Wednesday, September 18, 2013

အိမ်အကူအလုပ်သမ ၂ ဦးလွတ်မြောက်ပြီ

Posted by drmyochit Wednesday, September 18, 2013, under | No comments


စက်တင်ဘာ၁၇     မင်းဘခက်

လေးလကြာအိမ်အကူအဖြစ် အခန်း ပိတ်လှောင်ခိုင်းစေခံနေခဲ့ရ သည့်  မြန်မာအလုပ် သမ ၂ဦး ယနေ့တွင် MAT အဖွဲ့၏ ကူညီမှုဖြင့် လွတ်မြောက်လာပြီးဖြစ်ကြောင်းသိရသည်။

ပြန်လည်လွတ်မြောက်လာခဲ့ကြသူများမှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေဘော်ကုန်းကျေး ရွာမှ အသက် ၁၇ နှစ်အရွယ် မအေးမြသူနှင့် သထုံမြို့နယ် သမ္ပာန်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မစမ်းဝင်း တိုဖြစ်ကြသည်။

ဘန်ကောက်မြို့တွင် အိမ်အကူလုပ်သူ မမြင့်စန်း က ဘန်ကောက်မြို့ ဘန်ဘော်(၅)မှ မုန့်လုပ်ငန်း ပိုင်ရှင် တစ်ဦး အိမ်သို့ တစ်လလျှင် ဘတ်ငွေ ၅,၅၀၀  ရမည်ဟု ဆိုကာ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ မမြင့်စန်း နှင့် မအေးမြသူ ၏ မိခင်တို့မှာ ရင်းနှီးသူများဖြစ်သဖြင့်  အခကြေးငွေ မယူပဲ အလုပ်ရှာပေး ခဲ့ကြခြင်းသာဖြစ်ကြသည်ဟု ဆိုသည်။

မအေးမြသူ က  “သမီးတို့ လုပ်အားခလည်းမရဘူး။ ပြန်သွားမယ်ပြောလည်းပြန်မပို့ဘူး။ ဘယ်နေရာ လည်း မေးတော့လည်း သမီးတို့ကိုမပြောဘူး။ သမီးတို့ ၂ယောက် မနက် ၄နာရီခွဲကတည်းက ထပြီး အလုပ် လုပ်ရတာညနေဆယ်နာရီခွဲမှနားရပါတယ်။သမီးတို့ နောင်တရပါပြီအိမ်အကူအလုပ်ကိုတစ်လုံးမလုပ် တော့
ဘူး။ ကူညီပေးကြတဲ့ ဘဘတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟုပြောသည်။  
           
မေလ၂၇ ရက်နေ့မှ စတင်၍ အလုပ်လုပ်ခဲ့ကြသည့် အလုပ်သမများမှာ ယနေ့နံနက် ၆နာရီ  ၃၀ မိနစ်တွင် ခြံကိုကျော်တက်လျှက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံးသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ ကာယကံရှင်များက ဥပဒေကြောင်းအရ လုပ်အားခများရရှိရန် အမှုဖွင့်တိုင်ကြားလိုမှုမရှိတော့ကြောင်းပြောဆိုကြသည်။

 ယခုကိစ္စအား မအေးမြသူ ၏ မခင်က သြဂုတ်လ ၃၀ ရက်နေ့က လာရောက်အကူညီတောင်းခံခဲ့ထားခြင်း ဖြစ်ကြောင်း MAT အဖွဲ့ ကပြောသည်။

ရွှေလုပ်သား

Samsung Firmware/flash file tar.md5 ဖိုင်တွေဖြည်ချင် ပြုလုပ်ချင်သူတွေအတွက်

Posted by drmyochit Wednesday, September 18, 2013, under | No comments


Samsung Firmwrare/flash file Tar.md5 ဖိုင်တွေဖြည်ချင်ပြုလုပ်ချင်သူတွေအတွက် အလွယ်ဆုံးပြုလုပ်နိုင်မယ့်နည်းပါ။ TAR.MD5 Packager ကိုအသုံးပြုလုပ်ဆောင်ရမှာပါ။ ဒီ Tool က tar.md5 ဖိုင်တွေကို extract လုပ်ဖို့အသုံးပြုနိုင်သလို tar.md5 ဖိုင်အဖြစ်ပြန်ပေါင်းဖို့အတွက်လည်းအသုံးပြုနိုင်ပါသေးတယ်။ ဒီ Tool မှာအဓိကအနေနဲ့ Option သုံးခုပါဝင်ပါတယ်။

       Select option [3. Extract ROM] – for extract pars of rom into folder \parts
       Select option [1. Make TAR] – for packing CSC.tar
       Select option [2. Add MD5 to TAR] – for convert .tar to .tar.md5

ဖုန်းကလိသူတွေအတွက် TAR.MD5 Packager ဟာ Windows ပေါ်မှာတင်လုပ်ဆောင်နိုင်တာကြောင့်အသုံးဝင်တဲ့ Tool တစ်ခုဖြစ်မှာပါ။
TAR.MD5 PACKAGER ကိုအောက်က link မှာရယူနိုင်ပါတယ်။

TAR.MD5 PACKAGER အားရယူရန်

Ref: XDA Developer Forum

မြကျောက်ကို ဝတ်ဆင်ထားမယ် ဆိုရင် အကျိုးပေးတတ်ပုံများကတော့

Posted by drmyochit Wednesday, September 18, 2013, under | No comments


၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း

၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း

၃. စွမ်းအားကို တိုးမြင့်စေခြင်း

၎. အမြင်အာရုံကို ကောင်းမွန်စေခြင်း

၅. အထူးသဖြင့် အမျိုးသမီးများ ဝတ်ဆင်ပါက မကောင်းသော အကြံအစည်များ မဝင်ရောက်စေခြင်း၊ အန္တ ရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း (ကျောက် အရောင်ပြောင်း သွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများ၊ အကျိုးထူးများ ပေးတတ်တယ်လို့ သိရပါတယ်။

မြကျောက်ဟာ ဝတ်ဆင်သူကို ကောင်းကျိုးတွေပေးတတ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံးမြကြီးကိုဝယ်ပြီး လည်ပင်းမှာ ချိတ်ထားလိုက်ရရင် ကောင်းမလား စဉ်းစားမိပြီး ဒီနေ့ကစလို့ တစ်ရက်ကို တစ်ကျပ် ပိုက်ဆံ စုပါတော့မယ် တိန် :P :P

အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေနော်။

ကမ္ဘာ့အကြီးဆုံး မြ

Posted by drmyochit Wednesday, September 18, 2013, under | No comments


ပိုင်ရှင် Regan Reaney နဲ့ အတူ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး မြကြီး

ကမ္ဘာပေါ်မှာ အကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ မြ ဟာ သွေးပြီးတဲ့ အနေအထားမှာ ၅၇၅ဝဝ ကာရက် ရှိပြီး “နတ်ဘုရားရဲ့ လှပတဲ့ လက်ဆောင်” လို့ အမည်ရတဲ့ "သီအိုဒိုရာ" လို့ အမည်ပေးထားပါတယ်။ ဇန်နဝါရီ ၂၈ရက်နေ့က ကနေဒါနိုင်ငံ ဘရစ်တစ် ကိုလံဘီယာမှာ ကျင်းပတဲ့ Western Star လေလံပွဲမှာ ကြမ်းခမ်းဈေး ဒေါ်လာတစ်သန်းဖြင့် ခင်းကျင်းထားသော်လည်း လေလံပွဲ ကျင်းပသူများနဲ့ ဒီအိုဒိုကို မြင်ဖူးကြသူများက ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေးရလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ သာမာန် ကျောက်မျက်ရတနာကို လေလံတင် ရောင်းချတာမျိုး မဟုတ်ဘဲ ကမ္ဘာ့အကြီးဆုံး မြကြီးကို ပိုင်ရှင်ဖြစ်လိုသူက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် တန်ဖိုးထား ပေးဝယ်တာမျိုးဖြစ်တဲ့ လေလံပွဲ လည်း ဖြစ်ပါတယ်။

ခုလက်ရှိ ပိုင်ရှင်ကတော့ Regan Reaney ဖြစ်ပြီး အချို့ကတော့ ၄င်း မြကြီးကို အရောင်သွင်း ပြုပြင်ထားတယ်လို့ ပြောကြတဲ့အတွက် ပိုင်ရှင်ဖြစ်တဲ့ Regan Reaney ကတော့ သူ့ကျောက်ကို မည်သူမဆို စစ်ဆေးနိုင်ပါတယ်လို့ အာမခံထားပါတယ်။ ဖရဲသီးတစ်လုံး အရွယ်ခန့် ရှိတဲ့ ၄င်း မြကို ဘရာဇီးနိုင်ငံကနေ တူးဖော်ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှာ သွေးတာဖြစ်ပါတယ်။ ၁၁.၅ပေါင် အလေးချိန် ရှိတဲ့ ၄င်းမြဟာအရိုင်းတုံးအဖြစ် ထွက်ရှိပြီးသမျှ မြ တွေထဲမှာ နံပါတ်-၅ အကြီးဆုံးဖြစ်ပေ မဲ့ ဖြတ်တောက်ပြီး သွေးလိုက်တဲ့ အချိန်မှာတော့ ယခုတွေ့မြင်ရတဲ့ Teodora ကသာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာပါတယ်။ Regan Reaney က ၄င်းမြကြီးကို အိန္ဒိယနိုင်ငံက သူဌေးကြီးတစ်ဦးဆီက တဆင့်ပြန်လည်ဝယ်ယူတာဖြစ်ပြီး ၄င်းနာမည်ကို ဖော်ပြဖို့တော့ ငြင်းဆိုခဲ့ပါတယ်။

မိဘမဲ့ကလေးများအတွက် အခမဲ့သင်ကြားပေးမည့် မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း ပေါ်ပေါက်လာ

Posted by drmyochit Wednesday, September 18, 2013, under | No comments

မြန်မာပြည် ဗုဒ္ဓဘာသာမိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်း (MBOA) မှ ကြီးမှူးပြီး မန္တလေး MRG မိုဘိုင်းဖုန်း အထူးပြုပြင်နည်း သင်တန်းကျောင်းနှင့် ပူးပေါင်းကာ မိဘမဲ့ကလေးဂေဟာများမှ မိဘမဲ့ ကလေးများ အတွက် မိုဘိုင်းပြုပြင်နည်းသင်တန်းအား ၁၀၀ ရာခိုင်နှုန်း အခမဲ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား မိုဘိုင်းဖုန်းဆိုင်များအတွက် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်နှင့် မိဘမဲ့ကျောင်း သားများ ဘဝအာမခံချက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မန္တလေး MRG မှ သိရသည်။

အဆိုပါသင်တန်းတွင် Mobile Phone Software ပိုင်းဆိုင်ရာပြုပြင်နည်း၊ Mobile Phone Hardware ပိုင်းဆိုင်ရာ ပြုပြင်နည်းများအား အပတ်စဉ်တနင်္ဂနွေနေ့တိုင်း နံနက် (၈) နာရီမှ ညနေ (၆း၃၀) အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Softwrae သင်တန်းအား တန်းခွဲတစ်ခုတွင် (၁၀) ဦးနှုန်းဖြင့် တန်းခွဲ ၃ခု၊ Hardware သင်တန်းအား တန်းခွဲ တစ်ခုလျှင် (၁၅) ဦးနှုန်းစီဖြင့် တန်းခွဲ (၂) ခု ဖွင့်လှစ်သွားမည်ဟု သိရသည်။ သင်တန်းကာလမှာ နှစ်လကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီး သင်တန်းဆင်းလက်မှတ်အား သင်တန်းတက်ရောက်ချိန် ၇၅ ရာခိုင်နှုန်းနှင့် နှစ်ပတ်တစ်ကြိမ် ပြုလုပ်သော Examination စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်သူများကိုသာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်သူများကိုလည်း နောက်တစ်ကြိမ်တန်းခွဲတွင် ပြန်လည် လက်ခံသင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။


အဆိုပါ သင်တန်းသို့ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်ရှိ မည်သည့်မိဘမဲ့ကလေးဂေဟာများမှ မိဘမဲ့ ကလေး မဆို တက်ရောက်နိုင်မည်ဖြစ်ပြီး လျှောက်ထားလိုသူသည် သင်တန်းအပတ်စဉ် တစ်ခုအတွက် သင်ရိုးတစ်ခုစီ ကိုသာ လျှောက်ထားနိုင်မည် ဖြစ်ကာ သင်ရိုးနောက်ထပ် တစ်ခုကိုလည်း ဆက်လက် တက်ရောက်ခွင့်ပေး မည်ဟု သိရသည်။ လျှောက်ထားလိုသူများအတွက် အနည်းဆုံးပညာအရည်အချင်း အလယ် တန်း အဆင့်ရှိသူဖြစ်ရမည်ဖြစ်ပြီး မှတ်ပုံတင် မိတ္တူ တစ်စောင်၊ CV Form၊ Passport 3 ပုံ၊ သက်ဆိုင်ရာ မိဘမဲ့ဂေဟာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့်အတူ (MBOA) တည်ရှိရာ မူလငါးစို့တိုက် ပြည်ကြီးမျက်ရှင်ကျောင်းတိုက်၊ လမ်း (၃၀ x ၆၂) ထောင့်၊ မန္တလေးမြို့၊ ဖုန်း-၀၉-၉၁၀၀၅၉၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဟု သိရသည်။

ကောင်းမြတ်ထွန်း၊ မန္တလေး
အတွဲ (၁၄)၊ အမှတ် (၃၆)
Internet Journal

အမြင်အားကောင်းစေမည့် အကျင့်ခုနှစ်ရပ်

Posted by drmyochit Wednesday, September 18, 2013, under | No comments


အမြင်အာရုံကို ကောင်းမွန်အောင် ဂရုစိုက်ပေးတာက ဘဝ အရည်အသွေးကို  တိုးတက် စေပါတယ်။ အောက်ပါအကျင့် ကောင်းတွေကို ထိန်းသိမ်းနေထိုင် တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေ ပါတယ်။

(၁) မျက်စိကို နေကာမျက်မှန် ကာကွယ်ပါ
နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ ခရမ်းလွန် ရောင်ခြည်တွေဟာ မျက်စိကို ထိ ခိုက်မှု ဖြစ်စေပြီး အတွင်းတိမ်ရောဂါနဲ့ မက်ကူလာ ယိုယွင်းမှုတို့ ဖြစ်နိုင်ခြေမြင့် တက်စေပါတယ်။ နေရောင်ထဲတွင် ကြာ ကြာနေသူတွေ၊ အတွင်းတိမ် ခွဲစိတ်မှု ခံယူ ထားသူတွေနဲ့ ဆီးဆေး၊ တက်ထရာဆိုက် ကလင်းလို တချို့ဆေးတွေ မှီဝဲနေသူတွေ အနေနဲ့ မျက်စိကို ခရမ်းလွန်ရောင်ခြည် နဲ့ မထိတွေ့သင့်ပါဘူး။ ဒါ့အပြင် နေကာ မျက်မှန်ဟာ ခရမ်းလွန်ရောင် ခြည်ဒဏ် ကြောင့် မျက်စိအမြင်အာရုံ မထိခိုက် အောင် ကာကွယ်ပေး ပါတယ်။

(၂) ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တာကြောင့် အ တွင်းတိမ်ရောဂါဖြစ်စေနိုင်သလို မက်ကူ လာယိုယွင်းပျက်စီးမှု ဖြစ်နိုင်တဲ့ အန္တရာယ် ကိုလည်း မြင့်တက်စေပါတယ်။ ဆေးလိပ် သောက်တဲ့သူတွေက ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အစားအသောက်နဲ့ အရက် သောက်တဲ့အခါ အမြင်အာရုံဆုံးရှုံးစေနိုင် တဲ့ စက္ခုအာရုံကြောထိခိုက်မှုကို ဖြစ်စေ နငို ပ်ါတယ။် ဆေးလပိေ် သာကတ်ာကြောင့် မျက်စိခြောက်သွေ့မှုဖြစ်တတ်သူတွေမှာ မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ခြေ ပိုများပါ တယ်။

(၃) အယ်လ်ကိုဟော လျော့သောက်ပါ
အရက်သောက်တာကြောင့် မျက်စိ အပါအဝင် ခန္ဓာကိုယ်ကို ရေဓာတ်ခန်း ခြောက်မှုဖြစ်စေနိုင်ပါတယ်။ မျက်စိ ခြောက်သွေ့တဲ့ ဝေဒနာတွေက အရက် သောက်တဲ့အခါ ပိုဆိုးနိုင်ပါတယ်။ အရက် ကို ပမာဏ များများသောက်တာကြောင့် အာဟာရချို့တဲ့မှုပြဿနာတွေကို ဖြစ်စေ နိုင်ပြီး စက္ခုအာရုံကြောဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်ပါတယ်။

(၄) သွေးတွင်း သကြားဓာတ် ထိန်းချုပ်
အဆီဓာတ်နဲ့ သကြားဓာတ်များတဲ့ အစာတွေကို စားတာကြောင့် သွေးတွင်း သကြားဓာတ် အတက်အကျဖြစ်စေတဲ့ အန္တရာယ်ကို မြင့်တက်စေပြီး ဆီးချိုရော ဂါကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိရင် သွေးတွင်း သကြားဓာတ်ကို တည် ငြိမ်အောင် မထိန်းနိုင်တဲ့အခါ အတွင်း တိမ်ရောဂါနဲ့ ရေတိမ်ရောဂါအပြင် ဆီးချို ကြောင့် မျက်စိအာရုံခံလွှာရောင်ရမ်းမှုတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ် ထိန်းချုပ်နိုင်မယ့် အစာ တွေကို စားသင့်ပါတယ်။

(၅) သွေးဖိအားနှင့် ကိုလက်စရောကို ပုံမှန်ထိန်းပါ
သွေးတိုးတာကြောင့် မျက်စိအာရုံခံ လွှာရောင်ရမ်းမှု ဖြစ်စေနိုင်ပြီး ကုသမှု မ ခံယူရင် မျက်စိမမြင်နိုင်တဲ့အထိ ဖြစ်စေ နိုင်ပါတယ်။ သွေးတိုးတာကြောင့် မျက်စိ မှာ အာရုံခံလွှာရောင်ရမ်းတာ၊ ရေတိမ် ဖြစ်တာနဲ့ မက်ကူလာယိုယွင်းပျက်စီးတာ တို့ကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကို လက်စထရောများတဲ့အပြင် သွေးတိုးတာ ကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လည်း မြင့်တက်စေပါတယ်။

(၆) အင်တီအောက်ဆီဒင့် များသော အစာကိုစားပါ
အင်တီအောက်ဆီးဒင့်ပါတဲ့ အစား အသောက်တွေကို စားတာကြောင့် မက် ကူလာယိုယွင်းမှု ဖြစ်နိုင်ခြေကို ၂၅ ရာခိုင် နှုန်း နှေးကွေးစေပါတယ်။ အင်တီအောက် ဆီးဒင့်ဟာ အတွင်းတိမ်ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင်အေဟာ မျက်စိအာရုံခံလွှာကျန်းမာရေးအတွက် အရေးပါပြီး အရောင်နဲ့ ညဘက်မမြင် တာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူတင်နဲ့ ဇီဇန်သင်းတို့လို အာဟာရဓာတ် တွေဟာ မက်ကူလာယိုယွင်းမှုမဖြစ်အောင် ကာကွယ်ပေးသလို အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ မျက်စိခြောက်သွေ့မှုနဲ့ မျက် စိစွန်တာ မဖြစ်အောင် ကာကွယ်ပေးပါ တယ်။

(၇) မျက်စိကို ပုံမှန်စစ်ဆေးမှု ခံယူပါ
ပုံမှန် မျက်စိစစ်ဆေးမှု ခံယူတာဟာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။ မျက်စိကို စစ်ဆေးတာကြောင့် မျက်စိရောဂါတွေအပြင် ခန္ဓာကိုယ်ရော ဂါတွေကိုလည်း သိရှိနိုင်လို့ပါ။
ကြယ်စင်

 By Good Health
Ref: ရိုးရာလေး

လူမဆန်မှုတွေ မြောက်ကိုရီးယား ကျူးလွန်ဟုဆို

Posted by drmyochit Wednesday, September 18, 2013, under | No comments

ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ရဲ့ နိုင်ငံတွင်း
ဝင်ရောက် စုံစမ်းလိုမှုကို မြောက်ကိုရီးယားက
 ငြင်းပယ်ထား
မြောက်ကိုရီးယား နိုင်ငံမှာ လူမဆန်တဲ့ ရက်စက်မှုတွေ အပါအဝင် လူအခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်ဆိုတဲ့ သက်သေ အထောက်အထား တွေကို ရရှိထားတယ်လို့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။

အခု ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကို ရောက်ရှိနေတဲ့ အရင်တုန်းက မြောက်ကိုရီးယား အကျဉ်းစခန်းတွေမှာ အကျဉ်းကျခံခဲ့ရဖူးတဲ့ သူတွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး ကနဦး လေ့လာ တွေ့ရှိချက်တွေ အဖြစ် ကုလသမဂ္ဂက ဖော်ပြထားတာ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးဟာ ဆိုရင် သူမရဲ့ ရင်သွေးငယ်လေးကို အတင်းအဓမ္မ ရေနှစ်သတ်ခိုင်းတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး မွေးဖွားလာ ကတည်းက အကျဉ်းကျခံနေရတဲ့ ကလေးတွေလည်းရှိပြီး သူတို့တတွေဟာ အစာရေစာ ငတ်မွတ်နေရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားကတော့ ဒီအစီရင်ခံစာကို ပယ်ချလိုက်ပြီး၊ ဒါဟာ မြောက်ကိုရီးယားမှာ အစိုးရ အပြောင်းအလဲဖြစ်လာအောင် ရည်ရွယ်ပြီး အသရေဖျက်တဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ပြောလည် ပြောကြားပါတယ်။

From: BBC

မန္တလေး ရတနာပုံတက္ကသိုလ်မှာ ရေကြီး (ရုပ်/သံ)

Posted by drmyochit Wednesday, September 18, 2013, under | No comments


မန္တလေး ရတနာပုံတက္ကသိုလ်မှာ ရေကြီးနေလို့ ကျောင်းသား ကျောင်းသူတွေ သွားလာရေး ခက်ခဲနေပြီး စာမေးပွဲဖြေဖို့ အချိန်မမှီတာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဦးကျော်ဇေယျာဝင်းပေးပို့ထားပါတယ်။

ရို်က်ကူး - အိမ်ခိုင်မြဲ၊ icj ပြည့်စုံအောင်


မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခ ခံစားနေရသူများ သောက်သုံးရေ အခက်အခဲနှင့် ကူညီထောက်ပံ့မှုများ လိုအပ်နေ

Posted by drmyochit Wednesday, September 18, 2013, under | No comments

ညောင်ဦးမြို့ပေါ် ရပ်ကွက်တစ်ခုတွင် ရေလွှမ်းမိုးနေမှုအား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် 


စက်တင်ဘာ လဆန်းမှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာပြီး ရေဘေးဒုက္ခ ခံစားနေရသော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် သောက်သုံးရေ အခက်အခဲနှင့် အခြားကူညီ ထောက်ပံ့မှုများ လိုအပ်နေကြောင်း သတင်းရရှိပါသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စက်တင်ဘာ ၁၇ ရက်၌ စိုးရိမ်ရေ အမှတ်အောက်သို့ ကျဆင်းနေပြီဖြစ်ပြီး ၁၂၅၁ စင်တီမီတာတွင် ရှိနေကြောင်း၊ သို့သော်လည်း စစ်ကိုင်းမြို့တွင် စိုးရိမ်ရေ အမှတ်အထက် ၃၈ စင်တီမီတာတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ ထို့အတူ ဒုဋ္ဌ၀တီမြစ်ရေသည် အနည်းငယ် ကျဆင်းနေပြီ ဖြစ်သော်လည်း ၉၂၃ စင်တီမီတာဖြင့် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာ အထက်တွင် ရှိနေကြောင်း သိရသည်။

"ခုချိန်မှာတော့ ရေသန့်ဘူးတွေနဲ့ ခေါက်ဆွဲခြောက်၊ ဆန်စသဖြင့် စားသောက်ကုန်ပစ္စည်းတွေ လိုက်လံလှူဒါန်းပါတယ်။ ၀မ်းလျှောဝမ်းပျက်တာမျိုးတွေ့ရင် ဓာတ်ဆားလောက်ပဲ ပေးပါတယ်။ ရေ၀င်ရက် ကြာလာရင်တော့ ၀မ်းရောဂါလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ စီစဉ်နေပါတယ်" ဟု ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းမှ အလုပ်မှုဆောင် ဦးဝင်းဆွေက ပြောကြားသည်။

အမရပူရ၊ ရွှေကြက်ယက် ကြက်ခြေနီစခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း "၀မ်းရောဂါ နောက်ဆက်တွဲ မဖြစ်ဖို့ ရွေ့လျားသန့်စင်ခန်းတွေ လိုအပ်သလို သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အဓိက လိုအပ်ပါတယ်။ ရေ၀င်ရက်က ကြာမြင့်နိုင်ပါသေးတယ်" ဟု ပြောကြားသည်။

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၇ ရက်၌ စိုးရိမ်ရေအမှတ်အောက် ၇ စင်တီမီတာခန့် ပြန်လည်ကျဆင်း သွားသော်လည်း ရေကြီးရေနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသည့် မြစ်ကမ်းဘေးရှိ ကျေးရွာပေါင်း ၃၀ ခန့်နှင့် မြို့ပေါ်ရပ်ကွက် အချို့မှ အိမ်ထောင်စုများမှာ ရွှေ့ပြောင်းခဲ့သော နေရာများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

"ရေက တစ်လက်မလောက်ပဲ ပြန်ကျသွားတော့ အများစုက ရေလွတ်တဲ့ နေရာတွေမှာ နေရတုန်းပဲ။ နောက် ၁၅ ရက်လောက်မှ ကိုယ့်အိမ်ကိုယ် ပြန်နိုင်မယ်။ မိုးကလည်း ရွာထားတာရော ရွာထဲမှာ ရေကလည်း ကျန်နေသေးတာရောကြောင့် မပြန်နိုင်သေးဘူး။ ရေကျသွားတယ် ဆိုပေမဲ့ နည်းနည်းပဲ ကျသေးတယ်။ နွားတွေဝက်တွေလည်း ဖြစ်သလို ထားရတုန်းပဲ။ အကူအညီတွေကတော့ လိုတယ်" ဟု ရေကြီးနစ်မြုပ်မှုနှင့် ကြုံတွေ့နေရသည့် ကျွန်းဦးကျေးရွာမှ ဦးထွန်းကြည်က ပြောကြားသည်။

ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်နိုင်ဦးက "ရေလယ်ကျွန်း ကျေးရွာတွေကို အခုသွားကြည့်ပြီး စစ်ဆေးနေပါတယ်။ ဒေသခံတွေကတော့ သူတို့အိမ်တွေမှာပဲ နေတုန်းပါ။ ရေထပ်တက်လာရင်တော့ ပြောင်းခိုင်းမှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ချက်ခြင်းအကူအညီ ပေးနိုင်ဖို့ ပခုက္ကူ ဆေးရုံအုပ်ကြီး ခေါင်းဆောင်ပြီး အဖွဲ့ဖွဲ့ထားတယ်" ဟု ပြောကြားသည်။

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာသို့ ရောက်ရှိခဲ့သော်လည်း ၁၇ ရက်တွင်မူ စိုးရိမ်ရေ အမှတ်အောက် ၇ စင်တီမီတာခန့် ပြန်လည်ကျဆင်းခဲ့ကြောင်း ပခုက္ကူမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မနေ့ညနေပိုင်း ကတည်းက အိမ်မှာနေမရတော့လို့ ပြောင်းလာခဲ့ရတယ်။ မိုးရွာပြီး လမ်းပေါ်မှာရေက ရင်စို့လောက်အထိ တက်လာတယ်။ အိမ်လည်းမြုပ်သွားပါတယ်။ အိမ်ထောင်စု ၁၂ စုလောက်က နေမရလို့ ပြောင်းခဲ့ရတယ်။ မြို့နယ်ကတော့ မနေ့က ဆန်လှူပါတယ်။ အဲဒါလေးနဲ့ပဲ စားနေရတယ်။ ဘာတွေလုပ်ပေးမယ် ဆိုတာကို စီမံဆဲပါပဲ . . . . .


ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျွန်းရွာများမှ အိမ်ထောင်စုပေါင်း ရာနှင့်ချီ၍ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်တွင် မြစ်ရေအနည်းငယ် ကျဆင်းသွားကြောင်း သတင်းရရှိပါသည်။

"ဗမာလို ၁၀ ရက်နေ့က အကုန်လုံး ပြောင်းရွှေ့လာခဲ့ ကြပါတယ်။ အိမ်စောင့်ယောက်ျားသား တစ်ယောက်လောက် ကျန်ခဲ့တာပေါ့။ ထောက်ပံ့အကူအညီပေးတဲ့ အဖွဲ့တွေ လာကြပါတယ်။ တစ်သက်မှာ ခုလိုပြောင်းရွှေ့နေရတာ သုံးကြိမ်ပဲ ကြုံဖူးပါတယ်။ အခုလို မပြောင်းရွှေ့ရတာ နှစ်နှစ်သုံးနှစ် ရှိပါပြီ" ဟု တောင်ဘီကမ္မ ဘုန်းတော်ကြီးကျောင်းအတွင်း ရေဘေးတိမ်းရှောင်နေသော အသက် ၅၇ နှစ်အရွယ် အရှေ့ဆယ်လံကျွန်းသူ ဒေါ်တင်ညွှန့်က ပြောကြားသည်။

ကယ်ဆယ်ရေး စခန်းများတွင် သက်ဆိုင်ရာ ဌာနများ၊ နိုင်ငံရေးပါတီနှင့် လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များက ကူညီထောက်ပံ့ လှူဒါန်းမှုများ ရှိနေသည့်အတွက် ရေဘေးတိမ်းရှောင် လာသူများအဖို့ အခက်အခဲ ထွေထွေထူးထူး မရှိသည့်တိုင် ရေကျသွားသည့် အချိန်တွင်မူ ရေ၀င်ရောက်ခဲ့သော ကျွန်းရွာများ ရပ်ကွက်များရှိ ဒေသခံများနှင့် တိရစ္ဆာန်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် အခြားလိုအပ်ချက်များ ရှိနေနိုင်ကြောင်း သိရသည်။

"ရေကျသွားရင် ရွှံ့နွံတွေ၊ ဗွက်တွေနဲ့ နေရတာဆိုတော့ ကလေးတွေ ကျန်းမာရေးတော့ ဂရုစိုက်ရတာပေါ့။ ဒီရေက စိုက်ရေးပျိုးရေးလည်း နောက်ကျသွားပါတယ်။ ကျွန်းရေ၀င်ရင် ရေအောင်တယ် ဆိုပေမယ့် ၀ါဆိုဝါခေါင် ၀င်မှပါ။ ခုဟာ စိုက်ချိန်ပျိုးချိန် တော်သလင်းလထဲ ဖြစ်နေတယ်။ ရေကျသွားတော့လဲ တော်တော်နဲ့ လုပ်ငန်းက ၀င်မရဘူး" ဟု တောင်ဘီရပ်၊ ရွှေကျောင်းအတွင်း ခိုလှုံနေသော အရှေ့ဆယ်လံကျွန်းရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

အောင်လံမြို့တွင်လည်း စက်တင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး လယ်ပြင်၊ သရက်တော၊ ကန်ကြီးစသော အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေ၀င်ရောက်ခဲ့၍ လူနေအိမ်များ ရေနစ်မြုစ်ခဲ့ရာ အိမ်ထောင်စု ၁၂ စု ကုသိနာရုံဘုရား စောင်တန်းသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရပါသည်။

ဧရာဝတီမြစ်ရေသည် လက်ရှိအချိန်တွင် ၂၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး အောင်လံမြို့၏ စိုးရိမ်ရေအမှတ်မှာ ၂၅၅၀ စင်တီမီတာဖြစ်ကြောင်း ရေအရင်းအမြစ် ဌာနမှတာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။


မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံတွင် ရွှေ့ပြောင်းနေထိုင်သော ရေဘေးဒုက္ခသည်များအား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် 
"မနေ့ညနေပိုင်း ကတည်းက အိမ်မှာနေမရတော့လို့ ပြောင်းလာခဲ့ရတယ်။ မိုးရွာပြီး လမ်းပေါ်မှာရေက ရင်စို့လောက်အထိ တက်လာတယ်။ အိမ်လည်းမြုပ်သွားပါတယ်။ အိမ်ထောင်စု ၁၂ စုလောက်က နေမရလို့ ပြောင်းခဲ့ရတယ်။ မြို့နယ်ကတော့ မနေ့က ဆန်လှူပါတယ်။ အဲဒါလေးနဲ့ပဲ စားနေရတယ်။ ဘာတွေလုပ်ပေးမယ် ဆိုတာကို စီမံဆဲပါပဲ" ဟု ရေဘေးဒုက္ခသည် တစ်ဦးက ပြောကြားသည်။

ရေဘေးသင့် ဒုက္ခသည်များ စားသောက်ရေးအတွက် မြို့ခံများက ထမင်းထုပ်များ လှူတန်းလျက်ရှိပြီး အောင်လံတွင် ၁၉၇၆ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်က တစ်ကြိမ် ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပွားခဲ့သည်။

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေမှုကြောင့် မင်းဘူးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာကျော်မှ နေအိမ်များ ရေနစ်မြုပ်ခဲ့ကာ မင်းဘူးမြို့ပေါ်ရှိ ဒုက္ခသည်စခန်း လေးခုတွင် ခိုလှုံသူ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၆ ရက်က မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံနှင့် မှန်ကင်းကျောင်းတိုက် နှစ်ခုသာ ဒုက္ခသည်စခန်းအဖြစ် ရှိခဲ့ရာမှ စက်တင်ဘာ ၁၇ ရက်တွင် ပုဂံမျှော် ဘုရားနှင့် သာစည်ရိပ်သာတို့တွင်ပါ ဒုက္ခသည်စခန်း တိုးချဲ့ခဲ့ကာ မိသားစု ၉၀ ခန့်မှ ဒုက္ခသည် ၃၀၀ ကျော် လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့် ကျေးရွာငါးရွာသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် အခြားလိုအပ်သည်များ ထောက်ပံ့ခဲ့သော်လည်း မင်းဘူးခရိုင် ပွင်ြ့ဖူမြို့နယ် အတွင်းမှ ရေနစ်ခဲ့သည့် ကျေးရွာခုနစ်ရွာခန့်တွင် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

"မနေ့က အိမ်အောက်ထဲ ရေ၀င်ရုံပဲ ရှိခဲ့ပြီး ညပိုင်းမှာ ရေထပ်တက်လာလို့ အိမ်ပေါ်ထပ်အထိ ရေရောက်လာတယ်။ ပစ္စည်းတွေကို ၀ါးလုံးတွေနဲ့ချည်ပြီး ရေလွတ်အောင် ထောင်ထားရတယ်။ တစ်ရွာလုံး ရေထဲမှာပါ။ ကမ်းပြိုလို့ ရွှေ့ခဲ့ရတဲ့ အိမ်တွေက ထရံနဲ့ အမိုးတွေလည်း ရေမျောကုန်ပါတယ်။ ကျွန်တော်တို့ ဒုက္ခကြုံနေရတာကို တာဝန်ရှိသူတွေ လာကြည့်လှည့်ပါလို့ ပြောချင်ပါတယ်" ဟု နိဗ္ဗာန်ကျွန်းကျေးရွာမှ နေအိမ်ရေနစ်ခံခဲ့ရသူ တစ်ဦးက ပြောကြားသည်။

ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများမှ ကျွဲနွားဝက် စသည့်တိရစ္ဆာန်များအား ကုန်းမြင့်ပိုင်းကျေးရွာများရှိ ဆွေမျိုးနီးစပ်များထံ ပြောင်းရွှေ့အပ်နှံ ထားရကြောင်း နေ့စဉ်စားသောက်ရေးတွင် သောက်ရေအခက်အခဲနှင့် မီးဖိုရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ငွေကြေးမပြည့်စုံ သူများအတွက် ဆန်၊ ဆီမှအစ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ မင်းဘူးမြို့ပေါ်ရှိ ဒုက္ခသည် စခန်းများအတွက် မိလ္လာစနစ် သောက်သုံးရေနှင့် စားသောက်ကုန်များအား သက်ဆိုင်ရာ ဋ္ဌာနများမှ လှူဒါန်းထားကြောင်း သိရသည်။ မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့နှင့် မကွေးမြို့နယ်အတွင်း ကျေးရွာများလည်း ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဦးနှောက်အကျိတ် ခွဲစိတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ မရှိသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြု

Posted by drmyochit Wednesday, September 18, 2013, under | No comments

(စင်ကာပူနိုင်ငံရှိ စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကိုဝင်းဇော်ဦးနှင့် ဆေးရုံမှ တာဝန်ရှိသူအချို့ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေသည်ကို စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်) 

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက်အကျိတ်ကို စင်ကာပူ အထွေထွေရော ဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုး များကို စစ်ဆေးခဲ့ရာ ဆိုးကျိုးများ မရှိသည့်အတွက် စက်တင်ဘာ ၁၆ ရက်က ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက်အကျိတ်ကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသခဲ့ရာ ခွဲစိတ်မှုအားလုံး ရာနှုန်းပြည့်နီးပါး အောင်မြင်ခဲ့ကြောင်းနှင့် လက်ရှိတွင် ဟော်မုန်းဓာတ် အပါအ၀င် ဆီးချိုသွေးချို လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ်ထားကြောင်း သိရသည်။

"လက်ရှိအခြေအနေကတော့ အားလုံးကောင်းပါတယ်။ ခွဲစိတ်မှုလည်း အောင်မြင်ပြီး ဘေးထွက်ဆိုးကျိုးလည်း ဘာမှမရှိပါဘူး။ ခွဲစိတ်မှု လုပ်လိုက်တဲ့အတွက် ကြီးထွားမှု ဟော်မုန်းတွေလည်း လျော့သွားပါပြီ။ အခြားခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ဆေးတွေပဲ ဆက်စားသွားရ တော့မှာပါ" ဟု ကိုဝင်းဇော်ဦး၏ ကျန်းမာရေး စစ်ဆေးမှုများတွင် တာဝန်ယူ လုပ်ဆောင်ပေးနေသည့် ဒေါက်တာခင်လေးရီက ဆိုသည်။

ကိုဝင်းဇော်ဦးကို ခွဲစိတ်မကုသမီ ကျန်းမာရေး စစ်ဆေးမှုများအရ ပီကျူထရီ (Pituitary Gland) တွင် အကျိတ်ရှိမနေဘဲ ပီကျူထရီ၏ အထက်ပိုင်း ဦးနှောက်နှင့် ကပ်လျက်ရှိ ဟိုက်ပိုသားလမတ်(စ်) (Hypothalamus) တွင် ရှိနေသည်ဟု စစ်ဆေးတွေ့ရှိ ခဲ့သော်လည်း ခွဲစိတ်နေစဉ်အတွင်း ဟိုက်ပိုသားလမတ်(စ်) (Hypothalamus) တွင် ရှိနေသည့် အကျိတ်သာမက ပီကျူထရီတွင်ပါ ကင်ဆာဖြစ်နေသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ဟိုက်ပိုသားလမတ်(စ်)တွင် ရှိနေသည့် အကျိတ်ကိုသာမက ပီကျူထရီကိုပါ တစ်ပါတည်း ခွဲထုတ်ခဲ့ကြောင်း သိရသည်။

ခွဲစိတ်မှုကို စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် ဆေးပညာအဖွဲ့မှ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ကြာမြင့်ချိန် ၈ နာရီခန့် ကြာခဲ့ကြောင်းနှင့် အဆိုပါ ခွဲစိတ်ကုသမှုသည် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးအတွက် ထူးခြားသည့် ခွဲစိတ်ကုသမှု တစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group

လမ်း ၄၀ မှာ အ၀တ်လှန်းရာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

Posted by drmyochit Wednesday, September 18, 2013, under | No comments

၁၇.၉.၂၀၁၃ ရက်နေ့  နံနက် ၁၁း၅၀ ခန့်က၊  ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ လမ်း(၄၀) အမှတ် (၁၄၂) (၈)လွှာနေအိမ်သို့ အလည်လာ ရောက်သည်ဆိုသော  (၂၃)နှစ်အရွယ် ချင်းလူမျိုး  မကန်မီ ဆိုသူ မိန်းကလေးတစ်ဦး သည် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

အဆိုပါ နေအိမ်(၈)လွှာ ၀ရံတာမှ အ၀တ်လှန်းရင်း ပြုတ်ကျ၍ ဒဏ်ရာများရရှိပြီး ဆေးရုံသို့ပို့စဉ်  လမ်းမှာ သေဆုံးသွားတာဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒီဗွီဘီ သတင်းမှာတော့ ရန်ကုန်မြို့မှာ တစ်ရက်အတွင်းမှာပဲ လူနှစ်ဦးတိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးမှု နှစ်ခုဖြစ်ပွားခဲ့ကြောင်း။ ဦးညီငယ်ကပေးပို့ ထားပါတယ်။

ရန်ကုန်မြို့မှာ တစ်ရက်အတွင်းမှာပဲ လူနှစ်ဦးတိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးမှု (ရုပ်/သံ)


၁၇.၉.၂၀၁၃ ရက်နေ့  နံနက် ၁၁း၅၀ ခန့်က၊ လမ်း (၄၀)၊ အလယ်ဘလောက်၊ ၈ လွှာမှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံး




From: Thithtoolwin

Tuesday, September 17, 2013

ခြောက်တန်းကျောင်းသူ ရည်းစားအား ခိုးပြေးမိ၍ အမှုစွဲခံရ

Posted by drmyochit Tuesday, September 17, 2013, under | No comments

ခြောက်တန်းကျောင်းသူကို ခိုးပြေးသည်ဟုဆိုကာ အမျိုးသားတစ်ဦးအား အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားမှုကို မြောက်ဒဂုံရဲစခန်းက စက်တင်ဘာ ၁၆ တွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

သမီးငယ်မှာ ခြောက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အသက်မှာ (၁၄နှစ် ၃လ) သာ ရှိသေးသည်ဟုလည်း မိခင်ဖြစ်သူက ရဲကို ပြောပြထားသည်။

စက်တင်ဘာလ ၁၄ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်က မိခင်ဖြစ်သူ ဒေါ်စန်းဌေး (၄၇)နှစ် မြောက်ဒဂုံမြို့နယ် နေသူသည်  သမီးဖြစ်သူ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံစုံးစမ်းခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော (၁၅) ရက်ခန့်က မြောက်ဒဂုံမြို့နယ်၊ (၃၁)ရပ်ကွက် ဇေယျာဒီပလမ်းရှိ စူပါတေလာ အပ်ချုပ် ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်တစ်ဦးနှင့် ချစ်ကြိုက်ရည်ငံနေရာမှ ခိုးရာလိုက် ပြေးသွားခဲ့သည်ကို သိရှိခဲ့ကြောင်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် စက်တင်ဘာ ၁၅ ရက် ညတွင် သမီးဖြစ်သူအား ပြန်လည်တွေ့ရှိ သဖြင့် နေအိမ်သို့ ပြန်လည် ခေါ်ဆောင် ထားသည်ဟု ဆိုထားသည်။

အသက်မပြည့်သေးသည့် ကလေးငယ်ကို ဖြားယောင်းသွေးဆောင်မှုဖြင့် အရေးယူပေးရန် မင်းဦး (ခ) မျိုးဇာနီ (၂၂)နှစ်ကို စွပ်စွဲတိုင်တန်းထားခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၄၈၂/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီး စစ်ဆေးနိုင် ရန် လုပ်ဆောင်လျက်ရှိပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ဖြင့် အရေးယူရန် စီစဉ်ထားသည်ကို တိုင်းရဲဌာန၏ မှုခင်း မှတ်တမ်းတွင် တွေ့ရသည်။

Source : Mizzima

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ သမ္မတလက်မှတ်ရေးထိုး အတည်ပြု

Posted by drmyochit Tuesday, September 17, 2013, under | No comments


လွှတ်တော်ကနေ တင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အခုလို ဥပဒေအတည်ဖြစ်သွားတဲ့အတွက် အဂတိလိုက်စားမှုတွေနဲ့ နာမည်ပျက်နေတဲ့နိုင်ငံအတွက် နာမည်ကောင်းဖြစ်အောင်ပြန်လုပ်ဖို့ အခွင့်အလမ်းပေါ်လာပြီဖြစ်သလို၊ ဒီအတွက်လည်း သမ္မတကို ကျေးဇူးတင်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီသစ်ပါတီ ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

“လာဘ်ပေးလာဘ်ယူဆိုတာ ငွေပေးတာလေးပဲပါမှာကိုး၊ တကယ်တန်းကျတော့ ခန္ဓာကိုယ်ပေးခြင်းပေါ့ ဒီလိုနည်းနဲ့ ယူခြင်းလည်းပါတာကိုး၊ ဒါကြောင့် အဂတိလိုက်စားမှုဥပဒေနဲ့ ပတ်သက်ရင် ဒီအမည်ကိုမှတ်ချက်ပေးခဲ့တဲ့ သမ္မတရဲ့အမျှော်အမြင်ကို ကျနော်ချီးကျူးပါတယ်၊ သမ္မတကြီးက အခုချိန်မှာ ဒီဥပဒေကို အာဏာတည်မြဲတဲ့အမိန့် ထုတ်ပြန်လိုက်တယ်ဆိုတာကတော့ ကျနော်တို့တိုင်းပြည်အတွက် အကျင့်ပျက်နေတဲ့ တရားသူကြီးတွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ပြောရရင် ဒီနေ့ ၁၅ဝဝ ဖုန်းကို အလွဲသုံးစားလုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို အရေးယူနိုင်တော့မှာဖြစ်တဲ့အတွက် ဒီနေ့ထုတ်ပြန်တာကိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျနော်ကြိုဆိုထောက်ခံပါတယ်”

ဒီဥပဒေကို ပြီးခဲ့တဲ့နှစ်တွေမှာ လာဒ်ပေးလာဒ်ယူ တိုက်ဖျက်ရေးဆိုတဲ့အမည်နဲ့ လွှတ်တော်မှာ တင်သွင်းဆွေးနွေးခဲ့ပြီး၊ နောက်ပိုင်းမှာတော့ သမ္မတရဲ့အကြံပြုချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ် သတ်မှတ်ခဲ့တာလို့ ဦးသိန်းညွန့်က ပြောပါတယ်။

RFA Burmese

Online Charging စနစ် အရန်တစ်ခု နေပြည်တော်တွင်ထားရှိရန် စက်ပစ္စည်းအချို့တပ်ဆင်ပြီး ဖြစ်ကြောင်း သိရ

Posted by drmyochit Tuesday, September 17, 2013, under | No comments

အကြောင်းအမျိုးမျိုးကြောင့် Online Charging System (OCS) စနစ်ချို့ယွင်း ပါက ငွေကြေးမဆုံး ရှုံးရအောင် အရန်စနစ်တစ်ခုကို နေပြည်တော်၌ထားရှိရန် စီစဉ်လျက်ရှိရာ စက်ပစ္စည်းအချို့ကို စတင်တပ်ဆင်ပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။

လိုင်းအင်အား ၁၀.၅ သန်းအထိ တပ်ဆင်နိုင်သည့် OCS အရန်စနစ်ကို နေပြည်တော်၌ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ “OCS ဆိုတာ မိုဘိုင်းဖုန်းတွေကို Prepaid တွေမှာ သုံးတာပေါ့။ နောက်ပိုင်းပေါ်တဲ့ ဖုန်းမှန်သမျှ Prepaid နဲ့ လုပ်တယ်။ အဲ့ဒီ Prepaid လုပ်တဲ့ Topup Card တွေ ဖြည့်တာတွေ ဘာတွေကို အဲ့ဒီစက်ကနေမှတ်ပြီး ဆောင်ရွက်တာပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ ၎င်းစက်မှာ ရန်ကုန်တွင် တစ်လုံးရှိပြီးသားဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြုသူ ပိုမိုများပြားလာသည့်အတွက် အရန်တစ်လုံးထပ်မံထားရှိခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒါက နဂိုကတည်းက ရန်ကုန်မှာတစ်လုံးရှိပြီးသား။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူတွေက များလာရင် ပြတ်တောက်တာတွေ ဘာတွေမဖြစ်အောင်ဆိုပြီး အရန်တစ်လုံးကို နေပြည်တော်မှာ လာပြီးတပ်ဖို့လုပ်နေတာ။ စက်ပစ္စည်းတချို့လည်း ရောက်နေပါပြီ။ စလည်းတပ်နေပါပြီ” ဟု ဆက်လက်ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် GSM/ WCDMA (UMTS) မိုဘိုင်းလိုင်းများအတွက်၂၀၁၁ ခုနှစ်မှ စတင်ကာ ဘီလ်စနစ်သုံး (Post Paid) နှင့် ကြိုတင်ငွေပေးကတ်စနစ် (Prepaid) စနစ်နှစ်မျိုးစလုံး အသုံးပြုနိုင်ရန်အတွက် Online Charging System (OCS) ကို ရန်ကုန်မြို့တွင် ဝယ်ယူတပ်အဆင် အသုံးပြုခဲ့ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာန၊ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလမှစတင်ကာ တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ရောင်းချပေးနေသည့်အတွက် သုံးစွဲသူအရေအတွက်မှာ သိသိသာသာတိုးလာကြောင်း လက်ရှိတပ်ဆင်ထားသည့် Online Charging System (OCS) ၏ အများဆုံးတပ်ဆင်နိုင်သည့် လိုင်းအင်အားမှာ ၄.၇ သန်းသာရှိကြောင်း ဆက်လက်တိုးတက်လာမည့် တန်ဖိုးနည်းဖုန်းများအတွက် လိုင်းအင်အား ၁၀.၅ သန်းအထိ နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်သော စက်ပစ္စည်းများကို တိုးချဲ့တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ ယခုနှစ် ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်အတွင်း၌ ဆောင်ရွက်မည့်လုပ်ငန်းစဉ် ၇ ခု အနက် OCS တိုးချဲ့ခြင်းလုပ်ငန်းလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း၊ နေပြည်တော်
အတွဲ (၁၄)၊ အမှတ် (၃၆)
Internet Journal

မျက်ကြည်လွှာတစ်ခုတည်းဖြင့်လူနာသုံးဦးခန့် အစားထိုးကုသနိုင်ပြီ

Posted by drmyochit Tuesday, September 17, 2013, under | No comments


မျက် ကြည်လွှာတစ်ခုကို ယခင်က လူ တစ်ဦးကိုသာ အစားထိုးကုသ နိုင်ခဲ့ရာမှ ယခုအခါတွင် ပြောင်း လဲတိုးတက်လာသော နည်းပညာ များကြောင့် မျက်ကြည်လွှာတစ် ခုကို လူသုံးဦးခန့်အား ကုသလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။မျက်ကြည်လွှာတွင် Epithetiun,Stroma,Endot heliun ဟူ၍ အပိုင်းသုံးပိုင်းရှိသည့် အထဲတွင် မကောင်းသည့်အပိုင်း ကိုသာ အစားထိုးကုသလာနိုင် ခြင်းဖြစ်ကြောင်း မျက်စိအထူး ကုဆရာဝန်ကြီးပါမောက္ခဒေါက် တာ တင်ဝင်းက ပြောသည်။

''ဆရာတို့က တစ်ချိန်တုန်း ကဆိုရင် မျက်စိဘယ်နေရာပဲထိ ထိ မျက်ကြည်လွှာတစ်ခုလုံးကို ထုတ်လိုက်တယ်။ နောက်ဟိုဘက် ကမျက်ကြည်လွှာတစ်ခုလုံးကို ယူပြီးတော့ ထည့်လိုက်တယ်။ အဲဒါကို KRP လို့ခေါ်တယ်။ ဒီ နောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတယ်။ စက်ပစ္စည်း တွေရောက်ရှိလာတော့မှ မကောင်း တဲ့အပိုင်းလေးကိုပဲအစားထိုး တော့ မျက်ကြည်လွှာတစ်ခုတည်း နဲ့ လူနာနှစ်ဦးသုံးဦးကို ကုလာနိုင် တာပါ''ဟု ပါမောက္ခ ဒေါက်တာ တင်ဝင်းက ပြေကြားသည်။

ယင်းကဲ့သို့ မျက်ကြည်လွှာ တစ်ခုတည်းမှ လူနာသုံးဦးခန့် အား အစားထိုးကုသလာနိုင်ခြင်း မှာ အမေရိကားတွင် ၂၀၀ဝပြည့် နှစ်ကတည်းက စတင်ပြုလုပ်နိုင် ခဲ့ပြီး အာရှနိုင်ငံများမှာ ၂၀၀၈ ခုနှစ်ခန့်တွင် စတင်လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းနည်းပညာနှင့် စက်ပစ္စည်း များက ယမန်နှစ်မှစတင်ပြီး ရန် ကုန်မျက်စိဆေးရုံကြီးတွင် စတင် အသုံးပြုကာ ကုသနိုင်ခြင်းဖြစ် ကြောင်း သိရသည်။

''အလှူရှင်တစ်ဦးဆီက မျက် ကြည်လွှာက ၁ဝမီလီမီတာရှိမယ် ဆိုရင် အဲဒီကနေလိုအပ်တဲ့ ခုနစ် မီလီမီတာကို အရင်ဖြတ်ပြီးတော့ လိုအပ်တဲ့နေရာ Stroma နဲ့ Epithetiun ဆိုပြီးနှစ်ပိုင်းခွဲလိုက်ပြီး လိုအပ်တဲ့လူနာနှစ်ဦးကိုပေးလိုက် တယ်။ ကျန်တဲ့သုံးမီလီမီတာကို တော့ အဲဒီအပိုင်းမှာ လိုအပ်တဲ့ လူနာနောက်တစ်ဦးကို ပေးလိုက် မယ်ဆိုရင် မျက်ကြည်လွှာတစ် ခုနဲ့ လူနာနှစ်ဦးသုံးဦးကို ကုသ ပေးနိုင်မယ်'' ဟု မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာတင်ဝင်းက ပြောသည်။

ယခုလက်ရှိအချိန်တွင် မျက် ကြည်လွှာအစားထိုးကုသခြင်း ကို နည်းနှစ်နည်းလုံးဖြင့် ကုသ နေနိုင်ပြီဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။
''မျက်ကြည်လွှာတစ်ခုလုံး လိုအပ်တဲ့လူနာကို မျက်ကြည်လွှာ တစ်ခုလုံးပေးတယ်။ မျက်ကြည် လွှာကိုလွှာပြီးတော့ လိုအပ်တဲ့ အပိုင်းလေးပဲပေးပြီးတော့ ကုသ ခြင်းဆိုတဲ့ နည်းနှစ်နည်းလုံးနဲ့ ကုသလို့ အောင်မြင်နေပါပြီ။ လှူ ဒါန်းတဲ့သူတွေက နည်းပေမယ့် အမြင်အာရုံရသွားတဲ့သူတွေက တော့ အရင်ကထက်တော့ ပိုများ လာပါပြီ''ဟုပြောသည်။

မျက်ကြည်လွှာသည် လူ တစ်ဦးသေဆုံးပြီး လေးနာရီအ တွင်းထုတ်ယူရခြင်းဖြစ်သည့်အ တွက် ရန်ကုန်နှင့်မန္တလေး မျက်စိ ဘဏ်နှစ်ခုအနေဖြင့် ၂၄ နာရီ တာဝန်ချိန်ရှိနေကြောင်း၊ လတ် တလောတွင် မျက်ကြည်လွှာအ စားထိုးကုသရန် လူနာ ၃၀၀၀ ခန့်စောင့်ဆိုင်းနေပြီး တစ်နှစ် လျှင် လှူဒါန်းသူမှာ ၁၀၀ မှ ၁၅၀ အတွင်းသာရှိကြောင်း သိရသည်။

[ ခင်သက်မွန် ၊ စက်တင်ဘာ ၆ ၊ ရန်ကုန် ]
Yangon Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်