန်ရှိနေသည့် ရပ်ကွက်များလည်း ပါဝင်ကြောင်း သိရသည်။ "မြရည်နန္ဒမှာ ဘူဒိုဇာနဲ့ ဖြတ်တယ်ဆိုတာ လုံးဝလူမနေဘဲ ရောင်းမှားဝယ်မှား သူတွေတောင် တန်ဖိုးနည်းအိမ်ရာဆောက်ပြီး ဦးစားပေး ရောင်းချတာမျိုးတွေ လုပ်ပေးနေပါတယ်။ ကျွန်မတို့ရပ်ကွက် သက်တမ်းက နှစ် ၅၀ ကျော်ပါပြီ။ အစားမရဘဲ ဖျက်သိမ်းရမယ့်အစား တစ်ခုခုတော့ သက်ဆိုင်ရာအနေနဲ့ စဉ်းစားပေးသင့်ပါတယ်။ ချောင်းတစ်လျှောက် အိမ်ခြေရာကျော်ပါတယ်" ဟု ပဲပုပ်တန်းတွင် နေထိုင်သူများက ပြောကြားခဲ့သည်။  

Eleven

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်

Posted by drmyochit Sunday, September 08, 2013, under | No comments

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်
မလေးရှားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေးအတွက် စက်တင်ဘာ ၉ ရက်တွင် အလုပ်သမား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် ပြုလုပ်သည့် အလုပ်သမား ၀န်ကြီးဌာန အလုပ်ရှင်အလုပ်သမား တွေဆုံပွဲအပြီး၌ ဦးမျိုးအောင်မှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အလုပ်သမား ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး အပါအ၀င် ကျွန်တော်ရယ်၊ ပြည်ထဲရေးက တာဝန်ရှိသူတွေရယ် ပါမယ်။ နောက်နိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ ပါမယ်။ အဓိကကတော့ ဟိုမှာရှိနေတဲ့ အထောက်အထားမဲ့ အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးကြမှာပါ။ ဒါနဲ့ပတ်သက်ပြီး သဘောတူညီချက် တစ်ခုရအောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နောက်ဖမ်းဆီးထားတဲ့ အလုပ်သမားတွေကို ဘယ်လိုပြစ်ဒဏ်တွေ ပေးမလဲ၊ ဒဏ်ကြေးတွေကို လျှော့ပေါ့ပေးဖို့ စသဖြင့် ဖမ်းဆီးခံရတဲ့ ကိစ္စတစ်ခုတည်း မဟုတ်ဘဲ ရေရှည်အတွက်ပါ ဆွေးနွေးကြမှာပါ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ သွားရောက်မှုတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်းလည်း သိရသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများမှ အထောက်အထားမဲ့ အလုပ်သမားများအား စက်တင်ဘာ ၁ ရက်မှစ၍ မလေးရှား အစိုးရက အထူးစီမံချက်ဖြင့် ဖမ်းဆီးကာ နေရပ်သို့ ပြန်လည်ပို့ဆောင်လျက်ရှိပြီး စက်တင်ဘာ ၄ ရက်အထိ စာရင်းများအရ အထောက်အထား မရှိသည့် မြန်မာအလုပ်သမား ၅၅၀ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

Eleven

Internet လိုင်းမလို..ဖုန်းလိုင်းမလို Wifi Network မိရုံနဲ့ဖုန်းပြော Message ပို့လို့ရမယ့် APK လေးပါ

Posted by drmyochit Sunday, September 08, 2013, under | No comments


အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင်  Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်

အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....

ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ

                                  wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့

ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်
အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့
အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ

မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ်

ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ်

....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။
(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ) :)


 Download => Dropbox / Solidfiles


From: IT helper

မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း BA-63 သေနတ်နှင့် ကျည်ဆန်များတွေ့ရှိ

Posted by drmyochit Sunday, September 08, 2013, under | No comments

မြိတ်မြို့ ဘုရားကိုင်ချောင်းအတွင်း တွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များအား စစ်ဆေးမှု ပြုလုပ်နေ စဉ်


စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြိတ်မြို့၊ ရေနံမြေနှင့် နောက်လယ်ကြားရှိ ဘုရားကိုင်ချောင်းထဲတွင် BA-63 သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။

မြိတ်တောင်နယ်၊ မြို့သစ် ၁ ရပ် ရွှေနှင်းဆီလမ်းနေ မောင်စိုးနိုင်အသက် ၁၆ နှစ်(ဘ) ဦးဝယ်မှ နံနက်ပိုင်း ဒီရေကျချိန် တံတားအောက်တွင် ပလပ်စတစ်အိတ်များ၊ သံတိုသံစများ လိုက်လံကောက်ရာတွင် ပလစ်စတစ်အိတ် အဟောင်းဖြင့် ထုပ်ထားသော လက်နက်များနှင့် ကျည်ဆန်များကို တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နံနက် ၆ နာရီကျော်လောက်မှာ တွေ့တာ။ ပလပ်စတစ်အိတ်နှင့်ထုပ်ပြီး လာပစ်ထားတဲ့ ပုံစံပဲ။ မကြာခင်မှာ ရဲတွေရောက်လာပြီး လာသိမ်းသွားတာ တွေ့ရတယ်။ ဒီချောင်းက ပင်လယ်ထဲကို စီးထွက်နေတဲ့ ချောင်းတစ်ခု ဖြစ်ပါတယ်" ဟု ရေနံမြေရပ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ချောင်းအတွင်း တွေ့ရှိခဲ့ရသည့် သေနတ်နှင့် ကျည်ဆန်များမှာ BA-63 မောင်းပြန်ရိုင်ဖယ်၊ G-3 (သေနတ်ဒင်မပါ) မောင်းတုံးစပရင်ပါသော ကိုယ်ထည်တစ်ခု၊ ကျည်ဘောက် ၆ ခု၊ ၇.၆၂ ကျည် ၂၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၁ ခု၊ G-3 သေနတ်လက်ကိုင်တစ်ခု၊ သေနတ်ဒင်ပိတ် တစ်ခုနှင့် ၉ မမကျည်အတောင့် ၂၀ ဖြစ်ကြောင်း သိရသည်။

"လာပစ်သွားတာလား ဒါမှမဟုတ် လာသိမ်းထားပြီး ရေတိုးအားကြောင့် အိတ်ပြဲပြီး လူတွေတွေ့သွားတာလားတော့ မသိဘူး။ အခုတွေ့ရတဲ့ BA-63 သေနတ်ဆိုတာ အရင်က စစ်တပ်မှာ အသုံးပြုခဲ့တဲ့ သေနတ်တွေပဲ။ ၉ မမကျည်တွေကလည်း အရာရှိတွေ အသုံးပြုတဲ့ သေနတ်ကျည်တွေဖြစ်တယ် BA-63 သေနတ်တွေကတော့ အခုခေတ်မှာ မသုံးကြတော့ဘူး" ဟု ရေကြောင်းလူငယ် စစ်သင်တန်း တက်ဖူးသူ တစ်ဦးက ပြောကြားသည်။

ပိုင်ရှင်မဲ့ ယခုတွေ့ရှိရသော လက်နက်နှင့် ကျည်ဆန်များကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် အမှတ် ၃၄၂ စက်လက်နက်ပစ္စည်းတပ်သို့ ပေးပို့အပ်နှံထားကြောင်း သိရသည်။

Eleven

Facebook ကို အလန်းဆုံး၊အမြန်ဆုံး၊နှင့် Function အစုံဆုံးသုံးနိုင်မယ့် Fast Pro V.2.1 apk

Posted by drmyochit Sunday, September 08, 2013, under | No comments


အခုကတော့ Facebook က function တွေကို အစုံအလင်သုံးနိုင်ပြီး  အလန်းဆုံး၊ အမြန်ဆုံးနှင့်သုံးနိုင်တဲ့ Fast Pro V.2.1apk လေးကို ရှာဖွေတင်ဆက်လိုက်ပါတယ်။ဓါတ်ပုံတွေကို အလျင်မြန်ဆုံး ဖော်ပြပြီး ပိုစ့်များစွာကို လည်းလျင်မြန်စွာဖော်ပြနိုင်ပါတယ်။အရမ်းကိုမြန်ပါတယ်။ကျနော်တို့ရဲ့ မြန်မာပြည်က ကွန်နက်ရှင်နှင့်တော့ အကိုက်ပေါ့။သူလုပ်ဆောင်နိုင်တာတွေကတော့
မယုံနိုင်စရာ ပါပဲ။

1.facebook account ငါးခု တောင် တစ်ပြိုင်နက်ထဲသုံးနိုင်ပါတယ်။

2.Facebook က Function ကို အစုံသုံးနိုင်ပါတယ်။Function တစ်ခုကို  သုံးမယ် ဆိုတိုင်း
ပထမဆုံးအကြိမ်မှာ Skip လား Ok လားမေးရင် Ok တွေကို သာ နှိပ်သွားလိုက်ပါ။နောက်ဆို
မပေးတော့ပါဘူး။တစ်ခါထဲပါ။

 
 3.Setting ထဲကိုဝင်ပြီး ရင် background တွေကိုစိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။အလန်းဆုံးကို
ရွေးသုံးလို့ရပါတယ်။


4.Fast Themes ကိုဝင်လိုက်ရင် Background တွေကိုစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။

4.Facebook ကသူငယ်ချင်းတွေနှင့်လည်း Chat လို့ရပြီနော်။အရင်ကမရလို့ ပြန်ဖြုတ်လိုက်တဲ့ အစ်ကိုရေ
ဒီတစ်ခါတော့ အမှန်ကန် chat လို့ရပါပြီ။

5.Page Manager မလိုပဲ ကိုယ့်ရဲ့ page တွေကနေ ပို့စ်တွေတင်နိုင်ပါတယ်။

6.Facebook ဓါတ်ပုံတွေကိုလည်း အလွယ်တစ်ကူ သိမ်းနိုင်ပါတယ်။Facebook save app မလိုပါဘူး။ဓါတ်ပုံပေါ်ကို နှိပ်လိုက်ပါ။ပြီးရင် ညာဘက်အပေါ်ဒေါင့်က Save icon လေးကို
နှိပ်ပြီး တစ်ခါတည်း Save နိုင်ပါတယ်။


7.တခြား Facebook ပေါ်က Function တွေဖြစ်တဲ့ Status like လုပ်နိုင်ခြင်း၊ Comment ပေးနိုင်ခြင်း၊ဓါတ်ပုံတွေကို Tag လုပ်နိုင်ခြင်း၊ဗွီဒီယိုတွေကိုတောင် တင်နိုင်ခြင်းနှင့် အခြား Function
တွေကို တော့ ကလိကြည့်လိုက်ကြပါတော့။ဒီတစ်ခါတော့ အမှန်တကယ် အဆင်ပြေပါပြီ။
ပို့စ်တွေကို Next icon လေးကိုနှိပ်ပြ၊ိး တစ်ခုပြိးတစ်ခု ကျော်ကြည့်နိုင်ခြင်း၊ Loading မြန်ခြင်းတွေလည်းပါ တယ်နော်။

Download Here

Saturday, September 07, 2013

မိမိ ကုန်ပစ္စည်းအတွက် ဖောက်သည် ရှာရန် အရိုးရှင်းဆုံး နည်းလမ်း ၄ခု

Posted by drmyochit Saturday, September 07, 2013, under | No comments


အချို့ အချို့ သော စီးပွားရေးလုပ်ငန်းများဟာ Customer မရှိတော့ ပုံမှန် မလည်ပတ်နိုင်ပါဘူး။ ဆိုလိုတာက Customer မရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီတော့ မိမိကုန်ပစ္စည်းအတွက် Customer ရှာဖွေနိုင်မယ့် နည်းလမ်း ယေဘုယျ နည်းလမ်း ၄ ခုကို ဖော်ပြ လိုက်ရ ပါတယ်။

1. Advertising

ကြော်ငြာရပါမယ်။ ကြော်ငြာမယ်ဆိုရင် သိထားရမှာက ငွေကြေး ခပ်များများကုန်မှ Customer သိမယ် ဆိုတဲ့ အချက်မဟုတ်ပါဘူး။ Type of Customer , Location of Customer နဲ့ Number of Customer ကို သေချာ စစ်ဆေးလို့ အသင့်တော်ဆုံးနေရာမှာ Advertise လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ ဘောလုံးကွင်း အနီးအနားမှာ အားကစားပစ္စည်း ကြော်ငြာတာမျိုး၊ နည်းပညာ ဂျာနယ်မှာ နည်းပညာ ပစ္စည်းဆိုင် ကြော်ငြာတာမျိုးတို့ ဖြစ်ပါတယ်။ ဒါတောင်မှာ ဘေလ်ဘုတ်လား၊ ပိုစတာလား၊ သတင်းစာဆောင် ကြော်ငြာလား၊ လက်ကမ်း စာဆောင်လား၊ တီဗီ ကြော်ငြာလား၊ ရေဒီယိုလား ဘယ်နည်းလမ်းက ကိုယ်လိုအပ်တဲ့ Customer အရေအတွက်ကို ရောက်စေလဲဆိုတာကို သေချာ လေ့လာထားဖို့ လိုအပ်ပါတယ်။

2. Networking and Referrals

ပန်းသတင်းလေညင်းဆောင်၊ လူသတင်း လူချင်းဆောင် ဆိုသလိုပါပဲ။ Networking and Referrals ကလည်း အင်မတန် ထိရောက်တဲ့ Customer ရရန် နည်းလမ်း ဖြစ်ပါတယ်။ ဝယ်ပြီးတဲ့ Customer တွေက တစ်ဆင့် စကား တစ်ဆင့်ပါးမယ်။ ကိုယ်နဲ့ တွဲလုပ်ဖူးတဲ့ လုပ်ငန်းရှင်တွေဆီကနေ ဆက်စပ်လို့ Customer တွေရရှိမယ်။ ၎င်းတို့မှ တစ်ဆင့်ပိုမိုကျယ်ပြန့်တဲ့ Networking ဖြစ်လာပြီး ဘေလ်ဘုတ်တင် ကြော်ငြာစရာတောင် မလိုတော့ ပါဘူး။ မြန်မာပြည်ကို ဝင်လာတဲ့ အချို့  ဈေးကြီးဆေးတွေဆိုရင် တီဗီကြော်ငြာ၊ ဘာကြော်ငြာမှ မလုပ်ပဲ Networking and Referrals ရှာဖွေတဲ့ နည်းလမ်းကိုသာ အသုံးချသွားခြင်း ဖြစ်ပါတယ်။ Customer တစ်ယောက် ရှာနိုင်ရင် Percentage ဘယ်လောက် အစရှိသဖြင့် ခွဲတမ်းချ စနစ်ကြောင့်လည်း Network ပိုလို့တောင် ကျယ်ပြန့် သွားပါတယ်။

3. Teaming up

Teaming up လုပ်ဖို့ လိုအပ်ပါတယ်။ ကုန်ပစ္စည်း ကုမ္မဏီတစ်ခုက သူ့ကုန်ပစ္စည်း အရောင်းထွက်ဖို့အတွက် နည်းအမျိုးမျိုး အသုံးပြုတဲ့အခါအမှာ မိမိ ကုန်ပစ္စည်းကို တွဲပါစေတဲ့ သဘော ဖြစ်ပါတယ်။ သို့တည်း မဟုတ် မိမိ ကုန်ပစ္စည်းကို ရောင်းချတဲ့အခါ သူ့ကုန်ပစ္စည်းကိုပါ တွဲထုတ်ပေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဥပမာ - အဝတ် ဘယ်နှစ်ထည် ဝယ်သူကို မီးဖိုချောင်သုံးဖို့ ခွက်၊ပန်းကန် ပေးခြင်း ပြုလုပ်မှုက ခွက်၊ပန်းကန်တို့ကိုလည်း တစ်ခါတည်း ရောင်းထွက်စေပါတယ်။ ဒီမှာ ဈေးသတ်မှတ်မှုအတွက် team လုပ်မယ် ကုမ္မဏီနဲ့ သေချာ တိုင်ပင်ရပါမယ်။ ကိုယ့် ပစ္စည်းကို Free ပေးမှာလား၊ Expense ဖုန်းလောက် ပြန်ရ စေမလား အစရှိသဖြင့် တိုင်ပင်ပြီး တစ်ဖက်က ကုန်ပစ္စည်းကို ဈေးနည်းနည်းတင်ခိုင်းလိုက်တာမျိုး သို့မဟုတ် တွဲဝယ်ရင် ဒီတစ်ဈေး အစရှိသဖြင့် သတ်မှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ကုန်တိုက်အချို့ မှာ ကားကံစမ်းမဲ ဖောက်ပေးနေတာ တွေ့နိုင်ပါတယ်။

4. Strategic Alliances

မဟာမိတ်ဖွဲ့ဖို့ ဖြစ်ပါတယ်။ ဥပမာ ကိုယ်က Web Design နဲ့ Graphic Design လုပ်တာဆိုရင် ကြော်ငြာ အေဂျင်စီ တစ်ခုနဲ့ မဟာမိတ်ဖွဲ့ထားဖို့ လိုအပ်ပါတယ်။ သူ့ဘက်က Customer ရရင် ကိုယ်နဲ့ ပေါင်းလုပ်မယ်။ ကိုယ့် ဘက်က Customer ရရင် သူနဲ့ ပေါင်းလုပ်မယ် အစရှိသဖြင့် အချင်းချင်း အပြန်အလှန် Refer လုပ်ခြင်း ဖြင့်လည်း Customer ရရှိစေပါတယ်။

ဒီလောက်ဆိုရင် စီးပွား စွန့်ဦးကြိုးစားတည်ထောင်နေသူတို့ Customer ရှာဖွေလို့ရမယ့် ယေဘုယျ နည်းလမ်းကို သိရှိပြီလို့ မျော်လင့်ပါတယ်။
.
Ref: entrepreneur.com
အောင်ခမ်း (TSJ team)
TechSpace Journal

၉၆၉ အမှတ်တံဆိပ် အသုံးပြု လှုပ်ရှားမှုများသည် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ စည်းမျဉ်းဥပဒေများနှင့်မညီဟုဆို

Posted by drmyochit Saturday, September 07, 2013, under | No comments


ဗုဒ္ဓဘာသာ၏ အမှတ်တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန်ရက်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့်မရှိကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်သည်။

အဆိုပါညွှန်ကြားလွှာကို သြဂုတ် ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များသို့ ပေးပို့ထားသည်ဟု သိရသည်။
““အဲဒီစာ မရောက်သေးဘူး။ နာယကဆရာတော်ကြီးတွေဆီလည်း ရောက်တာမကြားသေးဘူး။ ဟိုတစ်ခါ တိုင်းဝန်ကြီးချုပ်ပို့တဲ့ အခမ်းအနားလုပ်ရင် နှစ်ပတ်ကြိုအသိပေးရမယ်ဆိုတဲ့စာတော့ ရတယ်။ ဘုန်းကြီးတို့ကတော့ ဘာသာရေးပဲလုပ်တာ၊ နိုင်ငံရေးမလုပ်ဘူး။ ငြိမ်းချမ်းစွာပဲ ဆောင်ရွက်တယ်။ အကြမ်းမဖက်ဘူး။ ထိပ်တိုက်ရင်ဆိုင်တာမလုပ်ဘူး။ ၉၆၉ ဆိုတာက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက ပေါ်တာ။ နံပါတ်သင်္ကေတကတော့ အခုမှလုပ်တာပေါ့။ ဘုန်းကြီးတို့ လှုပ်ရှားမှုတွေက အမြဲတမ်း ငြိမ်းချမ်းစွာပဲ။ သက်ဆိုင်သူ ၀န်ကြီးတွေကိုတွေ့ရင် ရှင်းပြချင်ပါတယ်”” ဟု ဆရာတော်ဦးကေသရ(ထေရ၀ါဒဓမ္မကွန်ရက်)က မိန့် ကြားသည်။
ဇူလိုင် ၁၅ ရက်တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီဒုတိယအစည်းအဝေးမှ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၉၆၉ သာသနပါလက ဂဏ၀ါစကနှင့် သံဃာ့ကွန်ရက်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုကို လိုအပ်သလို သြ၀ါဒပေးနိုင်ပါရန် လျှောက်ထားတင်ပြလာမှုအပေါ် ညွှန်ကြားချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။
သံဃမဟာနာယကအဖွဲ့ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း အခန်း ၂၊ အပိုဒ် ၄၊ ၅၊ ၈ အရ လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အခန်း ၂၊ အပိုဒ် ၃၊ ၅ နှင့် အခန်း ၃ အပိုဒ် ၈၊ ၉ တို့အရလည်းကောင်း ညွှန်ကြားလွှာ ၈၁ အရ လည်းကောင်း ထိုကဲ့သို့ ဖွဲ့စည်းပိုင်ခွင့်မရှိခြင်းဖြစ်ကြောင်း ညွှန်ကြားလွှာတွင် ဖော်ပြထားသည်။

၉၆၉ အမှတ်တံဆိပ်နှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ အသုံးပြုလာကြပြီးနောက် အဆိုပါအမှတ်တံဆိပ်သင်္ကေတကို ဗုဒ္ဓသာသနာတော် ညှိုးနွမ်းစေမည့်နေရာဌာနများတွင် အသုံးမပြုရန် ဇွန် ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲ၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း လှုံ့ဆော်မှုများပြုလုပ်နေသော ၉၆၉ လှုပ်ရှားသူအဖွဲ့များကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လအတွင်းက အမေရိကန်နိုင်ငံသို့  သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

7day daily

iPad အတွက် Writing app ၁၀ မျိုး

Posted by drmyochit Saturday, September 07, 2013, under | No comments



Editorial ($4.99)

Editorial ဟာ iPad writing app တွေထဲက အကောင်းဆုံး app တစ်ခုလို့ ဆိုနိုင်ပါတယ်။ Pythonista ဖန်တီးသူ Ole Moritz က ရေးဆွဲထားတာဖြစ်ပြီး ၎င်းမှာ Mark down နဲ့ Python scripting တို့ကို ထောက်ပံ့ပေးထားပါတယ်။ Built-in browser ပါဝင်ပြီး အသုံးပြုလိုတဲ့အခါ ဘေးဘက်ကနေ swipe လုပ်ပြီး သုံးနိုင်ပါတယ်။ Document တွေကို Dropbox folder မှာ သိုလှောင် သိမ်းဆည်းထားနိုင်ပါ တယ်။ နောက်ပြီး Mark down ကို ရေးသားခြင်းနဲ့ လိုအပ်တဲ့ special character တွေအတွက် Smart Keyboard တစ်ခုလည်း ပါဝင်ပါတယ်။

Quip (free)

Facebook နည်းပညာအရာရှိချုပ် ဘရတ်တေလာရဲ့ Quip ကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်မယ့် writing app တစ်ခု ဖြစ်ပါတယ်။ Quip မှာ word processor နဲ့ messaging system တို့ကို ပေါင်းစပ်ထားတာကြောင့် thread များကို ဖန်တီးပြီး ဆွေးနွေးခြင်း၊ document များ ပြင်ဆင်တည်းဖြတ်ခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Quip app ဟာ version 1.1 သာ ရှိသေးတာကြောင့် အချို့သော feature တွေပါဝင်လာခြင်း မရှိသေးပါဘူး။

Pages ($9.99)

Apple ရဲ့ Pages app ကလည်း ရွေးချယ် အသုံးပြုသင့်တဲ့ app တစ်ခု ဖြစ်ပါတယ်။ Writing app တွေထဲမှာ ဈေးအကြီးဆုံး ဖြစ်ပေမယ့်လည်း Pages ဟာ fully-feature document creator တစ်ခု ဖြစ်ပါတယ်။ Pages ကို iOS, iClound နဲ့ Mac version Pages တို့မှာ ပေါင်းစပ် ထည့်သွင်းထားပါတယ်။ iCloud နဲ့ အသုံးပြုနိုင်တာကြောင့် ဘယ်နေရာကနေမဆို ဖိုင်တွေကို ပြင်ဆင်ခြင်း၊ ဖန်တီးခြင်း၊ ကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ Retina display ပါတဲ့ iPad ပေါ်ကနေ အသုံးပြုတဲ့ အခါမှာလည်း အရာအားလုံးကို ထူးကဲကောင်းမွန်စွာနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Pages ကို စာရိုက်ရုံသာမကဘဲ ဂရပ်ဖစ်များ၊ ဇယားကွက်များ ပါဝင်တဲ့ page တစ်ခုကို ပြင်ဆင် ပြုလုပ်နိုင်ပါတယ်။

Day One ($4.99)

Day One ကတော့ weather, markdown, Foursquare အထောက်အပံ့ စတဲ့ ဆွဲဆောင်မှုရှိတဲ့ အပိုဆောင်း feature တွေ ပါဝင်တဲ့ journal app တစ်ခု ဖြစ်ပါတယ်။ ဘဝမှာ အမှတ်ရစရာ အချက်အလက်တွေကို ပြန်လည် ကြည့်ရှုနိုင်ရန်အတွက် ရည်ရွယ်ထားတဲ့ app ဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်ရစရာ ဓာတ်ပုံတွေ၊ ပွဲတွေကို ထည့်သွင်းပြီး iCloud နဲ့ Dropbox ကို သုံးကာ iPhone နဲ့ iPad တို့မှာ sync ပြုလုပ်နိုင်ပါတယ်။

Phraseology ($3.99)

Phraseology ကလည်း စာပေါ်က cursor navigation အားနည်းချက်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြုလုပ်ထားပြီး စာများကို အလွယ်တကူ select လုပ်နိုင်ရန်အတွက် အလွယ်တကူ သုံးနိုင်တဲ့ keyboard ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် cut နဲ့ paste တို့ထက် အလွယ်တကူ ပြုလုပ်နိုင်မယ့် drag and drop interface ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ အသုံးပြုတဲ့အခါမှာ မျက်စိကို ပိတ်ထားပြီး အသုံးပြုနိုင်ပါတယ်။ Interface နဲ့ editing feature တွေ မပါဝင်ပေမယ့်လည်း iPad ပေါ်မှာ စာရိုက်တဲ့အခါမှာ iPad ကို လုံးဝ ကြည့်စရာမလိုဘဲ စာလုံးတွေကို တိကျစွာ ရိုက်နိုင်ပါတယ်။

Evernote (free)

Evernote ကတော့ အလွယ်တကူ အသုံးပြုနိုင်မယ့် အခမဲ့ app ဖြစ်ပါတယ်။ မှတ်စုများ ရေးမှတ်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ to-do list များ ဖန်တီးခြင်း၊ အသံများကို ဖမ်းယူခြင်း စတာတွေကို ပြုလုပ်နိုင်ပြီး device အားလုံးမှာ ပြုလုပ်ထားသမျှကို မှတ်သားပေးနိုင်တဲ့ app ဖြစ်ပါတယ်။ ဒါ့အပြင် ရေးမှတ်ထားတဲ့ မှတ်စုတွေကို ဘယ်နေရာမှမဆို ပြန်လည် ရှာဖွေနိုင်ပါတယ်။

Penultimate (free)

Penultimate app ကတော့ iPad ပေါ်မှာ မှတ်စုတွေကို လက်ရေးနဲ့ ရေးသားနိုင်မယ့် အခမဲ့ app ဖြစ်ပါတယ်။ စာရွက်ပေါ်မှာ လက်ရေးနဲ့ရေးတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ မှတ်စုများ ရေးသားခြင်း၊ ပုံကြမ်းများ ရေးဆွဲခြင်းတို့ကို ပြုလုပ်နိုင်ပြီး ရေးမှတ်ထားသမျှကို ဝေမျှမှု ပြုလုပ်နိုင်ပါတယ်။

iA Writer ($0.99)

iPhonန နဲ့ iPad ပေါ်မှာ စာရေးသားမှု ပြုလုပ်နိုင်မယ့် app ဖြစ်ပါတယ်။ Formatting setting တွေ ပါဝင်ခြင်း မရှိပေမယ့် markdown file format ကို ထောက်ပံ့ပေးထားပါတယ်။ ရေးသားထားတာတွေကို Mac, iPad နဲ့ iPhone တို့အကြား sync လုပ်နိုင်ပါတယ်။

Blogsy ($4.99)

Blogging platform အားလုံးနီးပါးကို အထောက်အပံ့ ပေးထားတဲ့ writing app ဖြစ်ပါတယ်။ WordPress, Blogger, TypePad, Movable Type, Joomla, Drupal, IBm Connections, Tumblr, Squarespace နဲ့ MetaWeblog တို့လို နာမည်ကျော် platform တွေကို အထောက်အပံ့ ပေးပါတယ်။ Pull-in browser, swipe to HTML mode အပြင် Photos, Flickr, Picasa, Instagram, Facebook, YouTube, Vimeo တို့မှ drag-and- drop multimedia support စတဲ့ feature တွေ ပါဝင်ပါတယ်။ Markdown ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

ဘမ္ဘီ
From: Myanmar Mobile

မြန်မာပြည်ရဲ့ ပထမဦးဆုံး Hacking Magzine (မြန်မာလို) (6.3MB)

Posted by drmyochit Saturday, September 07, 2013, under | 1 comment


 အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ သူငယ်ချင်းတို့အားလုံးအတွက် မြန်မာပြည်ရဲ့ ပထမဦးဆုံး Hacking Magzine လေးတင်ပေးလိုက်ပါတယ်။ စာအုပ်ရေးသားထုတ်ဝေတဲ့ Ghost Area ကိုလည်း အထူးကျေးဇူးတင်ရှိ ပါတယ်။  Hackers နှင့် Hacking ဆိုတာဘာလဲဆိုတာသိရအောင်နှင့် ဘာတွေကို Hack ပြထားသလဲဆိုတာ
သိရအောင် ဒေါင်းလုပ်ဆွဲပြီး ဖတ်ကြည့်လိုက်ပါဗျာ။ အားလုံးပဲ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ခင်မင်လျှက်........


Download=>> Link 1, Link 2

From: Pyae Phyo

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်