Saturday, September 21, 2013

Search Engine မှာ ကိုယ့်ဆိုဒ် ထိပ်ဆုံးပေါ်အောင် လုပ်မယ် (SEO)

Posted by drmyochit Saturday, September 21, 2013, under | No comments


SEO လို့ ခေါင်းစဉ်တပ်လိုက်ရင် လူသိပ်မသိမှာစိုးလို့ လူတိုင်း စိတ်ဝင်စားနိုင်အောင် Search Engine မှာ ကိုယ့်ဆိုဒ်ကို ထိပ်ဆုံးပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာလို့ ခေါင်းစဉ်တပ်ပေးလိုက်ပါတယ်။ ပြောမယ့် အကြောင်းအရာကတော ကိုယ့်ဝဘ်ဆိုဒ်ကို SEO ကောင်းကောင်းနဲ့ အမြဲ လူရှာလွယ်အောင် လုပ်နေဖို့ပဲ။ အဲ့လို ထိပ်ရောက်မှ ကိုယ့်ဝဘ်ဆိုဒ်ကို လူကြည့်များစေ၊ လူအဝင်အထွက် များစေမှာ ဖြစ်ပါတယ်။ ဒီတော့ Search Engine မှာ အမြဲထိပ်ရောက်စေမယ့် နည်းလမ်းကို မျှဝေ ပေးပါ့မယ်။

ဘယ်သူတွေ ဘာလုပ်လုပ်မလုပ်လုပ် Search Engine ကလုပ်တဲ့ အလုပ် ၅ ခုက ဒီလိုရှိပါတယ်။
Words Matter . Tittle Matter . Links Matters . Words in Links . Reputation

အဲ့အလုပ်ငါးခုကို Google ရဲ့  Algorithm မှာ အလုပ်လုပ်တာပါ။ တစ်စုံတစ်ယောက်က စကားလုံး တစ်ခုခုနဲ့ ရှာဖွေပြီဆိုရင် Google ရဲ့  ရှာဖွေပုံ အဆင့်ဆင့် (Algorithm) က အထပ်ပါ အတိုင်း သွားပါတယ်။

Words Matter
ခုနေ Search Engine မှာ Myanmar လို့ ရိုက်လိုက်ပြီဆိုပါစို့။ မြန်မာဆိုတဲ့ စကားလုံးကို ဘယ် ဝဘ်ဆိုဒ်များ အကြိမ်အရေအတွက် များများ အသုံးပြုထားတယ်ဆိုတာကို ရှာပါမယ်။ အဲ။ M အကြီးလား m အသေးလား ဆိုပြီးတော့တောင် ကွဲပါသေးတယ်။

Title Matter

ခေါင်းစဉ်ပေါ့။ Web Page တစ်ခုရဲ့  ခေါင်းစဉ်၊ စာပုဒ်တစ်ခုရဲ့  ခေါင်းစဉ် - Title ကို html format ကနေ Google ရဲ့  Spider က ဝင်ဖတ်သွားတာပါ။ ဒီတော့ စာလုံး အရွယ်အစား ဘယ်လောက်နဲ့ ရေးတာက အစ သေချာလိုက်မှတ်တယ်။ ဒီတော့ ခေါင်းစဉ်မှာ ကိုယ်ရှာဖွေတဲ့ စကားလုံးကို သေသေချာချာ ဖော်ပြထားမှု ရှိမရှိကို သေချာစစ်တယ်။ ဥပမာ ရှာနေတာက Myanmar ဆိုရင် Myanmar လို့ သီးသန့်ရေးထားတဲ့စာကို ဦးစာပေး စီထားပေးပြီး Myanmar’s , myanmar တို့ကိုအနောက်မှာ ဆီပေးတယ်။

Link Matters

လခ့်လေးတွေပေါ့။ ဆိုဒ်အတော်များများက ယင်းဆိုဒ်တစ်ဆိုဒ်ဆီကို ညွန်ပြတဲ့ လခ့်အရမ်းများနေရင် Search Engine က ဒါဟာ အကောင်းဆုံး၊ အမှန်ကန်ဆုံး၊ အသေချာနိုင်ဆုံး အဖြေတစ်ခုဖြစ်တယ်လို့ ဆုံးဖြတ်ပြီး ယင်း URL ကိုဖော်ပြတယ်။
Words in Links
ဥပမာ book ဆိုတဲ့စကားလုံးကို ဝဘ်ဆိုဒ်မှာရေးတဲ့သူက Amazon.com ကို Link ထိုးပေးထားရင် ကလစ်နှိပ်တဲ့အခါ amazon ကိုရောက်သွားတယ်။ အဲဒါတွေအရမ်းများတော့ နောက်ဆိုရင် Book လို့ Amazon.com ကိုအရောက်သွားစေပါတယ်။

Reputation

အကြိမ်အရေအတွက်ပေါ့။ လူအကြည့်များ၊ အရှာများလို့၊ ကလစ်အနှိပ်များတဲ့ URL /Web Page ကို Search Engine က ဦးစားပေးဖော်ပြပါတယ်။ Visit လုပ်တဲ့၊ time spend လုပ်တဲ့ အကြိမ်အရေအတွက် များလေလေ Search Engine က ဦးစားပေးဖော်ပြလေလေ ဖြစ်ပါတယ်။

အိုကေ အထပ်ပါ ရှင်းပြတဲ့အချက်တွေက Search Engine အပိုင်းမှာ ဘယ်လို အလုပ်လုပ်တယ် ဆိုတာပဲ ရှိသေးသတယ်။ ဒီတော့ Search Engine မှာ ကိုယ့် ဆိုဒ်လေး ထိပ်ဆုံးအမြဲ ရောက်အောင် SEO အမြင့်ဆုံး ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ အောက်မှာ လာပါတော့မယ်။

ခေါင်းစဉ်ကြီးအားဖြင့် Content, HTML, Architecture, Links, Trust, Social, Personal ဆိုပြီး ခွဲထားခြင်းပါသေးတယ်။

Content –
Quality - ကိုယ်ဖန်တီးရေးသားလိုက်တဲ့စာ (Content) က အရည်အသွေး ကောင်းမွန်နေရမယ်။ အရေးအသား ပြောင်မြောက်ဖို့လိုတာကိုပြောတာပါ။
Research - သုတေသန လုပ်ဖို့အချိန်ပေး။ ပုလင်းကြီးတွေနဲ့ မျက်မှန်တပ်လုပ်ဖို့ပြောတမဟုတ်ဘူး။ လူတွေက Search Engine မှာ ဘယ် Keyword ကိုအရှာများလဲ။ ဒီတော့ ငါ့ရဲ့  စာထဲမှာ လူရှာများတဲ့ ဘယ်လို စာလုံးကို ထည့်ရေးရမလဲ စဉ်းစားရတော့မယ်။ အဲ့ဒီမှာကွာတာပါ။ သာမန်စာရေးဆရာတစ်ယောက်နဲ့ SEO စာရေးဆရာ တစ်ယောက်က ဒီမှာစပြီးတော့ စကေးကွာသွားပြီ။ ဆက်ကြအုံးစို့။
Words – Research လုပ်ပြီး ရတဲ့အဖြေကို ဒီမှာထည့်သုံးရမယ်လေ။ ဒီတော့ သိပ်မပြောတော့ပါဘူး။ ဘယ်လို စကားစုသုံးရမယ်။ စာသုံးရမယ် ဘာညာပေါ့။
Engage – User Engage ဖြစ်ဖို့ပေါ့။ ကိုယ့်စာကို ခေါင်းစဉ်လေးပဲ ဖတ်ပြီး ဒိုးသွားပြီဆိုရင် ဒါ Engage မဖြစ်လို့၊ ဆိုဒ်ကို Visitor တော့ ဝင်သွားမယ်။ သို့ပေမယ့် ၃ စက္ကန့်တောင်မကြာလိုက်ဘူးဆိုရင် Count သာများသွားမယ်။ ဆိုဒ်က တိုးတက်လာမှာမဟုတ်ဘူး။ ဒီတော့ Engage ဖြစ်ဖို့ Content မှာ အိုင်ဒီယာ ကောင်းကောင်းနဲ့ ရေးသား နိုင်ရမယ်။
Thin - ကိုယ်က စာတော့ ရေးနေပြီ။ ရှယ်ကိုရေးပစ်တာ။ သို့ပေမယ့် Search Engine က ရှာဖို့အတွက် ဘယ်စာလုံး ဆွဲထုတ်ပေးရမယ်ဆိုတာကျ မသိတော့ဘူး။ ကိုယ့်အသုံးအနှုန်းတွေက အရမ်းထူးခြားနေမယ်။ ရှာမယ့်သူက အဲဒါတွေ ခေါင်းစားမခံပဲ အလွယ်စကားလုံးနဲ့ရှာတယ်။ ဒီတော့ ကိုယ့်စာက ဘောင်ကျင်းလေးထဲမှာ ရှိနေလို့ မရတော့ဘူး။
Ads – Content မှာ ကြော်ငြာတာ သိပ်မပါဖို့လိုပါတယ်။ မဖြစ်မနေပါရင်တောင် Relevant ဖြစ်မယ့် သတင်းအချက် အလက်ကို ဦးစားပေးဖော်ပြနိုင်ရမယ်။ စာတစ်ပုဒ်လုံးက ကြော်ငြာတွေချည်း၊ Link တွေချည်း ချိန်ထိုးထားရင် ဘယ်သူမှ စိတ်မဝင်စားတော့ပါဘူး။

HTML -

Title –Web Page တွေမှာ ထားရမယ့် Title က သီးသန့်ဆီ ရှိရပါမယ်။ ဘယ် အမျိုးအစားလည်း ဆိုတာကို ယေဘုယျအားဖြင့် ခွဲခြားထားဖို့ပေါ့။ ဥပမာ နည်းပညာ ဝဘ်ဆိုဒ်ဖြစ်ပါတယ်ဆိုရင် Page Title ကို Technology လို့ ပေးထားတဲ့အခါ Google က ယင်း Title ပါတဲ့ စာမျက်နှာကို ဦးစားပေးပြီး ဆွဲပေး ပါတယ်။
Description – Meta data Description ပေါ့။ စာပိုဒ်ထဲကနေ ဘယ်စာလေးတွေကို ပိုအမြင်များစေချင်လဲ ဖန်တီးသူဘက်ကို Search Engine က အခွင့်အရေးရေးပေးထားပါတယ်။ အကယ်၍ ကိုယ်က မဖြည့်ရင် Google က ဒီအဆင့်ကိုကျော်ပြီး အလုပ်လုပ်သွားမှာပါ။ ဒီတော့ ထည့်တဲ့ဆိုဒ်များက ဘယ်ချိန်ရှာရှာ ထိပ်ဆုံး ရောက်သွားရတာပေါ့။ ဒါကိုသေသေချာချာ ရေးထည့်ပေးဖို့လိုပါတယ်။
Header - စာပိုဒ်နဲ့ သက်ဆိုင်ပြီး ဆီလျော်လျောက်ပတ်တဲ့ ခေါင်စဉ်မျိုးကို ပေးနိုင်ရမယ်။ Google က Header ကိုလည်း စာအုပ်အဖုံးလို သဘောထားပြီး အသေအချာဆွဲတာ။ ကိုယ်ပေးတဲ့ ခေါင်းစဉ်က စာပိုဒ်နဲ့ သင့်လျော်အောင် မပေးနိုင်ဘူးဆိုရင် Search Engine မှာရှာလည်း ရှာတွေ့ဖို့ ခဲသွားပါမယ်။
Structure - စနစ်တကျ ဖွဲ့စည်းထားတဲ့ သတင်းအချက်အလက်များဆိုတော့ လူတွေက ဘယ်လိုလဲလို့ မေးတော့မယ်။ Search Engine က ရှာလိုက်တဲ့အခါ List နဲ့ဖော်ပြဖို့အတွက် ကိုယ့်ရဲ့  Data တည်ဆောက်ထားပုံက စနစ်တကျ ရှိရမယ်။ အဲဒါ Developer တို့လုပ်ရမယ့် အပိုင်းလည်း ပါဝင်ပါတယ်။ အလွယ်ရှင်းပြရရင် တစ်စုံတစ်ခုကို ရှာလိုက်တာနဲ့ အဲဒါနဲ့ ပက်သက်တဲ့ Preview, Authorship, Publisher အားလုံး ပါဝင်နေစေဖို့ ဖြစ်ပါတယ်။ html code မှာ edit လုပ်ရမယ့် အပိုင်း ဖြစ်ပါတယ်။
Hidden – Search Engine က html index တွေကိုစုတာ။ ဒီမှာ အရောင်တွေ၊ ဒီဇိုင်းတွေက ဖုံးနေတော့ သူရှာနေတဲ့ စာသားကို သေချာချမပြနိုင်ရင် SEO ကောင်းဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့်မို့လည်း Web Design ပိုင်းမှာလည်း SEO နဲ့ ပက်သက်တာတွေ ရှိလာပါတယ်။

Architecture –

Crawl – Search Engine က လွတ်လိုက်တဲ့ Spider က ကိုယ့် ဆိုဒ်ကို အလွယ်တကူ ဝင် Crawl နိုင်ဖို့ လိုပါတယ်။ ဒါကလည်း နည်းပညာ အပိုင်း လိုအပ်ချက်ပါ။
Speed - ဒါကလည်း Hosting, Server အပိုင်းပါသွားပါပြီ။ ဆိုဒ်ရဲ့  Loading Speed မြန်ဖို့ လိုပါတယ်။
URL – URL ပေးတဲ့အခါ ထိထိမိမိ စကားလုံး၊ တိုတိုနဲ့ ပေးနိုင်ဖို့လည်းလိုအပ်ပါတယ်။
Mobile - မိုဘိုင်းဖုန်းကနေ ဝင်ရောက်ကြည့်ရှုတဲ့အခါ လွယ်ကူမြန်ဆန်ဖို့လည်း လိုအပ် ပါသေးတယ်။

Links
Quliaty - ကိုယ့်ဆိုဒ်ကို လာချိတ်ပေးသမျှ အခြာဆိုဒ်တွေကလည်း ကွာလတီကောင်းတဲ့ဆိုဒ်တွေ ဖြစ်ရမယ်။
Text – Link ကတော့ချိတ်ပေးလိုက်ပြီ။ လိုအပ်တဲ့ သတင်းအချက်အလက် text တွေကို Point လုပ်ပေးနိုင်ရပါမယ်။
Number – Link အရေအတွက် များလေလေ Search Engine က ဦးစားပေးလေလေ ဖြစ်ပါတယ်။
Paid - ကိုယ့်ဆိုဒ် အတွက် Link ရောက်အောင် ငွေပေးပြီး ကြော်ငြာ Link ချိတ်တာမျိုးလည်း ပြုလုပ်လို့ ရပါတယ်။
Spam – Spam ဆိုလို့မလိုတာတွေ ကြဲတာမဟုတ်ပါဘူး။ ကိုယ့်ဆိုဒ် Link တွေကို Forum, blog နဲ့အခြားနေရာတွေဆီကို အရောက်ပို့ပေးနိုင်ဖို့ ဖြစ်ပါတယ်။

Trust

Authority - ကိုယ့်ဆိုဒ်ကော၊ ကိုယ့်ဆိုဒ်ကို ရှဲပေးတဲ့ အဖွဲ့အစည်းက Trusted Authority ဖြစ်ဖို့လိုအပ်ပါသေးတယ်။
Social –
အဓိက ပြောရမယ့် ခေါင်းစဉ်ငယ်တစ်ခုပါ။ လက်ရှိမှာ Facebook ဟာ ဝဘ်ဆိုဒ်တိုင်းအတွက် အားကိုးလို့ အရဆုံး Social Network နေရာတစ်ခုဖြစ်ပြီး ကိုယ့်ဆိုဒ်အတွက် ကြော်ငြာဖို့ အသုံးပြုနိုင်ပါတယ်။ ဒီမှာ Share and Reputation လုပ်ဖို့ လိုအပ်ပါတယ်။

Personal –
ဘယ်နိုင်ငံအတွက်ရည်ရါယ်လည်း၊ ဘယ်အချိန်ရှာရှာပြန်ရနိုင်မလဲ၊ ဘယ်ဒေသလဲ။ ဘယ်ဆိုရှယ်ကို ဦးတည်သလဲ အစရှိသဖြင့် ခွဲခြားဖို့လည်း လိုအပ်ပါသေးတယ်။

အနှစ်ချုပ်

SEO content ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့အနေအထားတော့ မဟုတ်ပါဘူး။ သို့ပေမယ့် လူတိုင်း ဒီအခြေခံချက်တွေကိုသိထားရင် ဖန်တီးနိုင်ပါတယ်။ အင်္ဂလိပ်လိုကော၊ မြန်မာလိုကော ရေးတတ်ထားဖို့လိုအပ်ပါတယ်။ SEO ကောင်းကောင်းများ ဖန်တီးနိုင်ဖို့ ရေးသားမျှဝေ ပေးလိုက် ရပါတယ်။
.
Ref: search
အောင်ခမ်း ( TSJ Team)
TechSpace Journal

အာဖဂန် လွှတ်တော်အမတ် တာလီဘန်ဘက် ခိုလှုံ

Posted by drmyochit Saturday, September 21, 2013, under | No comments


အာဖဂန် လွှတ်တော် အမတ်ဟောင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သူ အဒူဟိုင်းသည် နိုင်ငံမြောက်ပိုင်း ဆာအီပို ပြည်နယ်တွင်းရှိ တာလီဘန် တပ်ဖွဲ့ဝင်များထံသို့ ဘက်ပြောင်း ခိုလှုံသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဒူဟိုင်းသည် အာဖဂန် လွှတ်တော်အမတ်အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဆာအီပို ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

ယင်းခိုလှုံမှုသည် အာဖဂန်အရပ်သား အရာရှိများထဲမှ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦး တာလီဘန်ဘက်သို့ ဘက်ပြောင်းမှု ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံမှ နိုင်ငံခြားတပ်ဖွဲ့ဝင်များ ၂၀၁၄ ခုနှစ်တွင် ပြန်လည် ဆုတ်ခွာရန် ပြင်ဆင်နေချိန်နှင့် ၂၀၁၃ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေချိန်တွင် အဒူဟိုင်း၏ ဘက်ပြောင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မည်သည့် အတွက်ကြောင့် အဒူဟိုင်း ဘက်ပြောင်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း ၎င်း၏ ခိုလှုံမှုကို အာဖဂန် အရာရှိများက လျှော့ချ ပြောကြားသွားပြီး အဒူဟိုင်း၏ သြဇာအာဏာ လွှမ်းမိုးမှုမှာလည်း ပြောပလောက်အောင် မရှိကြောင်း မှတ်ချက်ပြုသည်။
“သူဘက်ပြောင်းသွား တဲ့အတွက် ပြည်နယ်တွင်းက လူတွေအပေါ် ဘယ်လိုမှ သက်ရောက်မှု မရှိပါဘူး။ သြဇာကြီးတဲ့ လူတစ်ယောက်လည်း မဟုတ်ပါဘူး” ဟု ဆာအီပိုပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဒတ်တေယာက ပြောကြားသည်။

အဒူဟိုင်း ဘက်ပြောင်း ခိုလှုံမှုကို တာလီဘန်များက ချီးကျူး ပြောကြားလိုက်ပြီး မိမိတို့အတွက် အောင်ပွဲတစ်ရပ် ဖြစ်ကြောင်း၊ ပြည်နယ်တွင်း မိမိတို့ လှုပ်ရှား ဆောင်ရွက်နေခြင်းကြောင့် ဘက်ပြောင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း တာလီဘန် အဖွဲ့က ထုတ်ပြန်သည်။

တာလီဘန် အွန်လိုင်း ဝက်ဘ်ဆိုက်တွင် အဒူဟိုင်း၏ ဗီဒီယို ပေါ်ထွက်လာပြီး မိမိသည် မူဂျာဟစ်ဒင် တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ကြောင်း၊ ကဘူးမြို့တော်တွင်း လေးနှစ်တာ တာဝန် ထမ်းဆောင်ရာတွင် အကျင့်ပျက် လာဘ်စားနေသည့် အစိုးရ အဖွဲ့ကိုသာ ကြုံတွေ့ခဲ့ရကြောင်း အဒူဟိုင်းက ပြောကြားသည်။

ယင်းကဲ့သို့သော ထုတ်ပြန်ချက်များကို အသုံးပြုပြီး တာလီဘန်အဖွဲ့၏ ဝါဒဖြန့်ချိရေး တိုးမြှင့်နိုင်ရန် ကြိုးပမ်းနိုင်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တာလီဘန်များ အာဏာရနေစဉ် အချိန်မှစ၍ အဒူဟိုင်းနှင့် အဆက်အသွယ် ရှိကြောင်း ဆာဆီပို ပြည်နယ်တွင်း အဒူဟိုင်း သြဇာလွှမ်းမိုးသော ကျေးရွာ ၂၀ မှ ၃၀ ခန့်ထိ ရှိကြောင်း အဒူဟိုင်းအကြောင်း အသေးစိတ်သိသူ လွှတ်တော်အမတ်ဟောင်း အဒူခါဘာက မှတ်ချက်ပြုသည်။

တာလီဘန်တို့က အဒူဟိုင်း သြဇာကို အသုံးချပြီး အဆိုပါဒေသများအတွင်း ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်မှုများကို နှောင့်ယှက်နိုင်ကြောင်း ၎င်းကသတိပေးသည်။

ဆာအီပိုပြည်နယ်သည် အာဖဂန်နိုင်ငံ မြောက်ပိုင်းရှိ တောင်တန်း ထူထပ်သော ပြည်နယ်တစ်ခုဖြစ်ပြီး တာလီဘန် တပ်ဖွဲ့ဝင် လှုပ်ရှားမှု အနည်းငယ်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း ဆာအီပိုဒေသ၌ တာလီဘန်အဖွဲ့၏ အကြမ်းဖက်မှုများ တိုးပွားလာခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်း တာလီဘန်ဘက်သို့ ဘက်ပြောင်းခိုလှုံမှု အမြောက်အမြား ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့တပ်မှူးနှင့် အရာရှိငယ် ၁၃ ဦးနှင့် ရဲတပ်သား ၁၁ ဦး ဘက်ပြောင်းခိုလှုံမှု စသည့်ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

The Voice Weekly

ကျွန်းစုမြို့၌ ဦးခေါင်းခွံနှင့် မျက်လုံးပေါက်မပါရှိသော ကလေးငယ်တစ်ဦး မွေးဖွား

Posted by drmyochit Saturday, September 21, 2013, under | No comments

မြိတ် စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ သဇင်လမ်းနေ ဦးကျော်စွာမင်း၏ ဇနီးဖြစ်သူ မသူဇာဝင်း (၂၇)နှစ်၊ (ဘ) ဦးမြင့်အေး၊ ကျဘမ်းလုပ်ကိုင်သူသည် စက်တင်ဘာလ (၁၉)ရက်နေ့ ည (၉း၄၈)နာရီအချိန်ခန့်တွင် နေအိမ်၌ အရပ်လက်သည်ဖြင့် သမီးမိန်းကလေးတစ်ဦးမွေးဖွားခဲ့ရာ အဆိုပါကလေးငယ်တွင် ခြေလက်အင်္ဂါပြည့်စုံစွာပါရှိသော်လည်း ဦးခေါင်းငယ်ထိပ် ဦးခေါင်းခွံမပါရှိဘဲ မျက်စိပေါက်အရာသာ ပါရှိကြောင်း၊ကလေးငယ်၏ နှာခေါင်းမှာလည်း ပီပြင်စွာမပါရှိဘဲ ပါးစပ်ပေါက်နှင့် တဆက်တည်းဖြစ်လျှက် နှုတ်ခမ်းကွဲနေကာ မွေးဖွားလာခဲ့ကြောင်း သိရသည်။

၎င်းမိခင်နှင့်ကလေးအား ထိုနေ့ည (၁၀း၃၀)နာရီအချိန်ခန့်တွင် နေအိမ်မှ ကျွန်းစုမြို့နယ် ပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ ကလေးငယ်အား စက်တင်ဘာလ (၂၁) ရက်နေ့အထိ အောက်စီဂျင် ပေးထား၍ အသက်ရှင်လျှက်ရှိပြီး ကျွန်းစုမြို့နယ် ဒေသခံပြည်သူများမှ ၄င်းကလေးငယ်အား လာရောက်ကြည့်ရှုလျှက်ရှိကြောင်း သတင်းရရှိသည်။

Tanintharyi Thar



ယုဇနဥယျာဉ်မြို့တော်အတွင်းမှ လူမနေသည့် တိုက်ခန်းများအမည်ဖြင့် မဲပေါက် နေသည့်ကိစ္စကို လွှတ်တော်တွင် မေးမည်

Posted by drmyochit Saturday, September 21, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊အမှတ် (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့ တော်၌ (CDMA-800) တန်ဖိုး နည်းဖုန်းများသည် လူမနေသည့် တိုက်ခန်းများအမည်ဖြင့် မဲပေါက် နေသည့်ကိစ္စကို လာမည့်ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေး သွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

““သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တွေက အရွေး အကောက်ခံရပြီးရင် သက်ဆိုင် ရာ မဲဆန္ဒနယ်ရဲ့လူထုကိစ္စတာဝန် တွေကို လုပ်ပေးရမယ်”” ဟု ၎င်း ကပြောသည်။
““ကျွန်တော်တို့အခုလုပ်ပေး နေတာကတော့ ကျွန်တော်တို့ အကန့်အသတ်ရှိပေမဲ့ ဒဂုံဆိပ် ကမ်းမှာ ဘာပြောပြောကျွန်တော် တို့ပါတီရုံးခွဲဖွင့်နိုင်တဲ့အတွက် ဒဂုံ ဆိပ်ကမ်းကလူထုရဲ့အခက်အခဲ တွေကို ကျွန်တော်တို့ဖြေရှင်းပေး နိုင်တာပါ။ အဲဒီတော့ သမ္မတကြီး ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေး အောက်ခြေကိုရောက်လား၊မရောက် ဘူးလားဆိုတာ တကယ်မြို့နယ် တွေ၊ ရပ်ကွက်တွေမှာဖြစ်နေတဲ့ လူထုပြဿနာတွေကနေအဆုံး အဖြတ်ပေးမှာပါ။

  ကျွန်တော်တို့ ပါတီအနေနဲ့ရော၊ကျွန်တော့်အနေ နဲ့ရော၊ ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ရော တင်ပြထားတဲ့လူထုအခက်အခဲကို ကျွန်တော်မှတ်ထားမှာပါ။ ဖုန်း ကိစ္စက (၅) လ၊ (၆) လကြာပြီ။ အရေးမယူဘူး။ ဒါကြောင့် လွှတ်တော်မှာကြယ်ပွင့်ပြမေးခွန်း မေးပေးပါမယ်။ရပ်ကွက်အုပ်ချုပ် ရေးမှူးရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ဟာ ကတော့အခုဥပဒေအရကိုသူ့ကို ဖြုတ်နိုင်တယ်။ တာဝန်ကရပ်နိုင် တယ်။ အဲဒီလိုလုပ်ဖို့ ဥပဒေနည်း လမ်းနဲ့အညီဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ပါတီအနေနဲ့ လွှတ် တော်ကိုယ်စားလှယ်များအနေနဲ့ ဆောင်ရွက်ပေးပါမယ်”” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်က ထပ်မံပြောသည်။

ယဉ်ပပထွန်း-ညီညီအောင်
HOT NEWS

"မွတ်ဆလင်ကုလား၏ ကြံရည်တစ်ခွက်ကြောင့် ဘဝပျက်လုနီးပါးဖြစ်နေသည့် ဗမာမိန်းကလေး" (သို့မဟုတ်) “သတိထားရမည့် မွတ်ဆလင်တို့၏ အစားအသောက်များ”

Posted by drmyochit Saturday, September 21, 2013, under | 1 comment


ကျန်ခဲ့တဲ့ (၂)ရက်ခန့်က စာရေးသူထံသို့ ဒကာမနှစ်ယောက်နှင့် ဒကာနှစ်ယောက်ရောက်လာပါတယ်။ စာရေး သူအား လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီး ဟိုအကြောင်း ဒီအကြောင်းပြောရင်းက ထို ဒကာ ဒကာမတို့ ရုံးမှာ အလုပ် လုပ်နေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ပြောပြပါတယ်။ အဲဒီမိန်းကလေးရဲ့ ဖြစ်ရပ် က အတော့်ကို ဆိုးဝါးနေပြီလို့ဆိုရပါမယ်။ မိန်းကလေးက ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ မွတ်ဆလင် ကုလားတွေရဲ့ အကြောင်းကို ကောင်းကောင်းသိသူမို့ မွတ်ဆလင်ကုလားများအား ရွံမုန်းနေသူ တစ်ယောက်ပါ။

ဒါပေမယ့် အမှတ်မထင် မွတ်ဆလင်ကုလားတစ်ဦးနှင့် သူငယ်ချင်း ဖြစ်သွားတယ်လို့ သိရပါတယ်။ သူငယ် ချင်းဖြစ် သည့် အလျှောက် တစ်နေ့မှာ မွတ်ဆလင်ကုလားက ထိုမိန်းကလေးအား ကြံရည်တစ်ခွက် တိုက် သည်ဟု သိရပါတယ်။ အဲဒီကြံရည်သောက်ပြီးတည်းက အဲဒီမိန်းကလေးဟာ မွတ်ဆလင်ကုလားရဲ့ လှည့်ကွက် ထဲကိုရောက် သွားတယ်လို့ ဆိုရပါမယ်။ မွတ်ဆလင်ကုလားကို စွဲစွဲလန်းလန်းဖြစ်သွားတဲ့ အထိ ဖြစ်နေပါပြီ။ မိန်းကလေးရဲ့ သူငယ်ချင်း အပေါင်းအသင်းများက ဝိုင်းဝန်းနားချသော်လည်း မွတ်ဆလင်တို့ရဲ့ ယုတ်မာမှုကို သူကိုယ်တိုင်သိနေပါတယ်တဲ့။ ဒါပေမယ့် သူက အဲဒီမွတ်ဆလင်ကုလားကို ဘယ်လိုမှ ဖြတ်လို့ မရဘူးတဲ့။ အပေါင်းအသင်းသူငယ်ချင်းတွေက ခါးခါးသီးသီးဆုံးမသောကြောင့် မျက်ရည်များပင် ကျသည်ဟု သိရှိပါတယ်။ ဒါပေမယ့် မွတ်ဆလင်ကုလားရဲ့ယုတ်မာတဲ့ အကြံနဲ့တိုက်တဲ့ ကြံရည်တစ်ခွက်ကို ယုံကြည် လွယ်စွာ သောက်မိခဲ့လေသောကြောင့် ထိုမွတ်ဆလင်ကုလားကို ဘယ်လိုနည်းနဲ့မှ ဖြတ်လို့မရတဲ့ အထိ ဖြစ်နေ ပါတယ်။ မိန်းကလေးရဲ့ မိဘတွေ အစ်ကိုတွေ မောင်တွေက ကြိမ်းမောင်းပါသော်လည်း ဘယ်လို မှဖြတ်မရ တဲ့ အထိကို ဖြစ်နေပါတယ်။ စာရေးသူ အတော့်ကို စိတ်ထိခိုက်ရပါတယ်။ ထိုမိန်းကလေးနဲ့ တွေ့ဖို့အ တွက်လည်း ကြိုးပမ်းနေပါတယ်။

ဒီအချက်အလက်များကို ထောက်ဆကြည့်ရင် စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များအား မွတ်ဆလင်ကုလားတွေ ရောင်းချတဲ့ ဆိုင်များ ကိုဈေး မဝယ်စေခြင်း၊ မွတ်ဆလင်ကုလားများနှင့်အပေါင်းအသင်းမလုပ်စေခြင်း၊ မွတ်ဆလင် ကုလား များနှင့် အိမ်ထောင်မပြုစေခြင်းများကို တိုက်တွန်းနေခြင်းဟာ ဒီလိုဆိုကျိုးတွေနဲ့ ကြုံတွေ့မှာ စိုးသောကြောင့်ရယ်၊ သူတို့ဘာသာကိုအားပေးသလိုဖြစ်ပြီး ကိုယ့်ဘာသာကို ချိုးနှိမ် ရာရောက်သောကြောင့်ရယ်၊ သူတို့စီးပွားရေးကိုအားပေးသလိုဖြစ်ပြီး ကိုယ့်ဘာသာဝင်တို့ရဲ့ စီးပွားရေးကို အားနည်းအောင် လုပ်သလိုရယ်ကြောင့်ပင်ဖြစ်ပါတယ်။ သူတို့ရောင်းချတဲ့ဆိုင်တွေမှာ ဈေးဝယ်ခြင်းဟာ ကိုယ့်ဘာသာကိုဖျက်စီးနိုင်ဖို့ အားပေးရာရောက်သလို၊ မကောင်းတဲ့ ဆေးဝါးများထည့်သွင်းထားတဲ့ အစားအသောက်တွေကို စားသုံးမိပါလျှင် အထက်ကပြောခဲ့တဲ့ မိန်းကလေးလို အဖြစ်မျိုး ကြုံတွေ့မည် သာဖြစ် ပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ဆိုင်မှာ လုံးဝ အားမပေးကြပါနဲ့။ သူတို့နဲ့ ဘာကြောင့် အပေါင်း အသင်း မလုပ်စေ ချင်တာလည်းဆိုတဲ့ အချက်ကလည်း ရှင်းနေပါတယ်။ အထက်က မိန်းကလေးဟာ သူတို့ဘာ သာဝင်နဲ့သာ အကယ်၍ အပေါင်းအသင်း မလုပ်မိပါက ထိုအဖြစ်မျိုး ကြုံတွေ့ရမည်မဟုတ်ပေ။ အခုတော့ မွတ်ဆလင်ဘာသာဝင်နဲ့ အပေါင်းအသင်း ဖြစ်လေသောကြောင့် ရင်းနှီးမှုအရ မွတ်ဆလင်ကုလားရဲ့ ကြံရည်တစ်ခွက်ကို ယုံကြည်လွယ်စွာ သောက်သုံးမိလေသောကြောင့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ အဖြစ်ဆိုးကို ကြုံတွေ့နေရပါပြီ။ သူတို့ဘာသာဝင်နဲ့ ရင်းနှီးပြီဆိုလျှင် ရာခိုင်နှုန်း ၇၅ သူတို့လက်ထဲရောက်မည်သာဖြစ်ပါတယ်။

အိမ်ထောင်မပြုစေခြင်းကတော့ အဓိကရှောင်ကြဉ်ရမည့်အချက်ပင်ဖြစ်ပါတယ်။ သူတို့ဘာသာဝင်နဲ့ လက်ထပ်မိပါလျှင် မရခင်က မင်းလည်းမင်းကြိုက်တဲ့ဘာသာကိုးကွယ် ငါလည်းငါကြိုက်တဲ့ ဘာသာကိုးကွယ်မယ်ဟု လျာအရိုးမရှိတိုင်း မရှက်ကင်းမဲ့စွာ မုသာကိုရေလိုသုံး စကောလောက်မှ စောက်မနက်တဲ့ အကြံဆိုးနှင့် သွေးဆောင်ဖျားယောင်းပြီး ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်းခဲ့ပေမယ့် ရပြီးရင်တော့ အသေခံမလား၊ ဘာသာပြောင်းမလားဆိုပြီး ဓားမိုးကာ အတင်းအဓမ္မဘာသာပြောင်း ခိုင်းခဲ့တာတွေဟာ အားလုံးအသိပင်ဖြစ်ပါတယ်။

ယခုအဖြစ်ဆိုးနဲ့ကြုံတွေ့နေရတဲ့ မိန်းကလေးကို သခန်းစာယူပြီး ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများ မွတ်ဆလင်ကုလားများနှင့် အပေါင်းအသင်းမလုပ်ကြပါနဲ့လို့တိုက်တွန်းချင်ပါတယ်။ ထိုမှတဖန် သူတို့ကျွေးတဲ့ သူတို့တိုက်တဲ့ အစားအသောက်များကိုလည်း မစားကြ၊ မသောက်ကြပါနဲ့လို့ ထပ်မံ၍ တိုက်တွန်းလိုပါတယ်။ အချုပ်အားဖြင့် အထက်က မိန်းကလေးရဲ့ဖြစ်ရပ်ဟာ တကယ့်ဖြစ်ရပ်မှန်ပါ။ ထိုမိန်းကလေးလိုအဖြစ်ဆိုးမျိုးမကြုံတွေရလေအောင်
မွတ်ဆလင်တို့၏ဆိုင်များမှာ ဈေးမဝယ်ကြပါနဲ့။

မွတ်ဆလင်များနှင့် အပေါင်းအသင်း သူငယ်ချင်း အဖြစ် မပေါင်းသင်းကြပါနဲ့။
မွတ်ဆလင်ကုလားများနှင့် အိမ်ထောင်ပြုမှုများကို ရှောင်ကြဉ်ပြီး ဗုဒ္ဓဘာသာဝင်အချင်းချင်း စီးပွားရေး လူမှုရေး အိမ်ထောင်ရေးကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရောင်းဝယ် ဆက်ဆံ ပေါင်းသင်း နေထိုင်ကြဟု အနူးအညွတ်တိုက်တွန်းလိုက်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး မိမိအကျိုး သူတစ်ပါးအကျိုး လောကအကျိုး သာသနာ့အကျိုးကို ဆထက်တိုးပြီး ဆောင်ရွတ်နိုင်ကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ရွာသားများနှင့် ရဲများ ပဋိပက္ခဖြစ်ခဲ့မှု ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံဝတ် ဝင်ဖမ်းခြင်း မရှိဟုဆို

Posted by drmyochit Saturday, September 21, 2013, under | No comments

နေပြည်တော်၊ စက်တင်ဘာ ၂၀

နေပြည်တော် ပုဗ္ဗသီရိ အပူပိုင်း စိမ်းလန်းစိုပြည်ရေး စီမံကိန်းဝင်းအတွင်း စိုက်ပျိုးထားသည့် ယူကလစ်ပင်များ ဝင်ခုတ်မှုဖြင့် ဝဲကြီးရွာသားလေးဦးကို ဖမ်းဆီးရာမှ ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ခဲ့မှုတွင် ကျေးရွာကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံဝတ်ဆင်ကာ ဖမ်းဆီးမှုတွင် ပါဝင်သည်ဆိုသည့် ကောလာဟလမှာ မမှန်ကန်ကြောင်း ပုဗ္ဗသီရိမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သို့သော် ရဲတပ်ဖွဲ့၏ ဝင်ရောက် ဖမ်းဆီးမှုခံရသူ ဦးဇော်လတ်ကမူ ကျေးရွာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံ ဝတ်ဆင်ကာ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် ပူးပေါင်းပြီး ၎င်းတို့ကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ပြောကြားသည်။
“ကျွန်တော့်ကို ရဲတစ်ယောက်က ဖမ်းထားပြီး လည်ပင်းကို တက်နင်းထားတယ်” ဟု ၎င်းက ဆိုသည်။

ယူကလစ်ပင်များ ခုတ်မှုဖြင့် သက်ဆိုင်ရာက ဖမ်းဝရမ်း ထုတ်ထားသည့် ဝဲကြီးရွာသားများဖြစ်သော ဦးဇော်လတ်၊ ဦးထွန်းထွန်း၊ ဦးဝင်းနိုင်နှင့် ဦးဝင်းကြည်တို့ကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင် ၃၀ တို့က ဝင်ရောက် ဖမ်းဆီးစဉ် ဝဲကြီး ကျေးရွာအုပ်စုတွင် ပါဝင်သည့် အင်းတိမ်ကျေးရွာ ကြံ့ခိုင်ရေး စည်းရုံးရေးမှူးသည် ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်၍ ဝင်ရောက် ဖမ်းဆီးရာတွင် ပါဝင်သည်ကို သက်သေနှင့် တကွ ပြောနိုင်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ခြင်ထောင်များ လှန်ပြီး ဖမ်းကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ညအချိန်မတော် လာရောက် ဖမ်းဆီးမှုကြောင့် ယင်းကျေးရွာသားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးသည့်နောက် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ကြံ့ခိုင်ရေး စည်းရုံးရေးမှူးလည်း ပြန်လည် လိုက်ပါသွားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဝဲကြီးကျေးရွာနေ ဒေါ်စန္ဒာလှိုင်ကလည်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်ဝတ်စုံ ဝတ်ဆင်ပြီး လိုက်ပါလာသည့် ကျေးရွာကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူးကို မိမိပိုင်ခြံဝင်း အတွင်းမှ တွေ့မြင်ခဲ့ရသည်ဟု ပြောကြားသည်။

ယင်းသို့ ဝင်ရောက် ဖမ်းဆီးမှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အချို့ကို ရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ ကြိုးဖြင့် တုပ်နှောင်မှုများ ပြုလုပ်ခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရဲဝန်ထမ်း ၃၀ ခန့်ကို ရွာသားများက ပြန်လည် ရန်ပြုခဲ့သည်အတွက် ပျဉ်းမနား ရဲစခန်း၊ လယ်ဝေးရဲစခန်း ကြည်တောင်ကန်ကျေးရွာ ရဲစခန်းမှ ရဲတပ်ဖွဲ့အင်အား ရယူကာ သွားရောက် ကယ်ဆယ်ခဲ့ရကြောင်း အဆိုပါ ရဲစခန်းမှ ဒုရဲအုပ်စိုးငြိမ်း၏ အဆိုအရ သိရသည်။

ဝဲကြီးကျေးရွာသားများကို အင်အားသုံး ဖမ်းဆီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို The Voice က ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့သည် သစ်ပင်ခုတ်မှု၊ မြေကျူးကျော်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က အမှုဖွင့်ထားကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည်ဟု ဦးရဲထွဋ်က ဆိုသည်။

ဝဲကြီးကျေးရွာသား လေးဦးကို မြေယာကိစ္စနှင့် ပတ်သက်၍ ဇေယျာသီရိ မြို့နယ်တွင် ရဲစခန်းမှ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်းနှင့် ၎င်းရဲစခန်းမှ အမှုဖွင့်ထားသော တရားခံများသည် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာတွင် ရှိသဖြင့် မိမိတို့ ရဲစခန်းများမှ အင်အားအနေဖြင့်သာ ကူညီခဲ့ပြီး အရပ်သားများကို ရဲဝတ်စုံဝတ်ပြီး ဖမ်းဆီးခိုင်းခြင်း မရှိဟု ကြည်တောင်ကန်ကျေးရွာ ရဲစခန်းမှ ဒုရဲအုပ်စိုးငြိမ်းက ပြောကြားသည်။

၎င်းဝဲကြီးကျေးရွာ ဖြစ်စဉ်တွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများ ပါဝင်ပတ်သက်သည် ဆိုသည်မှာ သတင်းအမှားသာ ဖြစ်ကြောင်း ၎င်းကျေးရွာများမှ စည်းရုံးရေးမှူးများကလည်း ၎င်းတို့ မပါဝင်ကြောင်း သတင်းပို့လာသည့်အပြင် အခင်းဖြစ်ပွားသည့် နောက်တစ်ရက်တွင် မိမိတို့ပါတီ ကျေးရွာ စည်းရုံးရေးမှူးများကို ယင်းကိစ္စတွင် မပါဝင်ရန် ထပ်မံညွှန်ကြားထားသည်ဟု ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်ကြိုင်က ပြောကြားသည်။

တရားဝင် ဖမ်းဝရမ်းထုတ်ထားသည် ဆိုသော်လည်း ညအချိန်မတော်တွင် သူပုန်စခန်း အလစ်ဝင်စီးသကဲ့သို့ ဝင်ရောက် ဖမ်းဆီးသည့်အပြင် မဆိုင်သည့် မိသားစုဝင်များကိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်ပြီး ပြည်သူလူထု၏ ယုံကြည်လေးစားမှု ပျက်ယွင်းစေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

The Voice Weekly
နေပြည်တော် ပုဗ္ဗသီရိမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား။ ဓါတ်ပုံ - RFA Burmese

"... လူပြောများနေတဲ့ ဗီဒီယိုဖိုင် ဆီဒိုးနား စုံစမ်းစစ်ဆေးနေ ..."

Posted by drmyochit Saturday, September 21, 2013, under | 1 comment


Facebook နှင့် အင်တာနက် ၀က်ဘ်ဆိုက်များပေါ်တွင် ဟိုတယ်ခန်းတခုအတွင်း၌ လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယို ဖိုင်များ ပျံ့နှံ့ သွားပြီးနောက် ရန်ကုန်မြို့၏ အဆင့်မြင့် ဟိုတယ်ကြီးတခုတွင် ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဖြူအမဲဖြင့် ရိုတ်ကူးထားသော မှုန်ဝါးဝါး ဗီဒီယိုဖိုင်များသည် အွန်လိုင်း ဘလော့ဂ်များနှင့် လူမှု ကွန် ရက်များ ပေါ်သို့ ကြာသပတေးနေ့တွင် ရောက်လာခဲ့ပြီး ဗီဒီယိုထဲတွင် ရမ္မက်ထန်နေသော စုံတွဲတတွဲကို ဟိုတယ်ခန်း တခုထဲ၌ မြင်တွေ့ ကြရသည်။

ဆီဒိုးနား ဟိုတယ်တွင် ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း အင်တာနက်ပေါ်တွင် ရေးသား ဖော်ပြခဲ့ ကြသည်။ အဆိုပါ ဗီဒီယိုကို အင်တာနက်ပေါ်တွင် မျှဝေသူ များပြားခဲ့ပြီး ပြည်တွင်း မီဒီယာများကလည်း သတင်းအဖြစ်ရေးသား တင်ပြခဲ့ ကြသည်။ ထိုနည်းတူပင် ဟိုတယ်တွင် တည်းခိုကြသူများ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ဖောက်ဖျက်သကဲ့သို့ ဖြစ်နေခြင်း အတွက် စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာခဲ့သည်။

ဟိုတယ်၏ မည်သည့် အခန်းတွင် အဆိုပါ ဗီဒီယို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ကို ဟိုတယ် တာဝန်ရှိသူများက စစ်ဆေးစုံစမ်း နေကြသည်ဟု ရန်ကုန် ဆီဒိုးနား ဟိုတယ်၏ ဧည့်ကြိုဌာန ၀န်ထမ်းတဦးက ပြောသည်။

“ဒီ ဗီဒီယို ဖိုင်တွေကို ကျမတို့ ဟိုတယ်မှာ ရိုတ်ကူးခဲ့တာ ဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေပါတယ်။ ပြည်သူကို အသိပေး နိုင်ဖို့ အတွက် သတင်းစာ ရှင်းလင်းပွဲတခုကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးလုပ်ပေးပါမယ်” ဟု အဆိုပါ ဧည့်ကြိုဝန်ထမ်း အမျိုးသမီးက ဆိုသည်။

သူ့အနေဖြင့် သတင်းထောက်များနှင့် ပြောဆိုခွင့်မရှိ၍ အမည်ကို ဖော်ပြခြင်း မပြုရန်လည်း မေတ္တာရပ်ခံခဲ့သည်။

ဟိုတယ်တွင် ကြာသပတေးနေ့က အရေးပေါ် အစည်းအဝေးတခု ပြုလုပ်ခဲ့သည်ဟု သူကပြောသည်။ ဧည့်သည် ၀င်ရောက်မှု အခြေအနေမှာလည်း ပုံမှန် အတိုင်းပင် ဖြစ်ကြောင်းလည်း သူက ထပ်ပြောသည်။ ဆီဒိုးနား ဟိုတယ်ကို စင်ကာပူ အခြေစိုက် Kepple Land ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သိရသည်။

“ကျမ အခု ပြောနိုင်တာကတော့ ကျမတို့ စစ်ဆေးနေပါတယ် ဆိုတာပါပဲ” ဟု ဧည့်ကြို ၀န်ထမ်း အမျိုးသမီးကပြောသည်။

ဆီဒိုးနား ဟိုတယ်၏ ၀က်ဘ်ဆိုက်ကို ဟက်ကာများက ဖောက်ထွင်း ၀င်ရောက်ရာမှ ဗီဒီယို ဖိုင်များ ရရှိသွားပြီး အင်တာနက် ပေါ်တွင် ပျံ့နှံ့သွားခြင်း ဖြစ်သည် ဆိုသည့် ကောလာဟလများကို ဟိုတယ်လုံခြုံရေး ၀န်ထမ်းတဦးက ငြင်းဆိုလိုက်သည်ဟု မြန်မာ ဘာသာဖြင့် ထုတ်ဝေသည့် Elven နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည် ကိုလည်း တွေ့ရသည်။

ဟိုတယ်၏ အခန်းတခန်းတွင် လျှို့ဝှက် ကင်မရာတပ်ဆင်၍ ရိုတ်ကူးထားခြင်း ဖြစ်နိုင်သော်လည်း ဟိုတယ်က တပ်ဆင် ထားခြင်း မဟုတ်ဟု အဆိုပါ လုံခြုံရေး ၀န်ထမ်းက ပြောကြောင်း Elven နေ့စဉ်သတင်းစာတွင် ရေးသားထားသည်။

ရန်ကုန်မြို့ ရှိ ကြော်ငြာ ကုမ္ပဏီတခုမှ ဆက်ဆံရေး အရာရှိဖြစ်သူ ကိုစိုးသူရက ဗီဒီယိုဖိုင်သည် ဟိုတယ်ကို သိက္ခာချရန် အတွက် အတုအယောင် ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။

“အဲဒီ ဗီဒီယို ဖိုင်တင်ထားတယ် ဆိုတဲ့ ၀က်ဘ်ဆိုက် တချို့ကို ကျနော် လိုက်ကြည့်ပြီးသွားပြီ။ အားလုံးက အတုတွေပါ။ ဟိုတယ်ထဲမှာ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သူက ပြောသည်။

ထို့အပြင် ဗီဒီယို ထဲမှာ ပါဝင်ခဲ့သူများသည် မည်သူ ဖြစ်နိုင်ကြောင်း ကိုလည်း ခန့်မှန်းမှု အမျိုးမျိုး ဖြစ်စေခဲ့သည်။ ယခင် ကလည်း ရုပ်ရှင်နှင့် ဂီတ လောကမှ ထင်ရှားသူတချို့၏ ညစ်ညမ်းဗီဒီယိုများ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ဖူးသည်။

သို့သော်လည်း Facebook ပုံမှန်သုံးစွဲသူ တဦးဖြစ်သော ကိုသူရက ထိုဗီဒီယိုကို သူကြည့်၍ မရဟု ဆိုသည်။

“ဖိုင်အရွယ်အစားက အရမ်းကြီးတယ်။ ဒေါင်းလုပ်ချဖို့တောင် အဆင်မပြေဘူး။ ဗီဒီယိုတွေက ၁၀ နာရီကြာတယ်တဲ့။ ကျနော်တို့ ဆီက နာမည်ကြီး တချို့လည်း ပါတယ်လို့ ကြားရတာပဲ” ဟု သူက ပြောသည်။

ဖောက်ထွင်းခံခဲ့ရသည် ဆိုသော ဟိုတယ်၏ ၀က်ဘ်ဆိုက်ကို ၀င်ရောက်ကြည့်ရှုသည့် အခါတွင်လည်း ပြင်ဆင်ထိန်းသိမ်းမှု ပြုလုပ်နေသဖြင့် ခေတ္တ ရပ်ဆိုင်းထားကြောင်း တွေ့ကြရသည်။ Facebook ပေါ်တွင် အစောဆုံးနီးပါး ဖော်ပြခဲ့သည်ဟု ယူဆရသည့် စာမျက်နှာ တခုကလည်း Google Drive မှ Link တခု တင်ပေးထားပြီး အရင်ဆုံး တောင်းဆိုသူ များကိုသာ ဗီဒီယိုဖိုင် ကူးယူခွင့်ပြုမည်ဟု ရေးသားခဲ့သည့် အတွက် အင်တာနက် သုံးစွဲသူများ အကြားတွင် စိတ်ဝင်စားမှုများ ပိုမို မြင့်တက် ခဲ့ရခြင်းလည်း ဖြစ်သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန်၏ Rangoon’s Sedona Hotel Investigating Alleged Secret-Camera Footage ကို နိုင်မင်းသွင် ဆီလျော်အောင်ပြန်ဆိုသည်။

AYARWADY BURMESE BLOG
လင်းယုန် နီ - မှ ကူးယူဖော်ပြပေးပါသည်...

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးဆန္ဒပြ

Posted by drmyochit Saturday, September 21, 2013, under | No comments

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲကို စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည်၁၂နာရီမှာ ဆူးလေဘုရားကနေ စတင်လမ်းလျှောက်ကြသည်။

အစိုးရ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ KIO ၏ သဘောထားကို  မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မကဒတ ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် ယမာန်နေ့က လိုင်ဇာ မြို့၌ တွေ့ဆုံစဉ် ဗိုလ်ချုပ် ဂွမ်မော် က ထုတ်ဖေါ်ပြောကြား ခဲ့သည်ဟု ABSDF (မြောက် ပိုင်း) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက ဆိုပါသည်။

From: Myanmar Express






ဆယ်နှစ်ကျော်က ကြွေးကျန်စာရင်း အခြေခံပညာ ဆရာများ ထံမှ ပြန်တောင်းမည်

Posted by drmyochit Saturday, September 21, 2013, under | No comments

ရန်ကုန် ၊ စက်တင်ဘာ ၂၀

အခြေခံပညာရေး ဆရာ၊ ဆရာမများကို ယခင် ၁၅ နှစ်ကျော်က လစာ၏ဆယ်ဆ ချေးခွင့်ပြုထားပြီး အကြောင်းအရင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသေးသည့် လက်ကျန် ငွေစာရင်းအချို့ကို ပညာရေး ဝန်ကြီးဌာနက ပြန်တောင်းခံမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရုံးမှ တာဝန် ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

လစာ၏ဆယ်ဆ ချေးငွေများအတွ...က် ၂ နှစ်အတွင်း ပြန်ဆပ်ရန် သဘောတူ ချေးခဲ့ကြသော်လည်း တစ်နှစ်ခန့် အကြာတွင် ကုန်ဈေးနှုန်းနှင့် အခြားစီးပွားရေး အပြောင်းအလဲကြောင့် ဆက်မကောက်ခံတော့ဘဲ ရပ်နားထားခဲ့ကြရာမှ ယခုနှစ် စက်တင်ဘာလမှ စတင်ကာ ယင်းကြွေး လက်ကျန်များကို ပြန်လည် တောင်းခံရန် ညွှန်ကြားထားခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“အရင်တုန်းက လစာရဲ့ဆယ်ဆဆိုတော့ ဘယ်လောက် ရှိမှာတုန်း။ ကြွေးပြန်ဆပ်ရလည်း အရာရှိအဆင့်တောင် ပေးရမှာပါ” ဟု ယခင်ပမာဏအတိုင်းပင် မည်သည့် ရာထူးအဆင့်မဆို ပြန်ဆပ်ရမည့် အကြောင်းကို ၎င်းက ဆက်လက်ပြောဆိုသည်။

ယခင် ကြွေးကျန်စာရင်း ပြန်ဆပ်ခိုင်းခြင်းသည် ဆရာ၊ ဆရာမများကို နောက်ထပ်ချေးငွေ ချပေးရန်အတွက်ဟု သုံးသပ်ကြသော်လည်း လက်ရှိအချိန်ထိ ချေးငွေသစ်အတွက် တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“ပင်စင်ရထားပြီးပြီဆိုတော့ အရင်ကျန်သေးတဲ့ အဲဒီအကြွေးတွေ ပြန်ဆပ်ရဦးမယ် ပြောတယ်” ဟု တိုင်းဒေသကြီး ပညာရေးမှူး (ငြိမ်း) တစ်ဦးက The Voice သို့ ပြောဆိုသည်။

အစိုးရသစ် လက်ထက်တွင် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်များ နှစ်စဉ် သိသိသာသာ တိုးမြှင့်ရခဲ့ပြီး အခြေခံပညာ ဆရာ၊ ဆရာမများအတွက် လစာနှုန်းထားများလည်း တိုးတက်လာခဲ့ကြောင်း၊ သို့သော် ပုဂ္ဂလိက ကျောင်းများမှ ဆရာ၊ ဆရာမများ၏ လစာနှုန်းထားများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှုများ ရှိကြောင်း ပုဂ္ဂလိက ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အခြေခံပညာနှင့် ဆရာအတတ်သင် ပညာကဏ္ဍအတွက် ကျပ်သန်းပေါင်း ၇၃၃,၉၆၀ ဒသမ ၄၆၅ ရရှိထားပြီး ယင်းပမာဏသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် နှစ်ဆပိုများသည်။

The Voice Weekly


နိုင်ငံခြားအရန်ငွေ ဒေါ်လာ ခုနစ်ဘီလီယံကျော် ထားရှိဟု ပထမဆုံးအကြိမ် ထုတ်ပြော

Posted by drmyochit Saturday, September 21, 2013, under | No comments

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ငွေပေးချေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဘဏ်များ၌ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၇ဒသမ ၆ ဘီလီယံထားရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။

စက်တင်ဘာလ ၂၀ရက်က နေပြည်တော်စက်မှုဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေပမာဏအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။
““ကျွန်တော်တို့မှာ တရားဝင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံပဲရှိပါတယ်။ ၁၁ ဘီလီယံရှိတယ်ဆိုပြီး ပြောနေတာက ကျွန်တော်တို့လည်းမသိပါဘူး။ ကျွန်တော်တို့ရဲ့ Foreign Exchange Reserve (နိုင်ငံခြားအရန်ငွေ)ပါ”” ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကပြောသည်။
အဆိုပါငွေပမာဏကို မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်ပြုလုပ်သော နိုင်ငံများရှိ ဘဏ်များတွင် ထားရှိပြီး မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) နှင့် ပုဂ္ဂလိကဘဏ်များမှ စုပေါင်းထားရှိခြင်းဖြစ်ကြောင်း ဦးကျော်ကျော်မောင်က ရှင်းပြသည်။

မည်သည့်နိုင်ငံမဆို ကုန်သွယ်မှုပြုလုပ်ရန် နိုင်ငံခြားအရန်ငွေများအား မိမိတို့နှင့် ကုန်သွယ်ဖက်ပြုလုပ်သောနိုင်ငံများရှိ ဘဏ်များတွင် အပ်နှံလေ့ရှိကြသည်။ လက်ရှိ ပြည်တွင်း၌ ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်လိုင်စင် ရရှိထားပြီး ပြည်ပဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်နေသဖြင့် သက်ဆိုင်ရာ ပြည်ပဘဏ်များတွင်နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ထားရှိရကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကပြောသည်။
““နိုင်ငံခြားဘဏ်တွေနဲ့ အဆက်အသွယ် များရင်များသလို ပြည်ပနိုင်ငံတွေမှာ အကောင့်ဖွင့်ထားရတဲ့ငွေပမာဏများမှာပဲ””ဟု ဦးသန်းလွင်ကပြောသည်။

ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်၍ ဆောင်ရွက်နေသည့် နိုင်ငံခြားဘဏ်များကလည်း မြန်မာနိုင်ငံ၌ အကောင့်များဖွင့်လှစ်၍ ငွေများအပ်နှံထားလေ့ရှိသည်။ မြန်မာနိုင်ငံသည် နိုင်ငံပေါင်းတစ်ရာကျော်နှင့် ဆက်သွယ်ဆောင်ရွက် ကုန်သွယ်လျက်ရှိသည်။

7 day daily

ခင်ဗျားတို့ အယ်ဒီတာချုပ်တွေ၊ စီအီးအို ဆိုသူတွေ၊ တိုက်ပိုင်ရှင်တွေထဲ မှာ နံမည်ရင်းနဲ့ Account ဖွင့်ထားတာ၊ လူတိုင်းကိုရေးခွင့်ပြုထားတာ၊ ကိုယ်ကို ဝေဖန်တဲ့ ရေးသား ချက်တွေ၊ ရေးသားသူတွေကို Block မလုပ်ဘဲ ခွင့်ပြုထားတာ ဘယ်နှစ်ယောက်ရှိသလဲ ~ ဦးရဲထွဋ်

Posted by drmyochit Saturday, September 21, 2013, under | No comments


မနေ့က သတင်းမီဒီယာများနဲ့ တွေ့ဆုံပွဲအပြီးမှာ ကျွန်တော့်ကို သတင်းထောက်အမျိုးသမီးငယ် တစ်ယောက်က အခုလို မေးပါတယ်။

×× အန်ကယ်က သဘောထားကွဲပြားမှုတွေကို လက်မခံနိုင်ဘူး၊ ဒါ့ကြောင့် မီဒီယာကို ထိန်းချုပ်ဖို့ ကြိုးစားရာမှ အဓိက၀င်လုပ်နေတာလို့ ပြောနေတယ်၊ ဟုတ်ပါသလား လို့ လာမေးပါတယ် ××

ကျွန်တော်က သဘောထားကွဲပြားမှုကို လက်ခံနိုင်သလား၊ လက်မခံနိုင်သလားဆိုတာတော့ ကျွန်တော့် Facebook ကိုပဲ ၀င်ကြည့်လိုက်ပါဗျာ၊ ခင်ဗျားတို့ အယ်ဒီတာချုပ်တွေ၊ စီအီးအို ဆိုသူတွေ၊ တိုက်ပိုင်ရှင်တွေထဲ မှာ နံမည်ရင်းနဲ့ Account ဖွင့်ထားတာ၊ လူတိုင်းကိုရေးခွင့်ပြုထားတာ၊ ကိုယ်ကို ဝေဖန်တဲ့ ရေးသား ချက်တွေ၊ ရေးသားသူတွေကို Block မလုပ်ဘဲ ခွင့်ပြုထားတာ ဘယ်နှစ်ယောက်ရှိသလဲ။ ပြန်ကြည့် လိုက်ပါဦးလို့ ဖြေခဲ့ပါတယ်။

ဘာမှတော့ပြန် ပြောမသွားဘူး။


From : .. ye htut

ငါးသယ်ယာဉ် ဘရိတ်ပေါက်၍ လမ်းတစ်ဖက်ခြမ်းမှ လူများကို ဝင်တိုက်၊ တစ်ဦးသေဆုံး

Posted by drmyochit Saturday, September 21, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအဆင်း ကမ်းနား အလယ်ရပ်ကွက် လှိုင်မြစ်လမ်းပေါ်တွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်က လမ်းလျှောက်လာသည့် လူလေးဦးကို ငါးတင်ဆောင်လာသည့် ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက်ရာမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

မစ်ဆူဘီရှီ ကန်တာ (Canter) ငါးသယ်ယာဉ်သည် လှိုင်သာယာမြို့နယ်ဘက်မှ အောင်ဇေယျတံတားအတိုင်း မောင်းနှင်လာပြီး အင်းစိန်မြို့နယ်ဘက် တံတားအဆင်းတွင် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို တိုက်မိသွားကြောင်း၊ ယာဉ်သည် ဆက်လက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ထပ်မံတိုက်မိခဲ့ကြောင်း မျက်မြင် တွေရှိခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက The Voice သို့ ပြောကြားသည်။
“ကားပေါ်ကနေ ပြုတ်ကျတဲ့ ငါးတွေကော၊ လူတွေကော ပြန့်ကျဲနေတာပဲ။ ဆုံးသွားတဲ့ အမျိုးသားက သူ့အမျိုးသမီးနဲ့ ဈေးသွားနေတဲ့ အချိန်မှာ ခုလိုတိုက်မိတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ပွန်းပဲ့ရုံ လောက်ပဲ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်သာယာမြို့နယ်တွင်နေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ ဇနီးနှင့် လှိုင်သာယာမြို့နယ်တွင်နေသူ အမျိုးသမီးတစ်ဦး၊ အင်းစိန်ကမ်းနားတွင် အလုပ်ဆင်းမည့် ကုန်ထမ်းသမား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမှတ် (၁၄) မှ တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

ယာဉ်တိုက်ခံရသူ လေးဦးအနက် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးသည် ဆေးရုံ အရောက်တွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးကို အင်းစိန် ပြည်သူ့ဆေးရုံသို့ ပိုဆောင် ကုသနေကြောင်း အဆိုပါ ယာဉ်ထိန်းရုံးထံမှ သိရှိရသည်။

လူလေးဦးကို ဝင်တိုက်သည့် ငါးသယ်ယာဉ်မောင်းကို ဖမ်းမိထားပြီး (ပ) ၁၀၉/၁၃၊ ပြစ်မှု ၃၀၄(က)၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တပ်ဖွဲ့စုရုံးထံမှ သိရှိရသည်။

the Voice Weekly

ဆိုက်ဘာ မှုခင်းများအား မြို့နယ် ရဲစခန်းတွင် တိုင်ကြားနိုင်

Posted by drmyochit Saturday, September 21, 2013, under | No comments



ပြည် သူမှ ဆိုက်ဘာနှင့်ပတ်သက် သည့် မှုခင်းများအား သက်ဆိုင်ရာမြို့ နယ်ရဲစခန်းတွင် တိုင်ကြားမှုများ ဆောင်ရွက်နိုင်ပြီး ယင်းမှုခင်းများ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းရဲ တပ်ဖွဲ့မှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုရဲမှူးကြီး ထွန်းနေဝင်းကပြော သည်။ ''Cyber Crime နနဲ့ပတ်သက် ပြီး တိုင်ကြားမှုတွေရှိလာပြီဆို ရင် မှုခင်းရဲတပ်ဖွဲ့ကနေ တည်ဆဲ ဥပဒေနဲ့အညီ ကိုင်တွယ် ဖြေရှင်း ပေးသွား မှာပါ။ ရဲအရေးပိုင်တဲ့အ မှုရှိတယ်။ ရဲအရေးမပိုင်တဲ့အမှု ရှိတယ်။ ဒါမျိုးတွေတော့ကွဲပြား မှုရှိပါတယ်။ တိုင်ကြားမှုတွေရှိ လာရင်တော့ ရဲလုပ်ငန်းအတိုင်း အရေးယူမှုတွေ ဆောင်ရွက်ပေး သွားမှာပါ''ဟု စက်တင်ဘာ ၁၆ ရက်တွင် မိုက်ခရိုဆော့ဖ်မှ နည်း ပညာလုံခြုံရေးပိုင်း ဆွေးနွေးပွဲ၌ ဒုရဲမှူးကြီး ထွန်းနေဝင်းက ယင်း သို့ပြောသည်။

နည်းပညာပိုင်းအနေဖြင့် ကျွမ်းကျင်မှု ရှိစေရန်အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာ နနှင့် နိုင်ငံတကာမှအလုပ်ရုံဆွေး နွေးပွဲများ၊ သင်တန်းများတက် ရောက်ခြင်းများဆောင်ရွက်ခဲ့ ပြီး Cyber Security နှင့်ပတ်သက် သည်များကိုလည်း လေ့လာသင် ယူထားကြောင်း သိရသည်။ ''ဆိုက်ဘာမှုခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန် တော်တို့ ဌာနတစ်ခုတည်းနဲ့မဖြစ် ပါဘူး။ လက်ရှိမှာလဲ ဆိုက်ဘာနဲ့ ပတ်သက်ပြီး ကြီးကြီး မားမား တိုင် ကြားလာတာမျိုးတွေ မရှိသေးပါ ဘူး''ဟု ယင်းက ထပ်မံပြောသည်။

ဆိုက်ဘာမှုခင်းများကို ကိုင် တွယ်ဖြေရှင်းရာ၌ အခြားအဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန၊Myanmar Computer Emergency Response team တို့နှင့် ပူးပေါင်း ဖြေရှင်းရန်လိုအပ်ကြောင်း၊ ဆိုက် ဘာဥပဒေကိုပြဋ္ဌာန်းနိုင်ရန် လက် ရှိဆက်သွယ်ရေးဥပဒေကို အခြေ ခံ၍ ပူးပေါင်းပါဝင်ရေးဆွဲရန်လို အပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ဘလော့ ဂါတစ်ဦးဖြစ်သူ ဦးနေဘုန်းလတ် က ''နောက်ပိုင်းမှာ ဆိုက်ဘာကို အသုံးပြုပြီး အသရေဖျက်တာ တွေ၊ မှုခင်းတွေအများကြီးပိုကြုံ လာမှာပါ။ အဲဒီအတွက် Cyber Police တွေထားရှိဖို့ လိုလာပါပြီ။ ဥပမာ ဒေါက်တာဆိတ်ဖွားကိစ္စ မျိုးဆိုရင် ဆိုက်ဘာ ကနေ တစ်ဆင့် ဖြစ်တာပါ။ ဒီလိုတွေအများကြီး နောက်ပိုင်းဖြစ်လာနိုင်တယ်။ မြန်မာ နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး နောက်ပိုင်း ကျယ်ပြန့်လာမှာဆို တော့ မှုခင်းတွေကလဲ ပိုဖြစ်လာ မှာသေချာပါတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်အနေဖြင့် e-Government လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် G to C လုပ်ငန်းအနေနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ဝက်ဘ် ဆိုက် www.myanmarpoliceforce.org နှင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ တွင် ရဲဇာနည် အမည်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာမှစ တင်၍ လွှင့်တင်ပေးခဲ့ပြီး ယင်း ဝက်ဘ်ဆိုက်တွင် မှုခင်းသတင်း များ၊ ရဲတပ်ဖွဲ့၏လုပ်ဆောင်ချက် များ၊ ပြည်သူသို့ အသိပေးကြေ ညာချက်များ၊ ဥပဒေစာအုပ်များ ထားရှိပြီး ရဲလုပ်ငန်း နှင့် ပတ်သက် ၍ ပြည်သူတို့၏နစ်နာချက်များ အတွက် တိုင်ကြားနိုင်ကြောင်း သိရသည်။

ဖူးပွင့်သော်

Yangon Media Group

ကလေးအလုပ်သမား ကိစ္စ ILO နှင့် သဘောတူ စာချုပ် ချုပ်ဆိုမည်

Posted by drmyochit Saturday, September 21, 2013, under | No comments


မြန်မာအစိုးနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့ ပူးပေါင်းပြီး အောက်တိုဘာလတွင် ကလေးအလုပ်သမား ကိစ္စနှင့် ပတ်သတ်၍ သဘောတူ စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ILO သဘောတူညီချက် ၁၈၂ ချက်တွင် ပါဝင်သည့် ကလေးအလုပ်သမား ပြဿနာ သဘောတူညီချက်ကို အတည်ပြု လက်မှတ်ရေးထိုးရန် ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ စာချုပ် ချုပ်ဆိုခြင်းအာဖြင့် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နိုင်ငံရပ်ခြားမှ ကလေးအလုပ်သမား ပြသာနာများ အပြင် တခြား ကလေးအလုပ်သမား ပြသာနာများကိုပါ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ ရန်ကုန်ဌာနေ ကိုယ်စားလှယ် Steve Marshall က ဧရာဝတီသို့ ပြောသည်။

“ကလေး အလုပ်သမားတွေ အလုပ်ခွင်မှာ အချိန်ပြည့်နီးပါး အလုပ်လုပ်နေရတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာကြင်မှု
ဖြစ်ပေါ်တာတွေ၊ နိုင်ငံတော်အစိုးရ ကတိပြုထားတဲ့အတိုင်း တရားမ၀င် ကလေးအလုပ်သမား တွေကို ILOနဲ့ တခြား ကာကွယ်ပေးနိုင်တဲ့ စည်းမျဉ်း ဥပဒေအရ စဉ်းစားပေးသင့်တယ်။ ကလေးတွေကို လုပ်ငန်းကနေ ဆွဲထုတ်မှုနဲ့ ကလေးတွေကို ခိုင်းစေတဲ့ သူတွေကို အပြစ်ပေးရမယ်ဆိုတာ ပါဝင်ပါတယ်” ဟု Steve Marshall က ဆိုသည်။

မိသားစု စားဝတ်နေရေး အဆင်မပြေမှုများ၊ ပညာရေး မလိုက်နာနိုင်သည့် ကလေးများ၊ ဘ၀ ရပ်တည်မှုကြောင့် အလုပ် ရှားနေသည့် ကလေးများ အမျိုးမျိုး ရှိနေသည့်ကို အစိုးရ၊ ILO နှင့် တခြား အဖွဲ့အစည်းများ ပူးပေါင်းပြီး ပြဿနာကို ဖြေရှင်းပေးခြင်း အားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အဆောက်အအုံများ တိုးတက်ပြီး ဆင်းရဲမှုများ လျော့ကျသွားမည် ဖြစ်ကြောင်း၊လုပ်ငန်းခွင် ၀င်ရောက်နေသည့် ကလေးများ အခြေအနေ တိုးတက်စေရန် ထောက်ပံ့ပေးဖို့ လိုအပ်ကြောင်း ၎င်းက
ထပ်မံဆိုသည်။

ILO နှင့် မြန်မာအစိုးရတို့၏ ကလေးအလုပ်သမား သဘောတူညီချက် စာချုပ်နှင့် ပတ်သတ်ပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူမှုအဖွဲ့အစည်းမှ အလုပ်သမား အရေးကို ကူညီဆောင်ရွက် ပေးနေသည့် မသက်သက်အောင်က “ကလေး အလုပ်သမား လေးနှစ်ပပျောက်ရေး စာချုပ် ချုပ်မယ်လို့ ကြားပါတယ်။ ကလေး အလုပ်သမားဆိုတာ မိသားစု စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဖြစ်လာတယ် ဆိုတော့ သူတို့ မိသားစုတွေ ပြေလည်နိုင်အောင် လုပ်မယ်ဆိုရင် အဆင်ပြေမှာပါ။ သူတို့ မိသားစု စားဝတ်နေရေး အဆင်မပြေမှုတွေကို လုပ်မပေးဘဲ ကလေးတွေကို အလုပ်ကနေ ထုတ်မယ်ဆိုရင်တော့ မကောင်းတဲ့ နေရာတွေ ရောက်သွားနိုင်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

အစိုးရနှင့် ILO ပူးပေါင်းကာ ကလေးအလုပ်သမား များ၏ မိသားစုဝင်များကို အသေးစား အလုပ်အကိုင် လုပ်ဆောင်နိုင်ရန် စီမံ ဆောင်ရွက်ပေးပြီး ကလေးများအတွက် ရှေရှည် ရပ်တည်ရေးအတွက် အသက်မွေး ၀မ်းကျောင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးစေချင်ကြောင်း၊ သို့မှသာ ကလေးငယ်များ၏ ပညာရေး၊ အသိဉာဏ် ဖွံ့ဖြိုးလာစေရန် ကျောင်းတက်နိုင်ရေးအတွက် ပြုလုပ် ပေးသင့်ကြောင်း၊ ကလေးငယ်များ လုပ်ငန်းခွင်တွင် အချိန်ကုန်ဆုံး မှုများကြောင့် တိုင်းပြည်ကိုပါ ထိခိုက်နိုင်ကြောင်းမသက်သက်အောင်က ဆိုသည်။

“ကလေး အများစုက မိသားစု စားဝတ်နေရေး အတွက် အလုပ်လုပ်နေကြတာပါ။ အဲဒီမှာ ကလေးနဲ့ အလုပ်ရှင် ပြဿနာ တွေက အများကြီး ဖြစ်ကြတယ်။ အားလုံးက အလုပ်ရှင်တွေ ဘက်မှာပဲ ရှိတယ်။ ကလေးတွေကို ကာကွယ်ပေးဖို့ ဘယ်သူမှ မလုပ်ပေးကြဘူး။ ကလေး အလုပ်သမားနဲ့ ပတ်သတ်ပြီး သဘောတူ စာချုပ် ချုပ်မယ်ဆိုရင် ကလေးတွေကို ဘယ်လို ကာကွယ်ပေးမှာလဲ ဆိုတဲ့အချက် အလုပ်လုပ်နေတဲ့ ကလေးတွေ သိဖို့ အရေးကြီးပါတယ်” ဟု ဧရာဝတီတိုင်း ကျုံပျော် မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သတ်ပြီး လိုက်ပါဆောင်ရွက် ပေးနေသည့် ဦးမန်းတောင်စိန်က ပြောသည်။

ကလေး အလုပ်သမားများသည် အလုပ်ရှင်များ၏ ညဉ်းပမ်းနှိပ်စက်မှု နည်းမျိုးစုံ ခံနေရသော်လည်း တိုင်ကြားရန် အတွက် ခက်ခဲနေကြကြောင်း၊ အသိဉာဏ် မဖွံ့ဖြိုးမှုကြောင့် မည်သူ့ထံ တိုင်ကြားရမည်ကို မသိရှိကြောင်း၊ အလုပ်ရှင်နှင့် ကလေးများ အကြား ပြဿနာ တက်လျှင် ကလေးငယ်များသာ ခံစားနေရသဖြင့် စိတ်ဝေဒနာ ခံစားရပြီး အရာရာကို ကြောက်စိတ် ဖြစ်နေခဲ့ကြောင်း ဦးမန်းတောင်စိန်က ဆိုသည်။

ILO ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် အသက် ၁၈ နှစ်အောက်အရွယ် အလုပ်လုပ်ပါက ကလေး အလုပ်သမား အဖြစ် သတ်မှတ်ပြီး ယင်း ကလေး အလုပ်သမားများသည် မိဘ၏ ခွင့်ပြုချက်ရရှိပြီး ၎င်းတို့၏ ကျောင်းချိန် ပြင်ပတွင် ပညာရေးကို မထိခိုက်စေဘဲ မိသားစုအတွက် အထောက်အပံ့ ရ၍သော်လည်းကောင်း၊ ကလေးအတွက် မုန့်ဖိုးရှာသည့် အနေဖြင့် သော်လည်းကောင်း အလုပ်လုပ်နိုင်ကြောင်း၊ သို့ရာတွင် ၎င်းတို့ အလုပ်လုပ်သည့် ပတ်ဝန်းကျင်သည် ကလေးများအတွက် ကျန်းမာရေး ထိခိုက်သည့် နေရာ၊ ကလေးအရွယ်နှင့် မတန်တရာ ခိုင်းစေသည့်နေရာ မဖြစ်သင့်ကြောင်း၊ထို့အပြင် ကြီးပြင်းလာသည့် အချိန်တွင် ပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေသည့် စိတ်ဓာတ် ပျက်ပြားစေသောအလုပ်မျိုးကို ကလေး အလုပ်သမားများအား မခိုင်းစေသင့်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကလည်း အသက် ၁၅ နှစ်အောက် ကလေး အလုပ်သမားများကို တနေ့ ၄ နာရီထက်ပို၍ အလုပ်မခိုင်းသင့်ကြောင်း၊ ခိုင်းစေမှုများ ပြုလုပ်ပါက ၁၉၅၁ ခုနှစ် အလုပ်သမား အက်ဥပဒေ အရ ပြဌာန်းထားခဲ့ပြီး ဖြစ်ကာ ဖောက်ဖျက်ပါက အလုပ်ရှင်အား ဒဏ်ငွေ ကျပ် ၅၀၀ နှင့် ထောင်ဒဏ် ပြစ်မှုများ ကျခံစေရမည်ဟု ပြောကြားခဲ့သည်။

ဧရာဝတီ

သိသိကြီးနဲ့ မှားတဲ့အမှားတော့ "မိုး" ဘဝမှာ မရှိဘူးဆိုတဲ့ မိုးဟေကို

Posted by drmyochit Saturday, September 21, 2013, under | No comments


သိသိကြီးနဲ့မှားတဲ့အမှားတော့ မိုးဘ၀မှာမရှိဘူးဆိုတဲ့ မိုးဟေကိုနောင်မှနောင်တ မရတတ်ဘူး။ လူဆိုတာတော့ အမှားနည်းအောင် ကြိုးစားကြတာချည်းပဲ။ အမှားနဲ့

တော့မကင်းကြဘူးပေါ့။ အဲဒီထဲမှာ အမှားတွေ လုပ်ခဲ့ရင်လည်း အမှား နည်းအောင် နောင်မှာနောင်တမဲ့ အောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး တော့နေတယ်။ ကိုယ်ကိုယ်တိုင်မသိ လို့မှားခဲ့တဲ့အမှားကို သူများထောက် ပြမှသိတယ်။ ဪ ဒါအမှားလား၊ အဲဒီအချိန်ကျမှသိတယ်။ အမှားဆိုတာတော့ သိသိကြီးနဲ့ မှားတဲ့အမှား မျိုးတော့ မိုးဘဝမှာမရှိဘူး။ မသိလို့ လုပ်ခဲ့မိတယ်ပေါ့။ သိသွားရင် သြော် ဒါမှားသွားပြီဆိုရင် ကိုယ်မှား ရင်မှားတာကို ဝန်ခံဖို့ဝန်မလေးသလို တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး။ အနုပညာနဲ့ပတ်သက်ပြီး အရင်လည်း ဒီစိတ်ပဲ။ ကိုယ်လုပ်ချင် တဲ့စိတ်ရှိတဲ့အထိကို အကောင်းဆုံး ဖြစ်အောင်လုပ်တယ်။ Fashion ကိုတော့ အဓိကဦးစားမပေးဘူး Fashion လို့ရတဲ့ ဟာဆိုရင်တော့ Fashion ပြတယ်။ အိုက်တင်ပြ လို့ရတဲ့ဟာဆိုရင်တော့ အဓိကက အိုက်တင်ကိုပဲ နိုင်အောင်ကြိုးစား ပြီးအိုက်တင် ပိုင်အောင်ပဲလုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလည်း အရမ်းတော်တဲ့အထဲမှာမပါ သေးတော့ အဲဒါကိုပဲအကောင်းဆုံး ပီပြင်အောင်လုပ်နေရတယ်။ ကြိုး စားနေရတယ်။ လတ်တလောမှာ ကိုနေမင်း၊ ဒါရိုက်တာနေသူရိန်တို့ နဲ့ ဗီဒီယိုတစ်ကား ရိုက်နေပါတယ်။

MHK
By 8 Days

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်