Wednesday, October 09, 2013

မိကျောင်းတွေဖမ်းပြီး သတ်စားနေကြ၍ မိကျောင်းမျိုးတုန်းတော့မည်

Posted by drmyochit Wednesday, October 09, 2013, under | No comments


ဂျမေကာနိုင်ငံ တောင်ပိုင်း တစ်လျှောက်တွင် မိကျောင်းများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်၍ အစားအစာအဖြစ် စားသုံးလျက် ရှိခြင်းကြောင့် ယခုအခါ မိကျောင်းများမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိလာကြောင်း ဂျမေကာ တက္ကသိုလ်မှ တွားသွားသတ္တ၀ါများ လေ့လာမှု ဆိုင်ရာ အထူး ကျွမ်းကျင်သူ ဘိုင်ရွန်ဝီလ်ဆင် က ပြောကြား ခဲ့သည်။

မိကျောင်းများသည် ယခင်နှစ်များ အတွင်းက မျိုးသုဉ်း ပျောက်ကွယ် လုနီးပါး ဖြစ်ပွားခဲ့ရာမှ အရေအတွက် ပြန်လည် မြင့်တက် လာခဲ့ပြီး အမေရိကန် ပြည်ထောင်စု ဖလော် ရီဒါ ပြည်နယ် တစ်ဝန်းတွင် ကျင်လည် ကျက်စားခဲ့ကြသည်။ သို့ရာတွင် ဂျမေကာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝန်းတွင် မိကျောင်းများနှင့် ၎င်းတို့၏ ဥများအား အစားအစာအဖြစ် စားသုံးရန် အမဲလိုက်၍ စီးပွားရေး အတွက် ရောင်းဝယ် ဖောက်ကားမှုများ ပိုမို လုပ်ဆောင် ခဲ့ခြင်းကြောင့် ၎င်းသတ္တ၀ါများမှာ မျိုးသုဉ်းပျောက် ကွယ် လုနီး ပါး ပြန် လည် ဖြစ်လာနိုင် သည်ဟု ကျွမ်းကျင် သူများက ယူဆထားကြောင်း သိရသည်။

ရင်သားကင်ဆာ ကုသနည်း

Posted by drmyochit Wednesday, October 09, 2013, under | No comments


ရင်သားကင်ဆာဟာ စောစီးစွာကုသလျှင် ပျောက်ကင်းနိုင်ပေမယ့် ကုသမှုနောက်ကျတဲ့အခါ၊ ကင်ဆာကျိတ်မကင်းစင်တဲ့အခါ ပြန်ဖြစ် တတ်ပါတယ်။ ပြန်ဖြစ်တယ်ဆိုတာ နှင့် မူလကထက် ပိုမိုပျံ့နှံ့လေ့ရှိပါ တယ်။

ကင်ဆာပျံ့တတ်သည့် နေရာများ – အဆုတ်၊ ရင်ခေါင်း၊ အသည်း၊ သငန် ရည်ကျိတ်၊ အရိုး၊ ဦးနှောက်တို့ကို ပျံ့တတ်ပါတယ်။ အခြားရင်သားတစ်ဖက်ကို ကူးတတ်သလို ဝေးဝေး လံလံလည်း ပျံ့တတ်ပါတယ်။
ကုသရန်ချည်းကပ်ပုံ – ရင်သားကင်ဆာ ပျံ့နှံ့မှုကို ကုသတဲ့အခါ ကင်ဆာ ပျံ့နှံ့မှုအဆင့်၊ ကင်ဆာ အမျိုးအစား၊ ကင်ဆာကနဦး ဖြစ်ခဲ့သည့်အချိန်၊ ကုသခဲ့သည့်နည်းလမ်းများ၊ ကင်ဆာရောဂါအပြင် အခြားရောဂါများ ရှိမရှိ ကိုမူတည်ပြီး ကုသမှုနည်းလမ်းထပ်မံရွေးချယ်ရပါတယ်။
ကုသမှုအောင်မြင်သည့် အချက်များ – အနီးအနားများသို့သာ ပျံ့နေလျှင်၊ ကင်ဆာဆဲလ်များ၌ အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်းဟော်မုန်းလက်ခံ ပစ္စည်း(receptor)ရှိထားလျှင်၊ ဟော်မုန်းကုထုံးနှင့် ဓာတု ကုထုံးများ ထိရောက်လျှင်၊ ယခင်ကင်ဆာဖြစ်စဉ်က ကုသမှုနည်းပေါင်းစုံမသုံးထား လျှင်နောက်တစ်ကြိမ် ထပ်မံကုသတဲ့ အခါ ပျောက်ကင်းနိုင်ပါတယ်။

ကုသမှုနည်းလမ်းများ – ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့နေသည့် ကင်ဆာဆဲလ်များကို ဦးတည်ကုသရန် ဓာတုကုထုံး၊ ဟော်မုန်းကုထုံးအသုံးပြုနိုင်သည်။ နေရာအနည်းငယ် ပျံ့နှံ့နေပါကဆိုင် ရာအစိတ်အပိုင်း အလိုက်ဓာတ် ရောင်ခြည်ပေး၍ ကုသနိုင်သည်။ ထိုအတောအတွင်း နာကျင်မှုသက်သာစေရန် ဆေးဝါး များဖြင့် ကုသနိုင် သည်။
သီဟ
Source: health central
By Health Updates

အရက်စုသောက်ရာမှ ပါးစပ်မှအမြှုပ်ထွက်၍ အစာအဆိပ်သင့်ကာ ညီအစ်ကို ၂ ဦးသေဆုံး

Posted by drmyochit Wednesday, October 09, 2013, under | No comments


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာတွင် (၄-၁၀-၂၀၁၃)နေ့ ည(၈း၀၀)အချိန်ခန့်ကညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍လူ(၂)ဦးသေဆုံးသွားခဲ့သည်။ 
ဖြစ်စဉ်မှာ သေဆုံးသူ ၀င်းစိုး၊(၄၈)နှစ်၏ နေအိမ်တွင် ညီအကိုများ ဖြစ်ကြသော ဖိုးသင်္ကြန်(၂၁)နှစ်၊တင့်နိုင်ဦး(၄၃)နှစ်၊ အောင်နိုင်(၂၄)နှစ် တို့သည် အရက်အတူသောက်ကြပြီး အမြည်းအဖြစ် ဘဲဥကြော်၊ဖန်းခါးသီး၊ ရွက်ယိုသီး၊ ငရုပ်သီးတောင်းတို့အား အမြည်းအဖြစ်စားသောက်ကြရာ (၁၅)မိနစ်ခန့်အကြာတွင် ၀င်းစိုးနှင့် ဖိုးသင်္ကြန်တို့(၂)ဦးမှာ ပါးစပ်မှ အမြုပ်ထွက်၍ သတိလစ်သွားသဖြင့် ဘီးလင်းဆေးရုံသို့ တင်ပို့ရန် သယ်ဆောင်လာစဉ် လမ်း၌၄င်းတို့နှစ်ဦးသေဆုံး သွားခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘီးလင်းရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် - ၅/၂၀၁၃ အရ အမှုဖွင့်လှစ်ထားကြောင်းသတင်းရရှိသည်။ 
Ko Thant Zin 
By Myanmar News Now

နိုင်ငံနှစ်နိုင်ငံစစ်တိုက်တဲ့သမိုင်းမှာ မိနစ် ၄၀ နဲ့ အနိုင်တိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တဲ့ ကမ္ဘာ့အချိန်အတိုဆုံးစစ်ပွဲ

Posted by drmyochit Wednesday, October 09, 2013, under | No comments


Anglo-Zanzibar War အမည်ရ စစ်ပွဲဖြစ်ပြီး ၁၈၉၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ဖြစ်ပါတယ်။ 
ဗြိတိသျှကိုလိုနီတပ်နဲ့ ဇနီဘာတပ်တို့ကြားတိုက်ပွဲ ဖြစ်ပြီး တည်နေရာ ကတော့ အရှေ့ အာဖရိက၊ အိန္ဒိယ သမုဒ္ဒရာအတွင်းမှ ကျွန်းစု Sultanate of Zanzibar မှာ ဖြစ်ပါတယ်။ ယခုတော့ ယင်းဟာ တန်ဇန်နီးယားနိုင်ငံရဲ့  အစိတ်အပိုင်း တစ်ခု အဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။
အဲ့ဒီအချိန်တုန်းကတော့ ကိုယ်ပိုင်ထီးနန်းနဲ့နိုင်ငံဖြစ်ပြီး ကိုလိုနီတို့ရဲ့  နယ်ချဲ့ ခြင်းကို ခံခဲ့ရပါတယ်။ ကျွန်းပေါ်က ဗြိတိန်တို့ ယုံကြည်သော ဘုရင်ခံ Hamad bin Thuwaini မှ အဆိပ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံလိုက် ရခြင်းကြောင့် ဗြိတိန် တို့ ရုတ်တရက်စစ်ကြေညာပြီး ချီတက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဗြိတိန်ဘက်မှ ကြည်းတပ် စစ်သည် အင်အား ၁၅၀၀၊ ပင်လယ်တွင် စစ်သင်္ဘော ၃ စီး၊ အမြောက်သင်္ဘော ၂ စီး တို့ပါဝင်ပါတယ်။ Zanzibar မှာတော့ စစ်သည်အင်အား ၂၈၀၀၊ အမြောက် လေးလုံး၊ ကမ်းခြေစောင့် အမြောက်၊ ရေကြောင်း ရွက်လှေ ၁ စီး၊ စက်လှေ ၂ စီး စတာတွေ ပါဝင်ပါတယ်။
သို့ပေမယ့် စစ်ပွဲကို ဗြိတိန်တို့နိုင်ပါတယ်။ ၃၈ မိနစ်သာ ကြာပြီး ဗြိတိန်ဘက်မှာ ရေတပ်သား တစ်ဦးသာ ဒဏ်ရာရပြီး Zanzibar ဘက်မှာကျ စစ်သည် အယောက် ၅၀၀ သေဆုံးပါတယ်။ ရွက်လှေလည်း ပျက်ဆီးပါတယ်။ စက်လှေ ၂ စီးလည်း မှောက်ပါတယ်။ ကမ်းခြေစောင့် အမြောက်လည်း ပျက်ဆီးပါတယ်။
အင်အားအရ ပင်လယ်ရေကြောင်းမှာ ဗြိတိန်က သာခဲ့ပေမယ့် ကုန်းပေါ်မှာကျ လူအင်အားနည်းနည်း လက်နက်ကြီး နည်းနည်းနဲ့ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Zanzibar ဘက်မှာ အညံ့ခံလိုက်ရပါတယ်။ မိနစ် ၄၀ တောင် မပြည့်ခဲ့တဲ့ ယင်းစစ်ပွဲကို ကမ္ဘာ့ အချိန်အတိုဆုံး စစ်ပွဲအဖြစ် အသိအမှတ်ပြုထားကြောင်း သိရပါတယ်။ 
--
Ref: wiki
By ရိုးရာလေး

Photo Collage Max v2.2.3.6 For Pc 40.4 MB

Posted by drmyochit Wednesday, October 09, 2013, under | No comments


Photo Collage Max ဆိုရင်တော်တော်များများသိမှာ သုံးဖူးသူတွေလည်းရှိမှာပါ 
Oct 8 ရက်နေ့ထွက် အပ်ဒိတ်လေးတင်ပေးလိုက်ပါတယ် 
အပ်ဒိတ်ဗားရှင်းမှာ ဒီဇိုင်းအလန်းလေးတွေလည်းပိုစုံလင်လာပါတယ် 
သူကတော့ ဓာတ်ပုံလေးတွေကိုအလှဆင်တာပါ 
ကိုယ့်ဓာတ်ပုံကို အလှဆင်ချင်တာဘဲဖြစ်ဖြစ် 
သူငယ်ချင်းဓာတ်ပုံတွေကို အလှဆင်ပေးတာဖြစ်ဖြစ် လုပ်နိုင်ပါတယ် 
http://www.photocollagemax.com/ မှာ လုပ်ဆောင်ချက်တွေလေ့လာနိုင်ပီး 
အသုံးပြုမယ်ဆို အောက်ကလင့်မှာရယူနိုင်ပါတယ် 

Download>>>zippyshare (or)mirrorcreator
လိုင်စင်အတွက်ကတော့ ဆောစ့်ဝဲလ်ကို Install လုပ်ပါ
အသုံးမပြုပါနဲ့အုံး ပါလာတဲ့ Patch ဖိုင်ကို အသုံးပြုပါ 

ဆာစ့်ဝဲလ်ကို လိုင်စင်တောင်းရင် ကီးကိုထည့်ပါ အဆင်ပြပါစေ

ချစ်သူ ရင်တုန်သွားစေမည့် အနမ်း ၁၀ မျိုး(+18)

Posted by drmyochit Wednesday, October 09, 2013, under | 1 comment


အောက်ပါ အနမ်း (၁၀)မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။

(၁) ရေတံခွန်အနမ်း= ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။

(၂) ရွှင်ပျော်ပျော်အနမ်း=
ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊

(၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း=
ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊

(၄) စွမ်းအင်ပြည့်အနမ်း=
နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊

(၅) ရေခဲစိမ်အနမ်း=
ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊

(၆) မူဟန်ကြွယ်အနမ်း=
ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊

(၇) တူးတူပုန်းအနမ်း=
ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊

(၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း=
နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊

(၉) သကာစိမ်အနမ်း=
ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊

(၁၀) ငတက်ပြားအနမ်း=
ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ ဟု အနမ်း (၁၀)မျိုးပါးကို မှတ်သားရပါကြောင်း။ နတ်လူသာဓုခေါ်စေသော်

By အလင်းတန်း

ရန်ကုန်မန္တလေးနည်းပညာတက္ကသိုလ်နှစ်ခုကို ကန်ဒေါ်လာ (၁၃ .၅) သန်းထောက်ပံ့ပေးမည့်

Posted by drmyochit Wednesday, October 09, 2013, under | No comments


ရန်ကုန်နည်းပညာတကကသိုလ် နှင့် မန္တလေးနည်းပညာတက္ကသိုလ် တို့အားဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က သင်ထောက်ကူပစ္စည်း များနှင့် နည်းပညာပိုင်းတို့အတွက် အမေရိကန်ဒေါ်လာ (၁၃.၅) သန်းထောက်ပံ့သွားမည်ဖြစ်ကြောင်းJICAဥက္ကဋ္ဌဒေါက်တာအာကီဟီကို တာနာကာကပြောသည်။

အင်းစိန်မြို့နယ်ရှိရန်ကုန်နည်း ပညာတက္ကသိုလ်(YIU) တွင်(JICA)နှင့် ဂျပန်တက္ကသိုလ် (၆) ခုတို့မှ နည်းပညာ ပူးပေါင်းဆောင်ရွက် ရေးအတွက်အောက်တိုဘာလ (၄) ရက်နေ့က လက်မှတ်ရေးထိုးပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီးဒေါက်တာဦးကိုကိုဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံတွင် အဓိကကျ သည့်တက္ကသိုလ်နှစ်ခုကို ပထမဆုံး ပံ့ပိုးသွားခြင်းဖြစ်ပြီး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကို သြဂုတ်လမှ စတင်ခဲ့ခြင်းဖြစ်သည်။JICA အနေဖြင့် သင့်ထောက် ကူပစ္စည်းတွေသာမကနည်းပညာ နှင့် ပတ်သက်ပြီးလိုအပ်တာအားလုံး ကူညီသွားမယ်။ မြန်မာနိုင်ငံနည်း ပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ ဂျပန်နိုင်ငံတွင်ပါရဂူဘွဲ့သင်ယူ နိုင်ရန် စီစဉ်ပေးမှာဖြစ်ပြီး ဂျပန် နိုင်ငံမှ ဆရာ၊ ဆရာမများလည်း မြန်မာနိုင်ငံကိုလာပြီး နည်းပညာ ဆွေးနွေးပွဲများပြုလုပ်ပေးသွားဖို့ အစီစဉ်ရှိပါတယ်”ဟုJICA ဥက္ကဋ္ဌ ဒေါက်တာအာကီဟီကိုတာနာကာ ကပြောသည်။JICA သည် မြန်မာနိုင် ငံတွင် အဆင့်မြင့်နည်းပညာတိုးတက်ရေး အတွက်ပထမဆုံးပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီးနောက်ပိုင်း၌ ပညာ ရေးကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်သွားရန် အစီစဉ်များရှိကြောင်း ဆိုပါသည်။

ကမ္ဘောဇဘဏ် ကျေးဇူးကြောင့် မလေးရှားရောက် တရားမဝင် မြန်မာနှစ်ရာနီးပါး အိမ်ပြန်နိုင်

Posted by drmyochit Wednesday, October 09, 2013, under | No comments


သီတဂူအထောက် အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇ ဘဏ်လီမိတက် တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၈၀ ကျော်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။

MAI စင်လုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါ မြန်မာ ၁၈၅ ဦး တွင် ဒုက္ခသည်စခန်း များတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၈၀ ကျော် ပါဝင်ကြောင်း မလေးရှားအခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယခု ပြန်လာသည့် အလုပ်သမားများတွင် အော်ပရာစီခေါ် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုကြောင့် ပြန်လာသူများ၊ မေလကုန်နှင့် ဇွန်လက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ပြည်တော်ပြန်ရန် လုပ်ဆောင်နေသူများ၊ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူများ ပါဝင်ကြောင်း လုပ်သားများကို မေးမြန်းချက်များအရ သိရှိရသည်။

"Camp ထဲမှာနေတာ အရမ်း ဒုက္ခရောက်တယ်။ စရိတ်မရှိလို့ မပြန်နိုင်ဘူး။ အခု သီတဂူအဖွဲ့က လာခေါ်လို့ ပြန်လာခွင့်ရတာ" ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဒုက္ခသည်စခန်း တစ်ခုတွင် ရှစ်လကျော်ကြာ နေထိုင်ခဲ့ရသည့် မွန်ပြည်နယ်ဇာတိ အသက် ၃၀ကျော် အရွယ် ဦးအောင်နိုင်က ပြောကြားသည်။

ဒုက္ခသည်စခန်းမှ မြန်မာများကို ခေါ်ယူရာတွင် ဒုက္ခသည်စခန်းများကို ရောက်နေသည့် သက်တမ်းကြာနေ သူများနှင့် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသူ များကို ဦးစားပေး ခေါ်ယူကြောင်း ပြန်တော်ပြန်လာသူများကို မေးမြန်းချက် အရသိရှိရသည်။ 

"မြန်မာ ၈၀၀ လောက် ကျန်ခဲ့သေးတယ်" ဟု ကွာလာလမ်ပူမြို့တော်ရှိ ဒုက္ခသည်စခန်း တစ်ခုတွင် ရှစ်လ နေထိုင်ခဲ့ရသူ ကိုထွန်းပြည့်အောင်က ဆိုသည်။

ဒုက္ခသည်စခန်းများက လိုက်ပါလာသူ ၄၆ ဦး ဝန်းကျင်မှာ လမ်းစရိတ် မရှိသည့်အပြင် မိသားစုနှင့် အဆက်အသွယ် မရရှိသဖြင့် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည်ဟုဆိုကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်စောင့် နေကြသည်။

ယင်းသို့ ထိုင်စောင့်နေကြသည့် အချိန် သုံးနာရီအကြာပြီးနောက် ည ၇ နာရီခွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အလုပ်သမား ဝန်ကြီးဌာနတို့၏ အကူအညီဖြင့် ရန်ကုန် တွင် ခေတ္တတည်းခိုမည့် နေရာများသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ယင်း ၄၆ ဦးတွင် မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းတို့မှ ဒေသခံများ ပါဝင်ကြောင်း ယင်းတို့ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၈ ရက်နေ့တွင်ရောက်ရှိလာသည့် အလုပ်သမား များတွင် အမျိုးသား၊ အမျိုးသမီး များအပြင် ကလေးငယ်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။

သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင် ဉာဏိဿရ ကိုယ်တိုင် ဦးဆောင်ကာ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၈၀ ကျော် ကို MAI စင်းလုံးငှား လေယာဉ်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့ ကလည်း တစ်ကြိမ် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင် လာခဲ့သည်။

အရှေ့အာရှ ဒေသမှ ထိပ်တန်းခေါင်းဆောင်များ ပါဝင်တက်ရောက်မည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲယနေ့ ပြုလုပ်မည်

Posted by drmyochit Wednesday, October 09, 2013, under | No comments


မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခြင်းအပြင် အရှေ့အာရှ ဒေသမှ ထိပ်တန်းခေါင်းဆောင်များ ပါဝင်တက်ရောက်မည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက် (ယနေ့) တွင် ဘရူနိုင်းနိုင်ငံ၌ စတင်ပြုလုပ်မည် ဖြစ်ပါသည်။
(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား တက်ရောက် ရန် စီစဉ်ထားသော်လည်း အိုဘားမား၏ အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်သဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိတော့ပေ။ သို့သော် အမေရိကန်သမ္မတ အိုဘားမားအစား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဘရူနိုင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည်။ ထို့အတူ ဂျွန်ကယ်ရီ ဦးဆောင်ပြီး အမေရိကန်နှင့် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံပြီး ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို ပြုလုပ်မည် ဖြစ်သည်။

(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ အရှေ့အာရှ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး လီခို့ချောင်၊ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့၊ တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟီး၊ နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီးတို့ တက်ရောက်ကြမည် ဖြစ်သည်။

ယခု ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းများတွင် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ အကောင်အထည်ဖော်ရေး၊ ASE AN Economic Community (AEC) အတွက် အာဆီယံ လမ်းပြမြေပုံ ဒုတိယဆင့် ကူးပြောင်းမှုဆိုင်ရာ ဆွေးနွေးမှု၊ ASEAN Socio-Cultural Community (ASCC) လုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ အမျိုးသမီးနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြေညာစာတမ်း၊ တောင်တရုတ်ပင်လယ် အရေးနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။
"အောင်မြင်မှုတွေ ရရှိထားပေမယ့် ဆက်လုပ်ရမှာတွေ ရှိနေသေးတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း ရှေ့ဆက်လုပ်ဆောင် နေရပါမယ်။ ရှေ့ဆက်သွားရမှာ ရှိသလို လက်ရှိရထားတဲ့ အောင်မြင်မှု အရှိန်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ဒီတိုးတက်မှုတွေကို ပိုမိုကျယ်ပြန့်ပြီး စိန်ခေါ်မှု ပိုများတဲ့ အရှေ့အာရှနဲ့ အာရှပစိဖိတ် ဒေသတွေအထိ ထိတွေ့ဆက်ဆံ ရပါမယ်" ဟု အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ပြောကြားသည်။
By Eleven

Tuesday, October 08, 2013

Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင် ကိုယ်ပိုင် Facebook အကောင့်ဖွင့်တော့မည်

Posted by drmyochit Tuesday, October 08, 2013, under | No comments


မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာတွေ အားလုံးဟာ သူ ဖွင့်ထားတာ မဟုတ်တဲ့အပြင်၊ သူ့ကိုယ်ပိုင် facebook စာမျက်နှာကို ဒီနေ့ညကျမှသာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း၊ မယ်စကြဝဠာ ပြိုင်ပွဲအတွက် တာဝန်ယူ ထားတဲ့ Hello Madam အဖွဲ့အစည်း နဲ့သာ ပရဟိတ လုပ်ငန်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်သွားမှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆုရထားတဲ့ ဆုကြေးငွေတွေကို ပရဟိတ လုပ်ငန်းတခု ထူထောင်ပြီး ဆောင်ရွက် သွားဖို့ ရှိကြောင်း ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာလေတပ်မှ တပ်မတော် သားများ နှောင့်ယှက်ခဲ့သည့်အတွက် တပ်ထိန်းမှ သွားရောက် ဖြေရှင်းခဲ့ရ

Posted by drmyochit Tuesday, October 08, 2013, under | No comments


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ကာရာအိုကေဆိုင်ကို ပိတ်သိမ်းခဲ့သည့် ရဲစခန်းတာဝန်ရှိ သူများကို လေတပ်စခန်းမှ တပ်မတော်သားများက နှောင့်ယှက် ခဲ့သည့်အတွက် တပ်ထိန်းတပ်ဖွဲ့ မှ သွားရောက် ထိန်းသိမ်းဖြေရှင်းပေးရသည့် ဖြစ်စဉ်တစ်ခုအောက် တိုဘာ၂ရက်က ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ် ရဲစခန်း၏ ပြောကြား ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂ရက် ည၁ဝနာရီ မိနစ် ၅ဝတွင် မိတ္ထီလာ အမှတ် (၃)ရဲစခန်းကို တပ်မတော် (လေ) ရှမ်းတဲမှတပ် ဖွဲ့ဝင် ၁၁ဦးရောက်ရှိလာပြီး ရန် ကုန်- မန္တလေးကားလမ်းဘေးရှိ အေဝမ်းစားသောက် ဆိုင်မှ ကာရာ အိုကေခန်းကို ရဲစခန်းမှပိတ်သိမ်း ထားသည်ဆိုသည်မှာ ဟုတ်မဟုတ်မေးမြန်းရာတွင် စခန်းမှူးက စည်းမျဉ်းစည်းကမ်းများအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ပြန် လည်ဖြေကြားရာတွင် ပြဿနာ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

''လေတပ်စခန်းက တပ်သား တွေလာပြီး ပြဿနာရှာသွားတယ် ဆိုတာ ဟုတ်ပါတယ်။ သူတို့ကို တပ်ထိန်းတပ်ဖွဲ့က စစ်စည်းကမ်း နဲ့အညီ အရေးယူသွားမယ်လို့ပြော သွားပါတယ်''ဟု အောက်တိုဘာ ၅ရက်က ဆက်သွယ်မေးမြန်းမှု ကို မိတ္ထီလာအမှတ်(၃)ရဲစခန်းမှ တာဝန်ရှိသူက အတည်ပြုပြော သည်။

မိတ္ထီလာမြို့နယ် တပ်ထိန်း ရဲတပ်ဖွဲ့မှ ဗိုလ်ကြီးဟန်ထွန်းက ''အမှတ်(၃) ရဲစခန်းမှာ ပြဿနာ ဖြစ်နေတယ် ကြားလို့ ကျွန်တော်တို့ တပ်ထိန်းအဖွဲ့က သွားရောက် ထိန်းသိမ်းဖြေရှင်းပေးခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်စည်း ကမ်းနဲ့ အရေးယူနိုင်ဖို့အတွက် ခုံ ရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု ပြောသည်။

ယင်း ပြဿနာဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရဲစခန်း နယ်နိမိတ် အတွင်း တာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ကို တပ်မတော်လေ တပ်စခန်းမှ တပ်သားများက အကျီ င်္ ဆွဲခြင်း၊ မချေမငံ ဆက်ဆံခြင်းများသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းအခြေအနေများ ဖြစ် ပေါ်ခဲ့သည့် တပ်သား ၁၁ဦးကို မိတ္ထီလာတပ်နယ် တပ်ထိန်းတပ်ဖွဲ့ မှ ဗိုလ်မှူးကြီး တစ်ဦးက ဦးဆောင်ကာ ထိန်းသိမ်းခေါ်ဆောင် သွားပြီး စစ်စည်းကမ်းနှင့်အညီအရေး ယူမည်ဖြစ်ကြောင်း သိရသည်။

ဦးတင်လှိုင် ၊ ငယ်ထွေး (ကလေး) - Yangon Media Group

ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာခြား တင်ဆောင်ခြင်း ကို ခေတ္တ ရပ်ဆိုင်းထား

Posted by drmyochit Tuesday, October 08, 2013, under | No comments


ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တ ရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။

''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူကို ကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦး ကပြောသည်။

ယင်းကဲ့သို့ ပဋိပက္ခများဖြစ် ပေါ်လျက်ရှိသော်လည်း သံတွဲမြို့ သို့သွားရောက်သည့် ခရီးသည် များမှာ လျော့နည်းသွားခြင်းမရှိ သည့်အပြင် ယခင်ကထက် ခရီးသွားသူ ပိုများလာကြောင်း အောင်သစ္စာ ကားဂိတ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

''ဒီရက်ပိုင်းအတွင်း ရန်ကုန် နဲ့သံတွဲကို အသွားအပြန်သွားဖြစ် ကြတာများတယ်။ ပုံမှန်အားဖြင့် တော့ မိုးတွင်းမှာသွားလာမှုနည်း တယ်။ သံတွဲမှာပြဿနာပေါ်လာ တော့ သွားကြသူတွေများလာ တယ်။ ကားတစ်စီးမှာ ခရီးသည် ၃ဝလောက်ရှိတယ်။ နှစ်စီးဆွဲတယ် ဆိုတော့ ၆ဝကျော်လောက်တော့ သွားဖြစ်ကြ တာပေါ့။ ခုလို ပြ ဿနာတွေ ထပ်ဖြစ်မှာကိုစိုးရိမ် တာတို့ရှိတယ်။ ဖြစ်လာရင်တော့ ပိတ်လိုက် ရတော့မှာပဲ''ဟု ယင်း ကထပ်မံပြောသည်။

တချို့သောယာဉ်လိုင်း များမှာ နိုင်ငံသားမှတ်ပုံတင်ပါရှိ ပါက ဘာသာခြားတင်ဆောင်ခြင်း မျိုးရှိသော်လည်း ယာဉ်လက်မှတ် ဝယ်ယူသူအား လက်မှတ်ရောင်းသင့် မရောင်းသင့်ကြည့်ပြီးမှ ရောင်းကြခြင်း မျိုးလည်း ကြာင်း ရန်ကုန်မှ သံတွဲသို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ထံမှ သိရသည်။

''သံတွဲမှာ ပြဿနာဖြစ်နေ တယ်ဆိုပြီးကြားတော့ ဒီက ရန် ကုန်-သံတွဲပြေး ဆွဲတဲ့ ကားတွေ မှာ ဘာသာခြားတွေကို မတင် တော့ဘူး။ လမ်းခရီးမှာလဲ စစ် တာတို့ ဘာတို့ကတော့ ပုံမှန်အ တိုင်းရှိပါတယ်။ ပဋိပက္ခကြောင့် ကားပြေးဆွဲတာမှာ အခက်အခဲ တော့မရှိဘူး။

တင်ပေးလိုက်လို့ ပြဿနာအကြီးကြီး ဖြစ်သွားမယ် ဆိုရင် ဂိတ်တွေပိတ်ပစ်ရမှာ''ဟု ရဲအောင်လံကားဂိတ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်-သံတွဲသို့ ခရီးသည် တင်ယာဉ်များပြေးဆွဲရာတွင် အဆင်ပြေမှုများ ရှိစေရန်အတွက် လုံခြုံရေး အင်အားများကိုလည်း အပြည့်အဝယူထားကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၈ ရက်က စက်ပစ္စည်း အရောင်းဆိုင်တစ် ဆိုင်ရှေ့ သုံးဘီးဆိုင် ကယ်တစ်စီး ရပ်ထားသည့် အတွက် ရင့်သီးစွာ ဆဲဆိုပြောဆိုကြရာမှ အစပြုဖြစ် ပွားခဲ့သည့် သံတွဲမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှု မှာ အောက် တိုဘာ ၃ ရက်တွင်မှ ဒေသအခြေ အနေအနည်းငယ် တည်ငြိမ်သွား ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လူနေအိမ် ၁၀၀ ကျော်၊ ဗလီနှစ် လုံးနှင့် ဈေးဆိုင် တစ်ဆိုင် တို့ မီး ရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး လူပေါင်း ၅ဝဝခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် သံ သယရှိသူ ၄၄ဦးကိုလည်း သက် ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဇင်မျိုးထက် ၊ စိုးချစ်ချစ်ပိုင် - Yangon Media Group

သီချင်း အလွတ်ရခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး

Posted by drmyochit Tuesday, October 08, 2013, under | No comments


တော်တော်များများ ဖြစ်ကြမှာပါ။ စာကျက်ရင်တော့ အလွတ်မရပဲ သီချင်းကျတော့ တစ်ခါနားထောင်ရင် အလွတ်ရသွားတာတို့။ သုံးလေးခါ နားထောင်တာနဲ့ အလွတ်ရသွားတာတို့ ပေါ့။ ဟုတ်ကဲ့။ အဲဒါ ကောင်းတဲ့ အမှုအကျင့်ပါ။

အဲ့ဒီလို သီချင်းစာသား အလွတ်ရပြီး၊ ပြန်လည်သီဆိုနိုင်သူက ဦးနှောက်ကို ကျန်းမာရေး ကောင်းစေပြီး အတိတ်မေ့ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် တားဆီးကာကွယ်ပေးပါတယ်။

သီချင်းကိုကြိုက်လည်း အရမ်းကြိုက်တယ်။ နားထောင်တာလည်း အခေါက်ပေါင်း အရေအတွက် မနည်းတော့ဘူး။ လိုက်လည်း ဆိုဖြစ်တယ်။ တစ်ယောက်တည်း မကြည့်ပဲ စိတ်လွတ်ကိုယ်လွတ် ဆိုကြည့်တဲ့အခါကျ ဟိုမေ့ဒီမေ့ ဖြစ်တယ်ဆိုရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အမေရိကန် ဆေးသိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိထားချက် ဖြစ်ပါတယ်။

ဒါကြောင့် သီချင်းစာသားများ အလွတ်ရခြင်းကို ဦးနှောက်နှင့် ဆက်စပ် ကျန်းမာရေး ကောင်းကျိုးများ ပေးစွမ်းစေကြောင်း သိရပါတယ်။

ကမ္ဘာ့အဆိပ်ပြင်းဆုံးငါးက ဂျပန်တို့အတွက် အစားအစာ ဖြစ်နေ

Posted by drmyochit Tuesday, October 08, 2013, under | No comments


Fugu ငါးဟင်းဟာ ဂျပန်မှာ နာမည်ကျော်ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်းဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါစာရင်းထဲမှာ ပါဝင်တယ် လို့ သိရပါတယ်။

ငါးပူတင်တစ်မျိုးဖြစ်ပြီး ဂျပန်ခေါ် Fugu ဟာ pufferfish တစ်မျိုး ဖြစ်ပါ တယ်။ ယင်းငါးဟာ ပင်လယ်ပျော် ငါးဖြစ်ပြီး သူ့အဆိပ်ကို ဘယ် သက်ရှိ သတ္တဝါမှ မခံနိုင်ပါဘူး။ ရေနေ သတ္တဝါချင်းဖြစ်တဲ့ ငါးမန်း တွေတောင် မစားရဲတဲ့ ငါး ဖြစ်ပါတယ်။ သို့ပေမယ့် ဂျပန်မှာကျတော့ စားသောက်ဆိုင် များရဲ့ ဟင်းလျာ ဖြစ်နေပါတယ်။

ဒီအတွက် ဂျပန်အစိုးရမှလည်း တားမြစ်ချက်များ ထုတ်ပြန်ပေးထား တယ် လို့ ဆိုပါတယ်။ လိုင်စင်ရှိပြီး စာဖိုးမှူးများသာ ယင်းငါးများကို ချက်ပြုတ်ခွင့် ရှိပါတယ်။ ပြီးတော့ ယင်းငါးဟင်းလျာကို ရောင်းချဖို့အတွက်လည်း ဆိုင်ကော၊ ရောင်းသူမှာပါ လိုင်စင်ရှိထားဖို့ လိုအပ်ပါတယ်။

ဘာလို့လဲဆို ငါးရဲ့  အဆိပ်ရှိတဲ့ အပိုင်းကို တော်ရုံလူ မဖယ်နိုင်ပါဘူး။ ယင်း အဆိပ်ကို ဖယ်ပြီးရင်တောင် ကျန်တတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တမ်းရ ဂျပန်မှာ ၁၉၉၆ ခုနှစ်ကနေ သက္ကရဇ် ၂၀၀၆ အထိ အက်ဆီးဒန့် ဖြစ်သူ အရေအတွက် ၇၀ ဝန်းကျင်ရှိပြီး ၆ ဦးထက် မနည်း သေ ဆုံးခဲ့ပါတယ်။

အမှန်တော့ Fugu ငါးအဆိပ်အတွက် ဖြေဆေးမတွေ့သေးပါဘူး။ သူ့ အဆိပ်က အိမ်သုံး ပိုးသတ်ဆေး ဆိုင်ယာနက်ထက် အဆ ၂၀၀ မက ပြင်းပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ်၊ နှလုံးခုံ ရပ် စေပါတယ်။ အက်ဆီးဒန့်မှာ အသက်ရှင်ကျန်ရတဲ့အကြောင်းက အဆင့်ပေါင်းများစွာ စစ်ဆေး ချက်ပြုထားလို့ ဖြစ်ပါတယ်။ ဒီအတွက် ဂျပန်နိုင်ငံမှလည်း ဆေးဝါး များ ရှာဖွေ ဖန်တီးလျက် ရှိပါတယ်။

လက်ရှိအချိန်ထိတော့ ဂျပန်နိုင်ငံမှာ Fugu ငါးတစ်ကောင် ဟင်းလျာကို အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ စားသောက်ဆိုင်များမှာ ရောင်းချလျက် ရှိကြောင်း သိရပါတယ်။
---

ရခိုင်တွင် ကလေးငယ် ၁ သိန်းကျော် ပဋိပက္ခဘေးဒဏ်ခံနေရ

Posted by drmyochit Tuesday, October 08, 2013, under | No comments


ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကလည်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဘေးဒဏ်ခံနေရတဲ့ ကလေးငယ်ပေါင်း ၁ သိန်းကျော်ရှိပြီး ကလေးငယ်တွေရဲ့ အကျိုးအတွက် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလကုန်နဲ့ ခုလဆန်းပိုင်းက ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ နေအိမ်တွေ မီးရှို့ခံရမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ယူနီဆက်ဖ်ရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ခုလိုတောင်းဆိုထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးကြရာမှာ ရွှေ့ပြောင်းခံ ကလေးငယ်တွေနဲ့ ပြည်သူလူထုတွေသာ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီး ကလေးငယ်တွေ မိသားစုတွေနဲ့ ရပ်ရွာလူထုတွေရဲ့ ဘ၀တွေကို ပျက်စီးစေတဲ့အကြောင်းနဲ့ ခုချိန်ဟာ မြန်မာနိုင်ငံက ကလေးငယ်တွေအားလုံးအတွက် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ အချိန်တန်ပြီလို့ ယူနီဆက်ဖ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဘာထရန် ဘိန်းဗဲလ်က ကြေညာချက်မှာ ပြောပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခမှာ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလေးငယ်ပေါင်း ၁ သိန်းကျော်ရှိပြီး ကလေးသူငယ် အခွင့်အရေးချိုးဖောက်ခံနေကြရတယ်လို့ ယူနီဆက်ဖ် ပြန်ကြားရေးအရာရှိ ဦးရဲလွင်ဦးက ပြောပါတယ်။

“ကမ္ဘာ့ကလေးသူငယ်များအခွင့်အရေးကို ဂျနီဗာမှာ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံက အဖွဲ့ဝင်တနိုင်ငံပဲ။ လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်တော့ ကလေးတွေအခွင့်အရေးကို ချိုးဖောက်တာ မှန်သမျှကို ကာကွယ်ရမယ်ဆိုတာ ရှိတယ်။ အခုဒီဒေသမှာ ကလေးသူငယ် တသိန်းစွန်းစွန်းလောက်က အရမ်းဖက်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်။ သူတို့ရဲ့ ကျောင်းနေထိုင်ရေး၊ ပညာသင်ကြားရေး၊ မိသားစုတွေနဲ့ အတူနေထိုင်ရေး၊ ကျန်းမာရေး၊ ဒီလိုအဖြစ်မျိုးတွေ နောက်ထက် မဖြစ်ပွားဖို့အတွက် ယူနီဆက်ဖ်က တိုက်တွန်းနှိုးဆော်ဖို့အတွက် အခုလို ထုတ်ပြန်ချက် ထုတ်ပြန်လိုက်ရတာပါ။ ”

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်း လဲရေးတွေကို ထိခိုက်စေမှာဖြစ်ပြီး မြန်မာနိုင်ငံက ကလေးငယ်တွေအားလုံးအပေါ် အနုတ်လက္ခ ဏာဆောင်တဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အကြောင်းနဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်သူတွေနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်သူတွေကို တရားဥပဒေနဲ့ အညီ အရေးယူအပြစ်ပေးဖို့ကိုလည်း ယူနီဆက်ဖ်က တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ လူအုပ်စုတွေအချင်းချင်း အကြမ်းဖက် မီးရှို့ မှုတွေကြောင့် လူပေါင်း ၂ သိန်းလောက် ပဋိပက္ခ ခံစားနေကြတာရတာဖြစ်ပြီး အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

လတ်တလော ပြီးခဲ့တဲ့သီတင်းပတ်တွေက သံတွဲမှာ ပြန်လည်ဖြစ်ပွားတဲ့ ပဋိပက္ခတွေ အတွင်းမှာတော့ လူ ၅ ဦးသေဆုံးပြီး အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ 

by ဒီဗွီဘီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်