Monday, September 16, 2013

နျူစွမ်းအင်သုံးစွဲမှု လုံးဝကင်းရှင်းသော နိုင်ငံအဖြစ် ဂျပန် ပြန်လည်ရပ်တည်

Posted by drmyochit Monday, September 16, 2013, under | No comments

ဂျပန်နိုင်ငံတွင် နောက်ဆုံးလည်ပတ်နေသည့် နျူကလီးယား ဓာတ်ပေါင်းဖိုကြီး (၂)ခုကို ပိတ်ပစ်မည်ဟု ကြေညာခဲ့ပြီးနောက် အစီအစဉ်အတိုင်း လက်တွေ့ လုပ်ဆောင်ခဲ့ရာ တနင်္ဂနွေနေ့က ဒုတိယ ဓာတ်ပေါင်းဖိုကို ပိတ်သိမ်းမှုများ စတင်လုပ်ဆောင်ခဲ့

ဂျပန်နိုင်ငံသည် ဆယ်စုနှစ် အတော်များများအတွင်း နျူကလီးယား စွမ်းအင် အသုံးပြုမှု လုံးဝဥဿုံ ကင်းရှင်းသည့် အခြေအနေသို့ တစ်ကျော့ပြန် ရောက်ရှိလာကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံတွင် နောက်ဆုံးလည်ပတ်နေသည့် နျူကလီးယား ဓာတ်ပေါင်းဖိုကြီး (၂)ခုကို ပိတ်ပစ်မည်ဟု ကြေညာခဲ့ပြီးနောက် အစီအစဉ်အတိုင်း လက်တွေ့ လုပ်ဆောင်ခဲ့ရာ တနင်္ဂနွေနေ့က ဒုတိယ ဓာတ်ပေါင်းဖိုကို ပိတ်သိမ်းမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် တတိယ အကြီးမားဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသော နိုင်ငံသည် နျူကလီးယား စွမ်းအင်ကို လုံးဝ မမှီခိုဘဲ အနာဂတ် ရှေ့ဆက်တော့မည် ဖြစ်သည်။ (၂၀၁၁)ခုနှစ်၊ မတ်လက ဖူကူရှီးမား ဓာတ်ပေါင်းဖို ယိုစိမ့်မှုနောက်ပိုင်း နိုင်ငံအတွင်းရှိ နျူကလီးယား စွမ်းအင်ထုတ်လုပ်ရေး ကဏ္ဍကို လုံခြုံရေးအရ ပြန်လည် စီစစ်ရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံအတွက် နျူကလီးယား စွမ်းအင် ဆက်လက် အသုံးပြုရန် အလေးအနက် ထောက်ခံထားသော်လည်း ပြည်သူအများစုက ဖူကူရှီးမား ပြဿနာနောက်ပိုင်း ယင်းကဏ္ဍတွင် ကန့်ကွက်မှု အားကောင်းလာခဲ့သည်။ ဖူကူရှီးမားတွင် ငလျင်နှင့် ဆူနမီ ရေလှိုင်းများ နောက်ဆက်တွဲအဖြစ် ဖူကူရှီးမားဒိုင်ချီ ဓာတ်ပေါင်းဖိုကြီး ယိုစိမ့်ခဲ့ပြီး ယင်းဖြစ်ရပ်သည် (၁၉၈၆)ခုနှစ်၊ ချာနိုဘိုင်းလ် ပြဿနာနောက်ပိုင်း အကြီးကျယ်ဆုံး နျူကလီးယား ကပ်ဆိုးလည်း ဖြစ်လာသည်။

တနင်္ဂနွေနေ့တွင် ကန်ဆိုင် လျှပ်စစ်ဓာတ်အား ဌာနသည် ဖူကူအိုင်ရှိ အွိုင်ဓာတ်အားပေး စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ်(၄)ကို အဆင့်ဆင့် စတင်ပိတ်ချခဲ့ကြောင်း သိရသည်။ ပိတ်ဆို့မှု ဖြစ်စဉ်သည် တနင်္လာနေ့ နံနက်ထိ အချိန်ယူခဲ့ရသည်။ ဂျပန်သည် (၂၀၁၂)ခုနှစ်၊ မေလကတည်းက နျူကလီးယား ဓာတ်ပေါင်းဖိုများကို တစ်ခုချင်းစီ ပိတ်ခဲ့ပြီး ယခုအခါ စီးပွားဖြစ် ဓာတ်ပေါင်းဖိုကြီး (၅၀)လုံး ရပ်ဆိုင်းနေပြီ ဖြစ်သည်။ အဆိုပါ ဓာတ်ပေါင်းဖို အားလုံးတွင် လုံခြုံရေးစံနှုန်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ ဂျပန်နိုင်ငံတွင် နျူကလီးယား စွမ်းအင်ကို လုံးဝ မမှီခိုခြင်းသည် ဒုတိယအကြိမ်မြောက် ကြုံရခြင်းဖြစ်ပြီး ယခုတစ်ကြိမ်သည် နှစ်ပေါင်း(၄၀)မျှအတွင်း ပထမဆုံးအကြိမ်ဟုလည်း သိရှိရသည်။

From: Planet Myanmar Network

မျက်လုံးဖောင်းအစ်မှု သက်သာစေမည့် နည်းငါးမျိုး

Posted by drmyochit Monday, September 16, 2013, under | No comments



မျက်စိ ယားယံမှုနဲ့ ဓာတ်မတည့်မှု တို့ကြောင့် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်သပ်မိရာက မျက်လုံးဖောင်းအစ် မှုတို့ ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်စေ ဖို့ အောက်ပါနည်း ငါးမျိုးကို လိုက်နာသင့် ပါတယ်။

(၁) မျက်စိကို မထိတွေ့ခင် လက်ဆေးပါ
မျက်စိထဲကို ဝင်တဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့ ပိုးမွှားတွေက အဓိကအားဖြင့် လက်ကနေ ဝင်လာတာပါ။ လက်ကို မကြာ ခဏ ဆေးကြောပေးပါ။ အထူးသဖြင့် လက်ကို ဆေးကြောသန့်စင်ပြီးမှ မျက်လုံး ကို ထိတွေ့ကိုင်တွယ်သင့်ပါတယ်။

(၂) မျက်စိယားလျှင် မျက်စဉ်းဆေးခတ်ပါ
ဆားရည်နဲ့ မျက်ရည်တုတွေက မျက်စိတွင်း ဓာတ်မတည့်မှုတွေ သန့်စင် အောင် ဖယ်ရှားပေးနိုင် ပါတယ်။ မျက်စိ ခြောက်သွေ့မှုအတွက် သုံးတဲ့ မျက်ရည် တုတွေက မျက်စိ ယားယံမှုနဲ့ ခြောက် သွေ့မှုကို သက်သာစေပါတယ်။

(၃) အေးမြသော ပိတ်စတစ်စ ကပ်ပါ
မျက်စိယားယံ မှုဖြစ်လွန်းရင် အေး မြသန့်ရှင်းတဲ့ ပိတ်စကို မျက်စိပေါ်ကို အုပ်ပေးပါ။ ဒါဆိုရင် မျက်လုံးဖောင်းအစ် မှုကို သက်သာစေပြီး မျက်စိရောင်ရမ်းမှု လျော့ကျကာ ယားယံတာကို သက်သာ စေပါတယ်။

(၄) ပြတင်းပေါက်ကို ပိတ်ထားပါ
ပြင်ပက ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကို အမြဲရှောင်လွှဲဖို့ဆိုတာ မ ဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မျက်စိထဲကို ဖုန် မှုန့်တွေ မဝင်ဖို့ဆိုရင် အိမ်ထဲမှာနေရင် တောင် ပြတင်းပေါက်ကို ပိတ်ထားဖို့ လို ပါတယ်။ အထူးသဖြင့် ဖုန်မှုန့်ထူထပ်တဲ့ နေရာတွေမှာ ပြတင်းပေါက်ပိတ်ပြီး အဲ ကွန်းဖွင့်ထားပေး ရပါမယ်။ လေအပြင်း အထန်တိုက်တဲ့ အချိန်တွေမှာ ပြတင်း ပေါက်ကို ပိတ်ပြီး အိမ်ထဲမှာနေပါ။

(၅) နေကာမျက်မှန် တပ်ပါ
နေကာ မျက်မှန်နဲ့ ပုံမှန်မျက်မှန်တပ် ရင် မျက်စိထဲကို ဖုန်မှုန့်တွေ၊ ပန်းဝတ် မှုန်တွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ နေကာမျက်မှန်ဟာ ခရမ်းလွန် ရောင်ခြည်ဒဏ်ကြောင့် မျက်စိထိခိုက်မှု မရှိအောင် ကာကွယ်နိုင် ပါတယ်။
ဇွန်
By Good Health
REF: ရိုးရာလေး

ဆယ်ကျော်သက် အိမ်မက်နဲ့ လက်တွေ့ဘဝ ထပ်တူကျတယ်ဆိုတဲ့ ဖြူထိပ်ထား

Posted by drmyochit Monday, September 16, 2013, under | No comments


လူတိုင်းလူတိုင်းမှာ ဆယ် ကျော်သက်ဘဝက ဖြစ်ချင်ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက် တွေရှိခဲ့ ကြမယ်ထင် ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူး အတိုင်း ဖြစ်ခဲ့တာရှိ သလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူ မကျတဲ့ လက်တွေ့ ဘဝကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့ တာဘယ် လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင် များရဲ့ဆယ်ကျော် သက်ဘဝက စိတ်ကူးတွေအကြောင်း ကို တင်ဆက်ပေး လိုက်ပါတယ်။

ဆယ်ကျော်သက်တုန်းက အဆိုတော် မင်းသမီး ဖြစ်ချင်ခဲ့တာ
ဆယ်ကျော်သက် တုန်းက အ ဆိုတော်လည်း ဖြစ်ချင်တယ်။ မင်း သမီးလည်းဖြစ်ချင်တယ်။ နှစ်ခုစ လုံးအရမ်းဖြစ်ချင်ခဲ့တာ။ ငယ်ငယ် လေးကတည်းက အဆိုတော်မင်း သမီးပဲဖြစ်ချင်ခဲ့တယ်။ ဆယ် ကျော်သက်ကအိပ်မက်တွေနဲ့ လက် ရှိဘဝကထပ်တူကျတယ်။ ကိုယ်ဖြစ် ချင်တဲ့လမ်းကြောင်းပေါ်ရောက်လာ တဲ့အတွက် ဖြစ်ချင်တဲ့အတိုင်းဖြစ်ပါ တယ်။

ဆယ်ကျော်သက်တုန်းက အိပ်မက်တွေကို လက်တွေ့ ဘဝမှာ အကောင်အထည် မဖော်နိုင်တဲ့ သူတွေကို အကြံပေးစကား
လောကကြီးမှာ တစ်ခါတလေ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦး စားပေးပြီး လုပ်ရတယ်။ ကိုယ်ကဖြစ် ချင်တာကိုမလုပ်ရဘဲ ဖြစ်သင့်တာ ကိုလုပ်ရတဲ့အတွက် တစ်ခါတလေ စိတ်ညစ်မယ်။ ဒီအလုပ်ကို ကိုယ်က မလုပ်ချင်တော့ နည်းနည်းလေး ဒီအလုပ်မှာ ပြဿနာတစ်ခုခုဖြစ် လိုက်တာနဲ့ ဒီအလုပ်ကငါနဲ့မှအဆင် မပြေတာ။ ဒါကြောင့် ဟိုအလုပ်ကို လုပ်ချင်တာ။ အဲဒီလိုမျိုးတွေဖြစ် တာပေါ့။ ဘယ်အလုပ်မဆို အခက် အခဲရှိတာပဲ။ ကိုယ်ဝါသနာပါလို့အ ခက်အခဲမရှိတာမဟုတ်ဘူး။ ဝါသ နာပါတဲ့အလုပ်ပဲဖြစ်ဖြစ်၊ ကိုယ်ဝါ သနာမပါတဲ့အလုပ်ပဲဖြစ်ဖြစ် အ ခက်အခဲဆိုတာ အမြဲတမ်းရှိတယ်။ ကိုယ်ဝါသနာမပါပေမယ့် အခုလုပ် နေတဲ့အလုပ်ထဲမှာစိတ်နှစ်ထားလိုက် ပါ။ စိတ်ဓာတ်မကျပါနဲ့။ ဘာဖြစ် လို့လဲဆိုတော့ ဒီအလုပ်က ကိုယ်နဲ့ သင့်တော်လို့၊ ကိုယ့်ကံကြမ္မာပါလာ လို့လုပ်ရတဲ့အတွက် အလုပ်ကိုစိတ် နှစ်လိုက်ရင် အကုန်လုံးကအဆင် ပြေသွားမှာပါ။

ကိုယ်မျှော်လင့် ထားတဲ့ နေရာကို ရောက်ဖို့ စိတ်တိုင်း မကျသေးဘူး
အခုလက်ရှိ အနေအထားကို မကျေနပ်သေးပါဘူး။ ကိုယ်မျှော် လင့်ထားတဲ့နေရာတစ်နေရာ၊ ကိုယ် မျှော်လင့်ထားတာတစ်ခုရှိတယ်။ အဲဒီမျှော်လင့်ထားတဲ့နေရာကို ရောက်ဖို့အတွက် စိတ်တိုင်းမကျ သေးဘူး။

ဆယ်ကျော်သက်တုန်းက ထိန်းချုပ်ခံရတာတော့ မရှိဘူး
ဆယ်ကျော်သက် တုန်းက မိဘ တွေထိန်းချုပ်တာ မခံခဲ့ရပါဘူး။ ဒါ ပေမဲ့ တစ်ချိန်လုံးလည်း ရိုက်နေရ တာပဲ။ တစ်ခါတလေ ကန်တော် ကြီးမှာ သူငယ်ချင်းတွေနဲ့ သီချင်းဆို တယ်။ သီချင်းတွေ ရေးတယ်။ မိန်း ကလေးကျောင်းတက်တာ ဆိုတော့ ဖြူပေါင်းတဲ့ သူငယ်ချင်းတွေက ယောက်ျားလျာတွေလေ။ယောက်ျား လျာဆိုတော့ သူတို့က ဂစ်တာတီး တတ်တယ်။ အဲဒီလိုဆိုတော့ ကျောင်းဆိုရင်လည်းပြေး လိုက်တယ်။ သီချင်းတွေ သွားဆိုကြတော့ အမေ ကပြန်လာရင်ရိုက်တာတော့ ရှိတယ်။ ဟိုမသွားရ၊ ဒီမသွားရ ဆိုပြီးတော့မ ရှိဘူး။ ငယ်ငယ်ကဆိုရင် စိုင်းစိုင်း ခမ်းလှိုင်ရှိုးဆို ဆယ်တန်းဖြေခါနီး အထိသွားတယ်။

ဆိုးသွမ်းနေတယ်ဆိုရင်တော့ ဘယ်မိဘက လွတ်လပ်ခွင့်ပေးမှာလဲ
မိဘတွေက သားသမီးဘာ ဖြစ်ချင်လဲဆိုတာကြည့်ဖို့လိုသလို၊ သားသမီးတွေကလည်း မိဘတွေ ငါ့ကိုဘယ်လိုအတိုင်းအတာထိဖြစ် စေချင်တာလဲဆိုတာကိုလည်း သိဖို့ လိုတယ်။ မိဘစကားကိုလည်းနား ထောင်ရမယ်။ ကိုယ်ကအရမ်းဆိုး သွမ်းနေတယ်ဆိုရင်တော့ ဘယ်မိ ဘက လွတ်လပ်ခွင့်ပေးမှာလဲ။ မိဘ တွေလည်းအမြင်ကြည်ရမယ်။ ကိုယ် လုပ်ချင်တာကိုကိုယ်လုပ်လို့ရအောင် လို့ နေတတ်၊ ထိုင်တတ်မယ်ဆိုရင် ဘယ်မိဘကမှခွင့်မပြုတာမရှိပါဘူး။

အမှားသိမှ အမှန်ပြင်နိုင်မှာ ဆိုတော့ လွှတ်ပေးသင့်တဲ့ ကိစ္စကို လွှတ်ပေးပါ
မိဘတွေကတော့ သူတို့အရင် ကကြုံတွေ့လာရတဲ့ အခက်အခဲတွေ ကိုသိနေတော့ ကိုယ့်သားသမီးကို အခက်အခဲတွေမကြုံတွေ့စေချင်ဘူး ပေါ့။ သူတို့ကတော့ကြိုမြင်တာပေါ့။ ဒါပေမဲ့လည်း လူငယ်တွေက အဲဒီ အခက်အခဲကို သိတော့မှပဲ တစ်ခါ တလေ အမှားသိမှအမှန်ပြင်နိုင်တဲ့ လူတွေရှိတယ်။ အရမ်းကြီးတဲ့အ မှားတော့ မဟုတ်ပေမယ့် မိဘက ဒီ အမှားလေးတွေ လုပ်ဖို့လွှတ်ပေး လိုက်မယ် ဆိုရင် မှားတာသိမှအမှန် ပြင်လို့ရမှာလေ။ မိဘတွေက လွှတ် ပေးသင့်တဲ့ ကိစ္စကျရင် လွှတ်ပေးရ တယ်။ မိဘနဲ့ သားသမီး အလျော့ အတင်းပုံစံမျိုးလေးနဲ့ သွားသင့်ပါ တယ်လို့အကြံပေးချင် ပါတယ်။

8 Days
REF; ရိုးရာလေး

အမေရိကန်မယ်အဖြစ် အိန္ဒိယနွယ်ဖွား အလှမယ် ပထမဆုံးအကြိမ် အောင်ပွဲခံ

Posted by drmyochit Monday, September 16, 2013, under | No comments


အမေရိကန် အလှမယ် ရွေးချယ်ပြိုင်ပွဲတွင် နယူးယော့ခ်ပြည်နယ် ကိုယ်စားပြု နီနာဒါဗူလူရီက ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရှိရသည်။

အသက်(၂၄)နှစ်ရှိ နီနာသည် အမေရိကန် အလှမယ်ရွေးပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲသည့် အိန္ဒိယနွယ်ဖွား ဖြစ်သည်။ သူမသည် နယူးယော့ခ်ကို ကိုယ်စားပြုသည့် အလှမယ်များ (၂)နှစ်ဆက် ဗိုလ်စွဲစေသူလည်း ဖြစ်လာသည်။ တနင်္ဂနွေနေ့က အတ္တလန္တိတ် စီးတီးတွင် ကျင်းပပြုလုပ်သော ပြိုင်ပွဲကို ရုပ်မြင်သံကြား ဌာနအများအပြားက တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။ နီနာသည် ယမန်နှစ် အလှမယ်ဆုရှင်ဖြစ်သူ နယူးယော့ခ်ပြည်နယ် ကိုယ်စားပြု မာလိုရီဟာဂန်ထံမှ သရဖူကို
အောင်မြင်စွာ လက်လွှဲယူနိုင်ခဲ့သည်။

အမေရိကန် အလှမယ် ရွေးချယ်ပွဲကို လာ့စ်ဗီးဂက်စ်သို့ ပြောင်းရွှေ့ပြီး (၆)နှစ်ကြာ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် အတ္တလန္တိတ် စီးတီးတွင် ပြန်လည် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နီနာသည် တစ်ဦးချင်း စွမ်းရည်ပြသ ယှဉ်ပြိုင်မှုတွင် အိန္ဒိယ ဘောလီးဝုဒ်ဟန် ပေါင်းစပ်သော အကဖြင့် ဖျော်ဖြေခဲ့သည်။ ယခုပြိုင်ပွဲတွင် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု အလှမယ် (၅၃)ဦး ပါဝင်ခဲ့ကြသည်။ အမေရိကန်၏ ပြည်နယ်(၅၀)အပြင် ကိုလံဘီယာခရိုင်၊ ပွာတိုရီကိုနှင့် အမေရိကန် ဗာဂျင်အိုင်းလန်းတို့မှ ကိုယ်စားပြု အလှမယ်များလည်း အသီးသီး ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အတ္တလန္တိတ် စီးတီးတွင် ပြိုင်ပွဲကျင်းပဖြစ်ခြင်းနှင့် ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီ အမှုဆောင်ချုပ် ဆမ်ဟက်စ်ကဲလ်က "ကျွန်တော်တို့ ပိုင်ဆိုင်သင့်တဲ့ အရာပါပဲ။ ဒါဟာ အမေရိကန်မယ် ရွေးချယ်
ပွဲရဲ့ အိမ်လို့ဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ ပြိုင်ပွဲဟာ ဒီမှာပဲ အခြေချသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ ယခုပြိုင်ပွဲတွင် ဒုတိယဆုကို ကယ်လီဖိုးနီးယား ကိုယ်စားပြု ခရစ္စတယ်လီ၊ တတိယဆုကို အိုကလာ
ဟိုးမား ကိုယ်စားပြု ကဲလ်ဆီဂရစ်ဝိုးလ်တို့က အသီးသီး ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

အွန်လိုင်း အနိုင်ကျင့်မှုကြောင့် ၁၂ နှစ်သမီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

Posted by drmyochit Monday, September 16, 2013, under | No comments

ဖလော်ရီဒါ အလယ်ပိုင်းရှိ ကျောင်းသူတစ်ဦးသည် လပေါင်းများစွာ အွန်လိုင်းပေါ်ကနေပြီး ခြိမ်းခြောက် အနိုင်ကျင့်ခံရပြီးနောက် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြောင်း ဖလော်ရီဒါပြည်နယ် အာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

အသက် ၁၂ နှစ်အရွယ်ရှိ ရေဘက်ကာအန်းဆက်ဝစ် ဆိုသူသည် မိမိနေထိုင်ရာ လိခ်လန်းမြို့ရှိ စွန့်ပစ်ထားသော အဆောက်အအုံတစ်ခု အပေါ်ထပ်ကနေပြီး ခုန်ချကာ သတ်သေသွားခြင်း ဖြစ်သည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

ဆက်ဝစ်သေဆုံးရခြင်းနှင့် ပတ်သက်ပြီး အခြားကျောင်းသူ တစ်ဒါဇင်ခန့်ကို ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပို့ခ်ကောင်တီ ရဲတပ်ဖွဲ့က တာဝန်ရှိသူ ရဲအမှုထမ်း ဂရက်ဒီဂျပ်က ပြောကြားသည်။ မိမိတို့အနေနှင့် ခြေရာခံမိသလောက် လိုက်လံစုံစမ်းနေရာ အမှုမှန် ပေါ်ပေါက်တော့မည် ဖြစ်ကြောင်းလည်း ဂရက်ဒီက ဆိုသည်။

ယခုကဲ့သို့ ဆက်ဝစ် သေဆုံးရမှုတွင် ပတ်သက်နေသူနှစ်ဦး၊ သုံးဦးခန့် ရှိကြောင်း၊ မိမိတို့ ယူဆသကဲ့သို့ အွန်လိုင်းပေါ်ကတစ်ဆင့် ခြိမ်းခြောက် အကျပ်ကိုင်မှုကြောင့် သေဆုံးရခြင်းဖြစ်လျှင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆိုက်ဘာ ခြိမ်းခြောက်မှုဥပဒေ သို့မဟုတ် ဆိုက်ဘာ အကျပ်ကိုင်မှု ဥပဒေများကို ပြဋ္ဌာန်းထုတ်ပြန်ရန် လိုအပ်လာပြီဟု တိုက်တွန်းရမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒွန်နာဝုဒ်ကလည်း ပြောကြားခဲ့သည်။

ရေဘက်ကာ၏ အွန်လိုင်း လူမှုရေးကွန်ရက် စာမျက်နှာပေါ်တွင် “နင်သေမယ်” “နင်ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မသေသေးတာလဲ” စသည့် ရေးသားချက်များကို တွေ့ရကြောင်း၊ သတ်မသေမီနေ့က ရေဘက်ကာသည် စိတ်ဓာတ် အကြီးအကျယ် ကျလျက် ရှိသည်ကို တွေ့ရကြောင်း၊ သူ့အွန်လိုင်း စာမျက်နှာပေါ်တွင်လည်း အကြမ်းဖက် ရက်စက်စွာ ရေးသားထားသည့် စာများဖြင့် ပြည့်နေကြောင်း Reuters သတင်းထောက်က ပြောကြားသည်။

ရေဘက်ကာနှင့် သူမ၏ သူငယ်ချင်း ဖြစ်သူတို့သည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ရည်းစားလုဖက်အဖြစ် ပြဿနာ တက်ခဲ့ပြီးနောက် ယခုကဲ့သို့ သတ်သေခဲ့ရသည့် အဖြစ်အပျက် ပေါ်ပေါက်စေရန် အကျပ်ကိုင် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ဂျပ်က ဆိုသည်။

The Voice Weekly

ပေါ်ပြူလာနယူးစ်ဂျာနယ်အယ်ဒီတာချုပ်နေအိမ်မှ ပစ္စည်းခိုးယူခံရမှုဖော်ထုတ်

Posted by drmyochit Monday, September 16, 2013, under | No comments


၁၂.၉.၂၀၁၃ရက်နေ့ ၂၂၀၀အချိန် အလုံမြို့နယ်နေပေါ်ပြူလာနယူးစ်ဂျာနယ်အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းသည် နေအိမ်၌
အလုပ်ကိစ္စများဆောင်ရွက်ပြီး အိပ်ယာဝင်ခဲ့ရာမှ ၁၃.၉.၂၀၁၃ရက်နေ့
၀၃၀၀ အချိန်ခန့်တွင် ဦးဖိုးနိုင်လင်း၏ဇနီးမှ အိပ်ယာမှနိုးစဉ် အခန်းရှိပစ္စည်းများအား စစ်ဆေးကြည့်ရာ စားပွဲပေါ်တွင်တင်ထားသည့် ASUS အမျိုးအစား Laptop Computer(၁)လုံး ၊ ဆင်းကဒ်ပါလက်ကိုင် ဖုန်း(၂)လုံး၊ ငွေကျပ်(၅၀၀၀၀)ပါပိုက်ဆံအိတ်(၁)လုံး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၄၀၀၀၀၀)ခန့်မှာ ပျောက်ဆုံးနေကြောင်း
တွေရှိရသဖြင့် ဦးဖိုးနိုင်လင်းမှစုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ အလုံမြို့မရဲစခန်း(ပ)၂၂၆/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အလုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ အမှုမှပါဆုံးပစ္စည်းများအား ကျောက်တံတား
မြို့နယ်ရှိ Mobileဖုန်းဆိုင်သို့ လူငယ်(၁)ဦးမှလာရောက်ရောင်းချ သွားကြောင်းသိရှိရသဖြင့် ၄င်းလူငယ်အား စုံစမ်းရှာဖွေခဲ့ရာ သာကေတမြို့နယ်၊ အောင်သပြေလမ်းနေ နေလင်းဦး၊ (ဘ)ဦးဝင်းထွဋ်
ဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ ၎င်းအား ၁၄.၉.၂၀၁၃ရက်နေ့ ၁၅၃၀အချိန်
တွင်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ အဆိုပါအမှုအား လမ်းမတော်မြို့နယ်၊
(၃)ရပ်ကွက်နေ အာကာဖြိုး၊(ဘ)ဦးသီဟနှင့်(၂)ဦးအတူကျူးလွန်
ခဲ့ကြခြင်းဖြစ်ကြောင်းစစ်ဆေးသိရှိရသဖြင့် အာကာဖြိုးအား
ဆက်လက်စုံစမ်း ဖမ်းဆီးခဲ့ပါသည်။

အမှုမှ သက်သေခံပစ္စည်းများဖြစ်သည့် ASUS အမျိုးအစား
Laptop Computer (၁)လုံး ၊ ဆင်းကဒ်ပါ လက်ကိုင်ဖုန်း(၂)လုံးတို့အား
ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး နေလင်းဦးနှင့် အာကာဖြိုးတို့အား
အမှုဖြင့်အရေးယူဆောင်ရွက်လျက်ရှိကာ အခြားခိုးမှုများနှင့်
တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကျောက်ဖြူ နှင့် အမ်းမြို့နယ် တွင် တွေ့ရသည်ဟု ဆိုသည့် ရခိုင်တိုင်းရင်းသားများ ပြည်ခိုင်ဖြိုးပါတီ တရားဝင်ပါတီမဟုတ်ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေးပြော

Posted by drmyochit Monday, September 16, 2013, under | No comments

ဦးတင်အေး (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ)
ရန်ကုန် ၊ စက်တင်ဘာ ၁၅

ရခိုင် တိုင်းရင်းသားများ ပြည်ခိုင်ဖြိုး ပါတီအမည်ဖြင့် ပါတီမှတ်ပုံတင် မရှိသည့်အတွက် အဆိုပါ ပါတီ သည် တရားမဝင်ပါတီသာဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြော သည်။ ရခိုင်တိုင်းရင်းသားများ ပြည် ခိုင်ဖြိုးပါတီအမည်ဖြင့် ရခိုင်ပြည်နယ်တွင် ပါတီဆိုင်းဘုတ်ထောင် ထားကြောင်း ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဦးလှမြင့်က နိုင်ငံရေးပါတီများ နှင့် မီဒီယာနှီးနှော ဖလှယ်ပွဲ တွင် ဆွေးနွေးပြောဆိုခဲ့သည့်အပေါ် မီဒီယာများမှ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအား မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ''မှတ်ပုံမတင်ထားတဲ့အတွက်ကြောင့် တရားမဝင်ပါတီပဲဖြစ် ပါမယ်။ ကော်မရှင်အနေနဲ့ အရေး ယူခွင့်မရှိပါဘူး။ တရားမဝင်ပါတီ ဖြစ်ရင် နယ်ဘက်ဥပဒေအရပဲ အရေးယူ လို့ရပါ တယ်။ တိုင်လာ တောလာ ရင်တော့ အရေးယူရ ပါမယ်။ တရားမဝင်ပါတီက ဆိုင်း ဘုတ်ထောင်ထားတယ်ဆိုပြီး တိုင် လာရင် သက်ဆိုင်ရာအာဏာပိုင် တွေကို အကြောင်းကြားရမယ်။ ဥပဒေနဲ့ အရေးယူဆောင်ရွက် ပေးပါလို့ဆိုရင် နယ်ဘက် က ဥပဒေ နဲ့ အရေးယူရမယ့်ကိစ္စပါ''ဟု ပြော သည်။

အဆိုပါရခိုင်တိုင်းရင်းသား များ ပြည်ခိုင်ဖြိုးပါတီအမည်ဖြင့် ဆိုင်းဘုတ်များကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့ နယ်တို့တွင် တွေ့ရှိရကြောင်း ဦးဦး လှမြင့်ထံမှ သိရသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဦးလှ မြင့် က ''ဒီလိုလုပ်တာဟာ ကွက် ကြားမိုးရွာနေတာဖြစ်တယ်။ ရိုး သားမှု အားနည်းတယ်လို့ထင်ပါ တယ်။ ဒီဆိုင်းဘုတ်တွေက ပြည် ခိုင်ဖြိုးပါတီရုံးတွေမှာ ထောင်ထား တာ ကျွန်တော်တို့ကိုယ်တိုင်တွေ့ ခဲ့တယ်။ ကျောက်ဖြူမှာ ကျွန်တော် ကိုယ်တိုင် တွေ့ခဲ့တယ်။ ဓာတ်ပုံလဲ ရိုက်လာခဲ့တယ်''ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုး တက်ရေး ပါတီမှ ဦးသာထွန်းလှ က ''ကျွန်တော်တို့လဲ အဲဒီကိစ္စ ကြားပါတယ်။ အဲဒါကို တိတိကျ ကျဖြစ်အောင် စုံစမ်းနေပါတယ်။ တွေ့တာက ကျောက်ဖြူနဲ့ အမ်း ဘက်မှာလို့တော့ သိရတယ်။ ကျွန် တော်တို့ တိတိ ကျကျ သိရရင် တော့ ကော်မရှင်က ဒီကိစ္စနဲ့ပတ် သက်ပြီး မှတ်ပုံမတင်ဘဲ ပါတီဆိုင်း ဘုတ်စိုက်ထူခွင့် ရှိ မရှိနဲ့ လုပ်ထုံး လုပ်နည်းတွေအရ ကော်မရှင်က ဘယ်လို ဆောင်ရွက်သွားမလဲဆို တာတွေ မေးသွားမှာပါ''ဟုပြော သည်။ တရားမဝင် ပါတီ ဆိုင်း ဘုတ် တင်ထားခြင်းသည် ဥပဒေချိုး ဖောက်ခြင်းဖြစ်ပြီး အဆိုပါ ပါတီ မှ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ကော်မရှင်သို့ ပါတီ တည်ထောင်ခွင့် လျှောက်ထား ခြင်း၊ မှတ်ပုံတင်ခြင်းပြုလုပ်လာ ပါက ဥပဒေနှင့်ညီညွတ်လျှင် ခွင့် ပြု သွား မည်ဖြစ်ပြီး ကန့်ကွက်သူ များရှိပါကလည်း စိစစ်ပြီး ဥပဒေ နှင့်အညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း သတင်းမီဒီယာများ ၏ မေးမြန်းမှုအပေါ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ဝေမာသိမ့်
Yangon Media Group

ယုဇနပလာဇာတွင် ဝန်ထမ်းတစ်ဦးအား ပရလောကသား ဝင်ပူးပြီး နေရာထိုင်ခင်းတောင်းဟု ဆရာတော်မိန့်ကြား

Posted by drmyochit Monday, September 16, 2013, under | No comments

အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ။ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ။

ရန်ကုန် ၊ စက်တင်ဘာ ၁၅

ယုဇန ပလာဇာတွင် တရားနာနေသည့် အမျိုးသမီးတစ်ဦးကို ပရလောက သားတစ်ဦးက ဝင်ရောက်ပူးကပ် ပြီး နေရာတောင်းခဲ့ကြောင်း အ ဆိုပါပဋ္ဌာန်းတရားပွဲကို ဦးဆောင် ပြုလုပ်ပေးခဲ့သည့် နတ်မောက် ကျောင်းတိုက် ဆရာတော်ထံမှ သိ ရသည်။ ဖြစ်စဉ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇန ပလာဇာ ခုနစ်လွှာတွင် စက်တင် ဘာ၈ရက်မှ၁၂ရက်အထိ ပြုလုပ် ခဲ့သည့် ပထမဆုံးအကြိမ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ နောက် ဆုံး နေ့ တွင် တရားပွဲ အပြီး ကမ္မဝါရွတ် ချိန်၌ ရေစက်ချအမျှဝေမည့် ဈေး သူ၊ ဈေးသားများထဲမှ တရားနာ နေသည့် အမျိုးသမီးတစ်ဦးကို ပရလောကသားက ဝင်ရောက်   ပူးကပ်ပြီး ယုဇနပလာဇာတွင် နေ ထိုင်ရန်အတွက် နေရာ တောင်း ခဲ့ ခြင်းဖြစ် ကြောင်း အဆိုပါတရား ပွဲတွင် ကမ္မဝါရွတ်ဖတ်ခဲ့သည့် နတ် မောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလထံမှ သိရသည်။

''တရားပွဲလုပ်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦး ဖြတ်သွားဖြတ် လာလုပ်တာ တွေ့နေတယ်။ ဘုန်း ကြီးတို့ တရားပွဲပြီးလို့ ကမ္မဝါမ ဖတ်ခင် အမိန့်ပြန်တမ်းသဘော မျိုး ရေစက်ချအမျှဝေပွဲကိုဖိတ်တဲ့ အချိန်မှာ စပြီးဝင်လာတာပဲ။ ပထမ ဘာဖြစ် မှန်း မသိဘူး။ နောက်မှ သိလို့ခေါ်တော့ ဘုန်းကြီးဆီကို လာတယ်။ လက်အုပ်ချီတယ်။ ဒါ ပေမဲ့ မကန်တော့ဘူး''ဟု ဆရာ တော်ကဖြစ်စဉ်ကို မိန့်ကြားသည်။  မွန်းလွဲ ၁နာရီဝန်းကျင်တွင် တရားလာရောက်နာယူသည့် ဈေးရုံအောက် ဆုံးထပ်  အထည် ဆိုင်မှ အမျိုးသမီးတစ်ဦးကို ဝင် ရောက်ပူးကပ်ခဲ့ခြင်းဖြစ်ပြီး ဆရာ တော်များ ကမ္မဝါဖတ်ချိန်တစ် လျှောက်လုံး ပရလောကသားပူး ဝင်နေသည့်အမျိုးသမီးသည် ငို နေကာ ကမ္မဝါပြီးဆုံးချိန်တွင် သာဓုမခေါ်ဘဲ ကျယ်လောင် သည့် အသံ များ ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဋ္ဌာန်းရွတပေးသည့် နတ် မောက်ကျောင်းတိုက်မှ ဆရာ တော်အပါအဝင် သံဃာ၁၁ပါး အနက်မှ ဦးပဉ္ဇင်းတစ်ပါးက ''အ သံကြီးက 'ဝူးဝူးဝါးဝါး'နဲ့ ဘယ်လို မှန်းကိုမသိဘူး။ သာမန်လူတွေ ထက် အများကြီးကျယ်တဲ့အသံ နဲ့အော်တာ''ဟု တွေ့ကြုံခဲ့ရမှုကို မိန့်ကြားသည်။ ယင်းဖြစ်ရပ်တွင် ဝင်ရောက် ပူးကပ်ခဲ့သည့် ပရလောကသား က ယင်းသည် ယခုတရားပွဲပြုလုပ် သည့် ခုနစ်လွှာတွင်နေထိုင်ကြောင်း၊ အပေါ်ဆုံးအလွှာတွင် နောက်ထပ် ငါးဦးရှိကြောင်း၊ ယင်းအနေဖြင့် ယုဇနပလာဇာ တွင် ဆက်လက် နေထိုင်လိုသည့်အတွက် နှင်မထုတ် ရန် ဆရာတော်ကိုတောင်းဆိုခဲ့ ကြောင်း သိရသည်။

နတ်မောက်ဆရာတော်က ''သူကနေထိုင်ခွင့် ဆက်ပေးဖို့ တောင်းဆိုချိန်မှာ ဈေးတာဝန်ခံ ကိုမေးပြီး သဘောတူညီမှုရတဲ့အ တွက်ဆက်နေဖို့၊ ဈေးမှာအနှောင့် အယှက်မပြုဖို့၊ နှောင့်ယှက်ရင် ထွက်ခွာရမယ်ဆိုတာတွေ မှာတော့ ခေါင်းညိတ်ပြီးလက်ခံတယ်။ နောက် တော့ တရားပွဲလုပ်တဲ့နေရာက နေ နောက်ပြန်ဖင်တရွတ်တိုက် သွားပြီး သူနေတဲ့နေရာလောက် မှာ အပူးခံရတဲ့အမျိုးသမီးလေး က မူးလဲသွားတယ်။ သတိရလာ တော့ သူ့ကို လူတွေဝိုင်းကြည့်နေ တာကြည့်ပြီး သူလဲကြောင်နေ တာပေါ့။ သူက ဘာမှမသိဘူး''ဟု ဖြစ်ပျက်ပုံကို မိန့်ကြားသည်။ ယခုဖြစ်ရပ်သည် ဆရာတော် အနေဖြင့် ပထမဆုံးကြုံရသည့် မဟုတ်ဘဲ မင်္ဂလာဈေးသစ်တည် ဆောက်ချိန်ကလည်း ပထမဆုံး တရားပွဲတွင် ကြုံခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ကြမ်းတမ်းသည့်အမူ အရာများကို ထိုအချိန်ကမကြုံခဲ့ ရကြောင်း မိန့်ကြားသည်။

နတ်မောက်ဆရာတော်က ''ဘုန်းကြီးတို့ ရေစက်ချ၊ ကမ္မဝါ ဖတ်ဖို့ အမိန့်ကြေညာချိန်မှာ အ ပေါ်ဆုံးထပ်မှာဆိုရင် တိုက်ပေါ် မှာကလေးတွေ ဘောကန်နေသလို တဝုန်းဝုန်းနဲ့ ပြေးနေတဲ့အသံတွေ လဲကြားခဲ့ရတယ်''ဟု မိန့်ကြား သည်။
အဆိုပါအမျိုးသမီးကို ဝင် ရောက်ပူးကပ်ချိန်တွင် တရားလာ ရောက်နာယူသည့် ပရိသတ်သုံးပုံ နှစ်ပုံလောက်က ကြောက်လန့်ထ ပြေးကြကြောင်း၊ ပရလောကသား ပူးကပ်ခံရသူသည် နာရီဝက်ခန့် ထိုင်ပြီး တရားပွဲကိုနာယူခဲ့ကြောင်း ဈေးထဲမှတရားနာခဲ့သူများထံမှ သိရသည်။ ဆရာတော်က ယခုဖြစ်ရပ် ဖြစ်ပေါ်ခဲ့သော်လည်း ဈေးသူဈေး သားများအနေဖြင့် ကြောက်ရွံ့မှု မဖြစ်ကြရန်နှင့် နေထိုင်စရာအ ခက်အခဲဖြစ်ပေါ်နေသည့်အတွက် အကူအညီ တောင်းခံခြင်းဖြစ်ပြီး ဈေးသူ၊ ဈေးသားများကို နှောင့် ယှက်နိုင်ခြင်းမရှိကြောင်း မိန့်ကြား သည်။

''ဒီလိုဖြစ်ရပ်က အခုမှကြုံ ဖူးပေမယ့် ဒီသရဲဆိုတာ တကယ် ရှိတယ်ဆိုတာ ဘာသာရေးအရ အရင်ကတည်းကသိပြီးသားပဲ။ အခုက ဝင်ပူးပြီး နေစရာတောင်း တာပါ။ ဆရာတော်တွေကလဲ ခုနစ်လွှာမှာ ကောင်းမွန်စွာနေဖို့ မှာပြီးပေးလိုက်ပါတယ်။ ထူးဆန်း ပေမယ့် သရဲဆိုတာတကယ်ရှိနေ တယ်''ဟု ယင်းဖြစ်ရပ်ကို ကိုယ် တိုင်ကြုံတွေ့ခဲ့ရသည့် အဝတ်အ ထည်အရောင်းဆိုင်တစ်ခုမှ ဆိုင် ရှင်ကပြောသည်။ အဆိုပါယုဇနပလာဇာတွင် ညဘက်တာဝန်ကျ လုံခြုံရေးဝန် ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်း များကိုပူးကပ်ပြီး နေရာတောင်း ခြင်း၊ စကားပြောခြင်းဖြစ်ရပ်များ ရှိခဲ့ဖူးပြီး ယခုကဲ့သို့ အများသူငါ ရှိနေသည့် တရားပွဲတစ်ခုတွင် ဝင် ရောက်ပူးကပ်ပြီး နေရာတောင်း ခြင်းသည် ပထမဆုံးဖြစ်ရပ်ဖြစ် ကြောင်း ယုဇနပလာဇာမြေညီ ထပ်ရှိ ဆိုင်ခန်းရှင်တချို့က ပြော သည်။

ရေစက်ချပွဲကိုတက်ရောက် ခဲ့သည့် မြေညီထပ်ဆိုင်ခန်းတစ်ခု မှ ဈေးဆိုင်ပိုင်ရှင်က ''အမျိုးသမီး ကို ပူးကပ်ပြီးနေရာတောင်းတာ ရေစက်ချပွဲပြုလုပ်ပေးနေတဲ့ ဆရာ တော်က သူတို့ကို ခုနစ်လွှာမှာ နေဖို့ နေရာပေးလိုက်မှထွက်သွား တယ်''ဟု ဖြစ်ရပ်ကိုပြောသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်အချက် အလက်များကို သိရှိနိုင်ရန်အတွက် ပဋ္ဌာန်းပွဲကို တာဝန်ယူဆောင်ရွက် သည့် ဈေးတာဝန်ခံရုံးကို သွား ရောက်စုံစမ်းခဲ့သော်လည်း တာဝန် ကျဈေးတာဝန်ခံများက အသေး စိတ်ဖြေကြားလိုခြင်းမရှိဘဲ ဈေး တာဝန်ခံရုံး၏ ပြောကြားနိုင်မည့် ပုဂ္ဂိုလ် ရုံးပြန်တက်မည့်နောက် တစ်ရက်ကိုသာ ပြန်လည်ချိန်းဆို ခဲ့သည်။

ယုဇနပလာဇာဒုတိယထပ် ရှိဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူ တစ်ဦးက ''သရဲခြောက်လို့ ပရိတ် ရွတ်တာမဟုတ်ပါဘူး။ ပထမဆုံး ဆိုပေမယ့် ပုံမှန်အတိုင်းပဋ္ဌာန်း ပွဲကျင်းပတာပါ။ သရဲပူးကပ်မှုဖြစ် စဉ်တွေက အမှန်ဖြစ်ခဲ့ပေမယ့် အ သေးစိတ် ကို ပြောခွင့်မရှိတဲ့အ တွက် နောက်ရက်ဈေးတာဝန်ခံ လာမှ လာခဲ့ပါ''ဟု ပြောသည်။

ကျော်ဇေယျ ၊ ငယ်ထွေး
Yangon Media Group

"အပျော်မယားဖြစ်ခဲ့ရသည့်အမျိုးသမီးများ"

Posted by drmyochit Monday, September 16, 2013, under | No comments


ခရစ်နှစ် ၁၈၉၈ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံတရားဥပဒေများ  ဆိုင်ရာ အက်ဥပဒေတွင် အမှုသည်များသည် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာတရားဥပဒေ၊ မဟောမေဒင်ဖြစ်လျှင် မဟာမေဒင် တရားဥပဒေ၊ ဟိန္ဒူဖြစ်လျှင် ဟိန္ဒူတရားဥပဒေအရ အဆုံးအဖြတ်ပေးရမည်ဟု ပြဌာန်းထားသော်လည်း အမှုသည်များသည် ဗုဒ္ဓဘာသာနှင့် မဟာမေဒင်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူစသည်ဖြင့် ဖြစ်လာပါက မည်ကဲ့သို့ ဆုံးဖြတ်ရမည်ကိုကား မပါဝင်ခဲ့ပေ။

မြန်မာ့ဓလေ့ထုံးတမ်းနှင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော မြန်မာအမျိုးသမီးများသည် လူမျိုးခြားများ၏ ဓလေ့ထုံးတမ်းများကို နားမလည်ကြချေ။ လူမျိုးခြားယောက်ျားနှင့် လက်ထပ်ထိမ်းမြားပြီး အကြင်လင်မယားအဖြစ် နေထိုင်လာခဲ့ကြသဖြင့် မိမိတို့သည် တရားဝင်လင်မယားအဖြစ်သာ နားလည်ကြသည်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ လင်နှင့်မယားသည် တန်းတူအခွင့်အရေး ရရှိကြသည်။ လင်သေမယား၊ မယားသေလင် အမွေဆက်ခံခွင့်သည် တရားတစ်ထုံးစွဲဆိုတောင်းခံရသည့်အခွင်းအရေးမျိုးမဟုတ်ချေ။မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ထိမ်းမြားရေးတွင် ဘာသာ အယူဝါဒ မတူညီမှု အတားအဆီး၊ လူမျိုးအနွယ် ဇာတ်မတူညီမှု အကန့်အသတ်၊ လက်ထပ်ထိမ်းမြားပွဲကို မင်္ဂလာအခမ်းအနားနှင့် ပြုလုပ်ရမည်ဟူသော သတ်မှတ်ချက်မရှိသဖြင့် လူမျိုးခြား ယောက်ျားများကို တရားဝင် လင်ယောက်ျားဟူ၍ပင် နားလည်ကြသည်။

သို့ရာတွင် အရေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့သော် မြန်မာအမျိုးသမီးများသည် တရားဝင် လင်မယားဖြစ်ကြောင်းကိုပင် မနည်းခုခံနေရသည်။ မိမိတို့၏ ပုဂ္ဂလိကအခွင့်အရေးများ ဆုံးရှုံးရသောအခါ ဥပဒေ၏ အကူအညီကို ယူရသောအခါ ဘာသာခြား၊ လူမျိုးခြား၊ လင်ယောက်ျား၏ တရားဥပဒေအပေါ်မှာ လုံးဝတည်သွားတော့သည်။ ဘာသာခြား၊ လူမျိုးခြားယောက်ျား၏ တရားဥပဒေက ဤနည်းဤပုံဖြင့် လက်ထပ်ထိမ်းမြားခြင်းကို အသိအမှတ်မပြု။ လက်ထပ်ထိမ်းမြားလျှင် ဤနည်းလမ်း ဤစည်းကမ်းများကို မလိုက်နာပါက တရားမဝင်ဟု ပြဌာန်းထားလျှင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်နေမှုကို ထည့်သွင်းစဉ်းစားခြင်း မရှိတော့ဘဲ လက်ထပ်ထိမ်းမြားခြင်း တရားမဝင်ဟုပင် ဆုံးဖြတ်ခံရသည်။ ထိုအခါ နှစ်ဦးသား အကြင်လင်မယားအဖြစ် ပေါင်းသင်းကြစဉ်က မွေးဖွားလာသော သားသမီးများသည်ပင် တရားမဝင်သော သားသမီးများအဖြစ် မျက်နှာငယ်ဘဝရောက်ရလေတော့သည်။ မြန်မာအမျိုးသမီးများ အနေနှင့် သားကိုသခင်၊ လင်ကိုဘုရားဟူသော အယူအဆ၊ အိမ်ဦးနတ်ဟူသော အတွေးအခေါ်များဖြင့် ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးခဲ့ရသည်များပင် အရာမထင်တော့ဘဲ အပျော်မယားအဆင့်အတန်းသို့ပင် ရောက်ခဲ့ရသည်။ မြန်မာ့ဓလေ့ ထုံးတမ်းအရ ဤသို့ကာမဂုဏ်ကိစ္စမျိုးတွင် “အပျော်” ဟူ၍ သတ်မှတ်ခံရခြင်းသည် အမျိုးသမီး၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေသည်။ ဤသို့သော အခြေအနေများကြောင့် ဘာသာခြား လူမျိုးခြား ယောက်ျားများနှင့် အိမ်ထောင်ဖက်မိရသော မြန်မာအမျိုးသမီး၏ အနာဂတ်ဘဝ အာမခံချက်များသည် ရေရေရာရာ မရှိတော့ဘဲ ရင်နင့်စဖွယ် အဖြစ်ဆိုးများသာ ကြုံတွေ့ခဲ့ရသည်။ ထိုသို့သော အဖြစ်ဆိုးများမှ ကင်းလွတ်စေရန် ရည်သန်လျက် အမျိုးစောင့်ဥပဒေကို မျိုးချစ်ဆရာတော်များနှင့် ဥပဒေကျွမ်းကျင်သူမျိုးချစ်ပြည်သူများမှ ဖြစ်ပေါ်လာစေရန်၊ ပြဌာန်းပေးစေရန် ကြိုးစားဆောင်ရွတ်နေကြခြင်းဖြစ်၏။ မျိုးမချစ်၊ မျိုးမစစ်များကတော့ အခုထိ ကန့်လန့်တိုက်ဆဲဖြစ်သလို ဆက်လက်ပြီးတော့လည်း ကန့်လန့်တိုက်နေဦးမည်သာ ဖြစ်ပါတော့သည်။
(ဦးအေးချို-မဟာဝိဇ္ဇာ)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

အလုပ်ခွင်မပျက် ပညာသင်ကြားရင်း ဘွဲ့နှစ်မျိုး ရယူနိုင်

Posted by drmyochit Monday, September 16, 2013, under , | No comments

မြန်မာနိုင်ငံ ပညာရေး ဝန်ဆောင်မှု (Education Services) အတွက် နိုင်ငံတကာအဆင့် အရည်အသွေး စံချိန်မီ ISO လက်မှတ် ရရှိထားသော MCC Training Institute အနေဖြင့် ယခုနှစ် စက်တင်ဘာလက နေပြည်တော် ဒေသတွင် Campus  တွင် စတင် ဖွင့်လှစ်ထားပြီး ဖြစ်ရာ  အဆိုပါ Campus  တွင် ပုံမှန်တန်းခွဲများ သာမက အလုပ်ခွင်မပျက် ပညာသင်ကြားလိုသူများ အတွက် စနေ၊ တနင်္ဂနွေ (Part Time) သင်တန်းများပါ တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း MCC.i  နေပြည်တော် Campus မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

Part Time သင်တန်းကြေး အနေဖြင့် ပုံမှန်ထက် ကုန်ကျစရိတ် သက်သာစေပြီး အချိန်အားလပ်ရက် မရသော ဝန်ထမ်းများနှင့် လုပ်ငန်းခွင် ဝင်နေသူများကို ကျောင်းတက်နိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး ပထမနှစ်အတွက် ကျပ်ခုနစ်သိန်း၊ ဒုတိယနှစ်အတွက် ကျပ်ကိုး သိန်းခွဲနှင့် တတိယနှစ် အတွက် ကျပ် ၁၈ သိန်းခွဲ သတ်မှတ်ထားကြောင်း၊ စာမေးပွဲအတွက် ဗြိတိသျှ ကောင်စီမှ သတ်မှတ်ထားသော ပညာသင်အတန်းလိုက် ကျသင့်မှု ရှိကြောင်း သိရသည်။

"Part Time မှာတော့ ပုံမှန် တန်းခွဲတွေမှာ ပါတဲ့ အင်္ဂလိပ်စာနဲ့ On Job Training မပါဝင်ပါဘူး။ ဒါကလည်း ပြဿနာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ လက်ရှိ ရှိနေတဲ့သူတွေကပဲ တက်တဲ့ သင်တန်းဆိုတော့ ကျန်တာကတော့ ပုံမှန်တန်းတွေ သုံးရက်နဲ့ တတ်တဲ့ သင်ခန်းစာကို နှစ်ရက်နဲ့ လိုက်သင်ရတဲ့ သဘောပဲ ရှိပါတယ်။ သင်တန်းချိန်ကတော့ စနေ၊ တနင်္ဂနွေ နံနက် ၉  နာရီ ကနေ၊ ညနေ ၄  နာရီအထိပါပဲ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။


တက်ရောက်နိုင်မည့် ဘွဲ့သင်တန်းများမှာ B.SC (Hons) Business IT Course နှင့် B.SE Engineering Course နှစ်ခုဖြစ်သည်။ MCC.i Nay  Pyi Taw Campus ဖုန်း - ၀၆၇-၄၂၁၆၁၇ Ext : 108 နှင့် ၀၆၇-၄၂၁၃၄၅ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

ကျော်ဇေယျ
အတွဲ (၁၄)၊ အမှတ် (၃၆)
Internet Journal

၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်

Posted by drmyochit Monday, September 16, 2013, under | No comments

အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို သတ်သေ ခဲ့မှု တစ်ခု ဒဂုံတောင်မြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ဒဂုံတောင်မြို့နယ် ၇၀ ရပ်ကွက်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင် ထားသည်ကို မြို့နယ်ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။

ထို့ကြောင့် သွားရောက်စစ်ဆေးအတည်ပြုခဲ့ရာ သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ဦးတင်မောင်ဖြစ်ပြီး နေအိမ်အောက်ထပ် ဧည့်ခန်းအတွင်း အမြင့်ခြောက်ပေကျော်ရှိသော ထုတ်တန်းတွင် အစိမ်းရောင် ပလစ်စတစ်ကြိုးကို လည်ပင်းတွင်ကြိုးကွင်းစွပ်ပြီး ဒူးထောင်လျက် အနေအထားဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနကဆိုထားသည်။

ပတ်ဝန်းကျင်ရှိသူများအား စစ်ဆေးရာတွင် ၎င်းအမျိုးသားသည် နေအိမ်အောက်ထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိထားရသည်ဟုဆိုသည်။ အလောင်းကို စစ်ဆေးရာတွင်လည်း အခြားပြင်ပဒဏ်ရာများ မတွေ့ရှိသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်စစ်ဆေးလျက်ရှိသည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအမှုကို အမှန်တကယ် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟုတ်၊ မဟုတ် ဆက်လက်စစ်ဆးမည်ဖြစ်သဖြင့် မြို့နယ်ရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၄၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဒုရဲမှူး အောင်ဆန်းဦးက စစ်ဆေးနေကြောင်း ရဲဌာနကထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ကိုယ်ဝန်ဆောင်ချိန် ဖြေထောက် ဖောရောင်မှု သက်သာစေရန်

Posted by drmyochit Monday, September 16, 2013, under | No comments


ကိုယ်ဝန်ဆောင်ချိန် ဖြေထောက် ဖောရောင်မှု သက်သာစေရန် ကိုယ်ဝန်ဆောင်ချိန် မှာ ခြေထောက်ဖောရောင်မှု အဖြစ်များပါတယ်။ ဒီလို ဖောရောင်မှု မဖြစ်စေဖို့ နေထိုင်မှု ပုံစံပြောင်းလဲ ပေးသင့်ပါတယ်။

အနေအထားပြောင်းပါ

အကြာကြီး မတ်တတ်ရပ်တာမျိုးကို ရှောင်ပါ။ ထိုင်တဲ့အခါ ခြေထောက်တွေကို တတ်နိုင်သမျှ မြ§င့်ထားလို့ရအောင် ခုံပု တစ်ခုပေါ်မှာ တင်ထားပါ။ ခြေထောက်ဖောရောင်မှု သက်သာ စေဖို့ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လှဲလျောင်းပါ။

လှုပ်ရှားမှု လုပ်ပါ

အနားယူပြီးတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပါ။ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်း အသင့်အတင့်လုပ်တာ ကြောင့် ခြေထောက်ဆီသို့ အရည်စီးဆင်းမှု လျော့ကျကာ ခြေ ထောက်ရောင်ရမ်းမှု လျော့ကျစေပါတယ်။ ရေကူးတာက ခြေထောက် ဖောရောင်မှုကို တွန်းလှန်နိုင်ပါတယ်။

အရည်စုဆောင်းမှု မရှိစေရန် သတိထားပါ

သောက်တဲ့ ရေများလေလေ၊ ကိုယ်တွင်း အထူးသဖြင့် ခြေကျင်း ဝတ်နဲ့ ခြေထောက်မှာ အရည်စုပုံနိုင်ခြေလျော့နည်းလေလေ ဖြစ် ပါတယ်။ တစ်နေ့မှာ ရေရှစ်ခွက်သောက်တာကြောင့် ဆီးသွားရာ က အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေ ပါသွားနိုင်ပါတယ်။

ဆားကို အရသာရှိရုံ သုံးပါ

ဆားအသင့်အတင့်စားတာကြောင့် ခန္ဓာကိုယ်က အရည် ဓာတ်ကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။ ဆားအများ အပြားစားတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ခြေထောက် ဖောရောင်မှုကို ပိုဆိုးစေနိုင်ပါတယ်။

သက်သောင့် သက်သာ ရှိသော ဖိနက်ကို စီးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်နဲ့ ခြေကျင်းဝတ်ရောင် ရမ်းမှု သက်သာစေမယ့် ဖိနပ်ကို စီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်တင်မက လက်နဲ့ မျက် နှာပါ ဖောရောင်နေရင် သတိထားပါ။ ဒါက သွေးတိုးနေသလား၊ သွေးဆိပ်တက်နေသလားဆိုတာ စမ်းသပ်ရမယ့် အခြေအနေ ဖြစ်တာကြောင့် ဆရာဝန်နဲ့ ပြသပါ။

ဇွန်
By Good Health

ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ တက္ကသိုလ်တွေ

Posted by drmyochit Monday, September 16, 2013, under | No comments


နိုင်ငံခြား ကျောင်းသွားတက်ဖို့ အစီအစဉ်ရှိတဲ့ လူတွေအတွက် ဒီဆောင်းပါးကို တင်ဆက်ပေးလိုက် ပါတယ်။ ဒါကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုတဲ့ တက္ကသိုလ် ၁၅ခုကို စာရင်းပြုထားတာပါ။ ဒီစာရင်းဟာ ၂၀၁၃ခုနှစ်အတွက် ဖြစ်ပြီး QS World University Rankingsမှ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

၁။ MIT(Massachusetts Institue of Technology)

၂။ ဟားဗတ်တက္ကသိုလ်

၃။ Cambridgeတက္ကသိုလ်

၎။ University College London(UCL)

၅။ Imperial College London

၆။ Oxfordတက္ကသိုလ်

၇။ Standfordတက္ကသိုလ်

၈။ Yaleတက္ကသိုလ်

၉။ University of Chicago(ချီကာဂို တက္ကသိုလ်)

၁၀။ Caltechလို့ ခေါ်တဲ့ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် (California Institute of Technology)

၁၁။ အမေရိကန်၊ နယူးဂျာစီပြည်နယ်က Princetonတက္ကသိုလ်

၁၂။ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့က ETH Zurich

၁၃။ University of Pennsylvania

၁၄။ ကိုလံဘီယာ တက္ကသိုလ်နဲ့

၁၅။ အမေရိကန်၊ နယူးယောက်မြို့က Cornellတက္ကသိုလ် တို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က Listနဲ့ နှိုင်းယှဉ် ကြည့်ရင် ဟားဗတ်တက္ကသိုလ်ဟာ Cambridgeတက္ကသိုလ်ကို ကျော်ဖြတ်ပြီး ဒုတိယနေရာ ရောက်လာခဲ့သလို လန်ဒန်က Imperial Collegeဟာလည်း နာမည်ကြီး Oxfordတက္ကသိုလ်ကို ကျော်ဖြတ်ကာ အဆင့် ၅နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ သိသိသာသာ တိုးတက်လာတာ ကတော့ အမေရိကန်၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Standfordတက္ကသိုလ်ဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၅နေရာကနေ ယခုနှစ်မှာတော့ အဆင့် ၇အထိ တိုးတက်လာပါတယ်။

Myanmar ICT

အင်ဒိုနီးရှားတွင် Google Street View မော်တော်ကား ယာဉ်တိုက်မှုဖြစ်

Posted by drmyochit Monday, September 16, 2013, under | No comments

ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုရှိ ဘိုဂါမြို့တွင် Google Street View မော်တော်ကား တစ်စင်းသည် ဘတ်စ်ကား နှစ်စင်းနှင့် ထရပ်ကား တစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

Google၏ မြေပုံစနစ်ကို ထောက်ပံ့ပေးသည့် အချက်အလက်များ စုဆောင်းပေးသော Google Street View မော်တော်ကား တစ်စင်းသည် အင်ဒိုနီးရှားတွင် ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုရှိ ဘိုဂါမြို့တွင် Google Street View မော်တော်ကား တစ်စင်းသည် ဘတ်စ်ကား နှစ်စင်းနှင့် ထရပ်ကား တစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ရဲများက ယင်းမော်တော်ကားသည် ဘတ်စ်ကားတစ်စင်းနှင့် လမ်းနေရာ ယှဉ်မောင်းရင်း ယင်းဘတ်စ်ကားကို ဝင်တိုက်ကာ ထိုမှတစ်ဆင့် အခြားဘတ်စ်ကား တစ်စင်းကိုပါ ဆင့်တိုက်ပြီး ထို့နောက်တွင်မူ ထရပ်ကားထံ ဦးတည်သွားခြင်းဟု ပြောကြားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မည်မျှရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရချေ။

Googleက အင်ဒိုတွင် မိမိတို့၏ လုပ်ငန်းထောက်ပံ့မှု မော်တော်ကားတစ်စင်း ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း အတည်ပြုခဲ့သည်။ "ဒီလို မတော်တဆမှုမျိုးကို ကျွန်တော်တို့ အလေးအနက် သဘောထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ ခုကိစ္စအတွက် ပူးပေါင်း ဆောင်ရွက်နေပါတယ်"ဟု Google၏ အင်ဒိုအခြေစိုက် ဆက်သွယ်ရေး နည်းပညာဌာန အကြီးအကဲ ဗစ်ရှ်နူမာမွတ်က ပြောကြားခဲ့သည်။ Googleသည် ၎င်းတို့၏ Street View ဝန်ဆောင်မှုအတွက် အင်ဒိုတွင် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလ ကတည်းက မော်တော်ကားများ စေလွှတ်ကာ ဓာတ်ပုံများရိုက်ယူရင်း အချက်အလက်များ စုဆောင်းခဲ့သည်။ ယခုနှစ် အစောပိုင်းကလည်း ဘော့ဆွာနာတွင် Google Street View ကားတစ်စင်းက မြည်းတစ်ကောင်ကို ဖြတ်ကြိတ်သွားကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သော်လည်း ထိုစဉ်ကမူ Googleက ငြင်းဆိုခဲ့သည်။

From:Planet Myanmar Network

Breast reduction ရင်သား သေးအောင်လုပ်ခြင်း

Posted by drmyochit Monday, September 16, 2013, under | No comments


• ကျွန်မက အသက် (26) နှစ်ရှိပါပြီ။ ကျွန်မရင်သား နည်းနည်းကြီးပါတယ်ဆရာ။ အဲ့ဒါ သေးအောင် ဘာဆေးသုံးလို့ရလည်း၊ ဆရာကူညီပါ။ လွတ်လပ်ပေါ့ပါးတဲ့စတိုင်ကို ကြိုက်ပါတယ်ဆရာ။
• စုံအောင်မေးပါရစေ။ အိမ်ထောင်-ကလေး ရှိပါသလား။ ဘယ်-ညာ တူပါသလား။ အရွယ်အစားကြီးတာလား။ အောက်တွဲကျနေသလား။ အကျိတ်စတာ ရှိပါသလား။
• အိမ်ထောင်မရှိပါဘူးဆရာ အောက်နည်းနည်းကျပါတယ်ဆရာ ရင်သားသေးချင်တာပါဆရာ ရောဂါလည်းမရှိပါဘူးဆရာ
• အရပ်က 5.2 လက်မ၊ 136 ပေါင်ရှိတယ်။ အပျိုပါ။ ရင်သားက ပုံမှန်ထက်ပိုကြီးတယ်။ ရင်သားမရှိတော့လောက်အောင် သေးခြင်တာ ကူညီပေးပါဆရာ။

မိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ ရင်သားထွားလာတယ်။ ကိုယ်ဝန်ဆောင်ရင် ပိုကြီးမယ်။ ကလေးနို့တိုက်လို့လဲ ကြီးမယ်။ ကလေးတယောက်မွေးတခါ ပိုကြီးနိုင်သေးတယ်။ ဒါတွေက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်။ အဲလိုမဟုတ်ဘဲ အဆီ (တစ်ရှူး) များလို့လဲ နို့ထွက် (တစ်ရှူး) တွေက ပုံမှန်နဲ ရင်သားကြီးတာလဲရှိတယ်။

ရင်သား အရွယ်အစားသေးအောင်၊ ပိုပြီးကြည့်ကောင်းအောင် Reduction mammoplasty ခွဲစိတ်နည်းနဲ့လုပ်နိုင်တယ်။ ရင်သားကို ကုသတာမှာ သူ့အလုပ်တာဝန်ကို မထိခိုက်ဘို့က ပိုအရေးကြီးတယ်။ Nipple-areola complex (နို့သီး + အရောင်ရင့်အဝိုင်း) နေရာက အရေးအပါဆုံး ဖြစ်တယ်။ အလုပ်မပျက်ဘို့၊ အမြင်လှဘို့နဲ့ စိတ်ကျေနပ်ဘို့ (၃) ချက် လိုပါမယ်။

ရင်သားကြီးလွန်းနေတာကို Macromastia ခေါ်တယ်။ ရင်သားက အရွယ်ကြီးနေလို့ လေးလံနေမယ်၊ တဖက်မှာ ဂရမ် ၅ဝဝ ထက်လေးတာလို့ Shnur Scale နည်းက သတ်မှတ်တယ်။ တွဲကျနေရင် ဇက်ကျော၊ ခေါင်း နောက်ကျောပါနာနေနိုင်တယ်။ ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေလဲရှိနိုင်တယ်။ သွေးလှည့်ပတ်မှုနည်းတာ၊ အသက်ရှူရခက်တာ၊ အောက်ခံ အရေပြားကို ထိခိုက်တာ၊ အဝတ်အစားရွေးရတာတွေ ဖြစ်နိုင်တယ်။

Breast hypertrophy (Macromastia and Gigantomastia) ခေါ်တဲ့ ရင်သားကြီးလွန်းနေတာမျိုးကို ဆေးနဲ့တော့ ကုမရနိုင်ပါ။ ကိုယ်အလေးချိန်ချနည်းနဲ့တော့ ရင်သားလဲ လိုက်သေးနိုင်ပါတယ်။ ခွဲစိတ်ကုသနည်းကို Reduction mammoplasty, Lipectomy လို့ခေါ်တယ်။ အစဉ်အလာသုံးခွဲစိတ်နည်းကို ၁၉၉ဝ ကတည်းကသုံးတယ်။

Surgical anatomy ရင်သားကို ခွဲစိတ်ခန္ဓာဗေဒအရ (တစ်ရှူး) အမျိုးအစားတွေ များတယ်။
1. Chest wall ရင်ပတ်နံရံက နံရိုးအမှတ် ၂ ကနေ ၆ အထိ၊
2. Pectoralis muscles ကြွက်သား + အရွတ်လွှာ + အရွတ်ပြား၊
3. Lobules (လိုဗြူးလ်)
4. Nipple နို့သီးအဖျား၊
5. Areola အရောင်ရင့်အဝိုင်း၊
6. Milk duct နို့ပြွန်၊
7. Fatty tissue အဆီ၊
8. Glandular tissue နို့ထွက်အိတ်၊
9. Adipose tissue (အဒီပို့စ် တစ်ရှူး)
10. Skin envelope အရေပြား။

ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။
I. Inferior pedicle technique (Anchor pattern, inverted-T incision, Wise pattern)
II. Vertical scar technique (lollipop incision)
III. Horizontal scar technique
IV. Free nipple-graft technique
V. Liposuction-only technique (lipectomy)

Liposuction-only technique အဆီစုပ်ထုတ်နည်းကို ရင်သားအရွယ်အစား သိပ်မကြီးရင် လုပ်နိုင်တယ်။ ရင်သားသေးအောင်ခွဲစိတ်ပြုပြင်နည်းကို ကလေးနို့တိုက်နေသူနဲ့ နို့ဖြတ်ကာစလူတွေကို လုပ်မပေးပါ။

ချုပ်လိုက်ရင် ဆေးနဲ့သေးမယ်ဆိုတာ မယုံပါနဲ့။ သဘာဝ၊ မိမွေးတိုင်းကို ပြင်ချင်တာမှန်သမျှ အဆိုး-အကောင်း ချိန်ဆရမယ်။ (ပလပ်စတစ် ဆာဂျင်) ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ ရှင်းပြပါလိမ့်မယ်။ ခေါင်းအေးအေးထားပြီးမှသာ ကိုယ်တိုင် ဆုံးဖြတ်ပါ။

ဒေါက်တာတင့်ဆွေ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်