Monday, September 09, 2013

ကျိုင်းလပ်မြို့နယ်ခွဲ၌ ဗုံးသီး ၂၆၅ လုံးနှင့် ကိုးလုံးကျည် ၁၂ တောင့် အပါအ၀င် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Posted by drmyochit Monday, September 09, 2013, under | No comments


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် မူးယစ်ဆေးဝါးများအပါအ၀င် ဗုံးသီး ၂၆၅လုံး နှင့် ကိုးလုံးကျည် ၁၂ တောင့် အား တရားခံနှင့်အတူ စက်တင်ဘာလ ၅ ရက်နေ့က တာချီလိတ်မူး ယစ်(အထူးအဖွဲ့)မှ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

ကျိုင်းလပ်မြို့နယ်ခွဲရှိ ကျေးရွာတစ်ရွာရှိ နေအိမ်တစ်အိမ်အား တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင် သော ပူးပေါင်းအဖွဲ့တို့က သတင်းရရှိမှုကြောင့် ၀င်ရောက်ရှာဖွေစစ်ဆေးကြရာ ကဖင်း ၃၀ ကီလို၊ ၄၀ မမ ဗုံးသီး ၂၆၅လုံး၊ အေကေ ၄၇ ကျည် ၁၀၀၀ တောင့် နှင့် ကျည်အိမ် ၆ခု တို့အား ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဆက်လက်၍ ဦးအားxxxxx၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ဦးအားxxxxxx၏ ဇနီးဖြစ်သူ ဒေါ်လိုxxxxx အားတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား အကြေ ၁၅ ဂရမ်၊ ဘိန်းစိမ်း ၈၀ ဂရမ် နှင့် ကိုးလုံးကျည် ၁၂ တောင့်တို့အား တွေ့ရှိရ၍ တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါး/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသော တရားခံ အသက် ၂၆ နှစ်ရှိ အိုက်xxxxxx အား ကျိုင်းလပ်ရဲစခန်း မယ(ပ)၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ) အရ လည်းကောင်း၊ အသက် ၄၁ နှစ်ရှိ ဒေါ်လိုxxxxx နှင့် တိမ်းရှောင်လျက်ရှိသူ အသက် ၄၂ နှစ်ရှိ ဦးအားxxxxx တို့အား ကျိုင်းလပ်ရဲစခန်း မယ(ပ) ၄/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ လည်းကောင်း ဆက်လက်၍ အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။

Tachileik Online News

လျှပ်စစ်ပစ္စည်း အရောင်း Center တစ်ခုတွင် အလုပ် လာလျှောက်သူအား ကပြခိုင်းခဲ့

Posted by drmyochit Monday, September 09, 2013, under | No comments


England နိုင်ငံCardiff မြို့မှာရှိတဲ့ Currys Megastore အမည်ရှိ လျှပ်စစ် ပစ္စည်းအရောင်း Center မှာ အလုပ်interview ဖြေဖို့ လာလျှောက်တဲ့ လူကို ကပြခိုင်းခဲ့တယ်လို့ သိရပါတယ်။ ကပြခဲ့ရတဲ့ သူကတော့ မှတ်တမ်းရုပ်ရှင်နဲ့ ရုပ်ရှင် အစီအစဉ်ရိုက်ကူရေး ဘွဲ့ရရှိထားတဲ့ အသက်နှစ် ဆယ်အရွယ် Alan Bacon ဖြစ်ပါတယ်။

Alan Bacon ဟာ ကျောင်းပြီးတဲ့အချိန်ကတည်း က Camera တွေကိုတပ် ဆင်လုပ်ကိုင်ရတဲ့အလုပ်တွေကို ၀ါသနာထုံခဲ့သူတစ်ယောက်လည်းဖြစ်ပါ တယ်။ ဒါ့ကြောင့် Currys Megastore မှာအလုပ်ဝင်လျှောက်ခဲ့ တာဖြစ်တယ် လို့ Alan Bacon ကဆိုပါတယ်။ အလုပ်Interview မရောက်ခင် တစ်ပတ် အလိုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ခဲ့ပေမယ့် တကယ် Interview နေ့မှာတော့ ဘာအစွမ်းအစကိုမှပြသ ခွင့်မရပဲ ကပြ ရုံသက် သက်နဲ့သာပြန်လာရတဲ့အတွက် အရမ်းရှက်မိ ပါတယ်လို့ Bacon က BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ကပြခိုင်းတဲ့အပြုအမှုကိုလုပ်မိခဲ့တဲ့ Currys Megastore ကတာဝန်ရှိ သူတွေကလည်း Bacon ကို ပြုလုပ်ခိုင်း ခဲ့တဲ့လုပ်ရပ် ဟာလုပ်ငန်းနဲ့လုံး ၀မသက်ဆိုင်ကြောင်းပြောင်းဆိုပြီး Bacon ကို အတိအလင်းလူ သိရှင် ကြားတောင်းပန်ခဲ့တယ်လို့လည်း BBC သတင်းထဲမှာဖော်ပြထားပါတယ်။ Bacon ဟာအလုပ်ရရှိဖို့ အရမ်းကိုလိုအပ်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး အလုပ်ရှာရခက်ကြောင်းကိုလည်း BBC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ကပြခဲ့တဲ့ Bacon ရဲ့ Video အစအဆုံးကိုကြည့်ချင်ရင်တော့ အောက် က Link ကိုနှိပ်ပြီး Youtube ကတဆင့်ကြည့်နိုင်ပါတယ်။

Youtube တွင် ကြည့်ရန်

Ref: BBC World News

Y220T INSECURE Boot Image(Y220T ကို Root ကြမယ်)

Posted by drmyochit Monday, September 09, 2013, under | No comments


Y220T တွေကို Flash မလုပ်ရင်
ဘယ် Root tools နဲ့လုပ်လုပ်မရပါဘူး။
အခုတင်ပေးလိုက်တဲ့ Y220T INSECURE Boot Image
သုံးလိုက်ရင်ကြိုက်တာနဲ့
ROOTဖေါက်လို့ ရပါပြီ။
 (၁) Y220T INSECURE Boot Image ကိုဒေါင်းပါ။
(၂) ResearchDownload                       ကိုဒေါင်းပါ။
(၃) Driver                                           ကိုဒေါင်းပါ။

အားလုံးဒေါင်းပြီး zip ဖြေပါ။
1။Driver ကိုအရင် install လုပ်ပါ။
2။ResearchDownload  ကိုဖွင့်ပြီး ResearchDownload\Bin\ResearchDownload ကို
   ဖွင့်ပါ။
3။စက်သွားပုံတစ်ခုထည်းပါတဲ့(Load Packet)ကိုနှိတ်ပြီး SHWES(SALINGYI)Y220T INSECURE Boot     Image.pac ကိုရွေးပါ။
ပြီးရင် Play(Start Downloading) နှိတ်ပါ။
4။Driver သိပြီးရင် စက်ကိုပိတ်ပါ။ဘက်ထရီဖြုတ်ပါ။ပြီးရင်ပြန်တတ်ပါ။စက်မဖွင့်ပါနဲ့။
5။Volume(-) အသံတိုးခလုပ် ကိုနှိတ်ပြီး USB ကြိုးကိုတတ်လိုက်ပါ။
အလိုအလျှောက် အလုပ်လုပ်သွားပြီး Pass ဆိုရင် ကြိုးဖြုတ်၊ဘက်ထရီဖြုတ်ပါ။ပြီးရင်ပြန်တတ်ပါ။
စက်ကိုပြန်ဖွင့်ပြီး ကြိုက်တဲ့ ROOT TOOL နဲ့ROOT ပေတော့ ဗျို့။
Credit => www.itsuboo.blogspot.com

Razer Game Booster v3.7.0 beta

Posted by drmyochit Monday, September 09, 2013, under | No comments


Game Booster ဆိုရင်တော်တော်များများသိမှာ 7ရက်နေ့စွဲနဲ့ အပ်ဒိတ်လေးထွက်လာလို့ပါ
ကွန်ပျူတာမှာ ဂိမ်းကစားတဲ့ အကိုတွေ ညီတွေအတွက်
မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်လေး ကစားနိုင်အောင် အထောက်ပံပေးမယ် ဆောစ့်ဝဲလ်လေးပါ
သူက Free Bata ဗားရှင်းဖြစ်ပါတယ်

http://www.freenew.net/windows/game-booster-3-1/544431.htm/ မှာဒေါင်းနိုင်ပါတယ်

တားဆေး Marvelon (မာဗယ်လွန်) အကြောင်း သိကောင်းစရာ....

Posted by drmyochit Monday, September 09, 2013, under | 3 comments



ဆရာရှင့် သမီး Mevalon 28 ကို ၂ နှစ်လောက် သောက်ခဲ့ပါတယ်။ အရင်လက ၅ ရက်နေ့မှာ ရာသီစလာ ပါတယ်။ အဲဒီနောက် ဆေးမသောက်ဘဲ ဖြတ်လိုက်ပါတယ်။ အမျိုးသားကလည်း နိုင်ငံခြားထွက်သွားလို့ပါ။ အခု ၉ ရက်နေ့ စက်တင်ဘာလအထိ ရာသီမလာလို့ပါဆရာ။ တားဆေးတွေသောက်ပြီး ဖြတ်လိုက်ရင် မလာဘဲဖြစ်တတ်ပါသလား။ ဘာဆေးသောက်ရပါမလဲဆရာ။ မလာတာက ဘယ်နှစ်လလောက် မလာဘဲ နေပါသလဲဆရာ။

• Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။
• Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။
• Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံ အတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက် နေကြရက် အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တ ပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်း တခုခုသုံး ပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက် သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ် ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနား ပိုးဝင်။

WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေ မှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လ အတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက်တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင် သလဲ။
• ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးတွဲပါ စားဆေး သုံးစွဲထားတဲ့ အမျိုးသမီးတွေကို ဆေးဖြတ်ပြီးနောက် ကလေးရနိုင်ခြေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ အများကြီးလုပ်ထားတယ်။
• ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက် လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူ ထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။
• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေ အုံးမယ်။ တချို့ တနှစ်လောက် စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်ေ နသေးအုံးမယ်။ ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။
• တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင် တယ်။

ဒေါက်တာတင့်ဆွေ

ဆီးရီးယားကိစ္စမှာ ကုလရဲ့ ဆုံးဖြတ်ချက်ရဖို့ ကန်အစိုးရ ဆက်ကြိုးစားမယ်

Posted by drmyochit Monday, September 09, 2013, under | No comments

ဆီးရီးယား ​နိုင်ငံ ​အစိုးရက ​ဓါတုလက်နက် ​သုံးစွဲခဲ့တာနဲ့ ​ပတ်သက်ပြီး၊ ​ကုလသမဂ္ဂ ​လုံခြုံရေးကောင်စီကနေ ​ဆုံးဖြတ်ချက်ရဖို့အတွက် ​အမေရိကန်က ​နောက်ထပ် ​ကြိုးစားသွားမယ်လို့ ​ဆိုပါတယ်။

အာရပ် ​နိုင်ငံများက ​နိုင်ငံခြားရေး ​ဝန်ကြီးများနဲ့ ​တွေ့ဆုံ ​အပြီး ​အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီး  ​John ​Kerry ​က ​ဆီးရီးယား ​နိုင်ငံအုပ်ချုပ်မှု ​ခေါင်းဆောင်တွေ ​အပေါ် ​အရေးယူ ​တိုက်ခိုက်ဖို့ ​ထောက်ခံမှုတွေ ​ပိုပြီး ​များလာနေပြီလို့ ​ဆိုပါတယ်။

John ​Kerry ​က ​ဓါတုလက်နက် ​အသုံးပြု ​ခြင်းနဲ့ ​ပတ်သက်တဲ့ ​စံထားမှု ​ပေါ် ​ထိန်းသိမ်းရေးအတွက် ​အရေးယူလိုတာဖြစ်ပြီး  ​ဆီးရီးယား ​နိုင်ငံတွင်းက ​ပြည်တွင်းစစ်မှာ ​ဝင်ရောက်ပါဝင် ​သိမ်းပိုက်မှုကို ​ရယူဖို့ ​အတွက် ​မဟုတ်ဘူးလို့ ​ဆိုပါတယ်။

ဆီးကီးယား ​သမ္မတ ​Bashar ​al-Assad ​ကတော့ ​ဓါတုလက်နက်သုံးစွဲမှုမှာ ​သူ့ ​အနေနဲ့ ​ပါဝင်ပတ်သက်မှု ​မရှိဘူးလို့ ​အမေရိကန် ​သတင်းမီဒီယာတွေကို ​ပြောပြခဲ့ပါတယ်။
အဲ့ဒါ့အပြင် ​ဓါတုစစ်လက်နက်အသုံးချရာမှာ ​သူ့ ​အနေနဲ့ ​ပါဝင်ပါတယ်ဆိုတဲ့ ​သက်သေ ​အထောက်အထားတွေကို ​ထုတ်ဖေါ်ပြဖို့ ​စိန်ခေါ်ခဲ့ပါတယ်။

ဆီးရီးယား ​နိုင်ငံကို ​ဝင်ရောက်တိုက်ခိုက်ဖို့ ​အမေရိကန် ​သမ္မတ ​Barack ​Obama ​ကလဲ ​အမေရိကန်ပြည်သူတွေရဲ့ထောက်ခံချက် ​ရရှိဖို့ ​သတင်းမီဒီယာ ​တွေမှာ ​တွေ့ဆုံဆွေးနွှေး ​ပွဲတွေ ​ပြုလုပ်သွားမယ်လို့ ​သိရပါတယ်။

 ABC Radio Australia

ဆီးရီးယားအဆိပ်ငွေ့သုံးမှု ကမ္ဘာ့စည်းချိုးဖေါက်ခြင်းဖြစ်

Posted by drmyochit Monday, September 09, 2013, under | No comments

အမေရိကန်ကာကွယ်ရေးဝန်ကြီး John Kerry talks (ယာ) နှင့် အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးချုပ် Nabil Elaraby တို့ ပဲရစ္စ်မြို့မှာတွေ့ဆုံစဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၃)
Bashar al-Assad အစိုးရ ဓာတုလက်နက်သုံးစွဲမှု ရပ်သွားအောင် အမေရိကန်ဦးဆောင်ပြီး လေကြောင်းကနေ တိုက်ခိုက်ဖို့ပြင်ဆင်နေတာဟာ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက ဆီးရီးယားပြည်တွင်းစစ်ကို ဝင်တိုက်ဖို့ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောလိုက်ပါတယ်။

ဆီးရီးယားအစိုးရအပေါ်ဆန့်ကျင်သူတွေ အဓိက နေထိုင်တဲ့ Damascus မြို့ရပ်ကွက်အပေါ် August ၂၁ ရက်နေ့က တိုက်ခိုက်ခဲ့မှုဟာ နိုင်ငံတကာမှာ တားမြစ်ထားတဲ့ စည်းကို ကျော်လိုက်တာပဲဖြစ်တယ်လို့ သူကပြောပါတယ်။ ပြင်သစ်နိုင်ငံ Paris မြို့တော်မှာ အာရပ်နိုင်ငံများအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ဆီးရီးယားအရေး ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့အပြီး သတင်းစာရှင်းပွဲမှာ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားအစိုးရအပေါ် စစ်ရေးအရတိုက်ခိုက်မှာကို အမေရိကန်ပြည်သူတွေနဲ့ လွှတ်တော်က ထောက်ခံအောင် ကလေး ၄၀၀ ကျော်ပါဝင်တဲ့ လူပေါင်း ၁ ထောင့် ၄ ရာကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု Video ကို အမေရိကန်အစိုးရက ဖြန့်ဝေမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဲဒီ Video တွေထဲမှာ တိုက်ခိုက်မှုကြောင့် လူတွေ၊ ကလေးငယ်တွေ သေဆုံးကြတာဖြစ်လို့ အမေရိကန်အနေနဲ့ လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အမေရိကန်ဦးဆောင်မဲ့ လေကြောင်းတိုက်ခိုက်မှုကို အကူအညီပေး မပေးဆိုတာ လာမဲ့ ၂၄ နာရီအတွင်းမှာ အာရပ်နိုင်ငံတွေက အဆုံးအဖြတ် ပေးလိမ့်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Kerry ကပြောပါတယ်။

ဆီးရီးယားနဲ့ပတ်သက်တဲ့ လျှို့ဝှက်ရှင်းလင်းချက်ကို လွှတ်တော်မှာ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ လုပ်ဖို့ အစီအစဉ်ရှိပါတယ်ရှင်။

VOA

အဓိကရုဏ်း ဖြစ်စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေရကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦဥာဏ်ဝင်း ပြောကြား

Posted by drmyochit Monday, September 09, 2013, under | No comments

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်
လက်ရှိအစိုးရ သက်တမ်းကာလ အတွင်း ဖြစ်ပွားနေသော အဓိကရုဏ်း ဖြစ်စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေး ဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ စက်တင်ဘာ ၆ ရက်က ပြုလုပ်သော အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး လက်ရှိ ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ NLD ဗဟိုအလုပ် အမှုဆောင်များအကြား ဆွေးနွေးမှုများ ရှိသလားဟူသော မီဒီယာများ၏ မေးမြန်းသည့်အပေါ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ထည့်ပြီး ဆွေးနွေးတယ် ဆိုတာထက် အမြင် ပြောတာရှိတယ်။ ကျွန်တော်တို့ အမြင်ကတော့ အဲဒီ Communal Crisis တွေဟာ သဘာဝအတိုင်း ဖြစ်တာမဟုတ်ဘူး။ သဘာဝမကျသော တိုက်တွန်းမှု၊ မမြင်ရသော လက်တွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘယ်သူလဲလို့တော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ သိရင်တော့ ပြောမှာပေါ့။ ဒီကိစ္စတွေက ဒီလိုပါဆိုတာ ဆွေးနွေးတယ်။ အားလုံးက သဘောတူတယ်။ ဒါသူ့သဘာဝအတိုင်း အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတာ မဟုတ်ဘူး။ ဖြစ်အောင် ဖန်တီးနေတာ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ သဘောတူကြတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

ကျွန်တော်တို့ အမြင်ကတော့ အဲဒီ Communal Crisis တွေဟာ သဘာဝအတိုင်း ဖြစ်တာမဟုတ်ဘူး။ သဘာဝမကျသော တိုက်တွန်းမှု၊ မမြင်ရသော လက်တွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘယ်သူလဲလို့တော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ သိရင်တော့ ပြောမှာပေါ့။ ဒီကိစ္စတွေက ဒီလိုပါဆိုတာ ဆွေးနွေးတယ်။ အားလုံးက သဘောတူတယ်...



၂၀၁၂ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသမီး ငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ အစပြုကာ ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းနှင့် အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များအတွင်း ၂၁၁ ဦး သေဆုံးကာ ၂၇၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့နောက် ၂၀၁၃ ခုနှစ် မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် သာမန်ဈေး အရောင်းအ၀ယ် ပြုလုပ်ရာမှ စကားများ ရန်ဖြစ်မှုအပေါ် လူစုလူဝေးနှင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်မှ စကာ နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်း၊ လယ်ဝေး၊ ပုဗ္ဗသီရိ စသည့် မြို့နယ်များ၊ မန္တလေးတိုင်း ဒေသကြီးနယ်မြေ ၀မ်းတွင်း၊ သာစည်၊ ရမည်းသင်း စသည့်မြို့နယ်များနှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းရှိ မြို့နယ်အချို့သို့ ကူးစက်ပြန့်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များ ကြောင့်လည်း သံဃာတစ်ပါး အပါအ၀င် ၄၃ ဦး သေဆုံးခဲ့ကာ ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး ယင်းဖြစ်စဉ်များ အားလုံး ဒေသခံ ပြည်သူများအပြင် အခြားဒေသခံများ မဟုတ်သည့်သူများ ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်ကွယ်မှ လှုံ့ဆော်မှုများ ရှိသည်ဟု ဒေသခံများ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းအချို့မှ သုံးသပ်မှုများလည်း ရှိခဲ့သည်။

မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်ကြောင့် အိမ်ရာများ စွန့်ခွာထွက်ပြေး လာကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ထို့ပြင် ၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဆွမ်းခံကြွ ကိုရင်တစ်ပါးအား စက်ဘီးဖြင့် ၀င်တိုက်မိရာမှ အစပြုပြီး ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သော ဖြစ်စဉ်၊ ၂၀၁၃ ခုနှစ် မေ ၂၈ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် တိုင်းရင်းသူတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုကြောင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ ရှိခဲ့သော ပဋိပက္ခဖြစ်စဉ် များတွင်လည်း နောက်ကွယ်မှ မျက်နှာစိမ်းများ ပါဝင်ပတ်သက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ယခုနောက်ဆုံးအကြိမ် ဖြစ်ပွားထားသော ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ အစပြု ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင်လည်း လှုံ့ဆော်ဖန်တီးသူများ ရှိသည်ဟု ဒေသခံများက သုံးသပ်ခဲ့ပြီး ယင်းကဲ့သို့ လှုံ့ဆော်မှု ရှိ၊ မရှိ ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းထားပြီး ဗဟိုကော်မတီ လုပ်ငန်းတာဝန်များတွင် နောက်ကွယ်မှ ကြိုးကိုင်သူများရှိပါက ဖော်ထုတ်ရန် ပါဝင်ကြောင်းနှင့် လက်ရှိတွင် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၂၉ ရက်က ပြောကြားထားသည်။

Eleven

ယခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ များပြားလာပြီး ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာ

Posted by drmyochit Monday, September 09, 2013, under | No comments

စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ်တွင် အသည်းကင်ဆာ ခံစားနေရသူ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသည့် နေရာအား မိသားစုဝင် တစ်ဦးက ပြနေစဉ်
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွား လာပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုတွင် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာကြောင်း သိရသည်။

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်စဉ်အများစုမှာ ဆွဲကြိုးချ သေဆုံးခြင်း၊ အဆိပ်သောက် သေ ဆုံးခြင်း၊ တိုက်ပေါ်မှ ခုန်ချခြင်း၊ ဓားဖြင့်ထိုးခြင်း၊ ရေထဲခုန်ချခြင်း စသည့် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် သေကြောင်း ကြံစည်မှုများ ပြုလုပ်နေကြောင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအရ သိရသည်။

မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှု ဖြစ်စဉ်များအနက် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့မှာ စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ အသက် ၅၂ နှစ်အရွယ် ကထိက တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်(၅)ရပ်ကွက်၊ ရွှေအုန်းပင် အိမ်ရာရှိ နေအိမ်တွင် အမြင့်ရှစ်ပေရှိ ထုပ်တန်းမှ လုံးပတ်ငါးမူးခန့် ရှိသည့် နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သတ်သေမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ ရန်ကင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်ဇော်က ''အဲဒီ ဆရာက တက္ကသိုလ်ဝင်တန်း ဖြေတုန်းက ဂုဏ်ထူးငါးဘာသာနဲ့ အောင်ခဲ့တယ်။ ဒါပေမယ့် အမှတ်ပေါင်းက ဆေးတက္ကသိုလ်တက်ဖို့ မမှီခဲ့လို့ သွားဘက်ဆိုင်ရာ တက္ကသိုလ်ပဲ တက်ခဲ့ရတယ်။ ဒီစိတ်တစ်ခုနဲ့ စိတ်ကျရောဂါ စွဲကပ်ပြီးတော့ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ အခုစစ်ဆေးချက်အရ အကြမ်းဖျင်း သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ဆက်လက် စစ်ဆေးနေပါတယ်'' ဟု စက်တင်ဘာ ၇ ရက် ညနေပိုင်းက ပြောကြားသည်။

ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့ မိမိကိုယ်ကိုယ်မိမိ သတ်သေရခြင်းနှင့် ပတ်သက်၍ ရန်ကင်းမြို့မ ရဲစခန်းမှူးက ဆက်လက်၍ ''ကျွန်တော့်အနေနဲ့ သုံးသပ်ရရင်တော့ စီးပွားရေး မပြေလည်မှုတွေ၊ လိုအင်ဆန္ဒ မပြည့်ဝမှုတွေ၊ တစ်ယောက်တည်း နေထိုင်ပြီး မိသားစုဘ၀ မရှိဘဲ ပြန်လည်ဖေးမမှု မရှိတဲ့ သူတွေမှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်နေတာကို တွေ့ရတယ်။ ရဲတပ်ကြပ် တစ်ဦးကလည်း အရင်လတုန်းက စီးပွားရေး အဆင်မပြေလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးတယ်'' ဟု သုံးသပ် ပြောကြားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ် မာန်ပြေ ၃ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၅၀ အရွယ်ရှိ အမျိုးသား တစ်ဦးမှာ အသည်းကင်ဆာ ဖြစ်ပွားမှုကြောင့် နေအိမ်တွင် တစ်ဦးတည်း ရှိနေခိုက်၌ ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ၏ ညီဖြစ်သူ ကိုဝင်းနိုင်က ''ကျွန်တော့်အစ်ကို အသည်းကင်ဆာ ဖြစ်တာက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကလို့ ပြောလို့ရတယ်။ သူကျန်းမာရေး အခြေအနေကြောင့် ငွေကတော့ တော်တော်ကုန်ခဲ့တယ်။ အိမ်ဂရန် ပေါင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း သူစိတ်မကောင်းဖြစ်လို့ ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တယ်လို့လည်း ထင်ပါတယ်'' ဟု ဆိုသည်။

ယင်းဖြစ်စဉ်ကို သာကေတ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ပြည်တွင်း၌ မိမိကိုယ်ကိုယ်မိမိ အဆုံးစီရင်မှု များပြားလာခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက ''ဒီလိုဖြစ်စဉ်တွေမှာ ဖြစ်လာတာ မကောင်းဘူးလို့ မြင်တယ်။ လူတစ်ယောက်ရဲ့ အနေအထားက ဖြစ်တည်လာဖို့ဆိုတာ ဘာသာရေးအရ ကြည့်မယ်ဆိုရင် အင်မတန် ရခဲပါတယ်။ နောက်ပြီး ကျွန်တော့် ခရိုင်ထဲမှာ ဆိုရင် ဆရာဝန်တွေက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ ဒီဖြစ်စဉ်တွေက ဘာကြောင့် အဖြစ်များလာတာလဲ ဆိုတာကလည်း ပြောဖို့ အင်မတန်ခက်တဲ့ အနေအထားပါ'' ဟု ပြောကြားသည်။

ပြောင်းလဲလာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် စိတ်ရောဂါတွေ အဖြစ်များလာပါတယ်။ စားဝတ်နေရေး အတွက် လူတွေက အရင်ကထက် ပိုရုန်းကန်နေရတယ်။ အရင်က မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးရဲ့ လုပ်စာတစ်ခုတည်းနဲ့ လုံလောက်ပေမယ့် အခုခေတ်မှာ မိသားစု တစ်စုလုံးနီးပါး အလုပ်လုပ်ရတယ်...



ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ဘော်ဒါဆောင် တစ်ခုတွင် ရတနာပုံ နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦးမှ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက် ညနေပိုင်းက နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း သိရသည်။

ကြိုးဆွဲချ သေဆုံးခဲ့သူသည် ၀ါဆိုလပြည့် ကျောင်းပိတ်ရက်နေ အိမ်မှ ပြန်လာစဉ် အခြားမည်သူနှင့်မှ စကားပြောဆိုခြင်း မရှိဘဲ အခင်းဖြစ်နေ့တွင် ကျောင်းမတက်ဘဲ အခန်းတံခါးအား ပိတ်ထားသောကြောင့် သူငယ်ချင်းဖြစ်သူက ကျောင်းမှအပြန် သတိထားမိပြီး အခန်းတံခါးအား ဖွင့်ကြည့်ရာမှ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ၏ အခန်းတွင်းမှ လက်ရေးမူဖြင့် ရေးသားထားသည့် မှုခင်းဇာတ်လမ်း စာအုပ်နှစ်အုပ်အား တွေ့ရှိခဲ့ရပြီး သေဆုံးသူသည် ပတ်ဝန်းကျင်ဖြင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားဖူးကြောင်း ရဲစစ်ချက်အရ သိရသည်။

စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ''ဆေးရုံကိုလာပြီး ဆေးကုသမှု ခံယူနေရတဲ့ လူနာအများစုက ပြဿနာ အကြောင်းရင်း တစ်ခုတည်းနဲ့ လာတာရှားတယ်။ အကြောင်းရင်း ပေါင်းစုံနဲ့ ရောက်လာတာ များပါတယ်။ ဥပမာ-ကင်ဆာရောဂါ ခံစားနေရတဲ့သူ တစ်ယောက်က အိမ်ထောင်ဦးစီး ဖြစ်နေမယ်ဆိုရင် သူ့မိသားစု အရေးကို ပူပန်ရတာနဲ့ နောက်ဆက်တွဲ စိတ်ကျရောဂါ ဖြစ်လာမယ်။ ဖြစ်လာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ မနေရင် စိတ်ကျရောဂါ ဖြစ်မှာပဲ။ အချို့တွေကတော့ ဆေးရုံမရောက်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ တွေရှိတယ်။ ပြောင်းလဲလာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် စိတ်ရောဂါတွေ အဖြစ်များလာပါတယ်။ စားဝတ်နေရေး အတွက် လူတွေက အရင်ကထက် ပိုရုန်းကန်နေရတယ်။ အရင်က မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးရဲ့ လုပ်စာတစ်ခုတည်းနဲ့ လုံလောက်ပေမယ့် အခုခေတ်မှာ မိသားစု တစ်စုလုံးနီးပါး အလုပ်လုပ်ရတယ်'' ဟု ဇူလိုင်လ အတွင်းက သုံးသပ် ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆေးတက္ကသိုလ် ၂ တွင် ကထိက တာဝန် ထမ်းဆောင်နေသည့် အသက် ၄၀ နှစ်အရွယ် အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးသည် စက်တင်ဘာ ၃ ရက်က ၎င်းနေထိုင်ရာ နေအိမ်အတွင်း ခုတင်ဘေး ကြမ်းပြင်တွင် လက်ကောက်ဝတ် နေရာ၌ ဆေးထိုးအပ် တန်းလန်းဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သေဆုံးမှုမှာ မိမိကိုယ်ကိုယ် မိမိသတ်သေသည်ဟု ကနဦး စစ်ဆေးချက်အရ အတည်ပြုထားပြီး မည်သို့သောနည်းဖြင့် သတ်သေခဲ့သည်ကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ အမှုပေါင်း ၇၆ မှု ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် ဆွဲကြိုးချသေဆုံးမှု ၁၁၂ မှု၊ ၂၀၁၂ ခုနှစ်တွင် ၁၂၁ မှု ရှိခဲ့ကြောင်း သိရပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်းနှင့် ထိုသို့ မိမိကိုယ်ကိုယ် သက်သေသူများမှာ စိတ်ကယောင်ချောက်ချား ဖြစ်သူများ၊ ကုသ၍ မရသော ရောဂါရှင်များ၊ စီးပွားရေးလုပ်ငန်း မပြေလည်များ၊ စိတ်ကျ ဝေဒနာ ခံစားနေရသူများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Eleven

Sunday, September 08, 2013

“အမျိုးစောင့်ဥပဒေနှင့် ထိမ်းမြားဥပဒေမတူပါ”

Posted by drmyochit Sunday, September 08, 2013, under | No comments


Aung Myo Htet အကောင့်အမည်နှင့် မေးထားတဲ့မေးခွန်းတွေပါ။ သူမေးခွန်းကို ဖတ်ကြည့်ပြီးမှ အဖြေကိုဖတ်ကြည့်ပါ။

အရှင်ဝီရသူ အစစ်ဟုယူဆ၍ မေးလျှောက်ခွင့်ပြုပါ။ မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေလိုမျိုး အမျိုးသမီးတွေ အခွင့်အရေးကို ကာကွယ်ပေးနိုင်မဲ့ ဥပဒေမျိုးနဲ့ပတ်သက်ပြီး ဥပဒေပညာရှင် ဦးကျော်ဇေယျက မရှိဘူး လိုအပ်တယ်။

နောက်တစ်ယောက်ကလဲ လိုအပ်တယ်။ အင်းစိန်ရွာမဆရာတော်ကြီးကလဲ မရှိသေးဘူးလို့ ပြောပါတယ်။ ဆရာမောင်သွေးချွန်ကလဲ ဓလေ့ထုံးတမ်းဆိုပေမဲ့ တကယ်တမ်း ဥပဒေအရာမဝင်ဘူးလို့ ပြောပါတယ်။
တစ်ဖက်မှာလဲ ဦးကိုနီက အလားတူဗုဒ္ဓဘာသာအမျိုးသမီးကို ကာကွယ်ပေးမဲ့ ဥပဒေမျိုးရှိပြီးသားလို့ ပြောပါတယ်။

အခြားတစ်ယောက်ကလဲ ဒီလိုပဲပြောပါတယ်။ ဂျာနယ်တွေမှာ အရှင်ဘုရားတွေ့ပြီးဖြစ်မှာပါ။ ဗုဒ္ဓဘာသာ မိန်းမက ဘာသာခြားယူလဲ ဘာသာခြားက သူ့ဘာသာ ထုံးစံကို ကျင့်သုံးခွင့်မရှိဘူး။ ဗုဒ္ဓဘာသာနိုင်ငံမို့ ဗုဒ္ဓဘာသာမိန်းမက ဘာသာတူချင်းယူလို့ရတဲ့ အခွင့်အရေးတိုင်းပဲ ခံစားခွင့်ရှိတယ်တဲ့ ဥပဒေရှိပြီးသားပါတဲ့။ ဒါကြောင့် ဘယ်ဟာအမှန်လဲဆိုတာ စာတွေ့ရော လက်တွေ့ပါမရှောင် မလွှဲပြတ်ပြတ်သားသား သိချင်ပါတယ် ဘုရား။

တစ်နည်းနည်းနဲ့ အရှင်ဘုရား Page ကနေဖြစ်ဖြစ် ပြန်လည်ဖြေကြားပေးစေချင်ပါတယ်ဘုရား။ တပည့်တော် အလွန် သိချင်နေပါတယ်။ အောင်မျိုးထက် ဗမာ/ဗုဒ္ဓ ဆရာဝန် နော်ပြည်တော် ကျန်းမာရေးဝန်ကြီးဌာန။

ဖုန်း=09-2301938
အမျိုးစောင့်ဥပဒေ အမှန်တကယ် လိုအပ်တာပါ။ သာမန်လိုအပ်တာတောင် မဟုတ်ဘူး။ မရှိမဖြစ် လိုအပ်နေတာပါ။ ဒီဥပဒေပေါ်ပေါက်ဖို့ တစ်စိုက်မတ်မတ် ကြိုးစားလာခဲ့တာ ၂၀၀၁ ခုနှစ်ကတည်းကပါ။ ဦးဝီရသူရဲ့ အိပ်မက်လို့ ဆိုနိုင်ပါတယ်။

ဥပမာပြောမယ်။

ဥယျာဉ်လေးခုရှိတယ်။ အသေးလေးကတစ်ခု၊ အလတ်စားကနှစ်ခု၊ အကြီးကြီးကတစ်ခုပါ။
အသေးနှင့် အလတ်နှစ်ခုက ဝန်းနံရံရှိတယ်။ ခြံလုံတယ်။ အန္တရာယ်ကင်းတယ်။ ဥယျာဉ်အကြီးကြီးက ခြံခတ်မထားဘူး။ ဒါကြောင့် သဘာဝပန်းအလှတွေလည်း နေ့စဉ်နှင့်အမျှ အဖျက်ဆီးခံနေရတယ်။ အပြစ်မဲ့ သမင်းလေးတွေလည်း မျိုးသုဉ်းတော့မည့်အခြေအနေရောက်နေတယ်။
နှစ်ပေါင်းရာချီ ခြံမခတ်ဘဲ ရိုးရာမပျက် ဆက်ထားမှာလား....? စားပေါက်ပိတ်မှာ မလိုလားသူတွေရဲ့ မလိုလားမှုတွေကို ထည့်မတွက်ဘဲ ခြံခတ်မှာလား.....?

ဆက်ထားမြဲထားရင်တော့ ကိုယ့်ခြံဟာ သူများခြံဖြစ်သွားမှာနော်။ သဘာဝသယံဇာတတွေ အဖျက်ခံရမှာနော်။ အဖိုးတန်ရတနာလေးတွေ မျိုးသုဉ်းပျောက်ကွယ်သွားမှာနော်။
ဒါက ဥပမာကို ပြောပြတာပါ။

1954 ဥပဒေက ဘာသာခြားနှင့်ရတဲ့ အိမ်ရှင်မတွေရဲ့ အမွေဆက်ခံမှု အခွင့်အရေးကိုသာ အကာအကွယ်ပေးထားတာပါ။ လင်သေတဲ့အခါ မယား (ဗမာ/ဗုဒ္ဓ) အမွေခံစားခွင့်မရတာမျိုး မဖြစ်လေအောင် အကာအကွယ်ပေးထားတဲ့ ဥပဒေသာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေကျတော့ ဗုဒ္ဓဘာသာယောင်ဆောင်ပြီး အယုံသွင်းခံရတာမျိုး၊ သက်ငယ်မိန်းကလေး တွေ မာယာကျော့ကွင်း အဆင်ခံရတာမျိုး၊ လူမသိ၊ သူမသိ ဘာသာကူးပြောင်း လိုက်ရတာမျိုး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတာမျိုး စတာတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေပါ။
ဗုဒ္ဓဘာသာအမျိုးသမီးများကို အကာအကွယ်ပေးမယ့် အလားတူ ဥပဒေမျိုးရှိပြီးသားလို့ ပြောတဲ့ ဦးကိုနီက အစ္စလာမ်ဘာသာဝင် မူဆလင် ရှေ့နေကြီးတစ်ယောက်ပါ။ NLD ရဲ့ ဥပဒေ အမှုဆောင် အကြံပေး အရာရှိကြီးပေါ့။

ဒီလိုလူတွေရဲ့ အကြံပြုချက်တွေကြောင့်ပဲ ချစ်သူကနေ ချဉ်သူဖြစ်မှာ စိုးရိမ်နေတာပါ။

ဦးပဉ္ဇင်းဝီရသူ (မစိုးရိမ်)
Wira Thu

ခင်ဝင့်ဝါ ရဲ့ ဓါတ်ပုံ Album

Posted by drmyochit Sunday, September 08, 2013, under | No comments






































ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးတစ်လျှောက် နေအိမ်အချို့ရေနစ်မြုပ်

Posted by drmyochit Sunday, September 08, 2013, under | No comments


သီပေါ၊ စက်တင်ဘာ ၈။

ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာမှုကြောင့် သီပေါမြို့ ကမ်းပါးတစ်လျှောက် နေအိမ်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သောကြောင့် ကမ်းပါးနံဘေး နေထိုင်သူများ မိမိတို့နှင့် နီးစပ်သည့် ဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း ၎င်းတို့က ပြောကြသည်။

“ရေတက်လာလို့ အိမ်အချို့ကိုယ့် အစီအစဉ်နဲ့ကိုယ် ဖျက်ထားကြရတယ်။ လောလောဆယ်တော့ နီးစပ်ရာအသိအိမ်၊ ဆွေမျိုးသားချင်း အိမ်တွေမှာပဲ နေနေကြရတယ်။ စားတော့လည်း ကိုယ့်အသိ အိမ်မှာပဲ ပေါင်းစားကြပေါ့”ဟု မြစ်ကမ်းပါးဘေးတွင် နေထိုင်သော မုံရွာမြို့မှ လာရောက်ဈေးရောင်းသည့် ဈေးသည်တစ်ဦးက ပြောသည်။

လက်ရှိတွင် မြစ်ရေမှာ အနည်းငယ်ပြန်လည်ကျဆင်းစ ပြုနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောကြသည်။ ရေနစ်မြုပ်သည့် ကမ်းပါးဘေး ရပ်ကွက်မှာ သီပေါမြို့ အတွင်းရှိ ဈေးရပ်ကွက်တွင် အဓိကဖြစ်ကြောင်း ဆုံးရှုံးမှု မရှိသေးကြောင်း သိရှိရသည်။

“ရေက (၈) ရက်နေ့ည (၁)နာရီကနေ စတက်လာတာ မနက်ကျတော့ ပိုဆိုးလာတယ်။ ပစ္စည်းတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့ပြီးတော့ ထားလိုက်ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တွေကတော့ သတိပေးတာမျိုးတွေ လုပ်နေပါတယ်”ဟု သီပေါဒေသခံတစ်ဦးမှ ပြောသည်။

ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာရခြင်းမှာ သီပေါအထက်ပိုင်း မြို့များဖြစ်သည့် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူမြို့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းခြင်းကြောင့် ဖြစ်ကြောင်း နှစ်စဉ်ယခုကဲ့သို့ ရေတက်သော်လည်း ယခုလောက်ထိ ဆိုးရွားမှု မရှိဘဲ ယခုအကြိမ်မှာ တတိယအကြိမ် ရေမြင့်တက် လာခြင်းဖြစ်ကာ အနည်းငယ် ဆိုးရွားမှု ရှိလာကြောင်း သီပေါဒေသခံတစ်ဦးက ပြောသည်။

ရေပိုမိုတက်လာပါက အဆင်သင့် ရွှေ့ပြောင်းနိုင်ရန် စက်လှေများ၊ မီးသတ်တပ်ဖွဲ့များအား အသင့်အနေအထားဖြင့် စီစဉ်ပေးထားပြီ အလှည့်ကျ ကင်းချထားပါကြောင်း ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

သီပေါမြို့ ဒုဋ္ဌ၀တီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၆၀၀) သတ်မှတ်ထားပြီး လက်ရှိတွင် မြစ်ရေ၏ ရေအမှတ်မှာ (၄၀၀)တွင် ရောက်ရှိနေပြီဖြစ်ကြောင်း မိုးဆက်တိုက် ထပ်မံရွာသွန်းပါက စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း တာဝန်ရှိသူအချို့ထံမှ သိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်