Monday, October 07, 2013

နှစ် ၅ဝ ကျော် ပထမဆုံးပြန်လည်ကျင်းပသည့်Miss Universe Myanmar 2013 ပြိုင်ပွဲ

Posted by drmyochit Monday, October 07, 2013, under | No comments


Hello Madam Media Group က စီစဉ်တဲ့ Miss Universe Myanmar 2013 နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအတွက် ရွေးချယ်ခံ ထားရတဲ့ Miss Universe Myanmar အယောက် ၂ဝကို လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရာ အောက်တိုဘာလ ၁ရက်နေ့၊ ညနေ၅ နာရီက အမျိုးသား ကဇာတ်ရုံမှာ ရီဟာဇယ်လေ့ကျင့်နေ ကြပါတယ်။ Show Director များ ဖြစ်တဲ့ မတင်မိုးလွင်နဲ့ ယိုးဒယားမယ်နှစ်ဦး တို့က လိုအပ်တာတွေကို သင်ကြားပြသ ပေးခဲ့ကြပါတယ်။ Miss Universe Myanmar များကိုသင် ကြားပြသ နေတဲ့Talents & Model ဂျင်စီမှ မတင်မိုးလွင်ကလည်း “ဒီ နေ့တစ်နေ့လုံး သူတို့ ကို သင်ကြားပေး တယ်။ ကလေးတွေ လည်း တအားပင် ပန်းနေပြီ။ လမ်း လျှောက်ရတာတောင် နာလားမနာလား မသိတော့ဘူး။ ထုံနေပြီလို့ ကလေးတွေက လည်း ပြောကြတယ်။ လမ်းလျှောက်ပုံ လျှောက်နည်းလေးတွေ လိုအပ်တာအကုန်လုံး ကိုတော့ သင်ကြားပေးနေတယ်” လို့ ပြော ပြခဲ့ပါတယ်။ Miss Myanmar များ ကလည်း ရှိုးလျှောက်တဲ့အခါ သေ သပ်မှုရှိအောင် ရှိုးလျှောက်ပုံ လျှောက် နည်းတွေကို လေ့ ကျင့်နေခဲ့ကြသလို၊ ပြိုင်ပွဲမစတင်မီအကြို နှုတ်ခွန်းဆက် တဲ့အခါ ချွတ်ချော်မှုမရှိ စေရေး အတွက်ကိုလည်း လေ့ကျင့်ပြင်ဆင်နေ ကြတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ထိုင်း အလှမယ် နှစ်ဦးရဲ့ လမ်းညွှန်မှုတွေနဲ့ အတူဆု ကြေညာ တဲ့အခါ၊ ဓာတ်ပုံရိုက် ကူးတဲ့အခါနေရ မယ့် အနေအထားနဲ့ မျက်နှာအနေအထား စသဖြင့် ပြိုင်ပွဲဝင်နေ့မှာ အဆင်ြေ ပရေး အတွက် Miss Myanmar များက သေချာလေ့ကျင့်နေကြ ပါတယ်။ပြိုင်ပွဲဝင်မယ့် နေ့ရောက်သည့်တိုင်လေ့ ကျင့်မှုတွေဆက်တိုက်လုပ် နေကြတာကိုတွေ့ ရပါတယ်။


Miss Universe Myan-mar 2013 ရဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲကို အောက်တိုဘာ ၃ရက်နေ့၊ ညနေ ၅နာရီတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ် ရုံတွင် အောင်မြင် စွာကျင်းပ ပြု လုပ်ခဲ့ပါတယ်။ အခမ်းအနားမှူး အဖြစ် စိုင်းစိုင်းခမ်းလှိုင်နဲ့ တင် မိုးလွင်တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ ချုပ်နာ ယက ဒေါ်ခင်သက် ဌေး၊President of Miss Uni-verse Organization, Mrs PAULA M. SHUGART၊ မြန်မာ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ ချုပ်နာယက ဒေါ်နီနီ ဝင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်တာဝန်ခံနာယက ပါ မောက္ခဒေါက်တာ ဒေါ်ခင်ဆွေ မြင့်၊မြန်မာနိုင်ငံအမျိုးသမီး အား ကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်Lခွန်းရီ ၊မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နာယကMiss Universe Myanmar Organization&JUNational Director ဒေါ်စိုးယုဝေနဲ့ ထူးဖောင်ဒေးရှင်း မှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီ နောက် Mrs PAULAM SHUGART က အဖွင့်အမှာစကားပြောကြားခဲ့ ပါတယ်။ အဆိုတော်မိုးမိုးကBurma Myanmar သီချင်းကို ဂီတမိတ်အဖွဲ့နဲ့ သီဆိုဖွင့် လှစ်ခဲ့ပြီး ၁၉၆ဝခုနှစ်ကMiss Universe ပြိုင်ပွဲမှာ ဒေါ်မြင့်မြင့်မေMiss Con-geniality ဆုရရှိခဲ့တဲ့ ဗီဒီယို ဖိုင်ကို ပြ သခဲ့ပါတယ်။ ဆက် လက်ပြီး ဒါရိုက်တာမောင် မျိုးမင်း(ရင်တွင်းဖြစ်)ပုံ ဖော် ရိုက်ကူးထားတဲ့ အမျိုး သမီးများရဲ့ဘဝ အလှတရားများ မှတ် တမ်းဗီဒီယိုကို LED ဖြင့် ပြသ ခဲ့ပါတယ်။ ပထမအဆင့် ယှဉ်ပြိုင် မှုအနေနဲ့ အင်းလေး ဒေသနောက်ခံ ရှုခင်း အလှနဲ့ ပန်းအိဖြူရဲ့ ‘နောင်အင်းလေး’ သီချင်း၊ဘိုဖြူရဲ့ ‘လက်တီး’ သီ ချင်း တို့ ဖြင့် အလှ မယ်
၂ဝဦးတို့က မြန် မာဝတ်စုံဖြင့် လျှောက် လှမ်းခဲ့ကြပြီး တစ်ဦး ချင်းမိတ်ဆက်စကား ပြောကြားခဲ့ပါတယ်။အကဲ ဖြတ်ဒိုင်များအဖြစ် မြန်မာ နိုင်ငံအမျိုးသမီး အား ကစားအဖွဲ့ ချုပ်ဒုဥက္ကဋ္ဌ ဒေါ် L ခွန်း ရီ၊ အကယ်ဒမီ ထွန်းအိန္ဒြာ ဗို၊ံHtoo Group of Companies, Exe-cutive Director of Air Bagan Limited မှ ဒေါ်အိမွန်ထူး၊ တေးရေးေ စာခူ ဆဲ၊ ပြည့်ဝေသျှန် Group of Companies, Chair Person ဒေါ်ကလျာ ပြည့်ဝေသျှန်နဲ့ The Best Make Up Artist Asia Award မိတ်ကပ်တိုးတိုးတို့က အကဲ ဖြတ် အမှတ်ပေးခဲ့ကြပါ တယ်။ဒုတိယအဆင့်ယှဉ်ပြိုင် မှုမှာတော့ကမ်းခြေ နောက် ခံ ဒီဇိုင်းများနဲ့ အတူအလှမယ် များက ရေကူး ဝတ်စုံ ဖြင့် ယှဉ်ပြိုင်ခဲ့ ပါတယ်။မြန်မာနိုင်ငံ မှာရေကူးဝတ် စုံဝတ်ဆင် ပြီး ယှဉ်ပြိုင်တာ ပထမဦး ဆုံးအကြိမ်ဖြစ်ပြီး ရေကူးဝတ်စုံကိုဝတ်ဆင်စေခြင်းက မြန်မာ အမျိုးသမီးအလှမယ်များရဲ့ ကျန်းမာကြံ့ ခိုင်မှုအဆီနည်း ပါးမှုတို့ကိုအကဲဖြတ် အမှတ်ပေးချင်တာကြောင့်ဝတ်ဆင်ရ ခြင်းဖြစ်ကြောင်းအစီအစဉ်တင်ဆက်သူ များကပြောပြခဲ့ပါတယ်။တတိယအဆင့် ယှဉ်ပြိုင်မှုမှာတော့ပုဂံေ ခတ်ဆက်တင် ပြင်ဆင်မှုနဲ့အလှမယ်လေးများက ညနေ ခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။


Miss Universe Myanmar 2013 ဆုကိုခါးနံပါတ်(၁၆)မိုးစက်ဝိုင်က ဆွတ် ခူးသွားခဲ့ပြီးMiss Universe Mya-nmar 2013 Title ဆုအတွက် ဆုငွေ သိန်း တစ်ရာ၊Honda Fit ကား တစ်စီး၊ ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ မိတ်ကပ်နှင့်ပွဲတက်ဝတ်စုံ တစ်နှစ်စာ စပွန်ဆာ၊ သိန်း ၂ဝ တန် သရဖူတစ်ခု၊ bsc Cosmetics များ၊Organizer နဲ့အတူအနုပညာလုပ်ငန်း များ၊ ပရဟိတလုပ်ငန်းများ နှစ်နှစ်စာပြုလုပ် ခွင့်တို့ ရရှိမှာဖြစ်ပါတယ်။ 1st Runner Up ဆုကိုအေးချမ်းမိုး(၄)၊ 2nd Runner Upဆု ကို မြတ်နှင်းဖြူ(၁၅)၊ ၃မ 3rd Runner Upစဆုကို နှင်းယမုံဦး (၁၉)၊ 4th Runner Up ဆုကို မေချစ်ပုံ (၁ဝ) တို့ကရရှိခဲ့ ပါတယ်။ဒါ့အပြင် Miss Environment ဆုကို Michelle (၅)၊ Miss Healthy & Beautiful Skin ဆုနဲ့ Miss Body Perfect ဆုကို မြတ်နှင်းဖြူ (၁၅)၊
Miss Photogenic ဆုကို အေးချမ်းမိုး (၄)၊ Miss Beautiful Smile ဆုကို မေချစ်ပုံ (၁ဝ)၊ Miss Healthy Skin ဆုနဲ့ Miss Famous ဆုတို့ကို မိုးစက်ဝိုင် (၁၆)တို့က ရရှိခဲ့ပါတယ်။နှစ် ၅ဝကျော် အကြာမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအနေနဲ့ ပထမဦး ဆုံး ပြန်လည်ယှဉ်ပြိုင်ရမယ့်Miss Universe Myanmar 2013 အလှမယ်တစ်ဦးေ ပ်ါပေါက်လာခဲ့ပြီဖြစ်ပြီး ရုရှားနိုင်ငံ၊ မော် စကိုမြို့မှာနိုဝင်ဘာလထဲမှာ သွားရောက် ယှဉ်ပြိုင်ရ မှာဖြစ်ပါ တယ်။၁၉၆ဝခုနှစ်မှာတော့ Miss Universe ပြိုင်ပွဲမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဒေါ်မြင့်မြင့်မေက သွားရောက်ယှဉ် ပြိုင်ခဲ့ပြီးMiss Congeniality ဆုကိုရရှိခဲ့ပါတယ်။ 

ပေါ်ပြူလာအဖွဲ့

ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)၊ မင်းမင်းထွန်း

မိခင်ဖြစ်သူကို သတ်၊ အလောင်းဖျောက်သည့် ပထွေးကို အမှုဖွင့်

Posted by drmyochit Monday, October 07, 2013, under | No comments


မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည့် ပထွေးတော်စပ်သူကို သေဆုံးသူ၏ သမီးက အမှုဖွင့် တိုင်တန်းလိုက်သဖြင့် ဒလရဲစခန်းက အောက်တိုဘာ ၅ ရက်တွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။

အမှုကို သေဆုံးခဲ့သူ၏သမီး ဒလမြို့နယ်နေသူ မရွှေသိန်းသူက အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

(သေဆုံးသူ) ဒေါ်တုံးလုံးသည် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူ ရေလုပ်သား ၀င်းထွဋ်(ခ)ရဲအောင်နှင့်အတူ လက်ခတ်လှေတစ်စင်းဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ တစ်လအကြာထိ ပြန်လည်ရောက်ရှိမလာသဖြင့် ဒေါ်တုံးလုံး၏ သမီးဖြစ်သူက စုံးစမ်းခဲ့သည်။

ထို့ကြောင့် အောက်တိုဘာလ ၂ ရက် ညနေတွင် ပထွေးဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင်၏ ညီမဖြစ်သူ မကြည်ထွေးနှင့်
ယောက်ဖဖြစ်သူ နေလင်းဆိုသူတို့၏ ပြောပြချက်အရ မိခင်ဖြစ်သူ အသတ်ခံရခြင်းကို သိရှိခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော (၁၅)ရက်ခန့်က ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ်ရှိ လက်ခတ်လှေပေါ်တွင် ၀င်းထွဋ်(ခ)ရဲအောင်က အရက်သေစာသောက်စားပြီး ဒေါ်တုံးလုံးနှင့် စကားများခဲ့ကြသည်ဟု ဆိုထားသည်။

ထို့နောက် ၀င်းထွဋ်ဆိုသူက မိခင်ဖြစ်သူအား လှေဘောင်ဖြင့် ဆောင့်၍ သေဆုံးသွားသဖြင့် သန်လျင် ရေနံချက်စက်ရုံအနီး ရန်ကုန်မြစ်အတွင်း၌ လှေပေါ်မှ အလောင်းကို မျှောချလိုက်ကြောင်း သိရှိခဲ့ရသည်ဟုလည်း တရားလိုက ရဲအား ပြောပြထားသည်။

ထို့ကြောင့် မိခင်ဖြစ်သူအား သတ်ပြီး အလောင်းဖျောက်သည့် ပထွေးတော်စပ်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဒလရဲစခန်းက (ပ)၄၄၅/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံရသူအား ဖမ်းဆီးစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံးကဆိုထားသည်။



Mizzima - News in Burmese

မိုးစက်ဝိုင်က ဖိုးလပြည့်နှင့်မပတ်သက်ကြောင်းငြင်းဆို

Posted by drmyochit Monday, October 07, 2013, under | No comments


အငြိမ်းစားဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်(ခ)ဖိုးလပြည့် နှင့် မကြာသေးမီက 2013 Miss Universe Myanmar ရရှိထားသူ မိုးစက်ဝိုင်တို့ဓါတ်ပုံများမှာ Facebook လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့်အပေါ် သူမနှင့် နေရွှေသွေးအောင်(ခ)ဖိုးလပြည့် တို့လုံးဝပတ်သက်မှုမရှိကြောင်း မိုးစက်ဝိုင်က ငြင်းဆိုလိုက်သည်။

“ဖိုးလပြည့်နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး”ဟု ယင်းက ၇.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်မြို့ Park Royal တွင် ကျင်းပသည့် Miss Universe Myanmar ဆုပေးပွဲအခမ်းအနားတွင် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Vote လုပ်သူများအနေဖြင့် အပြောင်းအလဲဖြစ်လာသူများရှိကြောင်း မိုးစက်ဝိုင်က ဆိုသည်။

“အရင်က vote လုပ်တဲ့သူတွေက ရှိသေးပါတယ်။တချို့အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲလာတာတွေတော့ ရှိပါတယ်။ဒါပေမယ့် အရင်ကလိုပဲယုံကြည်လက်ခံပေးကြပါ၊အခုလိုဖြေရှင်းတာကိုလည်း နားဝင်ကြမယ် ထင်ပါတယ်။”ဟုသူကပြောသည်။
၅.၁၀.၂၀၁၃ ရက်နေ့ ညနေ ၃နာရီခွဲအချိန်က တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲကို နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ၊ အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ ကတက်ရောက်ကြပြီး အဆိုပါ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် 2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးအား ဖွင့်ပွဲစဉ်အခမ်းအနားရှိ ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
မိုးစက်ဝိုင်က သူမကိုယင်းအခမ်းအနားသို့တက်ရောက်ရန် အားကစားဝန်ကြီးဌါနက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“မိုးစက်ကို အားကစားဝန်ကြီးဌါနက ဖိတ်လို့ သွားတာပါ။ဒဂုံတက္ကသိုက်ကျောင်းသူတစ်ယောက်အနေနဲ့ရော Miss အနေနဲ့ရော သွားတာဖြစ်ပါတယ်။ အင်တာနက်က ကောလဟာလတွေကြောင့် ပရိသတ်က အထင်လွဲတာဖြစ်တယ်”ဟုယင်းက ပြောသည်။

မြန်မာနိုင်ငံသည် မယ်စကြာပြိုင်ပွဲကို၁၉၆၁ခုနှစ်က နောက်ဆုံးဝင်ရောက်ယှဉ်ပြိင်ခဲ့ခြင်းဖြစ်သောကြောင့် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအရွေးချယ်ခံထားရသူ မိုးစက်ဝိုင်အနေဖြင့် လာမည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုရှနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

မိုးစက်ဝိုင်သည် Talents & Models Agency မှ သင်တန်းဆင်းခဲ့သူဖြစ်ပြီး Ve Ve အချိုရည်ကို ကြော်ငြာခဲ့ဖူးကြောင်း၊ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရရှိထားသူဖြစ်သည့်အပြင် အမေရိကန်နိုင်ငံ ၌ B.A in Business Marketing ဘွဲ့ကို ရရှိထားပြီး ယင်းနိုင်ငံတွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။

မိုးစက်ဝိုင်သည် ၃.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် Miss Universe ပြိုင်ပွဲတွင် Miss Universe ဆုရရှိခဲ့သူ ဖြစ်သည်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံရမှုဖြစ်ပွား

Posted by drmyochit Monday, October 07, 2013, under | No comments



အင်းစိန်မြို့နယ် ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံမှုတစ်ခု အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့သည်။

၎င်းအမှုတွင် တ/၁၅ ရပ်ကွက်၊ ရွှေပြည်သာနေသူ ပျံကျဈေးသည် မသင်းသင်းထွေးသည် ခင်ပွန်းဖြစ်သူ ကိုခင်မောင်ဇင် (၃၆)နှစ်နှင့်အတူ ဒညင်းကုန်းဘူတာ အမှတ်(၄) ရထားသံလမ်းဘေး ဈေးဆိုင်တန်းတွင် ဒညင်းသီး
ရောင်းချနေစဉ် သားငယ်ဖြစ်သူမှာ ခိုးယူခံရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ခိုးယူခံရသူမှာ အသက်တစ်နှစ်နှင့်တစ်လသာရှိသေးပြီး ဆိုင်ရှေ့ကစားနေစဉ် မိန်းမတစ်ဦးက ယူချီပြေးသွား
ကြောင်း ဆိုင်ချင်းကပ်လျက် ကုန်ခြောက်ရောင်းသူ မမြင့်မြင့်အေးမှ ပြောပြသဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းလည်း
ဖြစ်သည်။

ထို့ကြောင့် ကလေးခိုးယူသွားသူကို ဒညင်းကုန်းဈေး (ဃ)ရုံ၊ ဆေးဆိုင်တစ်ခုရှေ့တွင် ကလေးငယ်နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကလေးငယ်အား ခိုးယူသွားသူမှာ မသန်းဌေး(၄၀)နှစ်၊ ကျပန်း၊အင်ကုန်းရွာ၊ ဥက္ကံမြို့၊ တိုက်ကြီးမြို့နယ်နေသူဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

၎င်းကို အရေးယူပေးရန် မသင်းသင်းထွေးက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုကို အင်းစိန် ရဲစခန်းက (ပ) ၁၀၆၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိထားသူအား စစ်ဆေးလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှ သိရသည်။


Mizzima - News in Burmese

မေဆွိနဲ့ မေခလာတို့ရဲ့Two Lady Show

Posted by drmyochit Monday, October 07, 2013, under | No comments


မေဆွိနဲ့ မေခလာတို့ရဲ့ Two Lady Show ပြုလုပ်မယ့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို အောက်တိုဘာ ၁ရက်၊ နေ့ခင်း ၁နာရီက စင်ထရယ်ဟိုတယ်မှာ ပြုလုပ် ခဲ့ပါတယ်။ မေဆွိနဲ့ မေခလာတို့ ရဲ့Two Lady Show ကို အောက်တိုဘာ၁၁ရက် ညနေ ၇နာရီတွင် ပြုလုပ်မှာဖြစ်ပြီး Plus Three တီး ဝိုင်းက တီးခတ်ပေးမှာဖြစ်ပါ တယ်။ မေဆွိနဲ့ မေခလာ တို့က နှစ်ယောက်ပေါင်း သီချင်း အပုဒ်ရေ ၄ဝကျော်လောက်ဖျော်ဖြေကြ မှာဖြစ်ပြီးစုံတွဲသီချင်းတွေအပြင်တစ် ယောက်ချင်းရဲ့ သီဆိုဖျော်ဖြေမှု ကိုလည်း ပရိသတ်တွေနားထောင်ရမှာဖြစ်ပါ တယ်။Two Lady Show မှာ ဟဲ လေး၊မိုးမိုး၊ရဲသွေးနောင်၊ဝေလျှံ၊ ရှိုင်း ဝေယံတို့လည်း ပါဝင်သီဆိုပေးကြ မှာဖြစ်တယ် လို့သိရပါတယ်။ “အရင် တုန်းကသီချင်းတွေ ပိုများတယ်။ စုံတွဲသီချင်းတွေကတော့ကိုကို စိတ် ကူးယဉ်တို့၊ကော်လံပေါ်ကနှုတ် ခမ်းနီတို့ ဒီသီချင်းတွေကို စီစဉ်ထားတယ်” လို့မေခလာကပြောပါ တယ်။ပွဲကရရှိတဲ့ငွေကြေးများကို လည်းပညာမြေကျောင်းက ကလေးများအ တွက်စာရေးကိရိယာများလှူဒါန်းမှာဖြစ်သ လို၊ ဆီးဂိမ်းအားကစား သများအတွက် Fan အဖြစ် ထည့်ဝင်လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ကယ် ကယ်ရီလိုက်သွားရာမှ ထူးဆန်းစွာ လူသတ်မှုဖြစ်

Posted by drmyochit Monday, October 07, 2013, under | No comments


2.10.2013 ရက်နေ့ ည ပြည်မြို့ ကိုးသောင်း ရှမ်းစုရပ်ကွက်နေ ကိုတင်ရှိန် (ခ) ကိုချင်းလေးသည် ဆိုင်ကယ်ကယ်ရီလိုက်သွားရာမှ လူသတ်မှုဖြစ် သေဆုံးခဲ့သည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ညီမဖြစ်သူ မတင်တင်ဝင်းမှ ပြည်သတင်းသို့ ပြောကြားခဲ့သည်မှာ ...

ကိုချင်းလေးသည် 2.10.2013 ရက်နေ့ ည 9 နာရီ 30 မိနစ် အချိန်ခန့်တွင် ဆိုင်ကယ် ကယ်ရီလိုက်သွားသည်ဟု သိရှိရပြီး ည 11 နာရီ 30 အချိန်ခန့်တွင် P.T.U ကျောင်းနှင့် ဇာတ်ငါးရာကြားရှိ ပိုရွာသို့ သွားသောလမ်းမပေါ် ခရီးတ၀က်ခန့်တွင်ရှိသော ဇရပ်၏အနီး ၀ါးနှစ်ပြန်ခန့်အကွာတွင် သေဆုံးသူ၏ အလောင်းကိုတွေ့ရှိရပါသည်။ ထို့အပြင် သေဆုံးသူနှင့်အတူ လည်းကောင်းပိုင်ဆိုင်သော ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတို့ကိုလည်းတွေ့ရှိရပြီး ထူးခြားသည်မှာ ဖိနပ်စီးလျှက်အနေအထားနှင့် အနီးပတ်ဝန်းကျင်တွင် သွေးကွက်မရှိခြင်း၊ လုံးထွေးသတ်ပုတ်ထားသည့် အသွင်အပြင်မရှိခြင်း၊ ဆိုင်ကယ်ဦးတည်ရာမှာ လမ်းမကြီးဘက်သို့ ဦးတည်ထားခြင်းတို့ဖြစ်ပါသည်။

အဆိုပါ ကိုတင်ရှိန် (ခ) ကိုချင်းလေး အသတ်ခံရမှုအား ပေါင်းတလည် ရဲစခန်းမှ စခန်းမှုး ဦးနိုင်ဝင်း ဦးဆောင်ပြီး ဒုရဲအုပ် ဦးကျော်ဇင်ထိုက်တို့မှ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သေဆုံးသူ၏ ညီမဖြစ်သူ မတင်တင်ငွေမှ ပြည်သတင်းသို့ ပြောကြားသွားပါသည်။

 ပြည်သတင်း
From= သစ်ထူးလွင်

မိုးစက်ဝိုင်ကို ဝေဖန်မှုတွေ ပြန်သုံးသပ်ပေးရန် ဒေါ်အယ်လ်ခွန်းရီ ပြော

Posted by drmyochit Monday, October 07, 2013, under | 2 comments

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နဲ့ နောက်ဆုံး ဇကာတင် ၅ ဦး

Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်အပေါ် အင်တာနက် အွန်လိုင်းတွေမှာ ဝေဖန်ကြ တာတွေနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ဒေါ်အလ်ခွန်းရီက တိုက်တွန်း ထားပါတယ်။  ဒေါ်အယ်လ်ခွန်းရီဟာ Miss Universe Myanmar 2013 ဆုရွေးချယ်ရေးအဖွဲ့ထဲက ဒိုင်တဦးလည်း  ဖြစ်ပါတယ်။

အပြည့်အစုံကို Miss Myanmar Universe အင်တာနက် စာမျက်နှာကတဆင့် ပြန်လည် ကူးယူဖော်ပြပေး လိုက် ပါတယ်။

 "အားကစားဝန်င်္ကြီးဋ္ဌာနရဲ့လမ်းညွှန်ကြီးကြပ်မှု ၊ကူညီပံ့ပိုးပေးမှုတို့နဲ့အတူ Hello Madam Co. က
ငွေကြေး   များစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲ မှာ နိုင်ငံ့ ကိုယ်စားပြု ပါဝင်ပြီး သွားရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့ က မယ်ရွေးပွဲကျင်းပခဲ့ပါတယ်..

အပြည်ပြည်ဆိုင်ရာအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဥာဏ်များကိုပါ ရယူပြီး သမာသမတ်ကျတဲ့ ကျမတို့ ဒိုင်တွေက မှန်မှန် ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြတာကိုလည်း အားလုံး အသိပဲ  ဖြစ်ပါ လိမ့်မယ်.. နိုင်ငံတကာမှာလည်း ထုံးစံအတိုင်း မယ်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ အလိုအလျောက် လူမှုရေး သံတမာန် အဖြစ် ထမ်းဆောင်ကြရလေ့ ရှိတာကို မေ့ မထားသင့်ပါဘူး...

အများ ပြည်သူနဲ့ ပါတ်သက်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာဖြစ်စေ၊ လူမှုရေးလုပ်ငန်းတွေ မှာဖြစ်စေ၊ အားကစားလုပ်ငန်းတွေ မှာ ဖြစ်စေ ပါဝင်ကူညီပေးရမှာပါပဲ..

သူလည်း တစ်ချိန်က တက္ကသိုလ်  ကျောင်းသူ တစ်ဦးဖြစ်ခဲ့ဖူးတာမို့ ဒီလို အားကစား အတွက် ကူညီပေး ခဲ့မိတာလေးနဲ့ပဲ ဒီလောက်အပြစ်ကြီး သွားရလောက်အောင် ၀ိုင်းဝန်းပြီး ဝေဖန်ပြောဆိုနေဖို့တော့ မသင့်ဘူး လို့ ထင်ပါတယ်..

အခုတော့ သူ့ခမျာ တစ်ဖက်သတ် အထင်လွဲခံရပြီး သွားပုပ်လေလွင့် ပြောဆိုခံနေရတာကို မြင်တွေ့ ကြားသိနေရတော့ ကလေး မလေး အတွက် အလွန်ပဲ နစ်နာလှတာမို့ စိတ်မကောင်းဖြစ်မိပါတယ်..

၅.၁၀.၂၀၁၃ ရက်နေ့ကလည်း မကျင်းပဖြစ်တာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်တဲ့ တက္ကသိုလ် ပေါင်းစုံ
ဘောလုံးပြိုင်ပွဲမှာ အစီအစဉ်အတိုင်း ကျောင်းသားအားကစား သမားလေးတွေကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပေးတဲ့အတိုင်း ဆုဖလား သယ်ဆောင်ပေးခဲ့ရတာ နဲ့ ပါတ်သက်လို့ ဘာအပြစ်မှ မရှိတဲ့ မိုးစက်ဝိုင် ကို ဘာကြောင့်များ နစ်နစ်နာနာ အပြစ်တင်စကား ပြောချင်ခဲ့ကြရသလဲ ဆိုတာ မစဉ်းစား တတ်အောင် ပါပဲ..

ဒါကြောင့် သားသမီးချင်း နှမချင်း ကိုယ်ချင်းစာနာပြီး အကောင်းမြင် စိတ်ကလေးနဲ့ပြန်လည် သုံးသပ်ပေး ကြစေချင်ပါတယ်.."  လို့

 ဒေါ်အယ်လ်ခွန်းရီက မေတ္တာရပ်ခံထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

Posted by drmyochit Monday, October 07, 2013, under | No comments


တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့

တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးပူးပေါင်းမှု စာချုပ်သစ်နှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် လိုက်သည်။ တနင်္လာနေ့တွင် မြောက်ကိုရီးယား အစိုးရက ယခုစာချုပ်နှင့် ပတ်သက်ပြီး တောင်ကိုရီးယားသည် နျူကလီးယားဖြင့် တိုက်ခိုက်မှု၊ အဆုံးစွန်ထိ ဖျက်ဆီးမှုများနှင့် ကြုံရနိုင်ကြောင်း ခြိမ်းခြောက်သွားခဲ့ သည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက် အသေးစိတ်ကို မဖော်ပြသော်လည်း ကိုရီးယား ကျွန်းဆွယ်တွင် မြောက် ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ပူးပေါင်းမှုအဖြစ် မီဒီယာများက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ကိုရီးယား နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပေါင်းစည်းရေး ကော် မတီ (CPK)က အဆိုပါ စာချုပ်သည် ပျက်စီးရာ ပျက်စီးကြောင်း ရွေးချယ်မှု တစ်ခုအတွက် ရန်စခြင်းဟု စွပ်စွဲလိုက်သလို ကျွန်းဆွယ်ဒေသတွင် နျူက လီးယား စစ်ပွဲတစ်ခု အစပြုလာနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ "နောက်ဆုံး ချုပ်ဆိုလိုက်တဲ့ စစ်ရေးပူးပေါင်းမှု ဆိုတာက ကိုရီးယား ကျွန်းဆွယ်မှာ ပဋိပက္ခတွေ ပြန်ပြီး စိုးမိုးလာအောင် ဖန်တီးလိုက်တာပါပဲ။ အဆုံးအဖြတ် အမှားအယွင်းလေး တစ်ခုဟာ နျူကလီးယား စစ်ပွဲကြီး စတင်ဖို့ ခလုတ်ဖြုတ်လိုက်တာ ဖြစ်သွားနိုင်တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်"ဟု CPKက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် "တကယ်လို့ ရန်သူတွေဟာ ကျွန်ုပ်တို့ နိုင်ငံကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်မှုတွေ ဆက်လုပ်နေမယ် ဆိုရင်တော့ ကျွန်ုပ်တို့ အနေနဲ့လည်း အကြင်နာတရား ကင်းမဲ့တဲ့ တိုက်ခိုက်မှု တစ်ခုကို အစပြုဖို့ စဉ်းစားရလိမ့်မယ်။ ဒါဟာ ရန်သူတွေအတွက် အဆုံးသတ် ပျက်စီးရာလည်း ဖြစ်သွားလိမ့်မယ်"ဟုပါ အတိအလင်း ခြိမ်းခြောက်ထားသည်။ မြောက်ကိုရီးယားသည် ယခုနှစ် အစောပိုင်းကလည်း အက်တမ်ဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ခြိမ်းခြောက်ခဲ့ဖူးပြီး ထိုစဉ်က အမေရိကန်ကလည်း B2 Spirit ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ် ဖြတ်ပျံပြပြီး တုံ့ပြန်ခဲ့သည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် အခြားမဟာမိတ် နိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နှင့်ပါ ပူးပေါင်းပြီး ယခုသီတင်းပတ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။


Planet Myanmar Network

ဆိုတေးကျန်းမာရေးအကြောင်းပြောတဲ့ နန်းဆုရတီစိုး

Posted by drmyochit Monday, October 07, 2013, under | No comments


နန်းဆုရတီစိုးက မန္တလေးမှာ လက်မှတ်မရေးထိုးမီ စက်တင်ဘာ ၂၉ရက်နေ့က မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဆိုတေးဆီ ကို တတိယအကြိမ်သတင်း သွားရောက် မေးမြန်းပြီး ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လာပြီဖြစ်သလို အားပေးစကားလည်း ပြောခဲ့ကြောင်းကို “သူ့ပုံစံက သက်သာနေပါပြီ။ နန်းဆုက ငါအခွေ လာပို့ပေးတာဆိုတော့ အခွေကို သူ့ရင်ဘတ်ပေါ်တင်ထားတယ်။ ဆိုတေးအမေက နန်းဆုလာတုန်း ဓာတ်ပုံ ရိုက် ကြရအောင်ဆိုတော့ သူကအင်္ကျီတွေဘာတွေ ဆွဲချတယ်။ဓာတ်ပုံရိုက်ပြီး သူ့ကို ပြတော့ ဆံပင်က ပွနေတယ်။ သူ့ဓာတ်ပုံသူပြန်ကြည့်ပြီး အမေဘီးပေးဆိုပြီး ဘီးဖြီးလိုက်သေးတယ်။လှလားလို့မေးတယ်။ဘီးဖြီးပြီးတော့ ဓာတ်ပုံတွေ ပြန်ရိုက် ဖြစ်တယ်။သူနန်းဆုကိုအများကြီးပဲဆုတောင်းပေးလိုက်တယ်။သူ့ကိုလည်း သီချင်း ပြန်ဆိုဖို့တိုက်တွန်းခဲ့သေးတယ်။နင့်ပရိသတ်တွေက နင့်ကိုသီ ချင်းပြန်ဆိုစေချင်ကြ တယ်လို့ ပြောခဲ့တယ်။သူက အခုအချိန်မှာ သီချင်းဆို ဖို့တော့ မဖြစ်နိုင်သေးဘူး။အချိန်ယူရဦးမယ်။ဆေးဆက်ကုရဦးမယ်။သူ့ကို ပရိသတ်တွေ အားေ ပးနေ တယ်ဆိုတာ ပြောခဲ့တယ်” လို့ နန်းဆုရတီစိုးကပြောပါတယ်။ယာဉ်မတော်တဆဖြစ် စဉ်က ဆိုတေးရဲ့ ဇနီး ဝင့်ကုဋေသူကွယ်လွန်သွားတာကိုတော့ အခုအချိန်ထိ ဆိုတေး ကိုအသိမပေးရသေးကြောင်းကိုလည်း နန်းဆုရတီစိုးက

“သူစိတ်မကောင်းဖြစ်မှာစိုးလို့ မိသားစုက ပေးမသိသေးဘူး။ အခု အချိန်က သူ့ကို ဆေးကုနေတဲ့အချိန် ဆိုတော့ ပေးသိလို့ မဖြစ်သေးဘူး။ လူနာတစ်ယောက်က စိတ်ပိုင်းဆိုင် ရာကလည်း လိုအပ်တယ်။ သူ့ကိုအား လုံးကဝိုင်းပြီး အားပေးနေကြတယ်။ စိတ်ဓာတ်ကျသွားရင် ကုဖို့မလွယ် သေးဘူး။ သူကတော့ မေးတယ်။ သူ့ရဲ့လက် မှာသူ့ကောင်မလေးရဲ့ နာ မည်တက်တူးထိုးထားတယ်။ အဲဒီ တက်တူးကို လက်ညှိုး ထိုးပြီးမေးတယ်။သူကစထိုင်ပြီးဝှီးချဲနဲ့ ဆေးရုံ မှာ သွားနိုင်တုန်းက စကားသာ သိပ် မပြောနိုင်တာ ဆရာဝန်တွေတွေ့ ရင် လက်အုပ်ချီတယ်။ ပရိသတ်တွေ တွေ့ရင် ရယ်ပြတယ်။ အဲဒီအချိန် ကတည်းကသူ ကမေးနေတာ။ ဒါပေမဲ့ သူ့အိမ်ကအသက်ရှိသေး တယ်။ ဆေးရုံ မှာ ဆေးကုနေတယ်လို့ ပြောထား တယ်” လို့ ဆိုတေးအကြောင်းတွေကို ပြောပြခဲ့ပါတယ်။


ခိုင်ဝေလွင်

စိတ်အလှတရားနှင့် အောင်မြင်မှု စိုးပိုင်ခဲ့ကြသည့် အလှမယ်ဆုရှင်များ

Posted by drmyochit Monday, October 07, 2013, under | No comments


ကမ္ဘာ့အဆင့်မီ အလှမယ် ပြိုင်ပွဲများကျင်းပခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာပင် တိုင်ခဲ့ချေပြီ။ Miss Universe နှင့် Miss World ပြိုင်ပွဲများ၌ သရဖူဆောင်းခဲ့ပြီး နယ်ပယ် အသီးသီး၌ အောင်မြင်ကျော် ကြားနေသူများလည်းရှိသည်။ ၄င်းပြိုင်ပွဲများ၌ အနောက်တိုင်း အလှမယ်များနည်းတူ အရှေ့ တိုင်းမယ်များကလည်း သရဖူ ဆောင်းနိုင်ခဲ့ သည်။ အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များ၌ ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး၊ ထိပ်တန်း အနု ပညာရှင်အဖြစ် ကမ္ဘာ့အလယ် တွင် ရပ်တည်နိုင်ခဲ့သည်။ ၄င်း တို့ထဲမှ နာမည်ရအလှမယ်များ အကြောင်းကို ဖော်ပြပေးပါမည်။

အက်ရှ်ဝါယာရိုင်း

၁၉၉၄ ခုနှစ်၌ ကျင်းပသော ၄၄ ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကို တောင်အာဖရိကနိုင်ငံ စန်းမြို့တော်၌ ကျင်းပခဲ့သည်။ ၄င်းပြိုင်ပွဲ ၌ ရုပ်ရှင်မင်းသားဘ လဲအန် ဒါဝုဒ် နှင့် စူပါမော်ဒယ်နာအိုမီဝပ် ကန့်ဘဲလ်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာမှ ပြိုင်ပွဲဝင် ၈၇ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Miss World ဆုပေးပွဲ ည၌ အိန္ဒိယနိုင်ငံမှ အသက် ၂၁နှစ် အရွယ်ဗိသုကာပညာရပ် ကျောင်းသူ အက်ရှ်ဝါယာရိုင်းအား Miss World အဖြစ် ချီးမြှင့်ခဲ့သည်။ ၁၉၉၄ခုနှစ်သည် အိန္ဒိယ အလှမယ်များအဖို့ ဂုဏ်ယူ ဝင့်ကြွားစရာနှစ်တစ်နှစ်ဖြစ်ပြီး ထိုနှစ်အစောပိုင်း၌ ကျင်းပပြုလုပ်သော Miss World ပြိုင်ပွဲကြီး၌ အိန္ဒိယ မယ်ဆက်(ရှ်)မီတာဆန်ကပင် Title ဆုကြီးကို ရရှိခဲ့သည်။ Miss World ဆုရရှိပြီးနောက် အက်ရှ်ဝါယာရိုင်းသည် မော်ဒယ် နှင့်ရုပ်ရှင်မင်းသမီးအဖြစ် လှုပ်ရှားမှုပြုခဲ့သည်။ ၁၉၉၇ ခုနှစ်၌ Iruvar ရုပ်ရှင်၌ ပွဲဦး ထွက် သရုပ်ဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်၌ ရိုက်ကူးသည့် Jeans ရုပ်ရှင်ဇာတ်ကားသည် စီးပွားရေး အရ အလွန်တရာအောင်မြင် ခဲ့သည်။၎င်းအား မီဒီယာများက ကမ္ဘာ့အ လှဆုံး အမျိုးသမီးတစ်ဦး အဖြစ် မကြာခဏဖော်ပြကြ သည်။၂ဝဝ၇ခုနှစ်တွင် အဘီဆစ် ဘချမ်းနှင့် လက်ထပ်ထိမ်းမြားခဲ့ သည်။၎င်းသည် ပရဟိတ အဖွဲ့ အစည်းေ ပါင်းများစွာအတွက် သံတမန်အဖြစ် ဆောင်ရွက် လျက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ HIV/AIDS တိုက်ဖျက်ရေး စီမံကိန်း၌ Goodwill သံတမန် တစ်ဦးဖြစ်သည်။ ၄င်းအား အိန္ဒိယအစိုးရက ၂ဝဝ၉ခုနှစ်၌ Pad ma Shri ဆုချီးမြှင့်ခဲ့ပြီး ပြင်သစ်အစိုးရက ၂ဝ၁၂ခုနှစ်၌ Ordre des Arts et des Letters ဆုချီးမြှင့်ခဲ့သည်။

ပရီယန်ကာချိုပယား

ပရီယန်ကာချိုပယားသည် အိန္ဒိယရုပ်ရှင်မင်းသမီးနှင့် အဆိုတော်တစ်ဦးဖြစ်ပြီး ၂ဝဝဝ ခုနှစ် Miss World ဆုရှင်ဖြစ်သည်။ ၄င်းသည် ဆယ်ကျော်သက်အရွယ်၌ အဒေါ်ဖြစ်သူနှင့် အမေရိက၌အတူ နေထိုင်ခဲ့ဖူးပြီး အင်္ဂလိပ်လို ကောင်းစွာ ပြောနိုင်သည်။ ၂ဝဝဝခုနှစ်တွင် မိခင်က Miss India World ပြိုင်ပွဲကို ဝင်ပြိုင်ခိုင်းခဲ့ပြီး ဆုရရှိ ခဲ့ကာ Miss World ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းသည် Miss World အဖြစ် ရွေးချယ်ခံရသော အိန္ဒိယနိုင်ငံ၏ ငါးဦးမြောက် အလှမယ်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲဝင်စဉ် က အသက်၁၈နှစ်သာ ရှိသေးပြီး သမိုင်းတစ်လျှောက် အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်သည်။ ထိုနှစ်သည်လည်း အိန္ဒိယနိုင်ငံအဖို့ ထူးခြားသည့်နှစ် တစ်နှစ်ဖြစ်ပြီး Miss Universe 2000ဆုရှင်သည် အိန္ဒိယနိုင်ငံမှ အလှမယ်လာရာ ဒတ်တာဖြစ်ကာ၊Miss Asia Pacific 2000 ဆုရှင်သည် လည်း အိန္ဒိယမှ ဒီရာမာ ဇာတ် ဖြစ်သည်။ ၁၉၉၄ ခုနှစ်ကလည်း Miss Worldနှင့် Miss Universe Title ဆုကြီးကို အိန္ဒိယမယ်များက သိမ်းပိုက်ခဲ့ပြီး၊ ၂ဝဝဝခုနှစ်တွင်လည်း အိန္ဒိယမယ် များက သာ သိမ်းပိုက်ခဲ့ ပြန်သည်။

Miss World ဆုရရှိခဲ့ခြင်းကြောင့် ၄င်းအားအိန္ဒိယရုပ်ရှင် လောကမှ ကမ်းလှမ်းခြင်းခံရပြီး ၂ဝဝ၂ခုနှစ်တွင် Thamizhan၊ Andaaz နှင့် The Hero ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ခဲ့ကာ Film Fare ဆုပေးပွဲ၌ မျက်နှာသစ်အမျိုးသမီးဆုရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု အတွက်လျာထားခံရ သည်။ ၄င်း သည် ကြေးမြင့် ဘောလီးဝုဒ်မင်းသမီး တစ်လက်ဖြစ်ပြီး National Film ဆုပေးပွဲနှင့် Filmfare ဆုပေးပွဲများ၌ ဆုချီးမြှင့်ခြင်းခံရသည်။ ထို့အပြင် ၄င်းသည် ကမ္ဘာကျော် ရက်ပါအဆိုတော် ဗစ်ဆူး(လ်)နှင့် တွဲဖက်၍ ၂ဝ၁၂ခုနှစ် In My City သီချင်းနှင့် ၂ဝ၁၃ ခုနှစ်တွင် Exotic သီချင်းကို သီဆိုဖြန့်ချိခဲ့သည်။ သူမသည် ကလေးသူ ငယ် များအခွင့် အရေးဆိုင်ရာ UNICEF ၏ Goodwill သံတမန်တစ်ဦး ဖြစ်သည်။

လာရာဒတ်တာ

လာရာဒတ်တာဆူပသီသည် ဘောလီဝုဒ်မင်းသမီးတစ်ဦးဖြစ်ပြီး Miss Universe ဆုရှင် ဖြစ်သည်။ ၂ဝဝ၃ခုနှစ် Andaaz ကို ပွဲဦးထွက် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်လော က၌ အောင်မြင်မှုရရှိခဲ့သည့်အပြင် FilmFare ဆုပေးပွဲ၌အကောင်းဆုံး မျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့သည်။Miss Universe 2000 ပြိုင်ပွဲကြီးကို ဆိုက်ပရပ်(စ်)နိုင်ငံ နီကိုရှားဒေသ၌ ကျင်းပခဲ့ပြီး နိုင်ငံတကာအလှမယ် ၇၉ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းအလှမယ်ပြိုင်ပွဲ၌ အသက် ၂၁နှစ်အရွယ်အိန္ဒိယအလှမယ် လာရာဒတ်တာကMiss Universe သရဖူဆောင်းနိုင်ခဲ့သည်။နောက်ပိုင်း၌ လာရာဒတ် တာသည် ရုပ်ရှင်ဇာတ်ကားများ အား ဆက်တိုက်ရိုက်ကူးခဲ့ပြီး ၂ဝဝ၄ခုနှစ်တွင် Masti ၂ဝဝ၅၌ No Entry နှင့် Kaal ၊၂ဝဝ၆ ခုနှစ်တွင် Bhagam Bhag ၊ ၂ဝဝ၇ခုနှစ်တွင် Partner ၊ ၂ဝ၁ဝ ခုနှစ်တွင် Housefull နှင့် ၂ဝ၁၁ခုနှစ်တွင် Chalo Dilli စသည်ဖြင့် ရုပ်ရှင် ဇာတ်ကားများရိုက်ကူးခဲ့သည်။

ဂျနီဖာဟော့ကင်း

၅၃ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို ၂ဝဝ၄ခုနှစ် ဇွန်လ ၁ရက်နေ့တွင် အီကွေဒေါနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး Miss Universe ဆုကို သြစတြေးလျအလှမယ် ဂျနီဖာဟော့ကင်းက ရရှိခဲ့သည်။ ၄င်းပြိုင်ပွဲသည် သုံးပတ်တာကြာမြင့်ခဲ့ပြီး ရီဟာဇယ်များနှင့် နောက်ဆုံး ပွဲစဉ်မကျင်းပမီ အကြိုပြိုင်ပွဲများ ကျင်းပခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သြစတြေးလျ အလှမယ် မစ်ရှဲလ်မတ်လင်းသည် Miss Universe ဆုကို ရရှိခဲ့ပြီး ၁၂နှစ်ကြာပြီးနောက်၊ ဂျနီဖာဟော့ကင်းက သြစတြေးလျ နိုင်ငံ၏ဂုဏ်ကို တစ်ဖန်ေ ဆာင် နိုင်ခဲ့ပြန်သည်။ ၄င်းသည် သြစတြေးလျ နိုင်ငံ၏ထိပ်တန်း မော်ဒယ်အဖြစ် ရပ်တည်လျက် ရှိသည်။

သိမ့်နှင်းအိမ်

အောက်တိုဘာ တစ်လလုံး နယ်ရှိုးထွက်မယ့် ဆုပန်ထွာ

Posted by drmyochit Monday, October 07, 2013, under | No comments


“မတည့်အတူနေ” ဆိုတဲ့ တစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ ဆုပန်ထွာက သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ အတွက်လည်း သီချင်းတွေ သွင်းဖြစ်နေပါတယ်။ ဆုပန်ထွာ က သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ အကြောင်းကို “ပန်ပန့်ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေလေး လုပ်နေတာ။ ခုနစ် ပုဒ် ပြီးသွားပြီ။ ကျန်တဲ့ ငါးပုဒ် ကတော့ မပြီးသေးဘူး။ တေးရေးတွေ ကတော့ အစုံပဲ။ ပေးတဲ့ သီချင်းလေးပေါ် မှာ မု(ဒ်)သွင်းပြီး ဆိုလိုက်တာပေါ့။ သားသား ဆိုလို့ရှိရင် ပန်ပန် အင်တာဗျူး တစ်ခုမှာ Perfect ဖြစ်တဲ့သူ တစ်ယောက် အကြောင်း ဆိုပြီး ဖြေလိုက်တဲ့ဟာကို မပန် အတွက် Perfect Man လို့ရေးထားတယ် ဆိုပြီး ထုတ်ပေးတယ်။ တေးရေးတွေ ရေး ထားတဲ့ ပုံစံကို ကြိုးစားပြီး ဆိုထားတာပေါ့ ။ ဥပမာ- ညီမင်းခိုင် သီချင်း တစ်ပုဒ် ဆိုအေးအေးလေး။ ကိုဖိုးကာသီချင်း ဆိုလည်း အေးအေးလေး။ ပန်ပန် အကောင်း ဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ပြောပါတယ်။ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်တဲ့အတွက် အောက်တိုဘာ တစ်လလုံး ခရီးတွေ ထွက်ပြီး ရှိုးတွေဆို ရ မှာဖြစ်ကြောင်း ပြောတဲ့ ဆုပန်ထွာက နယ် ပရိသတ်ရဲ့ အားပေးမှုတွေ ကိုလည်း “ပရိသတ်တွေက ဆုပန်ထွာလို့ ကြေညာ လိုက်တာ နဲ့ ပန်ပန်မဆိုရသေးဘူး။ လက်ခုပ်သံ က အကျယ်ကြီး ကြားရတယ်။ ဒါ ပန်ပန့် အတွက် တာဝန် ပိုကြီးတယ်။ ပရိသတ် လက်ခုပ်သံ အရင်ကြား ရတဲ့ အတွက် ပန်ပန် ပိုပြီး တာဝန်ကျေအောင် ကြိုးစား ပါ့မယ်လို့ စင်ပေါ် မှာ အရင်ပြော တယ်။ ပြီးရင် အကောင်းဆုံးဖြစ်အောင် ဆိုတယ်။ တစ်ကိုယ် တော် အခွေထဲက သီချင်းတွေဆိုလည်း အားပေးကြတယ်။ ပန်ပန် မျက်ရည် ဝဲလောက်တဲ့ အထိပဲ” လို့ ပြောပါတယ်။ ဂီတ၊ ရုပ်ရှင် အလုပ်နှစ်ခု တစ်ပြိုင်တည်း လုပ်နေတဲ့ ဆုပန်ထွာက သူ့ရဲ့ အချိန် စီမံခန့်ခွဲမှု ကိုလည်း “ဥပမာပေါ့- ပန်ပန် သီချင်း ဆိုနေလို့ ကားရိုက် ဖျက်လိုက်တာတို့၊ ကားရိုက်နေလို့ သီချင်းဆို ဖျက် လိုက်တာတို့ ဒီနေ့အထိ လုံးဝ မရှိအောင် ကြိုးစားတယ်။ အဆိုနဲ့ သရုပ်ဆောင် ပိုင်းကို မျှအောင် ကြိုးစားပြီး လုပ်တယ်” လို့ ပြောပါတယ်။



မျိုးမောင်

ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်၊ လှပသော စိတ်ထားနှင့် မြန်မာနှလုံးသားပိုင်ရှင် Miss Universe Myanmar

Posted by drmyochit Monday, October 07, 2013, under | No comments


Healthy Body ကျန်းမာ သန်စွမ်းသောခန္ဓာကိုယ်၊ Beauty Mind လှပတဲ့စိတ်ထား၊ Myanmar Heart မြန်မာနှလုံးသားဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Hello Madam Media Group ကစီစဉ်ပြီး Miss Universe Myanmar 2013 အလှမယ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒီလိုရွေးချယ်တဲ့အခါ မှာလည်း သူတို့ရဲ့ ဆောင်ပုဒ်အတိုင်း တခြား ပြိုင်ပွဲတွေနဲ့ မတူဘဲ Miss တွေရဲ့လှပတဲ့ စိတ်ထားနဲ့ မြန်မာနှလုံးသား ပိုင်ရှင်တွေကို ရွေးချယ်ဖို့ အတွက် ပရဟိတလူမှုရေးလှုပ်ရှားမှု ခရီး စဉ်ကိုလည်း သုံးရက်စီစဉ် ခဲ့ပြီး အကဲဖြတ်အမှတ်ပေးမှုများ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ထူးဖောင်ဒေးရှင်းမှ ပရဟိတခရီးစဉ် နှစ်ရက်ကို တာဝန်ယူစီစဉ်ပေးခဲ့ပြီး ကျိုက်ထို မြို့၊ဆိပ္ဖူးတောင် လူငယ် ပရဟိတ ဖွံ့ဖြိုးရေးဂေဟာမှ မိဘမဲ့ ကလေးများကို အားပေးစကား ပြောကြားခဲ့ကြသလို မိဘမဲ့ ကလေးများနှင့်အတူ ကျိုက်ထီးရိုး ဘုရားကိုလည်းသွားရောက် ဖူးမြော်ခဲ့ကြပါတယ်။ ဒီပရဟိတ ခရီးစဉ်တွေမှာ အလှမယ်လေး များကလည်း လူမှုရေး လုပ်ငန်းများကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြပါ တယ်။ထူးဖော င်ဒေးရှင်း စီစဉ်တဲ့ ဒုတိယရက် ပရဟိတခရီးစဉ်မှာ တော့ ဆိပ္ဖူးတောင်မှ မိဘမဲ့ ကလေး ၃ဝဦး နဲ့ဆရာမ၂ဦးကို ရွှေတိဂုံဘုရားနဲ့ တိရစ္ဆာန် ဥယျာဉ်တွေကို ဒေသန္တရ ဗဟုသုတရရှိစေဖို့ အတွက် လိုက်ပို့ပေးခဲ့ကြပါတယ်။ Hello Madam Media Group မှ စီစဉ်တဲ့ ပရဟိတ ခရီးစဉ် တတိယမြောက်ရက်မှာတော့ မြန်မာနိုင်ငံဟော်ကီအဖွဲ့ ချုပ်မှာ ဆီးဂိမ်းအားကစား ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အား ကစားသမားတွေကို သွား ရောက်အားပေးခဲ့သလို၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်ကျောင်း ကိုလည်း သွားရောက် လေ့လာ ကြပါတယ်။

ငြိမ်းချမ်းရေး စင် တာသွားရောက်ကာ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး လေ့လာ ခဲ့ပြီး မြန်မာနိုင်ငံငြိမ်း ချမ်းရေးရရှိစေ ဖို့ ဂျိုးဖြူငှက်များလွှတ်ခဲ့ပြီး ဆုတောင်းခဲ့ကြပါတယ်။ဦးလှ ထွန်း မေတ္တာရိပ်မွန် ကင်ဆာ ဖောင်ဒေးရှင်းမှ ကင်ဆာရောဂါ ဝေဒနာခံစားနေရတဲ့ ဝေဒနာ ရှင်များကို အားပေး စကားပြော ကြားခဲ့ကြပါတယ်။ အလှမယ် လေးတွေရဲ့ ရုပ်အလှအပြင် စိတ် ထားအလှတရားကိုပါ ရွေးချယ် ဆုံးဖြတ်ခဲ့တဲ့ အပေါ် Hello Madam Media Group မှ တာဝန်ရှိသူ ဒေါ်သိန်းယုဝေက ” ပရဟိတ လုပ်ဖို့အတွက် Miss တစ်ယောက်က အရေးပါပါတယ်။ သူက မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ Miss တစ် ယောက်ဖြစ်နေတယ်။ မိဘမဲ့ကလေးတွေ ကာကွယ်ေ စာင့် ရှောက် မှုတွေ၊အကြမ်းဖက်မှု တွေက ကာကွယ်ဖို့၊ပညာသင် ကြားချင်ပေမယ့်သင်ကြား ခွင့်မရရှိတဲ့ ကလေးတွေအတွက် လူမှုပရဟိတအလုပ်တွေကို လုပ်စေချင် တယ်။ ကျွန်မ တို့ နိုင်ငံမှမဟုတ်ဘူး။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် Miss Universe က ပရဟိတအလုပ်ကိုလုပ်ရ တယ်။

အမျိုးသမီးထုနဲ့ ကလေး သူငယ်တွေကို အများဆုံး ကာ ကွယ် စောင့် ရှောက်ပေးတယ်။ ကျွန်မတို့ကလည်း Miss Universe Myanmar ဖြစ်တဲ့အတွက် သူတို့ရဲ့ လမ်းစဉ် အတိုင်း လုပ်သွားမှာပါ။ ကျွန်မတို့ရဲ့ ဆော င်ပုဒ်အ တိုင်း ပဲ မြန်မာ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ အတွက် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်အပြင် လှပတဲ့ စိတ်ထားလ ည်းရှိဖို့ အရေးကြီးပါတယ်” လို့ ပြောပါ တယ်။ဆက် လက်ပြီး Miss တစ်ယောက်မှာရှိသင့်တဲ့ စိတ်ထားအလှကိုပဲ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ” ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှာ အဓိကကတော့ Beautiful Mind ရှိရမယ်။ ရွေးကတည်းက Healthy Body ဆိုတဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိရမယ်။ Beautiful Mind ရှိရမယ်။ ပြီးရင် မြန်မာ Heart ဆိုတာရှိရမယ်။ အဲဒီ သုံးချက်နဲ့ရွေးပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမှာ အလိုအပ်ဆုံးက ကိုယ်ချင်းစာ တရားပါ။သ နားကြင်နာ စိတ်ရှိရမယ်။ ဒုက္ခသည်တွေ၊မိဘမဲ့ ကလေးတွေ၊ ရောဂါဝေ ဒနာသည်တွေကို ဘယ်လောက်သနားကြင်နာ တတ်သလဲ ဘယ်လိုစောင့် ရှောက် ကြမလဲပေါ့။ မြန်မာ Heart ဆို တာတော့ နိုင်ငံခြား မှာဆိုရင် ၁၈နှစ်ဆိုရင် ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိဘအုပ်ထိန်းမှု အောက်မှာ မရှိတော့ဘူး။


သူ့ဘာသာသူရပ် တည်ရတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာတော့ အသက်၇ဝလောက် ရှိတဲ့အဘွားကြီးတွေ၊ အသက် ၅ဝလောက်ရှိတဲ့ အဘွားကြီး တွေက အမေတစ်ယောက် အနေနဲ့ ပြုစုနေတုန်း၊ မေတ္တာပို့ နေတုန်း၊ကန်တော့ အိပ်နေတုန်း ပဲ။ဒါတွေက ဘယ်လောက်ကြီး ခေတ်မီတိုးတက်တိုးတက် စောင့်ရှောက်သင့်တဲ့ အရာလို့ မြင် တယ်။ အဲဒါတွေကို စောင့် ရှောက်စေချင်တယ်။ ငယ်ငယ် တုန်းကဆိုရင် ကိုယ့်ကို အဖေ၊ အမေက ချေးသေးကအစ သန့်စင် ပေးတယ်။ သနပ်ခါးလူးပေး တယ်။ လမ်းလျှော က် တာ သင်ပေးတယ်။ အသက်ကြီးလာတဲ့အခါမှာ မိဘတွေကို လမ်းလျှောက်နိုင် အောင်ပြန်ပြီး တွဲသွားရတာ။သူတို့ကို သနပ်ခါး လိမ်းပေးရ တာ။ ရေချိုး၊ သနပ်ခါး လိမ်း ပြီးခြေသည်း၊ လက်သည်းကအစ လှီး ပေးရတာ မျိုး ပြန်လုပ်ပေးရမယ်။ဒါက မိဘရဲ့ကျေးဇူးကို ပြန်ဆပ်တယ် လို့လည်း ပြောလို့ရ တယ်။ကျွန် တော် တို့ မြန်မာေ တွမှာ အဲဒါကို လေ့ကျင့် ပေးထားတာရှိတယ်။ 

နှစ်ဆန်းတစ်ရက်နေ့မှာ ငှက် ကလေးတွေ၊ကြက် ကလေးတွေ၊ ငါးတွေ၊နွားတွေကို လွှတ်ပေးကြ တယ်။ သက်ကြီး ရွယ်အိုတွေကို ခေါင်းလျှော်ပေးတယ်။ခြေသည်း လက် သည်းလှီးပေးတယ်။ ဒါတွေ က မြန်မာနှလုံးသားတွေ လေ၊ဘယ်နိုင်ငံမှာမှမရှိဘူး။အဲဒါကမြန်မာစံပြမယ် တစ် ယောက်မှာရှိရမယ့် လိုအပ်တဲ့ အရည်အချင်းတွေပဲ” လို့ ပြော ပါတယ်။ အောက် တိုဘာ၃ရက် နေ့ အမျိုးသားကဇာတ်ရုံမှာ Miss Universe Myanmar ကို ရွေးချယ်ခဲ့ပြီး ဆုရရှိတဲ့ သူက Organizer တွေနဲ့ ပရဟိတ လုပ်ငန်း များ နှစ်နှစ်စာပြုလုပ်ခွင့် နဲ့ထူးဖောင်ဒေးရှင်းရဲ့ ပရဟိတလုပ်ငန်းများမှာ သံ တမန်အဖြစ် တစ်နှစ်တာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

ခိုင်ဝေလွင်

တိရစ္ဆာန်ရုံမှ ကျားတစ်ကောင် အလုပ်သမားတစ်ဦး၏လက်ကို ကိုက်

Posted by drmyochit Monday, October 07, 2013, under | No comments


အိုကလာဟိုးမားတိရစ္ဆာန် ရုံမှ ကျားတစ်ကောင်သည် အ လုပ်သမားတစ်ဦး၏လက်မောင်းကို ကိုက်လိုက်ပြီးနောက် ဆရာဝန် များ၏ကြိုးပမ်းမှုကြောင့် သူမ၏ လက်ကို ခွဲစိတ်ကုသနိုင်ခဲ့သည် ဟု အဆိုပါ တိရစ္ဆာန်ရုံ၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ သည်။ 

အမည်မဖော်လိုသူ တိရစ္ဆာန် ရုံအလုပ်သမားအမျိုးသမီးကို ဆေးရုံတင်ထားရပြီး ခွဲစိတ်ပြီး နောက် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ဂါဗင်ကောင် တီမှ မြို့စားဂျင်မူလတ်က ပြော ခဲ့သည်။ 

''အမျိုးသမီးအလုပ်သမား က လုံခြုံရေးစည်းကမ်းဖောက် ဖျက်ပြီး သူမရဲ့ လက်ကို အသက် ၁၄နှစ်အရွယ် ကျားထီးတစ်ကောင် ရဲ့ လှောင်အိမ်မှာ သွင်းမိခဲ့ တယ်။ သူမကကြီးမားတဲ့ ဂျာ ကင်အင်္ကျီဝတ်ဆင်ထားတဲ့အ တွက် ကြိုးတွေနဲ့ငြိပြီး သူ့လက် ကို လှောင်အိမ်ထဲကနေ အလွယ် တကူဆွဲမထုတ်နိုင်ဘူး။ ကျားက သူမရဲ့ လက်ကို ဆွဲပြီးကိုက်လိုက် တာ လေးလက်မလောက်အ ပေါက်ကြီးဖြစ်သွားတယ်''ဟု တိရ စ္ဆာန်ရုံပိုင်ရှင် ဂျိုးချရိဗိုဂယ်က ပြောသည်။

ထိုကျားငယ်မှာ ယခင်က မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်ခဲ့ဖူးဟု ပိုင်ရှင်ချရိဗိုဂယ် က ပြောသည်။
By Yangon Media Group

ဆဲဆိုအပြစ်တင်နေမယ့် အစား အားပေးပါဆိုတဲ့ အဆိုတော် ရေဗက္ကာဝင်း

Posted by drmyochit Monday, October 07, 2013, under | No comments


ရေဗက္ကာဝင်းက လတ်တလော မှာတော့ ကျောင်းတစ်ဖက် အပြင် စီးပွားရေး တစ်ဖက်နဲ့ ဖြစ်တာကြောင့် အနုပညာဘက်ကို သိပ်မလှည့်ဖြစ် သေးဘဲ တစ်ကိုယ်တော်အခွေ ထွက် မယ့်အစီအစဉ်တော့ ရှိသေးကြောင်း ပြောပါတယ်။ “အခုကျောင်းက စာတမ်းပြုစု နေတာတစ်ဖက်ဆိုတော့ အခွေဘက် ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ စာတမ်းပြုစုတာ ပြီးသွားရင်တော့ အခွေဘက်လှည့်ဖြစ်မှာပါ။ စီးပွား ရေးကတော့ အမျိုးသားနဲ့ အတူ ဆေးဝါးလုပ်ငန်း လုပ်နေ ပါတယ်။

အိပ်မက် ဆုံရာမှာတော့ ဒိုင်မလုပ်ဖြစ် တော့ပါဘူး” လို့ ဆိုလာတဲ့ ရေဗက္ကာ ဝင်းကို အိပ်မက်ဆုံ ရာမှာ ဒိုင်လုပ် ခြင်းကနေ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့လဲဆိုတော့.. “အဘက်ဘက် ကစဉ်းစားပြီး ရွေးချယ်ပေးရတာမျိုးလေးတွေ ရှိပါ တယ်” လို့ ရေဗက္ကာဝင်း ကပြောပါ တယ်။ ဒီလို ဒိုင်လုပ်ခြင်း ကနေကော ကိုယ့်ရဲ့စွမ်းရည်တွေကိုလည်း ပိုပြီး တိုးတက်စေပါတယ်ဆိုတဲ့ ရေဗက္ကာ ဝင်းက သူများဆိုတာကို သေချာ နား ထောင်ရင်းနဲ့ ကိုယ့်ရဲ့အား နည်း ချက်ကိုလည်း ပြန်မြင် ရတယ်လို့ လည်း ဆိုပါတယ်။ 

အိပ်မက်ဆုံရာ ပြိုင်ပွဲဝင် တွေအပေါ်မှာလည်း ဝေဖန်သံတွေရှိကြတဲ့အတွက် အဲဒီ အပေါ်မှာလည်း ရေဗက္ကာဝင်းက “အဓိကကတော့လေ ပြိုင်ပွဲဝင် တွေ ပဲဖြစ်ဖြစ်၊ တခြား အနုပညာရှင် တွေပဲဖြစ်ဖြစ်၊ အားကစားသမား ပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာ မဆို လုပ်နေတဲ့သူတွေအပေါ်မှာ ဘာမှ မလုပ် တဲ့သူတွေက ဝေဖန်တာထက် စာရင်လုပ်နေတဲ့ သူတွေကို အားပေးဖို့၊ တိုက်တွန်းဖို့ ပိုပြီးဖြစ် စေချင် ပါတယ်။ ဘောလုံးပွဲ တစ်ပွဲကို ကြည့်ကြ မယ်ဆိုရင်လည်း ကန်နေတဲ့ သူကို ဆဲ ဆိုအပြစ်တင်နေမယ့် အစား အားပေးပြီး ပို ကောင်း အောင် လုပ်သင့်တယ်။ ပြိုင်ပွဲဝင်တွေ ဆိုလည်း ဒီအတိုင်းပါပဲ။ သူတို့ လည်း သူတို့ကြိုးစားမှုနဲ့ တက်လာရတာ ပဲလေ။ 
ဘေးကနေ မကောင်း ဝိုင်းပြောတာ မျိုးတော့ လျှော့စေချင်ပါ တယ်။ ဘာဖြစ်လို့ဆို မကောင်း ပြောရုံနဲ့ ကောင်းသွား မှာ မဟုတ်ပါ ဘူး။ ကောင်းတဲ့ဘက် ကိုပဲ ဦးတည်ပြီး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်။ ဒါက ပြိုင်ပွဲဝင် တွေရော၊ နောက်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ အကုန်လုံးကိုရော စိတ်ဓာတ်မြှင့် တင်တဲ့အနေနဲ့ အား ပေးကြပါ” လို့ ရေဗက္ကဝင်းက ဆီးဂိမ်း ပြိုင် ပွဲအားပေး မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။ရေဗက္ကဝင်းရဲ့ အနုပညာလှုပ်ရှား မှုအနေနဲ့ကတော့ ဒီကြားထဲမှာ စီးပွား ရေးနဲ့အလုပ်ရှုပ်နေတာကြောင့် အခွေ ကိုလည်း ကြိုးစားလုပ်နေပါတယ် လို့လည်း ပြောပါ တယ်။
By Popular News

ခင်ပွန်းဖြစ်သူက ဇနီးအားသတ်၍ မြစ်ထဲပစ်ချ

Posted by drmyochit Monday, October 07, 2013, under | No comments


ဒလမြို့နယ်၊ စက်မြေရပ်ကွက်နေ မရွှေသိန်းသူ(ခ) မပုသိမ်၏ အတူနေမိခင်ဖြစ်သူ ဒေါ်လုံးတုံး၊ (ဘ) ဦးကြင်သည် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင် (မရွှေသိန်းသူ၏ပထွေး)၊ (ဘ)ဦးမြ သိန်းနှင့်အတူ လက်ခတ်လှေ(၁)စီးဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ (၁)လခန့်ကြာ သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ လွန်ခဲ့သော (၁၅)ရက်ခန့်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင် အမှတ် (၆) ဗောတံတားကမ်းစပ် လှေပေါ်တွင် ၀င်းထွဋ်(ခ) ရဲအောင်မှာ အရက်သောက် စားရာမှ ဒေါ်လုံးတုံးနှင့် စကားများရန်ဖြစ်စဉ် ၀င်းထွဋ်(ခ)ရဲအောင်မှ ဒေါ်လုံးတုံးအား လှေဘောင်နှင့်ဆောင့် သဖြင့်သေဆုံးသွားခဲ့ပြီး အလောင်းအား သန်လျင်ရေနံချက်စက်ရုံအနီး၊ ရန်ကုန်မြစ်အတွင်း ရေထဲသို့မျော ချလိုက်ကြောင်း ၂.၁၀.၂၀၁၃ရက်နေ့ ၁၇၀၀အချိန်ခန့်တွင် စုံစမ်းသိရှိရသဖြင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် မရွှေသိန်းသူမှ တိုင်တန်းခဲ့ရာ ဒလမြို့မရဲစခန်း(ပ)၄၄၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်