Tuesday, September 10, 2013

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ

Posted by drmyochit Tuesday, September 10, 2013, under | No comments


Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန် ပါတယ်။

Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ကိုလက်စထရောအဆင့်လျှော့ချနိုင်ခြင်း

ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက် ကိုလက်စထရော အဆင့် အနည်းငယ် မြင့်မားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်)အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေ နည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူတွေလည်း ရရှိနိုင်ပါတယ်။

အစာခြေစနစ်ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို သက်သာနိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှု အသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ် အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာ သက်သာနိုင်ကြောင်း လေ့လာမှုအသိရပါတယ်။

ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း

နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိသူတွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့်နည်းသွားကာ၊ ဓာတ်မတည့်မှုတုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်လာတာကို British မှသုတေသနပြုသူတွေ တွေ့ရှိခဲ့ပါတယ်။

အာယု

ရွှေကူမြို့တွင် လူသတ်မှုဖြစ်ပွားခဲ့ရာ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

Posted by drmyochit Tuesday, September 10, 2013, under | No comments


ရွှေကူ   စက်တင်ဘာ   ၉

ဗန်းမော်ခရိုင် ရွှေကူမြို့နယ် တောပုန်းကျေးရွာတွင် (၁၅ နှစ်)အရွယ် မိန်ကလေးတစ်ဦး  စက်တင်ဘာ ၂  ရက် မွန်းလွဲ ၁၂ နာရီခွဲက အသတ်ခံရသဖြင့် ရွှေကူမြို့မရဲစခန်းက အမှုဖွင့်ခဲ့သည်။ အသတ်ခံရသူသည် စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရွာမှ တစ်ဦးတည်းထွက်လာပြီး ည ၁ဝ နာရီခန့်အထိ နေအိမ်သို့ပြန်မလာသဖြင့် ဖခင်ဖြစ်သူနှင့်ရွာသားများက ဝိုင်းဝန်းရှာဖွေကြရာ လယ်တောအတွင်း ဓားဒဏ်ရာများဖြင့်  သေဆုံးနေသည်ကို  တွေ့ရှိရသည့်အတွက် ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့်နေရာသို့    ချက်ချင်းသွားရောက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ၎င်း၏ဦးလေးနှစ်ဝမ်းကွဲတော်သူက သတ်ဖြတ်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး   ဝိုင်းဝန်းပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ အမှုတိုင်တန်းပြီး လေးနာရီအကြာတွင် ပြစ်မှုကျူးလွန်သူ ကြာခိုင်(၄၅ နှစ်) တောပုန်းကျေးရွာနေသူကို ကျေးရွာ၏ အနောက်ဘက်ခြောက်မိုင်ခန့်အကွာ   မိုးလဲကွင်း ဖိုးလုံး၏ လယ်စောင့်တဲအနောက်ဘက် ကိုင်းတောတွင် ဖမ်းဆီးရမိသည်။

ဆက်လက်စစ်ဆေးခဲ့ရာ ကြာခိုင်က ပြစ်မှုကျူးလွန်ပုံ၊ ကျူးလွန်နည်းနှင့်   သက်သေခံဓားတို့ကို သက်သေများရှေ့တွင် လိုက်လံပြသပေးအပ်ခဲ့သဖြင့် ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး အမှုကိုအခိုင်အမာတည်ဆောက်ကာ တရားစွဲတင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
   
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

Windows 32-bit, 64-bitတွေ အတွက်MSE Anti-Virus Update

Posted by drmyochit Tuesday, September 10, 2013, under | No comments


ကွန်ပျူတာတွေမှာ လုံခြုံရေးအတွက် သုံးတဲ့ Anti-Virusဆိုတာ အမြဲUpdateဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လူသုံးများပြီး ပေါ့ပါးတဲ့ Anti-Virusတစ်ခု ဖြစ်တဲ့ MSE(Microsoft Security Essential)ရဲ့ Updateဗားရှင်း တစ်ခုကို တင်ဆက်ပေးလိုက် ပါတယ်။ မနေ့ကမှ ထွက်လာတာ ဖြစ်ပြီး ဒီနေရာမှာ အလွယ်တကူ ဒေါင်းလုဒ် ရယူနိုင်မှာပါ။ Windows 32-bit, 64-bitနှစ်မျိုးလုံး အတွက် စီစဉ်ပေးထားပြီး လူကြိုက်များ၊ အသုံးများတဲ့ Anti-Virusတစ်ခု ဖြစ်ပါတယ်။

Windows 32-bit, 64-bitနှစ်မျိုးလုံး အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစား 79.1MBရှိပါတယ်။ Microsoftက ထုတ်လုပ်ဖြန့်ချိတဲ့ Freewareတစ်ခုလည်း ဖြစ်ပါတယ်။ ကွန်ပျူတာမှာ MSEတင်ထားပြီး Out Of Dateဖြစ်နေတဲ့ သူတွေ အလွယ်တကူ ဒေါင်းလုဒ်ရယူ အသုံးပြု နိုင်ပါတယ်။

From: ICT

သမ္မတကြီး ကယ်မှ မြန်မာနိုင်ငံသား ၂၅ ဦး ဆော်ဒီမှ ပြည်တော် ပြန်နိုင်မည်

Posted by drmyochit Tuesday, September 10, 2013, under | No comments

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား အလုပ်သမား ၂၅ ဦး၏ ပြည်တော်ပြန်ရေးမှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ဂရုဏာရှေ့ထား သနားမှသာ ပြည်တော်သို့ ပြန်နိုင်ကြတော့မည်ဟု သူတို့က ဆိုသည်။

၂ နှစ် နှင့် ၉ လတိုင်တိုင် ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) မရှိ၊ တစ်စုံတစ်ရာ အထောက်အထား စာရွက်စာတန်း မရှိဘဲ ဖမ်းဆီးခံရမည်ကို ကြောက်ကာ အိမ်ထဲတွင် ခိုအောင်းနေထိုင်နေကြသော ဆော်ဒီနိုင်ငံရောက် မြန်မာ နိုင်ငံသား ၂၅ ဦးမှာ မိခင် မြန်မာနိုင်ငံသို့ အမြန် ပြန်လိုနေကြသော်လည်း ပြန်ခွင့်မရဘဲ ဖြစ်နေကြသည်ဟု အမည်မဖေါ်လိုသူ မြန်မာနိုင်ငံသား တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

“ ကျွန်တော်တို့ ပတ်စ်ပို့၊ သက်သေခံ စာရွက်စာတန်းတွေ အကုန်လုံးကို ဆော်ဒီ သူဌေးက သိမ်းထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ရေးက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကနေ ဂရုဏာ ရှေ့ထားပြီး ဆောင်ရွက်ပေးမှ ပြန်နိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ဘယ်သူမှ လုပ်ပေးနိုင်ကြမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၅ ဦးသည် ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဆော်ဒီအရေးဗီးယားနိုင်ငံသို့  အလုပ် လုပ်ရန် ရောက်ရှိလာခဲ့ပြီး ရောက်ပြီး နောက်တစ်နေ့တွင် သူတို့ထံမှ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့အား အလုပ်ရှင် သူဌေးမှ သိမ်းယူသွားသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း သူတို့အား အလုပ် လုပ်ရန် စာချုပ်တွင် ပါသည့် အချက်အလက်အတိုင်း အလုပ် မခိုင်းစေဘဲ အန္တရာယ်များသည် သံထည် လုပ်ငန်းတွင် (၃) လတိတိ ခိုင်းစေသည်ဟု သိရသည်။
ထိုသို့ ခိုင်းစေရာတွင်လည်း လုပ်ခ လစာ တစ်ပြားတစ်ချပ်မှ မပေးဘဲ အလုပ်ခိုင်းစေသဖြင့် သူတို့မှ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနကို တိုင်းတန်းရာမှ ပြဿနာ စဖြစ်ပွားလာခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂၅ ဦးမှာ အလုပ်အကိုင် မရှိ ဖြစ်သွားကာ ဂျီဒက်ခ်ျမြို့တွင် ပုန်းအောင်းနေထိုင် နေကြရပြီး အသိမိတ်ဆွေ ရင်းနှီးသူများထံတွင် ကပ်ခိုပြီး စားသောက်နေထိုင်နေကြရသည်ဟု ဆိုသည်။

“ ကျွန်တော်တို့က အခု နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေပါတယ်။ လက်ထဲမှာလည်း ဘာ အထောက်အထားမှ မရှိဘူး။ အပြင်ထွက်ရင်လည်း ရဲဖမ်းမှာကို ကြောက်နေရပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေနဲ့ ပြဿနာတွေ ဖြစ်လာတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အခြေအနေက အရမ်းဆိုးသွားပါတယ်။ တစ်နေ့မှ စိတ်ချမ်းသာတယ်လို့ မရှိပါ။ ကျွန်တော်တို့ ဘ၀က အထူးဆိုးရွားနေပါတယ်။ ကျွန်တော်တို့ အိမ်က မိဘတွေဆိုရင်လည်း စိုးရိမ်ပြီး အထူး ပူပန် သောက ရောက်နေကြရပါတယ်” ဟု ၎င်း မြန်မာနိုင်ငံသားက ပြောသည်။

ဆော်ဒီရှိ မြန်မာ သံရုံး၊ မြန်မာနိုင်ငံ  အလုပ်သမား ၀န်ကြီးဌာန အပါအ၀င် အလုပ်သမား အေဂျင့်သို့ စာရေး အကူအညီတောင်းခံသော်လည်း တစ်စုံတစ်ရာ ၀င်ရောက် ဖြေရှင်းခြင်း မရှိဟု သူက ပြောသည်။
“ သံရုံးက ပြောတာကတော့ နေပြည်တော်မှာ ရှိတဲ့ ၀န်ကြီးဌာန အဆင့်က ညွှန်ကြားချက် မလာရင် ဘာမှ ဆောင်ရွက်ပေးလို့ မရဘူးဆိုပြီး ပြောပါတယ်။ အတတ်နိုင်ဆုံး ကူညီမယ်လို့လည်း ပြောပေမယ့် အခုက (၂) နှစ်နဲ့ ၉ လကို ရောက်နေပါပြီ။ ကျွန်တော်တို့ မပြန်နိုင်ဘဲ ဒုက္ခတွေကို ခံစားနေကြရပါတယ်” ဟု သူက ဆက်ဆိုသည်။

အင်္ဂလိပ်စကားနှင့် အူရဒူ စကားပြောတတ်သူ မြန်မာနိုင်ငံသား (၅) ယောက်က ဆော်ဒီ သူဌေးအား အရေးဆိုသော အခါလည်း သူဌေးဖြစ်သူမှ သူတို့အား ရဲလက်ထဲကို အပ်ပြီး ညှဉ်းပမ်းနှိပ်စက်မူများ ပြုလုပ်ခဲ့သည်ဟု သူက ပြောသည်။

၎င်းပြင် ဆော်ဒီ သူဌေးမှ လူတစ်ဦးလျှင် ဆော်ဒီငွေ ၄၀၀၀ ပေးရင် ပြန်ပို့မည်ဟု ဆိုသဖြင့် အဆိုပါ ငွေ ၄၀၀၀ အား ပေးသွင်းသော်လည်း ငွေကို ယူပြီး ပြန်မပို့ဘဲထားသည်ဟု ဆိုသည်။
“ အခု ဆော်ဒီ သူဌေးက သူတို့နိုင်ငံသုံးငွေ  ရီယာဒ် သိန်း (၂၀) ဆက်တောင်းပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ကျပ် သိန်း (၅၀၀၀) ခန့်ရှိပါတယ်။ အဲဒီငွေကို ပေးရင် ပြန်ပို့မယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့မှာ ဒီလောက်များတဲ့ ငွေကို ဘယ်ကရမှာ ပါလဲ။ သူက ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ ဆွေမျိုးတော်တယ်လို့ သိရပါတယ်။ ဒါကြောင့် မတရားသဖြင့် အနိုင်ကျင့်နေပေမယ့် ဘယ်သူမှ မပြောဝံ့ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြန်ရေးဟာ ဒီလို အခြေအနေတွေကြောင့်  နိုင်ငံတော် သမ္မတကြီးက လုပ်မှသာ ရမယ်လို့ပြောဆိုနေကြပါတယ်” ဟု ဆက်ပြောသည်။

သူတို့အနေဖြင့် နိုင်ငံတော် သမ္မတကြီးအား သူတို့ မြန်မာနိုင်ငံ ပြန်နိုင်ရေးကို ကူညီပေးရန် အနူးအညွှတ် မေတ္တာရပ်ခံပါကြောင်း နိရဉ္စရာမှ တဆင့် တင်ပြပေးရန် ပြောကြားသည်။
သူတို့ ၂၅ ဦးထဲတွင် ခရစ်ယာန် တစ်ဦး၊ မွတ်ဆလင် တစ်ဦးနှင့် ကျန်သူတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်ဟု သိရသည်။

 နိရဉ္စရာ

နန်းသူဇာ ရဲ့ ခပ်လန်းလန်းဓာတ်ပုံတွေ

Posted by drmyochit Tuesday, September 10, 2013, under | 17 comments










တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးမရနိုင်သေးသည့် အကြောင်းရင်း ငါးချက် အစိုးရထံပေးပို့

Posted by drmyochit Tuesday, September 10, 2013, under | No comments

ရန်ကုန် ၊ စက်တင်ဘာ ၉

အစိုးရ နှင့်တိုင်းရင်းသားလက်နက်ကိုင် များကြား စစ်မှန်သည့် ငြိမ်းချမ်း ရေးမရရှိနိုင်သေးသည့် အကြောင်း ရင်း ငါးချက်အား KNU/ KNLA  (ငြိမ်းချမ်းရေးကောင်စီ)မှ အစိုးရ ထံသို့ သဘောထား ကြေညာ ချက် တစ်စောင် တရားဝင်ပေးပို့ခဲ့သည်။ ယင်းကြေညာချက်အား စက်တင်ဘာ ၈ရက်တွင်  KNU/ KNLA  (ငြိမ်း/ကောင်စီ)၏ ဗဟိုကော်မတီအစည်းအဝေးအ ပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စများတွင် တိုင်းရင်း သားအဖွဲ့အစည်း တစ်ခုချင်းစီအ လိုက်ဆွေးနွေးခြင်းမပြုဘဲ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့် တိုင်ပင်ညှိနှိုင်းဆွေးနွေး၍ တိုင်း ရင်းသားစည်းလုံးညီ ညွှတ်ရေးနှင့် ဒေသန္တရဖွံ့ဖြိုး တိုး တက်ရေးအ တွက် အစိုးရမှကူ ညီထောက်ပံ့ ပေးခြင်း(သို့)တိုင်းရင်းသားအဖွဲ့ အစည်းများမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ပေးနိုင်ရန်အတွက် အစိုးရမှ ဆောင်ရွက်ပေးသင့် ကြောင်း  ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

KNU/ KNLA   (ငြိမ်း/ ကောင်စီ) နိုင်ငံခြားရေးရာတာ ဝန်ခံဗိုလ်မှူးချုပ်ဒေါက်တာတင် မသီက ''အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးကတည်းက ဒေသ ခံဖွံ့ဖြိုးရေးအတွက် ပူးပေါင်း လုပ်ဖို့ပါပေမယ့် အခုထိ အကောင် အထည်မပေါ် သေး ဘူး။ ကိုယ်ထူ ကိုယ်ထ လုပ်ဖို့ကိုလည်း ပြောပေ မယ့် သက်ဆိုင်ရာဒေသ အာဏာ ပိုင်တွေက လက်မှတ်ကလေးတစ် ချက်ထိုးဖို့တောင် နှောင့်နှေးနေ တယ်၊ တိုင်းရင်းသားဒေသတွေ က ဘယ်လို ဖွံ့ဖြိုး တိုးတက်တော့ မှာလဲ''ဟု ပြောသည်။

တိုင်းရင်းသားလူမျိုးများ ၏ ဆင်းရဲနွမ်းပါးမှုများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ အရေးနှင့် ၂၀၁၅ ရွေးကောက် ပွဲအတိုင်မီ တိုင်းရင်းသားလက် နက်ကိုင်များနှင့်အခြားသော နိုင်ငံရေးအဖွဲ့အစည်းများအား အစိုးရမှခေါ်ယူတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လိုအပ် ချက်များအား ဖြည့်စွက်ခြင်းနှင့် ပြုပြင်နိုင်ရေးအတွက် တိုင်းရင်း သားများအား  အစည်းအဝေးတစ် ရပ်ခေါ်ယူရန် အစိုးရအားတိုက် တွန်းထားသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များ ကြား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖွံ့ဖြိုးတိုးတက်ရေး လက်တွဲ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ အောက် ခြေအဆင့်အထိ သက်ရောက် ရန် နှစ်ဖက်အဖွဲ့အစည်းကြား ဆောင်ရွက်နိုင်ရမည်ဟု ယင်း ကြေညာ ချက်တွင် ပါရှိသည်။

KNU/ KNLA (ငြိမ်း/ ကောင်စီ)မှ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောဌေးမောင်က ''တိုင်းရင်းသား ဒေသတွေမှာဘာတွေဖြစ်နေလဲ ဆိုတော့ အပစ်အခတ်ရပ်ထား တုန်းက သူတို့စည်းမျဉ်းစည်း ကမ်းတွေရှိတယ်။ စစ်တပ်က ဒီစည်းကိုမကျော်ရဘူး။ အတွင်း ထဲကို မဝင်ရဘူးဆိုတာ စည်း မျဉ်းလိုင်းတွေသဘောတူညီ ချက်ရှိထားတယ်။ ဒီသဘောတူ ညီချက်တွေကိုလည်း သူတို့က နာမထောင်ဘူး''ဟု သုံးသပ်ပြော ဆိုသည်။ KNU/ KNLA (ငြိမ်း ချမ်းရေးကောင်စီ)သည် ၂၀၀၇  ခုနှစ် ယခင် အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြု လုပ်ခဲ့သည်။ အစိုးရသစ်နှင့် ပဏာ မအဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ၂၀၁၂ ဖေဖော်ဝါရီ ရရက်တွင် သဘော တူလက်မှတ်ရေးထိုးထားသည်။ အစိုးရ သစ်နှင့် ကိုးခု မြောက် အပစ်အခတ်ရပ်စဲရေးသဘောတူ ညီမှုရရှိခဲ့သည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဖြစ်သည်။

လင်းအောင်
Yangon Media Group

သမာရိုးကျ မဟုတ်တဲ့ ဥရောပရဲ့ ပထမဦးဆုံး ကိုယ်ဝန်ဆောင် အမျိုးသား

Posted by drmyochit Tuesday, September 10, 2013, under | No comments



ဂျာမဏီနိုင်ငံ၊ Neukoellin ခရိုင်အတွင်းရှိ အမျိုးသားပုံ လူတစ်ဦးဟာ ဥရောပရဲ့ သမာရိုးကျ မဟုတ်တဲ့ ပထမဦးဆုံး ကိုယ်ဝန်ဆောင် အမျိုးသား တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

တကယ်တော့ အဲ့ဒီ အမျိုးသားဟာ အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွါးလာခဲ့သူပါ။

ဒါပေမယ့် လူသားအဖြစ် စတင်ချိန်ကစလို့ အမျိုးသား ဟိုမုန်းကြီးထွားလာတာမို့ အမျိုးသားတစ်ဦးအဖြစ် ရှင်သန်လာခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ အမျိုးသမီး လိင်အင်္ဂါ ကို ဒီအတိုင်းပဲ မခွဲမစိတ်ထားရာက အရွယ်ရောက်လာတဲ့ အခါမှာတော့ အမျိုးသား တစ်ဦးဆီကနေ သုတ်ပိုး အလှူခံလို့ ကိုယ်ဝန်ဆောင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဆေးရုံတွေမှာ ကိုယ်ဝန်ကို သွားမွေးရင် အမေးအမြန်းထူလာမှာစိုးလို့ အိမ်မှာပဲ မွေးဖွါးခဲ့ပါတယ်။

တရားဝင် မွေးစာရင်းအရ သူ့အငယ်ဆုံး ကလေးဟာ မိခင်မရှိပဲ ဖခင်ကနေသာ မတ်လ ၁၈ ရက်နေ့မှာ မွေးဖွါးခဲ့တယ်လို့ စာရင်းသွင်းထားခဲ့ကြောင်းလဲ သိရပါတယ်။

Thomas Beatie ဆိုတဲ့ အဲ့ဒီပုဂ္ဂိုလ်ကြီးဟာ အဲ့ဒီလိုနည်းနဲ့ မွေးဖွါးခဲ့တဲ့ ကလေး သုံးဦးအထိ ရှိနေခဲ့ပါပြီ.....

(ဇော်လွင်ဝင်း)facebook

အလှဆုံး ဖြစ်လိုသူ အမျိုးသမီးများ အတွက် အကြံပြုချက်များ ....

Posted by drmyochit Tuesday, September 10, 2013, under | No comments


Ginger Beauty Land တွင် ... ပုံမှန် အားကစား သင်တန်း ၊ ခန္ဓာကိုယ် အဆီချပေးသည့် လုပ်ငန်း နှင့် မျက်နှာ နှင့် အသားအရေ ပြုပြင်ပေးသည့် လုပ်ငန်း ဟူ၍ အဓိက ၀န်ဆောင်မှု သုံးမျိုး ရှိပါသည် ....

ပုံမှန် လေ့ကျင့် ကစားလိုသူများ အတွက် .....

အလျှင်စလို ပိန်လို ၊ လှပလိုခြင်း မဟုတ်ဘဲ ဖြေးဖြေးနှင့် မှန်မှန် ကစားသွားလို ပြီး အညောင်း လည်းပြေ ၊ Stress လည်း လျှော့လိုပြီး ပြင်ပ မိတ်ဆွေများနှင့် ပျော်ပျော်ရွှင်ရွှင် လေ့ကျင့် ကစား ရင်း စိတ်အပန်းဖြေ ထွက်ပေါက် ရလိုသူများ အတွက် ဆိုလျှင် ပုံမှန် အားကစား သင်တန်း က အသင့်တော်ဆုံး ဖြစ်ပါသည် ...

ပုံမှန် အားကစားသင်တန်း တွင် မှ ... ခန္ဓာကိုယ် အချိုးအစား ကျ ပိန်လိုသူများ ၊ ခန္ဓာကိုယ် အချိုးအစား တောင့်တင်း ဖွံ့ဖြိုး လှပလိုသူများ နှင့် ကျန်းမာရေး သက်သက် ကစားလိုသူ အမျိုးမျိုး အတွက် အထူး သင့်တော်သည့် Training Program များ ဟူ၍ လာကစားသည့် သင်တန်းသူ များ ၏ လှပ လိုသည့် လိုအင်ဆန္ဒ အမျိုးမျိုးပေါါ် မူတည်၍ သင့်တော်သော Training Plan အမျိုးမျိုးဖြင့် လေ့ကျင့် သင်ကြားပေးလျှက် ရှိပါသည် ...

စတင် လေ့ကျင့် ကစားမည့်သူတိုင်း ကို မကစားမီမှာ ကိုယ်အလေးချိန် ၊ ခါး ၊ ရင် ၊ တင် စသည့် ခန္ဓာကိုယ် အချိုးအစား အတိုင်း အထွာများ ကို ... သင်တန်း မှ မှတ်တမ်း တင်ထားပေးလေ့ ရှိ သလို ...

လာကစားသည့် သူများဘက်မှ လည်း မိမိ မအားလပ်သည့် ကြားမှ အချိန်ပေးပြီး လာကစားဖြစ်သည့် နေ့စဉ် နေ့တိုင်း ကို ထိရောက် အကျိုးရှိစေရန် အတွက် တစ်ယောက်ထဲ ကစားရသည် ကို စိတ်ဓာတ် ခွန်အား ရှိ လာစေရန် ကစားသည့် နေ့ရက်များစွာ ကို ပြက္ခဒိန် တွင် အမှတ်အသား လုပ်ပြီး ကစားလျှင် ပိုမို အကျိုး ရှိစေနိုင်သလို ... မိမိ တို့ နေ့စဉ် နေထိုင် စားသောက်လေ့ရှိသော ထမင်း ၊ ဟင်း ၊ စားကောင်းသောက်ဖွယ် အအီအဆိမ့်များ ၊ ဆီကြော် မုန့်များ ၊ အချို ပါသော မုန့်အမျိုးမျိုး ၊ Gas အချိုရည် နှင့် အစားအသောက် အမျိုးမျိုး ၊ Fast Food အမျိုးမျိုး ကို မည်ရွေ့မည်မျှ အမှုမဲ့ ၊ အမှတ်မဲ့ အဆာပြေ ၊ အပျင်းပြေ စားသောက်မိသည် များ ကို ပါ မှတ်သားထားပြီး မိမိ ၏ ခန္ဓာကိုယ် အတိုင်းအထွာ အချိုးအစားများ နှင့် ထူးခြား သိသာစွာ ပြောင်းလဲမှု ရှိ မရှိ ပြန်လည် သတိပြု ဆင်ခြင်နိုင်ရန် မှတ်သားထားသင့်ပါသည် ...

မည်သည့် ကစားနည်း မဆို စစချင်း ကစားသည့် အချိန်တွင် သင်တန်း က မည်မျှပင် ဖြည်းညင်း သက်သာစွာ သင်ကြား လေ့ကျင့်ပေးစေကာမူ အလေ့အကျင့် မရှိသည့် အတွက် ပထမဆုံး နေ့မှာ အကြောများ အလွန် တောင့်တင်းနေ တတ်ပြီး ဒုတိယ နေ့တွင် မခံမရပ်နိုင်လောက်အောင် နာကျင် ကိုက်ခဲတတ်ပါသည် ... ထိုသို့ ဖြစ်လျှင် .. မစိုးရိမ်ပါနှင့် .... ကစားသည့် သူတိုင်း ဖြစ်လေ့ ဖြစ်ထရှိသလို ... ထိုသို့ ဖြစ်သဖြင့် ဒုတိယနေ့တွင် ကစားဘဲ နားလိုက်လျှင် ပို၍ နာကျင် ကိုက်ခဲ တတ်ပါသည် ... သို့ဖြစ်၍ ဒုတိယ နေ့တွင် မည်မျှပင် ကိုက်ခဲနာကျင်နေစေ ကာမူ ချွေးနည်းနည်း ထွက်ပြီး နာကျင်မှု သက်သာ သွားစေရန် အနည်းငယ် ဖြစ်ဖြစ် ကစားသင့် ပြီး ... ကစားပြီးပြီ ဆိုကာမှ လုံးဝ အနာ မခံနိုင်လောက်အောင် ကြောက်တတ် လျှင် ... အကိုက် အခဲ ဆေး အပျော့ တစ်ခုခု ကို အစာ နှင့် တွဲဖက်သောက်သုံး၍ ရေနွေးနွေးလေး နှင့် ရေချိုး လိုက် လျှင် သက်သာ သွားမည် ဖြစ်ပါသည် ... အလွန်အမင်း နာကျင်သည်မှာ ( ၃ ) ရက်ထဲ ဖြစ်ပြီး ... သုံးရက် ကျော် အလွန်ဆုံး ထန်ကုန် ( ၅ ) ရက် ၊

တစ်ပတ် ကျော် သည် နှင့် လုံးဝ မနာကျင်တော့ တာ ကို တွေ့မည် ဖြစ်ပါသည် ...
.

ပထမဦးဆုံး စတင် ကစားမည် ဆိုတာ နှင့် ... ပိန်ချင်လို့ ( သို့ ) ၀ချင်လို့ ( သို့) ကျန်းမာရေး ကောင်းချင်လို့ စသဖြင့် မည်သို့သော အကြောင်းကြောင့် မဆို ကစားလျှင် အကြောလျှော့ လေ့ကျင့်ခန်း ဆိုတာကို မဖြစ်မနေ ကစားရန် လိုအပ်ပါသည် ... ပြီးမှ ကစားသူများ ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံ အချိုးအစား အလိုက် အပေါ်ပိုင်းကြီးလျှင် တစ်မျိုး ၊ အောက်ပိုင်းကြီးလျှင် တစ်မျိုး ၊ အပေါ်ပိုင်း နှင့် အောက်ပိုင်း အချိုးညီလျှင် တစ်မျိုး ၊ ခါးသေး ရင်ချီပြီး ခန္ဓာကိုယ် အချိုးအစားကျ တောင့်တင်း လှပချင်တာ ဆို တစ်မျိုး ၊ ကျန်းမာရေး သက်သက် ကစားချင်တာဆို တစ်မျိုး သင့်တော်သည့် လေ့ကျင့်ခန်း များစွာ ဖြင့် လေ့ကျင့် ကစားရမည် ဖြစ်ပါသည် ....

ကျန်းမာရေး သက်သက် ကစားလိုသူများ အပါအ၀င် မည်သို့သော အကြောင်းအရာ ခေါင်းစဉ် နှင့် ကစားသည် ဖြစ်စေ ၊ စစချင်း ကစားခါစ တွင် ... ချက်ချင်း ကျန်းမာဖို့ ၊ ချက်ချင်း ပိန်ဖို့ ၊ ချက်ချင်း လှဖို့ထက် ... ပထမဆုံး ကစားနည်း စနစ် မှန်ကန်အောင် ကစားတတ်ဖို့ လိုအပ်သလို သက်လုံကောင်းပြီး အမောအပန်း ခံနိုင်လာပြီ ဆိုမှ ... မိမိ တို့ ဆန္ဒရှိသည့် အတိုင်း ပိန်ချင်လျှင် တစ်မျိုး ၊ ၀ချင်လျှင် တစ်မျိုး ၊ ကျန်းမာရေး ကောင်းချင်ရုံ ဆိုလျှင် တစ်မျိုး ... စသည့် အကြောင်းအရာ အမျိုးမျိုး ကို လိုအပ်လျှင် လိုအပ်သလို လေ့ကျင့် ကစားသွားနိုင်မည် ဖြစ်သလို ... မိမိ တို့ ခန္ဓာကိုယ် ၏ လိုအပ်ချက် အနေအထားပေါ် မူတည်ပြီး လေ့ကျင့် ခန်း ကို စိတ်ရော လူပါ အပင်ပန်းခံ လေ့ကျင့် နေသကဲ့သို့ တစ်ဘက် မှ လည်း မိမိ တို့၏ ခန္ဓာကိုယ် အနေအထား အလိုက် နည်းစနစ်တကျ နေထိုင် စားသောက် ကျင့်ကြံဖို့လည်း လိုအပ်ပါသည် .... လေ့ကျင့် ကစားသူများ အတွက် စတင် လေ့ကျင့် ကစားသည် မှ စပြီး အနည်းဆုံး ( ၁၅ ) ရက် မှ ( ၁ ) လ အကြာတွင် စတင် အမော အပန်းခံနိုင်လာပြီး နေရထိုင်ရတာ သွက်လက်ပေါ့ပါး လာမည် ဖြစ် သလို ... မိမိ တို့ ၏ ပိန်လိုခြင်း ၊ ခန္ဓာကိုယ် အချိုးကျ တောင်းတင်း လှပလိုခြင်း စသည့် လိုအင် ဆန္ဒများသည်လည်း ပုံမှန် ခန္ဓာကိုယ် ဖြစ်လျှင် အနည်းဆုံး ( ၃ ) လ မှ ( ၆ ) လ ... Over Weight ခန္ဓာကိုယ် ဖြစ်လျှင် ... အနည်းဆုံး ( ၆ ) လ မှ ( ၁ ) နှစ်တာ အချိန် ကာလ အတွင်း ထူးခြားစွာ သိသာ ပြောင်းလဲ လှပလာနိုင်မည် ဖြစ်ပါသည် ....

အဆီချလိုသူများ အတွက် ....

အပင်ပန်းလည်းမခံနိုင်၊အချိန်လည်းမပေးနိုင်ဘဲအလျှင်မြန်ဆုံးပိန်လိုသူများအတွက်... ခန္ဒာကိုယ်တစ်ခုလုံးရှိအဆီပိုများ ( သို့ ) ၊ နှစ်သက်ရာ အစိတ်အပိုင်း အလိုက် ဗိုက် ၊ ခါး ၊ ကျော ၊ ချိုင်း ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး စသည့် နေရာ တစ်နေရာ ချင်းစီ မှ မိမိ အလှကို ဖျက်ဆီးနေသည့် မလိုအပ်သော အဆီပိုများစွာ ကို ဆေးထိုး ၊ ဆေးသောက်ရန် မလိုဘဲ အန္တရာယ် မရှိသော နည်းလမ်း များဖြင့် အချိန်တို အတွင်း ဖယ်ရှားပေးခြင်း ဖြစ်ပါသည် ...

အဆီချသင့်သူများ ....

အချိန်ပေးပြီး လာမကစားနိုင်သူ ၊ ဝနေသော် လည်း အပင်ပန်း လုံးဝ မခံနိုင်သဖြင့် မကစားနိုင်သူ များ နှင့် မင်္ဂလာဆောင်မည့် သတို့သမီးများ ၊ ဘွဲ့ယူမည့်သူများ ၊ နိုင်ငံရပ်ခြား သွားမည့်သူများ ... နှင့် အခြား ပွဲလန်းသဘင် အမျိုးမျိုး သွားရန် အတွက် အရေးတကြီး အလျှင်စလို ပိန်လိုသူများ အားလုံး အတွက် ... အဆီချ ဆေးလိမ်း Massage လုပ်ပြီး ၊ စက်ကိရိယာ အမျိုးမျိုး နှင့် အချိန်မ ကုန် လူ မပင်ပန်းဘဲ သက်တောင့် သက်သာရှိစွာဖြင့် အဆီချခြင်း ဖြစ်ပါသည်။ အသက် ငယ်ရွယ်စဉ် ကလေး ဘ၀ ထဲ က အကြောင်း အမျိုးမျိုးကြောင့် ၀ နေတတ်တဲ့ အမျိုးသမီး အများစု မှလွဲပြီး ... အမျိုးသမီး တော်တော်များများ က အသက်အရွယ် တစ်ခု ရလာလျှင် ၊ ဒါမှ မဟုတ် ... အိမ်ထောင်ကျ / ကလေးမွေးသည့် အခါ ( သို့ ) သားကြောဖြတ် လျှင် ၊ သားအိမ်ထုတ်လျှင် ၊ နဲ့သန္ဓေတားဆေး ၊ အာရုံကြောဆေး ၊ လေးဘက်နာဆေး ၊ ကျောက်ကပ်ဆေး ၊ စိတ်ရောဂါ ဆေး ၊ စတဲ့ ပဋိဇီဝ သောက်ဆေး တစ်မျိုးမျိုး ကို ရောဂါ အမျိုးမျိုး နဲ့ သောက်သုံးရလျှင် ... ထိုသူတွေ မှာ ၀လာနိုင်ချေ အများဆုံး ဖြစ်တတ်ပြီး .... မိမိ နေ့စဉ် စားသောက်သော အစားအစာ အာဟာရ နဲ့ လိုက်လျောညီထွေမှု ရှိသည့် ကိုယ်လက် လှုပ်ရှားမှု မရှိသည့် အမျိုးသမီးတွေ မှာ အများဆုံး ၀တတ်ကြပါသည် ....

မတူညီသော ခန္ဓာကိုယ် အမျိုးမျိုး ၀လာတတ်ပုံ .....

အဆီစု လာတာတတ်သည့် နေရာတွေ ဆိုတာ တစ်ယောက် နဲ့ တစ်ယောက် မတူညီနိုင်ကြပါ ... အများဆုံး အဆီစုလာတတ်တဲ့ နေရာ ကတော့ ၀မ်းဗိုက် နဲ့ ခါး ဧရိယာ တ၀ိုက် ဖြစ်ပါသည် ... ပြီး မှ တစ်ချို့ က တင်ပါး ၊ ပေါင် ၊ ခြေသလုံး တုတ်ခဲ ကြီးမား လာတတ်သလို ... တစ်ချို့ ကျတော့ ... လက်မောင်း ၊ ပုခုံး ၊ ကျောကုန်း ၊ မျက်နှာ စသဖြင့် ... ခန္ဓာကိုယ် အပေါ်ပိုင်း တဖြည်းဖြည်း ကြီးမား လာတာမျိုးလည်း ရှိတတ်ပြီး ... ခန္ဓာကိုယ် အပေါ်ပိုင်း နှင့် အောက်ပိုင်း ညီညီညာညာ ၀လာတတ်သူများလည်း ရှိပါသည် ... ၀လာလျှင် ခန္ဓာကိုယ် ကိုယ် အောက်ပိုင်း အဓိက ကြီး လာ တတ်သည်မှာ အများအားဖြင့် ... နှစ်ဘက် မိဘမျိုးရိုး Generation ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံ နှင့် လည်း သက်ဆိုင်ပါသည် ... ထို့အတွက် ... မိမိ ခန္ဓာကိုယ် က ၀လာသည် နှင့် အောက်ပိုင်းကြီး လာတတ် သူမျိုး ဖြစ်ပါက ... အစကထဲ က သတ်မှတ်ကိုယ်အလေးချိန် တစ်ခုထက် ကျော်လွန်ပြီး မ၀လာစေဖို့ အထူး အရေးကြီးပါသည် ... ခန္ဓာကိုယ် အပေါ်ပိုင်းကြီးလာတတ်သူ အများစု ကတော့ ... ပဋိသန္ဓေတားဆေး ၊ ထိုးဆေး ၊ လေးဘက်နာ နှင့် အခြား ရောဂါ တစ်မျိုးမျိုး အတွက် သောက်ဆေး ၊ ထိုးဆေးများ သုံးစွဲရသူ များတွင် များသောအားဖြင့် မြင်ရတွေ့ရသလို ... နည်းစနစ် မမှန်ကန် ဘဲ ကစားမိခြင်းကြောင့် ... ပိန်နေစဉ် မသိသာပေမယ့် ၀လာချိန်တွင် မှ ... အပေါ်ပိုင်းကြီး အဆမတန် ကြီးမားလာသည်မျိုးလည်း ဖြစ်ရတတ်ပါသည် ....

GinGer Beauty

တရုတ်စာသင်ကျောင်းပေါက်ကွဲမှု နှစ်ဦးသေ ၄၄ ဦးဒဏ်ရာရ

Posted by drmyochit Tuesday, September 10, 2013, under | No comments


တရုတ်နိုင်ငံတောင်ပိုင်း ​Guangxi ​Zhuang ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​ဒေသရှိ ​Guilin ​မြို့ ​မူလတန်းကျောင်းပြင်ပမှာ ​ပေါက်ကွဲမှု ​ဖြစ်ခဲ့တဲ့အတွက် ​လူနှစ်ဦး ​သေဆုံးပြီး ​၄၄ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ကလေးတွေ ​ကျောင်းတက်ဖို့ ​ကျောင်းဝင်းနား ​ရောက်ရှိလာချိန်မှာ ​ဆိုင်ကယ်သမားတစ်ဦး ​စီးလာတဲ့ ​ဆိုင်ကယ် ​မီးလောင်ပြီး ​ပေါက်ကွဲသံ ​ထွက်ပေါ်လာပြီးတော့ ​သေဆုံး ​ဒဏ်ရာရမှုတွေ ​ဖြစ်ပေါ်တာလို့ ​မျက်မြင်သက်သေတွေက ​ပြောပါတယ်။

ဆိုင်ကယ် ​ဘာကြောင့် ​မီးလောင်သွားသလဲဆိုတာတော့ ​မသိရသေးပါဘူး။
ပေါက်ကွဲမှုကြောင့် ​အမျိုးသားတစ်ဦးနဲ့ ​အမျိုးသမီးတစ်ဦး ​ပွဲချင်းပြီး ​သေဆုံးပြီး ​၄၄ ​ဦးဒဏ်ရာရတဲ့အထဲက ​၁၁ ​ဦးကတော့ ​အသည်းအသန်အခြေအနေ ​ရှိနေတယ်လို့ ​သိရပါတယ်။
ရှင်ဟွာသတင်းမှာ ​အစောပိုင်းတုန်းကတော့ ​ကျောင်းသူ ​ကျောင်းသား ​၂၆ ​ယောက် ​ဒဏ်ရာရရှိခဲ့တယ်လို့ ​ဖော်ပြထားပြီး ​စစ်ဆေးရုံကို ​ခေါ်ဆောင်သွားပြီလို့ ​ဆိုပါတယ်။
တခြား ​ဒေသခံသတင်းတွေမှာတော့ ​ဆိုင်ကယ်မောင်းသမား ​သေဆုံးသွားတယ်လို့ ​ဆိုပါတယ်။
သေဆုံးသူ ​နှစ်ဦးရှိကြောင်း ​ဒေသခံအာဏာပိုင်တစ်ဦးက ​အေအက်ဖ်ပီသတင်းကို ​အတည်ပြုပြောဆိုခဲ့ပေမယ့် ​နောက်ထပ် ​ပြောဆိုဖို့ ​ငြင်းဆန်ခဲ့ပါတယ်။
ဒီလိုအခြေအနေကြောင့် ​Guilin ​မြို့မှာ ​လုံခြုံရေးတွေ ​တိုးချထားပြီး ​ပေါက်ကွဲရေးပစ္စည်းတွေ ​ရှိမရှိ ​စစ်ဆေးမှုတွေ ​လုပ်နေပါတယ်။

အင်တာနက်အွန်လိုင်းပေါ်က ​လူမှုကွန်ယက်တွေမှာတော့ ​ဒေါသဖြစ်နေကြပြီး ​ဘာကြောင့် ​ကလေးငယ်တွေရှိရာကိုပဲ ​ပစ်မှတ်ထားနေရသလဲဆိုပြီး ​မေးခွန်းထုတ်နေကြပါတယ်။
တရုတ်နိုင်ငံမှာ ​မကြာသေးခင်ကပဲ ​စာသင်ကျောင်းမှာ ​ကလေးငယ်တွေ ​တိုက်ခိုက်ခံရမှုတွေ ​ကြုံတွေ့နေရပြီး ​၂၀၁၀ ​ပြည့်နှစ်တုန်းကလည်း ​စာသင်ကျောင်းမှာ ​ဝင်ရောက်တိုက်ခိုက်မှုတွေ ​ရှိခဲ့တဲ့အတွက် ​လူကြီး ​၂ ​ဦးနဲ့အတူ ​ကလေးငယ် ​၁၅ ​ယောက် ​သေဆုံးပြီး ​အယောက် ​၈၀ ​ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​ဒီဇင်ဘာလတုန်းကလည်း ​ဓားကိုင်ဆောင်ထားသူ ​တစ်ဦးရဲ့ ​တိုက်ခိုက်မှုကြောင့် ​မူလတန်းကျောင်းသူ၊ ​ကျောင်းသား ​၂၂ ​ယောက် ​ဓားထိုးခံခဲ့ရပါတယ်။

ABC Radio Australia

လင်မယားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး

Posted by drmyochit Tuesday, September 10, 2013, under | No comments

နေပြည်တော် ၊ ၁၀-၉-၂၀၁၃

ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ နောင်ကိုင် ကျေးရွာ အုပ်စု မိဖာလဲ ကျေးရွာနေ ဦးမြလွင် ၄၈ နှစ် (ဘ) ဦးထွန်းကြည် နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ် (ဘ) ဦးစံဟန် တို့နှစ်ဦးသည် စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခွဲ ခန့်က နေအိမ် အရှေ့လှေကား အနီး ခြေဆေးကန် ဘေး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရှိရသဖြင့် တာဝန်ရှိ သူများက သွားရောက် စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့် - ၃၀ ကာဘိုင် ကျည်ခွံ ၁၅ ခုခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စိစစ်ရာ ၄င်းတို့ နှစ်ဦးသည် ကျေးရွာအတွင်း အောက်လမ်း အတတ်ပညာ များဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်းကြောင့် ကျေးရွာသူ  ကျေးရွာသား များမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မရဲစခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။



The Myawady Daily

ဇနီးလောင်းကိုကယ်ရင်း အတူရေနစ်သေဆုံးသွားခဲ့သော စုံတွဲ

Posted by drmyochit Tuesday, September 10, 2013, under | No comments


အီတလီနိုင်ငံတွင် ပြီးခဲ့သည့် စနေနေ့က ခင်ပွန်းလောင်းက ၎င်းချစ်သော ဇနီးလောင်း ရေနစ်နေတာ သွားကယ်ရင်း အတူရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးဟာ စေ့စပ်ပြီးသား စုံတွဲဖြစ်ကြောင်း လည်း သိရသည်။

အသက်(၃၄)နှစ်အရွယ် Andrew Sturgess က အသက်(၂၅)နှစ်အရွယ် Carmen Spiridon ရဲ့ မိဘများနှင့် တွေ့ဆုံဖို့သွားသော ထိုခရီးတွင် ယင်းအဖြစ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုခရီးအတွင်း ပင်လယ်ကမ်းခြေတွင် ရေဆင်းကူးနေစဉ် လှိုင်းအတန်ငယ်ထန်သော ပင်လယ်ရေပြင်တွင် သူမအားကယ်ဖို့ အကူအညီတောင်းနေသည့် ဇနီးလောင်းအား ခင်ပွန်းလောင်းက သွားကယ်ရာမှ နှစ်ဦးစလုံး ရေနစ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ်းခြေစောင့် အသက်ကယ်ဝန်ထမ်းက ၎င်းတို့နှစ်ဦးအား အလျင်အမြန် ကယ်တင်ခဲ့ပေမယ့် လှိုင်းထန်သော ရေပြင်ဝယ် ရေကူးမကျွမ်းကျင်ဘဲ ရေနစ်သွားခဲ့သော ၎င်းတို့နှစ်ဦးဟာ သတိပြန်လည်လာခဲ့ခြင်း မရှိဘဲ သေဆုံးသွားခဲ့ကြတာဖြစ်ကြောင်းလည်း သိရသည်။











Source : Daily Mail

၁၃ နှစ်အရွယ် ကျောင်းသူလေးအား ၄င်း၏ အဖွားမောင် မှ အဓမ္မပြုကျင့်

Posted by drmyochit Tuesday, September 10, 2013, under | No comments

ဒီပဲယင်းမြို့နယ်၊ နများကျေးရွာ အမိ ဒေါ်ယု၏ သမီး မအိအိစိုး (၁၃)နှစ် သတ္တမတန်းကျောင်းသူ ကိုယ်ဝန် ရှိသဖြင့် အဖိုး၊ အဖွားဖြစ်သူ ဦးကျော်မင်း၊ ဒေါ်မြင့်ကြည်တို့မှ သက်ဆိုင်ရာ ညောင်လှ ရဲကင်းသို့ တိုင်ကြားထားကြောင်း သိရှိရပါတယ်။

ဖြစ်စဉ်မှာ မအိအိစိုးသည် သူမကလေး ဘ၀ကတည်းက ဖခင်ဖြစ်သူနှင့် မိခင်တို့မှာ ကွဲကွာသွားပြီး မိခင်မှာ ပြည်ပသို့ အလုပ်သွားလုပ် နေသဖြင့် မိခင်၏အမေဖြစ်သော နများရွာနေ ဦးကျော်မင်း၊ ဒေါ်မြင့်ကြည် အိမ်တွင် အတူနေထိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အဖိုးအဖွား၏ အိမ်တွင် နေထိုင်စဉ် အဖွား၏ မောင်အရင်း ဖြစ်သူ ဦးကျော်သိန်း အသက် (၅၀)နှစ်မှ မအိအိစိုးအား အဓမ္မ ကြံစည်ခြင်း၊ အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ သဖြင့် မအိအိစိုးမှာ ကိုယ်ဝန်ရှိ ခဲ့ကြောင်း သိရှိခဲ့ရသဖြင့် ဦးကျော်သိန်းအား ညောင်လှရဲကင်းမှ စက်တင်ဘာလ ၂ ရက်နေ့ တွင် ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။

Channelnewsmyanmar

၇၄ နှစ်မြောက် ဦးဥတ္တမနေ့ ရန်ကုန်လူထု ထောင်ချီတက်ရောက်

Posted by drmyochit Tuesday, September 10, 2013, under | No comments

ဦးဥတ္တမနေ့အခမ်းအနား ရန်ကုန်မှာ
ကျင်းပနေစဉ်။
ကိုလိုနီနယ်ချဲ့စနစ်ကို တော်လှန်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမ ပြန်လွန်ခဲ့တာ ၁၉၃၉ ခု စက်တင်ဘာလမှာ ဖြစ်ပါတယ်။ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရဟန်းရှင်လူ ၄၀၀၀ နီးပါးတက်ရောက်ခဲ့ပြီးတော့ အဲ့ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာ ပိုင်းသတင်းထောက်  ကိုကျော်ထင်က သတင်းပေးပို့ခဲ့ပါတယ်။

အရင် စစ်အစိုးရတွေ လက်ထက်မှာ ပေါ်ပေါ်ထင်ထင် ကျင်းပခွင့် မရခဲ့တဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်သဟာယအသင်းအမှုဆောင် ဒေါက်တာဦးကျော်ကျော်အောင် က အခမ်းအနား ကျင်းပခွင့် ရတဲ့အပေါ် အခုလို ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံ အာရှတိုက် တခုလုံးမှာရှိတဲ့ ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင်အတွက် မီးရှုးတန်ဆောင်အဖြစ် လမ်းပြပေးခဲ့တဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို အခုလို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပနိုင်တာ ကျင်းပခွင့်ရတာ ဒီအခမ်းအနားကို ကျနော်တို့ ရခိုင်သူရခိုင်သားတွေ အပြင်ပေါ့လေ၊ မီဒီယာတွေ၊ နောက် အခြားသော တိုင်းရင်းသားတွေ၊ နောက် အခြားသော အဖွဲ့အစည်းတွေ လာရောက် တက်ရောက်ကြတာ၊ နောက် NLD ကနေပြီးတော့ ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကြွရောက်ပြီးတော့ ကျနော်တို့ ချီးမြှင့်ပေးတာ အစရှိသဖြင့်၊ ဒီလို စုစုစည်းစည်း တွေ့ရတာ ကျနော်တို့ ဒီ ရခိုင်အသင်းအဖွဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ အထူးပဲ ၀မ်းသာ ၀မ်းမြောက်မိပါတယ်။ ပြန်ပြီးတော့ ကျင်းပခွင့်ရတယ်ဆိုတာက ကျနော်တို့ ဒီမိုကရေစီလမ်းကြောင်းကို ပီပီပြင်ပြင်သွားနေတယ်၊ ဒီမိုကရေစီကို ဖော်ဆောင်နေတယ်ဆိုတဲ့ အထိမ်းအမှတ် အနေအထားတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ဒါဟာ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။"

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦဇော်အေးမောင်ကလည်း အရင်က အခုလို ပေါ်ပေါ်ထင်ထင် ကျင်းပခွင့် မရခဲ့ပေမဲ့ ခုချိန်မှာ ကျင်းပနိုင်တာဟာ ဒီမိုကရေစီ ဖော်ဆောင်ကြောင်း ထင်ရှားတယ်လို့ အခမ်းအနားမှာ ပြောသွားပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ဦးဥတ္တမနေ့ကို စစ်တွေမှာ အခမ်းအနားနဲ့ စတင် ကျင်းပနိုင်ခဲ့ပါတယ်။ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ  ကိုအောင်မင်းဦးကလည်း အခမ်းအနားအပေါ် အခုလို ပြောပါတယ်။

"အောင်မြင်မှုရှိပါတယ်၊ အရင်က ဒီလိုမျိုး အရင် အစိုးရလက်ထက်မှာဆိုရင် ဒီလိုမျိုး တခါမှ မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် အခုလိုမျိုး လူပေါင်း ၃ ထောင်ကျော်နဲ့ စည်စည်ကားကား လုပ်နိုင်တဲ့ဟာက အများကြီး အောင်မြင်မှုရှိတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။"

ရခိုင်လူမျိုးတွေအနေနဲ့ ဆရာတော် ဦးဥတ္တမ ကို မြန်မာ့နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ထက် အာရှတိုက်သားတွေကို ကိုလိုနီဘ၀က လွတ်မြောက်အောင် မျက်စိဖွင့်ပေးတဲ့ ခေါင်းဆောင်တဦးအနေနဲ့ ဂုဏ်ယူချီးကျူးလေ့ ရှိပါတယ်။ ရခိုင်လူငယ် မောင်နိုင်နိုင်ထွန်းကလည်း ဒီအခမ်းအနားရဲ့ အရေးပါပုံကို အခုလို ရှင်းပြပါသေးတယ်။

"ရှိတာပေါ့။ ဘာလို့လဲဆိုရင် ဆရာတော် ဦးဥတ္တမ ဆိုတာ ကျနော်တို့ရဲ့ လမ်းပြ၊ မီးရှုးတန်ဆောင်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော် ဦးဥတ္တမ ဟာ မြန်မာနိုင်ငံတင် မကဘူး၊ တကမ္ဘာလုံးပေါ့နော် ဂျပန်တို့၊ အိန္ဒိယတို့မှာ ပညာသင်ပေးခဲ့တယ်။ တခြားနိုင်ငံသားကိုတောင် သင်ပေးခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ၊ ရခိုင်မှာရှိတဲ့ ရခိုင်ပြည်သူတွေ အကုန်လုံးကို ဒီ အလင်းတန်းကို ပြခဲ့တယ်၊ ဘယ်လိုအလင်းတန်းလဲဆိုတော့ အားမာန်ပေါ့နော်။ လူငယ်တယောက်ရဲ့အားမာန် ဘာလုပ်သင့်တယ်၊ ဘာဖြစ်နေရင် ဘာလုပ်သင့်တယ်၊ လုပ်ရမယ်ဆိုတဲ့ အားမာန်ကို ဖြစ်စေခဲ့တယ်"

ဒီကနေ့ အခမ်းနားကို NLD ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် အပါအ၀င် လူ ၃ ထောင်ကျော် တက်ရောက်ခဲ့ပြီး ကန်တော်မင်ပန်းခြံကို အရင်က သတ်မှတ်ခဲ့တဲ့အတိုင်း ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းသတ်မှတ်ဖို့လည်း အဆိုပြုခဲ့ကြပါတယ်။

ကိုကျော်ထင်
VOA

Facebook ကို Lock မကျအောင် ဖုန်းဖြင့် Account သစ်ဖွင့်နည်းစာအုပ် ( 2013 New Version )

Posted by drmyochit Tuesday, September 10, 2013, under | No comments


မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ..အားလုံးအတွက် ကျနော်လက်ဆောင်တစ်ခုပေးလိုပါတယ်..

ကျနော်တို့ခင်မင်ရတဲ့အစ်ကိုကြီး အစ်ကိုကိုဇော်သွင် စန္ဒယားနှင့်ကီးဘုတ် ရေးသားတဲ့ စာအုပ်အသစ်လေး
ပါ...အားလုံးအတွက် အသုံးဝင်မှာအသေအချာပါဘဲ. စာအုပ်အဖွင့်စာမျက်နှာမှာတင်
ဆေးလိပ်ကြီးခဲပြီး စမတ်ကျကျဖြင့် စေတနာအပြည့်ထားကာ Facebook Account သစ်ဖွင့်နည်းရေးပေးတဲ့အစ်ကို့ကို ဒီနေရာကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်ခင်မျာ... လေ့လာလိုသူများ Download ရယူနိုင်ကြပါပြီ..အစ်ကိုရဲ့ Website လိပ်စာကတော့ http://www.kozawthwin.blogspot.com/ ဖြစ်ပါတယ်ခင်မျာ...

100% သေချာတဲ့ နည်းတစ်ခုပါ။facebook အကောင့်န်သစ်ပြုလုပ် ရာမှာ ဖုန်းနံပါတ် လုံးဝမတောင်းပဲ အဆင်ပြေပြေနဲ့ လွယ်ကူစွာပြုလုပ် နည်းလေးတစ်ခုပါပဲ။Laptop ၊computer ၊ ​တွေနဲ့တင်​မကပဲ mobile ဖုန်းနဲ့ပါ အဆင်​​ပြေ​ပြေ ပြုလုပ်​လို့ရတဲ့နည်းပါ။

ဒီစာအုပ်​ထဲမှာ  အပိုင်း ၂ ပိုင်းခွဲပြီး ​ရေးသား​ပေး ထားပါတယ်​။ပထမပိုင်းမှာ microsoft အ​ကောင့်​န်​လုပ်​နည်း ဖြစ်​ပြီး ၊ ဒုတိယပိုင်းမှာ facebook account new ပြုလုပ်​ပုံကို ပုံနှင့်​တကွ စုံစုံလင်​လင်​ ရှင်းပြ ​ရေးသား​ပေး ထားပါတယ်​။

New facebook account ပြုလုပ်​ဖို့ အတွက်​လိုအပ်​ တာက microsoft account တစ်​ခု လိုအပ်​ပါတယ်​။ဥပမာ~hotmail တို့ ၊outlook.com တို့ ၊ outlook.ph တို့ အစရှိသဖြင့်​ အဲလို account မျိုးနဲ့ ပြုလုပ်​ရ မှာဖြစ်​ပါတယ်​။ဒုတိယအချက်​က အ​ကောင့်​န်​ပြုလုပ်​မယ့်​ device ဟာ wifi လိုင်းကို လက်​ခံထားပြီး wifi သုံးပြီး ပြုလုပ်​ရမှာပါ။ mpt direct လိုင်းတို့ ၊ ADSL လိုင်း တို့နဲ့မရပါဘူး။(အခု​လော​လောဆယ်​​ပေါ့​လေ) အဲ​ဒိ​တော့ အ​ကောင့်​န်​သစ်​ လုပ်​မယ့်​ device သည်​ wifi နဲ့ လက်​ခံပြုလုပ်​ရပါမယ်​။ဖုန်းနဲ့ဆို ရင်​ လိုင်းချိတ်​ထားတဲ့ ဖုန်းက​နေ wifi လွှင့်​ပြီး ​sim card ထုတ်​ထားတဲ့​ ​နောက်​တလုံးက​နေ wifi access ကိုရယူ​ပေးပြီး အ​ကောင့်​န်​သစ်​ ပြုလုပ်​ နိုင်​ပါတယ်​။Laptop သမား​တွေက​တော့ လွယ်​ပါတယ်​။ လိုင်းချိတ်​ထားတဲ့ device တခုခုက​နေ wifi ယူသုံး လိုက်​ယုံပါပဲ။

အဲဒိ​တော့ အခု​တင်​​ပေးထားတဲ့ pdf file စာအုပ်​​လေးကို ​ဒေါင်းပြီး ​သေ​သေချာချာ ဖတ်​ပြီး ပြုလုပ်​ပါ။လုပ်​​ဆောင်​ပုံ အဆင့်​ဆင့်​ကို ပုံနဲ့တကွ ​သေချာရှင်းပြ​ပေးထားပါတယ်​။

ဒီစာအုပ်ထဲမှာတော့ ဖုန်းနဲ့ ပြုလုပ်ပုံကို ရေးသားပေး ထားပါတယ်။

အရင်ဆုံး outlook apk ကိုအရင်ဒေါင်းပါ။

ပြီးမှ pdf စာအုပ်ကို  ဒေါင်းယူပါ။

computer သမားတွေ ကတော့ microsoft account (window live) ကို

http://www.outlook.com/signup  မှာသွားရောက်  ပြုလုပ်နိုင်ပါတယ်။

outlook apk အားဒေါင်းယူရန်(one click) 

 outlook apkအားဒေါင်းရန်(mediafire) 

 outlook apkအားဒေါင်းရန် (box လင့်ခ်) 

 outlook apkအားဒေါင်းရန်(dropboxလင့်ခ်) 

outlook apkအားဒေါင်းရန်(mega လင့်ခ်)  




ပြုလုပ်နည်းစာအုပ်ဒေါင်းရန်

Download => Solidfiles / Tusfiles

From: IT Helper

ဂေါက်သီးရိုက်ကြတဲ့ မယ်ကမ္ဘာပြိုင်ပွဲဝင်သူများ

Posted by drmyochit Tuesday, September 10, 2013, under | No comments


ဂေါက်သီးရိုက်ခြင်းဟာ ကြည့်လို့ကောင်းတဲ့ အားကစားတခု ဖြစ်လာတော့မယ် ထင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ရောက်နေကြတဲ့ မယ်ကမ္ဘာပြိုင်ပွဲဝင်သူများထဲက ဂေါက်ရိုက်တတ်သူတွေဟာ ဒီမနက် ဂေါက်ကွင်းသွား ဂေါက်သီးရိုက်ကြကြောင်း အွန်လိုင်းရောက်လာတဲ့ မယ်ကမ္ဘာပွဲကျင်းပရေးကော်မတီရဲ့ ဓာတ်ပုံများအရ သိရပါတယ်။

မယ်ကမ္ဘာပြိုင်ပွဲဝင်တွေထဲကမှ အိမ်ရှင် အင်ဒိုနီးရှားကို ကိုယ်စားပြုသူ လှတပတလေးရဲ့ ပုံကို ခပ်များများလေး သုံးထားတာ တွေ့ကြရမှာပါ။

ဆိုခဲ့သလိုပဲ ... ပြိုင်ပွဲဝင်သူအားလုံး ဂေါက်ရိုက်ကြတာ မဟုတ်ပါ။
သို့သော်လည်း ကမ္ဘာတလွှား အလှမယ်များအားလုံး ဒီမနက် ဘာလီကျွန်းမှာ လုပ်တဲ့ လိပ်လွှတ်ပွဲကိုတော့ ပါဝင်ခဲ့ကြပါတယ်။

ဒီပွဲကို မြန်မာပြည်က၀င်ပြိုင်တယ်လို့ မကြားမိသေးပါ။
မြန်မာပြည်က ၀င်မပြိုင်တဲ့အတွက် မြန်မာပြည်သားတွေ ဒီပွဲကို သိပ်ပြီး စိတ်ဝင်စားကြမယ် မထင်ပါ။

ကြည့်ပျော်ရှုပျော်ရှိတဲ့ ဂေါက်သီးရိုက်သူများရဲ့ ပုံတွေကို တင်ပေးလိုက်ပါတယ်။























Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်