Thursday, September 12, 2013

9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၂ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေကျင်းပ

Posted by drmyochit Thursday, September 12, 2013, under | No comments

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်သ မားတွေရဲ့  လက်ချက်နဲ့ သေဆုံးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကြေကွဲဖွယ် အထိမ်းအမှတ် အခမ်းအနားတွေကို နယူးယောက်၊ ၀ါရှင်တန်နဲ့ ပန်ဆာဗေးနီးယားမှာ ကျင်း ပနေကြ ပါတယ်။ al-Qaida အကြမ်းဖက်သမားတွေရဲ့  စီစဉ်မှုနဲ့ ဒီတိုက်ခိုက်မှုအတွင်း လူပေါင်း ၃၀၀၀ နီးပါး သေဆုံး ခဲ့ပါတယ်။

နယူးယောက်မှာတော့ အကြမ်းဖက်သမားတွေ လက်ချက်နဲ့ သေဆုံးသွားတဲ့သူတွေရဲ့  မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဟာ  အပိုင်စီးခံထားရတဲ့ လေယာဉ်တွေနဲ့ ၀င်တိုက်ခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦး နေရာမှာ စုရုံးပြီး အခမ်းအနား ကျင်းပပါတယ်။ အခမ်းအနားအတွင်း ကွယ်လွန်သူတွေရဲ့ နာမည်ကို လည်း ဖတ်ကြားခဲ့ကြပါတယ်။

အခမ်းအနားကို လာရောက်သူတချို့ကတော့ ကွယ်လွန်သူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်လာခဲ့ကြပါတယ်။ အမေရိကန်သမ္မတ အိုဘားမားနဲ့  အခြား အထင်ကရ ပုဂ္ဂိုလ်တွေဟာလည်း  နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကို  အပိုင်စီးထားတဲ့ လေယာဉ်နဲ့ ပထမဆုံး ၀င်တိုက်တဲ့အချိန် မနက် ၈ နာရီ ၃၅ မိနစ်မှာ ငြိမ်သက်ပြီး ဂါရ၀ပြုခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် စစ်ဌာနချုပ်ကို လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့အတွက် သေဆုံးသွားသူ ၁၀၀ ရဲ့ မိသားစုဝင်တွေနဲ့အတူ ပန်တဂွန်မှာ ကျင်းပတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို သမ္မတ အိုဘားမား  တက်ရောက်ခဲ့ပါတယ်။

“သေဆုံးသွားခဲ့တဲ့ အပြစ်မဲ့ လူ ၃၀၀၀ နီးပါးကို အမှတ်ရစေဖို့အတွက် ကျနော်တို့ ဆုတောင်းပါတယ်။ အခုလို သေဆုံးသွားခဲ့တဲ့အတွက် ကျနော်တို့ နှလုံးသားတွေ နာကျဉ်နေဆဲဖြစ်ပါတယ်။”

United Airline ခရီးစဉ်အမှတ် ၉၃ မှာ သေဆုံးခဲ့တဲ့ ခရီးသည် ၃၃ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦးတို့အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေကိုတော့ လေယာဉ်ပျက်ကျရာ ပန်ဆာဗေးနီးယားပြည်နယ်  Shanksville မှာ ကျင်းပခဲ့ပါတယ်။

လေယာဉ်အပိုင်စီးသူတွေ လက်ထဲကနေ လေယာဉ်ကို ခရီးသည်တွေက  ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့စဉ်မှာ လေယာဉ်ပျက်ကျခဲ့တာပါ။ ဒီလေယာဉ်ဟာ ၀ါရှင်တန်ကို ပျံသန်းလာတယ်လို့လည်း ယူဆရပါတယ်။

VOA

မုံရွာအကျဉ်ထောင်၌ (၁၃)ရက်ကြာ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှအား သက်ဆိုင်ရာမှ ထောင်ပြောင်းရွေ့

Posted by drmyochit Thursday, September 12, 2013, under | No comments


ပြီးခဲ့သည့်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ပုဒ်မ ၅၀၅(ခ)အမှုဖြင့် မုံရွာမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ် ကျခံစေရန် အမိန့်ချမှတ်ခြင်း ခံထားရသူ ဒေါ်နော်အုန်းလှသည် ထိုနေ့ ညနေ ၅ နာရီအချိန်မှ စတင်၍ မုံရွာအကျဉ်း ထောင်အတွင်း၌ အစာအငတ်ခံ ဆန္ဒပြလျက်ရှိခဲ့ရာ ၁၃ ရက်ပြည့်သည့် ယနေ့ညနေ ၄ နာရီ ၅၅ မိနစ်အချိန်ခန့် က မန္တလေး အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ဖြစ်ကြောင်း မုံရွာ အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရှိ ရသည်။

ထိုသတင်းရပ်ကွက်မှ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ ဆန္ဒစတင်ပြသည့် အချိန်ခန့်က သက်ဆိုင်ရာ ထောင်ဆရာဝန်၏ ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ချက်များအရ ထိုသူ၏ ကိုယ်အလေး အချိန်မှာ (၁၈၆)ပေါင် ခန့်ရှိခဲ့သော်လည်း ယနေ့မနက် ၀၆ နာရီ အချိန် ကျန်းမာရေး စစ်ဆေးချက်များအရ ကိုယ်အလေးအချိန်မှာ (၁၇၄)ပေါင်ခန့် သာရှိတော့ကြောင်း သိရှိရသည်ဟု ဆိုသည်။

ထိုသူ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်အား အနီးကပ် စောင့်ကြည့်နိုင်ရန် အတွက် မန္တလေး အကျဉ်းဦးစီးဌာနရှိ ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ တာဝန်ယူ စောင့်ရှောက်နေရသည်ဟု သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ပြည်သူကို ညှင်ပန်းနှိပ်စက် သောရဲများအား အရေးယူပေးရေး စသည့်တောင်ဆိုးချက် သုံးချက်အား တောင်းဆို ဆန္ဒပြရန်အတွက် မုံရွာမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခွင့်
တင်ပြလျှောက်ထားခဲ့သည်။

ထိုတင်ပြလျှောက်ထား ချက်အား ခွင့်ပြုမိန့် မရရှိခဲ့ သည့်အတွက် အထက်ရုံး၌ ဆက်လက်၍ အယူခံတင်ပြလျှောက်ထားခြင်းမရှိဘဲ ၎င်း၏သဘောဆန္ဒ အလျောက် စီတန်းလမ်း လျှောက်ခဲ့ရာမှ ယင်းကဲသို့
ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈)အရ ဖမ်းဆီးခံခဲ့ရပြီးနောက် မုံရွာမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးညွှန့်စိုး၏ တရားလိုပြုလုပ်တိုင်တန်းချက်များအရ မုံရွာအမှတ်(၁)
ရဲစခန်းရှိ ရဲစခန်းမှတ်ပုံတင် (၂၅)၊ အမှတ်စဉ် (၁၀/ ၂၀၁၃)၊ ပြစ်မှု ပုဒ်မ ၅၀၅(ခ) အရ ဒေါ်နော်အုန်းလှ ဆိုသူအား မုံရွာမြို့နယ်တရားရုံးသို့ တရားစွဲခဲ့ရာ တရားရုံးမှ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၉၅၅၃/ ၂၀၁၃ အရ တရားခွင်၌ ကြားနာစစ်ဆေးခဲ့ပြီးနောက် မြို့နယ်တရားသူကြီး ဦးခင်မောင်ဝင်းမှ ဒေါ်နော်အုန်းလှအား အလုပ်နှင့် ထောင်ဒဏ် (၂)နှစ်ကျခံစေရန် အမိန့်ဒီဂရီချမှတ်ခဲ့ ကြောင်းသိရသည်။

ထို့နောက် ဒေါ်နော်အုန်းလှအား မုံရွာမြို့နယ် တရားရုံးဝန်းအတွင်းရှိ အချုပ်ခန်းမှ မုံရွာ အကျဉ်ထောင်သို့ သက်ဆိုင်ရာ အာ ဏာပိုင်များမှ ဆက်လက်ပို့ဆောင်ခဲ့ရာ ထောင်မှူး ဦးအေးသာထွန်း ဆိုသူမှ ထောင်ဝင်အမှတ် မရ / ၁၃/ ၀၀၆၇၀/(က) အရ လက္ခံခဲ့သည်ဟု သိရသည်။

ထိုနေ့ညနေ ၅ နာရီအချိန်မှ စတင်၍ ဒေါ်နော်အုန်းလှသည် မုံရွာ အကျဉ်းထောင်အတွင်း၌ အစာအငတ်ခံဆန္ဒပြနေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် မန္တလေး အကျဉ်းဦးစီးဌာနရှိ ထောင်ဆရာဝန် ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ ဒေါ်နော် အုန်းလှ၏ ကျန်းမာရေး အခြေ နေအား မျက်ခြေမပြတ် စောင့်ကြည့် ပေးနေရကြောင်း သတင်းများ ထွက်ပေါ်လာချက်များအရ သိရသည်။

ယခုအခါ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ၍ ရက်ရှည်ဆန္ဒပြနေသော်လည်း ၎င်း၏ ကျန်းမာအခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရှိရသည်။

ဒေါ်နော်အုန်းလှ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေကြီး ရောဘတ်ဆန်းအောင် ဆိုသူမှ “ ပန်ဘဲတန်း တရားရုံးနဲ့ ကျောက်တံတားတရားရုံးမှာ သူ့ရဲ့အမှုတွေကို ကြားနာစရာ ရှိနေပါသေးတယ်..” ဟုဆိုသည်။

သတင်း၊+ဓာတ်ပုံ =  ကိုစိုးမိုးထွန်း(မုံရွာ)
Myanmar News Now

နိုင်ငံခြား ရောင်းတန်းဝင် မြန်မာ့ ပျားရည်

Posted by drmyochit Thursday, September 12, 2013, under | No comments

မြန်မာလူမျိုးတို့၏ ဆေးဖက်ဝင် ပျားရည်ကို သစ်တော ထွက် ပစ္စည်းအဖြစ်၊ ဈေးကွက်ဝင် ရောင်းကုန် အဖြစ် ရောင်းလျက် ရှိကြသည်။

ပျားရည်တွင် ဆီးပျားရည်၊ လဲမှို့ပျားရည်၊ နေကြာ ပျား ရည်၊ ပန်းနှမ်းပျားရည် ဟူ၍ မှီတွယ်ရသော သစ်ပင် အမျိုးအစားအလိုက် ပျားရည်များ ရှိသကဲ့သို့ သဘာဝ မွေးပျား ရည်ကိုလည်း တွေ့ရ သည်။ ဆီးပျားရည်ကို စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်း မူးမြစ် အနောက်ဘက် မုံရွာမြို့နယ် ကနီတွင် အထွက် များသည်။ ဆီးပျားရည်က အရည်ပျစ်သည်။

 ဆေးဖက်ဝင်သည်။ ဆီးပင်ကို မှီတွယ်ပြီး ထွက်ရှိသော ပျားရည်ဖြစ်၍ အရောင်က ဝါကျင့်ကျင့် ရှိသည်။ ဆီးရောင် ရှိသည်။ ဆီးပျားကို ကျေးလက်သို့ ကွင်းဆင်း၍ တစ်ပိဿာ ငွေကျပ် ၁၆ဝဝ ဖြင့် ဝယ်ရပြီး ဖောက်သည် ပြန်သွင်းသောအခါ ငွေကျပ် ၁၈ဝဝ ဖြင့်သွင်းသည်။ ဆီးပျားက အထားခံသည်။ မခဲသွားပါ။ အရောင်လည်း မပြောင်းပါ။ သစ်ခေါင်းပျားရည် အဖြစ် ဆေး ဖော်စပ် ရာတွင် အသုံးပြုသည်။ ဆီးပျားက အောက်တိုဘာ လကုန်တွင် မရနိုင်တော့ပါ။ နိုင်ငံခြား ရောင်းတန်းဝင် ဖြစ်၍ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား နိုင်ငံများမှ ဝယ်သည်။ ရွှေရည် ကုမ္ပဏီ၊ စမိုင်းဟက်ပီး ကုမ္ပဏီများက ကတ္တားချိန်၍ ပီပါလိုက် ဝယ်သည်။ ချင်းတွင်း တံတားအနီး ကနီမြို့၌ ဆီးတော ပျားမွေးဂေဟာ ရှိသည်။ လူက ပျားကောင်များကို ယဉ်အောင် လေ့ကျင့်၍ ခိုင်းစားသည်။ ပျားရည်ကို ပီပါဖြင့် ဧရာဝတီမြစ်ကြောင်း အတိုင်း သယ်ယူပို့ဆောင် ကြသည်။ ပျားလုပ်ကွက်မှ တစ်နှစ် အတွက် စာချုပ်ဖြင့် လိုသလောက် အရေ အတွက်ကို တင်ပို့သည်။

လဲမှို့ပျားရည်ကို မတ္တရာမြို့နယ် ဆူးလေကုန်း၊ တောင်ကုန်း၊ တောင်ပြုန်းဘက်တွင် မွေးကြသည်။ ခေါင်းအုံး အတွင်း ထည့်သော လဲမှို့ပင်ထက်တွင် ပျားစွဲသည်။ လဲပင်ပေါသော ဒေသက ပျားဖြစ်၍ လဲမှို့ပျားဟု ခေါ်ကြသည်။ မုံရွာမြို့နယ်၊ မြင်းမူမြို့နယ် ညောင်ဝန်း ဒေသတွင် ရရှိသည်။ မုံရွာ၊ မြင်းမူ ညောင်ပင်ဝန်း ဒေသထွက် ရွာသစ်ကြီး အနီးရှိ လဲမှို့ပျားရည်ကို ဇန်နဝါရီ လကုန်တွင် စုဆောင်း၍ မရတော့ပါ။ ကောလင်း၊ ကသာတို့တွင် ရရှိသော နေကြာပျားရည်ကို မတ်လကုန်တွင် စုဆောင်း၍ မရတော့ပါ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကသာ၊ ကောလင်းတို့တွင် ထွက်သော ပန်းနှမ်းပျားရည်ကို နိုဝင်ဘာ လကုန်တွင် စုဆောင်း၍ မရတော့ပါ။ မွေးပျားက အရောင်ကြည်သည်။ ဆီရောင်ရှိသည်။ နေကြာပျားနှင့် ပန်းနှမ်းပျားရည် တို့က ဆီရောင် အဝါရောင် ဖြစ်ပြီး ကျဲသည်။ သဘာဝ ပျားရည်ထွက်ရာ ကောလင်း၊ ဝန်းသို ဒေသထွက် မိုင်းသုန် ပျားရည်က ဆေးဖက်ဝင်၍ အရောင် ညိုမည်း သွားသော်လည်း ဆေးဖော်စပ် လိုသူများက လိုက်လံ ရှာဖွေ ဝယ်ယူကြသည်။

ပျားရည် စစ်ပါက ကြာလျှင် သိုလှောင်ရာ စဥ့်အိုးထဲ၌ ခဲသွားသည်။ ခဲသွားသော ပျားရည် စစ်စစ်ကို ပေါင်းခံ သောသဘောဖြင့် ပျားရည်ပုလင်းကို ရေနွေး ပွက်ပွက်ဆူတွင် ထည့်လိုက်ပါက အရည် ပျော်သွားသည်။ ပျားရည်ခဲကြီးကို တချို့က မီးပူဖြင့် ပြန်ကျိုပြီး အရည် ပျော်သွားစေသည်။

ပျားရည်အတု လုပ်ကြံ ရောင်းလိုသူက ကြံသကာရည်၊ ခေါင်းလျှော်ရည်များဖြင့် ရောကာ အထမ်းဖြင့် လည်းကောင်း၊ ခေါင်းရွက်၍ လည်းကောင်း ရိုးသားသော တောသူတောင်သား အသွင်ယူကာ လိမ်ညာ ရောင်းချတတ်ကြသည်။ ပျားရည်အတုကို တစ်ပုလင်းလျှင် ငွေကျပ် ၁ဝဝဝ၊ ၁၂ဝဝ ဝန်းကျင်ဖြင့် ခပ်ပေါပေါ ရောင်းချ တတ်ကြသည်။

ပျားရည် စစ်မစစ်ကို သတင်းစာ စက္ကူပေါ်အစက်ချ ကြည့်လျှင် အစိုဓာတ် ပြန့်မသွားမှ ပျားရည် စစ်သည်။ မီးခြစ်ဆံဖြင့် တို့၍ မီးခြစ်ကြည့်ပါက မီးတောက်လျှင် ပျားရည် စစ်၏။ ပျားရည် စစ်စစ်ကို ပုလင်းတွင် အပြည့် ထည့်ပါက အပူဒဏ်ကြောင့် ပုလင်းအဖုံး ပေါက်ထွက်ခြင်း၊ ပျားရည်ပုလင်း၏ ဖင်ကျွံထွက်ခြင်း၊ ပုလင်းကွဲခြင်း တို့ဖြစ်ပါက ပျားရည် စစ်သည်။

ပျားရည်၏ တွဲဖက် ထွက်ကုန်မှာ ပျားဖယောင်း ဖြစ်သည်။ မြန်မာ့ ပျားလုပ်ငန်း၏ မျက်နှာစာဝယ် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ပျားရည် တန်ချိန် ၁ဝ၁၈ တန်ကျော် ပြည်ပ နိုင်ငံများသို့ တင်ပို့သည်။ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နိုင်ငံများသို့ တင်ပို့သော ပျားရည်အနက် ဌာနဆိုင်ရာ ပျားရည် တန် ၁ဝဝ ၊ ပုဂ္ဂလိက မွေးပျားရည် ၉ဝ၈ တန် ဖြစ်သည်။ ပျားမွေးမြူရေး စခန်းတွင် ပျားအုံ ၈ဝ၉၁ အုံဖြစ်ပြီး၊ ပုဂ္ဂလိကပိုင် မွေးပျား ၄၅ဝဝဝ အုံရှိသည်။ မွေးပျားကို ပုဂ္ဂလိက စီးပွားရေး မျက်နှာစာဝယ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ အောင်ပန်း၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်း သည် ဒေသထွက်ကုန် အများဆုံး ဖြစ်သည်။

ပြည်ပနိုင်ငံသို့ တင်ပို့သော ပျားရည်မှာ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်နှင့် နေကြာပျားရည်တို့ ဖြစ်သည်။ ရဟန်းရှင်လူ အများဆုံး မှီဝဲနေသော စတုမဓူတွင် ပျားရည်သည် အဓိက ကုန်ကြမ်းအဖြစ် ပါဝင်သည်။ သက်ကြီး ရွယ်အိုတို့ အားထားမှီဝဲရသော ပျားရည်ကို နေ့စဉ်မှန်မှန် မှီဝဲပါက အသက်ရှည် ကျန်းမာမည်ဖြစ် ကြောင်း သိရသည်။

တရုတ်ပြည်မှ စီးပွားရေး မျက်နှာစာဝယ် ပျားရည် အတုများ ဝင်ရောက် ထိုးဖောက်နေချိန်ဝယ် မြန်မာ့ သဘာဝ သစ်တောမှ ထွက်ရှိသော သဘာဝပျားရည်ကား ဈေးကွက်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရောင်းဝယ် နေကြရာ ရဟန်းရှင်လူအများ အကြိုက်တွေ့နေသော ''မြန်မာ့ ပျားရည်ကား ပတ္တမြားမှန်၍ နွံမနစ်ပါ'' ဟူ၍ ရေးသား တင်ပြ လိုက်ရပါသည်။ ။

ရွှေလင်း-ပြည့်စုံ

မြန်မာဘက်မှ မော်တော်ဆိုင်ကယ်များအား တရုတ်ယာဉ်ထိန်းရဲများက ဖမ်းဆီးငွေညှစ်

Posted by drmyochit Thursday, September 12, 2013, under | No comments

 နမ့်ခမ်းမြို့ တဘက်ကမ်းရှိ (တရုတ်မြန်မာနယ်စပ်) ရွှေလီမြို့

၁၁ စက်တင်ဘာလ ၂၀၁၃

သျှမ်းမြောက်ပိုင်း နမ့်ခမ်းမြို့ တဘက်ကမ်းရှိ (တရုတ်မြန်မာနယ်စပ်) ရွှေလီမြို့ အသွား ကားလမ်းမ တလျှောက်တွင် တရုတ်ယာဉ်ထိန်းရဲများက မော်တော်ဆိုင်ကယ်များ ဖမ်းဆီးပြီး ဒဏ်ငွေပေး ဆောင်ခိုင်း ကြောင်း သျှမ်းသံတော်ဆင့်မှသတင်းရရှိသည်။

“တရုတ်ယာဉ်ထိန်းရဲ တွေက ကျနော်တို့ဒီဘက်ခြမ်းက (မြန်မာဘက်က)ဆိုင်ကယ်တွေကို လိုင်စင်ရှိရှိ မရှိရှိ ဖမ်းတယ်။ ပြီးရင် မြန်မာငွေ ၈ သောင်းကျပ်နဲ့ညီတဲ့ တရုတ် (ယွမ် ၅၀၀) ဒဏ်ငွေ ပေးဆောင်ခိုင်း တယ် ဗျ၊ မပေးဆောင်ရင် ဆိုင်ကယ် သိမ်းပြီး သံရည်ကျို စက်ရုံကိုပို့တော့တာ” တရုတ်ပြည်ဘက်ခြမ်း က ရွှေလီဘက်ခြမ်းသို့ ဆိုင်ကယ်ဖြင့်ဈေးပတ် လာရောင်းသည့် စိုင်းပီးက ပြော သည်။

“အဒါက မတရားဘူးဗျာ၊ကျနော်တို့ မြန်မာပြည်ခြမ်းမှာတော့ တရုတ် နံပါတ်ပြား တပ်ပြီး မောင်းနှင် ပြေး ဆွဲနေ တဲ့ ကားတွေမော်တော်ဆိုင်ကယ်တွေကို မြန်မာယာဉ်ထိန်းရဲတွေက ဘယ်အခါမှ ဖမ်းဆီး ငွေညှစ် တာ မတွေ့ဖူး မကြားဖူးပါဘူး”ဟု ၎င်းကဆက်ပြောသည်။

တရုတ်ပြည်ဘက်ခြမ်းက ဆိုင်ကယ်လိုက်ဖမ်းမှုကြောင့် ဈေးပတ်လိုက်မရောင်းရတာ တစ်ပတ် ကျော် ရှိနေပြီ ဖြစ်ကြောင်း၊ တရုတ်ယာဉ်ထိန်းရဲများ ဆိုင်ကယ် ဖမ်းဆီးမှုသည် နှစ်စဉ် နှစ်တိုင်း တရုတ်မုန့်စား ပွဲ မတိုင်မှီ တွင်ပြုလုပ်ကြောင်း၊ သို့ရာတွင် ယခုနှစ်တွင်မူ ဒဏ် ငွေ အဆမတန်ပိုတောင်း ထားကြောင်း ၄င်းကဆိုသည်။

“ ကျနော်တို့မြန်မာပြည်ဘက် ကုန်တင်ကားတွေ တရုတ်ပြည်ရွှေလီမြို့အထိ ကုန်တင်ပြေးဆွဲ မယ်ဆိုရင် တရုတ်ယာဉ်ထိန်းရဲတွေကို တရုတ်ယွမ် (၃ သောင်းမှ ၅သောင်းအထိ) မြန်မာငွေကျပ် သိန်းရှစ်ဆယ်ခန့် အရင်ဆုံး အပေါင် ထားရတာ ၊ ဒါ့အပြင် ကျသင့်တဲ့အခွန်တွေလဲထပ်ပြီး ပေးဆောင်ရတယ်။ ကျနော် တို့ မြန်မာယာဉ် မောင်းလိုင်စင် ကို လည်း တရုတ်ယာဉ်မောင်းလိုင်စင်ဖြစ်အောင် ဘာသာပြန်ခ တရုတ်ယွမ် ထောင် ဂဏန်း အထိပေးဆောင်ရတယ် ” ဟု ခြောက်ဘီးကုန်တင်ကားသမား စိုင်းလှ မောင် ကပြောသည်။

မြန်မာဘက်ခြမ်းသို့ တရုတ်နိုင်ငံသားပိုင် တရုတ်လိုင်စင်ရှိ ကားနှင့်လိုင်စင်မဲ့ကုန်တင်ကားများသည် တာဝန်ကျ သော ကူးတို့ဆိပ် စောင့် မြန်မာလုံခြုံရေး ရဲ များကို ကားတစ်စီးလျှင် ကျပ်တစ်ထောင်မှ ငါးထောင်ကျပ်အထိ ပေးဆောင်ပြီးပါက စိတ်ကြိုက်မောင်းနှင်ပြေးဆွဲနိုင်ကြောင်း ၄င်းကဆိုသည်။

တရုတ်ကုန်တင်ကားများ အများအပြား ၀င် ရောက်ပြေးဆွဲနေ မှု ကြောင့်နမ့်ခမ်း-မူစယ် ကားလမ်းမ လည်း များစွာပျက်ဆီးနေပြီး သက်ဆိုင်ရာမှလည်း လာ ရောက်ပြုပြင် ပေး ခြင်းမရှိကြောင်း ဒေသတွင်းသတင်းမှ ကြားသိရသည်။

သျှမ်းသံတော်ဆင့် (မိုဟန်)

မော်ဒယ်နွဲ့ဒါလီထွန်း ရဲ့ ခပ်လန်းခလန်းဖက်ရှင်စတိုင် ဓာတ်ပုံတွေ

Posted by drmyochit Thursday, September 12, 2013, under | No comments






မြန်မာဆိုတာ သိစေအောင် ရိုးရာ သနပ်ခါး လိမ်းပြခဲ့တယ် ဆိုတဲ့ မခင်ဝင့်ဝါ

Posted by drmyochit Thursday, September 12, 2013, under | No comments


မြန်မာဆိုတာ သိစေအောင် ရိုးရာ သနပ်ခါး လိမ်းပြခဲ့တယ် ဆိုတဲ့ မခင်ဝင့်ဝါ ရဲ့ ပြောပြ ချင်တဲ့ အကြောင်း တွေကို မရီရီအောင်က မေးမြန်းထားပါတယ်။



From: BBC

အလင်းမဲ့ အနာဂတ်များကြောင့်လည်း ညတို့ ပို၍ မှောင်နေခြင်း ဖြစ်နိုင်ပါသည်

Posted by drmyochit Thursday, September 12, 2013, under | No comments

မှတ်တိုင်မှနေ၍ လမ်းမကြီးအ တိုင်းသူ ခပ်သုတ်သုတ်လျှောက်သည်။ အချိန်ပိုဆင်းရသည့်ညများဆို ဤသို့ နောက်ကျတတ်စမြဲမို့ သူ့အတွက်မဆန်း လှသော်လည်း ညဥ့်နက်လှပြီဖြစ်၍ အိမ်သို့အမြန်ရောက်ရန် စိတ်မောနေမိ သည်။

 လမ်းထိပ်မီးတိုင်တွင် အလင်း ရောင်မရှိ။ သို့သော်ပြန်နေကျမို့ သူ့အိမ် ရှိရာ လမ်းချိုးလေးကို မြင်နေရသည်။ သူခပ်သုတ်သုတ် ဆက်လျှောက်သည်။ အနီးရောက်မှပင် လမ်းဘေးအုတ် ဘောင်ပေါ်ထိုင်နေသော လူငယ်လေး ယောက်ကို မြင်လိုက်ရ၍ သူအနည်း ငယ်အရှိန်တန့်သွားမိသော်လည်း ဟန်မ ပျက်ဆက်သွားလိုက်သည်။

လူငယ်များရှေ့ ဖြတ်သွားစဉ် ရ လာသည်က ချဉ်စူးစူးအရက်နံ့။ အနည်း ငယ်လွန်၍ လျှောက်မိစဉ်မှာတော့ သံ ဘူးခွံတစ်ခုကို ကန်လိုက်ဟန်တူသည့် အသံနှင့်အတူ ”ဘယ်ကောင်မှေ-ာက်  ဂရုစိုက်စရာ မလိုဘူးကွ”ဟူသော အော် ဟစ်လိုက်သံကို နောက်ကျောဘက်မှ ကြားလိုက်ရသည်။

”ကိုယ့်ပြောတာမဟုတ်ဘူး။ မဆိုင် ဘူးဆိုပေမယ့် နောက်ကျောမလုံသလို ခံစားရပါတယ်။ ကြောက်တယ်တော့ မဟုတ်ပါဘူး။ အရက်ရှိန်နဲ့ သွေးဆူနေ တဲ့ လူငယ်ေ တွလေ။ မသိမသာတော့ သတိထားရတာပေါ့”ဟု ညနက်နက် အလုပ်ပြန်ချိန်များစွာထဲ ကြုံရတတ် သည့်မြင်ကွင်းတစ်ခုကို ကိုအောင်သူက စကားဖြင့်ပြန်သရုပ်ဖော်သည်။

သာကေတမြို့နယ်တွင် နေထိုင် သည့် ကိုအောင်သူက အသက် ၃၅ နှစ်အရွယ်ရှိ ပုဂ္ဂလိကဝန်ထမ်းတစ်ဦး ဖြစ်သည်။

”ဒါအခုမှမဟုတ်ပါဘူး။ ကိုယ်တို့ နှစ်ဆယ်ဝန်းကျင်ကျော်လောက်အထိ ညဆို ဘော်ဒါတွေစုပြီး ဂစ်တာတီး၊ တစ်ခါတလေ သောက်ကြစားကြ ရှိပါ တယ်။ ဒါပေမဲ့ အသားလွတ်တော့ ရိုင်း တာမျိုးမရှိပါဘူး။ သတိထားမိတာက တော့ ခုခေတ်လူငယ်တွေကနည်းနည်း ရမ်းကားနေသလိုပဲ”ဟု သူက လက် ဖက်ရည်ဆိုင်ရှေ့ လမ်းမ ကြီးပေါ် ဆိုင် ကယ်ကို ၃ ယောက်စီးကာ တရကြမ်း မောင်းသွားသော လူငယ်များကို လိုက် ငေးရင်း ပြောသည်။

တကယ်တော့ ညဟူသည် တစ် နေ့တာပင်ပန်းခဲ့သမျှ အိပ်စက်အနား ယူကြသည့် အချိန်အပိုင်းအခြား။ သို့ သော် လူပျို ကာလသားများအတွက် တော့ ထိုအဆိုက အလုံးစုံမမှန်။ ရှေး အစဉ်အဆက် ယဉ်ကျေးမှုအရပင် ကျေးလက်တောရွာများ၌ ညအခါလ သာသာတွင် ကာလသားခေါင်းများက ဦးဆောင်၍ မိန်းမပျိုလေးများအိမ်သို့ လူပျိုလှည့်ခြင်း၊ စကားထာဝှက်ခြင်းစ သော ချစ်စရာရိုးရာဓလေ့များ ပြုမူ လေ့ရှိသော အချိန်လည်းဖြစ်ခဲ့သည်။

ညအချိန်အရပ်တကာလှည့်၊လက် ဖက်ရည်ဆိုင်တွင် အမြစ်ပေါက်မတတ် ထိုင် ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်ကြ ခြင်းက လူငယ်ဘဝ ဖြတ်သန်းခဲ့ဖူးသူ တိုင်း မကင်း ခဲ့သည့် ခေတ်ပင်။ သို့ သော် ထိုခေတ်က ဒီတိုင်းမနေ။ ဖွံ့ဖြိုး တိုးတက်မှု၊ လွတ်လပ်ခြင်းနှင့် အသစ် အဆန်းတို့ကလည်း ရှေ့သို့ရောက်လာခဲ့ ရာ ညယဉ်ကျေးမှုထဲ လက်ဖက်ရည် ဆိုင်များနှင့်အပြိုင် ဘီယာဆိုင်၊ အရက် ဆိုင်များက နေရာအနှံ့ကျောချင်းကပ် ဘိလိယက်ခုံများမှနေ၍ ညလုံးပေါက် အင်တာနက်ဆိုင်၊ ဂိမ်း ဆိုင်၊ ကေတီဗီ၊ မာဆတ်များမှ စိတ်ထင်သလို လွတ်လပ် စွာ ကခုန်မြူးတူး ယစ်မူးနိုင်သော နိုက် ကလပ်များ။

ထိုသို့ အပြိုင်းအရိုင်းထွန်းကားလာ သော ည၏စိန်ခေါ်မှုများနှင့်အတူ လူ ငယ်အချို့၏ ညတို့သည်လည်း သူ့အ ကြောင်းတရားနှင့်သူ မှောင်၍နေလေ သည်။

”ဒီညအိမ်ပြန်မအိပ်ဘူး။ မနက်မှ ပြန်လာမယ်။ အမေပြန်နှင့်”ဟု ခပ်လှမ်း လှမ်းမှ အမျိုးသမီးကြီးကို လည်ပြန်အော် ပြောလိုက်သူက သာကေတမြို့နယ်မှပင် ဖြစ်သည့် ကိုဇင်(အမည်လွှဲ)။

”ကျွန်တော်အိမ်ကို ပြန်ချင်စိတ် မရှိဘူး။ ပြန်ရင်လည်း အိမ်နဲ့ခဏခဏ ပြဿနာတက်နေကျလေ။ ကြာလာတော့ ကျွန်တော်လည်း အပြင်မှာညဘက်တွေ နေရင်းနဲ့ ညပိုင်းအချိန်ကို ပျော်လာ တယ်”ဟု ညကိုသူ့ဘဝအတွက်ရွေးချယ် ဖြစ်ခဲ့ပုံကို သူက ပြောသည်။

သူနှင့် စိတ်တူကိုယ်တူ အပေါင်း အသင်းများစုံမိပါက ညအချိန်ရပ်ကွက် ထဲ သို့မဟုတ် လမ်းမပေါ် ဂစ်တာတီး၊ အရက်သောက်ခြင်းများ လုပ်သည်ဟု ဆိုသည်။

”ညဘက်ဆိုတာ ကျွန်တော်တို့ အ တွက်တော့ အကောင်းဆုံးအချိန် ဖြစ် လာတယ်”ဟု သာကေတ (၈) ရပ်ကွက် တွင် နေထိုင်သူ ကိုဇင်က တစ်စုံတစ်ရာ မထူးခြား သည့်ဟန်ဖြင့် ပြောလိုက်သည်။

ရန်ကုန်ကိုသာမက တစ်နိုင်ငံလုံး ကို လွှမ်းမိုးထားသော နောက်ထပ်လောင်း ကစားတစ်ခုကဲ့သို့ဖြစ်နေသော အင်္ဂလန် နှင့် နိုင်ငံတကာဘောလုံးပွဲ ရာသီများ တွင်တော့ ”တစ်ခါတလေ ဘောလုံးပွဲနိုင် လို့ပိုက်ဆံလေးလက်ထဲရှိရင် နိုက်ကလပ် တို့ ဘာတို့တက်ဖြစ်တယ်။ ဘော်ဒါတွေ ထဲမှာလည်း ပိုက်ဆံရှိတဲ့သူတွေပါတော့ သူတို့ကို လည်း ချောဆွဲပေါ့။ ကျွန်တော် တို့အတွက်တော့ ညဆိုတာ လွတ်လပ် တာအမှန်ပဲ”ဟု သူက ဆိုသည်။

ထို့အတွက် အိပ်ရာဝင်ချိန်က မနက် ၃ နာရီ၊ ၄ နာရီ၊ နေ့လယ်မွန်း တည့်မှသာထ။ တစ်နေကုန် အိမ်တွင်း အောင်းကာ ညနေစောင်းတွင် အပြင် စထွက်သည်ဟု သူက ရှင်းပြသည်။

 ”ဒါကျွန်တော့်ရဲ့ အလုပ်ပဲ”ဟု သူ ကဆိုပါသေးသည်။

 တကယ်တော့ ထိုမျှလောက်ဆိုပါ က သမားရိုးကျဆန်သည်ဖြစ်၍ ပြော လောက်စရာမရှိပါ။ သို့သော် …

 ”တစ်ခါတလေကျွန်တော်တို့ အရက် မူးလာရင် ကျွန်တော်တို့ကိုလာကြည့်ရင် ကို စိန်ခေါ်တယ်လို့ထင်ပြီး မိုက်ကြေးခွဲ မေးမိတယ်။ တစ်ဖက်က မချေမငံပြန် ပြောရင် ထထိုးချင်ထိုးတာ။ ရိုက်ချင် ရိုက်တာ။ တွေ့ရာကြုံရာနဲ့ ထလုပ်လိုက် တာပဲ”ဟု သူတို့ညတွေထဲ ရှိတတ်သည့် ဖြစ်ရပ်များကို ကိုဇင်က ပြောသည်။

သူက ဘာမှအရေးမကြီးသည့် ဟန်နှင့်ပင် ”အချုပ်တို့ ထောင်တို့က တော့ အမြဲကျနေကျပဲ”ဟု ဆိုပါသည်။

ဤသို့နေထိုင်ခြင်းအခြေအနေကို အပြောင်းအလဲ ဖြစ်စေရန် ကြိုးပမ်းမှု သို့မဟုတ် အလုပ်အကိုင်နှင့်ပတ်သက် ၍ မေးမြန်းသည့်အခါ ကိုဇင်က

    ”အလုပ်ကတော့ ကျွန်တော်က ဆယ်တန်းတောင် မအောင်တာ မှန်း ထားတဲ့ အလုပ်က ဘယ်လိုရမှာလဲ။ အလုပ်က ဘွဲ့ရတို့ဘာတို့ပဲခေါ်တာလေ။ ကျွန်တော်ကတော့ အလုပ်ရွေးမရတော့ ကြုံရာပဲ။ ဆိုက်ကားနင်းတယ်။ စက်ဘီး ကယ်ရီဆွဲတယ်။ ထောင်ကျဖူးတော့ အလုပ်ဆိုတာရွေးလို့မရတော့ဘူး။ အဲဒီ မှာပဲ ဒီလိုမျိုးညတွေ ကို ကျေနပ် လာ တယ်”ဟု ပွင့်လင်းစွာ ပြောသည်။

(မာနာ) MANA  ဟု လူသိများ သည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့် ကျင်ရေးအသင်းကို ပင်မ အဖွဲ့အစည်း အဖြစ်ထားရှိပြီး လွန်ခဲ့သည့် ၁ဝ နှစ်ခန့် က စတင် တည်ထောင်ခဲ့သည့် ‘လူငယ့် အားမာန်’အသင်း၏ ဥက္ကဋ္ဌဦးမြင့်စိုးက မူ လူငယ်များ လမ်းပေါ်ရောက်လာ ခြင်းက မူးယစ်ဆေးဝါးသုံးစွဲမိရန် အ တွက် အခွင့်အလမ်းများေ ကြာင်း သုံး သပ်သည်။

လူငယ်များ ယင်းသို့ လေလွင့်နေ ထိုင်ခြင်းနှင့် ပတ်သက်၍လည်း ၄င်းက လူငယ်များရရှိထားသည့် ဘွဲ့များနှင့် အလုပ်အကိုင်များက သူတို့မျှော်မှန်း ထားသကဲ့သို့ မဖြစ်သည့်အချက်သည် လည်း အကြောင်းရင်းတစ်ချက်ဖြစ်မည် ဟုဆိုသည်။

”လူငယ်တွေဆိုတာ အမြဲတက် ကြွနေကြတာပါ။ သူတို့ရှေ့ခရီးအတွက် အဆင်သင့်ဖြစ်နေကြတာပါ။ ဒါပေမဲ့ သူတို့လုပ်ချင်သလို ဖြစ်မလာတဲ့အခါ ဖြစ်သလိုတွေ လုပ်ကြတာပေါ့”ဟု ဦးမြင့် စိုးက ထပ်လောင်းသုံးသပ်သည်။

လူငယ့်အားမာန်အသင်းသည် အ ဓိကအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့် ထောင်ဒဏ်ကျခံခဲ့ရဖူးသည့် လူငယ်များအတွက် စိတ်ဓာတ်ပိုင်းဆိုင် ရာနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေသောအသင်း ဖြစ်သည်။

”လူငယ်တော်တော်များများက ဒီဟာ လုပ်ပါ၊ ဟိုဟာလုပ်ပါဆိုတာမျိုး ဘောင် ခတ်တာမကြိုက်ဘူး။ လွတ်လွတ်လပ် လပ်ပဲ။ ဒါပေမဲ့ လူငယ်တွေက  လူမိုက် စစ်စစ် မဟုတ်တော့ ဘယ်လောက်အ တိုင်းအတာထိကိုင်လိုက်မယ်ဆိုတာမျိုး လည်း မရှိပါဘူး။ ကိုယ့်ရင်ထဲမှာ ရှိတဲ့ မကျေနပ်ချက်  အစိုင်အခဲသေးသေးလေး တွေ၊ အဲဒါတွေကို စုထားပြီးသူများအ ပေါ်ကို ပုံချတာ။ တချို့ ကိုယ့်အသား ကိုယ် ပြန်လုပ်တာမျိုးလည်းရှိတယ်လေ” ဟု ဒဂုံမြို့နယ်တွင်နေထိုင်သည့်အသက် ၂၅ နှစ်ဝန်းကျင်ရှိ ကိုဇော်ေ ဇာ်(အမည် လွှဲ)က ပြောသည်။

သူသည်လည်း လူငယ်စိတ်ဖြင့်  သောင်းကျန်းခဲ့သည်များ ရှိသည်။ လွန် ခဲ့သော ဆယ်နှစ်ဝန်းကျင်က ရန်ကုန်နှင့် မနီးမဝေးသူ၏ ဇာတိနယ်မြို့မှ ဆပ်ကပ် ပွဲတစ်ခုတွင်  လက်မှတ်မပါဘဲ ရုံထဲဝင် ရန် ကြိုးစားသည့် သူငယ်ချင်းဖြစ်သူကို ရုံပေါက်စောင့်သူက ထိုးကြိတ်လွှတ် လိုက်ရာမှ သူငယ်ချင်းကိုထိ၍ သူတို့ အဖွဲ့လိုက် လူစုပြန်သွားကာ ရိုက်နှက် ပြဿနာရှာခဲ့ဖူးကြောင်း၊ ယင်းအတွက် လည်း အထိန်းသိမ်းခံခဲ့ရကြောင်း သူက ပြန်ပြောပြသည်။

”အဲဒီ အချိန်တုန်းက ကျွန်တော့် စိတ်ထဲ ဘယ်လိုအခံမျိုးရှိနေလဲဆိုတော့ ကျိုက်ထီးရိုးကိုသူငယ်ချင်းတွေနဲ့ စုသွား ဖို့အိမ်က ပိုက်ဆံတောင်းတာ မပေးနိုင် ဘူးတဲ့။ ရော့ ယူချင်ယူ မယူချင်နေဆိုပြီး ပိုက်ဆံငါးရာထုတ်ပေးတယ်။ ဖားသား ကြီးက(သူ့စကားအတိုင်း)အဲဒီအချိန်မှာ နောက်အိမ်ထောင်နဲ့ ရတဲ့သားကို ကျ ပွဲဈေးသွားဖို့ ပိုက်ဆံ တစ်ထောင်၊ အင်္ကျီ တစ်ထည် ဂျင်းဘောင်းဘီတစ်ထည် ဝယ်ပေးတယ်။ အဲဒီမှာ ကျွန်တော့်စိတ် က အရမ်းသိမ်ငယ်တဲ့စိတ်ဖြစ်သွားတယ်။ ထမင်းစားချိန်ဆိုလည်း
သူများစားချိန် မစားရဘူး။ အဲဒါတွေက စုနေတာ။ သူ ငယ်ချင်း သွေးသံရဲရဲနဲ့ခံပြီးလာတာတွေ့ ရတော့ ပေါက်ကွဲသွားတာပါပဲ” ဟု ကိုဇော်ဇော်က ထိုစဉ်ကသူဒေါ သဖောက် ခွဲမိသည့် အကြောင်းကို ရင်ဖွင့်ပြော သည်။

သူနှစ်နှစ်သားမှစ၍ မိဘများအိမ် ထောင်ပျက်ကြသည်။ ပထမ မိခင်နှင့် နေသော်လည်း မိခင်က သူလေးတန်းနှစ် တွင် နောက်အိမ်ထောင်ပြုခဲ့ပြန်ရာ အ ဘိုးအဘွား များနှင့် သူနေခဲ့ရသည်။

”အဲဒီတုန်းက အမေက နယ်သွား ရင်း အိမ်ထောင်ပြုတာကို စာပဲပို့လိုက် တာ။ စိတ်က အဲဒီမှာ အရမ်းပေါက်ကွဲ နေတတ်ပြီ။ အမေယူတဲ့ယောက်ျားကို လည်း အဲကောင် ကြီးကိုသတ်မယ်ပေါ့။ နောက်ကျတော့ အမေ့ကိုပါ စိတ်ထဲသိပ် မရှိတော့သလိုဖြစ်သွားတယ်” ဟု သူက သူ့စိတ်အနာကို ပြောသည်။

နောက်တော့ အဘိုးအဘွားတို့ စီးပွားကျ။ သူ့ကျောင်းသားဘဝ ပျက်စီး ခြင်းစကာ ဆိုးသွမ်းခဲ့သည်ဟု ဆိုသည်။ လည်ကတုံးအင်္ကျီဖြူမရှိ၍  ကျောင်းပြေး ခဲ့သည့်ရက် များသာမက အဖိုးအိမ်တွင် နေမကောင်းသည့်ကြားမှ အိမ်တွင် အ ပျော်တမ်းဖဲရိုက်ရာမှ ရဲက တက်ဖမ်း။ သူ့နာမည်ဖြင့်  သီးသန့်ဖယ်ထားဝယ်ပေး ထားသော အိမ်ကို   ရောင်းပြီး အာမခံရ။ ထိုမှစကာ သူ ပုန်ကုန်တော့သည်ဟု ကိုဇော်ဇော်ကဆိုသည်။

နောက်တော့ သူ့အဖေဆီ ပြန် ရောက်သော်လည်းအဆင်မပြေ၍ ဘုန်း ကြီးကျောင်းသို့ပင် ပို့ထားခဲ့ရသည်ဟု ဆိုသည်။ ထိုအကျိုးဆက်က သူ့ကို ရန်ကုန်တက်ရန် တွန်းအားပေးခဲ့ပြီး အင်းစိန်ငါးဈေးတွင် အလုပ်လုပ်ကိုင် ကျင်လည်မိရာမှ လူဆိုးလူမိုက်ဟု ပတ် ဝန်းကျင်ကသတ်မှတ်ထားသည့် လူများ နှင့် ပေါင်းဖက်မိသည်ဟု ဆိုပါသည်။

”အဲဒီတုန်းကဆို ဘယ်လောက် တောင် သွေးကြွလဲဆို ဈေးထဲက မျက်စိစောင်းတဲ့ကောင်ကိုတောင် ငါ့ကို စောင်းကြည့်တယ်ဆိုပြီး  ဖြတ်ရိုက်ပစ် တာ”ဟု ကိုဇော်ဇော်က ဆိုလိုက်ပြီး ထို အရပ်ရောက်မှပင် သူသည်လည်း ပတ် ဝန်းကျင်စရိုက်အရ ငါချင်းမိုးမွှန်အောင် အဆဲလေးဖြင့် ပြောတတ်လာသည်ဟု ပြောသည်။

သို့သော် သူက သူ့ဘဝဖြတ်သန်း ခဲ့မှုနှင့် သူ့ကဲ့သို့ အိမ်နှင့် တစ်စုံတစ်ခု သောအကြောင်းရင်းကြောင့် လေလွင့် ကာ ညအချိန်မတော် ပျော်ပါးနေတတ် ကြသည့် လူ ငယ်များတွင် ဖြစ်တတ် သည့်အခြေအနေကို နှိုင်းယှဉ်ပြောပြ ခြင်းဖြစ်သည်။

လက်ရှိတွင် သူကတော့ တက္ကသိုလ် တက်ရင်းဆုံခဲ့ရသည့် သူငယ်ချင်းတစ် ယောက်နှင့် သူ့မိဘများကြောင့်ပင် ထို စရိုက်အမူအကျင့်များကို  စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု ကိုဇော်ဇော်ကဆိုသည်။

”တကယ်တော့ လူငယ်တွေလမ်း ပေါ်မှာ တေပေလေလွင့်နေတယ်ဆိုတာ မိသားစုအတွင်းရေး မပြေလည်တာတွေ၊ ငွေကြေးမပြေလည်တာတွေကြောင့် ရှိ သလို နောက်တစ်ခုကတော့ ကိုယ်ကိုယ် တိုင်က အကျင့်စာရိတ္တ မကောင်းလို့ လည်းဖြစ်နိုင်ပါတယ်”ဟု သူက သူ့ဖြတ် သန်းမှုအတွေ့အကြုံအရ သုံးသပ်ပြော သည်။

လူငယ့်အားမာန်အသင်း ဥက္ကဋ္ဌ  ဦးမြင့်စိုးကလည်း ”လူငယ်တွေကလည်း အဲလိုမျိုးမလုပ်ဘဲ ကိုယ့်ရှေ့က လူငယ်တွေရဲ့ဖြစ်ပျက်ခဲ့တာမျိုးတွေကို သင်ခန်း စာယူရမှာေ ပါ့။ မှားသွားတဲ့ဟာတွေကိုသင်ခန်းစာယူတတ်ရမယ်။ ဒါပေမဲ့ ခုလူငယ်တွေက အဲလိုလုပ်တဲ့သူ ရှား လာတယ်” ဟု သုံးသပ်သည်။

အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဌေးဝင်းကလည်း ”ဘွဲ့ရတယ်။ ဆယ် တန်းအောင်တယ်။ ပြင်ပမှာ အလုပ်အ ကိုင်က တကယ်တမ်းဆိုခက်တယ်။ ဒါ မျိုးဖြစ်လာတယ်ဆိုတာ အလုပ်မရှိခြင်းရဲ့နောက်ဆက်တွဲလို့ထင်တယ်။ ကိုယ် ကိုယ်တိုင် ထိန်းသိမ်းမှုရှိရင်တော့ ဒါမျိုး ပြဿနာတွေ အဆင်ပြေသွားနိုင်မှာပါ”ဟု လမ်းပေါ်လေလွင့်နေသည့် လူငယ် များနှင့်ပတ်သက်၍ ၄င်းအမြင်ကိုဆိုသည်။

¤င်းတို့၏ ကော်မတီအနေဖြင့်မူ လတ်တလောတွင် တောင်သူလယ်သ မားအပိုင်းကိုသာ လုပ်နေရပြီး  အဆိုပါ အရေးပြေလည်သွားပါက လူငယ်များအ ပိုင်းကို စတင်လုပ်ဆောင်ဖြစ်မည်ဟု ဆိုသည်။ လူငယ်များအရေးနှင့်ပတ် သက်၍မူ စီမံချက်များဖြင့် ဆောင်ရွက် ပါမည်လားအမေးကိုမူ ”စီမံချက်ရယ်လို့ တော့ အတည်တကျ မချရသေးပါဘူး။ တကယ်လို့ အဲဒီအပိုင်းကို  သွားဖြစ်ရင် တော့ အလုပ်အကိုင်ပိုင်းကို သွားမယ်လို့ ကျွန်တော်တစ်ဦးတည်း အနေနဲ့တော့ ထင်ပါတယ်” ဟု ဦးဌေးဝင်းက ပြော သည်။

ညနေပိုင်းဖွင့်သည့် လက်ဖက်ရည် ဆိုင်တွင်ထိုင်နေသည့် အဖွဲ့ထဲမှ ၂၇ နှစ်အရွယ်ရှိ သင်္ဃန်းကျွန်းနေသူ ကိုညီ (အမည်လွှဲ)က သူ့ဆံပင်ရှည်များ ကိုအသာအယာ သပ်တင်လိုက်ပြီး ဘော် ဒါများနှင့် အခုကဲ့သို့ ညဘက် လက်ဖက် ရည်ဆိုင်ထိုင်ရခြင်းကို နှစ်သက်ကြောင်း ဝန်ခံလိုက်ကာ”ကျွန်တော်က ဇူးမေဂျာ နဲ့ကျောင်းပြီးသွား ပြီ။ နိုင်ငံခြားသွားဖို့လုပ် နေတယ်။ ညဘက် အပြင်ထွက်တိုင်း ပျက်စီးနေတယ်လို့တော့ ပြောလို့မရ ဘူး။ ဒါတွေက တချို့တစ်ဝက်ပါ” ဟု ပြောသည်။

”ဒီအချိန်မှ လွတ်လွတ်လပ်လပ် မနေရရင် ဘယ်အချိန်မှာ နေရမှာလဲ။ လွတ်လပ်မှုဆိုတာ ငွေပေးဝယ်လို့မှ မရ တာ” ဟု ပြောလိုက်သူကတော့ အသက် ၂၃ နှစ်အရွယ်ရှိ တာမွေတွင် နေထိုင်သူ လိပ်ပု(အမည်လွှဲ)ဖြစ်သည်။ သူကတော့ သူငယ်ချင်းသုံး ယောက်စုံလျှင် ညလုံး ပေါက်ဂိမ်းဆိုင်နှင့် တစ်ခါတစ်ရံ အပန်း ဖြေနေရာများ သို့သွားကြောင်းပြောသည်။

”အိမ်ကတော့ ဒီလိုမျိုးတွေ သွား တာ လာတာမကြိုက်ဘူး။ မနိုင်လို့လွှတ် ထားတာ။ အိမ်မှာနေရတာ ညည်းငွေ့ လို့။ အကြောင်းမရှိအကြောင်းရှာပွမ်နေ တာကိုး”ဟု အိမ်မကပ်သည့်သူ့အကြောင်း ပြချက်ကို ထိုသို့ ပြောလိုက်သေးသည်။

သူတို့ကလည်း ညအချိန်ကျက် စားသည့်အခါ လူငယ်သဘာဝ ရန်ဖြစ် ပြဿနာတက်ခြင်းများ ရှိတတ်ကြောင်း သက်သေထူသည်။

”ကျွန်တော့်ကို ထိရင်တော့ မရ ဘူး။ အဲဒါကို ပြန်လုပ်လိုက်ရမှ ကျေနပ် တာ။ တစ်ခါတလေအိမ်နဲ့ အဆင်မပြေ ရင်လမ်းပေါ်မှာပဲပေါက်ကွဲပစ်တာတော့ ရှိတာပေါ့” ဟု သူ့အနေအထားနှင့်ယှဉ် ၍ ပြောသည်။

လက်ရှိအချိန်တွင် ဆရာသမား ကောင်းနှင့်တွေ့၍ တည်ငြိမ်သောလမ်း တစ်ခုကိုလျှောက်လှမ်းနေသော ရေ ကျော်တွင်နေထိုင်သည့် ကိုဗလကတော့ သူ့လူငယ်ဘဝ ရှင်သန်ခဲ့ပုံကို ပြန်ပြော ပါသည်။

”ကျောင်းသားဘဝ ကတည်းက သူငယ်ချင်းတွေနဲ့ ညတိုင်းလျှောက် သွားကြတယ်။ ရေကျော်မှာက သိတဲ့ အတိုင်းပဲ ခဏခဏပြဿနာတက်ကြ တယ်။ ကိုယ်တွေက လည်း အဲဒီတုန်းက လူငယ်အထာနဲ့ဆိုတော့ ထစ်ခနဲရှိ ကိုင်တာပဲ” လက်ရှိတွင် အသက် ၃၅ နှစ်ဝန်းကျင်ရှိ ကိုဗလက ဆိုသည်။

”အဲအချိန် ပတ်ဝန်းကျင်ကတော့ ဆိုးသွမ်းတဲ့ကောင်တွေပေါ့။ ကိုယ့်ကိုယ် ကိုယ်ကျတော့ မှန်တယ်ထင်ရင်လုပ်တဲ့ သူပေါ့”ဟု ကိုဗလက ထိုစဉ်က လူငယ် အတွေးကို အပြုံးဖြင့် ပြန်ပြောပြသည်။ လူငယ်ဘဝက လွတ်လပ်မှုမရှိမဟုတ်။ ရှိပါသည်။မည်သည့်မိဘမဆို မိမိသား သမီးတိုင်းအား ဖြစ်ချင်တာဖြစ်ဟု သဘောထားချင်ကြမ ည်လည်း မဟုတ် ပါ။ သို့သော် တစ်ခါတစ်ရံတွင် မိမိကိုယ် တိုင်၏ စိတ်ခံယူချက် စရိုက်လက္ခဏာ များအရ ဤသို့ရွေးချယ်ကြခြင်း ဖြစ်နိုင် သလို တစ်ခါတစ်ရံတွင်တော့ မိသားစု သို့မဟုတ် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုများ ကလည်း တွန်းပို့နေသကဲ့သို့ ဖြစ်နိုင် ပါသည်။ လက်ရှိတွင် လူငယ်များအ တွက် သူတို့ပြောချင်သည်များ၊ လုပ် ချင် သည်များနှင့် လိုအပ်ချက်ပုံစံများ သိလာရန်ရည်ရွယ်၍  National Youth Policy  ကို ဆောင်ရွက်ရန် စီစဉ်နေ ကြောင်းNational Youth Congress မှ ကိုဘိုဘိုက ပြောသည်။

သို့သော် သူတို့အနေဖြင့်လေလွင့် ပြီး ရည်မှန်းချက်ပျောက်ဆုံးနေသော လူငယ်များကိုရှာဖွေကာ ကူညီပေးနိုင် ခြင်းမျိုး လုပ်ကိုင်နေခြင်းမရှိသေးပါဟု ကိုဘိုဘိုက ဆိုသည်။

 ”အဓိကကတော့ နှစ်ချက်ရှိတယ် လို့မြင်ပါတယ်။ ပညာရေးပြဿနာနဲ့ အ လုပ်အကိုင်ပြဿနာပေါ့။ ပညာရေးအ ခြေအနေနဲ့ အလုပ်အကိုင်တွေက လူ ငယ်တွေနဲ့ အံဝင် ခွင်ကျဖြစ်တာမျိုး မဖြစ်သေးတာတွေကြောင့် လူငယ်တွေ က တဖြည်းဖြည်း ကိုယ်ကြိုက်တာကိုယ် လုပ်ရင်း လွင့်လာတဲ့ပုံစံမျိုးပေါ့”ဟု သူ က ရှင်းပြသည်။

ဆက်လက်၍¤င်းက ”နောက်တစ် ချက်က အဲလိုမျိုးဖြစ်လာတဲ့အခါ မူးယစ် ဆေးစွဲတဲ့အခြေအနေမျိုး ရှိလာနိုင် တယ်”ဟု သူက သုံးသပ်သည်။

¤င်းတို့အဖွဲ့အနေဖြင့် လူငယ်များ အတွက် ကိုယ်စားပြုနိုင်မည့် မူဝါဒတစ် ရပ်ကိုပြဋ္ဌာန်းနိုင်ဖို့နှင့် တစ်နိုင်ငံလုံးလွှမ်း ခြုံနိုင်မည့် ဥပဒေတစ်ရပ်မျိုး ပေါ်ပေါက် လာရန် ၂ဝ၁၂ နောက်ပိုင်းမှစ၍ဆောင် ရွက်နေပြီး လက်ရှိတွင်တော့ လုပ်ကိုင် ရန် အဆင့်များစွာ ကျန်ရှိနေသေး ကြောင်း ဆိုပါသည်။

”ဒီပေါ်လစီဟာ ပြဋ္ဌာန်းချက်၊သတ် မှတ်ချက်တစ်ခုမဟုတ်ဘဲ လူငယ်ထုရဲ့ အသံ၊ လူငယ်တွေရဲ့ဆန္ဒ။ ဒါတွေကို အ ကာအကွယ်ပြု ဖော်ဆောင်ပေးနိုင်မယ့် အချက် မျိုးတွေဖြစ်စေချင်တယ်။ အဲဒီအ တွက်လည်း လူငယ်တွေနဲ့ပဲအဓိက ပူး ပေါင်းဆောင်ရွက်နေပါတယ်”ဟု ကိုဘို ဘိုက ဆိုပါသည်။

မည်သို့ပင်ဆိုစေ ညရှိလျှင် အဆို ပါမြင်ကွင်းများလည်း ရှိနေဦးမည်ပင်။ မြေနီကုန်းတစ်နေရာမှ လမ်းလယ်ကျွန်း တစ်ဖက်တစ်ချက်တွင် လူငယ်လေး ယောက် မတ်တပ်ရပ်က စကားပြောနေ ကြသည်။ သူတို့ ဟန်ပန်ကငယ်ရွယ်သေး မှန်းသိသာသော်လည်းဝတ်စားထား သည့်ပုံက တကယ့်လမ်းသရဲဟစ်ပီများ ကဲ့သို့ပင်။ လက်ထဲတွင်လည်း စီးကရက် ကိုယ်စီနှင့် ဟန်ပါပါကိုင်တွယ်ပြီး တစ် ချက်ရှိုက်လိုက်ကာ မီးခိုးများ ပမာမ ခန့်မှုတ်ထုတ်လိုက်ပုံက တကယ့်ဝါရင့် အရွယ်ရောက်လူကြီး များစတိုင်။

”ကျောင်းဆက်မတက်ဘဲ ၉ တန်း နဲ့ထွက်လိုက်တာ။ နေတာကဒီမှာ မဟုတ် ပါဘူး။ သမိုင်းနားမှာပါ။ ဒီမှာကညတိုင်း ဘော်ဒါတွေနဲ့စုတယ်။ ဂစ်တာတီးသီချင်း ဆိုတယ်။ အရက်လည်းသောက်တယ်ပေါ့ ဗျာ” ဟု သူတို့ထဲမှ ၁၅ နှစ်အရွယ်ရှိ ကျော်လေး(အမည်လွှဲ)က ပြောသည်။

သူကတော့ ငယ်စဉ်က တီဗီဂိမ်း ကစားခြင်းကို ဝါသနာ ပါကြောင်း၊ ကျောင်းမှပြန်လာသည်နှင့် ဝင်ဆော့၊ သို့သော်ကြာမြင့်လာသည်နှင့်အမျှ အိမ် က ပေးမဆော့၊ မုန့်ဖိုးလည်းမရတော့ဟု ကျော်လေးကပြောသည်။

ထိုအခါသူငယ်ချင်းများက တစ်ခါ တစ်ရံဆော့ကစားရန် စိုက်ပေးသော် လည်း အမြဲတမ်းတော့မရ။ ထိုမှစကာ လမ်းပေါ်မှာ ဂစ်တာတီးအရက်သောက် နေသည့် အစ်ကိုကြီးပိုင်းများက ခေါ် ရာမှ ဂိမ်းဆိုင်မသွားနိုင်သည့်အခါ သူ တို့နှင့်ပင် လမ်းဘေးမှာထိုင်ရခြင်းကို ကြိုက်သွားခြင်းဟု ကျော်လေးက ဝန်ခံ သည်။ ခုလက်ရှိ အခြေအနေမှနေ၍ ပြောင်းလဲကာ လုပ်ခွင့်ရမည်ဆိုပါက ဘာလုပ်ချင်ပါသလဲဟု မေးသည့်အခါ မှာတော့ ကျော်လေးက ဒူးဆစ်အထိဖြဲ ထားသော ဂျင်းဘောင်းဘီကို တစ်ချက် သပ်၊ဟပြဲဖွင့်ထားသော အင်္ကျီကို ဟန်ပါပါ ပင့်မလိုက်ရင်းမှ ”ခုချိန်ကနေ ကျော်မတွေးသေးဘူးဗျာ။ ခုက အေး ဆေးတယ်။အိမ်ပြန်အိပ်ချင်အိပ်၊ မအိပ် ချင် မအိပ်ဘူး။ ဘော်ဒါတွေနဲ့ စား သောက်။ နောက် ကျွန်တော့်အရည်အ ချင်းနဲ့ ဘာအလုပ်ရမှာလဲ။ ရတဲ့အလုပ် ကရော ကောင်းမလား”ဟု ပြန်မေးလိုက် သည်။

ဘဝစုံခဲ့ပြီး လက်ရှိတွင် ဆိုးသွမ်းမှု များကို ပြုပြင်နေထိုင်နေပြီဖြစ်သည့် ကိုဇော်ဇော်ကတော့ သူ့ဘဝခံစားချက်မှရလာသည့်အသိနှင့်ယှဉ်ကာ ” ဒါမျိုး တွေမဖြစ်ဖို့ လူငယ်တွေနဲ့ မိဘတွေကြား မှာ ပွင့်လင်းပြီး နားလည်မှုရှိတဲ့ ဆက် ဆံရေးမျိုးရှိရမယ်။ မိဘကလည်း သား သမီးဘာပြောချင်တယ်ဆိုတာ သူ့အဖြေ ကို အချိန်ပေး နားထောင်ပေးပြီး သား သမီးဘက်ကလည်း အခွင့်အရေးပိုယူ တာမျိုးတော့ မဖြစ်သင့်ဘူး” ဟု အလေး အနက်ပြောလိုက်သည်။

ညသည် ပင်ကိုက အမှောင်ဟုဆို သော်လည်း လူတို့ဖန်တီးထားသော အ လင်းများဖြင့် အမှောင်ကို တတ်နိုင်သမျှ ဖုံးဖိထားကြသည်ဟုဆိုရပါမည်။ သို့ သော် ထိုအ လင်းများမရှိ၍ မှောင်ခြင်း ထက် လူငယ်တိုင်းတွင် ရှိရမည့် ဘဝ ရည်မှန်းချက် သို့မဟုတ် အနာဂတ်လမ်း အတွက် စိတ်ကူးမျှော်လင့်ချက်အိပ်မက် ဟူသော အလင်းမ ရှိသော ဘဝများ ကြောင့်ပင် ညတို့သည် ပင်ကိုအမှောင် ထက် ပို၍ပို၍ ညဥ့်နက်မှောင် မိုက်နေ ရသည် ဆိုပါက …….. ……….။

သတင်းအချက်အလက် – ရန်နိုင်၊
စိုင်းလမင်း၊ သုတလင်း
အောင်ခွန်းဆက် စုစည်းရေးဖွဲ့သည်။

Popular Myanmar News Journal




Wednesday, September 11, 2013

Automatic Cache Cleaner v1.0.8 Apk 181Kb

Posted by drmyochit Wednesday, September 11, 2013, under | No comments


ဖုန်းကို လေးလံစေမယ့် Cache တွေကို အော်တိုမက်တစ် ရှင်းပေးတဲ့ ဆောစ့်ဝဲလ်လေးပါ
ဘယ်အချိန်မှာ Cleaner လုပ်မယ်ဆိုတာတော့ သတ်မှတ်ထားရမှာပေါ့
အသုံးပြုမယ်ဆိုအောက်မှာရယူုနိုင်ပါတယ်

Download>>>>hotfile




ဟွားဝေဖုန်းဆိုင် အဖောက်ခံရလို့ ကျပ်သိန်း ၁၈၀ ကျော်ဖိုးဆုံးရှုံး

Posted by drmyochit Wednesday, September 11, 2013, under | No comments

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဟွားဝေလက်ကိုင်ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင် တစ်ခု စက်တင်ဘာ ၈ ရက်ညက ဖောက်ထွင်းခံလိုက်ရသဖြင့် ကျပ်သိန်း ၁၈၀ ကျော် ဆုံးရှုံးခဲ့ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ဖုန်းဆိုင်မှာ ဖော့ကန်ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမရှိ အမှတ် ၁၅၉၆ တွင် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ဖုန်းဆိုင်ဖောက်ထွင်းခံရမှုကို စက်တင်ဘာ ၉ ရက် နံနက်တွင် ဆိုင်ဖွင့်ရန် လာရောက်သော ဆိုင်တာဝန်ခံ မသူဇာက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သူမက ဆိုင်အတွင်းသို့ သော့ဖွင့်၍ ၀င်ရောက်စဉ် ဆိုင်နောက်ဖက် ပြူတင်း တံခါးများပွင့်နေပြီး ပစ္စည်းများပျံ့ကျဲနေသည်ကို တွေ့ရှိခဲ့သဖြင့် ဆိုင်ရှိပစ္စည်းများကို စစ်ဆေးခဲ့သည်ဟုလည်း ရဲစခန်းတွင် ထွက်ဆိုထားသည်။

စစ်ဆေးချက်အရ ဆိုင်နောက်ခန်း ဗီရိုအတွင်း ထည့်ထားသည့် ဟွားဝေနောက်ဆုံးပေါ် လက်ကိုင်ဖုန်းများ အပါအ၀င် ဟန်းဆက် ၁၂၀ ကျော်၊ ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ် ၆၀ ခန့်နှင့် ကျပ်ငါးထောင်တန် ငွေဖြည့် ကတ် ၆၆ ကတ်တို့ ခိုးယူခံရသည်ဟုဆိုသည်။

ထိုပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ၁၈၄ သိန်းကျော်ရှိကြောင်း ဆိုင်တာဝန်ခံက ပျောက်ဆုံးစာရင်းနှင့် တကွ ရဲစခန်းတွင် ပေးပို့တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို အင်းစိန်ရဲစခန်းက အမှုအမှတ် (ပ)၉၇၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် ရဲများကစုံစမ်းရှာဖွေလျက်ရှိပြီး ဖမ်းဆီးရမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

Source : Mizzima

ရင်သားထွားချင်သူများ ဖတ်ဖို့ ဗဟုသုတ

Posted by drmyochit Wednesday, September 11, 2013, under | No comments

အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။
ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။

ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင် ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာ လဲ ပညာရှိရာကျတယ်။

ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။

မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော် ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲ စေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေး နေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိ ကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံး သူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက် မှာတင် ရှိတယ်။

သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။
(၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။
(၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။
(၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။

အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်း ထည့်ပေး တာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေ ဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင် နည်းတွေမှာ Saline-filled (စေလိုင်း) သုံး နည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ် ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါ သာမှတ်။

အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။

ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်း တွေ ရှိပါတယ်။

• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။
• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။
• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။
• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။

• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။
• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။
• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။



ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ် သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိ ဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ် တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံ ကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။

B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေ ရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုး မသန်တာ ဖြစ်မယ်။ အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာ ပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ် ပါတယ်။ ဆရာဝန် မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင် ကြပါ တယ်။ မမြင်ရတဲ့ အလှဆိုတာ မကြည့်ဘဲလဲ သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။

By Healths
From : .... New Myanmar News

iOS 7 ကို အခုပဲ Update လုပ်နိုင်ပါပြီ

Posted by drmyochit Wednesday, September 11, 2013, under | No comments


Appleက iOS 7 ကို September 18 ရက်နေ့မှာ တရားဝင်အခမဲ့ ဒေါင်းလုပ်လုပ်ခွင့်ပေးမှာဖြစ်ပါတယ်။အခုလောလောဆည်တော့ Developer Version တွေပဲ ထွက်ရှိထားတာဖြစ်ပါတယ်။ 18 ရက်နေ့ မတိုင်ခင်စမ်းသပ်အသုံပြုချင်သူတွေအတွက် နောက်ဆုံး Version တွေရဲ့ Download Link တွေနဲ့ Update လုပ်နည်းကို ရေးပေးလိုက်ပါတယ်။


အောက်မှာ ပေးထားတဲ့ Update File တွေကို iDevices အနည်းငယ်မှာစမ်းသပ်အသုံးပြုကြည့်တာတော့ ပြဿနာတစ်စုံတစ်ရာ မရှိဘဲ အဆင်ပြေပါတယ်။ ဒါပေမယ့် iDevices အားလုံးအတွက်တော့ အဆင်ပြေနိုင်မလားဆိုတာ မသိပါဘူး။ နောက်ဆုံးထွက် Version တွေဖြစ်တဲ့အတွက် 18 ရက်နေ့မှာ တရားဝင်ထွက်ရှိလာမယ့် iOS 7 နဲ့ အတူတူ ပဲဖြစ်မယ်လို့ ယူဆပါတယ်။ အဲဒီအတွက် အဆင်ပြေနိုင်ပါတယ်။

အရင်ဆုံး Backup လုပ်ပါ။
သင့်ရဲ့ iDevice ကို iTunes နဲ့ Backup လုပ်ပါ။အမှားအယွင်းတစ်စုံတစ်ရာဖြစ်ခဲ့ရင် ပြန်ပြီး Restore လုပ်နိုင်မှာပါ။
iOS 7 ကို Download လုပ်ပါ။
သက်ဆိုင်ရာ iDevices အလိုက် iOS 7 ကို Download လုပ်ပါ။

iPhone 4 (GSM)
iPhone 4 (GSM Rev. A)
iPhone 4 (CDMA)
iPhone 4SiPhone 5 (Model A1428)
iPhone 5 (Model A1429)
iPad 2 (Wi-Fi)
iPad 2 (Rev. A)
iPad 2 (Wi-Fi + GSM)
iPad 2 (Wi-Fi + CDMA)
iPad 3 (Wi-Fi)
iPad 3 (Wi-Fi + GSM)
iPad 3 (Wi-Fi + CDMA)
iPad 4 (Wi-Fi)
iPad 4 (Wi-Fi + GSM)
iPad 4 (Wi-Fi + CDMA)
iPad mini (Wi-Fi)
iPad mini (Wi-Fi + GSM)
iPad mini (Wi-Fi + CDMA)
iPod touch (5th Generation)
iTunes 11.1 Beta

iOS 7 ကို Update လုပ်ဖို့ iTunes နောက်ပိုင်းထွက်တဲ့ Version ရှိဖို့လိုအပ်ပါတယ်။

Install the Update

1. Disk Image (.dmg) ဖိုင်ကို ဖြည်ပြီး iPhone Software Update file(.ipsw) ဖိုင်ကိုရှာပါ။ Desktop ဒါမှမဟုတ် ဖိုဒါတစ်ခု မှာ သိမ်းပါ။ Image ဖိုင်ကို ဖြည်ဖို့ 7-Zip ကို သုံးနိုင်ပါတယ်။ .dmg ဖိုင် ထဲမှာရှိတဲ့ .hfs ကိုပါ ဖြည်ဖို့လိုအပ်ပါတယ်။

2. iTunes ကိုဖွင့်ပြီး iPhone,iPad,iPod နဲ့ ချိတ်ဆက်ပါ။

3. သင့် Device ကို iTunes က အလိုလို Select မလုပ်ဘူးဆိုရင် Manual Select လုပ်ပြီး “Summary” tab ကိုနှိပ်ပါ။

4. Windows User တွေ က Shift Key ကိုဖိထားပါ။ OS X User တွေကတော့ Option Key ကိုဖိထားပါ။ Restore Button ကိုနှိပ်ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ .ipsw ဖိုင်ကို ရွေးပေးပါ။ ပြီးရင်တော့ Update လုပ်တာကို စောင့်ပါ။

5. လိုအပ်ရင် Backup ကနေ Restore လုပ်ပြီး iTunes နဲ့ Sync လုပ်ပေးပါ။

အပေါ်က အဆင့်တွေကို ပြုလုပ်ပြီးရင်တော့ iOS 7 ကို အသုံးပြုနိုင်ပါပြီ။

From: Myanmar ICT

ကားဆင်းတွန်းခိုင်းပြီး သိန်း ၁၂၀ ငွေထုပ်တင် မောင်းပြေးသည့် အငှါးယာဉ်မောင်း

Posted by drmyochit Wednesday, September 11, 2013, under | No comments

တက္ကစီယာဉ်မောင်းက ခရီးသည်ကို ကားဆင်းတွန်းခိုင်းပြီး ခရီးသည်၏ ကျပ်သိန်း ၁၂၀ ပါ ငွေထုပ်ကို မောင်းယူပြေးသည်ဟုဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား အင်းစိန်ရဲစခန်းက စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုအမှုကို တိုင်တန်းသူမှာ အသက် ၄၀ နှစ်အရွယ် ကိုအောင်မိုးဆိုသူဖြစ်ပြီး ၎င်းသည် အုတ်သဲကျောက် ရောင်း ၀ယ်ရေး လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနကအတည်ပြုထားသည်။

၎င်းသည် ထိုနေ့မွန်းလွဲ ၁ နာရီခန့်က နေအိမ်မှ ဘုရင့်နောင်ပွဲရုံဝင်းရှိ ကမ္ဘောဇဘဏ်မှ ငွေလွှဲရန် ငွေကျပ် သိန်း ၁၂၀ ကို အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းထည့်လျက် အင်းစိန်ဈေးရှေ့မှ နံပါတ်မမှတ်မိသည့် အဖြူရောင် ပရိုဘောက်အငှားကားကို ငှားစီးခဲ့သည်ဟု တရားလိုက ရဲကိုထွက်ဆိုထားသည်။

ထို့နောက် ဘုရင့်နောင်သစ်တောရုံးရှေ့အရောက်တွင် တက္ကစီယာဉ်မောင်းက ကားပျက်သွားသဖြင့် ဆင်းတွန်းပေး ရန် ပြောသဖြင့် ကားငှားစဉ်ကတည်းက ကားပေါ်၌ပါလာသော ယာဉ်မောင်း၏ အဖော်က ဆင်းတွန်းပေးခဲ့ကြောင်း၊ ထိုသူဆင်းတွန်းသော်လည်းမရသဖြင့် ၎င်းကလည်းငွေထုပ်ကို ကားပေါ်တွင် ထားခဲ့ကာ ကူတွန်းပေးရန် ဆင်းခဲ့ကြောင်း တရားလိုကရဲကိုဆက်ပြောထားသည်။

ယင်းသို့ တရားလိုက ဆင်းတွန်းပေးမည်ဟု ကားပေါ်မှ ဆင်းလိုက်ချိန်တွင်ပင် ကနဦးက ကားတွန်းပေးနေသော အငှားယာဉ်မောင်း၏ အဖော်က ကားပေါ်ကို ပြေးတက်ကာ ကားမှာမောင်းထွက်ပြေးသွားပြီး ငွေထုပ်လည်း ပါသွားကြောင်း တရားလိုက ထွက်ဆိုထားသည်။

ထို့ကြောင့် ငွေကျပ်သိန်း ၁၂၀ ကို ခိုးယူထွက်ပြေးသွားသူ နှစ်ဦးကို ဖမ်းဆီးအရေးယူပေးပါရန် တရားလို ကိုအောင်မိုးက တိုင်တန်းသဖြင့် အင်းစိန်ရဲစခန်းကလည်း အမှုအမှတ် (ပ)၉၇၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ငွေခိုးပြေးသွားသူများကို လိုက်လံရှာဖွေနေကြောင်း သိရသည်။

တရားလို၏အဆိုအရ ယာဉ်မောင်းသည် ဆံပင်တို၊ မျက်နှာဝိုင်း၊ ခန္ဓာကိုယ်ဝ၊ အသားဖြူသူဖြစ်ပြီး၊ ကားဆင်းတွန်း ယောင်ဆောင်သော ယာဉ်မောင်း၏ အဖော်မှာ ဆံပင်တို၊ မျက်နှာသွယ်၊ ခန္ဓာကိုယ်ပိန်၊ အသားမဲပြီး အရပ်ခြောက်ပေခွဲခန့် ရှိကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ထိုသူများကို ဖမ်းမိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနကဆိုထားသည်။

Source : Mizzima

ရထားပေါ်မှာ ၇ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရ

Posted by drmyochit Wednesday, September 11, 2013, under | No comments


အသက် ၇ နှစ် အရွယ် မိန်းကလေး ကို ရထားတွဲ အိမ်သာထဲ မှာ အဓမ္မပြုကျင့်ခဲ့ တဲ့ သံသယ ရှိသူ တွေ ကို အိန္ဒိယ ရဲတပ် ဖွဲ့  က အပူ တပြင်း လိုက်လံ ဖမ်းဆီးနေ ပြီ ဖြစ်ပါတယ်။

သောကြာနေ့  ည ဘက် ဒါမှမဟုတ် စနေ နေ့ မနက် လင်းအားကြီး အချိန် မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော် ကား ခံရတာ ဖြစ် တယ်လို့  ရဲတပ် ဖွဲ့  က အင်္ဂါနေ့ ကျမှ သတင်း ထုတ် ပြန်ပါတယ်။


လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ မိန်းကလေး ကို စနေ နေ့ မနက် မှာ ရထား ဘူတာရုံ မှာ တွေ့ ရှိ ပြီး နောက် ရဲတပ် ဖွဲ့  က ဆေးရူံ ကို ပို့ ဆောင်ခဲ့ ပါတယ်။

မိန်းကလေး ရဲ့  ပြော ပြ ချက် အရ သူ့ ကို သားမယား ပြု ကျင့်ခဲ့ သူဟာ အသက်၄၀ လောက်ရှိ ပြီ လို့  ဆိုပါတယ်။

ဘီလပူုရ ရဲတပ် ဖွဲ့  က သံသယ ရှိသူ ကို သတင်း ပေး နိုင်ခဲ့ ရင် အမေရိကန် ဒေါ်လာ၄၀၈ ဒေါ်လာ နဲ့  ညီမျှ တဲ့ ရုပီး ငွေ ကို ပေးမယ်လို့  ကြေငြာထား ပါတယ်။

သားမယား ပြု ကျင့်ခဲ့သူ က မိန်းကလေး ကို ရူပီး ၁၆ ဆင့် ပေးခဲ့ တယ် လို့  မိန်းကလေးရဲ့ ပြောကြား ချက် ကို ကိုးကား ပြီး ရဲတပ် ဖွဲ့  က ပြောပါတယ်။


၂၀၁၂ ခုနှစ် ဒီဇင်ဘာလ က အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူ လေး ကို နယူးဒေလီက ဘတ်(စ) ကား ပေါ် မှာ မုဒိမ်းကျင့် ပြီး ရိုက် နှက် သတ် ဖြတ် မှု ပေါ်ပေါက် ပြီး နောက် အိန္ဒိယ နိုင်ငံ တ၀ှမ်းမှာ အမျိုးသမီး အခွင့် အရေးတောင်းဆို တိုက် ပွဲ ၀င်မှု တွေ ပေါ်ပေါက် ခဲ့ ပါတယ်။

ပိန်ဖို့ကြိုးစားရင်း ထာဝရပိန်သွားရသူ

Posted by drmyochit Wednesday, September 11, 2013, under | No comments

ရုရှားနိုင်ငံ မော်စကိုမြို့ က အသက် ၃၉ နှစ်အရွယ် Valeria Levitina အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ မိုနာကို နိုင်ငံမှာ နေထိုင်ပါတယ်။

တကယ် တစ်ဦးတည်းပါ။ ဘယ်ရော၊ ညာရော သူမ တစ်ယောက် တည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်က အရမ်းပိန်ချင်ခဲ့ပါတယ်။ ဖက်ရှင်ရှိုး လျှောက်တဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် ဘဝကတည်းက ပိန်ဖို့အတွက် အစာလျော့စာတာမျိုး၊ ပိန်ဆေး စားတာမျိုးတို့ ပြုလုပ်ခဲ့ပါ တယ်။

ယင်းကဲ့သို့ လုပ်ရင်း၊ လုပ်ရင်းနဲ့ပဲ Anorexia လို့ခေါ်တဲ့ ရောဂါတစ်မျိုး ရသွားပါတယ်။ အစားစားချင် စိတ်လုံးဝ မရှိပါဘူး။ ဗိုက်ဆာလို့ စားရင်တောင် ယင်းအစာက အဟာရမဖြစ်သလောက်ကို နည်းပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လုံးဝကို ပိန်ချုံးသွားပါတယ်။ ဒီအတွက် ဆရာဝန်များက ကြိုးစားလို့ အဖြေရှာပေးနေပါတယ်။

ပိန်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ခံအားနည်း အတော်နည်းပါတယ်။ ပိန်ချင်လို့ အစားလျော့စားရင်း ထာဝရပိန်သွားရတဲ့ သူမရဲ့  ဓာတ်ပုံ အစုံအလင်ကို အောက်မှာ ကြည့်ရှု နိုင်ပါတယ်။















ထူးထူးခြားခြား စံချိန်သစ်တစ်ခု တင်နိုင်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်

Posted by drmyochit Wednesday, September 11, 2013, under | No comments

မိုင်လီ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့

MTV၏ ဂီတဗီဒီယို ဆုပေးပွဲ ဖျော်ဖြေမှု ဂယက်ကြောင့် ဝေဖန်မှုများရော၊ လူစိတ်ဝင်စားမှုများပါ ရရှိခဲ့ သည့်နောက် မိုင်လီဆိုင်းရပ်စ်သည် ထူးထူးခြားခြား စံချိန် တစ်ရပ်ပါ ထပ်မံ ရရှိလာကြောင်း သိရှိရသည်။ သူမ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့သည်။ အဆိုပါ ဗီဒီယိုထဲတွင် အသက်(၂၀) အရွယ်ရှိ အဆိုတော် မင်းသမီးသည် လုံးဝ ဝတ်လစ်စားလစ် ဖြစ်နေပြီး သံကြိုးတပ်ထားသည့် သတ္တုဘော လုံးကြီး တစ်ခုပေါ်တွင် ရှိနေသည့် ပုံရိပ်များ ပါဝင်သလို တူကြီးတစ်လက်ကို လျှာဖြင့်လျက်ကာ မြှူဆွယ်သည့် အမူအရာမျိုး ပြုလုပ်နေသည်ကိုလည်း တွေ့ရှိရသည်။ ထိုဗီဒီယိုသည် YouTube၏ ဗီဒီယို ပလက်ဖောင်း တစ်ခုဖြစ်သော Vevoတွင် လွှင့်တင်ခဲ့ရာ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၂.၃)သန်း ရှိခဲ့သည်။

ထို့ကြောင့် ယခင်စံချိန်ဟောင်းဖြစ်သည့် One Direction အဖွဲ့၏ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၉)သန်း ရှိခဲ့သော Best Song Everကို သက်တောင့်သက်သာပင် ကျော်တက်သွားခဲ့သည်။ အင်တာနက် ဗီဒီယို မှတ်တမ်းတွင် စံချိန်သစ် တစ်ခုကို ရရှိခဲ့သော်လည်း ထိုဗီဒီယိုနှင့် ပတ်သက်ပြီး မိုင်လီအနေဖြင့် ပြင်းထန်သော ဝေဖန်မှုများနှင့်လည်း ကြုံခဲ့ရသည်။ ဗီဒီယိုကို ကြည့်ရှုခဲ့သူ တစ်ဦးက "ကလေးတွေတော့ အတုခိုး မှားမှာပဲ။ သူတော့ ဘာထင်နေတယ် မသိဘူး။ ကြည့်ရတာ အပြာဇာတ်ကား ကျနေတာပဲ"ဟု မှတ်ချက်ပြုခဲ့သည်။ ဗီဒီယိုထဲတွင် မိုင်လီသည် အဖြူဝမ်းဆက် အတွင်းခံ အဝတ်အထည်များဖြင့် တူကြီးတစ်လက်ကို ထုနှက်နေကြောင်းလည်း တွေ့ရသည်။ မိုင်လီသည် ယခင်က We Can't Stop ဗီဒီယိုဖြင့် (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၇)သန်း စံချိန် တင်ခဲ့ဖူးသော်လည်း One Direction အဖွဲ့က ကျော်တက်ခဲ့ပြီး ယခုနောက်တစ်ဖန် ပြန်လည် အသာရခဲ့ခြင်းဟု သိရှိရသည်။



From: Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်