Monday, September 23, 2013

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး

Posted by drmyochit Monday, September 23, 2013, under | 1 comment



ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။

-အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့

-အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

Why ???
-ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

-သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်
From : Mg Lwan Wai


-ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့  ဒီသတင်းကိုကြားရတာ ဂုဏ်ယူ ၀မ်းသားမိမယ် လို့ မျှော်လင့်ပါတယ် ဗျာ...

ဗုဒ္ဓဘာသာကမ္ဘာကျော်သွားအောင် ဆင့်ကဲ Share ပေးလိုက်ကြစမ်းပါဗျာ !!!!!

မွတ်စလင် အိမ်ယာစီမံကိန်း ဆန္ဒပြသူနှစ်ဦး ထောင်သုံးလကျ

Posted by drmyochit Monday, September 23, 2013, under | No comments

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအတွက် ဆောက်လုပ်ပေးတဲ့ အိမ်ရာစီမံကိန်းကို ဆန္ဒပြခဲ့တဲ့ ရသေ့တောင်မြို့ ခံ ၂ ဦးကို ဒီနေ့ ရသေ့တောင်မြို့နယ် တရားရုံးက တရားမဝင် စီတန်းလှည့် လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ရသေ့တောင်မြို့မှာ အိမ်ရာစီမံကိန်းကို ဆန္ဒဖော် ထုတ်ခဲ့သူတွေထဲက ကိုကျော်မိုးထွန်းနဲ့ ကိုသန်းဌေးတို့ကို မြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ကို ပို့လိုက် တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဒီနှစ် မတ်လ ၇ ရက်နေ့က ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်တွေအတွက် လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ့် အစီအစဉ်တွေကို စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ တောင်ကုတ်စတဲ့ မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေ တစ်ရက်တည်း ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးက စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်နဲ့ တောင်ကုတ်မြို့တွေက ဆန္ဒပြခေါင်းဆောင် ၁ဝ ယောက်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

RFA Burmese

အမျိုးသားများ သတိထားရမည့် တတိယအဖြစ်များဆုံးဆီးကျိတ်ကင်ဆာ

Posted by drmyochit Monday, September 23, 2013, under | No comments


Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။

Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။
(က) အသက်အရွယ်
အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ သိရပါတယ်။
(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း
မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။
(ဂ) ဆေးလိပ်သောက်ခြင်း
(ဃ) လူမျိုး
အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။
(င) အစားအစာမှရရှိသည့် အဆီ
အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
(စ) ဟော်မုန်း
ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း ၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။
(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း
PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။
(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း
ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။
By ဒေါက်တာခင်မိုးမိုး

Miss Supranational 2013 မှာ သရဖူဆောင်း သွားတဲ့ ဖိလင်ပိုင်နိုင်ငံက မစ္စ Mutya Datul ရဲ့ ဘ၀ ဇာတ်ကြောင်းလေး

Posted by drmyochit Monday, September 23, 2013, under | No comments

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ Miss Supranational 2013 မှာ သရဖူဆောင်း သွားတဲ့ ဖိလင်ပိုင်နိုင်ငံက မစ္စ Mutya Datul ရဲ့ ဘ၀ ဇာတ်ကြောင်းလေးကို ဖိလစ်ပိုင်း ရုပ်သံ သတင်းဌာန တခုနဲ့ မေးမြန်း တင်ဆက်ထားတာပါ။

Miss Supranational 2013 ဆုရှင် ဖိလစ်ပိုင်အလှမယ် Mutya Datul ရဲ့ အိမ်အပြန်ခရီး၊ ဓာတ်ပုံ- missosology

Mutya ဟာ ငယ်စဉ်က ကျေးလက်တောရွာကမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီး ဆင်းရဲတဲ့ မိသားစု က ပေါက်ဖွားလာတာ ဖြစ်သလို သူ့ဘ၀မှာ ဆင်းရဲမှုကြောင့် ဆာလောင်မှုတွေနဲ့ မကြာခဏ ကြုံဆုံခဲ့ရ တာလေးကိုလည်း မေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။

ပြကွက်တခုမှာတော့ သူဟာ မိသားစုနဲ့ အတူ ထမင်းစားဝိုင်းမှာ ထမင်းကို ဆီဆမ်း၊ ဆားဖြူးပြီး စားနေခိုက် ကြက်ပေါင် ကိုက်စားသလို စိတ်က မျှော်မှန်း စားသောက်ခဲ့ရတာကိုလည်း ပြောပြသွားပါတယ်။

ငယ်စဉ်ကျောင်းသူဘ၀ တုန်းက အတန်းထဲမှာ ဈေးရောင်းပြီး ဘ၀ကို ဖြတ်သန်းခဲ့ရတာလည်း သူက မချွင်း မချန် ပြောသွားပါသေးတယ်။

သူဟာ ဖိလစ်ပိုင်းနိုင်ငံမှာလည်း အခြား အလှမယ်ပြိုင်ပွဲတွေမှာလည်း ဆုတွေ ရခဲ့တဲ့အကြောင်းအပါအ၀င် အခုနောက်ဆုံး အမေရိကန် ဒေါ်လာ ၂ သောင်းခွဲနဲ့အတူ Miss Supranational 2013 သရဖူ ဆုရနဲ့အတူ မိခင် နိုင်ငံကို ပြန်လာခဲ့ပါတယ်။

သူ့ဇာတိမြေကို ပြန်လာရာလမ်းတလျှောက် သူ့ကို အားပေးချီးမြှောက်ကြိုဆိုနေကြတဲ့ ဒေသခံတွေကိုလည်း သူက အားပေး စကား တွေ ပြောခဲ့ပါသေးတယ်။

ဘ၀ မမေ့တဲ့ ဖိလစ်ပိုင် အလှမယ်ရဲ့ သူ့ဘ၀၊ သူ့အကြောင်း ပြောသွားတာကို မစ်ဆိုလိုဂျီ က အခုလို ဖော်
ပြ ထားပါတယ်။ ဖိလစ်ပိုင်ဘာသာစကားနဲ့ မေးမြန်း ဖြေဆိုထားကြတာပါ။


ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ

Posted by drmyochit Monday, September 23, 2013, under | No comments


ရန်ကုန်၊ စက်တင်ဘာ ၂၃

၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေး များရောင်း ချနေကြောင်း သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက် ဗန်းအ တွင်း ကာမစိတ်ကြွဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊ MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊ STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့် များနှင့်ဆေး ပစ္စည်း များရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အသက်မပြည့်သေးသူကို အိမ်ထောင်သည်က ခိုးယူပေါင်းသင်းသဖြင့် အမှုဖွင့်တိုင်တန်း

Posted by drmyochit Monday, September 23, 2013, under | No comments


အသက်မပြည့်သေးသည့် သမီးငယ်ကို ခိုးယူပေါင်းသင်းသည့် အိမ်ထောင်ရှင် အမျိုးသားတစ်ဦးနှင့် ယင်းအမျိုးသား၏ ဇနီးဖြစ်သူတို့ကို အရေးယူပေးရန် တိုင်ကြားလာသဖြင့် မှော်ဘီရဲစခန်းက စက်တင်ဘာ ၂၁ ရက်တွင် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် လိုက်သည်။

မှော်ဘီမြို့နယ် ဘွက်ကြီးအုပ်စုတွင် နေထိုင်သည့် ကာယကံရှင် ကလေးငယ်၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းထားသည်။

သူမက တိုင်တန်းထားရာတွင် ၄င်း၏ သမီးငယ်ဖြစ်သူ မ------(၁၅)နှစ်သည် စက်တင်ဘာလ ၁၅ ရက်က မင်္ဂလာဒုံမြို့နယ်ရှိ လက်အိတ်စက်ရုံသို့ အလုပ်သွားပြီး ညအချိန်ထိ အိမ်ပြန်ရောက်မလာသဖြင့် ရှာဖွေခဲ့စဉ် စက်တင်ဘာ ၂၀ ရက် တွင် သမီးဖြစ်သူ ပြန်လည်ရောက်ရှိလာသည်ဟု ဆိုထားသည်။

ထို့နောက် သမီးဖြစ်သူက သူမအလုပ်သွားစဉ် ပုံမှန်ဆိုင်ကယ်ကယ်ရီ လိုက်ပို့ပေးနေသည့် မှော်ဘီမြို့နယ်နေ ကို----က မြို့ရှောင်လမ်းရှိ 'ဆုံဆည်းရာ' တည်းခိုခန်းသို့ သွေးဆောင်ခေါ်သွားခဲ့သည် ပြောခဲ့ကြောင်း ရဲအား ဆက်လက် ထွက်ဆိုထားသည်။

ထို့ပြင် ယင်းတည်းခိုခန်းတွင် ရှိနေစဉ်မှာပင် ၎င်းအမျိုးသား၏ ဇနီးဖြစ်သူ မ---- ရောက်ရှိလာပြီး ညစ်ညမ်းစွာ ဆဲဆိုကာ သမီးဖြစ်သူ၏ ပါးအား လေး၊ ငါးချက်ခန့် ရိုက်ခဲ့သည်ဟု တိုင်ကြားထားသည်ကိုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် သမီးဖြစ်သူအား ကို---- က တောင်ဒဂုံမြို့နယ်ရှိ ၎င်း၏ မိခင်နေအိမ်သို့ ခေါ်သွားကာ ခိုးယူပေါင်းသင်းခဲ့သည်ဟု ဆို ထားသည်။ ထို့နောက် စက်တင်ဘာ ၂၀ ရက်တွင် ၎င်း၏ဇနီးက သမီးဖြစ်သူအား ပြန်လည်ခေါ်ဆောင်လာခြင်း ဖြစ်သည်။

ထို့ကြောင့် သမီးဖြစ်သူအား ခိုးယူပေါင်းသင်းသည့် သူအား အရေးယူပေးရန် စွပ်စွဲ တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို မှော်ဘီမြို့နယ် ရဲစခန်းက (ပ)၅၄၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူများကို လိုက်လံရှာဖွေလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃/ ၂၉၄/၃၂၃ တို့ဖြင့် ဖမ်းဆီး တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ဆီးရီးယားရှိ ရုရှားသံရုံးထဲ မော်တာကျည် ကျရောက်

Posted by drmyochit Monday, September 23, 2013, under | No comments

တနင်္ဂနွေနေ့က ဆီးရီးယား အစိုးရ အနေဖြင့် ဓာတုလက်နက်ဆိုင်ရာ အချက်အလက်များကို ရုရှားထံ လွှဲပေးရန် သဘောတူညီခဲ့သည့်နောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်မြို့တော်ရှိ ရုရှားသံရုံးကို မော်တာဖြင့် အပစ်ခံရခြင်းကြောင့် သံရုံးဝန်ထမ်း (၃)ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က ဆီးရီးယား အစိုးရ အနေဖြင့် ဓာတုလက်နက် ဆိုင်ရာ အချက်အလက်များကို ရုရှားထံ လွှဲပေးရန် သဘောတူညီခဲ့သည့်နောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဆီးရီးယား သူပုန်တပ်များထံမှ ပစ်ခတ်သည်ဟု ယူဆရသည့် မော်တာ ကျည် တစ်တောင့်သည် ဘရာဇားရှိ ရုရှားသံရုံးထဲ ကျရောက် ပေါက်ကွဲခဲ့သည်။ ဘရာဇားနှင့် အနီးတဝိုက် တွင် ဆီးရီးယား အစိုးရတပ်များနှင့် သူပုန်တပ်ဖွဲ့များကြား အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက် ရှိနေ သည်။


"မော်တာကျည်ဆန်ကြောင့် သံအမှုထမ်း (၃)ယောက် ဒဏ်ရာရခဲ့ပါတယ်။ သူတို့ကို ဆေးဝါး ကုသပေးခဲ့ ရပေမယ့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင်တော့ မဖြစ်ခဲ့ပါဘူး"ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကို စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ရုရှားအနေဖြင့် ဆီးရီးယားရှိ သံတမန် လှုပ်ရှားမှုများကို လုံခြုံရေး ပိုမို မြှင့်တင်နိုင်ဖွယ် ရှိနေကြောင်းလည်း သံရုံး၏ ဖော်ပြချက်တွင် ပါရှိသည်။ ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်သည် ရုရှား၏ အဓိက မဟာမိတ် တစ်ဦးအဖြစ် ရပ်တည်နေခဲ့ခြင်းကြောင့် အတိုက်အခံ သူပုန်တပ်ဖွဲ့များက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။ ယင်းတိုက်ခိုက်မှု မတိုင်မီ နာရီပိုင်းမျှ အလိုတွင် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလော့ဗ်ရော့ဗ်က မိမိတို့ အနေဖြင့် ဆီးရီးယားရှိ ဓာတုလက်နက်များ ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ စေလွှတ်သွားရန် အသင့်ရှိနေကြောင်းလည်း ပြောကြားခဲ့သေးကြောင်း သိရှိရသည်။


From: Planet Myanmar Network

ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက် ထွက်ပြေးသွားသူများအား ဖော်ထုတ်ဖမ်းဆီးရမိ

Posted by drmyochit Monday, September 23, 2013, under | No comments

နေပြည်တော်၊ စက်တင်ဘာ ၂၃

၂၁-၉-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ သီတာရပ်ကွက်၊ ““ရွှေဝါ၀င်း”” ကဖီးနှင့် အအေး ဆိုင်တွင် ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနေ အောင်မျိုးမြင့်(၂၀)နှစ်သည် သူငယ်ချင်း များဖြစ်သူ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ နေသူမြင့်(၂၀)နှစ်၊ မနွေးနွေး၊ မသီတာဝင်း တို့နှင့်အတူ အအေးသောက်ေ နစဉ် ၎င်းတို့နှင့်မျက်နှာချင်းဆိုင်ဝိုင်းရှိ လူငယ်(၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့မှ ““ရုပ်တွေ ကိုယ်က ကြည့်လို့ကိုမရဘူး တောသားရုပ်တွေ””ဟု စောင်းမြောင်းပြောဆိုနေသဖြင့် အောင်မျိုးမြင့်မှ မနွေးနွေးနှင့် မသီတာဝင်းတို့အားပြန်ခိုင်းပြီး စီတာပူရပ်ကွက်နေ သူငယ်ချင်းများထံ ဖုန်းဆက်ခေါ်ခဲ့ရာ မောင်အေးရှမ်း(ခ)အောင်ကျော်ဖြိုးပါ(၃)ဦး ဆိုင်ကယ်(၁)စီးဖြင့်ရောက်ရှိလာ၍ ၎င်းတို့(၅)ဦးအတူ ဆိုင်မှပြန်လာခဲ့သည်။

ထိုသို့ပြန်လာစဉ် သီတာရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက် လမ်းဆုံအရောက်တွင် ဆိုင်အ တွင်း၌စောင်းမြောင်း ပြော ဆိုခဲ့သူ အမျိုးသား(၃)ဦးနှင့်အမျိုးသမီး(၁)ဦးတို့ နောက်မှလမ်းလျှောက်လိုက်လာသည်ကိုတွေ့ရှိရ၍
 အောင်မျိုးမြင့်ပါ(၅)ဦးမှ ဆိုင်ကယ်များရပ်ပြီး စောင့်ဆိုင်းနေစဉ် ဆိုင်အတွင်းမှ ထွက်လာသူ အမျိုးသား(၃) ဦးမှ အောင်မျိုးမြင့်တို့အဖွဲ့အား ၀ိုင်းဝန်း ထိုးကြိတ်ရိုက်နှက်၍ တကွဲတပြားစီထွက်ပြေးသွားခဲ့သည်။

ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခံရမှုကြောင့် နေသူမြင့်တွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ(၁)ချက်၊ အေးရှမ်း (ခ)အောင်ကျော်ဖြိုးတွင် ရင်ဘတ် ၀ဲဘက်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲလက်ကောက် ၀တ်ပြတ်ရှ ဒဏ်ရာ(၁) ချက်တို့ ရရှိ ခဲ့ သဖြင့် အောင်မျိုးမြင့်မှ အရေးယူပေးရန်တိုင်တန်းခဲ့ရာ မြစ်ကြီးနားမြို့ မရဲစခန်း(ပ) ၁၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးနေစဉ် ဒဏ်ရာရရှိသူ အေးရှမ်း(ခ)အောင်ကျော်ဖြိုးသည် မြစ်ကြီးနားမြို့ အထွေထွေရောဂါ ကုဆေး ရုံကြီး တွင် ဆေးဝါးကုသမှုခံယူနေရာမှ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့သောကြောင့် ပြစ်မှု ပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/၃၂၆/၁၁၄ သို့ ပြောင်းလဲအရေးယူခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး ရမိရေး စုံစမ်းဆောင် ရွက် ခဲ့ရာ ““ရွှေဝါ၀င်း””ကဖေးနှင့်အအေးဆိုင်အတွင်း အောင်မျိုးမြင့်တို့အား စောင်းမြောင်းပြော ဆိုခဲ့ သူ များမှာ အောင်ပြည့်သူ၊ သူရိန်မြင့်၊ ကတုံးနှင့် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်နေ မသီတာ စန်း(၁၇)နှစ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

မသီတာစန်းအားစစ်ဆေးချက်အရ အောင်မျိုးမြင့် တို့အား ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်သူများမှာ အောင်ပြည့်သူ၊ သူရိန်မြင့်နှင့် ကတုံးတို့(၃)ဦးဖြစ်ပြီး ရန်ပူရပ်ကွက်တွင်နေထိုင်ကြောင်းသိရှိရ၍ မြစ်ကြီး နားမြို့ရဲစ ခန်းမှတပ်ဖွဲ့ဝင်များက ရန်ပူရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၂၂-၉-၂၀၁၃ ရက်နေ့ ၀၁၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ သူရိန်မြင့်(ခ)အုန်းမွှေးလုံး(၁၉)နှစ်နှင့် အောင်ပြည့် သူ(ခ)အငယ်ကောင်(၁၉)နှစ်တို့ ၂ ဦးအား ရန်ပူရပ်ကွက်၊ နယ်မြေ(၁၆)ရှိ ၎င်းတို့၏နေ အိမ်မှလည်းကောင်း၊ ကျော်သူဝင်း(ခ)ကတုံး (၁၈)နှစ်အား ရန်ပူရပ်ကွက်၊ နယ်မြေ(၈)ရှိ ၎င်း၏နေအိမ်မှ လည်းကောင်း အခင်းဖြစ်စဉ်ကိုင်ဆောင်ခဲ့သည့် ဓါး(၂)ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရ ရှိသည်။

ရဲဇာနည်


Star Model Int’L နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ခင်ဝင့်ဝါက ငွေကျပ်သိန်း ၃၀ ပေးဆောင်၍ ရုပ်သိမ်း

Posted by drmyochit Monday, September 23, 2013, under | No comments


Miss Supranational ပြိုင်ပွဲတွင် ဆု လေးဆုဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါသည် Star model Int’l နှင့် ချုပ်ဆို ထားသည့် စာချုပ...်ပါ စည်းကမ်းချက်အချို့ကိုဖောက်ဖျက်ခဲ့သဖြင့် ငွေကျပ် သိန်း ၃၀ လျော်ကြေး ပေးအပ် ၍ ရုပ်သိမ်း လိုက်ကြောင်း ခင်ဝင့်ဝါက မဇ္ဈိမသို့ပြောကြားလိုက်သည်။

ထို့အတွက်ကြောင့် ခင်ဝင့်ဝါအနေဖြင့် Miss Supranational Myanmar Organization ဖြင့် ချုပ်ဆို ထားသည့် အတိုင်း တစ်နှစ်တာ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောဆိုလိုက်သည်။

“သမီး Star မော်ဒယ်လ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အတွက် လျော်ကြေးငွေကို ဒီလလယ်မှာ Miss Supranational Myanmar Organization က ပြုလုပ်တဲ့ အနုပညာလုပ်ငန်းတွေမှာပဲဆက်ပြီး အလုပ်တွေ လုပ်သွား မှာပါ၊ ဆရာဂျွန်လွင်နဲ့ ဘာမှတော့ ပြဿနာမရှိပါဘူး၊ အေးအေးဆေးဆေးပါပဲ”ဟု ခင်ဝင့်ဝါက ပြော သည်။

ခင်ဝင့်ဝါသည် Star Model int’l တွင် ၂၀၁၂ ဇွန်၊ ဇူလိုင်လတွင် စတင်ပြီး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းပြီးဆုံးချိန်တွင် ခင်ဝင့်ဝါက ၎င်းအေဂျင်စီနှင့် ငါးနှစ်တာ အနုပညာအလုပ်များကို အတူတကွ လုပ်ကိုင်မည့် စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စာချုပ်အား ပယ်ဖျက်ခြင်းအပေါ် Star Model int’l မှ ဂျွန်လွင်က ““အခု အချိန်မှာ မပြေလည်စရာ အကြောင်း မရှိပါဘူး။ သူလည်း သူ့အလုပ် သူလုပ်နေတာပါ။ ကျွန်တော်တို့ အေဂျင်စီအနေနဲ့ ကလေးတွေ ကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ပေးထားတယ်၊ စာချုပ်ချုပ်ထားပေမယ့်လည်း သူတို့တွေ အလုပ်လုပ်ခွင့် ရနေမှာ ပါ။ ပြည်ပကို သွားပြိုင်ကြတဲ့ သူတွေအနေနဲ့ ပို့ပေးတဲ့ organizer တွေက အကျိုးမြတ်လိုလို့ လွှတ်ပေး တာလား။ စေတနာနဲ့ လွှတ်ပေးတာလား ဆိုတာကို သိရမှာပါ။ စာချုပ်ဆိုတာက စည်းနဲ့ဘောင်နဲ့ အလုပ် လုပ်ဖို့ အတွက် လုပ်ထားတာပါ။ အကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ စာချုပ်အတိုင်း တကယ်ပေးလျော် ရမယ်ဆိုရင် ဟိုဘက်ကို သိန်းတစ်ထောင်လျော်ရမှာ ကိုယ့်ဘက်က သိန်း ၃၀ ပဲ လျော်ရမှာ ဆိုတော့ ဘယ်ဘက်ကိုလျော်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ သူ့အနေနဲ့ ဟိုဘက်ကို စာချုပ်ချုပ် ထားတော့ အခက်အခဲဖြစ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ ငါးနှစ် စာချုပ် ချုပ်ထားပေမယ့် သိန်းကျပ် ၃၀ သတ် မှတ်ပြီး စာချုပ်ကို ဖျက်ပေးခဲ့တာပါ”ဟု ပြောသည်။

Mizzima - News in Burmese
မဇ္ဈိမ

အမြန် ဝိတ်ကျစေမည့် အစား ၁၀ မျိုး

Posted by drmyochit Monday, September 23, 2013, under | No comments


အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုးခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်း စေရန်ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ
----
ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျစေတဲ့ အပြင် အစာခြေ စနစ် ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး
---------
ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရော ဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး
--------
ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း
---------------
ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။

ကြက်သွန်ဖြူ
----------------
ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာ မက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေပါ တယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်
----------
ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေ နိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း
---------------------
လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင် ဘူးဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ။
---------------------
ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်
---------------
ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်
-------------
သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါ တယ်။ နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်အများကြီး မပေးနိုင် ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင်ပါတယ်။
YoYarLay


Special thanks >>တွေးမိတွေးရာလေးများ<<

ယောင်္ကျားလေးများ သိထားသင့်တဲ့ ယောင်္ကျား ပြီးခြင်း (ONLY +18)

Posted by drmyochit Monday, September 23, 2013, under | 2 comments


Q: ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃ဝ နှစ်ဝန်းကျင်ပါ။ ကျွန်တော် မေးချင်တာက လိင်မှုဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါတိုင်း ကျွန်တော့်လိင်အင်္ဂါက စပြီး ၁ဝ မိနစ်လောက်ဆို ကျသွားပါတယ်။ ပြန်မာအောင် လုပ်ပြီး ထပ်လုပ်ပြန်ရင်လဲ၊ ၁ဝ မိနစ် ဝန်းကျင်ဆို ပြန်ပြန်ကျသွားတတ်ပါတယ်။

တခါတခါ ပြီးဖို့လဲ အတော်လေး ကြာတဲ့အပြင် လိင်ဆက်ဆံရင်းနဲ့ မပြီးဖြစ်ဘူး။ အမြဲတမ်း Hand-job လုပ်ပေးမှ ပြီးသွားတတ်ပါတယ်။ တခါ ပြီးရင်တော့ ၁ နာရီလောက် နားပြီး၊ ပြန်ဆွပေးရင် ပြန်မာလာပြန်ပါတယ်။ ဒါပေမယ့် အခုနလိုပဲ လိင် ဆက်ဆံမှု ပြန်နေရင်းနဲ့  ပြန်ကျသွားတတ် ပြန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒက လိင်ဆက်ဆံမှုပြုရင်း ပြီးချင်သူပါ။ မိန်းကလေးနဲ့  လိင်ဆက်ဆံတဲ့ အကြိမ် ကျွန်တော့်မှာ အတော်လေး နည်းပါးပါတယ်။ များသောအားဖြင့် Masturbation လုပ်တာ များပါတယ်။ ကျွန်တော် စိုးရိမ်တာက Masturbation အလုပ်များလို့ လက်ရဲ့အားကို လိင်ဆက်ဆံမှုလုပ်တာ မလိုက်နိုင် တာလား၊ ဒါမှမဟုတ် ပန်းသေပန်းညိုးများ ဖြစ်နေပြီလား ဆိုတာကိုပါ။ များသောအားဖြင့် သုက်လွှတ် မြန်တာကို ထိန်းဖို့ ကြိုးစားတဲ့ကြားမှာ ကျွန်တော်က ပြောင်းပြန် ဖြစ်နေတော့ အရမ်းကို စိုးရိမ်နေမိပါတယ်။

A: (မာစတာဘေးရှင်း) ဆိုတာ လူငယ်တိုင်း မကင်းပါ။ သူတို့တတွေ ရည်းစားသနံထား၊ အိမ်ထောင်ရက်သား ကျကြတာပါဘဲ။ ငယ်တုံးက အကျင့်ကြောင့် နောင် ဆက်ဆံရေးကိစ္စမှာ အနှောင့်အယှက် ကြီးကြီးကျယ်ကျယ် မဖြစ်ပါ။

လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာလာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။ ဒါပေမဲ့ အဲလို အချိန်မျိုးမှာတောင် စိတ်မှာ တစုံတရာ အတားအဆီး ရှိလာတယ်ဆိုရင် နောက်ကို ပြန်ကျ၊ တစ်ကနေ ပြန်စရတယ်။ တယ်လီဖုံးလာလို့၊ တံခါးခေါက်လို့ ဆိုတာမျိုး။ ဒါ ရောဂါတခုရဲ့ လက္ခဏာ မဟုတ်ပါ။ ဇီဝကမ္မ (ဖီဇီယိုလော်ဂျီကယ်) ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။

မေးတဲ့သူမှာ ပန်းညှိုးရောဂါ မရှိပါ။ ရှိတဲ့သူတွေက ၁ဝ မိနစ် မပြောနဲ့ စတောင် မစနိုင်ကြရှာပါ။ အင်္ဂါချင်း ထိတွေ့မှုအဆင့် ရောက်နေရင်းကနေ ပြန်ကျသွားတာမျိုးက ပြင်ပပယောဂ မပါဘဲ ဖြစ်တယ်ဆိုရင် ရုပ်ပိုင်းက ကောင်းနေတာမို့ စိတ်ပိုင်းကို ပြင်ဘို့ လိုမယ်။ “အင်္ဂါသန်မာမှု” ဆိုတာ စိတ်ဖြစ်ပေါ်မှုနဲ့ အများကြီး ဆိုင်တယ်။ Viagra ဆေး ဆိုတာတောင်မှ ပန်းသေ-ပန်းညှိုးကို ဆေးတန်ခိုး တခုထဲနဲ့ မဟုတ်ဘဲ၊ စိတ်ထဲက ဖြစ်ပေါ်လာမှ သွေးတွေ ပိုလျှောက်လာလို့ သန်မာလာစေတာ ဖြစ်တယ်။

စိတ်ဖြစ်ပေါ်မှုကို ဘယ်လိုရအောင် လုပ်မလဲ။ ရိုးရိုးပြောရင် စိတ်ကိုနိုးဆွစေနိုင်တဲ့ အတွေး၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဆိုတဲ့ အာရုံခြောက်ပါး ဖြစ်ပါတယ်။ တယောက်နဲ့ တယာက် မတူပါ။ ဂီတ၊ အစားအသောက်၊ ကြိုက်တာခြင်း မတူကြသလိုပါဘဲ။ ခက်တာက စိတ်ကို အာရုံတခုမှာ စူးစိုက်ထားနိုင်အောင် လူတိုင်းမလုပ်နိုင်ဘူး။ Zen ကို ဒီလိုကိစ္စနဲ့ တွဲရေးတာမျိုး ဖတ်ချင် ဖတ်ဘူးကြ လိမ့်ပါမယ်။

လက်ကိုသုံးလို့ ပိုအဆင်ပြေတာကို ထောက်ရင် လက်ရဲ့ လှုတ်ရှားမှုတွေဟာ စိတ်ကျေနပ်-သာယာမှုကို ပိုပေးနိုင်ပြီး၊ မ အင်္ဂါကို အသုံးပြုခြင်းက ဒီလောက် အဆင်မပြေတဲ့ သဘော ဖြစ်နေတယ်။ အဆင်ပြေအောင် လုပ်လို့ ရပါတယ်။ ကျားနဲ့ မ၊ ရုပ်နဲ့ စိတ်၊ လေးချက်ရှိတယ်။

ကျားအင်္ဂါရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ကျေနပ်မှုကို ဖြစ်စေတဲ့ အချက်အလက်၊ အခြေအနေတွေ သိဘို့ လိုလာတယ်။ Male orgasm ယောက်ျားပြီးခြင်း ကိုဘဲ ရွေးထုတ်ပြောကြ တာပေါ့။ ကိုယ့်လက်ကို အသုံးချတဲ့အခါ ဘယ်နေရာကို နိုးဆွမှုဖြစ်စေသလဲ။ စိတ်ထဲမှာ ဘယ်လို ထင်မြင်-ခံစားနေရင်းနဲ့ ပြီးဆုံးသလဲ။ ကိုယ့်အဖေါ်နဲ့ ဆက်ဆံရာမှာ အဲလို အခြေအနေ မျိုးအတိုင်း ဖြစ်အောင်လုပ်ပါ။

ကျားအင်္ဂါရဲ့ ထိပ်ဖျားပိုင်းဟာ အဓိကကျပါတယ်။ ထိပ်ဖျားပိုင်းမှာ အာရုံကြောတွေ စုဝေးနေတယ်။ တိတိကျကျ ပြောရရင် ထိပ်ဖျား (ခေါင်း) နဲ့ သူ့ရဲ့အောက် အလည်နေရာတွေက အရေးပါတယ်။

အရေပြား တွဲနေသလိုရှိတဲ့ နေရာပါ။ ဆွဲကြည့်ရင် မြားဦးပုံမျိုး။ သူ့ကို ဆွဲတင်းခြင်းဟာ အင်္ဂါကို သန်မာစေအောင် ဖြစ်စေသလို ခံစားမှုလည်း အများဆုံး ရစေတယ်။ လက်ကို အသုံးပြုရင်လည်း ဒါကို ဖြစ်စေအောင် လုပ်တာပါဘဲ။ ဒီတော့ ဆက်ဆံချိန်မှာလည်း အဲဒါမျိုး ဖြစ်အောင်လုပ်ပါ။

မ အင်္ဂါကလည်း အဆင်ပြေဘို့ လိုသေးတယ်။ မွေးလမ်းဟာ ကလေးဖွါးရပြီဆိုတာနဲ့ အနည်းနဲ့အများ ပျက်စီးသွားရတယ်။ မွေးလမ်းကြောင်း ချဲ့မွေး၊ ပြင်ချုပ်ပေးတာတောင် မတူတော့ပါ။ တချို့က ပြန်မချုပ်ဖြစ်ပါ။ ချုပ်အုံးတော့ ချုပ်ရိုး မကောင်းတာ ဖြစ်တတ်တယ်။ ပြန်ချုပ်ရာမှာလည်း ကြွမ်းကျင်မှု လိုသေးတယ်။ ကလေး မွေးဘူးတာနဲ့ မ အင်္ဂါအဝရဲ့ အောက်တည့်တည့် နေရာက စုတ်ပြဲသွားတော့တယ်။ ကလေး မမွေးဘူးရင်တောင်မှ တချို့စုတ်သွားတတ် သေးတယ်။ တင်းအား လျှော့သွားလို့၊ ထိမိစေတာကို နည်းသွားစေတယ်။ မ-အင်္ဂါကို လိုတယ်ထင်ရင် ခွဲစိတ်ပြုပြင်ပြီး၊ အပျိုနဲ့ မခြားအောင် ဆရာဝန်များက ပါရမီ ဖြည့်ပေးနိုင်တယ်။

အပျိုစစ်-မစစ်ဆိုသူတွေမှာ ကွာခြားသွားပါပြီ။ ဒါကလည်း အကောင်း အဆိုးရှိသေးတယ်။ အတွေ့အကြုံ ရလာလို့ ပိုအဆင်ပြေစေတာလည်း ရှိတတ်တယ်။ “တခုလပ်နဲ့ အပျိုစင် ဘယ်ဒင်းသာလို့ယဉ်” ဆိုတာလိုပေါ့။

နောက်ပြီး မ အင်္ဂါအဝသာမက အဲဒီနေရာတဝှိုက်က ကြွက်သားနဲ့ အရွတ်တွေ သန်မာနေဘို့ လိုတယ်။ တချို့ဆိုရင် ထိန်းအား၊ တင်းအား၊ ပင့်အားတွေ လျှော့ကျပြီး၊ Prolapse of the Uterus “သားအိမ် ကျရောဂါ”ဖြစ်ရတယ်။ သားအိမ်ကျတယ် ဆိုတာ ခြုံပြောတာပါ။ အမှန်က သားအိမ်က မွေးလမ်းထဲ၊ မွေးလမ်းအပြင်ကို ထွက်လာတဲ့အဆင့်ထိ မရောက်သေးတာက ပိုတောင် များသေးတယ်။ သားအိမ်ကျတယ်လို့သာ ပြောတာ အမှန်က သားအိမ်ရှေ့က ဆီးအိမ် ကျ (ကြွံ) တာ Cystocele က အဖြစ်အများဆုံး။ ပိုဆိုးသူတွေက မွေးလမ်းနောက် (အောက်) ဖက်မှာရှိတဲ့ အစာဟောင်းအိမ် ကျ (ကြွံ) တာ Rectocele ဖြစ်တယ်။ ကံမကောင်းရင် ဆီးအိမ်၊ သားအိမ်၊ အစာဟောင်အိမ် သုံးခုလုံး တပြိုင်နက် ဖြစ်တယ်။ ခွဲစိတ်လို့ ရပါတယ်။

ကလေးမီးဖွါးရလို့ မဟုတ်ဘဲ၊ အနေအထိုင် လိုလို့ သားအိမ်ကျသူ အပျိုလေးတွေကို ခွဲစိတ်ပေးရဘူးတယ်။ အလေးအပင် မ တာ၊ အထိုင်အထ လုပ်ရတာ၊ အကြာကြီး ချောင်းဆိုးတာ၊ နှာချေတာ၊ ဝမ်းညှစ်သွားရတာ စတဲ့ ဗိုက်ထဲမှာ (ပရက်ရှာ) ဖြစ်စေတဲ့ ဖြစ်စဉ်တွေမှာ မဆင်ခြင်မိလို့ ဖြစ်ကြရတယ်။ (ဗဂျိုင်းနား) ဆိုတာ လုံခြုံမှုရှုဒေါင့်က ကြည့်ရင် (ဝိခ်-ပွိုင့်) အားနည်းချက်တခု ဖြစ်နေတယ်။ ဗိုက်ထဲမှာ တင်းအား၊ ဖိအားဖြစ်လာတိုင်း သူ့အပေါ် သက်ရောက်စေတယ်။ လူကြီး သူမတွေက မိန်းကလေးတွေကို ငယ်ငယ်ကတည်းက “မိန်းကလေးလိုထိုင်” လို့ သင်တတ်တယ်။ ယဉ်ကျေးမှုအရသာမက ကျန်းမာရေး အရပါ ကောင်းတယ်။ ဆောင့်ကြောင့် မထိုင်သင့်ဘူး။

ဒီအင်္ဂါတွေမှာ ခန္ဓာဗေဒအရ အထိန်းတွေက ရှိနေပြီးသားပါ။ အထိန်းတွေဆိုတာ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ဖြစ်တယ်။ ဒါတွေကနေ စုစည်း မ တင်ပေးထားတယ်။ ဒါပေမဲ့ သတိမထားဘဲ၊ မထိန်းဘဲ၊ အမှတ်တမဲ့ဆိုသလို ချောင်းဆိုး၊ နှာခြည်၊ အလေးအပင် မ၊ အထိုင်အထတွေ လုပ်ရရင် ဒီကြွက်သားတွေကို အားနည်း၊ ပျက်စီးစေနိုင်တယ်။ ဒီလိုဖြစ်ရင် စုစည်း မ-တင်ပေးတဲ့အား လျှော့နည်းပြီး၊ ထွက်ပေါက်ဖြစ်နေတဲ့ မွေးလမ်းဆီကို ဦးတည်ပြီး ကျ၊ ထွက်၊ ကြွံ ဖြစ်လာတော့တယ်။ ဆက်ဆံရာမှာ လာထိခိုက်တယ်။

ဒီကြွက်သားတွေက စိတ်ကနေထိန်းလို့ရတဲ့ အမျိုးအစားတွေဖြစ်တာ ကံကောင်းတယ်။ အားနည်းတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ပြန်ကောင်းအောင် လုပ်နိုင်တယ်။ Pelvic floor exercise လို့ခေါ်တယ်။ သိပ်မခက်၊ သိပ်အပမ်းမကြီးပါ။ ဘယ် ကြွက်သားတွေလဲ ဆိုတာသိဘို့ အရင်သင်ပေးရတယ်။ ဆီသွားနေတုံး မပြီးခင် ရပ်သွားအောင် အထိန်းခိုင်းတဲ့အခါ နေရာတဝှိုက်က ကြွက်သားတွေကို စိတ်ကနေ ကြုံ့ပေးရတယ်။ ဘယ်ကြွက်သားတွေဆိုတာ သဘောပေါက်ပြီဆိုရင် တကယ် ဆီးမသွားဘဲ နေရင်း-ထိုင်ရင်း၊ အလုပ်လုပ်ရင်း၊ လှဲနေရင်း အဲဒီကြွက်သားတွေကို စိတ်ကနေ တင်းလိုက်၊ လျှော့လိုက် လုပ်ပေးတာက လေ့ကျင့်ခန်း ဖြစ်တယ်။ တခါလုပ်ရင် ၁ဝ-၂ဝ ကြိမ်၊ နေ့တိုင်း ၂ ကြိမ် လုပ်ပါ။

နောက်တချက် လိုသေးတယ်။ (ပိုတက်ဆီယမ်) ဓါတ်ဆား နည်းနေရင် ကြွက်သား အားမကောင်းဘူး။ အစားအစာထဲမှာ နည်းနေတာနဲ့ ဝမ်းပျက်တာတွေကြောင့် ဖြစ်တတ်တယ်။ (ပိုတက်ဆီယမ်) ကြွယ်ဝတဲ့အစားတွေက ငှက်ပြောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဆီးသီး၊ ဖရုံ၊ ဟင်းနုနွယ်၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥ၊ ဒိန်ချဉ်၊ စတာတွေ ဖြစ်တယ်။ လက်ဖက်ရည်ကြမ်းနဲ့ အုန်းရည် သောက်တာ ကောင်းတယ်။ လိုရင် Potassium ဆေးသောက်ပါ။

ဆက်ဆံတာကို ဆက်ကြရအောင်။ ဆက်ဆံနေစဉ် ကျား အင်္ဂါက အပေါ်ဖုံးအရေပြားကလည်း ဆွဲလှန်၊ ဆွဲပိတ်၊ လှုတ်ရှားမှု လုပ်တယ်။ လက်နဲ့လည်း ဒါမျိုလုပ်တာဘဲ။ အင်္ဂါနှစ်ခုလုံး သုံးတာလည်း ဒီဖြစ်စဉ်က အချိန်အများဆုံး ယူရတယ်။ ကျားအင်္ဂါ ထိပ်ဖျားကိုရော ပြောခဲ့တဲ့ ခေါင်းအောက်နေရာ ကိုရော ထိမိစေတာဖြစ်ရင် ခံစားမှု အများဆုံး ရစေတယ်။ မ အင်္ဂါဟာ အဝနဲ့ အတွင်းပိုင်းတွေက မတူကြဘူး။ အဝက ကျဉ်းတဲ့အပြင် ကြွက်သားက လှုတ်ရှားနိုင်တယ်။ ဒါ့ကြောင့် ကျားအင်္ဂါက အာရုံကြော အများဆုံးနေရာနဲ့ မ အင်္ဂါရဲ့ အကျဉ်းဆုံးနေရာ နှစ်ခု ထိမိစေတာဟာ ကျားအတွက် ပြီးချင်စိတ် ပိုစေတယ်။ ပြောခဲ့သလို မ အင်္ဂါကလည်း ကျန်းမာနေမှ ပိုကောင်းတယ်။

နောက်ဆုံးအချက်က မ စိတ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တယောက်နဲ့ တယောက် လိင်စိတ် အနည်းအများ မတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တယောက် ယောက်ကနေ ဦးဆောင်နိုင်တယ်။ တဦးနဲ့တဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ်။ ကိုယ့် (ပါတနာ) ကိုပါ ပူးပေါင်း ဆောင်ရွက်ဘို့ စည်းရုံးပါ။

တယောက်က ခံစားမှု ကောင်းတဲ့ အခြေအနေဟာ နောက်တယောက် အတွက်လည်း အတူတူဘဲ။ အနေအထား၊ နည်းလမ်း၊ လှုတ်ရှားမှု၊ စကား၊ အနံ့၊ စတာတွေ အားလုံးဟာ နှစ်ဦးလုံးအတွက် အကောင်းဆုံး ဖြစ်နေစေသင့်တယ်။ စိတ်မစောပါနဲ့။ မစိုးရိမ်လွန်းပါနဲ့။ ဆက်ဆံကြတာဟာ တခါတလေ ပြီးပြီးပျောက်ပျောက်၊ တခါတလေ တမေ့တမြော။ တခါတလေ စီစီစဉ်စဉ်။ တခါတလေ ဟောဟောဒိုင်းဒိုင်း။ ဒါ့ကြောင့် အမြဲ (ပါဖက်) ချည်း မဖြစ်တတ်တာမို့ မဟုတ်တဲ့ အခါမျိုးအတွက် သောက မထားပါနဲ့။ အရည်အတွက်ကနေ အရည်အသွေး တိုးတက်လာတာ စုံတွဲတိုင်းပါ။

အောက်က ရေးပြီးသားစာတွေကို အချိန်ရရင် ဖတ်စေချင်ပါတယ်။

1. Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ

2. Early ejaculation (2) သုက်လွှတ်စောခြင်း အဆက်

3. Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်

4. Masturbation (မာစတာဘေးရှင်း)

5. Early ejaculation (1) သုက်လွှတ်စောခြင်း

By ဒေါက်တာတင့်ဆွေ

လွှတ်တော်ထဲမှာ လမ်းပြင်တဲ့ကိစ္စ ၊ မီးမရတဲ့ ကိစ္စတွေကို ဆွေးနွေးနေ တယ်ဟု ဦးဇိုဇမ်းဆို

Posted by drmyochit Monday, September 23, 2013, under | No comments


၂၀၀၈ အခြေခံဖွဲ့စည်းပုံကို ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေး ဆွဲရေးတို့ အတွက် နိုင်ငံရေးပါတီ များ၊တိုင်းရင်းသားအဖွဲ့အစည်း များနှင့်အရပ်ဖက်လူ့အဖွဲ့အစည်း များ အမြင်အမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြခြင်းနှင့် ပတ် သက်၍ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်းကိုတွေ့ဆုံမေးမြန်း ခဲ့သည်။

၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေအပေါ်ပြင်ဆင်မယ်၊ ဖျက် သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲ မယ်လို့ ပြောနေကြတဲ့အပေါ် အမြင်သဘောထားကို ပြောပြ ပေးပါ။

ကျွန်တော့်အနေနဲ့ ၂၀၀၈ ဖွဲ့စည်ပုံနဲ့ ပတ်သက်လို့ ကိုယ်ပိုင် အယူအဆကိုပြောချင် ပါတယ်။ ကျွန်တော် တို့မှာ အခြေခံဥပဒေ ၁၉၄၇ မှာရှိခဲ့တယ်။ အဲဒါကို ပြု ပြင်မဲ့အစား အမှိုက်ပုံထဲထည့် လိုက်တယ်။ အဲဒါတွေ က ဘာ တွေဖြစ်လာသလဲဆိုရင် မာရှယ် လောကို ဖိတ်ခေါ်လိုက်တာပဲ။ စစ်အာဏာရှင်၊ စစ်အုပ်ချုပ်ရေး ကိုဖိတ်ခေါ် တယ် ဆိုတာကအခြေခံ ဥပဒေကို အမှိုက်ပုံထဲထည့်လိုက် လို့ဖြစ်တယ်။ အဲဒီနောက် ၁၉၇၄ မှာ ဖွဲ့စည်း ပုံဥပဒေ ကို ပြန်ဖော် ဆောင်လိုက်တယ်။

၁၉၈၈ မှာ အဲဒါကို မပြုပြင်ဘဲ အမှိုက်ပုံထဲ ထပ်ထည့်လိုက်တယ်။ နောက် တစ်ကြိမ် မာရှယ်လောကို ဖိတ် ခေါ်တာဖြစ် ခဲ့တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့အခြေခံဥပဒေ ဟာ ဘာပဲဖြစ်ဖြစ် သုံးလို့ရတာ၊ မရတာအပထား၊ အမှိုက်ပုံထဲ တော့ မထည့်ချင်ဘူး။ အစဆုံး ပြုပြင်ဖို့ဆိုတာ ရင်ထဲမှာပဲထားရ မှာဖြစ်တယ်။

ဒီအခြေခံဥပဒေကို ပြုပြင်ရမှာဖြစ်တယ်။ ပြုပြင် ကောင်းတဲ့အရာဖြစ်တယ်။ များ များပြုပြင်လေ ပိုမိုကောင်းမွန်တဲ့ အခြေခံဥပဒေရမှာဖြစ်တယ်။ အခြေခံဥပဒေဆိုတာ ဖျက်သိမ်း ရမယ့်ကိစ္စမဟုတ်ဘူး။ ပြုပြင်ရ မယ်ဆိုတာကတော့ ကျွန်တော့်ရဲ့ ခံယူချက်ပဲဖြစ်ပါတယ်။
အခြေခံဥပဒေကို ပြင်ဆင် မယ်ဆိုရင် ဘယ်အချက်တွေကို ပြင်ဆင်ရ
မယ်ဆိုတာကို ပြောပေး ပါခင်ဗျာ။အခြေခံဥပဒေမှာပါတဲ့ နိုင်ငံ တော်
ဆိုတာကို စဉ်းစားပေးကြ ပါ။ နိုင်ငံတော်ဆိုတာ ဘာလဲ။ သက်ရှိမဟုတ်
ဘူးလေ။ အခြေခံ ဥပဒေမှာ ဒီစကားလုံးက(၅၀) ကျော်လောက်ပါတယ်။
နိုင်ငံ တော်ဘာသာကြီးလေးရပ်ကိုစောင့် ရှောက်မယ်၊ ပြုစုမယ်ပြောတယ်။

ဒါကိုတကယ်တမ်းလိုအပ်တဲ့အခါ မှာ နိုင်ငံတော်လိုတောင်ပါတာ မဟုတ်ဘူး။
ဒီပြဿနာက နိုင်ငံ တော်နေရာမှာ အစိုးရသာဖြစ်ရမယ်။ အခြေခံဥပဒေဟာ တိတိ ကျကျဖြစ်ရပါမယ်။ လိုရာစွဲသုံး တာမျိုး မဖြစ်ရဘူး။ အစိုးရသည် အစိုးရဖြစ်ရမှာ။ အဲဒီနေရာမှာ အားနည်းချက်က ဟိုလိုလို ဒီလို လိုနဲ့ လုပ်ထားတာရှိတယ်။ နိုင်ငံ တော်ဆိုတဲ့ နေရာမှာ တကယ် တမ်းအရေးရယ်၊ အကြောင်းရယ် ဖြစ်လာတဲ့အခါ နိုင်ငံတော်ဆို တာဘယ်သူမှန်းမသိတော့
ဘူး။ လူပုဂ်္ဂိုလ်လည်းမဟုတ်ဘူးဖြစ်နေတယ်။ ကျွန်တော်က ကာတွန်း ဆရာဖြစ်တော့ သူများမမြင်နိုင်တဲ့ဘက်ကပြောင်းပြန်ကြည့်ထားတဲ့ကိစ်္စဖြစ်
တယ်။ ဒီစကားလုံးကို က စိတ်ဝင်စားစရာကောင်း တယ်ဆိုတာကို ပြောချင်
ပါတယ်။

အခုကျင်းပနေတဲ့လွှတ်တော် အပေါ် အမြင်သဘောထားရှိရင် ပြောပြပေး
ပါခင်ဗျာ။

ကျွန်တော်ဥပမာ (၂) ခုပေး ပြီးပြောချင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်
ဆိုတာက တဖြည်း ဖြည်းနောက်ဆုတ်ပေးရမယ်။ ကျွန်တော်တို့ရွေးကောက်ပွဲ
မတိုင် ခင်တုန်းက သိထားတာက လွှတ် တော်(၂)မျိုးပဲရှိတယ်လို့သိထား တယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပဲ။ နိုင်ငံရေး လောကထဲရောက်ပြီး ကိုယ်စား လှယ်ဖြစ်လာတော့ပြည်ထောင်စု လွှတ်တော်ကို ရင်ဆိုင်နေ ရတယ်။ ပြည်ထောင်စု လွှတ်တော်ကိုအမျိုး သားလွှတ်တော်ကနေတင်ပြခဲ့တဲ့ အဆိုတစ်ခုဟာ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတဲ့အခါ ဘယ် တော့မှ မနိုင်ဘူး။ အမျိုးသား လွှတ်တော်ဆိုတာ အင်မတန် နည်းတဲ့လူတွေအတွက် လုပ်ထား တာဖြစ်တယ်။ ကျွန်တော်အမြင် ပြောရရင် အမျိုးသားလွှတ်တော် ကို လုပ်ပိုင်ခွင့် သက်သက်ပေးရ မယ်။ ပြည်သူ့လွှတ်တော်ရဲ့ လုပ် ပိုင်ခွင့်သက်သက်ပေးရမယ်လို့ ပြောချင်ပါတယ်။ အခုကျွန်တော် တို့ လွှတ်တော်ထဲမှာ ဖြစ်နေတာ က ဟိုနေရာမှာ လမ်းပြင်မဲ့ကိစ်္စ၊ ရပ်ကွက်မီးမရတဲ့ကိစ်္စ၊ အဆုံးစွန် ဆုံးကျောင်းအိမ်သာ၊ဈေးအိမ်သာ ကိစ္စ အဲဒါတွေက လွှတ်တော်ထဲ မှာ ပြောရမှာမဟုတ်ဘူး။ အခု ကျင်းပနေတဲ့ လွှတ်တော်က အဆင့်အတန်းတွေလိုနေသေး တယ်။ လွှတ်တော်ဆိုတာက တကယ့်တိုင်းရေးပြည်ရေးကို ဆွေးနွေးရမဲ့နေရာဖြစ်တယ်ဆိုတာ ကို ကျွန်တော်ပြောချင်ပါတယ်။ အိမ်ကိစ္စ၊ ယာကိစ္စ၊ ကျောင်းကိစ္စ၊ ကျောင်း
အိမ်သာဆောက်ဖို့ကိစ္စ။ အဲဒါတွေက တကယ်တမ်းက မြို့ နယ်ဦးစီးမှူး ရပ်ကွက်ဦးစီးမှူးတွေ လုပ်ရမဲ့ကိစ္စတွေဖြစ်တယ်။ လွှတ် တော်ထဲမှာ အဲဒီကိစ္စတွေ တင်ပြ မဲ့အစား ဒီလိုအချိန်ဆွဲပြီး လွှတ် တော်ခေါ်ယူတဲ့ တစ်နေ့ကုန်ကျ စရိတ်အားလုံးနဲ့ အမြန်ဆန်နဲ့ အကျိုးရှိတဲ့ လွှတ်တော်မျိုးဖြစ် သင့်ပါတယ်။

အခုပြည်နယ်နှင့်တိုင်းဒေသ ကြီး လုပ်ပိုင်ခွင့်ဥပဒေတွေ ထွက် ပေါ်လာခဲ့တဲ့ အမြင်သဘော ထားကိုပြောပေးပါခင်ဗျာ။အဲဒါကတော့ စာထဲမှာပဲရှိ ပါတယ်။ ကျွန်တော်သေချာဖတ် ကြည့်တော့ ကျွန်တော် နားမလည် ပါဘူး။ စာထဲမှာရှိလို့ပါ။ လက် တွေ့တစ်ခုမှ မလုပ်လူးဆိုတာ ကျွန်တော်ပွင့်ပွင့်လင်း
လင်းပြော ရဲပါတယ်။

မျိုးကျော်
Hot News Journal

အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံတို့ကြောင့် အောင်မြင်လာတယ် ထင်ပါတယ်လို့ဆိုတဲ့ စိုးပြည့်သဇင်

Posted by drmyochit Monday, September 23, 2013, under | No comments


လူသန်းပေါင်း ခြောက်ဆယ်ထဲမှာ အောင်မြင် ကျော်ကြားတဲ့သူ တစ်ယောက် ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ ကိစ္စရပ်ပါ။အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လို ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင် ထားလဲ၊ သူတို့က ဘယ်လို အကြောင်းအရာတွေပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

ကိုယ့်ကိုယ်ကိုယ် အောင်မြင်လာတာ ဘာကြောင့်လို့ထင်လဲ။

အတိတ် ကံနဲ့ ပစ္စုပ္ပန် ကံတို့ကြောင့် လို့ထင်ပါတယ်။ အတိတ် ကံက ကိုယ်မမြင်ရဘူး။ ကိုယ်ပြုခဲ့တဲ့ ကံတွေပေါ့။ ပစ္စုပ္ပန်ကံ ဆိုတာ လက်ရှိမှာကြိုးစားတဲ့ ကြိုးစားအားထုတ်မှု၊ ဒီနှစ်ခုပေါင်းစပ်တဲ့ အချိန်မှာ ဖြစ်လာတယ်လို့ ထင်ပါတယ်။

ဘာကြောင့်ရော ပရိသတ်က စိုးပြည့်ကို ကြိုက်တယ်လို့ထင်လဲ။

အခုနကပြောတာတွေနဲ့အကျုံး ဝင်မယ်ထင်ပါတယ်။ ကိုယ်ကြိုးစားတာလေး တွေလည်းပါမှာပါ။ ဘာကြောင့် ပရိသတ်စိုးပြည့်ကို ကြိုက်တာလဲဆိုတာကို စိုးပြည့် မပြောတတ်ဘူး။ ဘာကြောင့် စိုးပြည့်ကို ချစ်တာလဲ ဆိုတာကို စိုးပြည့် ပရိသတ်ကို မေးချင်ပါတယ်။

ရှူတင်မိတ်ကပ်လိမ်းရတဲ့ အချိန်တွေမှာရော စိုးပြည့်နှစ် သက်ရဲ့လား။

အမှန်တိုင်းပြောရရင် စိုးပြည့် မကြိုက်ဘူး။ စိုးပြည့်မိတ်ကပ်မ ကြိုက်ဘူး။ စိုးပြည့်အမှန်တိုင်း ပြောရရင် မျက်နှာကို သနပ်ခါးလိမ်းရတာ ပဲကြိုက်တယ်။

ခန္ဓာကိုယ်မှာရော လှပတယ်လို့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာဖြစ်မလဲ။

စိုးပြည့် ခန္ဓာကိုယ်မှာလှပတယ် ဆိုပြီး ခံယူထားတာဘာမှ မရှိပါဘူး။ တစ်ယောက်တည်းရှိရင် အများဆုံး လုပ်တတ်တဲ့ အမူအကျင့်က ရုပ်ရှင်ကြည့်တယ်။ သီချင်းနား ထောင်တယ်။ စာအုပ်ဖတ်တယ်။ တရား ထိုင်တယ်။

ဒါရိုက်တာက ဒိုင်ယာလော့ခ်တွေ ချပေးရင်ရော လွယ်လွယ်ကူကူနဲ့ ရတတ်သူလား။

ရတတ်ပါတယ်။ ဒါကလူတိုင်းပါပဲ။ အရေးကြီးတာ အာရုံစူးစိုက်မှုပေါ့။ အာရုံစူးစိုက်မှု မရှိရင်တော့ ဘာပြောပြော မကြားတော့ဘူးပေါ့။ စိတ်ကိုတည်ငြိမ်မှုရှိတယ်ဆိုရင် အာရုံစူးစိုက်မှုအားကောင်းဖို့နဲ့ သရုပ်ဆောင်တစ် ယောက်အတွက် စိတ်အာရုံစူးစိုက်မှု ရှိဖို့ပိုပြီးလိုအပ်ပါတယ်။ အဲဒါကြောင့်လည်း တရားထိုင်တာသရုပ်ဆောင်တွေအ တွက်ပိုပြီးအရေးပါတယ်။ ဘာလို့လဲ ဆိုတော့ စိတ်အာရုံစူးစိုက်မှုအား ကောင်းတယ်။ စိတ်အာရုံစူးစိုက်မှု အားကောင်းရင် သင်ပြတာကို အလွယ်တကူမှတ်နိုင်တယ်။

ဘိုရှီလိုင်းကို ထောင်ဒဏ် တသက်ချ

Posted by drmyochit Monday, September 23, 2013, under | No comments


 အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်တသက် ချမှတ်ခံရသော တရုတ်ဝါရင့်နိုင်ငံရေးသမား Bo Xilai
တရုတ်နိုင်ငံက ၀ါရင့်နိုင်ငံရေးသမား Bo Xilai ကို အာဏာအလွဲသုံးမှု၊ ငွေကြေးအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုစတဲ့ ပြစ်မှုတွေမှာ အပြစ်ရှိကြောင်းထင်ရှားတဲ့အတွက် တရုတ်နိုင်ငံ ပြည်သူ့တရားရုံးတခုက သူ့ကို ထောင်ဒဏ် တသက်တကျွန်းချမှတ်လိုက်ပါတယ်။

Jinan ပြည်သူ့တရားရုံးက တနင်္ဂနွေနေ့က ခုလိုစီရင်ချက် ဆုံးဖြတ်ချမှတ်လိုက်တာဖြစ်ပြီး ဒီအမှုဟာ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံမှာ အနီးကပ် စောင့်ကြည့်အခံရဆုံး နိုင်ငံရေးအရှုပ်တော်ပုံ အမှုတွေထဲက တခုဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့တရားဥပဒေမှာ ဆယ်စုနှစ်တခုကျော်ကြာ ကျင့်သုံးတဲ့အယူခံခွင့်အရ Bo Xilai အနေနဲ့ ဒီပြစ်ဒဏ်ချမှတ်မှုကို အယူခံလွှာတင်သွင်းခွင့် ရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ တရားရုံးဆုံးဖြတ်ချက်အရ Bo Xilai ရဲ့ တသက်တာ နိုင်ငံရေးလုပ်နိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒါဟာ တခါက အောင်မြင်ထင်ရှားခဲ့တဲ့ Bo Xilai ရဲ့ နိုင်ငံရေး သမားဘ၀ ကို ထိထိရောက်ရောက်အဆုံးသတ်စေ လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၃ သန်းကျော်တန်တဲ့ Bo Xilai ပိုင်ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းဖို့ ရုံးတော်က ဆုံးဖြတ်လိုက်ပါတယ်။

အသက် ၆၄ နှစ်အရွယ် ပေါလစ်ဗြူရို အဖွဲ့ဝင်ဟောင်း Bo Xilai ဟာ အရင်လက သူ့ကို အမှုစစ်ဆေးတဲ့တရားခွင်ထဲမှာ မကြုံစဖူး ပြင်းထန်တဲ့ ခုခံချေပမှုတွေလုပ်ခဲ့ပါတယ်။ သူအမှားလုပ်ခဲ့တယ်ဆိုတာ ၀န်ခံပေမဲ့ တရားရုံး စွဲဆိုချက်အတော်များများကို ငြင်းဆန် ခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာဌာန)

KIO Technical Advisory Team နှင့် အစိုးရ MPC တို့ တွေ့ဆုံဆွေးနွေးပြီးသော်လည်း KIA အဖွဲ့မှ လူသစ် စုဆောင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိ၏

Posted by drmyochit Monday, September 23, 2013, under | No comments


စက်တင်ဘာ ၂၃ ရက် ၂၀၁၃

KIO Technical Advisory Team နှင့် အစိုးရ MPC တို့ စက်တင်ဘာ(၁၆)ရက်နှင့် (၁၇)ရက်တွင် မြစ်ကြီးနား၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လာမည့် အောက်တိုဘာ(၅)ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်းတွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အဖွဲ့မှ ဒေသခံကချင်လူငယ်/ရွယ်များအား လူသစ်စုဆောင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း တနိုင်းမြို့ခံများ ထံမှ သိရှိရသည်။

``အရင်တုန်းက အမည်စာရင်း ကောက်ထားတဲ့ ရွာကလူငယ်တွေကို လူသစ်ဆိုပြီး အတင်းဖမ်းခေါ်နေတာပဲ၊ လာဖမ်းတဲ့အဖွဲ့က ကချင်လွတ်လပ်ရေးတပ်ရင်း(၁၄)ကလို့ သိရပါတယ်။
လွန်ခဲ့တဲ့တစ်ပတ်လောက်က တည်းက အဲဒီလိုပဲနာမည်စာရင်းနဲ့ လာခေါ်နေတာ၊ ရွာထဲမှာ လူငယ်တွေ မနေရဲကြတော့ဘဲ ထွက်ပြေးနေ ကြရတယ်လေ´´ ဟု မိုင်းခွန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
KIA တပ်မဟာ(၂)၊ ရင်း(၁၄)မှ ဗိုလ်မှူးအဆင့်ရှိ ဇော်တောင်ဦးစီးအဖွဲ့သည် စက်တင်ဘာဒုတိယပတ်မှစ၍ တနိုင်း၊ မိုင်းခွန်၊ ရှဒူစွပ်တစ်ဝိုက်ရှိ ဒေသခံကချင်လူငယ်များအား လူသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် လျက်ရှိရာ စက်တင်ဘာ(၂၁)ရက်နေ့အထိ ဖမ်းဆီးခေါ်ဆောင်ခံရသော လူငယ်(၄၀)ဦးခန့်ရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

``ရှဒူစွပ်ရွာက အဘွားကြီးယောက်ဆိုရင် သူ့မြေးကို ကချင်တပ်က အတင်းလာဖမ်းသွားတာကို မြင်ပြီး မစားနိုင်မသောက်နိုင်နဲ့ တငိုငိုတအီအီ ဖြစ်နေလေရဲ့ အခုအိပ်ယာထဲ ဗုန်းဗုန်းလဲနေတယ်၊ အခြေအနေ မကောင်းဘူး´´

KIO အနေဖြင့် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပြီးသော်လည်း ယခုကဲ့သို့ဒေသခံကချင်လူငယ် များအား လူသစ်အဓမ္မစုဆောင်းမှုများကြောင့် မိဘအုပ်ထိန်းသူများမှာ စိတ်သောကရောက်နေကြရကြောင်း၊ အချို့လူငယ်များမှာ ရွာ၌မနေရ၊ ပညာမသင်ရ၊ မိဘအား မလုပ်ကျွေးရဘဲ လူသစ်စုခံရမှာကို စိုးရိမ်သည့် အတွက် ထွက်ပြေးတိမ်းရှောင်နေကြသလို အချို့မှာ ရဟန်းဝတ်သွားကြကြောင်း၊ အပြောနှင့်အလုပ်မညီသည့် လုပ်ရပ်များကြောင့် လာမယ့် အောက်တိုဘာ(၅)ရက်တွင် တွေ့ဆုံဖွယ်ရှိသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာလည်း ဒေသခံတိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်းနှင့် လုံးဝအယုံအကြည်မရှိကြောင်း ယင်းဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်
Burmese Treasure

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်