Thursday, September 19, 2013

ချစ်သူနဲ့ လက်တွဲတော့မယ့် Nကိုင်ရာ

Posted by drmyochit Thursday, September 19, 2013, under | No comments

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

သီချင်းအေးအေးလေးများဖြင့် ပရိသတ်အားပေးမှု အခိုင်အမာရခဲ့သော အဆိုတော် Nကိုင်ရာက ချစ်သူနှင့် အောက်တိုဘာလတွင် လက်ထပ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ကချင်နှစ်ခြင်းဘုရားကျောင်း၌ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်တွင် ဆီဒိုးနား၌ မင်္ဂလာညစာစားပွဲ ပြုလုပ်မည်ဖြစ်ကြောင်း Nကိုင်ရာ က ပြောသည်။

““တောင်ကြီးမှာ သီချင်းသွားဆိုရင်းနဲ့တွေ့တာပါ။ အခု မင်္ဂလာကိစ္စနဲ့ အလုပ်ရှုပ်နေတော့ ဒါပြီးမှပဲ အခွေ ထွက်ဖြစ်မယ်ထင်တယ်”” ဟု Nကိုင်ရာက ပြောသည်။

Nကိုင်ရာ၏ ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ် ““လေဒီ ကိုင်ရာ”” ဗီစီဒီအတွက် သီချင်းလေးပုဒ်ကို တရုတ်နိုင်ငံတွင် ရိုက်ကူးခဲ့ပြီး ကျန်သီချင်းများကို ပြည်တွင်းတွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

““လေးပုဒ်က တရုတ်နိုင်ငံမှာ ရိုက်ခဲ့တယ်။ ကျန်တာတော့ ဒီမှာပဲရိုက်မယ်။ တရုတ်ပြည်က ဒါရိုက်တာနဲ့ပဲ ရိုက်ခဲ့တာ ဒီကတော့ ပါသွားတာပေါ့။ ကိုင် သီချင်းလေးပုဒ်မှာ အဲဒီရောက်တော့ သီချင်းနှစ်ပုဒ်အတွက် တရုတ် မော်ဒယ်တစ်ယောက် ငှားတယ်။ ကိုင်ပဲ သရုပ်ဆောင်ထားတယ်”” ဟု Nကိုင်ရာက ဗီစီဒီရိုက်ကူးမှု အကြောင်းကို ပြောသည်။

စီးရီးနာမည်ကို တေးသီချင်း နာမည်ပေးထားခြင်းမဟုတ်ဘဲ ““လေဒီကိုင်ရာ”” ဟု အမည်သီးသန့်ပေး ထားကာ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ျွခိုင်၊ လင်းလင်း၊ အောင်ကိုမြင့်တို့ ရေးသားပြီး ၂၀၁၂ စက်တင်ဘာလက စီဒီ ထွက်ရှိထားသည်။

7Day Dailys

တရုတ်တွင်ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲတွင် မော်ဒယ်ခင်လပြည့်ဇော် ယှဉ်ပြိုင်မည်

Posted by drmyochit Thursday, September 19, 2013, under | No comments

တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲသို့ Star & Modelအေဂျင်စီမှမော်ဒယ်ခင်လပြည့်ဇော်က မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကိုအောက်တိုဘာလ ၃ ရက်တွင်ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်း ဖြစ်သည်။

“နန်နင်းမှာကျင်းပတဲ့ အခုပြိုင်ပွဲကိုဝင်ဖို့ ဟိုဘက်ကကျွန်တော်တို့အေဂျင်စီကို ဖိတ်ကြားခဲ့ပါတယ်။ သူတို့ လှမ်းပြီး ဖိတ်ကြားတဲ့ အချိန်နဲ့ ပြိုင်ပွဲသွားရမယ့်အချိန်က အရမ်းနီးတော့တဲ့အတွက် လူရွေးပွဲရယ်လို့ သီးသန့် မလုပ်နိုင်တော့ ဘဲ အေဂျင်စီကနိုင်ငံတကာ အဆင့်မီမော်ဒယ်အနေနဲ့သတ်မှတ်ထားတဲ့ မော်ဒယ် အယောက် ၃၀ ရဲ့ဓာတ်ပုံတွေကိုပြိုင်ပွဲစီစဉ်တဲ့ သူတွေဆီပေးပို့ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။ အဲဒီထဲက ခင်လပြည့်ဇော်ကို ရွေးချယ်လိုက်တာပါ။ အဲဒီအတွက် သူ့ကိုအလှအပသာမကဘဲ၊ Personal Gromming၊ အထွေထွေဗဟုသုတွေကို အေဂျင်စီမှာ လေ့ကျင့်ပေးနေပါတယ်”ဟု Star & Model Agency မှမန်နေဂျင်းဒါရိုက်တာ ဂျွန်လွင်က ဆိုသည်။

ယင်းပြိုင်ပွဲအတွက် အထွေထွေကုန်ကျစရိတ်များကို Star အေဂျင်စီက အကုန်အကျခံကာ ဆောင်ရွက်ပေးမည်ဖြစ်သည်။ ခင်လပြည့်ဇော်သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် Star အေဂျင်စီတွင် သင်တန်းတက်ရောက်ခဲ့ပြီး ကိုရီးယားနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့် Face of Myanmar ပြိုင်ပွဲအတွက် ရွေးချယ်ခြင်း ခံခဲ့ရသူတစ်ဦးဖြစ်သည်။

“ဒီပြိုင်ပွဲက ဒုတိယမြောက်နိုင်ငံတကာပြိုင်ပွဲပါ။ ပထမဆုံးပြိုင်ပွဲက ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ASIA NEW STAR MODELS CONTANT 2012 ပါ။ အဲဒီမှာဆုမရရှိခဲ့ပါဘူး။ အခုဒီပြိုင်ပွဲကိုတော့ ပထမပြိုင်ပွဲ က အားနည်းချက်တွေကိုဖြည့်စွက်ပြီး အများကြီးပြင်ဆင်ထားပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ကို လည်း ဂရုစိုက်နေ ပါတယ်။ ဒီပြိုင်ပွဲအတွက် ယုံကြည်မှုတွေရှိနေပါတယ်” ဟု ခင်လပြည့်ဇော်က ပြောကြားလိုက်သည်။

ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၉၀ ကျော်မှ မော်ဒယ်လ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခု ၀င်ရောက်ယှဉ်ပြိုင်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

မြန်မာလူငယ်တွေအကြား ကော်ရှူတဲ့ ပြဿနာ ဆိုးဝါးလာ

Posted by drmyochit Thursday, September 19, 2013, under | No comments



မူးယစ်ဆေးဝါးတစ်မျိုးလိုပဲ လူငယ်ထုကြားမှာ သုံးစွဲမှုများလာတဲ့ ကော်ရှူတဲ့အခြေအနေဟာ အခုဆိုရင် ကျောင်းသားကျောင်းသူတွေကြားထဲအထိ ကူးစက်နေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်အထူးတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က ကယ်တင်ခြင်းတပ် အသင်းတော်မှာကျင်းပတဲ့ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့ ရဲအုပ်စန်းဦးက အခုလိုပြောပါတယ်။

“အမှိုက်ပုံတွေမှာ ပစ္စည်းအတိုအစကောက်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေပေါ့၊ မူးယစ်ဆေးဝါးကို ဝယ်မသုံးနိုင်ဘူး၊ ဒီကော်တွေကိုရှူနေတယ်၊ ရှူတော့မူးနောက်မူးနောက်ဖြစ်တယ်၊ အဲလိုကလေးတွေကစလိုက်တာ ကျောင်းသားတွေကြားထဲကို ရောက်လာတယ်”

လူငယ်တွေကြားထဲ သုံးစွဲမှုအများဆုံး ကော်အမျိုးအစားတွေကတော့ စက်ဘီးကျွတ်ဖာတဲ့ကော်၊ သစ်သားကပ်တဲ့ကော်၊ သံသတ္တုတွေ ကပ်တဲ့ကော်လို့ သိရပါတယ်။

အဲ့ဒီကော်ဗူးတွေကို အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေ၊ ကားပစ္စည်း၊ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်တွေနဲ့ သင်္ဘောဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ ရနေတာကြောင့် မူးယစ်ဆေးအစားထိုးအဖြစ် သုံးစွဲကြတာဖြစ်တယ်လို့လည်း ဒီနေ့ပွဲရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

RFA Burmese

KIA သည် ကချင်လူမျိုးများအတွက် လက်နက်ကိုင်နေခြင်းမဟုတ်

Posted by drmyochit Thursday, September 19, 2013, under | No comments

ကချင်ပြည်နယ်၊မြစ်ကြီးနားမှာ KIA နဲ့ အစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ တာဒီကနေ့ဆိုရင်(၂) ရက်ရှိသွားပါပြီ။ အခု သတင်းဆောင်းပါးရေးနေတဲ့အချိန်ထိတော့ တိကျသေချာတဲ့ အဖြေ ထွက်မလာသေးပါဘူး။ကချင် ပြည်နယ်မှာရှိကြတဲ့ တိုင်းရင်းသားတွေ အားလုံးကတော့ ငြိမ်းချမ်းရေးကပေါ်ထွက် လာမဲ့အဖြေကိုစောင့်မျှော်နေ ကြပါတယ် အနည်းဆုံးတစ်ခုအဖြစ် ကချင်ပြည်နယ်အတွင်းမှာ အပစ် အခတ်တွေရပ်စဲထားစေချင်ပါတယ်။ တိုက်ပွဲတွေမဖြစ်တော့ဘူး ဆိုတဲ့ ကတိမျိုးကို နှစ်ဘက်စလုံးကမပေးနိုင်ကြပါဘူး။ ပြည်နယ်မှာ လက်ရှိ လိုအပ်နေ တာက တိုက်ပွဲတွေမဖြစ်ဖို့ပါပဲ။ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် ရွာသားတွေဒုက္ခရောက်ပါတယ်။ သေနတ်သံကြားတာနဲ့ ပြေးလွှားပုန်းအောင်းနေရပါတယ်။ အခုလက်ရှိဆွေးနွေးပွဲက ဘာအဖြေမှ မရတဲ့အပြင် အရေးပါတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေတက်ရောက်တာမတွေ့ရပါဘူး။

ဒါကိုကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ် ဆိုတဲ့ နာမည်ကောင်းယူနေကြတာပါ။ စစ်ပွဲတွေဖြစ်လို့ ရွာတွေကို စွန့်လာရတဲ့ သူတွေရဲ့ နောင်ရေးအတွက်လည်း ဘာမှတိတိ ကျကျမဆွေးနွေးတာ မကြားရပါဘူး။ ကြားရတဲ့ သတင်းတစ်ခုကတော့ ဗိုလ်ချုပ်အက်စ်ဂွန်မော် ဟာ မြစ်ကြီးနားဆွေးနွေးပွဲကိုမလာခဲ့ပေမယ့် KIA တပ်တွေကို နည်းပညာ အကူအညီပေးနေ တဲ့နိုင်ငံခြားသားပညာရှင်တွေနဲ့လိုင်ဇာမှာ တွေ့ဆုံဆွေးနွေးနေကြောင်းသိရပါတယ်။ KIA တပ်တွေ အတွက်အဆင့်မြင့်နည်း ပညာနဲ့လက်နက်ခဲယမ်းတွေအကူအညီရဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။

စစ်တပ်တွေကို တန်ပြန်တိုင်စစ်ဆင်ဖို့အတွက် အမြဲတန်းပြင်ဆင် ထားရမှာဖြစ်သလို စစ်သားတွေကိုဖမ်းမိရင်လဲ မချမ်းဘောတိုက်ပွဲမှာ လုပ်သလိုမျိုးလုပ်ရမယ်လို့ KIA တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးထားပါတယ်။ အဲလိုမျိုးလုပ်ခဲ့ပြီးရင်လဲ ကချင်မီဒီယာတွေကနေတစ်ဆင့် KIA တပ်ဖွဲ့ရဲ့ လုပ်ရပ်မဟုတ်ကြောင်း သတင်းလက်ဦးအောင်ရှင်းလင်းရမယ်လို့လဲ ဗိုလ်ချုပ်အက်စ်ဂွန်မော် ကပြောဆိုခဲ့ပါတယ်။ ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်အများစုကတော့ စစ်တိုက်ချင်တဲ့စိတ်မရှိဘဲ စစ်တိုက်နေရတာမို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေသာ မအောင်မြင်ခဲ့ရင် လက်နက်တွေစွန့်လွှတ်ဖို့ လက်အောက်ငယ်သား အချင်းချင်း ညှိနှိုင်းနေ ကြတယ်ဆိုတဲ့သတင်းတွေလဲ ထွက်ပေါ်လာနေပါတယ်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလာမဲ့အောက်တိုဘာလပထမပတ်မှာကျင်းပမယ်လို့သတင်းရရှိ ထားပေမယ့် အဲဒီဆွေးနွေး ပွဲမှာ ဆွေးနွေးဖို့အချက်အလက်တွေတိတိကျကျထုတ်ဖော် ပြောဆိုတာတွေ မရှိသေးပါဘူး။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုKIA ကိုယ်စားလှယ်တွေတက်ရောက်မယ်၊မတက်ရောက်ဖူးဆိုတာ KIA ထိပ်တန်းခေါင်းဆောင်တွေအချင်းချင်းသဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ကချင်ပြည်နယ်လူထုအတွက်ငြိမ်းချမ်းရေးကိုထိထိရောက်ရောက်လုပ်ချင်သူရှိသလို ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ဆောင်ပြီး KIA တပ်မတော်ကို အင်အားတိုးချဲ့ရန် ပြင်ဆင်နေသူတွေလဲ ရှိနေပါတယ်။

နိုင်ငံအတွင်းမှာရှိတဲ့ အခြားသောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူ ညီချက်ရရှိပြီး KIA/KIOက ငြိမ်းချမ်းရေးမလုပ်နိုင်ဘူးဆိုရင် KIA ဟာ ကချင် လူမျိုးတွေ အတွက် လက်နက်ကိုင်ဆောင်နေတာမဟုတ်ဘူး ဆိုတာထင်ရှားသွား မှာပါ။ လက်ရှိအနေအထားမှာလည်း ကချင်ပြည်နယ်လူထုက KIA ကို အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ်ပဲ ရှုမြင်နေကြပါတယ်။ KIA ကိုကချင်လူမျိုး အချင်းချင်းမို့လို့ အားပေးနေပေမဲ့ ငြိမ်းချမ်းရေးမရဘဲ လက်နက် ဆက်ကိုင် နေတာမျိုးကိုတော့ ကချင်အများစုက သဘောမကျပါဘူး။ ဒါကြောင့်မို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ ရှေ့ ဆက်ပြီး ဆောင်ရွက်မယ့် အနေအထားကို စောင့်ကြည့်နေကြပါတယ်။ မနေ့က မြစ်ကြီးနားမှာဆွေးနွေးတဲ့ အချက်တွေ ကတော့အားရ စရာ မရှိသေးပေမယ့်ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ် ကိုစောင့်ကြည့်ရဦးမယ် လို့ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဦးမရစ်နော်ဆိုင်း က ပြောဆိုခဲ့ပါတယ်။

ထင်ကျော် (မြစ်ကြီးနား)
Shwenaingan

လူငယ်တို့ လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ လုပ်ဖြစ်စေရန်

Posted by drmyochit Thursday, September 19, 2013, under | No comments

လေ့ကျင့်ခန်း လုပ်တာဟာ စိတ်ဖိစီး မှုကို သက်သာစေတဲ့ အပြင် သက်လုံ ကောင်းကာ  အသက်ရှည်ကျန်းမာ စေပါတယ်။ ထိထိမိမိလုပ်နိုင်ရင် လုပ်နိုင် သလောက်အကျိုးကျေးဇူးခံစားရပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်ချင်ပါလျက် ရုံးအလုပ်တွေ ကျောင်းအလုပ်တွေ၊ မိ သားစု အလုပ်တွေနဲ့ မအားလပ်တဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးဖြစ် တော့ဘူး။ ဒီလိုနဲ့ မလုပ်ဖြစ်တာကနေ ဆက်လုပ်ဖို့ကို စိတ်မပါတာတွေ ဖြစ်လာ တတ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်တာ ကြာလာတဲ့အခါ ကိုယ်လက်မအီမသာ ဖြစ်တာတို့၊ ကိုယ်မှာ အဆီပိုတွေ စုလာ တာမျိုးတွေအပြင် စိတ်လှုပ်ရှားလွယ် တာတွေပါ ဖြစ်လာနိုင်တဲ့အတွက် မလုပ် ဘဲနဲ့တော့ မနေသင့်ပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းဆက်မလုပ်ဖြစ်သူတွေ၊ အ ထိုင်များသူတွေအပြင် အခုမှ စလုပ်ကြည့် မယ့် လူငယ်တွေအတွက် စနစတ် ကျ စစီ ဉ် ပြီးအချိန်ပေးနိုင်မယ့် နည်းစနစ်လေးတွေ တင်ပြလိုက်ရပါတယ်။
 
အချိန်သတ်မှတ်ပါ

တစ်ပတ်မှာ လေ့ကျင့်ခန်းဘယ်နှ ရက် လုပ်မလဲ ဆိုတာPlanဆွဲပါ။ အချိန် ဇယားလေး ချကြည့်ပါ။ ဘယ်အချိန်တွေ မှာ လုပ်မလဲ။ ဥပမာ- မနက်ပိုင်း၊ နေခင်း ပိုင်း၊ ညနေစောင်းလား ဆိုတာမျိုးပေါ့။ ဘယ်လောက်ကြာကြာလုပ်မလဲ။ နာရီ ဝက်၊ တစ်နာရီအတွင်း အပြီးလား။ တချို့ Gym တွေ (အားကစားရုံ)မှာ လုပ်ရင် တော့ သုံးနာရီ၊ လေးနာရီလောက် လုပ် ကြပါတယ်။ အချိန်ကို သတ်သတ်မှတ် မှတ် လုပ်တာဟာ ရိုးရှင်းတယ်လို့ ထင် ရပေမယ့် ဒါဟာ အခြေခံအကျဆုံးနဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။

ဖြည်းဖြည်းချင်း စလုပ်ပါ

ဘယ်ကစားနည်းကို နှစ်သက်သ လဲဆိုတာ အရင်စဉ်းစားပါ။ စလုပ်မယ့် နေ့မှာ ပြင်းပြင်းထန်ထန် မလုပ်မိပါစေ နဲ့။ အကယ်၍ သင်ဟာ အထိုင်များတဲ့ အလုပ် လုပ်ရလို့ လေ့ကျင့်ခန်း အနေနဲ့ လမ်းလျှောက်မယ် ဆိုကြပါစို့။ တစ်ပတ်ကို သုံးရက်လျှောက်မယ်ဆိုရင် တစ်ရက်စီကို ၁ဝမိနစ်လောက်နဲ့ စလျှောက်ပါ။ နောက် မှ ငါးမိနစ်စီ တိုးတိုးသွားကြည့်ပြီး အနည်း ဆုံး တစ်ပတ်ကို ငါးနာရီလျှောက်နိုင်သွား တဲ့အထိ လုပ်နိုင်ပါတယ်။ သတိထားရမှာ က စစချင်းမှာပဲအပြင်းအထန် လုပ်တာ ဟာ ကြွက်သားတွေကို နာစေတဲ့အပြင် ဆက်မလုပ်ချင်တော့ပါဘူး။

တွဲလုပ်လို့ရမယ့် အဖော်ရှာပါ

လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက် တဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။ ဒါမှ လုပ်တဲ့အခါ စိတ်ပျော်ရွှင်လာမှာပါ။

အတွေးလေးဖြင့် အိပ်ယာထပါ
မနက်စောစော အိပ်ရာထရင် လေ့ ကျင့်ခန်းလုပ်မယ်ဆိုတဲ့ အသိလေးနဲ့ နိုးထ ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ရင် ရရှိနိုင် မယ့် အကျိုးကျေးဇူးတွေကို တွေးရင်းနဲ့ ပေါ့။ ဒါ့အပြင် ကိုယ်လက်မအီမသာဖြစ် တာ၊ အလေးချိန်တက်တာအစရှိတဲ့ အ တွေးတွေကလည်း သင့်ကို လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ကူညီပါလိမ့်မယ်။

သီချင်းနားထောင်ရင် လေ့ကျင့်ပါ

ကိုယ်အကြိုက်ဆုံး သီချင်းတွေကို ဖုန်း၊ mp3 တို့နဲ့Playerlist လုပ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့ အခါ နားထောင်ပါ။ ကိုယ်ကြိုက်တဲ့အဆိုတော်ရဲ့ သီချင်း အသစ်လေးတွေ- ဥပမာ မြူးမြူးကြွကြွ လေး၊ ခံစားချက်ပါတဲ့သီချင်းတွေကို လေ့ ကျင့်ခန်းလုပ်နေတဲ့ အချိန်မှာ ကြားလိုက် ရတာဟာ သင့်ကို ပိုအားရှိစေမှာပါ။

လေ့ကျင့်ခန်း လုပ်တဲ့နေ့များကို မှတ်ထားပါ

မိမိ လေ့ကျင့်ခန်းလုပ်တဲ့နေ့တွေကို ပြက္ခဒိန်မှာမှတ်တဲ့အခါ အရောင် တောက် တဲ့ ဘောပင် ဒါမှမဟုတ် Sticker တွေနဲ့ မှတ်သင့်ပါတယ်။ အဲ့ဒါမှ ကိုယ်လုပ်တဲ့ လေကျင့်ခန်းဟာ တိုးတက်မှု ရှိ၊ မရှိ စောင့် ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အိဖြူ (ဆေးဝါးတက္ကသိုလ်)
By Good Health
REF: ရိုးရာလေး

မွေးနေ့အမှတ်တရအဖြစ် Playboy အတွက် ဓာတ်ပုံအရိုက်ခံမည့် ကိတ်မော့စ်

Posted by drmyochit Thursday, September 19, 2013, under | No comments

လာမည့်နှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ အထူးထုတ်သည် ကိတ်၏ မွေးနေ့နှင့်ရော၊ နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး၏ နှစ်(၆၀)ပြည့် မွေးနေ့နှင့်ပါ တိုက်ဆိုင်နေသည်။


သူမ၏ အသက်(၄၀)ပြည့် အမှတ်တရ အထူးအစီအစဉ်အဖြစ် Playboy မဂ္ဂဇင်းတွင် ညို့အားပြင်းပြင်း ပကတိ အလှဓာတ်ပုံ အရိုက်ခံရန် ကိတ်မော့စ်က သဘောတူညီလိုက်သည်။ လာမည့်နှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ အထူးထုတ်သည် ကိတ်၏ မွေးနေ့နှင့်ရော၊ နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး၏ နှစ်(၆၀)ပြည့် မွေးနေ့နှင့်ပါ တိုက်ဆိုင်နေသည်။ ဗြိတိသျှ နာမည်ကျော် မော်ဒယ်လ်ကို အဆိုပါ အထူးထုတ်အတွက် Playboyက ချဉ်းကပ် ကမ်းလှမ်းခဲ့ပြီး ကိတ်ကလည်း လက်ခံခဲ့ခြင်း ဖြစ်သည်။ Playboy၏ အယ်ဒီတာ ဒါရိုက်တာ ဂျင်မီဂျယ်လီနက်ခ်က လော့စ်အန်ဂျလိစ်တိုင်းမ် သတင်းစာနှင့် အင်တာဗျူးတွင် ကိတ်သည် အထူးထုတ် မဂ္ဂဇင်း၏ မျက်နှာဖုံးအတွက် အသင့်တော်ဆုံး မိန်းကလေး ဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးသွားသည်။

"Playboyဟာ တစ်ကမ္ဘာလုံး သိထားတဲ့ အမှတ်တံဆိပ် တစ်ခုပါ။ ဒီအတွက် Playboy အထူးထုတ်မှာ တစ်ကမ္ဘာလုံး လူသိများတဲ့ စံပြမော်ဒယ်လ် တစ်ယောက်ကို ကျွန်တော်တို့ လိုချင်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ အယ်ဒီတာအဖွဲ့အတွက် လူရွေးချယ်ဖို့ တွန်းအားပါပဲ။ ခုတော့ မော်ဒယ်လ် လောကရဲ့ အကြီးမားဆုံး ကြယ်ပွင့်တစ်ယောက်ကို ကျွန်တော်တို့ ရွေးချယ်နိုင်ခဲ့ပါပြီ။ Playboyရဲ့ နှစ်(၆၀)ပြည့် အစီအစဉ်အတွက် ကိတ်ဟာ လုံးဝ ပြီးပြည့်စုံတဲ့ လက်တွဲဖော် ဖြစ်ပါလိမ့်မယ်"ဟု ဂျင်မီက ပြောကြားသွားသည်။ Playboy မဂ္ဂဇင်းကို ထူထောင်သည့် ဟုဂ်ျဟက်ဖ်နာက "ကိတ်ဟာ တစ်ကမ္ဘာလုံးအဆင့် ကျော်ကြားတဲ့ နာမည်ကြီး တစ်ယောက်ပါ။ မော်ဒယ်လ်လောကရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ လိင်ဆွဲဆောင်မှု ပုံရိပ်နဲ့ အဆင့်မြင့် မော်ဒယ်လ်ဗီဇတို့ကြားက ပေါင်းကူးမှုလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုအတွက် သဘာဝအကျဆုံး သင့်တော်သူပါပဲ"ဟု မှတ်ချက်ပြုသွားသည်။

From: Planet Myanmar Network

မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းမှု စွဲချက်တင်ပြီ

Posted by drmyochit Thursday, September 19, 2013, under | No comments

အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူများရဲ့ ပုံကြမ်း

အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံ သတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။

အသက် ၂၂ အရွယ် ဓာတ်ပုံ သတင်းထောက်မလေး ဟာ မွန်ဘိုင်းမြို့လယ်က စက်ရုံဟောင်းကြီး တစ်ခုကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း အဲဒီလူတွေက တိုက် ခိုက်ပြီး ထပ်တလဲလဲ အဓမ္မ ပြုကျင့်ခဲ့ကြတာလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ငါးယောက်မြောက် မုဒိမ်းသမားက အသက် ၁၈နှစ်အောက်သာ ရှိသေးတာမို့ သူ့ကိုတော့ ကလေးတရားရုံးမှာ သီးခြား တရားစွဲဆိုဖို့ ရှိကြောင်း သိရပါတယ်။

ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူလေး တစ်ယောက်ကို အလားတူ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ခဲ့ပြီး လအနည်းငယ် အကြာမှာ ဒီအမှု ဖြစ်ခဲ့တာပါ။

အိန္ဒိယ နိုင်ငံမှာ ခုလို အမှုတွေ ထပ်မံ ဖြစ်ပွားပြီး အမျိုးသမီးတွေ လုံခြုံမှု မရှိတဲ့ အပေါ် လူတွေရဲ့ ဒေါသ တိုးပွားလာခဲ့ပါတယ်။

င်္From: BBC

နျူကလီးယားဗုံးဘယ်တော့မှမဟုတ် ဟု အီရန်သမ္မတပြောကြား

Posted by drmyochit Thursday, September 19, 2013, under | No comments


အီရန်သမ္မတရိုဟာနီကအီရန်နိုင်ငံသည်မည်သည့်အခါတွင်မျှ နျူကလီးယားဗုံးပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

၎င်းသည် သမ္မတအဖြစ် ရွေးကောက်ခံရပြီး နယူးယောက်တွင်ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေစည်းဝေးပွဲသို့ ပထမဆုံးအကြိမ် သွားရောက်မည့် အစီအစဉ်မတိုင်မီ တီဟီရန်တွင် အမေရိကန် ရုပ်သံတစ်ခုဖြစ်သည့် NBCနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့ဟာ နျူကလီးယား ဗုံးဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူး။
ကျွန်တော်တို့လုပ်မှာမဟုတ်ဘူး”ဟုမစ္စတာရိုဟာနီက ပြောကြားသည်။“ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ နျူကလီးယား အပါအဝင် ပျက်စီးမှု အကြီးစား ဖြစ်စေတဲ့ လက်နက် ဘယ်လိုပုံစံမျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူး ဆိုတာ ထပ်တလဲလဲ ပြောကြားပြီးပါပြီ” ဟု ၎င်းက ဆိုသည်။

၎င်းတို့၏ နျူကလီးယားသည့်လုံးဝငြိမ်းချမ်းသော ဆောင်ရွက်ချက်များအတွက်သာ ဖြစ်ကြောင်း ယခုကဲ့သို့ အခိုင်အမာ ပြောဆိုမှုမျိုးကို အီရန်နိုင်ငံက ယခင်ကပင်ပြောကြားဖူးသော်လည်း အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံများက နျူကလီးယား လက်နက်ထုတ်လုပ်မည်ဟု သံသယရှိနေကြပြီး တချို့ကျွမ်းကျင်သူများက လာမည့်နှစ်တွင်ပင် အကောင်အထည်ဖော်နိုင်ကြောင်း ပြောကြားသည်။
အီရန်နိုင်ငံ၏သြဇာကြီးပုဂ္ဂိုလ်အယာတိုလာအလီခါမေနီသည် နျူကလီးယားအပါအဝင် အခြားအရေးကြီးသည့် ကိစ္စရပ်များကို ထိန်းချုပ်ထားကြောင်း သိရှိထားကြရာအမေရိကန်နိုင်ငံက မေးမြန်းနေခဲ့သော မေးခွန်းတစ်ခုကိုလည်း အီရန်သမ္မတက ပြောကြားခဲ့သည်။“နျူကလီးယား စီမံကိန်းမှာ ဒီအစိုးရဟာ အာဏာကုန်ရပါတယ်။ ပြီးတော့ အခွင့်အာဏာ အပြည့်ရရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့လုံလောက်တဲ့ နိုင်ငံရေး လွတ်လပ်မှုရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိသမ္မတသည် သဘောထား တင်းမာသော အီရန်နိုင်ငံ အုပ်ချုပ်ရေးတွင် သဘောထားသင့်တင့် မျှတသည့်သူ တစ်ဦးအဖြစ် ယူဆခံရပြီး ၎င်းသမ္မတ ရွေးကောက်ပွဲဝင်ချိန်တွင် အီရန်နိုင်ငံ၏ အဓိကတင်ပို့ကုန် ဖြစ်သော ရေနံ အပေါ် ရိုက်ခတ်နေသည့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို သက်သာရာရစေမည်ဟု ကတိပြုခဲ့သူဖြစ်သည်။ဆီးရီးယားအရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် အီရန်သည် ဒေသတစ်ခုလုံးအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ဆိုးဝါးစွာပျက်စီးစေသည့် လက်နက်များကို ပပျောက်ရေးကို လိုလားကြောင်း ပြောကြားသည်။၎င်းသည် ဇွန်လအတွင်း သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရစဉ် အမေရိကန်သမ္မတ အိုဘားမားထံမှ အပြုသဘောဆောင်သည့် စာတစ်စောင် လက်ခံရရှိခဲ့ဖူးသည်။

အီရန်သမ္မတသည် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန်ရှိသော်လည်း အမေရိကန်သမ္မတ အိုဘားမားသည် အီရန်သမ္မတနှင့် ၎င်းညီလာခံတွင် တွေ့ဆုံမည် မဟုတ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ယမန်နေ့က ပြောကြားသည်။

Ref:the independent

ရိုက်မှုဖြင့်ထောင်ကျလာသူ အကျဉ်းထောင်အတွင်းသေဆုံး

Posted by drmyochit Thursday, September 19, 2013, under | No comments


၁၉၊၉၊၂၀၁၃ရက်နေ့ နံနက်(၈)နာရီ(၄၀)မိနစ်အချိန်က ကသာမြို့ အကျဉ်းထောင်အတွင်း ထောင်ကျတရားခံတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်၊

သေဆုံးသူမှာ အသက်(၃၃)နှစ်ရှိ ကိုတင်လင်း(ဘ)ဦးတင်ဝင်း ဆိုသူဖြစ်ပြီး ထောင်ဝင်အမှတ်မှာ ကသာ/၁၃/၀၄၈၇/က ဖြစ်သည်ဟု သိရပါသည်၊ကိုတင်လင်းသည်
ဝန်းသိုမြို့ အမှတ်(၁)ရပ်ကွက်တွင်နေထိုင်ခဲ့ပြီး ပုဒ်မ ၃၂၅ ဖြင့် ထောင်(၆)လ ကျခံနေရသူကြောင်းနှင့် မသေခင်က ဝေဒနာကို ပြင်းထန်စွာ ခံစားသွားခဲ့ကြောင်းသိရပါသည်၊

ကိုတင်လင်းအနေနှင့် နေမကောင်းဖြစ်နေသည်မှာ ကြာပြီဖြစ်ပြီး နေမကောင်းဖြစ်နေစဉ်အတွင်း ၁ဆောင် ၃ခန်းတွင်ထားခဲ့ကြောင်း ၊မသေခင်တစ်ရက် (၁၈)ရက်နေ့ညနေတွင်
၁ဆောင် ၃ခန်းသို့ ပြောင်းရွေ့ထားခဲ့ပြီး မကြာခင် အလုပ်ရုံ(၂)သို့ တွဲ၍ ပြောင်းရွေ့ ခဲ့ပါကြောင်းနှင့် ထိုသို့ အပြောင်းအရွေ့အကြိမ်ကြိမ်ပြုလုပ်ခဲံပြီး (၁၉)ရက် မနက် (၈)နာရီ
(၄၀)တွင် ကွယ်လွန်ခဲ့ကြောင်းတို့ကိုလည်း စုံစမ်းသိရှိရပါသည်၊ထို သေဆုံးမှုနှင့်ပါတ်သက်၍ ခေတ္တထောင်မှူးဦးဝင်းစိုးမှကသာရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ကသာရဲစခန်းမှ
သေမှုသေခင်းအမှတ် ၁၁/၂၀၁၃ဖြင့် စာရင်းသွင်းခဲ့ပြီး ကသာခရိုင်ဆေးရုံရှိ ရင်ခွဲရုံတွင် ရင်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ထားကြောင်း သတင်းရရှိခဲ့ပါသည်။

ကသာအကျဉ်းထောင်သည် ပုံမှန်အားဖြင့် အကျဉ်းသား(၄၀၀)ကျော်သာ ထားရှိရမည့် အကျဉ်းထောင်ဖြစ်သော်လည်း ယခုအခါ အကျဉ်းသား(၇၃၀)ကျော် ရှိနေသဖြင့်
ကြပ်တည်းမှုများဖြစ်ပေါ်လျှက်ရှိပါသည်၊အိပ်ဆောင်များတွင် အိပ်သောအခါ ထောင်ဘာယာများ လမ်းလျှောက်စစ်ဆေးရန် နေရာပင် မရှိသည်အထိ ဖြစ်နေရသဖြင့်
အကျဉ်းသားများ တစ်ယောက်မျက်နှာ တစ်ယောက်ကန်မိခြင်း ထိုးကြိတ်မိခြင်းတို့လည်း ဖြစ်နေရပါသည်၊ထိုသို့ နေရာနှင့် လူအင်းအား မမျှသဖြင့် အချို့အကျဉ်းသား
များကို အပြစ်မရှိဘဲ တိုက်ထဲတွင် နေရာချ ထားရှိနေကြရပါသည်၊အစားအသောက်အနေဖြင့် ကောင်းမွန်ပါသော်လည်း လူများသဖြင့် အနံ့အသက် ဆိုးဝါးလွန်းခြင်း၊
မီးပျက်သောနေ့များတွင် ပုံစံဖြင့်ချိုးရခြင်းတို့ရှိနေကြောင်းလည်း သိရှိရပါသည်။

(ဟာဂျူလီ-ကသာ)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မိုင်းများ ပြန်ထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘ၀ စိုးရိမ် စရာဖြစ်လာ

Posted by drmyochit Thursday, September 19, 2013, under | No comments


စက်တင်ဘာ ၁၉ ရက် ၂၀၁၃

ကျွန်တော်က မန်စီမြို့ခံတစ်ဦးဖြစ်ပါတယ်။ ကုန်ကားတစ်စီးထောင်ထားပြီး ဗန်းမော် - မန်စီ - ဂိုက်ထိပ် - နမ့်ခမ်း လမ်း ကြောင်းနဲ့ ဗန်းမော် - မိုးမောက် - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းမှာ ပြေးဆွဲပါတယ်။ တစ်ခါတစ်ရံမှာတော့ ကချင် လွတ်လပ်ရေးတပ်က တပ်ဖွဲ့ဝင်တွေနဲ့တွေ့ရင် ငွေပေးရတာရှိပါတယ်။ အဲဒီ လိုငွေတောင်းတာကိုသိတဲ့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ဆက်ကြေးကေက်တယ်လို့ ပြော ဆိုကြကြောင်း သိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေသခံ တွေကတော့ တောင်းရင်ပေးလိုက်ရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသက်ကို ရန်မရှာဖို့နဲ့ ကိုယ့်စီးပွားရေးကို ကောင်းကောင်းမွန်မွန် လုပ်စားနိုင် ဖို့ပါပဲ။

မနေ့က လွယ်ဂျယ်ကို ရောက်တော့ ကုန်ချရင်း ခဏနားဖြစ်တယ်။ လွယ်ဂျယ်မြို့ပေါ်မှာ ပျံ့နေတဲ့ သတင်းကြောင့် ကျွန်တော် စိတ်ပူမိတာတော့ အမှန်ပဲဗျာ။ ဒီမြို့အနောက်ဘက်သင်္ချိုင်းနားမှာ ထင်းရှာသွား တဲ့ မြို့ခံတစ်ဦး မိုင်းနင်းမိတယ်။ ကချင်တပ်က ထောင်ထားတာလို့ ပြောနေကြတယ်။ အဲဒီလူမှာ တစ်ကိုယ်လုံး ဒဏ်ရာတွေရသွားပြီး ကျန်းမာရေး ဆေးခန်း မှာ ဆေးကုနေပေမယ့် စိုးရိမ်ရတယ်လို့ သိရပါတယ်။ အကြောင်းစုံသိတဲ့ မြို့ခံတစ်ဦးရဲ့ ပြောပြပုံအရဆိုရင် အဲဒီမိုင်းထိတဲ့ လူဟာ ကျွန်တော်တို့ မန်စီမြို့နယ် ကထောင်ကျောင်းကျေးရွာဇာတိ နော်ဒင်းလို့ သိရပါတယ်။ ဒီမြို့ကို ပြောင်းလာပြီး ရပ်ကွက်(၁) ခေါက်ဆွဲဆိုင်အနီးမှာ ကြုံရာကျပန်းလုပ်ကိုင်စားနေတဲ့သူပါ။ အခုမိုင်းနင်းမိတာဆိုတော့ သူ့ဘ၀ ကတော့ တွေးရဲစရာမရှိပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ကိုယ့်ကချင်လူမျိုးအချင်းချင်း အခုလို ဒုက္ခ ရောက်ရ တာကို သိရတော့ စိတ် မကောင်း ဖြစ်ရပါတယ်။ အဓိကတရားခံဟာ ကချင်တပ်က ထောင်ထားတဲ့ မိုင်းတွေ ကြောင့်ဆိုတာ ငြင်းလို့မှ မရဘဲ။ အဲဒီ မိုင်းကြောင့် လူတစ်ယောက်ရဲ့ဘ၀ဟာ နစ်နာဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားပါပြီ။

အိမ်ကိုပြန်ရောက်တော့ မံသာရွာက အမျိုးတွေ မြို့ပေါ်ဈေးဝယ်လာကြရင်း အိမ်ကို ၀င်လာကြတယ်။ မံသာရွာနဲ့ စီမွန်း ရွာတစ်ဝိုက်မှာ ကချင်တပ်က အဖွဲ့တွေ လွန်ခဲ့တဲ့တစ်ပတ်လောက်က မိုင်းတွေလာ ထောင်ထားကြောင်း၊ ရွာသူရွာသား များကိုလည်း တောထဲမလာရန် ပြောထားသလို ကျွဲ၊ နွား များကိုလည်း တောထဲသို့ လွှတ်ကျောင်းခြင်း မပြုရန် ပြောထား ကြောင်း၊ မိုင်းနင်းမိရင် ကချင်တပ်က တာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ ကျွဲ၊ နွားနင်းမိရင် ပိုင်ရှင်က ငွေ(၅) သိန်းလျော်ကြေး ပေးရမယ်လို့ ပြောထားကြောင်း သိရပါတယ်။ လယ်တောယာတော တွေမှာ သီးနှံတွေစိုက်ထားပြီးပြီ။ အခုချိန်ပေါင်းခုတ် မြေသြဇာကျွေးဖို့ အချိန်ဖြစ်ပေမယ့် မသွားရဲတော့ ဘူးလို့ ပြောသွား ကြတယ်။

ဒီလိုသာဆက်နေရမယ်ဆိုရင် ကျွန်တော်တို့ ဒေသခံတွေရဲ့ စီးပွားရေးတွေကြပ်တည်းလာမယ်။ အသက် အန္တရာယ် အတွက် ခြိမ်းခြောက်မှုတွေရှိနေတယ်။ မိသားစုစားဝတ်နေရေးအတွက် မိရိုးဖလာလယ်ယာ လုပ်ငန်း လုပ်ဖို့တောင် အခြေအနေ မပေးဘူးဆိုရင် ဘယ်လိုဆက်ရပ်တည်ကြမလဲ။ အဓိကကတော့ အဲဒီမိုင်းတွေပါပဲ။ ကျွန်တော်တို့ ဒေသခံတွေအတွက် အဲဒီ မိုင်းအန္တရာယ်တွေက လွတ်ကင်းအောင် ဘယ်သူ့ကို အကူအညီတောင်းရမှာပါလဲ။ ကချင်တပ်က ခေါင်းဆောင်တွေက အရင်ထောင်ထားတဲ့ မိုင်းတွေ ပြန်ဖော်မပေးတဲ့အပြင် နောက်ထပ်တောင် ထောင်ထားပြန်ပြီ။ ဒါ့ကြောင့် ကချင်လွတ်လပ် ရေး တပ်မတော်က ပြန်ထောင်ထားတဲ့ မိုင်းတွေကြောင့် ကျွန်တော်တို့ ဒေသခံတွေရဲ့ လူနေမှုဘ၀ စိုးရိမ်စရာ ဖြစ်လာတာ တော့ အမှန်ပါပဲဗျာ….။

ကချင်တိုင်းရင်းသား တစ်ဦး

ရခိုင်သယံဇာတ အကျိုးခံစားခွင့် လှုပ်ရှားမှု တစ်လအတွင်း လက်မှတ် တစ်သိန်းကျော်ရ

Posted by drmyochit Thursday, September 19, 2013, under | No comments


ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သယံဇာတများ ဒေသခံလူထု ခံစားခွင့်ရရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ တစ်လအတွင်း ထောက်ခံလက်မှတ် တစ်သိန်းကျော်ရကြောင်း ရခိုင့် သယံဇာတများ အကျိုးခံစားခွင့် လှုပ်ရှားမှု ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဇောဦးက The Voice သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်စုစုပေါင်း ၁၇ ခု ရှိသည့်အနက် ခုနစ်မြို့နယ်မှာ ကောက်ခံရရှိထားသည့် စာရင်းကို ထုတ်ပြန်ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်သယံဇာတ အကျိုးခံစားခွင့် ရရှိရေးတွင် ထောက်ခံလက်မှတ်ပေါင်း သုံးသိန်းခန့် ရရှိရန် မျှော်မှန်းထားပြီး အဆိုပါ လှုပ်ရှားမှု ရလဒ်များကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်များ ထံသို့ အောက်တိုဘာလကုန်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ဦးကျော်ဇောဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် အကောင်အထည် ဖော်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အပါအဝင် စီမံကိန်းများတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများ အကျိုးခံစားခွင့် နည်းပါးပြီး စီမံကိန်းများမှာလည်း ပွင့်လင်းမြင်သာမှု အားနည်းကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

ကျောက်ဖြူမြို့တွင် အခြေစိုက်သည့် တရုတ်- မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ ကနဦးကာလပိုင်းတွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ပို့လွှတ်နေပြီး ယင်းအနက် တရုတ်နိုင်ငံသို့ ကုဗပေသန်း ၄၀၀၊ မြန်မာနိုင်ငံက ကုဗပေ သန်း ၁၀၀ ရရှိကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံက ရရှိသည့် သန်း ၁၀၀ အနက် ရခိုင်ပြည်နယ်အတွက် ကုဗပေသန်း ၂၀ သုံးစွဲမည်ဖြစ်ပြီး ကျောက်ဖြူမြို့ကို အိမ်သုံး လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်၍ အချိန်ပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေပြီ ဖြစ်သည်။

(ကောင်းဆက်နိုင်)
The Voice Weekly

သွားတိုက်တံ မရှိသည့်အခါ ခံတွင်းသန့်ရှင်းနေစေဖို့

Posted by drmyochit Thursday, September 19, 2013, under | No comments


(၁) ပီကေဝါးပါ

သစ်ကြံပိုးခေါက် (cinnamon) ပါဝင်သည့် ပီကေ သည် ပါးစပ်အတွင်းရှိဘက်တီးရီးယားများကို သေစေ သည်။ cinnamic aldehyde ဓါတ်သည် သစ်ပင်မှရသည့် အဆီ ဖြစ်ပြီးသွားပိုးစားစေသည့် ဘက်တီးရီးယားများကို နှိမ်နင်းနိုင်သည်။

(၂)သွားကိုတိုက်ချွတ်သန့်စင်နိုင် သည့်အစာများစားပါ

ကြွပ်ဆတ်သည့်အစာများသည် သွားကိုတိုက်ချွတ်သန့်စင်ပေးနိုင်သည်။ ပန်းသီး၊ မုန်လာဥ၊ တရုတ်နံနံ၊ ပြောင်းဖူးပေါက်ပေါက်စသည့် အစားအစာများသည် လည်း သွားကိုသန့်စင်ပေးနိုင်သည်။

(၃) လက်ဖက်ရည်သောက်ပါ

လက်ဖက်ရည်တွင်ပါဝင်သည့် flavanoid ဓါတ်များ သည် သွားတွင်ကပ်ငြိနေသည့် ဘက်တီးရီးယားများကို သန့်စင်ပေးနိုင်သည်။ သွားများကို ခိုင်မာစေသည့် fluoride ဓါတ်များသည် လက်ဖက်ရည်တွင် ပေါများစွာပါဝင်သည်။

(၄) ရေသောက်ပါ

တစ်နာရီတစ်ကြိမ်ခန့် ရေသောက်ပါ။ မကြာခဏ ရေအနည်းငယ်စီ သောက်ခြင်းကြောင့် ခံတွင်းရောဂါပိုး များ နည်းပါးစေပြီး သွားပေါက်ခြင်း၊ ပိုးစားခြင်း၊ သွားဖုံး ရောဂါများနှင့် ခံတွင်းနံ့ဆိုးခြင်းတို့ကို ကာကွယ်နိုင်သည်။

သီဟ RD

ဒေသခံ ပြည်သူ ၂ ဦး ကေအိုင်အေ (ကချင်) အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲပြီး ဒဏ်ရာရရှိ

Posted by drmyochit Thursday, September 19, 2013, under | No comments


၂၀၁၃ ခုနှစ် စက်တင်ဘာ လ ၁၇ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့် တွင် ဖားကန့်မြို့နယ်၊ တံ ဆီး ကျေးရွာမှ ဒေါ်လုတောင် ( ၆၀ )နှစ် နှင့် ဒေါ်အင်ဂျာ ကော့တောင် ( ၅၅ ) နှစ်တို့ နှစ်ဦး သည် မျှစ်ချိုး ရန် ဥရုချောင်း အရှေ့ဘက် ကမ်း ပွိုင့် - ၅၀၁ တောင်ကုန်း အနီး သို့ ရောက်ရှိ စဉ် ကေ အိုင်အေ ( ကချင် ) အဖွဲ့မှ ထောင်ထား သည့် ဒေသန္တရ နင်းမိုင်း ဟောင်း တစ်လုံး နင်းမိ ပေါက်ကွဲ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မိုင်း ပေါက်ကွဲ မှု ကြောင့် ဒေါ်လုတောင် ၏ ဘယ် ခြေသလုံး အရိုးကျိုး၊ ဘယ် / ညာ ခြေသလုံး ကြွက်သား မိုင်းစ ထိမှန် ဒဏ်ရာ နှင့် ဒေါ်အင်ဂျာ ကော့တောင် ၏ ညာခြေ သလုံး အရိုးကျိုး၊ ဘယ် / ညာ ခြေသလုံး ကြွက်သား မိုင်းစ ထိမှန် ဒဏ်ရာ တို့ ရရှိခဲ့ သဖြင့် နယ်မြေခံ တပ်နယ် မှ ဆေး တပ်ဖွဲ့ဖြင့် လိုအပ်သော ဆေးဝါး ကုသမှု ပြုလုပ် ၍ တံဆီး ကျေးရွာ ရှိ မော်တော်ယာဉ် ၂ စီးဖြင့် လုံးခင်း တိုက်နယ် ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ပြီး ဆေးရုံမှ လိုအပ်သော ဆေးဝါး ကုသမှု ပြု လုပ်ေ ပး ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ တွင် မြစ်ကြီးနား အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ ဆက်လ က် လွှဲပြောင်း ကုသမှု ခံယူ စေ ခဲ့ကြောင်း သိရပါသည်။

မိုင်းစ ထိမှန် ဒဏ်ရာရ ရရှိခဲ့သူ လူနာ ၂ ဦးအား နယ်မြေခံ တပ်နယ် မှ လူနာ တစ်ဦး လျှင် ၅၀၀၀၀ိ ကျပ်စီ ကူညီ ထောက်ပံ့ ပေးအပ် ခဲ့

goldenland Myanmar

တောင်ဥက္ကလာပမြို့နယ်တွင် စတိုးဆိုင်အတွင်းဝင်ရောက်ကာ ဓါးဖြင့်ထိုးသူနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

Posted by drmyochit Thursday, September 19, 2013, under | No comments


၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူနေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး အချိုရည်ဗူးနှင့် ကလေးကစားစရာ အရုပ် ၀ယ်ယူ လိုကြောင်းပြော ဆိုသဖြင့်ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ် အဆိုပါအမျိုးသားမှ
ကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်ပတ်ထားသည့် ချွန်ထက်သောအရာဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြောင်း၊ဒေါ်ခိုင်သဇင်မျိုးမှ သူခိုး၊သူခိုးဟုအော်ပြီး နောက်မှလိုက်စဉ် အဆိုပါသူမှာ ခေါင်းရင်း(၃)အိမ်
ကျော်ခန့်၌ ရပ်ထားသည့် အမှတ်မသိ ဗင်အဖြူရောင်ယာဉ်ပေါ်သို့တက်ကာ မောင်းနှင် ထွက်ပြေးသွား ခဲ့ကြောင်း၊ အစ်မဖြစ်သူဒေါ်မြင့်မြင့်ရှိန် တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊
ဝဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေရသောကြောင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်း ခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း(ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ၃၂၆ ဖြင့်အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ချက်ဖြင့် ရဲမှူးသိန်းလွင်မှအနီးကပ်ကြီးကြပ်၍ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊အရှေ့ပိုင်း ခရိုင်ရဲ တပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ အမှုနှင့်ပတ်သက်၍စုံစမ်းရရှိသည့် သတင်း အချက်အလက်များ၊ အထောက် အထား ရှာဖွေတွေ့ ရှိချက်များအရ ၁၈.၉.၂၀၁၃ ရက်နေ့တွင် ပြစ်မှုကျူး လွန်သူများဖြစ်သည့်
ကြေးစား မြင့်အေး(ဘ)ဦးဖိုးကြည်၊ (လိပ်စာအတည်တကျမရှိသူ)နှင့် ဒါးပိန်မြို့နေသူများဖြစ်သည့် စီစဉ်ပေးသူလှမောင်(ဘ)ဦးသောင်းငွေ၊ငွေပေးစေခိုင်းသူ သားအဖဖြစ်သည့် ဦးပေါက်(ခ)မြင့်လွင်၊(ဘ)ဦးပုနှင့်၎င်း၏သားဖြစ်သူ ဇင်သန့်(ခ)ဇင်သန့်အောင် တို့(၄)ဦးအား စုံစမ်းရှာဖွေကာ အသီးသီး ဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့ထံမှ ပြစ်မှုကျူးလွန် စဉ်က အသုံးပြုခဲ့သည့် စူပါရုဗင် (တက္ကစီ)ယာဉ်နှင့် အခြားဆက်စပ်သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အမှုမှ ဓါးဖြင့်ထိုးခြင်းခံရသူဒေါ်မြင့်မြင့်ရှိန်နှင့် စားသောက်ဆိုင် ကိစ္စစကားများကာတောင်ဥက္ကလာပမြို့နယ်တရားရုံးတွင်အပြန်အလှန်အမှုရင်ဆိုင်နေသူ
မြင့်လွင် (ဒေါ်မြင့်မြင့်ရှိန်၏အစ်မဖြစ်သူဒေါ်ခင်ခင်စိန်၏ခင်ပွန်း) နှင့်သားဖြစ်သူ ဇင်သန့်အောင်တို့သည် အမှုရှုံးမည် စိုးသောကြောင့် လှမောင်(မြင့်လွင်နှင့်ညီအစ်ကိုဝမ်းကွဲတော်သူ)နှင့် တိုင်ပင်ခဲ့ပြီးလှမောင် မှလူငှား၍သတ်ရန်အကြံပေးကာ မြင့်အေးနှင့် ဆက်သွယ်ပေးခဲ့ကြောင်း၊ (၆)လပိုင်းအတွင်းက လှမောင်မှ ထောက်ကြန့်လမ်းဆုံအနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်နှင့် ဇင်သန့်အောင်တို့အား မြင့်အေးနှင့်
တွေ့ဆုံပေးကာ ဒေါ်မြင့်မြင့်ရှိန်အားသတ်ရန် ငွေကျပ်သိန်း(၅၀)ဖြင့်ဈေးသတ်မှတ်ခဲ့ကြပြီး စရံအဖြစ်ငွေကျပ်(၄)သိန်းအား (၂)ခါခွဲပေးခဲ့ပြီးနောက် ဒေါ်မြင်မြင့်ရှိန်နှင့်ဈေးဆိုင်တို့အားမှတ်မိစေရန် မြင့်အေးအား (၂)ကြိမ်လိုက်လံပြသပေးခဲ့ကြောင်း၊ အချင်းဖြစ်နေ့ တွင်လှမောင်မှ
မြင့်အေး အား ဆက်သွယ်ချိန်းဆိုပြီး ဇင်သန့်အောင်မှ ၎င်းပိုင် စူပါရုဗင်(တက္ကစီ)ယာဉ်အားမောင်းနှင်ကာ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န်ဈေးရှေ့၊ သုမင်္ဂလာလမ်းပေါ်တွင် မြင့်အေးအား သွားရောက်
ခေါ်ဆောင်ခဲ့ကြောင်း၊ ဇင်သန့်အောင်မှလမ်းတွင် ၎င်း၏ယာဉ်နံပါတ်ကို တိပ်ဖြင့် ကပ်ကာအုပ်ထား ခဲ့ကြောင်း၊ ဒေါ်မြင့်မြင့်ရှိန် နေထိုင်သည့် စတိုးဆိုင်အနီး သို့မြင့်အေးအား ပို့ဆောင်ပေးကာ လှမောင် နှင့်ဇင်သန့်အောင်တို့မှ ယာဉ်ပါ်၌ အသင့်စောင့်နေခဲ့ကြကြောင်း၊မြင့်အေးမှ ဒေါ်မြင့်မြင့်ရှိန်အား ဓါးဖြင့်ထိုးခဲ့ကာ ယာဉ်ရှိရာသို့ပြန်ပြေးလာပြီး မောင်းနှင်ထွက်ပြေးလာခဲ့ကြကြောင်း၊ ယာဉ်ပေါ်၌
မြင့်အေးအား ငွေကျပ်(၅)သိန်းထပ်မံပေးခဲ့ပြီး သံသုမာလမ်းပေါ်တွင်ချထားပေးခဲ့ကြောင်း၊ လှမောင်နှင့် ဇင်သန့်အောင်တို့မှ ယာဉ်နံပါတ်တွင် ကပ်ထားသည့် တိပ်အားခွာ၍ ဒါးပိန်မြို့သို့ ပြန်ခဲ့ကြကြောင်း၊
၁၃.၉.၂၀၁၃ ရက်နေ့တွင် မြင့်လွင်မှ ငွေကျပ်သိန်း(၃၀)အား လှမောင်မှတဆင့် မြင့်အေးထံသို့ထပ်မံပေးခဲ့သည်ကို စစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် အမှုဖြင့်ဆက်လက် အရေးယူဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လွှတ်တော်အတွင်း အမတ်အချင်းချင်း ထိုးကြကြိတ်ကြ

Posted by drmyochit Thursday, September 19, 2013, under | No comments


နိုင် ဂျီးရီးယားနိုင်ငံ၏ အာဏာရပါတီ ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ် ပါတီ(ဏီဏ)တွင် အုပ်စုကွဲခဲ့ပြီး နောက် နိုင်ငံရေးသမားများ အ ပြန်အလှန် လက်သီးထိုးပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။ရက်သတ္တခုနစ်ပတ်ကြာ ရပ် နားထားခဲ့သော အောက်လွှတ် တော်အစည်းအဝေး ပြန်လည် စတင်စဉ် ယခုကဲ့သို့လက်သီးထိုး ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းများတွင်ဖော်ပြချက် အရ သမ္မတဂွတ်လပ်ဂျိုနသန်ကို သစ္စာစောင့်သိသော လွှတ်တော် အမတ်များက အော်ဟစ်လှောင် ပြောင်ရာမှ ပြိုင်ဘက်များကို မခံ မရပ်နိုင်ဖြစ်စေကာ အပြန်အလှန် လက်သီးထိုး ပွဲပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။အောက်လွှတ်တော်ရှိ အုပ် စုသစ်က သမ္မတဂျိုနသန်အနေ နှင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုး ပမ်းနေခြင်းကို လိုလားခြင်းမရှိ ကြဟု သိရသည်။ သမ္မတဂျိုနသန် က ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်ရန် ယခုအချိန်အထိပြော ကြားခြင်းမရှိသေးသော်လည်း သူ၏ဇနီးအပါအဝင် မဟာမိတ် အချို့တို့က သမ္မတဂျိုနသန်အ တွက် မဲဆွယ်စည်းရုံးမှုကိုစတင် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အဘူဂျာမြို့ရှိအောက်လွှတ် တော်တွင်း ရန်ပွဲတွင် ဝရုန်းသုန်း ကားဖြစ်ပွားနေစဉ်အတွင်း နိုင်ငံ ရေးသမားတစ်ဦးက အခြားတစ်ဦး ၏အကျÐကို ဆွဲဖြဲခဲ့သည်ဟု ဆို သည်။ လွှတ်တော်အမတ်များ၏ ရန်ပွဲသည် ၁ဝမိနစ်ခန့်ကြာမြင့်ခဲ့ သည်ဟု သိရသည်။ရုပ်မြင်သံကြားပြကွက်တွင် မူ အမျိုးသမီးအမတ်တစ်ဦးက အခြားလုပ်ဖော်ကိုင်ဖက် အမတ် တစ်ဦး၏မျက်နှာကို လက်ညှိုးဖြင့် ထိုးခဲ့သကဲ့သို့ အမတ်တစ်ဦးကမူ အခြားအမတ်တစ်ဦးကို ထိုင်ခုံဖြင့် ရိုက်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ ရသည်။

Yangon Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်