Monday, October 07, 2013

ယောင်္ကျားယူဖြစ်လျှင်အနုပညာလောကထဲက လုံးဝမဖြစ်နိုင်ဟု မိုးယုစံပြော

Posted by drmyochit Monday, October 07, 2013, under | No comments


ခေါင်းတုံးဆံပင်နဲ့ ဆံပင်ရှည်နဲ့ သရုပ်ဆောင်တဲ့ အခါ ဘယ်ဟာက ကိုယ့်ကို ယုံကြည်မှု ရှိစေလဲ ဆိုတော့ ခေါင်းတုံးဆံပင်က နေရတာလွတ် လပ်တယ်။ မိုးယုကပိုကြိုက် ပါတယ်။ မိုးယုက ခေါင်းတုံး ဆံပင်နဲ့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး ဆိုတာမရှိဘူး။ မိုးယုခေါင်းတုံးတုံး တယ်ဆိုတာ ပရိသတ်တွေ လည်းသိ တယ်လေ။ မိုးယု သီလရှင်ဝတ်တယ် ဆိုတော့ မိုးယုက ပိုတောင်ဂုဏ်ယူ သေးတယ်။ ငါသီလ ရှင်ဝတ်ထား တာဆိုပြီးတော့လေ။ ခေါင်းတုံးဆံ ပင်ကိုကြိုက် ပါတယ်။ နေရတာ လည်းအရမ်းလွတ်လပ်တယ်။

သီလ ရှင်ဝတ်တုန်းက အသုဘလည်း ရှု လိုက်သေးတဲ့ အပြင် ဘာတွေရောရ လိုက်သေးလဲ ဆိုတော့ ရှုတာတော့ မရှုတတ်ပါဘူး။ မိုးယုလည်း သတင်း ကြားကြားချင်း စိတ်မကောင်းဖြစ် တယ်။ တိုက်ဆိုင်သွား တာနဲ့ ပို့ဖြစ် တာပါ။ ငယ်ငယ် ရွယ်ရွယ်နဲ့သေနိုင် ပါလားဆိုတဲ့အ သိတော့ရခဲ့ပါ တယ်။ သီလရှင်ဘဝ ကအလုပ် လည်းမရှုပ်ဘူး။ အရမ်းအေးချမ်းတယ်။ တခြားအလုပ်လည်း မရှိဘူး။ အလှအပလည်း ဘာမှမရှိဘူး။

လူ့ လောကနဲ့တော့ ကွာခြားတယ်ဆို တာကိုမိုးယုသိခဲ့ပါတယ်။ နောက် ထပ်သီလရှင် ထပ်ဝတ်ဖို့ အစီအစဉ် ကတော့ ခုလောလောဆယ် မရှိ သေးပါဘူး။ နောက်တော့ မပြော တတ်သေးပါဘူး။ ဗုဒ္ဓဘာသာအ ပေါ် မိုးယုယုံကြည်တာတော့ ကောင်းတာ လုပ်ရင်ကောင်းတာ ဖြစ်မယ်။ မကောင်းတာ လုပ်ရင်မ ကောင်းတာဖြစ်မယ်လို့ မိုးယုယုံပါ တယ်။

အရင်က မိုးယုက အချစ်က တစ်ခါတလေ ပူလောင်တာရှိသလို တစ်ခါတလေ အဆင်မပြေတာရှိ တယ်ဆိုတော့ အခုရော အခုကဘာ မှမရှိပါဘူး။ အခုချိန်မှာ အချစ်ကို ဘယ်လိုမှ နားမလည်ပါဘူး။ မိုးယု အိမ်ထောင်ပြုဖြစ် ရင်တော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က အနုပညာလော ကထဲက လူလုံးဝ မဖြစ်ပါဘူး။
By 8 Days

ရန်ကုန်ရှိ အများပြည်သူနှင့် ဆိုင်သော နေရာများတွင် WiFi Free သုံးရတော့မည်

Posted by drmyochit Monday, October 07, 2013, under | No comments


Redlink မှ အများပြည်သူနှင့်ဆိုင်သော အဆောက်အအုံနှင့် နေရာများ တွင် Wi-Fi ကြိုးမဲ့အင်တာနက် စနစ်ဝန်ဆောင်မှုများ ပေးဆောင် ရန် အကောင်အထည်ဖော်စီစဉ် လျက်ရှိကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဆီးဂိမ်းအားကစား ပြိုင်ပွဲပြီးဆုံးပါက အများပြည်သူ နှင့် ဆိုင်သော ဘုရား၊ ဟိုတယ်၊ ဈေးများ၊ တက္ကသိုလ်များ အစရှိ သည့် နေရာများတွင် အင်တာ နက်ဝန်ဆောင်မှုများ ပေးဆောင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း Redlink Communications ကုမ္ပဏီ ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးသိန်းသန်းတိုး က အောက်တိုဘာ ၄ရက်တွင် Redlink ကုမ္ပဏီ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

ယင်းက ''ကျွန်တော်တို့ အခု ဆီးဂိမ်းပြိုင်ပွဲအတွက် Wi-Fi အင် တာနက်ဝန်ဆောင်မှုအတွက် လုပ် ဆောင်နေတာတွေရှိတယ်။ အ များပြည်သူသုံးနိုင်တဲ့ နေရာတွေ မှာ Wi-Fi သုံးနိုင်အောင် လုပ်တဲ့ တွေတော့ ရှိကြ တယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ကြဘူး။ 

လက်ရှိဆက်သွယ်ရေးဥပဒေအရ နည်းနည်းမကွဲပြားတာလေးတွေ ရှိတော့ တအားကြီးကျယ်ကျယ် ပြန့်ပြန့်မလုပ်တာ။ ရှေ့လျှောက်ဒီလို လုပ်ခွင့်ကို တိတိကျကျ ကျွန်တော် တို့သိရမယ်ဆိုရင် ပိုပြီးတော့ ကျယ် ကျယ်ပြန့်ပြန့်လုပ်လို့ရတာပေါ့။ ကျွန်တော်တို့ အခုချက်ချင်းလုပ် ရင် တရားမဝင်ဖြစ်သွားမှာစိုးလို့ ဆက်သွယ်ရေးဥပဒေအသစ်တွေ နည်းဥပဒေတွေကို စောင့်နေတာ ပေါ့''ဟု ပြောသည်။

အများပြည်သူနှင့်ဆိုင်သော နေရာများဖြစ်သည့် ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်ဈေး၊ တက္ကသိုလ်များနှင့် ဟိုတယ်များ စသောနေရာများ တွင် Wi-Fi သုံးစွဲနိုင်ရန် ဝန်ဆောင် မှုပေးခြင်းဖြစ်ပြီး ယင်းအတွက် ဝန် ဆောင်ခကျသင့် မည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် သုံးစွဲမည့် သူ သည် Redlink ၏ အင်တာနက် ဝန်ဆောင်မှုကို သုံးစွဲနေသူမည်သူ မဆို အဆိုပါ Wi-Fi ရှိသောနေရာ တိုင်းတွင် ဝန်ဆောင်ခထပ်မံပေး ဆောင်စရာမလိုဘဲ အခမဲ့အသုံးပြု နိုင်မည်ဖြစ်ပြီး Redlink ၏ အင် တာနက်ဆားဗစ်အစီအစဉ်များ ကို ဝယ်ယူသုံးစွဲခြင်း မရှိသူများ အနေဖြင့် အဆိုပါ Wi-Fi ထားရှိ ရာနေရာများတွင် Wi-Fi အသုံး ပြုခပေးဆောင်ကာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အများပြည်သူနှင့် ဆိုင်သောနေရာများတွင် Redlink Wi-Fi အသုံးပြုနိုင်ရန် အသင့်ဖြစ် နေပြီး Redlink ၏ customer များအနေဖြင့် နိုင်ငံတကာအထိ အင်တာနက် အခမဲ့သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
By Yangon Media Group

လိင်ပုံမှန်ဆက်ဆံခြင်းက ကင်ဆာကိုအောင်နိုင်ပြီး နှလုံးကိုကာကွယ်နိုင်ဟုဆို

Posted by drmyochit Monday, October 07, 2013, under | No comments


အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။

၁။ အရွယ်တင်နုပျိုစေပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။
ပိုမိုကောင်းမွန်အောင်

သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

Sunday, October 06, 2013

လှလွန်းသူရဲ့ အငြိုး

Posted by drmyochit Sunday, October 06, 2013, under | No comments

တခါတုန်းက ကောသမ္ဗီပြည်ရဲ့ ရွာငယ်တခုမှာ ထင်ရှားတဲ့ လက္ခဏာဆရာ ဇနီးမောင်နှံ နှစ်ဦး ရှိပါတယ်။ အဲဒီ ဇနီးမောင်နှံမှာ အင်မတန်ချောမောလှပတဲ့ သမီးကညာ တဦးလည်း ရှိပါသတဲ့။ မာဂဏ္ဍီဟာ တော မှာမွေး တဲ့ တောသူမလေးဆိုပေမယ့် ရုပ်ရည်လက္ခဏာဟာ ကတော်ဆယ်ပါး တပါးအပါအ၀င်ဆိုတဲ့ ရုပ်မျိုးဖြစ် သလို ဗေဒင်လက္ခဏာ ကိန်းခန်းတွေအရ ကြည့်ရင်လည်း မလွဲမသွေ ကတော်ဖြစ်မယ့် ဇာတာရှင် ပါတဲ့။ ဒီတော့လည်း မိဘတွေက သူတို့ကညာ အရွယ်ရောက်ပြီဆိုကတည်းက ရုပ်ရည် လက္ခဏာနှင့် တထပ်တည်းဖြစ်နိုင်ဖို့ သူ့သမီးရဲ့ ကြင်ဖက်ကို ဂရုတစိုက် ရွေးချယ်ကြပြီပေါ့။

သူတို့သမီးကိုလည်း အမြဲလို ဒီလို ဆုံးမစကား ပြောတတ်သေးသတဲ့။
(ဖခင်) သမီး-သမီးရဲ့ ရုပ်ရည်လက္ခဏာဟာ အင်မတန်ထူးခြားတယ်နော်၊ တော်ရုံ တန်ရုံများ စိတ်ထဲတောင် မထည့်နဲ့ သမီးရေ၊ မှန်းကတည်းက အမြင့်ဆုံးကို မှန်း၊ ရင်လောက်မှန်းမှ ဒူးလောက်ကျ ဆိုတဲ့စကားလည်း ရှိသေးတာကလား-

(သမီး) စိတ်ချပါ အဖေရယ်၊ ဒီရွာက လူတွေများတော့ သမီးဖြင့် စိတ်ကူးထဲကို မထည့်ဘူး၊

မိဘနဲ့သမီး ညှိပြီးသားဆိုပေမယ့် အမေလုပ်တဲ့သူက တမျိုးပူပြန်သတဲ့၊ သူတို့သမီးက ဘုရင်ကတော်ဖြစ်ဖို့ ဇာတာကောင်းပေမယ့် ကောသမ္ဗီဘုရင် ဥတေနရဲ့ စရိုက်ကိုလည်း သူတို့လင်မယားက မကြိုက်ချင်ပြန်ဘူးဆိုပဲ၊ သူတို့လင်မယားရဲ့ လက္ခဏာဟောပြောမှု ထင်ရှားချက်က ရွှေနန်းတော်ထိ ပေါက်သတဲ့၊ ဒီတော့ မင်းစိုးရာဇာတွေနဲ့ အဆက်အဆံတွေကလည်းရှိတော့ တဆင့်စကား တဆင့်နားနဲ့ ဥတေနဘုရင်ဟာ ဒေါသကြီး စရိုက်ကြမ်းတယ်လို့ သိထားခဲ့တယ်။ အိမ်က သူတို့သမီးကလေးကလည်း အဖေအမေ အစွမ်းကုန် အလိုလိုက်ထားတဲ့ ခပ်ကြမ်းကြမ်းလေးဆိုတော့ တချိန်ချိန် ဘုရင်က အမျက်တော်ရှရင် ဘယ်လိုလုပ်မလဲ ဆိုတာထိ မိဘအနေနဲ့ တွေးပူကြတာပေါ့။ ဒီလိုနဲ့ပဲ ဖူးစာမဆုံသေးတဲ့ ဘုရင်ကိုတောင် စိတ်ကူးနဲ့မှန်းပြီး သဘောမကျဖြစ်နေတဲ့ မိဘတွေက မာဂဏ္ဍီရဲ့ သတို့သားလောင်းကို ဇွဲကောင်းကောင်းနဲ့ ရှာကြစမြဲပေါ့။

တနေ့မှာ ဘုရားရှင်ဟာ ဒီနေ့အတွက် ကျွတ်ထိုက်တဲ့သူတွေကို ဉာဏ်နှင့်ဆင်ခြင်ကြည့်တဲ့အခါ မာဂဏ္ဍီရဲ့ မိဘနှစ်ပါးကို မြင်သတဲ့။ ဒါကြောင့်လည်း ခရီးအနီးအဝေးကို ဂရုမပြုဘဲ တပါးတည်း ကြွချီတော်မူလာခဲ့တယ်။ ဒီလိုအချိန်မှာပဲ မာဂဏ္ဍီရဲ့ မိဘနှစ်ပါးကလည်း အကြောင်းကိစ္စတခုနဲ့ ရွာပြင်ဘက်ကို ရောက်နေကြသတဲ့။ ဒီမှာတွင် မြေမှာထင်ကျန်နေတဲ့ ဘုရားရှင်ရဲ့ ခြေရာကို အဖေကြီးက စမြင်ခဲ့တယ်။
( ဖခင် ) အိုး-မကြုံစဖူး ထူးကဲလှချည်လား ရှင်မရေ၊ ဒီမှာ-ကြည့်စမ်းပါဦးဟဲ့၊ ဒီခြေရာဟာ သာမန်ယောက်ျား တယောက်ရဲ့ ခြေရာမဟုတ်ဘူး။ စကြ၀တေးမင်းတောင် ဖြစ်နိုင်တဲ့ ခြေရာကွဲ့။
( မိခင် ) ဟင်-ဟုတ်လား၊ ကြည့်စမ်းပါရစေဦး၊ အင်း-ထူးခြားတာတော့ ဟုတ်တယ်ရှင့်၊ ဒါပေမယ့် ဒီခြေရာရှင်ဟာ လူ့လောကနဲ့ ကင်းလွတ်မယ့်သဘောရှိတယ်၊ ရှင်းရှင်းပြောရရင် အာသဝေါကုန်ခန်းနေတဲ့ ခြေရာရှင်ပဲ။

ဇနီးမောင်နှံ နှစ်ယောက်သား သူ့အထင်မှန်တယ်၊ ငါ့အထင်မှန်တယ်နဲ့ ငြင်းခုံဆက်လျှောက်လာကြရင်းမှ သစ်ပင်ရိပ်တခုရဲ့ အောက်မှာ ဘုရားရှင် သီးတင်းသုံးနေတာကို တွေ့လိုက်ရတယ်။ ဇနီးမောင်နှံရဲ့ စိတ်ထဲမှာ ဘုရားရှင်ကို ဖူးတွေ့ရပေမယ့် ဘုရားရှင်မှန်း မသိဘူးတဲ့။ အဲဒီအချိန်အခါက ဘုရားရှင်နဲ့အတူ တခြားသော သာသနာအတုအယောင်တွေလည်း အများကြီးဆိုတော့ သာမန်ရဟန်းတပါးအဖြစ်ပဲ ထင်နေသတဲ့။ ဒါကြောင့်လည်း
( ဖခင် ) အရှင်ရဟန်း-ကျွန်ုပ်ကို စကားပြောခွင့်ပေးပါ၊ အရှင်ရဟန်းရဲ့ ခြေရာကို ကျွန်ုပ်တို့ တွေ့မြင်ကတည်းက ထူးခြားမှန်း သိပါတယ်။ စကြ၀တေးမင်းတောင် ဖြစ်နိုင်တဲ့ ခြေရာရှင်ပါ။ ကျွန်ုပ်တို့မှာ ရှင်ရဟန်းလိုပဲ ထူးခြားတဲ့ ကြန်အင်လက္ခဏာရှိတဲ့ သမီးကညာတယောက် ရှိပါတယ်။ ထူးခြားသောသူနှစ်ဦး ပေါင်းဖက်မယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲ အရှင်ရဟန်း၊ ကျွန်ုပ်၏သမီးကို လက်ခံပေးပါလော။

ဒီအချန်မှာ အမိအဘနောက်ကို လိုက်လာတဲ့ မာဂဏ္ဍီဟာလည်း အနားကို ရောက်ရှိနေသတဲ့။ အဖေလုပ်သူက ဒီလို စကားလမ်းကြောင်းနေတာဆိုတော့ မာဂဏ္ဍီရဲ့ စိတ်ထဲမှာလည်း အနည်းနဲ့အများတော့ စိတ်လှုပ်ရှားတာပေါ့။ ဒီရဟန်း ဘယ်လိုတုံ့ပြန်မလဲဆိုပြီး ကျက်သရေအပေါင်းနဲ့ပြည့်စုံတဲ့ ရဟန်းကို ခိုးကြည့်နေခဲ့တာပေါ့။ ဒီအခါမှာ-

( ဘုရားရှင် ) ဒါယကာကြီး-ငါဘုရားဟာ စည်းစိမ်ဥစ္စာအားလုံးကို စွန့်ပယ်ခဲ့ပြီး ဖြစ်ပေတယ်။ လှပပါတယ်ဆိုတဲ့ သင့်ရဲ့သမီးကို မဆိုထားနဲ့ ၀သ၀တ္တီနတ်ပြည်က နတ်သမီးတွေကိုတောင် ပိုင်ဆိုင်လိုစိတ် ကင်းခဲ့ပြီဖြစ်တယ်။ မိန်းမနှင့်တကွ ပိုင်ဆိုင်ချင်စရာကောင်းတဲ့ စည်းစိမ်ဥစ္စာမှန်သမျှဟာ ဆင်းရဲမျိုးစုံဖြစ်စေဖို့ အကြောင်းအရာတွေ ချည်းပါပဲ ဒကာ။ ဓားသွားပေါ်က ပျားရည်စက်တွေလို မက်စရာမရှိပေဘူး၊ တကယ်တော့ ချောပေ့ လှပေ့ဆိုတဲ့ သင့်သမီးဟာလည်း လှယမင်းထင်နေတဲ့ အပုပ်အသိုးသာ ဖြစ်တယ်။ လက်ခံဖို့မဆိုထားပါနဲ့ ခြောက်ထောက်နဲ့တောင် မထိလိုပါ။

ဘုရားရှင်ရဲ့ တရားတော်ကြားမှာ မိဘနှစ်ပါးဟာ တထိုင်တည်းနဲ့ တရားရသွားပေမယ့် မာဂဏ္ဍီကတော့ အမျက်ဒေါသမီးတွေ ဟုန်းဟုန်းထပြီပေါ့။ ငါ့ကို အပုပ်အသိုးလို့ တင်စားတဲ့ရဟန်း ဘာမို့လို့လဲ။ တနေ့ ငါ့အကြောင်းကို သိစေမယ်ဆိုပြီး စိတ်ထဲက ကြုံးဝါးခဲ့သတဲ့။ နောင်တချိန်မှာ ဦးလေးဖြစ်သူရဲ့ အုတ်ထိန်းမှုအောက်မှာ ဆင်လက်ကြီးပြင်းခဲ့တဲ့ မာဂဏ္ဍီဟာ ကောသမ္ဗီဘုရင် ဥတေနရဲ့ မိဖုရားတပါး ဖြစ်လာခဲ့ပါတယ်။ တနေ့မှာ ဘုရားရှင်ဟာ ပင့်ဖိတ်သူရှိတဲ့အတွက် ကောသမ္ဗီမြို့တော်ကြီးကို ကြွချီဖို့အကြောင်း ဖြစ်လာတယ်။ အခွင့်အရေးကို စောင့်နေတဲ့ မိဖုရား မာဂဏ္ဍီဟာလည်း လက်စားချေဖို့ စပြီပေါ့။ ဘုရားရှင်နဲ့ နောက်တော်ပါး သံဃာတော်တွေ ကြွလာတဲ့လမ်းမှာ ကောသမ္ဗီလူမိုက်တွေငှါးပြီး မကြားဝံ့ မနာသာ နည်းမျိုးစုံနဲ့ ဆဲရေးခိုင်းခဲ့တယ်။

ဒီတော့ နောက်တော်ပါးက ပါလာတဲ့ အရှင်အာနန္ဒာက ဘုရားရှင်အစား မခံသာတော့ဘဲ ဒီအရပ်ကို ဆက်မကြွဖို့ လျှောက်သတဲ့။ ဒီအခါ ဘုရားရှင်က
(ဘုရားရှင်) အာနန္ဒာ-နောက်တနေရာရောက်လို့ ဒီလိုမျိုး ဆဲခံရဦးမယ်ဆိုရင်ရော
(အာနန္ဒာ) နောက်ထပ် ရွှေ့တာပေါ့ဘုရား
(ဘုရားရှင်) ဟုတ်ပြီ-ရွှေ့တဲ့နေရာမှာ ထပ်တွေ့ရင်ရော
(အာနန္ဒာ) ထပ်ရွှေ့ကြတာပေါ့ဘုရား
(ဘုရားရှင်) အာနန္ဒာ-ဒီလိုမဟုတ်ဘူး။ စစ်မြေပြင်ကိုဝင်တဲ့ ဆင်ပြောင်ကြီးဟာ ကျလာတဲ့ လေးမြှားဒဏ်ကို ကြံ့ကြံ့ခံနိုင်ရသလို ပြဿနာတို့ကို သည်းခံပါ။ သည်းခံခြင်းလက်နက်ကို ဘယ်အရာမျှ မထိုးဖောက်နိုင်ပါဘူး။

အာနန္ဒာ-အခု ဆဲဆိုနေတဲ့ လူမိုက်တွေဟာ ခုနစ်ရက်ထက် ပိုပြီး မဆဲနိုင်ပါဘူး။ သည်းခံခြင်းတရားနဲ့ ဆင်ခြင်ပါ အာနန္ဒာ။
ဘုရားရှင်ရဲ့ စကားဟာ အင်မတန် မှန်ပါတယ်။ နောက်ဆုံးမှာ လူမိုက်တွေ လက်လျှော့သွားရတဲ့အထိ ဘုရားရှင်ရဲ့ သည်းခံခြင်းတရားက အောင်မြင်ခဲ့ပါတယ်။

ကလေးတို့ရေ-ဒီဇာတ်တော်ကို ဖတ်ပြီးရင် ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်းခုနစ်ရက် ဆိုတာ ဒီကနေများ ဖြစ်လာသလား စဉ်းစားစရာပါပဲ-နော်။

( မိုးမိုးစောဝင်း )

ကိုယ်ဝန် တားဆေး အသက် မရွေး တော့

Posted by drmyochit Sunday, October 06, 2013, under | No comments

အမေရိကန် မှာ အရေးပေါ် ကိုယ်ဝန် တားဆေး ကို အရင် ကလို အသက် အကန့် အသတ် မထား တော့ဘဲ ဘယ်သူ မဆို ဝယ်ယူ နိုင်တော့ မယ် လို့ သိရပါတယ် ။ သူတို့ ဆီမှာ Morning after pill နဲ့ Plan B လို့ လူသိ များ ပါတယ်။ တခြား နိုင်ငံ တွေမှာ တော့ နာမည် ပေါင်း များစွာ နဲ့ ထုတ်လုပ် ရောင်းချ နေတာ ဖြစ် ပါတယ်။ FDA ကနေ ၁၉၉၉ ကတည်း ကနေ စိတ်ချ ရလို့ ခွင့်ပြုချက် ပေး ထား တာပါ။ ဆေး ၂ လုံး ပါပြီး၊ ပဌမ တလုံး သောက်ပြီး နောက် ၁၂ နာရီ မှာ နောက် တလုံး သောက်ရတာ ဖြစ် ပါတယ်။ Plan B One - Step ဆေး ကတော့ တပြား တည်း ကို တခါတည်း သောက်ယုံ သာ ဖြစ်ပါတယ်။

အခုဟာက ( ဘရုတ်ကလင်း ) ဖက်ဒရယ် ခရိုင် တရား သူကြီး တဦး ကနေ ရက် ၃ဝ အတွင်း ဆေးဆိုင်တွေ မှာ တင်ဘို့ ၅ - ၄ - ၂ဝ၁၃ နေ့က အစိုးရ ကို အမိန့် ပေးတာ ဖြစ် ပါတယ်။ အရင် က အသက် ၁၇ နှစ် ရှိမှသာ ဝယ် နိုင် ပါတယ်။ အစိုးရ အနေနဲ့ ဥပဒေ ပိုင်း တွေ ကို လေ့လာ နေတယ် လို့ ပြောပါတယ်။ ဒီအရေး ကို အောင်မြင် ဘို့ လုပ်နေတဲ့ Center for Reproductive Rights က ထောက်ပြ ထား တာက မိန်းကလေး တွေ အသက် ၁၇ နှစ် အောက်မှာ ဒီ ဆေးသောက် လို့ စိတ် မချရ ဘူး ဆိုတာကို သက်သေ မပြနိုင် ဘူး လို့ ဆိုပါတယ်။ အစဉ် အလာ လိုက်နာ တဲ့ US social conservatives အဖွဲ့ ကတော့ ဒီလိုသာ ဖြစ်လာရင် မိန်းကလေး ငယ်ငယ် လေးတွေ ကြား လိင် ပိုင်း ဆိုင်ရာ အပြုအမူ တွေ ပိုတိုး လာမယ် လို့ ဆိုလိုက် ပါတယ်။

၂ဝ၁၁ တုံး က FDA ကနေ ပြောထား ခဲ့တာက ဒီဆေးဟာ ကလေး မွေးနိုင်တဲ့ အရွယ် မှာ စိတ်ချ ရတယ် လို့သာ ဖြစ်ပါတယ်။ တရာရုံး က အဲလို ဆုံးဖြတ် လိုက်ပေမဲ့ FDA တာဝန် ရှိသူတွေ က တော့ ဥပဒေပိုင်း တွေ လိုသေး ပါတယ် တဲ့။ Emergency pills တွေ ဟာ လိင် ဆက်ဆံမှု ပြု အပြီး ၇၂ နာရီ အတွင်း သောက် လိုက်ရင် ကိုယ်ဝန် မရ နိုင်ပါ။ ဒါပေမဲ့ စောလေ ကောင်းလေ သာ ဖြစ်ပါတယ်။ ဘေးထွက် ဆိုးကျိုး အနေနဲ့ အန် ချင်တာ၊ ဝမ်းလျှော တာ တွေ ဖြစ်နိုင် ပါတယ်။

HIM

ပန်းသေပန်းညှိုးခြင်းအတွက် အစွမ်းထက် ကုထုံးသစ်တစ်ခုကို စမ်းသပ်နေ

Posted by drmyochit Sunday, October 06, 2013, under | No comments



ဓာတ်ငွေ့ ဖြည့်တင်းထားသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများသည် အမျိုးသားများ၏ လိင်မှုဘဝကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ဖိနှိပ်သည့် အခြေအနေကို တွန်းလှန်ရန် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။

ပန်းသေပန်းညှိုး ဝေဒနာသည် အမျိုးသားများအတွက် ကုသရေး နည်းလမ်းသစ် တစ်ခုကို သုတေသီများက အတည်ပြု စမ်းသပ်နေကြောင်း သိရှိရသည်။ ဓာတ်ငွေ့ ဖြည့်တင်းထားသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများသည် အမျိုးသားများ၏ လိင်မှုဘဝကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ဖိနှိပ်သည့် အခြေအနေကို တွန်းလှန်ရန် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။ ဆေးဘက်ဆိုင်ရာ သုတေသီများက ယင်းနည်းလမ်းသည် ဗီယာဂရာ ဆေးဝါးများထက် ပိုမို၍ အကျိုးသက်ရောက်မှု ထူးကဲမည်ဟု မျှော်လင့်လျှက် ရှိသည်။ စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးသည့် ယခုကုထုံးတွင် အလွန်သေးငယ်သော ပုတီးစေ့လေးများကို ဝေဒနာသည် အမျိုးသား၏ သုက်လွှတ်တံအတွင်း ထည့်သွင်းပေးရမည် ဖြစ်သည်။

အစောပိုင်း သုတေသန ရလဒ်များအရ ယခုနည်းလမ်းသည် ဆေးဝါးများ သုံးစွဲခြင်းထက် သက်ရောက်မှု အားကြီးကြောင်း သုတေသီများက ထောက်ခံထားသည်။ အကျယ် (၁)မီလီမီတာပင် မရှိသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများကို ဝေဒနာရှင် အမျိုးသား၏သုက်လွှတ်တံ အနီးတဝိုက်တွင် ထည့်သွင်းပေးပြီး ယင်းတို့က နိုက်ထရစ်အောက်ဆိုက် ဓာတ်ငွေ့ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနေမည် ဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့သည် သွေးကြောများကို ကျယ်ပြန့်စေသည့် အာနိသင်မျိုး ရှိနေပြီး ဝေဒနာသည်၏ မျိုးပွားအင်္ဂါ တစ်ဝိုက်တွင် သွေးရောက်ရှိမှုကို အထောက်အပံ့ ဖြစ်စေသည်။ ပန်းသေပန်းညှိုးခြင်းသည် သုက်လွှတ်တံတစ်လျှောက်ရှိ သီးခြား အခန်းငယ်လေး အတွင်းသို့ သွေးဝင်ရောက်နိုင်မှု မရှိတော့၍ဖြစ်ရာ ယခုကုထုံးက ယင်းဖြစ်စဉ်ကို တွန်းလှန်နိုင်မည်ဟု သိရသည်။

အဆိုပါ အခန်းငယ်လေးများသည် သဘာဝအလျောက် ရှုပ်ထွေးလွန်းသော သွေးကြောငယ်များဖြင့် ယှက်ဖြာနေပြီး ယင်းတို့၏ အတွင်းပိုင်း သွေးစီးဆင်းမှု အကြောင်းတစ်ခုခုဖြင့် အဟန့်အတား ဖြစ်လာခြင်းက ပန်းသေပန်းညှိုး ပြဿနာကို ပေါ်ပေါက်လာစေသည်။ ယခုပုတီးစေ့လေးများကမူ အဆိုပါ ဧရိယာတွင် သွေးလှည့်ပတ် ဝင်ရောက်မှုကို အားပေးနိုင်မည် ဖြစ်သည်။ အမျိုးသားများ ပန်းသေပန်းညှိုး ဝေဒနာ ကြုံရသည့် အကြောင်းရင်းများ၌ သွေးတိုးခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ကိုလက်စထရော များလွန်းခြင်းတို့လည်း အပါအဝင်ဖြစ်သည်။ ယခုနည်းလမ်းသည် ဆီးချိုကြောင့် လိင်သာယာမှု ပျောက်ဆုံးသွားသူများအနက် (၅၀)ရာခိုင်နှုန်းမှ (၇၅)ရာခိုင်နှုန်းထိကို အကူအညီ ပေးနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

ယခင်က နိုက်ထရစ် အောက်ဆိုက် ဓာတ်ငွေ့သည် နှလုံးသွေးကြောများကို ကျယ်စေသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါသည်များအတွက် အသုံးပြုရန် နည်းလမ်းတစ်ခုအဖြစ် တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၊ ရိုက်စ်တက္ကသိုလ်မှ သုတေသီများကမူ ယင်းအခြေခံ အာနိသင်ကို အခြားနည်းလမ်း တစ်ရပ်တွင် ပြောင်းလဲ အသုံးချခဲ့ခြင်း ဖြစ်သည်။ တိရစ္ဆာန်များဖြင့် စမ်းသပ်မှု ရလဒ်များအရ (၃)ပတ်မျှ အတောအတွင်း စွမ်းဆောင်ရည်ပိုင်း နိုးကြားမြင့်မားလာသည်ကို အတည်ပြု တွေ့ရှိထားပြီး ဖြစ်သည်။ ယခုစမ်းသပ်ချက်များသည် Type 2 ဆီးချိုနှင့် စပ်လျဉ်းသည့် ပန်းသေပန်းညှိုး ပြဿနာတွင်သာ အကျုံးဝင်သော်လည်း အခြားအကြောင်းရင်းများနှင့် ဆက်စပ်သည့် ဝေဒနာရှင်များအတွက်ပါ ကုထုံးကောင်းတစ်ခု ဖြစ်လာမည်ဟု ပညာရှင်များက ယုံကြည်လျှက် ရှိသည်။ ယခုအခါ ရိုက်စ်တက္ကသိုလ်မှ သုတေသီများသည် လူသားများနှင့် စမ်းသပ်ရန် စီစဉ်နေပြီ ဖြစ်သည်။

အခြားသော သတင်းများအရ သိပ္ပံပညာရှင် အချို့သည် ပန်းသေပန်းညှိုးမှု ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးမည့် စက်ဘီးထိုင်ခံ တစ်မျိုးကိုလည်း ဖန်တီးထားကြောင်း သိရှိရသည်။ ယခင် သုတေသန ရလဒ်များက စက်ဘီးစီးရာတွင် ပုံမှန်အားဖြင့် ကပ်ပယ်အိတ်ကို ထောက်ပံ့သည့် ပေါင်ခြံသွေးကြောများကို ပြင်းထန်စွာ ဖိနှိပ်ထားမှု ဖြစ်ပေါ်နေစေကြောင်း အတည်ပြု ဖော်ထုတ်ထားနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် အမျိုးသား စက်ဘီးသမား တစ်ဦးသည် စက်ဘီးစီးနေချိန်တွင် သုက်လွှတ်တံသို့ သွေးပို့လွှတ်မှု (၇၀)ရာခိုင်နှုန်းမျှ လျော့ကျနေမည် ဖြစ်သည်။ ယင်းအခြေအနေ ကာလရှည်ကြာ သက်ရောက်နေပါက ပန်းသေပန်းညှိုး ပြဿနာ ကြုံနိုင်ခြေ မြင့်တက်လာမည်ဟု ဆိုသည်။ ပညာရှင်များက (၃)နာရီအထက် စက်ဘီးစီးမှုများသည် ရေရှည်တွင် အမျိုးသားများ၏ လိင်မှုဘဝကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။

စပိန်နိုင်ငံ အလီဆန်တီ တက္ကသိုလ်မှ ပညာရှင်များကမူ ယင်းပြဿနာကို ဖြေရှင်းပေးမည့် စက်ဘီးထိုင်ခုံ တစ်ခုကို တီထွင်ဖန်တီးနေကြောင်း ပြောဆိုခဲ့ကြသည်။ အောက်ခြေတွင် ပတ္တာကဲ့သို့ နေ ရာရွှေ့ပြောင်းနိုင် သည့် ဒီဇိုင်းသစ် ထိုင်ခုံသည် ခန္ဓာကိုယ် တည်ရှိပုံ ထောင့်ချိုး အပြောင်းအလဲမျိုး ဖြစ်လာစေပြီး စက်ဘီးစီးနေ စဉ် ပေါင်ခြံသွေးကြောများကို ဖိနှိပ်ထားခြင်းအား ရှောင်လွှဲနိုင်မည် ဖြစ်သည်။ ယင်းပစ္စည်း သည်လည်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေပြီး ပန်းသေပန်းညှိုး ဝေဒနာကို ဆန့်ကျင်တိုက်ဖျက်ရာတွင် မည်သည့် ပမာဏထိ ထိရောက်အောင်မြင်မည်ကို သုတေသန ပြုနေဆဲဟု သိရှိရသည်။

Planet Myanmar Network

ခင်ပွန်းဖြစ်သူမှ ဇနီးအားသတ်ပြီး အလောင်းဖျောက်

Posted by drmyochit Sunday, October 06, 2013, under | No comments

ဒလမြို့နယ်၊ စက်မြေရပ်ကွက်နေ မရွှေသိန်းသူ(ခ) မပုသိမ်၏ အတူနေမိခင်ဖြစ်သူ ဒေါ်လုံးတုံး၊ (ဘ)ဦးကြင်သည် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင် (မရွှေသိန်းသူ၏ပထွေး)၊ (ဘ)ဦးမြသိန်းနှင့်အတူ လက်ခတ်လှေ (၁)စီးဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ (၁)လခန့်ကြာ သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ လွန်ခဲ့သော (၁၅)ရက်ခန့်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ် လှေပေါ်တွင် ၀င်းထွဋ်(ခ) ရဲအောင်မှာ အရက်သောက်စားရာမှ ဒေါ်လုံးတုံးနှင့် စကားများရန်ဖြစ်စဉ် ၀င်းထွဋ်(ခ)ရဲအောင်မှ ဒေါ်လုံးတုံးအား လှေဘောင်နှင့်ဆောင့်သဖြင့်သေဆုံးသွားခဲ့ပြီး အလောင်းအား သန်လျင်ရေနံချက်စက်ရုံအနီး၊ ရန်ကုန်မြစ်အတွင်း ရေထဲသို့မျောချလိုက်ကြောင်း ၂.၁၀.၂၀၁၃ရက်နေ့ ၁၇၀၀အချိန်ခန့်တွင် စုံစမ်းသိရှိရသဖြင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် မရွှေသိန်းသူမှ တိုင်တန်းခဲ့ရာ ဒလမြို့မရဲစခန်း(ပ)၄၄၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နိုင်ငံတကာသို့ ဆေးအတု တင်ပို့နေသော တရုတ်အမျိုးသားများပါ ဂိုဏ်း ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းမိ

Posted by drmyochit Sunday, October 06, 2013, under | No comments


ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ် တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီဖမ်းမိတဲ့ ဆေးဝါး အတု ထုတ်လုပ်တဲ့ ဂိုဏ်းမှာ ပါဝင် ပတ်သက်နေတဲ့သူ ၁၀ ဦးကို ဖမ်းဆီးမိရာမှာ ၇ ဦးက တရုတ်လူမျိုးတွေလို့ ပြောပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ဒီကနေ့ထုတ် New Age သတင်းစာမှာတော့ အဲဒီ ဆေးအတု ဂိုဏ်းဟာ ဆေးဝါးတွေကို ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ထုတ်လုပ်နေတာ ၄ နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး အဲဒီ ဆေးဝါးတွေကို နိုင်ငံတကာကို တင်ပို့တယ်လို့  တရုတ်အမျိုးသားတွေက စစ်ဆေး မေးမြန်းစဉ် ထုတ်ဖေါ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

RAB ( Rapid Action Battalion) လို့ ခေါ်တဲ့ မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ကနေ  ဂါဇီပူရ် မြို့နယ်က  Courier ကုမ္ပဏီ ရုံးခန်းကနေ ဆေးဝါး အတုတွေ အမြောက်အမြား ဖမ်းဆီး ရမိခဲ့တယ်လို့ ပြောပါတယ်။

သူတို့ဟာ နိုင်ငံတကာ ဆေးဝါး မှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေသူတွေ ဖြစ်ပြီး နိုင်ငံတကာကို အထောက်အထား မှတ်ပုံတင် အတုတွေနဲ့  ဆေးဝါးတွေကို အဆင်သင့်ချုပ်လုပ်ထားတဲ့ အ၀တ်အထည်တွေနဲ့ ရောနှောပြီး ပို့နေသူ တွေ  ဖြစ်တယ်လို့ စွပ်စွဲ  ပြောဆိုပါတယ်။

ဒါ့ပြင် ယာဘားဆေးပြားတွေကို ဘင်္ဂလာဒေခ်ျ့ကို တင်သွင်းရာမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့ မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဆေးဝါးအတု တာကာ (၅) ကုဋေဖိုးခန့်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဆေးဝါး ရှားပါးမူနဲ့ ကြုံနေရတဲ့ မြန်မာပြည်သူတွေ အနေနဲ့လည်း အိမ်နီးချင်းနိုင်ငံတွေက ထုတ်တဲ့ ဆေးဝါးတွေကို မှီခိုနေကြရတဲ့ အတွက် နိုင်ငံခြားက ထုတ်တဲ့ ဆေးဝါးတွေကို အတုအပ အထူး သတိထားပီး ၀ယ်ယူကြဖို့လိုအပ်ပါတယ်။

နိရဉ္စရာ

နမ္မတူမြစ်အတွင်း လူသေလောင်းများပေါ်

Posted by drmyochit Sunday, October 06, 2013, under | No comments


စက်တင်ဘာ နောက်ဆုံးပတ် နှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်အတွင်း လူသေအလောင်း ၁၁ လောင်းတွေ့ရှိရကြောင်း လှေသမားများက ပြောပါသည်။

“ပြီးခဲ့တဲ့ အပတ်တုန်းက ၁၀ လောင်းမနေ့က တလောင်း ပေါ်တယ်။ ရေဂိတ်ကျောက်ဆောင်မှာ၊ ကမ်း ဘေးမှာ တင်နေတာ” - ဟု အမည်မဖေါ်လိုသည့် လှေသမား တဦး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု နမ္မတူမြစ်အတိုင်း အောက်ဘက် ၁၀ မိုင် ခန့် ကစ်ဟုခေါ်သော မြစ်ကျဉ်းတွင် စက်တင်ဘာ ၂၈ ရက်နေ့က အလောင်း ၉ လောင်း၊ ၂၉ ရက်နေ့က တလောင်း၊ အောက်တိုဘာ ၃ ရက်နေ့က တလောင်း သောင်တင်နေခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံ များနှင့် လှေသမား များကပြောပါသည်။

“ကျနော်တို့ မြစ်ဆိပ်က သုံးနေရာရှိတယ်။ ဟော်နားဆိပ်၊ နားလိန်းဆိပ်၊ နားဝိန်းဆိပ်ဆိုပြီးတော့။ တိုက် ပွဲ ဖြစ်တာက နားဝိန်းဆိပ် ကပေါ့။ အခုတွေ့တဲ့အလောင်းတွေက အစိုးရတပ်က စစ်ဝတ်စုံတွေနဲ့ဘဲ။ တိုက်ပွဲမှာကျတဲ့ စစ်သားတွေဘဲနေမှာ” - ဒေသအတွင်းရပ်ရွာအကြီးအကဲ တဦးက ပြောပါသည်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း အစိုးရစစ်တပ် ခမရ ၅၀၄ က မိုင်းယင်အုပ်စု မိုင်းယင် ဘုန်းကြီး ကျောင်းတိုက်တွင် တိုက်ပွဲကျ တပ်သားများအတွက် ရည်စူးကာ အလှူအတန်းပြုလုပ်ပေးကြကြောင်း၊ မြစ်ချောင်းအတွင်းမျောပါသည့် အလောင်းများနှင့်စပ်ဆိုင်သည်ဟု ထင်ရကြောင်း မိုင်းယင်ကျေးရွာ အုပ်စုမှ ရပ်ရွာအကြီးအကဲတဦးက ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က အစိုးရတပ် အင်အား ၅ ရင်းက နမ္မတူမြစ်တောင် ဘက်ခြမ်းမှ တဘက်ကမ်းသို့ကူးကာ သျှမ်းပြည်တပ်မတော်မြောက်ပိုင်းအမည်ရ SSPP/SSA နှင့်တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်း နမ္မတူမြစ်မြောက်ဘက်ခြမ်း ဝမ့်ဆာလုံအုပ်စု ဝမ့်လွတ်လုံရွာအနီးအတွင်လည်း SSPP/SSA တပ်နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပါသေးသည်။

နမ္မတူမြစ်အတွင်းမျောပါသည့် အလောင်းများမှာ ထိုတိုက်ပွဲများမှ ကျဆုံးသည့် ရဲဘော်ကေဒါများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့်


သံတွဲ ပဋိပက္ခဖြစ်စဉ်တွင် သံသယရှိသူနှစ်ဦး အာမခံရရှိပြီး မီးရှို့ဖျက်ဆီးမှုနှင့် လူသတ်မှု ကျူးလွန်သူဟု ဖမ်ဆီးစစ်ဆေးနေသည့် သံသယရှိသူများအား လုံခြုံရေးအရ သံတွဲထောင်တွင် ထားရှိ

Posted by drmyochit Sunday, October 06, 2013, under | No comments

သံတွဲမြို့တွင်း လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်) 

သံတွဲပဋိပက္ခများ စတင်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို အာမခံ ပေးထားပြီး မီးရှို့ ဖျက်ဆီး မှုနှင့် လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူများကို လုံခြုံရေးအရ သံတွဲ အကျဉ်းထောင်တွင် ထိန်းသိမ်း ထားကြောင်း သိရသည်။

စက်တင်ဘာ ၂၉ရက် ညပိုင်းက စတင်ပြီး အောက်တိုဘာ ၁ရက် အထိ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည် ပဋိပက္ခဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ပါဝင် ပတ်သက်သည်ဟု သံသယရှိသူ အမျိုးသား ၄၂ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၄၄ ဦးတို့အား သံတွဲမြို့ ရဲစခန်းမှ ထိန်းသိမ်း စစ်ဆေး မေးမြန်းလျှက်ရှိကြောင်း ပြည်နယ်အစိုးရထံမှ သိရှိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးထားသူများမှာ ပဋိပက္ခဖြစ်စဉ်အတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်မှုနှင့် အခြား ဆက်စပ်အမှုများဖြင့် စစ်ဆေးခံရသူများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီး စစ်ဆေးခံရသူများထဲတွင် ကမန်တိုင်းရင်းသား နှစ်ဦးနှင့် ရခိုင်တိုင်းရင်းသား ၃၇ဦး ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ကျော်တင့် ထံမှ သိရသည်။

အောက်တိုဘာ ၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် သံတွဲပဋိပက္ခကြောင့် လူနေ အဆောက်အဦး ၁၁၄လုံး၊ ဘာသာရေး အအောက်အဦး သုံးလုံး၊ ဓာတ်ဆီ ဂိုထောင်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး၊ လူဦးရေ ၄၈၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ငါးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ပဋိပက္ခဖြစ်ပွား ဒေသသို့ လုံခြုံရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျှက် ရှိပြီး၊သံတွဲမြို့ အခြေအနေမှာ တည်ငြိမ်စ ပြုလာပြီဖြစ်ကြောင်း သိရှိရသည်။

ပဋိပက္ခဖြစ်စဉ်နှင့် ဆက်နွယ်သော မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့် ပတ်သက်ပြီး''ဖမ်းဆီး ထားသူတွေထဲက ၁၄ ယောက်က မြို့ပေါ်ကပါ။ ရွှေလှေအပိုင် ကျေးရွာတွေက ၂၅ ယောက်ဖြစ်ပါတယ်''ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှုက ပြောကြားခဲ့သည်။

သံတွဲ ပဋိပက္ခဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် ကမန်လူမျိုးနေထိုင်သော နေအိမ်ကိုခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့သည့် ကျူးလွန်သူနှစ်ဦးကို အာမခံ ပေးထားကြောင်း သိရသည်။ ''ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးထားတဲ့ သူတွေကို လုံခြုံရေးအရ သံတွဲ အကျဉ်းထောင်မှာထားပြီး စစ်ဆေးနေတယ်။ ဖြစ်စဉ်အစမှာ ကမန်လူမျိုး နေထိုင်တဲ့ အိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ခဲ့တဲ့ ရခိုင်လူမျိုးနှစ်ဦးကိုတော့ အာမခံပေးထားပါတယ်''ဟု သံတွဲမြို့နယ် တရားရုံးတွင် တာဝန်ကျသည့် ရဲအုပ်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ပြန်လည် ငြိမ်သက်ခဲ့ကြောင်း သိရသည်။

EMG

သားအိမ်အတွင်း သန္ဓေတားပစ္စည်း ထည့်ခြင်းသည် ဘေးထွက်ဆိုးကျိုးများ

Posted by drmyochit Sunday, October 06, 2013, under | No comments


ရန်ကုန် ၊ ၆-၁၀-၂၀၁၃

သန္ဓေတားခြင်း နည်းမျိုးစုံ အနက် သားအိမ်တွင်း သို့ သန္ဓေတား ပစ္စည်း ထည့်သွင်းခြင်း သည် သန္ဓေကို တားဆီး နိုင်သော် လည်း ဘေးထွက် ဆိုးကျိုးများ ပါရှိကြောင်း လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့မှ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်း သုံးစွဲခြင်းကြောင့် ရာသီ သွေးဆင်းမှု ရက်ကြာရှည်ခြင်း သွေးဆင်း မမှန်ခြင်း ၊ ရာသီ လာသောအချိန် ၀မ်းဗိုက် အောက်ပိုင်း ပိုမို ကိုက်ခဲခြင်းများ ဖြစ်ပေါ် တတ်ကြောင်း ၄င်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။ လိင်ဆက်ဆံ ရာတွင် အနှောက်အယှက် မဖြစ်ခြင်း ၊ နှစ်ကြာရှည်စွာ သန္ဓေ မတည်ခြင်း ၊ ထိုးဆေး သောက်ဆေး သုံးစွဲခြင်းထက် ပို၍ ငွေကုန် သက်သာခြင်း ၊ ဟော် ပါသော ထိုးဆေး ၊ သောက်ဆေး များ သုံးခြင်းကြောင့် ကိုယ်အလေးချိန် ပြောင်းလဲမှု မဖြစ်ခြင်း ၊ အချိန်မှန်မှန် ဆေးထိုး ၊ ဆေးသောက်ရန် မေ့လျော့ တတ်သူများ အတွက် သင့်လျှော်ခြင်း ၊ နို့တိုက် မိခင်များ နှင့် ကိုယ်ဝန် ပျက်ပြီးစ အမျိုးသမီးများ အတွက် သင့်လျော် အကျိုးရှိသည်ဟု ထုတ်ပြန်ချက် က ဆိုထားသည်။

ကာလသား ရောဂါ ရှိနေပြီး ဆေးမကုရ သေးသော သူများ ၊ လိင် ဆက်ဆံဖက် တစ်ယောက်ထက် မက ရှိသူများ ၊ သွေးဆင်းများသော သူများ ၊ သားအိမ်ကင်ဆာ ၊ သားအိမ်ခေါင်း ကင်ဆာ ရှိသူများ ၊ ကလေး မီးဖွားပြီး ၂ ရက်မှ တစ်လအတွင်း နှင့် ကိုယ်ဝန် ပျက်ကျ၍ ပိုးဝင် နေသူများသည် သားအိမ်တွင်း ထည့် သန္ဓေတား ပစ္စည်း ထည့်သွင်းခြင်း မပြုသင့်ဟု လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင် က ပြောကြား သည်။

မြန်မာ အမျိုးသမီး များသည် အရှက်အကြောက် အလွန်ကြီး သောကြောင့် လိင်ကိစ္စ နှင့် ပတ်သက်၍ ဆရာဝန် များအား မေးမြန်းသင့် သည့် အကြောင်းအရာ များကို သေချာစွာ မေးမြန်းခြင်း မရှိဘဲ မိမိ ထင်မြင်ချက် ဖြင့်သာ ပြုလုပ် နေခြင်းသည် အန္တရာယ် ရှိလာနိုင် သဖြင့် သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်း သုံးစွဲပါက သက်ဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန် များ နှင့် သေချာစွာ ပြသ အသုံးပြု သင့်ကြောင်း လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး ၏ ပြောဆိုမှု များအရ သိရှိရသည်။

ပြည်ချစ်သား

ကရင်တပ်သားများ ပျောက်ဆုံးမှု ထိုင်းကို တိုင်တန်း

Posted by drmyochit Sunday, October 06, 2013, under | No comments

၁၉၉၉ ခုနှစ်က မြင်ရတဲ့ ဂျော်နီထူး (သေနတ်ကိုင်ထားသူ) နှင့် လူသာထူး

ထိုင်း-မြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က God Army တပ်ဖွဲ့ဝင် ကရင်လက်နက်ကိုင် ၅၅ ယောက် ပျောက်ဆုံးသွားတဲ့ ကိစ္စမှာ ထိုင်းလုံခြုံရေးတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဒါကို စုံစမ်းစစ်ဆေးပေးဖို့ ဒီတပ်ဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးကနေ တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စကို ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးပေးဖို့ နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ထိုင်းလူ့အခွင့်အရေးအရေး ကော်မရှင်နဲ့ ထိုင်းရှေ့များ အသင်းတွေကို God Army အဖွဲ့ဘက်က တောင်းဆိုတာ ဖြစ်ပါတယ်။

အခု လာရောက် တိုင်ကြားတဲ့ လူသာထူးကတော့ God Army အဖွဲ့ကို ဦးဆောင်ခဲ့သူ အမြွှာညီအကို နှစ်ဦးထဲက တစ်ဦးဖြစ်ပါတယ်။ အဲဒီအချိန်က ဆယ်ကျော်သက် အရွယ်တွေပဲ ရှိပါသေးတယ်။ လူသာထူးဟာ နောက်ပိုင်း ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက် ခိုလှုံပြီးနောက် ထိုင်းနိုင်ငံကို အခွင့်သာတုန်း ပြန်လာပြီး အခုလို တိုင်တန်းတာ ဖြစ်ပါတယ်။

God Army အဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ် ထားဝယ်ခရိုင်မှာ အခြေစိုက်ခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့တခုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တုန်းက အဲဒီတပ်ဖွဲ့ဝင်တွေ ထိုင်းဘက်ခြမ်းမှာ လာရောက် ခိုလှုံစဉ် ၅၅ ဦး ပျောက်ဆုံး သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ထိုင်းရှေ့နေအသင် လူမျိုးစု အခွင့်အရေးဆိုင်ရာ ရှေ့နေ စူရာ့ဖုန်း ကောင်းကျန်ထွတ်က ''God Army တပ်ဖွဲ့ကို မြန်မာစစ်တပ်က ထိုးစစ်ဆင်လို့ သူတို့တပ်စခန်းကျပြီး ထိုင်းဘက်ခြမ်းကို လာရောက်ခိုလှုံကြပါတယ်။ ကလေးနဲ့မိန်းကလေးတွေကို ဖယ်ပြီး အမျိုးသား ၅၅ ဦးကို ထိုင်းလုံခြုံရေးလို့ ယူဆရသူတွေက ခေါ်ဆောင်သွားပြီးနောက် အခုအချိန်အထိ စုံစမ်းလို့မရဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီလူ ၅၅ ယောက်ကို စုံစမ်း ရှာဖွေပေးဖို့နဲ့ တရားမျှမှုရှိဖို့ လုပ်ဆောင်ပေးဖို့ God Army အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ လူသာထူးက ထိုင်းလူမှုရေးအဖွဲ့ ၂ ခုရဲ့ အကူအညီနဲ့ လာရောက် တိုင်ကြားတာ ဖြစ်တယ်'' လို့ ပြောပါတယ်။

၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းက မြန်မာ ကျောင်းသားတွေ ဘန်ကောက်က မြန်မာသံရုံး ဝင်စီးပြီးနောက် God Army တပ်ဖွဲ့ရဲ့ စခန်းမှာ သွားခိုလှုံခဲ့ကြပြီးနောက် ဒီအဖွဲ့ဟာ လူသိများလာတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီကျောင်းသားတွေက ဦးဆောင်ပြီး ထိုင်းဘက်ခြမ်း ရတ်ဘူရီမြို့က ဆေးရုံကို ဝင်စီးခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ God Army အဖွဲ့ဟာ ထိုင်းနိုင်ငံအတွက် ဘေးအန0x081တရာယ်ရှိတဲ့ အဖွဲ့အဖြစ် သတ်မှတ် ခံရလာရပါတယ်။ မြန်မာစစ်တပ်ကလည်း အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့တာကြောင့် တပ်ပျက်သွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဝတပ်အနေနဲ့ တပြည်လုံး အပစ်ရပ်ပွဲမှာ ချက်ချင်း လက်မှတ်မထိုးနိုင်

Posted by drmyochit Sunday, October 06, 2013, under | No comments

UWSA ၀တပ်ဖွဲ့ဝင် တစ်ဦး
မြန်မာနိုင်ငံက အကြီးဆုံး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ဖြစ်တဲ့ UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ အနေနဲ့ အစိုးရရဲ့ တပြည်လုံး အပစ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို တက်ရောက်နိုင်ပေမယ့် လက်မှတ်ထိုးဖို့တော့ မဖြစ်နိုင်သေး ဘူးလို့ ပြောပါတယ်။

ဝတပ်ဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ သောကြာနေ့တုန်းက ရှမ်းပြည်နယ် ပန်ဆန်းမှာ တွေဆုံ ဆွေးနွေး ကြပြီးနောက် ဝတပ်ဖွဲ့က အဲဒီလို ပြောတာ ဖြစ်ပါတယ်။

တပြည်လုံး အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အစီအစဉ်ကို ခုချိန်ထိ အသေးစိတ် မသိရသေး တဲ့အတွက် လက်မှတ်မထိုးနိုင်တာ ဖြစ်တယ်လို့ UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

အစိုးရအနေနဲ့ သူ့ရဲ့အစီအစဉ်ကို တိုင်းရင်းသား အားလုံးကို ချပြပြီး အားလုံး သဘောတူ လက်ခံတဲ့ အချိန်ကျမှ ဝတပ်ဘက်က လက်မှတ်ထိုးနိုင်မယ်လို့ သူက ပြောပါတယ်။

အစိုးရကတော့ ဒီလကုန် ၊ နောက်လဆန်း လောက်ကျရင် တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ တပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲ လုပ်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ ဝတပ်ဖွဲ့တို့အကြားမှာ မကြခင်လပိုင်းတွေက တပ်စခန်း ကိစ္စ၊ ၀ပြည်နယ် ထပ်မံ တောင်းဆိုတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး မပြေလည်မှုတွေ ရှိခဲ့ပါတယ်။

အခု ဆွေးနွေးပွဲမှာတော့ ဦးသိန်းဇော်အပြင် ပြည်ထောင်စု ဝန်ကြီးတွေလည်းပါဝင်လာကြပြီး ဝနယ်အတွင်း သန်းခေါင်းစာရင်း ကောက်ဖို့ကိစ္စ၊ မှတ်ပုံတင် ထုတ်ပေးဖို့ ကိစ္စနဲ့ ဘိန်းအစားထိုး ရာဘာစိုက်ခင်းတွေမှာ တခြားဒေသတွေကလူတွေကို ဝနယ်ထဲ ခေါ်ယူပြီး အလုပ်ပေးဖို့ ကိစ္စတွေလည်း ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

ဝနယ်မှာ လူဦးရေ ၃ သိန်းကျော် ၄ သိန်းလောက် ရှိပြီး အများစုက မြန်မာနိုင်ငံသား မှတ်ပုံတင်မရှိလို့ တရုတ်ပြည်လည်း သွားမရ၊ မြန်မာပြည်တွင်းလည်း ဝင်လို့ မရ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

From: BBC

သံတွဲပဋိပက္ခ အစိုးရထုတ်လွှင့်ချက် လက်မခံကြောင်း ရဟန်းတော်များ တုံ့ပြန်

Posted by drmyochit Sunday, October 06, 2013, under | No comments


ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေမှာ သာသနာ့အလံတွေ ထောင်ထားတာဟာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က အောက်တိုဘာလ ၄ ရက် မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က အစိုးရပိုင် ရုပ်သံမီဒီယာတွေက သံတွဲမြို့နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ထုတ်လွှင့်သွားချက်ကို လက်မခံတဲ့အတွက် ဒီသဘောထားကြေညာချက်ကို ထုတ်ပြန်ရတာလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ကောသလ္လက RFA ကို မိန့်ပါတယ်။

“သာသနာ့အလံတွေ ထောင်ပြီးတော့ အကြမ်းဖက်မှုတွေ လုပ်ဆောင်တယ်လို့ အဲလိုထုတ်ပြန်တယ်၊ တကယ်တော့မဟုတ်ဘူး၊ ၂၆ ရက်နေ့က နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ကျင်းပတဲ့အချိန်အခါမှာ သာသနာ့အလံတွေ ဗုဒ္ဓဘာသာအိမ်တွေမှာ စိုက်ထူထားတယ်၊ စိုက်ထူထားတာကို မရုပ်သိမ်းပဲနဲ့ ဒီအတိုင်းထားခဲ့တာ၊ အဲဒါကို အမျိုးဘာသာသာသနာ ထိန်းသိမ်းရေးအဖွဲ့ကနေပြီးတော့ တစ်ဖက်သတ်ကောက်ချက်ချပြီးတော့ မြန်မာ့အသံမှာ ကြေညာတာ မှားယွင်းတယ်၊ ကန့်ကွက်တယ်လို့ သဘောထားထုတ်ပြန်တယ်”

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က သံတွဲမြို့ပေါ်မှာကျင်းပခဲ့တဲ့ နိုင်ငံတော်ဗုဒ္ဓဘာသာနေ့ အခမ်းအနားမှာ မြို့ပေါ်နဲ့ ကျေးလက်အချို့မှာ သာသနာ့အလံတွေကို နေအိမ်အတော်များများမှာ စိုက်ထူခဲ့ကြပြီး အဲဒီသာသနာ့အလံတွေကို ဒီကနေ့အထိ ပြန်မချပဲ ရှိနေသေးတာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

အဲဒါကြောင့် မြန်မာ့အသံက ထုတ်လွှင့်ချက်ဟာ ဗုဒ္ဓဘာသာဝင်တွေအပေါ် စွပ်စွဲ၊ ပုတ်ခတ်သလိုဖြစ်တဲ့အတွက် သံတွဲမြို့နယ် အမျိုးဘာသာသာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့အနေနဲ့ ကန့်ကွက်ကြောင်းအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီသဘောထားကြေညာချက်ကို နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေဆီ ပေးပို့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese

ကမန်တိုင်းရင်းသား နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးနေ

Posted by drmyochit Sunday, October 06, 2013, under | No comments



သံတွဲမြို့နယ်၊ ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်းသား နေထိုင်သည့် နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ ရောနှောထည့်ထားသည့် ပုလင်းများကို စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက်ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ (၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅ ရက်က သတင်းရရှိသည်။ ရဲတပ်ဖွဲ့မှ နေအိမ်များအတွင်း ၀င်ရောက်စစ်ဆေးခဲ့ရာ အောက်တိုဘာ ၁ ရက်က အဆိုပါ ကမန်လင်မယားနှစ်ဦး နေထိုင်သည့် နေအိမ်အတွင်း၌ ယင်းပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရွှေလှေကျေးရွာဘက်မှာ လက်ပစ်ဗုံး မိတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ဆီမှာလည်း လက်ပစ်ဗုံး မရှိပါဘူး။ ဓာတ်ဆီရယ်၊ အခြားပစ္စည်းတွေနဲ့ ရောထည့်ထားတဲ့ မီးလောင်တဲ့ ပစ္စည်းမျိုးတွေ စစ်ဆေးတွေ့ရှိ ခဲ့တာပါ။ ဒီပစ္စည်းတွေ ထားရှိတာနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ်" ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေလှေရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးကလည်း "ဆူပူမှုတွေ ဖြစ်နေချိန်မှာ လုံခြုံရေး အဖွဲ့တွေက နယ်မြေရှင်းလင်း စုံစမ်းရင်းနဲ့ ဖမ်းမိတာပါ။ အဲဒီမှာ တွေ့ခဲ့တဲ့ ပုလင်းကိုးလုံးထဲမှာ သံမှိုစ၊ ဆန်ကွဲစေ့၊ ဖန်ပုလင်းစ အကွဲစတာတွေ ရောနှောထည့်ထားပြီး ဓာတ်ဆီလည်း ထည့်ထားပါတယ်။ ဖမ်းဆီးထားတဲ့သူ နှစ်ဦးကို ရမန်ယူထားပြီ" ဟု ပြောကြားခဲ့သည်။

ရွှေလှေ ရဲစခန်းမှ (ပ) ၃၁/၂၀၁၃၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္တု ပစ္စည်းများ ပုဒ်မ (၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းနှင့် ဖမ်းဆီးခံရသူ နှစ်ဦးမှာ တင်နောင်ထွန်းနှင့် ဒေါ်ခင်မေသန်းတို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်