Friday, October 11, 2013

အနည်းဆုံးလုပ်ခကို အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ပေးရန် တောင်းဆို

Posted by drmyochit Friday, October 11, 2013, under | No comments


ခေါင်းစဉ်အမျိုးမျိုး ကွဲပြားစွာ ပေါင်းစု သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို အန ည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ပေးရန် အလုပ်သမား အများစု တောင်းဆိုခဲ့ကြောင်း အနည်း ဆုံး အခကြေးငွေ သတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီတွင် လုပ်သား ကိုယ်စားလှယ်အဖြစ် လျာထားခံရသူ ဦးနော်အောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမား ကိုယ်စားလှယ် ၄၀ ၀ ဝန်းကျင်ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမတွင် အောက်တိုဘာလ ၁၀ ရက်နေ့က ကျ င်းပသည့် အခမ်းအနား၌ လုပ်သား အများစုက ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် လုပ်ခဆိုသည့် ခေါင်းစဉ်တွင် အချိန်ပိုကြေး၊ အပိုဆုကြေး၊ ဝင်ေ ငွအဖြစ် သတ်မှတ်နိုင်သည့် အခြားငွေနှင့် အကျိုးခံစားခွင့်များ ပါဝင်ကြောင်း၊ အနည်းဆုံး အခကြေးငွေ ဥပ ဒေတွင် ဖော်ပြထားသဖြင့် အနည်းဆုံးလုပ်ခ သတ်မှတ်ချက်တွင် အဆိုပါ ခေါင်းစဉ် ခွဲများကို မထည့်သွ င်း ဘဲ အခြေခံ လုပ်အားခ အဖြစ်သာ သတ်မှတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း မြောင်းတကာ စက်မှုဇုန် ရှိ ရန်ကုန်သရဖူ သံရေကျိုစက်ရုံမှ လုပ်သားတစ်ဦးဖြစ်သူ ဦးနော်အောင်က ဆက်လက် ပြောဆိုသည်။

“တိုင်တွေ (ခေါင်းစဉ် သတ်မှတ်ချက်) အများကြီး မထည့်ဖို့ တင်ပြကြတယ်။ အချိန်ပိုကြေးကိုလည်း အနည်း ဆုံး အခြေခံ လုပ်အားခအပေါ် တွက်ချက်ပေးဖို့ တင်ပြုကြတယ်” ဟု ၎င်းက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ လုပ်သားများ၏ တင်ပြချက်နှင့် အလုပ်ရှင်များ၏ တင်ပြဆွေးနွေးချက်များကို အခြေခံကာ လုပ်ဆောင်သွားမည်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလု ပ်ရှင်များနှင့် တွေ့ဆုံကာ သဘောထား ကောက်ယူမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦး စီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ရေး အပါအဝင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကိစ္စရပ်များမှာ အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက် ညှိနှိုင်း သဘောတူညီမှု အပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် လုပ်သားများ စားဝတ်နေရေး ဖူလုံရေးအောင် လုပ်ဆောင်ပေး ရန်၊ ကုန်ဈေးနှုန်း ထိန်းချုပ်ပေးရန် ကိစ္စများကို လုပ်သားအများစု တင်ပြခဲ့ကြပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်ခွဲခြား သတ်မှတ်မည့်အစား တစ်နိုင်ငံလုံး အတိုင်းအတာ သတ် မှတ်ရေး၊ လုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်ရေး စသည့်ကိစ္စများကို ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း လုပ်သားများထံမှ သိရှိရသည်။

“အနည်းဆုံလုပ်ခ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတာကို တင်ပြတာ မရှိသေးဘူး။ မူဝါဒတစ်ခု ထွက်ဖို့ပဲ တင်ပြကြတယ်” ဟု ဦးနော်အောင်က ဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍမှာ ဦးစွာ ထွ က်ပေါ်လာနိုင်ပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့မှာ သုတေသနများ ပြုလုပ်ပြီးမှ ဆက်လက် လုပ် နိုင်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး လုပ်ခသတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီ လူစာရင်းကို နိုင်ငံတော်သမ္မတထံသို့ စက်တင်ဘာလ အတွင်းက တင်ပြထားပြီး သမ္မတက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလို င်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly

ဆီးရီးယား ငြိမ်းချမ်းရေးပွဲတွင် အီရန်ပါလာခြင်းကို တရုတ်ထောက်ခံ

Posted by drmyochit Friday, October 11, 2013, under | No comments

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Hua Chunying
ပေကျင်း ၊ ၁၁-၁၀-၂၀၁၃

တရုတ်နိုင်ငံ သည် ဆီးရီးယား အရေးနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များတွင် အီရန်နိုင်ငံ ပါဝင်လာခြင်းကို ထောက်ခံ အားပေးပါကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Hua Chunying (ပုံ) က အောက်တိုဘာ ၁ဝ ရက် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ဆီးရီးယားအရေး ကိစ္စအတွက် သင့်လျော်သည့် ဆုံးဖြတ်ချက် ရရှိရန် ဒေသတွင်း နိုင်ငံများ ၊ အထူးသဖြင့် ဆီးရီးယား နိုင်ငံတွင်းရှိ သက်ဆိုင်သည့် အဖွဲ့အစည်းများ အပေါ် သြဇာ သက်ရောက်မှု ရှိသည့် နိုင်ငံများ၏ ပါဝင်မှုနှင့် ထောက်ခံ အားပေးမှုများ မရှိဘဲ ဖြစ်နိုင်မည် မဟုတ်ကြောင်း Hua Chunying က ပြောကြား ခဲ့သည်။

အီရန်နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံတွင် အသွင်ပြောင်း အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုသည့် Geneva I ထုတ်ပြန် ကြေညာချက်ကို ထောက်ခံမည် ဆိုပါက ဆီးရီးယား အရေး ဆွေးနွေးမည့် ဖြစ်လာ နိုင်ဖွယ်ရှိသော Geneva II ဆွေးနွေးပွဲ တွင် အီရန် ပါဝင်လာမှုကို အမေရိကန် နိုင်ငံကလည်း သဘောတူ နိုင်ဖွယ် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Marie Harf က အောက်တိုဘာ ၇ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ အနေဖြင့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက် ရန်အတွက် မည်သည့် ကြိုတင် သတ်မှတ်ချက် များကိုမဆို လက်ခံလိမ့်မည် မဟုတ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Marzieh Afkham က အောက်တိုဘာ ၈ ရက်တွင် တုံ့ပြန် ပြောဆို ခဲ့သည်။ ဆီးရီးယား အရေးကိစ္စ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းခြင်း ဖြစ်ပါကြောင်း ၊ Geneva II ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် အခွင့်အလမ်း များကို လက်မလွတ်တမ်း အသုံးချရေး ဝိုင်းဝန်း ကြိုးပမ်းရန် နှင့် နိုင်ငံရေးအရ ဖြေရှင်း ဆောင်ရွက်မှု များကို ဆောလျင်စွာ စတင်နိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ပါဝင် ဆောင်ရွက်ရန် တရုတ်နိုင်ငံက မျှော်လင့် ပါကြောင်း Hua Chunying က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။
By Myawady Daily

အရှိန်မထိန်းနိုင်သော ဆိုင်ကယ် ချောက်ထဲကျ

Posted by drmyochit Friday, October 11, 2013, under | No comments


ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး မိုင်တိုင် အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား၌ ယနေ့နံနက် ၅ နာရီခွဲတွင် မော်တော် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဘစိုး ၅၆ နှစ် (ဘ) ဦးအုန်းပေါ်သည် ဗိုလ်ချုပ် အောင်ဆန်း လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်အမှတ် ၂၈ ယ/---- မော်တော်ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား ရှမ်းစာပေနှင့် ယဉ်ကျေးမှုဝင်း အနီး လမ်းဘေးချောက်ထဲသို့ အရှိန် မထိန်းနိုင်ဘဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း ဦးဘစိုးသည် ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲ ဒဏ်ရာ များဖြင့် နေရာ တွင် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဘစိုးအား တောင်ကြီးမြို့မ ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃ဝ၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

" ရုပ်ရှင်နေ့တွင် ရုပ်ရှင် အစည်းအရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင်အား ရုပ်ရှင်တစ်သက်တာဆု ချီးမြှင့်မည်"

Posted by drmyochit Friday, October 11, 2013, under | No comments


၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပသော ၉၂ကြိမ် မြောက် မြန်မာ ရုပ်ရှင်နေ့တွင် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင် များအား ဂုဏ်ပြုဆု များချီး မြှင့်ခဲ့ရာ အကယ်ဒမီ ဒါရိုက်တာ ဦး တင်ယု က ရုပ်ရှင် တစ်သက်တာဆု ချီး မြှင့်ခြင်း ခံခဲ့ရသည်။ အဆိုပါ ရုပ်ရှင် တစ်သက်တာ ဆုသည် မြန် မာ ရုပ်ရှင်လောက အတွက် အမြင့်မားဆုံး ဆုတစ်ဆု ဖြစ်သည်။ အကယ်ဒမီ ဒါရိုက်တာ ဦးတင်ယုသည် အ သက် ငယ်စဉ် ကတည်းက ရုပ်ရှင် ဒါရိုက်တာ အဖြစ် ဇာတ်ကားပေါင်း များစွာ ကို ရိုက်ကူးခဲ့ သူလည်းဖြစ် သည်။ ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးသူ ဖြစ်သည့် အလျောက် အသက်ရှင်စဉ် ကာလ များတွင် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်ရေး အတွက် သေ တစ် ပန်သက်ဆုံးဆောင်ရွက်ခဲ့သည်။ 

အသက်ရှင်စဉ်က ယခင်ရုင်ရှင်လောက ၏ ဖလင်များ ရိုက်ကူးရေး စက်များ စသည် တို့ကို အမှတ်တရ ထားသည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဝင်းအတွင်း ရှိ ရုပ်ရှင် ပြတိုက်ဖွင့် လှစ်သည့် နေရက်များတွင် အ မြဲရှိ တတ်ပြီး နောင်လာ နောက်သား လူငယ်များ အတွက် ရုပ်ရှင်နှင့် ပတ်သက်သည့် အတွေ့ အကြုံ များ ကို မ မောနိုင် မပန်းနိုင် ပြောပြခဲ့သည်။ ဒါရိုက်တာ ဦးတင်ယုသည် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ က နေအိမ်တွင် ကွယ်လွန်ခဲ့ရာ ရုပ်ရှင် လောက အတွက် ကြီးစွာသော ဆုံးရှုံး နစ်နာမှု တစ်ခုဖြစ်ခဲ့သည်။ ယခု နှစ်မှာ ကျင်းပမည့် ၉၃နှစ် ပြည့် မြန်မာ ရုပ်ရှင်နေ့တွင် ရုပ်ရှင် တစ်သက် တာဆု ကို မြန်မာနိုင်ငံ ရုပ်ရှင် အ စည်း အရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင် အား ချီးမြှင့်မည် ဟု သိရ သည်။


ထွဋ်မြတ်
Popular Journal

ပြင်ဦးလွင်မှာမော်ဒယ်ရှိုးလျှောက်ရမည်ဆိုပြီး ကာမစပ်ယှက်ရန်အတွက်ရည်ရွယ် လိမ်ခေါ်သူ ရဲကဖမ်းဖို့ ဆောင်ရွက်နေ

Posted by drmyochit Friday, October 11, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၁၀

၎.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ဒဂုံမြို့နယ်နေ မ-----နှင့် သူငယ်ချင်းဖြစ်သူ မ------- တို့သည် ရွှေတိဂုံစေတီတော်တောင်ဘက်စောင်းတန်းတွင် ရှိနေစဉ် မနီနီအောင်(ခ)မမိဖြူ၊ ဗဟန်းမြို့နယ်နေသူမှ ပြင်ဦးလွင်မြို့ရှိ စားသောက်ဆိုင်တွင်မော်ဒယ်ရှိုးလျှောက်ရမည်၊ ငွေများများရမည်၊ လုပ်မည်ဆိုလျှင် ဆက်သွယ်ပေးမည်ဟုပြောသဖြင့် လုပ်မည်ဟုပြောဆိုခဲ့ကြောင်း၊ ၅.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် မနီနီအောင်နှင့်အတူ မယုဇန၊ မသက်တို့ရောက်ရှိလာပြီး တွေ့ဆုံခဲ့ကြောင်း ၆.၁၀.၂၀၁၃ရက်နေ့ ၁၈၀၀ အချိန်တွင် မယုဇန၊ မသက်တို့နှင့်အတူ မ------နှင့် မ------တို့သည် ပြင်ဦးလွင်မြို့သို့ထွက်ခွါခဲ့ရာ ၇.၁၀.၂၀၁၃ ရက်နေ့ နံနက်တွင် ပြင်ဦးလွင်မြို့ရှိ နေအိမ်တစ်အိမ်သို့ရောက်ရှိခဲ့ကြကြောင်း
သိရှိရပါသည်။

မ------နှင့် မ------တို့သည် အဆိုပါနေအိမ်ရှိ အမျိုးသမီး (၇)ဦးခန့်အနက်မှ နှစ်ဦးနှင့်အလုပ်အကြောင်း ပြောဆိုစဉ်မော်ဒယ်ရှိုးလျှောက်သည့် လုပ်ငန်းအပြင် မကောင်းသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင် ရကြောင်း ပြောပြသိရှိရသဖြင့် မ-----နှင့် မ-----တို့ (၂)ဦးမှာ ၇.၁၀.၂၀၁၃ရက်နေ့တွင်ပင် ရန်ကုန်မြို့သို့
ပြန်လည်ထွက်ပြေးလာခဲ့ပြီး ကာမစပ်ယှက်ရန် ရည်ရွယ်၍ အကျင့်ဖျက်ဆီးခြင်းခံရမည်ကိုသိလျက်နှင့် သွေးဆောင်စည်းရုံး ပို့ဆောင်ပေးခဲ့သူ မနီနီအောင်ပါ (၃)ဦးအား အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်း(ပ)၂၂၂/၂၀၁၃၊ ပုဒ်မ ၃၆၆/၁၁၄ဖြင့် အမှုဖွင့်ကာ မနီနီအောင်အား ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး မယုဇနနှင့် မသက်တို့အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police

ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထောင်သို့ပို့ထား

Posted by drmyochit Friday, October 11, 2013, under | No comments


ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၅ ရက်ညက အစ္စလာမ်ဘာသာဝင်များ၏ တဲကြီးသုံးလုံး ဖျက်ဆီး မှုတွင် ပါဝင်သူများနှင့် ဖျက်ဆီးရန်လှုံ့ဆော်သူ ငါးဦးကို ဖမ်းဆီးထားပြီး ပုသိမ်ထောင်သို့ ပို့ဆောင် ထားကြောင်း ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။

အောက်တိုဘာ ၅ ရက်က ကျောင်းကုန်းမြို့တွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်ကို ဘာသာခြား အသက် ၄၃ နှစ်အရွယ် ဦးလှဝင်းက အဓမ္မပြုကျင့်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဦးလှဝင်းနေထိုင်သော တဲကြီးတစ်လုံးနှင့် အခြားတဲနှစ်လုံးကို ဒေသခံများက ဖျက်ဆီးခဲ့သည်။ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို ထပ်မံဖျက်ဆီးရန် လှုံ့ဆော်သူလေးဦးနှင့် တဲများကိုဖျက်ဆီးခဲ့သော တရားခံတစ်ဦးကို ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

““ပါဝင်တဲ့သူတွေ ဖမ်းဆီးတာ ငါးဦးရှိသွားပါပြီ။ တိုင်းမှူးကလည်း ဒါကို ခွင့်မလွှတ်ဘူးလို့ပြောပါတယ်။ သူတို့ကို တာဝန်အရ ပုသိမ်ထောင်ကို ပို့ထားပါတယ်”” ဟု ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။ 

ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၅ ရက်က ဘာသာရေးအသွင်ဆောင် ဖျက်ဆီးခံရမှုများ ပြုလုပ် ခဲ့ခြင်းကြောင့် အောက်တိုဘာ ၆ ရက်တွင် အစ္စလာမ်ဘာသာဝင်များ ဖွင့်လှစ်ရောင်းချသော ဈေးဆိုင် များမှာ ပိတ်ထားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ကျောင်းကုန်းမြို့၌ ပြန်လည်တည်ငြိမ်လာပြီး အစ္စလာမ် ဘာသာဝင်များ ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်များ ပြန်လည်ရောင်းချလာကြောင်း ကျောင်းကုန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၆ ရက်တွင် ကျောင်းကုန်းမြို့ အစ္စလာမ်ဘာသာ သင်္ချိုင်းစောင့် နေထိုင်သော တဲတစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဖျက်ဆီးမှုကို အမှုဖွင့်ဆောင်ရွက်နေကြောင်း ကျောင်းကုန်းမြို့ နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

7Day Daily

Review: iPhone 5S

Posted by drmyochit Friday, October 11, 2013, under | No comments



အားလုံး မျှော်လင့်စောင့်စား နေခဲ့ကြတဲ့ iPhone 5S အား Apple မှ စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အသစ်စက်စက် A7 ပရော်ဆက်ဆာ ၊ 64-Bit စနစ် ၊ iOS 7 ၊ လက်ဗွေ လုံခြုံရေးစနစ်နဲ့ အဆင့်မြင့် ကင်မရာအသစ်တို့ ပါဝင်လာတဲ့ iPhone 5S အကြမ်းဖျင်း လေ့လာကြည့်ရအောင် - 

iPhone 5S ကို လာမည့် စက်တင်ဘာ ၂၀ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ စတင်ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး ကြိုတင်မှာယူ နိုင်မည်ဖြစ်သည်။ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ထိပ်တန်း စမတ်ဖုန်း ဈေးကွက်မှာ Samsung Galaxy S4 ၊ HTC One နဲ့ Sony Xperia Z တို့ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် iPhone 5S ကို ထူးခြားတဲ့ လုပ်ဆောင်ချက်အသစ်များ ထည့်သွင်းဖန်တီး ပေးထားပါတယ်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

လက်ထဲမှာ ပထမဆုံးအကြိမ် ကိုင်ကြည့်လိုက်တဲ့အခါ iPhone 5S ဟာ iPhone 5 နဲ့ ကွာခြားခြင်း မရှိပါဘူး။ အထူ ၇.၆ မမ နဲ့ အလေးချိန် ၁၁၂ ဂရမ်သာရှိတဲ့ ဒီဖုန်းဟာ ထိပ်တန်းဖုန်းအဖြစ် ဆက်လက် ရပ်တည်နေမှာ သေချာပါတယ်။ iPhone 5S ကို အာကာသမီးခိုး (Space Gray) ရွှေရောင်(Gold) နဲ့ ငွေရောင် (Silver) များနဲ့ ထုတ်လုပ်ထားပြီး 16GB 32 GB နဲ့ 64GB ဟူပြီး မော်ဒယ်ကွဲပြားမည်ဖြစ်ကာ ဈေးနှုန်းများကတော့ ဒေါ်လာ ၆၄၉၊ ၇၄၉ နဲ့ ၈၄၉ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ 

အလေးချိန်အားဖြင့် iPhone 5 နဲ့ တူညီပြီး အဓိကပြိုင်ဖက် စမတ်ဖုန်းများထက် ပေါ့ပါးနေပါတယ်။ ဒါဟာ အရွယ်အစားကြောင့် ဆိုလည်း မမှားပါဘူး။ Apple ရဲ့ ထုံးစံအတိုင်း ဒီဖုန်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ ပြောစရာမရှိအောင် အပြစ်အနာအစာကင်းပြီး ကောင်းမွန်လှပါတယ်။ 

iPhone 5S ရဲ့ Home Button ဟာ အရင်ကထက်စာရင် သိသာစွာ ခွက်ဝင်နေခြင်း မရှိတော့ပါဘူး။ လက်ဗွေလုံခြုံရေး စနစ် (Touch ID Sensor) အဖြစ် အသုံးပြုနိုင်ဖို့လည်း အခုလို ပြုပြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ခလုတ်များဟာ ယခင်နေရာများမှာပဲ ရှိနေပြီး iPhone 5 နဲ့ ယှဉ်လိုက်ရင် သိသိသာသာ ကွဲပြားမှုဆိုလို့ ဖုန်းအနောက်ခြမ်းမှ ကင်မရာ Flash နဲ့ Home Button တို့ပဲ ဖြစ်ပါတယ်။ 

လုပ်ဆောင်ချက်များ

5S ရဲ့ အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ လက်ဗွေလုံခြုံရေးစနစ် (သို့) Touch ID Sensor ပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ လုံခြုံရေးသာမက အွန်လိုင်း၌ ဈေးဝယ်ခြင်း ၊ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုများ ပြုလုပ်ခြင်းတို့၏ အနာဂတ်အသစ်အား ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ 

နောက်ထူးခြားချက် တစ်ခုကတော့ ကင်မရာပဲဖြစ်ပါတယ်။ ယခုဖုန်းမှာ တပ်ဆင်ပေးထားတဲ့ အဆင့်မြင့် 8 megapixel 1.5µ pixel f/2.2 aoerture နှင့် ၁၅ ရာခိုင်နှုန်း ပိုကြီးသည့် Sensor ပါရှိတဲ့ iSight ကင်မရာဟာ ဗီဒီယို ရိုက်ကူးရာမှာလည်း 720p HD ပုံထွက်နှုန်းနဲ့ 120fps အထိ အနှေးရိုက်ကွက်တွေ ရိုက်ကူးနိုင်တာကို တွေ့ရှိရပါတယ်။ 

လက်တွေ့စမ်းသပ်မှုအရလည်း ဤဖုန်းဟာ iPhone 5 နဲ့ iPhone 5C တို့ထက် သိသာစွာ ပိုမိုကြည် လင်ပြတ်သားတဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ သို့သော်လည်း Nokia Lumia 1020 ရဲ့ 41 MP ကင်မရာကို ဘယ်လိုမှ ယှဉ်လို့မရသလို HTC One ရဲ့ 4 MP ultra-pixel ကင်မရာနဲ့ တန်းတူသာ ကျနေပါတယ်။ 

ဖုန်းရဲ့ရှေ့ဖက်က Facetime ကင်မရာကတော့ 1.2 MP ပုံထွက်နှုန်းရှိပြီး 720p HD ဗီဒီယို အရည်အသွေး ထွက်ရှိမှာ ဖြစ်ပါတယ်။ 

မျက်နှာပြင်

iPhone 5S ရဲ့ မျက်နှာပြင် အရွယ်အစားဟာ iPhone 5 နဲ့ အတူတူပါပဲ။ Retina မျက်နှာပြင်ကိုပဲ ဆက်လက် အသုံးပြုထားပြီး 1136 x 640 မျက်နှာပြင်မှာ ပုံထွက်သိပ်သည်းဆ 326 ppi ရရှိမှာ ဖြစ်ပါတယ်။ အသွင်သစ်၊ အမြင်သစ်နဲ့ iOS 7 ဟာ iPhone 5S ရဲ့ မျက်နှာပြင်ပေါ်မှာ ကြည့်လို့အလွန် ကောင်းလှပါတယ်။ Contrast လည်း ကောင်းမွန်မျှတပြီး အနက်ရောင်များကိုလည်း နက်မှောင်စွာ မြင်တွေ့နိုင်ပါတယ်။ HD ဗီဒီယိုနဲ့ ဓာတ်ပုံများကို ထူးထူးခြားခြား ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါတယ်။ 
ဒါပေမယ့် ပြိုင်ဖက် စမတ်ဖုန်းများဖြစ်တဲ့ Samsung Galaxy S4 (၅ လက်မ) ၊ HTC One (၄.၇ လက်မ) နှင့် Sony Xperia Z (၅ လက်မ) တို့နဲ့ ဘေးခြင်းယှဉ်လိုက်ရင်တော့ iPhone 5S ဟာ ညီအငယ်ဆုံးလေး အဖြစ်သာ ရှိနေပါလိမ့်မယ်။ 

စွမ်းဆောင်ရည်

ခန့်ညားလှပတဲ့ ကိုယ်ထည်ရဲ့ အတွင်းပိုင်းမှာတော့ အသစ်စက်စက် A7 ပရော်ဆက်ဆာကို 64-bit architecture နဲ့ ပေါင်းစပ် ဖန်တီးထားပါတယ်။ Apple ရဲ့ အဆိုအရတော့ ဂရပ်ဖစ်နဲ့ အမြန်နှုန်းမှာ ၂ ဆ သာလွန်ကောင်းမွန်တယ်လို့ သိရပါတယ်။ 

လက်တွေ့မှာလည်း iOS 7 မှာ လျင်မြန်သွက်လက်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့ပြီး app များဖွင့်ခြင်း၊ ဗီဒီယို streaming လုပ်ခြင်း ၊ ဓာတ်ပုံပြုပြင်ခြင်းတို့ကို ပြုလုပ်စမ်းသပ်ကြည့်ရာမှာ iPhone 5 ထက် သာလွန်ခဲ့ပါတယ်။ အထူးသဖြင့် iPhone 4S ကနေ 5S ကို တန်းပြီး ကူးပြောင်းမယ်ဆိုရင်တော့ ထူးထူးခြားခြား သိသာပါလိမ့်မယ်။ 

Game ကစားကြည့်ရာမှာလည်း အထစ်အငေါ့ တစ်စုံတစ်ရာ မရှိခဲ့သလို ဂရပ်ဖစ်များဟာလည်း အံ့မခန်း ပါပဲ။ ဒီအမြန်နှုန်းနဲ့ စွမ်းရည်တွေ ရှိနေတဲ့ iPhone 5S အတွက် ဘယ်လို app တွေများ ထွက်လာမလဲ ဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။ 

ဘက္ကထရီ

Apple ရဲ့ အဆိုအရတော့ 3G နဲ့ဆိုရင် talk time ၁၀ နာရီ ရရှိမယ်လို့ သိရှိရပါတယ်။ အသင့် အနေအထားမှာ နာရီ ၂၅၀ ကြာ ရပ်တည်နေနိုင်ပြီး LTE (သို့) Wi-Fi နဲ့ အင်တာနက် သုံးမယ်ဆိုရင်လည်း ၁၀ နာရီ ရရှိမယ်လို့ ဆိုပြန်ပါတယ်။ သီချင်းနာထောင်ရုံ သီးသန့်ဆိုရင်တော့ နာရီ ၄၀ အထိ ရရှိမယ်လို့ သိရပါတယ်။ 

နိဂုံး

iPhone 5S ဟာ ပုံသဏ္ဍာန်အားဖြင့် iPhone 5 နဲ့ သိသာစွာ ကွာခြားခြင်း မရှိပါဘူး။ ဒါပေမယ့် စွမ်းဆောင် ရည်နဲ့ လုပ်ဆောင်ချက်များ အပိုင်းမှာတော့ သိသာတဲ့ ပြောင်းလဲမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ထား ခဲ့ပါတယ်။ 

ဒါပေမယ့် လက်ရှိ စမတ်ဖုန်းဈေးကွက်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းနေပြီး Samsung ၊ HTC ၊ Sony နဲ့ Nokia တို့ဟာ အလွန်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလျက် ရှိနေပါတယ်။ 

iPhone 5S အနေနဲ့ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ရရှိမှာ ဖြစ်ပေမယ့် ပြိုင်ဖက်များကို အလဲထိုးဖို့တော့ မဖြစ်နိုင်သေးပါဘူး။ 

iPhone ရဲ့ အမာခံ ပရိသတ်များ အနေနဲ့ကတော့ 5S ကို ဆက်လက်ပြီး ဝယ်ယူသွားဖို့ ရှိနေပါတယ်။ အထူးသဖြင့် iPhone 4S ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်သူများ အနေနဲ့ ဝယ်ယူသင့်တဲ့ ဖုန်းပဲ ဖြစ်ပါတယ်။ iOS 7 ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။

မက္ကဆီကို နိုင်ငံတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ဆေးခန်းက မမွေးပေးလို့ မြက်ခင်းပေါ်မှာ မွေးခဲ့ရ

Posted by drmyochit Friday, October 11, 2013, under | No comments


မက္ကှဆိကိုနိုင်ငံ အောက်စကာ ပြည်နယ်တွင် အမျိုးသမီးတစ်ဦးသည် မီးဖွားလိုသောကြောင့် ဆေးခန်း သွားပြရာ ဆေးခန်း မှ သူနာပြုဆရာမက ကိုယ်ဝန်ရှစ်လသာ ရှိသေးသောကြောင့် ကလေးမမွေးနိုင်သေး ကြောင်း၊ ထိုကြောင့် မွေးမပေးနိုင်ကြောင်း ပြောလွှတ်လိုက်သည်။

ထိုကြောင့်ဆင်းရဲသားလင်မယားမှာ ဆေးခန်းမှထွက်လာခဲ့ရသည်၊ ဆေးခန့်ရှေ့ မြက်ခင်းပြင်အရောက်တွင် ၂၉ နှစ်အရွယ် အမာလိုပတ်ဇ်သည် ရေ မွှာပေါက်သွားကာ အနီးရှိ အဆာက်အအုံတခု၏ နံရံကို ဆုပ်ကိုင် ကာ ၃ ဦးမြောက် ကလေးကို မွေးဖွားလိုက်တော့သည်။

နာလွန်းသောကြောင့် မြက်ခင်းပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကလေးမှာ မြတ်ခင်းပြင်ပေါ်တုံးလုံး ပတ်လက်ဖြစ်ပြီး အချင်းများမှာလည်း တန်းလန်းဖြစ်နေသည်။ ထိုမြင်းကွင်းကို ဓါတ်ပုံရိုက်ကာသတင်းဌာန တစ်ခုကို ပေးပို့လိုက်သောအခါ ပြည်သူများ ဒေါသတကြီး ဖြစ်လေတော့သည်။ဒီအဖြစ်ပျက်ဟာ မက္ကဆီကိုရှိ ဆင်းရဲသား မိခင်လောင်းများဘဝ မည်မျှ ဆိုးရွားသည်ကို မီးမောင်ုးထိုးပြလျှက်ရှိသည်။ မက္ကဆီကိုမှ ရာပေါင်းများ စွာသော မိခင်လောင်းများသည် မီးတွင်းတွင် သို့မဟုတ်မီးဖွားပြီး ပြီးပြီး ချင်း အသက်ဆုံးရှုံး လျှက်ရှိသည်။ အဆိုပါဖြစ်ရပ်ကြောင့် ထိုဆေးခန်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာအန်ဒရီခရုဇ်ကို ဒီလ ၉ ရက်နေ့တွင် ရာထူးမှ ဆိုင်းငံ့ထားလိုက်ပြီး ထိုအမှုကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည် ဟု ပြည်နယ် အစိုးရက ဆိုသည်။

မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျော် ခိုးယူခံရ

Posted by drmyochit Friday, October 11, 2013, under | No comments


မုံရွာမြို့လယ် ပေါ်တော်မူဘုရားကြီးအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ပေါ်ဦးရွှေရတနာအရောင်း ဆိုင်မှ အလေးချိန် ၇၀ ကျပ်သားရှိ ရွှေဆွဲကြိုးမျိုးစုံ အောက်တိုဘာလ ၉ ရက် နံနက်က ခိုးယူခံရကြောင်း ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။

““ကောင်တာထဲမှာ ချိတ်ဆွဲထားတဲ့ ရွှေဆွဲကြိုးတွေပဲ ပါသွားတယ်။ ရွှေအလေးချိန်နဲ့ဆိုရင် ၇၀ ကျပ်သား ၀န်းကျင်ပေါ့။ ကာလတန်ဖိုးနဲ့ဆိုရင် ကျပ်သိန်း ၄၉၀ ကျော်ရှိတယ်”” ဟု ပေါ်ဦးရွှေရတနာအရောင်း ဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။

ပေါ်ဦးရွှေရတနာအရောင်းဆိုင်လုပ်ငန်း တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ညပိုင်းအိပ်တဲ့ အလုပ်သမား မရှိပါဘူး။ ညနေ ၆ နာရီဆိုရင် ဆိုင်ပိတ်ပြီး အလုပ်သမားတွေအားလုံးပြန်ပြီ။ ကောင်တာ ထဲက ဗျပ်ထဲမှာထားတဲ့ ရွှေထည်အားလုံးကို သိမ်းတယ်။ ကောင်တာမှန်မှာချိတ်ဆွဲထားတဲ့ ဆွဲကြိုးတွေ အားလုံး ခိုးယူသွားတာဖြစ်ပါတယ်။ ဆိုင်နောက်ဖေး အလုပ်ခန်းထဲက အိမ်သာအပေါ်ထပ် ကွန်ကရစ် ပန်းခက်ကို ဖျက်ဆီးထားတာတော့ တွေ့ရတယ်”” ဟု ဆိုသည်။

ဖောက်ထွင်းခိုးယူခံရသော ပေါ်ဦးရွှေရတနာအရောင်းဆိုင် ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ဆွဲကြိုး အချို့ကို သိမ်းဆည်းခြင်းမရှိဘဲ ရွှေကောင်တာအတွင်းထားရှိပြီး ပိုင်ရှင်မိသားစုသည် ညအချိန်တွင် နေအိမ် အပေါ်ထပ်တွင် တီဗီကြည့်ရှုခဲ့ပြီး ည ၁၀ နာရီခွဲအချိန်ခန့်တွင် အိပ်ရာဝင်ခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီခန့်တွင် ရွှေဆိုင်ဖွင့်ရန် နေအိမ်အပေါ်မှ အောက်ထပ်သို့ ဆင်းလာရာ ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရွှေဆိုင် ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရွှေထည် ခိုးယူသူကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်ပေးနိုင်ရန် ပေါ်ဦးရွှေဆိုင်ပိုင်ရှင် ဦးသန်းဝေက မုံရွာအမှတ်(၁)ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့သဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

7Day Daily

စမိုင်းလ် ပြန်လာပြီ

Posted by drmyochit Friday, October 11, 2013, under | No comments


အနုပညာလောကနှင့် ကိုးနှစ်ခန့်ဝေးကွာခဲ့ပြီး အဆိုတော်တစ်ဦးအဖြစ် တစ်ကိုယ်တော်စီးရီး မကြာမီ ထွက်ရှိမည်ဖြစ်ပြီး New Me ဟု အမည်ပေးထားကြောင်း သရုပ်ဆောင် စမိုင်းလ်ကပြောသည်။ “သီချင်းခွေ နာမည်ပေးဖြစ်တာက ယောက်ျားရဲ့ အိုင်ဒီယာပေါ့။ အစ်မက ဒီလောကထဲကို ပြန်ဝင်ပေမယ့် ရုပ်ရှင်ဘက် မဟုတ်ဘဲ ကိုယ်မရင်းနှီးတဲ့ ဂီတဘက်ကိုတော့ လူသစ်စိတ်သစ်နဲ့ ပြန်ဝင်တာဖြစ်တဲ့အတွက် New Me ဆိုပြီး အမှတ်တရပေးလိုက်တာပါ”ဟု စမိုင်းလ်က ပြောသည်။ ယင်းသီချင်းခွေတွင် ပေါ့ပ် ရော့ခ်၊ ပန့်ခ်ရော့ခ် စသည့် သီချင်းပုံစံများပါဝင်ကာ စုစုပေါင်းသီချင်း ၁၁ ပုဒ် ပါဝင်ပြီး ရွှေဂျော်ဂျော်၊ ဇ၀ါ၊ ကျားပေါက်၊ ဗီနိုထွန်း၊ ဖော်ကာနှင့် ရေမွန်တို့က ရေးသားပေးထားကြောင်း ၎င်းက ပြောသည်။

တစ်ကိုယ်တော်အနေဖြင့်သာ သီဆိုထားပြီး ကိုယ်တိုင်ရေးသည့်သီချင်းများ မပါဝင်သော်လည်း အကြီးဆုံး သမီးဖြစ်သူ မွေးဖွားချိန်က အခြေအနေများကို အခြေခံ၍ တေးရေးဆရာအား အိုင်ဒီယာပြောပြကာ ရေးစပ်စေသည့် သီချင်းပါဝင်မည်ဖြစ်ကြောင်း စမိုင်းလ်က ပြောသည်။ ယင်းတေးစီးရီးဖြစ်မြောက် လာနိုင်ရန် ၂ နှစ်ကျော် အချိန်ယူခဲ့ရပြီး စီးပွားရေးတစ်ဖက်နှင့် ခရီးများသွားနေရခြင်းကြောင့် အချိန် ကြန့်ကြာ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ လတ်တလောတွင် ကလေးများလည်း ငယ်ရွယ်သည့်အချိန် ဖြစ်သောကြောင့် သရုပ်ဆောင်အဖြစ် ပြန်လည်လှုပ်ရှားရန် အစီအစဉ်မရှိဘဲ လက်ရှိအချိန်နှင့် ကိုက်ညီသည့် ဂီတဘက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း စမိုင်းလ်က ပြောသည်။

ဂီတကို မော်ဒယ်ဘ၀ကတည်းက နယ်ဖျော်ဖြေရေးများသွား၍ ဖျော်ဖြေခဲ့ကာ ကိုယ်ပိုင်သီချင်းမရှိဘဲ အခြားအဆိုတော်များ၏ သီချင်းများကိုသာ သီဆိုဖြစ်ပြီး နောက်ပိုင်းတွင် ဖျော်ဖြေပွဲများ လက်ခံသွားရန် အစီအစဉ် ရှိကြောင်း ၎င်းကပြောသည်။ New Me တစ်ကိုယ်တော်စီးရီးကို နိုဝင်ဘာ ၃ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ပြီး ဒီဗီဒီမှာမူ ရိုက်ကူးရေးအနေဖြင့် သီချင်းတော်တော်များများ ပြီးနေသော်လည်း တည်းဖြတ်သည့် အပိုင်းများရှိသောကြောင့် ၂၀၁၄ နှစ်ဆန်းပိုင်းမှသာ ထွက်ရှိနိုင်မည်ဟု စမိုင်းလ်က ပြောသည်။

Credit: 7Day Daily Newspaper

စောစောအိပ်ယာ ထခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်

Posted by drmyochit Friday, October 11, 2013, under | No comments


နံနက်စောစော အိပ်ယာထခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နောက်ကျမှ အိပ်ယာထသူတွေထက် စောစော အိပ်ယာထသူတွေက ဦးနှောက် ဥာဏ်ရည် မှာလည်း ပိုမိုကောင်းပါတယ်။ ယနေ့ လူအများစုဟာ ညဥ့်နက်အောင် အလုပ်လုပ်ပြီး နောက်ကျမှ အိပ်တတ်ကြပါတယ်။ တကယ်တော့ အဲဒီလို နေထိုင်ခြင်းဟာ ကျန်းမာရေး အတွက် အလွန် ထိခိုက် ပါတယ်။

နံနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်း

နံနက်စောစော ထပြီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်မှုကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးချို သွေးချို ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေကုန် အညောင်းထိုင်သူတွေ အတွက် နံနက်စောစော လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

ပျော်ရွှင်မှု ရရှိနိုင် 

လေ့လာမှုတွေအရ နံနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်သူတွေဟာ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ဘာလို့ဆိုတော့ လေကောင်းလေသန့်များကို ရှုရှိက်ရခြင်းကြောင့် စိတ်ကို လန်းဆန်းစေနိုင်လို့ပါ။ ဒါကြောင့် အလုပ်ပင်ပန်းလို့ စိတ်ညည်းငွေ့ သူတွေအနေနဲ့ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

ဥာဏ်ရည်ကို ဖွံဖြိုးနိုင်

ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နံနက်စောစော ထသူတွေဟာ နေမြင့်မှ ထသူတွေထက် လေ့လာမှု အားကောင်းစေ တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် နံနက်စောစောထပြီး စာကျက်ခြင်းဟာ ကျောင်းသား၊ ကျောင်းသူတွေ အတွက် အကောင်းဆုံးပါ။

သက်ကြီးသူများနဲ့ စောစောအိပ်ယာထခြင်း

နံနက်စောစော အိပ်ယာထပြီး လမ်းလျှောက်သော သက်ကြီးသူများသည် နေမြင့်မှ အိပ်ယာထသော သက်ကြီးသူများထက် ပိုပြီး ကျန်းမားရေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် တစ်ခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

ကျော်လင်းနိုင် (ရိုးရာလေး)

ခွင့်ပြုချက်မရဘဲ ဖိနပ်ကြော်ငြာရိုက်သည့်မယ်စကြဝဠာ အမှုရင်ဆိုင်ရဖွယ်ရှိ

Posted by drmyochit Friday, October 11, 2013, under | No comments


တပ်ခ်ျမဟာတွင် ခွင့်ပြုချက် မရဘဲ ဖိနပ်ဖက်ရှင်ဓာတ်ပုံရိုက် ကူးခဲ့မှုအတွက် မယ်စကြဝဠာအား တရားစွဲဆို သွားမည်ဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ မယ်စကြဝဠာ၏ ဖိနပ်ဖက် ရှင်ဓာတ်ပုံရိုက်ကူး မှုသည် တပ်ခ်ျမဟာ ထိန်းသိမ်းစောင့်ရှောက်သူ တို့က စော်ကားမှုအဖြစ် အပြင်းအထန်ပြစ်တင်ဝေဖန် ခဲ့သည်။

အသက်၂၁နှစ်အရွယ်ရှိ မယ်စကြဝဠာဖြစ်သည့် အမေရိ ကန်အမျိုးသမီး အိုလီဗီယာကာလ် ပိုသည် ၁ဝ ရက်ကြာ အိန္ဒိယခရီး စဉ်အတွင်း ကျော်ကြားလှသော တပ်ခ်ျမဟာအဆောက်အအုံသို့ သွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ကာလ်ပိုသည် တပ်ခ်ျမဟာတွင် နာမည်ကြီးကုန်အမှတ်တံ ဆိပ်ဖိနပ်များကိုစီး၍ ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့ကြောင်း အာဂရာမြို့ရှိ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းရဲစခန်းမှ ဆူရှန့်ဂါးက ပြော သည်။

မယ်စကြဝဠာသည် တပ်ခ်ျ မဟာတွင်ဓာတ်ပုံရိုက်ယူရာ၌ ခွင့် ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ယူခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရှေး ဟောင်းသုတေသန လေ့လာဆန်း စစ်ရေးအဖွဲ့မှ အင်န်ကေပါတက်ခ် က ပြောကြားခဲ့သည်။ တပ်ဂ်ျမဟာ သို့ အလည်လာရောက်သူများမှာ တပ်ခ်ျမဟာဥယျာဉ်အတွင်းမှ လွဲ ၍ ဖိနပ်ချွတ်ရန် စည်းကမ်းချက် သတ်မှတ်ထားကြောင်း ပြော ကြားခဲ့သည်။အကယ်၍ မယ်စကြဝဠာ အနေနှင့် စည်းကမ်းချိုးဖောက်ပါက အမှုနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း တပ်ဂ်ျမဟာ ထိန်းသိမ်း စောင့်ရှောက်သူ မူနာဇာအလီက ပြောကြားခဲ့သည်။
By Yangon Media

ဒေါ်အောင်ဆန်းစုကြည် ဥရောပသို့ ထပ်မံ သွားရောက်မည်

Posted by drmyochit Friday, October 11, 2013, under | No comments


စက်တင်ဘာလ အတွင်း ဥရောပ သုံးနိုင်ငံသို့ သွားရောက် ခဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် EU Sakharov လူ့အခွင့်အရေးဆုကို လက်ခံရန် ဥရောပ လေးနိုင်ငံသို့ ယခုလအတွင်းထပ်မံ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြား သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် EU Sakharov လူ့အခွင့်အရေးဆုကို ၁၉၉၀ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက် ဥရောပ ပါလီမန်တွင် လက်ခံမည် ဖြစ်ကြောင်း ဥရောပ ပါလီမန်က ထုတ်ပြန် ထားသည်။ အဆိုပါခရီးစဉ်ကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဗြိတိန်၊ ဘယ်လ်ဂျီယမ်၊ လူ့ဇင်ဘတ်နှင့် အီတလီ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါ ဆုကို ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သောကြောင့် ဥရောပ ပါလီမန်က ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၊ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ကိုဖီအာနန်တို့လည်း ယင်းဆုကို ရရှိဖူးကြောင်း ဥရောပ ပါလီမန်၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အဆိုပါဆုမှာ ဆုတံဆိပ်နှင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ပေးအပ်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယားနှင့် စက်တင်ဘာ ဒုတိယပတ် အတွင်း ဥရောပနိုင်ငံ များသို့ သွားရောက်ခဲ့သည်။

အိမ်ပေါ်ထပ်မှာ အိပ်နေစဉ် အိမ်အောက်ထပ်က ရွှေဆိုင်မှ သိန်း ၅၀၀ ဖိုးခိုးယူသွားတဲ့ အတင့်ရဲသော သူခိုးကို အမှုဖွင့်ထား

Posted by drmyochit Friday, October 11, 2013, under | No comments


မုံရွာ ၊ ၁၀-၁၀-၂၀၁၃

မုံရွာမြို့နယ် ၊ အလယ်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ချင်းတွင်း ရတနာဈေး အနီး ဖွင့်လှစ် ရောင်းချလျက် ရှိသည့် '' ပေါ်ဦး '' ရတနာ ရွှေဆိုင်တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ရွှေအရောင်း ကောင်တာ အတွင်းမှ ရွှေဆွဲကြိုး မျိုးစုံ ကာလတန်ဖိုး ငွေကျပ် သိန်း(၅ဝဝ) ခန့် ဖောက်ထွင်း ခိုးယူ ခံခဲ့ရကြောင်း သိရသည်။ 

" ပေါ်ဦး " ရွှေရတနာ အရောင်းဆိုင် ပိုင်ရှင်က '' ရွှေဆိုင်ဖွင့်ဖို့ အတွက် နံနက်(၅) နာရီက နေအိမ် အပေါ်ထပ် ကနေ အောက်ထပ် ကို ဆင်းလာပြီး ရွှေထည် ပစ္စည်းတွေ ထည့်ထားတဲ့ မှန်ကောင်တာ ကို စစ်ဆေးရာ မှန်ကောင်တာ ထဲမှာ ချိတ်ဆွဲ ထားတဲ့ ရွှေဆွဲကြိုး တွေ ခိုးယူ သွားပါတယ် ၊ ရွှေလေးချိန် (၇ဝ)ကျပ်သား ဝန်းကျင် ရှိပါတယ် .. .. .. '' ဟု ပြောကြားသည်။

မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက '' အိမ်နောက်ဖေး နံရံရဲ့ (၁ဝ)ပေခန့် အမြင့်မှာ ရှိတဲ့ အလျား(၁၃)ပေ ၊ အနံ (၉)ပေခွဲ အပေါက်ကို ချိုးဖျက် ထားတာ တွေ့ပါတယ် ၊ လူကြီးဝင် ဖို့တော့ ခတ်ပါတယ် ၊ တရားခံကို ဖမ်းဆီး ရမိရေး ဆောင်ရွက် လျက် ရှိပါတယ် .. .. .. ''ဟု ပြောကြားသည်။ ပေါ်ဦးရွှေဆိုင် ဖောက်ထွင်း ခိုးယူမှုတွင် ကာလ တန်ဖိုး ကျပ်သိန်း လေးရာ ကိုးဆယ့် ရှစ်သိန်း နှစ်သောင်း တန်ဖိုးရှိ ရွှေဆွဲကြိုး မျိုးစုံ(၁ဝ မျိုး ခိုးယူ ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေထည် ခိုးယူသူ အပေါ် စုံစမ်း စစ်ဆေး ဖော်ထုတ် အရေးယူ ပေးနိုင်ရန် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်က ရွှေဆိုင်ပိုင်ရှင် ဦးသန်းဝေ မှ မုံရွာမြို့နယ် အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြား ခဲ့၍ (ပ) အမှတ် ၅၄၄/၂ဝ၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈ဝ အရ စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

By Myawady Daily

လောရင်တေးကို အငှားခေါ်ဖို့ ချိန်ရွယ်နေတဲ့ အာဆင်နယ်

Posted by drmyochit Friday, October 11, 2013, under | No comments


အာဆင်နယ် အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဖြစ်သူ ဖာနန်ဒို လော်ရင်တေးကို အငှားစာချုပ်ဖြင့် ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရသည်။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ရာသီအဖွင့်မှာ ရလာဒ်များကောင်းမွန်နေသော်လည်း တိုက်စစ်မှူး တစ်ဦး လိုအပ်သည်ဟု သုံးသပ်ကာ လာမည့် ဇန်နဝါရီလ အပြောင်း အရွှေ့ဈေးကွက်မှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းဟာ အက်သလက်တစ် ဘီဘာလ်အို အသင်းမှာ လော်ရင်တေး ကစားနေစဉ် ကတည်းက ခေါ်ယူဖို့ ချိတ်ဆက် ခဲ့သော်လည်း ဂျူဗင်တပ်အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဂျူဗင်တပ် အသင်းမှာ ခြေစွမ်းပြနေသည့် တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်ကြောင့် လော်ရင်တေးဟာ ပထမပွဲထွက်ခွင့် နေရာအတွက် မရေမရာ ဖြစ်နေရသည့် အချိန်ဖြစ်သည်။

၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းမှာ ပါဝင်ခွင့် ရနိုင်ရေးအတွက် ပုံမှန် ပွဲထွက်ကစားခွင့် လိုအပ်နေသည့် ၂၈ နှစ်သားလော်ရင်တေးဟာ အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုကို စိတ်ဝင်စားဖွယ် ရှိနေသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်