Wednesday, September 11, 2013

ipple discharge နို့ကနေ နို့မဟုတ်တာ ထွက်ရင်

Posted by drmyochit Wednesday, September 11, 2013, under | No comments

ကျွန်မ အသက် ၃၅ ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်က ဘယ်ဘက် Nipple မှာ အရည်ကြည်နည်းနည်း ထွက်ပါတယ်။

ရေချိုးပြီး တဘက်နဲ့သုတ်ပြီးတဲ့အခါမှာ အရည်ကြည်လေး နည်းနည်း တွေ့ပါတယ်။ နောက်ပိုင်း မတွေ့တော့ အမှတ်တမဲ့ နေဖြစ်ပါတယ်။ ရာသီမလာခင်နဲ့ လာပြီးအချိန် အကျိတ်အဖုတွေ မိမိဘာသာ စမ်းသပ်ဖြစ် ပါတယ်။ အကျိတ်အဖုတော့ မစမ်းမိပါဘူး။ တစ်လကို သုံးလေးကြိမ်တော့ ကိုက်ပါတယ်။ ရာသီမလာခင် ကော၊ လာပြီးချိန်ကော ကိုက်ပါတယ်။ ဘယ်ဘက်က ပိုကိုက်ပါတယ်။

နောက်ပိုင်း ရာသီလာပြီးကြာမှလည်း ကိုက်ပါတယ်။ ဘယ်ဘက်ပဲ ကိုက်ပါတယ်။ Breast နဲ့ ပတ်သက်တဲ့ ဆရာ့ ဆောင်းပါးတွေ ဖတ်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်က သေချာ မိမိကိုယ် ပြန်စစ်ပါတယ်။ စမ်းတာ အကျိတ် မတွေ့ပေမယ့် ဘယ်ဘက်က ကျွန်မ Nipple ကို ညှစ်ကြည့်တော့ အရည်ကြည်နည်းနည်း ပြန်ထွက်နေပါ တယ်။ Nipple ဘေးက အဖုလေးကနေ ထွက်တာပါ။ ဘယ်ဘက် အဖုလေး နှစ်ခုကနေ ထွက်ပါတယ်။ ညာဘက်ကိုလည်း ညှစ်ကြည့်တော့ အဖုတစ်ခုကနေ ထွက်ပါတယ်။ ရေလို အရောင်ဖြစ်ပြီး အနံ့ မရှိပါ။ အများကြီးတော့ မဟုတ်ပါ။ နည်းနည်းလေး စေးကပ်ကပ် ဖြစ်ပါတယ်။ ဘယ်ဘက် Nipple က အရင်တည်းက နို့ပါးစပ် ဖြစ်ပါတယ်။ ကျွန်မလည်း Mammogram သွားရိုက် ကြည့်ပါတယ်။ ရာသီလာပြီး ရိုက်တာ ကောင်းတယ်လို့ ဖတ်ရပေမယ့် နှစ်ပတ်လောက်ကြာမှ သွားရိုက်ဖြစ်ပါတယ်။ စာဖတ်တာ နောက်ကျသွားလို့ပါ။ ကိုက်လည်းကိုက်၊ အရည်လည်း ထွက်တဲ့အချိန် ဖြစ်ပါတယ်။ Film ပြားကိုတော့ ပို့လို့ မရပေမယ့် Report ကို Scan ဖတ်ပြီးပို့လိုက်ပါတယ်။ အပျိုဖြစ်ပြီး အရည်ထွက်တော့ စိုးရိမ်မိပါတယ်။ ကျွန်မအလုပ် Air-con ရုံးခန်းမှာ Manager ရဲ့ ဆေးလိပ်ငွေ့ကိုတော့ နေ့တိုင်း ရူနေရပါတယ်။ အခုဖြစ်နေတာနဲ့ ဆက်စပ်မှု ရှိ-မရှိလည်း မသိပါဘူး။ ဘာဆက် လုပ်သင့်တယ်ဆိုတာကို ညွှန်ကြားပေးပါရန်။ အိမ်ထောင်မရှိပါ။ ဆက်ဆံမှုရော တစ်ခါမှ မရှိဘူးသေးပါ။ ရာသီပုံမှန်လာပါတယ်။ တစ်ခါတစ်လေ တစ်ပတ်၊ နှစ်ပတ် ကျော်သွားတတ်ပါတယ်။ တားဆေး မသောက်ဘူးပါ။



ဆရာရှင့် သမီးအသက် 24 နှစ်ပါ။ သားသမီးမရှိပါပဲ ရင်သားမှနို့ရည်ထွက်နေပါတယ်ဆရာ။ ရင်သားကင် ဆာနဲ့ ပတ်သတ်တယ်ဆိုတာ ဟုတ်ပါသလား။ ရာသီလည်း ပုံမှန်မလာပါဘူး။ လာခဲ့ရင်လည်း အလွန်နည်း ပါတယ်။ ရာသီလာချိန် မဲမဲအဖတ်များ ဆင်းလာတတ်ပါတယ်ဆရာ။ မိန်းမကိုယ်မှလဲ စပ်ပါတယ်။ သားအိမ် ကင်ဆာနဲ့ရောဆက်စပ်မှု ရှိပါသလားဆရာ ရှင်းပြပေးပါ ။

Nipple discharge နို့သီးထိပ်ဖျားကနေ တခုခုထွက်တာဟာ များသောအားဖြင့် ရောဂါမဟုတ်ပါ။ ဒါပေမဲ့ ရင်သားအတွက် ဆရာဝန်ဆီကို လာပြသူတွေထဲမှာ Breast lumps ရင်သား-အကျိတ် နဲ့ Breast pain ရင်သား-နာတာပြီးရင် တတိယ အများဆုံး ဖြစ်တယ်။ ဆယ်ကျော်သက် ယောက်ျားလေး၊ မိန်းကလေးတွေ မှာလဲ Puberty အရွယ်ရောက်ချိန်မှာ ဖြစ်နိုင်သေးတယ်။ ကိုယ်ဝန်မဆောင်တဲ့ မိန်းကလေးတွေ၊ ကလေးနို့ တိုက်နေတဲ့ အမျိုးသမီးတွေမှာ နို့ကနေ အရည်တခုခုထွက်တာ စိုးရိမ်စရာ မရှိတတ်ဘူး။ ဆရာဝန်ကိုတော့ တိုင်ပင်သင့်တယ်။ ယောက်ျားတွေမှာ ဖြစ်ရင် ဘယ်အရွယ်ဖြစ်ဖြစ် ဆေးစစ်ရမယ်။

နို့ကနေ အရည် ထွက်တာဟာ တဖက်ထဲကနေရော နှစ်ဖက်လုံးကပါဖြစ်စေနိုင်တယ်။ အလိုလိုထွက်တာနဲ့ ညှစ်ကြည့်မှ ထွက်တာ ဖြစ်နိုင်တယ်။ ရေလို၊ နဲနဲပျစ်ပျစ်၊ အတော်ပျစ်ပျစ်၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ အလို လိုလဲ ပျောက်သွားနိုင်တယ်။ အသက် ၄ဝ ကျော်မှ ထွက်ရင်၊ ရင်သားထဲမှာ အကျိတ်လဲရှိနေရင်၊ သွေးပါနေရင်၊ တဖက်ထဲက သတ်သတ်မှတ်မှတ် ထွက်နေရင် ဆေးစစ်ပါ။

Types of discharge နို့ကနေထွက်တဲ့ အရည်အမျိုးအစားတွေ
- Cloudy white color အများဆုံးဖြစ်တတ်တဲ့ ခပ်နောက်နောက် အဖြူရည် Galactorrhea ဆိုတာကြောင့် ဖြစ်နိုင်တယ်။
- Clear or light white အဖြူရောင်အရည်ကြည်ဟာ ကိုယ်ဝန်ဆောင်ချိန်မယ် ထွက်တယ်။
- Red သွေးပါတဲ့ အနီရောင်ဟာ Infection ပိုးဝင်တာ၊ Intraductal papillomas နို့ပြွန်ရောဂါနဲ့ Breast cancer နို့ကင်ဆာတွေကြောင့် ဖြစ်မယ်။
- Whitish-yellow ဖြူဝါဝါ၊ Yellow အဝါ နဲ့ Green ခပ်စိမ်းစိမ်းဟာ Infection ပိုးဝင်လို့ထွက်တဲ့ Pus ပြည် ဖြစ်တယ်။


ဖြစ်နိုင်ခြေရှိတဲ့ ရောဂါမှန်သမျှရေးချရရင် -


၁။ Abscess ပြည်တည်နာ၊
၂။ Breast cancer နို့ကင်ဆာ၊
၃။ Breast infection ရောဂါပိုးဝင်တာ၊
၎။ Excessive breast stimulation နို့ကို နိုးဆွမှုလုပ်တာ များတာ၊
၅။ Fibroadenoma (ဖိုင်ဘရို-အဒီနိုးမား) ကင်ဆာ မဟုတ်တဲ့ နို့အကျိတ်၊
၆။ Fibrocystic breasts (ဖိုင်ဘရို-ဆစ်စတစ်) ရောဂါ၊
၇။ Ductal carcinoma in situ (DCIS) နို့ထွက်ပြွန်ထဲမှာသာရှိတဲ့ ကင်ဆာ၊
၈။ Galactorrhea (ဂလက်တိုးရီးယား) ရောဂါ၊
၉။ Hormone imbalance ဟော်မုန်း အချိုးအစား ပြောင်းလဲတာ၊
၁ဝ။ Injury or trauma to the breast ထိခိုက်ဒဏ်ရာရတာ၊
၁၁။ Intraductal papilloma နို့ထွက်ပြွန်ထဲ ကင်ဆာ မဟုတ်တဲ့ (ပက်ပလိုမား) ရောဂါ၊
၁၂။ Mammary duct ectasia (အတက်ဆီးယား) နို့ပြွန်ရောဂါ၊ Thyroid disorder လည်ပင်းကြီးနဲ့ ပတ်သက်တယ်။
၁၃။ Medication ဆေးဝါးတွေကြောင့်ဖြစ်တာ၊
၁၄။ Paget's disease of the breast (ပေးကျက်စ်) ရောဂါ၊
၁၅။ Pregnancy ကိုယ်ဝန်၊
၁၆။ Prolactinoma (ပရိုလက်တီနိုးမား) ရောဂါ တွေ ဖြစ်တယ်။

ဆေးတွေကြောင့် နို့က တခုခုထွက်နိုင်တယ်။
- Antidepressants စိတ်ကျလို့ သောက်ရတဲ့ Monoamine oxidase inhibitors (MAOIs) နဲ့ Selective serotonin reuptake inhibitors SSRI’s ဆေးတွေ။ ဥပမာ Citalopram (Celexa), Fluoxetine (Prozac), Paroxetine (Paxil), Sertraline (Zoloft) နဲ့ Tricyclics တွေကြောင့်လဲ ဖြစ်နိုင်တယ်။
- Anxiolytics အိပ်ဆေး၊
- Alprazolam (Xanax), Buspirone (BuSpar) စိတ်ရောဂါဆေး၊ Atenolol (Tenormin), Methyldopa (Aldomet), Reserpine (Serpasil), Verapamil (Calan) သွေးကျဆေး၊ Phenothiazines (Thorazine, Compazine) စိတ်ရောဂါဆေး၊
- Cimetidine (Tagamet), Famotidine (Pepcid), Ranitidine (Zantac) လေနာရောဂါဆေး၊
- Estrogen + Medroxyprogesterone acetate (Prempro, Premphase) ဟော်မုန်းဆေး၊ Contraceptives ကိုယ်ဝန်တား စားဆေး-ထိုးဆေးတွေ၊
- တိုင်းရင်းဆေးတွေ = Anise, Blessed thistle, Fennel, Fenugreek, Marshmallow, Nettle, Raspberry, Red clover
- Cannabis (Marijuana), Opiates မူးယစ်ဆေးတွေ

နို့ကနေ အရည်တခုခုထွက်တာဟာ Breast cancer နို့ကင်ဆာ မဖြစ်ဘို့များတယ်။ တကယ်လို့ ရာသီလာ ချိန် တလထဲမှာ နို့က အရည်ထွက်ပြီး လကုန်လို့လဲ မပျောက်ရင် ဆရာဝန်ပြပါ။ ဆေးသောက်နေတာကို စစ်ဆေးပါ။ နို့သီးထိပ်ဖျားကို မဆွပါနဲ့၊ ညှစ်ကြည့်တာမျိုး သိပ်မလုပ်ပါနဲ့။ အတွင်းခံ တင်းကျပ်မနေစေပါနဲ့။

Dr. တင့်ဆွေ

MTV မှာ ချွတ်ပြလို့ မိုင်လေဆိုင်းရပ်စ် လူကြည့်များလူပြောများနေပြီ

Posted by drmyochit Wednesday, September 11, 2013, under | No comments

မိုင်လေဆိုင်းရပ်စ်က သူ့ရဲ့ သီချင်းရုပ်သံတပုဒ်မှာ အဝတ်အစားမပါတဲ့အခန်းတချို့ ထည့်ထားတာကြောင့် ထင်ရှားကျော်ကြားကြယ်ပွင့်များသတင်းတွေထဲ ထိပ်တန်းရောက်နေ
ပါတယ်။ဖျော်ဖြေရေးသတင်းများ

ထဲမှာ ဒီကနေ့တော့ သူ့ပုံ သူ့သတင်းတွေချည်းပါပဲ။

သုံးမိနစ်ကျော်ကြာတဲ့ သူ့သီချင်းသရုပ်ဖော်မှုမှာ အဝတ်မဲ့ပြကွက်တချို့ ထည့်ထားတဲ့အတွက် အငြင်းပွားဖွယ် ဖြစ်နေပါတယ်။
ထောက်ခံသူတချို့ ရှိပေမယ့် မကြိုက်တဲ့သူအများအပြားက အွန်လိုင်းသတင်းတွေမှာ မှတ်ချက်တွေလိုက်ရေး ရှုတ်ချနေကြတာပါ။

အင်္ဂါနေ့က ဧရာဝတီဘလော့မှာ တခြားအဆိုတော်တယောက်အကြောင်း ရေးခဲ့ပြီးပါပြီ။


တရက်တာ အချိန်အတွင်း ကြည့်ရှုသူပေါင်း ၁၄ သိန်းကျော် ရှိသွားလို့ပါပဲ။

အခုတော့ အဲဒီစံချိန်ကို မိုင်လေဆိုင်းရပ်စ်က ခပ်ကြမ်းကြမ်းလေး ရိုက်ချိုးလိုက်တယ် ဆိုရပါမယ်။တရက်တာအတွင်း ကြည့်သူပေါင်း သိန်း ၁၄ဝ ဝန်းကျင် ရှိသွားပါပြီ တဲ့။

အင်္ကျီချွတ်ပြလို့ အဲဒီလောက် များသွားတာလို့ ယူဆရပါတယ်။သီချင်းအစပိုင်းမှာတော့ မချွတ်သေးပါ။ ငိုနေတဲ့သူ့မျက်နှာအနီးကပ်ရိုက်ချက်တွေနဲ့ သီချင်းကို ဖွင့်ခဲ့တာပါ။
နောက်ပိုင်းမှ ပွဲကြမ်းတော့တာပါပဲ။

သူ့သီချင်းရုပ်သံကို ကြိုက်ကြ၊ မကြိုက်ကြတဲ့ အသံတချို့ကို ကောက်နုတ် ဖော်ပြလိုပါတယ်။
ထောက်ခံတယ်လို့ ယူဆရတဲ့ အသံတချို့ကို အရင် ရေးရမယ် ဆိုရင် ...
- ထောက်ခံပါတယ်။ သူက အစဉ်အလာကနေ ဖောက်ထွက်ပြလိုက်တာပဲ။ အသက် ၂၀ ကျော်လာပြီဆိုရင် နည်းနည်းလေး မရူးသွပ်တဲ့သူ ဘယ်သူရှိမလဲ။
- သူ့ကို အလေးအနက်ထားမနေပါနဲ့။

- သူ့အသက် ၂၀ ရှိပါပြီ။ ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ အရွယ်ရောက်နေပြီ။ သင့်တော်မတော် ဆိုတာလည်း သိနေပြီ။ သူ ချွတ်ချင်တယ်ဆိုလည်း ချွတ်ပေါ့၊ ဘာဖြစ်သလဲ။ လူငယ်တွေ တီဗွီနဲ့ အင်တာနက်မှာ မြင်နေရတာတွေထက်တော့ တုန်လှုပ်စရာ မကောင်းပါဘူး။

ကဲ ... ဆူညံနေတဲ့ကန့်ကွက်သံတွေထဲက တချို့ကို ဖောက်သည်ချရမယ် ဆိုရင် ....
~ ဘာအရသာမှ မရှိဘူး။ ပြည့်တန်ဆာလို ဖြစ်သွားပြီ။~ ရုပ်သံ မကြည့်ခင်အထိတော့
ဒီသီချင်းကို ကြိုက်ပါတယ်။
~ အနည်းဆုံးတော့ အဆိုတော်ရီဟားနားဟာ စွဲမက်ဖို့ကောင်းတယ်၊ လှပတယ်လို့ ထင်ကြလိမ့်မယ်။ ဒီကလေးမကတော့ အလွန်အကျွံ လုပ်ပြနေတာပါပဲ။

~ အင်မတန် ငယ်ရွယ်တဲ့ ပရိသတ်တွေအားပေးလို့ ကျော်ကြားလာတဲ့၊ ခရစ်ယာန်အမျိုး
သမီးကောင်းတယောက်ဖြစ်တဲ့သူက ဒီလိုပုံလုပ်ပြတာ ရှက်စရာကောင်းလိုက်တာ။
~ ဒီသီချင်းနဲ့ ကိုယ်တုံးလုံးနေတာနဲ့ ဘာဆိုင်လို့လဲ။
~ အရင်က အထင်ကရတွေအတိုင်း လိုက်လုပ်ပြနေတာပါ။ လေဒီဂါဂါကို ကော်ပီကူး
ထားတာပါ။လေဒီဂါဂါကလည်း မက်ဒေါနားကို ကူးထားတာ။မက်ဒေါနားကလည်း မာရီလင်မွန်ရိုးကို ကူးချထားတာပေါ့။
~ အရွယ်ရောက်လာပြီဆိုတာ နားလည်ပါတယ်။နားမလည်နိုင်တာက အရွယ်ရောက်ပြီ
ဆိုတာနဲ့ ချွတ်ရတော့မှာလား ဆိုတာပဲ။သန်းပေါင်းများစွာသောသူတွေလည်း
အရွယ်ရောက်နေကြပေမယ့် ချွတ်မပြကြပါဘူးကွာ။

~ သီချင်းက သိပ် ................. ကောင်းတယ်။ သီချင်းရုပ်သံကို ဖျက်ဆီးလိုက်တာက ဘာကြောင့်များပါလိမ့်။စိတ်ကုန်စရာပဲ။ ကျော်ကြားဖို့အတွက် အဝတ်မပါဘဲ နေပြမှရမယ်
ဆိုရင်တော့ ဝမ်းနည်းစရာပါ။

~ အပေါစားစတန့်တွေပါကွာ။ဒီလိုလုပ်ပြတာတွေကို ကျေးဇူးပြုပြီး အားပေး
တာမျိုး မလုပ်ကြပါနဲ့။



ခြိမ်းခြောက်သောကြောင့် တွေ့ဆုံပွဲပြုလုပ်ခြင်းမဟုတ်ကြောင်း ဦးဝီရသူဆို

Posted by drmyochit Wednesday, September 11, 2013, under | No comments

ဒိုင်းမွန်းဦးရွှေကြည်နှင့် တွေ့ဆုံပွဲပြုလုပ်ခြင်းသည် အစွန်းရောက်များက ခြိမ်းခြောက်သောကြောင့်မဟုတ်ကြောင်း ဦးဝီရသူက စက်တင်ဘာ ၁၀ ရက်ကမိန့်ကြားလိုက်သည်။

မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူသည် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံသမန်ကွန်ရက် တာဝန်ခံ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းဦးရွှေကြည်နှင့် တတိယအကြိမ်မြောက် တွေ့ဆုံခဲ့အပြီးတွင် သတင်းထောက်များကို အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ လက်ရှိလုပ်ရပ်များကို မကျေနပ်သဖြင့် ခေါင်းဖြတ်သတ်မည်ဟု ပြည်တွင်းဖုန်းနံပါတ်တစ်ခုဖြင့် ကြိမ်းမောင်းခဲ့ကြောင်း ရေးထားသည်။

“ဦးဇင်းရဲ့တရားတွေက အမုန်းစကားတွေ မဟုတ်ပါဘူး။ တကယ့်အပြင်က အဖြစ်အပျက်အမှန်တွေပါ၊ ငိုသံတွေပဲ ဖြစ်ပါတယ်” ဟု ဦးဝီရသူက မိန့်သည်။

ထို့ပြင် ဒိုင်းမွန်းဦးရွှေကြည်ကိုလည်း မွတ်ဆလင်များနှင့် အစွန်းရောက်များက ဦးဝီရသူနှင့်တွေ့ဆုံမှုအပေါ် ခြိမ်းခြောက်မှုများ ရှိကြောင်း ပြောဆိုထားသေးသည်။

ယခုတွေ့ဆုံပွဲတွင် ဥပဒေမဲ့ဖြစ်ရပ်များ မပေါ်ပေါက်စေရန် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာနှစ်ခု တွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် ယခင်က ဘာသာနှစ်ခုသာတွေ့ဆုံခဲ့ပြီး ယခုတစ်ကြိမ်တွင် အခြားဘာသာဝင် လူငယ်များ ပါဝင်လာခဲ့သည်။

ဒိုင်းမွန်းဦးရွှေကြည်က “ကျွန်တော်တို့ အသိုက်အ၀န်းမှာ မြန်မာ့ရိုးရာကို ဖီလာဆန့်ကျင်နေတဲ့ ဖြစ်ရပ်တွေရှိတယ်။ ဒါတွေကို အစ္စလမ်ဘာသာရေး အဖွဲ့အစည်းတွေကို အကြောင်းကြားပေးပြီး ၀ိုင်းဝန်းဖြေရှင်းဖို့ ပြောဆိုသွားမှာပါ” ဟုဆိုသည်။

Mizzima - News in Burmese

ဓာတုလက်နက်များ လွှဲပြောင်းပေးရေး ရုရှားအစီအစဉ်ကို ဆီးရီးယား လက်ခံ

Posted by drmyochit Wednesday, September 11, 2013, under | No comments

ရုရှား၏ အဆိုပြုချက်ကို ဆီးရီးယားက လက်ခံလိုက်ခြင်းအပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အစရှိသည့် အင်အားကြီးနိုင်ငံများက သတိဖြင့်သာ တုံ့ပြန်ခဲ့ကြ
ဆီးရီးယားအစိုးသည် ၎င်း၏ ဓာတုလက်နက်များအား နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးခြင်းဖြင့် အမေရိကန်ဦးဆောင်သည့် စစ်ရေး တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရေး ရုရှားနိုင်ငံ၏အစီအစဉ် အဆိုပြုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး၏ အဆိုကို ကိုးကား၍ Interfax သတင်းဌာနက ပြောကြားသည်။ တနင်္လာနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အလွန်ကောင်းမွန်သော ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထိုနေ့ညနေပိုင်းမှာပင် ဓာတုလက်နက်များနှင့် ပတ်သက်၍ ရုရှား၏ အဆိုပြုချက်ကို မိမိတို့ လက်ခံလိုက်ပြီးဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်ဒ် မူလမ်က အင်္ဂါနေ့တွင် ပြောကြားသည်။ ယခု သဘောတူညီမှုမှာ အမေရိကန်၏ ရန်လိုမှုမှ ရှောင်ထွက်လိုက်ခြင်းပင်ဖြစ်ကြောင်းလည်း ဝါလစ်ဒ်က ဖြည့်စွက်ပြောကြားသည်။

ရုရှားသည် ဆီးရီးယားအစိုးရအား ဓာတုလက်နက်များကို နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးပြီး နောက်ပိုင်းတွင် ဖျက်သိမ်းသွားရန် အဆိုပြုခဲ့သည်။ ဆီးရီးယားအစိုးရ၏ ယခုသဘောတူညီမှုကြောင့် အမေရိကန်လွှတ်တော်တွင် ဆုံးဖြတ်ရန်ရှိနေသော သမ္မတ အိုဘာမားက တင်ပြထားသည့် အကန့်အသတ်ဖြင့် စစ်ရေး တိုက်ခိုက်မှုပြုရန် အစီအစဉ်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ရုရှား၏ အဆိုပြုချက်ကို ဆီးရီးယားက လက်ခံလိုက်ခြင်းအပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အစရှိသည့် အင်အားကြီးနိုင်ငံများက သတိဖြင့်သာ တုံ့ပြန်ခဲ့ကြသည်။ အမေရိကန်သမ္မတ အိုဘားမားက အကောင်းဘက်သို့ အသင့်အတင့် တိုးတက်မှုတစ်ခုဟု သုံးသပ် တုံ့ပြန်ပြောကြားလိုက်သည်။

ဓာတုလက်နက်များနှင့် ပတ်သက်၍ ရုရှား၏အဆိုပြုချက်ကို ဆီးရီးယားအစိုးရ အနေဖြင့် လက်ခံပါက စစ်ရေးအရ တိုက်ခိုက်မှုကို ဆိုင်းငံ့ထားနိုင်မည့် ၎င်း၏ သဘောထားကို အိုဘားမားက အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ အိုဘားမားသည် ဆီးရီးယား၏ ဓာတုလက်နက်များနှင့် ပတ်သက်၍ ရုရှား၏ အစီအစဉ်ကို ကုလသမဂ္ဂတွင် ကြားနာဆွေးနွေးသွားရန် လိုလားကြောင်း ပြောကြားသည်။ ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့သည် ဆီးရီးယားအရေး ကုလသမဂ္ဂ၏ ကြားဝင်ဖြေရှင်းမှု ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရန် လာမည့်သီတင်းပတ် အင်္ဂါနေ့တွင် ဆွေးနွေးမည်ဖြစ်သည်။

ဆီးရီးယားအစိုးရက ဓာတုလက်နက်များကို နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးရန် သဘောတူညီခဲ့ပြီ ဖြစ်သော်လည်း ကလေးငယ် အများအပြားပါဝင်သော ဆီးရီးယားပြည်သူ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအပေါ် မည်သည့်အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း ရှင်းလင်းစွာ မသိရှိရသေးချေ။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကလည်း ယခု ကြားဝင်ဆောင်ရွက်မှုမှာ ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများအားလုံးအပေါ် စုံစမ်းစစ်ဆေးရေးအတွက် အဓိကလိုအပ်ချက် မပါဝင်ကြောင်း ပြောကြားသည်။ ကုလသမဂ္ဂ လက်နက်ကျွမ်းကျင်သူများ အနေဖြင့် ဆီးရီးယားသို့ ပြန်လည်သွားရောက်ကာ ၎င်းတို့၏ လုပ်ငန်းစဉ်ကို အပြီးသတ် ဆောင်ရွက်သင့်ကြောင်း၊ အမှန်တရားကို တွေ့ရမည်ဖြစ်ကြောင်းနှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုတွက် မည်သူတို့တွင် တာဝန်ရှိကြောင်း ဖော်ထုတ်တွေ့ရှိလာနိုင်မည်ဟု လက်ဗ်ရော့ဗ်က ဆက်လက် ပြောကြားသည်။

ထိုအတောအတွင်း ရုရှားနှင့် ဆီးရီးယားတို့ အနေဖြင့် ဓာတုလက်နက်များနှင့် ပတ်သက်၍ သမ္မတ ဘရှား အာဆဒ်ထံ အဆိုပြုခဲ့မှုနှင့် သဘောတူညီခဲ့မှုမှာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြစေလိုသည်ဟု ဗြိတိန်နိုင်ငံက ပြောကြားလိုက်သည်။ ဆီးရီးယားအရေး ယခု ထွက်ပေါ်လာသည့် ကနဦးအခြေအနေများနှင့် ပတ်သက်၍ စစ်မှန်သည့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်းနှင့် ရရှိခဲ့သည့် သဘောတူညီချက်အတိုင်း ဆက်လက် အကောင်အထည်ဖော်ရန် ရုရှားနှင့် ဆီးရီးယားတို့တွင် အဓိက တာဝန်ရှိသွားပြီဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၏ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ ထို့အပြင် ဆီးရီးယားအရေး မေးခွန်းများစွာ ကျန်ရှိနေသေးကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားက ဆီးရီးယားကို ကမ်းလှမ်းခဲ့သည့် အဆိုပြုချက်မှာ အကောင်အထည်ဖော်ရန် အလွန်ခက်ခဲလိ့မ်မည်ဖြစ်ကြေင်း သတိပေးသည်။ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဆီးရီးယားက ရုရှား၏ အဆိုပြုချက်ကို အမှန်တစ်ကယ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အနေဖြင့် ရှင်းလင်းစွာ သိလိုကြောင်း ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အဗစ်ဂ်ဒေါ လီဘာမန်ကလည်း ရုရှား-ဆီးရီးယား သဘောတူညီချက်၏ ဓာတုလက်နက်များအား လွှဲပြောင်းမည့် အစီအစဉ်မှာ ရှင်းလင်းမှုမရှိကြောင်း တုံ့ပြန်မှတ်ချက်ပြုလိုက်သည်။ ဆီးရီးယားသမ္မတ အာဆတ်က ရုရှား၏အဆိုပြုချက်အား ၎င်းအတွက် အချိန်ဆွဲသည့်နည်းလမ်းအဖြစ် အသုံးချနေခြင်းသာဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲလိုက်သည်။ အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်ကလည်း ဆီးရီးယားသည် ယုံကြည်စိတ်ချရမှု မရှိကြောင်း အစောပိုင်းက ပြောကြားထားခဲ့သည်။

Planet Myanmar Network

၉၆၉ကို ငြင်းပယ်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ချုပ် သေနတ်ထောက်ပြီး ဖွဲ့ထားတဲ့အဖွဲ့ဟု ဦးဝီရသူ တုံ့ပြန်


၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာကွန်ရက်တွေဟာ ဗုဒဘုရားရှင်ရဲ့ အမှတ်အသားကို ကိုယ်စားမပြုသလို အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူက စက်တင်ဘာ ၁ဝရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။

ပညာတတ်ပြီး သိက္ခာရှိတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ချင်တယ်ဆိုတဲ့ ထက်ထက်ထွန်း

Posted by drmyochit Wednesday, September 11, 2013, under | No comments


မဟော်ဂနီနဲ့ ငါးနှစ်စာချုပ် ချုပ်ထားတဲ့ ထက်ထက်ထွန်းကို ဒီတစ်ပတ် 8days  Cover အဖြစ် ရွေးချယ် ခဲ့ပါတယ်။ သူ က ၂၀၁၀ ခုနှစ်မှာ Prince & Princess ဂမုန်းပွင့်ကနေ ဆုရခဲ့သလို ၂၀၁၁ ခုနှစ်မှာ Miss လပြည့်ဝန်းဆု Best Style & Best Talent ပွဲမှာလည်း Miss Dell ဆုတွေရရှိ ထားသူတစ် ယောက်ဖြစ် ပါတယ်။ ခုလက်ရှိမှာ တော့ သူက မဟော်ဂနီ ရုပ်ရှင်ထုတ် လုပ်ရေးရဲ့ ရည်းစားဦး ရုပ်ရှင် ကားမှာ အလင်းရောင်၊ သဉ္ဇာနွယ်ဝင်း တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်လျက် ရှိ ပါတယ်။

မး။   ။ ပြိုင်ပွဲတွေမှာဆုရခဲ့ပေမယ့် အနုပညာလှုပ်ရှားမှု အနေနဲ့ ကျဲနေ သလားလို့။
ဖြေ။   ။ ဆုရပြီးနောက်ပိုင်း မဟော် ဂနီနဲ့ စာချုပ်ချုပ်ပြီး ရိုက်ဖြစ်တယ်။ ကားရိုက် နေတာကြောင့် ဒီဘက်က ဂျာနယ်တွေနဲ့ မဆုံဖြစ်တာလည်း ပါပါတယ်။ ခုတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေ အတွက် ဓာတ်ပုံပြန်ရိုက် ပေးဖြစ်နေပါပြီ။

မေး။ ။ ပြိုင်ပွဲတွေက ကိုယ့်ကို ဘယ်လို အတွေ့အကြုံတွေရစေလဲ။
ဖြေ။  ။ လူတွေကို ကြောက်တတ် တဲ့ စိတ်မရှိတော့ဘူး။ သတ္တိရှိလာ တယ် ပြောရမှာပေါ့။ သရုပ်ဆောင် တစ်ယောက်အ နေနဲ့ ကိုယ့်ရဲ့ အား နည်းချက် လိုအပ်ချက်တွေ သိသိ လာတယ်။ အရင်တုန်းကပွဲတွေမှာ စင်ပေါ်တက်ဖူးပေမယ့် ယှဉ်ပြိုင်ရ တဲ့ ပွဲမျိုးမဟုတ်တော့ စိတ်ထဲမှာ ခံ စားချက်ခြင်း မတူဘူး။

မေး။   ။ ထက်ထက်ထွန်း စိတ်ဝင် စားတဲ့ဖက်ရှင် ဆိုရင်ရော..
ဖြေ။   ။ ခေတ်နဲ့လိုက်ပြီး ပြောင်း လဲဝတ်ဆင်တာမျိုးတော့ မရှိဘူး။ ကိုယ်နဲ့လိုက်တယ်ဆိုရင် ဘာမဆို ဝတ်တယ်။

မေး။   ။ ထက်ထက်ထွန်း ကိုမြင်ရ ရင် ရိုက်ကွင်းတွေပေါ်မှာ တစ် ယောက်တည်း ပဲနော်။
ဖြေ။   ။ ညီမက ကိုယ်ဘာသာ ကိုယ်လုပ်ရတာ ပိုသဘော ကျတယ်။ ညီမဝမ်းကွဲလေး အားရင်တစ်ခါ တလေလိုက်ပေး ပါတယ်။ အမေက လည်း အိမ်မှုကိစ္စတွေနဲ့ ရှုပ်နေတာဆိုတော့ ကိုယ့်အလုပ်ကြောင့် အိမ်ကို ဒုက္ခမပေးချင်ဘူး။ ကိုယ်တစ်ယောက်တည်း လုပ်နိုင်တယ်ထင်လို့ တစ်ယောက်တည်း လာတာပါ။

မေး။  ။ အဲဒီလိုနေရတာ ကိုယ့်ကို ဘယ်လို အတွေ့အကြုံရစေလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် ဂမုန်း ပွင့်စပြိုင် ကတည်းက တစ်ယောက် တည်းပဲ ပွဲလာတယ်။ ပြီးရင် တစ် ယောက်တည်း ဆုပိုက်ပြီး အိမ်ပြန် တာပဲ။ နောက်ဆုံး Dell ပွဲတစ်ပွဲ သာ ပါပါးနဲ့ အစ်မတွေလာကြည့် တယ်။ ငါဒီလိုလုပ်နိုင်လိုက်လေခြင်း ဆိုတဲ့ ပီတိက အရမ်းပျော်တယ်။

မေး။ ။ မိဘတွေက ဒီအလုပ်ကို အားမပေး တာလား။
ဖြေ။   ။ မိဘတွေရဲ့ အားပေးမှုက ၅၀/၅၀ လောက်ပဲရှိတယ်။ အရင် က ဒီအလုပ်ကို ညီမတစ်ယောက် တည်း လုပ်လာတယ်။ အားလည်း မပေး သလို တားလည်း မတားဘူး။ ကြိုက် ရင်လုပ်၊ ကျေနပ်ရင်လုပ်။ ဒါပေမဲ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံအတွက်၊ ဆုံးမ စကားတော့ ပြောပေးတာ ပေါ့။ ဒါပေမဲ့ ခုစာချုပ် ချုပ်ပြီးကား ရိုက်တာတွေရှိလာတော့ အမေက နယ်တွေ ဆိုရင်လိုက်ပေး ပါတယ်။ စာချုပ်ထဲမှာ အမေ အကြိုက်ဆုံး အချက်က ငါးနှစ်မပြည့်မချင်း အိမ် ထောင်မပြု ရဘူးဆိုတဲ့ အချက်တဲ့။

မေး။   ။. ဒီအလုပ်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမား အခက်အခဲရှိလား။
ဖြေ။   ။ အရင်က တစ်ယောက် တည်းလာပြီး တစ်ယောက်တည်း ပြိုင်ရတာဆိုတော့ စိုးရိမ်စိတ်တော့ ဖြစ်မိတာပေါ့။

မေး။ ။ ထက်ထက်ထွန်း ဖြစ်ချင်တဲ့ အနုပညာရှင် ဆိုတာ ဘယ်လိုမျိုးလဲ။
ဖြေ။   ။ အနုပညာရှင် ဆိုတာဘာ လဲ လူတွေကို တကယ်ချပြနိုင်မှတ ကယ့်အနုပညာရှင်ပါ။ တကယ့်အနု ပညာရှင် အစစ်ဆိုတာမျိုးကို နိုင်ငံ တကာနဲ့ ယှဉ်ပြီး ပြသခွင့်ရမယ် ဆိုရင် လုပ်ပြချင် ပါတယ်။

မေး။   ။ နောင်သုံးနှစ်အကြာမှာ ဘယ်လို လူမျိုးဖြစ်ချင်လဲ။
ဖြေ။   ။ ခုက အရင်ထက်စာရင် ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လာပြီ ထင်တယ်။ နောင် သုံးနှစ်ကြာရင် ဒီထက်ပို တည်ငြိမ်ရင့်ကျက်ပြီး အိမ် ကိုဒုက္ခမပေးတဲ့သူ မိဘတွေကို ပြန် ပြီးထောက်ပံ့ပေးနိုင်တဲ့သူဖြစ်ချင် တယ်။ ကျောင်းနားထားတာလည်း ပြန်ဖြေချင်တယ်။ သရုပ်ဆောင် သက်သက် တစ်ခုတည်းမဟုတ်ဘဲ ပညာတတ် သိက္ခာရှိတဲ့ အမျိုးသမီး သရုပ်ဆောင် တစ်ယောက်ဖြစ်ချင် တယ်။

မေသက်
8 Days
Ref: ရိုးရာလေး

မလေးရှားမှ မြန်မာအားလုံး တရားဝင်အလုပ်သမား ဖြစ်စေရေး သံရုံးကို တောင်းဆို

Posted by drmyochit Wednesday, September 11, 2013, under | No comments


မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများအားလုံးကို တရားဝင် အလုပ်သမားများ ဖြစ်စေရေး ဆောင်ရွက်ပေးရန် မလေးရှားအခြေစိုက်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ၈၈ မျိုးဆက်အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တို့က ထိုနိုင်ငံရှိ မြန်မာသံရုံးကို စက်တင်ဘာ ၇ ရက်ကတောင်း ဆိုလိုက်သည်။

မလေးရှားအစိုးရက ယခုလဆန်းမှစတင်၍ ၎င်းတို့နိုင်ငံအတွင်းရှိ တရားမ၀င်လုပ်သားများကိုဖမ်းဆီးလျက် ရှိရာ မြန်မာလုပ်သား ၅၅၀ ကျော်လည်း အဖမ်းခံထားရသဖြင့် ထိုအဖွဲ့များက ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိသည့်အနက် တရားဝင်အလုပ်သမားသုံး သိန်းခန့် သာရှိပြီး တရားမ၀င်လုပ်သားလေးသောင်းနှင့် ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ
မြန်မာသံအမတ် ဦးတင်လတ်က ဇွန်လဆန်းက နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

မလေးရှားရောက် အဖွဲ့အစည်းနှစ်ခုက ဖမ်းဆီးခံထားရသော တရားမ၀င်မြန်မာအလုပ်သမားအားလုံး လွတ်မြောက်ရေး ကိုလည်း သံရုံးကဆောင်ရွက်ပေးရန် ကြေညာချက်တွင် ထည့်သွင်း တောင်းဆို ထားသည်။

စက်တင်ဘာ ၁ ရက်က စတင်ခဲ့သည့် မလေးရှားအစိုးရ၏ တရားမ၀င်လုပ်သားများ ဖမ်းဆီးသည့် စစ်ဆင်ရေး
ကြောင့် မြန်မာများအပါအ၀င် တရားမ၀င်အလုပ်သမားပေါင်း ရှစ်ထောင်ကျော်အဖမ်းခံခဲ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ညှိနှိုင်းရန် မြန်မာအစိုးရကလည်း ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

မြန်မာအစိုးရသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တရားမ၀င်မြန်မာလုပ်သားများကို တရားဝင် နေထိုင်ခွင့် ရရှိရေးအတွက် ထိုင်းအစိုးရနှင့်ညှိနှိုင်းနိုင်ခဲ့သော်လည်း မလေးရှားအစိုးရနှင့်မူ ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိမသိရသေးပေ။

လက်ရှိတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများကို နိုင်ငံသားမှန်မမှန် သံရုံးကစိစစ်ပြီး တရားဝင် ပြန်လည်
ခေါ်ယူသွားမည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သည့် ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က ထုတ်ဖော်ရေးသားခဲ့သည်။

မဇ္ဈိမသတင်း

အမျိုးသား ၄ဦး အုပ်စုလိုက် အဓ္ဓမပြုကျင့်မှုနဲ့ အပြစ်ထင်ရှား

Posted by drmyochit Wednesday, September 11, 2013, under | No comments


အိန္ဒိယ ​နိုင်ငံက ​အမျိုးသားလေးဦးကို ​အုပ်စုလိုက် ​အဓ္ဓမ ​ပြုကျင့်မှုနဲ့ ​တရားရုံးက ​အပြစ်ထင်ရှား ​တွေ့ရှိခဲ့တယ်လို့ ​သိရပါတယ်။

အဆိုပါ ​အမျိုးသား ​လေးဦးဟာ ​ပြီးခဲ့တဲ့နှစ် ​ဒီဇင်ဘာလက ​နယူးဒေလီမြို့မှာ ​အသက် ​၂၃နှစ် ​အရွယ် ​အမျိုးသမီးတဦးကို ​အုပ်စုလိုက် ​အဓ္ဒမပြုကျင့် ​သတ်ဖြတ်ခဲ့တယ်လို့ ​တရားရုံးက ​ဆိုပါတယ်။
ပဉ္စမ ​မြောက် ​အဓ္ဓမပြုကျင့်မှု ​ကျူးလွန်သူလို့ ​သံသယဖြစ်ခံရသူကတော့ ​ယခုနှစ် ​အစောပိုင်းမှာပဲ ​အကျဉ်းထောင်ထဲမှာ ​သေဆုံးသွားခဲ့တယ်လို့ ​သိရပါတယ်။

အဓ္ဓမပြုကျင့် ​သတ်ဖြတ်မှုကြောင့် ​အိန္ဒိယနိုင်ငံ ​တ၀ှမ်းမှာ ​ဆန္ဒပြ ​ကန့်ကွက်မှုတွေဖြစ်ခဲ့ပါတယ်။
တရားရုံးကတော့ ​သူတို့ကို ​ဘယ်လို ​ပြစ်ဒဏ်ချမှတ်မလဲဆိုတာ ​မသိရသေးပေမယ့် ​အဓ္ဓမပြုကျင့် ​သတ်ဖြတ်ခံရတဲ့ ​အမျိုးသမီးရဲ့ ​မိသားစုတွေကတော့ ​သေဒဏ်ချမှတ် ​စေချင်တယ်လို့ ​သိရပါတယ်။

ABC Radio Australia

ခင်ပွန်းနဲ့အဆင်မပြေလို့ ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံသူကို ရဲကအမှုစွဲ

Posted by drmyochit Wednesday, September 11, 2013, under | No comments

စက်တင်ဘာ ၈ရက် ည ၁၀ နာရီခွဲအချိန်က သန်လျင်ဆေးရုံတွင် ပိုသတ်ဆေးသောက်ထားသည့် အသက် ၂၇ နှစ် အရွယ် အမျိုးသမီးအား သေကြောင်း ကြံစည်မှုကြောင့် ရဲကသူမအား မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် အရေးယူပေးရန် တရားလိုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။

သူမသည် ကွမ်းခြံကုန်း ကျေးရွာနေထိုင်သူ စက်ရုံအလုပ်သမတစ်ဦးဖြစ်ပြီး လင်မယားချင်းအဆင်မပြေသည့်ကိစ္စအား စိတ်ညစ်ကာ ပိုလိုပိုးသတ်ဆေးရည်ကို သောက်ပြီး
သေကြောင်း ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနကဆိုထားသည်။

သန်လျင်ရဲစခန်းကအမှုအမှတ် (ပ)၈၃၈/ ၂၀၁၃ဖြင့် အမှုဖွင့်ကာ သေကြောင်းကြံစည် ခဲ့သူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ ဖြင့် တရားစွဲသွားမည်ဟုလည်း ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Source : Mizzima

" ရုပ်ရှင်လောက တိုးတက်ရေးနှင့် ရုပ်ရှင် လောကသားတို့ အသံ "

Posted by drmyochit Wednesday, September 11, 2013, under | No comments


ရုပ်ရှင်လောက ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ရုပ်ရှင်လောကသား အနုပညာရှင်တို့၏ရုပ်ရှင် လောကဖွံ့ဖြိုး ဖို့ရင်တွင်းစကားများကို ဖော်ပြလိုက်ရပါတယ်။

► ဒါရိုက်တာသီဟတင်သန်း

လက်လှမ်းမီသလောက် ဖတ်ကြည့်တဲ့စာတွေထဲမှာတော့ အားလုံးစည်းလုံးညီညွတ်ရမယ်။ စက်ပစ္စည်းတွေ ကောင်းရလိမ့်မယ်။ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုတွေ လိုအပ်တယ်။ နောက်တစ်ခုက ပညာတွေများ လိုအပ် သေးသလား၊ တိုးတက်ဖို့ဆိုတာထက် ကိုယ့်အတွက်ကိုယ်မပြောဘဲ အားလုံးအတွက် ပြောတာကသူများနဲ့ ယှဉ်သင့်တဲ့အချိန်လည်း ရောက်နေပြီ။ ယှဉ်လည်းယှဉ် နေကြပြီ။

တကယ်တန်းဝင်တဲ့ အနုပညာတစ်ခု ဖန်တီးနိုင်တဲ့ သူက Artist လည်း ဖြစ်ရမယ်။ တက်ကနေရှင် လည်းဖြစ်ရလိမ့် မယ်။ အဲဒါမှ သူဖန်တီးတာက တော်တော်ကို ကောင်းတာဖြစ် လိမ့်မယ်။ နံပါတ် ၁ Artist မှာက ဘီဟေးဗီးရားအလွန် ကောင်းတဲ့သူ၊ တအားလေ့လာတဲ့သူ၊ အမြဲတမ်းတက်ကြွတဲ့သူ ဖြစ်နေရမယ်။ အနုပညာဆိုတာ သိပ်အနုစိတ်လွန်းတဲ့ပညာဖြစ်လို့ အနုပညာလို့ခေါ်တာဖြစ်တဲ့အတွက် အဲဒီအနုစိတ်လေး တွေ မြင်တဲ့သိတဲ့သူမှ သာ အနုပညာသည်လို့ ထင်တယ်။ အဲဒါလေးများထပ်ဖြည့် နိုင်ရင် အုန်းခနဲ၊ဒိုင်း ခနဲဖြစ်သွားမှာ မဝေးတော့ပါဘူး

► မောင်မျိုးမင်း(ရင်တွင်းဖြစ်)

ကိုရီးယားက KBS မှာ သွားလေ့လာလိုက်တော့ သူတို့ အရင်ဆုံးစပြီး နိုင်ငံတကာကို ထိုးဖောက်တာက အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ဂျပန်ကိုစဖောက်တယ်။ ရုပ်ရှင်နဲ့စဖောက်တာ မဟုတ်ဘူး။ တီဗီစီးရီးနဲ့ စထိုး ဖောက် တယ်။ အဲဒီ တီဗီစီးရီးက ဂျပန်မှာပေါက်သွားတော့ ဂျပန်ကဝန်ကြီးချုပ်ကတော် ကိုယ်တိုင်ကကိုရီးယား သရုပ်ဆောင်တွေကိုခေါ်ပြီး ညစာအတူစားတယ်။ လိုအပ်တာ အကုန်လုံးကို ပံ့ပိုးပေးတယ်။ အဲဒါကြောင့် အောင်မြင်မှုရခဲ့တယ်။ ယိုးဒယားကျတော့ ရုပ်ရှင်နဲ့စဖောက်တယ်။ တစ်ယောက်နဲ့တစ်ယောက်ထိုး ဖောက်တဲ့ပုံစံချင်မတူဘူး။

ဘာနဲ့ ဖောက်ဖောက်ပေါက်ဖို့က အဓိကပဲ။ ထိုးဖောက်တဲ့အခါမှာ မှားနေတာ။ ကျွန်တော်တို့ ဘဝင်မကျတာ တစ်ခုရှိတယ်။ ဘယ်ကင်မရာနဲ့ ရိုက်မှ 4K နဲ့ တို့အဲဒါတွေကဒီအနုပညာပစ္စည်း ကို ဘယ်သူမှ လာသတ် မှတ်လို့ မရဘူး။ ကျွန်တော်က လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကိုပြဖို့ Black & White နဲ့အဲဒီတုန်းက ကင်မရာ အစုတ်လေးနဲ့ရိုက်မယ်။ ရိုက်လို့မရဘူးလား။ ရတာပဲ လေ။ အဲဒါကိုဘာတွေလာ သတ်မှတ်နေကြတာလဲ။ အခုထိလည်း Mark II တွေ၊ Mark III တွေနဲ့ ပြနေတာပဲ။ ကမ္ဘာမှာ တင်တဲ့ရုပ်ရှင်တွေကို ပြနေတာပဲ။ ဒီမှာ 4K နဲ့ ပြနိုင်တဲ့ရုံ ဘယ် နှရုံရှိလို့လဲ။ ကွာလတီအ ပြည့်ပြနိုင်လို့လား။ အနုပညာအရည် အသွေးမြင့်အောင် မလုပ်ဘဲ ကျန်တာတွေလျှောက်ပြောနေ ကြတယ်။ ကင်မရာကောင်းကောင်းနဲ့ ရိုက်ပြီးဇာတ်ကား မကောင်း ရင်ဘာမှလုပ်လို့ မရဘူး။ ဘယ်သူမှလဲ လာမကြည့်ဘူး။ အဲဒီတော့မှကင်မရာဖိုးလည်းကုန်မယ်။ အကုန်ကုန် မယ်။ ၂ခါဆုံးရှုံးမယ်။ ဇာတ်ကား ကောင်းအောင် အရင်လုပ်ကြဦး၊ ကိုယ်ရိုက်တဲ့ဇာတ်ကား အဓိပ္ပာယ်ရှိ အောင်အရင်လုပ် ကြဦး။

ကွာလတီကဘာနဲ့မှ ဆိုပြီးအနုပညာကိုလာ ကန့်သတ်လို့မရဘူး။ ဗန်ဂိုးရေးတဲ့ ခဲနဲ့ရေးတဲ့ပန်းချီကားက လည်း ဒေါ်လာတစ်သန်းကျော် ပေးရတာပဲ။ ဆီဆေးနဲ့ရေးတဲ့ ပန်းချီကားလည်း အဲဒီထက်ဈေး ပေါရင်ပေါ မှာပဲ။ အနုပညာ လက်ရာအရည်အသွေးနဲ့ပဲဆိုင်တယ်။ ကွာလတီတစ်ခုတည်းနဲ့ ရုပ်ရှင်မဖြစ်ဘူး။ အဲဒီလိုပဲ ဒါရိုက်တာလည်း မဖြစ်ဘူး။ လူအများလက်ခံဖို့ဆိုတာ ရုပ်ရှင်ကကွာလတီတစ်ခုတည်းကို ကြည့်တာ မဟုတ် ဘူး။ အရုပ်၊အသံ ကွာလတီရော၊ ဇာတ်လမ်းအရည် အသွေး၊သရုပ်ဆောင်ရဲ့ အရည်အသွေး၊ ဒါရိုက်တာ အရည်အသွေးအားလုံးပါပါတယ်။

► နေတိုး

ရုပ်ရှင်လောကသားတွေ က ကိုယ့်လောကအတွက် ကိုယ်ကြိုးစားနေတယ်ဆိုတဲ့ အသိတစ်ခု လူတိုင်းမှာရှိ ဖို့လို တယ်။ ပြောင်းလဲလာတဲ့ အခြေအနေ မှာ စားဝတ်နေရေး အခြေအနေ မျိုးစုံတော့ ရှိတာပဲ။ ဒါပေမဲ့ တိုး တက်ဖို့ဆို နိုင်ငံတော်က ပံ့ပိုးကူ ညီဖို့လည်း အများကြီးလိုတယ် လို့မြင်တယ်။

တိုးတက်နေပြီး သားဖြစ်တဲ့ ကိုရီးယား၊ ယိုးဒယားတို့ဆို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ အများကြီးရှိခဲ့တဲ့အတွက် တိုးတက်အောင်မြင်မှုတွေရခဲ့ တာတွေတွေ့ရတယ်။ ကျွန်တော်တို့ အနုပညာနဲ့ ရုပ်ရှင်ကိုလည်း အမျိုးသား ရေးတစ်ခုအနေနဲ့ သဘေားထားပြီးလုပ်စေချင်တယ်။

ဒါရိုက်တာဝင်းထွန်းထွန်း

ရုပ်ရှင်လောက တစ်လောကလုံး တိုးတက်ဖို့ဆိုတာ ရုပ်ရှင် သမားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့် အကျိုးထက် ရုပ်ရှင်လောက အကျိုးကို ကြည့်မယ်၊ အဲဒီလို လက်တွေချိတ်ပြီး လုပ်မယ်ဆိုရင် အမြန်ဆုံး ရှေ့ကိုရောက်လာမှာပါ။ ကိုယ်တို့ ရုပ်ရှင်လောကက သူများနိုင်ငံနဲ့ ယှဉ်ရင်နှစ်ပေါင်း၂ဝကျော် နောက်ကျပါ တယ်။ အိမ်နီးချင်းနိုင်ငံထက်ကို နောက်ကျတယ်။ ဒါ သူတို့ဘက်ကပြောတာ။ အထွေထွေ ခေတ် နောက်ကျ မှုတွေပေါ့။ ငွေရေးကြေးရေးဆိုသူများအစွန်း ထွက်လောက်ပဲ ရင်းနှီးမြှုပ်နှံ နိုင်တယ်။ နည်းပညာ အရလည်း စက်ပစ္စည်းတွေ နောက်ကျတယ်။ အချိန်လည်းလိုတယ်။ ဒီအချိန်က အားလုံးက အရင်က ထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ ပိုသွားရမယ်။

မညီညွတ်ရင်တော့ နဂိုကမှလှုပ်လှုပ်ဖြစ်နေတဲ့ လောကပိုပြီးပျက်စီးဆုံး ရှုံးသွားမှာပါ။ ကိုယ်အောင်မြင်ဖို့ ထက် တစ်ဦးချင်းစီကလောက တိုးတက်ဖို့ အားလုံးဦးစားပေးမယ်ဆို ဖြစ်လာမှာပါ။ ပြန်ကြားရေးဝန်ကြီး ဌာနကလည်းတကယ့် စေတနာအပြည့်နဲ့ အမျိုးသား စီးပွားရေးတစ်ခုအနေနဲ့ ဒါကို မဏ္ဍိုင်တစ်ခုလိုထားပြီး ဆွဲတင် ဖို့လည်းလိုပါတယ်။ အကူအညီ ပံ့ပိုးမှုတွေကိုလည်း ရုံတင်တဲ့ အပိုင်း၊ နိုင်ငံတကာကိုသွား နိုင် ဖို့ခြေလှမ်းတွေ၊ အတတ်ပညာ ရှင်တွေကိုလည်း ပံ့ပိုးလာမယ် ဆို တိုးတက်လာမယ်။

ပြေတီဦး

စည်းလုံးညီညွတ်မှုမရှိသ ရွေ့၊ စိတ်ဝမ်းတွေကွဲနေသရွေ့ ဘယ်လောက်လုပ်လုပ် မတိုးတက်ဘူး။ အရေးကြီးတာက ကိုယ့်အတ္တ၊ ဖြစ်ချင်စိတ်တွေ ဖယ်နိုင်ရမယ်။ တစ်လောက လုံးကောင်းကျိုးအတွက် ဆိုရင် ကိုယ့်မှာထိခိုက်နစ်နာရင် နည်း နည်းတော့ ခံနိုင်ရည်ရှိရမယ်။ သရုပ်ဆောင်လောကကို မြှင့် တင်ပြီး ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ လောကအတွက် လိုအပ်လာပြီဆို သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ အကုန် လုံး တစ်လကို ၄ ကားရိုက် နေ ရာကနေ ၃ ကားပဲရိုက်ရမယ်ဆို အထိခိုက်ခံပြီး လိုက်နာပေးခဲ့ တယ်။တကယ်တမ်း ဒီဝင်ငွေက နည်းတာ မဟုတ်ဘူးလေ။

ပါဝင်ပူးပေါင်းရမယ်၊ ကိုယ့်အကျိုး စီးပွားလေးနည်းနည်း ထိခိုက်ပြီ ဆိုတာနဲ့ပြဿနာတွေရှာမယ် ဆို တစ်သက်လုံး တိုးတက်မှာ မဟုတ်ဘူး။ ဒီတော့ ဒီလောက တိုးတက်ချင်ရင်စည်းလုံးညီညွတ် မှုကိုအရင် တည်ဆောက်ရမယ်။

ဖွေးဖွေး

ရုပ်ရှင်လောကဆိုတာသဘာ ဝအတိုင်းဖြစ်လာတဲ့အရာ မဟုတ်ဘူးလေ။ လူတွေလုပ်ထားတဲ့ အရာဖြစ်တဲ့ အတွက်ကြောင့် အဲဒီလူတွေကတိုးတက်အောင် လုပ်ရင်တော့ တိုးတက်နိုင်သလို၊ မတိုးတက်အောင် လုပ် ရင်တော့ တိုးတက်လာမှာမဟုတ်ဘူး။ သဘာဝက လုပ်ထားတဲ့ အရာ မဟုတ်တဲ့အတွက်ကြောင့် လူတွေနဲ့ ဆိုင်ပါတယ်။

Popular Journal

၁၇ နှစ်သမီးကို အသက် ၃၀ ကျော် အိမ်နီးချင်းက ခိုးပြေးသဖြင့် အမှုဖွင့်

Posted by drmyochit Wednesday, September 11, 2013, under | No comments

၁၇ နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်ကို အသက် ၃၄ နှစ်အရွယ် အိမ်နီးချင်းအမျိုးသားက ခိုးပြေးသည် ဟု ဆိုကာ အမှုဖွင့်တိုင်တန်း မှုတစ်ခုအား ကွမ်းခြံကုန်းရဲစခန်းက စက်တင်ဘာ ၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်ပေးနေရသည်ဟု တိုင်းရဲဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါအမှုမှာ စက်တင်ဘာ ၄ ရက်ကတည်းက ကွမ်းခြံကုန်းမြို့ နယ် မေတ္တာကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုမှမိန်းကလေး၏ အုပ်ထိန်းသူ အဒေါ်ဖြစ်သူက အမှုဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။

တိုင်တန်းသူက တူမတော်စပ်သည့် မ....... (၁၇)နှစ်အား နေအိမ်အောက် ထပ် တွင် ထင်းများ စီးခိုင်းထားရာတွင် ည ၉ နာရီအချိန်ထိ အိမ်ပေါ်သို့ တက်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲကို ထွက်ဆိုထားသည်။

ထို့ကြောင့် လိုက်လံစုံစမ်းရာတွင် အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးက ခိုးယူထွက်ပြေးသွားကြောင်း စုံစမ်းသိရှိခဲ့ ရသည်ဟုလည်း ဆက်လက်ထွက်ဆိုထားသည်။

ထိုသို့ တိုင်တန်းမှုကြောင့် ရဲစခန်းကအမှုအမှတ် (ပ)၁၈၃/၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲခံထားရသူအား ဖမ်းဆိးရမိပါက ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနကဆိုသည်။

မဇ္ဈိမ

Tuesday, September 10, 2013

နိုင်ငံရေးအား အကြောင်းပြပြီး လုပ်စားနေကြောင်း ပြောကြပြီ

Posted by drmyochit Tuesday, September 10, 2013, under | No comments



      မနေ့က ရန်ကုန်၊ပြည်သူ့ လူမှုကွန်ရက်အဖွဲ့ ရုံးခန်းမှာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကျင်းပချီ တက်ကြမယ် ဆိုတာ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ၀င်တွေကော ၊ပြည်တွင်းအဖွဲ့အစည်းများမှ အဖွဲ့ဝင်တော်တော် များများတက်လာကြ တာတွေ့ ရပါတယ်။

        အစည်းအဝေးဆိုလို့ ဘာများလုပ်မလဲပေါ့။ယောင်လည်လည်နဲ့ သွားကြည့်မိတာ "တစ်နိုင်ငံလုံး သင့်မြတ်" ဆိုတဲ့ တီရှပ်တွေ၊ စတစ်ကာတွေ၊ ခေါင်းစည်းတွေ ဖြန့် ဝေမယ်ဆိုတဲ့  အစည်းအဝေးဖြစ်နေ မှန်းသိတယ်။ အားလုံးဝေပြီးရင်ထုံးစံအတိုင်းစုပေါင်းလမ်းလျှောက် ကြမယ်ပေါ့။

    အဲ့ဒီလိုလမ်းလျှောက်ချီတက်နိုင်ဖို့  သက်ဆိုင် ရာကိုလဲ ခွင့်ပြုမိန့် တင်ထားတယ်ဆိုပဲ။ ခွင့်ပြုမိန့် မရရင် တရားဥပဒေ အကြောင်း၊ စည်းကမ်း အကြောင်း တွင်တွင်ပြောလေ့ရှိကြတဲ့ နိုင်ငံရေးသမားများ ကစည်းကမ်းလိုက်နာကာခွင့်ပြုမိန့်မရလဲပဲလမ်းလျှောက်ချီတက်ကြမယ်လို့ သိရပါတယ်။

   လမ်းလျှောက်ချီတက်ရန်လည်းတီရှပ်ပေါင်း အထည် ၈၀၀၀ ခန့်၊ စတစ်ကာပေါင်း ၄၀၀၀၀ ခန့် နဲ့ နဖူးစည်း ၇၀၀၀ လောက်တောင် ဖြန့်ဝေသွားမယ်ဆိုပဲ။ နိုင်ငံရေးသမားတွေ သုံးနေကျစကားဖြစ်တဲ့ နိုင်ငံတော်ကြီး ဆင်းရဲနေတယ်ဆို။ ဘာလို့ ပိုက်ဆံတွေကို အဲ့ဒီလို ပွဲတွေလုပ်ပြီးဖြုန်းနေကြတာလဲဆိုတာ စဉ်းစား လို့မရဖြစ်နေတယ်။ ကျနော်တို့ နိုင်ငံက နိုင်ငံရေးသမားဆိုသူတွေက ပွဲတွေလုပ်တာလောက်ပဲ ၀ါသနာ ရှိကြပြီး တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ ကျတော့ လက်တွန့် နေကြတယ်လို့ ထင်တယ်ဗျာ။ ပွဲတွေလုပ် ပြီး ငွေဖြုန်းဖို့ ဘယ်သူက ဘယ်လိုစပွန်ဆာတွေ ပေးပြီး လုပ်နေလဲဆိုတာ နိုင်ငံရေး လုပ်စားသူတွေ သိမှာပေါ့လေ။

     အရင်အစိုးရလက်ထပ်မှာနိုင်ငံရေးလုပ်စားဆိုသူတွေက ပြည်တွင်းမှာနည်းပါးပြီး ပြည်ပကနေတစ်ဆင့် နိုင်ငံရေးလုပ်စားကြတယ်။အခုဒီမိုကရေစီ အစိုးရလက်ထပ်လဲပြောင်းကော ပြောင်းလဲ လာတာ က ပြည်တွင်း မှာ ၈၈ မျိုးဆက်ကျောင်းသားဆိုသူတွေ၊ နိုင်/ကျဉ်း ဆိုသူတွေ စတဲ့ နိုင်ငံရေးလုပ်စား သူတွေများလာတယ်။နောက်ပြီးပြည်ပမှာအရင်ကနိုင်ငံရေးလုပ်စားနေသူတွေအခုချိန်မှာ ပြည်တွင်း ကို မျက်နှာပြောင်တိုက်ပြီး ၀င်ရောက်ကာ နိုင်ငံရေးဗိသုကာကြီးတွေကဲ့သို့ နေထိုင်ပြီး နိုင်ငံရေးလုပ်စားနေ ကြတာလဲ တွေ့ နေရပါတယ်။

       နိုင်ငံတော်ကြီး ဘယ်လိုပဲ ပြောင်းလဲနေပါစေ။ နိုင်ငံရေးလုပ်စားသူတွေရဲ့ ပုံစုံကတော့ အခုအချိန်ထိ မပြောင်းလဲသေးတာ တွေ့ ရပါတယ်။ ကိုယ်နဲ့ ဆိုင်တဲ့ ပွဲတွေကော၊ မဆိုင်တဲ့ ပွဲတွေကောပြုလုပ်ကာ ပွဲကိုဗန်းပြပြီး စပွန်ဆာရှာ လုပ်စားနေကြတာ တိုင်းပြည်အတွက်လဲ အကျိုး မရှိစေသလို တိုင်းပြည် အနာဂတ် အတွက်လဲ အကျိုးရှိမည်မဟုတ် ပါ။ကျနော်မြင်နေ၊ တွေ့ နေ ရ သလောက်တော့ ခေါင်းစဉ် အမျိုးအမျိုး တပ်ပြီး ပွဲတွေလုပ်နေတာပဲ တွေ့ နေရပါတယ်။ဒါကြောင့် ကျနော် တို့ နိုင်ငံအနေဖြင့် အခုလို နိုင်ငံရေးသမား ပွဲစားဆိုသူတွေ များပြားနေလျှင်ဖြင့် နောင် အနာဂတ် အတွက်တော့ ရင်လေးစရာ ဆိုတာပဲ တွေးမိပါသည်။

      အခုပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မှာ "တစ်နိုင်ငံလုံးငြိမ်းချမ်း"စာတမ်းပါ တီရှပ်တွေဝတ်၊ခေါင်း စည်းတွေစည်း၊ စတစ်ကာတွေကပ်ကာ လမ်းလျှောက်ချီတက်ကြမည့် ဂ၇ုနာရှင် လမ်းလျှောက် သူရဲကောင်းများကို ဝေဖန်အကြုံပြုချင်တာကတော့ မြန်မာနိုင်ငံသားများ သင့်သင့်မြတ်မြတ်ဖြစ်နေကြပြီ ဖြစ်သည့်အတွက်  မသင့်မမြတ်ဖြစ်နေကြသော ဆီးရီးယားနိုင်ငံသို့ သွားရောက်ကာ ဆုတောင်း လမ်းလျှောက်ကြပါ လို့ အကြံပြုပါရစေ။

From:OE

ဓာတ်ဆီ သို့မဟုတ် ဒီဇာယ်ကို ဘယ်အချိန်တွေမှာ ဖြည့်သင့်သလဲ

Posted by drmyochit Tuesday, September 10, 2013, under | 2 comments

လောင်စာဆီကို အသုံးပြုနေရသော စက်ပစ္စည်းများ အတွက် ဆောင်သင့် ရှောင်သင့်သော အကြံပြုချက် တစ်ချို့ကို ရေးသား လိုက်ရဖြင်း ဖြစ်ပါတယ်။

မိမိ၏ စက်ပစ္စည်း တစ်ခုခုကို ဓာတ်ဆီ သို့မဟုတ် ဒီဇာတ် ဖြည့်တော့မယ် ဆိုရင် နံနက်စောစောပိုင်းနှင့် ညပိုင်းတို့မှာ ဖြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောင်စာဆီ၏ သဘော သဘာဝက အပူချိန်များလျှင် မြင့်တက်ပါတယ်။ ဒါကြောင့် နံနက်ခင်း အေးနေတဲ့ အချိန် ဒါမှမဟုတ် ညဘက် အေးနေတဲ့ အချိန်တွေမှာ ထည့်သင့် တယ်လို့ ဆိုပါတယ်။ အလွန်ပူနေတဲ့ နေ့လယ် နေ့ခင်းတွေမှ တတ်နိုင်သလောက် မထည့်ပါနဲ့။

တင့်ကား ဒါမှမဟုတ် အသွားအလာနည်းသော ကားကြီးတွေကို ဆီဖြည့်တော့မယ် ဆိုလျှင် အပြည့် မဖြည့်ပါနဲ့။ အဘယ်ကြောင့် ဆိုသော် ၎င်းကားများသည် အသုံးပြုမှု နည်းသောကြောင့် မြေပြင်ပေါ်တွင် ရက်အတန်ကြာ ရပ်နားထား ရသောကြောင့် အလိုအလျောက် ဆီများ အငွေ့ပျံ့ပြီး ခန်းခြောက် သွားနိုင်လို့ပါ။

နောက်ထပ် အကြံပေးချင်တာက ဖုန်စသည့် အမှုန်အမွှားတွေ ပျံ့လွှင့်နေသော နေရာတွေမှာ ဆီမဖြည့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဖုန်မုန့်တွေဟာ ဆီတိုင်ဆီ အတွင်းသို့ ရောက်သွားပါက ဆီသွားမယ့် လမ်းကြောင်းကို ပိတ်စေတဲ့ အပြင် ဆီကိုလည်း ညစ်ညမ်းစေပါတယ်။

ဆီများ ညစ်ညမ်းပြီဆိုလျှင် စက်အင်ဂျင်ကို ထိခိုက်စေနိုင်ပါတယ်။
အနည်းဆုံး နှစ်ပတ်တစ်ကြိမ်လောက် ကားဘီးလေများကို စစ်ဆေးပေးပါ။ ကာဘီးများကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးပေးခြင်းဟာ လေလျော့ မလျော့ ကို သိရှိနိုင်ပါတယ်။ ကာဘီးလေ လျော့တာဟာ ဘီးလည်အားကို နည်းကွေး စေတဲ့အပြင် အင်ဂျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဘာလို့ အင်ဂျင်ကို ထိခိုက်နိုင်သလဲဆိုရင် လေလျော့နေခြင်းကြောင့် အင်ဂျင်ဆွဲသလောက် ဘီးလိုက် ပြီးမလည်ပါဘူး။ ခရီးဝေးသွားလျှင် ဘီးလေမရှိခြင်းက အသက်တန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
၅ နှစ်မှာ တစ်ကြိမ်လောက် ပလပ်ခေါင်းတွေကို သန့်ရှင်းပေးပါ။ အရေအသွေး ကောင်းသော ပပလပ်ခေါင်းတွေကို အသုံးပြုသင့် ပါတယ်။

အင်ဂျင်၏ ဘေးမှာ လေအေးပေးစက် ကောင်းကောင်း ထားသင့်ပါတယ်။ သို့မှသာ အင်ဂျင်ကို အပူသက်သာစေမှာ ဖြစ်ပါတယ်။ ခရီးဝေးတစ်ခုကို သွားတော့မယ်ဆိုလျှင် ဆီ၊ ရေ၊ လေ သုံးမျိုးကို အမြဲတန်း စစ်ဆေးပါ။ ၎င်းသုံးမျိုးဟာ ကားတစ်စီးအတွက် အလွန်ပဲ အရေးကြီးသော ကဏ္ဍဖြစ်ပါတယ်။ အဲဒီသုံးမျိုးထဲက တစ်ခုခု လိုအပ်နေရင် ခရီးရှည် မသွားတာ အကောင်းဆုံးပါ။ အသက်အန္တရာယ်ကို ထိခိုက်စေနိုင် ပါတယ်။

နောက်ဆုံး အကြံပေးချင်တာက မိမိစက်ပစ္စည်းများကို အလျင်သင့်ရင် သင့်သလို သန့်ရှင်းရေးများ ပြုလုပ်ပေးစေ ချင်ပါတယ်။ အမှုန်အမွားတွေက ဆီကို ညစ်ညမ်းစေ ပါတယ်။ ထို့ပြင် တစ်ခြားနေရာများမှာလည်း ပိတ်ဆို့ မှုတွေကို ဖြစ်နိုင်ပါတယ်။

Ref - General Knowledge
ကျော်လင်းနိုင် (ရိုးရာလေး)

VRoot (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆောဝဲ (For Window XP/7/8)

Posted by drmyochit Tuesday, September 10, 2013, under | 1 comment



Andriod ဖုန်း တွေနဲ့ Tablet အမျိုးစား အားလုံးနီးပါး ကို VRoot က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။ ဒီ ဆောဝဲလေးက မြန်မာလိုမျိုး ဆိုတော့ Root ရတာပိုလွယ်ပါတယ်။ ဒီနေ့ပဲ ဖုန်း၂ လုံး ကျနော့်ဆီ လာပြီး မြန်မာဖောင့်လာထည့်ပါတယ်။ ကျနော် Unlock Root Pro နဲ့ Root တာ တလုံးကအဆင်ပြေပြီး ကျန်ဖုန်းတလုံးကမရဖြစ်နေတာ။

အဲတာနဲ့ VRoot လေးကို ဆိုဒ်တဆိုက်ကနေ တွေ့ထားလို့ မြန်မာလို ပြောင်းနည်းပါ တခါတည်း ရေးထား လို့ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး Root စမ်းကြည့်တာ အရမ်းကိုလွယ်ပြီး မြန်လည်းမြန်ပါတယ်။ ဆောဝဲ က မြန်မာversion ဆိုတော့ အတော်လေးအဆင်ပြေပါတယ်။ Andriod Version 1.2 ကနေ 4.2.2 ထိအဆင်ပြေပါတယ်။ ဖုန်း Driver သာ ပြည့်စုံနေပါစေ Root သာက အရမ်းကိုလွယ်ပါတယ်။ အောက်မှာ ပုံတွေနဲ့ ဆောဝဲ install နည်းပါ တခါတည်းရေးပြထားပါတယ်။

အရင်ဆုံး VRoot Font ကို ဒီလင့်မှာ ဒေါင်းပြီး ကွန်ပြူတာမှာ install ပါ။ ပြီးရင် ပြီးရင် VRoot ဆောဝဲကို ဒီလင့်မှာ ဒေါင်းပါ။ ဒေါင်းပြီးရင် VRoot ကိုကွန်ပြူတာမှာ install လုပ်ပါ။ ပြီးရင် နောက်တခု က Rootres.zip ကို ဒီလင့်မှာ ဒေါင်းထားလိုက်ပါ။ ပြီးရင် Dasktop က VRoot Icon ညာကလစ်ထောက် လိုက်ပြီးရင် အောက်ကပုံအတိုင်းဆက်ကြည့်လိုက်ပါ။



ပုံမှာပြထားတဲ့အတိုင်း Open File Location ကိုဝင်ပြီး အထဲမှာရှိတဲ့ Rootres.zip ကို ပြစ်ထုတ်လိုက်ပြီး ခုန က ဒေါင်းထားတဲ့ Rootres.zip ကို အဲနေရာမှာ ထည့်လိုက်ပါ။


ဒီအဆင့်ပြီးရင်တော့ အားလုံးအဆင်ပြေပါပြီ။ VRoot ဆောဝဲလေးက မြန်မာ version နဲ့ အဆင်ပြေပြေ အသုံးပြုလို့ရပါပြီ။ ဆိုက်တဆိုက်ကနေ တွေ့လို့ ကျနော်ကိုယ်တိုင် နည်းလေးကိုပြန်ရေးထားတာပါ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် ဖုန်းတွေကို Root နေစဉ် ရိုက်ထားတဲ့ Screenshots လေးပါ အောက်မှာ ပြထားပေးပါတယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ အရမ်းလန်းပါတယ်။

VRoot Screenshots






ဖုန်းတွေကို Root နေစဉ် ရိုက်ထားတာလေးတွေပါ။ မြန်မာစာနဲ့ဆိုတော့ အရမ်းကို အဆင်ပြေပါတယ်။ Root တာလည်းအရမ်းကို အဆင်ပြေ ပါတယ်။ ဖုန်းတွေ မြန်မာဖောင့် ထည့်ဖို့ Root မယ်ဆိုရင် ဒါလေးက တကယ် ကို ကောင်းပါတယ်ဗျာ။

အားလုံးအဆင်ပြေပါစေ.......။
ဇော်မင်းသန်း.
 http://goo.gl/Zm0Axv

ကျိုင်းလပ်မြို့နယ်ခွဲတွင် လက်နက်၊ မူးယစ်ရောင်းချသူများကို ဖမ်းမိ

Posted by drmyochit Tuesday, September 10, 2013, under | No comments


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ ကျခမ်းကျောက် ကျေးရွာအုပ်စု၊ ကျခမ်းဆောင် ကျေးရွာရှိ နေအိမ်တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းချသူ အကျိုးဆောင်များကို ဖမ်းမိကြောင်း တာချီလိတ်ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

ဦးအိုက်ဆေး (ခ) အားဆေ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ ၎င်းကိုမတွေ့ဘဲ ၎င်း၏ဇနီး ဒေါ်လိုဒေါနှင့် သမက်ဖြစ်သူ ဦးအိုက်မားတို့ထံမှ လောင်ချာကျည် (ခေါ် ) ၄၀ မမ ဗုံးသီး ၂၆၅ လုံး၊ အေကေ ၄၇ ကျည် ၁၀၀၀ တောင့်၊ ကဖင်း ၃၀ ကီလို၊ ကျည်အိမ် ခြောက်ခုနှင့် စိတ်ကြွဆေးပြား အကြေ ၁၅ ဂရမ်၊ ဘိန်းစိမ်း ၈၀ဂရမ်၊ ကိုးလုံးကျည် ၁၂ တောင့်တို့ကို ဖမ်းမိခဲ့ကြောင်း ခရိုင်မူးယစ် (အထူး) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

“မြေကြီးထဲမှာ လောင်ချာတွေကို ဆာလာအိတ် သုံးအိတ်နဲ့ မြှုပ်ထားတာ၊ အိပ်ခန်းထဲမှာရှိတဲ့ အဝတ်ထဲမှာ ပါကင်တွေနဲ့ ကျည်တွေနဲ့ သိမ်းထားတာ” ဟု မျက်မြင်တွေ့ရှိသူ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

တာချီလိတ်မြို့သည် နယ်စပ်နှင့် နီးစပ်သဖြင့် လာအိုနှင့် ထိုင်းနိုင်ငံတို့ဘက်နှင့် နယ်မြေတွင်း လက်နက်ကိုင်အဖွဲ့များ၊ အခြားဝယ်လက်များကို လက်နက်နှင့် မူးယစ်ဆေးဝါး အရောင်းအဝယ်များရှိ ကြောင်း၊ နယ်မြေတွင်း ယခုနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုများကို ယခင်ထက် အရှိန်မြှင့် ဖမ်းဆီးလာကာ မကြာခဏ ဖမ်းမိခဲ့ကြောင်း တာချီလိတ်ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“တာချီလိတ်ခရိုင်ရဲ့ အချို့နေရာတွေမှာဆိုရင် လက်နက်ကိုင်တွေကို အကာအကွယ်ယူပြီး လုပ်နေတာတွေ တစ်ပုံကြီး။ အမှုတွေကိုလည်း အပြီးသတ် ဖော်ထုတ်စေချင်တယ်” ဟု တာချီလိတ်မြို့နယ် အသက် ၄၀ ကျော်ရှိ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းနှင့် အတူဖမ်းမိသော ကိုအိုက်မားကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ခ)/၂၂(ခ) အရလည်းကောင်း၊ ဒေါ်လိုဒေါကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) /၂၂(ခ) /၂၁ ဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းလပ် ရဲစခန်းထံမှ သိရှိရသည်။


From : ..the voice

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်