Thursday, October 10, 2013

ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာကျောက်မျက်ကုမ္ပဏီ ဖျက်သိမ်း

Posted by drmyochit Thursday, October 10, 2013, under | No comments


မက်စ်မြန်မာကုမ္ပဏီ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေး ကုမ္ပဏီအား အစုရှယ်ယာ ရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ပိုင် မက်စ် မြန်မာကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Max Myanmar Gems & Jewellery ကုမ္ပဏီကို စက်တင်ဘာ ၃၀ ရက်က ဖျက်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြပါရှိသည်။

အဆိုပါကုမ္ပဏီမှာ ကျောက်စိမ်း ကျောက်မျက် ရောင်းဝယ်တင်ပို့ရေး လုပ်ငန်းများကို အဓိကထားဆောင် ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ကျောက်စိမ်း ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများတွင်လည်း ၀င်ရောက်တူးဖော်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် ပတ်သက်ပြီး မက်စ်မြန်မာ ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ ဖြေကြားမည့်သူမရှိကြောင်း မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မက်စ်မြန်မာကုမ္ပဏီအုပ်စုမှာ လတ်တလောတွင် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ စက်သုံးဆီဆိုင်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသတွင်း လမ်းပိုင်းများကို ဘီအိုတီ စနစ်ဖြင့် ဆောင်ရွက်ခြင်းများကို အစိုးရထံမှ လုပ်ကိုင်ခွင့်ရရှိထားသည်။

ကျောက်စိမ်းကျောက်မျက် တူးဖော်ရာ ဒေသဖြစ်သည့် ကချင်ပြည်နယ် ဖားကန့် ဒေသတွင် လတ်တလော၌ လုပ်ကွက်များအပေါ် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ပတ္တမြားနဂါးကုမ္ပဏီ၊ ထူး ထရေးဒင်းနှင့် မက်စ်မြန်မာကုမ္ပဏီများတို့က ကျောက်စိမ်းကျောက်မျက်တူးဖော်ရေး လုပ်ကိုင်လျက်ရှိသည်။ သို့သော် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ ကာလရှည်တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လုပ်ကွက် များ၌ အထက်ပါကုမ္ပဏီများ ရပ်နားထားရသည်။

မက်စ်မြန်မာ ကုမ္ပဏီအနေဖြင့် ကျောက်စိမ်းကျောက်မျက်ရောင်းဝယ်ခြင်းပြုလုပ်သည့် ကုမ္ပဏီကိုသာ ဖျက်သိမ်းခြင်းဖြစ်နိုင်ပြီး တူးဖော်ရေးလုပ်ငန်းများကိုမူ ဖျက်သိမ်းခြင်းတွင် မပါဝင်နိုင်ကြောင်း ဖားကန့်မြို့မှ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုသည်။

7Day Daily

တတိယလိင် အလှမယ်တစ်ဦးဖြစ်တဲ့ သညာမောင်ဝင်ပြိုင်မည့် Miss International Queen 2013 တွင် ရေကူးဝတ်စုံဖြင့်ပါ ယှဉ်ပြိုင်ရမည်ဟုဆို

Posted by drmyochit Thursday, October 10, 2013, under | No comments


ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေ၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တတိယလိင် အလှမယ်အဖြစ် သညာမောင်က ပထမဆုံး ဝင်ရော က် ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ အသက် ၂၉ နှစ် အရွယ်ရှိ သညာမောင်သည် ကရင်ပြည်နယ် မိကရင်ရွာ တွင် မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂၀၀၇ ခုနှစ်တွင် စတင် ရောက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီတခုတွင် စတင် အလုပ်ဝင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်း တခု၌ အလုပ် လုပ်ကိုင်ကာ BA. English မေဂျာဖြင့် ပညာသင်ယူဆဲ ဖြစ်ကြောင်း သိရသည်။ သညာမောင်၏ Miss In ternatoinal Queen 2013 ပြိုင်ပွဲဝင်မည့် ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။ ။ Miss International Queen ပြိုင်ပွဲဝင်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲ။

ဖြေ။ ။ ပြိုင်ပွဲဝင်တွေရဲ့ အဓိက အရေးအကြီးဆုံးက ယောက်ျားဘဝကနေ မိန်းကလေး တယောက် ဘဝ ကို လုံးဝ ပြောင်းလဲထားတဲ့သူ တယောက် ဖြစ်နေရမယ်၊ မိန်းကလေး တယောက်ရဲ့ အသွင်ပုံစံ အပြည့် ရှိ နေရမယ်၊ လူမှု ဆက်ဆံရေး လည်း ကောင်းမွန် နေရမယ်။

မေး။ ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တတိယလိင် အလှမယ် တယောက်အဖြစ် ဘာကြောင့် ပြိုင်ပွဲဝင် ဖြစ် ခဲ့တာလဲ။

ဖြေ။ ။ အစတုန်းကတော့ ပြိုင်ပွဲဝင်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူး။ စိတ်လည်း မဝင်စားဘူး။ ဘာလို့လဲ ဆိုတော့ တချို့ သူတွေလိုမျိုး ကိုယ့်ကို နောက်ခံ ထောက်ပံ့ပေးမယ့် စပွန်ဆာတွေလည်း မရှိဘူးလေ၊ ဒါပေမယ့် သူ ငယ်ချင်းတွေကမြန်မာပြည် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်သင့်တယ်လို့ အကြံပေးကြတယ်။ အစ်မရဲ့ ရုပ်ရည် နဲ့ ဆိုရင်လည်း ဖြစ်နိုင်တယ်လို့ ဝိုင်းပြီး အကြံပေးကြတာနဲ့ လျှောက်လွှာ တင်ဖြစ်ခဲ့တယ်။ နောက်တော့ေ လျှာက်လွှာတင်တဲ့ အယောက် ၈၀ ကျော်ထဲက၃၀ ပြန်ရွေးတဲ့ အထဲမှာ ကိုယ် က အရွေးခံရတယ်ဆိုတော့ အံ့သြသွားတယ်၊ ပြီးတော့ ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသွားတယ်။

မေး။ ။ ပြိုင်ပွဲဝင်ဖို့ စပြီး လျှောက်ခဲ့တဲ့တုန်းက အတွေ့အကြုံ ပြောပြပေးပါလား။

ဖြေ။ ။ ပြိုင်ပွဲဝင်ဖို့ လျှောက်လွှာတင်တော့ အင်တာဗျူး လုပ်ရတယ်၊ အဲဒီမှာ အစ်မက မြန်မာပြည် ကိုယ် စားလှယ်အနေနဲ့ ပထမဆုံး ပြိုင်တဲ့သူ တယောက် ဖြစ်နေတယ်။ ပြိုင်ပွဲဝင်ရတဲ့ အကြောင်းရင်းကို မေးတော့ မြန်မာနိုင်ငံမှာ ကျားမ ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတာရယ်၊ ပြည်သူလူထုရဲ့ တတိယလိင်တွေ အပေါ် လက်မခံနိုင်သေးတဲ့ အမြင်တွေကို ပညာပေးချင်တဲ့ သဘောပေါ့။ ပြီးတော့ ဆုရဖို့ကိုလည်း မမျှော်မှန်း ထား ပါဘူးလို့ အင်တာဗျူးတော့ လူကြီးတွေကို အစ်မ ပြောပြဖြစ်ခဲ့တယ်။

မေး။ ။ တတိယလိင်တယောက် အနေနဲ့ အခုလို မယ်ပြိုင်ပွဲဝင်ဖို့ လုပ်တော့ ဝေဖန်ခံရတာတွေ၊ အားပေး မှုတွေ ဘယ်လိုရှိလဲ။

ဖြေ။ ။ အစ်မရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ facebook စာမျက်နှာမှာတော့ ပရိသတ်တွေက ကွန်မန့်တွေ ပေး ကြတယ်။ အမျိုးဘာသာကို ဖျက်တယ်၊ လုံးဝ လက်မခံနိုင်ဘူး ဆိုတာမျိုးတွေ ဝေဖန်ခံရတယ်။ ဒါပေမယ့် အစ်မက အကောင်းမြင် ဝါဒီသမား တယောက်အဖြစ် ခံယူထားတဲ့သူ ဆိုတော့ သူတို့တွေရဲ့ ဝေဖန်မှုေ တွ ကို ကောင်းတဲ့ ရှုထောင့်ကနေ မြင်လိုက်တယ်။ မကောင်းတဲ့ အပိုင်းတွေရှိသေးရင် ကိုယ်က ပြုပြင်လိုက်တ ယ်။ အားပေးတာတွေ ကတော့ တော်တော်လေး များတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံတွင်းကရော၊ နို င်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ ရောပေါ့ ပြိုင်ပွဲဝင်တာကို အားပေးကြတယ်။

မေး။ ။ ဒါဆိုရင် နိုဝင်ဘာ ၁ ရက်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ကိုရော ဘာတွေ ပြင်ဆင်ပြီး ထား ပြီးလဲ။

ဖြေ။ ။ ပြိုင်ပွဲဝင်ဖို့ အတွက်ကတော့ လောလောဆယ်မှာ ရေကူးဝတ်စုံတွေ အများကြီး ပြင်ဆင်နေတယ်။ မြန်မာဝတ်စုံတွေနဲ့ ညနေခင်း ဝတ်စုံတွေလည်း အစ်မရဲ့ ဒီဇိုင်နာဆီမှာ ချုပ်နေတယ်။ Talent Show အတွ က်ကိုတော့ ကရင်ဒုံးယိမ်းအက ကဖို့ ပြင်ဆင်နေတယ်၊ လေ့ကျင့်နေတယ်။ အစတုန်းကတော့ မြန်မာအကေ လး ကချင်ခဲ့တာပါ။ ဒါပေမယ့် ဝတ်စုံတွေ ရှာဖို့ ခက်တယ်လေ။

မေး။ ။ ပြိုင်ပွဲဝင်မယ် ဆိုတုန်းက စပွန်ဆာပေးဖို့ ကမ်းလှမ်းခံရသေးလား။

ဖြေ။ ။ ပြည်တွင်းမှာက အစ်မရဲ့ အသိမိတ်ဆွေ သိပ်ပြီးတော့မရှိဘူး။ သူငယ်ချင်း တယောက်ကတော့ အစ်မရဲ့ အတွေ့အကြုံ တွေကို အင်တာဗျူး လာလုပ်ပြီး စပွန်ဆာ ပေးဖို့ကမ်းလှမ်းပေမယ့် အဲဒီ တယောက် ကလည်း အခုထိ အကြောင်းမပြန် တော့ပါဘူး။

မေး။ ။ အခုလို ပြိုင်ပွဲဝင်မှာကိုရော မိဘတွေက သဘောတူရဲ့လား။

ဖြေ။ ။ ဝင်ပြိုင်မယ် ဆိုတာကို မိဘတွေက မသိသေးဘူး။ ဒါပေမယ့် သတင်းတွေက ထွက်သွားတော့ အိ မ်က ဖုန်းဆက် လာတယ်။ အစ်မရဲ့ အမေကတော့ အကောင်းဘက်က မြင်ပေးပေမယ့် သူ့စိတ်ထဲမှာ သိပ် ပြီးတော့ လက်မခံသေးဘူး။ ဆုံးမသင့်တာ ဆုံးမတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ ရှိတဲ့ တတိယလိင် တွေအတွက် အခွင့်အလမ်းတွေ နည်းနေသေးတာ၊ လူတွေလ က်မခံနိုင်သေးတာ ကိုရော ဘယ်လိုခံစားရလဲ။

ဖြေ။ ။ အစ်မရဲ့ အတွေ့အကြုံအရ ဆိုရင်တော့ တည်တည်တံ့တံ့ နေနိုင်တဲ့သူနဲ့ မနေနိုင်တဲ့ သူတွေရှိ တ ယ်။ ကိုယ်လို လူမျိုးတွေ ဆိုတာက ဒီလိုမျိုးဘဝနဲ့ နေထိုင်တာဆိုတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာလေးနဲ့ အိနြေ္ဒ ရ ရလေး ရှိနေစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တတိယလိင်တွေက ကိုယ်တိုင်ကိုယ်ကျ ပွင့်ပွင့်လင်းလ င်းနဲ့ ဆုံးဖြတ်နိုင်ရမယ်။ ဒီလိုမျိုး တတိယလိင် ဘဝကို ခံယူလိုက်မယ်ဆိုရင် ခံနိုင်ရည်ရှိရဲ့လားဆိုတာကို ကို ယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်၊ ကောင်းတဲ့သူ တယောက်အဖြစ် လူမှုအဖွဲ့အစည်းကို အထောက်အကူ ပြုနို င် မလား၊ ပတ်ဝန်းကျင်က လူတွေ လက်ခံနိုင်မလား ဆိုတာတွေအရေးကြီးတယ်။

မေး။ ။ သညာမောင်အနေနဲ့ တတိယလိင်ဘဝကို စပြီး ပြောင်းလဲလိုက်တုန်းက ဘယ်လိုမျိုး အခြေအနေ တွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ။ ။ အခက်အခဲတွေကတော့ အများကြီးရှိခဲ့တယ်၊ အိမ်က လုံးဝလက်မခံဘူး၊ အကြီးအကျယ် ပြဿနာ တက်ခဲ့ရတယ်။ အိမ်ကို ပြန်မလာနဲ့လို့ နှင်ထုတ်ခံခဲ့ရတယ်။ အရင်က ကိုယ့်ကို ရိုသေလေးစားခဲ့တဲ့ သူတွေက ရှိန်သွားတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို တဖြည်းဖြည်း သိလာတော့ ပြန်ပြီး လက်ခံပေးလာတယ်။

မေး။ ။ တတိယလိင် ဘဝရဲ့ အားသာချက်နဲ့ အားနည်းချက်ကရော ဘာတွေဖြစ်မလဲ။

ဖြေ။ ။ အစ်မတို့လိုမျိုး လူတွေရဲ့ အားသာချက်ကတော့ စိတ်ဓာတ်ကြံ့ခိုင်လာတယ်။ ဒီလိုဘဝကို ပြောင်း မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တွေးရတယ်လေ။ ဒီလိုဘဝမှာ ကြံ့ကြံ့ခံနိုင်ရဲ့လား၊ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပြီးမှ ခွဲစိတ်ပြုပြင်ကြရတာလေ။ အားနည်းချက်ကတော့ များေ သာအားဖြင့် ပတ်ဝန်းကျင်က သိပ်ပြီးတော့ လက်မခံကြဘူး။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင် တွေ့တာနဲ့ ဟာ သတခုလို မြင်ကြတယ်။ အလုပ်ကိစ္စနဲ့ တနေရာရာကို သွားလို့ အမျိုးသားတွေနဲ့ တွေ့ရင် သူတို့က ကိုယ့်ကို ရှိန်နေတတ်ကြတာမျိုးတွေ ကြုံတွေ့ရတယ်။

မေး။ ။ တတိယလိင်တယောက် ဖြစ်တဲ့ သညာမောင်ရဲ့ ခံယူချက်ကရော။

ဖြေ။ ။ အစ်မကတော့ အရာရာတိုင်းကို ကြံ့ကြံ့ခိုင်ပြီး ကိုယ့်လမ်းကို လျှောက်နေတယ်၊ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်။ အစ်မမြင်နေတာက မြန်မာလူမျိုးတွေ မှာတင် မဟုတ်ဘဲ နိုင်ငံတကာမှာပါ တတိ ယလိင်ဆိုတဲ့ သူတချို့က ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားကြတာများတယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေချင် ဘူး။ ဒါကြောင့်မို့လို့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တန်ဖိုးရှိလာအောင်၊ အကျိုးရှိလာအောင် ကူညီသွားမယ်လို့ စဉ်းစားထားတယ်။

By The Irrawaddy (Burmese Version)

မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အားသုံးဖယ်ရှားရန် ကြိုးပမ်းခဲ့

Posted by drmyochit Thursday, October 10, 2013, under | No comments


မိုးထိမိုးမိ ရွှေလုပ်ကွက်မှ နောက် ဆုံးကျန်ရှိသော ဇုန် ၁ဝ အား အောက် တိုဘာ ၅ ရက်နေ့တွင် အင်အား သုံး ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြောင်း ဖယ်ရှား ခံရသူများတွင် ပါဝင်ခဲ့သော ဦးအောင် ဆန်းလင်းက ပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော် ကုမ္ပဏီနှင့် ရွှေလုပ်သား တို့ ၏ ရွှေမြင်တင် သဘောတူစာချုပ် ပါ အချက် ၆ ချက်အား ဖောက်ဖျက်ခြင်း ကို အကြောင်းပြု၍ ဖယ်ရှားရန် ကြိုးပမ်း သော်လည်း ယင်းနေ့တွင် လုပ်သားတို့ လက်မခံခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ ကြောင်း ၄င်းက ပြော သည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်း သင်းမြို့နယ် မိုးထိမိုးမိဒေသရှိ ၆၁ဝ၅ ဧကအား အမျိုးသားကြီးပွားတိုးတက် ရေး ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီက ၂ဝ၁ဝ ခုနှစ်တွင် လုပ်ပိုင်ခွင့်ရပြီးနောက် မူလ လက်ငုတ် ရွှေလုပ် သားများနှင့် ၅ နှစ် မှ ၂၅ နှစ်အတွင်း သတ်မှတ်အကျိုးတူ ပူးပေါင်းလုပ်ဆောင်ပါမည် ဟု ဒေသခံ များအား နှုတ်ကတိပြုပြီးဟု ၄င်းက ပြောသည်။

''အသေးစားကနေ အကြီးစားကို အတင်းပြောင်းခိုင်းနေတာ။ ဒါမတရား ဘူး'' ဟု ဖယ်ရှားခံရသူများတွင် ပါ ဝင် သူတစ်ဦးက ပြောသည်။ အဆိုပါကိစ္စ နှင့် ပတ်သက်၍ Popular News မှ အမျိုးသား ကြီးပွား တိုးတ က်ရေးကုမ္ပဏီ သို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ် ၍ မရခဲ့ပေ။

ဖယ်ရှားခံရသူများထဲတွင် ပါဝင် သူတစ်ဦးက ''တစ်ဖက်သတ်ကျတဲ့ သဘောတူစာချုပ်ပါ။ လုပ်သားတွေက သဘောမတူဘူး'' ဟု ပြောသည်။

သဘောတူစာချုပ်အား ရွှေလုပ် သားတို့မှ မကျေနပ်သည့်အတွက် ဆန္ဒ ပြခဲ့ပြီး လုပ်သားနှစ်ဦးမှာ ထောင် ကျခဲ့ သည်။

မိုးထိမိုးမိတွင် ဇုန် ၁၃ ဇုန်ရှိပြီး ရွှေလုပ်သားတို့ကို နှစ်ဦးသဘောတူ စာ ချုပ်ဖြင့် စတင်ဖယ်ရှားရာ ယခုဇုန် မှာ နောက်ဆုံးဇုန်ဖြစ်ကြောင်း သိရ သည်။

Popular Myanmar News Journal

စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံးဝမအ၀င်မခံ

Posted by drmyochit Thursday, October 10, 2013, under | No comments


စားသုံးရန်မသင့်တဲ့ဆီတွေ မြန်မာနိုင်ငံအတွင်းကို လုံးဝအ၀င်မခံပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပကနေ ၀င်ရောက်တဲ့ စားအုန်းဆီကို အားထားနေရတဲ့ မြန်မာပြည်ဈေးကွက်မှာ ဆီအရောအနှောတွေ ပါဝင်နေမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ကျန်းမာရေးဝန်ကြီးဌာန အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန (အက်ဖ်ဒီအေ) ညွန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

“စားသုံးရန် မသင့်ဘူးဆိုတဲ့ကတည်းကိုက ကျနော်တို့က အဲဒါကို လုံးဝ ခွင့်မပြုတာပဲ။ တင်သွင်းဖို့ကိုလည်း လုံးဝ လက်မခံဘူး။ တင်သွင်းလာလို့ ဆိပ်ကမ်းရောက်တဲ့ဟာက သတ်မှတ်တဲ့ အရည်အသွင်းမပြည့်မီဘူး ဆိုရင်လည်း ကျနော်တို့က ဆိပ်ကမ်းကနေ ထုတ်ယူခွင့် ပေးမယ့် အကောက်အခွန်တို့လို စီးပွားကူးသန်း ၀န်ကြီးဌာနရဲ့ စမ်းသပ်မှုနဲ့ စစ်ဆေးရေး လုပ်ငန်းတို့လို ဒါဟာ စားသုံးဖို့မသင့်ပါဘူး၊ ထုတ်ယူခွင့်မပြုနိုင်ပါ ဘူးလို့ ပြောထားတဲ့အတွက် အဲဒီဆီတွေက ဈေးကွက်ထဲကို မရောက်ဘူး။ မြန်မာနိုင်ငံကို မ၀င်ဘူးလို့ မပြောလိုဘူး။ ၀င်ရင်လည်း ကျနော်တို့က ခွင့်မပြုဘူး။ အများပြည်သူလက်ထဲကို မရောက်ဘူး။”

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် စားသုံးဆီစားသောက်မှု အတိုင်းအဆဟာ ပိုမိုသလို အရည်အသွေးမပြည့်တဲ့ စားသုံးဆီတွေ ၀င်ရောက်မှုကို အစိုးရဘက်က နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ခြင်းမရှိတာ နှစ်နဲ့ချီ ကြာမြင့်နေတာ ဖြစ်ပါတယ်။

စားသုံးဆီစားသုံးမှုရဲ့ နောက်ဆက်တွဲရောဂါတွေနဲ့ ပတ်သက်လို့လည်း ပညာရှင်တွေက စားအုန်းဆီ စားသုံးမှုကို လျော့ချဖို့ သတိပေးနေပါတယ်။

စားသုံးရန်မသင့်တဲ့ဆီတွေနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ ထင်ရှားတဲ့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းရဲ့ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဈေးကွက်အတွင်းက စားသုံးဆီတွေနဲ့ ပတ်သက်လို့ သူ လေ့လာထား ချက်ကို ခုလိုပြောပါတယ်။

“ထင်သွင်းတာကို ကျနော်တို့က မပိတ်ပင်ပါဘူး။ ဒါပေမယ့် စားသုံးလို့ရတဲ့အဆင့် စီးပွားကူးသန်းက သတ်မှတ်ထားတဲ့ ၈ ဒီဂရီ စင်ဒီဂရိတ်ထက် မနှိမ့်တဲ့ အဆင့်မျိုးဖြစ်ရမယ်။ အခု အများစုက ဘယ်သူတွေ သွင်းလဲတော့ မသိဘူး အန္တရာယ်ရှိတဲ့ စားသုံးဆီတွေဖြစ်နေပါတယ်။”

စားသုံးဆီအရောအနှောတွေ ဈေးကွက်မှာ ရှိတယ်ဆိုပေမယ့် မြန်မာတွေရဲ့ ဆီစားသုံးမှု ကတော့ ဈေးနှုန်းအရ တွက်ခြေကိုက်မှုအပေါ် တွက်ချက်ပြီး အန္တရာယ်ရှိမှန်း သိပေမယ့် စားသောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဗဟိုကော်မတီဝင် ဦးစိုးထွန်း ကတော့ ဈေးကွက်အတွင်း စားသုံးဆီတွေ အရောအနှောပါနေတာဟာ တင်သွင်းသူရော၊ ခွင့်ပြုသူရော လိုက်နာသင့်တဲ့ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်နေလို့ ဖြစ်ပါတယ်လို့ ပြောပါတယ်။

“စားသုံးဆီနဲ့ ပတ်သက်လို့ အရည်အသွေး ပြည့်ဝတယ်၊ မပြည့်ဝဘူးဆိုတဲ့ ကိစ္စက နိုင်ငံတကာမှာ ဆီအဆင့် အတန်းက ရှိပြီးသား။ လိုက်နာမယ်ဆိုရင် စားသုံးရန် သင့်တော်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဆီလို့ သတ်မှတ်လို့ရတယ်။ တင်သွင်းတဲ့သူတွေကော စစ်ဆေးတဲ့ သူတွေကော အားလုံးသည် ဆီအဆင့် အတန်းကို နားလည်မယ် လိုက်နာမယ် စေတနာထားပြီး အလုပ်လုပ်မယ်ဆိုရင် အရည်အသွေးမပြည့်တဲ့ဆီ ၀င်လာစရာ အကြောင်းမရှိဘူး။ သွင်းတဲ့ လူတွေက လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတယ်။ မလိုက်နာနိုင်ပဲနဲ့ သွင်းနေတယ်ဆိုရင် ပြင်းထန်စွာ သတိပေးတာတို့ ငွေဒဏ်ထောင် ဒဏ်ပေးမယ်ဆိုရင် ဒါမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ”

မြန်မာနိုင်ငံမှာ ၁ နှစ်ကို စားသုံးဆီတန်ချိန် ၆ သိန်း လိုအပ်နေတဲ့အတွက် ပြည်ပမှ စားအုန်းဆီ တင်သွင်းနေရပြီး ပြည်တွင်း စားသုံးဆီထုတ်လုပ်မှုက တနိုင်ငံလုံးစားသုံးမှုရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ထုတ်လုပ်နိုင်သေးပါတယ်။

စားအုန်းဆီ အရောအနှောနဲ့ အန္တရာယ်ကို စာနယ်ဇင်းလောကနဲ့ မီဒီယာလောကမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေပေမယ့် စားအုန်းဆီအရောအနှော နှိမ်နင်းရေးကို သက်ဆိုင်ရာ ထိထိရောက်ရောက် ကိုင်တွယ်ခြင်းတော့ မရှိသေးပါဘူး။ 

by မျိုးဇော်လင်း (ဒီဗွီဘီ)

ငပလီကမ်းခြေနှင့် ဟိုတယ်ဇုန်အတွင်း ညမထွက်ရ အမိန့်ရုပ်သိမ်း

Posted by drmyochit Thursday, October 10, 2013, under | No comments


သံတွဲနဲ့ ကျေးရွာတွေမှာ ထုတ်ပြန်ထားတဲ့ မနက် ၆ နာရီကနေ ည ၆ နာရီ မထွက်ရ မိန့်ကို ငပလီ ကမ်းခြေနဲ့ ဟိုတယ်ဇုန်မှာ ရုပ်သိမ်းလိုက်ပြီလို့ သက်ဆိုင်ရာက အသံချဲ့စက်နဲ့ လှည့်လည် ကြေညာ ခဲ့ကြောင်း ဒေသခံ ဦးမောင်မောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း သံတွဲမြို့နဲ့ သဗြုချိုင်၊ ပေါက်တောအပါအ၀င် ကျေးရွာတချို့မှာ လူ ၅ ဦးသေ အများအပြား ဒဏ်ရာရပြီး အိမ်ခြေ ၇၀ လောက် မီးလောင်ဖျက်ဆီးခံရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် အစိုးရဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် သံတွဲကို လာရောက်စဉ်ကတည်းက ဒေသခံတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက ငပလီ ကမ်းခြေ သာယာရေး အကူအညီပေးဖို့၊ ညမထွက်ရ အမိန့် ရုပ်သိမ်းပေးဖို့ ပြောဆိုတင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ငပလီ ကမ်းခြေနဲ့ အနီးနား ရွာတချို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပေမယ့် သံတွဲနဲ့ အခြားနေရာတွေ မှာတော့ ရုပ်သိမ်းခြင်း မပြုရသေးပါဘူး။ 

by ဒီဗွီဘီ

ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး

Posted by drmyochit Thursday, October 10, 2013, under | No comments


တိုက်ကြီးနယ်က ထွက်တဲ့ ဖီးကြမ်းငှက်ပျောသီးချင်း အတူတူ အနှိမ်ခံရတယ်ဗျာ။ ဆေးနဲ့မှည့်ထားတဲ့ ငှက်ပျောသီးမို့တဲ့။ နေပါဦး ကျုပ်ကများ ဆေးနဲ့မှည့်ချင်လို့ အမှည့်ခံထားတယ် ထင်နေလား။ ခြံရှင် ကိုဖိုးသာတို့ လင်မယား သူ့သမီးလေးကျောင်းအပ်ဖို့ ပိုက်ဆံလိုလို့ တဲ့ဗျာ။ သိပ်မရင့်သေးမှန်း သိရဲ့နဲ့ ဆေးစိမ်လို့ရလောက်တဲ့ အနေလောက် အခိုင်တွေ အကုန်လုံး ချိုင်ပစ်လိုက်တာ။ ကောင်းကောင်းမရင့်သေးတဲ့ ကျုပ်တို့ပါ ပါကုန်တာပေါ့။ သိပ်မရင့်လည်းပဲ ဆေးစိမ်လိုက်တော့ ဝါရောင် လိုက်လာပြီး မှည့်သွားတာပေါ့ဗျာ။

အခုဆိုင်ပေါ်မှာ ယှဉ်ရောင်းတော့ တကယ့်ငှက်ပျော အရင့်စစ်စစ်ကို သဘာဝအတိုင်း မှည့်ထားတဲ့ ငှက်ပျောသီးတွေလို ဇောင်းလေးတွေက ချော၊ အလယ်သားလေးတွေက မို့မို့ဖောင်းဖောင်း အစ်အစ်ကလေးမနေဘဲ ဇောင်းတွေကကြမ်း၊ အသားကလည်း သိပ်မပြည့် ချင်နဲ့ ဖြူဖြူဖွေးဖွေးရေဆေး ငါးနဲ့ မီးယပ်ပိန် မီးယပ်ခြောက်လို အသွင်အပြင်က ကွာချင်တိုင်း ကွာနေ တော့တာပေါ့ဗျာ။ ဒီကြားထဲ သူတို့က တစ်လုံးချင်း၊ နှစ်လုံးချင်းတဖြည်းဖြည်း မှည့်တော့ မိသားစုသိပ်မများတဲ့ အိမ်တွေဆို ငှက်ပျော တစ်ဖီးဝယ်ထားပြီး မှန်မှန်လေးစားသွားရင် အတော်ပဲ။ ကျုပ်တို့ကတော့ အားလုံးတစ်ပြိုင်တည်း မှည့်လိုက်တာ ဖီးကြမ်းဆိုတဲ့ နာမည်ကို ဖျောက်ပြီး တစ်ခိုင်လုံးရွှေ လို့တောင် နာမည်ပြောင်း ဖို့ကောင်းသေး။

ခင်ဗျားတို့က ဆေးနဲ့မှည့်တဲ့ ငှက်ပျောသီးဆိုပြီး ကျုပ်တို့ကိုနှိမ်နေလို့ ပြောပြရဦးမယ်။ ကမ္ဘာမှာ နာမည် ကြီးပေ့ဆိုတဲ့ ငှက်ပျောသီးထုတ်လုပ်သူ တွေလည်း ဆေးအမျိုးမျိုးကို လိုသလိုသုံးကြတာပါပဲ။ တစ်နှစ်ကို ငှက်ပျောသီးတန်ချိန် နှစ်သန်းနီးပါးတင်ပို့တဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးကနေ ကမ္ဘာအရပ် ရပ်ကို အလွန် အမှည့်မြန်တဲ့ ကျုပ်တို့လို ငှက်ပျောသီးတွေကို မှည့်ခါနီးမှ ခူးပြီး တင်ပို့လို့ ဘယ်ရမလဲဗျ။ တချို့ အင်တာနက် စာမျက်နှာတွေမှာ ရေးထားတာ ကတော့ အပင်ကနေ အစိမ်းရောင်ရှိတုန်းမှာ ခူး၊ ဆေးကြော သန့်စင်၊ ပိုးသတ်။ နောက်ပြီး မြန်မြန်မမှည့်အောင် အညှာကို ကျောက်ချဉ်ပွတ်ပြီး ခပ်အေးအေးဖြစ်အောင် ထိန်းထားတဲ့ ကွန်တိန်နာတွေနဲ့ နိုင်ငံတကာကို တင်ပို့ကြသတဲ့။ တင်သွင်းတဲ့နိုင်ငံကို ရောက်မှ လေလုံအောင် ပြင်ဆင်ထားတဲ့ အခန်းတွေထဲမှာ ငှက်ပျောသီးတွေကိုထည့် အီသိုင်လင်း (Ethylene) ဆိုတဲ့ ဓာတ်ငွေ့လွှတ်ပြီး မှည့်အောင် လုပ်ကြသတဲ့။ မှန်ကန်တဲ့ ဓာတုပစ္စည်းသုံးပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ငှက်ပျောသီးမှည့်အောင် လုပ်တာက ပြဿနာအရင်းအမြစ် မဟုတ်ဘူးဆိုတာကို ပြောချင်တာပါဗျာ။

ဒါဖြင့် ပြဿနာအရင်းအမြစ်က ဘာလဲဆိုရင် ကျုပ်က ကျုပ်ကိုဘယ်လို ဘယ်ပုံ ဆေးနဲ့မှည့်အောင် လုပ်ခဲ့သလဲဆိုတာကိုတော့ ပြောပြမှဖြစ်မယ်။ ကျုပ်တို့ကို အဖီးလိုက် ဆစ်ပိုင်းပြီး ပလတ်စတစ်ရေပုံးထဲကို စွတ်ခနဲနေအောင် နှစ်လိုက်တာပဲ။ ခဏလေးမှ ခဏလေးပါဗျာ။ အဲဒီရေနှစ်သဘင် ဆင်ယင်ပြီးတာနဲ့ ဒီအတိုင်း ချိတ်ဆွဲထားလိုက်။ တစ်ရက် နှစ်ရက်အတွင်း မှည့်တာပဲ။ ရေပုံးထဲမှာလား။ ဆေးပါတာပေါ့ဗျာ။ ဘာဆေးလဲဟုတ်လား။ ဘယ်သိမလဲဗျ ကျုပ်ကတရုတ်စာမှ မဖတ်တတ်တာ။ ရော့ဒီမှာ တံဆိပ်။ တွေ့လား အားလုံးက တရုတ်စာချည်းပဲ။ တိုက်ကြီးဈေးထဲက စိုက်ပျိုးရေးသုံး ပစ္စည်းဆိုင်တွေကို သွားပြီး ငှက်ပျောသီး မှည့်ဆေး လို့သာမေးလိုက်။ ခင်ဗျားက တို့ဆေး လိုချင်တာလား၊ စိမ်ဆေး လိုချင်တာလား ပြောလိုက်။ ဆိုင်ရှင်က ပေးလိမ့်မယ်။ ခင်ဗျားမကုန်မှာစိုးလို့ ဘူးလိုက် မဝယ်ချင်ရင် တစ်ရာဖိုး၊ နှစ်ရာဖိုး ဝယ်လည်း ရတယ်။ ရေထဲကို ဘယ်လောက်ထည့်ရမလဲ ဟုတ်လား။ မှန်းထည့်လိုက်ပေါ့ဗျာ။ တံဆိပ်ပေါ်မှာတော့ တရုတ်လို ရေးထားမှာပေါ့။ ဒါပေမဲ့ ကိုဖိုးသာတို့ လင်မယားလည်း တရုတ်လိုမှ မဖတ်တတ်တာ။ ကျုပ်တွေ့လိုက်တာကတော့ မခင်ညို ဆေးဘူးအဖုံးနဲ့ နှစ်ဖုံးစာ ရေပုံးထဲကို လောင်းထည့်လိုက်တာ တွေ့တာပဲ။

ဟိုတစ်လောကတော့ မနေနိုင်တဲ့ သူတစ်ယောက်က တရုတ်စာဖတ် တတ်တဲ့သူတွေကို အကူအညီ တောင်းပြီး အင်တာနက်ပေါ်မှာ ရှာလိုက်ဖွေလိုက်တော့ ဓာတုပစ္စည်းက 2-chloroethyl phosphoric acid လို့ခေါ်သတဲ့။ သူလည်း တရုတ်စာလုံးချင်းတိုက်ကြည့်ပြီးတော့ ယုံလိုက်တာပေါ့ဗျာ။ အပွင့် တွေအသီးတွေကို ကြီးထွားစေတဲ့ဆေး။ ဒီဆေးကို အဓိကအသုံးပြုတာက ဝါဆွတ်တဲ့အခါ လွယ်အောင် လို့တဲ့။ ချည်ဖြစ်လာမယ့် ဝါဖြူဖြူထွေးထွေး တွေက ဝါသီးတွေ အာလာတော့မှ အသီးထဲက ထွက်လာတာ မဟုတ်လား။ သဘာဝအရ ဝါသီးအာအောင်စောင့်ပြီး ဝါဆွတ်ရင် အခင်းထဲကို ခဏခဏ သွားရတယ်။ အချိန်ကုန်တယ်။ လူပန်းတယ်။ အဲဒီတော့ ဝါသီးတွေ အများကြီး တစ်ချိန်တည်းအာအောင် ဒီဆေးကို အများဆုံးသုံးကြပါသတဲ့။ ဒီဆေးက အသီးပေါ်ဖျန်းပြီး ခဏနေတာနဲ့ အီသိုင်လင်း ဓာတ်ငွေ့အဖြစ် ပြောင်းသွားတာ မို့ ဆိုးဆိုးရွားရွား အန္တရာယ်တော့ သိပ်မဖြစ်ဘူးဆိုပဲ။ ဒါပေမဲ့ အတိုင်းအဆ မရှိ ဆေးပမာဏနဲ့ ရေထဲကိုရောချင်သလို ရောနေတာက မှားနေတယ်။ ဘူးထဲကဓာတုပစ္စည်းရဲ့ သန့်စင်မှုနှုန်း တို့ဘာတို့ မသိတာကလည်း အန္တရာယ်ကင်း မကင်း မသေချာမရေရာစေတဲ့ အချက်တွေပဲ။

ကျုပ်ပြောချင်တဲ့ ပြဿနာ အရင်းအမြစ်ဆိုတာက အဲဒါဗျ။ ဘယ်သူမှ မဖတ်တတ်တဲ့ တံဆိပ်နဲ့ ဒီဆေးတွေကို တရားဝင် ရောင်းဝယ်ဖောက်ကား နေတာကို ကျုပ်ကတော့ နားမလည်ဘူး။ ဆိုင်ပေါ် မှာရောင်းတဲ့ ပစ္စည်းတိုင်းဟာ အဲဒီဈေးကွက်ကို ကြီးကြပ်ကွပ်ကဲတဲ့ အာဏာပိုင် များဆီမှာ မှတ်ပုံတင် ထားတဲ့ မှတ်ပုံတင်နံပါတ် ပါရမယ် မဟုတ်ဘူးလားဗျ။ မှတ်ပုံတင်နံပါတ် တောင်မပါဘူး ဆိုတော့ အထဲက ဓာတုပစ္စည်းက မှန်ကန်မှုရှိ မရှိ၊ သန့်စင်မှု ရှိ မရှိ ဘယ်လိုလုပ်ပြီး အာမခံနိုင်မလဲ။ နောက်ပြီး သုံးစွဲဖို့ အညွှန်းကရော ဘယ်လိုလုပ်ပြီး သိရမှာလဲ။ ဆေးကိုရေနဲ့ရောပြီး ဖျန်းတာက လယ်ကွင်းထဲက ဝါပင်တွေကို လုပ်တာ။ အပင်ကခုတ်ထားတဲ့ ငှက်ပျောသီး ကျတော့ရေထဲရောပြီး ဆေးဖျန်းတာက မှန်တာလား၊ ဒီဆေးထဲက အီသိုင်လင်းအငွေ့ ထွက်အောင် တစ်နည်းနည်းနဲ့ လုပ်ပြီး ငှက်ပျောသီးကို အငွေ့ပေးပြီး မှည့်အောင် လုပ်ရမှာလား။
အကြောင်းတစ်ခုခုကြောင့် ငှက်ပျောသီးအသားထဲ ဆေးတွေ စိမ့်ဝင်သွားခဲ့ရင် စားတဲ့သူကို ဥပါဒ်ဖြစ်စေ မှာလား။ အဲဒါတွေကရော ဘယ်သူတွေက ညွှန်ကြားမှာတုန်း။
မပြောကောင်းမဆိုကောင်းဗျာ။ ငှက်ပျောသီးစားပြီး ဗိုက်နာလို့ ဆေးရုံရောက်တယ် ဆိုပါတော့။ ဒီအတွက် ဘယ်သူ့မှာတာဝန်ရှိတာလဲ။ ဆေးစိမ်တဲ့ ကိုဖိုးသာနဲ့ မခင်ညိုလား။ ဒီဆေးကို ရောင်းလိုက်တဲ့ တိုက်ကြီး ဈေးထဲက စိုက်ပျိုးရေးပစ္စည်းဆိုင်ရှင်လား။ အဲဒီဆေးတွေကို လက်ကားဖြန့်တဲ့ သူလား။ ဒီဆေးတွေကို တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်သည်လား။ ဒီလို ပြဿနာအတွဲလိုက် မဖြစ်အောင် တာဝန်ယူ ထိန်းသိမ်းဖို့အတွက် အာဏာပိုင် အဖွဲ့အစည်းဆိုတာ ရှိရတာ မဟုတ်ဘူးလား။

ကျုပ်က ဒီလိုပြောတော့ အခုချက်ချင်း ဈေးထဲက မှတ်ပုံတင်နံပါတ် မပါတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ သွားသိမ်းပစ်မယ် လို့များ မလုပ်လေနဲ့နော်။ ဒီနည်းက အလုပ်မဖြစ်ဘူးဗျ။ ဒီလို ကောက်သင်းကောက်တဲ့ အလုပ်တွေက ရေရှည်မခိုင်မြဲဘူး။ ဒီတံဆိပ်ကို ဖမ်းရင် နောက်တံဆိပ်ကို တင်ရောင်းမှာပဲ။ ခေါင်ကနေ စပြင်ရမှာဗျ။ စနစ်ကို ခိုင်မာအောင် တည်ဆောက်ရမှာ။ ပြည်တွင်းထုတ်တဲ့ စိုက်ပျိုးရေးသုံးပစ္စည်း ဆိုရင် မှတ်ပုံတင်ဖို့၊ ပြည်ပက တင်သွင်းတာ ဆိုလည်း တင်သွင်းခွင့်ပြုတဲ့ နံပါတ်ပါအောင် စနစ်တကျလုပ် ပေးဖို့၊ နောက်တစ်ဆင့်က မှတ်ပုံတင်နံပါတ် သို့မဟုတ် တင်သွင်းကုန်နံပါတ် စတာတွေမပါဘဲနဲ့ ဈေးကွက်ထဲမှာ မရောင်းအောင် ကြပ်မတ်ဖို့ ဘက်ပေါင်းစုံက လုပ်မှ ကြာရှည်ခံတဲ့ စနစ်တစ်ခုကို အောင်အောင်မြင်မြင် ထူထောင်နိုင် မှာပေါ့။

ငှက်ပျောသီးက လူစကားပြောတယ်လို့ ပြောလည်း ခံရမှာပဲဗျာ။ ငှက်ပျောသီးက ငှက်ပျောသီးလို လှလှပပ တင့်တင့်တယ်တယ် စားတော်ပွဲထဲ မရောက်ရဘဲ၊ ဝါရာက ညိုလာတဲ့အထိ ဝယ်သူမရှိလို့ ဆန်မှုန့်နဲ့လူး၊ ဆီပူထဲ ထည့်ကြော်ခံရတဲ့ ငှက်ပျောသီးကြော်ဘဝ ရောက်ဖို့ရာ မြင်နေတော့ စိတ်တိုတိုနဲ့ ပြောမိ တာပေါ့ဗျာ။ ရှိကြီးခိုးပါရဲ့။ ကျုပ်ရဲ့နောင်လာနောက်သား တွေတော့ သဘာဝအတိုင်း မှည့်ခွင့်ပေးကြပါဗျာ။

(မစိမ့်)

The Voice Weekly

ဓာတ်မီးလာငှားသူကို ရင်းနှီးသူဖြစ်လို့ တံခါးဖွင့်ပေးရာမှ မုဒိန်းကျင့်သွား၍ အမှုဖွင့်ထား

Posted by drmyochit Thursday, October 10, 2013, under | No comments


တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ခင်မင်ရင်းနှီးသူ တစ်ဦး၏ အဓမ္မပြုကျင့်မှုခံရသည်ဆိုကာ အောက်တိုဘာ ၈ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အောက်တိုဘာ ၈ ရက်ည ၉နာရီအချိန်က နေအိမ်ရှေ့ခန်းတွင် ထိုင်နေစဉ် လူတစ်ဦးက တံခါးလာခေါက်၍ ချောင်းကြည့်ရာ ခင်မင်ရင်းနှီးသူဖြစ်နေပြီး စက်ဘီးနှင့်ဓာတ်မီးငှားသဖြင့် တံခါးဖွင့်ပေးရာ အိမ်အတွင်း ၀င်လာ၍ တံခါးပြန်ပိတ်ပြီး မိန်းခလုပ်ပိတ်ကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင်လည်း ဖော်ပြထားသည်။

ထို့ကြောင့် အဓမ္မပြုကျင့်သူကို အရေးယူပေးရန် တိုင်တန်းသဖြင့် ဥက္ကံနယ်မြေ ရဲစခန်းက (ပ)၂၁၉/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုထားသည်။
By Mizzima

ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံး ပို့ဆောင် ပေးသူများ အပေါ် အရေးယူ

Posted by drmyochit Thursday, October 10, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၁၀

၎.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ဒဂုံမြို့နယ်နေ မ-----နှင့် သူငယ်ချင်းဖြစ်သူ မ------- တို့သည် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းတွင် ရှိနေစဉ် မနီနီအောင်(ခ)မမိဖြူ၊ ဗဟန်းမြို့နယ်နေသူမှ ပြင်ဦးလွင်မြို့ရှိ စားသောက်ဆိုင်တွင် မော်ဒယ်ရှိုးလျှောက်ရမည်၊ ငွေများများရမည်၊ လုပ်မည်ဆိုလျှင်
ဆက်သွယ်ပေးမည်ဟု ပြောသဖြင့် လုပ်မည်ဟုပြောဆိုခဲ့ကြောင်း၊ ၅.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် မနီနီအောင်နှင့်အတူ မယုဇန၊ မသက်တို့ရောက်ရှိလာပြီး တွေ့ဆုံခဲ့ကြောင်း ၆.၁၀.၂၀၁၃ရက်နေ့ ၁၈၀၀အချိန်တွင် မယုဇန၊ မသက်တို့နှင့်အတူ မ------နှင့် မ------တို့သည် ပြင်ဦးလွင်မြို့သို့ထွက်ခွါခဲ့ရာ ၇.၁၀.၂၀၁၃ရက်နေ့ နံနက်တွင် ပြင်ဦးလွင်မြို့ရှိ နေအိမ်တစ်အိမ်သို့ရောက်ရှိခဲ့ကြကြောင်း သိရှိရပါသည်။

မ------နှင့် မ------တို့သည် အဆိုပါနေအိမ်ရှိ အမျိုးသမီး (၇)ဦးခန့်အနက်မှ နှစ်ဦးနှင့် အလုပ်အကြောင်း ပြောဆိုစဉ် မော်ဒယ်ရှိုးလျှောက်သည့် လုပ်ငန်းအပြင် မကောင်းသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ရကြောင်း ပြောပြသိရှိရသဖြင့် မ-----နှင့် မ-----တို့ (၂)ဦးမှာ ၇.၁၀.၂၀၁၃ရက်နေ့တွင်ပင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ပြေးလာခဲ့ပြီး ကာမစပ်ယှက်ရန် ရည်ရွယ်၍ အကျင့်ဖျက်ဆီးခြင်း ခံရမည်ကိုသိလျက်နှင့် သွေးဆောင်စည်းရုံး ပို့ဆောင်ပေးခဲ့သူ မနီနီအောင်ပါ (၃)ဦးအား အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်း(ပ)၂၂၂/၂၀၁၃၊ ပုဒ်မ ၃၆၆/၁၁၄ဖြင့် အမှုဖွင့်ကာ မနီနီအောင်အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး မယုဇနနှင့် မသက်တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဆိုင်ကလုန်းမုန်တိုင်း အားအလွန်ကောင်းနေပြီဟု မိုးဇလပြော

Posted by drmyochit Thursday, October 10, 2013, under | No comments


ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း ဖိုင်လင်း (PHAILIN) ဟာ အားအလွန်ကောင်းနေပြီး၊ မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် တနာရီမိုင် ၅၀ နှုန်း လေတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွှေလျားပြီး အိန္ဒိယနိုင်ငံ၊ ကုန်တိုင်းပိုင်းကို ဖြတ်ကျော် ၀င်ရောက်မယ်လို့ လောလောဆယ် ခန့်မှန်းထားပေမယ့်၊ မုန်တိုင်း လမ်းကြောင်း ပြောင်းရင် လဲ ပြောင်သွားနိုင်တာမို့ ပြည် သူတွေအနေနဲ့ အခုရက်ပိုင်း မုန်တိုင်းသတင်းကို မပြတ်နားစွင့်ကြဖို့ မိုးလေ၀ သဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

ကမ်းရိုးတန်းဒေသနေ ပြည်သူတွေ ရေလမ်းက ခရီးသွားတာ၊ ငါးဖမ်းလှေတွေ ပင်လယ်ထွက် ငါးဖမ်းတာတွေ မလုပ်ကြဖို့လဲ သတိပေးထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖိုင်လင်းရဲ့ မုန်တိုင်းဗဟို ချက်မှာ လေတိုက်နှုန်း တနာရီ မိုင် ၈၀ အထိ ရှိနေတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန် ပါတယ်။

ကျောင်းနေစဉ် လူငယ်များကြား လိင်ကိစ္စအပေါ်စိတ်ဝင်စားခြင်းကို တိုက်ဖျက်တော့မည်

Posted by drmyochit Thursday, October 10, 2013, under | No comments


တရုတ်နိုင်ငံရှိ စာသင်ကျောင်း အချို့တို့သည် ကျောင်းသူကျောင်းသားများ ငယ်ငယ်ရွယ်ရွယ်နှင့် အချစ်ရေး ဘက် စိတ်ယိုင်လာမှုကို တိုက်ဖျက်သည့် ခြေလှမ်းများ စတင်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်း တရုတ်နိုင်ငံရှိ အလယ်တန်း ကျောင်းအချို့သည် ကျောင်းသူ၊ ကျောင်းသားများကြား ဆက်ဆံရေးတွင် တင်းကျပ်သော ကန့်သတ်စည်းမျဉ်းများ စတင်ထုတ်ပြန်လာခဲ့သည်။ ဆယ်ကျော်သက် အရွယ်များတွင် စိတ်ကစားပြီး ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်ခြင်းကြောင့် ပညာရေးဘက်တွင် လစ်ဟင်းမှုများ ဖြစ်ပေါ်လာတတ်သည့် အခြေအနေအား စည်းမျဉ်းများဖြင့် တားဆီးနိုင်ရန် တာဝန်ရှိသူများက မျှော်လင့်ထားသည်။ တရုတ်၏ ပိုးသားမြို့တော်ဟု နာမည်ကြီးသည့် ဟန်ဇူးရှိ အလယ်တန်းကျောင်း တစ်ခုတွင် ယောက်ျားလေးနှင့် မိန်းကလေးများ (၁)မီတာထက် ပို၍ မနီးကပ်ရဟု စည်းကမ်း သတ်မှတ်လိုက်သည်။

အရှေ့ပိုင်း ဒေသရှိ ဝမ်ဇူးတွင် ကျောင်းသူကျောင်းသားချင်း ဆန့်ကျင်ဘက် လိင်အရဖြစ်စေ၊ လိင်တူ ချင်းဖြစ်စေ နီးစပ်သော ထိတွေ့မွေ့လျော်မှု လုံးဝ မရှိရဟု ကန့်သတ်ခဲ့သည်။ သို့သော်လည်း ယင်းစည်း မျဉ်းတွင် အသေးစိတ် ဖော်ပြချက်များ မပါရှိဟု ဆိုသည်။ အကယ်၍ စည်းမျဉ်း ဖောက်ဖျက်ပါက ပြင်းထန်စွာ အပြစ်ပေး အရေးယူမည်ဟု ကျောင်းအာဏာပိုင်မားက ခြိမ်းခြောက်ထားသည်။ အသက် (၁၁)နှစ်ကျော် ကျောင်းသူကျောင်းသားများတွင် ဟိုမုန်းဖွံ့ဖြိုးမှု မြန်ဆန်ပြီး လူပျိုဖော်၊ အပျိုဖော်ဝင်စ ပြုလာသည့်နောက် ထိန်းသိမ်းရန် ခက်ခဲကြောင်း တရုတ်နိုင်ငံမှ ဆရာဆရာမများက ဝန်ခံထားသည်။

ထို့အပြင် ကျောင်းသူကျောင်းသား ဘဝ၌ ချစ်သူရည်းစား ထားခြင်းသည် လူငယ်များကြား ပေါ်ပြူလာ ဖြစ်လာသည်မှာ တရုတ်ပညာရေး လောက၏ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်သည်။ ကျောင်းသူကျောင်း သားများ ကြီးကောင်ဝင်ပြီး အချစ်ရေးဘက် စိတ်လည်သွားခြင်းကြောင့် ပညာရေးအဆင့်များ ထိုးကျခြင်းကို တိုက်ဖျက်နိုင်ရန် ကျောင်းအသီးသီးနှင့် ပညာရေး တာဝန်ရှိသူများက လိုလားနေသည်။ တရုတ်တွင် မရင့်ကျက်သေးသည့်အချစ်၊ သို့မဟုတ် စောလွန်းသည့်အချစ်ဟု သတ်မှတ်ထားသော လူမှုရေး ဖြစ်စဉ်တစ်ခုကို ဖယ်ရှားနိုင်ရန် ယခင်ကလည်း အမျိုးမျိုးသော ချဉ်းကပ်မှုများ ပြုလုပ်ခဲ့ဖူးသည်။

တရုတ်နိုင်ငံတွင် လူငယ်များ အချစ်ရေးဘက် စိတ်ယိုင်မသွားစေရန် မည်သို့ကိုင်တွယ် သွန်သင် သင့်ကြောင်း အကြံပြုထားသည့် ဝက်ဘ်ဆိုက်များစွာ ရှိနေသည်။ ထို့အပြင် ကျောင်းများတွင်လည်း ဆယ်ကျော်သက်အရွယ် ကျောင်းသူကျောင်းသားများအား လိင်ပညာပေး ဟောပြောသွန်သင်မှုများ ပို့ချပေးလျှက်ရှိသည်။ ယခုအခါ စည်းမျဉ်းသစ်များဖြင့် ကန့်သတ်လာခြင်းကို ကျောင်းသူကျောင်းသား မိဘများနှင့် ဆရာဆရာမများက ကြိုဆိုလက်ခံနေကြောင်း သိရှိရသည်။ သို့သော်လည်း အချို့သော အင်တာနက် ဝက်ဘ်ဆိုက်များတွင်မူ ယင်းစည်းမျဉ်းများသည် ဖိနှိပ်မှုဆန်သည့် ကျင့်ကြံမှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

"ရိုင်းစိုင်းတဲ့ ဖိနှိပ်မှု ပုံစံတစ်မျိုးပါပဲ။ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသား လူငယ်လေးတွေကြား သွားလာလှုပ်ရှားနေတဲ့ ကြားအကွာအဝေးကို ဘာနဲ့တိုင်းတာမှာတဲ့လဲ"ဟု တစ်ဦးက ထောက်ပြခဲ့သည်။ China Youth Daily သတင်းစာကမူ ယခုကန့်သတ်ချက်များသည် "လက်ခံနိုင်စရာ မရှိသော၊ ရယ်စရာကောင်းသော၊ တရားမဝင်သော" လုပ်ရပ်ဟု ပြစ်တင်ရေးသားခဲ့သည်။ "လူငယ်လူရွယ်ပိုင်းမှာ ချစ်ခင်စုံမက်မှု ရှိတတ်တာ သဘာဝပါပဲ။ ကျောင်းသူကျောင်းသား ဘဝမှာ လူငယ်စုံတွဲတွေ ဖြစ်လာ တာဟာ တိုက်တွန်းသင့်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအခြေအနေကို ဆန့်ကျင်ဖို့ အလွန်အကျွံ ဖိနှိပ်တဲ့ နည်းလမ်းမျိုးနဲ့ ကန့်သတ်တာကတော့ ရွေးချယ်စရာ မဖြစ်သင့်ဘူး"ဟု ယင်းသတင်းစာက ဝေဖန်ခဲ့သည်။

နန်ဂျင်းတက္ကသိုလ်မှ ပရော်ဖက်ဆာ ဇန်ယူလင်းက ယခုအမြင်ကွာဟချက်သည် တရုတ်ကျောင်းနေ ပညာရေးကဏ္ဍ၏ လူမှုရေး ပြဿနာငယ် တစ်ခုဟု သုံးသပ်ခဲ့သည်။ "ကျောင်းတွေက ကလေးတွေကို ထောင်သားတွေလို ဆက်ဆံချင်တယ်။ ဒါကို လူငယ်ပိုင်းက လက်မခံနိုင်ဘူး"ဟု ၎င်းက ဆိုသည်။ ယင်းက ဆက်လက်၍ ခေတ်ပြောင်းသွားချိန်တွင် အမြင်များ ပြောင်းလဲကုန်သည်ကို ရှောင်လွှဲ၍ မရနိုင်ဟုလည်း ထောက်ပြခဲ့သည်။ "လွန်ခဲ့တဲ့ နှစ်(၄၀)လောက်က တရုတ်ဟာ ပြင်ပကမ္ဘာနဲ့ စထိတွေ့ခဲ့တယ်။ အဲဒီတုန်းက အရမ်းသန့်စင်ပြီး အပြစ်ကင်းတယ်။ တရုတ်နိုင်ငံမှာ လိင်ကိစ္စဆိုတာ စိုးရိမ်စိမ်းကားတဲ့ ထိတွေ့မှု တစ်ခုပဲ။ ဒါပေမဲ့ ခုခေတ် လူငယ်ပိုင်းဟာ အရင်မျိုးဆက်တွေထက် ပိုပြီး အသိဉာဏ်ရင်းမြစ်တွေ ရှိလာတယ်။ သိသင့်တာရော၊ မသိသင့်တာပါ အကုန်သိလာတယ်။ ခုဆိုရင် တရုတ်နိုင်ငံမှာ လူငယ်ပိုင်းရဲ့ ညစ်ညမ်းပုံရိပ်တွေ၊ ဗီဒီယိုတွေ ထွက်ပေါ်လာတာက ပုံမှန် ပြဿနာလို ဖြစ်လာတယ်"ဟု ပါမောက္ခ ဇန်က မှတ်ချက်ပြုသွားသည်။ 
By Planet

အိချောပို အဆိုတော်လုပ်တော့မှာလား

Posted by drmyochit Thursday, October 10, 2013, under | No comments


အိချောပိုက ခန့်စည်သူနဲ့ ဇာတ်ကားရိုက်ကူး နေပါတယ်။ ဇာတ် ကားရိုက် ကူးမှုတွေကိုလည်း ဆက်တိုက် ရိုက်ကူးဖြစ်နေသလိုသီ ချင်းတွေကိုလည်း လုပ်နေဖြစ် တယ်လို့ သိရပါတယ်။ ဒီလို သီချင်းတွေ စီစဉ်ဖြစ်တာနဲ့ ပတ်သက်ပြီး “သီချင်းတွေက ပရိသတ်တွေတောင်းဆိုတာတို့၊ အကူအညီ တောင်း တာတို့ဆို ဆိုဖြစ်ပါတယ်။ သီချင်းတွေက ကိုယ်ပိုင်သံစဉ်သီချင်း ခုနစ်ပုဒ် လောက်လုပ် ထားတာရှိတယ်။ သီချင်းခွေ လုပ်ဖို့ အတွက်ကတော့ လောလောဆယ်အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ တောင်း ဆိုရင်တော့ ဆိုဖြစ် သင်္ကြန်မှာ သီချင်းဆိုပေးဖို့ပြောတော့ ဆိုပေးရင်းနဲ့ လုပ်ဖြစ်သွားတယ်။ အိချောက အမှန်တိုင်းပြောရရင် သီချင်း ဆိုတာဝါသနာပါပေမယ့် သီချင်းသိပ်ဆိုတတ်တဲ့ အထဲမပါဘူး။ ပရိသတ်တွေရဲ့အားပါပဲ။ 
သီချင်းတွေက ဆရာ ဓိရာမို ရေးပေး တာပေါ့ အေးအေးလေးတွေ ပါပဲ။ အနုပညာ သမားဆိုတာ သီချင်း လည်းဆိုတတ် ရမယ် ဆိုတော့ အနည်းအကျဉ်း ကိုယ့်ဘာသာလုပ်ထားတဲ့ စိတ်ကူးလေးပါပဲ” လို့ ပြောပြပါတယ်။ သီချင်းတွေလုပ် ဖြစ်ပေမယ့် သင်္ကြန်တွင်းလောက်ပဲ နယ်တွေကို သွားဆိုဖြစ်တဲ့အတွက် ပရိသတ်တွေ ကိုတောင်းပန်ပါတယ်လို့ ပြောပြတဲ့ အိချောပိုက သီချင်းတွေလုပ် ထားပေမယ့် တချို့ နယ်တွေက သီချင်း ဆိုပေးဖို့ ဖိတ်ကြတယ်။ အိချောကလည်း ကားရိုက်တွေလည်း ရှိနေတော့ နယ်တွေ ထွက်ဆိုဖို့ ဖျက်လိုက်ရတာတွေ အတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။ သင်္ကြန်ဆိုရင်တော့ ဆိုဖြစ် ပါတယ်။ အိချောကို ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကြိုးစားပြီး လုပ်သွားရပါတယ်လို့ ပြောပြခဲ့ ပါတယ်။
By Popular Myanmar

အမေပေးတဲ့ ဆန်တစ်ခွဲ တစ်တင်းနဲ့ မလဲလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ လူထုကြားရေပန်းစားနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်

Posted by drmyochit Thursday, October 10, 2013, under | No comments


အမေပေးတဲ့ဆန်တစ်ခွဲတစ်တင်းနဲ့ မလဲဆိုသကဲ့သို့ ပြည်သူကအပ်နှင်းခဲ့သော လွှတ်တော်ကိုယ်စား လှယ်တာဝန်ကို လူတစ်ဦးတစ်ယောက်ကပေးအပ်သော အစိုးရအဖွဲ့ရာထူးနှင့် မလဲနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကဆိုသည်။ 

"ပြည်သူလူထုအကျိုးကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆောင်ရွက်လို့ရပါတယ်။သမ္မတဖြစ်မှလုပ်ပေးနိုင်
မယ်လို့တော့ ကျနော့်အနေနဲ့မယူဆပါဘူး။ အမေပေးတဲ့ဆန်တစ်ခွဲ တစ်တင်းနဲ့ မလဲဆိုသလို မျိုး ပြည်သူက အပ်နှင်းခဲ့တဲ့တာဝန်ကို လူတစ်ဦး တစ်ယောက်ကပေးအပ်တဲ့ အစိုးရအဖွဲ့ရာထူး နဲ့မလဲနိုင် ပါဘူး။ ဒီဘဝ အတွက်ကို ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းမှာ သမ္မတ ဝန်ကြီးလုပ်ရမယ် ဆိုတာ မရှိပါဘူး။ သူပြောခဲ့တဲ့စကားတစ်ခွန်းက ဝန်ကြီးဆိုတဲ့ရာထူးထက် လူထုခေါင်းဆောင်ဆိုတဲ့ ရာထူးကိုသာ မက်မောတယ်ဆိုတာပါပဲ"ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် ကပြောသည်။

ပေါ်ပေါက်လာသောဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အာဏာရထားသော အစိုးရကိုထိန်းကျောင်းနိုင် ရန် အမှန်ထောက်ပြနိုင်ရန်နှင့် ပြုပြင်နိုင်ရန် လိုအပ်သည်ဟု ယူဆသည့်အတွက် မိမိသည် တာဝန် သိနိုင်ငံရေးသမားကောင်း တစ်ယောက်အနေဖြင့် ဖြတ်သန်းမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြော ကြားခဲ့သည်။

By Hot News

ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲတွင် ကပြဖျော်ဖြေမည့် ကျောင်းသား၊ ကျောင်းသူများအား စာသင်ချိန်များအစား ပြန်လည် သင်ပေး သွားရန်ရှိ

Posted by drmyochit Thursday, October 10, 2013, under | No comments


ပညာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲမှာ ကူညီပါဝင်ကပြ ဖျော်ဖြေကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် စာသင်ချိန်ကို အစား ပြန်ပေးပြီး သင်ကြား ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အခုလို သင်ကြားရာ မှာတော့ ဒီဇင်ဘာ ကျောင်းပိတ်ရက် အပြီး ကျောင်းပြန်ဖွင့်တဲ့ အချိန်မှ စတင်ကာ အဆိုပါ ဆီးဂိမ်းမှာ ဖြေဖျော် ပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို ပုံမှန် ကျောင်းဖွင့်ရက် တွေမှာ စာသင်ချိန် ၁ ချိန်စီ တိုးပြီး ကျောင်းဖွင့်ရက် တွေမှာ ပြန်လည် ပို့ချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းပိတ်ရက် ဖြစ်တဲ့ စနေနေ့ တစ်ရက် ကိုလည်း အချိန်ပြည့် တစ်ရက်ယူကာ အစား ပြန်လည် သင်ကြား ပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု ကျင်းပမယ့် ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲမှာ ဖြေဖျော်ကြမယ့် ကျောင်းသား၊ ကျောင်းသူ များဟာ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း အရွယ် ကျောင်းသား၊ ကျောင်းသူများ အပြင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများဟာ ယခုလက်ရှိမှာ Sea Game ပြိုင်ပွဲ အတွက် အဆို၊ အက လေ့ကျင့်မှု တွေကို အဖွဲ့လိုက် ပြုလုပ် လျက်ရှိပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဆီးဂိမ်း ကာလပြီးစီးတဲ့ အထိ ပါဝင်ဖြေဖျော်မယ့် သူအားလုံးကို Camp ၀င်ပြီး လေ့ကျင့်မှု တွေကို ပြုလုပ် သွားဖို့ ရှိတာ ဖြစ်တယ် လို့လည်း ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲကပြ ဖျော်ဖြေရေး အတွက် တာဝန်ယူ ထားတဲ့ တာဝန်ခံ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

တိရစ္ဆာန်အစာနှင့် ဆေးဝါးများ စနစ်တကျ မှတ်ပုံတင် ထားရှိနိုင်ရန် လိုအပ်လျက်ရှိ

Posted by drmyochit Thursday, October 10, 2013, under | No comments


မြန်မာနိုင်ငံရဲ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍရှိ တိရစ္ဆာန်များရဲ့ အစာနဲ့ ဆေးဝါးများမှာ စနစ်တကျ မှတ်ပုံတင် ထားရှိနိုင်ဖို့ လိုအပ် နေတယ်လို့ မြန်မာနိုင်ငံေ မွးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုအခါ ပြည်တွင်းမှာ မွေးမြူရေး အစားအစာနဲ့ ဆေးဝါးများဟာ ဥပဒေနဲ့ အညီ တရားဝင် မှတ်ပုံတင် ထားခြင်း မရှိဘဲ ဖြန့်ဖြူး ရောင်းချမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် တိရစ္ဆာန်များရဲ့ အစားအစာနဲ့ ဆေးဝါးများမှာ ဘေးကင်း လုံခြုံမှု အားနည်းနေပြီး မွေးမြူ ထုတ်လုပ်တဲ့ အသား ငါးများမှာလည်း အရည်အသွေး ကောင်းမွန်မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှု တို့မှာ နှေးကွေး နိုင်စေမှာ ဖြစ်ပါတယ်။ ဒီလို မွေးမြူရေး တိရစ္ဆာန်များရဲ့ ဆေးဝါးဥပဒေ၊ အစားအစာ ဥပဒေ ရေးဆွဲပြီး ထိန်းသိမ်း ကာကွယ် နိုင်ဖို့အတွက် ကိုတော့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနဲ့ ညှိနှိုင်းကာ FDA ဥပဒေများနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ အဆိုပါ ဥပဒေများကို ရေးဆွဲ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အသား၊ ငါး မွေးမြူရေး ကဏ္ဍမှာ အခုလို စနစ်တကျ မှတ်ပုံတင်ထားမှု မရှိသေးတာ ဖြစ်တဲ့အတွက် ပြည်ပနိုင်ငံများမှ အစာနဲ့ ဆေးဝါးများကို အသုံးပြု မွေးမြူနေရပြီး လက်ရှိ မှာလည်း ပြည်တွင်းမှာ ထိုင်းနိုင်ငံမှ တရားဝင်ဆေးဝါး ကုမ္ပဏီ တစ်ခုက လာရောက် ရင်းနှီးမြှုပ်နှံဖို့ အတွက်လည်း ဆွေးနွေးမှုများ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့လည်း အခုလို တိရစ္ဆာန်အစာနဲ့ ဆေးဝါးများမှာ စနစ်တကျ ဥပဒေများ ရေးဆွဲပြီး မှတ်ပုံတင်များ ထားရှိနိုင်ခဲ့ပါက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချရာမှာ အကျိုးရရှိ စေမှာ ဖြစ်သလို မွေးမြူရေး တိရစ္ဆာန်များ အတွက်လည်း ဘေးကင်း လုံခြုံတဲ့ အစားအစာနဲ့ ဆေးဝါးများကို အသုံးပြု မွေးမြူနိုင် စေမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပြန်

Posted by drmyochit Thursday, October 10, 2013, under | No comments


၇-၁၀-၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၈၂/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ မေဂသီရိ ရပ်ကွက်နေ အောင်မင်းထွေး (ခ)ရာဖစ်(၄၃)နှစ်မောင်းနှင်လာသည့် ၅/xxxx မာဇဒါဘန်ဂိုပစ်ကပ် အဖြူရောင်ယာဉ်မှာ တိုက်ရော့ပြုတ်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းအရှေ့ဘက်တွင် ကာရံထားသော သံတန်းအား ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်မှာ ရှေ့ဝဲဘက်ဘီးကျွတ်ထွက်၊ ရှေ့ဘန်ဘာပိန်ချိုင့်၊ ရှေ့လေကာမှန် ကွဲအက်၊ တန်ဘိုးငွေကျပ်(၃၀၀၀၀၀ိ/-)ခန့်ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်မင်းထွေး (ခ) ရာဖစ်အား သီးကုန်းအမြန်လမ်းရဲစခန်းယာဉ်(ပ)၂၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
By ရဲဇာနည်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်